အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၆။ ဘုရားသခင်သည် သုံးပါးတစ်ဆူ ဘုရားသခင်လော၊ သို့မဟုတ် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်လော။

၃) စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို သုံးပါးတစ်ဆူ ဘုရားသခင်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ပြစ်မှားပြောဆိုခြင်းဖြစ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါသင်တို့ကို ပြောပါရစေ၊ အမှန်စင်စစ်တွင်၊ သုံးပါးတစ်ဆူသည် ဤစကြဝဠာ ကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေ။ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်တို့ ပူးပေါင်း အသုံးပြုသော ကိရိယာ တန်ဆာပလာ တစ်ခုဆိုသည့် အယူဝါဒဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်ရှိရန် မဆိုထားနှင့် ခမည်းတော်နှင့် သားတော်ပါ မရှိချေ။ ဤအရာအားလုံးသည် အကြီးကျယ်ဆုံးသော ယုတ္တိအမှား ဖြစ်ပြီး ဤလောကကြီးထဲတွင် အမှန်တည်ရှိမနေပါ။ သို့သော်ငြားလည်း ထိုကဲ့သို့သော ယုတ္တိအမှားတွင်ပင် ယင်း၏ မူလရင်းမြစ်ရှိပြီး အခြေအမြစ် လုံးဝမဲ့နေခြင်းကား မဟုတ်ပါ၊ အကြောင်းမှာ သင်တို့၏ စိတ်များသည် ရိုးစင်းလွန်းသည် မဟုတ်ဘဲ၊ သင်တို့၏ အတွေးအခေါ်များသည်လည်း ကျိုးကြောင်းမဲ့ခြင်းကား မဟုတ်သောကြောင့်ပင်။ ထိုအစား ယင်းတို့မှာ အတော်အတန် သင့်လျော်ပြီး ထူးခြား ပြောင်မြောက်သည့် အတွက် ၎င်းတို့အား မည်သည့် စာတန်မျှပင် မထိုးဖောက်နိုင်။ သနားဖွယ်ကောင်းသည်မှာ ဤအတွေး အခေါ်များ အားလုံးသည် ယုတ္တိအမှားများသာဖြစ်ပြီး အမှန်တည်ရှိမနေခြင်းပင် ဖြစ်သည်။ သင်တို့သည် စစ်မှန်သော သမ္မာတရားကို လုံးဝမမြင်ဖူး၊ သင်တို့သည် ရုပ်လုံးဖော်ခြင်းများနှင့် အယူအဆများကိုသာ ပြုနေကြခြင်း ဖြစ်ပြီး၊ ယင်းအယူအဆများ အားလုံးကို အကြောင်းအရာ တစ်ခုအဖြစ်သို့ ဖန်တီး၍ အခြားသူများ၏ ယုံကြည်မှုကို စဥ်းလဲစွာရယူရန်နှင့် ထက်သန်သော ဉာဏ်သို့မဟုတ် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း မရှိသော ထိုမိုက်မဲသည့် လူများအပေါ် လွှမ်းမိုးမှုရယူရန် လုပ်ကြံဖန်တီးကြသည်။ ထိုမှတစ်ဆင့် သင်၏ ကြီးကျယ်၍ ကျော်ကြားသော “ကျွမ်းကျင် သွန်သင်ချက်များ” ကို ၎င်းတို့ ယုံကြည်လာကြစေရန် ဖြစ်သည်။ ဤအရာသည် သမ္မာတရား ပင်လော။ ဤအရာသည် လူမှ လက်ခံရရှိသင့်သည့် အသက်၏ လမ်းခရီးပင်လော။ ယင်းတို့ အားလုံးသည် ယုတ္တိမရှိသော အရာများပင် ဖြစ်သည်။ စကားလုံးတစ်လုံးမျှပင် သင့်လျော်ခြင်းမရှိပေ။ ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားသခင်သည် သင်တို့၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်၊ မျိုးဆက်အသီးသီး၏ ပိုကောင်း သည်ထက် ကောင်းအောင် ပိုင်းစိတ်ခြင်း၊ ဘုရားသခင် တစ်ပါးတည်းမှ ဘုရားသခင် သုံးပါး ဖြစ်သွားသည့် အတိုင်းအတာအထိ ပွင့်လင်းစွာ ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်။ ယခုတွင်မူ ဘုရားသခင်အား တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူအတွက် အကယ်ပင် မဖြစ်နိုင်တော့ပေ၊ အကြောင်းမှာ သင်တို့သည် သူ့အား အလွန့်အလွန် ခမ်းနားစွာ ပိုင်းစိတ်ထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ငါ၏ အလွန် နောက်မကျခင် ချက်ချင်း လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် ဤလမ်းအတိုင်း ရဲရဲ တင်းတင်းနှင့် မည်မျှကြာရှည်စွာ ဆက်လိုက်နေကြဦးမည်ကို ပြောရန် ခက်သည်။ ဘုရားသခင်အား ဤလမ်း အတိုင်းပင် ဆက်၍ ပိုင်းစိတ်နေလျှင်၊ သူသည် သင်တို့၏ဘုရားသခင်အဖြစ် မည်ကဲ့သို့ ဆက်ရှိနေနိုင်မည်နည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ် ပြုကြဦးမည်လော။ သင်တို့သည် သူ့ထံသို့ လှည့်ပြန်ကြဦး မည်လော။ ငါသည် အနည်းငယ်သာ နောက်ကျ၍ ရောက်လာခဲ့မည် ဆိုပါက၊ သင်တို့သည် “ခမည်းတော်နှင့် သားတော်”၊ ယေဟောဝါနှင့် ယေရှုကို ဣသရေလသို့ ပြန်ပို့ပြီး၊ သင်တို့ကိုယ်သင်တို့ ဘုရားသခင်၏ တစ်ဌာန ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြဖွယ် ရှိသည်။ ဝမ်းသာစရာမှာ ယခုသည် နောက်ဆုံးသော ကာလဖြစ်၏။ နောက်ဆုံးတွင် ငါရှည်ကြာစွာ စောင့်ခဲ့ရသော ဤနေ့ရက်သည် ရောက်လာခဲ့ပြီ၊ အလုပ်၏ ဤအဆင့်ကို ငါ၏လက်နှင့် ငါကိုယ်တိုင် ထမ်းဆောင်ပြီးစီးသည့် နောက်ပိုင်းတွင်မှ သင်တို့၏ ဘုရားသခင် ကိုယ်တိုင်အား ပိုင်းစိတ်ခြင်းသည် ရပ်တန့်သွားမည်ဖြစ်သည်။ ဤအတွက်ကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် သာ၍ ပြင်းထန်လာပြီး၊ သင်တို့အထဲမှ စာတန်များ အားလုံးကိုပင် ဝတ်ပြုကိုးကွယ်ရန် ယဇ်ပလ္လင်များအပေါ် နေရာ ပေးထားကြလောက်သည်။ ဤသည်မှာ သင်တို့၏ လှည့်ဖြားမှုပင်ဖြစ်သည်။ ဘုရားသခင်အား ပိုင်းစိတ်သော သင်တို့၏ နည်းလမ်းပင်တကား။ ယခုတွင် သင်တို့သည် ယင်းကဲ့သို့ ဆက်လုပ်ဦးမည်လော။ သင်တို့အား ငါမေးပါရစေ၊ ဘုရားသခင် ဘယ်နှစ်ပါးရှိသနည်း။ အဘယ်ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်းကို ယူလာပေးမည်နည်း။ ယင်းသည် သင်တို့ အမြဲ ဆုတောင်းလေ့ရှိသော ပထမ ဘုရားသခင်လော၊ ဒုတိယလော သို့မဟုတ် တတိယလော။ ယင်းတို့ထဲမှ မည်သူကို သင်တို့ အမြဲယုံကြည်သနည်း။ ယင်းမှာ ခမည်းတော်လော။ သို့မဟုတ် သားတော်လော။ သို့မဟုတ် ဝိညာဉ်တော်လော။ သင်ယုံကြည်သောသူမှာ အဘယ်သူဖြစ်သည်ကို ငါ့အားပြောပြပါ။ ဘုရားသခင်အား ယုံကြည်သည်ဟု စကားလုံးတိုင်းတွင် သင်ပြောသော်ငြားလည်း၊ သင်တို့ အမှန်ယုံကြည်သောအရာမှာ သင်၏ ကိုယ်ပိုင် ဦးနှောက် ကိုပင်ဖြစ်သည်။ သင်တို့၏ နှလုံးသား ထဲတွင် ဘုရားသခင် အကယ်ပင်မရှိ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များထဲတွင်တော့ “သုံးပါးတစ်ဆူများ” အတော်များများ ရှိကြ၏။ သင်တို့ သဘောမတူသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

လူသည် ယေဟောဝါမှာ ယေရှု၏ ခမည်းတော်ဟု ယုံကြည်သည်၊ သို့သော် အမှန်တွင်မူ ယေရှုမှာ ဤအရာအား အသိ အမှတ်မပြုခဲ့ပါ။ သူဆိုသည်ကား၊ “ငါတို့သည် ဘယ်သောအခါမျှ ခမည်းတော်နှင့် သားတော်ဟူ၍ ခွဲခြားမနေ၊ ငါနှင့် ကောင်းကင်ဘုံမှ ခမည်းတော်သည် တစ်ဦးတည်း ဖြစ်၏။ ခမည်းတော်သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏၊ သားတော်ကို မြင်သောသူသည်၊ ခမည်းတော်ကို မြင်၏” ဟုပြောခဲ့သည့် ယေရှုမှာ ဤအရာအား အသိအမှတ်မပြုခဲ့ပါ။ အရာအားလုံး ပြောပြီးသွားသောအခါတွင်၊ ခမည်းတော်ပင်ဖြစ်စေ၊ သားတော်ပင်ဖြစ်စေ၊ သူတို့သည် ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်၍ ခြားနားသော ပုဂ္ဂိုလ်နှစ်ပါးအဖြစ်သို့ ခွဲခွာမနေပါ။ လူမှ ရှင်းပြရန် ကြိုးစားသည်နှင့် ကိစ္စရပ်များသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးဟူသည့် စိတ်ကူးအကြံ၊ ထို့အတူ ခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော်တို့ အကြားရှိ ဆက်နွှယ်မှု စသည်တို့နှင့် ရှုပ်ထွေးကုန်၏။ လူသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါး အကြောင်းပြောသောအခါတွင်၊ ဤအရာသည် ဘုရားသခင်အား ရုပ်ဝါဒသဘောသို့ သွင်းလိုက်ခြင်းပင် မဟုတ်လော။ လူသည် ပုဂ္ဂိုလ်အပါးပါးအား ပထမ၊ ဒုတိယနှင့် တတိယဟူ၍ပင် ခွဲကြသည်၊ ဤအရာ အားလုံးသည် လူ၏ အယူအဆများသာ ဖြစ်ကြပြီး၊ ရည်ညွှန်းဖော်ပြရန်ပင် မထိုက်တန်၊ လုံးဝ လက်တွေ့ မကျသောအရာပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

ဘုရားသခင်ကိုသိခြင်းသည် လူတို့ အချို့တဲ့နေဆုံး နေရာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်နှင့်သက်ဆိုင်ခြင်းမရှိသော ဆိုရိုးများ၊ မိန့်မြွက်ချက်များနှင့် စကားများကို ဘုရားသခင်အပေါ် သတ်မှတ်ကြသည်။ ဤစကားများသည် ဘုရားသခင်ကိုသိခြင်းအတွက် အတိကျဆုံးသော အဓိပ္ပာယ် သတ်မှတ်ချက်များဖြစ်သည်ဟု ယုံကြည်လျက် ထိုသို့ပြုလုပ်ခြင်းဖြစ်သည်။ လူတို့၏စိတ်ကူးစိတ်သန်း၊ ၎င်းတို့ကိုယ်တိုင်၏ ဆင်ခြင်တုံတရားနှင့် ၎င်းတို့၏ကိုယ်ပိုင် အသိဉာဏ်တို့မှလာသော ဤဆိုရိုးများသည် ဘုရားသခင်၏အနှစ်သာရနှင့် စိုးစဉ်းမျှ ဆက်စပ်မှုမရှိသည်ကို ၎င်းတို့ သိပ်မသိပေ။ ထို့ကြောင့် ဘုရားသခင်မှ နှစ်သက်သည့်သူများရှိ အသိဉာဏ်တွင် ဘုရားသခင်သည် သင့်ကို ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်တို့ကို သိရုံသာ တောင်းဆိုသည်မဟုတ်ဘဲ ဘုရားသခင်ကို သင်၏သိခြင်းသည် မှန်ကန်ရန်လည်း တောင်းဆိုကြောင်းကို ငါသည် သင်တို့အား ပြောပြလို၏။ သင်သည် ဝါကျတစ်ကြောင်းသာ ပြောနိုင်သည်ဖြစ်သော်လည်း၊ သို့မဟုတ် အနည်းငယ်သာ သိသော်လည်း၊ ဤအနည်းငယ်သည် မှန်ကန်၍ စစ်မှန်ကာ ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရနှင့် သဟဇာတဖြစ်၏။ ဘုရားသခင်သည် သူ့အပေါ် လူတို့၏ လက်တွေ့မကျဘဲ ပေါ့ပေါ့တန်တန် ချီးမွမ်းခြင်းနှင့် ချီးကျူးခြင်းတို့ကို စက်ဆုပ်ရွံရှာသောကြောင့်ဖြစ်သည်။ ထိုထက်ပို၍ လူတို့သူ့အား လေကဲ့သို့သဘောထားသောအခါ သူမုန်းတီး၏၊ ဘုရားသခင်အကြောင်း အကြောင်းအရာများကို ဆွေးနွေးစဉ် လူတို့သည် ပေါ့တန်စွာပြောဆိုခြင်း၊ ဆန္ဒရှိသည်အတိုင်း တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုခြင်း၊ ၎င်းတို့၏စိတ်ထဲတွင် သင့်တော်သည်ဟုထင်တိုင်း ပြောဆိုခြင်းတို့ကို သူမုန်းတီး၏၊ ထို့အပြင် ဘုရားသခင်ကို သူတို့သိသည်ဟု ယုံကြည်သောသူများ၊ ဘုရားသခင်အကြောင်း အကြောင်းအရာများကို ကန့်သတ်ချုပ်ချယ်မှု သို့မဟုတ် သံသယမရှိဘဲ ဆွေးနွေးကြသည့် ဘုရားသခင်ကို သိခြင်းအပေါ် ဝါကြွားသူများကို မုန်းတီး၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

အမှုအဆင့်သုံးဆင့်သည် လူသားမျိုးနွယ်ကို ဘုရားသခင်ကယ်တင်ခြင်းအမှု တစ်ရပ်လုံးဖြစ်၏။ လူသားသည် ဘုရားသခင်၏အမှုနှင့် ကယ်တင်ခြင်းအမှုတွင် ဘုရားသခင်၏ စိတ်သဘောထားကို သိရမည်ဖြစ်၍ ဤအချက်မပါပါက ဘုရားသခင်အကြောင်း သင်သိရှိမှုသည် အနှစ်သာရကင်းမဲ့သော စကားလုံးများသာဖြစ်ကာ လက်တင်ကုလားထိုင်မှ လူတတ်လုပ်နေခြင်းထက် ဘာမျှမပိုပေ။ ထိုသို့သော အသိဉာဏ်သည် လူသားကို သိမ်းသွင်းနိုင်ခြင်း မရှိသကဲ့သို့ လူသားအပေါ် သိမ်းပိုက်နိုင်ခြင်းလည်း မရှိပေ။ ထိုသို့သောအသိဉာဏ်သည် အမှန်တရားနှင့် ကွဲလွဲနေပြီး သမ္မာတရားမဟုတ်ပေ။ ၎င်းသည် အလွန်ပေါများ၍ နားဝင်ချိုနိုင်သော်လည်း ဘုရားသခင်၏ အရင်းခံစိတ်နေသဘောထားနှင့် မကိုက်ညီပါက ဘုရားသခင်သည် သင့်ကိုသက်ညှာမည် မဟုတ်ပါ။ သူသည် သင်၏အသိဉာဏ်ကို ချီးကျူးခြင်း မပြုရုံသာမက သူ့ကို ပုတ်ခတ်ပြောဆိုသည့် အပြစ်သားတစ်ဦးဖြစ်နေခြင်းအတွက် သင့်အပေါ်ဒဏ်ခတ်ခြင်းလည်း ပြုလိမ့်မည်။ ဘုရားသခင်ကို သိခြင်းအကြောင်း စကားလုံးများကို ပေါ့ပေါ့တန်တန် ပြောဆိုထားခြင်း မဟုတ်ပါ။ သင်သည် စကားကို ရွှန်းရွှန်းဝေအောင်ပြောဆို၍ စကားကြွယ်ကာ သင်၏စကားလုံးများသည် သေသူကို ရှင်စေနိုင်ပြီး ရှင်သူကို သေစေနိုင်သော်လည်း ဘုရားသခင်ကို သိခြင်းအကြောင်းနှင့် ပတ်သက်လာလျှင်မူ သင်သည်ဉာဏ်မမီဆဲပင် ရှိသေးသည်။ ဘုရားသခင်သည် သင်မဆင်မခြင် ဝေဖန်နိုင်သူတစ်ဦး၊ သို့မဟုတ် သာမန်ကာလျှံကာ ချီးမွမ်းနိုင်သူတစ်ဦး၊ သို့မဟုတ် ခပ်တည်တည်နှင့် သိက္ခာချနိုင်သူတစ်ဦး မဟုတ်ပါ။ သင်သည် မည်သူ့ကိုမဆိုနှင့် လူတိုင်းကို ချီးမွမ်းသော်လည်း ဘုရားသခင်၏ ကြီးမြတ်သော ပါရမီနှင့်ပြည့်စုံခြင်း၊ သဘောထားကြီးခြင်းတို့ကို ဖော်ပြရန် သင့်တော်သည့် စကားလုံးများအတွက်မူ သင်ရုန်းကန်ရ၏၊ ဤသည်မှာ အရှုံးသမားတိုင်း သင်ခန်းစာရသည့် အရာဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ယခင်က:သုံးပါးတစ်ဆူသည် ဖြစ်နိုင်ခြေလုံးဝမရှိသော ထွက်ဆိုချက်ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုရသနည်း။

နောက်တစ်ခုသို့:သမ္မာတရားကား အဘယ်နည်း။ သမ္မာကျမ်းစာ အသိပညာနှင့် အယူဝါဒမှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ