အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၂၃- သခင်ယေရှုက၊ “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန် ၄:၁၄) ဟု ဆိုခဲ့သည်။ လူအများစုက သခင်ယေရှုသည် ကျွန်ုပ်တို့အပေါ် ထာဝရအသက်လမ်းကို ပေးနှင့်ပြီးဖြစ်သည်ဟု ထင်ကြသည်၊ သို့သော် နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် ဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ခဲ့ရ၏။ ဤအရာအားလုံးမှာ အဘယ်နည်း။ ယင်းက နောက်ဆုံးသောကာလ ခရစ်တော်ကသာ ထာဝရအသက်လမ်းကို လူသားအား ပေးနိုင်သည်ဟု အဘယ်ကြောင့် ဆိုပါသနည်း။

အဖြေ-

ထာဝရအသက်လမ်းက အမှန်တကယ် အဘယ်အရာဖြစ်သည်နှင့် ပတ်သက်၍၊ ထိုအရာ မည်သည့်အရပ်မှလာသည်ကို ဦးစွာ ကျွန်ုပ်တို့ သိသင့်ကြသည်။ ဘုရားသခင်သည် လူ့ဇာတိခံလာခဲ့ချိန်တွင် သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း သက်သေခံခဲ့သည်ကို ကျွန်ုပ်တို့အားလုံး သိရှိရသည်။ ဤသည်မှာ ခရစ်တော်သာ ထာဝရအသက်လမ်းကို ဖော်ပြနိုင်ကြောင်း လုံလောက်သော သက်သေအထောက်အထားဖြစ်သည်။ ခရစ်တော်သည် လူ့ဇာတိခံ ဘုရားသခင်၏ ပေါ်ထွန်းခြင်း ဖြစ်သည့်အတွက်၊ သူသည် လူ့ဇာတိကို ခြုံလွှမ်းထားသော ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည့်အတွက် ယင်းမှာ ခရစ်တော်၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရဖြစ်ပြီး၊ ခရစ်တော်ကိုယ်တိုင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့်၊ ခရစ်တော်သည် သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ရွေးနုတ်ပြီး ကယ်တင်သောအမှုကို ဆောင်ရွက်နိုင်သည်။ ဤသည်မှာ သေချာသည်။ မည်သည့် ခေတ်တွင် ဘုရားသခင် လူ့ဇာတိခံလာသည်ဖြစ်စေ၊ ခရစ်တော်၏ အနှစ်သာရသည် ဘယ်သောအခါမျှ ပြောင်းလဲမည်မဟုတ်ပါ။ သခင်ယေရှုခရစ်တော်သည် လူ့ဇာတိ၌ရှိသော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်ကြွလာခဲ့သောအခါ၊ သူသည် မိမိကိုယ်ကို သမ္မာတရား၊ လမ်းခရီး နှင့် လူသားမျိုးနွယ်အတွက် အသက်ရေ စီးထွက်ရာ အရင်းအမြစ်အဖြစ် သက်သေခံခဲ့သည်။ သူသည် သမ္မာတရားကို ဖော်ပြနိုင်ခဲ့ပြီး လူသားအပေါ် နောင်တလမ်းကို ပေးသနားနိုင်ခဲ့သည်။ သခင်ယေရှုက၊ “ဤရေကိုသောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည်။ ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။” (ယော ၄:၁၃-၁၄) ဟု ဆိုသည့်အတိုင်း ဖြစ်ပါသည်။ သခင်ယေရှု ပြောဆိုသမျှ အရာတိုင်းသည် သူ၏ ဘုရားဖြစ်ခြင်း အနှစ်သာရကို ဖော်ပြခြင်းဖြစ်ပြီး ယင်းကို သူ ဆောင်ရွက်ခဲ့သော ရွေးနုတ်ခြင်းအမှုနှင့်အညီ ဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။ ဤသည်မှာ ငြင်းမရနိုင်ပါ။ သခင်ယေရှုသည် လူ့ဇာတိ၌ရှိသော ဘုရားသခင်ဖြစ်သည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သခင်ယေရှု ပြန်လည်ကြွလာခြင်းဖြစ်သည်။ သူသည် လူ့ဇာတိခံ ဘုရားသခင်၊ သမ္မာတရား၏ ပြယုဂ်လည်း ဖြစ်သည်။ ထို့ကြောင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ရောက်ရှိကတည်းက၊ သူသည် မိမိကိုယ်ကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်အဖြစ် သက်သေခံခဲ့ပြီး လူသားအပေါ် ထာဝရအသက်လမ်းကို နှင်းအပ်လျက် လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ရန် သမ္မာတရားအားလုံးကို ဖော်ပြခဲ့သည်။ အဘယ်ကြောင့် ဘုရားသခင်သည် သူ၏ လူ့ဇာတိခံယူခြင်း နှစ်ခုလုံးအတွင်းတွင် မိမိကိုယ်ကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း သက်သေခံခဲ့သနည်း။ ခရစ်တော်သည် ဘုရားဖြစ်ခြင်း၏ အနှစ်သာရနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ ရိုးရှင်းစွာ ဖော်ပြရလျှင်၊ ဘုရားသခင်ကိုယ်တော်တိုင်သည် ထာဝရအသက်လမ်းဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်သည် ထာဝရအသက်ဖြစ်သည်။ ရလဒ်အနေဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားအပေါ် ထာဝအသက်လမ်းကို အပ်နှင်းနိုင်ကာ ဘုရားသခင်၏ ကိုယ်ပိုင်အမှုတော်ကို မတူညီသော ခေတ်များတွင် လုပ်ဆောင်နိုင်ပေသည်။ ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုတော်သည် အဆင့်များအဖြစ် ခွဲခြားထားသည်။ ယင်းမှာ ရွေးနုတ်ခြင်းအမှု၏ အဆင့်တစ်ခုမျှဖြင့်သာ ပြည့်စုံနိုင်သောအရာ တစ်ခု မဟုတ်ပါ။ ဘုရားသခင်သည် သူ၏ ရွေးနုတ်ခြင်းအမှုကို ပြည့်စုံစေပြီးနောက်၊ နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို တရားစီရင်ခြင်း၊ သန့်စင်ခြင်းနှင့် စေ့စပ်သေချာစွာ ကယ်တင်ခြင်းနှင့်ဆိုင်သော အမှုတော်ကို ဆောင်ရွက်ဖို့ လိုအပ်နေသေး၏။ ဤသည်မှာ သခင်ယေရှုက သူပြန်လာမည်ဟု ကတိပေးခဲ့သည့် အကြောင်းရင်းဖြစ်ပြီး ဤအချက်က ဘုရားသခင်၏ အမှုတော်သည် ရှေ့သို့ဆက်၍လှုပ်ရှားခြင်း ဘယ်သောအခါမျှ ရပ်တန့်မသွားသလို ပညတ်တော်ခေတ် သို့မဟုတ် ကျေးဇူးတော်ခေတ်တွင် ရပ်တန့်ရန် နည်းလမ်းမရှိသည်ကို သက်သေပြသည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းတွင် အဆင့် သုံးဆင့် ပါဝင်သည်၊ ယင်းမှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခတ်တွင် ရှိသည့် အမှုတော်ဖြစ်သည်။ ပညတ်တော်ခေတ်မှသည် ကျေးဇူးတော်ခေတ်အထိ ကာလသည် နှစ် ၂၀၀၀ ခန့် ကြာရှည်ခဲ့ပြီး ကျေးဇူးတော်ခေတ်မှာ နိုင်ငံတော်ခေတ်အထိ အချိန်သည် နောက်ထပ် နှစ် နစ်ထောင်ခန့် ကြာရှည်ခဲ့ပါသည်။ ပြန်ကြွလာသော သခင်ယေရှုအားဖြင့် ဆောင်ရွက်သည့် ဘုရားသခင်၏အိမ်တော်မှ အစပြုသော တရားစီရင်ခြင်းအမှုအားလုံးသည် လူသားမျိုးနွယ်ကို စေ့စပ်သေချာစွာ သန့်စင်ခြင်း ကယ်တင်ခြင်း အမှုဖြစ်သည်။ ယင်းမှာ မှောင်မိုက်ခြင်းနှင့် ဆိုးညစ်မှု ခေတ်တစ်ခုကို အဆုံးသတ်ခြင်းတစ်ခုလည်းဖြစ်ပြီး နိုင်ငံတော်ခေတ်ထဲသို့ ဖွင်ပေးလိုက်ခြင်းဖြစ်သည်။ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်သည် သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်မှတဆင့် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး လူသားမျိုးနွယ်သည် လှပသော ခရီးပန်းတိုင်ထဲသို့ ပို့ဆောင်ခြင်း ခံရလိမ့်မည်။ ထို့ကြောင့်၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်က ဤအသီးအပွင့်ကို သီးပွင့်နိုင်လျှင်၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ထဲ၌ ဖော်ပြသော သမ္မာတရားအားလုံးသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင် အပ်နှင်းသော ထာဝရအသက်လမ်းဖြစ်သည်ဟု သင် ဆိုလိမ့်မည်မဟုတ်လော။ နောက်ဆုံးသောကာလ ဘုရားသခင် ဖော်ပြသော သမ္မာတရားများအားဖြင့်၊ သိမ်းပိုက်ခြင်းခံရသောသူ၊ သန့်စင်ပြီး စုံလင်ခြင်းခံရသောသူ၊ ဘုရားသခင်ကို သိကျွမ်းခြင်း ရရှိသောသူ၊ သူ၏ အသက်တာ စိတ်သဘောထားများ ပြောင်းလဲခြင်းခံရသောသူနှင့် စစ်မှန်သော လူသား၏ ပုံသဏ္ဍာန်ကို အသက်ရှင်သော လူများစွာရှိလျှင် ယင်းမှာ အမှန်တကယ် ထာဝရအသက်လမ်းကို ရရှိခဲ့ပြီးသော ဘဝလမ်းခရီးဖြစ်သည် မဟုတ်လော။ ယင်းက အမှန်တကယ် ထာဝရအသက်လမ်းဖြစ်လျှင်၊ လူကို သန့်စင်၊ ကယ်တင်ပြီး စုံလင်စေနိုင်သော သမ္မာတရားဖြစ်သည်မှာ သေချာပြီး၊ ယင်းက ဘုရားသခင်ကို သိကျွမ်းခြင်း၊ နာခံခြင်းနှင့် ဘုရားသခင်ကို ကိုးကွယ်ခြင်းအား ရရှိရန် လူတို့ကို ခွင့်ပြုနိုင်သည်မှာ သေချာပါသည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအချက်ကို မှန်ကန်စွာ သိနားလည်မှုရှိပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြသော သမ္မာတရားများအားလုံးကို နောက်ထပ် ကြည့်ရှုနိုင်လျှင် အဘယ်အရာက ထာဝရအသက်လမ်းဖြစ်သည်ကို ကျွန်ုပ်တို့ သိရှိနိုင်မည်ဖြစ်သည်။

ဘုရားသခင် လူ့ဇာတိ ဖြစ်လာခဲ့သော နှစ်ကြိမ်စလုံးတွင် သူသည် လူသားမျိုးနွယ်အပေါ် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အပ်နှင်းနိုင်ခဲ့သော်လည်း သခင်ယေရှု လုပ်ဆောင်ခဲ့သမျှ အားလုံးမှာ ရွေးနုတ်ခြင်း အမှုသာ ဖြစ်သည်။်နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်သည်သာ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို လုပ်ဆောင်ပြီး သူ၏ အမှုတော်မှ တဆင့်သာ လူသားမျိုးနွယ်ကို လုံးလုံးလျားလျား သန့်စင်ခြင်းနှင့် ကယ်တင်ခြင်း ရလဒ်ကို ရရှိနိုင်ပေသည်။ ဤအချိန် မိတ်သဟာယတွင် လူအချို့က၊ “သခင်ယေရှုက သ့ရဲ့ အမှုတော်ကို ဆောင်ရွက်ဖို့ လာခဲ့တဲ့အချိန်မှာ၊ ဘာကြောင့် သူက နောက်ဆုံးသော ကာလမှာ ဆောင်ရွက်ရမယ်အမှု နဲ့ ဘုရားသခင် ဖော်ပြရမယ့် သမ္မာတရားတွေကို ကြိုတင် ထုတ်ဖော်မပြခဲ့တာလဲ။ သခင်ယေရှုက လူသားမျိုးနွယ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမဖို့ မတတ်နိုင်ခဲ့တာ ဖြစ်နိုင်ပါ့မလား။ ကျွန်တော်တို့အပေါ် သခင်ယေရှုက သမ္မာတရားနှင့် အသက်ကို အပ်နှင်းဖို့ မတတ်နိုင်ခဲ့တာ ဖြစ်နိုင်ပါ့မလား။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကနေတဆင့် ထာဝရအသက်ကို ကျွန်တော်တို့ မရရှိနိုင်ဘူးလား” ဟု မေးကောင်း မေးကြပါလိမ့်မည်။ ဧကန်မုချပင် လူများစွာသည် ဤမေးခွန်းများကို လုံလောက်သော သိနားလည်မှု ကင်းမဲ့ကြသည်၊ သို့သော် ကျွန်ုပ်တို့ နားလည်ရမည်မှာ ဘုရားသခင့် အမှုတော်၏ အဆင့်တိုင်းတွင် ၎င်း၏ ကိုယ်ပိုင် အနှစ်သာရ နှင့် အကြောင်းအရာပါရှိပြီး သူ့အမှုတော်၏ အဆင့်တိုင်းသည် အချို့သော ရလဒ်ကို ရရှိလိမ့်မည် ဟူ၍ ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင့် အမှုတော်၏ အဆင့်တိုင်းတွင် ဖော်ပြသော သမ္မာတရားအားလုံးနှင့် သူမိန့်ဆိုသော နှုတ်ကပတ်တော်အားလုံးသည် အဓိပ္ပါယ်ရှိကြပြီး ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက် ရှိကြသည်။ ၎င်းတို့အားလုံးက ရလဒ်တစ်ခုကို ရရှိဖို့ အတွက်ဖြစ်သည်။ ဘုရားသခင့် အမှုတော်၏ အဆင်တစ်စီတွင် ဖော်ပြသော နှုတ်ကပတ်တော်အားလုံးသည် သူ၏ အမှုတော်များအားလုံး အပေါ် အဓိကထားပြီး ရည်ရွယ်ထားသော ရလဒ်များကို ရရှိဖို့အလို့ငှာ မိန့်မြွက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အမှုတော်နှင့် မဆက်စပ်သော အရာတစ်ခုကိုမျှ ဘယ်သောအခါမျှ ပြောလိမ့်မည်မဟုတ်ပါ။ ဤသည်မှာ သူ့အမှုတော်နှင့် နှုတ်ကပတ်တော်တို့၏ အခြေခံသဘောတရားဖြစ်သည်။ သခင်ယေရှုအားဖြင့် ပြုပြီးသမျှသော အမှုအားလုံးမှာ ရွေးနှုတ်ခြင်းအမှုဖြစ်ပြီး နောက်ဆုံးသောကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုမဟုတ်ပါ။ ထို့ကြောင့်၊ သခင်ယေရှု ဖောြ်ပသော သမ္မာတရားအားလုံးမှာ သူ၏ ရွေးနုတ်ခြင်း အမှုတော်အပေါ်တွင် အဓိကဖြစ်ပြီး လူ၏ သန့်စင်ခြင်း၊ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းတို့အတွက် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်အားဖြင့် ဖော်ပြသော သမ္မာတရားအားလုံးမှ ကွဲပြားခြားနားကြသည်။ ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလတွင် ဖော်ပြသော သမ္မာတရားများအားလုံးသည်သာ လူကို သန့်စင်၊ ကယ်တင်ပြီး စုံလင်စေနိုင်သော ထာဝရအသက်လမ်းဟု ခေါ်ဆိုနိုင်ပြီး သခင်ယေရှု ဖော်ပြသော သမ္မာတရားအားလုံးမှာတော့ လူသားမျိုးနွယ်ကို ရွေးနုတ်သော သမ္မာတရားများသာ ဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်တွင် အစီအစဉ်တစ်ခု ရှိပြီး အဆင့်များရှိခြင်းကြောင့် သူဖော်ပြသည့်အရာမှာ လူသားမျိုးနွယ်အတွက် နောင်တတရားလမ်းဖြစ်ခြင်းထက်မပိုပါ။ ခေတ်အသီးသီးတွင် ဘုရားသခင် လုပ်ဆောင်ရမည့် မည်သည့်အမှုမဆို စီစဉ်ထားနှင့်ပြီးဖြစ်သည်။ သူ့အစီအစဉ်က မပြောင်းလဲနိုင်သလို သူသည် သူ၏ ကိုယ်ပိုင်အစီအစဉ်ကို သူ့အမှုတော်မှတဆင့် ဖရိုဖရဲိဖြစ်သွားစေလိမ့်မည်မဟုတ်ပါ။ ပညတ်တော်ခေတ်ထဲကအတိုင်းပင်၊ ယေဟောဝါ ဘုရားသခင်သည် လူသားသဘာဝ၏ လိုအပ်ချက်များနှင့် သူ၏ ကိုယ်ပိုင် အမှုတော်အစီအစဉ်နှင့် လျော်ညီစွာ ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်၏ အသက်တာကို ဦးဆောင်လမ်းပြရန် ပညတ်တော်ကိုသာ ထုတ်ပြန်ခဲ့သည်။ ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်၏ အသက်တာများအား ဦးဆောင် လမ်းပြခြင်း အမှုတော်ကိုသာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်၊ သခင်ယေရှုသည် ကျေးဇူးတော်ခေတ်ကို ဖွင့်ပေးလျက် ကြွလာခဲ့ပြီး နောင်တတရားလမ်းဖြစ်သော “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ၊ နောင်တရကြလော့၊” ကို ဖော်ပြခဲ့ပြီး သူ၏ ကားစင်တင်ခံရခြင်းအားဖြင့် လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ခဲ့သည်။ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သမ္မာတရားများအားလုံးကို ဖော်ပြလျက် နောက်ဆုံးသော ကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာခဲ့ပြီး ဖြစ်သည်။ သူသည် အရင်ခေတ်ကို အဆုံးသတ်ပြီး နိုင်ငံတော်ခေတ်ကို ဖွင့်ပေးလျက် ဘုရားသခင်၏ အိမ်တော်မှ အစပြုသော တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ပါသည်။ ဤအရာက မည်သည့်ခေတ်တွင် မည်သည့်အမှုကို ဘုရားသခင် ဆောင်ရွက်သည်ဖြစ်စေ၊ မည်သည့် သမ္မာတရားကို သူဖော်ပြဖို့လိုသည်ဖြစ်စေ အားလုံးသည် စီစဉ်ထားပြီး စည်းမျဉ်းသတ်မှတ်ပြီး ဖြစ်သည်ကို ကျွန်ုပ်တို့အား တွေ့မြင်ရစေသည်။ ဘုရားသခင်၏ အမှုတော်သည် ဖွဲ့စည်းတည်ဆောက်ထားပြီး အဆင့်တိုင်းက တစ်ခုနှင့်တစ်ခု ဖြည့်စွက်ပေးရင်း တဆင့်ပြီးတဆင့် တိုးတက်သွားသည်။ ဘုရားသခင်၏ အမှုတော် အဆင့်တိုင်းသည် လူသားမျိုးနွယ်၏ လိုအပ်ချက်များ၊ လူသားမျိုးနွယ်၏ တကယ့်ဝိညာဉ်အသက်တာနှင့် ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းထားသော အစီအမံများအပေါ်တွင် အခြပြုထားသည်။ သခင်ယေရှုက သူ၏ ရွေးနုတ်ခြင်းအမှုတော်ကို လုပ်ဆောင်နေခဲ့ချိန်တွင် လူသည် ဘုရားသခင် သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို သိကျွမ်းခြင်းမရှိခဲ့ပါ။ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့သည်ကိုသာ သိမှတ်ခဲ့ကြပြီး ဘုရားသခင်၏ ပညတ်တရားများနှင့် ပညတ်ချက်များကို လိုက်လျှောက်ရန်သာ သိခဲ့ကြသည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက သူ၏ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအမှုတော်အား ဆောင်ရွက်ခဲ့ချိန်တွင် ဘုရားသခင်ရှေ့မှောက်သို့ လူကို လာနိုင်စေဖို့၊ သူ၏ အပြစ်များကို ဝန်ချပြီး နောင်တရကာ၊ ဖြေလွှတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက် ဘုရားသခင်ထံတောင်းလျှောက်နိုင်စေဖို့ရန်အလို့ငှာ သူကျူးလွန်ခဲ့မိသော အပြစ်အားလုံးကို ဘုရားသခင်ထံ ဝန်ခံနိုင်စေရန် နောင်တတရားလမ်းဖြစ်သော၊ “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ၊ နောင်တရကြလော့၊” ကိုသာ သူဖော်ပြခဲ့သည်။ ဤသည်မှာ သူသည် ဘုရားသခင်ထံ ဆုတောင်းနိုင်စေရန်၊ ဘုရားသခင်ကို ကျေးဇူးတင်ရှိပြီး ချီးမွမ်းနိုင်ရန်နှင့် ဘုရားသခင်၏ ကျေးဇူးတော်အားလုံးကိုခံစားနိုင်စေရန် အတွက်လည်း ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ ရွေးနုတ်ခြင်းအမှုတော်မှတဆင့် ရရှိနှင့်ပြီးသော ရလဒ်များ ဖြစ်သည်။ နှစ်များစွာ ယုံကြည်ပြီးနောက်တွင်၊ လူအနည်းစုကသာ ၎င်းတို့ ကျူးလွန်ခဲ့မိသော အပြစ်များအားလုံး အမှန်တကယ် ဘုရားသခင်အားဖြင့် ဖြေလွှတ်ခံခဲ့ရပြီးဖြစ်သော်လည်း ပင်ကိုအားဖြင့် ၎င်းတို့၏ အပြစ်နှင့် ပြည့်ဝသော သဘောဝက ယခင်အတိုင်းပင် တည်ရှိနေသေးပြီး ၎င်းတို့သည် မကြာခဏ ဘုရားသခင်ကို အပြစ်ပြုမိကာ အာခံမိကြလျက် ၎င်းတို့၏ အပြစ်နှင့်ပြည့်သော သဘာဝ၏ ထိန်းချုပ်မှုကို ခံရလျှက်ရှိသေးသည်အထိ ယင်းက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသည်ကို အသိအမှတ်ပြုနိုင်ကြသည်။ ၎င်းတို့သည် အပြစ်တရား၏ ချည်နှောင်မှုမှ လွတ်မြောက်ခြင်းမရှိသလို ဖြူစင်မလာခဲ့ကြပါ။ဤသည်မှာ အမှန်တရားအဖြစ် လူတိုင်းလက်ခံထားသော အရာဖြစ်သည်။ သို့ဆိုလျှင်၊ ကျွန်ုပ်တို့ကဲ့သို့ အပြစ်များမှ ဖြေလွှတ်ခြင်းခံရပြီးသော ယုံကြည်သူများအတွက်၊ ထာဝရအသက်လမ်းကို အမှန်တကယ် ကျွန်ုပ်တို့ ရရှိခဲ့ကြပြီးပြီလော။ ကျွန်ုပ်တို့၏ အပြစ်များ ဖြေလွှတ်ခံရခြင်းသည် ကျွန်ုပ်တို့ သန့်စင်ခံရပြီးဖြစ်သည်ဟု ဆိုလိုပါသလော။ ယင်းက ကယ်တင်ခြင်းကို ကျွန်ုပ်တို့ အမှန်တကယ် ရယူခဲ့ကြပြီး ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခဲ့ပြီဟု ဆိုလိုပါသလား။ ဤရလဒ်များကို မရရှိနိုင်လျှင်၊ ကျွန်ုပ်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းမှတဆင့် ထာဝရအသက်လမ်းကို ရရှိနှင့်ပြီးဖြစ်သည်ဟု မည်သို့ဆိုနိုင်သနည်း။ ဤအရာကို ဆိုဝံ့သောသူ တစ်ဦးတစ်ယောက် ရှိပါသလား။ သခင်ယေရှုဆောင်ရွက်ခဲ့သော အမှုတော်မှာ ရွေးနှုတ်ခြင်းအမှုဖြစ်ခဲ့ပြီး သူဟောပြောခဲ့သောအရာမှာ နောင်တတရားလမ်းဖြစ်သည်။ သူ၏ အမှုတော်မှာ အထင်အရှားပင် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်အတွက် လမ်းခင်းပေးဖို့ရန်ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု၏ အမှုတော်ကို လက်ခံခြင်း၌ ကျွန်ုပ်တို့ အပြစ်များမှ ဖြေလွှတ်ခြင်းကိုသာ ကျွန်ုပ်တို့ ရရှိခဲ့ကြသည်၊ ထာဝရအသက်ကို အမှန်တကယ် မရရှိခဲ့ကြပါ။ ကျွန်ုပ်တို့သည် ပြန်ကြွလာသော သခင်ယေရှုအားဖြင့် ဆောင်ရွက်ခဲ့သော နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လက်ခံနိုင်လျှင် ကျွန်ုပ်တို့သည် သန့်စင်ခြင်းခံရပြီး ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိကြမည်ဖြစ်သည်။ ထို့နောက်မှသာ ထာဝရအသက်ကို အမှန်တကယ် ရရှိခဲ့ပြီးသော လူများဖြစ်ကြမည်ဖြစ်သည်။ သခင်ယေရှု အပေါ်ကျွန်ုပ်တို့ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အပြစ်များမှ ကျွန်ုပ်တို့ကို ဖြေလွှတ်ပေးပြီး ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏ ကျေးဇူးတော်ကို ပျော်မွေ့ခံစားနိုင်ဖို့ အရည်အချင်းရှိရုံသာ ရှိစေသည်။ ဤအရာများသည် သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုတော်မှတဆင့် ရရှိသော ရလဒ်များသာ ဖြစ်သည်။ သခင်ယေရှု၏ အမှုတော်ကို နားလည်ခြင်းမရှိသော လူများစွာရှိ၏။ ၎င်းတို့သည် သခင်ယေရှုက သူ၏ ရွေးနုတ်နိုင်သော အမှုတော်ကို ပြီးစီးခဲ့ပြီး သခင်၌ သူတို့၏ ယုံကြည်ခြင်းကြောင့် ၎င်းတို့၏ အပြစ်များမှ ဖြေလွှတ်ခြင်းခံရပြီးသည့်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်သည် လုံးဝ ပြီးဆုံးပြီဟူသော ထင်မြင်လျက် ရှိကြသည်။ တစ်ခုပြီးမြောက်သည့်အတွက် အားလုံးပြီးမြောက်သည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ ကြီးမားသော အမှားတစ်ခု ဖြစ်သည်။ ဤသည်မှာ မှန်လျှင် သခင်ယေရှုက သူပြန်လာမည်ဟု အဘယ်ကြောင့် ပြောဆိုခဲ့မည်နည်း။ သခင်ယေရှုက သူပြန်လာရာတွင် မည်သည့်အမှုကိုအမှန် တကယ်လုပ်ဆောင်ရန်ရှိသည်ကို လူများစွာက သတိမမူမိကြပါ။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို သိကျွမ်းမှု ကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် သခင်ယေရှု၏ အမှုတော်ကို လေ့လာဆန်းစစ်သောအခါ လူသား၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပေါ်သာ မှီခိုကြသည်။ သခင့်ကို ယုံကြည်ခြင်းအားဖြင့် ထာဝရအသက်ကို ကျွန်ုပ်တို့ ရရှိနိုင်ပြီး ထိုသို့ဖြင့်ပင် ကောင်းကင်နိုင်ငံထဲသို့ ကျွန်ုပ်တို့ ဝင်ရောက်နိုင်ကြသည်ဟူသ ထင်မြင်ချက် ရှိနေကြသည်။ ဤသည်တို့မှာ လူ၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြစ်ကြသည် မဟုတ်လော။

ယခုတွင်၊ လူသည် ထာဝရအသက်ကို ရရှိနိုင်သည်မှာ နောက်ဆုံးသောကာလ၌ ပြန်ကြွလာသော သခင်ယေရှု ဆောင်ရွက်သည့် အမှုတော်မှတဆင့်သာ ဖြစ်သည်ဟု လူတိုင်း သတိပြုမိနိုင်သည်။ ဤထက် ပိုမှန်ကန်သည့်အရာ မရှိတော့ပါ။ သို့ဆိုလျှင်၊ နောက်ဆုံးသောကာလ ခရစ်တော်သည်သာ ထာဝရအသက်လမ်းကို လူသားအပေါ် နှင်းအပ်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ သခင်ယေရှုက ထိုအရာကို လူသားအပေါ် မအပ်နှင်းနိုင်သည်မှာ ဖြစ်နိုင်သလော။ သင် ထို့သို့ ပြော၍ မရပါ။ ဤအကြောင်းကို ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်းသိရပါမည်။ သခင်ယေရှုသည် ဘုရားသခင်၏ လူ့ဇာတိခံခြင်းဖြစ်သည်၊ သူကိုယ်တိုင် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်ပြီး သူကိုယ်တိုင် ထာဝရအသက်လမ်းကို ပိုင်ဆိုင်သည်။ ထိုသို့ဆိုလျှင် သခင်ယေရှု၌ ယုံကြည်ခြင်းတစ်ခုတည်းဖြင့် ထာဝရအသက်ကို မရရှိနိုင်သည်မှာ အဘယ်ကြောင့်နည်း။ နောက်ဆုံးသော ကာလ၏ ခရစ်တော်သာ လူကို ထာဝရအသက်လမ်းပေးနိုင်သည်မှာ အဘယ်ကြောင့်နည်း။ ဤအရာသည် ဘုရားသခင်၏ အမှုတော်မှတဆင့် ရရှိသော ရလဒ်များပေါ်တွင် အဓိကအခြေပြုပါသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုသည် ရွေးနုတ်ခြင်းအမှုတော်ကိုသာ ဆောင်ရွက်ခဲ့ပြီး၊ ထို့ကြောင့်၊ သခင့်အပေါ် ကျွန်ုပ်တို့ ယုံကြည်ခြင်းထားရှိသည့်အချိန်မှ ကျွန်ုပ်တို့၏ အပြစ်များ ဖြေလွှတ်ခြင်းခံခဲ့ရသော်လည်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်နှင့် ပြည့်ဝသော သဘာဝအားဖြင့် မောင်းနှင်ခြင်းကို ခံရပြီး မကြာခဏ အပြစ်ပြုမိကာ ဘုရားသခင်ကို မရည်ရွယ်ပဲနှင့် အာခံမိကြသည်ကို ကျွန်ုပ်တို့အားလုံး သိကြပါသည်။ ကျွန်ုပ်တို့သည် အပြစ်၏ ချည်နှောင်မှုများမှ ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိကြသလို ဖြူစင်လာနိုင်စွမ်းမရှိကြပဲ ဘုရားသခင်၏ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ အရည်အချင်းမရှိကြပါ။ ဤအရာသည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဖြစ်သော သခင်ယေရှု၏ အမှုတော်သည် လူသားမျိုးနွယ်ကို စေ့စပ်သေချာစွာ သန့်စင်ပြီး ကယ်တင်ဖို့ဖြစ်သော အမှုတော် မဟုတ်သည်ကို သက်သေပြရန် လုံလောက်ပါသည်။ ပြန်ကြွလာသော သခင်ယေရှုအားဖြင့် ပြီးမြောက်သော နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်သည်သာ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်နိုင်သည်။ ဤသည်မှာ သခင်ယေရှုက သူပြန်လာမည်ဟု ပရောဖက်ပြုခဲ့သည့် အကြောင်းရင်းဖြစ်သည်၊ သခင်ယေရှုက၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃) “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ယော ၁၂:၄၈) ဟု ဆိုထားသကဲ့သို့ဖြစ်သည်။ သခင်ယေရှု၏ ပရောဖက်ပြုချက်မှာ အမှန်တကယ်ဖြစ်ခဲ့နှင့်ပြီးဖြစ်သည်။ ယင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလတွင် ဘုရားသခင့်အိမ်တော်မှ အစပြုသော တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ပြီး လူသားမျိုးနွယ်အား သန့်စင်ပြီး ကယ်တင်ရန် သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီးဖြစ်သည်ဟူ၍ ဖြစ်သည်။ဤသမ္မာတရားများသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်မှ လူသားအပေါ်သို့ နှင်းအပ်ထားသော ထာဝရအသက်လမ်းဖြစ်သည်။ တရားစီရင်ခြင်းမှတဆင့်၊ ၎င်းတို့သည် လူသား၏ အသက်ဖြစ်လာနိုင်ဖို့ရန်အလို့ငှာ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူဖော်ပြသော သမ္မာတရားအားလုံးကို လူသားမျိုးနွယ်ထဲတွင် အမှုပြုစေသည်။ ကောင်းမြတ်သော အကြောင်းတရားမရှိပဲ ဘုရားသခင်သည် သမ္မာတရားကို မဖော်ပြပါ။ သူသည် လူ၏ အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို ပစ်မှတ်ထားသည်၊ လူသားမျိုးနွယ်ကို တရားစီရင်ရန်နှင့် ဖော်ထုတ်ရန်အလို့ငှာ သူ၏ သမ္မာတရားကို ဖော်ပြရာတွင် လူ၏ သဘာဝနှင့် ဘုရားသခင်ကို မနာခံခြင်း၊ အာခံခြင်းစရိုက်လက္ခဏာအပြင် လူ၏ အမျိုးမျိုးသော ဆိုးယုတ်သည့် စိတ်သဘောထားများကို ပစ်မှတ်ထားသည်။ ဘုရားသခင် ရွေးချယ်ထားသော လူများက သမ္မာတရားကို လက်ခံခြင်း ဖြစ်စဉ်မှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရခြင်းနှင့် စမ်းသပ်ခြင်း၏ အခက်အခဲများကို သည်းခံရခြင်းတို့ ဖြစ်စဉ် ဖြစ်သည့်အပြင် သန့်စင်ခံရခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်း ဖြစ်စဉ်လည်း ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရသော လူအယောက်စီတိုင်းသည် သမ္မာတရားများစွာကို နားလည်သဘောပေါက်ကြသည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အာခံပြီး သစ္စာပျက်သော ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်ဆီးသော အနှစ်သာရကို အမှန်တကယ် သိရှိကြပြီး၊ ဘုရားသခင်၏ သန့်ရှင်းသော အနှစ်သာရနှင့် သူ၏ ဖြောင့်မတ်သော၊ ပုန်ကန်ပြစ်မှား၍မရနိုင်သော စိတ်သဘောထားကိုလည်း နားလည်သဘောပေါက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်သော ကြောက်ရွံ့ခြင်းနှင့် နာခံမှုရှိကြပြီး ဘုရားသခင်ထံမှ သမ္မာတရားနှင့် အသက်ကို ၎င်းတို့အားလုံး ရရှိခဲ့ကြပြီဖြစ်သည်။ ဘုရားသခင်အားဖြင့် ၎င်းတို့သည် အောင်နိုင်သူများအဖြစ်သို့ ပြုလုပ်ခြင်းခံခဲ့ကြရပြီး ဖြစ်သည်။ ဤလူအုပ်စုသည် ကြီးမားသော ဆင်းရဲဒုက္ခထဲမှ ထွက်လာကြမည့် အောင်နိုင်သူများဖြစ်ဖို့ရန် ဗျာဒိတ်ကျမ်းထဲတွင် ပရောဖက်ပြုခြင်းခံထားခဲ့ရသူများ ဖြစ်သည်။ ဤအရာက၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရခြင်း ဖြစ်စဉ်တစ်လျှောက်တွင်၊ သူ၏ ရွေးချယ်ထားသောလူတို့သည် ၎င်းတို့ လုံးဝ သန့်စင်ခြင်းခံရဖို့ရန်တွက်အလို့ငှာ များစွာသော ဒုက္ခဆင်းရဲများကို ခံစားရကြလိမ့်မည်ကို ညွှန်ပြပါသည်။ ယင်းမှာ ရိုးရှင်းသော ကိစ္စ ဖြစ်နိုင်ပါသလော။ သမ္မာတရားကို ၎င်းတို့၏ အသက်အဖြစ် လက်ခံရန်မှာ လွယ်ကူပါသလော။ ၎င်းတို့သည် ဆင်းရဲဒုက္ခများစွာကို သည်းခံကြရမည်ဖြစ်ပြီး ဤဆင်းရဲဒုက္ခများအားလုံးမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးသည် သမ္မာတရားကို ၎င်းတို့၏ အသက်အဖြစ် လက်ခံရရှိဖို့ရန်အလို့ငှာ ဒုက္ခခံကြရသည်။ ၎င်းတို့အားလုံးသည် သေခြင်းနှင့် နီးသော အတွေ့အကြုံများ သို့မဟုတ် လုံဝပြောင်းလဲမှုတစ်ခုကို ကြုံရခြင်းကဲ့သို့ ဖြစ်နိုင်သည်။ ဤလူတို့သည် ကြီးမားသော ဆင်းရဲဒုက္ခထဲမှ ထွက်လာပြီး အောင်နိုင်သူများ ဖြစ်လာကြသောအခါ၊ ၎င်းတို့ ရရှိသော အသက်သည် အမှန်တကယ် အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ယင်းသည် နောက်ဆုံးသောကာလ ခရစ်တော်၏ အမှုတော်အားလုံးအားဖြင့် ဆောင်ကြဉ်းခဲ့သော ထာဝရအသက်လမ်း ဖြစ်လိမ့်မည်ဖြစ်သည်။

ကျေးဇူးတော်ခေတ်တွင် ရွေးနုတ်ခြင်းအမှုကို သခင်ယေရှု ဆောင်ရွက်ခဲ့ပြီး ယင်းက လူတို့ကို ဤလမ်းကြောင်းကိုသာ ပေးသည်၊ “နောင်တရကြလော့ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ။” အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် ကြွလာခဲ့ပြီး သခင်ယေရှုဆောင်ရွက်ခဲ့သော ရွေးနုတ်ခြင်းအမှု၏ အခြေခံအုတ်မြစ်အပေါ်တွင် လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ရန် သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီးဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်ကို ၎င်းတို့၏ အပြစ်များ၊ ၎င်းတို့၏ ညစ်ညူးခြင်းနှင့် ဖောက်ပြန်ပျက်ဆီးခြင်းတို့မှ လွတ်မြောက်ကြပြီး ၎င်းတို့၏ မူလလူသားပုံသဏ္ဍာန်သို့ ပြန်ရောက်ရှိကြရန်အလို့ငှာ စာတန်၏ စွမ်းအားမှ စေ့စပ်သေချာစွာ ကယ်တင်လျက်ရှိသည်။ ဤအရာက လူသားမျိုးနွယ်ကို ဘုရားသခင်အား နာခံပြီး ကိုးကွယ်သည့် လူများဖြစ်လာစေနိုင်သော ဘုရားသခင်၏ မျက်မှောက်တော်ထဲတွင် အသက်ရှင်ခွင့်ပေးလိမ့်မည်ဖြစ်ပြီး လူသား မျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အဆုံးသတ်သို့ ပို့ဆောင်ပေးလိမ့်မည်။ ထို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလထဲက တရားစီရင်ခြင်း အမှုတော်ကို လက်ခံခြင်းအားဖြင့်သာ ကျွန်ုပ်တို့ သန့်စင်ခံရကာ ကယ်တင်ခံရနိုင်ပြီး ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်သည်။ မိတ်သဟာယပြုခြင်း၌ ဤအချိန်တွင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်သာ ထာဝရအသက်လမ်းကို နှင်းအပ်နိုင်သည်မှာ အဘယ်ကြောင့်ဖြစ်သည်ကို အယောက်တိုင်း သိရှိသင့်ပါသည်။

ရုပ်ရှင်ဇာတ်ညွှန်း မေးခွန်းများအတွက် အဖြေများ မှ

သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းလည်း ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။” (ယော ၁၁:၂၆) “ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်း အလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ယော ၄:၁၄) သမ္မာကျမ်းစာက ပြောထားပါသည်- “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” (ယော ၃:၃၆) ဤနှုတ်ကပတ်တော်အားလုံးက သမ္မာတရားများဖြစ်သည်၊ အမှန်များဖြစ်သည်။ သခင်ယေရှုက လူ့ဇာတိခံ ဘုရားသခင်ဖြစ်သောကြောင့်၊ ကိုယ်တော့်မှာ ဘုရားသခင့် အနှစ်သာရနှင့် စရိုက်လက္ခဏာများ ရှိပါသည်။ ကိုယ်တော် ကိုယ်တော်တိုင်က ထာဝရအသက်လမ်း ဖြစ်သည်။ ကိုယ်တော်ပြောသမျှနှင့် လုပ်သမျှက ဘုရားသခင် ၏အသက် ထင်ရှားခြင်းဖြစ်သည်။ ကိုယ်တော် ဖော်ပြသမျှက သမ္မာတရား များ ဖြစ်ပြီး၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းများ ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု ကိုယ်တော်တိုင်က ထာဝရ အသက်ဖြစ်ပြီး၊ ထာဝရအသက်လမ်းကို ပေးနိုင်သူဖြစ် သည်။ ကိုယ်တော်က သေသူကို ရှင်စေနိုင်ပါသည်။ တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်၊ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ထာဝရအသက်ကို ကျွန်တော်တို့ ရရှိနိုင်ပါသည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ လာဇရု၏ ရှင်ပြန်ထမြောက်ခြင်းသည်၊ သခင်ယေရှုက ထာဝရအသက်ကို ပေးပိုင်ပြီး၊ သူ့မှာသြဇာအာဏာ ရှိသည်ဆိုသည့် သက်သေဖြစ်ပါသည်။ သို့ပါက သခင်ယေရှုက ကျေးဇူးတော်ခေတ်မှာ ထာဝရအသက်လမ်းကို အဘယ့်ကြောင့် မပေးသနည်း။ အဘယ့်ကြောင့်ဆိုသော် သခင်ယေရှုက လူသားများကို ကယ်တင်ဖို့အတွက် ကားတိုင်ပေါ် သံနှင့်အရိုက်ခံရမည် ဖြစ်သောကြောင့် ပင်တည်း၊ နောက်ဆုံးသောကာလ အမှုတော်များကဲ့သို့ သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်း အမှုတော်များ ပြုရန်အတွက်မဟုတ်ပါ။ သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုက လူများ၏အပြစ်ကိုသာ လွှတ်ခြင်းဖြစ်သည်၊ သို့သော် လူများ၏ဆိုးယုတ်သည့်သဘာဝနှင့် စိတ်သဘောထားများကို မဖယ်ရှားပေးပါ။ ထို့ကြောင့် သခင့်ကို ယုံကြည်ခြင်းအားဖြင့် ကျွန်တော်တို့အပြစ်ကနေ လွှတ်ခြင်းခံရသော်လည်း၊ ကျွန်တော်တို့၏ ဆိုးယုတ်သည့် သဘာဝကမူသန့်စင်ခြင်း မခံရပါ။ ကျွန်တော်တို့ ကိုယ်တိုင်က အပြစ်လုပ်နေဆဲ၊ ဘုရားသခင်ကို အာခံနေဆဲ နှင့် သစ္စာဖောက်နေဆဲဖြစ်သည်။ ဤအကြောင်းပြောရင်း၊ တစ်စုံတစ်ခုကို ရှင်းဖို့လိုပါသည်။ ကျေးဇူးတော်ခေတ်ထဲတွင် သခင်ယေရှု အမှုတော်က နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအတွက် လမ်းခင်းပေးထားပါသည်၊ ထို့ကြောင့် သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်ပြီးသည့် နောက်မှာ၊ တဖန်ပြန်ကြွလာမည်ဟု ကိုယ်တော် ကတိပေးခဲ့ပါသည်။ တစ်ခါက သခင်ယေရှုပြောခဲ့ဖူးပါသည်- “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ယော ၁၆:၁၂-၁၃) သခင်တဖန်ပြန်လာသည့်အခါကျမှ လူများကို ကယ်တင်မည့်၊ သမ္မာတရားကို ကိုယ်တော်ဖော်ပြမည် ဖြစ်ကြောင်းကို သခင်ယေရှု၏ နှုတ်ကပတ်တော်ကနေ ကျွန်တော်တို့ မြင်တွေ့နိုင်သည်။ ဤနေရာတွင်၊ “သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။” ဤသမ္မာတရားများက နောက်ဆုံးသော ကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားများကို သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းထဲကနေ ဖော်ပြသည့်သမ္မာတရားများ ဧကန်မုချပင် ဖြစ်သည်။ ၎င်းတို့က အသင်းတော်များသို့ သန့်ရှင်းသော ဝိညာဉ်တော်မှ အသင်းတော်တို့အား မြွက်ဆိုသည့် နှုတ်ကပတ်တော်များဖြစ်သကဲ့သို့၊ နောက်ဆုံးသောကာလမှာ လူသားများကို ဘုရားသခင်ပေးသည့် ထာဝရအသက်လမ်းလည်း ဖြစ်သည်။ ထို့ကြောင့် သခင့်ကို ယုံကြည်သူများဖြစ်သည့် ကျွန်တော်တို့သည် ကျေးဇူးတော်ခေတ်ထဲမှာ ထာဝရအသက်ကို မရရှိနိုင်ခြင်းဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။” ပြီးလျှင် သမ္မာကျမ်းစာကလည်း “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” ဟုပြောထားပါသည်။ သို့သော်လည်း ကိုယ်တော်က ဘုရားသခင်၏ ပေါ်ထွန်းခြင်းဖြစ်ကြောင်း၊ နှင့် ကိုယ်တော်သာလျှင် လူများကို ထာဝရအသက်ပေးနိုင်ကြောင်း တို့ကို သက်သေပြဖို့အတွက် သခင်က ဤအရာကို ပြောခဲ့ခြင်း ဖြစ်သည်။ သူ့ကို ယုံကြည်သူတိုင်း ဘယ်တော့မှ အသက်မသေဟု ဆိုသည့်သခင်ယေရှု၏ ကတိတော်က ဘုရားသခင်၏ သြဇာအာဏာအတွက် သက်သေ ဖြစ်ပါသည်။ ဘုရားသခင် ကိုယ်တော်တိုင်၊ ထာဝရအသက်လမ်းဖြစ်ပြီး၊ ဘုရားသခင်က ကျွန်တော်တို့ကို ထာဝရအသက်ပေးနိုင်ပါသည်။ ဤသည်မှာ သခင်ယေရှု၏ အမှုတော်ကို လက်ခံခြင်းတစ်ခုတည်းနှင့် ထာဝရအသက်ရ ခဲ့သည်ဟု ပြော၍မရပါ။ ဤအရာကို နားလည်ဖို့ မခက်ခဲပါ။ သို့သော်လည်း ဘာသာရေး အသိုင်းအဝိုင်းတွင် ကျွန်တော်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံ နေရသရွေ့၊ ကျွန်တော်တို့က ကောင်းကင်နိုင်ငံတော်ကို ဝင်နိုင်ပြီး၊ ထာဝရအသက်ကို ရနိုင်သည်ဟု ထင်ကြသည်။ ဤကိစ္စ၏ သက်သေအထောက်အထားကို ဘုရားသခင်၏ နှုတ်ကပတ်ထဲမှာ ရှာတွေ့နိုင်ပါ သလား။ သခင်ယေရှု ဤကဲ့သို့ တစ်ခါမျှ မပြောခဲ့ပါ။ ယင်းကို တွေးကြည့်ရအောင်။ ကျွန်တော်တို့၏ စိတ်ကူးနှင့် အတွေးအမြင် တို့အရ၊ ကျွန်တော်တို့၏အပြစ်များလွတ်သရွေ့၊ ကျွန်တော်တို့သည် ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ကာ၊ ထာဝရအသက်ကို ရနိုင်သည်ဟု ဖြစ်သည်၊ သို့သော်လည်း သခင်ယေရှုက တဖန်ပြန်ကြွလာဦးမည်ဟု အဘယ့်ကြောင့် အကြိမ်ပေါင်းများစွာ ပရောဖက်ပြုခဲ့သနည်း။ ပြီးလျှင် ကိုယ်တော်က သူ့တပည့်တော်များကို အဘယ့်ကြောင့် ပရောဖက်ပြုချက်များ၊ ပုံဥပမာများ များစွာ ပြောပြခဲ့သနည်း။ ယင်းတို့မှာကိုယ်တော်တဖန်ပြန်ကြွလာသည့်အခါ၊ ပြည့်စုံစေမည့် အရာများဖြစ်သောကြောင့်ပင်တည်း။ ကျွန်တော်တို့က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး၊ အမှုအရာများကို ရှင်းလင်းစွာ မသိခြင်းများ ဖြစ်နိုင်ပါသလား။ အချို့သော လူများက သခင့်ကိုလက်ခံပြီး၊ ကိုယ်တော်တဖန် ပြန်ကြွလာခြင်းကို လက်မခံကြပါ။ ဤသည်မှာ မည်သို့သော ပြဿနာ ဖြစ်သနည်း။ ဤသည်မှာ သခင်ကို သစ္စာဖောက်ခြင်းပဲ မဟုတ်ပါလား။ ထို့ကြောင့် သခင်ယေရှုပြောခဲ့သည်မှာ- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။” (မဿဲ ၇:၂၁-၂၃) ယခုအခါ သခင့်နှုတ်ကပတ်တော်များ အမှန်ပြည့်စုံလာပြီ။ တစ်စုံတစ်ယောက်က သခင်ယေရှုကို လက်ခံပြီး၊ ကိုယ်တော်ပြန်ကြွလာခြင်းကို လက်မခံပါက၊ ထိုလူသည် သားတော်ကို အမှန်တကယ်ယုံကြည်ခြင်း ဟုတ်ပါသလား။ ဤသည်မှာ သခင့်ကို သစ္စာဖောက်သူ ဖြစ်သည်။ သားတော်ကို စစ်မှန်စွာ ယုံကြည်သူများဆိုသည်မှာ၊ သခင့်ကို ယုံကြည်ရုံ သာမက ကိုယ်တော်တဖန် ပြန်ကြွလာတာကို လက်ခံပြီး၊ ခရစ်တော်ကိုနောက် အဆုံးထိလိုက်သည့်သူများကို ညွှန်းဆိုခြင်း ဖြစ်သည်။ ဤသို့သော လူမျိုးသာလျှင် ရရှိကြမည်။ သခင်ယေရှုကို ယုံကြည်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းဆန်သည့်သူများက သခင်ယေရှုကို သစ္စာဖောက်သည့် သူများဖြစ်သည်။ သူတို့က သခင့်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်နောက်ကို အဆုံးတိုင်အောင် မလိုက်ကြသောကြောင့်၊ သူတို့ယုံကြည်ခြင်းက မည်သည်မျှ အရာမထင်ဘဲ ကျရှုံးကြရခြင်း ဖြစ်သည်။ သူတို့က ကိုယ်တော် နာမတော်ကို အသိအမှတ်ပြု သော်လည်း၊ ကိုယ်တော် တစ်ဖန် ပြန်ကြွလာခြင်းကို လက်မခံသောကြောင်၊ သခင်ယေရှုက သူတို့ကို အဓမ္မအမှုပြုသူများဟု သတ်မှတ်သည်။ ပြီးလျှင် ကိုယ်တော်က ပြောသည်- “သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား။” (မဿဲ ၇:၂၃) ထို့ကြောင့် ထိုကဲ့သို့သော သခင့်၏ ရှုတ်ချခြင်းနှင့် ဖယ်ထုတ်ခြင်းခံရသည့် သူများ၊ ကိုယ်တော်နာမကိုသာ ထိန်းသိမ်း သည့်သူများက ထာဝရအသက်ကို မည်သို့ ရနိုင် မည်နည်း။ သူတို့ မည်သည့်အရာမှ မရနိုင်သည်မှာ သေချာပါသည်။ ထို့အပြင် သူတို့က ငရဲထဲကျပြီး၊ ဝေဒနာခံစားကြရကာ၊ အပြစ်ဒဏ်ပေး ခံရမည်။ ဤသည်မှာဘုရားသခင်၏ ဖြောင့်မတ်၊ သန့်ရှင်းသည့် စိတ်သဘောထား တို့ကို ထုတ်ဖော်ပါသည်။

ကျေးဇူးတော်ခေတ်တွင် သခင့်ရွေးနှုတ်ခြင်းကို လူကလက်ခံ သည့်အခါ၊ ကျွန်တော်တို့ အပြစ်များ လွှတ်ခြင်းခံရပြီး၊ ဘုရားသခင်ဆီကို ဆုတောင်းခွင့်၊ ကိုယ်တော့် ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများကို ခံစားခွင့်ရသော်လည်း၊ ကျွန်တော်တို့ ကို မိမိတို့၏အပြစ်ရှိသော သဘာဝက ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း၊ ကျွန်တော်တို့က ကူရာမဲ့ကာ အပြစ်တွင် ရှင်သန်ဆဲဖြစ်ကြောင်း၊ ကျွန်တော်တို့က သခင့်နှုတ်ကပတ်တော် ကို လက်တွေ့လုပ်ဆောင်ဖို့ လုံးဝ မစွမ်းသည့်အပြင်၊ ဘုရားသခင်ကို အစစ်အမှန် လိုက်နာဖို့နှင့် ကြောက်ရွံ့ဖို့ မတတ်နိုင်ကြကြောင်းကို ယခုအချိန်တွင် ငြင်း၍ မရနိုင်ပါ။ ဤအချိန်တွင် လူက မကြာခဏ ဘုရားသခင်ကို လိမ်လည်ပြီး လှည့်ဖြားနေဆဲဖြစ်သည်။ ကျွန်တော်တို့က ကျော်ကြားမှုနှင့် အခွင့်အလမ်းကို ရှာဖွေကြသည်၊ ငွေကြေးကို တပ်မက်ပြီး၊ လောကီရေပန်းစားမှုများ နောက်ကို လိုက်နေကြသည်။ အထူးသဖြင့်၊ ဘုရားသခင့်အမှုတော်များက လူများ၏ အယူအဆနှင့် မကိုက်ညီသည့်အခါ၊ လူများက ဘုရားသခင်ကို အပြစ်တင်သည်၊ ဆန့်ကျင်သည်၊ စစ်ကြောကြသည်။ ထိုသို့သော လူများက နောင်တပင် အမှန်တကယ် မရတတ်ကြပါ၊ ထိုသို့သောလူများသည် သခင့်၏ ချီးမွမ်းခြင်းကို ရနိုင်ကြပါ သလား။ သခင့်အတွက် လူအများစုက သက်သေခံကြ၊ နောက်လိုက်ကြပြီး၊ သူတို့အသက်ကိုပင် သခင့်အတွက် စွန့်ကြပြီး၊ အစစ်အမှန် နောင်တရကြသော်လည်း၊ လက်တွေ့အရှိတရားတွင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သန့်စင်ခံရပါသလား။ သူတို့ သခင့်ကိုအမှန်တကယ် သိကြပါသလား။ စာတန်၏အုပ်စိုးမှုအောက်က လွတ်မြောက်ပြီး၊ ဘုရားသခင် ၏ ရယူကို အမှန်တကယ် ခံရပါသလား။ လုံးဝမရကြပါ၊ ဤသည်မှာ အများ လက်ခံထားသည့် အချက်ဖြစ်သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်ထဲက သခင်ယေရှု၏ အမှုတော်က ကယ်တင်ခြင်းမဟုတ်ပဲ၊ ရွေးနုတ်ခြင်းနှင့် နောက်ဆုံးသောကာလ၏ ပြည့်စုံစေခြင်းသာ ဖြစ်ကြောင့် သက်သေပြရန် လုံလောက်ပါသည်။ ကျေးဇူးတော်ခေတ် အတွင်း သခင်ယေရှု ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များက နောင်တလမ်းစဉ်သာ ဖြစ်သည်၊ ထာဝရအသက်လမ်း မဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှုက သူတဖန်ပြန်လာဦးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ တဖန်ပြန်ကြွလာသည့် သခင်ယေရှုက သမ္မာတရားကို ဖော်ပြပြီး၊ လူများကို ထာဝရအသက်လမ်းကို ပေးသည့် အလုပ်ကို လုပ်ရန်ဖြစ်သည်၊ သို့မှသာ စာတန်၏ အုပ်စိုးမှုအောက်က လွတ်မြောက်ပြီး၊ သမ္မာတရားကို အသက် အဖြစ် ရရှိကာ၊ ဘုရားသခင်ကို သိသည့်၊ နာခံသည့်၊ ကိုယ်တော်နှင့် သဟဇာတဖြစ်သည့်သူများ ဖြစ်လာမည်၊ သို့မှသာ ကောင်းကင်နိုင်ငံတော်ကို ဝင်ခွင့်ရကြပြီး ထာဝရအသက်ကို ရကြမည်။ သခင်ယေရှု၏ ရွေးနှုတ်ခြင်းပေါ် အခြေခံပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘုရားသခင့် အိမ်တော်က နေစပြီး၊ တရားစီရင်ခြင်းအမှုကို စတင် လုပ်ဆောင်ကာ၊ လူသားများကို ကယ်တင်ဖို့နှင့် သန့်စင်ဖို့အတွက် သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော် နှင့် ပြစ်မှား၍မရသည့် စိတ်သဘောထားများကို ဖွင့်ပြပြီး၊ စာတန်ကြောင့် ပျက်စီးနေသည့် လူများ၏ အမှန်တရားနှင့် အနှစ်သာရတို့ကို ဖော်ထုတ်ပြီး တရားစီရင်မည်။ လူများ၏ ပုန်ကန်မှုကို အမြစ်ကနေလှန်ပစ်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သတ်မှတ်ချက်များအားလုံး လူများကို ပြောပြမည်။ တစ်ချိန်တည်းမှာပင် လူများ ကယ်တင်ခြင်းကို လက်ခံရရှိဖို့ လိုအပ်သည့် သမ္မာတရားများအားလုံး ဖြစ်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော် အဆင့်သုံးဆင့်လုံး၏ အတွင်းကျကျဇတ်ကြောင်း နှင့် အနှစ်သာရ၊ ဘုရားသခင်၏ အလုပ်နှင့် လူ၏ အလုပ်တို့အကြား ကွာခြားချက်၊ သမ္မာကျမ်းစာ၏ အတွင်းကျကျ ဇတ်ကြောင်း နှင့် သမ္မာတရား၊ နောက်ဆုံးသောကာလ၌ တရားစီရင်ခြင်း၏ နက်နဲမှု၊ ပညာရှိသတို့သမီးများ ချီဆောင်ခံရခြင်း၏ နက်နဲမှု၊ ကပ်ဘေးကြီး မတိုင်မီ အောင်မြင်သူများ၏ စုံလင်ခြင်း၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ နက်နဲမှု၊ ပြီးလျှင် အမှန်တကယ် ယုံကြည်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းနှင့် ချစ်ခြင်း၊ ခရစ်တော်နှင့် သဟဇာတဖြစ်စေရန် ဘုရားသခင်ကို မည်သို့ ချစ်ကြောက်ရိုသေပြီး၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို မည်သို့ အသက်ရှင်နေထိုင်နည်း စသည်တို့ကို ရှင်းလင်းသော အသုံးအနှုန်းများဖြင့် ရှင်းပြခဲ့သည်။ ဤသမ္မာတရားများက ထာဝရအသက်လမ်းပဲဖြစ်ပြီး၊ နောက်ဆုံးသောကာလထဲမှာ လူသားများအတွက် ဘုရားသခင်ကပေးသနားသည့် အရာများ အားလုံပင် ဖြစ်သည်။ ထို့ကြောင့်၊ သမ္မာတရားနှင့်အသက်တို့ကို ရရှိပြီး၊ ကယ်တင်ခြင်း နှင့် သန့်စင်ခြင်းကို ရရှိကာ၊ စုံလင်သည့်အဖြစ်သို့လိုပါက၊ ကျွန်တော်တို့သည် နောက်ဆုံး​သာကာလမှ ခရစ်တော် ဖြစ်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်များ တို့ကို လက်ခံပြီး၊ နာခံရမည်။ ဤသည်မှာ သမ္မာတရားနှင့် အသက်ကို ရရှိမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်အချို့ကို ကြည့်လိုက်ရအောင်။ “ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများနှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။ အတိတ်ကာလများမှ ယနေ့တိုင် ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို သင်လက်တွေ့ အသုံးချပါက သင်သည် ရှေးဟောင်းသုတေသီတစ်ဦးဖြစ်၍ သင့်ကို သမိုင်းဆိုင်ရာ အမွေအနှစ် ပညာရှင်တစ်ဦးဟု အကောင်းဆုံး ဖော်ပြနိုင်ပါသည်။ ဤသည်မှာ သင်သည် အတိတ်ကာလများတွင် ဘုရားသခင် ဆောင်ရွက်ခဲ့သည့်အမှု၏ တစ်စွန်းတစ်စ ကျန်ရှိသော လက္ခဏာများကို အစဉ်ယုံကြည်သောကြောင့်၊ ဘုရားသခင် ယခင်က လူသားတို့အကြား အမှုဆောင်ရွက်ခဲ့စဉ် သူချန်ရစ်ခဲ့သည့် အရိပ်ကိုသာ ယုံကြည်သောကြောင့်နှင့် ယခင်ကာလများတွင် ဘုရားသခင်က သူ၏ နောက်လိုက်များကို ပေးခဲ့သည့် လမ်းခရီးကိုသာ ယုံကြည်သောကြောင့် ဖြစ်သည်။ သင်သည် ယနေ့ ဘုရားသခင် အမှု၏ လမ်းပြမှုကို မယုံကြည်၊ ယနေ့ ဘုရားသခင်၏ ဘုန်းထင်ရှားသော မျက်နှာကို မယုံကြည်၊ ထို့အပြင် ယခု ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ လမ်းခရီးကိုလည်း မယုံကြည်ပေ။ ထို့ကြောင့် သင်သည် အမှန်တရားနှင့် လုံးဝ ကင်းကွာနေသော စိတ်ကူးယဉ်သမား တစ်ဦးသာဖြစ်သည်ကို မငြင်းနိုင်ပါ။ ယခု သင်သည် လူသားကို အသက်ယူလာပေးရန် မစွမ်းသည့် စကားလုံးများကိုစွဲကိုင်နေဆဲဖြစ်ပါက သင်သည် မျှော်လင့်ချက်မရှိသော သစ်တုံးခြောက်တစ်ခုသာက ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ရှေးရိုးစွဲဆန်လွန်း၏၊ ပေကပ်ကပ် နိုင်လွန်း၏၊ ကျိုးကြောင်း ဆင်ခြင် ပြ၍မရ ဖြစ်နေ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”)

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကိုသိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က လက်ခံမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏အတည်ပြုမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ရုပ်သေးနှင့် အကျဉ်းသားပါ ဖြစ်သောကြောင့်ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ရှိသည့်အရာမှာ ပလ္လင်မှစီးဆင်းသည့် အသက်ရေဖြစ်ရမည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ ၎င်းတို့ဖက်တွယ်ထားသည့် ညစ်ညမ်းသောရေများ ဖြစ်ကြသောကြောင့်ဖြစ်၏။ အသက်ရေကို မရရှိသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ ထိုသို့ဖြစ်ပါက ထိုသူတို့သည် ဘုရားသခင်ကို မည်သို့မြင်နိုင်မည်နည်း။ သင်သည် အတိတ်ကိုစွဲကိုင်ထားရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထားရန်သာ ကြိုးစား၍ ရှိနေသည့် အနေအထားကို ပြောင်းလဲရန်နှင့် သမိုင်းကိုစွန့်ပစ်ရန် မကြိုးစားပါက သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင်အမှု၏ အဆင့်များသည် တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မည်ဟည်းနေသော မိုးချုန်းသံကဲ့သို့ ကျယ်ပြန့်၍ တန်ခိုးကြီးမား၏၊ သို့ရာတွင် သင်သည် ထိုင်နေလျက် တုံဏှိဘာဝေသာ ရှိနေကာ ပျက်စီးခြင်းကို စောင့်၏။ သင်၏မိုက်မဲမှုကို စွဲကိုင်လျက် ဘာမျှမလုပ်ဘဲနေ၏။ ဤနည်းအားဖြင့် သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ထင်မှတ်နိုင်မည်နည်း။ သင်စွဲကိုင်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်လျက် မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသူ ဘုရားသခင်အဖြစ် သင်မည်သို့အကြောင်းပြနိုင်မည်နည်း။ သင်၏ အိုဟောင်း၍ အဝါရောင်သန်းနေသော စာအုပ်များရှိ စကားလုံးများသည် ခေတ်သစ်အတွင်း သင့်ကို မည်သို့ချီဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ၎င်းတို့သည် သင့်ကိုမည်သို့ဦးဆောင်လမ်းပြနိုင်မည်နည်း။ ထို့အပြင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်သွားနိုင်မည်နည်း။ သင့်လက်ထဲတွင် ကိုင်ထားသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်ပြီး အသက်ပေးနိုင်သည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းချက်များမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်သော အရာများသာဖြစ်ပြီး သင့်ကိုစုံလင်စေရန် လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ရန်ဝေးစွ လူ့အသက်တာကို သင်သိရန် ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားလုံးများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကိုပြန်လည်စဉ်းစားရန် အကြောင်းရင်းတစ်ရပ် မပေးပေလော။ အတွင်းတွင် ပါရှိသည့် နက်နဲသောအရာများအား သင့်ကို နားလည်ခွင့် မပေးပေလော။ ဘုရားသခင်ကိုတွေ့ရန် သင်ကိုယ်တိုင် ကောင်းကင်ဘုံသို့ သင့်ကိုယ်သင် ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ပါးမှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံအတွင်းသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်စိတ်ကူးယဉ်နေတုန်းပင်လော။ ဤသို့ဆိုပါက သင်၏စိတ်ကူးယဉ်ခြင်းကို ရပ်တန့်၍ ယခုမည်သူအမှုထမ်းနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်သည့်အမှုအား ထမ်းဆောင်နေသူကို ကြည့်ရန် ငါအကြံပြု၏။ ဤသို့မပြုပါက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ဘဲ အသက်ကိုလည်း မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”)

ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး သူများဖြစ်၍ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသူတို့သည် စိတ်ကူးယဉ်၌ ပျောက်ဆုံးနေသူများ ဖြစ်ကြ၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသောကာလတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်၍ မည်သူမျှ ရှောင်ကွင်း၍ မရနိုင်ပါ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံခြင်းမရှိဘဲ၊ သို့မဟုတ် အသက်၏ထောက်ပံ့မှုကို လက်မခံဘဲ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင်မစဉ်းစားရပါ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက်ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသောကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ ခေတ်အသစ်သို့ ဝင်ရောက်မည့်သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရလောင်ကျွမ်းခံရ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်ရမည် မဟုတ်သည်မှာ သေချာ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်”)

နောက်ဆုံးသောကာလ ၏ ခရစ်တော် ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်က၊ လူသားများကို ကယ်တင်ပြီး သန့်စင်မည့် သမ္မာတရားများကို ဖော်ပြခဲ့ပြီဖြစ်သည်။ ဤနှုတ်ကပတ်များက ကြွယ်ဝသည်၊ ပြည့်စုံသည်၊ ပြီးတော့ ဘုရားသခင် ပေးသည့် ထောက်ပံ့မှု အားလုံးပါဝင်သည်။ ၎င်းတို့က ကျွန်တော်တို့၏ မျက်စိများကို ဖွင့်ပေးပြီး အသိပညာများကို ပေးသည်၊ ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း မြင်တွေ့စေသည်၊ ခရစ်တော်သည် ထာဝရအသက်လမ်း ဖြစ်ကြောင်း မြင်တွေ့စေသည်။ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင် ဖော်ပြသည့်နှုတ်ကပတ်တော်များက ပညတ်တော်ခေတ် နှင့် ကျေးဇူးတော်ခေတ်တို့ ထဲတွင် ပြောခဲ့သည့် အရာများထက် ပိုပြီးပေါက်ရောက်ပါသည်။ အထူးသဖြင့်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ထဲက “စကြာဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ ဖွင့်ဆိုချက်များ” အတိုင်း၊ ဘုရားသခင်က လူသားမျိုးနွယ် တစ်ခုလုံးအား သူ့ကိုယ်သူ ပထမဦးဆုံးအကြိမ် ပေးသိစေပါသည်။ ယင်းမှာ လူသားများအနေနှင့် ဖန်ဆင်းရှင်၏ နှုတ်မြွက်စကားကို ပထမဆုံးအကြိမ် ကြားခဲ့ရခြင်း ဖြစ်ပါသည်။ ဤသည်မှာ စကြဝဠာတစ်ခုလုံးကို ဂယက်ထသွားစေပြီး လူများ၏ မျက်လုံးကို ဖွင့်ပေးခဲ့ပါသည်။ ဤသည်မှာ နောက်ဆုံးသောကာလထဲမှာ ပလ္လင်ဖြူရှေ့က တရားစီရင်ခြင်း အမှုတော်ပင်ဖြစ်ပါသည်။ နိုင်ငံတော်ခေတ်သည် ဘုရားသခင်၊ သူ့၏တရားစီရင်ခြင်း အမှုတော် လုပ်ဆောင်သည့်အချိန် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း စိတ်သဘောထားက လူသားများအားလုံးကို ထင်ရှားသည့် အချိန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်ခေတ်ထဲတွင် ဘုရားသခင်က သူ့နှုတ်ကပတ်တော်၊ တရားစီရင်ခြင်း၊ သန့်စင်စေခြင်းနှင့် လူများကို ပြည့်စုံစေခြင်းများကို ဖော်ပြပါမည်။ ကိုယ်တော်က ကပ်ဘေးကြီးများကို စေလွှတ်ပါလိမ့်မည်၊ ဆိုးညစ်သူများကို ဆုံးမပြီး၊ လူကောင်းများကို ဆုလာဘ်ပေးတော်မူမည်။ သူက လူသားမျိုးနွယ်ကို ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော် နှင့် အမျက်တော်များကို ထုတ်ဖော်သည်ကို ကျွန်တော်တို့ တွေ့မြင်ရပါမည်။ လူသားများကို သန့်စင်ရန်၊ ကယ်တင်ရန် နှင့် စုံလင်စေရန် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများ အားလုံးသည် နောက်ဆုံးသောကာလတွင် လူသားကို အပ်နှင်းသည့် ထာဝရအသက် လမ်းခရီးဖြစ်သည်။ ဤသမ္မာတရားများသည် အသက်စမ်းရေ၏ ရေဖြစ်ပြီး၊ ပလ္လင်တော်မှ စီးဆင်းလာသည်။ ထို့ကြောင့် ကျွန်တော်တို့ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ကျွန်တော်တို့က ထာဝရအသက်လမ်းကို ရရှိပြီး၊ ချီဆောင်ခြင်းခံရကာ၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်လိုပါက၊ ကျွန်တော်တို့သည် နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်ခံရမည်၊ ထို့အပြင် သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း တို့ကိုလည်း လက်ခံရမည်။ ထိုနည်းဖြင့်သာလျှင် ကျွန်တော်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ရရှိကာ၊ သမ္မာတရားကို နားလည်ပြီး ရရှိမည်၊ သန့်စင်ခြင်းကို အောင်မြင်ရရှိမည်၊ ပြီးလျှင် ကယ်တင်ခြင်း ခံရမည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမကို ကြုံရသည့်သူများသာလျှင်၊ ကောင်းကင် နိုင်ငံတော်ကို ဝင်စားခွင့်ရမည် ဖြစ်သည်။ ဤသည်မှာလုံးဝ မှန်ကန်သည့်အချက် ဖြစ်ပါသည်။ ကျွန်တော်တို့၏ ဘာသာရေး အယူအဆများကို ဆက်ပြီး လက်ကိုင်ထားမည်ဆိုပါက၊ အဆုံးမှာ ဆုံးရှုံးမှု ခံစားရမည့်သူများမှာ ကျွန်တော်တို့ ဖြစ်ပါသည်။ ပညာရှိ သတို့သမီးများသည် သမ္မာတရားကို ရှာဖွေရန် နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ရန် တို့ကိုသာ အာရုံစိုက်ထားသော်လည်း၊ မိုက်မဲသော သတို့သမီးများကမူ သမ္မာကျမ်းစာ၏ စာလုံးများနှင့် သူတို့၏ စိတ်ကူးများနှင့် အတွေးအခေါ်များ တို့ကိုသာ ထိန်းသိမ်းထားပြီး၊ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းများ မရှိကြပါ။ ထို့နောက် တစ်နေ့တွင် သူတို့သည် ကပ်ဘေးထဲသို့ ရုတ်တရက် ကျရောက်ကာ၊ ငိုကြွေးပြီး၊ အံကြိတ်ရပါလိမ့်မည်၊ ပြီးလျှင် နောင်တသည်ပင်လျှင် အသုံးမဝင် ဖြစ်လိမ့်မည်။ ထို့ကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို လက်မခံသူများသည် ကပ်ဘေးများထဲသို့ ကျရောက်ကာ၊ အပြစ်ဒဏ်ပေးခံရမည်။ ဤသည်မှာ ဘုရားသခင်က စီမံပေးသည့် အရာဖြစ်ပြီး၊ မည်သူမျှ မပြောင်းလဲနိုင်ပါ။ အထူးသဖြင့် နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့သူ များသည် နောက်ဆုံးသောကာလ၏ အန္တိခရစ်များအဖြစ် ဘုရားသခင်က ထုတ်ဖော်ခဲ့ပြီးဖြစ်သည်၊ ထိုလူများသည် ထာဝရအပြစ်ဒဏ်ပေးခြင်းကို ခံစားရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို နောက်ထပ် တွေ့မြင်ရတော့မည် မဟုတ်ပါ။ နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် လူသားများကို အမျိုးအစားအလိုက် ခွဲခြားရန်၊ လူတို့၏ အကျိုးအမြတ်များကို သတ်မှတ်ရန် နှင့် ခေတ်ကို နိဂုံးချုပ်ရန်တို့ ဖြစ်ကြောင်း ရှင်းလင်းပါသည်။ ယနေ့ ကျွန်တော်တို့သည် နောက်ဆုံးသောကာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံနိုင်စွမ်း ရှိပြီး၊ ဤအရာအားဖြင့် ကျွန်တော်တို့သည် သူ့ကျေးဇူးတော်နှင့် သူ၏ သနားကရုဏာကို အမှန်တကယ် ရရှိပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အားဖြင့် အဆုံးစွန် ချီမခြင်းဖြစ်သည်။ ကျွန်တော်တို့အားလုံး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းသင့်သည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အောက်ခြေမှတ်စု(များ)-

က။ သစ်တုံးခြောက်တစ်ခု- “မကူညီနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။

ယခင်က:မေးခွန်း ၂၂- သခင်ယေရှုသည် ကားတိုင်တွင် လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် သံမှိုရိုက်ခံခဲ့ရပြီး၊ ထိုသို့ဖြင့် ကျွန်ုပ်တို့ကို အပြစ်မှ ရွေးနုတ်ခဲ့သည်။ သခင်ယေရှုမှ ကျွန်ုပ်တို့ လမ်းလွဲပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်လျှင်၊ ဤသည်မှာ သခင်ယေရှုကို သစ္စာဖောက်ခြင်း ဖြစ်လိမ့်မည် မဟုတ်ပါလား။ ဤသည်မှာ ယုံကြည်ကိုးကွယ်မှုကို စွန့်လွှတ်ခြင်း ဖြစ်လိမ့်မည်မဟုတ်ပါလား။

နောက်တစ်ခုသို့:မေးခွန်း ၂၄- အနန္တတန်ခိုးရှင် ဘုရားသခင်သည် လက်ရှိ သူ၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်နေသည့် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်၊ သို့သော် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်မှာ အမှန်တကယ် လူသား၏ အလုပ်ဖြစ်ပြီး၊ ယင်း့အပြင်၊ သခင်ယေရှုကို မယုံကြည်သူ များစွာကလည်း ခရစ်ယာန်ဘာသာမှာ လူသားတစ်ဦးကို ယုံကြည်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ လုပ်ဆောင်ချက်တို့ကြား ခြားနားချက်မှာ မည်သည့်အရာ အတိအကျဖြစ်သည်ကို ကျွန်ုပ်တို့ မပိုင်းခြားမသိမြင်နိုင်သေးပါ၊ ထို့ကြောင့် ကျေးဇူးပြုပြီး ဤအရာအပေါ် ကျွန်ုပ်တို့နှင့် ဆွေးနွေးပေးပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ