၈။ တစ်ပါးတည်းသော ဘုရားသခင်သာ ရှိပါတယ်: သုံးပါးတစ်ဆူဆိုတာ မရှိပါဘူး။

၁။ ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ အရာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်၍ ရှိသမျှအားလုံးကို အုပ်စိုးကာ ရှိသမျှအားလုံးကို ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ဂုဏ်ဒြပ်ဖြစ်၍ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာအားလုံးအတွက် ဘုရားသခင်၏ပင်ကိုယ်လက္ခဏာမှာ ဖန်ဆင်းရှင်နှင့် အရာခပ်သိမ်းကို အုပ်ချုပ်သူ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်ပိုင်ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်၍ သူသည် အရာခပ်သိမ်းတို့အကြားတွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်အကြားဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ၊ ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံသတ္တဝါမျှ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာနှင့် ဂုဏ်ဒြပ်ကို အတုအယောင်ပြုလုပ်ရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အကြောင်းပြချက်မျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့အကြားတွင် ဤပင်ကိုယ်လက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် အရာခပ်သိမ်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ တစ်ဦးတည်းဖြစ်သော ငါတို့၏ အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်သာ ရှိ၍ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

၂။ “ဘုရားသခင်သည် ယေရှုကို သူ၏ချစ်သားဟုပင် ပွင့်လင်းစွာ ပြောခဲ့သည်မဟုတ်လော” ဟု ဆိုကြသော ထိုသူအချို့ ရှိကြသေးသည်။ “ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း” ဟူသည်ကိုဘုရားသခင် ကိုယ်တိုင်မှ ပြောခဲ့သည်မှာ သေချာပါသည်။ ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ “ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း” ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။ ခေတ်ကာလများ၏ အပြောင်းအလဲအရ၊ အလုပ်၏ လိုအပ်ချက်များအရနှင့် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ ကွဲပြားခြားနားသော အဆင့်များအရ သူ့အား လူမှခေါ်ဆိုသော အမည်သည်လည်း ကွဲပြားခြားနားသွားရခြင်း ဖြစ်သည်။ အလုပ်၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွဆင်းလာခဲ့သော အခါတွင်၊ သူ့အား ယေဟောဝါ၊ ဣသရေလလူမျိုးများ၏ သိုးထိန်းဟူ၍သာ ခေါ်ဆို နိုင်သည်။ ဒုတိယအဆင့်တွင်မူ၊ လူ့ဇာတိခံယူသော ဘုရားသခင်အား သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို နိုင်သည်။ သို့သော် ထိုအချိန်တွင်မူ၊ ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် ထိုသူမှာ ဘုရားသခင်၏ ချစ်သား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသည့် သူ့ဖြစ်ခြင်းနှင့် ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပါ။ ဤအရာသည် တကယ်ပင် ဖြစ်ပွားခြင်းမရှိခဲ့။ အဘယ်သို့နှင့် ဘုရားသခင် ထံတွင် ကလေးတစ်ဦးတည်းသာ ရှိနိုင်လိမ့်မည်နည်း။ ဤသို့ဆိုပါက ဘုရားသခင်သည် လူပင်ဖြစ်နေလိမ့်မည် မဟုတ်ပေလော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခံရခြင်းဖြစ်ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့်ပင် ဖြစ်သည်။ ယေရှုသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းခဲ့သည်။ သူသည် ထိုကဲ့သို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားသည့် အတွက်၊ ဇာတိပကတိ၏ ရှုထောင့်မှနေ၍ “ငါ၏ အပြင်ပန်းအခွံသည် ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ အရာသာ ဖြစ်သည်။ ဤမြေကြီးသို့ ကြွဆင်းလာရန် ငါသည် ဇာတိပကတိအား ယူတင်ဝတ်ဆင် သည့်အတွက် ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့် အလွန် ဝေးကွာလျက်ရှိ၏” ဟုသူပြောခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှ နေ၍သာ ဆုတောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် သူ၏တာဝန်ပင် ဖြစ်ခဲ့ပြီး၊ ယင်းအား လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဝိညာဉ်တော်မှ ဖြည့်ဆည်းသင့်သည့် အရာလည်း ဖြစ်သည်။ ခမည်းတော်အား သူသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းသော အကြောင်းကြောင့် သူ့အား ဘုရားသခင် တကယ် မဟုတ်ဟု ပြော၍မရနိုင်ပါ။ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံရသော်လည်း၊ သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်နေသေးသည်၊ အကြောင်းမှာ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

၃။ ဤအရာသည် လူအများစုအတွက် ကမ္ဘာဦးကျမ်းမှ နှုတ်ကပတ်များကို အမှတ်ရစေပေမည်၊ “ငါတို့ ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့”။ ဘုရားသခင်သည် “ငါတို့” ပုံသဏ္ဍာန်နှင့် အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်း “ကြစို့” ဟု ပြောသည်ကို ထည့်တွက်ရလျှင်၊ “ငါတို့” သည် နှစ်ပါး သို့မဟုတ် နှစ်ပါးထက် ပိုနေခြင်းကို ညွှန်ပြနေသည်၊ သူသည် “ငါတို့” ဟု ပြောဆိုခဲ့သည့်အတွက်၊ ဘုရားသခင် တစ်ဆူတည်းသာ မဟုတ်တော့ပေ။ ဤနည်းလမ်းအားဖြင့်၊ လူသည် အကောင်အထည်မဲ့သော ကွဲပြားသည့် ပုဂ္ဂိုလ်များကို စတင်တွေးခေါ်လာခဲ့ပြီး၊ ဤနှုတ်ကပတ်များမှ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် စိတ်ကူးအကြံ ပေါ်ပေါက်လာခဲ့သည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် မည်သည်နှင့် သဏ္ဌာန်တူသနည်း။ သားတော်သည် မည်သည်နှင့် သဏ္ဌာန်တူသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည်နှင့် သဏ္ဌာန်တူသနည်း။ ယနေ့ခေတ် လူသားမျိုးနွယ်အား သုံးပါးစလုံး အတူတကွ ပေါင်းထားသော ပုံသဏ္ဌာန် တစ်ခုတည်းနှင့်အညီ ဖန်ဆင်းခဲ့ခြင်း ဖြစ်နိုင်ခဲ့သလော။ ဤသို့ဆိုလျှင် လူ၏ ပုံသဏ္ဌာန်သည် ခမည်းတော်၏ ပုံသဏ္ဌာန်လော၊ သားတော်၏ ပုံသဏ္ဌာန်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ပုံသဏ္ဌာန်လော။ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ်တစ်ပါးနှင့် လူသား၏ ပုံသဏ္ဌာန် ညီနေသနည်း။ လူသား၏ ဤစိတ်ကူးအကြံမှာ တကယ်ပင် မှန်ကန်မှုမရှိဘဲ၊ အဓိပ္ပာယ်မရှိပေ။ ယင်းမှာ ဘုရားသခင် တစ်ပါး တည်းအား ဘုရားသခင် အပါးပါးအဖြစ်သာ ခွဲခွာနိုင်သည်။ မောရှေ ကမ္ဘာဦးကျမ်းကို ရေးခဲ့သည့် အချိန်သည်၊ ကမ္ဘာကြီးအား ဖန်ဆင်းခြင်းနောက် လိုက်လာသည့် လူသားမျိုးနွယ်အား ဖန်ဆင်းပြီး နောက်ပိုင်း မှ ဖြစ်သည်။ ကမ္ဘာကြီး စတင်ခဲ့သည့်အချိန် အစအဦး၌ မောရှေသည် ရှိမနေခဲ့ပါ။ များစွာကြာပြီး နောက်ပိုင်းတွင်မှ မောရှေသည် ကျမ်းစာကို ရေးသားခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ပြောသည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သူမည်ကဲ့သို့ သိနိုင်ခဲ့မည်နည်း။ ဘုရားသခင်သည် ကမ္ဘာကြီးအား မည်ကဲ့သို့ ဖန်ဆင်းခဲ့ပုံနှင့် ပတ်သက်၍ သူ့တွင် အရိပ်အမြွက်မျှပင် မရှိခဲ့။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်တို့အား ဖော်ပြချက် ဘာမျှမရှိပေ၊ စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ဖြစ်သည့် ယေဟာဝါမှ ဣသရေလ ပြည်တွင် သူ၏ အလုပ်အား ဆောင်ရွက်ပုံကိုသာ ဖော်ပြထားသည်။ ခေတ်ကာလများ ပြောင်းသွားသည်နှင့် သူသည်လည်း ကွဲပြားခြားနားသော အမည်များဖြင့် ခေါ်ဆိုခံသည်၊ သို့သော် ဤအချက်က အမည်တစ်ခုချင်း စီတိုင်းသည် ကွဲပြားခြားနားသော ပုဂ္ဂိုလ်တစ်ပါးကို ရည်ညွှန်းသည်ဟု သက်သေမပြနိုင်ပါ။ ဤသို့သာဆိုပါက၊ ဘုရားသခင်တွင် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များ အပါးပါး ရှိနေလိမ့်မည် မဟုတ်ပေလော။ ဓမ္မဟောင်း ကျမ်းတွင် ရေးသားထားသော အရာမှာ ယေဟောဝါ၏ အလုပ်အကြောင်း၊ ပညတ်တော်ခေတ်၌ စတင်ခဲ့သည့် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်အဆင့် အကြောင်းပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အလုပ်ဖြစ်ခဲ့ပြီး သူပြောသည့် နေရာတွင် ၎င်းရှိခဲ့ကာ၊ သူမိန့်မှာသည့်နေရာတွင် ၎င်းရပ်တည်ခဲ့သည်။ မည်သည့်အချိန်တွင်မျှ ယေဟောဝါမှာ သူသည် အလုပ်လုပ်ဆောင်ရန် ကြွဆင်းလာသော ခမည်းတော်ဖြစ်ကြောင်း မပြောခဲ့သကဲ့သို့၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် သားတော်ကြွလာမည့် အကြောင်းကိုလည်း ပရောဖက်မပြုခဲ့ပါ။ ယေရှု၏ အချိန်ကာလ ရောက်လာသောအခါတွင်မူ၊ လူသားမျိုးနွယ်အား ရွေးနုတ်ရန် ဘုရားသခင်သည် လူ့ဇာတိ ခံယူခဲ့ခြင်းဟုသာ ပြောခဲ့ပြီး၊ ကြွဆင်းလာသူမှာ သားတော်ဖြစ်ကြောင်း မပြောခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ခေတ်ကာလများသည် မတူကြဘဲ၊ ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သော အလုပ်သည်လည်း ကွဲပြားသည့် အတွက်၊ သူသည် သူ၏ အလုပ်အား ကွဲပြားခြားနားသော နယ်ပယ်များအတွင်း လုပ်ဆောင်ရန်လိုသည်။ ဤနည်းလမ်းအားဖြင့်၊ သူကိုယ်စားပြုသော သွင်ပြင်လက္ခဏာမှာလည်း ကွဲပြားသွားသည်။ လူသည် ယေဟောဝါမှာ ယေရှု၏ ခမည်းတော်ဟု ယုံကြည်သည်၊ သို့သော် အမှန်တွင်မူ ယေရှုမှာ ဤအရာအား အသိ အမှတ်မပြုခဲ့ပါ။ သူဆိုသည်ကား၊ “ငါတို့သည် ဘယ်သောအခါမျှ ခမည်းတော်နှင့် သားတော်ဟူ၍ ခွဲခြားမနေ၊ ငါနှင့် ကောင်းကင်ဘုံမှ ခမည်းတော်သည် တစ်ဦးတည်း ဖြစ်၏။ ခမည်းတော်သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏၊ သားတော်ကို မြင်သောသူသည်၊ ခမည်းတော်ကို မြင်၏” ဟုပြောခဲ့သည့် ယေရှုမှာ ဤအရာအား အသိအမှတ်မပြုခဲ့ပါ။ အရာအားလုံး ပြောပြီးသွားသောအခါတွင်၊ ခမည်းတော်ပင်ဖြစ်စေ၊ သားတော်ပင်ဖြစ်စေ၊ သူတို့သည် ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်၍ ခြားနားသော ပုဂ္ဂိုလ်နှစ်ပါးအဖြစ်သို့ ခွဲခွာမနေပါ။ လူမှ ရှင်းပြရန် ကြိုးစားသည်နှင့် ကိစ္စရပ်များသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးဟူသည့် စိတ်ကူးအကြံ၊ ထို့အတူ ခမည်းတော်၊ သားတော်နှင့် ဝိညာဉ်တော်တို့ အကြားရှိ ဆက်နွှယ်မှု စသည်တို့နှင့် ရှုပ်ထွေးကုန်၏။ လူသည် ကွဲပြားသော ပုဂ္ဂိုလ်အပါးပါး အကြောင်းပြောသောအခါတွင်၊ ဤအရာသည် ဘုရားသခင်အား ရုပ်ဝါဒသဘောသို့ သွင်းလိုက်ခြင်းပင် မဟုတ်လော။ လူသည် ပုဂ္ဂိုလ်အပါးပါးအား ပထမ၊ ဒုတိယနှင့် တတိယဟူ၍ပင် ခွဲကြသည်၊ ဤအရာ အားလုံးသည် လူ၏ အယူအဆများသာ ဖြစ်ကြပြီး၊ ရည်ညွှန်းဖော်ပြရန်ပင် မထိုက်တန်၊ လုံးဝ လက်တွေ့ မကျသောအရာပင် ဖြစ်သည်။ သင်သည် အကယ်၍သာ ထိုသူအား “ဘုရားသခင် ဘယ်နှစ်ပါး ရှိသနည်း” ဟု မေးမည်ဆိုပါက၊ ထိုသူက ဘုရားသခင်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူဖြစ်ကြောင်း၊ စစ်မှန်သော ဘုရားတစ်ဆူဖြစ်ကြောင်း ပြောပေလိမ့်မည်။ သင်က “ခမည်းတော် ဆိုသည်မှာ မည်သူနည်း” ဟု ထပ်၍ မေးမည်ဆိုလျှင်၊ ထိုသူက “ခမည်းတော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည်၊ သူသည် အရာအားလုံး၏ တာဝန်ခံဦးစီးဖြစ်ပြီး၊ ကောင်းကင်ဘုံ၏ အရှင်သခင်လည်း ဖြစ်သည်” ဟုပြောပေလိမ့်မည်။ “ဤသို့ဆိုလျှင် ယေဟောဝါသည် ဝိညာဉ်တော် ဖြစ်သလော” ဟု သင်မေးမည်ဆိုပါက၊ ထိုသူက “ဟုတ်သည်” ဟု ပြန်ဖြေလိမ့်မည်။ ထို့နောက် သင်က “သားတော်သည် မည်သူနည်း” ဟု ထိုသူအား မေးမည်ဆိုပါက၊ ယေရှုမှာ သားတော်ပင်ဖြစ်သည်ဟု ထိုသူက ပြောပေလိမ့်မည်။ “ဤသို့ဆိုလျှင် ယေရှု၏ အကြောင်းကား မည်သို့ရှိသနည်း။ မည်သည့်နေရာမှ သူလာခဲ့သနည်း” ဟု မေးမည် ဆိုပါက၊ ထိုသူက “ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေ စွဲယူခြင်းမှတစ်ဆင့် မာရိမှ မွေးဖွားခဲ့သည်” ဟု ပြန်ပြောပေလိမ့်မည်။ “ဤသို့ဆိုလျှင် သူ၏ အနှစ်သာရသည် ဝိညာဉ်တော်ဖြစ်သည်ပင် မဟုတ်လော။ သူ၏အလုပ်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်အား ကိုယ်စားပြုခြင်းပင် ဖြစ်သည် မဟုတ်လော။ ယေဟောဝါသည် ဝိညာဉ်တော်ဖြစ်သည်၊ ယေရှု၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်သည်။ ယခုနောက်ဆုံးသော ကာလတွင်၊ ဝိညာဉ်တော် အလုပ်လုပ်နေသေးသည်မှာက ပြောစရာပင်မလိုပေ၊ ထိုသူတို့သည် မည်သည့်နည်းနှင့် ကွဲပြားခြားနားသော ပုဂ္ဂိုလ်အပါးပါး ဖြစ်နိုင်မည်နည်း။ ယင်းသည် ကွဲပြား ခြားနားသော ရှုထောင့်ပေါင်းစုံမှ ဝိညာဉ်တော်၏ အလုပ်အား ဆောင်ရွက်နေသည့် ဘုရားသခင်၏ ဝိညာဉ်တော်ပင် ဖြစ်သည် မဟုတ်လော။” ထိုကဲ့သို့လျှင်၊ ပုဂ္ဂိုလ်အပါးပါး အကြားတွင် ကွဲပြားချက် မရှိပါ။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့သည်၊ ထို့ကြောင့် မလွဲဧကန်ပင်၊ သူ၏ အလုပ်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အတိအကျပင် ဖြစ်သည်။ ယေဟောဝါမှ ဆောင်ရွက်ခဲ့သည့် အလုပ်၏ ပထမအဆင့်တွင် သူသည် လူ့ဇာတိ မခံယူခဲ့သလို လူ့ထံသို့လည်း မပေါ်လာခဲ့ပါ။ ထို့ကြောင့် လူသည် သူ၏ ရုပ်သွင်အား မည်သည့်အခါမျှ မတွေ့ခဲ့ချေ။ သူသည် မည်မျှပင် မြင့်မြတ်၍၊ မည်မျှပင် ကြီးမား နေသော်လည်း၊ သူသည် ဝိညာဉ်တော် ဖြစ်နေခဲ့တုန်းပင် ဖြစ်ပြီး၊ လူအား ဦးစွာ ဖန်ဆင်းခဲ့သည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်နေတုန်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူသည် ဘုရားသခင်၏ ဝိညာဉ်တော်ပင် ဖြစ်ခဲ့သည်။ သူသည် မိုးတိမ်များ အကြားမှ လူအား စကားပြောခဲ့သောအခါ သူသည် ဝိညာဉ်တော်မျှသာ ဖြစ်သည်။ သူ၏ ရုပ်သွင်အား မည်သူကမျှ မျက်မြင် မတွေ့ခဲ့ကြရပေ၊ ကျေးဇူးတော်ခေတ်တွင်သာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိ အထဲသို့ ကြွဆင်းလာပြီး၊ ယုဒနယ်တွင် လူ့ဇာတိခံယူခဲ့သည့် အခါတွင်မှ လူသည် ပထမဦးဆုံးအနေနှင့် လူ့ဇာတိခံယူခြင်း၏ ရုပ်သွင်ကို ယုဒလူမျိုး တစ်ယောက်အဖြစ် တွေ့မြင် ခဲ့ကြခြင်းဖြစ်သည်။ ယေဟောဝါ၏ ခံစားချက်အား အာရုံခံ၍ မရနိုင်ခဲ့ပါ။ သို့သော်ငြားလည်း၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ဆိုလိုသည်မှာ ယေဟောဝါ ကိုယ်တိုင်၏ ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်ခဲ့ပြီး၊ ယေရှုသည် ဘုရားသခင် ဝိညာဉ်တော်၏ ပြယုဂ်အဖြစ် မွေးဖွား လာခဲ့သည်။ လူသည် အဦးဆုံးတွင် မြင်ခဲ့ရသော အရာမှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုအပေါ်သို့ ချိုးငှက်အဖြစ် ဆင်းသက်ခြင်းပင် ဖြစ်သည်၊ ယင်းမှာ ယေရှု၏ သီးသန့်ဝိညာဉ်တော် မဟုတ်သော်လည်း၊ တကယ်တမ်းတော့ သန့်ရှင်းသော ဝိညာဉ်တော်သာ ဖြစ်သည်။ သို့ဆိုလျှင် ယေရှု၏ ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်မှ ခွဲခွာ၍ ရနိုင်သလော။ အကယ်၍ ယေရှုသည် ယေရှု၊ သားတော် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်သာ ဖြစ်မည်ဆိုပါက သူတို့သည် မည်ကဲ့သို့ တစ်ပါးတည်း ဖြစ်နိုင်မည်နည်း။ ဤကဲ့သို့သာ ဆိုပါက၊ အလုပ်သည် ပြီးမြောက်ခဲ့မည်ပင် မဟုတ်ပါ။ ယေရှု အထဲရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံမှ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်၊ အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်ဆိုနိုင်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာကြီးအား ဖန်ဆင်းနိုင်ပြီး၊ ၎င်းအား ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်၊ လူသားမျိုးနွယ် အားလုံးကိုလည်း ရွေးနုတ်နိုင်သည်၊ ထို့ထက်အပြင် လူသားမျိုးနွယ် အားလုံးအားလည်း သိမ်းပိုက်နိုင်ပြီး ဖျက်လည်းဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တိုင်ကသာလျှင် ဆောင်ရွက်နိုင်ပြီး၊ ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ် တစ်ပါးပါးကမျှ သူ့ကိုယ်စား လုပ်ဆာင်၍မရနိုင်ပါ။ သူ၏ဝိညာဉ်တော်အား ယေဟောဝါ၊ ယေရှုနှင့် အနန္တတန်ခိုးရှင် ဟူသည့်အမည်များဖြင့် ခေါ်ဆိုနိုင်သည်။ သူသည် သခင်ဖြစ်ပြီး၊ ခရစ်တော်ဖြစ်သည်။ သူသည် လူသား၏သားလည်း ဖြစ်လာနိုင်သည်။ သူသည် ကောင်းကင်ဘုံ၌ရှိပြီး မြေကြီးပေါ်၌လည်း ရှိသည်၊ သူသည် စကြဝဠာများအထက်နှင့် တိုင်းနိုင်ငံများ အထက်တွင် ရှိသည်။ သူသည် ကောင်းကင်နှင့် မြေကြီး၏ တစ်ဦးတည်းသော အရှင်သခင်ပင် ဖြစ်သည်။ ဖန်ဆင်းခြင်းအချိန်မှစ၍ ယခုအထိ၊ ဤအလုပ်ကို ဘုရားသခင်ကိုယ်တိုင်၏ ဝိညာဉ်တော်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံမှ အလုပ်ဖြစ်စေ၊ သို့မဟုတ် ဇာတိပကတိထဲမှ အလုပ်ဖြစ်စေ၊ အလုံးစုံအား သူ၏ ဝိညာဉ်တော် ကိုယ်တိုင်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံတွင် သော်လည်းကောင်း၊ မြေကြီး ပေါ်တွင် သော်လည်းကောင်း၊ ရှိသမျှသော ဖန်ဆင်းခံခပ်သိမ်းတို့သည် သူ၏ အနန္တလက်ဖဝါး ပေါ်တွင်သာ ရှိကြသည်၊ ဤအရာအားလုံးသည် ဘုရားသခင်ကိုယ်တိုင်၏ အလုပ်များ ဖြစ်ကြပြီး၊ သူ့အစား အခြား မည်သူကမျှ လုပ်ဆောင်နိုင်ခြင်းမရှိ။ ကောင်းကင်ဘုံတွင် သူသည် ဝိညာဉ်တော်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လည်းဖြစ်သည်၊ လူတို့ကြားတွင်မူ သူသည် ဇာတိပကတိဖြစ်သော်လည်း ဘုရားသခင် ကိုယ်တိုင်အဖြစ် ဆက်လက်တည်ရှိနေသေးသည်။ သူ့အား ရာထောင်ချီသောအမည်များဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သော်လည်း၊ သူသည် သူကိုယ်တိုင်ပင် ဖြစ်နေသေးပြီး၊ အလုပ် အားလုံးမှာလည်း သူ့ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက်များ ဖြစ်သည်။ သူ၏ ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် လူသားမျိုးနွယ် အားလုံးအား ရွေးနုတ်ခြင်းမှာလည်း သူ့ဝိညာဉ်တော်၏ တိုက်ရိုက် အလုပ်ပင် ဖြစ်ခဲ့ပြီး၊ နောက်ဆုံးသော ကာလတွင် လူမျိုးအားလုံးနှင့် တိုင်းနိုင်ငံ အားလုံးတို့အား ကြွေးကြော်ခြင်းမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ခပ်သိမ်းသော အချိန်တို့တွင် ဘုရားသခင်အား အနန္တတန်ခိုးရှိသော စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်၊ အလုံးစုံ လွှမ်းခြုံသော ဘုရားသခင်ဟုသာ ခေါ်ဆိုနိုင်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤစိတ်ကူးအကြံအား မဆိုထားနှင့်၊ ကွဲပြားသော ပုဂ္ဂိုလ်အပါးပါးသည်ပင် မတည်ရှိချေ။ ကောင်းကင်နှင့် မြေကြီးပေါ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

၄။ လူ့ဇာတိခံယူသော ယေရှု၏သမ္မာတရား ဖြစ်တည်လာပြီးနောက်တွင် လူသည် ဤသို့ယုံကြည်ခဲ့သည်- ကောင်းကင်ဘုံ၌ ခမည်းတော် တစ်ပါးတည်းသာ ရှိသည်မဟုတ်၊ သူ၏ သားတော်လည်း ရှိပြီး၊ ဝိညာဉ်တော်ပါ ရှိသေးသည်ဟူ၍ဖြစ်သည်။ ကောင်းကင်ဘုံ၌ ဤသို့သော ဘုရားသခင် တပါးရှိသည်- သုံးပါးတစ်ဆူဖြစ်သည့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အားလုံးပေါင်း တစ်ဆူဟူသည်မှာ လူကိုင်စွဲထားသော သမားရိုးကျ အယူအဆပင်ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးတွင် ဤအယူအဆရှိသည်- ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်သော်လည်း အပိုင်းသုံးပိုင်းနှင့် ဖွဲ့စည်းထားသည်၊ သမားရိုးကျ အယူအဆများတွင် အလွန်အမင်းခိုင်မာစွာ အမြစ်တွယ်နေသော အရာမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဟူ၍ပင် ဖြစ်သည်။ ထိုအပိုင်း သုံးပိုင်းပေါင်း၍ တစ်ပါး ဖြစ်ခြင်းသည် ဘုရားသခင်၏ အလုံးစုံပင်ဖြစ်သည်။ သန့်ရှင်းသော ခမည်းတော်မပါဘဲနှင့်၊ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ အလားတူ၊ သားတော် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် မပါဘဲနှင့်လည်း ဘုရားသခင်သည် တစ်လုံးတစ်ဝတည်း မဖြစ်နိုင်။ သူတို့၏ အယူအဆများထဲတွင် ခမည်းတော်တစ်ပါးတည်း သို့တည်းမဟုတ် သားတော်တစ်ပါးတည်းဆိုလျှင် ဘုရားသခင်ဟု သတ်မှတ်၍ မရဟု သူတို့ ယုံကြည်ကြ သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အတူတကွဖြစ်မှသာလျှင် ဘုရားသခင် ကိုယ်တိုင် ဖြစ်သည်ဟု မှတ်ယူသည်။ ယခုတွင် သင်တို့အထဲမှ နောက်လိုက်သူများ အယောက်ချင်းစီတိုင်း အပါအဝင်၊ ဘာသာရေး ယုံကြည်သူ အားလုံးတို့သည် ဤယုံကြည်ချက်ကို စွဲကိုင်ထားကြသည်။ သို့သော်လည်း ဤယုံကြည်ချက်မှာ မှန်ကန်ခြင်း ရှိ၊ မရှိဟူသည့် အရာကိုမူ၊ မည်သူမျှ ရှင်းမပြနိုင်ကြပေ၊ အကြောင်းမှာ သင်တို့သည် ဘုရားသခင်ကိုယ်တိုင်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မရေရာ ရှုပ်ထွေးမှု မြူမှိုင်းထဲ၌ အမြဲရှိနေသော ကြောင့်ဖြစ်သည်။ သင်တို့သည် ဘာသာရေး အယူအဆများ၏ ကြီးလေးစွာ ညစ်ညူးခြင်းကို ခံထားရသဖြင့်၊ ဤအရာများသည် အယူအဆများသာ ဖြစ်သော်လည်း၊ သင်တို့ကမူ ၎င်းတို့ မှန်၏၊ မှား၏ ဆိုသည်ကိုပင် မသိချေ။ သင်တို့သည် ဤသမားရိုးကျ ဘာသာရေး အယူအဆများကို အလွန် နက်နက်ရှိုင်းရှိုင်းပင် လက်ခံထားပြီး၊ ဤအဆိပ်အတောက်သည် သင်တို့အထဲတွင် အလွန် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဤကိစ္စတွင်လည်း သင်တို့သည် အန္တရာယ်ကြီးမားလှသော ဤလွှမ်းမိုး မှုကို လက်လျှော့ခံယူပြီးသား ဖြစ်သည်၊ အကြောင်းမှာ သုံးပါးတစ်ဆူသည် အကယ်ပင် မရှိပေ။ ဆိုလိုသည်မှာ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူ အကယ်မရှိ။ ဤအရာ အားလုံးသည် လူ၏ သမားရိုးကျ အယူအဆများသာဖြစ်ပြီး၊ လူ၏ မှားယွင်းနေသော ယုံကြည်ချက်များပင် ဖြစ်သည်။ များစွာသော ရာစုနှစ်များ တစ်လျှောက်တွင်၊ လူ၏စိတ်ထဲမှ အယူအဆများဖြင့် ရုပ်လုံး ဖော်ထားသော၊ လူမှ လုပ်ကြံဖန်တီးထားသော၊ လူသည် ယခင်က တစ်ခါမျှ မမြင်ဖူးသော ဤသုံးပါးတစ်ဆူကို လူမှ ယုံကြည်နေခဲ့သည်။ ဤများစွာသော နှစ်များတစ်လျှောက်တွင် သုံးပါးတစ်ဆူ၏ “စစ်မှန်သော အဓိပ္ပာယ်” ကို ရှင်းပြခဲ့သည့် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်ကြီးများ များစွာရှိခဲ့သော်လည်း၊ ယင်းကဲ့သို့ ကွဲပြားခြားနားပြီး နဂိုပကတိဖြစ်သော ပုဂ္ဂိုလ်သုံးဦးအဖြစ် သုံးပါးတစ်ဆူအား ရှင်းပြချက်များသည် မရေရာ၊ မရှင်းလင်းခဲ့ဘဲ လူအားလုံးတို့သည် ဘုရားသခင်၏ “ဖွဲ့စည်းတည်ဆောက်ပုံ” နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးခဲ့ကြသည်။ မည်သည့် ပုဂ္ဂိုလ်ကြီးများမှ ရှင်းလင်းစေ့စပ်သော ရှင်းပြချက်များ ပေးနိုင်ခြင်း မရှိခဲ့ကြ၊ ရှင်းပြချက် အများစုသည် ကျိုးကြောင်းသင့် တွေးခေါ်ခြင်းနှင့် စာရွက်ပေါ်တွင်တော့ လက်ခံနိုင်လောက်သော်လည်း၊ မည်သည့် လူတစ်ဦးတစ်ယောက်မျှ ယင်း၏ အဓိပ္ပာယ်အား ပြည့်ဝရှင်းလင်းစွာ နားလည်ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် လူ၏ နှလုံးသားထဲတွင် စွဲကိုင်ထားသော ဤမဟာ သုံးပါးတစ်ဆူဆိုသည်မှာ အကယ် မရှိသောကြောင့်ပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

၅။ အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူသည် အမှန်ပင် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ဘုရားသခင်တစ်ဆူထဲတွင် မည်ကဲ့သို့ ပုဂ္ဂိုလ်သုံးပါး ရှိနေသည်ကို အတိအကျ ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ ဤသို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည်နည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အလုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ပင် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အလုပ်အား ဆောင်ရွက် ခဲ့သည့် ဝိညာဉ်တော်မှာ ယေရှုတုန်းကနှင့် အတူတူပင် မဟုတ်လော။ ဘုရားသခင်တွင် ဝိညာဉ်တော်များ မည်မျှရှိနိင်မည်နည်း။ သင်၏ ရှင်းပြချက်အရ ဆိုပါက၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးပေါင်း တစ်ဆူဟုဆိုသည်၊ ဤသို့ဆိုပါက၊ ဝိညာဉ်တော် သုံးပါးရှိပေမည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤအရာသည် စစ်မှန်သော ဘုရားသခင် တစ်ဆူတည်းမရှိဟု ဆိုလိုနေသည်၊ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် အဘယ်နည်းနှင့် ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်နေမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံလျှင် သူ့မှာ အဘယ်နည်းနှင့် သားတော်တစ်ပါး ရှိကာ ခမည်းတော်ဖြစ် နေနိုင်မည်နည်း။ ဤအရာများ အားလုံးသည် သင်၏ အယူအဆများပင် မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်းသာ ရှိသည်၊ ထိုနည်းတူ သမ္မာကျမ်းစာထဲ၌လည်း “သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏” ဟူ၍ ရေးသားထားသည်။ သင်ပြောသည့် ခမည်းတော်ဖြစ်ဖြစ်၊ သားတော်ဖြစ်ဖြစ် တည်ရှိသည်ဖြစ်စေ၊ စင်စစ်မူကား ဘုရားသခင် တစ်ဆူတည်းသာ ရှိ၏၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်၍ လူတို့အကြား နေထိုင်နိုင်ပြီး၊ အရာအားလုံး၏ အထက်၌လည်း ဖြစ်နေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ ပြည့်ဝပြီး နေရာတိုင်းတွင် တစ်ပြိုင်နက် ရှိနေသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာတစ်လျှောက်လုံးတွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးသည် စစ်မှန်သောဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု ပြောကြသည် ဖြစ်၍၊ မည်သူမျှ စိတ်ထင်တိုင်း ပိုင်းစိတ်၍မရသော ဘုရားသခင်တစ်ဆူတည်း ရှိပေမည်။ ဘုရားသခင်သည် ဝိညာဉ်တော် တစ်ပါးတည်း၊ ပုဂ္ဂိုလ်တစ်ပါးတည်းသာ ဖြစ်၏၊ ယင်းသည်ပင် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ အကယ်၍ သင်တို့ ဆိုကြသည့်အတိုင်း၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ဟူ၍ ဖြစ်သည်ဆိုပါက၊ ယင်းတို့သည် ဘုရားသခင် သုံးဆူဖြစ်နေသည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ပါးဖြစ်ပြီး၊ သားတော်က အခြားတစ်ပါး၊ ခမည်းတော်ကလည်း နောက်အခြား တစ်ပါး ဖြစ်နေမည်။ သူတို့သည် မတူညီသော အနှစ်သာရများရှိသည့် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါး ဖြစ်သည်၊ သို့ကြောင့် ထိုသူအသီးသီးတို့သည် အဘယ်နည်းနှင့် ဘုရားသခင် တစ်ဆူတည်း၏ အစိတ်အပိုင်းများ ဖြစ်နိုင် မည်နည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်တော်ပင်ဖြစ်သည်၊ ဤအချက်မှာမူ လူအတွက် နားလည်ရန် လွယ်ကူသည်။ ထိုသို့ဆိုလျှင်၊ ခမည်းတော်သည် ဝိညာဉ်တော် သာ၍ဖြစ်သေးသည်။ သူသည် ကမ္ဘာမြေသို့ မည်သည့်အခါမျှ မဆင်းကြွခဲ့သည်သာမက မည်သည့်အခါမျှ လူ့ဇာတိလည်း မခံယူခဲ့ပေ။ လူ၏ နှလုံးသားထဲတွင် သူသည် ယေဟောဝါ ဘုရားသခင်ဖြစ်ပြီး၊ သူသည်လည်း ဝိညာဉ်တော် အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျှင် သူနှင့် သန့်ရှင်းသော ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းမှာ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှုလော။ သို့တည်းမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ခမည်းတော်၏ ဝိညာဉ်တော်ကြားရှိ ဆက်နွှယ်မှုလော။ ဝိညာဉ်တော် အသီးသီး၏ အနှစ်သာရသည် အတူ တူပင် ဖြစ်သလော။ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်သည် ခမည်းတော်၏ အသုံးခံတန်ဆာပလာ တစ်ခုလော။ ဤအရာအား မည်ကဲ့သို့ ရှင်းပြ၍ ရနိုင်မည်နည်း။ ပြီးနောက်တွင် သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အကြားရှိ ဆက်နွှယ်မှုသည် အဘယ်နည်း။ ယင်းသည် ဝိညာဉ်တော်နှစ်ပါးကြားရှိ ဆက်နွှယ်မှုလော၊ သို့မဟုတ် လူသားတစ်ဦးနှင့် ဝိညာဉ်တော် တစ်ပါးအကြားရှိ ဆက်နွှယ်မှုလော။ ဤအရာအားလုံးသည် ရှင်းပြချက် ဘာမျှမရှိသော အရာများပင်ဖြစ်သည်။ အကယ်၍ ထိုသူတို့ အားလုံးသည် ဝိညာဉ်တော် တစ်ပါး တည်း ဆိုပါက၊ ပုဂ္ဂိုလ်သုံးပါးအကြောင်း ပြောနေ၍မရနိုင်ပါ၊ အကြောင်းမှာ ထိုသူတို့သည် ဝိညာဉ်တော် တစ်ပါးတည်းကိုသာ ပိုင်ဆိုင်ထားကြ၍ ဖြစ်သည်။ အကယ်၍သာ သူတို့သည် ကွဲပြားသော ပုဂ္ဂိုလ်သုံးပါး ဆိုပါက သူတို့၏ ဝိညာဉ်တော်များသည် အစွမ်းခွန်အားအရ ကွဲပြားနေလိမ့်မည် ဖြစ်ပြီး၊ သူတို့သည် အမှန်ပင် ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်၍မနေနိုင်ပါ။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဉ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

၆။ အချို့ကမူ “ခမည်းတော်သည် ခမည်းတော်ဖြစ်ပြီး၊ သားတော်က သားတော်ပင်ဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်ပြီး၊ အဆုံးတွင် ထိုသူတို့သည် တစ်ဆူတည်း ဖြစ်ကြလိမ့်မည်” ဟု ဆိုကောင်း ဆိုနိုင်သေးသည်။ ဤသို့ဆိုပါက၊ သင်သည် ထိုသူတို့အား တစ်ဆူတည်းအဖြစ် မည်သို့ပြုမည်နည်း။ ခမည်းတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကဲ့သို့ တစ်ဆူတည်း ဖြစ်နိုင်မည်နည်း။ အကယ်၍ သူတို့သည် ပင်ကိုဗီဇအားဖြင့် နှစ်ပါးဖြစ်နေခဲ့သည်ဆိုပါက၊ သူတို့အား မည်သို့ပင် ပေါင်းစပ်သော်ငြားလည်း၊ သူတို့သည် နှစ်ဌာနအဖြစ်သာ ကျန်ရစ်နေလိမ့်ဦးမည် မဟုတ်ပါလော။ သင်သည် သူတို့အား တစ်ဆူတည်း ဖြစ်သည်ဟု ပြောရာတွင်၊ ကွဲပြားသော နှစ်ဌာနကို တစ်လုံးတစ်ဝတည်း အဖြစ်သို့ပြုရန် ရိုးစင်းစွာ ပေါင်းဆက်ခြင်းပင် မဟုတ်လော။ သို့သော် သူတို့သည် တစ်လုံးတစ်ဝတည်း မဖြစ်ခင်တွင် နှစ်ဌာနဖြစ်နေခဲ့သည်ပင် မဟုတ်လော။ ဝိညာဉ်တော် တစ်ပါးစီတွင် ကွဲပြားသော အနှစ်သာရ ရှိကြပြီး၊ ဝိညာဉ်တော် နှစ်ပါးအားလည်း တစ်ပါးတည်း အဖြစ်သို့ ပြုပြင်၍ မရနိုင်ပါ။ ဝိညာဉ်တော်သည် ရုပ်ဝတ္ထုအရာတစ်ခု မဟုတ်ဘဲ၊ ဤရုပ်ဝတ္ထု လောကကြီးထဲမှ မည်သည့်အရာနှင့်မျှပင် မတူပါ။ လူတို့ မြင်သည့်အရာမှာ၊ ခမည်းတော်သည် ဝိညာဉ်တော် တစ်ပါးဖြစ်ပြီး၊ သားတော်သည် အခြားတစ်ပါးဖြစ်ကာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း အခြားတစ်ပါးဖြစ်ပြီး၊ ဤဝိညာဉ်တော် သုံးပါးကို ဖန်ခွက်သုံးခွက်ထဲမှ ရေများကဲ့သို့ တစ်လုံးတစ်ဝတည်းအဖြစ် ရောနှောလိုက်သည် ဟုပင်ဖြစ်သည်။ ဤအရာသည်ပင် သုံးပါးသည် တစ်ဆူဖြစ်၏ ဆိုခြင်း မဟုတ်လော။ ဤအရာသည် မှားယွင်းသော ရှင်းပြချက်သက်သက်ပင်တည်း။ ဤအရာသည် ဘုရားသခင်အား ပိုင်းစိတ်ခြင်းပင် မဟုတ်ပေလော။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်နည်းနှင့် တစ်ဆူတည်းအဖြစ်သို့ ပြုပြင်နိုင်မည်နည်း။ သူတို့သည် ကွဲပြားခြားနားသော သဘာဝများနှင့် သုံးဌာန ဖြစ်၍နေသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

၇။ ယေရှုသည် သူဆုတောင်းခဲ့စဉ်တွင် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် အမည်ဖြင့် ခေါ်ဆိုခဲ့သောအခါ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုသို့ခေါ်ခဲ့ခြင်းဖြစ်သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရိုးရိုးသာမန်ဇာတိခန္ဓာကို ယူတင်ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ ဖြစ်သည်။ သူ၏အထဲမှာမူ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်နေခဲ့သော်လည်း၊ သူ၏အပြင်ပန်းသွင်ပြင်သည် သာမန်လူသားတစ်ယောက် အတိုင်းသာ ရှိခဲ့သည်၊ တစ်နည်းဆိုရလျှင်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော “လူသား” ဖြစ်လာခဲ့သည်။ သူသည် လူသား၏သားဟု ခေါ်ဆိုခံရခြင်းကို ထည့်တွက်ပါက၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (လူယောက်ျားဖြစ်စေ၊ သို့မဟုတ် လူမိန်းမဖြစ်စေ၊ မည်သည့် အနေအထားတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အခွံနှင့်ပင် ဖြစ်သည်) ပင်ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသည့် အမည်နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆို ခဲ့ခြင်းနှင့် အတူတူပင်ဖြစ်သည်၊ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌာနာတော်ကို သင်တို့ မှတ်မိ သေးလား။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ…” သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော် (အဖ) ဟူသည့် အမည်နှင့်ပင် ခေါ်ဆိုရန် သင်ကြားပေးခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းမှာ၊ သင်တို့အားလုံးနှင့် တန်းတူနေရာတွင် ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှနေ၍ ထိုကဲ့သို့ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ သင်သည် ကောင်းကင်ဘုံမှ ဘုရား သခင်အား ခမည်းတော်ဟူသော အမည်နှင့် ခေါ်ဆိုသည့်အတွက်၊ ယေရှုသည် ဘုရားသခင်၏ ရွေးချယ် ခံရသည့် ကမ္ဘာပေါ်မှ လူသားတစ်ဦးအနေနှင့် (ဆိုလိုသည်မှာ၊ ဘုရားသခင်၏ သားတော် အနေနှင့်) သူ့ကိုယ်သူ သင်တို့နှင့် တန်းတူ ဖြစ်သည်ဟု ရှုမြင်ခဲ့ခြင်းကို ဤအရာက ပြသည်။ သင်တို့သည် ဘုရားသခင်အား “ခမည်းတော်” ဟူ၍ ခေါ်ဆိုလျှင်၊ ယင်းက သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်နေ၍ပင် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှပင် ကြီးမားစေကာမူ၊ ကားတိုင်ပေါ်တွင် အသေမခံမီ၊ သူသည် လူသား၏သားတစ်ဦးမျှသာ ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ (ဘုရားသခင်ဟု ဆိုလိုသည်) အုပ်စိုးခြင်း ခံရသော၊ ကမ္ဘာကြီးရှိ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦးသာ ဖြစ်ခဲ့သည်၊ အကြောင်းမှာ သူသည် သူ၏ အလုပ်အား ပြီးစီးရန် လိုနေခဲ့သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်ဟု သူခေါ်ဆိုခြင်းသည် သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း လုံးလုံးကြောင့်သာ ဖြစ်သည်။ သူ၏ ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဉ်တော်ကို ဆိုလိုသည်) ထိုကဲ့သို့သော ခေါ်ဆိုခြင်းသည်၊ မည်သို့ ဆိုစေကာမူ၊ သူသည် ကောင်းကင်ဘုံမှ ဘုရားသခင် ဝိညာဉ်တော်၏ သားတော်ဖြစ်သည် ဆိုခြင်းအား သက်သေမပြပါ။ ထိုအစား သူ၏ ရှုထောင့်သာ ပြောင်းသွားခြင်း ကွဲပြားခြားနားနေခြင်း ဖြစ်ပြီး၊ သူသည် ကွဲပြား ခြားနားသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်နေခြင်း မဟုတ်ပါ။ ကွဲပြားသော ပုဂ္ဂိုလ်များ အပါးပါး တည်ရှိသည် ဆိုခြင်းမှာ ယုတ္တိအမှားသာလျှင် ဖြစ်သည်။ ကားတိုင်ပေါ်၌ အသေမခံမီတွင်၊ ယေရှုသည် ဇာတိပကတိ၏ ကန့်သတ်ချက်များဖြင့် ဖွဲ့နှောင်ထားခံရသည့် လူသား၏သားတစ်ဦးမျှသာ ဖြစ်ပြီး၊ ဝိညာဉ်တော်၏ သြဇာအာဏာကို သူသည် အပြည့်အဝ မပိုင်ဆိုင်ခဲ့ပါ။ ဤအကြောင်းကြောင့် သူသည် ခမည်းတော် ဘုရားသခင်၏ အလိုကို ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှနေ၍သာ ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။ ဂေသရှေမန် ဥယျာဉ်တွင် သုံးကြိမ်သုံးခါတိုင် သူဆုတောင်းခဲ့သည့် အတိုင်းပင် ဖြစ်သည်။ “အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော” သူသည် ကားတိုင်ပေါ်တွင် အတင် မခံရမီ၊ ယုဒလူမျိုးများ၏ ရှင်ဘုရင်မျှသာ ဖြစ်ခဲ့သည်၊ သူသည် ခရစ်တော်၊ လူသား၏သားဖြစ်ခဲ့ပြီး၊ ဘုန်းနှင့် ပြည့်စုံသော ကိုယ်မဟုတ်ခဲ့။ ထို့ကြောင့်ပင် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရပ်တည်ချက်မှနေ၍ သူသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ယခု၊ ဘုရားသခင်ကို ခမည်းတော်ဟု ခေါ်ဆိုသူများအား သားတော်ဟု သင်ပြော၍ မရနိုင်ပါ။ ဤအတိုင်းသာ ခေါ်ရမည် ဆိုပါက၊ တစ်ခါက ယေရှုမှ သင်တို့ကို ပဌနာတော် သင်ပေး ခဲ့သည့်အတွက် သင်တို့ အားလုံးသည်လည်း သားတော်ပင် ဖြစ်လာခဲ့လိမ့်မည် မဟုတ်ပေလော။ သင်တို့သည် မယုံကြည်သေးဘူး ဆိုပါက၊ ငါ့ကိုပြောပါ၊ သင်တို့ ခမည်းတော် (အဖ) ဟု ခေါ်ဆိုသော သူမှာ မည်သူနည်း။ အကယ်၍ သင်တို့သည် ယေရှုကို ညွှန်းဆိုနေခြင်း ဖြစ်သည်ဆိုပါက၊ ယေရှု၏ ခမည်းတော်မှာ မည်သူနည်း။ ယေရှု ထွက်ခွာသွားပြီး နောက်ပိုင်းတွင်မူ၊ ဤခမည်းတော်နှင့် သားတော်ဟူသော စိတ်ကူးအကြံသည် မရှိ တော့ပါ။ ဤစိတ်ကူးအကြံသည် ယေရှုမှ လူ့ဇာတိခံယူသည့် နှစ်များအတွက်သာ သင့်လျော်ခဲ့သည်၊ အခြား မည်သည့် အခြေအနေ အမျိုးမျိုး အောက်တွင်မဆို၊ သင်သည် ဘုရားသခင်အား ခမည်းတော် (အဖ) ဟု ခေါ်ဆိုသောအခါ ဖန်ဆင်းခြင်းသခင်နှင့် ဖန်ဆင်းခံ သတ္တဝါတို့ အကြားရှိ ဆက်နွှယ်မှုကြောင့်ပင် ဖြစ်သည်။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် သုံးပါးတစ်ဆူ စိတ်ကူးအကြံ ရပ်တည် နိုင်သည့် အချိန်ကာလ မရှိပါ၊ ယင်းသည် ခေတ်ကာလများ တစ်လျှောက် မြင်ရခဲသော ယုတ္တိအမှားသာဖြစ်ပြီး တည်ရှိမနေပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

၈။ ငါသင်တို့ကို ပြောပါရစေ၊ အမှန်စင်စစ်တွင်၊ သုံးပါးတစ်ဆူသည် ဤစကြဝဠာ ကြီးထဲ မည်သည့်နေရာတွင်မျှ တည်ရှိမနေ။ ဘုရားသခင်၌ ခမည်းတော်နှင့် သားတော်တို့ ပူးပေါင်း အသုံးပြုသော ကိရိယာ တန်ဆာပလာ တစ်ခုဆိုသည့် အယူဝါဒဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်ရှိရန် မဆိုထားနှင့် ခမည်းတော်နှင့် သားတော်ပါ မရှိချေ။ ဤအရာအားလုံးသည် အကြီးကျယ်ဆုံးသော ယုတ္တိအမှား ဖြစ်ပြီး ဤလောကကြီးထဲတွင် အမှန်တည်ရှိမနေပါ။ သို့သော်ငြားလည်း ထိုကဲ့သို့သော ယုတ္တိအမှားတွင်ပင် ယင်း၏ မူလရင်းမြစ်ရှိပြီး အခြေအမြစ် လုံးဝမဲ့နေခြင်းကား မဟုတ်ပါ၊ အကြောင်းမှာ သင်တို့၏ စိတ်များသည် ရိုးစင်းလွန်းသည် မဟုတ်ဘဲ၊ သင်တို့၏ အတွေးအခေါ်များသည်လည်း ကျိုးကြောင်းမဲ့ခြင်းကား မဟုတ်သောကြောင့်ပင်။ ထိုအစား ယင်းတို့မှာ အတော်အတန် သင့်လျော်ပြီး ထူးခြား ပြောင်မြောက်သည့် အတွက် ၎င်းတို့အား မည်သည့် စာတန်မျှပင် မထိုးဖောက်နိုင်။ သနားဖွယ်ကောင်းသည်မှာ ဤအတွေး အခေါ်များ အားလုံးသည် ယုတ္တိအမှားများသာဖြစ်ပြီး အမှန်တည်ရှိမနေခြင်းပင် ဖြစ်သည်။ သင်တို့သည် စစ်မှန်သော သမ္မာတရားကို လုံးဝမမြင်ဖူး၊ သင်တို့သည် ရုပ်လုံးဖော်ခြင်းများနှင့် အယူအဆများကိုသာ ပြုနေကြခြင်း ဖြစ်ပြီး၊ ယင်းအယူအဆများ အားလုံးကို အကြောင်းအရာ တစ်ခုအဖြစ်သို့ ဖန်တီး၍ အခြားသူများ၏ ယုံကြည်မှုကို စဥ်းလဲစွာရယူရန်နှင့် ထက်သန်သော ဉာဏ်သို့မဟုတ် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း မရှိသော ထိုမိုက်မဲသည့် လူများအပေါ် လွှမ်းမိုးမှုရယူရန် လုပ်ကြံဖန်တီးကြသည်။ ထိုမှတစ်ဆင့် သင်၏ ကြီးကျယ်၍ ကျော်ကြားသော “ကျွမ်းကျင် သွန်သင်ချက်များ” ကို ၎င်းတို့ ယုံကြည်လာကြစေရန် ဖြစ်သည်။ ဤအရာသည် သမ္မာတရား ပင်လော။ ဤအရာသည် လူမှ လက်ခံရရှိသင့်သည့် အသက်၏ လမ်းခရီးပင်လော။ ယင်းတို့ အားလုံးသည် ယုတ္တိမရှိသော အရာများပင် ဖြစ်သည်။ စကားလုံးတစ်လုံးမျှပင် သင့်လျော်ခြင်းမရှိပေ။ ဤနှစ်များစွာ တစ်လျှောက်တွင်၊ ဘုရားသခင်သည် သင်တို့၏ ဤကဲ့သို့သော ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်၊ မျိုးဆက်အသီးသီး၏ ပိုကောင်း သည်ထက် ကောင်းအောင် ပိုင်းစိတ်ခြင်း၊ ဘုရားသခင် တစ်ပါးတည်းမှ ဘုရားသခင် သုံးပါး ဖြစ်သွားသည့် အတိုင်းအတာအထိ ပွင့်လင်းစွာ ပိုင်းစိတ်ခြင်းကို ခံနေခဲ့ရသည်။ ယခုတွင်မူ ဘုရားသခင်အား တစ်ပါးတည်း အဖြစ်သို့ ပြန်လည် ပေါင်းစပ်ရန်ဆိုသည်မှာ လူအတွက် အကယ်ပင် မဖြစ်နိုင်တော့ပေ၊ အကြောင်းမှာ သင်တို့သည် သူ့အား အလွန့်အလွန် ခမ်းနားစွာ ပိုင်းစိတ်ထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ငါ၏ အလွန် နောက်မကျခင် ချက်ချင်း လုပ်ဆောင်ခြင်းကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် ဤလမ်းအတိုင်း ရဲရဲ တင်းတင်းနှင့် မည်မျှကြာရှည်စွာ ဆက်လိုက်နေကြဦးမည်ကို ပြောရန် ခက်သည်။ ဘုရားသခင်အား ဤလမ်း အတိုင်းပင် ဆက်၍ ပိုင်းစိတ်နေလျှင်၊ သူသည် သင်တို့၏ဘုရားသခင်အဖြစ် မည်ကဲ့သို့ ဆက်ရှိနေနိုင်မည်နည်း။ သင်တို့သည် ဘုရားသခင်အား အသိအမှတ် ပြုကြဦးမည်လော။ သင်တို့သည် သူ့ထံသို့ လှည့်ပြန်ကြဦး မည်လော။ ငါသည် အနည်းငယ်သာ နောက်ကျ၍ ရောက်လာခဲ့မည် ဆိုပါက၊ သင်တို့သည် “ခမည်းတော်နှင့် သားတော်”၊ ယေဟောဝါနှင့် ယေရှုကို ဣသရေလသို့ ပြန်ပို့ပြီး၊ သင်တို့ကိုယ်သင်တို့ ဘုရားသခင်၏ တစ်ဌာန ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုကြဖွယ် ရှိသည်။ ဝမ်းသာစရာမှာ ယခုသည် နောက်ဆုံးသော ကာလဖြစ်၏။ နောက်ဆုံးတွင် ငါရှည်ကြာစွာ စောင့်ခဲ့ရသော ဤနေ့ရက်သည် ရောက်လာခဲ့ပြီ၊ အလုပ်၏ ဤအဆင့်ကို ငါ၏လက်နှင့် ငါကိုယ်တိုင် ထမ်းဆောင်ပြီးစီးသည့် နောက်ပိုင်းတွင်မှ သင်တို့၏ ဘုရားသခင် ကိုယ်တိုင်အား ပိုင်းစိတ်ခြင်းသည် ရပ်တန့်သွားမည်ဖြစ်သည်။ ဤအတွက်ကြောင့်သာ မဟုတ်လျှင်၊ သင်တို့သည် သာ၍ ပြင်းထန်လာပြီး၊ သင်တို့အထဲမှ စာတန်များ အားလုံးကိုပင် ဝတ်ပြုကိုးကွယ်ရန် ယဇ်ပလ္လင်များအပေါ် နေရာ ပေးထားကြလောက်သည်။ ဤသည်မှာ သင်တို့၏ လှည့်ဖြားမှုပင်ဖြစ်သည်။ ဘုရားသခင်အား ပိုင်းစိတ်သော သင်တို့၏ နည်းလမ်းပင်တကား။ ယခုတွင် သင်တို့သည် ယင်းကဲ့သို့ ဆက်လုပ်ဦးမည်လော။ သင်တို့အား ငါမေးပါရစေ၊ ဘုရားသခင် ဘယ်နှစ်ပါးရှိသနည်း။ အဘယ်ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်းကို ယူလာပေးမည်နည်း။ ယင်းသည် သင်တို့ အမြဲ ဆုတောင်းလေ့ရှိသော ပထမ ဘုရားသခင်လော၊ ဒုတိယလော သို့မဟုတ် တတိယလော။ ယင်းတို့ထဲမှ မည်သူကို သင်တို့ အမြဲယုံကြည်သနည်း။ ယင်းမှာ ခမည်းတော်လော။ သို့မဟုတ် သားတော်လော။ သို့မဟုတ် ဝိညာဉ်တော်လော။ သင်ယုံကြည်သောသူမှာ အဘယ်သူဖြစ်သည်ကို ငါ့အားပြောပြပါ။ ဘုရားသခင်အား ယုံကြည်သည်ဟု စကားလုံးတိုင်းတွင် သင်ပြောသော်ငြားလည်း၊ သင်တို့ အမှန်ယုံကြည်သောအရာမှာ သင်၏ ကိုယ်ပိုင် ဦးနှောက် ကိုပင်ဖြစ်သည် ။ သင်တို့၏ နှလုံးသား ထဲတွင် ဘုရားသခင် အကယ်ပင်မရှိ။ သို့သော်ငြားလည်း သင်တို့၏ စိတ်များထဲတွင်တော့ “သုံးပါးတစ်ဆူများ” အတော်များများ ရှိကြ၏။ သင်တို့ သဘောမတူသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာတွင် “အလုပ်လုပ်နေသေးသည်မှာ” ဟူသည့် စကားစု မပါဝင်ပါ။

ခ။ မူရင်းစာတွင် “အလုပ်” ဟူသည့်စကားစု မပါဝင်ပါ။

အရှေ့သို့- ၇။ နောက်ဆုံးသော ကာလ ခရစ်တော်ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် စာစောင်ကို ဖွင့်ပြီး သူ၏ တရားစီရင်ခြင်းများကို စီမံဆောင်ရွက်သည်

နောက်တစ်ခုသို့- ၉။ ဘုရားသခင်၏ အမှုတော်နှင့် လူ၏ အလုပ်တို့ကြား ခြားနားချက်

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသို့ ရောက်လုနီးပြီ ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို...

လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

ငါတို့၏ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိခြင်းဖြစ်သဖြင့်၊ လူသားမျိုးနွယ်ဝင်များနှင့်...

ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

သင်သည် ယေရှုကိုမြင်တွေ့လိုသလော။ ယေရှုနှင့်အတူနေလို သလော။ ယေရှုပြောသည့် နှုတ်ကပတ်တော်များကို ကြားလိုသလော။ သို့ဖြစ်ပါက ယေရှုတစ်ဖန်ကြွလာမည်ကို...

သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ် ဖြစ်သလော

ဘုရားသခင်ကို သင်ယုံကြည်သည်မှာ တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကျော် ရှိကောင်း ရှိလိမ့်မည်။ သင့်ဘဝတွင် ထိုနှစ်ကာလများအတွင်း၌ အခက်အခဲများစွာကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်