မေးခွန်း (၂) ဒီရက်ပိုင်းမှာ အစ်ကိုက ကျွန်မတို့ကို အနန္တတန်ခိုးရှင်ဘုရားသခင်အကြောင်းသက်သေခံတာကို သင်းအုပ်ဆရာတွေအကြီးအကဲတွေက သိသွားပြီ သူတို့က အလိမ်အညာတွေကို လိုက်ဖြန့်နေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှုတ်ချနေကြတယ် သူတို့တွေကဘုရားကျောင်းကိုပိတ်ထားပြီး လိုက်လံနှောင့်ယှက်နေတယ် .. ပြီးတော့ အစ်ကိုယုရဲ့ဒေသနာကိုနားထောင်ဖို့ကြိုးစားနေတဲ့ ညီအစ်ကိုမောင်နှမတွေကို လည်း တားဆီးနေတယ် ကျွန်မတို့ကို သူတို့မျက်လုံးထဲမှာ ဆူးတွေလို့ပဲမြင်နေကြတာ .. မုန်းစရာအကောင်းဆုံး သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လက်ခံသူအားလုံးကို အသင်းတော်ကနေ နှင်ထုတ်မယ်လို့လည်း ပြောတယ် အသင်းတော်ကတော့ ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပြီ တစ်ချို့ညီအစ်ကိုတွေညီအစ်မတွေက ကျွန်မတို့နဲ့အတူ စစ်မှန်တဲ့လမ်းကို လေ့လာဆည်းပူးချင်ကြတယ် ကျန်တဲ့သူတွေကတော့ “အရှေ့အရပ်မှလျှပ်ပြက်ခြင်း” ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေနောက်ကို လိုက်သွားကြတယ် ပြီးတော့သူတို့တွေက ကျွန်မတို့ကို သူတို့ရဲ့ရန်သူတွေလိုဆက်ဆံကြတယ် အသင်းတော်က ရက်အနည်းငယ်လောက်အတွင်း ဘာလို့ဒီလောက်တောင် ပြောင်းလဲသွားတာလဲ

အဖြေ- အခုကျွန်တော်တို့ကြုံတွေ့နေရတဲ့အရာဟာ ဝိညာဉ်ရေးရာတိုက်ပွဲပဲ။ ကျွန်တော်ဒါကိုဘာဖြစ်လို့ပြောရတာလဲ တကယ်တော့ ဘုရားသခင်လူ့ဇာတိခံယူပြီး သူ့ရဲ့အမှုတော်တွေကိုလုပ်ဆောင်ဖို့ ပေါ်လာတိုင်း စာတန်ရဲ့ဆိုးယုတ်တဲ့အင်အားစုတွေက ဘုရားသခင်ကို အရူးအမူး ဆန့်ကျင်ရှုတ်ချတော့တာပါပဲ အဲ့ဒါကနေ ဝိညာဉ်ရေးရာစစ်ပွဲဆီ အလိုအလျောက်ဦးတည်သွားတယ် ပြီးတော့ ဘာသာရေးအသိုင်းအဝိုင်းမှာ ဂိုဏ်းကွဲမှုတွေ ထွက်ပေါ်လာတယ် အဲ့ဒါဟာ ကျေးဇူးတော်ခေတ်အတောအတွင်းကလိုပဲ သခင်ယေရှုရဲ့ရွေးနှုတ်ခြင်းအမှုက ဂျူးဘာသာယုံကြည်သူတစ်စုလုံးကို လှုပ်ခါစေခဲ့တာ လူတော်တော်များများက သူပြောခဲ့လုပ်ခဲ့တဲ့အရာတွေကြောင့် သခင်ယေရှုနောက်ကို စတင်ပြီးလိုက်ခဲ့ကြတယ် ဒါပေမဲ့ ဂျူးဘာသာခေါင်းဆောင်တွေကရော.. သူတို့တွေက သခင်ယေရှု နှုတ်တော်ထွက်စကားတွေနဲ့အလုပ်တွေရဲ့ တန်ခိုး သြဇာအာဏာ ကို မြင်တဲ့အခါ ကြောက်ရွံ့လာခဲ့ကြတယ် ဘာဖြစ်လို့လဲဆိုတော့ သခင်ယေရှုကို ဟောပြောခွင့် သူ့အမှုတော်တွေကိုဆောင်ရွက်ခွင့် ပေးလိုက်မယ်ဆိုရင် ယုံကြည်သူတွေအားလုံး သခင်ယေရှု နောက်လိုက်သွားမှာကို ရှင်းရှင်းလင်းလင်းသိနေကြလို့ပဲ .. ပြီးတော့ ဂျူးဘာသာယုံကြည်မှုလဲ မကြာခင်ပြိုလဲပျက်စီးသွားမှာစိုးလို့ပဲ အဲ့ဒါကြောင့်မို့လို့ ဂျူးဘာသာကိုကာကွယ်ဖို့နဲ့ သူတို့ရဲ့ရာထူးတွေ ထမင်းစားလက်မှတ်တွေ လုံခြုံစိတ်ချရဖို့ ယုံကြည်သူတွေကို သခင်ယေရှု ကိုလက်ခံတဲ့အမှုကနေတားဆီးနိုင်ဖို့ ဘာမဆိုလုပ်ခဲ့ကြတယ် ဒီအခြေအနေတွေအောက်မှာ ဘုရားသခင်ကိုယုံကြည်တဲ့သူတွေ ဂိုဏ်းအမျိုးမျိုး ကွဲလာခဲ့တယ် တစ်ချို့တွေက သမ္မာတရားကိုမုန်းတီးလာပြီး ဘုရားသခင်ရဲ့အမှုတော်တွေကို ဆန့်ကျင်ရှုတ်ချလာခဲ့တယ် .. သူတို့တွေက ဘုရားသခင်ရဲ့ရန်သူတွေဖြစ်လာခဲ့တယ် သူတို့ထဲကတစ်ချို့ကတော့ ထိုးထွင်းသိမြင်နိုင်စွမ်းမရှိကြပဲ အေးတိအေးစက်ပဲ လေ့လာအကဲခတ်သူတွေဖြစ်လာတယ် တစ်ချို့လူတွေလည်းရှိသေးတယ် သူတို့တွေက ဘုရားသခင်ရဲ့အသံတော်ကိုကြားပြီး သူ့ရဲ့အမှုတော်တွေကို လေ့လာမှတ်သားလက်ခံနိုင်ခဲ့ကြတယ် အဲ့ဒီလူတွေက ဘုရားသခင်ရဲ့အမှုတော်ကို အမှန်တကယ်နာခံတဲ့သူတွေဖြစ်ကြတယ် ဘာသာရေးအသိုင်းအဝိုင်းကလူတွေ ဘုရားသခင်ရဲ့အမှုတော်နဲ့ သဏ္ဍာန်ထင်ဟပ်ခြင်း ကို ကြုံတွေ့ရင်ဆိုင်ရတဲ့အခါ ဝိညာဉ်ရေးရာစစ်ပွဲတစ်ခု မလွဲမသွေဖြစ်ပေါ်လာတာပါပဲ ဂိုဏ်းကွဲတွေရှိလာတာလည်း ဖြစ်ရိုးဖြစ်စဉ်ပါပဲ သခင်ယေရှုရဲ့ နှုတ်ထွက်စကားတွေနဲ့အလုပ်တွေဟာ နှံ့ပြားကျော်ကြားနေတဲ့ ဂျူးဘာသာရေးဂိုဏ်းကို ပြန်ပြီး ထုနှက်ဖြိုဖျက်ပစ်တယ် အဲ့ဒါတွေက ဂျူးဘာသာကို လှစ်ဟခွဲခြားပစ်ခဲ့တယ် အဲဒါကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမြင်နိုင်မယ့် အရာတစ်ခုပဲဖြစ်တယ်

အခု သခင်ယေရှုပြန်လည်ဆင်းကြွလာပြီး သူက အနန္တတန်ခိုးရှင်ဘုရားသခင် လူ့ဇာတိခံယူထားတယ်ဆိုတာကို လူတိုင်းသိပြီးနေပါပြီ အနန္တတန်ခိုးရှင်ဘုရားသခင် ဟာ လူသားတွေကို သန့်ရှင်းစေပြီးကယ်တင်နိုင်မယ့် အမှန်တရားအားလုံးကို ဖော်ပြခဲ့တယ် သူဟာ သူ့ရဲ့တရားစီရင်ခြင်းအလုပ်ကို အိမ်ေတာ်ကနေပဲစခဲ့ပြီး .. အဲ့ဒီအဖြစ်ဟာ ဘာသာရေးလောကကို ချောက်ချားစရာလှိုင်းတွေပို့လွှတ်လိုက်သလိုဖြစ်ခဲ့တယ် ဂိုဏ်းဂဏအမျိုးမျိုးက ကောင်းတဲ့သိုးတွေနဲ့ ေခါင်းေဆာင်သိုးတွေက အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့ နှုတ်တော်ထွက်စကားတွေဟာ သမ္မာတရားတွေဖြစ်ပြီး သြဇာအာဏာ နဲ့ပြည့်ဝတယ်ဆိုတာကို မြင်တွေ့ခဲ့ကြတယ် သူတို့တွေဟာ ဘုရားသခင်ရဲ့အသံတော်ကိုမှတ်မိပြီး အနန္တတန်ခိုးရှင်ဘုရားသခင် ထံ ပြန်လာခဲ့ကြတယ် အခု ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေနဲ့အကြီးအကဲတွေ ကယောင်ချောက်ချားဖြစ်ကုန်ကြပြီ ယုံကြည်သူတွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုမြင်တွေ့ပြီး ကိုယ်တော်ဆီ ပြန်သွားမှာကို သူတို့ကြောက်ကြတယ် အဲ့ဒါကသူတို့ကို အထီးကျန်သွားသလိုဖြစ်စေလိမ့်မယ် အဲ့ဒါကြောင့်သူတို့ရဲ့ရာထူးတွေ ထမင်းစားလက်မှတ်တွေ ဘာသာရေးလောကအပေါ် ထာဝရထိန်းချုပ်ခွင့်တွေ စတာတွေကိုကာကွယ်ဖို့ သူတို့တွေဟာ အတူလက်တွဲကြပြီး ဇွဲနပဲကြီးကြီးနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချကြတာပေါ့ သူတို့တွေဟာ ယုံကြည်သူတွေကို စစ်မှန်တဲ့လမ်းကိုရှာဖွေလေ့လာတဲ့အမှုကနေ တားမြစ်ကြတယ် အဲ့ဒါကလည်း နောက်ထပ်ဝိညာဉ်ရေးရာစစ်ပွဲဆီ ဦးတည်စေတယ် ဒါဟာ သမ္မာကျမ်းစာကပရောဖက်ပြုထားတာတွေ လုံးဝပြည့်စုံလာတာပဲ “မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်။ ဓါးကို စေလွှတ်အံ့သောငှါ ငါလာသတည်း။(ရှင်မဿဲခရစ်ဝင် ၁၀:၃၄)အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့ တလက်၌နေ၏။ ငါ့သိုးများကို သူတို့၌ငါတောင်း၍ သိုးထိန်းအရာကို နှုတ်မည်။ သိုးထိန်း တို့သည် နောက်တဖန်ကိုယ်ကို မကျွေးမွေးရကြ။ ငါ့သိုးများကို သူတို့ပစပ်မှ ငါနှုတ်၍ နောက်တဖန် မကိုက် မစားရကြ။(ယေဇကျေလ အနာဂတ္တိကျမ်း ၃၄:၁၀) ဒီ ဝိညာဉ်ရေးရာတိုက်ပွဲအတွင်းမှာ ကျွန်တော်တို့တစ်ဦးချင်းစီဟာ ရွေးချယ်စရာတစ်ခုခုနဲ့ ရင်ဆိုင်တွေ့ဆုံရလိမ့်မယ် ဘုရားသခင်ရဲ့ထင်ဟပ်ပြခြင်းနဲ့ သမ္မာတရားကိုလိုလားတောင့်တသူတွေဟာ သူတို့ရှာဖွေလေ့လာမှုတွေကနေ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့လုပ်ဆောင်မှုတွေကနေ ဘုရားသခင်ရဲ့အသံတော်ကို ကြားရမှာဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် ဟာ ဘုရားသခင်ရဲ့ထင်ဟပ်ပြခြင်းဖြစ်တဲ့ သခင်ယေရှုရဲ့ ပြန်လည်ဆင်းကြွလာခြင်းဆိုတာကို သိမြင်ယုံကြည်လာရလိမ့်မယ် သူတို့တွေဟာ ဘာသာရေးအသိုင်းအဝိုင်းက အန္တိခရစ်အင်အားစုတွေရဲ့ တားမြစ်ထိန်းချုပ်မှုတွေကို ချိုးဖြတ်ပြီးလွတ်မြောက်ရလိမ့်မယ် သူတို့တွေဟာ သန့်စင်ခြင်း ကယ်တင်ခြင်းနဲ့ ပြည့်စုံအောင်ပြုလုပ်ခြင်းတွေကို လက်ခံယူဖို့ ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ကို ချီဆောင်ခြင်းခံခဲ့ရကြတယ် အဲ့ဒီလူတွေဟာ ဘုရားသခင် နောက်ဆုံးသောကာလ ရဲ ့ပြုလုပ်ပေးမယ့် အောင်မြင်သောသူတွေ ဖြစ်တယ် ဘာသာရေးခေါင်းဆောင်တွေနောက်လိုက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် ကို ငြင်းပယ် ဆန့်ကျင်ရှုတ်ချတဲ့သူတွေကတော့ နောက်ဆုံးသောကာလမှာ ဘုရားသခင် ရဲ့သုတ်သင်ဖယ်ရှားခြင်းကိုခံရတဲ့ တောမြက်ပင် ပေါင်းပင်တွေ ဖြစ်ကြတယ် သူတို့တွေဟာ မယုံကြည်သူတွေနဲ့ အန္တိခရစ်တွေပဲဖြစ်တယ် သူတို့တွေဟာ အမှောင်ထုထဲကျရောက်နေတဲ့ ဘုရားသခင်ရဲ့စွန့်ပစ်ခြင်းခံထားရသူတွေ ဖြစ်တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ရောက်ရှိလာခြင်းနဲ့လုပ်ဆောင်မှုတွေကနေ နောက်ဆုံးသောကာလမှာ ကြီးမားတဲ့ငတ်မွတ်ခေါင်းပါးမှုတွေ ဘာသာရေးလောကကို ယူဆောင်လာပြီး အရာရာဟာလှစ်ဟပြသခြင်းရှိလိမ့်မယ် ဂျုံပင်နဲ့တောမြက်ပင် သိုးနဲ့ဆိတ် ပညာရှိသူနဲ့မိုက်မဲသူ ကောင်းသောအစေခံနဲ့ ဆိုးယုတ်တဲ့အစေခံ စသဖြင့် ဝိညာဉ်ရေးရာတိုက်ပွဲကာလအတွင်း အမျိုးအစားခွဲခြားသတ်မှတ်မှုတွေဖြစ်ကြရမယ် အဲ့ဒီကနေ ဘုရားသခင်ရဲ့လုပ်ဆောင်မှုဉာဏ်ပညာနဲ့ သူ့ရဲ့အံ့ဖွယ်လက်ရာတော်တွေကို ကျွန်တော်တို့တွေ့နိုင်မယ်

ကျွန်တော်တို့အားလုံးနားလည်ပါပြီ အနန္တတန်ခိုးရှင်ဘုရားသခင် က နောက်ဆုံးသောကာလမှာသူ့ရဲ့ တရားစီရင်ခြင်းအမှုကိုဆောင်ရွက်ကတည်းက ဘုရားသခင်ဟာဒီစာတန်တရုတ်ကွန်မြူနစ်ပါတီအစိုးရနဲ့ ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေရဲ့ တယူသန်ဆန့်ကျင်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့နှိပ်စက်မှုတွေ ကြုံခဲ့ရတယ် အကျင့်ပျက်နေတဲ့လူသားမျိုးနွယ်ထဲမှာ သမ္မာတရားကိုအမှန်တကယ်ချစ်မြတ်နိုးတဲ့လူတွေ အများကြီးမရှိပါဘူး အဲ့ဒီလိုပဲ ဘာသာရေးလောကကြီးတစ်ခုလုံးမှာ ဘုရားသခင်ရဲ့ရောက်ရှိလာခြင်းကို အမှန်တကယ်တမ်းတနေတဲ့လူတွေလည်း အများကြီးမရှိပါဘူး ဒါက သခင်ယေရှု ရဲ့ ဗျာဒိတ်တော်တွေ လုံးဝပြည့်စုံလာတာပဲဖြစ်တယ် “ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မီ သူသည် များစွာသောဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ဒါပေမဲ့ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီအစိုးရနဲ့ ယုတ်ညံ့တဲ့ အန္တိခရစ်အင်အားစုတွေက ဘယ်လောက်ပဲ ဖိနှိပ်ရှုတ်ချကြပါစေ ဘုရားသခင်ဆီကထွက်ပေါ်လာတဲ့အရာတွေဟာ နောက်ဆုံးမှာအောင်မြင်မှုရမှာပါ .. ဒါဘာသံသယမှဖြစ်စရာမလိုပါဘူး ပြောရမယ်ဆိုရင် အနှစ်နှစ်ဆယ်အတွင်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ သတင်းကောင်းဟာ တရုတ် နိုင်ငံ တလွှားပြန့်နှံ့သွားပြီ အဲ့ဒီသတင်းကောင်းက ဒီနိုင်ငံမှာ ဟိုးအကြာကြီးကတည်းက အများသိထားတဲ့ ဗဟုသုတ တစ်ခုဖြစ်လာခဲ့တာ .. အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏” ဆိုတဲ့ပို့စ်ကို အင်တာနက်မှာဟိုးတုန်းကတည်းကတင်ထားတာ ဘုရားသခင်ရောက်ရှိလာခြင်းကိုမွတ်သိပ်ပြီး သမ္မာတရားကိုချစ်မြတ်နိုးတဲ့ နိုင်ငံတိုင်းနေရာတိုင်းက နောက်ထပ်နောက်ထပ်သောလူတွေဟာ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့လုပ်ဆောင်မှုတွေကိုလေ့လာဆည်းပူးဖို့ အွန်လိုင်းမှာရှာဖွေနေကြပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့လုပ်ဆောင်မှုတွေဟာ အရှေ့အရပ်ကနေအနောက်အရပ်တိုင်အောင် လျှပ်ပြက်ခြင်းလိုပါပဲ ဒါဟာသခင်ယေရှုရဲ့ နှုတ်ထွက်စကားတွေ ပြည့်စုံလာတာပါပဲ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ဟာ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့လုပ်ဆောင်မှု၊ သခင်ယေရှု ဒုတိယအကြိမ် ကြွဆင်းခြင်းအမှု ဆိုတာ ကျွန်တော်တို့ကို ပြသနေပါတယ် ဘုရားသခင်ရောက်ရှိလာခြင်းနဲ့ လုပ်ဆောင်မှုရလဒ်တွေဟာ သူ့ကိုလူတွေ ပိုပိုပြီး လက်ခံလာတာ သူ့ရဲ့နှုတ်ကပတ်တော်တွေကိုပြန့်နှံ့စေတာ သူ့ကိုသက်သေခံမှုတွေဆောင်ယူလာတာ နဲ့အတူ တိုးတက်လာပါလိမ့်မယ် အခြေအနေနဲ့ အချိန်အခါက ဒါတွေအားလုံးကို သက်သေပြပါလိမ့်မယ် ဒါဟာ သခင်ယေရှုရဲ့ အလုပ်တွေလိုပါပဲ အစကတော့ဒါဟာ ဘုရားသခင်ရဲ့အလုပ်လို့ ဘယ်သူကမှအသိအမှတ်မပြုကြပါဘူး ဒါပေမဲ့နောက်တော့ သတင်းကောင်းပြန့်နှံ့သွားတာနဲ့အမျှ အဲ့ဒါကို လူတွေ ပိုပိုပြီးစတင်လက်ခံလာကြတယ် နောက်ဆုံးသောကာလမှာ အဲ့ဒါကကမ္ဘာအဆုံးတိုင်ပြန့်နှံ့သွားတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အလုပ်ကလည်း အတူတူပါပဲ အခု အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အတော်ကိုပြန့်နှံ့နေပြီး ပိုပိုများလာတဲ့လူတွေက ဒါဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဆိုပြီး သိမှတ်လက်ခံလာကြပါပြီ ဒါက ဘုရားသခင်ရဲ့စကားတော်တွေဟာ ဘုန်းအာနုဘော်နဲ့ပြည့်စုံပြီး စာတစ်ကြောင်းချင်းစီ ပြီးပြည့်စုံရလိမ့်မယ်ဆိုတဲ့ လုံလောက်တဲ့သက်သေပဲ ဘုရားသခင်ရဲ့စကားတွေဟာ အရာရာကိုပြီးပြည့်စုံစေနိုင်ပါတယ်

ညီအစ်ကိုမောင်နှမတို့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရွတ်ဆိုပြတဲ့ဗီဒီယိုကို ကြည့်လိုက်ရအောင် “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ တန်ခိုးကြီးမားသည့် သူ့ကို မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား ငါ မျက်နှာချင်းဆိုင်မည် ဖြစ်ပြီး ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် နို့စို့ကလေးငယ်တစ်ဦး ခုလေးတင် မွေးဖွားပြီးသည့်အလား၊ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေဖို့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ်ပြုစေဖို့၊ လူသားတိုင်း ငါ့ကို ယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံဖို့အလို့ငှာ၊ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်)

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်တဲ့ ဘယ်သူမဆို အနန ္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားဖြစ်ပြီး ဘုရားသခင်ရဲ့ အသံဖြစ်တယ်ဆိုတာကို ယုံကြည်လက်ခံကြတယ် အနန ္တတန်ခိုးရှင် ဘုရားသခင်ဟာ သခင်ယေရှု ဒုတိယအကြိမ်ကြွလာခြင်းဖြစ်တယ်ဆိုတာကို သက်သေပြဖို့အတွက် ဒီအချက်နဲ့တင် လုံလောက်ပြီလေ ကျွန်တော်တို့တွေဟာ သခင့်ကိုယုံကြည်ပြီး သခင့်ရဲ့နောက်ကိုလိုက်တဲ့သူတွေ ဖြစ်တာကြောင့် သခင်ယေရှုရဲ့ပြန်လည်ကြွလာခြင်းကို လက်ခံဖို့လိုတယ် သိုးသူငယ်ရဲ့ ခြေရာတော်နောက်ကို လိုက်တဲ့သူတွေ အမှန်တကယ်ဖြစ်ကြရအောင်ပေါ့ ဘယ်လောက်ကြာအောင်ပဲ သခင့်ကို ယုံကြည်ကိုးစားခဲ့ကြပါစေ .. သခင်ပြန်လာတဲ့အခါ လက်မခံကြရင်၊ သခင့်ကို အသိအမှတ်မပြုကြရင် သူတို့တွေ သခင်ရဲ့စွန့်ပစ်ခြင်းကို ခံရမှာပဲ သခင်ယေရှု ပြန်လည်ဆင်းကြွလာခြင်းဟာ လူတွေကို ထင်ရှားပြသပေးလိမ့်မယ် မင်္ဂလာသတို့သားရဲ့ အသံကိုနားထောင်ပြီး လက်ခံနိုင်တဲ့သူတွေသာ ပညာဉာဏ်ရှိတဲ့ ကညာပျိုတွေ ဖြစ်ကြတယ် သိုးသူငယ်ရဲ့ မင်္ဂလာစားပွဲကို တက်ရောက်တဲ့သူတွေသာ သန့်ရှင်းစုံလင်ကြပီး ခရစ်တော်ရဲ့နိုင်ငံတော်ကို ဝင်စားကြရဖို့ ဘုရားသခင် ခွင့်ပြုမှာဖြစ်တယ် လူတွေက သခင်ယေရှုရဲ့ နာမတော်ကိုယုံကြည်တယ်ဆိုပြီး သခင်ပြန်လည်ကြွရောက်လာတာကို လက်မခံဘူး၊ နောက်ဆုံးသောကာလခရစ်တော်ဖော်ပြတဲ့ သမ္မာတရားကို လက်မခံဘူးဆိုရင် သခင်ယေရှုကကော သူတို့ကို ဘယ်လိုလုပ် အသိအမှတ်ပြုမလဲ သခင်ယေရှုက သူတို့ကို သေချာပေါက် ငြင်းပယ်ပြီး “ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၃) သူတို့တွေက ဖာရိရှဲတွေဖြစ်ခဲ့သလိုပဲ .. ယေဟောဝါဘုရားသခင်ရဲ့ နာမတော်ကိုသာ ယုံကြည်ပြီး သခင်ယေရှုရဲ့ လူ့ဇာတိခံယူတာကို လက်မခံခဲ့ကြပဲ တယူသန်သန်နဲ့ သခင်ယေရှုကို ငြင်းဆိုပစ်ပယ်ကြဖို့ပဲ ရွေးချယ်ခဲ့ကြတယ် သူတို့ရဲ့ ဘုရားသခင်အပေါ်ယုံကြည်မှုဟာ စိတ်တော်နဲ့တွေ့နိုင်ပါ့မလား သူတို့ဟာ ဘုရားသခင်ရဲ့ စိတ်တော်နဲ့မတွေ့ခဲ့တဲ့အပြင် ကျိန်ခြင်းနဲ့ အပြစ်ပေးခြင်းကိုပါ ခံခဲ့ရတယ် အ့ဒါကြောင့် သခင့်ကိုယုံတယ်ဆိုပြီး သခင့်နာမတော်ကိုသာ စိတ်ထဲထားကြတဲ့သူတွေ၊ ကောင်းကင်ဘုံပေါ်က မရေရာတဲ့ဘုရားသခင်ကို ယုံကြည်နေကြပြီး နောက်ဆုံးသောကာလရဲ့ ခရစ်တော် အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားကို လက်မခံတဲ့သူတွေ အဲ့ဒီ့လူတွေဟာ ဖာရိရှဲတွေလို တထေရာတည်း လုပ်နေကြတာပေါ့ သူတို့တှဟောဘုရားသခငျရဲ့နာမတျောသကျသကျကိုသာ ယုံကွညျကွသူတှသော ဖွဈပွီး တကယျ့လကျတှေ့မှာတော့ သူတို့တှဟောဘုရားသခငျကို ဆနျ့ကငျြသစ်စာဖောကျနကွေသူတှပေါ သူတို့အားလုံးကို ဘုရားသခင်ဟာ စွန့်ပစ်မှာပဲ ဖြစ်တယ် သခင်ယေရှု ပြန်လည်ကြွရောက်လာခြင်းဟာ လူသားအားလုံးကို ကွဲပြားထင်ရှားစေလိမ့်မယ် ဒါကို ကျွန်တော်တို့တွေ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားရမယ်

ဘုရားသခင်၌ ယုံကြည်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) ဒါပေမယ့်လည်း ကျမ်းစာထဲမှာ အာဏာပိုင်မင်းတွေရဲ့ အုပ်စိုးခြင်းကို နာခံရမယ်လို့ ရှင်ပေါလုက ပြောထားတယ်လေ ရှင်ပေါလုပြောတဲ့အတိုင်းကျွန်တော်တို့လိုက်လျှောက်မယ်ဆိုရင် လက်ရှိအစိုးရရဲ့ပြောစကားတွေကို အမြဲနားထောင်ရတော့မှာပေါ့ ဒါပေမယ့် ဘုရားမဲ့တရုတ်ကွန်မြူနစ်ပါတီက ဘာသာတရားကိုင်းရှိုင်းတဲ့သူတွေကို ဖမ်းဆီးနှိပ်စက်ပြီး ဘုရားသခင်ရဲ့ရန်သူတစ်ယောက်လို အမြဲပြုမူနေတာလေ ကျွန်တော်တို့ သခင့်ကို ယုံကြည်မှုကို ပိတ်ပင်ရုံတင်မကဘူး .. ဘုရားသခင်ရဲ့သတင်းကောင်းတရားကို ဝေမျှနေတဲ့သူတွေကိုပါ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေတာ ကျွန်တော်တို့တွေ ဒါကို လိုက်နာကြပြီး ဘုရားသခင်ကို မယုံကြည်ကြဘူး ..သူ့ရဲ့သတင်းကောင်းတရား ကို မဝေမျှတော့ဘူးဆိုရင် ကျွန်တော်တို့ သခင့်ကို ဆန့်ကျင်သစ္စာဖောက်နေပြီး စာတန်ဘက်လိုက်သွားရာကျမနေဘူးလား ဒါဆိုကျွန်တော်တို့တွေက ပျက်စီးမှုဆီ ဦးတည်နေတဲ့သူတွေလို ဖြစ်လာမနေဘူးလား .. ကျွန်တော်တော့ တကယ်နားမလည်ဘူး အစိုးရရဲ့အုပ်စိုးမှုကို ဘယ်လိုသဘောထားရမလဲ ဆိုတာနဲ့ ပတ်သက်လာရင် ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ကျွန်တော်တို့ ဘာတွေလုပ်ရမှာလဲ ..

နောက်တစ်ခုသို့- မေးခွန်း (၃) ကျွန်တော်တို့တွေ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်တွေကို စပြီးလေ့လာဆည်းပူးကတည်းက ဘာသာရေးခေါင်းဆောင်တွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို အရင်ထက်ပိုပြီး ထိတ်ထိတ်ပျာပျာနဲ့ ရှုတ်ချနေကြတယ် ကျွန်တော်တို့ စစ်မှန်တဲ့လမ်းကိုလေ့လာနေတာကို သူတို့တွေက ရသမျှနည်းလမ်းနဲ့ တားဆီးနေကြတာ ဒါဟာ ဟိုးယခင်နှစ်ဟောင်းကာလတွေတုန်းက သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချကြတဲ့ ဂျူးလူမျိုးဖာရိရှဲတွေရဲ့အဖြစ်မျိုးနဲ့ ဘာမှကွာခြားမှုမရှိဘူး အခုတလောကျွန်တော်စဉ်းစားနေတာ.. ဘုရားသခင်က အမှုတော်ဆောင်ရွက်ဖို့ ဘာဖြစ်လို့ နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိမှာပေါ်လာတာလဲဆိုတာနဲ့ ဘာသာရေးအသိုင်းအဝိုင်းနဲ့ ဘုရားမဲ့ဝါဒီအစိုးရဲ့ ပြစ်တင်ရှုတ်ချခြင်းနဲ့နှိပ်စက်ညှဥ်းပန်းခြင်းတွေ စုပေါင်းခံယူဖို့ ဘာလို့နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံတာလည်း ဆိုတာတွေလေ.. နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဟာ လူသားတွေသန့်စင်စေဖို့၊ ကယ်တင်ခြင်းရရှိဖို့သက်သက်နဲ့ စကားပြောဆိုခြင်းနဲ့ လုပ်ဆောင်မှုတွေကတဆင့် သမ္မာတရားကိုဖော်ပြဖို့ ပေါ်လာပြီးအမှုတော်ဆောင်ပါတယ် ဘာသာရေးအသိုင်းအဝိုင်းနဲ့ တရုတ်ကွန်မြူနစ်အစိုးရက မီဒီယာကော်ပိုရေးရှင်းတွေနဲ့ လက်နက်ကိုင်ရဲအင်အားတွေကို ဆော်သြစည်းရုံးပြီးတောင် ခရစ်တော်ကို ပြစ်တင်ရှုတ်ချတာတွေ၊ စော်ကားပြောဆိုတာတွေ၊ စုရုံးပြီးအမြစ်ဖြတ်သုတ်သင်တာတွေ ဘာဖြစ်လို့ခါးခါးသီးသီး လုပ်ဆောင်နေတာလဲ သခင်ယေရှု မွေးဖွားလာခဲ့သည့်အချိန်က၊ “ဣသရေလ၏ ရှင်ဘုရင်” မွေးဖွားပြီဟု ဟေရုဒ်မင်းက ကြားခဲ့ပြီး ဗက်လင်မြို့ရှိ နှစ်နှစ်အောက် ကလေးသူငယ် ယောက်ျားလေးများအားလုံးကို သူ သတ်ဖြတ်စေခဲ့သည်၊ ခရစ်တော်ကို အသက်ရှင်ခွင့်ပေးသည်ထက် ကလေးငယ် တစ်သောင်းကို မှားယွင်းစွာ သတ်ဖြတ်ဖို့ သူပိုနှစ်သက်ခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် လူ့ဇာတိ ဖြစ်လာပြီဖြစ်သည်၊ ထို့ကြောင့် ဘာသာရေး လောကနှင့် ဘုရားမဲ့ တရုတ်အစိုးရက ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို အရူးအမူး ရှုတ်ချပြီး ပြစ်မှားစော်ကားကြသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် သူတို့သည် ခရစ်တော်ကို ကားတိုင်တွင် သံမှိုရိုက်ဖို့ တစ်နိုင်ငံလုံး၏ သြဇာအာဏာကို အသုံးချပြီး မခြွင်းမချန် အားထုတ်ကြိုးပမ်းကြသနည်း။ လူသားမျိုးနွယ်သည် အဘယ်ကြောင့် အလွန် ဆိုးညစ်ရပါသနည်း။ ဘုရားသခင်ကို ၎င်းတို့ အဘယ်ကြောင့် အလွန်မုန်းတီးပြီး ကိုယ်တော့်ကို ဆန့်ကျင်ရန် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ကြပါသနည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။