အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အဘယ်ကြောင့် ကျွန်မသည် ဖာရိရှဲတို့၏လမ်းကို လိုက်ခဲ့မိသနည်း

ဆူရှင်း၊ ရှန်ဇီစီရင်စု

ကျွန်မသည် ရာထူးဂုဏ်သိမ်ကိုသာ အလွန်အရေးစိုက်လွန်းသော မာနထောင်လွှား၍ စိတ်ကြီးဝင်နေသော သဘာဝရှိသူ တစ်ယောက်ဖြစ်ပါသည်။ ကျွန်မ၏ယုံကြည်ခြင်းရှိခဲ့သော နှစ်ပေါင်းများစွာအတွက် ကျွန်မသည် ဂုဏ်သတင်းနှင့် ရာထူးတို့ဖြင့် ချည်နှောင်မိနေ၍ ထိုမှနေ မိမိကိုကိုယ် လွတ်မြောက်ရန် လုပ်ဆောင်နိုင်စွမ်း မရှိခဲ့ပါ။ အခါအခွင့်သင့်သကဲ့သို့ ကျွန်မသည် ရာထူးတိုးခြင်းခံရ၊ ထို့နောက် အစားထိုးခြင်းခံရဖြစ်နေခဲ့ပါသည်။ ကျွန်မ၏ရာထူး၌လည်း နှောင့်နှေးမှုများစွာ ရှိနေခဲ့၍ လမ်းတစ်လျှောက်၌လည်း အဆင်မပြေမှုများစွာ ရှိခဲ့ပါသည်။ နှစ်ပေါင်းများစွာ ရိုက်နှက်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းများကို ခံရပြီးသည့်နောက် ကျွန်မ ခံစားမိသည်မှာ ကျွန်မသည် ကျွန်မ၏ရာထူးဂုဏ်သိမ်ဖြင့်သာ နှစ်မြုပ်၍ မနေတော့ဟု ဖြစ်သည်။ ကျွန်မသည် ယခင်ကကဲ့သို့မဖြစ်လိုခဲ့ပါ။ ကျွန်မသည် ခေါင်းဆောင်တစ်ယောက်ဖြစ်နေသရွေ့ ဘုရားသခင်၏စုံလင်အောင်ပြုခြင်းကို ခံရမည်ဖြစ်ပြီးလျှင် အကယ်၍ ကျွန်မသည် ခေါင်းဆောင်တစ်ယောက်မဖြစ်ခဲ့ဘူးပါက ကျွန်မထံတွင် မျှော်လင့်ချက်ရှိမည် မဟုတ်ဟု တွေးခဲ့မိပါသည်။ ကျွန်မသည် မည်သို့သော တာဝန်ကို ကျွန်မ ထမ်းဆောင်ပါစေ၊ကျွန်မသည် သမ္မာတရား၏ နောက်ကိုသာ လိုက်ရန် လိုအပ်၍ ဘုရားသခင်ရဲ့စုံလင်အောင်ပြုခြင်းကို ခံရမည်ဖြစ်ကာ၊ ဂုဏ်သတင်း နှင့် ရာထူးနောက် လိုက်ခြင်းသည် အန္တိခရစ်၏လမ်းဖြစ်ပြီးလျှင် ဘုရားသခင်၏ပင်ကိုယ်စိတ်နေသဘောထားအား ပုန်ကန်ပြစ်မှားနေခြင်းဖြစ်သည် နားလည်ခဲ့ပါသည်။ ထို့အပြင် ကျွန်မ တွေးတောမိသည်မှာ ကျွန်မသည် မည်သို့သော တာဝန်ထမ်းဆောင်နေပါစေ ရာထူးတစ်ခုမရှိပဲနှင့်လည်း ကျွန်မသည် လက်ခံ၍ နာခံနိုင် ကြောင်းပင်ဖြစ်ပါသည်။ ကျော်စောမှုနှင့် ရာထူးနောက်လိုက်ခြင်း၏ဖောက်ပြန်ပျက်စီးတတ်မှုကို မြင်သာအောင်ပြ ခြင်း ခံရသောအချိန်များ၌ သမ္မာတရားကို ရှာဖွေခြင်းဖြင့် ကျွန်မသည် ထိုအရာကို ဖြေရှင်းနိုင်ပါသည်။ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေသောအချိန်၌ မည်သို့သော အခက်အခဲများ ကြုံရသည်ဖြစ်စေ၊ ထို့အတွက် အဖိုးအခကို ပေးရန် ဆန္ဒရှိခဲ့ပါသည်။ ထို့ကြောင့် ကျွန်မ တွေးခဲ့မိသည်မှာ ကျွန်မသည် သမ္မာတရားနောက်ကို လိုက်သော လမ်းပေါ်သို့ ခြေချမိပြီးပြီး ဟူ၍ ဖြစ်သည်။ ကျွန်မ တွေးခဲ့မိသည်မှာ ကျွန်မသည် လူ့သဘာဝတစ်ချို့နှင့် ဆင်ခြင်တုံတရား ရခဲ့ပြီဟူ၍ဖြစ်သည်။ သို့သော် အချက်အလက်များက ဖော်ပြနေခဲ့ သည်မှာ ကျွန်မသည် သမ္မာတရားနောက်လိုက်ခြင်း လမ်းပေါ်သို့ အမှန်တကယ် အခြေချခြင်း မရှိဆိုတာကို မြင်ခဲ့ရ ပါသည်။ ကျွန်မသည် လွန်စွာပင် မှားယွင်းခဲ့ပါသည်။

၂၀၁၃ခုနှစ် ဂျွန်လနှောင်းပိုင်း၌ ဤနေရာမှ ခေါင်းဆောင် အစားထိုးခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ခဲ့၍ ဖြစ်ကာ ခေါင်းဆောင်ခန့်ထားရန် အဆိုပြုခြင်းများ လုပ်ဆောင်သော အခါ၌ ကျွန်မ၏ညီအစ်ကိုမောင်နှမများမှ ကျွန်မအား ခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခဲ့ကြပါသည်။ ၎င်းကို ကျွန်မ ကြားသောအခါ၌ ထိုမျှလောက်တာဝန်ကြီးကို ယူရမည်ဆိုသောအခါ အနည်းငယ် ပူပန်ခဲ့မိပါသည်၊ ကျွန်မ ခံစားခဲ့မိသည်မှာ ကျွန်မသည် သမ္မာတရား၏ စစ်မှန်မှုမပိုင်ဆိုင်ထားသောကြောင့် အလုပ်အား လုပ်ဆောင်နိုင်စွမ်း ရှိမည် မဟုတ်ဟူ၍ ဖြစ်သည်။ “အတိုင်းအတာက အရမ်းကျယ်ပြီးတော့ ညီအစ်ကိုမောင်နှမတွေကလည်း အရမ်းများတယ်၊ သူတို့ကို ကျွန်မ ဘယ်လို ဦးဆောင်နိုင်မလဲ၊ ကျွန်မထက် အစွမ်းအစမြင့်မားသူတွေတောင် အစားထိုးခြင်း ခံခဲ့ရတယ်။ ကျွန်မကဘယ်လို ပိုကောင်းအောင် လုပ်ဆောင်နိုင်မှာလဲ။ ကျွန်မလည်း ဒီလိုအစားထိုးခံ ရတာနဲ့ပဲ အဆုံးသတ်ရမှာကို ကြောက်ရွံ့နေခဲ့တယ်။ ကျွန်မက ဒီလောက် မြင့်မားတဲ့ရာထူးနောက်လိုက်ဖို့ ဆန္ဒမရှိတော့ပါ။ ကျွန်မရဲ့တာဝန်ကို ကျွန်မ ထမ်းဆောင်နေသရွေ့ အဆင်ပြေပါတယ်” ဟု ကျွန်မတွေးမိခဲ့ပါသည်။ ထို့ကြောင့် ကျွန်မ ချက်ချင်းပင် ငြင်းပယ်ခဲ့ပါသည်။ “မဟုတ်ဘူး။ ကျွန်မ ဒီအလုပ်အတွက် အရည်အချင်းမရှိပါဘူး” ဟူ၍ ဖြစ်သည်။ ကျွန်မသည် အကျိုးအကြောင်းအမျိုးစုံ နှင့် ဆင်ခြေမျိုးစုံအား စဉ်းစားရရှိခဲ့ပါသည်။ ကျွန်မသည် ကျွန်မ ဤကဲ့သို့ လုပ်ဆောင်နေရာ၌ ကျွန်မသည် အကျိုးသင့်အကြောင်းသင့်ရှိပြီးလျှင် ၎င်းသည်လည်း အမှန်တရား ဖြစ်သည် ဟူ၍ အပြည့်အဝ ယုံကြည်ခဲ့ပါသည်။ ထို့နောက် ကျွန်မ၏ ညီအစ်ကိုမောင်နှမများရဲ့ မိတ်သဟာယဖွဲ့ခြင်းမှ တစ်ဆင့်လက်ခံခဲ့သည်မှာ အကယ်၍ ကျွန်မသည် ခေါင်းဆောင်တစ်ယောက်ဖြစ်လာမည်ဆိုရင် ဖော်ထုတ်ခြင်းခံရ မည်ကို ကျွန်မ ကြောက်နေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မ၏ကိုယ်တွင်းမှ စာတန်၏ အဆိပ်များကို ကျွန်မ ကိုင်ဆွဲထား၍ပင် ဖြစ်ပါသည်။ ၎င်းသည် “အပင်မြင့်လေလေ လေတိုက်ခံရလေလေ” နှင့် “ထိပ်ဆုံးတွင် နေရခြင်းသည် အထီးကျန်သည်” ဟုဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ရခြင်းသည် အန္တရာယ်များသော အရာတစ်ခုဖြစ်သည်ဟု ကျွန်မအမြဲပင် ခံစားခဲ့ရပါသည်။ ထိုလူများကို ဖယ်ရှားခဲ့ရခြင်းသည် ၎င်းတို့သည် သမ္မာတရားနောက်သို့ မလိုက်ခဲ့ခြင်းကြောင့်၊ထိုသူတို့၏သဘာဝများသည် အလွန်ပင် ကောက်ကျစ်စဉ်းလဲ၍ သူတို့သည် ဒုစရိုက်မျိုးစုံကို လုပ်သောကြောင့် ဖြစ်နိုင်ကြောင်း ကျွန်မ သိထားခဲ့သော်လည်း ကျွန်မ၏နှလုံးသားထဲ၌ နက်ရှိုင်းစွာ ယုံကြည်ခဲ့မိသည်မှာ အကယ်၍ ကျွန်မသည် အဓိကခေါင်းဆောင်တစ်ယောက်သာ မဟုတ်ခဲ့ဘူးဆိုပါက ဒုစရိုက်အမှုကို ပြုရန် အခွင့်အရေးများလည်း ရှိမည်မဟုတ်တော့ဟူ၍ ဖြစ်သည်။ ကျွန်မသည် ကိုယ့်ကိုကိုယ် ကာကွယ်နေခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် ကျွန်မသည် ကျွန်မ၏ယုံကြည်ခြင်းနှင့် ဧဝံဂေလိတရားဟောပြောခြင်း ကြောင့်၊ ကျွန်မသည် တရုတ်ကွန်မြူနစ် အစိုးရ၏လိုက်လံဖမ်းဆီးခြင်းကို ခံရ၍ အိမ်ကိုလည်း ပြန်နိုင်ခြင်း မရှိခဲ့၊ ကျွန်မ၌ ထွက်ပေါက်လည်း မရှိခဲ့ကြောင်း အတွေးပေါ်လာခဲ့ပါသည်။ အကယ်၍ ကျွန်မသည် အဓိက ခေါင်းဆောင်တစ်ယောက်ဖြစ်၍ ကျွန်မသည် သမ္မာတရားကင်းမဲ့ကာ ဒုစရိုက်အမှုကို ပြုလုပ်ခြင်းကြောင့် ဘုရားသခင်၏ ပင်ကိုယ်စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိခြင်း၊နှင်ထုတ်ခံရခြင်းများဖြင့် အဆုံးသတ်ရမည် ဆိုပါက ကျွန်မသည် အမှန်တကယ်ပင် ဆက်လက်အသက်ရှင်နိုင်မည် မဟုတ်ပါ။ ကျွန်မသည် ထိုအဆိပ်များ၊ အယူအဆများဖြင့် ချည်နှောင်ထားခြင်း ခံထားရ၍ အမှောင်နှင့် ညှင်းပန်းမှုထဲ၌ နေနေရပါသည်။ ကျွန်မ၏နာကျင်မှု ခံစားနေရစဉ်က ကျွန်မ လုပ်နိုင်သောတစ်ခုတည်းသောအရာမှာ ဘုရားသခင်အား အော်ခေါ်ဖို့ပင် ဖြစ်ပါသည်၊ “အိုး ဘုရားသခင်၊ ဤတာဝန်နှင့် ရင်ဆိုင်ရသောအခါ၌ ကိုယ်တော်သည် ကျွန်မအား ချီးမြှောက်ပေးခြင်းဖြစ်သည်ဆိုတာကို ကျွန်မ သိပါသည်။ ထိုသို့ချီးမြှောက်ခြင်းကို ငြင်းပယ်ခြင်းကလည်း ကိုယ်တော်အား သစ္စာဖောက်ခြင်း ဖြစ်သည်ဆိုသည်ကို ကျွန်မ သိပါသည်။ သို့သော် ယခုလက်ရှိ၌ ကျွန်မသည် စာတန်၏အဆိပ်များက ချည်နှောင်ခြင်းကို ခံရခြင်းဖြင့် ရှင်သန်နေရပြီးလျှင် ၎င်းမှလည်း ကျွန်မကိုယ် ကျွန်မ လွတ်မြောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိခဲ့ပါ။ ကျွန်မ ဤတာဝန်ကြီးကို ထမ်းဆောင်ပြီးသောအခါ ကျွန်မ၏သဘာဝသည် အန္တရာယ်ကြီး၍ ကျွန်မ၌ သမ္မာတရားလည်းမရှိခြင်းကြောင့် ကိုယ်တော်၏ ပင်ကိုယ်စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိသော ဒုစရိုက်အမှုကြီးတစ်ခုကို ကျွန်မလုပ်မိခြင်းအတွက် အပြစ်ဒဏ်ပေးခြင်းခံရမည်ကို ကျွန်မသည် အလွန်ကြောက်ရွံ့မိ ပါသည်။ အိုးဘုရားသခင်၊ ကျွန်မသည် နာကျင်နေရ၍ စိတ်ရူပ်ထွေးနေပါသည်။ ကိုယ်တော်အား မည်သို့ အပ်နှံရမည်ကို ကျွန်မ မသိရှိပါ။ ကျွန်မအား ကူညီရန်၊ ကယ်တင်ရန် ကိုယ်တော့်ကို အနူးအညွှတ် တောင်းပန်ပါသည်။ ဘုရား” ကျွန်မ ဆုတောင်းနေစဉ်အတွင်း၌ ဘုရားသခင်သည် သူ၏နူတ်ကပတ်တော်များထဲမှ ကျမ်းပိုဒ်တစ်ပိုဒ်ကို စဉ်းစားမိစေရန် ကျွန်မအား ဉာဏ်အလင်းပေးပါသည်။ “သင်တို့ ရရှိခဲ့သောအရာများသည် ဤအရာများ ဖြစ်သလော။ သင်တို့ သိထားသည့် ငါနှင့်ပတ်သက်သော အကြောင်းအရာများသည် ထိုသို့သော အမြင်မှားများ သာမကပေ။ သာ၍ဆိုးသည်မှာ သင်တို့၏ ဘုရားသခင်၏ ဝိညာဉ်ကို စော်ကားခြင်းနှင့် ကောင်းကင်ဘုံကိုလည်း အသရေညစ်နွမ်းအောင် ပြောဆိုခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့၌ ရှိသည့် ယုံကြည်ခြင်းမျိုးသည် ငါနှင့် ဝေးရာသို့ သင်တို့ကို ရောက်စေမည့် ယုံကြည်ခြင်းမျိုး ဖြစ်၍ ငါ့ကို ပိုပြီး ဆန့်ကျင်သူများ ဖြစ်စေမည့် ယုံကြည်ခြင်းမျိုး ဖြစ်သည်ဟု ငါပြောခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီး ဖြစ်သည်။ သို့သော် ငါ၏ နားက မည်သည့် အကြောင်းအရာများ ကြားခဲ့သည်ကို သင်တို့ သိပါသလား။ သင်တို့ထဲတွင် ဘယ်နှစ်ဦးသည် သမ္မာတရားကို လိုလိုလားလား လက်ခံလိုကြသနည်း။ သမ္မာတရား အတွက် အဖိုးအခကို သင်တို့အားလုံး လိုလိုလားလား ပေးလိုကြသည်ဟု သင်တို့ ယုံကြည်ကြသည်။ သို့သော် သင်တို့ထဲတွင် ဘယ်နှစ်ဦး သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ ရှိသည့်အရာအားလုံးမှာ အပြစ်များသာဖြစ်သောကြောင့် လူတိုင်း၊ မည်သူမဆိုသည် လိမ်လည်လှည့်ဖျား တတ်သူများ၊ ကလိမ်ကကျစ် လုပ်တတ်သူများ ဖြစ်သည်ဟု သင်တို့ ယုံကြည်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ”) ဘုရားသခင်၏ တရားစီရင်ခြင်း၏ နူတ်ကပတ်တော်များက ကျွန်မ၏စိတ်ရှုပ်ထွေးမှုနှင့် နာကျင်မှုအား ကြောက်ရွံ့ခြင်းနှင့် တုန်လှုပ်ခြင်းအဖြစ်သို့ ပြောင်းလဲစေပါသည်။ အထူးသဖြင့် နူတ်ကပတ်တော်များဖြစ်ကြသည့် “သာ၍ဆိုးသည်မှာ သင်တို့၏ ဘုရားသခင်၏ ဝိညာဉ်ကို စော်ကားခြင်းနှင့် ကောင်းကင်ဘုံကိုလည်း အသရေညစ်နွမ်းအောင် ပြောဆိုခြင်းဖြစ်သည်။” နှင့် “သင်တို့၏ နှလုံးသားများထဲ၌ ရှိသည့်အရာအားလုံးမှာ အပြစ်များသာဖြစ် ကြသည်။” တို့သည် ကျွန်မ၏နှလုံးသားအား ဓားတစ်စင်းလို စူးဝင်သွားခဲ့ပါသည်။ ကျွန်မအား ဘုရားသခင်၏ စိတ်သဘောထား ၏ အမျက်ဒေါသ၊ ကြီးကျယ်ခမ်းနားခြင်း၊ ဖြောင့်မတ်မှုများ စသည်တို့ကို ခံစားမိစေရန် လုပ်ဆောင်ပေးပါသည်။ ထိုအချိန်က ကျွန်မ၏အနေအထားသည် ဘုရားသခင်အား အမှန်တကယ်ပင် အတိုက်အခံလုပ်နေ၍ ဘုရားသခင်ကို ရုန့်ရင်းကြမ်းတမ်းစွာ စော်ကားပြောဆိုနေသည်ဟု သိမြင်လာ၍ ၎င်း၏သဘာဝကလည်း အလွန်ပင်စိုးရိမ်ဖွယ်ရာ ဖြစ်နေပါသည်။ ထိုကာလသာလျှင် ကျွန်မ၏ဆန့်ကျင်တတ်သော နှလုံးသားအား ပြန်လည်ပြောင်းလဲနိုင်ခဲ့ပါသည်။ ကျွန်မ၏ဖောက်ပြန်ပျက်စီးတတ်မှုကို ဆန်းစစ်၍ စိတ်ဖြာရန်အတွက် သူ့ကို ကျိုးနွံနာခံခြင်းကို ရှာဖွေရန်အတွက် ဘုရားသခင်၏မျက်မှောက်တော်၌ ကျွန်မကိုယ် ကျွန်မ ဝပ်ဆင်းခဲ့ပါသည်။ ဘုရားသခင်အား ယုံကြည်ခဲ့သော နှစ်များအားလုံးကို ပြန်လည်စဉ်းစားခဲ့ပါသည်။ ကျွန်မသည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကို အကြိမ်များစွာ ကြုံခဲ့ရပါသည်။ သို့သော်လည်း ကျွန်မသည် ထိုအရာတွေထဲမှ ဘုရားသခင်၏အချစ်နှင့် ကယ်တင်ခြင်းကို အသိအမှတ်ပြုခြင်း မရှိခဲ့ရုံမက၊ ကျွန်မသည် အမှန်တကယ်တော့ နားလည်မှုလွဲကာ သူ့အားပို၍ ခုခံနေခဲ့ပါသည်။ ဘုရားသခင်၏အလုပ်သည် လူသားအတွက် အလွန်ဒုက္ခပေးခဲ့သည့်အလားပင် ဘုရားသခင်အား မမျှတသော အရာအားလုံးအတွက် ကျွန်မသည် အပြစ်တင်ခဲ့ပါသည်။ ဘုရားသခင်၏အလုပ်ကို နှစ်ပေါင်းများစွာ ကြုံတွေ့ခံစားပြီးတဲ့နောက်၌ ဘုရားသခင်နှင့်ကျွန်မ၏ ဆက်ဆံရေးမှာ ပို၍ နီးကပ်လာခြင်း (သို့) ပို၍ ကောင်းမွန် လာခြင်း မရှိပါ။ ထိုအစား ကျွန်မသည် ဘုရားသခင်နှင့် ဝေးကွာလာကာ ခပ်တန်းတန်းဖြစ်လာခဲ့ပါသည်။ ၎င်းသည် ကျွန်မ ကျော်လွှားခြင်းမရှိနိုင်ခဲ့သော ချောက်နက်တစ်ခုဖြစ်လာခဲ့ပါသည်။ ထိုနှစ်များ အားလုံးပြီးသောနောက်မှာ ကျွန်မ ရိတ်သိမ်းခဲ့သောအရာမှာ ထိုအရာဖြစ်ပါသလား။ ထို့နောက်တွင် ကျွန်မသည် ကျွန်မ၏အတ္တကြီး၍ မနှစ်မြို့ဖွယ်ရာ သဘာဝက ကျွန်မ၏အသိတရားကို သစ္စာဖောက်စေရန်အတွက် တွန်းအားပေးခဲ့ကြောင်းကိုလည်း လက်ခံနိုင်စွမ်းရှိလာခဲ့ပါသည်။ လွန်ခဲ့သော နှစ်များစွာအတွင်း ဘုရားသခင်က ကျွန်မအတွက် ပေးဆပ်ခဲ့သော အဖိုးအခ၊ သူ၏ကယ်တင်ခြင်း၊ သူ၏ကျွန်မကို ပျိုးထောင်ပေးခြင်းများကို ကျွန်မ မေ့နေခဲ့ပါသည်။ ထိုအချိန်က ကျွန်မသည် ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်း၊ နောင်တများနှင့်သာ ပြည့်နှက်နေခဲ့၍ ကျွန်မသည် ဘုရားသခင်ကို ထပ်မံ ဆုတောင်းခဲ့ပါသည်။ “အိုး ဘုရားသခင်၊ ကျွန်မ စာတန်ရဲ့ အဆိပ်များနဲ့ ဆက်လက်ပြီး မရှင်သန်တော့ပါ၊ ကိုယ်တော်ရဲ့နှလုံးတော်ကို ကျွန်မ ထပ်မံပြီး ဒဏ်ရာမရစေတော့ပါ၊ ကိုယ်တော်ရဲ့တရား စီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကိုလည်း ကျွန်မသည် လိုလားစွာ လက်ခံပြီးနောက် ကျွန်မရဲ့အမြင်မှားမှုများကနေ ပြန်လှည့်လာ စေကာ ကိုယ်တော်ရဲ့နှလုံးတော်ကို နှစ်သိမ့်ပေးရန်အတွက် ကျွန်မ၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ပါ တော့မည်” ထို့နောက် ကျွန်မသည် ဒေသနာတစ်ခုထဲမှ အပိုဒ်တစ်ပိုဒ်ကို ဖတ်ခဲ့ပါသည်။ “ဘုရားသခင်အား မချစ်သော သူမှန်သမျှသည် အန္တိခရစ်၏လမ်းပေါ်တွင် ရှိကြ၍ နောက်ဆုံး၌ ဖော်ထုတ်ခြင်း၊ သုတ်သင် ရှင်းလင်းခြင်းကို ခံကြရမည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလအလုပ်သည် လူများအား ကယ်တင်ခြင်းနှင့် စုံလင်အောင် ပြုလုပ်ခြင်းပင်ဖြစ်၍ ကယ်တင်ခြင်းကို မခံရသည့် ကောက်ကျစ်စဉ်းလဲသော သူမှန်သမျှသည် ဖော်ထုတ်ခြင်းနှင့် သုတ်သင်ဖယ်ရှားခြင်းကို ခံရမည်ဖြစ်ပါသည်။ ထို့ကြောင့် လူတစ်ဦးချင်းစီသည် သူ၏အမျိုးအစားနောက်သို့ သူသည် လိုက်လိမ့်မည်။ လူများစွာတို့သည် ၎င်းတို့၏ ရာထူးဂုဏ်သိမ် နှင့် တန်ခိုးအားဏာများဖြင့် အဘယ့်ကြောင့် ဒုစရိုက်မျိုးစုံကို လုပ်ဆောင်ကြောင်း ဖော်ထုတ်ခြင်း ခံနေကြရသနည်း။ ၎င်းမှာ သူတို့၏ရာထူးက သူတို့ကို ထိခိုက်စေ၍ မဟုတ်ပါ။ အဓိကကျသောပြသာနာမှာ လူသား၏သဘာဝရဲ့ အနှစ်သာရကြောင့်ဖြစ်ပါသည်။ ရာထူးတစ်ခုသည် လူများကို ကျိန်းသေ ဖော်ထုတ်နိုင်ပါသည်။ သို့သော် အကယ်၍ စိတ်ကောင်းနှလုံးကောင်းရှိသော သူတစ်ယောက်သည် ရာထူးမြင့်မြင့်ကို ရထားပါက၊ ၎င်းသည် ဒုစရိုက်မှုမျိုးစုံကို ကျူးလွန်ကြမည် မဟုတ်ပါ။ အချို့သော သူများသည် ၎င်းတို့၌ ရာထူးတစ်ခုမရှိလျှင် ဒုစရိုက်အမှုကို မကျူးလွန်ကြပါ။ အပေါ်ယံအနေဖြင့် ကြည့်လျှင် သူတို့သည် လူကောင်းများကဲ့သို့ပင်ဖြစ်ပါသည်၊ သို့သော် ၎င်းတို့သည် ရာထူးတစ်ခုကို ရရှိသည့်နှင့် တပြိုင်နက် သူတို့သည် ဒုစရိုက်အမှု မျိုးစုံကို လုပ်ကြပါတော့သည်” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ထိုမိတ်သဟာယဖွဲ့ခြင်းမှ ကျွန်မ၏နှလုံးသားထဲ၌ တည်ရှိနေသော အယူအဆများသည် မည်မျှလောက် ကတ်သီးကတ်သီးနိုင်၍ ကြီးကျယ်လွန်း သည်ဆိုခြင်းကို ကျွန်မ မြင်နိုင်စွမ်းရှိခဲ့ပါသည်။ အမှန်တကယ်တော့ လူတစ်ယောက်သည် သမ္မာတရားနောက်ကို လိုက်သောလမ်းကို လျှောက်ခြင်း၊ မလျှောက်ခြင်းဆိုသည်မှာ ၎င်းတို့၌ ရာထူးတစ်ခု ရှိခြင်းမရှိခြင်းအပေါ်၌ မူတည်ခြင်းမရှိပါ။ ထို့အပြင် ရာထူးတစ်ခုကို ရရှိခြင်းသည် ထိုလမ်းကို လျှောက်သောနေရာ၌ အခက်အခဲဖြစ်စေမည် ဟုလည်း မဟုတ်ပါ။ အဓိကသော့ချက်မှာ လူတစ်ယောက်၏သဘာဝသည် သမ္မာတရားကို မြတ်နိုးခြင်းရှိ မရှိ၊ သူတို့သည် ဘုရားသခင်ကို ချစ်ခြင်းရှိမရှိ အပေါ်၌ပင် မူတည်နေပါသည်။ ကျွန်မ စဉ်းစားမိသည်မှာ ကျွန်မ၏နှစ်ပေါင်းများစွာ “ချုပ်တည်းနေခဲ့ရခြင်း” မှ တစ်ဆင့် ကျွန်မသည် ကျွန်မ၏ရာထူးနှင့်ပတ်သက်၍ လွန်စွာပူပန်ခြင်းမရှိတော့ပဲ ကျွန်မစဉ်းစားမိသည်မှာ ကျွန်မသည် သစ်ပင်ကြီးတစ်ပင်အဖြစ်သို့ ကြီးထွားရန် နည်းလမ်းကို မရှာဖွေသော မြက်ပင် အရွက်ချွန်းလေးတစ်ခုကဲ့သို့ပင် ဖြစ်ပါသည်။ ထို့နောက် ကျွန်မသည် သမ္မာတရားနောက်လိုက်ခြင်းနှင့် တာဝန်များကို ထမ်းဆောင်သောနေရာ၌ ရိုးသားနိုင်စွမ်းရှိခဲ့ပါသည်။ ကျွန်မသည် ယခင်ကကဲ့သို့ အသင်းတော်မှနေပြီး အခြားသူများကို ကျွန်မ၏နေရာ၌ အစားထိုး၍ ရာထူးတိုးပေးသည့်အခါ နာကျင်မှု၊ အားနည်းမှု၊ အပျက်သဘောဆောင်ခြင်းနှင့်မျှော်လင့်ချက် ကုန်ဆုံးခြင်းများကို ကျွန်မသည် ခံစားမိခဲ့ခြင်းများ မဖြစ်တော့ဟု ထင်မြင်ခဲ့မိပါသည်။ ဤသရုပ်သကန်များကြောင့် ကျွန်မ ယုံကြည်ခဲ့မိသည်မှာ ကျွန်မ၏ စိတ်သဘောထားသည် အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားခဲ့၍ ကျွန်မသည် ပေတရု၏လမ်းကို လျှောက်လှမ်းနေခြင်း ဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့သော် ထို့နောက်တွင် သမ္မာတရားနှင့် အချက်အလက်များကို ထည့်သွင်းစဉ်းစားသောအခါ၌ ကျွန်မ၏ ပုံစံအမှန်ကို ရှင်းလင်းစွာ မြင်နိုင်စွမ်းရှိခဲ့ပါသည်။ ကျွန်မသည် ရာထူးကို အမှန်တကယ် မစွန့်လွှတ်ခဲ့သော်လည်း ထိုသို့စွန့်လွှတ်မည့်အစား ကျွန်မသည် ပို၍ ထက်မြက်လာပြီး ပါးနပ်လာခဲ့ပါသည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားအားလည်း ပိုမိုဖုံးကွယ်၍ နေနိုင်လာခဲ့ပါသည်။ အကြိမ်များစွာ ရိုက်နှက်ဆုံးမခြင်းအား ခံရပြီးနောက်တွင်ပင် ကျွန်မသည် ကျွန်မ၏နှလုံးသားကို ဘုရားသခင်အား ပေးအပ်ခဲ့ခြင်းမရှိသည့်အပြင် ဘုရားသခင်ကို ချစ်ဖို့ ရိုးသားစွာ ရှာဖွေခြင်းလည်း မပြုခဲ့ပါ။ ထိုအစား ကျွန်မသည် မည်သို့ စီစစ်၊ လေ့လာရမည်ဆိုသည်ကို သင်ယူခဲ့ပါသည်။ ထို့နောက် ကျွန်မသည် မိမိကိုကိုယ် ကာကွယ် စောင့်ရှောက်ရန် ပို၍ အာရုံစိုက်လာခဲ့ပါသည်။ ကျွန်မ၏အနာဂတ်တက်လမ်းများသည်လည်း ကျွန်မ၏စိတ်အပေါ် အမြဲပင် ဖိစီးနေခဲ့ပါသည်။ ကျွန်မသည် ကျွန်မ၏နှလုံးသားထဲ၌ ကတ်သီးကတ်သတ် နိုင်သောအယူအဆများကို ထည့်ထားသည်မှာ “မြင့်မားသော ရာထူးများက လုံခြုံမှုမရှိ” ဟူ၍ ဖြစ်သည်။ ၎င်းမှာ ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းနှင့် ပိတ်ပင်တားဆီးခဲ့ခြင်းပင် မဟုတ်ပါလော။ ၎င်းသည် အဘယ်ကြောင့် ဘုရားသခင်အတွက် ချစ်ခြင်းကို ပြသခြင်းနှင့် ပေတရု၏လမ်းကို လျှောက်လှမ်းခြင်း ဖြစ်နိုင်မည်နည်း။

ကျွန်မ၏မှားယွင်းနေသော အမြင်များနှင့် ပတ်သက်၍ “လူတစ်ယောက်၏ တာဝန်နှင့်နေရာကို ဆုံးဖြတ်ခြင်း အခြေခံသဘောတရားများ” နှင့် “ဘုရားသခင်အတွက် အစေခံခြင်း အခြေခံသဘောတရားများ” တို့ကို “ကိုယ်ကျင့်တရား ကောင်းမွန်သော အပြုအမူအတွက်အလေ့အထနှင့် လေ့ကျင့်ခန်းများ” ၌ဖတ်ခဲ့ပါသည်။ ကျွန်မသည် ပေတရု၏ဆုတောင်းစာကို ဖတ်ခဲ့ရသည်မှာ- “ကျွန်ုပ် မည်သည်ကို လုပ်နိုင်သည်ဆိုခြင်းကို ကိုယ်တော်သိပြီး မည်သည့်အဆင့်ကို ကျွန်ုပ်ဆောင်ရွက်နိုင်သည်ဆိုခြင်းကို ကိုယ်တော့်အဖ သိပါသည်။ ကိုယ့်တော့်အလိုသည် ကျွန်ုပ်၏တာဝန် ဖြစ်ပြီး ကျွန်ုပ်၌ရှိသမျှအားလုံးကို ကိုယ်တော့်ထံ အပ်နှံပါမည်။ ကိုယ်တော့်အတွက် ကျွန်ုပ်ဘာလုပ်နိုင်သည်ဆိုခြင်းကို ကိုယ်တော်သာ သိပါသည်။ စာတန်က ကျွန်ုပ်ကို များစွာအရူးလုပ်ခဲ့ပြီး ကိုယ်တော့်ကို ကျွန်ုပ် ပုန်ကန်ခဲ့သော်လည်း၊ ဤလုပ်ရပ်မှားများကို အခြေခံပြီး ကျွန်ုပ်ကို ဆက်ဆံမည် မဟုတ်ဘဲ ၎င်းတို့အတွက် ကိုယ်တော် ကျွန်ုပ်ကို အမှတ်မထားဘူး ဆိုခြင်းကို ကျွန်ုပ်ယုံကြည်ပါသည်။ ကျွန်ုပ်၏ ဘဝတစ်ခုလုံးကို ကိုယ်တော့်ထံသို့ အပ်နှံလိုပါသည်။ ကျွန်ုပ် ဘာကိုမျှ မတောင်းဆိုပေ၊ အခြားမျှော်လင့်ချက်များ၊ အစီအစဉ်များလည်း မရှိပေ။ ကိုယ်တော့်ရည်ရွက်ချက်အတိုင်း လုပ်ဆောင်ဖို့နှင့် ကိုယ်တော့်အလိုကို လုပ်ဆောင်ဖို့သာ ကျွန်ုပ်ဆန္ဒရှိပါသည်။ ကိုယ်တော်၏ ခါးသောခွက်ကို ကျွန်ုပ်သောက်ပါမည်။ ကျွန်ုပ် ကိုယ်တော့်အမိန့်ကို နာခံပါမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိလာသည့်အကြောင်း”) “လူ၏တာဝန်နှင့် သူကောင်းချီးမင်္ဂလာခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းအမင်္ဂလာခံရခြင်း အကြားတွင် အပြန်အလှန်ဆက်စပ်မှု မရှိ။ တာဝန်မှာ လူအနေဖြင့် ကျေပွန်အောင် ထမ်းဆောင်ရမည့် အရာဖြစ်သည်၊ ၎င်းသည် မလွှဲမရှောင်သာ သူထမ်းဆောင်ရမည့်တာဝန်ဖြစ်ပြီး ဆုလာဘ်ကို မျှော်ကိုးခြင်း၊ အခြေအနေများ သို့မဟုတ် အကြောင်းပြချက်များပေါ်တွင် မမူတည်သင့်ပါ။ ထိုအခါမှသာ သူ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ကောင်းချီးမင်္ဂလာခံစားရသော လူတစ်ဦးသည် တရားစီရင်ခြင်းပြီးနောက် ပြီးပြည့်စုံခြင်းသို့ ရောက်သည့်အခါ ကောင်းမြတ်ခြင်းကို ခံစားရသည်။ ကျိန်ခြင်းအမင်္ဂလာခံရသော လူတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးနောက် စိတ်သဘောထား မပြောင်းလဲသည့်အခါ ပြစ်ဒဏ်ပေးခြင်းကို ခံရသည်၊ တစ်နည်းအားဖြင့် ၎င်းသည် စုံလင်ခြင်းသို့ရောက်ခြင်း မရှိသေး။ ဖန်ဆင်းခံသတ္တဝါဖြစ်သည့် လူသားသည် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကျိန်ခြင်းအမင်္ဂလာ ခံရသည်ဖြစ်စေ မိမိ၏တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သင့်သည်၊ မိမိလုပ်သင့်သောအရာတို့ကို လုပ်ဆောင်သင့်ပြီး မိမိလုပ်နိုင်စွမ်းရှိသောအရာတို့ကို လုပ်သင့်သည်။ ဤအရာသည် ဘုရားသခင်ကို ရှာဖွေသော လူသားတစ်ဦးအတွက် အလွန်အခြေခံကျသောအရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်အတွက်သာ သင်၏တာဝန်ကို မထမ်းဆောင်သင့်၊ ထိုနည်းတူ ကျိန်ခြင်းအမင်္ဂလာခံရမည်ကို စိုးရိမ်ခြင်းကြောင့် လုပ်ဆောင်ရန် ငြင်းပယ်ခြင်း သင်မပြုသင့်။ ဤအရာတစ်ခုကို သင်တို့အား ငါပြောမည်၊ အကယ်၍ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နိုင်ပါက ၎င်းသည် သူလုပ်ဆောင်သင့်သောအရာကို သူစွမ်းဆောင်သည်ဟု အဓိပ္ပာယ်ရသည်။ အကယ်၍ လူသည် သူ၏တာဝန်ကို မထမ်းဆောင်နိုင်ပါက ၎င်းသည် လူ၏ဆန့်ကျင်ပုန်ကန်မှုကို ပြသည်ဟု အဓိပ္ပာယ်ရသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်တို့အကြား ကွဲပြားခြားနားမှု”) ဟုဖြစ်ပါသည်။ ဘုရားသခင်၏နူတ်ကပတ်တော်များကနေ မြင်နိုင်သည်မှာ ပေတရုသည် သူ၏ဘဝတစ်လျှောက်လုံး ၌ ဘုရားသခင်အား စစ်မှန်စွာ ချစ်နိုင်ရန် ရှာဖွေခဲ့ပါသည်။ ထို့နောက် အရာရာ၌ ဘုရားသခင်၏ စီစဉ်မှုများကို နာခံခဲ့ပါသည်။ သူ၏ကိုယ်ပိုင်ရွေးချယ်မှုများ(သို့) လိုအပ်ချက်များကို မလုပ်ဆောင်ခဲ့ပါ။ ဘုရားသခင်က အခြေအနေများကို မည်သို့ပင်စီစဉ်ပါစေ၊ သူသည် အမြဲပင် အပ်နှံခဲ့ပါသည်။ အဆုံး၌ သူသည် သတ္တဝါ တစ်ယောက်အနေနှင့် သူ၏တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ မသေဆုံးခင်အထိ နာခံခြင်းနှင့် ဘုရားသခင်၏ အဆုံးစွန်သော အချစ်ကို ရရှိခဲ့ပါသည်။ ပေတရု၏ဘုရားကို ယုံကြည်ခြင်း ၌ အောင်မြင်မှုရခဲ့သော အကြောင်းအရင်း မှာ သူ၏ ရာထူးနှင့် လုံးဝ မသက်ဆိုင်ပါ။ ပေတရုသည် တမန်တော် တစ်ပါးဖြစ်ပြီး၊ အသင်းတော်များအား သိုးထိန်းကျောင်းရန် မဟာပညတ်ကို သခင်ယေရှုက သူ့ကို ပေးခဲ့ခြင်း ဖြစ်ပါသည်။ သူသည် သူ့ရာထူး၌ တမန်တော်တစ်ပါးအဖြစ် မထမ်းဆောင်ခဲ့ပါ။ သူသည် ထင်ပေါ်ခြင်းမရှိခဲ့ပါ။ ၎င်းသည် ဘုရားသခင်ကို ချစ်ရမည့်၊ အပ်နှံရမည့် သတ္တဝါတစ်ယောက် အနေဖြင့် သူ၏တာဝန်များကို ဖြည့်ဆည်းရာတွင် ဝီရီယရှိသည့်အပြင် တာဝန်သိတတ်ပြီး၊ ဘုရားသခင်ကို ဆက်ကပ်အပ်နှံခဲ့ပါသည်။ သူ၏တာဝန်များကို စိတ်နှလုံး၊ ခွန်အားအပြည့် ထမ်းဆောင်ခဲ့ခြင်းဖြင့် ဘုရားသခင်၏ကျေနပ်မှုကို သူ ရရှိခဲ့ပါသည်။ ၎င်းမှာ သူ့အောင်မြင်မှု၏ လျှို့ဝှက်ချက်ပင်ဖြစ်ပါသည်။ ကျွန်မသည် မိမိကိုကိုယ် ပေတရု၏ ဆုတောင်းစာဖြင့် လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ စီရင်ချက်နှင့် ပြစ်တင်ဆုံးမခြင်းတို့ဖြင့်လည်းကောင်း နှိုင်းယှဉ်ခဲ့၍ ကျွန်မသည် အလွန်ပင် အရှက်ရခဲ့ပါသည်။ ဘုရားသခင်၏ နူတ်ကပတ်များသည် ကျွန်မ၏နှလုံးသားကို ရိုက်ခတ် စေ၍ ကျွန်မသည် ကျိုးနွံနာခံတတ်ခြင်းမရှိပဲ ဘုရားသခင်အား အတိုက်အခံလုပ်နေခဲ့ကြောင်းကိုလည်း သိမြင်စေရန် အခွင့်ပေးခဲ့ပါသည်။ ကျွန်မ၏ယုံကြည်ခြင်း၌ ကျွန်မသည် အမြဲပင် ကိုယ်ပိုင် ရွေးချယ်မှုများ၊ လိုအပ်ချက်များ၊နှင့် အစီအစဉ်များကို ထိန်းသိမ်းထားခဲ့ပါသည်။ ထိုနှစ်များအားလုံး၌ ကျွန်မသည် ကျွန်မ၏ကံတရား၊ ကျွန်မ၏အနာဂတ်တက်လမ်းများအပြင် ၊ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရာထူးတို့အတွက် အပြေးအလွှား လုပ်ဆောင်၍ အလုပ်များနေခဲ့ပါသည်။ ကျွန်မ၏တာဝန်တစ်ချို့ကိုပဲ ထမ်းဆောင်နေချိန်တွင် ဘုရားသခင်နှင့် အပေးအယူ တစ်ခုလုပ်ရန် ကြိုးစားခဲ့ကာ ကျွန်မသည် ကယ်တင်ခြင်းကို ခံရမည်ဆိုသော အာမခံချက်ကို ရရန် ဘုရားသခင်၏ အတည်ပြုချက် တံဆိပ်တုံးနှိပ်ပေးခြင်းကို ဘုရားသခင်ထံမှ ရချင်ခဲ့ပါသည်။ ဘုရားသခင်မှ ကျွန်မအတွက် ထိုသို့လုပ်ရန် ကျွန်မ၏ လိုအပ်ချက်များက ဖော်ပြသည်မှာ ကျွန်မ၏သဘာဝသည် အလွန်ပင် တကိုယ်ကောင်းဆန်သည်ဆိုခြင်းပါပဲ။ ကျွန်မ၌ သတ္တဝါတစ်ယောက်တွင် ရှိသင့်သော ဆင်ခြင်တုံတရားနှင့် အသိစိတ်များ မရှိခဲ့ပါ။ ကျွန်မ၏ လှည့်ဖြားတတ်သော သဘာဝကြောင့် ကျွန်မသည် စေခိုင်းသောလုပ်ငန်းကို ငြင်းပယ်ခဲ့ပါသည်။ ကျွန်မသည် ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက်ရန် အတွက် ဘုရားသခင်၏ခေါ်ဆောင်ခြင်းကို ငြင်းပယ်ခဲ့ပါသည်။ ထို့အပြင် ကျွန်မသည် ရယ်ဖွယ်ကောင်းလွန်းသော ငြင်းခုံမှုကို အသုံးပြု၍ ဆင်ခြေများကို ရှာခဲ့ပါသည်။ ဘုရားသခင်နှင့် အကျိုးသင့်အကြောင်းသင့်ဆွေးနွေးခဲ့ပါသည်။ ကျွန်မ၌ ဆင်ခြေတုံတရားမရှိခဲ့ပါ။ ထို့နောက် ကျွန်မသည် ဘုရားသခင်၏နူတ်ကပတ်တော်များကို ဖတ်ခဲ့ပါသည်။ “ဤအရာတစ်ခုကို သင်တို့အား ငါပြောမည်၊ အကယ်၍ လူသည် သူ၏တာဝန်ကို ထမ်းဆောင်နိုင်ပါက ၎င်းသည် သူလုပ်ဆောင်သင့်သောအရာကို သူစွမ်းဆောင်သည်ဟု အဓိပ္ပာယ်ရသည်။ အကယ်၍ လူသည် သူ၏တာဝန်ကို မထမ်းဆောင်နိုင်ပါက ၎င်းသည် လူ၏ဆန့်ကျင်ပုန်ကန်မှုကို ပြသည်ဟု အဓိပ္ပာယ်ရသည်။” ကျွန်မ၏ အသိစိတ်သည် အလွန်ပင် စွပ်စွဲခံနေရသည်ဟု ခံစားရပါသည်။ ကျွန်မ၌ ရှိသမျှအား ဘုရားသခင်ပေးအပ်ထားခြင်းဖြစ်ပါသည်။ ကျွန်မသည် မည်သည့်အရာပင်လုပ်နိုင်လုပ်နိုင်၊ မည်သည့်အရာပဲ ကြုံရကြုံရ၊ ၎င်းတို့အားလုံးမှာ ဘုရားသခင်၏စီစဉ်မှုများ ပင်ဖြစ်ပါသည်။ အခါအခွင့်သင့်သကဲ့သို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းက ကျွန်မအပေါ်ကိုရောက်လာခဲ့သည်။ ထို့ကြောင့် ကျွန်မသည် ဆင်ခြေတုံတရားနှင့် အသိစိတ်ပြန်ရလာခဲ့ကာ ကျွန်မ၏ မှားယွင်းနေတဲ့အတွေးကနေ ပြန်လှည့်လာ၍ သတ္တဝါတစ်ယောက်အနေနှင့် ကျွန်မ၏တာဝန်များကို မှန်ကန်စွာ ထမ်းဆောင်နိုင်ရန် ခွင်ပြုပေးခဲ့သည်။ ဘုရားသခင်၏ ကြင်နာတတ်သော စေတနာများသည် ၎င်းအရာအားလုံးထဲ၌ ပါပါသည်။ ဘုရားသခင်သည် ကျွန်မထံမှ မည်သည့်အရာကိုပဲလိုအပ် သည်ဖြစ်စေ၊ ကျွန်မကိုယ် ကျွန်မ ဆပ်ကပ်၍ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်သင့်ပါသည်။ အခြားအရာပြုလုပ်ခြင်းသည် သစ္စာဖောက်မှုဖြစ်၍ ပြစ်ဒဏ်ခတ်ခြင်းခံရဖို့လည်း ထိုက်တန်ပါသည်။ ထိုစေခိုင်းခြင်းလုပ်ငန်းကို မည်သူတစ်ဦးတစ်ယောက်မှ စီစဉ်ခဲ့ခြင်းမဟုတ်ပါ။ ၎င်းသည် ထိုနှစ်များအားလုံး၌ ကျွန်မ၏စစ်မှန်သော ဝိညာဉ်အသက်တာနှင့် ကျွန်မလျှောက်ခဲ့သော ဘုရားသခင်၏ စစ်ကြောခြင်း လမ်းပင်ဖြစ်ပါသည်။ ကျွန်မ၌ သမ္မာတရားရဲ့ စစ်မှန်မှုကို မပိုင်ဆိုင်ခဲ့သည့်အပြင် ဝိညာဉ်အသက်တာ၌လည်း နည်းပါးခဲ့ပါသည်။ ဘုရားသခင်သည် ကျွန်မအား ထိုတာဝန်ပေးအပ်ခဲ့သော်လည်း ထိုအချိန်က ကျွန်မ စွမ်းဆောင်ရည်အပြည့်အဝရှိရန် သူ့အတွက် မလိုအပ်ခဲ့ပေ။ ထိုအစား သူသည် ကျွန်မ၏ သမ္မာတရားနောက်လိုက်သောလမ်း၌ တိုးတက်မှုရှိစေလိုခဲ့ပါသည်။ လေ့ကျင်ပေးမှုကို လက်ခံစေလိုခဲ့ပါသည်။ ကျွန်မ၏ ချို့တဲ့ခြင်းများအတွက် အလျော်ပေးစေလိုခဲ့ပါသည်။ ကျွန်မ၌ ရှိရှိသမျှကို အားစိုက်ထည့်၍ ကျွန်မ၏ စိတ်ဝိညာဉ်၊ ခွန်အား၊နှလုံးသားအားလုံးဖြင့် ဘုရားသခင်ကို ချစ်ခြင်း ဆိုသည့် အခြေအနေအမှန်ထဲသို့ ဝင်ရောက်နိုင်စေလိုပါသည်။ အတိတ်တွင် ကျွန်မသည် ကတ်သီးကတ်သတ်နိုင်သော အယူအဆများနှင့်နေထိုင်ခဲ့ပါသည်။ ကျွန်မ၏တာဝန်များနှင့် ရာထူးကို ကျွန်မပင် ဆုံးဖြတ်ခဲ့သည် ဟု ကျွန်မ ယုံကြည်ခဲ့မိသည်။ ကျွန်မ စဉ်းစားခဲ့မိသည်မှာ- ကျွန်မသည် ကျွန်မ၏တာဝန်များကို ထိုကဲ့သို့သော အမြင်၊ နောက်ခံအနေအထားဖြင့် ထမ်းဆောင်နေသော်လည်း ကျွန်မသည် စစ်ဆေးခြင်း(သို့)ဖိအားများနှင့် မကြုံခဲ့ရပါ။ ကျွန်မ၏ဘဝ၌လည်း တိုးတက်မှု မရှိခဲ့သည့်အပြင် ကျွန်မ၏စိတ်သဘောထားသည်လည်း လွန်စွာ မပြောင်းလဲခဲ့ပါ။ ၎င်းမှာ ကျွန်မသည် သမ္မာတရားနောက်သို့ လိုက်ခြင်းမရှိမှု၏ စာရိတ္တပျက်ပြားသော စိတ်သဘောထားကို ဖော်ပြခဲ့ပါသည်၊ အေးဆေးစွာ နေရခြင်းကိုပဲ နှစ်သက်၍ ကိုယ်ပိုင်အခြေအနေဖြင့်သာ ကျေနပ်နေခဲ့ပါသည်။ ကျွန်မ၏ယုံကြည်ခြင်း၌ ကျွန်မ၏တာဝန်များကို လုပ်ဆောင်သောနည်းမှာ ကောင်းချီးများနှင့် ကောင်းသော ကံတရားရရှိရန်သာဖြစ်၍ ၎င်းမှာ ဘုရားသခင်ကိုချစ်ရန်နှင့် ကျေနပ်ဖို့ရန်အတွက် ရှာဖွေခြင်းအတွက် မဟုတ်ခြင်းဆိုသည်ကို ဖော်ထုတ်ခဲ့ပါသည်။ထိုအချိန်၌ နောက်ဆုံးတွင် ကျွန်မစဉ်းစားမိခဲ့ပါသည်။ ဤနှစ်များအားလုံးပြီးသောနောက်၌ ကျွန်မသည် ပေတရု၏ သမ္မာတရားနောက်လိုက် သော လမ်းပေါ်သို့ လျှောက်နေပြီဟု ကျွန်မစဉ်းစားခဲ့မိပါသည်။ သို့သော် ကျွန်မအနာဂတ်တက်လမ်းများကိုသာ အရေးအကြီးဆုံး အနေဖြင့် သတ်မှတ်ခဲ့သည်ကို ထိုနေ့မှ အချက်အလက်များက ဖော်ပြနေခဲ့ပါသည်။ ကျွန်မ၌ ဘုရားသခင်ကို ချစ်ခင်မှု အနည်းငယ်တောင် မရှိခဲ့သည့်အပြင် ကျွန်မသည် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းဆောင်ရန်(သို့) ကျွန်မ၏ စိတ်ရောကိုယ်ပါ ဘုရားထံသို့ ဆပ်ကပ်ရန် ဆန္ဒမရှိခဲ့ပါ။ ၎င်းမှာ အဘယ်သို့ ပေတရု၏လမ်းကြောင်းနှင့် တသတ်မတ်တည်းဖြစ်နိုင်မည်နည်း။

ကျွန်မ၏ရှာဖွေမှုအတွင်း၊ ဘုရားသခင်၏နူတ်ကပတ်တော်များကို ဖတ်ခဲ့ရသည်မှာ- “ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးအနေနှင့် လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းငှာ ဖွေရှာ သင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုလုပ်ပဲ ဘုရားသခင်အား ချစ်ခြင်းငှာ ဖွေရှာသင့်သည်၊ အကြောင်း မှာ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သောကြောင့် ဖြစ်သည်။ ဘုရားသခင်အား ချစ်ခြင်းငှာ ဖွေရှာသော ထိုသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူတို့၏ ပုဂ္ဂိုလ်ရေး တောင့်တ ချက်များကို မဖွေရှာသင့်ပေ။ ဤသည်မှာ လိုက်လျှောက်ခြင်း၏ အမှန်ကန်ဆုံးသော နည်းစနစ်ပင် ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပြီး၊ သင်လက်တွေ့ ကျင့်ဆောင်သော အရာသည်လည်း သမ္မာတရား ဖြစ်ကာ၊ သင်ရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းဖြစ်သည် ဆိုပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းပင် ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးများ ဖြစ်ပြီး၊ သင်လက်တွေ့ ကျင့်ဆောင်သော အရာသည် သင့်ကိုယ်ပိုင် အယူ အဆများ၏ အမှန်တရားသာ ဖြစ်လျှင်၊ သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်း ဘာမျှ မရှိလျှင်၊ သင်သည် ဇာတိပကတိထဲမှ ဘုရားသခင်အား လုံးဝ နာခံခြင်းမရှိလျှင်၊ သင်သည် မရေရာမှုအထဲ၌သာ နေထိုင် လျက် ရှိနေသေးလျှင်၊ သင်ဖွေရှာသော အရာသည် သင့်အား ငရဲသို့ ဧကန်မုချပင် ခေါ်သွားမည် ဖြစ်သည်၊ အကြောင်းမှာ သင်လျှောက်သော လမ်းကြောင်းသည် ရှုံးနိမ့်မှု၏ လမ်းကြောင်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည်၊ သို့မဟုတ် သုတ်သင်ပယ်ရှင်းခြင်း ခံရမည် ဆိုသည်မှာ သင်ကိုယ်တိုင်၏ လိုက်လျှောက်ခြင်းအပေါ်တွင် မူတည်နေသည်၊ ပြောရမည်ဆိုလျှင် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်”)

ဘုရားသခင်၏နူတ်ကပတ်တော်သည် သမ္မာတရားလည်းဖြစ်၏၊ လမ်းခရီးဖြစ်၏၊ အသက်လည်းဖြစ်၏။ ထို့အပြင် ပေတရုရဲ့အောင်မြင်မှုလမ်းနှင့် အောင်မြင်မှုအတွက် လေ့ကျင့်ရန် လမ်းကြောင်းကိုလည်း ဖော်ပြထားပြီးပြီ ဖြစ်ပါသည်။ ပေတရု၏အောင်မြင်မှု လမ်းကြောင်းသည် ရာထူးတစ်ခုကို ရှာနေခြင်း (သို့) သူ၏တာဝန်များကို ရွေးချယ်ခြင်းနှင့် ရွေးထုတ်နေခြင်းမဟုတ်ပါ။ ၎င်းသည် ဘုရားသခင်ကို ချစ်ရန်အတွက် ကောင်းမွန်စွာ ရှာဖွေနေခြင်းနှင့် သတ္တဝါတစ်ယောက်၏တာဝန်ကို ထမ်းဆောင်နေခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် လျှောက်ခြင်းဖြင့် ဘုရားသခင်ကို ပိုမိုသိကျွမ်းခြင်း၊ သမ္မာတရားကို လိုက်လျှောက်ခြင်းနှင့် ကျင့်ကြံအားထုတ်ခြင်း တို့အားဖြင့် အပြုသဘောဆောင်သော၊ စစ်မှန်သော ရလဒ်များကို ဖြစ်ပေါ်လာစေပြီးလျှင်၊ ကိုယ်ပိုင် လိုလားချက်များ၊ မျှော်လင့်ချက်များနှင့် မသန့်စင်ခြင်းများ စသည်တို့လည်း မရှိတော့ပါ။ သင်၏စိတ်သဘောထား သည်လည်း ပြောင်းလဲလိမ့်မည်ဖြစ်ပါသည်။ ထို့အပြင် ပို၍ အရေးကြီးသည်မှာ သင်သည်လည်း သမ္မာတရားထဲသို့ ဝင်ရောက်၍ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းကို ရရှိလာမည်ဖြစ်သည်။ သို့မှသာ အခြားသောတောင်းဆိုမှုများ မရှိတော့ပဲ သင့်ကိုယ်သင် ဘုရားသခင်အား လုံးဝ ဆက်ကပ်လိမ့်မည်၊ ထို့အပြင် သင်၏ဘဝတစ်လျှောက်လုံး၌လည်း ဘုရားသခင်ကို သစ္စာရှိစွာ ချစ်လိမ့်မည်။ သို့သော်လည်း ဖော်ပြနေသည့် အချက်အလက်များ၌ သမ္မာတရားရဲ့ စစ်မှန်ခြင်းထဲသို့ ဝင်ရောက်ဖို့ ကျွန်မ၏ထုတ်ဖော်ပြသမှုက အဘယ်သို့ရောက် နေခဲ့ပါသနည်း။ သမ္မာတရားကို ရရှိပြီးနောက် ကျွန်မ၏ စိတ်သဘောထားအား ပြောင်းလဲစေရန် ကျွန်မရဲ့ထုတ်ဖော်ပြသမှုသည် အဘယ်သို့ရောက်နေခဲ့ပါသနည်း။ ဘုရားသခင်ကို စစ်မှန်စွာ ချစ်ခြင်းဆိုသည့် ကျွန်မ၏ဖော်ထုတ်ပြသမှုသည် အဘယ်သို့ရောက်နေခဲ့ပါသနည်း။ ထိုကဲ့သို့ မရှိခဲ့ပါ။ အကယ်၍ ကျွန်မသည် အမှန်တကယ် ဝင်ရောက်ခဲ့မည်ဆိုပါက ဘုရားသခင်သည် မည်သို့သော စီစဉ်မှုတွေလုပ်ဆောင်ပါစေ ကျွန်မသည် ကျိုးနွံနာခံနိုင်စွမ်းရှိမည်။ ပြီးနောက် ကျွန်မသည် ကိုယ့်ကိုကိုယ် ဘုရားသခင်အား ဆပ်ကပ်ဖို့နှင့် သူ၏ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ရန် ပို၍ ဆန္ဒရှိလာမည်ဖြစ်ပါသည်။ ဤဖြစ်ရပ်မှန်များ၊ဘုရားသခင်၏နူတ်ကပတ်တော်များရဲ့ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းများကနေ တစ်ဆင့် လမ်းမှားကို လျှောက်နေခဲ့ကြောင်းကို ကျွန်မ မြင်နိုင်စွမ်းရှိခဲ့ပါသည်။ ကျွန်မသည် သတ္တဝါတစ်ယောက်အနေနှင့် ကျွန်မ၏တာဝန် များကို ထမ်းဆောင်ခြင်း လမ်းကို မလျှောက်ခဲ့ပါ၊ ဘုရားသခင်ကို ချစ်ရန်အတွက်လည်း မရှာဖွေခဲ့ပါ။ ထိုအစား ကျွန်မသည် ကိုယ်ကျိုးစီးပွားများနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ မျှော်လင့်ချက်များကိုသာ ရှာဖွေခြင်းလမ်းပေါ်သို့ ရောက်ခဲ့ပါသည်။ ၎င်းမှာ ဘုရားသခင်ကို လိမ်လည်လှည့်စားခြင်း လမ်းကြောင်းဖြစ်ပါသည်။ သူ၏နောက်သို့ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းအောက်၌ လိုက်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မကိုယ် ကျွန်မ ကာကွယ်စောင့်ရှောက်ရန် အတွက် ကျွန်မကိုယ် ကျွန်မ ကန့်သတ်ထားသည့်အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့် စေခဲ့ပါသည်။ ကျွန်မသည် အစဉ်ပင် အသွေးအသား၏ သာယာမှုများနောက်သို့ လိုက်ခဲ့ပါသည်။ ယာယီသက်တောင့်သက်သာဖြစ်ခြင်းများကို ရရှိစေရန်အတွက် ကျွန်မသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံ၍ သမ္မာတရားကို ရရှိဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ကျွန်မ၏နှလုံးသားနက်ရှိုင်းသော တစ်နေရာ၌ ကျွန်မရဲ့အမြင်သည် “ကျွန်မရဲ့တာဝန်တွေကို အေးဆေး ထမ်းဆောင်ရန် ရှာဖွေပါ၊ပြီးတော့ ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိပါနဲ့။ နောက်ဆုံးမှာ ကျွန်မသည် ကောင်းသောကံတရားကို ရရှိမည်ဖြစ်၍ ထိုသို့ရရှိခြင်းသည် လုံလောက်ပြီ ဖြစ်ပါသည်။” ပေါလု၏ ကျဆုံးရခြင်း အဓိကအကြောင်းအရင်းသည် ၎င်းအနေဖြင့် ဘုရားသခင်နှင့် ဆက်ဆံခြင်းများမှ အရင်းခံလာခြင်းဖြစ်ကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ထပ်ခါထပ်ခါ ဖော်ပြထားပါသည်။ သူသည် သူ၏အနာဂတ် ဆုလာဒ်နှင့် သရဖူအတွက် ကြိုးစားလုပ်ဆောင်နေခဲ့သော်လည်း ဖန်ဆင်းရှင်ဘုရားအတွက် ချစ်ခြင်းနှင့် ကျိုးနွံနာခံမှုအနည်းငယမျှ မရှိခဲ့ပါ။ နောက်ဆုံး၌ ထိုသို့မနာခံခြင်းသည် သူ့ကို ကျဆုံးခြင်း၌ အဆုံးသတ်စေခဲ့၍ ဘုရားသခင်၏ပြစ်ဒဏ်ခတ်ခြင်းကို ခံရစေပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကနေ ကျွန်မတို့အား ရှင်းလင်းစွာ အသိပေးထားပါသည်။ “မိမိတို့၏ ပန်းတိုင်အတွက် လုပ်ဆောင်သော သူတို့သည် အဆုံး၌ ရှုံးနိမ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လိမ့်လည်လှည့်ဖျားမှုကြောင့် ဘုရားသခင်ကို လူတို့၏ယုံကြည်ခြင်း၌ ကျရှုံးမှုများဖြစ်ပေါ်သောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပန်းတိုင်”) ထိုအချက်သည် မှန်ကန်ပါသည်။ ဤကဲ့သို့ ရင်းနှီးမြှုပ်နှံမှုသည် ရိုးသားခြင်းနှင့် ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။ ၎င်းသည် ဟန်ဆောင်ခြင်းနှင့် ပရိယာယ်တစ်ခုသက်သက်သာဖြစ်ပါသည်။ ကျွန်မသည် အမှန်တကယ်ပင် မာနကြီးခဲ့၍ ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ခြင်းဖြင့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ရှောင်ရှားခဲ့ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းက ကျွန်မဆီသို့ရောက်လာသောအခါ၌ အကောင်းအဆိုးကို ကျွန်မ ပြောဆိုနိုင်ခြင်းမရှိပဲ ဘုရားသခင်၏ စေခိုင်းခြင်းလုပ်ငန်းစဉ်ကိုလည်း ယူဖို့ ငြင်းပယ်ခဲ့ပါသည်။ ဘုရားသခင်ကို နားလည်မှုလွဲမှုများ၊ သစ္စာဖောက်ခြင်း၊ တွန်းလှန်ခြင်းများကလွဲ၍ မည်သည့်အရာကိုမှ ပြန်မပေးခဲ့ပါ။ ထို့နောက် ကျွန်မ၏သဘာဝသည်လည်း မည်မျှလောက် အတ္တကြီး၍ နှစ်မြို့ဖွယ်ရာ မကောင်းသည်ကို ရှင်းလင်းစွာ မြင်နိုင်စွမ်းရှိခဲ့ပါသည်။ ထိုနှစ်များအတွင်း၌ ကျွန်မသည် ဘုရားသခင်ကိုယုံကြည်၍ ဘုရားသခင်၏ချစ်ခြင်း၌ သာယာနေခဲ့သော်လည်း သူ့ကို ကျိတ်ကြံစည်နေခဲ့ပါသည်။ သူနှင့် အပေးအယူများကို ပုံမှန်လုပ်နေခဲ့ပါသည်။ ကျွန်မ၏နှလုံးသားထဲ၌လည်း ဘုရားသခင်ကို ချစ်ခြင်း အနည်းငယ်ပင်မရှိခဲ့ပါ။ ထို့ကြောင့်ပင် ကျွန်မသည် လမ်းမှားကို လျှောက်ခဲ့ကာ၊ ထိုသို့လမ်းမှားလျှောက်ခြင်းသည်ပင်လျှင် ဘုရားသခင်ပြောခဲ့သောအရာ အတိအကျပင် ဖြစ်ပါသည်။ “အဘယ်ကြောင့်ဆိုသော် လူသည် မိမိကိုယ်မိမိ ဘုရားသခင်ထံ လုံးလုံးလျားလျား ဆည်းကပ်ခြင်း၌ မတော်သောကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ဖန်ဆင်းရှင်ထံ သူ၏ တာဝန်ကို ထမ်းဆောင်ရန် ဆန္ဒမရှိသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် သမ္မာတရားကို တွေ့ပြီးသော်လည်း ၎င်းကို ရှောင်ဖယ်လျက် မိမိ၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်ခြင်းကြောင့်ပင် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် ရှုံးနိမ့်ခဲ့သော ထိုသူတို့၏ လမ်းကြောင်းနောက် လိုက်ခြင်းဖြင့် အမြဲပင် ဖွေရှာသောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လူသည် အမြဲပင် ကောင်းကင်ဘုံအား ဖီဆန် အန်တုသောကြောင့်ပင် ဖြစ်သည်၊ သို့အတွက်ကြောင့်၊ လူသည် အမြဲပင် ရှုံးနိမ့်ပြီး၊ စာတန်၏ လှည့်ကွက်၌ အမြဲပင် ကျရှုံးရကာ၊ မိမိ၏ ကိုယ်ပိုင် ကွန်တွင်ပင် ကျော့မိခဲ့ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှုနှင့် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်”) အောက်ပါစာပိုဒ်ကို ဒေသနာတစ်ခုမှနေ ကျွန်မ ဖတ်ခဲ့ရပါသည်။ အောက်ပါ စိုးရိမ်ကြောင့်ကြမှုများကို မလွဲမသွေခံစားနေရသည့် လူများလည်း ရှိပါသည်။ “ကျွန်မသည် ကျွန်မ၏တာဝန်ကို ထမ်းဆောင်နေခဲ့ပါသည်။ ထို့ကြောင် ကျွန်မသည် အန္တိခရစ်၏လမ်းကို လျှောက်ရမည်ကို ကြောက်ခဲ့ပါသည်၊ ကျွန်မသည် မှားယွင်းသောအလုပ်ကိုလုပ်၍ ဘုရားသခင်ကို တွန်းလှန်ရမည်ကို ကြောက်ပါသည်။ ထိုသို့ စိုးရိမ်ကြောင့်ကြမှုများနှင့် သူတွေ အများကြီး ရှိကြပါသလား။ အထူးသဖြင့် အမှုတော်ဆောင်များ၊ ခေါင်းဆောင်များအဖြစ် အစေခံကြသူများ၌ ဖြစ်ပါသည်။ သူတို့ မြင်ကြသည်မှာ “ထိုလူတစ်ယောက်သည် အတိတ်တွင် လုံ့လဝီရီယရှိစွာဖြင့် ကြိုးစားရှာဖွေခဲ့ကာ၊ ဆုကျေးဇူးများနှင့် စိတ်ကောင်းနှလုံးကောင်းတို့ကို ရရှိပြီးနောက်ပိုင်းတွင် ထိုသူသည် ကျဆုံးခဲ့ရသည်။ ထိုလူတစ်ယောက်သည် တရားဟောအလွန်ကောင်းပါ သော်လည်း အဆုံး၌ သူသည်လည်း မမျှော်လင့်ပဲကျဆုံးရပြန်သည်” ဟု ဖြစ်ပါသည်။ အကယ်၍ သင်သည် ဘုရားသခင်အား ချစ်သူတစ်ယောက် ဖြစ်ပါက ထိုသို့သောအရာများအား ကြောက်နေဦးမည်လော။ အကယ်၍ သင်၌ ဘုရားသခင်အတွက် အချစ်စစ်သာရှိခဲ့မည်ဆိုပါက ဤသို့သော စိုးရိမ်ကြောင့်ကြမှုများ၏ထိန်းချုပ်ထားခြင်း ခံရပါဦးမည်လော။ ဘုရားသခင်အား ချစ်သူတွေသည် သူ၏အလိုတော်ကိုသာ ထည့်သွင်းစဉ်းစား၍ အမှားကိုလုပ်ဆောင်မည် မဟုတ်ပါ။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ရသည်မှာ မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားနောက်လိုက်သည့် လမ်းကြောင်းကို လျှောက်ရသည်မှာ မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ စုံလင်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း အမှန်တကယ် ခွဲခြားသိမြင်နိုင်ခြင်း ရှိပါက၊ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်မိမည့်အရေးအတွက် သင်သည် အဘယ့်ကြောင့် ကြောက်ရွံ့နေရသနည်း။ သင်သည် ထိုလမ်းကို လျှောက်နေချင်သေးသည် ဆိုကြောင်းနှင့် လမ်းမှားကို စွန့်ပယ်ရန် ဆန္ဒမရှိ ကြောင်း တို့ကို ထိုအကြောက်တရားမှ သက်သေပြနေခြင်းပင် မဟုတ်သလော။ ၎င်းမှာ ပြဿနာတစ်ခုပင် မဟုတ်ပါသလော။” (အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း) ဘုရားသခင်၏နူတ်ကပတ်တော်များနှင့် ဤဒေသနာမှနေ ကျွန်မ ရှင်းလင်းစွာ မြင်နိုင်စွမ်းရှိခဲ့သည်မှာ ဘုရားသခင်ကို မချစ်သောသူတွေသည် အန္တိခရစ်၏လမ်းပေါ်ကို ရောက်နေကာ ဘုရားသခင်အား မချစ်ခြင်းသည် ယုံကြည်ခြင်း၌ ကျဆုံးခြင်း၏အရင်းအမြစ်ပင်ဖြစ်သည်ဟူ၍ ဖြစ်သည်။ ကျွန်မ ကိုယ်ထဲ၌ ဖုံးကွယ်ထားခဲ့သော စာတန်၏ဆင်ခြင်တုံတရားနှင့် အကြောင်းပြချက်များကို ပို၍ ရှင်းလင်းစွာ မြင်ခဲ့ရပါသည်။ကျွန်မသည် ပိုမိုကြီးမားသော တာဝန်ဝတ္တရားများကို လက်ခံရန် ဆန္ဒမရှိခဲ့သည့်အပြင် ကျွန်မသည် ကျဆုံးခြင်းလမ်းကိုလျှောက်ရမည်အား ကြောက်နေခဲ့ပါသည်။ ထိုသို့ကြောက်ရွံ့ခြင်းက ကျွန်မ၏ သဘာဝသည် တစ်ကိုယ်ကောင်းဆန်ခြင်း၊ မနှစ်မြို့ဖွယ်ကောင်းခြင်းနှင့် ဆိုးညစ်ခြင်းတို့ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါသည်။ ၎င်း၌ ဖော်ပြသည်မှာ ကျွန်မသည် ကျွန်မကိုယ် ကျွန်မနှင့် စာတန်အတွက် အချစ်များ အလွန်များနေသည် ဆိုခြင်းပင်ဖြစ်ပါသည်။ ကျွန်မ အမှန်တကယ် နားလည်ခဲ့မိသည်မှာ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း ဘုရားသခင်အတွက် ချစ်ခြင်းမရှိသူများသည် သာမန်လူ့သဘာဝလည်း ကင်းမဲ့ကြပါသည်။ သင်ပြောနိုင်သည်မှာ ၎င်းတို့၌ ဒုစရိုက်မှုတစ်ချို့နှင့် သဘာဝရှိသည်။ သူတို့အားလုံးသည် အတ္တကြီး၍ မနှစ်မြို့စရာနှင့်ဆိုးညစ်သော လူများဖြစ်ကြပါသည်။ တစ်ချိန်တည်း၌ပင် ၎င်းသည် ကျွန်မအား မှားယွင်းသောအမြင်များကနေ ပြောင်းလဲစေရန်၊ ကျွန်မ၏ဝိညာဉ်ကို လွတ်မြောက်မှုရစေရန်နှင့်၊ ကျင့်သုံးမှု လမ်းကြောင်းနှင့် ရှာဖွေမှုလမ်းကြောင်းမှန်ကို ရစေရန်အတွက် လမ်းပြပေးခဲ့ပါသည်။ ကျွန်မသည် ကျွန်မကိုယ် ကျွန်မအတွက်ပဲ အတ္တဆန်စွာနှင့် မနှစ်မြို့စဖွယ်ကောင်းစွာ ဆက်လက်အသက်မရှင်ချင်တော့ပါ။ ကျွန်မသည် ကျွန်မကိုယ် ကျွန်မ ဘုရားသခင်ထံမှာ အပ်နှံရန်နှင့် သူ၏စီစဉ်မှုအားလုံးကို နာခံဖို့ရန် ဆန္ဒရှိခဲ့ပါသည်။ ကျွန်မသည် ကျွန်မ၏တာဝန်များကို ထမ်းဆောင်နေစဉ်၌ပင် သမ္မာတရားနှင့် ဘုရားသခင်အတွက် လက်တွေ့ကျသောအချစ်ကို လက်ကိုင်ပြုမည်။

ကျွန်မ၏ရှာဖွေမှုရည်မှန်းချက်ကို ပြောင်းလဲစေ၍ လမ်းမှားကနေ ပြန်ခေါ်ဆောင်လာပေးမည့် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအတွက် ဘုရားသခင်ကို ချီးမွမ်းပါသည်။ ၎င်းမှာ ကျွန်မ၏ကိုယ်ထဲ၌ရှိသော စာတန်ရဲ့သဘာဝရဲ့အနှစ်သာရကို အမှန်တကယ် လက်ခံရန် ဖြစ်စေခဲ့၍ ကျွန်မ၏ကျဆုံးမှု အရင်းအမြစ်ကို ရှာဖွေရန် ဖြစ်စေခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်ကို ထိုနှစ်များအတွင်း၌ ယုံကြည်ခဲ့ပါသည်။ သို့သော် ဘုရားသခင်ကို မည်သည့်အခါမှ မချစ်ခဲ့ပါ။ ထို့အပြင် ကျွန်မသည် အရှက်ရမှုကို ခံစားရ၍ ကိုယ့်ကိုကိုယ် အပြစ်တင်မိခဲ့ပါသည်။ ကျွန်မ၏နှလုံးသားသည် ဘုရားသခင်အဘို့ အချစ်စစ်ဖြစ်ထွန်းစေရန် တောင့်တနေခဲ့ပါသည်။ ပေတရုသည် စုံလင်အောင် ပြုခြင်းကို ခံခဲ့ရသည် အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်အား အမှန်တကယ်ပင်ချစ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူ၌ သမ္မာတရားကို လက်ကိုင်ပြုရန်အတွက် ဆန္ဒနှင့် ဇွဲလုံ့လရှိခဲ့သည်။ ကျွန်မသည် ထိုအရာကနေ ဝေးကွာနေသော်လည်း ကျွန်မကိုယ် ကျွန်မ ကာကွယ်စောင့်ရှောက်ရန်အတွက် ဆိုးယုတ်စွာနှင့် ရွံစရာကောင်းလောက်စွာ ဆက်လက်နေထိုင်ခြင်း မပြုလိုတော့ပါ။ ဘုရားသခင်ကို ချစ်ခြင်းသည် ကျွန်မ၏ရှာဖွေမှုရဲ့ရည်မှန်းချက်ဖြစ်ရန် လုပ်ဆောင်ဖို့ ဆန္ဒရှိပါသည်။ ကျွန်မသည် အစွမ်းကုန်အားထုတ်သွားမည်ဖြစ်ကာ ကျွန်မ၏တာဝန်များကိုလည်း ထမ်းဆောင်သောနေရာ၌ အဖိုးအခကို ပြည့်ဝစွာ ပေးဆပ်သွားမည်ဖြစ်ပါသည်။ ကျွန်မသည် ကျွန်မ၏တာဝန်များဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် ထမ်းဆောင်ရင်းဖြင့်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ ဘုရားသခင်ကို ချစ်ခြင်း၏စစ်မှန်မှုထဲ ကို ဝင်ရောက်မည် ဖြစ်ပါသည်။

ယခင်က:စာတန်၏လောကအမြင်သည် လှောင်ပိတ်မိစေ သည့်အပြင် ထိခိုက်စေသည်

နောက်တစ်ခုသို့:ဘုရားသခင်၏ စိတ်နှလုံးတော်က အယူအဆလွဲများကို ပယ်ရှင်းနိုင်သည်ကို သိနားလည်ခြင်း

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ