အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၉။ ဘုရားကိုသိခြင်းလမ်းကို ကျွန်တော်မြင်သည်

ရှင်းကောင်း ၊ ရှန်ဇီ စီရင်စု

တစ်နေ့တွင် ဘုရားသခင်၏နူတ်ကပတ်တော်တွေထဲမှ အောက်ပါ စာပိုဒ်ကို ကျွန်တော် တွေ့ခဲ့ရသည်။ “ယေရှုကို ပေတရု သိလာသည့်အကြောင်း”- “ယေရှုနောက်ကိုလိုက်သည့် အချိန်မှာပင် ပေတရုသည် ယေရှု၏ စကားတော်များ၊ လုပ်ရပ်များ၊ လုပ်ရှားမှုများနှင့် ဖော်ပြပုံများဖြစ်သည့် ယေရှု၏ သက်တော်စဉ်အကြောင်းကို လေ့လာကာ နှလုံးသွင်းမှတ်သားလာခဲ့သည်။…ယေရှုနှင့် တွေ့ဆုံခဲ့သည့်အချိန်မှစ၍ ပေတရုက ယေရှု၏ စရိုက်လက္ခဏာတို့သည် သာမန်လူများနှင့် မတူခြားနားကြောင်းကိုလည်း သတိပြုမိခဲ့သည်။ သူသည် အမြဲတစေ တည်တည်ငြိမ်ငြိမ်ရှိပြီး အလောတကြီး မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့သကဲ့သို့ မည်သည့်အခါမျှ ချဲ့ကားမပြောဘဲ ကိစ္စတစ်ခုခုကိုလည်း အရေးမကြီးလေဟန် မှေးမှိန်ပစ်ခြင်းမျိုး မလုပ်သည့်အပြင် မိမိဘဝကို သာမန်ဆန်ပြီး နှစ်လိုဖွယ်ကောင်းအောင် နေထိုင်ခဲ့သည်။ စကားပြောသည့်အခါတွင်လည်း ယေရှုသည် ရည်မွန်ပြီး ယဉ်ကျေးသိမ်မွေ့သကဲ့သို့ ပွင့်လင်းပြီး ရွှင်လန်းတက်ကြွသော်လည်း သဘောရိုးပြီး၊ မိမိအလုပ်ကို လုပ်သည့်အခါတွင်လည်း သူ့ဂုဏ်သိက္ခာကို မည်သည့်အခါမျှ မကျအောင် လုပ်ခဲ့သည်။ ယေရှုက တစ်ခါတစ်ရံ နှုတ်နည်းသော်လည်း အခြားအချိန်များတွင် ဆက်တိုက် စကားပြောဆိုတတ်ခြင်းကိုလည်း ပေတရုတွေ့ဖူးသည်။ တစ်ခါတစ်ရံ ကိုယ်တော် အလွန်ပျော်ရွှင်သည့် အခါမျိုး၌ ချိုးငှက်တစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက် တက်ကြွနေသလို၊ ဝမ်းနည်းသည့်အခါ၌ ရာသီဥတုဒဏ် အဆက်မပြတ်ခံထားရသည့် ငှက်မိခင်ကဲ့သို့မျိုး စကားတစ်ခွန်းမျှ မပြောဘဲ နေသည့်အချိန်များလည်း ရှိခဲ့သည်။ ကိုယ်တော် ဒေါသထွက်သည့်အချိန်မျိုးတွင်မူ ရန်သူများကို ချေမှုန်းဖို့ ဆန္ဒစောနေသည့် ရဲရင့်သည့်စစ်သားပုံပေါက်နေသကဲ့သို့ တစ်ခါတစ်ရံတွင် ဟိန်းဟောက်နေသည့် ခြင်္သေ့တစ်ကောင်လိုမျိုးလည်း ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံပြုံးပြီး တစ်ခါတစ်ရံ ကိုယ်တော်သည် ဆုတောင်းပြီး ငိုကြွေးနေတတ်သူဖြစ်သည်။ ယေရှု ဘယ်လိုပင် ဖြစ်နေပါစေ၊ ပေတရုသည် ကိုယ်တော့်အပေါ် လေးစားမှုများနှင့် အဆုံးမဲ့အချစ်များ ထားရှိမှုသည် ကြီးထွားလာနေခဲ့သည်။ ယေရှု၏ ကရုဏာ၊ ခွင့်လွှတ်မှုနှင့် စည်းကမ်းရှိမှုတို့သည် ပေတရုအား ယေရှုအပေါ် အမှန်တကယ် ချစ်လာစေသကဲ့သို့ ကိုယ်တော့်ကို စစ်မှန်စွာ ကြည်ညိုလျက် မျှော်လင့်တောင့်တနေစေသည်။ ယေရှု၏ ရယ်မောသံသည် ပေတရုကို ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက်နေစေခဲ့သည်၊ ယေရှု၏ ဝမ်းနည်းမှုများသည် သူ့ကို ပူဆွေးခြင်းသို့ ရောက်စေခဲ့သည်၊ ယေရှု၏ အမျက်ဒေါသသည် သူ့ကို ကြောက်ရွံစေသည်။ ဟုတ်ပါသည်။ ပေတရုသည် ယေရှု၏အနားတွင် နှစ်အနည်းငယ်နေထိုင်ပြီးမှသာ ၎င်းတို့ကို တစ်ဖြည်းဖြည်း သိကျွမ်းလာခဲ့ခြင်းပင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဤစာပိုဒ်ကို ဖတ်ပြီးသည့်နောက် ကျွန်တော် စဉ်းစားမိသည်။ ပေတရုတွင် ဘုရားကိုသိခြင်း ဉာဏ်ပညာရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သခင်ယေရူဘေးတွင် နေ့ရော ညပါ ရှိနေခဲ့သည်။ သခင်ယေရူ၏ စကားလုံးတိုင်းနှင့် လှုပ်ရှားမှုတိုင်းကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ပြီးလျှင် ဘုရားသခင်၏ နှစ်သက်ဖွယ်ကောင်းခြင်း တော်တော်များများကို သူ ရှာဖွေတွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူသည် ဘုရားသခင်ကိုသိခြင်း ဉာဏ်ပညာကို ရရှိခဲ့သည်။ ယခုအချိန်သည်လည်း ဘုရားသခင်က လူ့ဇာတိခံယူပြီးလျှင် ကိုယ်တော်တိုင် လူသားတို့ ကမ္ဘာကို ဆင်းသက်လာပြီး လုပ်ဆောင်သော အချိန်ကာလဖြစ်ပါသည်။ အကယ်၍ ကျွန်တော်သာ ဘုရားသခင်နှင့် ထိတွေ့နိုင်ပြီး ပေတရုကဲ့သို့ သူနှင့် အတူတူ နေဖို့ အခွင့်အလမ်းကို ရခဲ့မည်ဆိုလျှင် ၊ ကျွန်တော် ဘုရားသခင်ကို ဒီထက်ပိုပြီး သိနိုင်မည် မဟုတ်လော။ ယခုတွင် ဘုရားသခင်၏ နူတ်ကပတ်တော်ကို ဖတ်နိုင်သော်လည်း ခရစ်တော်၏မျက်နှာကို မမြင်နိုင်သည်မှာ တော်တော်ဆိုးသည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကို အမှန်တကယ်သိခြင်း ဉာဏ်ပညာကို ကျွန်တော် မည်သို့ရနိုင်မည်နည်း။

ကျွန်တော် ဤအကြောင်းနှင့် ပတ်သက်ပြီး စိတ်ပျက်နေချိန်တွင် ဘုရားသခင်၏ နူတ်ကပတ်တော်တို့ကို ကိုယ်တော်၏ ဉာဏ်အလင်းဖွင့်ခြင်းမှတစ်ဆင့် တွေးတောမိခဲ့သည် “ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ခြင်းအားဖြင့် ဘုရားသခင်ကို သိရန်ပြုလုပ်ရမည်။ လူအချို့က “ကျွန်ုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်ကို မမြင်ဖူးသောကြောင့် ဘုရားသခင်ကို ကျွန်ုပ် မည်ကဲ့သို့ သိနိုင်မည်နည်း” ဟု ဆိုကြသည်။ အကယ်စင်စစ် ဘုရားသခင်၏ နှုတ်ကပတ်တော်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် သူ၏ ကယ်တင်ခြင်း နှင့် ၎င်းတို့အား သူ ကယ်တင်ပုံတို့ကို သင် မြင်နိုင်သည်...အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားကို အသုံးပြု၍ နှုတ်ကပတ်တော်ကို ရေးသားစေခြင်းနှင့်တခြားစီဖြစ်လျက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘုရားသခင်က ဖော်ပြထားခြင်းကြောင့် ဖြစ်သည်။ ၎င်းသည် ဘုရားသခင် ကိုယ်တော်တိုင် ဖော်ပြထားခြင်း ဖြစ်သည်။ ၎င်းမှာ ဘုရားသခင် ကိုယ်တော်တိုင် သူ၏ နှုတ်ကပတ်တော်များ နှင့် သူ၏ အတွင်းသဘောကို ဖော်ပြနေခြင်း ဖြစ်သည်။ ၎င်းတို့ကို စိတ်နှလုံးအကြွင်းမဲ့ဖြစ်သော နှုတ်ကပတ်တော်များဟု အဘယ်ကြောင့် ငါတို့ ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ စိတ်ထဲက ထွက်ပေါ်လာ၍ သူ၏ စိတ်သဘောထား၊ အလိုတော်၊ အတွေးများ၊ လူသားမျိုးနွယ်အပေါ် သူ၏ ချစ်ခြင်းမေတ္တာ၊ လူသားမျိုးနွယ်အပေါ် သူ၏ ကယ်တင်ခြင်း နှင့် လူသားမျိုးနွယ်အပေါ် သူ၏ မျှော်မှန်းချက်များကို ဖော်ပြနေခြင်းကြောင့် ဖြစ်သည်...ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ပြင်းထန်သော နှုတ်ကပတ်တော်များ၊ ညင်သာပြီး ညှာတာသော နှုတ်ကပတ်တော်များ ရှိပြီး မျက်စိဖွင့်ပေးသည့် ရက်စက်သော နှုတ်ကပတ်တော်အချို့ ရှိသည်။ အကယ်၍ သင်သည် မျက်စိဖွင့်ပေးသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်သည် အတော်အတန် ခက်ထန်သည်ဟု သင် ခံစားရမည်။ အကယ်၍ သင်သည် ညင်သာသော နှုတ်ကပတ်တော်များကိုသာ ကြည့်ပါက ဘုရားသခင်၌ သြဇာအာဏာ သိပ်မရှိသကဲ့သို့ ထင်ရသည်။ ထို့ကြောင့် သင်သည် အခြေအနေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဤအရာကို နားလည်ခြင်း မရှိစေရ။ သင်သည် ၎င်းကို ထောင့်တိုင်းမှ ကြည့်ရမည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် ညင်သာပြီး ကရုဏာကြီးမားသော ရှုထောင့်မှ ပြောသဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူတို့ မြင်ကြသည်၊ တစ်ခါတစ်ရံ သူသည် တင်းကျပ်သော ရှုထောင့်မှ ပြောသဖြင့် လူတို့သည် ဘုရားသခင်၏ ပြစ်မှား၍မရသော စိတ်သဘောထားကို မြင်ကြရခြင်း ဖြစ်သည်။ လူသားသည် မနှစ်မြို့ဖွယ်ကောင်းအောင်ပင် ညစ်ညမ်းပြီး ဘုရားသခင်၏ မျက်နှာကို မြင်တွေ့ရန် နှင့် ဘုရားသခင် ရှေ့သို့ လာရန် မထိုက်တန်ပေ။ လူတို့သည် ယခုအခါ ဘုရားသခင် ရှေ့သို့ လာခြင်းမှာ ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ကြောင့်သာ ဖြစ်သည်။ ဘုရားသခင်၏ အမှုပြုပုံပြုနည်း နှင့် သူပြုသောအမှု၏ အဓိပ္ပာယ်မှတစ်ဆင့် ဘုရားသခင်၏ ဉာဏ်ပညာကို မြင်နိုင်သည်။ လူတို့သည် ဘုရားသခင် နှင့် ထိတွေ့ဆက်သွယ်ခြင်း မရှိသော်ငြားလည်း ၎င်းတို့သည် ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ မြင်နိုင်သည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း”) ဘုရားသခင်၏ နူတ်ကပတ်တော်တို့ကြောင့် ကျွန်တော်သည် အလင်းကို ရုတ်တရက် မြင်လာရသည်။ ဘုရားသခင်၏ နူတ်ကပတ်တော်တို့သည် ဘုရားသခင် ကိုယ်တော်တိုင်ကို ကိုယ်စားပြုသည်၊။ ဘုရားသခင်၏ နူတ်ကပတ်တော်တို့သည် ဘုရားသခင် ကိုယ်တော်တိုင်၏ အသက်တာ၊ သူ၏စိတ်သဘောထားထုတ်ဖော်ပြသမှု၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ဖြစ်ပြီး ဤအရာတို့ သည် ဘုရား၏ အသက်တာအနှစ်သာရကို အလုံးစုံ ကိုယ်စားပြုနေသည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်မှ ဖော်ထုတ်ပြသသည့် အရာများမှာ နှုတ်ကပတ်တော်နှင့် မိန့်မြွက်ချက်များကို အသုံးပြုဖော်ပြသည့် ဘုရားသခင်၏ အသက်တာတို့ပင်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ကြီးမြတ်သည့်ဘုန်းတန်ခိုး၊ ဘုရားသခင်၏ သာလွန်မှု၊ နှိမ့်ချမှု၊ ပုန်းကွယ်မှု နှင့် နှစ်လိုဖွယ်ကောင်းခြင်းတို့ကို လူတို့အား မြင်စေသည်။ ထို့အပြင် ဘုရားသခင်၏ ဝမ်းမြောက်မှု၊ ဝမ်းနည်းမှုကို နားလည်စေပြီး ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိစေသည်။ ထို့ကြောင့် လူသားတို့သည် ဘုရား၏ အသံကို ကြားပြီး ဘုရား၏ နူတ်ကပတ်တော်တွေကို ဖတ်ရသည့်အခါတွင်၊ ဘုရားကို မြင်ရသကဲ့သို့ပင်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲတွင် ယောဘပြော ခဲ့သလိုပင်။ “သီတင်းတော်ကို အကျွန်ုပ်သည် နားနှင့် ကြားဘူးပါပြီ။ ယခုမူကား ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။” ( ယောဘဝတ္တု ၄၂:၅) ကျွန်တော်သည် ဘုရားသခင်၏ နူတ်ကပတ်တော်တို့ကို အလွန် စိတ်ထက်သန်စွာ ဖတ်ပြီး ခံစားမည်ဆိုလျှင် ကျွန်တော် သူ့ကို တကယ်ပဲ သိလာနိုင်မည်ဟုဆိုလိုပုံရသည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ နူတ်ကပတ်တော်တို့မှ ဖယ်ခွာပြီးလျှင် လူ့ဇာတိခံယူထားသည့် ဘုရားကိုသာ မြင်မည်ဆိုလျှင် သူတို့သည် ဘုရားသခင်အား အပြည့်အဝသိနိုင်ပါမည်လော။ သခင်ယေရူ ပေါ်လာပြီးလျှင် သူ၏အမှုကို လုပ်ဆောင်ခဲ့သော အချိန်ကို ပြန်စဉ်းစားကြည့်လျှင်၊ သခင်ယေရူကို မြင်ခဲ့ရသူ ထောင်ပေါင်များစွာ ရှိခဲ့ပါသည်။ သို့သော် သူ့အား အမှန်တကယ်သိခဲ့သူ ဘယ်နှစ်ယောက်ရှိသနည်း။ ထိုအချိန်က ဖာရိရှဲများပါ သခင်ယေရူကို မြင်ခဲ့ကြသည်မဟုတ်လော။ ဤသို့ဆိုလျှင် သူတို့သည် ကိုယ်တော်ကို အဘယ်ကြောင့် ကားတိုင် တင်ခဲ့ကြသနည်း။ သူတို့ သမ္မာတရားကိုမုန်းတီးပြီး ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကို နားမထောင်ခဲ့ကြသော ကြောင့်မဟုတ်လော။ သူတို့၏ ကိုယ်ပိုင် စိတ်ကူးထင်မြင်မှုများ၊ အယူအဆများကိုသာ ခေါင်းမာစွာ စွဲကိုင်ထားခဲ့ကြသောကြောင့် မဟုတ်လော။ တစ်ဘက်တွင် ပေတရုက သခင်ယေရူကို သိခြင်း ဉာဏ်ပညာအစစ်အမှန်ကို သိနိုင်စွမ်းရှိခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူက သခင့်၏ နူတ်ကပတ်တော်တို့ကို အနီးကပ် နားထောင်နိုင်ခဲ့ပြီး သူ မြွက်ဆိုခဲ့သည့် စကားလုံးတိုင်း စာကြောင်းတိုင်းကို ချင့်ချိန်စဉ်းစားသည့်နေရာတွင် တော်ခဲ့၍ ဖြစ်သည်။ သခင်ယေရူ၏ မြွက်ဆိုချက်များနှင့် လုပ်ဆောင်မှု ကနေတဆင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သူသိရပြီးလျှင်၊ နောက်ဆုံးမှ ဘုရားကို သိခြင်း ဉာဏ်ပညာအစစ်အမှန်ကို သူ ရခဲ့သည်။ ဤအချက်များက ရှင်းလင်းသိသာစေသည်။ ထို့အပြင် အကယ်၍ တစ်ယောက်ယောက်က ဘုရားကို သိချင်လျှင် ၊ ဤအချက်သည် ခရစ်တော်ကို မြင်နိုင်ခြင်း၊ မမြင်နိုင်ခြင်း အပေါ်တွင်သာ အလုံးစုံမူတည်ခြင်း မဟုတ်ပေ။ သူတို့ သမ္မာတရားကို ချစ်ခြင်းရှိမရှိ အပေါ်တွင်သာ မူတည်နေသည်။ အကယ်၍ သူတို့သည် သမ္မာတရားကို တကယ်ပဲ မြတ်နိုးသည်ဆိုလျှင် သူတို့ သခင်ယေရူ၏မျက်နှာတော်ကို မမြင်ဖူးသည့်တိုင် ဘုရားအသံကို နားထောင်ခြင်းမှတစ်ဆင့် ဘုရားကို သိလာနိုင်ပါသေးသည်။ အကယ်၍ သူတို့သည် သမ္မာတရားကို မြတ်နိုးခြင်းမရှိလျှင်၊ သူတို့ ခရစ်တော်၏ မျက်နှာကို မြင်ဖူးလျှင်တောင်မှ ဘုရားကို သိဖို့ရန်အတွက် သူတို့အတွက် ခက်ခဲနေပါသေးသည်။ သူတို့သည် ခရစ်တော်ကိုပင် သာမန်လူသားအဖြစ် ဆင်ခြင် ကြည့်ရူကြပြီး ခရစ်တော်ကို အာခံ၊ သစ္စာဖောက်ကြမည် ဖြစ်ပါသည်။

ကျွန်တော့်တွင် ရှိဖူးခဲ့သည့် ယုတ္တိမရှိလွန်းသော စဉ်းစားဆင်ခြင်မှုကို ကျွန်တော် တွေးမိလေလေ ကျွန်တော်၏ ကလေးဆန်မှု၊ မိုက်မဲမှု၊ အသုံးမကျမှုကို ခံစားမိလေလေ ဖြစ်ပါသည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ ဘုရားသခင်၏ နူတ်ကပတ်တော်ကို ကျွန်တော့်လက်တွင် စွဲကိုင်ထားပြီး၊ ဘုရားသခင်၏ နူတ်ကပတ်တော်ကို ဖတ်ရှုပြီး၊ ဘုရားသခင်၏ နူတ်ကပတ်တော်ကို ခံစားသည်။ သို့ရာတွင် ဘုရားသခင်ကို သိဖို့အခွင့်အရေးကောင်းကိုမူ လက်လွတ်ခံပြီး ဝင်ရောက်ခြင်းမရှိခဲ့ပေ။ ဤသို့မပြုလုပ်ဘဲ ကျွန်တော်သည် ထင်မြင်ချက်များ၊ အယူအဆများဖြင့် အသက်ရှင်နေထိုင်ခဲ့သည်။ အခြေအနေအပေါ်တွင် စောဒကတက်ပြီး ၊ ခရစ်တော်၏ မျက်နှာကို မြင်မှသာ ဘုရားသခင်ကို သိနိုင်မည်ဟု တွေးတောနေခဲ့သည်။ ကျွန်တော်သည် နားလည်သဘောပေါက် ခြင်းမရှိပဲ တကယ်ပင် ကောင်းချီးနှင့် ပြည့်စုံသော ဘဝတွင် နေထိုင်နေခဲ့ရခြင်းဖြစ်သည်။ ဤနေ့မှစပြီး ကျွန်တော် ဘုရားသခင်၏ နူတ်ကပတ်တော်ကို ပို၍ဖတ်မည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ချင့်ချိန်ပြီး ကိုယ်တော်၏ ဝမ်းမြောက်ခြင်းများ၊ ဝမ်းနည်းခြင်းများကို ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကနေတဆင့် နားလည်ရန် ရှာဖွေမည်။ ပြီးလျှင် ကိုယ်တော်၏ ချစ်ခင်ဖွယ်ရာ ကောင်းခြင်းကို ပို၍ရှာဖွေမည်။ ဤသို့ဆိုလျှင် ကျွန်တော်၏ ဘုရားသခင်ကို သိခြင်း ဉာဏ်ပညာက ပိုမိုနက်ရှိုင်းလာမည်ဖြစ်သည်။

ယခင်က:ဘုရားသခင်၏မိခင်ကဲ့သို့သောနှလုံးသားကို မည်သူသိနိုင်မည်နည်း

နောက်တစ်ခုသို့:ဘုရား၏ နှုတ်ကပတ်တော်များက ကျွန်တော့် အယူအဆများကို ဖယ်ရှားသည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ