အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၆၀၆ လူတို့သည် မိမိတို့၏စိတ်နှလုံးများကို ဘုရားသခင်ထံ မပေးအပ်ကြကျူး

၁ ငါသည် တစ်ရက်ပြီးတစ်ရက် စကြဝဠာအပေါ်တွင် ရပ်လျက်လေ့လာနေကာ လူ့ဘဝကို တွေ့ကြုံခံစားရန် ငါကျိန်းဝပ်ရာအရပ်၌ ငါ့ကိုယ်ငါ ကျိုးနွံစွာ ကွယ်ဝှက်ထား၍ လူသား၏ လုပ်ဆောင်ချက်တိုင်းကို အနီးကပ် လေ့လာနေ၏။ မည်သူမျှ ကိုယ့်ကိုယ်ကိုယ် စစ်မှန်စွာ ငါ့အား ဆက်ကပ်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ မည်သည့်အခါမျှ သမ္မာတရားနောက် လိုက်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့အတွက် တာဝန်ကျေပွန်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့အတွက် သံန္နိဋ္ဌာန်ချမှတ်၍ သူ၏တာဝန်ကို ထမ်းဆောင်ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ ငါ့ကို ၎င်း၏အတွင်း ကျိန်းဝပ်ခွင့်မပြုခဲ့ဖူးချေ။ မည်သူမျှ သူကိုယ်တိုင်၏ အသက်ကို တန်ဖိုးထားသမျှ ငါ့ကို တန်ဖိုးထားခဲ့ခြင်း မရှိပေ။ လက်တွေ့ကျသောအမှန်တရားတွင် မည်သူမျှ ငါ၏ဘုရားသဘောသဘာဝ တစ်ရပ်လုံးကို တွေ့ခဲ့ဖူးခြင်း မရှိပေ။ မည်သူမျှ လက်တွေ့ကျသော ဘုရားသခင်ကိုယ်တိုင်နှင့် ထိတွေ့နေရန် လိုလိုလားလား မရှိခဲ့ဖူးချေ။

၂ အဘယ်ကြောင့်ဆိုသော် သူ၏ ညစ်ညူးခြင်း၌ လူသည် ငါ၏ဘုန်းကို မျှော်ကြည့်ရန် မထိုက်တန်သောကြောင့် ဖြစ်သည်၊ နှစ်ပေါင်း ထောင်ချီတိုင်အောင် ငါသည်ထင်ရှားခဲ့ခြင်း မရှိပဲ၊ သိုဝှက်၍ နေခဲ့သောကြောင့် ဖြစ်သည်။ ဤအချက်ကြောင့်ပင် ငါ၏ဘုန်းသည် လူသားမျိုးနွယ်၏ ရှေ့တွင် မည်သည့်အခါကမျှ မထင်ရှားခဲ့ဖူး၊ လူသည်လည်း အမြဲပင် အပြစ်၏ နက်ရှိုင်း သော တွင်းနက်ကြီးထဲတွင် နစ်မြှုပ်လျက်သာ နေခဲ့ရသည်။ ငါသည် လူသားမျိုးနွယ်၏ မဖြောင့်မတ်မှုများကို ခွင့်လွှတ်ခဲ့ပြီး ဖြစ်သော်လည်း၊ သက်ရှိလူသားများသည် ၎င်းတို့ကိုယ်၎င်း မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက် ရမည်ကို မသိချေ၊ ထိုအစားသူတို့သည် ၎င်းတို့ကိုယ်၎င်း အပြစ်၏ရှေ့တွင် ပွင့်လျက်သား ချထားလျက် ရှိကြပြီး၊ အပြစ်မှ ၎င်းတို့ကို ထိခိုက်နိုင်စေရန် အခွင့်ပေးလေသည်။ ဤသည်မှာ လူ၏ မိမိကိုယ်ကို လေးစားခြင်းနှင့် မိမိကိုယ်ကို ချစ်ခြင်းတို့ ကင်းမဲ့နေခြင်းပင် မဟုတ်လော။ လူသားမျိုးနွယ် အကြားတွင် စစ်မှန်စွာ ချစ်နိုင်သောသူ မည်သူရှိသနည်း။ လူ၏ ဆက်ကပ်အပ်နှံခြင်းသည် အောင်စမည်မျှလောက် လေးသနည်း။ သင်၏ စစ်မှန်မှုဟုခေါ်သော အရာထဲတွင် မတရားသောအရာများ ရောပါ၍နေသည် မဟုတ်လော။ သူ၏ ဆက်ကပ်အပ်နှံခြင်းသည် ရောကောသောကောများနှင့်သာ လုံးလုံး ပေါင်းစပ်ထားသည် မဟုတ်လော။ ငါလိုအပ်သည့် အရာမှာ လူ၏ မမှိတ်မသုန်သော ချစ်ခြင်းပင် ဖြစ်၏။ လူသည် ငါ့ကို မသိကျွမ်း၊ သူသည် ငါ့အား သိကျွမ်းရန် အလို့ငှာ ရှာဖွေသော်လည်း၊ သူ၏ စစ်မှန်၍ လေးနက်ထက်သန်သော နှလုံးသားကို ငါ့အား ပေးလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၉” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:အမြော်အမြင်ရှိလျက် ဘုရားစီမံပေးမှုအားလုံးကို နာခံလော့ကျူး

နောက်တစ်ခုသို့:ဘုရား၏အလင်းတော်ကြွလာခြင်းကို မည်သူလွတ်မြောက်နိုင်သနည်းကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ