၆၀၃ ဘုရား၏တည်ရှိမှုကို လူတို့သည် အရေးမစိုက်ကြကျူး
၁ နေ့စဉ် ငါသည် စကြဝဠာ၏ မျက်နှာကိုကြည့်၍ နေ့စဉ် ငါသည် လူသားအကြား ငါ၏အမှုအသစ်ကို လုပ်ဆောင်၏။ သို့ရာတွင် လူတို့အားလုံးသည် “ကိုယ်ကျိုးမငဲ့ဘဲ လုပ်ကိုင်နေကြ၍” မည်သူမျှ ငါ့အမှု၏လှုပ်ရှားမှုနှင့် အင်အားများကို အလေးဂရုပြုခြင်း သို့မဟုတ် ၎င်းတို့ထက်ကျော်လွန်၍ အခြေအနေများကို ဂရုပြုခြင်းတို့မရှိပေ။ ဤသည်မှာ လူတို့သည် ၎င်းတို့ကိုယ်တိုင်ပြုလုပ်ထားသော ကောင်းကင်အသစ်နှင့် မြေကြီးအသစ်တို့တွင် နေထိုင်၍ အခြားမည်သူကမျှ အနှောင့်အယှက်ပေးသည်ကို မလိုလားသည့်အလား ဖြစ်၏။ ၎င်းတို့အားလုံးသည် ၎င်းတို့ကိုယ်တိုင် ပျော်ပါးနေခြင်းအလုပ်ကိုသာ လုပ်ကိုင်ကြလျက် “ကာယလေ့ကျင့်ခန်းများ” လုပ်ရင်း ၎င်းတို့အားလုံး ကိုယ့်ကိုယ်ကိုယ်ချီးမွမ်းနေကြ၏။ လူသား၏နှလုံးသား၌ အကယ်ပင် ငါ့နေရာတစ်ခုမျှ မရှိသလော။ ငါသည် လူသား၏နှလုံးသားကို အုပ်စိုးသူဖြစ်နိုင်စွမ်း အကယ်ပင်မရှိသလော။ လူသား၏ဝိညာဉ်သည် သူ့အား အကယ်ပင် ထားရစ်ခဲ့ပြီလော။ ငါ၏နှုတ်မှ နှုတ်ကပတ်တော်များကို မည်သူသည် သေချာစွာ တွေးဆခဲ့ဖူးသနည်း။ ငါ့နှလုံးသား၏ဆန္ဒကို မည်သူသည် သိမြင်ခဲ့ဖူးသနည်း။ အခြားအရာတစ်ခုသည် လူသား၏နှလုံးသားကို အကယ်ပင် သိမ်းပိုက်ခဲ့ပြီလော။ ငါသည် လူသားအား ကြိမ်ဖန်များစွာ အော်ခေါ်ခဲ့သော်လည်း ကရုဏာရှိသူ တစ်စုံတစ်ဦး ရှိခဲ့ဖူးသလော။
၂ ကြိမ်ဖန်များစွာ ငါသည် လူသားအပေါ် စိတ်ပျက်ခဲ့ရ၏၊ ကြိမ်ဖန်များစွာ ငါသည် သူ၏ညံ့ဖျင်းသောဆောင်ရွက်မှုကြောင့် ဒေါသအမျက်ထွက်သွားခဲ့ရ၏၊ ထို့အပြင် ကြိမ်ဖန်များစွာ ငါသည် သူ၏အားနည်းမှုကြောင့် စိတ်ထိခိုက်ခဲ့ရ၏။ လူသား၏နှလုံးသားတွင် ငါသည် အဘယ်ကြောင့် ဝိညာဉ်ပိုင်းဆိုင်ရာခံစားချက်ကို နှိုးဆော်ခြင်းမပြုသနည်း။ လူသား၏နှလုံးသားတွင် ငါသည် အဘယ်ကြောင့် ချစ်ခြင်းမေတ္တာကို မလှုံ့ဆော်သနည်း။ လူသားသည် ငါ့အား အဘယ်ကြောင့် သူ၏လည်ဆွဲဒါလီအဖြစ် ဆက်ဆံရန် လိုလိုလားလားမရှိသနည်း။ လူသား၏နှလုံးသားသည် သူ၏ကိုယ်ပိုင်နှလုံးသား မဟုတ်သလော။ သူ၏ဝိညာဉ်တွင် အခြားအရာတစ်ခုသည် ဝင်ရောက်နေထိုင်ခဲ့ပြီလော။ လူသားသည် အဘယ်ကြောင့် မရပ်တမ်းငိုကြွေးသနည်း။ သူသည် အဘယ်ကြောင့် စိတ်မချမ်းမြေ့နေသနည်း။ သူဝမ်းနည်းသည့်အခါ သူသည် ငါ၏တည်ရှိမှုကို အဘယ်ကြောင့် လျစ်လျူရှုသနည်း။ ငါသည် သူ့အား ဓားနှင့်ထိုးသလော။ ငါသည် သူ့အား တမင်စွန့်ခွာထားရစ်ခဲ့ပြီလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၅” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။