အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၉။ ရှေးကာလကတည်းက စစ်မှန်သောလမ်းသည် အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသနည်း။

၁) တရုတ် ကွန်မြူနစ် အစိုးရသည် အဘယ်ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်၊ ဖိနှိပ်ပြီး ဖြိုခွင်းသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ဤလူမျိုးသည် ဆိုးညစ်သောအမျိုး ဖြစ်၏။” (လု ၁၁:၂၉)

လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိကြ၏။” (၁ ယော ၅:၁၉)

“အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည် တို့ကို နှိပ်စက်သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။ သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါ တက် မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်။ မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိ လေပြီ။” (ဟေရှာ ၁၄:၁၂-၁၄)

ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။ ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ချလိုက်ကြ၏။” (ဗျာ ၁၂:၇-၉)

ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။” (ဗျာ ၁၂:၁၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဤအချက်များကို ကြည့်ပါ။ ကမ္ဘာမြေကြီး မတည်ရှိခင်တုန်းက ကောင်းကင်တမန်မင်းသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန်တို့၏ အကြီးမြတ်ဆုံးဖြစ်သည်။ သူသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန် အားလုံးအပေါ်မှာ တရားစီရင်ပိုင်ခွင့် ရှိသည်။ ဤအရာသည် ဘုရားသခင် ပေးအပ်ထားသည့် အခွင့်အာဏာဖြစ်သည်။ ဘုရားသခင်ကို ခြွင်းချက်ထားလျှင် သူသည် ကောင်းကင်ဘုံမှာရှိသည့် ကောင်းကင်တမန်များ အားလုံးထဲမှာ အကြီးမြတ်ဆုံးဖြစ်သည်။ နောက်ပိုင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အခါ ကောင်းကင်တမန်မင်းသည် ကမ္ဘာပေါ်၌ ဘုရားသခင်ကို ကြီးမားစွာ သစ္စာဖောက်ခြင်းအမှုကို ပြုခဲ့သည်။ ဘုရားသခင်ကို သစ္စာဖောက်သည်ဟု အဘယ်ကြောင့် ငါပြောရသနည်းဆိုလျှင် သူသည် လူသားမျိုးနွယ်ကို အုပ်ချုပ်လိုပြီး ဘုရားသခင်၏ အခွင့်အာဏာထက် သာလွန်လိုခဲ့သည်။ ဧဝကို အပြစ်လုပ်မိစေဖို့ သွေးဆောင်ခဲ့သူက ကောင်းကင်တမန်မင်းပင်။ ကမ္ဘာမှာ သူ၏နိုင်ငံကို တည်ထောင်လိုပြီး လူသားမျိုးနွယ်သည် ဘုရားသခင်ကို သစ္စာဖောက်ကာ သူ၏စကားကိုသာ လိုက်နာစေလိုသောကြောင့် ဤကဲ့သို့ လုပ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏စကားကို အားလုံးက လိုက်နာသည်ကို သူတွေ့မြင်ခဲ့ရသည်။ ကောင်းကင်တမန်များက လိုက်နာသည်။ ကမ္ဘာမှာရှိသည့် လူများကလည်း လိုက်နာသည်။ ငှက်များနှင့် သားရဲများ၊ သစ်ပင်များ၊ တောအုပ်များ၊ တောင်များ၊ မြစ်များနှင့် ကမ္ဘာမှာရှိသည့် အရာခပ်သိမ်းသည် အာဒံနှင့် ဧဝတို့ဖြစ်သည့် လူသား၏ လက်အောက်မှာ ရှိနေသည်။ အာဒံနှင့် ဧဝကလည်း လိုက်နာသည်။ ထို့ကြောင့် ကောင်းကင်တမန်မင်းသည် ဘုရားသခင်၏ အခွင့်အာဏာကို သာလွန်အောင်ပြုလုပ်ဖို့နှင့် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းမှာ သူသည် ကောင်းကင်တမန်အများအပြားကို ဘုရားသခင်အား ပုန်ကန်စေဖို့ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းမှာ ဤကောင်းကင်တမန်များသည် မသန့်ရှင်းသည့် ဝိညာဉ်ဆိုးများ ဖြစ်လာခဲ့သည်။ ယနေ့ထိ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုများသည် စာတန်၏ ဖျက်ဆီးမှုကြောင့် ဖြစ်လာသည် မဟုတ်ပေဘူးလား။ ကောင်းကင်တမန်မင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီး လူသားမျိုးနွယ်ကို ဖျက်ဆီးခဲ့သည့်အတွက် လူသားမျိုးနွယ်သာ တစ်ခုတည်းသော လမ်းခရီးဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ် တစ်ရပ်လုံးသည် လက်ရှိအချိန်အထိ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာပုံကို သင်သိသင့်သည်” မှ

ဘုရားသခင်က အမှုပြု၏၊ လူကို သူစောင့်ရှောက်သည်၊ လူကို သူစစ်ကြောသည်။ စာတန်မူကား ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာလိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်ကလည်း နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ အကယ်၍ ဘုရားသခင်က ထိုပုဂ္ဂိုလ်ကို အလိုရှိလျှင် စာတန်က ဘုရားသခင်ကို နှောင့်ယှက်ရန် သူအစွမ်းရှိသမျှ လုပ်ဆောင်ပါလိမ့်မည်။ သူ၏ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်ကို ရရှိရန် ဘုရားသခင်ပြုသော အမှုကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးဖို့ရန်နှင့် သွေးဆောင်ဖို့ရန် မကောင်းသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ အဘယ်အရာနည်း။ သူသည် ဘုရားသခင်ကို ဘယ်သူ့ကိုမျှ မရစေချင်ပါ။ သူ့ကို ကိုးကွယ်စေရန်၊…ဘုရားသခင် အလိုရှိသောသူမှန်သမျှ သူလိုချင်၏၊ သူတို့တွေကို သူနေရာယူချင်သည်၊ ချုပ်ထိန်းချင်သည်။ ဤသည်မှာ စာတန်၏ ဘေးပြုတတ်သော စေ့ဆော်ချက် မဟုတ်လော။...စာတန်က ဘုရားသခင်နောက်ကို နောက်ယောင်ခံလိုက်ရင်း သူနှင့်စစ်ဆင်နွှဲနေသည်။ သူ၏ရည်ရွယ်ချက်မှာ ဘုရားသခင် ပြုလိုသည့် အမှုမှန်သမျှကို ဖြိုချရန်၊ ဘုရားသခင် အလိုရှိသော သူများကို သိမ်းပိုက်ရန်နှင့် ချုပ်ကိုင်ရန်၊ ဘုရားသခင် အလိုရှိသောသူများကို အပြီးတိုင် ကွယ်ပျောက်စေရန် ဖြစ်သည်။ အကယ်၍ သူတို့က မကွယ်ပျောက်ပါက စာတန်၏အသုံးပြုခြင်းကို ခံရရန် သူပိုင်ဆိုင်သောသူ ဖြစ်လာသည်။ ဤသည်မှာ သူ၏ရည်ရွယ်ချက်ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၄)” မှ

အဆင်းနီသော နဂါးကြီး၏ သရုပ်သကန်များမှာ ငါ့အားခုခံခြင်း၊ ငါ့နှုတ်ကပတ်တော်များ၏အဓိပ္ပါယ်ကို နားလည်သဘောပေါက်နိုင်စွမ်းမရှိခြင်း၊ ငါ့အား မကြာခဏ ဖိစီးနှိပ်စက်ပြီး ငါ့စီမံခန့်ခွဲမှုအား နှောင့်ယှက်ရန်အလို့ငှာ စီမံချက်များကို အသုံးပြုရန် ကြိုးစားခြင်းတို့ဖြစ်သည်။...ငါပြောသော အဆင်းနီသော နဂါးကြီးသည် ကြီးမားသော အနီရောင် နဂါးကြီးမဟုတ်၊ ဤသို့ဖြစ်မည့်အစား ၄င်းသည် ငါ့အား ဆန့်ကျင်သောဝိညာဉ်ဆိုးအား “အဆင်းနီသော နဂါးကြီး” အဖြစ် ပမာပြုသုံးနှုန်းထားခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ရှေးဟောင်းယဉ်ကျေးမှုနှင့် ပတ်သက်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးယူသွားခဲ့ပြီး လူသားကို မာရ်နတ်တို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်ခဲ့သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်း ငါးကျမ်းတို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီး ထိုစာအုပ်များနှင့် ဂန္တဝင်ကျမ်းတို့ကို ရေးခဲ့သော သူများကို တိုး၍ကိုးကွယ်စေကာ ဘုရားသခင်နှင့် ပတ်သက်သည့် လူသားတို့၏ အယူအဆများကို တိုးစေခဲ့သည်။ မာရ်နတ်တို့၏ ရှင်ဘုရင်သည် လူသား၏ နှလုံးသားကို အားရဝမ်းသာ သိမ်းပိုက်နေစဉ် ၎င်းသည် အကြင်နာမဲ့စွာဖြင့် ဘုရားသခင်ကို လူသား၏ နှလုံးသားထဲမှ လူသားတို့ သတိပြုမိခြင်း မရှိဘဲနှင့် ပထုတ်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ လူသားသည် မာရ်နတ်တို့ ရှင်ဘုရင်၏ မျက်နှာရှိသည့် အကျည်းတန်ကာ ကောက်ကျစ်သော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်းတို့၏ ရင်ဘတ်များကို ဖြည့်လေပြီး မာရ်နတ်တို့ ရှင်ဘုရင်၏ မလိုမုန်းထားမှုသည် လူသားအထဲ၌ တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့သည်မှာ လူသားသည် လုံးဝဥဿုံ ဝါးမြိုခံခဲ့ရသည်အထိ ဖြစ်သည်။ လူသားသည် လွတ်လပ်မှု မရှိတော့ဘဲ မာရ်နတ်တို့ ရှင်ဘုရင်၏ ကျော့ကွင်းမှ လွတ်မြောက်ရန် တတ်နိုင်ခြင်း မရှိတော့။ ထို့ကြောင့် လူသားသည် မရွေ့ဘဲရှိနေရုံသာ တတ်နိုင်ပြီး ဖမ်းဆီးခံရကာ မာရ်နတ်တို့၏ ရှင်ဘုရင်ကို အညံ့ခံ၍ ၎င်း၏ လက်အောက်ခံဘဝ ရောက်ရှိခဲ့ရသည်။ ၎င်းသည် ကြာမြင့်စွာကတည်းက လူသား၏ နုပျိုသော နှလုံးသား အတွင်းထဲ၌ ဘုရားမဲ့ဝါဒီဟူသော အကျိတ်၏ အစေ့ကို ပျိုးချခဲ့ပြီး လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူခြင်း၊ ခေတ်မီရေး လေးချက်ကို အကောင်အထည်ဖော်ခြင်း၊ လောကကြီး၌ ဘုရားသခင်ဟူသည် မရှိ” စသည်ကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်သည်။ ထိုမျှ သာမကဘဲ အားလုံးကို မိမိနိုင်ငံအတွက် အမှုထမ်းရန် ကလေးဘဝတည်းမှ အသင့်ရှိနေရန် တောင်းဆိုလျက် ၎င်းသည် “ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှု မှတစ်ဆင့် လှပသော ဇာတိမြေကို တည်ဆောက်ကြပါစို့” ဟုလည်း ထပ်ဖန်တလဲလဲ ကြွေးကြော်ခဲ့သည်။ လူသားသည် မရည်ရွယ်ပါဘဲနှင့် ၎င်း၏ရှေ့မှောက်သို့ ယူဆောင်ခြင်း ခံရပြီး (ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်တော်ထဲ၌ ကိုင်ထားခြင်းကို ရည်ညွှန်းလျက်) ၎င်းသည် မဆိုင်းမတွပင် မိမိကိုယ်ကိုယ် ဂုဏ်တင်ခဲ့လေသည်။ ၎င်းသည် တစ်ကြိမ်တစ်ခါမျှပင် မရှက်ခဲ့ဖူး သို့မဟုတ် အရှက်တရား မရှိခဲ့ပေ။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ လူတို့ကို ၎င်း၏အိမ်ထဲသို့ အရှက်မရှိ ဖမ်းသွားချုပ်ထားပြီး မိမိမှာမူ စားပွဲပေါ်သို့ ကြွက်တစ်ကောင်လေအလား ခုန်တက်ကာ မိမိအား ဘုရားသခင်အဖြစ် လူသားကို ကိုးကွယ် စေလေသည်။ ၎င်းသည် ထင်ရာစိုင်း ရမ်းကားသူပင် ဖြစ်တော့သည်။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများကြောင့် ဖြစ်သည်၊ မိုးသည် ရေငွေ့ဖွဲ့၍ မိုးစက်များအဖြစ် ကမ္ဘာမြေကြီးသို့ ကျလာသော အစက်များပင်ဖြစ်သည်၊ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများ ကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်း ဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်၌ အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ထိုအရာများမှာ သဘာဝဖြစ်စဉ်များ ဖြစ်သည်။ အဘယ်အပိုင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်သနည်း၊” ဟူသည့် တုန်လှုပ်ဖွယ် မကောင်းသတင်းများကို ဟစ်ကြော်လေသည်။ ၎င်းသည် “လူသားမှာ ရှေးမျောက်ဝံများမှ ဆင်းသက်လာပြီး ယနေ့လောကကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ကုဋေတစ်ရာခန့်က ရှေးကျသော လူ့အဖွဲ့အစည်းတစ်ခုမှ အဆင့်ဆင့်ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားသည် သို့မဟုတ် ကျရှုံးသည် ဆိုခြင်းမှာ ထိုနိုင်ငံ၏ ပြည်သူများလက်ထဲတွင် မူတည်သည်၊” ဟူသော အရှက်မဲ့သည့် ထုတ်ပြန်ချက်များကိုပင် ကြွေးကြော်သည်က။ နောက်ဘက်တွင် ၎င်းသည်လူသားကို ၎င်းအား နံရံများပေါ်၌ ဇောက်ထိုး ချိတ်ဆွဲစေပြီး ဌာပနာထားရန်နှင့် ကိုးကွယ်ခြင်းခံရရန် စားပွဲများပေါ် တင်စေသည်။ “ဘုရားသခင် မရှိ”ဟု ၎င်းက ဟစ်အော် နေစဉ်၎င်းသည် ၎င်းကိုယ်၎င်း ဘုရားအဖြစ် မှတ်ယူပြီး ဘုရားသခင်ကို ကမ္ဘာ၏ ပြင်ပသို့ မဆုတ်မနစ် တွန်းထုတ်နေသည်။ ၎င်းသည် ဘုရားသခင်၏ နေရာ၌ အစားဝင်ပြီး မာရ်နတ်တို့၏ ရှင်ဘုရင်အဖြစ် ပြုမူသည်။ လုံးဝ ရယ်ဖွယ်ရာပင် ကောင်းတော့သည်။ ၎င်းသည် လူတစ်ယောက်ကို အဆိပ်ရှိသော အမုန်းတရား၏ ဝါးမျိုခြင်းကို ခံရစေသည်။ ဘုရားသခင်သည် ၎င်း၏ ထာ၀ရရန်သူဖြစ်ပြီး ဘုရားသခင်သည် ၎င်းနှင့် ကျေအေး၍မရနိုင်သည့် ပုံပေါ်သည်။ ၎င်းသည် အပြစ်ဒဏ်ပေးခြင်း မခံရသေးဘဲ လွတ်နေဆဲရှိစဉ် ၎င်းသည် ဘုရားသခင်ကို နှင်ထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ ထိုသို့သော မာရ်နတ်တို့၏ ရှင်ဘုရင်ပင် ဖြစ်တော့သည်။ ငါတို့သည် ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်ပြီး ထိုအလုပ်ကို ပျက်စီး၍ လုံးလုံး ဖရိုဖရဲ မဖြစ်မချင်း ၎င်းသည် အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်လိုသည့် အလားဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် ချဉ်းကပ်သည်။ ၎င်း၏ မသတီစရာ မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်း ခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့လျက်၊ ပျက်စီးယိုယွင်းလျက် ရှိပြီး ဆိုးရွားသည့် အတိဒုက္ခထဲ၌ ရှိနေသော်လည်း ၎င်းသည် ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကိုမူ စိတ်လျှော့ခြင်းမရှိသည်မှာ ၎င်းသည် မိမိ၏ နှလုံးသားထဲမှ မုန်းတီးခြင်းကို ဖြေလျှော့နိုင်ရန် ဘုရားသခင်ကို တစ်ကိုက်တည်းနှင့် လုံးလုံးလျားလျား ဝါးမျိုနိုင်ရန် အလိုရှိသည့်အလား ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ နိဂုံးအဆုံးအထိ မာရ်နတ်တို့၏ ရှင်ဘုရင်သည် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်နေခဲ့ပြီး ဘုရားသခင်နှင့် စိတ်သဘောထား ကွဲလွဲစွာ ပြုမူနေခဲ့သည််။ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နှင့် ပတ်သက်သည့် ပြောဆိုဆွေးနွေးခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု၏ အဖိုးထိုက်သော အသိပညာ၊ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ အဆုံးအမများနှင့် ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချ စနစ်ဆန်သော ထုံးတမ်းများ အားလုံးတို့သည် လူသားကို ငရဲထဲသို့ ဆွဲယူသွားသည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့သည်လည်း မည်သည့်နေရာမှာမှ ရှာမတွေ့နိုင်။ ယင်းအစား ဘုရားသခင်၏ အလုပ်ကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖျက်ဆီးရန်အလို့ငှာ ရှေး “မျောက်ဝံများ” မှ ပြန့်ပွားစေခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများ သက်သက်ကိုသာ အသားပေး သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် နှိပ်စက်ခဲ့သည်သာမကဘဲ ၎င်းသည် လူသားကို လုံးလုံးလျားလျား ဝါးမျိုခြင်းငှာ ဆန္ဒရှိသည်။ ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များကို သင်ကြားခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို ကြာရှည်စွာ ကူးစက်စွဲကပ် နေခဲ့ပြီး လူသားကို မာရ်နတ် အကြီးနှင့် အသေးများအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဘုရားသခင်ကို မဆိုင်းမတွ လက်ခံပြီး ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရရွှင်လန်းစွာနှင့် ကြိုဆိုကြမည့် လူအနည်းငယ်သာ ရှိသည်။ လူသား၏ မျက်နှာသည် လူသတ်မှုနှင့် ပြည့်နှက်နေပြီး အရပ်ခပ်သိမ်း၌ မရဏ တရားသည် လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤကုန်းမြေမှ နှင်ထုတ်ရန် ကြိုးစား ကြသည်၊ လက်ထဲတွင် ဓားမြောင်များနှင့် ဓားရှည်များနှင့်အတူ ၎င်းတို့သည် ဘုရားသခင်ကို သုတ်သင် ပယ်ရှင်းရန်အလို့ငှာ မိမိတို့ကိုယ်မိမိ စစ်ခင်းကျင်းရန် စီစဉ်လေသည်။ ဘုရားသခင်မရှိဟု အစဉ်တစိုက်ပင် သွန်သင်ခြင်းခံရသော လူသားတို့နေရာ အရပ်ဖြစ်သည့် မာရ်နတ်၏ ကုန်းမြေတစ်လျှောက်တွင် ရုပ်တု ဆင်းတုများ ပျံ့နှံ့နေသည်။ ဤကုန်းမြေ၏ အထက်တွင် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့သည် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အလွန်ပင် ထူထဲလှသည့်အတွက် မွန်းကျပ်စေ၏။ မြွေသည် ရစ်လိမ်လျက် ခွေခေါက်သည့်အခါ ထောင်းခနဲထွက်လာသော အနည်အနှစ်တို့၏ အနံ့ဖြစ်ပုံရပြီး ၎င်းအနံ့သည် လူသားမှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ပြင်းထန်လှသည်။ ၎င်းအပြင် ဆိုးညစ်သော နတ်ဆိုးများသည် ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည်ကို သဲ့သဲ့မျှကြားနိုင်ပေသည်။ ထိုအသံသည် ဝေးကွာလှသော ငရဲမှ လာသည့်ပုံရပြီး လူသားသည် ကျောရိုးတစ်လျှောက် မအေးစိမ့်သွားဘဲ မနေနိုင်ပါ။ ဤကုန်းမြေတစ်လျှောက်၌ သက်တံရောင်စုံနှင့် ရုပ်တုဆင်းတုများသည် ပြန့်ကျဲနေပြီး ယင်းသည် ကုန်းမြေတစ်ခုလုံးကို ပြိုးပြက်သော လောကကြီးအဖြစ် ပြောင်းလဲသွားစေကာ၊ ၎င်း၏ ဆိုးညစ်သော အကြံအစည်သည် အောင်မြင်သွားသည့် အလား မာရ်နတ်တို့၏ ရှင်ဘုရင်သည် ၎င်း၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုကို ဆင်ယင်ထားသည်။ ထိုအချိန်အတောအတွင်း လူသားသည် ထိုအရာကို လုံးဝ သတိမထားမိသကဲ့သို့၊ မာရ်နတ်သည် လူသားကို အသိတရားမဲ့ပြီး အရေးနိမ့်လာသည့် အတိုင်းအတာထိတိုင် ယိုယွင်းဖျက်ဆီးခဲ့ပြီး ဖြစ်သည်ကိုလည်း မသိချေ။ ၎င်းသည် ဘုရားသခင်၏ အရာခပ်သိမ်းကို တစ်ချက်တည်းနှင့် ရှင်းရှင်းသုတ်သင်ရန်၊ ဘုရားသခင်ကို နောက်တစ်ဖန် စော်ကားရန်နှင့် လုပ်ကြံသတ်ဖြတ်ရန် အလိုရှိပြီး၊ ဘုရားသခင်၏ အလုပ်ကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြိုးပမ်း၏။ ၎င်းသည် ဘုရားသခင်အား အဆင့်အတန်း တစ်တန်းတည်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်ခဲ့သနည်း။ လူသားတို့အကြား အလုပ်ကို ဘုရားသခင်၏ “ကြားဝင် စွပ်ဖက်ခြင်း” အား ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏မသတီစရာမျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်ရသနည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က နှောင့်ယှက်ရန် ၎င်းသည် အဘယ်သို့ နှင့် ခွင့်ပြုရသနည်း။ အမျက်ဒေါသ ခြောင်းခြောင်းထွက်နေသာ ဤမာရ်နတ်သည် ကမ္ဘာမြေကြီး ပေါ်ရှိ ၎င်း၏ အာဏာလက်ကိုင်ကို ဘုရားသခင်က အစိုးရသွားစေရန် အဘယ်သို့နှင့် ခွင့်ပြုရသနည်း။ အဘယ်သို့နှင့် ၎င်းသည် အရှုံးကို လိုလိုလားလား ဝန်ခံသနည်း။ ၎င်း၏ မသတီစရာ အသွင်အပြင်သည် အဘယ်ရာဖြစ်သည်ကို ဖော်ထုတ်ခြင်းခံခဲ့ရသောကြောင့် ငိုရမလို ရယ်ရမလို ဖြစ်နေကာ ပြောဆိုဖို့ရန် ဧကန်ပင် အခက်တွေ့လှ၏။ ဤသည်မှာ ၎င်း၏ အနှစ်သာရပင် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

နှစ်ပေါင်းထောင်ချီတိုင်အောင် ဤကုန်းမြေသည် ညစ်ညူးခြင်း၏ ကုန်းမြေ ဖြစ်ခဲ့သည်၊ ထိုကုန်းမြေ သည် မခံမရပ်နိုင်လောက်အောင် ညစ်ညမ်းကာ စိတ်ဆင်းရဲမှုနှင့် ပြည့်နှက်နေပြီး တစ္ဆေများသည် နေရာတိုင်းတွင် သောင်းကျန်းနေကြကာ လိမ်လှည်လှည့်ဖြား နေကြ၍ အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက် အကြင်နာတရား ကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ် နေကြ၍ ဤတစ္ဆေမြို့အား နင်းခြေလျက် ယင်းမြို့ကို အသေကောင်များဖြင့် ပြန့်ကျဲနေစေခဲ့သည်။ ယိုယွင်းနေသော အရာ၏ အပုပ်နံ့သည် ကုန်းမြေကို ဖုံးလွှမ်းနေပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့လျက် ရှိကာ၊ ယင်းသည် တင်းကျပ် စွာ စောင့်ကြပ်ခြင်း ခံနေရ၏။ မိုးကောင်းကင်အား လွန်၍ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ မာရ်နတ်သည် လူသား၏ ခန္ဓာကိုယ်တစ်ခုလုံးကို တင်းကျပ်စွာ တုတ်နှောင်ထားပြီး၊ သူ၏ မျက်လုံး နှစ်လုံး စလုံးကို ထုတ်ပစ်ကာ သူ၏နှုတ်ခမ်းများအားလည်း ခိုင်မြဲစွာ စေ့စေ့ ပိတ်ထားလေသည်။ ထိုးဖောက်၍ မရနိုင်သော မာရ်နတ်တို့၏ နန်းတော်လေအလား တစ္ဆေမြို့အပေါ် အနီးကပ် ဆက်လက် စောင့်ကြပ်နေရင်း မာရ်နတ်များ၏ ရှင်ဘုရင်သည် ယနေ့ထက်ထိ နှစ်ထောင်ပေါင်း အချို့တိုင်အောင် သောင်းကျန်းနေခဲ့သည်။ ဤခြံစောင့်ခွေးအုပ်စုသည် ဘုရားသခင်သည် ၎င်းတို့ကို မသိလိုက်သည့်ချိန်မှာ ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးကို သုတ်သင်ပယ်ရှင်းကာ ပျော်ရွှင်ခြင်းနှင့် ငြိမ်သက်ခြင်း၏ နေရာမရှိဘဲ ဖြစ်စေ မည်ကို နက်ရှိုင်းစွာ ကြောက်ရွံ့ နေကြလျက် စူးရဲသော မျက်လုံးများနှင့် စူးစိုက်ကြည့်နေသည်။ ဤတစ္ဆေ မြို့၏ လူများသည် ဘုရားသခင်အား မည်သို့လျှင် မြင်တွေ့ဖူးလိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းကို ခံစားခဲ့ဖူးသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့တွင် အဘယ်သုံးသပ်ချက်တို့ ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလို်ကို နားလည်နိုင်သနည်း။ လူ့ဇာတိခံယူသော ဘုရားသခင်သည် လုံးလုံး ်ကွယ်ဝှက် လျက် ရှိရစ်နေသည်မှာ သိပ်အံ့သြစရာ မဟုတ်ပါချေ။ မာရ်နတ်များသည် သနားကြင်နာခြင်းကင်း၍ လူမဆန်သည့် ဤကဲ့သို့သော အမိုက်မှောင် လူ့အဖွဲ့အစည်းတွင် မျက်စိတစ်မှိတ်အတွင်း လူများကို သတ်သော မာရ်နတ်များ၏ ရှင်ဘုရင် သည် ချစ်ခင်၍ ကြင်နာကာ သန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို အဘယ်သို့လျှင် သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို အဘယ်သို့လျှင် ၎င်းသည် လက်ခုပ်တီး၍ သြဘာပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းနှင့် ပြန်ပေးဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့် စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြသည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဥ်းပန်းနှိပ်စက် ကြသည်၊ ၎င်းတို့သည် အစွန်းရောက်သော အစွန်းရောက်သော လူရိုင်းများ ဖြစ်သည်၊ ၎င်းတို့၌ ဘုရားသခင် အား အလေးထားမှု စိုးစဥ်းမျှပင် မရှိ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ကွယ်ပျောက်ကြပြီး ကြင်နာခြင်း အစအနမျှပင် မရှိဘဲ အပြစ်မဲ့သော သူကို အသိစိတ် မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေးများလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များ လော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြလေသည်။ ၎င်းတို့၏ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်သည့်အနေအထားနှင့် ပရမ်းပတာအနေအထားတွင် ထားခဲ့လေ၏။ ဘာသာရေး လွတ်လပ်ခြင်းလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့ အားလုံးသည် အပြစ်အား ဖုံးကွယ်ဖို့ရန်အတွက် လှည့်စားမှုများပင် ဖြစ်ကြသည်။ ဘုရားသခင်၏ အလုပ်ကို မည်သူ ပံ့ပိုး်ခဲ့ သနည်း။ ဘုရားသခင်၏ အလုပ်အတွက် မည်သူသည် ၎င်းတို့၏အသက်တာကို စွန့်လွှတ်ခဲ့သနည်း၊ သို့မဟုတ် သွေးမြေခခဲ့သနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်တိုင်အောင်၊ မိဘများမှသည် သားသမီးများအထိ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား ခပ်ဆတ်ဆတ်ပင် ကျွန်ပြုခဲ့ကြသည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်း များစွာသော အမုန်းတရားသည် နှလုံးသားထဲတွင် အနယ်ထိုင်နေခဲ့သည်၊ နှစ်ပေါင်းထောင်ချီသော အပြစ်နှင့် ပြည့်နှက်မှုသည် နှလုံးသားထက် တွင် ရေးထွင်းထားလျက်ရှိသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆောဘဲဲရှိနိုင် မည်နည်း။ အပြစ်ပေးသော ဘုရားသခင်သည် မိမိ၏ရန်သူကို အကြွင်းမဲ့ ဇီဝိန်ချုပ်စေပြီး ၎င်းအား ဆက်လက် ၍ သောင်းကျန်းခွင့်မပြုတော့ဘဲ ၎င်းအား စိတ်ရှိသည်အတိုင်း ပြဿနာများ ဖန်တီးခွင့် မပေးတော့ပေ။ ယခုသည် အချိန်ကျပေပြီ။ လူသားသည် ကြာမြင့်စွာ ကတည်းကပင် သူ၏ ခွန်အား အလုံးစုံ ကို စုစည်းခဲ့လေပြီ၊ သူ၏ ကြိုးထုတ်မှု အားလုံးကို ပေးအပ်မြှုပ်နှံခဲ့ကာ အဖိုးအခတိုင်းကို ဤအရာအတွက် ပေးဆပ်ခဲ့လေပြီ။ မာရ်နတ်၏ အ ကျည်း တန်သော မျက်နှာကို ဆုတ်ဖြဲကာ၊ မျက်စိကွယ်စေခြင်း ခံခဲ့ရပြီး ဆင်းရဲ ဒုက္ခနှင့် ဝေဒနာ အမျိုးမျိုးကို ကြံ့ကြံ့ခံခဲ့ရသော လူများကို ၎င်းတို့၏ နာကျင်မှုမှ ထလာစေလျက် ဤဆိုးညစ်သော မာရ်နတ်အိုအား သူတို့ ကျောခိုင်းခွင့်ပြုပေးရန် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်အတွက် ထိုကဲ့သို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် တည်ထောင်ရ သနည်း။ ဘုရားသခင်၏ လူစုများကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံး ချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့က အဘယ်မှာများနည်း။ တရား မျှတခြင်းကား အဘယ်မှာနည်း။ နှစ်သိမ့်ရာကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရား သခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် ကောက်ကျစ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိမ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်း ခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့် မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့အကြား နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အကြား ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုကဲ့သို့ အလွန်အမင်း တောင့်တခြင်းကို အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ် ထပ် ခေါ်ခိုင်းအောင် လုပ်ရသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ်ပြုရသနည်း။ ဤအမိုက်မှောင် လူ့အဖွဲ့အစည်းနှင့် ၎င်း၏ ဝမ်းနည်းဖွယ် ခြံစောင့်ခွေးများတို့သည် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် လောကကြီးထဲ လွတ်လပ်စွာ ဝင်ထွက် သွားလာခွင့်ကို အဘယ်ကြောင့် မပြုရသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” မှ

စာတန်သည် လူအများကို လှည့်စားခြင်းမှတစ်ဆင့် သူ၏ နာမည်ကြီးမှုကို ရရှိသည်။ စာတန်က ဖြောင့်မတ်ခြင်း၏ စံပြနှင့် ဦးစီးဦးဆောင်တစ်ယောက်အဖြစ် သူ့ကိုယ်သူ မကြာခဏ သက်သေထူပါသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်း၏ အောင်လံတံခွန်အောက်မှာ စာတန်သည် လူသားကို အန္တရာယ်ပြုသည်။ သူတို့၏ ဝိညာဉ်ကို ဝါးမျိုသည်။ လူသားကို ပိတ်ပင်ဖို့၊ လှည့်စားဖို့နှင့် သွေးဆောင်ဖို့ နည်းမျိုးစုံကို အသုံးပြုသည်။ သူ၏ပန်းတိုင်က သူ၏မကောင်းသည့် အပြုအမူများကို လူသားက လက်ခံပြီး လိုက်လျှောက်ဖို့၊ ဘုရားသခင်၏ သြဇာအာဏာနှင့် စိုးပိုင်မှုကို ဆန့်ကျင်ရာမှာ လူသားကို သူနှင့် ပူးပေါင်းအောင်လုပ်ဖို့ဖြစ်ပါသည်။ သို့သော်လည်း လူတစ်ယောက်က သူ၏မကောင်းကြံစည်မှုများ၊ အကွက်ချခြင်းများနှင့် ဆိုးညစ်သည့်ပုံစံများအပေါ် လိမ္မာပါးနပ်လာပြီး စာတန်၏ အရူးလုပ်ခြင်း၊ နင်းချေခံရခြင်းတို့ ဆက်ပြီးမခံချင်တော့သည့်အခါ သို့မဟုတ် စာတန်အတွက် ဆက်ပြီး ကျွန်မခံချင်တော့သည့်အခါ သို့မဟုတ် စာတန်နှင့်အတူ အပြစ်ဒဏ်ခံရပြီး အဖျက်ဆီးမခံချင်တော့သည့်အခါ၊ စာတန်က သူ၏ အရင် ကိုယ်ကျင့်တရားကောင်းမွန်သည့် ပုံစံများကို ပြောင်းလိုက်ပြီး သူ၏ စစ်မှန်သည့် ဆိုးယုတ်၊ ကြမ်းတမ်းရက်စက်၊ အကျည်းတန်ပြီး ရိုင်းစိုင်းကြမ်းကြုတ်သည့် မျက်နှာကို ဖွင့်ပြဖို့အတွက် သူ၏ မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်ပါတော့သည်။ သူ၏ ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်ကိုလိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်ပါသည်။ ဤအချိန်မှာ စာတန်ကို ယုံကြည်၍ရသည်၊ လူကြီးလူကောင်း အသွင်အပြင်ရှိသည်ဟု ထင်မြင်ယူဆ၍မရတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သိုးရေခြုံအောက်မှ သူ၏ တကယ့် ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်သည့် အသွင်အပြင်များ ထုတ်ဖော်ခံရပါတော့သည်။ စာတန်၏ မကောင်းသည့် အကြံအစည်များသည် သိသာထင်ရှားလာသည်နှင့်၊ သူ၏ စစ်မှန်သည့် ပုံစံကို ဖော်ထုတ်ပြီးသည်နှင့် သူသည် စိတ်တိုဒေါသထွက်ပြီး သူ၏ ရက်စက်ကြမ်းတမ်းမှုကို ဖော်ပြတော့သည်။ လူများကို အန္တရာယ်ပြုဖို့နှင့် ဝါးမျိုဖို့ သူ၏ ဆန္ဒသည် ပို၍ပင် ပြင်းထန်လာသည်။ ဤသည်မှာ လူသား၏ နှိုးထမှုကြောင့် အလွန်စိတ်ဆိုးသည့်အတွက်ကြောင့်ဖြစ်သည်။ လွတ်လပ်မှုနှင့်အလင်းကို တောင့်တဖို့နှင့် စာတန်၏ ထောင်မှ လွတ်မြောက်ဖို့ သူတို့၏ ရည်မှန်းချက်ကြောင့် လူသားကို ပြင်းထန်သည့်အငြိုးဖြစ်ပေါ်လာပါသည်။ သူ၏ဒေါသသည် သူ၏ဆိုးယုတ်မှုကို ခုခံကာကွယ်ဖို့ ရည်ရွယ်သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သည့် သဘောသဘာဝ၏ တကယ့်ထုတ်ဖော်ခြင်းလည်းဖြစ်ပါသည်။

အကြောင်းအရာတိုင်းမှာ စာတန်၏ အပြုအမူက သူ၏ဆိုးယုတ်သည့်သဘောကို ဖော်ပြသည်။ လူသားအပေါ်မှာ စာတန်လုပ်ဆောင်ခဲ့သည့် ဆိုးယုတ်သည့်အပြုအမူများ အားလုံးထဲမှာ သူ့နောက်ကိုလိုက်အောင် လှည့်ဖြားဖို့ သူ၏အစောပိုင်း အားထုတ်မှုမှ သူ၏ မကောင်းသည့်လုပ်ဆောင်မှုများထဲသို့ လူသားကို ဆွဲသွင်းခြင်းဖြစ်သည့် လူသားကို အသုံးချခြင်းအထိ သူ၏တကယ့် အသွင်အပြင်က ပေါ်လွင်ပြီးနောက်မှာ လူသားအပေါ် စာတန်၏ အငြိုးထားခြင်းနှင့် လူသားသည် သူ့ကို သိမြင်လာပြီး စွန့်ပစ်လိုက်သည်။ စာတန်၏ ဆိုးယုတ်သည့်အနှစ်သာရကို ဖော်ထုတ်ဖို့ မလုပ်နိုင်သူ တစ်ယောက်မှမရှိပေ။ စာတန်သည် အပြုသဘောဆောင်သည့် အရာများနှင့် ဆက်စပ်မှုမရှိဘူးဆိုသည့်အချက်ကို သက်သေပြဖို့ မလုပ်နိုင်သူ တစ်ယောက်မှမရှိပေ။ စာတန်သည် ဆိုးယုတ်သည့်အရာအားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်းကို သက်သေပြဖို့ မလုပ်နိုင်သူ တစ်ယောက်မှ မရှိပေ။ သူ၏အပြုအမူတစ်ခုချင်းစီတိုင်းက သူ၏ဆိုးယုတ်မှုကို ကာကွယ်ပေးသည်။ သူ၏ဆိုးယုတ်သည့်အပြုအမူများ ဆက်လက်ပြုလုပ်ခြင်းအတွက် ထိန်းသိမ်းပေးသည်။ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများနှင့် ဆန့်ကျင်သည်။ လူသားမျိုးနွယ်၏ သာမန်ဖြစ်တည်မှုအတွက် နိယာမနှင့် အစီအစဉ်ကျမှုတို့ကို ဖျက်ဆီးပါသည်။ သူတို့သည် ဘုရားသခင်ကို ရန်လိုကြသည်။ ဘုရားသခင်၏ အမျက်ဒေါသက ဖျက်ဆီးပစ်မည့် အရာများဖြစ်ကြပါသည်။ စာတန်က သူ၏ကိုယ်ပိုင်ဒေါသရှိသော်လည်း သူ၏ဒေါသသည် သူ၏ဆိုးယုတ်သည့် သဘောကို ဖွင့်ချသည့်နည်းဖြစ်ပါသည်။ စာတန်က အလွန်စိတ်တိုလာပြီး ဒေါသထွက်လာသည့်အကြောင်းက ၎င်းတို့ကြောင့်ပင်ဖြစ်သည်။ သူ၏ ပြောပြ၍မရနိုင်သည့် မကောင်းသည့်အကြံအစည်များသည် ပေါ်လွင်သွားသည်။ သူ၏လှည့်ကွက်များသည် လွယ်လွယ်နှင့် မလွတ်နိုင်ပေ။ သူ၏ ကြမ်းတမ်းသည့် ရည်မှန်းချက်နှင့် ဘုရားသခင်ကို အစားထိုးဖို့နှင့် ဘုရားသခင်ကဲ့သို့ ပြုမူဖို့ ဆန္ဒသည် ရိုက်ချခံရပြီး ပိတ်ပင်ခံလိုက်ရသည်။ လူသားမျိုးနွယ်အားလုံးကို ထိန်းချုပ်လိုသည့် သူ၏ပန်းတိုင်သည် ယခု ဘာမှဖြစ်မလာဘဲ ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

အောက်ခြေမှတ်စု(များ)-

၁။ “အပြစ်ဒဏ်ပေးခြင်း မခံရသေးဘဲ လွတ်နေဆဲရှိ” ဆိုသည်မှာ နတ်ဆိုးက ဒေါသပေါက်ကွဲပြီး လျှောက်ရမ်းသည်ကို ဖော်ညွှန်းပါသည်။

၂။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် သည်းမခံနိုင်လောက်အောင်ပင် ဖြစ်ပုံကို ရည်ညွှန်းသည်။

၃။ “ပွန်းပဲ့လျက်၊ ပျက်စီးယိုယွင်းလျက်” ဆိုသည်မှာ မာရ်နတ်တို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။

၄။ “ဝါးမျိုခြင်း” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မလုယူသော မာရ်နတ်တို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။

၅။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များကို ပြုလုပ်နေကြလျက်” သည် မာရ်နတ်မှ လူတို့အား ဘေးပြုရာတွင် သုံးသော နည်းလမ်းများကို ရည်ညွှန်းသည်။

၆။ “တင်းကျပ်စွာ စောင့်ကြပ်ခြင်း ခံနေရ၏” သည် မာရ်နတ်သည် လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းလမ်းများသည် အထူးသဖြင့် ရက်စက်လှပြီး လူတို့ကို အလွန်တရာမှပင် ထိန်းချုပ်သည့် အတွက် ၎င်းတို့မှာ ရွေ့လျားရန်ပင် နေရာလွတ် မကျန်တော့ကြောင်းကို ညွှန်ပြသည်။

က။ မူရင်းစာ၌ “အချို့တို့သည် ကြွေးကြော်ကြသည်” ဟု ရေးသားထားသည်။

ယခင်က:ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သောသူ တစ်ဦးဆိုသည်ကား အဘယ်နည်း။ ထို့နောက် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော သက်သေခံမှုက အဘယ်နည်း။

နောက်တစ်ခုသို့:ဘာသာရေးလောကသည် အဘယ်ကြောင့် ခရစ်တော်ကို အမြဲ ငြင်းပယ်ခဲ့၊ ကိုယ်တော်အား ငြင်းဆန်ခဲ့ပြီး၊ ကိုယ်တော်အား ရှုတ်ချကာ၊ ဤသည်ကြောင့် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံစားကြရသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ