အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၉။ ရှေးကာလကတည်းက စစ်မှန်သောလမ်းသည် အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသနည်း။

၂) ဘာသာရေးလောကသည် အဘယ်ကြောင့် ခရစ်တော်ကို အမြဲ ငြင်းပယ်ခဲ့၊ ကိုယ်တော်အား ငြင်းဆန်ခဲ့ပြီး၊ ကိုယ်တော်အား ရှုတ်ချကာ၊ ဤသည်ကြောင့် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံစားကြရသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။ အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။ ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။ နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။ နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊ ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။” (မ ၂၁:၃၃-၃၉)

“ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည်လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည်များစွာသော နိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့စေလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကို၎င်း၊ ငါတို့အမျိုးကို၎င်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။” (ယော ၁၁:၄၇-၄၈)

“ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏။” (ယော ၁၁:၅၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အဘယ်မျှ စိတ်ဝင်စားဖွယ်ကောင်းလိုက်လေသနည်း။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် အစဉ်ပင် လူတို့၏ ငြင်းပယ်ခြင်းကိုခံရ၍ ဝေဖန်ပုတ်ခတ်ခြင်းကို ခံရသည်မှာ အဘယ်ကြောင့်နည်း။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို တစ်စုံတစ်ရာ နားလည်မှုမရှိဖူးသနည်း။ ဘုရားသခင်သည် အချိန်မှား၍ လာခဲ့ခြင်းများဖြစ်နိုင်သလော။ ဘုရားသခင်သည် နေရာမှားသို့ လာခဲ့ခြင်းများ ဖြစ်နိုင်သလော။ ဘုရားသခင်သည် လူသား၏ “ထိုးမြဲလက်မှတ်” မပါဘဲ တစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်းကြောင့် ဤအရာဖြစ်ခဲ့ခြင်းများ ဖြစ်နိုင်သလော။ လူသား၏ခွင့်ပြုချက် မပါဘဲ ဘုရားသခင်သည် သူ၏စိတ်ကို သူဆုံးဖြတ်ခဲ့သောကြောင့်များ ဖြစ်နိုင်သလော။...သူ၏နှုတ်မှထောက်ပံ့ပေးခဲ့သည်ကို လူတို့သည်စားခဲ့၏၊ သူ၏သွေးကိုသောက်ခဲ့ကြ၏၊ ၎င်းတို့အပေါ် ချပေးသော ကျေးဇူးတော်များကို မွေ့လျော်ကြ၏၊ သို့သော် ထိုသူတို့သည် သူ့အား ဆန့်ကျင်ခြင်းလည်း ပြုခဲ့ကြ၏၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ၎င်းတို့အား ၎င်းတို့၏ဘဝများကို မည်သူပေးခဲ့သည်ကို မသိခဲ့ကြပေ။ နောက်ဆုံးတွင် ထိုသူတို့သည် သူ့အား လက်ဝါးကပ်တိုင်၌ ရိုက်ထားခဲ့ကြသော်လည်း သူသည် အသံမထွက်ဘဲနေဆဲ ဖြစ်ခဲ့သည်။ ယနေ့၌ပင် သူသည် တိတ်ဆိတ်စွာနေဆဲဖြစ်၏။ လူတို့သည် သူ၏အသားကို စားကြ၏၊ ၎င်းတို့အတွက် သူလုပ်ပေးသည့်အစာကို သူတို့စားကြ၏၊ ၎င်းတို့အတွက် သူဖွင့်ပေးခဲ့သည့်လမ်းကို သူတို့လျှောက်ကြကာ သူ့သွေးကို ၎င်းတို့သောက်ကြ၏၊ သို့သော် ၎င်းတို့သည် သူ့အားငြင်းပယ်ရန် ရည်ရွယ်ဆဲဖြစ်၏၊ အကယ်စင်စစ် ၎င်းတို့အား ၎င်းတို့၏ဘဝများကိုပေးခဲ့သည့် ဘုရားသခင်ကို ၎င်းတို့သည် ရန်သူကဲ့သို့ ဆက်ဆံကာ ၎င်းတို့ကဲ့သို့ ကျွန်များအား ကောင်းကင်ဘုံ၌ရှိတော်မူသော အဘကဲ့သို့ ဆက်ဆံကြ၏။ ဤသည်၌ ၎င်းတို့သည် သူ့အား တမင်ဆန့်ကျင်သည် မဟုတ်လော။ ယေရှုသည် လက်ဝါးကပ်တိုင်၌ အသေခံရန် အဘယ်သို့ လာခဲ့သနည်း။ သင်တို့သိသလော။ သူသည် သူနှင့် အရင်းနှီးဆုံးဖြစ်၍ သူ့အားစားခဲ့၊ သောက်ခဲ့ပြီး သူ့အား မွေ့လျော်ခဲ့သူဖြစ်သော ယုဒ၏သစ္စာဖောက်ခြင်းကို ခံခဲ့ရသည် မဟုတ်လော။ ယုဒသစ္စာဖောက်ရခြင်း အကြောင်းရင်းမှာ ယေရှုသည် သာမန်ဆရာကလေးတစ်ပါးထက် မပိုသောကြောင့် မဟုတ်သလော။ ယေရှုသည် သာမန်ထက်ထူးကဲကြောင်းနှင့် ကောင်းကင်ဘုံနှင့် သက်ဆိုင်ကြောင်းကို လူတို့သည် အမှန်တကယ်မြင်တွေ့ခဲ့ပါက ၎င်းတို့သည် သူ၏ခန္ဓာကိုယ်တွင် ထွက်သက်ဝင်သက် မရှိတော့သည်အထိ နှစ်ဆယ့်လေးနာရီကြာ အသက်ရှင်လျက် လက်ဝါးကပ်တိုင်ပေါ်၌ အဘယ်သို့ရိုက်နှက်နိုင်ခဲ့ကြသနည်း။ ဘုရားသခင်အား မည်သူသိနိုင်သနည်း။ လူတို့သည် ဘုရားသခင်အား မရောင့်ရဲနိုင်သောလောဘဖြင့် မွေ့လျော်ခြင်းမှလွဲ၍ မည်သည့်အရာမျှ ပြုလုပ်ခြင်းမရှိသော်လည်း ထိုသူတို့သည် သူ့အား မည်သည့်အခါမျှ မသိခဲ့ကြပေ။ ထိုသူတို့ကို တစ်လက်မ ပေးခဲ့သော်လည်း ထိုသူတို့သည် တစ်မိုင်ယူခဲ့၍ ယေရှုရှင်အား ၎င်းတို့၏အမိန့်များ၊ ၎င်းတို့၏ညွှန်ကြားချက်များကို လုံးဝ နာခံစေ၏။ ခေါင်းချစရာ မည်သည့်နေရာမျှမရှိသော ဤလူသားအပေါ် အကြင်နာတစ်စုံတစ်ရာမျိုး မည်သူပြခဲ့ဖူးသနည်း။ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းရန် မည်သူသည် သူနှင့်အင်အား ပေါင်းစည်းရန် စဉ်းစားခဲ့ဖူးသနည်း။ မည်သူသည် သူ့အတွက် စဉ်းစားခဲ့ဖူးသနည်း။ သူ၏အခက်အခဲများကို မည်သူသည် စာနာထောက်ထားခဲ့ဖူးသနည်း။ ချစ်ခြင်းမေတ္တာ စိုးစဉ်းမျှ မရှိဘဲ လူသားသည် သူ့အား ခေါက်တုံ့ခေါက်ပြန် လိမ်ချိုး၏၊ လူသားသည် သူ၏အလင်းနှင့်အသက် မည်သည့်နေရာမှ လာသည်ကို မသိပေ၊ ထို့အပြင် လူသားတို့အကြားတွင် နာကျင်မှုကို တွေ့ကြုံခံစားခဲ့သည့် လွန်ခဲ့သော အနှစ်နှစ်ထောင်က ယေရှုကို တစ်ဖန်ပြန်၍ မည်သို့ကားစင်တင်ရမည်ကို လျှို့ဝှက်စွာ ကြံစည်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မပြုပေ။ ယေရှုသည် ဤကဲ့သို့သောမုန်းတီးမှုကို အကယ်ပင် လှုံ့ဆော်သလော။ သူလုပ်ဆောင်ခဲ့သမျှအားလုံးကို မေ့သွားခဲ့ကြသည်မှာ ကြာပြီလော။ နှစ်ပေါင်းထောင်ပေါင်းများစွာ ပေါင်းစည်းခဲ့သောမုန်းတီးမှုသည် အဆုံး၌ ပြင်ပသို့ ထိုးထွက်မည်လော။ အသင်တို့၊ ယုဒလူတို့နှင့် အတန်းစားတူသူတို့။ သင်တို့သည် ယေရှုအား ဤမျှမုန်းရအောင် သူသည် သင်တို့ကို မည်သည့်အချိန်က ရန်လိုခဲ့ဖူးသနည်း။ သူသည် များစွာဆောင်ရွက်ခဲ့ပြီး၍ များစွာ ပြောဆိုခဲ့ပြီးဖြစ်၏၊ ၎င်းတို့တစ်ခုမျှ သင်တို့၏အကျိုးအတွက် မဟုတ်သလော။ သင်တို့ထံမှ မည်သည့်အရာမျှ ပြန်လည်တောင်းခံခြင်းမရှိဘဲ သူသည် သင်တို့ကို သူ၏အသက်ပေးခဲ့၏၊ သူ၏ အလုံးစုံကို ပေးခဲ့၏၊ သင်တို့သည် အကယ်ပင် သူ့အား လွှမ်းမိုးချုပ်ကိုင်လိုသေးသလော။...“ယုဒလူတို့” အား မတွေ့သည့်နေရာ မရှိဘဲ ယနေ့တွင် ၎င်းတို့သည် တစ်မျိုးတည်းသော အလုပ်ကိုပင် လုပ်ကိုင်ဆဲဖြစ်၏၊ ဘုရားသခင်ကို ဆန့်ကျင်သည့် တစ်မျိုးတည်းသော အလုပ်ကို ဆက်၍ လုပ်ကိုင်နေဆဲဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်အား အမြင့်တွင် မြှင့်တင်ထားသည်ဟု ယုံကြည်ကြသည်။ လူသား၏ကိုယ်ပိုင်မျက်လုံးများသည် ဘုရားသခင်အား မည်သို့သိနိုင်မည်နည်း။ ဇာတိပကတိ၌နေသော လူသားသည် ဝိညာဉ်မှလာသော လူ့ဇာတိခံဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သို့ ဆက်ဆံနိုင်မည်နည်း။ လူသားအကြား မည်သူသည် သူ့ကိုသိနိုင်မည်နည်း။ လူသားအကြား သမ္မာတရားသည် အဘယ်မှာနည်း။ စစ်မှန်သော ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို အဘယ်သူသိနိုင်သနည်း။ ကောင်းကင်ဘုံရှိဘုရားသခင်နှင့် အဘယ်သူ ယှဉ်ပြိုင်နိုင်သနည်း။ သူသည် လူသားအကြား လာခဲ့စဉ်က ဘုရားသခင်ကို မည်သူမျှမသိဘဲ သူသည် ငြင်းပယ်ခြင်းခံရသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ ဘုရားသခင်တည်ရှိမှုကို လူသားသည် အဘယ်သို့သည်းခံနိုင်သနည်း။ လောက၏အမှောင်ကို နှင်ထုတ်ရန် အလင်းကို သူအဘယ်သို့ ခွင့်ပြုနိုင်သနည်း။ ဤသည်အားလုံးမှာ လူသား၏ ဂုဏ်ပြုအပ်သော ကိုးကွယ်ဆည်းကပ်မှု မဟုတ်သလော။ ဤသည်မှာ လူသား၏ဖြောင့်မတ်သော ဝင်ရောက်မှု မဟုတ်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀)” မှ

ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း၏ အကြောင်းရင်းကို သင်တို့သိလိုသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုသလော။ သူတို့သည် မေရှိယအကြောင်း စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့အပြင် မေရှိယလာမည်ဟုသာ သူတို့ယုံကြည်ခဲ့ပြီး အသက်တာ၏ သမ္မာတရားကို မရှာခဲ့ကြ။ ထို့ကြောင့် သူတို့သည် ယနေ့တိုင် မေရှိယကို စောင့်နေဆဲဖြစ်၏။ ထိုသူတို့သည် အသက်လမ်းကို မသိ၊ သမ္မာတရားလမ်းကိုလည်း မသိသောကြောင့် ဖြစ်၏။ ဤသို့ မိုက်မဲ၊ ခေါင်းမာ၍ အသိဉာဏ်ကင်းမဲ့သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို သူတို့သည် မည်သို့မြင်နိုင်ကြမည်နည်း။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဦးတည်ရာကို မသိသဖြင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ ယေရှုပြောသည့် သမ္မာတရားလမ်းကို သူတို့မသိသောကြောင့်ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို နားမလည်ခဲ့သောကြောင့်လည်း ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို မည်သည့်အခါမျှ မြင်ဖူးခြင်းမရှိ၊ မေရှိယနှင့်အတူ မည်သည့်အခါမျှ အဖော်ပြုခြင်း မရှိခြင်းတို့ကြောင့် မေရှိယ၏အနှစ်သာရကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေစဉ်အခါပင် မေရှိယ၏ နာမအပေါ် အချည်းနှီးသော ချီးကျူးဂုဏ်ပြုမှုကိုပေးပြီး အမှားပြုခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီး သမ္မာတရားကို နာခံခြင်းမရှိကြ။ ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံသဘောတရားမှာ ကိုယ်တော်၏တရားတော် မည်မျှပင်လေးနက်သည်ဖြစ်စေ၊ ကိုယ်တော်၏သြဇာအာဏာ မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု သတ်မှတ်မခံရလျှင် ကိုယ်တော်သည် ခရစ်တော်မဟုတ် ဟူ၍ဖြစ်သည်။ ဤအမြင်များသည် ကြီးကျယ်လွန်း၍ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ယေရှုကို အနည်းငယ်မျှပင် နားမလည်သည့်အတွက် ရှေးအကျဆုံးသော ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန်မလွယ်ကူပေသလောဟု ငါသင်တို့ကို တစ်ဖန်ပြန်မေး၏။ သင်သည် သမ္မာတရားလမ်းကို သိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်နောက် လိုက်နိုင်မည်လော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက သင်သည် သေခြင်း၏ချောက်ကမ်းပါးတွင် နေလျက်ရှိနေပြီဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူခပ်သိမ်းသည် ယေရှုကိုဆန့်ကျင်ခြင်း၊ ယေရှုကိုငြင်းပယ်ခြင်း၊ သူ့ကို အသရေဖျက်ခြင်းများ လုပ်နိုင်စွမ်းရှိခဲ့သည်။ ယေရှုကို နားမလည်သူခပ်သိမ်းသည် သူ့ကို ငြင်းပယ်ခြင်းနှင့် သူ့ကို ဝေဖန်ပုတ်ခတ်ခြင်းများ ပြုနိုင်စွမ်းရှိသည်။ ထို့အပြင် သူတို့အားလုံးသည် ယေရှုတစ်ဖန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုဟု မြင်နိုင်စွမ်းရှိကြပြီး ယေရှုခရစ် လူ့ဇာတိတစ်ဖန်ခံယူ၍ ပြန်လာခဲ့သည်ကို သာ၍များသောလူတို့က ရှုတ်ချလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို ကြောက်ရွံ့စိတ် မပေါ်စေသလော။ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်မှ အသင်းတော်တို့ကို ပြောသည့် နှုတ်ကပတ်တော်များကို ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှုထုတ်ဖော်ပြောဆိုခဲ့သည့် အရာခပ်သိမ်းကို ပစ်ပယ်ခြင်းတို့နှင့် သင်တို့ရင်ဆိုင်ရမည်။ အကယ်၍ သင်တို့သည် ဤမျှစိတ်ရှုပ်ထွေးနေပါက ယေရှုထံမှ မည်သည့်အရာ ရယူနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်” မှ

မာရ်နတ်များ နှင့် ဆိုးသွမ်းသော ဝိညာဉ်များသည် ကမ္ဘာမြေကြီးပေါ်၌ ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏ အလိုတော်နှင့် အပတ်တကုတ် လုံ့လစိုက်ထုတ်ခြင်းတို့ကို ပိတ်ပင်တားဆီးခဲ့ကာ ၎င်းတို့ကို မဖောက်ထွင်း နိုင်အောင် ပြုသည်။ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့လျှင် မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့လျှင် အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ဆန့်ကျင်ခြင်းနှင့် ကြီးလေးသော အဟန့်အတားကို ဖြစ်ပေါ်စေသည်။ အလွန်အမင်း ပုန်ကန်သည်တကား။ ထိုမာရ်နတ်အကြီး အငယ်တို့သည်ပင် သာ၍တန်ခိုးကြီးသော မာရ်နတ်၏ ခွန်အားကို မှီ၍ မောက်မာလာကြပြီး ခလောက်ဆန်ရန် စတင်တော့သည်။ ၎င်းတို့သည် သမ္မာတရားကို ရှင်းလင်းစွာ နားလည်သော်လည်း တမင်တကာ ခုခံကြ၏။ ပုန်ကန်ခြင်း၏ သားများပါတကား။ ၎င်းတို့၏ ငရဲဘုရင်သည် ယခု၌ မင်းမြောက်ပလ္လင်သို့ တက်ခဲ့ ပြီးဖြစ် သည့်အတွက် ၎င်းတို့သည် မာန်ဝင့်လာကြပြီး အခြားသူများ အားလုံးကို အထင်အမြင်သေးစွာ ဆက်ဆံသည့်အလား ဖြစ်သည်။ မည်မျှတို့သည် သမ္မာတရားကို ရှာဖွေ၍ ဖြောင့်မတ်ခြင်း တရားကို လိုက်လျှောက်သနည်း။ ၎င်းတို့ အားလုံးသည် ဝက်များနှင့် ခွေးများကဲ့သို့ သားရဲများ ဖြစ်ကြပြီး ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်း၍ ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်ရန် နောက်ချေးပုံထဲသို့ နံဟောင်သော ယင်ကောင် တစ်အုပ်ကို ဦးဆောင်လေသည်။ ၎င်းတို့သည် အပုပ်အပျက်ပေါ်မှ ယင်ကောင်များထက် ဘာမှမပိုသည်ကို သဘောပေါက်ခြင်းမရှိဘဲနှင့် ၎င်းတို့၏ငရဲဘုရင်သည် ဘုရင်များထဲတွင် အသာလွန်ဆုံးသော ဘုရင်ဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြသည်။ ထိုမျှသာမကဘဲ ၎င်းတို့သည် မိမိတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများကို အားကိုး၍ ဘုရားသခင်၏ ဖြစ်တည်မှုနှင့် ပတ်သက်၍ သွားပုပ်လေလွင့် မှတ်ချက်များ ပြုကြသည်။ မှုန်မွှားသေးငယ်လှသော ယင်ကောင်များသည် ၎င်းတို့၏ မိဘများကို သွားပေါက်သော ဝေလငါး သမျှ ကြီးမားလှသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် သေးကွေးလှသော်လည်း ၎င်းတို့၏ မိဘများမှာ ၎င်းတို့ထက် ကုဋေတစ်ရာမျှ သာ၍ ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့် ခွေးများ ဖြစ်ကြောင်းကို သဘောမပေါက်ကြသလော။ မိမိတို့၏ နိမ့်ကျခြင်းကို သတိမမူဘဲ ၎င်းတို့သည် ထိုဝက်များနှင့် ခွေးများတို့၏ ပုပ်စပ်သော အနံ့အသက်ကို အခြေခံ၍ ဒေါသတကြီး လျှောက်ရမ်းပြီး အနာဂတ်မျိုးဆက်များကို ပေါက်ပွားရန် ယုံမှားသော အကြံအစည် ရှိကြသည်။ ယင်းမှာ အကြွင်းမဲ့ပင် အရှက်မဲ့ခြင်းတည်း။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများနှင့် (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာ ဆိုခြင်းကို ရည်ညွှန်း၏) ၎င်းတို့သည် မိမိတို့၏ မစင်ကြယ်မှုများကို လူသားထံသို့ လျှို့ဝှက်စွာ စွန့်ပစ်နေရင်း မိမိတို့ကိုယ်ပိုင်၏ အလှတရားနှင့် ဆွဲဆောင်မှုတိုကို အရပ်တကာ၌ ကြွားဝါကာ စတင်၍ စိတ်ကြီးဝင်လာ ကြသည်။ ၎င်းတို့၏ မစင်ကြယ်မှုများကို သက်တံရောင် တောင်ပံတစ်စုံက ဖုံးကွယ်ပေးနိုင်သည့်အလား ၎င်းတို့သည် မာန်ဝင့်၍ပင် နေကြပြီး ဤနည်းနှင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ ဖြစ်တည်မှုကို နှိပ်ကွပ်သည် (ဤသည်မှာ ဘာသာရေးလောက၏ အတွင်းဇာတ်လမ်းကို ရည်ညွှန်းသည်)။ ယင်ကောင်၏ တောင်ပံများသည် လှပ၍ နှစ်သက်ကြည်နူးဖွယ် ကောင်းသော်ငြားလည်း စင်စစ်တွင်မူ ၎င်းသည် ညစ်ညူး ခြင်းနှင့် ပြည့်နှက်လျက် ရောဂါပိုးများနှင့် ပေကျံနေသော မှုန်မွှားသေးငယ်လှသည့် ယင်ကောင် တစ်ကောင် ထက် ဘာမျှမပိုဆိုခြင်းကို လူသားသည် လုံးဝမသိပေ။ ၎င်းတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများ၏ ခွန်အားကိုမှီ၍ ၎င်းတို့သည် အလွန်အမင်း ကြမ်းကြုတ်ရက်စက်စွာ့ ကုန်းမြေတစ်လျှောက် ဒေါသတကြီး ပတ်ရမ်းနေကြသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို သစ္စာဖောက်သော နိုင်ငံတော်၏ အင်တိုက်အားတိုက် ထောက်ခံမှုကို အခြေပြု၍ ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ကြသည့် ဘာသာရေး ခေါင်းဆောင်များကို ရည်ညွှန်းသည်)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲများ၏ ဝိညာဉ်တို့သည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံဆီသို့ ပြန်လာခဲ့ပြီး ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာခဲ့သည့် အလားပင် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို နှစ်ထောင်ပေါင်း အချို့မျှ ဆက်လက် သက်ဆိုး ရှည်စေရင်း မိမိတို့၏ ညှဉ်းပန်းနှိပ်စက်သော အလုပ်ကို တစ်ဖန်ပြန်လည် စတင်ခဲ့သည်။ အကျင့်ပျက်သော ဤလူစုသည် အဆုံးတွင် ကမ္ဘာမြေကြီးပေါ်၌ ပျက်ယွင်းမည်မှာ သေချာ၏။ နှစ်ထောင်ပေါင်းအချို့အကြာတွင် မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားလာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို လျှို့ဝှက်စွာ ယုတ်လျော့အောင်ပြုရန် နည်းလမ်းများကို အစဉ်တစိုက်ပင် တွေးတော သည်။ ၎င်းတို့သည် စဉ်းလဲပြီး ကလိမ်ကျတတ်ကာ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်တစ်ဖန် ဖြစ်လာစေရန် ဆန္ဒရှိကြသည်။ ထိုအရာသည် ဘုရားသခင်ကို ကျယ်လောင်စွာ အော်ဟစ်ရန် စေ့ဆော်လုနီးပါး ဖြစ်ပြီး ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ တတိယ ကောင်းကင်ဘုံသို့ ပြန်ကြွသွားလိုခြင်းကို ဘုရားသခင်သည် မနည်းထိန်းနေရ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

အောက်ခြေမှတ်စု(များ)-

၁။ “ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် မည်သို့ သောင်းကျန်းကြမ်းတမ်းပုံ၊ ဘုရားသခင်၏ အမှုကို ဟန့်တား၍ ဆန့်ကျင်ကြပုံကို ရည်ညွှန်းသည်။

၂။ “သွားပေါက်သော ဝေလငါး” ဆိုသည်မှာ သရော်သည့် သဘောနှင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှပုံမှာ ဝက်များနှင့် ခွေးများပင် ၎င်းတို့အတွက် သွားပေါက်သော ဝေလငါးတမျှ ကြီးသည်ဟု မြင်ရပုံကို တင်စားဆိုထားခြင်း ဖြစ်သည်။

ယခင်က:တရုတ် ကွန်မြူနစ် အစိုးရသည် အဘယ်ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်၊ ဖိနှိပ်ပြီး ဖြိုခွင်းသနည်း။

နောက်တစ်ခုသို့:ချီဆောင်ခံရခြင်းသည် လူသား၏အယူအဆများနှင့် စိတ်ကူးများအပေါ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံရမည်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ