အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

မေးခွန်း ၃၃- သခင်ယေရှုက သူ၏ အမှုတော်ကို လုပ်ဆောင်ဖို့ ကြွလာသည့်အချိန်တွင်၊ ဂျုးလူမျိုး ဖာရိရှဲတို့က သူ့ကို ပြင်းပြင်းထန်ထန် အာခံပြီး ရှုတ်ချခဲ့ကြသလို၊ ကားတိုင်တွင် သူ့ကို သံမှိုရိုက်ခဲ့ကြသည်။ ယခုတွင် နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏အမှုတော်ကို လုပ်ဆောင်ဖို့ ကြွလာပြီဖြစ်သည့်အတွက် ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည်လည်း ဘုရားသခင်ကို ကားတိုင်တွင် တဖန် သံမှိုရိုက်လျက် ပြင်းပြင်းထန်ထန် အာခံပြီး ရှုတ်ချကြသည်။ အဘယ်ကြောင့် ဂျူးလူမျိုး ဖာရိရှဲများနှင့် ဘာသာရေး သင်းအုပ်ဆရာ၊ အကြီးအကဲများသည် သမ္မာတရားကို ထိုသို့ မုန်းတီးပြီး၊ မိမိကိုယ်ကိုယ် ခရစ်တော်ကို ထိုသို့နည်းဖြင့် ဆန့်ကျင်စကြသနည်း။ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရမှာ တိတိကျကျ အဘယ်အရာနည်း။

အဖြေ-

ဖာရိရှဲတို့ သခင်ယေရှုကို ဆန့်ကျင်ခဲ့ကြောင်းကို သခင့်ကို ယုံကြည်ကြသူတိုင်း သိပြီးသားဖြစ်သည်။ သို့သော်လည်း၊ သူတို့ ဆန့်ကျင်မှု၏ ဇစ်မြစ်က မည်သည့်အရာနည်း၊ အနှစ်သာရက မည်သည့်အရာနည်း။ နှစ် ၂ထောင် ဘာသာရေး သမိုင်းထဲမှာ ဤမေးခွန်း၏ အဖြေကို မည်သူမျှမသိခဲ့ဟု ပြော၍ရသည်။ သခင်ယေရှုက ဖာရိရှဲတို့ကို ကျိန်ခြင်းအမင်္ဂလာ ခံယူစေခဲ့သည်ဟု ဓမ္မသစ်ကျမ်းထဲမှာ ရေးထားသော်လည်း၊ ဖာရိရှဲတို့၏ အနှစ်သာရကို မည်သူမျှ နားမလည်နိုင်ကြသေးပါ။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ရောက်လာသည့်အခါ၊ ဤမေးခွန်း၏ အဖြေမှန်ကို ထုတ်ဖော်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကြစို့။ “ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း၏ အကြောင်းရင်းကို သင်တို့သိလိုသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုသလော။ သူတို့သည် မေရှိယအကြောင်း စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့အပြင် မေရှိယလာမည်ဟုသာ သူတို့ယုံကြည်ခဲ့ပြီး အသက်တာ၏ သမ္မာတရားကို မရှာခဲ့ကြ။ ထို့ကြောင့် သူတို့သည် ယနေ့တိုင် မေရှိယကို စောင့်နေဆဲဖြစ်၏။ ထိုသူတို့သည် အသက်လမ်းကို မသိ၊ သမ္မာတရားလမ်းကိုလည်း မသိသောကြောင့် ဖြစ်၏။ ဤသို့ မိုက်မဲ၊ ခေါင်းမာ၍ အသိဉာဏ်ကင်းမဲ့သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို သူတို့သည် မည်သို့မြင်နိုင်ကြမည်နည်း။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဦးတည်ရာကို မသိသဖြင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ ယေရှုပြောသည့် သမ္မာတရားလမ်းကို သူတို့မသိသောကြောင့်ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို နားမလည်ခဲ့သောကြောင့်လည်း ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို မည်သည့်အခါမျှ မြင်ဖူးခြင်းမရှိ၊ မေရှိယနှင့်အတူ မည်သည့်အခါမျှ အဖော်ပြုခြင်း မရှိခြင်းတို့ကြောင့် မေရှိယ၏အနှစ်သာရကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေစဉ်အခါပင် မေရှိယ၏ နာမအပေါ် အချည်းနှီးသော ချီးကျူးဂုဏ်ပြုမှုကိုပေးပြီး အမှားပြုခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီး သမ္မာတရားကို နာခံခြင်းမရှိကြ။ ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံသဘောတရားမှာ ကိုယ်တော်၏တရားတော် မည်မျှပင်လေးနက်သည်ဖြစ်စေ၊ ကိုယ်တော်၏သြဇာအာဏာ မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု သတ်မှတ်မခံရလျှင် ကိုယ်တော်သည် ခရစ်တော်မဟုတ် ဟူ၍ဖြစ်သည်။ ဤအမြင်များသည် ကြီးကျယ်လွန်း၍ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်”)

အနန္တတန်ခိုးရှင်ဘုရားသခင်က ရှင်းရှင်းလေးမြွက်ဆိုထားသည်။ ဖာရိရှဲတို့ သခင်ယေရှုအပေါ် ဆန့်ကျင်မှုနှင့် ရှုတ်ချခြင်း၏ အကြောင်းရင်းက၊ ဘုရားသခင်ကို မကြည်ညိုခဲ့သောကြောင့်၊ သို့မဟုတ် သမ္မာတရားကို လုံးဝမရှာဖွေခဲ့သောကြောင့်ဖြစ်သည်။ သူတို့စိတ်ထဲမှာ ခေါင်းမာပြီး စိတ်ကြီးဝင်နေခဲ့သည်။ သမ္မာတရားကိုလည်း မလိုက်နာခဲ့ကြပါ။ ဖာရိရှဲတို့က ကိုယ်ပိုင်အယူအဆနှင့် စိတ်ကူးထဲရှိရာ၊ သမ္မာကျမ်းစာ၏ တိုက်ရိုက်စကားလုံးများနှင့်၊ ဘုရားသခင်ကို အဓိပ္ပါယ်ဖွင့် ကြသည်။ သူတို့က မေရှိယအမည်ကို ပေးထားခဲ့သည်။ သခင်ယေရှု၏ တရားတော်များက မည်မျှ နက်နဲပြီး မှန်ကန်နေပါစေ၊ ကိုယ်တော့်နှုတ်ကပတ်တော် မည်သို့ သမ္မာတရားဖြစ်နေပါစေ၊ သို့မဟုတ် ကိုယ်တော့်နှုတ်ကပတ်တော်များက မည်မျှ သြဇာအာဏာနှင့် တန်ခိုးရှိနေပါစေ၊ ကိုယ်တော့်အမည်က မေရှိယမဟုတ်သည့်အတွက်၊ ဖာရိရှဲတို့က ကိုယ်တော့်ကို ဆန့်ကျင်ပြီး ရှုတ်ချခဲ့သည်။ ဖာရိရှဲတို့က သခင်ယေရှု ဖော်ပြခဲ့သည့် သမ္မာတရားများကို လက်မခံခဲ့သည့်အပြင်၊ ကိုယ်တော့်ကိုသွေးဆောင်ခဲ့ပြီး အပြစ်ရှာဖို့ ကြိုးစားခဲ့ကြသည်။ ဥပမာအနေနှင့်၊ သခင်ယေရှုကို အံ့ဖွယ်အရာများကို လုပ်ဆောင်ဖို့ မည်သည့် သြဇာအာဏာကို အသုံးပြုသနည်း ဟု မေးပြီး သွေးဆောင်ခဲ့သည်။ ပြီးလျှင် သူတို့က ဆီဇာကို အခွန်ပေးဆောင်နိုင် မလားဟု သခင်ယေရှုကို တမင်သက်သက် မေးခဲ့ကြသည်။ သူတို့က ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ခရစ်တော်ဟုတ်မဟုတ် သခင်ယေရှုကို မေးခဲ့ကြသည်။ သခင်ယေရှုက သူတို့၏ ဆိုးယုတ်သည့်အကြံကို သမ္မာတရားနှင့် ဉာဏ်ပညာတို့ကိုသုံးပြီး တန်ပြန်ဖြေကြားခဲ့သည်။ ဖာရိရှဲတို့က ကိုယ်တော့်ကိုချေပဖို့ အင်အားမတန်ခဲ့သော်လည်း သူတို့က သမ္မာတရားအတွက် ရှာဖွေခြင်းကို မလုပ်ခဲ့ပါ။ သခင်ယေရှုကို တဇွတ်ထိုးဆန့်ကျင် ရှုတ်ချခဲ့သေးသည်။ သခင်ယေရှကိုလည်း ဖမ်းစေခဲ့သည်။ ပြီးလျှင် ကိုယ်တော့်ကို ကားစင်တင်ဖို့ တောင်းဆိုခဲ့ကြသည်။ ဤသည်မှာ သခင်ယေရှု သူတို့အကြောင်းဖော်ထုတ်စဉ်က ပြောခဲ့ခြင်း ဖြစ်သည်။ “ဘုရားသခင်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။” (ယော ၈:၄၀) “သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။” (ယော ၈:၄၆) ထို့ကြောင့်၊ ဖာရိရှဲတို့၏ သဘာဝနှင့် အနှစ်သာရက ဆိုးယုတ်သည့် မကောင်းဆိုးဝါးများသာ ဖြစ်ပြီး၊ သမ္မာတရားကို မုန်းတီးသည့် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြောင်းကို ကျွန်တော်တို့ သိမြင်နိုင်သည်။ မည်သို့သော လူမျိုးများက ခရစ်တော်ကို မုန်းတီးပြီး ရှုတ်ချနိုင်ရသနည်း။ ဖာရိရှဲတို့၏ ဇာတ်လမ်းက အချက်တစ်ချက်ကို ရှင်းရှင်းလင်းလင်း ပုံဖော်ပြသွားသည်။ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို မမြတ်နိုးသည့် လူအားလုံးက သမ္မာတရားကို ငြီးငွေ့ပြီး မုန်းတီးကြသူများဖြစ်သည်။ ဘုရားသခင်ကိုလည်း မသိကြပါ။ ထပ်လောင်းပြောရပါက၊ ထိုလူများက သေချာပေါက် ဘုရားသခင်ကို ဆန့်ကျင်ပြီး ကိုယ်တော့်ကို ရန်သူကဲ့သို့ သတ်မှတ်ထားကြသည်။ ခရစ်တော်၏ အနှစ်သာရက သမ္မာတရား၊ လမ်းခရီး နှင့် အသက်ဖြစ်သောကြောင့် ပင်တည်း။ သမ္မာတရားကို မုန်းသူတိုင်းက ခရစ်တော်ကိုလည်း မုန်းကြသည်၊ သမ္မာတရားကို မုန်းသည့်လူအများက အပြင်ပန်းကတော့ လူကောင်းပုံဖြစ်သည်။ သမ္မာကျမ်းစာ၏ စည်းမျဉ်းကို လိုက်နာပြီး လူဆိုးလူယုတ်ပုံ လုံးဝမပေါက်ကြပါ။ သို့သော်လည်း ကိုယ်တော်၏ အမှုတော်ကိုလုပ်ဆောင်ဖို့ ခရစ်တော်လာသည့်အခါ၊ ဘုရားသခင်၏ ဤဆိုးယုတ်သည့် ရန်သူများကို လုံးဝဖော်ထုတ်လိမ့်မည်။

ဖာရိရှဲတို့ သခင်ယေရှုအပေါ် ယုတ်မာစွာ ဆန့်ကျင်ရှုတ်ချခဲ့ သောကြောင့် သူတို့၏ မကောင်းဆိုးဝါး အနှစ်သာရကို လုံးလုံးလျားလျား ဖော်ထုတ်ခဲ့သည်။ သူတို့က သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်သည်။ သခင်ယေရှုက တရားဟောပြီး ကိုယ်တော့်အမှုတော်ကို လုပ်ဆောင်သည့်အခါ သမ္မာတရားများစွာကို ဖော်ပြခဲ့သည်။ အံ့ဖွယ်အရာများစွာကို ပြသခဲ့ပြီး၊ လူများအပေါ် ကျေးဇူးတော် အလျှံပယ်ပေးခဲ့သည်။ သခင်ယေရှု၏ အမှုတော်ကြောင့် ယုဒဘာသာ၏ အုတ်မြစ်များ လှုပ်ခတ်ခဲ့ပြီး၊ ယုဒလူမျိုးတို့ အခြေအနေတုန်လှုပ်ခဲ့သည်။ လူအများက သခင်ယေရှုနောက်ကို လိုက်ခဲ့ကြသည်။ ဖာရိရှဲတို့လည်း သိနေခဲ့သည်။ သခင်ယေရှုက သူ့အမှုတော်ကို ဆက်လုပ်ခဲ့ပါက၊ ဂျူးဘာသာကို ယုံကြည်သူများက ကိုယ်တော့်နောက် လိုက်ကြမည် ဖြစ်သည်။ ဂျူးဘာသာ ကျဆုံးပြီး၊ သူတို့၏ ရာထူးနေရာနှင့် ထမင်းစားလက်မှတ်များ ပျောက်ကွယ်သွားမည်။ ထို့ကြောင့် သခင်ယေရှုကိုသတ်ပစ်ဖို့ သူတို့ဆုံးဖြတ်ခဲ့သည်။ သမ္မာကျမ်းစာက ဆိုထားသကဲ့သို့ပင် ဖြစ်ပါသည်။ “ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည်လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည်များစွာသော နိမိတ် လက္ခဏာကိုပြ၏။ သူ့ကိုဤသို့စေလွတ်ထားလျှင် လူခပ်သိမ်း တို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာန ကို၎င်း၊ ငါတို့အမျိုးကို၎င်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။...ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏။” (ယော ၁၁:၄၇-၅၃) သူတို့၏ ဂုဏ်ရာထူးနှင့် ထမင်းစားလက်မှတ်များကို ကာကွယ်ဖို့၊ ဖာရိရှဲတို့က သခင်ယေရှုကို ကားစင်တင်ဖို့အတွက် ရောမအစိုးရနှင့် ပူးပေါင်းခဲ့သည်။ ထိုလူအပေါင်းတို့က “ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌၎င်း တည်ရှိပါစေဟု ပြန်ပြောကြ၏။” (မ ၂၇:၂၅) ခင်ဗျားတို့ မြင်သည့်အတိုင်း ဖာရိရှဲတို့က သမ္မာတရားနှင့် ခရစ်တော်ကို မုန်းတီးခဲ့ကြသည်။ ခရစ်တော်နှင့် အတူတွဲ တည်ရှိဖို့အတွက် ဆန္ဒမရှိတော့သည့် အခြေအနေကို ရောက်သွားသည်မှာ အချိန်ကြာနေခဲ့ပြီ။ သူတို့၏ အပြစ်ဖြေရာယဇ် စွန့်လွှတ်ရမည့် အရေးထက် သခင်ယေရှုကို ကားစင်တင်ဖို့ကို ပိုလိုလားကြသည်။ သူတို့က စက်ဆုပ်ဖွယ်အပြစ်များကို ကျူးလွန်ဖို့၊ ဘုရားသခင်ကို ဆန့်ကျင်နှောင့်ယှက်ပြီး၊ သူတို့၏ သားများမြေးများ ကျိန်ခြင်းအမင်္ဂလာ ခံယူရလျှင်ပင် လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း၏ သမ္မာတရားကို ဖော်ပြသည့် သခင်ယေရှုကို ကားစင်တင်ဖို့ကို ပိုလိုလားကြသည်။ ဤသည်မှာ အစစ်အမှန်၊ ဆိုးယုတ်သည့် သမ္မာတရားမုန်းတီးခြင်း သဘာဝဖြစ်ပြီး ဖာရိရှဲတို့၏ အခြေအမြစ်ဖြစ်ပါသည်။ နေမင်းက မှောင်ကျသွားပြီး၊ ပထဝီမြေကြီး တုန်ခါသွားသကဲ့သို့ ဗိမာန်တော်၏ ကန့်လန့်ကာလည်း ပွင့်သွားခဲ့သည့်အကြောင်းကို ကျွန်တော်တို့ သိပါသည်။ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးသည့်အခါ၊ လူများရှေ့မှာ ကိုယ်တော် ပြန်ပေါ် လာခဲ့သည်။ လူများက ဤအကြောင်းများကို သိရှိပြီးသည့်နောက်၊ သူတို့အပြစ်များအတွက် နောင်တရပြီး သခင်ယေရှုကို အမှီအခိုပြုခဲ့ကြသည်။ ဖာရိရှဲတို့ကမူ နောင်တမရ သည့်အပြင် သခင်ယေရှု၏ ပိုရန်လိုလာသည့် ရန်သူများဖြစ်သွားကြသည်။ စစ်သည်တော်များကို ငွေပေးပြီး သခင်ယေရှုက ရှင်ပြန်ထမြောက်ခြင်း မရှိဟု ထွက်ဆိုခိုင်းကာ သက်သေအမှားကို ခံခိုင်းခဲ့သည်။ တမန်တော်များက သခင်ယေရှု၏ နှုတ်ကပတ်တော်ကို ဖြန့်ဝေသည့်အခါ၊ ဖာရိရှဲတို့က သူတို့ကို အရူးအမူး ဖမ်းဆီးနှိပ်စက်ခဲ့ပြန်သည်။ သခင်ယေရှု၏ အမှုတော်ကို ပိတ်ပင်ပစ်ချင်ခဲ့သည်။ သူတို့ရည်ရွယ်ချက် ဖြစ်သည့် ဘာသာရေး အသိုင်းအဝိုင်းကို ထာဝစဉ်ချုပ်ကိုင်ခွင့်ရဖို့ အတွက်ဖြစ်သည်။ ဖာရိရှဲတို့က ဘုရားသခင်ကို အမည်ခံသာ ယုံကြည်ကြခြင်း ဖြစ်သည်။ အမှန်မှာမူ သမ္မာတရားကိုမုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည်။ သခင်ယေရှုကို သူတို့၏ ဆန့်ကျင်မှုနှင့် ရှုတ်ချပြစ်တင်မှု၏ အနှစ်သာရက ဤကဲ့သို့ ဖြစ်ပါသည်။ သူတို့က ဘုရားသခင်နှင့် တုပြိုင်ဖို့နှင့် ကိုယ်တော့်ကိုအကဲဖြတ်ဖို့ ကြိုးစားနေခဲ့သည်။ ဘုရားသခင်ကို ယှဉ်တိုက်ခိုက်ခဲ့ကြသည်။ သခင်ယေရှုအပေါ် သူတို့ ဆန့်ကျင်ခြင်းနှင့် အမုန်းတရားတို့၏ မောက်မာခြင်းက သူတို့၏ရည်ရွယ်ချက်ကို လုံးဝ ဖော်ထုတ်ခဲ့သည်။ ပြီးလျှင် သူတို့၏ ဆိုးယုတ်သည့် မကောင်းဆိုးဝါးသရုပ်မှန်ကို ဖော်ထုတ်စေခဲ့သည်။ ထို့အပြင် သူတို့၏မိစ္ဆာဒိဠိ အန္တီခရစ်သဘာဝ အပါအဝင်၊ အသိတရားရဖို့ ငြင်းပယ်ခြင်း၊ သမ္မာတရားကို သွေးရူးသွေးတန်း မုန်းတီးခြင်း၊ ဘုရားသခင်ကို မုန်းခြင်း တို့ကို ဖော်ထုတ်ခံခဲ့ရသည်။ ဘာသာရေး အသိုင်းအဝိုင်းက သင်းအုပ်ဆရာများ နှင့် အကြီးအကဲများလည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဤအတိုင်းဆက်ဆံနေခြင်း မဟုတ်ပါလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သင်းအုပ်ဆရာများနှင့် အကြီးအကဲများက မည်သို့ ဆန့်ကျင်ရှုတ်ချကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းသိရပါက၊ ဖာရိရှဲတို့လည်း သခင်ယေရှုကို၊ တစ်ပုံစံတည်း ဆန့်ကျင်ရှုတ်ချခဲ့ ကြောင်းကို အသေအချာသိရလိမ့်မည်။

လွန်ခဲ့သည့် နှစ် ၂၀၀၀ က၊ ယဇ်ပရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့က သခင်ယေရှုကို ကားစင်တင်ခဲ့ ကြသည်။ နှစ် ၂၀၀၀ ကြာပြီးသည့်နောက်၊ ဘာသာရေး ခေါင်းဆောင် များက ဘုရားသခင်ကို ထပ်မံကားစင်တင်ခြင်းနှင့် သမိုင်းကို တစ်ကျော့ပြန် ဖြစ်စေပြီ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်၏ အိမ်တော်ကစသည့် တရားစီရင်ခြင်းအမှုကို အနန္တတန်ခိုးရှင် ဘုရားသခင်က လုပ်ဆောင်နေကြောင်းကို ကျွန်တော်တို့ သိမြင်ပြီးပြီ။ လူသားတို့ကို သန့်စင်စေပြီး၊ ကယ်တင်ပေးသည့် သမ္မာတရားများကို သူဖော်ပြသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ လျှို့ဝှက် ဆန်းကြယ်မှု အားလုံးကို ဖော်ထုတ်လိုက်ပြီ။ ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်ဖျက်သည့် လူတို့၏ ဆိုးယုတ်သည့် သဘာဝကို တရားစီရင် ဖော်ထုတ်သည်။ နှောင့်ယှက်၍မရသည့် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သူတို့ကိုပြသသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်။ သူတို့က သြဇာအာဏာ နှင့် တန်ခိုးရှိပြီး ကျွန်တော်တို့ကို လုံးဝယုံကြည်စေသည်။ ဤသမ္မာတရား များက လူတို့ကို သန့်စင်ပေးပြီး ကယ်တင်ပေးသည်။ သို့သော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်ပါစေ၊ သူ့နှုတ်ကပတ်တော်က မည်မျှ သြဇာအာဏာနှင့် တန်ခိုးရှိပါစေ၊ မည်မျှ လူများကို သန့်စင်ပေးပြီး ကယ်တင်နိုင်ပါစေ၊ အခုခေတ် သင်းအုပ်ဆရာများ နှင့် အကြီးအကဲများက ဂရုမစိုက်ကြပါ။ သူတို့က ခေါင်းမာမာနှင့် သူတို့၏အတွေးမှားကို ဖက်တွယ်ထားဆဲ ဖြစ်သည်။ တိမ်တိုက်တစ်ခုပေါ်ကနေ ဆင်းသက်လာခြင်းမဟုတ်သည့်၊ ကျွန်ုပ်တို့ကို ကောင်းကင်နိုင်ငံတော်ဆီချီဆောင်ခြင်း မပြုသည့် လူက သခင်ယေရှု၏ ပြန်ကြွခြင်းမဟုတ်ဆိုပြီး သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို အရူးအမူးဆန့်ကျင် ရှုတ်ချကြသည်။ သခင်ယေရှု အမည်ကို ဖက်တွယ်ထားသော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင်ကိုမူ အရူးအမူးဆန့်ကျင် ရှုတ်ချကြသည်။ ဤအဖြစ်က ဖာရိရှဲတို့ မေရှိယအမည်ကို ဖက်တွယ်ထားချိန်မှာ သခင်ယေရှုကို ဆန့်ကျင်ရှုတ်ချခဲ့ခြင်းနှင့် မည်သို့ကွာခြားသနည်း။ ဖာရိရှဲတို့၏ အနှစ်သာရနှင့် မတူပါလား။ ခေါင်းမာသည်၊ မာနထောင်လွှားသည်၊ သမ္မာတရားကို မလိုက်နာဘဲ သမ္မာတရားကို မုန်းတီးသည် မဟုတ်ပါလား။ ကောင်းကင်ဘုံက မရေရာသည့် ဘုရားသခင်ကို ယုံကြည်ကြပြီး၊ လူဇာတိခံသည့် ခရစ်တော်ကိုမူ ငြင်းပယ်ဆန့်ကျင်ပြီး ရှုတ်ချကြသည်။ သူတို့က ခရစ်တော်နှင့် ညှိမရသည့်ပြိုင်ဘက်များ ဖြစ်သည်။ ခရစ်တော်ကို ငြင်းပယ်ရှုတ်ချပြီး၊ ဆန့်ကျင်နေသည့် အန္တိခရစ်များ မဟုတ်ပါလား။ သမ္မာကျမ်းစာက ဤကဲ့သို့ ဆိုသည်။ “ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင်အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခု ကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏။” (၁ ယော ၂:၁၈) “လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။” (၂ ယော ၁:၇) ထို့ကြောင့် ဘုရားသခင် လူဇာတိခံခြင်းကို အသိအမှတ်မပြုသူတို့က အန္တိခရစ်များ ဖြစ်သည်။ ခရစ်တော်ကို ဆန့်ကျင်ရှုတ်ချသူအားလုံးကလည်း အန္တိခရစ်များ ဖြစ်သည်။ ထို့ကြောင့် ယုဒလူမျိုး ဖာရိရှဲတို့ကို သခင်ယေရှု၏ အမှုတော်က အန္တိခရစ်များဟု ဖော်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးသော ကာလမှာ၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ အားလုံးက၊ အန္တိခရစ်များဖြစ်သည်ဟု အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်မှာ ဖော်ပြထားသည်။ လူဇာတိခံထားသည့် ဘုရားသခင်၏ အမှုတော်များက အမှန်တကယ် လူများကိုဖော်ထုတ်ခြင်း ဖြစ်သည်။ နောက်ဆုံးသောကာလမှာ ခရစ်တော်ဖော်ပြသမျှအရာအားလုံးက အမှန်တရားများ ဖြစ်သည်။ ပညာရှိသတို့သမီးများနှင့် မိုက်မဲသည့် သတို့သမီးတို့ကို ဖော်ပြထားရုံမက၊ အန္တိခရစ်တို့နှင့် မယုံကြည်သူ မျိုးစုံကိုလည်း ဖော်ပြထားသည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် အမှန်တရားတစ်ခု ဖြစ်ပါသည်။

နောက်ဆုံးသောကာလမှာ ဘာသာရေးခေါင်းဆောင်များနှင့် ယဇ်ပရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဘုရားသခင်ကို ဆန့်ကျင်သည့်အနှစ်သာရက တူညီပါသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ဘုရားသခင်ကို ဆန့်ကျင်သည့် လမ်းစဉ်များက ထိုယဇ်ပရောဟိတ်ကြီများ၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့ထက် ပို၍ပင်ဆိုးဝါးသေးသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ဘုရားသခင်၏ အိမ်တော်က စသည့် တရားစီရင်ခြင်းအမှုတော်ကို စလုပ်ကိုင်ခဲ့စဉ်ကတည်းက၊ သမ္မာကျမ်းစာကို ချစ်မြတ်နိုးပြီး ဘုရားသခင်၏ ပေါ်ထွက်လာခြင်းကို စောင့်မျှော်နေကြသည့် ဂိုဏ်းခွဲပေါင်းစုံက လူအားလုံးက ဘုရားသခင်၏ ပလ္လင်ရှေ့တော်မှောက် ကို ချီဆောင်ခြင်းခံခဲ့ရသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ရှုတ်ချခြင်းကို လုံးဝရပ်မသွားပါ။ သစ္စာရှိသူများကို ချုပ်ချယ်ခြင်းများ မရပ်သကဲ့သို့၊ သူတို့၏ ရာထူးနေရာများနှင့် အသက်မွေးမှုများကို မြဲအောင်ထားခဲ့သည်။ ကောလာဟလများဖြန့်ပြီး မှားယွင်းသည့် သက်သေကိုခံကြသည့်အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျိန်ဆဲကြသေးသည်။ အသင်းတော် ကိုလည်း ချိတ်ပိတ်လိုက်သည်။ ပြီးလျှင် ယုံကြည်သူများကို နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏အမှုတော်ကို လေ့လာခွင့်ကိုလည်း တင်းတင်းကျပ်ကျပ်ပိတ်ထားသည်။ နိုင်ငံတော်၏ ဧဝံဂေလိတရားတော်ကို ဖြန့်ကျက်သည့် ညီအစ်ကိုမောင်နှမတို့ကို ခြိမ်းခြောက်သည်။ ခြောက်လှန့်သည်။ လှောင်ပြောင်ကြသည်။ ပြီးလျှင် ရိုက်နှက်ကြသည်။ ရာထောင်ချီသည့် ညီအစ်ကိုမောင်နှမတို့ကို ပြန်စရာအိမ်မရှိသည်ကို ဤအတိုင်းထားပြီး ရက်စက်သည့် တရုတ် ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းကာ၊ သူတို့ကို ဖမ်းဆီးနှိပ်စက်ကြသည်။ တရုတ်ကွန်မြူနစ်ပါတီက ညှဉ်ပန်းနှိပ်စက်ခဲ့သည့် လူများက အနည်းဆုံး ရာထောင်ချီရှိသွားပြီ ဖြစ်သည်။ အများကြီးအသတ်ခံရပြီးပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ဆန့်ကျင်ကြခြင်းက၊ ဖာရိရှဲတို့ သခင်ယေရှုကိုဆန့်ကျင်ခဲ့ခြင်းထက် ပို၍ပင် သွေးရူးသွေးတန်းနိုင်သေးသည်။ ဘုရားသခင်ကို ဆန့်ကျင်ရာမှာ သူတို့လုပ်ခဲ့သည့် ဆိုးယုတ်သည့်လုပ်ရပ်များက များပြားလွန်းသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က သူတို့ကို တရားစီရင်ပြီး ကျိန်ခြင်းအမင်္ဂလာသင့်စေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မည်မျှတို့သည် သမ္မာတရားကို ရှာဖွေ၍ ဖြောင့်မတ်ခြင်း တရားကို လိုက်လျှောက်သနည်း။ ၎င်းတို့ အားလုံးသည် ဝက်များနှင့် ခွေးများကဲ့သို့ သားရဲများ ဖြစ်ကြပြီး ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်း၍ ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်ရန် နောက်ချေးပုံထဲသို့ နံဟောင်သော ယင်ကောင် တစ်အုပ်ကို ဦးဆောင်လေသည်။ ၎င်းတို့သည် အပုပ်အပျက်ပေါ်မှ ယင်ကောင်များထက် ဘာမှမပိုသည်ကို သဘောပေါက်ခြင်းမရှိဘဲနှင့် ၎င်းတို့၏ငရဲဘုရင်သည် ဘုရင်များထဲတွင် အသာလွန်ဆုံးသော ဘုရင်ဖြစ်သည်ဟု ၎င်းတို့ယုံကြည်ကြသည်။ ထိုမျှသာမကဘဲ ၎င်းတို့သည် မိမိတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများကို အားကိုး၍ ဘုရားသခင်၏ ဖြစ်တည်မှုနှင့် ပတ်သက်၍ သွားပုပ်လေလွင့် မှတ်ချက်များ ပြုကြသည်။ မှုန်မွှားသေးငယ်လှသော ယင်ကောင်များသည် ၎င်းတို့၏ မိဘများကို သွားပေါက်သော ဝေလငါး သမျှ ကြီးမားလှသည်ဟု တွေးထင်ကြသည်။ ၎င်းတို့သည် သေးကွေးလှသော်လည်း ၎င်းတို့၏ မိဘများမှာ ၎င်းတို့ထက် ကုဋေတစ်ရာမျှ သာ၍ ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့် ခွေးများ ဖြစ်ကြောင်းကို သဘောမပေါက်ကြသလော။ မိမိတို့၏ နိမ့်ကျခြင်းကို သတိမမူဘဲ ၎င်းတို့သည် ထိုဝက်များနှင့် ခွေးများတို့၏ ပုပ်စပ်သော အနံ့အသက်ကို အခြေခံ၍ ဒေါသတကြီး လျှောက်ရမ်းပြီး အနာဂတ်မျိုးဆက်များကို ပေါက်ပွားရန် ယုံမှားသော အကြံအစည် ရှိကြသည်။ ယင်းမှာ အကြွင်းမဲ့ပင် အရှက်မဲ့ခြင်းတည်း။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများနှင့် (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာ ဆိုခြင်းကို ရည်ညွှန်း၏) ၎င်းတို့သည် မိမိတို့၏ မစင်ကြယ်မှုများကို လူသားထံသို့ လျှို့ဝှက်စွာ စွန့်ပစ်နေရင်း မိမိတို့ကိုယ်ပိုင်၏ အလှတရားနှင့် ဆွဲဆောင်မှုတိုကို အရပ်တကာ၌ ကြွားဝါကာ စတင်၍ စိတ်ကြီးဝင်လာ ကြသည်။ ၎င်းတို့၏ မစင်ကြယ်မှုများကို သက်တံရောင် တောင်ပံတစ်စုံက ဖုံးကွယ်ပေးနိုင်သည့်အလား ၎င်းတို့သည် မာန်ဝင့်၍ပင် နေကြပြီး ဤနည်းနှင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ ဖြစ်တည်မှုကို နှိပ်ကွပ်သည် (ဤသည်မှာ ဘာသာရေးလောက၏ အတွင်းဇာတ်လမ်းကို ရည်ညွှန်းသည်)။ ယင်ကောင်၏ တောင်ပံများသည် လှပ၍ နှစ်သက်ကြည်နူးဖွယ် ကောင်းသော်ငြားလည်း စင်စစ်တွင်မူ ၎င်းသည် ညစ်ညူး ခြင်းနှင့် ပြည့်နှက်လျက် ရောဂါပိုးများနှင့် ပေကျံနေသော မှုန်မွှားသေးငယ်လှသည့် ယင်ကောင် တစ်ကောင် ထက် ဘာမျှမပိုဆိုခြင်းကို လူသားသည် လုံးဝမသိပေ။ ၎င်းတို့၏ မိဘများဖြစ်သည့် ဝက်များနှင့် ခွေးများ၏ ခွန်အားကိုမှီ၍ ၎င်းတို့သည် အလွန်အမင်း ကြမ်းကြုတ်ရက်စက်စွာ့ ကုန်းမြေတစ်လျှောက် ဒေါသတကြီး ပတ်ရမ်းနေကြသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို သစ္စာဖောက်သော နိုင်ငံတော်၏ အင်တိုက်အားတိုက် ထောက်ခံမှုကို အခြေပြု၍ ဘုရားသခင်ကို ညှဉ်းပန်းနှိပ်စက်ကြသည့် ဘာသာရေး ခေါင်းဆောင်များကို ရည်ညွှန်းသည်)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲများ၏ ဝိညာဉ်တို့သည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံဆီသို့ ပြန်လာခဲ့ပြီး ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာခဲ့သည့် အလားပင် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို နှစ်ထောင်ပေါင်း အချို့မျှ ဆက်လက် သက်ဆိုး ရှည်စေရင်း မိမိတို့၏ ညှဉ်းပန်းနှိပ်စက်သော အလုပ်ကို တစ်ဖန်ပြန်လည် စတင်ခဲ့သည်။ အကျင့်ပျက်သော ဤလူစုသည် အဆုံးတွင် ကမ္ဘာမြေကြီးပေါ်၌ ပျက်ယွင်းမည်မှာ သေချာ၏။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)”) အနန္တတန်ခိုးရှင်ဘုရားသခင်ဖော်ပြထားသည့် နှုတ်ကပတ်တော်များက၊ သတင်းစာကနေတစ်ဆင့်၊ ရုပ်မြင်သံကြားမှ တစ်ဆင့်၊ ပြီးလျှင် အင်တာနက်ကနေတစ်ဆင့် ဖြန့်ဝေခဲ့သည်မှာ ကြာခဲ့ပြီ။ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်းနှင့် အမှုတော်တို့အကြောင်း တစ်ကမ္ဘာလုံးဆီမှာ ထင်ထင်ပေါ်ပေါ် သက်သေခံဖို့အတွက်၊ နှုတ်ကပတ်တော်ရုပ်ရှင်များနှင့် ဗီဒီယိုများမျိုးစုံ အင်တာနက်မှာ တင်ထားပြီးသား ဖြစ်သည်။ ၎င်းကဘာသာရေးအသိုင်းအဝိုင်းနှင့် လူအများကြားမှာ ဂယက်လှိုင်း ပြင်းထန်စွာရိုက်ခတ်ခဲ့သည်။ ဘာသာရေး အသိုင်းအဝိုင်းက သင်းအုပ်ဆရာများနှင့် အကြီးအကဲများလည်း၊ ပြန့်ပွားလာသည့် ရေစီးကြောင်းကို သိပြီးသားဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘာသာရေးအသိုင်းအဝိုင်းနှင့် လူအများကို အောင်နိုင်နေပြီ ဖြစ်ကြောင်းကို သိပြီးဖြစ်သည်။ ၎င်းကို တားဆီးနိုင်မည့် လူရော အင်အားပါ မရှိပါ။ သူတို့က ကသိကအောက်ဖြစ်လာကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို အရူးအမူး ဆန့်ကျင်ရှုတ်ချကြ ပါတော့သည်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ၏ အမှုတော်ကို ပိတ်ပင်ပြီး၊ သူတို့၏ အရိုင်းဆုံးအိပ်မက်ကို ရယူနိုင်ဖို့ ကြိုးစားကြသည်။ ဘာသာရေးအသိုင်းအဝိုင်းကို ထာဝရထိန်းချုပ်ဖို့ နှင့် ဘုရားသခင်၏ ရွေးနှုတ်ထားသည့် လူများကို လွှမ်းမိုးနိုင်ဖို့ ဖြစ်သည်။ ထိုအကြောင်းအရာများကို ကြည့်ပြီး နောက်ဆုံးသောကာလမှာ ဘာသာရေးသင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဖာရိရှဲတို့၏ ပြန်ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း သက်သေခိုင်လုံသွားပြီ။ သူတို့က ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ဖျက်ဆီးဖို့ တတ်နိုင်သမျှ ကြိုးစားပြီး ဘုရားသခင်၏ ရန်သူများဖြစ်ဖို့ အသက်နှင့် တိုင်တည်ကျိန်ဆိုထားသည့် အန္တိခရစ် မကောင်းဆိုးဝါးများ ဖြစ်ပါသည်။ သူတို့၏ များစွာသည့် မကောင်းမှုလုပ်ရပ်များက ဘုရားသခင်၏ စိတ်သဘောထားကို ထိခိုက်ရန်စနေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် တရားစီရင်ခြင်းနှင့် အပြစ်ဒဏ်ကနေ မည်သို့ လွတ်မည်နည်း။

နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ မှ

အောက်ခြေမှတ်စု(များ)-

၁။ “ကစဉ့်ကလျားဖြစ်မှုကို လှုံ့ဆော်” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် မည်သို့ သောင်းကျန်းကြမ်းတမ်းပုံ၊ ဘုရားသခင်၏ အမှုကို ဟန့်တား၍ ဆန့်ကျင်ကြပုံကို ရည်ညွှန်းသည်။

၂။ “သွားပေါက်သော ဝေလငါး” ဆိုသည်မှာ သရော်သည့် သဘောနှင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှပုံမှာ ဝက်များနှင့် ခွေးများပင် ၎င်းတို့အတွက် သွားပေါက်သော ဝေလငါးတမျှ ကြီးသည်ဟု မြင်ရပုံကို တင်စားဆိုထားခြင်း ဖြစ်သည်။

ယခင်က:မေးခွန်း ၃၂- ဖာရိရှဲတို့သည် တရားဇရပ်၌ လူတို့ကို မကြာခဏ ကျမ်းစာ အသေးစိတ် ရှင်းပြခဲ့ကြသည်။ အပြင်ပန်းမှ၊ ၎င်းတို့သည် ဘာသာတရားကိုင်းရှိုင်းပြီး သနားကြင်နာမှုရှိပုံပေါ်ပြီး ပညတ်တရား၏ ချိုးဖောက်မှု တစ်ခုခု ရှင်းရှင်းလင်းလင်း မလုပ်ခဲ့ကြသည့်ပုံပေါ်ကြသည်။ ထို့သို့ဆိုလျှင် အဘယ်ကြောင့် ဖာရိရှဲတို့သည် သခင်ယေရှု၏ ကျိန်ဆဲခြင်းကို ခံခဲ့ကြရပါသနည်း။ ၎င်းတို့၏ သူတော်ကောင်းယောင်ဆောင်မှုကို မည်သို့ ပြသခဲ့ပါသနည်း။ ယနေ့ခေတ်၏ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲတို့၏ လမ်းကြောင်းအတိုင်း လိုက်လျှောက်နေကြသည်ဟု အဘယ်ကြောင့် ဆိုရပါသနည်း။

နောက်တစ်ခုသို့:မေးခွန်း ၃၄- ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် အားကောင်းသည့် ကျမ်းစာအသိပညာ ရှိကြသည်၊ အခြားသူများအတွက် ကျမ်းစာကို ၎င်းတို့ မကြာခဏ အနက်ပြန်ပေးကြပြီး ကျမ်းစာကို လိုက်နာစေကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာပေါ် အသေးစိတ်ရှင်းပြခြင်းနှင့် သမ္မာကျမ်းစာကို ချီးမြှောက်ခြင်းသည် အမှန်တကယ် သခင့်ကို သက်သေခံခြင်းနှင့် ချီးမြှောက်ခြင်း ဟုတ်ပါသလား။ ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများဖြစ်သည်ဟု အဘယ်ကြောင့် ဆိုရပါသနည်း။ ဤကိစ္စရပ်အပေါ် ကျွန်ုပ်တို့ မရှင်းလင်းသေးပါ။ ကျွန်ုပ်တို့အတွက် ဤအရာကို ဖြေပေးနိုင်ပါမည်လား။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ