အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၃၅။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံဖို့ ငြင်းပယ်သူတို့ကို ဘုရားသခင်သည် အဘယ်ကြောင့် ကပ်ဘေးများအလယ်တွင် ထားလိမ့်မည်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါချစ်သော ထိုသူအားလုံးသည် ထာဝရကာလတိုင် ဧကန်အမှန် ရှင်သန်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့တဘက်၌ထကြသော ထိုသူအားလုံးတို့သည်ကား ဧကန်အမှန်ပင် ငါ၏ပြစ်တင်ဆုံးမခြင်းကို ထာဝရကာလတိုင် ခံကြရပေလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သတိနှင့်စောင့်ရှောက်ကာကွယ်လျက်ရှိသော ဘုရားသခင်ဖြစ်၏၊ ငါသည် လူအားလုံးကို သူတို့ပြုခဲ့သောအရာများကြောင့် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည်မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးအပေါ်သို့ စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ငါသည် လူတစ်ဦးစီ၏ ခရီး လမ်းဆုံးကို အသက်၊ အဆင့်မြင့်မှု၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအဖြစ် သူတစ်ပါးမှ ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်။ ၎င်းတို့တွင် သမ္မာတရား ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏အလိုကို မလိုက်သောသူတို့အားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်သိရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ် ပေးခံရသူ အားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းအတွက်နှင့် ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များအတွက် အပြစ်ပေးခံရခြင်းဖြစ်၏။...

ငါ့ကိုချစ်၍ မိမိကိုယ်ကို ငြင်းပယ်သောသူတို့အပေါ် ငါ၏သနားကြင်နာမှုကို ထုတ်ဖော်ပြ၏။ ကောက်ကျစ်စဉ်းလဲသူတို့အပေါ် ကျရောက်သည့်အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်နေသဘောထား၏ သက်သေအတိအကျဖြစ်ပြီး၊ သာ၍ပင် ငါ့အမျက်ဒေါသ၏ သက်သေခံချက်ဖြစ်သည်။ ဘေးဒုက္ခကျရောက်သည့်အခါ ငါ့ကိုဆန့်ကျင်သူအားလုံးအပေါ် ငတ်မွတ်ခေါင်းပါးမှုနှင့် ကပ်ဆိုးကျရောက်၍ ထိုသူတို့ ငိုကြွေးကြလိမ့်မည်။ ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သော်လည်း ကောက်ကျစ်စဥ်းလဲမှုအမျိုးမျိုး ကျူးလွန်သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည်မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာတစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ကျရောက်၍ စဉ်ဆက်မပြတ် ထိတ်လန့်ကြောက်ရွံ့ခြင်း၌ အသက်ရှင်လာရလိမ့်မည်။ ထို့အပြင် ငါ့တစ်ဦးတည်းအပေါ်၌သာလျှင် သာ၍ပင် သစ္စာစောင့်သိမှုကို ပြသလာခဲ့သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏ခွန်အားကို ချီးမွမ်းကြလိမ့်မည်။ ထိုသူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်း၌ အသက်ရှင်ကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လမ်းဆုံးပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့” မှ

နောဧအဖြစ်အပျက်၏ ဤမှတ်တမ်းတွင် ဘုရားသခင်၏စိတ်သဘောထား တစ်စိတ်တစ်ပိုင်းကို သင်တို့ မြင်သလော။ လူသား၏ဖောက်ပြန်ပျက်စီးမှု၊ ညစ်ညမ်းမှုနှင့် အဓမ္မမှုတို့အပေါ်တွင် ဘုရားသခင်၏ သည်းခံမှုမှာ အကန့်အသတ်ရှိသည်။ ထိုအကန့်အသတ်ကို သူရောက်သွားသည့်အခါ သူသည် ဆက်လက်သည်းခံမည် မဟုတ်တော့ဘဲ သူ၏စီမံခန့်ခွဲမှုအသစ်နှင့် အစီအစဉ်အသစ်တို့ကို အစပြုလိမ့်မည်။ သူလုပ်ရမည့်အရာကို စလုပ်မည်ဖြစ်ကာ သူ၏လုပ်ဆောင်ချက်များနှင့် သူ့စိတ်သဘော၏ အခြားတစ်ဖက်ကို ဖွင့်ပြလိမ့်မည်။ သူ၏ ဤလုပ်ရပ်သည် လူသားအနေဖြင့် သူ့ကို ဘယ်တော့မျှ မစော်ကားရပေဆိုခြင်းကို ပြသရန် သို့မဟုတ် သူသည် အာဏာ၊ အမျက်ဒေါသတို့နှင့် ပြည့်နေသည်ကို ပြသရန်မဟုတ်သကဲ့သို့ သူ့အနေဖြင့် လူသားမျိုးနွယ်ကို ဖျက်ဆီးပစ်နိုင်သည်ကို ပြသဖို့ရန်လည်းမဟုတ်ပေ။ သူ၏စိတ်သဘောထားနှင့် သူ၏သန့်ရှင်းသည့် အနှစ်သာရသည် ဤသို့သောလူသားမျိုးနွယ်မျိုးကို သူ၏မျက်မှောက်တွင် ရှင်သန်ခွင့်ပြုရန်၊ သူ၏ အုပ်စိုးမှုအောက်တွင် ရှင်သန်ခွင့်ပြုရန် ခွင့်မပြုနိုင်တော့ခြင်း၊ စိတ်ရှည်သည်းခံမှု မရှိတော့ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားအားလုံးသည် သူ့ကိုဆန့်ကျင်သည့်အခါ၊ တစ်ကမ္ဘာလုံးတွင် သူကယ်နိုင်သည့်သူ တစ်ယောက်မျှ မရှိတော့သည့်အခါ၊ သူသည် ထိုသို့သော လူသားမျိုးနွယ်မျိုးကို ဆက်၍ သည်းခံတော့မည် မဟုတ်ဘဲ ဤသို့သော လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ရန်ဖြစ်သည့် သူ၏အစီအစဉ်ကို တွန့်ဆုတ်မနေဘဲ လုပ်ဆောင်မည်ဖြစ်သည်။ ဘုရားသခင်၏ ဤသို့သောလုပ်ရပ်ကို သူ့စိတ်သဘောထားနှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဤသည်မှာ မလွှဲမရှောင်သာသည့် အကျိုးဆက်ဖြစ်ပြီး ဘုရားသခင်၏အုပ်စိုးမှုအောက်၌ နေထိုင်သည့် ဖန်ဆင်းခံအရာအားလုံး ခံယူရမည့် အကျိုးဆက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင့်အလုပ်၏ အဆင့်များတွင် ကယ်တင်ခြင်းနည်းလမ်းမှာ ကွဲပြားသည့် ဘေးအန္တရာယ်အမျိုးမျိုးအားဖြင့်သာ ဖြစ်လျက်ရှိသေးပြီး မှတ်သားခြင်း ခံရသူများအားလုံးသည် ထိုဘေးအန္တရာယ်များမှ မလွတ်မြောက်နိုင်ကြ။ အဆုံးတွင်သာ “တတိယကောင်းကင်ဘုံကဲ့သို့ တည်ငြိမ်အေးချမ်းသည်၊ ဤအရပ်၌ သက်ရှိသတ္တဝါ အကြီးအငယ်တို့သည် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ကြပြီး ‘နှုတ်နှင့်လျှာ၏ ပဋိပက္ခများ’ ၌ တစ်ခါမျှ တိုက်ခိုက်ခြင်း မရှိကြ” ဟူသည့် အခြေအနေသည် ကမ္ဘာမြေကြီးပေါ်၌ ပေါ်ပေါက်လာနိုင်မည် ဖြစ်သည်။ ဘုရားသခင့်အလုပ်၏ ကဏ္ဍတစ်ရပ်မှာ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ရန်နှင့် ရွေးချယ်ခံလူများကို သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ရယူရန်ဖြစ်သည်။ နောက်ကဏ္ဍတစ်ရပ်မှာ ပုန်ကန်ခြင်း၏သားများအားလုံးကို ဘေးအန္တရာယ်အမျိုးမျိုးမှတစ်ဆင့် သိမ်းပိုက်ရန်ဖြစ်သည်။ ဤသည်မှာ ကျယ်ပြန့်များပြားသော ဘုရားသခင်အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ ဘုရားသခင်အလိုရှိသော ကမ္ဘာမြေကြီးပေါ်မှ နိုင်ငံတော်သည် အပြည့်အဝ အထမြောက်နိုင်မည်ဖြစ်ပြီး ဤသည်မှာ ရွှေစင်ကဲ့သို့သော ဘုရားသခင့်အလုပ်၏ အစိတ်အပိုင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁၇” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ယနေ့တွင် ငါသည် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံအပေါ်သို့ ဆင်းကြွလာနေသည်သာမကဘဲ ငါ၏မျက်နှာကို စကြဝဠာတစ်ဝှမ်းလုံးဆီသို့ လှည့်နေ၏။ ထိုသို့အားဖြင့် အမြင့်ဆုံးသော ကောင်းကင်ဘုံ တစ်ခုလုံးသည် တုန်ခါသွားရန် ဖြစ်သည်။ ငါ၏တရားစီရင်မှုနှင့် မကြုံတွေ့ရသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါပစ်ချလိုက်သော ပြစ်ဒဏ်များအောက်တွင် မတည်ရှိသော အရပ်တစ်ခုတစ်လေမျှ ရှိလေသလော။ ငါသွားလေရာရာ အရပ်တိုင်းတွင် ငါသည် အမျိုးမျိုးသော ဘေးအန္တရာယ်များ၏ မျိုးစေ့များကို ကြဲချခဲ့သည်။ ဤသည်မှာ ငါအလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားအား ကယ်တင်ခြင်း၏ လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိဘဲ ငါမှ သူ့အား ကမ်းလှမ်းသည့် အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေပါသေးသည်။ ငါ့ကို သာ၍များစွာသော လူတို့သိလာစေရန်၊ မြင်တွေ့နိုင်စေရန်နှင့် ဤနည်းအားဖြင့် သူတို့သည် နှစ်ပေါင်းများစွာ မတွေ့မြင်ခဲ့သော်လည်း ယနေ့တွင် စစ်မှန်သော ဘုရားသခင်ကို ရိုသေလေးမြတ်လာစေရန် ငါပြုလိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် သူ့အား သစ္စာဖောက်ခဲ့သော လူသားမျိုးနွယ်အားလုံး သူ၏ပလ္လင်ရှေ့မှောက်၌ ဆက်ကပ်အပ်နှံခြင်းဖြင့် ဦးညွှတ်ခြင်းငှာ တစ်ဖန် ပြန်လာကြရန်အတွက် စကြဝဠာအနှံ့အပြားရှိ သူ၏ လုပ်ဆောင်ချက်များ အားလုံးကို ထုတ်ဖော်လိုသည့်အတွက်ကြောင့် ဘုရားသခင်၏ တရားစီရင်မှု အတွင်းတွင် ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ ရှိနေသေးသည်။ ဘုရားသခင်သည် လူသားများ၏ စိတ်နှလုံးများကို လှုပ်ခါရန် ကမ္ဘာတစ်လွှားမှ လက်ရှိ အဖြစ်အပျက်များကို အသုံးပြုပြီး သူတို့သည် ဘုရားသခင်နှင့် ဆက်သွယ်နိုင်ရန်အလို့ငှာ ဘုရားသခင်ကို ဖွေရှာရန် သူတို့အား လှုံ့ဆော်လေသည်။ ထို့ကြောင့် ဘုရားသခင်သည် “ဤသည်မှာ ငါ အလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားအား ကယ်တင်ခြင်း၏ လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိဘဲ ငါမှ သူ့အား ကမ်းလှမ်းသည့်အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေပါသေးသည်” ဟု ပြောခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ယခင်က:အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံသူ အယောက်တိုင်းသည် ကပ်ဘေးကို အမှန်တကယ် မလွန်ဆန်နိုင် ဖြစ်လိမ့်မည်လော။

နောက်တစ်ခုသို့:ကပ်ဘေးများထဲတွင် ဘာသာတရားထဲရှိ လူမည်မျှက ဘုရားသခင်ထံ ပြန်လှည့်ကြလိမ့်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ