အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၄၄ ကျွန်ုပ်၏ အသက်တာကို ခရစ်တော်နောက်လိုက်ရန် ကတိပြုသည်

၁ တရုတ်အစိုးရ၏ နတ်ဆိုးများ အာဏာစွဲကိုင်သည့် တရုတ်ပြည်မသည် အမှန်ပင် မှောင်မိုက်နှင့် ထိတ်လန့်မှုတို့၏ နေရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို ကျွန်ုပ် ဟောပြောပြီး သက်သေခံသည်၊ သို့သော် အစိုးရ၏ ရှာဖွေဖမ်းဆီးခြင်းကို ကျွန်ုပ်ခံရသည်။ ရဲအချက်ပေးဥသြသံကို ကျွန်ုပ် မကြာခဏ ကြားရပြီး၊ ကျွန်ုပ်သည် အဖမ်းခံရပြီး ထောင်ချခံရမည့်အန္တရာယ် အမြဲ ရှိသည်။ တရုတ်ပြည်သည် စာတန်က အာဏာကိုင်စွဲထားသည့် နတ်ဆိုးများ၏ နန်းတော်တစ်ခု ဖြစ်သည်။ ယင်းသည် ခရစ်ယာန် ကွန်းခိုရာ တစ်ခုတစ်လေမျှ မရှိပါ။ အဘယ်အချိန်များမှ ကျွန်ုပ်သည် စုဝေးပြီး ကျွန်ုပ်၏ တာဝန်ကို ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ကာ၊ ဖမ်းဆီးခြင်းကို ရှောင်တိမ်းဖို့ ရဲများထံမှာ ပုန်းကွယ်စရာ မလိုအပ်တော့မည်နည်း။ မည်သည့်အချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငြိမ်သက်ခြင်းဖြင့် ကျွန်ုပ် ဖတ်ရှုပြီး၊ အိမ်ခြေရာမဲ့တစ်ဦးကဲ့သို့ အသက်ရှင်ရခြင်းကို ရပ်တန့်နိုင်လိမ့်မည်နည်း။ ဤ“ဘာသာရေး လွတ်လပ်ခွင့်နှင့် ဘဝရှင်သန်ခွင့်” ဆိုသည်မှာ အဘယ်နည်း။ ယင်းသည် နတ်ဆိုးများ ရှင်ဘုရင်၏ လှည့်ဖြားတတ်သည့် အဓိပ္ပါယ်မဲ့သောအရာသာ ဖြစ်သည်။ ဤကြီးမားကျယ်ပြန်သော ကမ္ဘာလောကကြီးတွင် တရုတ်ခရစ်ယာန်များ ခံစားကြရသည့် နှိပ်စက်ညှင်းပန်းခြင်းကို အဘယ်သူ သိပါသနည်း။

၂ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ကြုံရဖို့ ကျွန်ုပ် ကံကောင်းလွန်းလှပါတကား၊ သို့သော် ကျွန်ုပ်သည် အဆင်းနီသော နဂါးကြီးအားဖြင့် လိုက်လံဖမ်းဆီးခံရပြီး ဖိနှိပ်ခံခဲ့ရသည်၊ အိမ်ကို စွန့်ဖို့ အတင်းကျပ်ပြုခံရကာ ချစ်ရသူများကို အောက်မေ့တမ်းတ ခဲ့ရသည်။ သူတို့၏ လူမဆန်မှုအတွက် တရုတ်အစိုးရ၏ နတ်ဆိုးများကို ကျွန်ုပ် စက်ဆုပ်သည်။ နှိပ်စက်ညှင်းပန်းခြင်း၊ ဆင်းရဲဒုက္ခ နှင့် စမ်းသပ်မှုများကို ခံရလျက်၊ ဤနတ်ဆိုးများ၏ အကျည်းတန်သော မျက်နှာကို ကျွန်ုပ် ရှင်းလင်းလင်း မြင်ရသည်။ ကောင်းကင်လမ်းသည် အနှိမ့် အမြင့်များဖြင့် ပြည့်လျက် ခက်ခဲသောလမ်းတစ်ခု ဖြစ်သည်၊ သို့သော် ကျွန်ုပ်နှင့်အတူ ဘုရားသခင်ကို ရှိခြင်းက ကျွန်ုပ် စိတ်နှလုံးကို အေးချမ်းစေသည်။ အခက်အခဲကြားတွင်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မြည်းစမ်းရသည်။ သူ၏ ကျေးဇူးတော်ကို တွေးတောရင်း၊ ကျွန်ုပ်၏ စိတ်နှလုံးတွင် ချိုမြိန်မှု ရှိသည်။ ကျား၏စလုတ်မှ အကြိမ်ကြိမ် ကျွန်ုပ် လွတ်မြောက်ခဲ့သည်မှာ ကျွန်ုပ်အတွက် ဘုရားသခင်၏ ဂရုစိုက်ခြင်း နှင့် ကျွန်ုပ်ကို တိတ်တဆိတ် ကွယ်ကာပေးခြင်း ကျေးဇူးကြောင့် လုံးဝ ဖြစ်သည်။ အမြဲပေါ်ပေါက်သော အန္တရာယ်နှင့် အခက်အခဲကြားတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ ယုံကြည်ခြင်းကို ခွန်အားပေးသည်။ ဘုရားသခင်က တန်ခိုးတော်အနန္တရှိပြီး အရာအားလုံး အုပ်စိုးသည်ကို မြင်ရင်းဖြင့်၊ သူ့နောက်လိုက်ရန် ကျွန်ုပ် ပို၍ပင် ဆုံးဖြတ်မိခဲ့သည်။

၃ တရုတ်အစိုးရအားဖြင့် နှိပ်စက်ညှင်းပန်းခံရခြင်းမှ ကျွန်ုပ်၏ ဆင်းရဲဒုက္ခခံစားခြင်း အပြည့် ဖြစ်ခဲ့သည်။ ဤအရာက ကျွန်ုပ်သည် ဝိညာဉ်ရေး အသက်တာ အလွန်နုနယ်သည်ကို ပြသသည်။ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကြားတွင်၊ ကျွန်ုပ်၏ ခန္ဓာ အားနည်းသည်။ အပျက်သဘောဆောင်ခြင်းများစွာနှင့် ညည်းညူမှုများစွာ ကျွန်ုပ် ထုတ်ဖော်ပြသည်။ သို့သော်၊ အချိန်တန်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ခွန်အားပေးကာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်စေရင်း၊ ကျွန်ုပ်ကို ဉာဏ်အလင်းပေးပြီး အလင်းပြသည်။ အခက်အခဲထဲတွင်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကွယ်ကာမှုကို ကျွန်ုပ် မြည်းစမ်းရပြီး၊ အဆင်းနီသော နဂါးကြီးကို ပို၍ပင် စက်ဆုပ်မိသည်။ စမ်းသပ်မှုများကို ကြုံရခြင်းက ကျွန်ုပ်ကို သမ္မာတရားများစွာ နားလည်ခွင့်ပေးသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်စင်ခံရပြီး၊ ခရစ်တော်နောက်လိုက်ရန် အရာအားလုံးကို ကျွန်ုပ် စွန့်လွှတ်သည်။ ဘုရားသခင်နှင့် ကျွန်ုပ် မျက်နှာချင်းဆိုင်ရပြီးဖြစ်ကာ၊ ကောင်းကင်လမ်းက ကျောက်ဆောင် ကျောက်တုံးအတိပြီးကာ ခက်ခဲသော်လည်း ခရစ်တော်သည် သမ္မာတရားဖြစ်သည်ကို ကျွန်ုပ် သတိပြုမိသည်။ ထောင်ထဲတွင် ကျွန်ုပ် ဆွေးမြှေ့ရလျှင်ပင်၊ ကျွန်ုပ်၏ အသက်တာကို တကယ့်အဆုံးထိ ခရစ်တော်နောက်လိုက်ရန် ကျွန်ုပ် ကတိပြုသည်။

ယခင်က:အရာခပ်သိမ်း၌ ဘုရားသခင်၏ စီမံဆောင်ရွက်မှုကို ဝန်ခံပါမည်

နောက်တစ်ခုသို့:ခေတ်ကာလများတစ်လျှောက် သန့်ရှင်းသူများ ပြန်လည် မွေးဖွားကြသည်

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ