အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၉။ ရိုးသားသော လူတစ်ဦးအဖြစ်သို့ မည်သို့ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာတရားကို ရှာဖွေလိုက်စားခြင်းသည် အရေးကြီးဆုံးသောအရာဖြစ်ပြီး၊ ယင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် အမှန်တကယ် အလွန် ရိုးရှင်းပေ၏။ ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းနှင့် မှန်မှန်ကန်ကန် စကားပြောဆိုခြင်းဖြင့် သင် အစပြုသင့်ပြီး၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟသင့်သည်။ သင်၏ ညီအစ်ကို မောင်နှမများနှင့် ပြောဆိုဖို့ အလွန် အခက်ကြုံရသည့် အရာတစ်ခုခု သင်၌ရှိလျှင်၊ ဒူးထောက်ကာ ထိုအရာကို ဘုရားသခင်အား ဆုတောင်းခြင်းမှတဆင့် သင် ပြောပြသင့်သည်။ သူနှင့် ရိုးသားမှုရှိခြင်းအားဖြင့် သင် အစပြုသင့်သည်။ သင့်စိတ်နှလုံးတွင် ရှိသောအရာကို ဘုရားသခင်အား ပြောလော့၊ အနှစ်မဲ့သော အာလာပသလ္လာပများကို မပြောနှင့်၊ သို့မဟုတ် သူ့ကို လှည့်ဖြားရန် မကြိုးပမ်းနှင့်။ သင် အားနည်းခဲ့လျှင်၊ သင်အားနည်းခဲ့သည်ဟု ပြောလော့၊ သင် ဆိုးယုတ်ခဲ့လျှင် သင် ဆိုးယုတ်ခဲ့မိသည်ဟု ပြောလော့၊ သင် လှည့်ဖြားခဲ့လျှင် သင် လှည့်ဖြားခဲ့သည်ဟု ပြောလော့၊ ရက်စက်ပြီး ခိုးကြောင်ခိုးဝှက်အတွေးများ သင်၌ ရှိခဲ့ဖူးလျှင်၊ ၎င်းတို့အကြောင်းကို ဘုရားသခင်အား ပြောလော့။ ရာထူးအတွက် သင် အမြဲ ယှဉ်ပြိုင်နေလျှင် ဤအရာကိုလည်း သူ့အား ပြောလော့။ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်စေလော့၊ သင့်အတွက် ပတ်၀န်း်ကျင်တစ်ခုကို သူ့အား စီစဉ်စေလော့။ သင်၏ အခက်အခဲများအားလုံးကို သင် ဖြတ်သန်းပြီး သင်၏ ပြဿနာအားလုံးကို ဖြေရှင်းဖို့ ဘုရားသခင်ကို ကူညီခွင့်ပေးလော့။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ သင် ဖွင့်ဟသင့်၏၊ သူ့ကို အဝင်မခံဘဲ မနေနှင့်။ သူ့ကို သင် အဝင်မခံလျှင်ပင်၊ သင့်အထဲကို သူ မြင်နိုင်သေး၏၊ သို့သော် သူ့ကို သင် ဖွင့်ဟလျှင်၊ သမ္မာတရားကို သင် ရရှိနိုင်သည်။ ထို့ကြောင့်၊ မည်သည့်လမ်းကြောင်းကို သင် ရွေးချယ်သင့်သည်ဟု သင်ပြောမည်နည်း။ သမ္မာတရားကို လူတို့ ရရှိချင်လျှင်၊ ရိုသားခြင်းဖြင့် သူတို့ အစပြုသင့်ပြီး၊ မည်သည့်နည်းနှင့်မျှ ဟန်ဆောင်မှု မပြုသင့်။ ရိုးသားခြင်းကို သင် လက်တွေ့လုပ်ဆောင်လျှင်သာ သင်၏ စိတ်နှလုံး ဖွင့်ဟနိုင်ပြီး၊ သင်၏ စိတ်နှလုံး ဖွင်ဟလိုက်သည်နှင့်တစ်ပြိုင်နက်မှသာ သမ္မာတရားက သင့်အထဲသို့ ဝင်ရောက်နိုင်ကာ၊ ၎င်းကြောင့် ယင်းကို သင် နားလည်နိုင်ပြီး ရရှိနိုင်သည်။ သင်၏ စိတ်နှလုံးက အမြဲပိတ်ထားပြီး၊ မည်သူ့ကိုမျှ မှန်မှန်ကန်ကန် ဘယ်သောအခါမျှ သင် မပြောဆိုဘဲ သင်သည် အစဉ် ကွေ့လည်ကြောင်ပတ် လုပ်နေလျှင်၊ နောက်ဆုံးတွင် သင်သည် ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ မည်သည့်သမ္မာတရားများကိုမျှ သင် နားလည်သဘောပေါက်ခြင်း သို့မဟုတ် ရရှိခြင်း တတ်စွမ်းနိုင်လိမ့်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘဝတွင် တိုးတက်ခြင်း၏ အညွှန်းခြောက်ခု” မှ

ရိုးသားရန်အတွက် သင်၏ စိတ်နှလုံးကို ပထမဆုံး ဖွင့်ပြရမည်၊ ထိုမှသာ အယောက်တိုင်းသည် သင်၏စိတ်နှလုံးကို မြင်နိုင်မည်၊ သင် တွေးနေသောအရာအားလုံးကို မြင်နိုင်ပြီး သင်၏သရုပ်မှန်ကို မြင်နိုင်မည်ဖြစ်သည်၊ သင်သည် ဟန်ဆောင်ခြင်း သို့မဟုတ် သင့်ကိုယ်သင် ဖုံးကွယ်ရန်ကြိုးစားခြင်း မပြုအပ်ပေ။ ထိုအခါမှသာ လူတို့သည် သင့်ကို ယုံကြည်ပြီး ရိုးသားသည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားခြင်း၏ မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျက်ရှိ၏၊ သန့်ရှင်းခြင်း၊ မွန်မြတ်ခြင်း၊ ကြီးမြတ်ခြင်း ရှိကြောင်း အမြဲအယောင်ဆောင်ပြီး စာရိတ္တမြင့်မားသော အရည်အသွေးများ ရှိကြောင်း အယောင်ဆောင်၏။ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ကျရှုံးခြင်းများကို အမြင်မခံပေ။ ၎င်းတို့က သင်သည် ဖြောင့်မတ်ခြင်း၊ ကြီးမြတ်ခြင်း၊ မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံခြင်း၊ ဘက်မလိုက်ခြင်းနှင့် အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြ၏။ ဤသည်မှာ လှည့်ဖြားခြင်း ဖြစ်၏။ သင့်ကိုယ်သင် ဟန်ဆောင်ခြင်းနှင့် ပြရုပ်တင်ခြင်းမပြုနှင့်၊ ထိုသို့ပြုမည့်အစား သင့်ကိုယ်သင် ဖွင့်ဟပြပြီး အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြလော့။ အကယ်၍ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်ပါက၊ ဆိုလိုသည်မှာ၊ အကယ်၍ အပြုသဘောဆောင်သောအရာဖြစ်စေ အပျက်သဘောဆောင်သောအရာဖြစ်စေ သင်သည် သင်၏စိတ်နှလုံးထဲတွင် သင်တွေးသမျှနှင့် လုပ်ဆောင်ရန် ကြံစည်သမျှကို ဖွင့်ဟပြနိုင်ပါက၊ သင်သည် ရိုးသားနေခြင်း မဟုတ်လော။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်ပါက၊ ဘုရားသခင်သည်လည်း သင့်ကို မြင်ပြီး “သင်သည် အခြားသူများမြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြသောကြောင့် ငါ့ရှေ့တွင်လည်း သင်သည် ဧကန်အမှန်ပင် ရိုးသား၏” ဟု ဆိုလိမ့်မည်။ အကယ်၍ သင်သည် အခြားသူများ မမြင်စေဘဲ ဘုရားသခင်ထံ၌သာ သင့်ကိုယ်သင် ဖွင့်ဟပြပြီး၊ ကြီးမြတ်ကြောင်း၊ မွန်မြတ်ကြောင်း သို့မဟုတ် ၎င်းတို့ရှေ့တွင် တရားမျှတပြီး အတ္တကင်းကြောင်း အစဉ်သဖြင့် ဟန်ဆောင်ပါက၊ ဘုရားသခင်သည် မည်သို့ တွေးပြီး မည်သည့်အရာကို ဆိုလိမ့်မည်နည်း။ ဘုရားသခင်က “သင်သည် အမှန်ပင် လိမ်လည်လှည့်ဖြားတတ်၏၊ သင်သည် အကယ်စင်စစ် သူတော်ကောင်းဟန်ဆောင်ပြီး သိမ်ဖျင်း၏၊ ထို့အပြင် သင်သည် ရိုးသားသောသူ မဟုတ်” ဟု ဆိုလိမ့်မည်။ အကယ်၍ သင်သည် ရိုးသားလိုပါက၊ ဘုရားသခင်ရှေ့ သို့မဟုတ် လူတို့ရှေ့တွင် မည်သည့်အရာကို သင်လုပ်ဆောင်ပါစေ၊ သင် စိတ်နှလုံးကို အခြားသူများအား ဖွင့်ပြပြီး ထုတ်ဖော်ပြနိုင်သင့်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူးကြောက်ရွံ့နေကြသော်လည်း သင့်အနေဖြင့် လူကိုသာလှည့်ဖြား၍ရနိုင်ပြီး ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပါ။ ဘုရားသခင်၏ အကဲဖြတ်ခြင်းကို မခံနိုင်သည့် မည်သည့်အရာကိုမဆို အမှန်တရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထား သင့်သည်။ သို့မဟုတ်ပါက ဘုရားသခင်ကို ဆန့်ကျင် သည့် အပြစ်ဒုစရိုက်ပင် ဖြစ်သည်။ ထိုကြောင့် သင်ဆုတောင်းသည့်အခါဖြစ်ပါစေ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိဿဟာယပြုသည့်အခါတွင် ဖြစ်ပါစေ၊ သို့မဟုတ် သင်၏လုပ်ငန်းကို ဆောင်ရွက်သည့်အခါနှင့် သင်၏တာဝန်များကို လုပ်ဆောင်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် ဆက်ကပ်သင့်သည်။ ထိုသို့ပြုလျှင် သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်စဉ်တွင် ဘုရားသခင်သည် သင်နှင့်အတူရှိမည်ဖြစ်ပြီး သင်၏ရည်ရွယ်လုပ်ဆောင်သည်များ မှန်ကန်လျှင် ဘုရားသခင်အိမ်တော်အတွက် လုပ်ဆောင်ခြင်းဖြစ်လျှင် သင်၏လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေးမည် ဖြစ်သောကြောင့် သင်၏လုပ်ငန်းဆောင်တာများကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်အားထက်သန်စွာ ဆက်ကပ်အပ်နှံသင့်ပေသည်။ သင်ဆုတောင်းသည့်အခါ သင်၏စိတ်နှလုံးတွင် ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် အကဲဖြတ်ခြင်းတို့ကို အရယူပြီး အကယ်၍ ထိုအရာများသည် သင်၏စိတ်ရင်းမှန်ဖြစ်လျှင် သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင်ဆုတောင်းသည့်အခါ မုသားကိုမသုံးပဲ သင်၏စိတ်နှလုံး တံခါးကိုဖွင့်၍ သင်၏စိတ်ထဲရှိသမျှကို တောင်းဆိုလျှင် သင်၏ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် စိတ်တော်နှင့် ထိတွေ့သူကို စုံလင်စေသည်” မှ

ယနေ့တွင် ဘုရားသခင်၏ စစ်ကြောခြင်းကို လက်မခံသောသူသည် ဘုရားသခင်၏ထောက်ခံမှုကို ရရှိမည်မဟုတ်သလို လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူသည် စုံလင်ခြင်းမခံရနိုင်ပါ။ သင်၏လုပ်ဆောင်ချက်များအားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ချပြနိုင်မည်လားကို ပြန်ကြည့်ပါ။ သင်၏လုပ်ဆောင်ချက်များအားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ ချမပြနိုင်ပါက သင်သည် ဒုစရိုက်သမားတစ်ဦးပင် ဖြစ်သည်။ ဒုစရိုက်သမားတစ်ဦးသည် စုံလင်ခြင်းခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်စူးသမျှအားလုံး၊ တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာများဖြစ်သော ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားစကားတော်များကို စားသောက်ခြင်းအမှုများ၊ သင်၏ ညီအစ်ကိုညီအစ်မများနှင့် မိဿဟာယပြုခြင်းများ၊ အသင်းတော်တွင် ဆက်ကပ်မှုများနှင့် သင်၏ တွဲဖက်ဆောင်ရွက်မှုများအားလုံးကို ဘုရားသခင်၏ ရှေ့တော် မှောက်သို့ချပြ၍ သူ၏အကဲဖြတ်ခြင်းကိုခံရမည်။ ထိုသို့သော လုပ်ဆောင်မှု အလေ့အထများက သင့်အား ရင့်ကျက်သူတစ်ဦးဖြစ်လာစေရန် ကူညီပေးပါလိမ့်မည်။ ဘုရားသခင်၏အကဲခတ်ခြင်းကို လက်ခံသောဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်၏အကဲခတ်ခြင်းကို များများလက်ခံလေ၊ သင်စင်ကြယ်လေပင်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့်ကိုက်ညီလေ၊ ကာမဂုဏ်လွန်ကျူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ခေါ်သံကို မကြားရလေဖြစ်ကာ သင်၏စိတ်နှလုံးသည်လည်း အထံတော်ပါးတွင် အမြဲကျင်လည်နေပေလိမ့်မည်။ ဘုရားသခင်၏ အကဲခတ်ခြင်းကို သင်လက်ခံလေလေ၊ စာတန်အရှက်ရလေလေဖြစ်ပြီး သင်၏ဇာတိပကတိကို ပစ်ပယ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့လက်တွေ့ကျင့်သုံးရမည့် လမ်းစဉ်တစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့တွင်ချပြ၍ ဘုရားသခင်၏ အကဲခတ်ခြင်းကို တောင်းခံလျှင်၊ သင်၏ရည်ရွယ်ချက်သည် ဘုရားသခင်ကိုယ်တော်တိုင်ကို နာခံရန်ဖြစ်လျှင် သင်လက်တွေ့လုပ်ဆောင်သည့်အရာသည် ပိုမိုမှန်ကန်ပေလိမ့်မည်။ သင်ပြုမူဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့တွင်ချပြ၍ ဘုရားသခင်၏အကဲခတ်ခြင်းကို ခံယူနိုင်မှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် စိတ်တော်နှင့် ထိတွေ့သူကို စုံလင်စေသည်” မှ

ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ မည်သည့်အချိန်တွင်မဆို မည်သည့်အရာကိုမျှ လိမ်လည်မှု မရှိခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှလူများကို လိမ်လည်ခြင်းနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင်ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ ကိုယ်နှုတ်အမူအရာတို့ကို မသန့်ရှင်းစေခြင်းမှ ရှောင်ရှား၍ ဘုရားသခင်ကိုဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။...တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန်မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” အထူးရှိပုံရသော်လည်း ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ဖီဆန်အာခံသွားကာ ထိန်းချုပ်ထားမှုများ ပယ်ပျောက်တော့သည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော်တစ်ဦးဖြစ်ပြီး ဆက်ဆံရေး အထူးကောင်းမွန်ပါက သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည်ဆိုပါက သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံးရမည်ကို အလွန်တရာကို စက်ဆုတ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်သည် လျှို့ဝှက်ချက်များ ရှိလွန်းသဖြင့် မျှဝေရန် တွန့်ဆုတ်နေပြီး အလင်းအတွက်လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ရန် သင်၏ လျှို့ဝှက်ချက်များ— တနည်းအားဖြင့် ဆိုသော် သင့်အခက်အခဲများ— ကို အခြားသူများရှေ့တွင် ဖော်ပြရန် လိုလိုလားလားမရှိပါက၊ သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျကျေနပ်စေသည်ဆိုပါက သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်ကျေပွန်စွာ အလုပ်လုပ်လျက် အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန်၀မ်းမြောက်ပါက သင်သည် သစ္စာရှိသော သန့်ရှင်းသူတစ်ယောက်ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကိုမမျှော်ကိုးဘဲ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည်နိုင်လျှင်၊ သင်သည် မိမိအတွက်မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

သင်သည် သင်၏ တာဝန်ကို ပေါ့ပေါ့ဆဆ ဖြစ်ခြင်း၊ ဘုရားသခင်ကို လှည့်ဖြားခြင်းမရှိပဲ ကျေပွန်အောင်ထမ်းဆောင်လိုလျှင်၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကိစ္စရပ်ကို သင် အတည်တကျ လုပ်ဆောင်ရမည်။ သင်၏ တာဝန်ကို ကျေပွန်အောင်ထမ်းရွက်စဉ်တွင်၊ ပြုပြင်ခြင်း နှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို သင် လက်ခံရမည်။ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်က စိစစ်ခြင်းကို သင်လက်ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း တင်းတင်းကျပ်ကျပ် လက်တွေ့လုပ်ဆောင်ရပါည်။ အကယ်၍ သင်၏ တာဝန်တွင် သင်သည် ပေါ့ပေါ့ဆဆ ဖြစ်နေသည်ကို တွေ့ရှိလျှင် ဘုရားသခင်ထံ ဆုတောင်းပါ။ သင့်ကိုယ်သင် ဘုရားသခင်ကို လှည့်ဖြားရန် ကြိုးစားနေသည်ကို သင်တွေ့ရှိလျှင် ဤပြစ်မှားခြင်းကို သင် အသိအမှတ်ပြုရပါမည်။ ဤအရာကို သင် မဖုံးကွယ်နိုင်သလို အခြားသူများအပေါ် အပြစ်လွှဲချရန် အချက်အလက်များကို မမှန်မကန် လိုရာဆွဲဖို့မဆိုထားနှင့်၊ ဟန်ဆောင်၍ပင် မရနိုင်ပါ။ သင်လုပ်သည့် အမှုအရာများနှင့် ပတ်သက်၍ ဤသို့ အလေးအနက်ထားပြီး သင်၏ စကားတိုင်း နှင့် လုပ်ဆောင်မှုတိုင်းကို လေးလေးနက်နက် သဘောထားဖို့ရန် လိုအပ်ပေသည်။ ပွင့်ပွင့်လင်းလင်းပြောဆိုပြီး အရှိကိုအရှိအတိုင်းဖြစ်စေပါ၊ အချက်အလက်များမှ သမ္မာတရားကို ရှာဖွေပြီး သင့်စကားများကို စိတ်ကူးယဉ်ခြင်းနှင့် မစွန်းထင်းစေနှင့်။ ပြစ်မှားမှုတစ်ခုကို သင်ရှာတွေ့လျှင်၊ ဘုရားသခင်ထံ ဆုတောင်းခြင်းအပြင်၊ အခြားသူများကိုလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံရမည်။သင်၏ ကိုယ်ပိုင် နာမည်ဂုဏ်သတင်းအတွက် စိုးရိမ်ပူပန်မှုဖြင့် နောက်ပြန်တွန့်ဆုတ်မသွားပါနှင့်။ အမှန်တရားများကို သင် ရဲရင့်စွာ ရင်ဆိုင်သင့်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် အဓိပ္ပါယ်ရှိသည်။ ယင်းသည် သင့်ကို အကျိုးဖြစ်စေမည်မှာ သေချာပါသည်။ ပထမဦးစွာ၊ ထိုအရာက ရိုးသာသောလူတစ်ဦးဖြစ်ခြင်း၌ သင်၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို တိုးစေနိုင်သည်။ ဒုတိတယအနေဖြင့်၊ အရှက်ရခြင်းကို မကြောက်ရန်နှင့် သင်၏ ဘဝင်မြင့်ခြင်း နှင့် မိမိကိုယ်ကို အလေးထားမှုတို့ကို အလျော့ပေးဖို့ ထိုအရာက သွန်သင်ပေးနိုင်သည်။ တတိယအနေဖြင့်၊ အမှန်တရားများကို ရင်ဆိုင်ရန် နှင့် လေးစားရန် သင့်ကို သတ္တိပေးနိုင်သည်။ စတုတ္ထအနေဖြင့်၊ သင်လုပ်ဆောင်သော အရာကို အလေးထားတတ်ဖို့ ဆန္ဒကို သင့်တွင် မြှင့်တင်ပေးနိုင်သည်။ အချိန်ကာလတစ်ခုကြာ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ပြီးနောက်၊ လူတို့သည် ၎င်းတို့၏ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရာတွင် ပို၍ ရိုးသားကြပေလိမ့်မည်၊ ၎င်းတို့ လုပ်ဆောင်သော အမှုအရာများတွင် ပိုမို စစ်မှန်ကြလိမ့်မည်ဖြစ်ပြီး အမှားနည်းကြပေလိမ့်မည်။ နှစ်အနည်းငယ်မျှအကြာတွင်၊ ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်သောအရာကို စိတ်ရင်အတိုင်း နှင့် လေးလေးနက်နက် ယူတတ်ကြသော ရိုးသားသောလူများဖြစ်ကြလိမ့်မည်ဖြစ်ပြီး အရေးကိစ္စများကို ကိုင်တွယ်ရာတွင် တာဝန်သိတတ်သောသူများ ဖြစ်လာကြလိမ့်မည်။ ထိုကဲ့သို့သော လူများသည် ၎င်းတို့၏ တာဝန်များကို ကျေပွန်အောင် ထမ်းရွက်ခြင်းနှင့် ၎င်းတို့၏ အလုပ်များကို လုပ်ဆောင်ရာတွင် သိသိသာသာ ယုံကြည်အားထားရလေသည်။ ဘုရားသခင်၏ အိမ်တော်သည် ဤသို့သောလူများကို အသုံးပြုသည့်အခါမှသာ မည်သည့်မှားယွင်းမှုမရှိစေရန်အတွက် သေချာနိုင်ပါသည်။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

ယခု၊ ရိုးသားသော လူများဖြစ်ဖို့ လေ့ကျင့်ခြင်း၏ လုပ်ငန်းစဉ်ထဲတွင် သင်တို့ ရှိကြသည်။ လေ့ကျင့်ခြင်း၏ လုပ်ငန်းစဉ်ထဲတွင်၊ မည်သည့်အရာကို သင် ပိုမို အာရုံစိုက်ရမည်နည်း။ သင်သည် ဘုရားသခင်ကို သိကျွမ်းခြင်းကို အာရုံစိုက်ရမည်၊ သမ္မာတရားကို သိနားလည်ခြင်းကို အာရုံစိုက်ရမည်ဖြစ်ပြီး အပြုသဘောဆောင်သောဘက်မှ အမှန်တကယ် ဝင်ရောက်မှုကို သင်ရရှိရပါမည်။ အပြုသဘောဆောင်သောဘက်မှ သင်ဝင်ရောက်လျှင်၊ အပျက်သဘောဆောင်သောဘက်မှ ဖောက်ပြန်ပျက်စီးခြင်းသည် အလိုအလျောက် လျော့သွားလိမ့်မည်ဖြစ်ပြီး ဤသည်မှာ အရေးပါလှပေသည်။ ဥပမာအားဖြင့်၊ ရိုးသားသော သူတစ်ဦး ဖြစ်ဖို့ရန်၊ သင့်အနေဖြင့် ရိုးသားသောသူ တစ်ဦးဖြစ်ခြင်း၏ လက်တွေ့အရှိတရားနှင့် သမ္မာတရားတို့ဖြင့် မိမိကိုယ်ကို ပြင်ဆင်ဖို့ရန် ဦးစွာ လိုအပ်သည်။ ဤအရာကို သင်ပြုလုပ်ပြီးနောက်တွင်၊ သင်၏ ရိုးသားသော အစိတ်အပိုင်းက တိုးလာလိမ့်မည်ဖြစ်ပြီး မုသားများ နှင့် ကောက်ကျစ်မှုတို့က အလိုအလျောက် လျော့နည်းလိမ့်မည်၊ မှန်ပါသလော။ ညစ်ပတ်သော ရေများဖြင့် ပြည့်နေသော ခွက်တစ်ခွက်ကဲ့သို့ပင် ဖြစ်သည်။ ယင်းကို သင် သွန်ပစ်၍မရပါ၊ သို့ဖြစ်လျှင် သင် မည်သည့်အရာ လုပ်ဆောင်မည်နည်း။ သန့်ရှင်း၊ ကောင်းမွန်သော ရေအချို့ကို ခွက်ထဲသို့ သင် လောင်းထည့် ရမည်ဖြစ်ပြီး ကောင်းသောရေက ညစ်ပတ်သောရေများကို အလိုအလျှောက် ဆေးကြောသွားပါလိမ့်မည်။ ယခုတွင်၊ သင်သည် သမ္မာတရားဖြင့် သင့်ကိုယ်သင် ပြင်ဆင်ထားရမည်ဖြစ်ပြီး သင့်အထဲသို့ သမ္မာတရား ဝင်ရောက်သည်နှင့် တပြိုင်နက်၊ သင့်အထဲက အပျက်သဘောဆောင်သော အရာများ အလိုလို ပျောက်ကွယ်သွားပါလိမ့်မည်။

အသက်တာထဲသို့ ဝင်ရောက်မှုဆိုင်ရာ တရားဟောချက်များနှင့် မိတ်သဟာယပြုခြင်း (၁) တွင်ပါဝင်သော “မုသားပြောဆိုခြင်း ပြဿနာကို အမြစ်မှနေ၍ ဖြေရှင်းပုံ” မှ

ယခင်က:ရိုးသားသော လူတစ်ဦးနှင့် လှည့်ဖြားတတ်သော လူတစ်ဦးကြား ခြားနားချက်မှာ အဘယ်နည်း။

နောက်တစ်ခုသို့:တာဝန်ကို လုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ