အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၅၃၁ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် အရေးအကြီးဆုံးဖြစ်၏ကျူး

၁ စာအုပ်တစ်အုပ်ကို လက်ထဲ၌ ကိုင်ထားစဉ်တွင် အသိပညာအနည်းငယ်အကြောင်းကို သင်ပြောကောင်း ပြောနိုင်ပေလိမ့်မည်၊ သို့သော် စာအုပ်ကို သင့်လက်မှ ချလိုက်သောအခါ သင့်မှာ ပြောစရာမရှိပေ။ ယင်းက သင်သည် နှုတ်ကပတ်တော်များ နှင့် အယူဝါဒများအကြောင်းကိုသာ ပြောနိုင်ပြီး အတွေ့အကြုံနှင့်ပတ်သက်သော အသိပညာ မရှိကြောင်းကို ပြ၏။ ယနေ့ အဓိကအချက်ကိုသင်နားလည်ရမည်။ ဤသည်မှာ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ရန်အတွက် အလွန်အရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အောက်ပါလေ့ကျင့်ခန်းဖြင့် စလော့၊ ဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်လော့၊ ၎င်းတို့ထဲ၌ရှိသော ဝိညာဉ်ရေးရာနှင့်ဆိုင်သော အခေါ်အဝေါ်များကို နားလည်အောင် လုပ်လော့၊ အရေးကြီးသော ရူပါရုံများကိုရှာလော့၊ လုပ်တွေ့လုပ်ဆောင်သည့် ကဏ္ဍများကို ဖော်ထုတ်ပြီး၊ ၎င်းတို့ကို တစ်ခုပြီးတစ်ခု တစ်စုတစ်စည်းတည်း ရှိအောင်လုပ်ပြီး သင် ထိုအရာများကို ကြုံစဉ်တွင် ၎င်းတို့ထဲသို့ ဝင်ရောက်လော့။ ဤအရာများသည် သင်နားလည်ရမည့် အဓိက အရာများ ဖြစ်သည်။

၂ သင်တို့အားလုံး ယေဘုယျအားဖြင့် ပျင်းရိခြင်း၊ စိတ်ထက်သန်မှု မရှိခြင်း၊ ပေးဆပ်လိုစိတ် မရှိခြင်း သို့မဟုတ် ဘာမျှမလုပ်ဘဲ စောင့်နေခြင်း အခြေအနေအတွင်း ရှိကြသည်။ တချို့လူများသည် မကျေမနပ်ပင် ပြောဆိုတတ်ကြသည်။ ဘုရားသခင့် အမှု၏ရည်ရွယ်ချက်များနှင့် အရေးပါမှုတို့ကို သူတို့ မသိကြပေ။ သမ္မာတရားကို လေ့လာလိုက်စားဖို့ သူတို့အတွက် ခက်ခဲသည်။ ထိုသို့သောလူများသည် သမ္မာတရားကို အလွန်မုန်းကြသည်။ သူတို့သည် အဆုံး၌ သုတ်သင်ဖယ်ရှားခြင်း ခံရမည့်သူများ ဖြစ်သည်။ သူတို့ထဲတွင် မည်သူ့ကိုမျှ စုံလင်အောင် ပြုလုပ်ပေးဖို့ မဖြစ်နိုင်သလို မည်သူမျှလည်း ကျန်ရှိနိုင်မည် မဟုတ်ပေ။ လူတို့သည် စာတန်၏ စွမ်းအားများကို တွန်းလှန်ရန် နည်းနည်းလေးမျှ စိတ်ပိုင်းဖြတ်ထားခြင်း မရှိလျှင် သူတို့အတွက် မျှော်လင့်ချက် မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် ဘုရားကို ယုံကြည်ခြင်း၏ သော့ချက်တည်းကျူး

နောက်တစ်ခုသို့:ထက်မြက်သောအသင်၊ အလျင်အမြန်နိုးထလော့ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ