၁) ဆုတောင်းခြင်း၏ အရေးပါမှုမှာ မည်သည့်အရာဖြစ်သနည်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဆုတောင်းခြင်းသည် လူသားက ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ယင်းသည် လူသားက ဘုရားသခင်ကို ခေါ်သည့် နည်းလမ်းတစ်ခု ဖြစ်ပြီး လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တို့ထိခြင်းခံရသည့် ဖြစ်စဉ်ဖြစ်သည်။ ဆုတောင်းခြင်း မရှိသူများသည် ဝိညာဉ်မရှိသည့် လူသေများဖြစ်သည်ဟု ဆိုနိုင်သည်၊ ယင်းက ၎င်းတို့သည် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့ အစွမ်းအစ ကင်းမဲ့သည်ကို သက်သေပြပေသည်။ ဆုတောင်းခြင်း မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို အမီလိုက်ဖို့ မဆိုထားနှင့်၊ ပုံမှန် ဝိညာဉ်ရေးရာ အသက်တာကို နေထိုင်ဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဆုမတောင်းဘဲနေခြင်းသည် မိမိ၏ ဘုရားသခင်နှင့် ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိဖို့ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအနေဖြင့်၊ သာ၍ ဆုတောင်းလေလေ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ တို့ထိမှုကို သာ၍ ခံရလေလေ၊ သန္နိဋ္ဌာန်ဖြင့် သာ၍ ပြည့်လေလေဖြစ်ပြီး ဘုရားသခင်ထံမှ အသစ်သော ဉာဏ်အလင်းပေးခြင်းကို ရရှိဖို့ သာ၍ ကောင်းမွန်စွာ လုပ်နိုင်လေလေ ဖြစ်လိမ့်မည်။ အကျိုးဆက်အနေဖြင့်၊ ဤသို့သော လူအမျိုးအစားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကို အလွန် လျင်မြန်စွာ ခံရနိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍” မှ

ဆုတောင်းခြင်းဟူသည် ထုံးတမ်းဓလေ့ အမျိုးအစားတစ်ခု မဟုတ်ပေ၊ ယင်းသည် လူတစ်ဦးနှင့် ဘုရားသခင်အကြား စစ်မှန်သော အတူခံစားခြင်းတစ်ခုဖြစ်ပြီး၊ ယင်း၌ အလွန်လေးနက်သော အဓိပ္ပာယ်ပါရှိသည်။ လူတို့၏ ဆုတောင်းချက်များမှ၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနေကြောင်း တွေ့ရှိနိုင်သည်။ အကယ်၍ သင်သည် ဆုတောင်းခြင်းကို ထုံးတမ်းဓလေ့တစ်ခုအဖြစ် ရှုမြင်လျှင်၊ သင်သည် ဘုရားသခင်ကို ကောင်းစွာ အစေခံလိမ့်မည် မဟုတ်သည်ကား သေချာပေသည်။ အကယ်၍ သင်၏ ဆုတောင်းချက်များကို အလွန် လေးနက်စွာ သို့မဟုတ် အရင်းခံရိုးသားမှုနှင့် မတောင်းပါက ဘုရားသခင်၏ ရှုထောင့်မှ၊ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် သင် မတည်ရှိပေဟု ပြောနိုင်လေသည်၊ ထို့နောက် သင့်အပေါ် သန့်ရှင်းသော ဝိညာဉ်တော်အား အဘယ်သို့ သင် အလုပ်လုပ်စေနိုင်မည်နည်း။ အကျိုးဆက် အနေဖြင့်၊ အချိန်ကာလတစ်ခုကြာ လုပ်ဆောင်ပြီးသောအခါ သင် ခြေကုန်လက်ပန်း ကျလာလိမ့်မည်။ ယခုမှစ၍ ဆုတောင်းခြင်းမပါဘဲ သင် အလုပ်လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ အလုပ်လုပ်ဆောင်ခြင်းကို ဖြစ်ပေါ်စေသည်မှာ ဆုတောင်းခြင်းဖြစ်ပြီး၊ အစေခံခြင်းကို ဖြစ်ပေါ်စေသည်မှာ ဆုတောင်းခြင်းပင်ဖြစ်သည်။ သင်သည် ဦးဆောင်ဦးရွက်ပြုသူ ဖြစ်ပြီး ဘုရားသခင်ကို အစေခံသော လူတစ်ဦးဖြစ်လျက်နှင့် သင်သည် ဆုတောင်းခြင်း၌ သင့်ကိုယ်သင် မည်သည့်အခါမျှ မဆက်ကပ်လျှင် သို့မဟုတ် သင့်ဆုတောင်းချက်များ၌ မည်သည့်အခါမျှ အလေးအနက်မရှိခဲ့လျှင်မူ၊ သင်အစေခံသည့် ပုံစံမှာ သင့်ကို လဲကျစေ၍ ဇာတ်သိမ်းလိမ့်မည်ဖြစ်သည်။ လူတို့အနေဖြင့် ဆုမတောင်းဘဲနေခွင့်ရှိသည်ဟု မည်သည့်အရာက ၎င်းတို့ကို ခံစားစေသနည်း။ ဘုရားသခင်သည် လူ့ဇာတိခံဖြစ်သောကြောင့် ဆုတောင်းခြင်းကို ၎င်းတို့ ရပ်တန့်ပြီလော။ ယင်းသည် လက်သင့်ခံနိုင်ဖွယ် မရှိပေ။ တစ်ခါတစ်ရံ ငါပင် ဆုတောင်း၏။ သခင်ယေရှုသည် လူ့ဇာတိ၌ ရှိသည့်အချိန်တွင်၊ သူသည်လည်း အရေးကြီးသည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ ဆုတောင်းခဲ့သည်။ တောင်များပေါ်တွင်၊ လှေများပေါ်နှင့် ဥယျာဉ်များထဲတွင် သူ ဆုတောင်းခဲ့သည်။ သူ၏ တပည့်တော်များကိုလည်း ဆုတောင်းဖို့ သူ ဦးဆောင်ခဲ့သည်။ သင်သည် ဘုရားသခင်၏ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး သူ့ထံ ဆုတောင်းနိုင်ပါက၊ ဤအရာက သင်သည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံသည်ကို သက်သေပြပေသည်။ အကယ်၍ ဆုတောင်းဖို့ကို မကြာခဏ လျစ်လျူရှုကာ၊ သူ၏နောက်ကွယ်၌ ဤဟာထိုဟာ လုပ်ဆောင်ရင်း၊ သင့်ဘာသာ အမှုအရာများကို လုပ်ဆောင်လေ့ရှိပါက၊ သင်သည် ဘုရားသခင်ကို အစေခံနေသည်မဟုတ်၊ သင်၏ကိုယ်ပိုင် အလုပ်ကိစ္စတွင် ပါဝင်နေခြင်းသာ ဖြစ်သည်။ ထိုအတိုင်းဆိုလျှင် သင်သည် စီရင်ချက်ချခံရလိမ့်မည် မဟုတ်လော။ အပြင်ပန်းအားဖြင့် သင်သည် အနှောင့်အယှက် ဖြစ်စေသောအရာ တစ်ခုခုကို ပြုလုပ်ပြီးသကဲ့သို့ ပေါ်လွင်လိမ့်မည် မဟုတ်သည်အပြင်၊ ဘုရားသခင်ကို သင် ပြစ်မှားစော်ကားခဲ့ပုံလည်း ပေါက်လိမ့်မည်မဟုတ်ပေ၊ သို့သော် သင်သည် သင့်ကိုယ်ပိုင်အမှုအရာကို လုပ်ဆောင်နေခြင်းသာလျှင် ဖြစ်နေလိမ့်မည်။ ဤသို့ပြုခြင်းအားဖြင့် သင်သည် နှောင့်ယှက်နေသည် မဟုတ်လော။ အပေါ်ယံ၌ သင်သည် နှောင့်ယှက် နေသည့်ပုံ မပေါက်သော်ငြားလည်း အနှစ်သာရအားဖြင့် သင်သည် ဘုရားသခင်ကို ခုခံနေခြင်းပင်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

သင်တို့အတွက် ဆုတောင်းခြင်းသည် အရေးကြီးဆုံး ဖြစ်၏။ သင်ဆုတောင်းပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိသည့်အခါတွင်၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ တို့ထိခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ချစ်ရန်ခွန်အား ပေါ်ထွက်လာလိမ့်မည်။ သင်၏စိတ်နှလုံးဖြင့် ဆုမတောင်းပါက၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် သင် ရင်မဖွင့်ပါက၊ ဘုရားသခင်သည် သင့်ထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်။ ဆုတောင်းပြီး သင့်စိတ်နှလုံးထဲက စကားများကို ပြောဆိုပြီးနောက်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် စတင် အလုပ်မလုပ်ရသေးသကဲ့သို့ မည်သည့် နှိုးဆော်မှုကိုမျှ သင်မရရှိပါက၊ သင်၏စိတ်နှလုံးသည် ရိုးသားမှု ကင်းမဲ့သည်၊ သင်၏စကားများ မမှန်ကန်သကဲ့သို့ မဖြူစင်သေးသည်ကို ဤအရာက ပြသပေသည်။ ဆုတောင်းပြီးသည့်နောက်၊ အားရကျေနပ်မှု ခံစားချက်တစ်ခု သင် ရှိပါက၊ သင်၏ ဆုတောင်းချက်သည် ဘုရားသခင်အဖို့ လက်ခံနိုင်စရာ ဖြစ်ပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အတွင်း၌ အလုပ်လုပ်နေပေသည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် အစေခံသည့် သူတစ်ဦးအနေနှင့်၊ သင်သည် ဆုတောင်းခြင်းမရှိဘဲ မနေနိုင်ပေ။ သင်သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိသည့် အရာတစ်ခုအဖြစ် အမှန်တကယ် မြင်ပါက၊ ဆုတောင်းခြင်းကို သင်စွန့်လွှတ်နိုင်သလော။ မည်သူမျှ ဘုရားသခင်နှင့် မိတ်သဟာယမဖွဲ့ဘဲ မနေနိုင်ချေ။ ဆုတောင်းခြင်း မရှိပါက၊ သင်သည် ဇာတိပကတိ၌၊ စာတန်၏ ကျေးကျွန်ဘဝတွင် အသက်ရှင်နေခြင်း ဖြစ်သည်။ စစ်မှန်သည့် ဆုတောင်းခြင်း မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍” မှ

လူတို့သည် ဆုတောင်းရန် ဒူးထောက်ကြသည့်အခါ ထိုသူတို့သည် လုပ်ဆုပ်လက်ကိုင်ပြ၍ မရသောလောကရှိ ဘုရားသခင်ကို စကားပြောနေကြခြင်းပင် ဖြစ်သော်လည်း၊ ထိုသူတို့၏ ဆုတောင်းချက်များမှာ ရေသွယ်ပြွန်တစ်ချောင်းသဖွယ်လည်း ဖြစ်ကာ ယင်းမှတစ်ဆင့် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်လုပ်သည်ကို ရှင်းလင်းစွာ နားလည်သင့်ပေသည်။ လူတို့သည် မှန်ကန်သော အခြေအနေ၌ရှိပြီး ဆုတောင်းရှာဖွေကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း တစ်ပြိုင်နက်တည်း အလုပ်လုပ်လာလိမ့်မည်။ ဤသည်မှာ မတူညီသော ရှုထောင့်နှစ်ခုမှ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြား သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှု တစ်ခုအလား ဖြစ်သည်၊ တစ်နည်းအားဖြင့် ယင်းမှာ လူတို့ ပြဿနာအချို့ကို ကိုင်တွယ်ဖြေရှင်းရန် ဘုရားသခင်မစနေခြင်းပင် ဖြစ်သည်။ ဤသည်မှာ လူသားတို့ ဘုရားသခင်ရှေ့မှောက် ရောက်လာသည့်အခါ သူတို့ဘက်မှ ပူးပေါင်းဆောင်ရွက်မှုပုံစံ ဖြစ်သည်၊ ယင်းသည် ဘုရားသခင် လူတို့ကို ကယ်တင်ပြီး သန့်စင်ပေးသည် နည်းလမ်းတစ်မျိုးလည်း ဖြစ်သည်။ ထို့ပြင် ယင်းသည် လူတို့၏ သင့်လျော်သော အသက်တာဝင်ရောက်ခြင်းအတွက် လမ်းကြောင်းပင်ဖြစ်ပြီး၊ ယင်းမှာ သဘင်အခမ်းအနားတစ်မျိုး မဟုတ်ပါပေ။ ဆုတောင်းခြင်းဟူသည် လူတို့၏ စိတ်အားထက်သန်မှုကို လှုံ့ဆော်ရန်မျှသာ မဟုတ်ပေ၊ ထိုအရာမျှသာ ဖြစ်ခဲ့ပါလျှင် ဟန်ဆောင်လုပ်ပြပြီး ဆောင်ပုဒ်တစ်ချို့ကို ကြွေးကြော်ရုံမျှနှင့် လုံလောက်မည်ဖြစ်ကာ၊ ဝတ်ပြုရန် သို့မဟုတ် ဘာသာရေးကိုင်းရှိုင်းရန်ဟူသည့် မည်သည့်အရာကိုမျှ တောင်းဆိုရန် လိုအပ်မည်မဟုတ်ပါပေ။ ဆုတောင်းခြင်း၏ အဓိပ္ပာယ်မှာ အလွန်အမင်းပင် လေးနက်သည်တကား။ သင် မကြာခဏ ဆုတောင်းပြီး မည်သို့ဆုတောင်းရမည်ကို သင်သိပါက၊ ကျိုးနွံနာခံစွာနှင့် ကျိုးကြောင်းဆီလျော်စွာ မကြာခဏ ဆုတောင်းပါက၊ သင်၏ အတွင်းစိတ်အခြေအနေမှာ အထူးသဖြင့် သင့်လျော်နေလိမ့်မည်။ အကယ်၍ သင်သည် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိသည့်အပြင် ဆုတောင်းချက်ထဲ၌ သင်ပြောသည့် မည်သည့်အချက်က ကျိုးကြောင်းဆီလျော်ကြောင်း၊ သင်၏ မည်သည့်စကားလုံးများက ကျိုးကြောင်းဆီလျော်မှု မရှိကြောင်းနှင့် မည်သို့သော စကားပြောနည်းက မှန်ကန်သော ဝတ်ပြုကိုးကွယ်မှု မဟုတ်ကြောင်းတို့ကို ဆင်ခြင်သုံးသပ်မှုမရှိဘဲ၊ ထို့ပြင် အကယ်၍ သင်သည် ဤအရေးကိစ္စများကို မည်သည့်အခါမျှ အလေးအနက်မရှိပါက သင်၏ ဆုတောင်းချက်များမှာ အောင်မြင်လိမ့်မည် မဟုတ်သည့်အပြင် သင်သည် ပုံမှန်မဟုတ်သော အတွင်းစိတ်ခံစားမှု အစဥ်အမြဲ ရှိလိမ့်မည်ဖြစ်သည်၊ သင်သည် ပုံမှန်ဖြစ်သော ကျိုးကြောင်းဆီလျော်မှုမှာ အဘယ်အရာဖြစ်ကြောင်း၊ စစ်မှန်သော ကျိုးနွံနာခံမှုမှာ အဘယ်အရာဖြစ်ကြောင်း၊ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းမှာ အဘယ်အရာဖြစ်ကြောင်းနှင့် ဆုတောင်းခြင်းတွင် သင်ရပ်တည်ရမည့်နေရာ စသည့် သင်ခန်းစာများထဲသို့ မည်သည့်အခါမျှ အမှန်ပင် နက်နက်နဲနဲ ဝင်ရောက်လိမ့်မည်မဟုတ်ချေ။ ဤအရာများအားလုံးသည် သိမ်မွေ့နက်နဲသော ကိစ္စရပ်များဖြစ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

လူအပေါင်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ စီမံခန့်ခွဲမှုတွင် ပါဝင်ကြပြီး ၎င်းတို့ကိုယ်တိုင်၏ အရေးကိစ္စများကို ကိုင်တွယ်ကြသည်ဟု ယခင်က ငါ ပြောပြီးဖြစ်၏။ လူတို့သည် ယခုတွင် ဤကဲ့သို့ ဖြစ်နေကြသေး၏။ ၎င်းတို့ တစ်ခဏ အလုပ်လုပ်ပြီးနောက် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင် အတော်အတန် ကင်းမဲ့လျက် ဆုတောင်းခြင်းကို ရပ်လိုက်ကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် အလုပ် အစီအစဉ်များအတိုင်း ဆောင်ရွက်ရုံသာဆောင်ရွက်သည်။ မည်သို့ဆိုစေ၊ ယင်းမှာ ကျွန်ုပ်သည် အမှားတစ်ခု ပြုမိခဲ့သည့်အလား သို့မဟုတ် နှောင့်ယှက်မှုတစ်ခု ဖြစ်စေခဲ့သည့်အလား မဟုတ်ပါ။...” ဟု မိမိတို့ဘာသာမိမိတို့ စဉ်းစားကြသည်။ သင်သည် ကျေးဇူးတင်ရှိဖို့ မဆိုထားနှင့်၊ ဆုပင်မတောင်းချေ။ ဆိုးရွားလှသည့် အခြေအနေတစ်ခုတွင် ရှိနေသည်တကား။ အချိန်အများစုတွင် ဤအခြေအနေ မှားယွင်းသည်ကို သင် သိသော်လည်း ယင်းကို ပြုပြင်ဖို့ သင်သည် မှန်ကန်သည့် နည်းစနစ် မရှိချေ။ အကျိုးဆက်အနေဖြင့်၊ သင်သည် သင်၏ အခြေအနေကို မကုစားနိုင်သကဲ့သို့၊ သမ္မာတရားကို သင် နားလည်ကောင်း နားလည်နိုင်သော်လည်း၊ ယင်းကို လက်တွေ့ မလုပ်ဆောင်နိုင်ချေ။ သင့်အတွင်းတွင် (မာနထောင်လွှားခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း သို့မဟုတ် ပုန်ကန်ခြင်းကဲ့သို့သော) မူမမှန်သော အခြေအနေတစ်ခုရှိသည်ကို သိသော်လည်း၊ ယင်းကို သင် မပြုပြင်နိုင်သေးသကဲ့သို့၊ ယင်းကို အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိပေ။ လူတို့သည် ၎င်းတို့ကိုယ်တိုင်၏ အရေးကိစ္စများကို အမြဲ ကိုင်တွယ်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အမှုအရာကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍သာ အရေးစိုက်ကြလျက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူ မည်သို့ အလုပ်လုပ်သည်ကို စိတ်မဝင်စားကြချေ။ ဤအရာ၏ အကျိုးဆက်အနေဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိမ့်မည်၊ ပြီးလျှင် သူ စွန့်ပစ်သည့်အခါ၊ သင်သည် မှောင်မိုက်ခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး အတွင်းတွင် ခြောက်သွေ့ညှိုးနွမ်းလိမ့်မည်၊ ပြီးလျှင် အားဖြည့်မှု သို့မဟုတ် ပျော်ရွှင်မှု အတော်အတန်မရှိဘဲ ဖြစ်လိမ့်မည်။ ခြောက်လကြာ ဆုမတောင်းဘဲနေသော လူများစွာရှိပြီး ၎င်းတို့သည် ၎င်းတို့၏ အလုပ်ကို လုပ်ကြသော်လည်း၊ အတွင်းတွင် ခြောက်ကပ်သည်ကို ခံစားကြရသည်။ တစ်ခါတစ်ရံ ၎င်းတို့က “ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ ဤအရာသည် မည်သည့်အချိန်တွင် ပြီးဆုံးလိမ့်မည်နည်း” ဟု တွေးကြသည်။ ဟုတ်ပေ၏၊ ဤကဲ့သို့သော အတွေးများပင် ၎င်းတို့၌ ထွက်ပေါ်လာတတ်၏။ အချိန်ကြာမြင့်စွာ ဆုမတောင်းဘဲ နေဖို့မှာ လူတစ်ဦးအတွက် ဧကန် အန္တရာယ်ရှိ၏။ ဆုတောင်းခြင်းသည် အလွန် အရေးပါ၏။ တစ်စုံတစ်ဦး၏ အသင်းတော် အသက်တာသည် မည်သည့်အခါတွင်မျှ ဆုတောင်းခြင်းမပြည့်ဝပါက၊ ၎င်းတို့၏ စုဝေးခြင်းများသည် အကျိုးမရှိသကဲ့သို့ မွေ့လျော်မှုမရှိဘဲ ဖြစ်လိမ့်မည်။ ထို့ကြောင့် သင်တို့ အတူတကွ ရှိကြသည့်အခါ၊ အမြဲ ဆုတောင်းရမည်ဖြစ်ပြီး ချီးမွမ်းရမည်။ ထို့နောက် သန့်ရှင်းသော ဝိညာဉ်တော်သည် ထူးကဲသော အမှုကို ဆောင်ရွက်လိမ့်မည်။ လူသားကို သန့်ရှင်းသော ဝိညာဉ်တော်ပေးသည့်‌ တန်ခိုးသည် မကုန်ခမ်းနိုင်ပေ။ မည်သည့်အခါတွင်မျှ လူတို့သည် ယင်းကို မကုန်ခမ်းစေနိုင်၊ သို့မဟုန် သုံးမကုန်နိုင်ပေ။ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မှီခိုရင်း မည်မျှ စကားပြောနိုင်သည်ဖြစ်စေ၊ သို့မဟုတ် တရားဟောနိုင်သည်ဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုရည်ရွယ်ချက်ပန်းတိုင်ရရှိရန် အလုပ်မလုပ်ပါက၊ မည်သည့် ရလဒ်များကို ၎င်းတို့ ရရှိနိုင်သနည်း။ ဆုတောင်းခြင်း သုံးကြိမ် သို့မဟုတ် ငါးကြိမ်တွင်၊ လူတစ်ဦးက “အို ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ် ကျေးဇူးတင်ပါ၏၊ ကိုယ်တော်ကို ချီးမွမ်းပါ၏” ဟုပြောဖို့ စာတစ်ကြောင်း၊ နှစ်ကြောင်းသာ ရှိသည့် အချိန်များစွာ ရှိပြီး၊ ထိုသို့ ပြောပြီးသည့်နောက်၊ ၎င်းတို့ထံ နောက်ထပ် မည်သည့်အရာမျှ မလာချေ၊ ၎င်းတို့သည် ပြောစရာ မည်သည့်အရာမျှ မရှိတော့ချေ။ ထိုသို့သော ယုံကြည်မှု၏ အတိုင်းအတာမှာ အဘယ်နည်း။ ယင်းသည် အန္တရာယ်ရှိပေ၏။ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင်၊ လူတစ်ဦးသည် သူ့ကို ကျေးဇူးတင်သည့်၊ ချီးမွမ်းသည့် သို့မဟုတ် သူ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသည့် စကားများကိုပင် မပြောနိုင်သကဲ့သို့ “ကျေးဇူးပြု၍ ဘုရားသခင်” ဟူသည့် စကားများကိုပင် မပြောဝံ့ဘဲ ထိုသို့ ပြောရန် ရှက်လွန်းသည့်အခါ၊ ထိုလူသည် သိက္ခာကျလိုက်လေသည်ဖြစ်ခြင်း။ သင်သည် ဘုရားသခင်ထံ အော်ဟစ်ကောင်း အော်ဟစ်နိုင်ပြီး၊ သင်၏ စိတ်နှလုံးတွင် သူ့ကို အသိအမှတ်ပြုကောင်း ပြုနိုင်သော်လည်း၊ ဘုရားသခင်၏ ရှေ့မှောက်သို့ သင် မလာသကဲ့သို့ သင်၏ စိတ်နှလုံးသည် သူ့ထံမှ သွေဖည်သွားပါက၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်လိမ့်မည် မဟုတ်။ သင် မနက်တိုင်း ထသည့်အခါ‌၊ ဆုတောင်းဖြစ်ကြောင်း သေချာပါစေ။ သင်ဤသို့ပြုသည့်အခါ ထိုနေ့ရက်အတွက် အလားအလာများ အထူးသဖြင့် ကောင်းမွန်ကာ ကျေနပ်စရာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ကွယ်ကာပေးရင်း သင်၏ နံဘေးတွင် တစ်ချိန်လုံးရှိသည်ကို သင် ခံစားရလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

များစွာသော လူတို့သည် ယခုတွင် အထူးသဖြင့် မိမိတို့ကိုယ်ကိုယ် ချုပ်တည်းဖို့ အစွမ်းအစတွင် ကင်းမဲ့နေကြသည်ကို ငါ တွေ့ရသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ ၎င်းတို့ မည်သည့်အခါတွင်မျှ ဆုမတောင်းကြသောကြောင့် ဖြစ်သည်။ လူတို့ ဆုမတောင်းကြသည့်အခါ၊ ၎င်းတို့ အကျင့်ပျက်လာကြပြီး၊ လူတို့ အကျင့်ပျက်လာကြသည့်အခါ ၎င်းတို့၏ ဘုရားတရားကိုင်းရှိုင်းမှုနှင့် ၎င်းတို့၏ နှိမ့်ချမှုတို့ကို ဆုံးရှုံးကြလေသည်။ ၎င်းတို့သည် လူ့သဘာဝ၊ သမာဓိနှင့် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော သဘာဝဗီဇကို သိခြင်းတို့ကိုသာ ပြောဆိုကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က အတိအကျ ဆောင်ရွက်ပုံ၊ လူတို့ကို သူ မည်သို့တို့ထိပုံနှင့် လူတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် ဘုရားသခင်၏ အလိုကို ရှာဖွေသင့်ပုံတို့အတွက်မူ၊ ဤအရာအားလုံး ပျောက်ကွယ်သွားကြသည်။ လူတို့သည် အမှန်တကယ် ဘုရားသခင် တစ်ပါးရှိသည်ကိုသာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ယုံကြည်ကြပြီး ၎င်းတို့၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်၍ ကျန်ရှိသမျှအားလုံးမှာ ဘုရားသခင်ကို အသိအမှတ်ပြုခြင်းတစ်ခု ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်ခြင်းသည် ရုပ်ဝတ္ထုလောကအထိသာ အကျုံးဝင်ပြီး ဝိညာဉ်နှင့်ဆိုင်သော ကိစ္စများကို ၎င်းတို့ ငြင်းပယ်ကြ၏၊ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ဘာသာ လျှောက်လှမ်းသည်နှင့်အမျှ၊ လမ်းလွဲကာ လဲကျသွားကြသည်။ ဆုမတောင်းသော လူတစ်ဦးက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ၊ ၎င်းတို့သည် အတိုင်းအတာတစ်ခုအတွင်းတွင် အခြေခံသဘောတရားတစ်ခုကို ကိုင်စွဲနိုင်ရုံကိုင်စွဲနိုင်ကြသည်၊ အားလုံးမှာ စည်းမျဉ်းများသာ ဖြစ်သည်။ သင်သည် သင်၏ ဆောင်ရွက်မှုများတွင် အထက်မှ အစီအစဉ်များကို လိုက်နာစောင့်ထိန်းကောင်း စောင့်ထိန်းနိုင်သော်လည်း၊ သင် လုပ်ဆောင်နေသည့် အရာအားလုံးမှာ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်းသာ ဖြစ်၏။ လူတို့၏ စိတ်ဝိညာဉ်များသည် ယခုတွင် အလွန် ထုံထိုင်းနေလေသည်။ လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးတွင် ဝိညာဉ်တော်၏ တို့ထိခံရခြင်းနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းတို့ကဲ့သို့သော ရှုပ်ထွေးသော အရာများစွာရှိသည်။ လူသားသည် ဤအရာများကို မခံစားနိုင်ပေ၊ သူသည် အလွန်ထုံလှသည်တကား။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုပေ၊ သူသည် ဝိညာဉ်၏ အသက်နှင့်ဆိုင်သော အရေးကိစ္စများကို ကောင်းစွာ နားမလည်သကဲ့သို့ သူကိုယ်တိုင်၏အခြေအနေကို သူ မရမက မထိန်းချုပ်နိုင်ပေ။ မိမိ၏ ဝိညာဉ်အသက်နှင့်ဆိုင်သော အခြေအနေကို မရမကထိန်းချုပ်ဖို့ရန်၊ ဆုမတောင်းခြင်းသည် လက်သင့်ခံနိုင်ဖွယ် မဟုတ်သကဲ့သို့ အသင်းတော် အသက်တာကို အသက်မရှင်ခြင်းသည် လက်သင့်ခံနိုင်ဖွယ် မဟုတ်ပေ။ ထိုသို့ သင်တို့ ခံစားရသလော။ ဘုရားသခင်ကို ယုံကြည်ရန်၊ လူတစ်ဦးသည် ဆုတောင်းရမည်။ ဆုတောင်းခြင်းမရှိဘဲနှင့်၊ ဘုရားသခင်ကို ယုံကြည်မှုနှင့်ဆိုင်သော ပုံသဏ္ဍာန်မရှိပေ။ စည်းမျဉ်းများကို သင် လိုက်နာစောင့်ထိန်းဖို့မလို၊ သင်သည် နေရာမရွေးနှင့် အချိန်မရွေး ဆုတောင်းနိုင်သည်ဟု ငါ ဆို၏၊ ထို့ကြောင့် ဆုတောင်းခဲသော သူ အချို့ရှိကြသည်။ ၎င်းတို့သည် မနက် ၎င်းတို့ နိုးထချိန်တွင် ဆုမတောင်းကြဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကျမ်းပိုဒ် အနည်းငယ်ကို ဖတ်ရှုရုံမျှ ဖတ်ရှုကာ ဓမ္မတေးများကို နားထောင်ရုံမျှ နားထောင်ကြ၏။ နေ့အချိန်အတွင်းတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အပြင်ပန်း အရေးကိစ္စများနှင့် အလုပ်များစေကြပြီး၊ ညအချိန်တွင် ၎င်းတို့ အိပ်စက်ဖို့ မလဲလျောင်းမီတွင်လည်း ဆုမတောင်းကြချေ။ ဤကဲ့သို့ သင်တို့ မခံစားရသလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရုံမျှ ဖတ်ရှုပြီး ဆုမတောင်းပါက၊ ထိုအခါ သင်သည် နှုတ်ကပတ်တော်များကို သဘောပေါက်ခြင်းမရှိဘဲနှင့်၊ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေသည့် မယုံကြည်သူတစ်ဦးကဲ့သို့ ဖြစ်သည် မဟုတ်လော။ ဆုတောင်းခြင်းမရှိဘဲနှင့်၊ စိတ်နှလုံးသည် ထိတွေ့ခြင်းမရှိသကဲ့သို့ မိမိ၏ စိတ်ဝိညာဉ်တွင် နူးညံ့သိမ်မွေ့သော ခံစားချက်များ သို့မဟုတ် လှုံ့ဆော်မှုများ မရှိပေ။ လူတစ်ဦးသည် ထုံအကာ ထိုင်းလေသည်။ ၎င်းတို့သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် ဆက်နွှယ်သည့်အရာများကို အပေါ်ယံအားဖြင့် ပြောဆိုကြပြီး ဘုရားသခင်ကို ယုံကြည်ပုံရကြသော်လည်း၊ ၎င်းတို့ စိတ်ဝိညာဉ်များ၏ အတွင်းနက်ရှိုင်းသော နေရာများရှိ ခံစားချက်မှာ သိပ်အားမကောင်းပေ။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ကြသော သူများကဲ့သို့ ဖြစ်၏။ ၎င်းတို့ ဆုတောင်းဖို့ မည်သို့ကြိုးစားကြသည်ဖြစ်စေ၊ စကားလုံးများ မထွက်စေနိုင်ကြပေ။ ဤသည်မှာ အလွန် အန္တရာယ်များ၏၊ ယင်းမှာ သင်သည် ဘုရားသခင်ထံမှ အလွန် ဝေးကွာလွန်းပြီး သူသည် သင်၏ စိတ်နှလုံးထဲတွင် မရှိတော့ဟု ဆိုလိုသည်။ အမှန်တွင်၊ အပြင်ပန်း အရေးကိစ္စများနှင့် အလုပ်ကို ကိုင်တွယ်ခြင်းနှင့် ဆုတောင်းလိုစိတ် ပြန်ဖြစ်လာခြင်းတို့ကြားတွင် သဘောကွဲလွဲမှု မရှိပေ။ သဘောကွဲလွဲမှု မရှိသည်သာမက၊ ဆုတောင်းလိုစိတ် ပြန်ဖြစ်လာခြင်းသည် အမှန်တကယ်တွင် မိမိ၏ အလုပ်အဖို့ သာ၍ အကျိုးရှိပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဆုတောင်းခြင်း၏ အရေးပါမှုနှင့် အလေ့အထ” မှ

ပြဿနာတစ်ခုကို လူတို့ ကြုံရသည့်အခါတိုင်း ပထမဆုံး လုပ်ဆောင်သင့်သောအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့ ဆုတောင်းသင့်၏။ ဆုတောင်းခြင်းသည် ပထမဦးဆုံး လာသည်။ ဆုတောင်းခြင်းက သင်သည် ဘုရားတရားကိုင်းရှိုင်းသည်၊ သင်၌ ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံး စတင်ရှိသည်၊ ဘုရားသခင်ကို ရှာဖွေဖို့ သင် သိသည်၊ သင်၏ စိတ်နှလုံးတွင် သူ့ကို နေရာတစ်ခု ပေးပြီးဖြစ်သည်၊ သင်သည် ဘုရားတရား ကိုင်းရှိုင်းသော ခရစ်ယာန်တစ်ဦးဖြစ်သည်ကို ထင်ရှားစေသည်။ သာ၍ အသက်အရွယ်အိုမင်းသော ယုံကြည်သူများစွာသည် နေ့တိုင်း တစ်ချိန်တည်းတွင် ဒူးထောက်ကာ ဆုတောင်းကြသည်၊ တစ်ခါတစ်ရံ အချိန်ကြာမြင့်လွန်းသဖြင့် ၎င်းတို့ ပြန်မထနိုင်ကြချေ။ ဤသည်မှာ ကျင့်စဉ်ဖြစ်သည်၊ မဖြစ်သည်၊ သို့မဟုတ် ယင်းမှ ၎င်းတို့ တစ်စုံတစ်ရာ ရရှိနိုင်သည်၊ မရရှိနိုင်သည်တို့ကို မပြောဘဲ နေကြစို့။ ဤအသက်အရွယ် အိုမင်းသော ညီအစ်ကို မောင်နှမများသည် အထူးသဖြင့် ဘုရားတရား ကိုင်းရှိုင်းကြသည်၊ သင်တို့ လူငယ်များထက် များစွာ သာ၍ကောင်းကြပြီး သာ၍လုံ့လဝီရိယရှိကြသည်ဟုသာ ပြောကြစို့။ ပြဿနာတစ်ခုကို ကြုံသည်နှင့် လုပ်ဆောင်ရမည့် ပထမဦးဆုံးသော အရာမှာ ဆုတောင်းခြင်း ဖြစ်သည်။ ဆုတောင်းခြင်းသည် မရိုးမသား စကားပြောခြင်းမျှ မဟုတ်။ ယင်းက ပြဿနာများကို ဖြေရှင်းပေးမည် မဟုတ်။ သင်သည် ရှစ်ကြိမ် သို့မဟုတ် ဆယ်ကြိမ် ဆုတောင်းပြီး မည်သည့်အရာမျှ ရရှိမည်မဟုတ်သော်လည်း စိတ်မပျက်နှင့်- သင် ဆုတောင်းဆဲဖြစ်ရမည်။ တစ်စုံတစ်ရာ သင့်ကို ဖြစ်ပျက်သည့်အခါ၊ ပထမဦးဆုံး ဆုတောင်းလော့၊ ပထမဦးဆုံး ဘုရားသခင်ကို ပြောပြလော့၊ ဘုရားသခင်ကို လွှဲပြောင်းတာဝန်ယူခွင့်ပြုလော့၊ သင့်ကို ဘုရားသခင် ကူညီခွင့်ပြုလော့၊ သင့်ကို ဘုရားသခင် ဦးဆောင်ပြီး သင့်ကို လမ်းပြခွင့်ပြုလော့။ ဤအရာက သင်သည် ဘုရားသခင်ကို ဦးစားပေးသည်၊ သူသည် သင်၏ စိတ်နှလုံးတွင်ရှိသည်ဆိုသည်ကို သက်သေပြပေသည်။ ပြဿနာတစ်ခုကို သင် ကြုံရသည့်အခါ၊ ပထမဦးဆုံး သင် လုပ်ဆောင်သည့်အရာမှာ ခုခံဖို့၊ ဒေါသထွက်ပြီး၊ ဒေါသူပုန်ထဖို့ ဖြစ်ပါက၊ အခြားအရာတစ်စုံတစ်ရာ မတိုင်မီ၊ သင်သည် အပျက်သဘောဆောင်လာပါက၊ ဤသည်မှာ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ တကယ့်ဘဝတွင်၊ သင့်အား မည်သည့်အရာမဆို ဖြစ်ပျက်သည့်အခါတိုင်း သင် ဆုတောင်းရမည်။ ပထမဦးစွာ၊ သင်သည် ဒူးထောက်ကာ ဆုတောင်းရမည်၊ ဤသည်မှာ အရေးပါလှပေသည်။ ဆုတောင်းခြင်းက ဘုရားသခင်အပေါ် သင်၏ သဘောထားကို သူ၏ မျက်မှောက်တွင် ထင်ရှားစေသည်။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် မရှိခဲ့ပါက သင်သည် ထိုအရာကို လုပ်ဆောင်မည် မဟုတ်ပေ။ လူအချို့က၊ “ကျွန်ုပ် ဆုတောင်းသော်လည်း၊ ဘုရားသခင်က ကျွန်ုပ်ကို အသိဉာဏ် မပွင့်လင်းစေသေးပါ”ဟု ဆိုကြသည်။ သင် ဤသို့မပြောရ။ ပထမဦးစွာ ဆုတောင်းခြင်းအတွက် သင်၏ အရင်းခံအကြောင်းများ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ သင်သည် သမ္မာတရားကို အမှန်တကယ် ရှာဖွေပြီး ဘုရားသခင်ထံ မကြာခဏ ဆုတောင်းပါက၊ သင် နားလည်နိုင်ဖို့အလို့ငှာ သူသည် ကိစ္စရပ်အချို့တွင် သင့်ကို ကောင်းကောင်း အသိဉာဏ်ပွင့်လင်းကောင်း ပွင့်လင်းစေနိုင်သည်၊ တိုတိုပြောရလျှင်၊ ဘုရားသခင်သည် သင့်ကို နားလည်စေလိမ့်မည်။ ဘုရားသခင်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဘဲနှင့်၊ သင်သည် မိမိဘာသာ နားလည်နိုင်မည်မဟုတ်ပေ- သင်သည် အမြင်ထက်မြက်မှု ကင်းမဲ့သည်၊ ယင်းအတွက် ဦးနှောက်မရှိသကဲ့သို့၊ ဤအရာကို လူသား အသိဉာဏ်ဖြင့် ကြိုးပမ်းမရရှိနိင်ပေ။ သင်နားလည်သည့်အခါ၊ ယင်းသိနားလည်မှုသည် သင်၏ ကိုယ်ပိုင်စိတ်မှ အခြေခံ၍ပေါ်ပေါက်လာသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသိဉာဏ်ပွင့်လင်းစေခြင်း မခံရပါက၊ သင် မေးမြန်းသည့်သူ မည်သူမျှက ဝိညာဉ်တော် အလုပ်၏ အဓိပ္ပာယ်က မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင်က မည်သည့်အရာကို ဆိုလိုသည်ကို သိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တိုင်က သင့်ကို အဓိပ္ပာယ်ပြောပြသည့်အခါမှသာ သင် သိလိမ့်မည်။ ထို့ကြောင့်၊ သင့်ကို တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ပထမဦးဆုံး လုပ်ဆောင်ရမည့် အရာမှာ ဆုတောင်းဖို့ ဖြစ်သည်။ ဆုတောင်းခြင်းသည် ရှာဖွေတတ်သော သဘောထားဖြင့် စူးစမ်းခြင်းနှင့် သင်၏ အတွေးများ၊ အယူအဆများနှင့် သဘောထားများကို ဖော်ပြခြင်းတို့ လိုအပ်သည်၊ ဤသည်မှာ ပါဝင်သင့်သည့်အရာ ဖြစ်သည်။ ဟန်ဆောင်လုပ်ပြခြင်း သက်သက်က အကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်၊ ထို့ကြောင့် သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း မပြုသည့်အတွက် သန့်ရှင်းသော ဝိညာဉ်တော်ကို အပြစ်မတင်နှင့်။ ဘုရားသခင်၌ လူအချို့၏ ယုံကြည်ခြင်းတွင်၊ ၎င်းတို့သည် ဆက်လက်ယုံကြည်ကြသော်လည်း ဘုရားသခင်သည် ၎င်းတို့၏ နှုတ်ခမ်းများပေါ်တွင်သာ ရှိလေသည်။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မရှိ၊ ၎င်းတို့သည် ဝိညာဉ်တော်၏ အလုပ်ကို ငြင်းပယ်ကြပြီး၊ ဆုတောင်းခြင်းကိုလည်း ငြင်းပယ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရုံမျှဖတ်ကြပြီး၊ ယင်းထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ ဤအရာကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု ခေါ်ဆိုနိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းမှ ဘုရားသခင် လုံးလုံး ပျောက်ဆုံးသွားသည်အထိ မရပ်မနား ယုံကြည်မြဲ ယုံကြည်နေကြလေသည်။ အထူးသဖြင့်၊ ယေဘုယျအရေးကိစ္စများကို မကြာခဏ ကိုင်တွယ်ပြီး၊ ၎င်းတို့ အလွန်အလုပ်များကြကာ ၎င်းတို့၏ အားထုတ်မှုများအားလုံးအတွက် မည်သည့်အရာမျှ မရရှိဟု ခံစားရသူများ ရှိသည်။ ဤသည်မှာ ဘုရားသခင်အား ၎င်းတို့၏ ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းကို လူတို့ မလျှောက်လှမ်းခြင်း ကိစ္စတစ်ခု ဖြစ်သည်။ မှန်ကန်သော လမ်းကြောင်း၌ လျှောက်လှမ်းခြင်းသည် ခက်ခဲသည့်အလုပ် မဟုတ်လော။ ၎င်းတို့သည် အယူဝါဒများစွာ နားလည်ပြီးနောက်တွင်ပင် ဤလမ်းခရီးကို မလျှောက်နိုင်ကြသေးသကဲ့သို့၊ တောင်ဆင်းလမ်းကြောင်းကို လျှောက်လေ့ရှိကြသည်။ ထို့ကြောင့် သင့်တို့အား တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ သင်တို့သည် ဆုတောင်းရင်းနှင့် ရှာဖွေရင်း အချိန် သာ၍ကုန်ဆုံးရမည်၊ ဤသည်မှာ သင်တို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ အလိုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရည်ရွယ်ချက်များအား မည်သို့ ရှာဖွေရမည်ဆိုသည်ကို သင်ယူခြင်းသည် အဓိကအချက် ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ကြသည့် လူများသည် ထိုသို့ တွေ့ကြုံနိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ ၎င်းတို့ မည်သည့်အရာမျှ ရရှိကြလိမ့်မည် မဟုတ်ဘဲ ၎င်းတို့၏ ယုံကြည်ခြင်းသည် မည်သည့်အရာအတွက်မျှ အရေးပါမည်မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အရာခပ်သိမ်းတို့ကို သမ္မာတရားရှုထောင့်မှ ကြည့်ရမည်” မှ

အရှေ့သို့- ၄) စာတန်၏အင်အားစုများမှ လွတ်မြောက်ဖို့နှင့် ကယ်တင်ခြင်းခံရဖို့အလို့ငှာ၊ မိမိ၏ယုံကြည်မှု၌ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း

နောက်တစ်ခုသို့- ၂) စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ပြီး စစ်မှန်သော ဆုတောင်းခြင်းသည် မည်သည့်အရာကို ရရှိနိုင်သနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁) ဘုရားသခင်၏စိတ်သဘောထားကို သူ၏အမှုတော်မှတစ်ဆင့်သိမြင်နိုင်သည့်နည်းလမ်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏စီမံခန့်ခွဲမှု တည်ရှိကတည်းက၊ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် အမြဲ အပြည့်အဝ...

၂) ဘုရားသခင်၏ နာမတော် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည်၊ သို့သော် သူ၏ အနှစ်သာရကား ဘယ်သောအခါမျှ မပြောင်းလဲပေ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ကမ္ဘာမြေသို့ ဘုရားသခင် ကြွလာသည့်အကြိမ်တိုင်းတွင် သူ၏ နာမ၊ သူ၏ လိင်၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏...

၄) ၎င်းတို့သည် သမ္မာကျမ်းစာကို စွဲကိုင်ပြီး ကိုးကွယ်ပါက၊ ထာဝရအသက်ကို မရရှိနိုင်မည့် အကြောင်းအရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။...

၃) ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် သူ၏တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ရန် လူသားကို အသုံးမပြုဘဲ၊ လူ့ဇာတိခံယူပြီး ကိုယ်တော်တိုင် လုပ်ဆောင်ရသည့်အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်