၃) ဘာသာရေး ဟိတ်ဟန်နှင့်ဆိုင်သည့် ဆုတောင်းခြင်းမှာ အဘယ်နည်း။ ယင်းသည် ဘုရားသခင်၏ လက်ခံခြင်းကို ရနိုင်ပါသလား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။” (ရှင်မဿဲခရစ်ဝင် ၆:၅)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၌ ယုံကြည်ခြင်းသည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခု လိုအပ်လာ၏၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်၏။ ဆုတောင်းခြင်းများ၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ ဓမ္မသီချင်း သီဆိုခြင်း၊ ချီးမွမ်းခြင်း၊ နှလုံးသွင်းဆင်ခြင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့်ဆိုင်သည့် လက်ရှိ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုအားလုံးသည် “ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခု” နှင့် ညီမျှသလော။ သင်တို့ထဲမှ မည်သူမျှ သိပုံမရချေ။ ပုံမှန်ဝိညာဉ်အသက်တာကို ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ အသင်းတော်အသက်တာ၌ ပါဝင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကဲ့သို့သော အလေ့အထများ၌သာ ကန့်သတ်မထားပေ။ ယင်းထက်၊ သစ်လွင်ပြီး ဖျတ်လတ်တက်ကြွသော ဝိညာဉ်အသက်တာကို အသက်ရှင်ခြင်း ပါဝင်လေသည်။ အရေးကြီးသည်မှာ သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်မဟုတ်ဘဲ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့် အသီးအပွင့် သီးပွင့်သည်ဆိုသည့်အရာ ဖြစ်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများက တစ်စုံတစ်ရာ သက်ရောက်မှုရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် စစ်မှန်သော သိနားလည်မှုဆီသို့ လမ်းပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ပုံမှန်ဝိညာဉ်အသက်တာတွင် ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းတို့ သေချာပေါက် ပါဝင်သည်ဟု လူအများစုက ယုံကြည်ကြလေသည်။ ဤလူတို့သည် အပေါ်ယံ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်သာ အာရုံစိုက်ကြပြီး မိမိတို့၏ ရလဒ်များကို မစဉ်းစားကြချေ။ ၎င်းတို့သည် ဘာသာရေး ဓလေ့များထဲ နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်း နေထိုင်သူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်သားများ သာ၍ပင် မဟုတ်ကြချေ။ ၎င်းတို့၏ ဆုတောင်းပတ္ထနာများ၊ ဓမ္မသီချင်း သီဆိုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားလုံးသည် စည်းမျဉ်းလိုက်နာခြင်းသာဖြစ်သည်၊ မလုပ်မနေရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေပန်းစားမှုများကို အမီလိုက်ဖို့ လုပ်ဆောင်ခြင်းဖြစ်ကာ လိုအင်ဆန္ဒရှိခြင်းမှ လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ စိတ်နှလုံးမှ လုပ်ဆောင်ခြင်း မဟုတ်ချေ။ ဤလူတို့ မည်မျှ ဆုတောင်းပါစေ သို့မဟုတ် သီဆိုပါစေ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် စည်းမျဉ်းများနှင့် ဘာသာရေး ဓလေ့များသာ ဖြစ်သည့်အတွက် ၎င်းတို့၏ အားထုတ်မှုများက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလိမ့်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ။ ၎င်းတို့သည် မိမိတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ဖို့ စည်းမျဉ်းများအဖြစ် ၎င်းတို့ အဘယ်သို့ သဘောထားကြသည်တို့အပေါ် ရေးကြီးခွင်ကျယ် လုပ်ခြင်းကိုသာ အာရုံစိုက်ကြလေသည်။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင် နေကြခြင်း မဟုတ်ချေ။ ၎င်းတို့သည် ဇာတိပကတိကိုသာ အလိုဖြည့်နေကြပြီး အခြားသူများ မြင်ဖို့ရန်သာ ဆောင်ရွက် နေကြလေသည်။ ဤဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းများကို လိုက်နာခြင်းမရှိသကဲ့သို့ မည်သည့် စည်းမျဉ်းကိုမျှ လိုက်နာရခြင်းလည်း မရှိပေ။ ယင်းထက်၊ သူသည် နေ့စဉ် လက်တွေ့ကျသော အလုပ်များကို ပြီးမြောက်လျက် အသစ်သောအရာများကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း ဝတ်ပြုအစီအစဉ်တက်ရခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းဆုတောင်းခြင်း၊ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းကဲ့သို့သော အလေ့အထများဖြင့် မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားသော ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်ထဲက လူများကဲ့သို့ပင်၊ ၎င်းတို့ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ကြာကြာ လုပ်ဆောင်ပါစေ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်း ၎င်းတို့၌ ရှိမည်မဟုတ်ပေ။ လူတို့သည် စည်းမျဉ်းများအလယ် အသက်ရှင်ပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များအပေါ် အာရုံစိုက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးကို စည်းမျဉ်းများနှင့် လူသားအယူအဆတို့က နေရာယူထားသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်နိုင်ချေ၊ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြားဝင်ပြီး အလုပ်မလုပ်နိုင်သကဲ့သို့ ၎င်းတို့သည် စည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင်သာ ဆက်လက်အသက်ရှင်နိုင်ကြလေသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရနိုင်စွမ်း အစဉ်ထာဝရ မရှိချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍” မှ

သင်တို့အားလုံး မည်သည့်အချိန်တွင် ဆုတောင်းကြသနည်း။ မည်သည့်အရာနှင့် ပတ်သက်၍ သင်တို့ ဆုတောင်းကြသနည်း။ လူအများစုက ၎င်းတို့ ဆင်းရဲဒုက္ခခံရသည့်အခါ “အို ဘုရားသခင်၊ ကျွန်ုပ်သည် အင်မတန် မချိတင်ကဲဝေဒနာ ခံစားနေရပါ၏၊ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ကူညီတော်မူပါ” ဟု ဆိုရင်း ဆုတောင်းကြသည်၊ ယင်းမှာ ၎င်းတို့ ပထမဆုံး ပြောဆိုသည့်အရာ ဖြစ်သည်။ သင်၏ ဆင်းရဲဒုက္ခနှင့်ပတ်သက်၍ အမြဲဆုတောင်းဖို့ ကောင်းသလော။ (မကောင်းပါ။) မကောင်းပါက၊ သင်သည် ထိုသို့ အဘယ်ကြောင့် အမြဲ ဆုတောင်းသနည်း။ သင်တို့ ရေးသားသည့် စာနှင့် ဆောင်းပါးများအပြင် သင်တို့ ရိုက်ကူးသည့် ရုပ်ရှင်များနှင့် ဗွီဒီယိုများတွင် ဇာတ်ကောင်များ ဆုတောင်းပုံကို ထောက်ဆပါက၊ သင်တို့သည် မိမိတို့ဘာသာ ဆုမတောင်းနိုင်ကြသည့်အပြင် ယင်းကို မည်သို့လုပ်ဆောင်ရမည်မှန်း မသိကြသည်ကို ငါ မြင်ရသည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာချိန်တွင် လူတို့ မည်သည့်အရာ ပြောဆိုပြီး လုပ်ဆောင်သင့်သည်ကို သင်တို့ မသိကြချေ။ သင်တို့ အခက်အခဲတွေ့နေချိန်တွင် သင်တို့၏နှုတ်များကို ဖွင့်ပြီး၊ “အို ဘုရားသခင်၊ ကျွန်ုပ် လွန်စွာ ဆင်းရဲဒုက္ခခံနေရပါ၏။ ကျွန်ုပ် အလွန် ဝမ်းနည်းနေပါသည်။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ကူညီတော်မူပါ” ဟု သူ့အားပြောဖို့သာ သင်တို့ သိကြသည်။ မည်သို့ဆုတောင်းရမည်ကို သင်တို့ မသိကြပါက၊ ဤအရာက မည်သည့်ပြဿနာကို ဖြစ်ပေါ်စေသနည်း။ ယင်းသည် ကြီးမားသော ပြဿနာတစ်ခုလော၊ သေးငယ်သော ပြဿနာတစ်ခုလော။ (ကြီးမားသော ပြဿနာတစ်ခု ဖြစ်ပါသည်။) မည်သို့ ဆုတောင်းရမည်ကို သင်တို့ မသိကြပါက၊ အနည်းဆုံးအနေဖြင့် အတည်ပြု၍ရနိုင်သည့် အရာတစ်ခုရှိပြီး ယင်းမှာ သင်သည် ဘုရားသခင်ကို မည်သို့ မှီခိုရမည်၊ သူ့ကို မည်သို့ရှာဖွေရမည် သို့မဟုတ် သင့်အား တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင့်ကို ဦးဆောင်ဖို့ သူ့အား မည်သို့ အခွင့်ပေးရမည်ကို သင် မသိသကဲ့သို့၊ ပြဿနာတစ်ခု သင် ကြုံရသည့်အခါ သင့်အတွက် ဘုရားသခင်အား လုပ်ဆောင်စေရန် လိုအပ်သည့်အရာ၊ ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည်၊ သို့မဟုတ် မည်သည့် သဘောထားမျိုး သင် ရှိထားသင့်သည် ဆိုသည်တို့ကိုလည်း သင် မသိပေ။ ဤအရာများနှင့် သက်ဆိုင်သည့် သိနားလည်မှု သင်၌ မရှိပေ။ သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ လူအချို့သည် အစမှ အဆုံးအထိ၊ ၎င်းတို့ ရင်ဆိုင်ရသည့်အရာ မည်သည့်ပြဿနာမျိုး ဖြစ်ပါစေ၊ စစ်မှန်စွာ ဆုမတောင်းကြပေ။ ဘုရားသခင်၏ ရှေ့မှောက်သို့ လာချိန်တွင်၊ သူ့အပေါ် လေးလေးနက်နက် မမှီခိုကြသကဲ့သို့ ရိုးသားစစ်မှန်စွာလည်း မရှာဖွေကြချေ။ ၎င်းတို့က “ဘုရားသခင်၊ ကျွန်ုပ် ဆင်းရဲဒုက္ခခံနေရပါ၏။ အို ဘုရားသခင် ကျွန်ုပ် အလွန် ဆင်းရဲဒုက္ခခံနေရပါ၏” ဟုသာ ပြောကြသည်။ ၎င်းတို့သည် ဤစကားရပ်ကို လူများ စိတ်ကုန်ကာ ယင်းအသံကို စက်ဆုပ်ကြသည်အထိ ထပ်တလဲလဲပြောကြသည်။ သင်တို့အများစုသည် ထိုသို့ ဆုတောင်းကြသည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့၏ ဆုတောင်းချက်များမှ၊ ၎င်းတို့၏ အခြေအနေများ မည်မျှ သနားဖွယ်ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ သင်သည် ဆင်းရဲဒုက္ခခံနေရချိန်တွင်သာ ဘုရားသခင်ကို ရှာဖွေပြီး ဆင်းရဲဒုက္ခမခံရချိန်နှင့် ပြဿနာနှင့် ရင်ဆိုင်မနေရသည့် အချိန်တွင်၊ ဘုရားသခင်ကို မလိုအပ်ဟု ခံစားရသကဲ့သို့ သူ့အပေါ် မမှီခိုချင်ပေ။ သင်သည် သင်ကိုယ်တိုင်၏ သခင်သာ ဖြစ်လိုသည်။ ဤသည်မှာ သင်ရှိနေသည့် အခြေအနေ မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို တွေ့ကြုံခံစားနေချိန်နှင့် မိမိတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သတိပြုမိနေချိန်တွင် လူအများစုက မည်သို့ ဆုတောင်းကြသနည်း။ ၎င်းတို့သည် “ဘုရားသခင်၊ ကျွန်ုပ် ဆင်းရဲဒုက္ခခံနေရပါ၏။ အို ဘုရားသခင်၊ ကျွန်ုပ် အလွန် ဆင်းရဲဒုက္ခခံနေရပါ၏” ဟု ပြောရင်း တစ်မျိူးတစ်စားတည်းသာ ဖြစ်ကြသည်။ ဤစကားများက သင်တို့ကို စက်ဆုပ်စေသည် မဟုတ်လော။ (စက်ဆုပ်စေပါသည်။) ဘုရားသခင်၏ ရှေ့မှောက်သို့ သင် လာချိန်တွင်၊ သင့်ကို အခြား တစ်စုံတစ်ရာ အနည်းငယ်မျှဖြင့် သူ အသိဉာဏ်ပွင့်လင်းစေဖို့ သင် အမှန်တကယ် လိုအပ်သည် မဟုတ်လော။ ယုံကြည်ခြင်းနှင့် ခွန်အား သို့မဟုတ် ဘုရားသခင်က သင်၏ အဓိကပံ့ပိုးမှုဖြစ်ဖို့အတွက်၊ ထို့အပြင် ရှေ့လမ်းကြောင်းကို သင် ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့အလို့ငှာ သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြဖို့ သင် လိုအပ်သည် မဟုတ်လော။ သူ၏ ဆုံးမပဲ့ပြင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင် လိုအပ်သည် မဟုတ်လော။ သူ၏ လမ်းပြမှုကို သင် လိုအပ်သည် မဟုတ်လော။ သင်၏ ဆင်းရဲဒုက္ခကို သက်သာစေဖို့သာ သူ့ကို သင် လိုအပ်သလော။ လူတို့သည် အတွင်းတွင် အမှန်တကယ် ခြောက်သွေ့ ညှိုးနွမ်းကြပြီး၊ အင်မတန် သနားဖွယ် အခြေအနေတစ်ခုတွင် ရှိကြ၏။ မည်သို့ဆုတောင်းရမည်ကို မသိသည်မှာ သေးငယ်သော ပြဿနာတစ်ခု ဖြစ်ပုံရကောင်းရမည် ဖြစ်သော်လည်း၊ အမှန်တွင်၊ သင်သည် ဤသေးငယ်သော ပြဿနာကို ထိုးဖောက်ပြီး ယင်း၏ အနှစ်သာရကို စိတ်ဖြာလေ့လာသည့်အခါ၊ ယင်းသည် လုံးဝ မသေးငယ်သည်ကို သင် မြင်ရသည်။ ဤအရာက သင်သည် လူတစ်ဦးအနေဖြင့် ပြောပလောက်စရာ အသက်အမျိုးအစား တစ်ခုတစ်လေမျှ မပိုင်ဆိုင်သကဲ့သို့၊ သင်၌ ရှိသည့် အသက်တွင်၊ သင်သည် ဘုရားသခင်နှင့် အပြန်အလှန်ဆက်ဆံခဲလှသည်ကို ပြသပေသည်။ သင်နှင့် ဘုရားသခင်ကြားတွင်၊ ဘုရားသခင်နှင့် သူ၏ နောက်လိုက်များကြား သို့မဟုတ် အဖန်ဆင်းခံ အရာဝတ္ထုများနှင့် ၎င်းတို့၏ ဖန်ဆင်းရှင်တို့ကြား တည်ရှိသင့်သည့် ဆက်ဆံရေးမျိုး သင် တကယ်ကို မတည်ဆောက်ရသေးပေ။ ပြဿနာတစ်ရပ်နှင့် ရင်ဆိုင်ရသည့်အခါ၊ သင်သည် သင်၏ ခံစားချက်အရဖြစ်သော ယူဆချက်များ၊ သဘောထားများ၊ အတွေးများ၊ အသိပညာ၊ ဆုကျေးဇူးနှင့် ပါရမီများ၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများပေါ် အခြေခံ၍ ဆုံးဖြတ်ချက်များ ပြုလုပ်သည်။ သင်သည် ဘုရားသခင်နှင့် မည်သို့မျှ မပတ်သက်ပေ၊ ထို့ကြောင့် သူ့ရှေ့မှောက်သို့ သင် လာချိန်တွင်၊ သူ့အား မည်သည့်အရာမျှ ပြောဖို့ လုံးဝ မရှိချေ။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်သော လူများ၏ ဝမ်းနည်းဖွယ် အခြေအနေတစ်ခု ဖြစ်သည်တကား။ ဤသည်မှာ အင်မတန် သနားဖွယ်ကောင်းသော အခြေအနေတစ်ခု ဖြစ်သည်တကား။ အထဲတွင်၊ လူတို့သည် ခြောက်သွေ့ပြီး ထုံထိုင်းကြသည်။ ဤအရာများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ မည်သည့်အရာမျှ မခံစားရသကဲ့သို့ ယင်းတို့နှင့်ဆိုင်သည့် မည်သည့် သိနားလည်မှုမျှလည်း မရှိကြချေ။ ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ လာကြသည့်အခါ၊ ၎င်းတို့ ဘာမျှ ပြောစရာမရှိကြချေ။ သင့်ကိုယ်သင် မည်သည့် အခြေအနေမျိုးတွင် ရှိသည်ကို တွေ့ရပါစေ၊ ပြီးလျှင် မည်သည့် အခက်အခဲများကို သင် ကြုံရပါစေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် အာစေးမိနေပါက၊ သင်၏ ယုံကြည်ခြင်းကို မေးခွန်းထုတ်၍ရနိုင်သည် မဟုတ်လော။ ယင်းသည် လူတို့၏ သနားဖွယ် မျက်နှာပင် မဟုတ်လော။ နှစ်ပေါင်းများလှစွာ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်၊ သင်သည် မည်သို့ဆုတောင်းရမည်ကို တစ်ဖန် သင်ယူရဆဲဖြစ်သည်၊ မည်သို့ ဆုတောင်းရမည်ကို သင် မသိဆဲဖြစ်သကဲ့သို့၊ ပြဿနာတစ်ခုကို သင် ကြုံရသည့်အခါတိုင်းတွင်၊ သင်သည် ပေါ်ပင်ရေပန်းစားသော စကားလုံးများကို ဟစ်အော်ရုံဟစ်အော်ကာ ဆုံးဖြတ်ချက်များ ပြုလုပ်သည်၊ သို့မဟုတ် ဘုရားသခင်ကို ညည်းညူပြီး သင် မည်သို့ ဆင်းရဲဒုက္ခခံနေရသည်ကို ပြောရင်း သင်၏ မကျေနပ်ချက်များကို ဖွင့်ဟသည်၊ သို့မဟုတ်ပါက ဝန်ချခြင်းဖြင့် သင့်ကိုယ်သင် ရှာကြံအကြောင်းပြပြီး မှန်ကန်ကြောင်းပြသည်။ သင်တို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ဖို့ အလွန်နှေးကွေးရလေသည်မှာ အံ့ဩစရာ မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၇)” မှ

ဘာသာရေး အခမ်းအနားနှင့်ဆိုင်သော ဆုတောင်းချက်များထက် ဘုရားသခင် သာ၍ စက်ဆုပ်ရွံရှာသောအရာ မည်သည့်အရာမျှ မရှိပေ။ စစ်မှန်ရိုးသားသောအခါမှသာ ဘုရားသခင်ထံ ဆုတောင်းချက်များကို လက်ခံပေသည်။ သင့်အနေ့ဖြင့် မည်သည့် ရိုးသားစစ်မှန်သော အရာမျှ ပြောစရာ မရှိပါက၊ တိတ်ဆိတ်စွာ နေလော့။ မမှန်ကန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် ဘုရားသခင်ကို လှည့်ဖြားဖို့ ကြိုးစားရင်း၊ သူ့ကို သင် မည်မျှချစ်သည်၊ သူ့ကို သင် မည်မျှ သစ္စာစောင့်သိရန် ဆန္ဒရှိသည်တို့ကို ပြောဆိုရင်း၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ကျိုးကြောင်းမမြင်ဘဲ ကျမ်းသစ္စာများ မပြုနှင့်။ သင်သည် သင်၏ စိတ်ဆန္ဒများကို ရရှိနိုင်စွမ်းမရှိပါက၊ ဤစိတ်ဆုံးဖြတ်ချက်နှင့် ဝိညာဉ်အသက်တာ သင် ကင်းမဲ့ပါက၊ မည်သည့် အခြေအနေများအောက်တွင်မဆို ဤကဲ့သို့ ဘုရားသခင်ထံ ဆုမတောင်းနှင့်။ ယင်းမှာ လှောင်ပြောင်သရော်မှု ဖြစ်သည်။ လှောင်ပြောင်သရော်မှုဆိုသည်မှာ တစ်စုံတစ်ဦးကို လှောင်ခြင်း၊ ၎င်းတို့ကို ပြက်ချော်ချော်လုပ်ခြင်းဟု ဆိုလိုသည်။ လူတို့သည် ဤစိတ်သဘောထားမျိုးဖြင့် ဘုရားသခင်၏ ရှေ့မှောက် ဆုတောင်းကြသည့်အခါ၊ အနည်းဆုံးအနေဖြင့် ဤသည်မှာ လှည့်ဖြားမှု ဖြစ်၏။ အဆိုးဆုံးအနေဖြင့်၊ ဤအရာကို သင် မကြာခဏ လုပ်ဆောင်ပါက၊ သင်၌ လုံးဝ စက်ဆုပ်ဖွယ်ဖြစ်သော အကျင့်စရိုက်ရှိ၏။ ဘုရားသခင်သည် သင့်ကို ရှုတ်ချရမည်ဆိုပါက၊ ယင်းသည် ပြစ်မှားစော်ကားခြင်းဟု ခေါ်ဆိုရပေမည်။ လူတို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့မှု မရှိကြချေ၊ ဘုရားသခင်ကို မည်သို့ ကြောက်ရွံ့ရမည်၊ သို့မဟုတ် သူ့ကို မည်သို့ချစ်ပြီး စိတ်ကျေနပ်စေရမည်ကို ၎င်းတို့ မသိကြချေ။ သမ္မာတရားသည် သူတို့အဖို့ မရှင်းမလင်းဖြစ်ပါက၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထား ဖောက်ပြန်ပျက်စီးနေပါက၊ ဘုရားသခင်သည် ယင်းကို ပြုပြင်မည်မဟုတ်။ သို့သော် ၎င်းတို့သည် ထိုသို့သော အကျင့်စရိုက်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်လာကြပြီး မယုံကြည်သူများက အခြားလူတို့ကို ဆက်ဆံသကဲ့သို့ ဘုရားသခင်ကို ဆက်ဆံကြလေသည်။ ထို့အပြင်၊ ၎င်းတို့သည် ဘုရားသခင်ကို စမ်းသပ်ပြီး နားပူနားဆာလုပ်ဖို့ ဤစကားများကို အသုံးပြုရင်း ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏ ရှေ့မှောက်တွင် လေးလေးနက်နက် ဒူးထောက်ကြပြီး၊ ၎င်းတို့ ပြီးစီးသွားသည့်အခါ၊ မိမိကိုယ်ကိုယ် ပြစ်တင်ခြင်း ၎င်းတို့ မခံစားရသည်သာမက၊ ၎င်းတို့၏ လုပ်ရပ်များနှင့်သက်ဆိုင်သော လေးနက်မှုအပေါ် အသိစိတ်လည်း မခံစားကြပေ။ ထိုအခြေအနေတွင်၊ ဘုရားသခင်သည် သူတို့နှင့်အတူ ရှိသလော။ ဘုရားသခင်၏ မျက်မှောက် လုံးဝ မရှိသည့် လူတစ်ဦးသည် ဉာဏ်အလင်းပေးခံရပြီး အလင်းပြခံရနိုင်သလော။ ၎င်းတို့သည် သမ္မာတရားဖြင့် ဉာဏ်အလင်းပေးခြင်းခံရနိုင်သလော။ (မခံရနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ ဒုက္ခရောက်ပေပြီ။ သင်တို့သည် ဤသို့ အကြိမ်များစွာ ဆုတောင်းဖူးသလော။ ထိုသို့ မကြာခဏ သင်တို့ လုပ်ဆောင်ကြသလော။ အပြင်လောကတွင် လူတို့ အလွန်ကြာမြင့်စွာ အချိန်ကုန်သည့်အခါ၊ ၎င်းတို့သည် လူမှုအဖွဲ့အစည်း၏အနံ့ဆိုး နံဟောင်ကြသည်၊ ၎င်းတို့၏ မသမာသော သဘာဝဗီဇက အားမြင့်သွားပြီး၊ ၎င်းတို့သည် ဆိုးယုတ်သော အဆိပ်များနှင့် အသက်ရှင်ခြင်း နည်းလမ်းများဖြင့် ယှက်သန်းလာကြသည်။ ၎င်းတို့၏ နှုတ်များမှ လာသည့်အရာများသည် အမှားနှင့် လှည်ဖြားမှု စကားများဖြစ်သည်၊ စဉ်းစားခြင်းမရှိဘဲ ၎င်းတို့ စကားပြောဆိုကြသည်၊ သို့မဟုတ်ပါက ၎င်းတို့၏ ကိုယ်ပိုင် စိတ်ပါဝင်စားမှုများနှင့် ရည်မှန်းချက်များသာ အမြဲပါရှိပြီး မှန်ကန်သော အရင်းခံအကြောင်းများ ရှိခဲလှသည့် စကားများကို ပြောဆိုကြလေသည်။ ဤအရာများမှာ ဆိုးရွားသော ပြဿနာများဖြစ်၏။ လူတို့သည် ဤစာတန်ဆန်သော အတွေးအခေါ်များနှင့် ရှင်သန်ခြင်း နည်းလမ်းများကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူသွားသည့်အခါ၊ ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ ပုန်ကန်ပြစ်မှားမိသည် မဟုတ်လော။ ပြီးလျှင် ဤအရာ၏ အကျိုးဆက်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ အပေါ်ယံတွင်၊ ဤဆုတောင်းချက်များသည် ဘုရားသခင်ကို လှည့်ဖြားဖို့နှင့် လှည့်စားဖို့ ကြိုးပမ်းမှုများ ဖြစ်ပြီး သူ၏ အလိုနှင့် သတ်မှတ်ချက်များနှင့် သဟဇာတ မဖြစ်ပေ။ အခြေခံအားဖြင့် ပြောရလျှင်၊ ဤအရာကို လူ့သဘာဝက ဖြစ်စေခြင်း ဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် ယာယီ ထုတ်ဖော်ပြခြင်း တစ်တစ်စုံတစ်ရာ မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်” မှ

အရှေ့သို့- စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။

နောက်တစ်ခုသို့- စစ်မှန်သော ဆုတောင်းခြင်းသည် မည်သည့်အရာကို ရရှိနိုင်သနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နာမတော်အသစ်ကို လက်မခံခြင်း ပြဿနာ၏ သဘောသဘာဝ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး...

ဘာသာရေးလောကသည် ခရစ်တော်ကို အမြဲ ဆန့်ကျင်ခဲ့၊ ငြင်းပယ်ခဲ့ပြီး ပြစ်တင်ရှုတ်ချခဲ့ရသည့် အကြောင်းအရင်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည်လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့ သည်...

ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာကို ရရှိနိုင်ဖို့အလို့ငှာ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို တွေ့ကြုံဖို့ လိုအပ်သည့် အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ပရောဖက်များမှ ပြောကြားခဲ့သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံဘုရားသခင်မှ ဖော်ပြခဲ့သည့် နှုတ်ကပတ်တော်များကြား ကွဲပြားခြားနားမှုများ

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကျေးဇူးတော်ခေတ်တွင် ယေရှုသည်လည်း နှုတ်ကပတ်တော်များစွာ ပြောဆိုခဲ့ပြီး အမှုများစွာ ပြုခဲ့သည်။ သူသည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်