အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၅၉ ဤလမ်းကို ငါတို့လိုက်ရန် ဘုရားခွဲခန့်မှတ်သားထားခဲ့၏ကျူး

၁ ပိုခိုင်မာကာ ပိုစစ်မှန်သောလမ်းကို ငါတို့နင်းလျှောက်နိုင်ခြင်းငှာ ဘုရားသခင်သည် ငါတို့အတွက် လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပေးခဲ့သည့် အချိန်ပေါင်းများစွာရှိကြောင်းကို ငါတို့၏လက်တွေ့ အတွေ့အကြုံများတွင် ငါတို့တွေ့နိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အချိန်၏အစအဦးကတည်းက ဘုရားသခင်သည် ထိုလမ်းကို ငါတို့အတွက် ဖွင့်ပေးခဲ့ပြီး နှစ်သောင်းပေါင်းများစွာ ကုန်လွန်ပြီးသည်အထိ ငါတို့၏ မျိုးဆက်ထံသို့ လက်ဆင့်ကမ်းပေးခဲ့သည်။ ထို့ကြောင့် ငါတို့သည် ထိုလမ်းကြောင်းကို အဆုံးတိုင် မလျှောက်ခဲ့ကြသော ငါတို့၏ရှေ့လူများအား ဆက်ခံနေကြခြင်းဖြစ်သည်။ ငါတို့သည် ထိုလမ်း၏နောက်ဆုံးအပိုင်းကို လျှောက်ရန် ဘုရားသခင် ရွေးကောက်ထားသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

၂ ထို့ကြောင့် ထိုအပိုင်းကို အထူးသဖြင့် ငါတို့အတွက် ပြင်ဆင်ထားသည်။ ထို့ပြင် ငါတို့သည် ကောင်းချီးခံစားသည်ဖြစ်စေ၊ ကံဆိုးခြင်းနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ဤလမ်းကြောင်းကို ငါတို့မှအပ မည်သူမျှ မလျှောက်နိုင်ပါ။ ဤအရာအတွက် ငါ၏ကိုယ်ပိုင်အမြင်ကို ထပ်ထည့်မည်။ အခြားသောနေရာသို့ လွတ်ရန် အစီအစဉ်မဆွဲနှင့်။ သို့မဟုတ် အခြားသောလမ်းကို မရှာနှင့်။ ရာထူးဂုဏ်သိမ်ကို တောင်တခြင်းမရှိနှင့်၊ သို့တည်းမဟုတ် မိမိကိုယ်ပိုင်နိုင်ငံကို မတည်ထောင်နှင့်။ ဤအရာအားလုံးသည် လှည့်စားမှုများသာ ဖြစ်သည်။ ဤစကားလုံးများဘက်သို့ သင်ဘက်လိုက်နေလျှင် သင်ရှုပ်ထွေးမှုမရှိလာစေရန် ငါအကြံပြုလိုသည်။ သင်ပြန်စဉ်းစားကြည့်လျှင် အကောင်းဆုံး ဖြစ်သည်။ အလွန်ကျွမ်းကျင်ရန် မကြိုးစားနှင့်၊ သို့မဟုတ် အမှန်နှင့်အမှားကို မခွဲခြားနိုင်ဘဲ မဖြစ်နှင့်။ ဘုရားသခင်၏အကြံအစည်တော် ပြည့်စုံသည့်အခါ ထိုအရာကို သင်နောင်တရလိမ့်မည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ နိုင်ငံတော် ရောက်လာသည့်အခါ လောကရှိ တိုင်းနိုင်ငံအားလုံးတို့ကို တစ်စစီဖြစ်အောင် ရိုက်ခွဲမည် ဖြစ်သည်။ ထိုအချိန်တွင် သင်၏ကိုယ်ပိုင်အကြံအစည်များသည် ပျက်သုန်းသွားကြသည်ကို သင်တွေ့မြင်ပြီး ပြစ်တင်ဆုံးမခြင်းကို ခံရသောသူများသည် ရိုက်ခွဲခြင်းခံသောသူများ ဖြစ်သည်ကို သင်တွေ့မြင်ရလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်သည် သူ၏စိတ်နေသဘောထားကို စုံလင်စွာ ဖွင့်ပြမည်ဖြစ်သည်။

၃ ဤအရာကို ကောင်းမွန်စွာ ငါသိသောကြောင့် အနာဂတ်တွင် သင်တို့သည် ငါ့ကို ပြစ်တင်ဝေဖန်မှုမပြုအောင် ဤအရာကို သင်တို့အား ငါပြောသင့်ကြောင်း ငါသိ၏။ ယနေ့အထိ ဤလမ်းကို ငါတို့လျှောက်နိုင်ခြင်းအကြောင်းမှာ ဘုရားသခင် ဘိသိတ်ပေးခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ထူးခြားသောပုဂ္ဂိုလ်ဖြစ်သည်ဟူ၍လည်းကောင်း၊ ကံဆိုးသောသူဖြစ်သည်ဟူ၍လည်းကောင်း မထင်မိစေနှင့်။ သင်သည် တစ်စစီဖြစ်အောင် ရိုက်ခွဲခြင်း ခံရမည်စိုးသောကြောင့် ဘုရားသခင်၏ လက်ရှိအလုပ်နှင့် ပတ်သက်၍ မည်သူမျှ အခိုင်အမာပြောဆိုခြင်း မပြုနှင့်။ အလင်းသည် ငါ့ထံသို့ ဘုရားသခင်၏အလုပ်အားဖြင့် ရောက်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်သည် ဤလူအုပ်စုကို စုံလင်စေမည်ဖြစ်ပြီး သူ၏အလုပ်သည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ သူသည် ဤလူစုကို လမ်းဆုံးထိ ခေါ်ဆောင်သွားမည်ဖြစ်ပြီး လောကတွင် သူ၏အလုပ်ကို စုံလင်စေမည် ဖြစ်သည်။ ဤအရာသည် ငါတို့အားလုံး နားလည်သင့်သည့်အရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း … (၇)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရား၏မိန့်မြွက်ချက်များသည် လူအတွက် အကောင်းဆုံးတိုက်တွန်းချက်ဖြစ်၏ကျူး

နောက်တစ်ခုသို့:လူလျှောက်လှမ်းရမည့် လမ်းများကို ဘုရားခွဲခန့်မှတ်သားပြီးဖြစ်၏ကျူး

  • ဘုရားမေတ္တာဟာ စစ်မှန်လှပါတယ်

    ၁ ဘုရားရဲ့လူသားတို့ကို သိမ်းပိုက်ခြင်း ဟာ ကြီးမားလှတဲ့ ကယ်တင်မှုပါ လူသည် အပြစ်နဲ့လိင်ဖောက်ပြန်မှုတွေ များပြားလှ၏ ယခု သင်သည် ဘုရားကို မျက်နှာချင်းဆိုင်…

  • ဘုရားစီမံခန့် ခွဲသော အမှုတော်ရဲ့ ရည်ရွယ်ချက်

    I ဟူး...ဘုရား၌ အနှစ် ခြောက်ထောင်သော စီမံမှု အစီအစဉ် ရှိ အဆင့် သုံးဆင့် ခွဲပြီး တစ်ဆင့်ကို တစ်ခေတ်လို့ ခေါ် သည် ပညာတော်ခေတ် ထို့နောက် ကျေးဇူးတော်ခေတ်…

  • ပေတရုဟာ ဘုရားကို အသိဆုံးသူ

    ၁ ပေတရုက ဘုရားသခင်ကို နှစ်ပေါင်းများစွာ သစ္စာရှိခဲ့ချိန် ညည်းညူ တဲ့စိတ်တော့သူ၌ မရှိလေပါ ယောဘတောင်သူ့ ကိုမမှီခဲ့နိုင်ပါ အခြားသူတော်စင်တွေဆို ဝေးသေး။ သခ…

  • ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

    ၁ ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ် စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌ ဘာဆိုဘာမှမလ…

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ