ကျမ်းဦးစကား

၁၉၉၁ ခုနှစ်တွင် လူ့ဇာတိခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် တရုတ်ပြည်၌ ပေါ်ထွန်းခဲ့ပြီး စတင်၍ အမှုပြုခဲ့သည်။ ကိုယ်တော်သည် သန်းနှင့်ချီသော နှုတ်ကပတ်တော်များကို ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏အိမ်တော်မှ စတင်သည့် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေခဲ့သည်။ ကိုယ်တော်သည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ခဲ့ပြီး၊ နိုင်ငံတော်ခေတ်ကို စတင်ခဲ့ကာ၊ ကောင်းကင်နိုင်ငံတော် ရောက်ရှိလာခြင်းနှင့်ဆိုင်သည့် ဧဝံဂေလိတရားကို ယူဆောင်လာခဲ့၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို သန့်စင်ပေးရန်နှင့် ကယ်တင်ရန်အလို့ငှာ သမ္မာတရားအားလုံးကို ဖော်ပြခဲ့ပြီး၊ သမ္မာကျမ်းစာထဲရှိ ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသည့် တံဆိပ်ခတ်ထားသော စာစောင်ကို စေ့စေ့စပ်စပ် ဖွင့်ခဲ့လေသည်၊ ထို့အပြင် လူသားမျိုးနွယ်ကို ဘုရားသခင်စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်ပုံ၊ လူသားမျိုးနွယ်ကို ဘုရားသခင်ကယ်တင်ခြင်း၌ အဘယ်ကြောင့် အဆင့်သုံးဆင့်ရှိနေပုံ၊ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပုံ၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက်၊ သမ္မာကျမ်းစာ၏ အတွင်းကျကျဇာတ်လမ်း၊ ဘုရားသခင်၏ အတုမရှိသော သြဇာအာဏာ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ ဘုရားသခင်၏ သန့်ရှင်းမှု၊ လူသားမျိုးနွယ်ကို စာတန်က မည်သို့ဖျက်ဆီးပုံ၊ လူသားမျိုးနွယ်ကို ဘုရားသခင်က မည်သို့ကယ်တင်ပုံ၊ ဘေးဒဏ်များမတိုင်မီတွင် ချီဆောင်ခံရခြင်း၏ နက်နဲရာအချက်၊ အောင်မြင်သောသူများကို မည်သို့ပြုလုပ်ပုံ၊ ကွဲပြားခြားနားသော လူအမျိုးမျိုးတို့၏ နောက်ဆုံးပန်းတိုင်နှင့် အဆုံးသတ်၊ ထို့ပြင် ခရစ်တော်၏ နိုင်ငံတော်သည် မည်သို့တည်လာမည့်ပုံ စသည်တို့ကဲ့သော လူသားမျိုးနွယ်ကို ဘုရားသခင်ကယ်တင်ပုံ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်နှင့်ဆိုင်သည့် နက်နဲရာအချက်များကို လုံးလုံးပင် ကိုယ်တော်ထုတ်ဖော်ခဲ့၏။ ကိုယ်တော်သည် အသစ်သော သိမှုနယ်ပယ်များကို အကယ်ပင် လမ်းဖွင့်ပေးခဲ့ပြီး မျက်စိအရသာခံစရာကို ထောက်ပံ့ပေးခဲ့၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါသည် နောက်ဆုံးသောကာလတွင် ငါ၏ စာစောင်ကို ဖွင့်သည့်အခါ၊ ယင်းကို သင်တို့အား ပြောပြမည်။ (‘စာစောင်’ သည် ငါ ပြောဆိုပြီးဖြစ်သော နှုတ်ကပတ်တော်များအားလုံး- နောက်ဆုံးသောကာလထဲက ငါ၏ နှုတ်ကပတ်တော်များကို ရည်ညွှန်းသည်။ ယင်းသည် ထိုအရာအားလုံး ပါရှိ၏)။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) “နောက်ဆုံးကာလထဲက အမှုသည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်နှင့် အဆုံးသတ်၊ ပြီးလျှင် လူသားမျိုးနွယ်အလယ် ကယ်တင်ခြင်း အမှုအားလုံး၏ အဆုံးသတ်ကို ထုတ်ဖော်ပြရန်အလို့ငှာ၊ ယေဟောဝါနှင့် ယေရှုတို့၏အမှုနှင့် လူတို့ နားမလည်သော နက်နဲမှုအားလုံးကို ဖွင့်ချလေသည်။ နောက်ဆုံးသောကာလထဲက အမှု၏ ဤအဆင့်သည် အရာရာကို အဆုံးတစ်ခုသို့ ဆောင်ကြဉ်းသည်။ ယင်းတို့၏ နက်နဲမှုများအထိ လူသားအား လေ့လာစူးစမ်းခွင့်ပေးပြီး သူ၏ စိတ်နှလုံးထဲတွင် လုံးဝ ရှင်းလင်းသော သိနားလည်မှု တစ်ခု ရှိခွင့်ပေးရန် လူသား နားမလည်သည့် နက်နဲသောအရာ အားလုံးကို ဖြေရှင်းရန် လိုအပ်ပေသည်။ ထိုအခါတွင်သာ လူသားမျိုးနွယ်သည် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)”) နောက်ဆုံးသောကာလ၏ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖော်ပြခဲ့သော နှုတ်ကပတ်တော်များသည် ကြွယ်ဝပြီး၊ အသီးအပွင့်များ ဖြစ်ထွန်းကာ၊ ကျယ်ပြန့်ပြည့်စုံ၍ ခရစ်တော်သည် လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ ဧကန်အမှန်ဖြစ်ကြောင်း၊ ထို့ပြင် ကိုယ်တော်သည် ထာဝရအသက်၏ လမ်းခရီးဖြစ်သည့် နိစ္စထာဝရတည်သော အသက်ကို လူသားမျိုးနွယ်ထံ ယူဆောင်လာပေးကြောင်းတို့ကို လူတို့အား မြင်တွေ့ခွင့် ပေးလေသည်။

သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇) အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါ၏ လူတို့သည် ငါ၏ အသံကို သေချာစွာ နားထောင်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို စစ်မှန်ရိုးသားစွာ ချစ်ကြသူများထဲမှ အယောက်တိုင်းသည် ငါ၏ ပလ္လင်ရှေ့သို့ အသေအချာ ပြန်လာကြလိမ့်မည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုသည် တရုတ်ပြည်မကြီးတွင် စတင်ခဲ့ကတည်းက၊ အမျိုးမျိုးသော ဘာသာတရားများနှင့် ဂိုဏ်းဂဏများမှ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသည့်လူများ၊ သမ္မာတရားကို ချစ်မြတ်နိုးကြသည့်လူများ၊ ထို့ပြင် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို တောင့်တကြသည့်လူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောဆိုထားသော နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အသံတော်ကို မှတ်မိခဲ့ကြပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း၊ ထိုအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်များကို မိန့်တော်မူသောအရာ ဧကန်အမှန်ဖြစ်ကြောင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်းဖြစ်ကြောင်းတို့ကို ၎င်းတို့က မြင်တွေ့ခဲ့ကြသည်။ ဤလူတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်တွင် စုရုံးနေခဲ့ကြသည်။ ယခုအခါတွင် ကမ္ဘာတစ်ဝန်းရှိ ပို၍ပို၍များပြားသော လူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို စုံစမ်းစစ်ဆေးရန် ကြိုးစားနေကြ၏။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် တဖြည်းဖြည်းနှင့် ပြန်လည်ရှင်သန်လာခဲ့ပြီး သမ္မာတရားကို စတင်လက်ခံလာကြပြီဖြစ်ကာ သမ္မာတရားကို စတင်သိကျွမ်းလာကြပြီဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်ကို နိုင်ငံတော်ခေတ်ဖြစ်သည့် ခေတ်သစ်တစ်ခုထဲသို့ ခေါ်ဆောင်သွားပေလိမ့်မည်။ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စွမ်းဆောင်ရရှိလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ဆာငတ်ပြီး ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရှာဖွေကြသော လူအားလုံးသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်သို့ ပြန်လာကြလိမ့်မည်။ ဤသည်မှာ ကြီးမားသည့် လားရာကြီးဖြစ်သည်၊ ဘုရားသခင်က ဧကန်မုချ ပြည့်စုံစေမည့် လက်တွေ့အရှိတရားဖြစ်သည်။

လက်ရှိအချိန်တွင် ဘာသာရေးလောကတစ်ခုလုံးမှ လူများစွာတို့သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ဆာငတ်ကြပြီး ရှာဖွေနေကြသည်၊ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်က အသင်းတော်များကို မိန့်တော်မူသောအရာမှာ အဘယ်အရာဖြစ်သည်ကို ရှာဖွေခြင်းအဖို့ ၎င်းတို့ အာရုံမစိုက်ကြသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏အသံတော်ကို မကြားကြပေ၊ ထို့ကြောင့် သခင်၏ ပြန်ကြွလာခြင်းကို ၎င်းတို့ မကြိုဆိုနိုင်ကြချေ။ အမျိုးမျိုးသော နိုင်ငံများနှင့် နေရာဒေသများမှ သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ပေါ်ထွန်းခြင်းကို တောင့်တသော လူတို့အတွက် သာ၍ လွယ်ကူစေရန်- အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို ရှာဖွေကာ စုံစမ်းစစ်ဆေးဖို့၊ ဘုရားသခင်၏အသံတော်ကို ကြားပြီး၊ သူ၏ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းကို ခံကြရဖို့အလို့ငှာ၊ ကျွန်ုပ်တို့အနေဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလနှင့်ဆိုင်သည့် သူ၏အမှုထဲတွင် ဖော်ပြထားပြီးဖြစ်သော ရူပါရုံနှင့်ဆိုင်သည့် သမ္မာတရားများကိုယူကာ ၎င်းတို့အား ဘုရားသခင်၏ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို သက်သေခံခြင်း၏ သမ္မာတရားနှစ်ဆယ်ခုအဖြစ်သို့ စုဆောင်းပြုစုပြီး တည်းဖြတ်ထားပါသည်။ ထိုအတောအတွင်း၊ သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ လူတို့ ဖြေရှင်းရမည့် ပြဿနာများအရ၊ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်ဖို့နှင့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အသံကို သတိပြုမိနိုင်ဖို့၊ နောက်ဆုံးသော ကာလတွင် သူ၏ ကယ်တင်ခြင်းကို လက်ခံပြီး သူ၏ ပလ္လင်ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းခံရနိုင်ဖို့၊ ထိုသို့ဖြင့် ခေတ်သစ်ထဲသို့ ဝင်ရောက်ရန် သိုးသငယ်၏ ခြေလှမ်းများနောက်လိုက်နိုင်ကြဖို့အလို့ငှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပေါင်းစပ်ခြင်းအားဖြင့် ဖြေရှင်းချက်များကို ကျွန်ုပ်တို့ ပေးထားပြီးဖြစ်သည်။

နောက်တစ်ခုသို့- လူ့ဇာတိခံယူခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

မတူညီသည့် ခေတ်ကာလများတွင် ဘုရားသခင်၌ မတူညီသည့် နာမတော်များ ရှိရသည့်အကြောင်းအရင်းနှင့် သူ၏ နာမတော်များ၏ အဓိပ္ပာယ်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- “ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမသည် ဘုရားသခင်၏ စိတ်သဘောထားကို အလုံးစုံဖြင့်...

သမ္မာတရား လက်တွေ့အရှိတရားနှင့် သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် အယူဝါဒတို့ဆိုသည်မှာ အဘယ်နည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုပ်ကိုင်ပြီး ၎င်းတို့ကို ရဲရဲတင်းတင်း ရှင်းပြနိုင်ခြင်းက သင်သည်...

“သုံးပါးတစ်ဆူ ဘုရားသခင်” သည် အဓိပ္ပာယ် မရှိဆုံး စကားရပ် ဖြစ်သည်ဟု ဆိုထားသည့် အကြောင်းအရင်း

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ယေရှု လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရား ဖြစ်တည်လာပြီးနောက်တွင် လူသည် ဤသို့ယုံကြည်ခဲ့သည်-...

ချီဆောင်ခံရခြင်း အမှန်တကယ် ဖြစ်သည့်အရာနှင့် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ချီမခြင်း ခံရနိုင်သည့်နည်းလမ်း

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ- “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်