၄၂။ လူသားကို ဘုရားသခင်၏ စုံလင်စေခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်သည် သမ္မာတရားကို ဘုရားသခင်အတွက် အူလှိုက်သည်းလှိုက်ဖြစ်သော ချစ်ခြင်းမေတ္တာဖြင့် အမှန်တကယ် ချစ်ပြီး လိုက်စားသော သူတို့ကိုသာ စုံလင်စေသည်။ မိမိတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို မချစ်သောသူသည် မည်သည့်အခါတွင်မျှ စုံလင်စေခြင်း မခံရနိုင်ပေ။

(၂) ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဖော်ပြထားသည့်အတိုင်း သူ၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် လူတို့ကို စုံလင်စေပြီး၊ ၎င်းတို့ထဲတွင် လူသားသည် မိမိကိုယ်ကိုယ် သိစေခြင်းခံရကာ၊ ထိုသို့ဖြင့် စစ်မှန်သော နောင်တနှင့် ပြောင်းလဲခြင်းတို့ ဖြစ်ပေါ်စေပေသည်။

(၃) ဘုရားသခင်သည် လူသားအား ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာဆီသို့ ဦးဆောင်ရင်းနှင့် သူ၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေရင်း၊ လူတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းတို့မှတစ်ဆင့်၊ ပြီးလျှင် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေသည်။

(၄)ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့၊ သူ့အတွက် မိမိကိုယ်ကိုယ် စစ်မှန်ရိုးသားစွာ အသုံးခံလော့၊ အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ဖို့ သင်၏ အစွမ်းကုန် လုပ်ဆောင်ပြီး၊ အခြေခံသဘောတရားများနှင့်အညီ ပြုမှုလာရင်း၊ သမ္မာတရားကို လိုက်စားလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခု ဘုရားသခင်သည် သူနှင့်အတူ ပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းသူ၊ သူ၏အလုပ်ကို နာခံနိုင်သူ၊ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များကို အမှန် ဖြစ်သည်ဟု ယုံကြည်သူနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့ဆောင်နိုင်သော လူတစ်စုကို ရယူလိုသည်၊ ထိုသူတို့သည် သူတို့၏ စိတ်နှလုံးတွင် စစ်မှန်သောနားလည်မှုရှိသူများ ဖြစ်ကြသည်။ ထိုသူတို့သည် စုံလင်စေခြင်းခံရနိုင်သည့် သူများဖြစ်ပြီး ထိုသူတို့သည် ပြည့်ဝ စုံလင်ခြင်း လမ်းကြောင်းကို မလွဲဧကန် လျှောက်လှမ်းရမည့်သူများ ဖြစ်သည်။ စုံလင်စေခြင်း မခံရနိုင်သူများမှာ ဘုရားသခင်၏ အလုပ်ကို ရှင်းလင်းစွာ နားမလည်သူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်သောသူများ၊ သူ၏ နှုတ်ကပတ်တော်များကို အလေးမထားသူနှင့် သူတို့၏ စိတ်တွင် ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ လုံးဝ မရှိသူများ ဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်ကို သံသယရှိသူများ၊ အမြဲပင် သူ့အကြောင်းကို ရေရေရာရာ မသိဘဲ၊ သူ၏ နှုတ်ကပတ်တော်များကို လုံးဝ အလေးအနက်မထားသည့်အပြင် သူ့ကို အမြဲ လှည့်ဖြားနေသောသူများမှာ ဘုရားသခင်ကို ခုခံပြီး စာတန်ပိုင်ဆိုင်သောသူများ ဖြစ်ကြသည်၊ ထိုသူများကို စုံလင်စေရန် လုံးဝမဖြစ်နိုင်ပေ။

သင်သည် စုံလင်စေခြင်းခံရလိုလျှင်၊ ရှေးဦးစွာ ဘုရားသခင်၏ မျက်နှာသာပေးခြင်းခံရရန် လိုသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူထောက်ခံသော သူနှင့် သူ၏စိတ်တော်နှင့် တွေ့သောသူကို စုံလင်စေသည်။ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့စေလိုလျှင် သင်သည် ဘုရားသခင်၏အလုပ်ကို နာခံတတ်သော စိတ်နှလုံး ရှိရမည်၊ သမ္မာတရားကို ကြိုးစားအားထုတ်ပြီး အရာရာ၌ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို လက်ခံ ရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” မှ

ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို ရှာဖွေ၍ တန်ဖိုးထားသူများတွင် အလုပ်လုပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလေလေ၊ သူ၏ဝိညာဉ်တော်က သင်၌ လုပ်ဆောင်လေလေ ဖြစ်မည်။ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားလေလေ၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် အခွင့်များလေလေ ဖြစ်သည်။ ဘုရားသခင်သည် သူ့အား အမှန်တကယ် ချစ်မြတ်နိုးသူများကို စုံလင်စေပြီး၊ သူ၏ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်းချမ်းသော နှလုံးသားရှိသူများကို သူစုံလင်စေသည်။ ဘုရားသခင်၏ အလုပ်အားလုံးကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ တည်ရှိနေမှုကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို တန်ဖိုးထားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အတွက် စစ်မှန်မှုနှင့် သင့်အသက်အတွက် ထောက်ပံ့ပေးခြင်း ဖြစ်လာပုံကို တန်ဖိုးထားခြင်း- ၎င်းတို့အားလုံးသည် ဘုရားသခင်၏ စိတ်တော်နှင့် အတွေ့ဆုံး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို တန်ဖိုးထားလျှင်၊ ဆိုလိုသည်မှာ၊ သင့်အတွက် ဘုရားသခင် လုပ်ဆောင် ပေးခဲ့သမျှ အလုပ်ကို တန်ဖိုးထားလျှင်၊ သူသည် သင့်အား ကောင်းချီးပေး၍ သင်၌ ရှိသမျှကို ဆထက်တန်ဖိုး တိုးပွားစေလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားလျှင်၊ သူသည် သင်၌ အလုပ်မလုပ်ဘဲ၊ သင်၏ယုံကြည်ခြင်းအတွက် အနည်းငယ်သော ကျေးဇူးတော်ကိုချပေးခြင်း၊ သို့မဟုတ် အနည်းငယ်သော ဥစ္စာပစ္စည်းကြွယ်ဝမှုကို ကောင်းချီး ပေးခြင်း၊ သို့မဟုတ် သင့်မိသားစုအား အနည်းငယ်သော လုံခြုံခြင်းကိုသာ ပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရုံလောက်သာ မလုပ်ဆောင်သင့်ဘဲ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်၏ စစ်မှန်မှု ဖြစ်စေ၍၊ သူ့ကို ကျေနပ်စေနိုင်ပြီး သူ၏စိတ်တော်နှင့် တွေ့နိုင်ရန် ကြိုးစားသင့်သည်။ ယုံကြည်သူများအဖို့ ဘုရားသခင်၏အလုပ်ကို လက်ခံရရှိရန်၊ စုံလင်ခြင်းကို ရရှိရန်နှင့် ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သူ တစ်ဦးဖြစ်ရန်ထက် ပို၍အရေးကြီးသည့်အရာမရှိပေ။ ထိုအရာသည် သင်လိုက်လျှောက်သင့်သည့် ပန်းတိုင်ပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” မှ

ယနေ့တွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေခြင်းအား တရားဝင် အစပြုလေပြီ။ စုံလင်စေခြင်းခံရစေဖို့ရန်၊ လူတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော ထုတ်ဖော်ပြခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရမည်၊ သူ့ နှုတ်ကပတ်တော်များ၏ (အစေခံသူများနှင့်ဆိုင်သည့် စမ်းသပ်ခြင်းများကဲ့သို့သော) စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံ့ရမည်ဖြစ်ပြီး၊ သေခြင်းနှင့်ဆိုင်သည့် စမ်းသပ်ခြင်းကို ၎င်းတို့ ခံနိုင်ရမည်။ ဤအရာဆိုလိုသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စမ်းသပ်ခြင်းတို့အလယ်တွင်၊ ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် လိုက်နာသူတို့သည် ၎င်းတို့၏ စိတ်နှလုံးများ နက်ရှိုင်းသောနေရာမှ ဘုရားသခင်ကို ချီးမွမ်းနိုင်ကြပြီး ဘုရားသခင်ကို လုံးဝ နာခံနိုင်ကာ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်နိုင်ကြလေသည်၊ ထိုသို့ဖြင့် စစ်မှန်၍၊ တစ်စိုက်မတ်မတ်နှင့် ဖြူစင်သည့် စိတ်နှလုံးတစ်ခုဖြင့် ဘုရားသခင်ကို ချစ်ကြလေသည်။ ထိုသို့သောသူသည် စုံလင်သော လူတစ်ဦးဖြစ်ပြီး၊ ယင်းသည် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်သည့် အမှုနှင့် သူ ပြီးမြောက်ရမည့် အမှု အတိအကျ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော် အဆင့်များနှင့် ပတ်သက်၍” မှ

နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် လူသားကို စုံလင်စေရန် နှုတ်ကပတ်တော်ကို အဓိကအားဖြင့် အသုံးပြုသည်။ ဘုရားသခင်သည် လူသားကို ဖိနှိပ်ရန် သို့မဟုတ် လူသား ယုံကြည်လက်ခံ လာစေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အသုံးမပြုပေ။ ဤအရာက ဘုရားသခင်၏တန်ခိုးကို မထင်ရှားစေနိုင်ပေ။ အကယ်၍ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုသာ ပြသပါက၊ ဘုရားသခင်၏ စစ်မှန်မှုကို ထင်ရှားစေဖို့ခက်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် လူသားကို စုံလင်စေဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများအားဖြင့် လူသားကို မစုံလင်စေဘဲ၊ လူသားကို ရေလောင်းပေးရန်နှင့် ထိန်းကျောင်းရန် နှုတ်ကပတ်တော်ကို အသုံးပြုသည်၊ ယင်းနောက်တွင် လူသား၏ အကြွင်းမဲ့ နာခံခြင်းနှင့် ဘုရားသခင်နှင့်ဆိုင်သည့် လူသား၏အသိကို ရရှိပေသည်။ ဤသည်မှာ သူပြုသည့်အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခြင်း နည်းလမ်းအား အသုံးမပြုပေ- သူသည် လူသားကို စုံလင်စေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုပြီး၊ အမျိုးမျိုးသော အမှုပြုနည်းများစွာကို အသုံးပြုလေသည်။ စစ်ဆေးခြင်းဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခြင်း ဖြစ်စေ၊ ပြုပြင်ခြင်းဖြစ်စေ၊ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်းဖြစ်စေ၊ ဘုရားသခင်သည် လူကို စုံလင်စေဖို့နှင့် လူကို ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့ဖွယ်ဖြစ်ခြင်းတို့နှင့်ဆိုင်သည့် သာ၍ ကြီးမားသော အသိပညာကို ပေးဖို့ရန် များစွာသော ရှုထောင့်အမျိုးမျိုးမှ စကားပြောဆိုလေသည်။...ကြီးစွာသော ဒုက္ခဆင်းရဲခြင်း အလယ်မှ လာသည့် အောင်မြင်သောသူများဖြစ်သည့်၊ အောင်မြင်သောသူ တစ်စုကို အရှေ့အရပ်မှ ရယူထားသည်ဟု ယခင်က ငါပြောပြီး ဖြစ်သည်။ ဤစကားများက မည်သည့်အရာကို ဆိုလိုပါသနည်း။ ယင်းတို့က ရယူခံရပြီးသော ဤသူတို့သည်သာ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးမှုမျိုးစုံကို ခံပြီးသည့်နောက်တွင် အမှန်တကယ် နာခံကြသည်ဟု ဆိုလိုပေသည်။ ဤလူများ၏ ယုံကြည်မှုသည် မရေမရာနှင့် စိတ်ကူး သက်သက်မဟုတ်ဘဲ စစ်မှန်လေသည်။ ၎င်းတို့သည် မည်သည့် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် သဘာဝလွန် ဖြစ်ရပ်များကိုမျှ မမြင်ရသေးပေ။ ၎င်းတို့သည် ခက်ခဲသော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ သို့မဟုတ် နက်နဲသော ထိုးထွင်းသိမြင်မှုများအကြောင်း မပြောကြပေ။ ယင်းအစား ၎င်းတို့သည် လက်တွေ့အရှိတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ပြီးလျှင် ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့် နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာတို့ ရှိကြသည်။ ထိုသို့သော လူစုသည် ဘုရားသခင်၏ တန်ခိုးကို မြင်သာအောင် လုပ်နိုင်စွမ်း သာ၍ရှိသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” မှ

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က “အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များ အားဖြင့် လူသားအတွင်း၌ မုချလိုအပ်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်လေ၏၊ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် နာခံမှုမရှိ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။

ဘုရားသခင်သည် လူသား၏ဇာတိပကတိကို ပြစ်ဒဏ်ချမှတ်နှင့်ပြီး ဖြစ်ကြောင်း ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များမှ သိနိုင်သည်။ ထိုသို့ဆိုသော် ဤနှုတ်ကပတ်တော်များမှာ ကျိန်ဆဲသည့် နှုတ်ကပတ်တော်များ ဖြစ်နေသလော။ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များသည် လူသား၏ စရိုက်အမှန်ကို ထုတ်ဖော်ပြီး၊ ယင်းကဲ့သို့ ထုတ်ဖော်ခြင်းအားဖြင့် သူသည် တရားစီရင်ခြင်းခံရ၏။ ထို့ပြင် သူသည် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ကြောင်း မြင်သည့်အခါ သူ၏အတွင်း၌ သောကနှင့် နောင်တကို ခံစားရ၏။ သူသည် ဘုရားသခင်အပေါ် အလွန်အကြွေးတင်နေပြီး ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းနိုင်ခြင်းမရှိဟု ခံစားရ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အတွင်းမှ ဆုံးမပဲ့ပြင်သော အချိန်များရှိပြီး ဤဆုံးမပဲ့ပြင်ခြင်းသည် ဘုရားသခင်၏တရားစီရင်ခြင်းမှ လာခြင်းဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အပြစ်တင်ဝေဖန်ပြီး သင့်ထံမှ သူ၏မျက်နှာတော်ကို ဝှက်ထားသောအချိန်များ၊ သင့်ကို သူဂရုမပြုဘဲ သင့်အထဲ၌ သူအလုပ်မလုပ်သည့်အချိန်များ၊ သင့်ကို စစ်ဆေးရန်အတွက် အသံမထွက်ဘဲ ပြစ်တင်ဆုံးမနေသောအချိန်များ ရှိသည်။ လူသားအတွင်း၌ ဘုရားသခင်၏အမှုမှာ အဓိကအားဖြင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထင်ရှားပေါ်လွင်စေရန် ဖြစ်သည်။ လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်း၊ သူ၏ စိတ်သဘောထားသည် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်ကြောင်း လူသားက သက်သေခံ၏။ လူသားသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သက်သေခံသည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏တရားစီရင်ခြင်းကို အသုံးပြုသည်၊ သူသည် လူသားကို ချစ်ခဲ့ပြီး ကယ်တင်ခဲ့သည်၊ သို့သော် သူ၏ချစ်ခြင်းမေတ္တာထဲတွင် မည်မျှပါဝင်သနည်း။ တရားစီရင်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ကျိန်ဆဲမှုတို့ ပါဝင်သည်။ ဘုရားသခင်သည် လူသားကို ယခင်က ကျိန်ဆဲခဲ့သော်လည်း၊ သူသည် လူသားကို အနက်ဆုံးသောတွင်းထဲသို့ လုံးလုံးလျားလျား မပစ်ချခဲ့ဘဲ၊ ယင်းနည်းလမ်းကို အသုံးပြု၍ လူသား၏ ယုံကြည်ခြင်းကို သူစစ်ဆေးခဲ့သည်။ သူသည် လူသားကို မကွပ်မျက် ခဲ့သော်လည်း၊ လူသားကို စုံလင်အောင်ပြုရန် လုပ်ဆောင်ခဲ့သည်။ လူ့ဇာတိ၏အနှစ်သာရမှာ စာတန်၏အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က ထိုသို့ပင် အတိအကျပြောခဲ့သည်- သို့သော် ဘုရားသခင် လုပ်ဆောင်ခဲ့သော ဖြစ်ရပ်များသည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ ပြီးမြောက်ခဲ့ခြင်း မဟုတ်ပေ။ သင်သူ့ကို ချစ်လာကောင်း ချစ်လာစေရန်နှင့် ဇာတိပကတိ၏ အနှစ်သာရကို သင်သိကောင်း သိနိုင်စေရန် သူသည် သင့်ကို ကျိန်ဆဲခြင်းဖြစ်သည်။ သင်နိုးကြားကောင်း နိုးကြားလာစေရန်၊ သင့်အထဲမှ အားနည်းချက်များကို သင်သိစေရန်နှင့် လူသား၏ အကြွင်းမဲ့ မထိုက်တန်မှုကို သင်သိစေရန် သင့်ကို သူပြစ်တင်ဆုံးမခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်၏ ကျိန်ဆိုခြင်းများ၊ တရားစီရင်ခြင်းများ အပြင်၊ သူ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ အားလုံးတို့သည် လူသားကို စုံလင်စေရန်အတွက်ဖြစ်သည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့် အရာများ အားလုံးနှင့် သင်တို့အတွင်း၌ သူထင်ရှားပေါ်လွင်စေသည့် ဖြောင့်မတ်သော စိတ်သဘောထား အားလုံးသည် လူသားကို စုံလင်စေရန် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

ဘုရားသခင်၏ စစ်ဆေးခြင်း ကြီးမားလေလေ၊ လူတို့၏ နှလုံးသားများသည် ဘုရားသခင်ကို ချစ်နိုင်လေလေ ဖြစ်၏။ ၎င်းတို့ စိတ်နှလုံးထဲရှိ ညှဉ်းပန်းနှိပ်စက်မှုသည် ၎င်းတို့၏အသက်များ အတွက် အကျိုးရှိသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် သာ၍ ငြိမ်သက်ခြင်း ရှိနိုင်ကြသည်၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည် သာ၍နီးစပ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ အထွတ်အထိပ် ချစ်ခြင်းမေတ္တာနှင့် သူ၏ အမြင့်မားဆုံးသော ကယ်တင်ခြင်းကို သာ၍ကောင်းစွာ မြင်နိုင်ကြလေသည်။ ပေတရုသည် စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံတွေ့ခဲ့သကဲ့သို့၊ ယောဘသည်လည်း စမ်းသပ်ခြင်းအချို့ကို ဖြတ်သန်း ခဲ့ရသည်။ သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် ဆန္ဒရှိပါက၊ သင်တို့သည်လည်း စစ်ဆေးခြင်းကို အကြိမ်ရာချီ ကြုံရမည်ဖြစ်သည်။ ဤဖြစ်စဉ်ကို သင်တို့ ဖြတ်သန်းပြီး ဤအဆင့်ပေါ်တွင် အားထားမှသာလျှင်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း ခံရလိမ့်မည် ဖြစ်သည်။ စစ်ဆေးခြင်းသည် လူတို့ကို ဘုရားသခင် စုံလင်စေသည့် အကောင်းဆုံး နည်းလမ်းဖြစ်၏။ စစ်ဆေးခြင်းနှင့် ခါးသီးသော စမ်းသပ်ခြင်းများသည်သာ လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပေးနိုင်သည်။ အခက်အခဲမရှိဘဲ၊ လူတို့သည် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ကင်းမဲ့သည်။ အတွင်း၌ ၎င်းတို့ စမ်းသပ်မခံရပါက၊ စစ်ဆေးခြင်းကို အမှန်တကယ် ခံရခြင်းမရှိပါက၊ ၎င်းတို့၏စိတ်နှလုံးများသည် ပြင်ပဝန်းကျင်တွင် ရောက်ရာပေါက်ရာသွားလိမ့်မည်။ အတိုင်းအတာ တစ်ခုအထိ စစ်ဆေးခြင်းခံရပြီးနောက်၊ သင်သည် သင်ကိုယ်တိုင်၏ အားနည်းချက်များနှင့် အခက်အခဲများကို မြင်ရလိမ့်မည်၊ သင်မည်မျှ ချို့တဲ့နေပြီး၊ သင်ကြုံရသည့် ပြဿနာများစွာကို သင်မနိုင်သည်ကို မြင်ရလိမ့်မည်ဖြစ်ကာ၊ သင်၏မနာခံမှု မည်မျှ ကြီးမားသည်ကို သင်မြင်ရလိမ့်မည်။ လူတို့သည် စမ်းသပ်မှုများအတွင်း၌သာ မိမိတို့၏ စစ်မှန်သော အခြေအနေများကို အမှန်တကယ် သိနိုင်ကြသည်။ စမ်းသပ်မှုများက လူတို့ကို ပိုမိုကောင်းမွန်စွာ စုံလင်ခြင်းခံရနိုင်စေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်” မှ

အကယ်၍ သင်၏ အယူအဆများနှင့် တစ်ပြေးညီမဟုတ်သော အရာများစွာ သင့်အပေါ် ကျရောက်လာသည့်တိုင် သင်သည် ၎င်းတို့ကို ဘေးဖယ်ထားနိုင်ပြီး ဤအရာများမှ ဘုရားသခင်၏ လုပ်ရပ်များအား သိကျွမ်းခြင်းကို ရရှိနိုင်ပါက၊ ထို့ပြင် သင်သည် စစ်ဆေးခြင်းများအလယ်တွင် ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြသပါက၊ ဤသည်မှာ သက်သေရပ်တည်ခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ နေအိမ်သည် ငြိမ်းချမ်းနေပြီး၊ သင်သည် ဇာတိပကတိဆိုင်ရာ ဇိမ်ခံစရာများကို မွေ့လျော်ကာ၊ သင့်ကို မည်သူမျှ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဘဲ၊ အသင်းတော်ထဲရှိ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကိုနာခံပါက၊ ဘုရားသခင်ကိုချစ်သည့် သင်၏စိတ်နှလုံးကို ပြသနိုင်မည်လော။ ဤအခြေအနေက သင့်ကို စစ်ဆေးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို ပြသနိုင်သည်မှာ စစ်ဆေးခြင်းအားဖြင့်သာလျှင် ဖြစ်ပြီး သင် စုံလင်စေခြင်းခံရနိုင်သည်မှာ သင်၏အယူအဆများနှင့် မကိုက်ညီသောအမှုအရာများ ဖြစ်ပျက်ခြင်းအားဖြင့်သာလျှင် ဖြစ်သည်။ ဆန့်ကျင်ဘက်ပြုပြီး အပျက်သဘောဆောင်သော အရာများစွာ၏ အကူအညီနှင့်၊ စာတန်၏ အမျိုးမျိုးသော သရုပ်သကန်ဖော်ပြချက်များ တည်းဟူသော ၎င်း၏လုပ်ရပ်များ၊ ၎င်း၏စွပ်စွဲချက်များ၊ ၎င်း၏ အနှောင့်အယှက်များနှင့် လှည့်ဖြားမှုများကို အသုံးချခြင်းအားဖြင့် ဘုရားသခင်သည် သင့်အား စာတန်၏ အကျည်းတန်သော မျက်နှာကို ရှင်းရှင်းလင်းလင်း ပြသကာ၊ ထိုသို့ဖြင့် သင်သည် စာတန်ကို မုန်းတီးပြီး ပစ်ပယ်နိုင်ဖို့အလို့ငှာ သင်၏ စာတန်အား ခွဲခြားသိမြင်နိုင်စွမ်းကို စုံလင်စေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

လူတစ်ဦးတစ်ယောက်ချင်းစီ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လျှောက်လှမ်းရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို စုံလင်စေခြင်းခံရခွင့် ပေးသည်။ သင်၌ရှိသည့် အပျက်သဘောထားမှတစ်ဆင့် သင်ကိုယ်တိုင်ပျက်စီးခြင်းကို သင့်ကို သိစေပြီး၊ ထိုအပျက်သဘောထားကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို တွေ့မည် ဖြစ်သည်၊ ထိုအရာ အားလုံးတို့သည် သင့်ကို စုံလင်စေသည့် နည်းများပေတည်း။ ထို့အပြင် သင့်အတွင်း၌ရှိသည့် အပြုသဘောဆောင်သော အရာအချို့၏ အဆက်မပြတ် လမ်းပြပို့ဆောင်မှုနှင့် အလင်းပေးခြင်းအားဖြင့် သင်သည် သင်၏ လုပ်ငန်းတာဝန်ကို ကြိုတင်ဖြည့်ဆည်းမည် ဖြစ်ပြီး၊ ထိုးထွင်းသိမြင်မှုကြီးထွားလာပြီး အမြော်အမြင် ရရှိလာမည် ဖြစ်သည်။ သင်သည် အဆင်ပြေနေသည့် အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် အထူးလိုလားပြီး ဆုတောင်းရန် အထူးလိုလားကာ၊ ကြားနာရသည့် ဒေသနာများကို သင်၏အသက်တာနှင့် ဆက်စပ်နိုင်သည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်သည် သင်၏အတွင်း၌ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေး၍၊ အပြုသဘောဆောင်သည့် လက္ခဏာထဲရှိသော အရာအချို့ကို သင့်အား နားလည်သဘောပေါက်စေသည်။ ဤသည်မှာ အပြုသဘောဆောင်သော လက္ခဏာထဲတွင် သင့်ကို စုံလင်စေပုံ ဖြစ်၏။ အပျက်သဘောဆောင်သော အခြေအနေများတွင် သင်သည် အားနည်းကာ မတုန်မလှုပ် ရှိသည်။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ခံစားရ၏၊ သို့သော်လည်း ဘုရားသခင်သည် သင့်ကိုအလင်းပေးကာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတွေ့ရန် ကူညီနေသည်။ ဤအခြေအနေမျိုးမှ ထွက်လာခြင်းသည် အပျက်သဘောလက္ခဏာထဲတွင် စုံလင်စေခြင်းခံရခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားကို အပြုသဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း စုံလင်စေနိုင်သည်။ ထိုအချက်မှာ သင့်အနေဖြင့် တွေ့ကြုံခံစားနိုင်ခြင်းရှိမရှိအပေါ် မူတည်ပြီး၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံနေရခြင်းကို သင်လိုက်စားမှု ရှိ၊ မရှိအပေါ် မူတည်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်စေနေခြင်းကို အမှန်တကယ် ရှာဖွေလျှင်၊ အပျက်သဘောသည် သင့်အား ဆုံးရှုံးမှုကို မခံရစေနိုင်ပေ၊ သို့သော် သာ၍စစ်မှန်သောအရာများကို သင့်ထံယူဆောင်လာနိုင်ပြီး သင်၏အထဲတွင် ချို့တဲ့နေသော အရာများကို သာ၍သိရှိစေနိုင်မည် ဖြစ်သည့်အပြင်၊ သင်၏ အခြေအနေအမှန်များကိုလည်း သာ၍ နားလည်စေနိုင်မည်ဖြစ်ပြီး၊ လူသား၌ ဘာမျှမရှိ၊ လူသားသည် ဘာမှမဟုတ်ဟူသည်ကို သိမြင်စေနိုင်သည်၊ အကယ်၍ သင်သည် စမ်းသပ်မှုများကို မကြုံရလျှင်၊ သိရှိမည်မဟုတ်ဘဲ မိမိကိုယ်မိမိ အခြားသူများ၏ အထက်၌ရှိကာ အခြားသူများအားလုံးထက် သာသည်ဟု အမြဲထင်မည် ဖြစ်သည်။ ဤအရာများအားလုံးအားဖြင့် သင်သည် ယခင်ဖြစ်ပွားခဲ့သည့် အရာများအားလုံးသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများဖြစ်ပြီး ဘုရားသခင် ကာကွယ်စောင့်ရှောက်သည့်အရာများ ဖြစ်သည်ကို သင်သိလာလိမ့်မည် ဖြစ်သည်။ စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုယ်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” မှ

ဘုရားသခင်၏ လူသားများကို စုံလင်စေခြင်းတွင် စည်းကမ်းတစ်ခု ရှိသည်။ ယင်းက သင်၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခုရှိပြီး သင့်ကို အပျက်သဘောဆောင်သော အခြေအနေများက ခွဲထုတ်နိုင်ရန်၊ သူသည် သင်၏နှစ်လိုဖွယ်ရာ ကောင်းသောအပိုင်းကို အသုံးပြုလျက်၊ သင်၏ ဝိညာဉ်ကို လွတ်မြောက်မှု ရရှိစေကာ၊ သင့်အား သူ့ကို ပိုချစ်နိုင်အောင် ပြုလုပ်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်မည်ဖြစ်သည်။ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည်၊ မိမိကိုယ်မိမိသိရန် လိုလားပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လိုသည်။ ဘုရားသခင်သည် သင့်ကို မုချဧကန် ကောင်းချီးပေးလိမ့်မည်၊ ထို့ကြောင့် သင်သည် အားနည်းကာ အပျက်သဘော ဆောင်သောအခါများတွင် သင့်ကိုယ်သင် သာ၍ သိမြင်လာရန်၊ သင့်အတွက်သင် အပြစ်ဝန်ခံရေးအတွက် ပိုမိုလိုလားရန်နှင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို သာ၍ လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီလျက်၊ ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း နှစ်ဆပေးသည်။ ဤနည်းအားဖြင့်သာ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်း၍ သက်သာရာရမည် ဖြစ်သည်။ ဘုရားသခင်ကို သိမြင်ရန် သာမန်အားဖြင့် အလေးဂရုပြုသောသူ၊ မိမိကိုယ်ကိုယ် သိမြင်ရန် အလေးဂရုပြုသောသူနှင့် မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို အလေးဂရုပြုသောသူသည် ဘုရားသခင်၏ အလုပ်ကို မကြာခဏ လက်ခံရရှိနိုင်မည့်အပြင် ကိုယ်တော်၏လမ်းပြမှုနှင့် ဉာဏ်အလင်းပေးမှုကိုလည်း မကြာခဏ ရရှိနိုင်ပေမည်။ ထိုကဲ့သို့သောသူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ရပ်တွင် ရှိသော်လည်း၊ သူသည် အသိစိတ်၏ လုပ်ဆောင်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်ဖြစ်စေ၊ အမှုအရာများကို ချက်ချင်းပင် ပြောင်းလဲနိုင်သည်။ လူတစ်ဦးသည် မိမိ၏ အခြေအနေ မှန်နှင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အလုပ်ကို သိသည့်အခါတွင် သူ၏စိတ်နေသဘောကို ပြုပြင်ခြင်း အမြဲရရှိနိုင်သည်။ မိမိကိုယ်မိမိသိလိုကာ ပွင့်လင်းရန် လိုလိုလားလား ရှိသူတစ်ဦးသည် သမ္မာတရားကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် ဘုရားသခင်အပေါ် သစ္စာရှိပြီး၊ ဘုရားသခင်ကို သစ္စာရှိသောသူတစ်ဦး၏ ဘုရားသခင်ကို နားလည်ခြင်းသည် နက်နဲသည်ဖြစ်စေ တိမ်သည်ဖြစ်စေ၊ နည်းပါးသည်ဖြစ်စေ၊ များပြားသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်ကို နားလည်သောသူဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ လူသားများ ရရှိသည့်အရာတစ်ခု ဖြစ်သည်၊ ယင်းသည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးအမြတ် ဖြစ်သည်။ ဘုရားသခင်ကို သိရှိသောသူသည် အခြေခံရှိသောသူ ဖြစ်သည်၊ ရူပါရုံရှိသောသူ ဖြစ်သည်။ ဤကဲ့သို့သောသူသည် ဘုရားသခင်၏ လူ့ဇာတိကို အသေအချာသိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏အလုပ်ကိုလည်း အသေအချာသိသည်။ ဘုရားသခင်သည် မည်ကဲ့သို့ လုပ်ဆောင်စေကာမူ၊ မည်ကဲ့သို့ ပြောဆိုစေကာမူ၊ အခြားသူများသည် မည်ကဲ့သို့ အနှောင့်အယှက် ဖြစ်စေကာမူ၊ ထိုသူသည် မားမားမတ်မတ် ရပ်တည်ကာ ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ လူတစ်ဦးသည် ထိုကဲ့သို့ဖြစ်လေလေ၊ သူနားလည်သည့် သမ္မာတရားကို လုပ်ဆောင်နိုင်လေလေ ဖြစ်သည်။ ထိုသူသည် ဘုရားသခင်၏ နူတ်ကပတ်တော်ကို အစဉ် လက်တွေ့လုပ်ဆောင်နေသောကြောင့် ထိုသူသည် ဘုရားသခင်အား သိရှိနားလည်မှုကို ပို၍ ရရှိပြီး ဘုရားသခင်အတွက် ထာဝရ သက်သေခံရန် ပိုင်းဖြတ်ထားသော စိတ်ကိုလည်း ပိုင်ဆိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” မှ

ဘုရားသခင်သည် လူသားမျိုးနွယ်အပေါင်းတို့က ၎င်းတို့၏ “ဘိုးဘေးများ”ကို အမှန်တကယ် သိရှိနိုင်ကြဖို့အလို့ငှာ၊ ဤလူတို့အား နတ်ဆိုးများ၏ ဒုစရိုက်များကို လုံးဝ ရိပ်စားမိနိုင်စေရင်း၊ လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းကို စုံလင်စေရန် ဝိညာဉ်ဆိုးများ၏ အလုပ် တစ်စိတ်တစ်ပိုင်းကို အသုံးပြုဖို့ ဘုရားသခင် ရည်ရွယ်၏။ ဤနည်းဖြင့်သာ လူသားများသည် နတ်ဆိုးတို့၏ နောင်လာနောက်သားတို့ကိုသာမက၊ နတ်ဆိုးတို့၏ ဘိုးဘေးများကိုပင် စွန့်ပစ်ရင်း၊ လုံးဝ ရုန်းထွက်လွတ်မြောက် နိုင်ကြပေသည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါင်းတို့က အဆင်းနီသောနဂါးကြီး၏ စစ်မှန်သော ပုံသဏ္ဌာန်ကို သိကြဖို့အလို့ငှာ၊ ၎င်း၏ မျက်နှာဖုံးကို အပြည့်အဝ ဆွဲချွတ်ဖို့ရန်နှင့် ၎င်း၏စစ်မှန်သော ပုံသဏ္ဌာန်ကို မြင်စေရန်အလို့ငှာ၊ အဆင်းနီသောနဂါးကြီးကို လုံးဝ အနိုင်ယူရာတွင် ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စွမ်းဆောင်ရရှိလိုသည့်အရာဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေပေါ် သူ လုပ်ဆောင်ပြီးသမျှ အမှုအားလုံး၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး၊ ယင်းမှာ လူသားမျိုးနွယ်အပေါင်းတို့၌ ပြီးမြောက်ဖို့ သူ ရည်မှန်းသည့်အရာ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ရည်ရွယ်ချက်အား အသုံးတော်ခံရန် အရာခပ်သိမ်းကို ဆော်ဩစည်းရုံးခြင်းအဖြစ် သိရပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၄၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

လူသားမျိုးနွယ်ကို ဘုရားသခင် စုံလင်စေခြင်း အဆင့်အတွင်းတွင်၊ လူအရေအတွက် ဆက်လက်တိုးပွားဖို့မှာ မဖြစ်နိုင်ပေ- နည်းသာနည်းသွားလိမ့်မည်။ လူတို့ စုံလင်ခြင်းခံရနိုင်သည်မှာ ဤစမ်းသပ်မှုများမှတစ်ဆင့်သာ ဖြစ်သည်။ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ပဲ့ပြင်ဆုံးမခံရခြင်း၊ စစ်ဆေးခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ကျိန်ခြင်းခံရခြင်း- ဤအရာအားလုံးကို သင် ကြံ့ကြံ့ခံနိုင်သလော။ ညီအစ်ကို မောင်နှမအားလုံးက ကြီးမားသော အားအင်ဖြင့် ကြိုးစားနေကြကာ အထူးကောင်းမွန်သော အခြေအနေရှိသည့် အသင်းတော်တစ်ခုကို သင် မြင်ရသည့်အခါ၊ သင် ကိုယ်တိုင် ခွန်အားရရှိသည်။ ၎င်းတို့အားလုံး စွန့်ခွာသွားသည့်တစ်နေ့၊ ၎င်းတို့ထဲမှ အချို့သောသူတို့ မယုံကြည်ကြတော့သည့်တစ်နေ့၊ အချို့တို့သည် စီးပွားရေးလုပ်ရန် သို့မဟုတ် အိမ်ထောင်ပြုရန် စွန့်ခွာသွားကြသည့်တစ်နေ့၊ ပြီးလျှင် အချို့သည် ဘာသာတရားသို့ ဝင်ရောက်ခဲ့သည့်တစ်နေ့ ရောက်လာသည့်အခါတွင်၊ သင့်အနေဖြင့် မြဲမြံစွာ ရပ်တည်နိုင်လိမ့်ဦးမည်လော။ စိတ်ထဲတွင် ထိခိုက်မှုမရှိဘဲ သင် ရှိမြဲရှိနိုင်မည်လော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ စုံလင်စေခြင်းသည် အင်မတန်ရိုးရှင်းသော အရာတစ်ခု မဟုတ်ပေ။ သူသည် လူတို့ကို စစ်ဆေးဖို့ အမှုအရာများစွာကို အသုံးပြု၏။ လူတို့သည် ဤအရာတို့ကို နည်းလမ်းများ အဖြစ် မြင်ကြသော်လည်း၊ ဘုရားသခင်၏ မူလရည်ရွယ်ချက်တွင် ၎င်းတို့သည် နည်းလမ်းများ လုံးဝမဟုတ်ဘဲ၊ အမှန်တရားများ ဖြစ်သည်။ နောက်ဆုံးတွင်၊ လူတို့ကို ဘုရားသခင်က အတိုင်းအတာတစ်ခုထိ စစ်ဆေးပြီးဖြစ်ကာ ၎င်းတို့အနေဖြင့် မည်သည့်ညည်းညူခြင်းမျှ မရှိတော့သည့်အခါ၊ သူ၏ ဤအမှုအဆင့်သည် ပြီးစီးလိမ့်မည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ကြီးမြတ်သောအမှုမှာ သင့်ကို စုံလင်စေရန်ဖြစ်ပြီး၊ သူသည် အမှုမပြုဘဲ မိမိကိုယ်ကိုယ် ဖုံးကွယ်သည့်အခါ၊ ယင်းသည် သင့်ကို စုံလင်စေဖို့ ရည်ရွယ်ချက် သာ၍ပင် ဖြစ်ကာ၊ အထူးသဖြင့် လူတို့သည် ဘုရားသခင် အတွက် ချစ်ခြင်းမေတ္တာ ရှိမရှိ၊ ၎င်းတို့အနေဖြင့် သူ့အထဲတွင် စစ်မှန်သော ယုံကြည်စိတ်ချမှု ရှိမရှိဆိုသည်ကို ဤနည်းလမ်းဖြင့် တွေ့မြင်နိုင်ပေသည်။ ဘုရားသခင်သည် ပြတ်ပြတ်သားသား စကားပြောဆိုချိန်တွင် သင့်အနေဖြင့် ရှာဖွေဖို့ မလိုအပ်ပေ။ သင် ရှာဖွေပြီး သတိဖြင့် ရှေ့ဆက်ဖို့လိုသည်မှာ သူ ဖုံးကွယ်သည့်အခါတွင်သာ ဖြစ်သည်။ သင့်အနေဖြင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းနိုင်သင့်ပြီး၊ သင်၏ အနာဂတ်ရလဒ်နှင့် သင်၏ ခရီးပန်းတိုင် မည်သည့်အရာ ဖြစ်စေကာမူ၊ သင် အသက်ရှင်နေသည့် နှစ်ကာလများအတွင်းတွင် အသိပညာနှင့် ဘုရားသခင်ကို ချစ်ခြင်းအား လိုက်စားရှာဖွေနိုင်သင့်ပြီး၊ သင့်ကို ဘုရားသခင် မည်သို့ဆက်ဆံစေကာမူ၊ သင့်အနေဖြင့် ညည်းညူခြင်းကို ရှောင်ရှားနိုင်သင့်ပေသည်။ လူတို့အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော် အမှုပြုဖို့ သတ်မှတ်ချက်တစ်ခု ရှိသည်။ ၎င်းတို့အနေဖြင့် ဆာငတ်ကာ ရှာဖွေရမည်ဖြစ်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို စိတ်မပါ့တပါနှင့် သံသယမဖြစ်ရ၊ ပြီးလျှင် ၎င်းတို့၏တာဝန်များကို တစ်ချိန်လုံး ထိန်းသိမ်းနိုင်ရမည် ဖြစ်သည်။ ဤနည်းအားဖြင့်သာ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ၎င်းတို့ ရရှိနိုင်ပေသည်။ ဘုရားသခင်၏အမှု အဆင့်အသီးသီးတွင် လူသားမျိုးနွယ်ကို တောင်းဆိုထားသောအရာမှာ အလွန်ကြီးမားသော ယုံကြည်စိတ်ချမှုနှင့် ဘုရားသခင်၏ရှေ့မှောက်သို့ ရှာဖွေဖို့လာခြင်း ဖြစ်သည်- အတွေ့အကြုံမှတစ်ဆင့်သာ ဘုရားသခင် မည်မျှနှစ်လိုဖွယ်ကောင်းသည် ဆိုသည်နှင့် လူတို့ထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အမှုပြုသည်တို့ကို လူတို့ ရှာတွေ့နိုင်ပေသည်။ သင်သည် တွေ့ကြုံခံစားရခြင်း မရှိပါက၊ ယင်းမှတစ်ဆင့် သတိဖြင့် ရှေ့မဆက်ပါက၊ သင်ရှာဖွေခြင်း မပြုပါက၊ မည်သည့်အရာကိုမျှ သင် ရရှိလိမ့်မည်မဟုတ်ပေ။ သင်၏ အတွေ့အကြုံများမှတစ်ဆင့် သတိဖြင့် ရှေ့ဆက်ရမည်ဖြစ်ပြီး၊ သင်၏ အတွေ့အကြုံများမှတစ်ဆင့်သာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင်တွေ့နိုင်ကာ၊ သူ၏ အံဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်သောနက်နဲမှုကို သတိပြုနိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

စုံလင်စေခြင်းခံရရန် လိုလားနေပြီး ဘုရားသခင်ကို သစ္စာစောင့်သိသူအားလုံး၊ နာခံသူအားလုံးနှင့် ၎င်းတို့၏ အလုပ်တာဝန်ကို သစ္စာရှိစွာ ဆောင်ရွက်သူ အားလုံး- ထိုသို့သော လူအားလုံးသည် စုံလင်စေခြင်းခံရနိုင်၏။ ယနေ့တွင်၊ ၎င်းတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်ခြင်းမရှိသူအားလုံး၊ ဘုရားသခင်ကို သစ္စာမစောင့်သိသူအားလုံး၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိသူ အားလုံး၊ အထူးသဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်း ဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိပြီးဖြစ်သော်လည်း၊ လက်တွေ့မလုပ်ဆောင်သောသူ အားလုံး— ထိုသို့သော လူအားလုံးသည် စုံလင်စေခြင်း မခံရနိုင်ပေ။ ဘုရားသခင်ကို သစ္စာစောင့်သိပြီး နာခံရန်လိုလားနေသော သူအားလုံးသည် အနည်းငယ် မသိနားမလည်ကြလျှင်ပင် စုံလင်စေခြင်း ခံနိုင်၏။ လိုက်စားရှာဖွေရန် လိုလားနေသူ အားလုံးသည် စုံလင်စေခြင်းခံရနိုင်၏။ ဤအရာနှင့်ပတ်သက်၍ စိုးရိမ်စရာမလိုပေ။ ဤဦးတည်ချက်ဖြင့် လိုက်စားရှာဖွေရန် သင်လားလိုနေသရွေ့၊ သင်သည် စုံလင်စေခြင်း ခံရနိုင်၏။ ငါသည် သင်တို့ထဲမှ မည်သူ့ကိုမျှ စွန့်ပစ်ရန် သို့မဟုတ် ဖယ်ရှားရန် လိုလားခြင်းမရှိသော်လည်း၊ လူသားသည် ကောင်းမွန်စွာ လုပ်ဆောင်ရန် မကြိုးပမ်းပါက၊ သင်သည် မိမိကိုယ်ကိုယ် ဖျက်ဆီးနေခြင်းသာဖြစ်၏။ သင့်ကို ဖယ်ရှားသည်မှာ ငါမဟုတ်၊ သင်ကိုယ်တိုင် ဖြစ်၏။ သင်ကိုယ်တိုင်က ကောင်းမွန်စွာ လုပ်ဆောင်ရန် မကြိုးပမ်းပါက— သင်သည် ပျင်းရိပါက၊ သို့မဟုတ် သင်၏တာဝန်ကို မဆောင်ရွက်ပါက၊ သို့မဟုတ် သစ္စာမစောင့်သိပါက၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ သင် နှစ်သက်သည်အတိုင်း အမြဲလုပ်ဆောင်ပါက၊ သင်သည် မဆင်မခြင် ပြုမူပါက၊ သင်ကိုယ်တိုင်၏ ကျော်ကြားမှုနှင့် အခွင့်အလမ်းအတွက် တိုက်ခိုက်ပြီး ဆန့်ကျင်ဘက်လိင်နှင့် သင်၏ဆက်ဆံမှုများတွင် မရိုးဖြောင့်ပါက၊ သင်သည် သင် ကိုယ်တိုင်၏ အပြစ်များ၏ ဝန်ထုပ်ကို သယ်ဆောင်ရလိမ့်မည်ဖြစ်သည်။ သင်သည် မည်သူမဆို၏ သနားကြင်နာမှုနှင့်မျှ မထိုက်တန်ပေ။ ငါ၏ရည်ရွယ်ချက်မှာ၊ အမှု၏ ဤအဆင့်ကို အောင်မြင်စွာ ပြည့်စုံစေနိုင်ဖို့အလို့ငှာ၊ သင်တို့အားလုံးကို စုံလင်စေခြင်း ခံရဖို့နှင့် အနည်းဆုံးအနေဖြင့် သိမ်းပိုက်ခံရရန် ဖြစ်၏။ ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ— ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏- သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ နာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်း- ဤသည်မှာ သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။ နောက်ဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး၊ ၎င်းတို့ကို ရရှိနိုင်ပါက စုံလင်စေခြင်းခံရလိမ့်မည်ဖြစ်သည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် အမှန်တကယ် လိုက်စားရှာဖွေရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ မတုန်မလှုပ် မနေရ။ လူတိုင်းတွင် စုံလင်စေခြင်းခံရရန် အခွင့်အရေးရှိပြီး၊ စုံလင်စေခြင်းခံရနိုင်စွမ်း ရှိကာ၊ ဤသည်မှာ မှန်ကန်ကြောင်းကို ငါပြောပြီးဖြစ်သော်လည်း၊ သင်သည် သင်၏ လိုက်စားရှာဖွေမှုတွင် သာ၍ ကောင်းမွန်ရန် မကြိုးစားပေ။ အကယ်၍ သင်သည် ဤစံသုံးရပ်ကို မရရှိပါက၊ အဆုံးတွင် ဖယ်ရှားခြင်းခံရပေမည်။ ဤသည်မှာ သင်တို့ အသီးသီး ဆောင်ရွက်သင့်သည့် တာဝန်ဖြစ်သောကြောင့်၊ ငါသည် အယောက်တိုင်းကို အမီလိုက်စေလိုသည်၊ အယောက်တိုင်းကို အမှုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပေးမှု ရှိစေလိုပြီး၊ တကယ့်အဆုံးထိတိုင် နာခံနိုင်စေလိုသည်။ သင်တို့ အားလုံး သင်တို့၏တာဝန်ကို ထမ်းဆောင်ပြီးသည့်အခါတွင်၊ သင်တို့အားလုံး စုံလင်စေခြင်း ခံရပြီး ဖြစ်လိမ့်မည်၊ ထူးကဲလှသော သက်သေခံချက်လည်း သင်တို့ ရှိကြလိမ့်မည်။ သက်သေခံချက်ရှိသူ အားလုံးသည် စာတန်အပေါ် အောင်နိုင်ပြီးသူများနှင့် ဘုရားသခင်၏ကတိကို ရရှိပြီးသူများဖြစ်ကာ ၎င်းတို့သည် အံ့သြဖွယ်ကောင်းသော ပန်းတိုင်တွင် အသက်ရှင်ရန် ကျန်ရစ်ကြမည့်သူများ ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

စုံလင်စေဖို့ ဘုရားသခင် ရည်ရွယ်သော သူအားလုံးသည် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာကို ရရှိကြလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ၎င်းတို့အတွင်း ရှိသည့်အရာဖြစ်လာဖို့အလို့ငှာ ၎င်းတို့ ခံယူကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးကို သူတို့၏အထဲတွင် ဖြစ်ပေါ်စေခဲ့ကြသည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် မည်သည့်အရာဖြစ်ပါစေ၊ သင်တို့သည် အဖြစ်အတိုင်း အတိအကျ အားလုံးကို ခံယူနိုင်ပြီး၊ ထိုသို့ဖြင့် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်လေသည်။ ဤသည်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရပြီး ဘုရားသခင်၏ ရယူခြင်းခံရသည့် လူစားမျိုးဖြစ်သည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသာ ဘုရားသခင် အပ်နှင်းသည့် ကောင်းချီးမင်္ဂလာများကို ရရှိရန် အရည်အချင်း ပြည့်မီပေသည်-

(၁) ဘုရားသခင်၏ မေတ္တာတစ်ခုလုံးကို ရရှိခြင်း။

(၂) အရာခပ်သိမ်းတွင် ဘုရားသခင်အလိုနှင့်အညီ ပြုမူခြင်း။

(၃) ဘုရားသခင်၏လမ်းပြမှု ရရှိခြင်း၊ ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ခြင်းနှင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရှိခြင်း။

(၄) ဘုရားသခင် ချစ်သော ပုံသဏ္ဌာန်ကို မြေကြီးပေါ်တွင် အသက်ရှင်နေထိုင်ခြင်း။ ဘုရားသခင်အတွက် ကားစင်တင်ခံရပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတွက် ဆုလာဘ်အနေဖြင့် အသေခံထိုက်သော ပေတရုကဲ့သို့ ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်း။ ပေတရုကဲ့သို့ ထပ်တူ ဘုန်းအသရေ ရှိခြင်း။

(၅) ကမ္ဘာပေါ်က အယောက်တိုင်း၏ ချစ်ခင်နှစ်သက်ခံရခြင်း၊ ရိုသေခံရခြင်းနှင့် အားကျလေးစားခံရခြင်း။

(၆) သေခြင်းနှင့် မရဏာနိုင်ငံ၏ ကျေးကျွန်ဘဝနှင့်ဆိုင်သည့် ရှုထောင့်တိုင်းကို အောင်မြင်ခြင်း၊ စာတန်ကို သူ၏ အလုပ် လုပ်ဆောင်ရန် အခွင့်အရေးမပေးခြင်း၊ ဘုရားသခင်၏ ပိုင်ဆိုင်မှုခံရခြင်း၊ လန်းဆန်းပြီး တက်ကြွသော စိတ်ဝိညာဉ်အတွင်း အသက်ရှင်ခြင်းနှင့် တိုးကာ ပန်းလျနွမ်းနယ်မသွားခြင်း။

(၇) ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သော နေ့ရက် ရောက်ရှိခြင်းကို ရှုမြင်ပြီးသည့်သဖွယ်၊ ဘဝတစ်လျှောက် အချိန်တိုင်း ပြောမပြတတ်လောက်အောင်ဖြစ်သည့် ပီတိစိတ်နှင့် စိတ်လှုပ်ရှားပျော်ရွင်မှုတို့ ရှိခြင်း။

(၈) ဘုရားသခင်နှင့်အတူ ဘုန်းအသရေ ရရှိခြင်းနှင့် ဘုရားသခင်ချစ်သော သန့်ရှင်းသူတို့နှင့် ဆင်သော မျက်နှာတစ်ခု ရှိခြင်း။

(၉) မြေကြီးပေါ်တွင် ဘုရားသခင်ချစ်သောအရာ၊ ဆိုလိုသည်မှာ ဘုရားသခင် ချစ်သောသား၊ ဖြစ်လာခြင်း။

(၁၀) အသွင်ပြောင်းကာ တတိယကောင်းကင်သို့ ဘုရားသခင်နှင့် အတူ တက်ကြွခြင်းနှင့် ဇာတိပကတိကို ကျော်လွန်ခြင်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်စေခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ” မှ

အရှေ့သို့- ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရရှိခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- စုံလင်စေခြင်းခံရဖို့ ကြိုးစားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်