၁၆၅။ ဘုရားသခင်၏ ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှုထဲတွင် အလွန်နက်ရှိုင်းစွာ နွံနစ်နေသည်မှာ အယူအဆ သို့မဟုတ် အထင်လွဲမှု အနည်းငယ်မျှက ၎င်းတို့ကို ဘုရားသခင်အား သစ္စာဖောက်စေလေသည်။ သို့သော်၊ မျှော်လင့်ချက် ရေးရေးမျှ ရှိသရွေ့၊ ဘုရားသခင်သည် ၎င်းတို့ကို မစွန့်ပစ်ချေ။

(၂) တစ်ဦးတစ်ယောက်သည် မိမိတို့ကိုယ်ကိုယ် သိရှိနိုင်သရွေ့၊ ပြီးလျှင် ၎င်းတို့အနေဖြင့် စစ်မှန်စွာ နောင်တရပြီး ပြောင်းလဲနိုင်သရွေ့၊ ဘုရားသခင်သည် ၎င်းတို့၏ အတိတ်က အပြစ်ဒုစရိုက်များကို ယင်းတို့ မည်မျှ ကြီးမားသည်ဖြစ်စေ အောက်မေ့လိမ့်မည် မဟုတ်ပေ။

(၃) ဘုရားသခင်သည် သူ၏ အမှုတော်ကို လုပ်ဆောင်ဖို့ သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုသည့် အချိန်ကာလတွင်၊ သူသည် မည်သူအပေါ်ကိုမျှ အပြစ်ပေးခြင်းကို ပေါ့ပေါ့တန်တန် မဆိုက်ရောက်စေဘဲ၊ ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာဖြင့် သည်းခံလေသည်။ သူသည် လူတို့ကို နောင်တရဖို့ အခွင့်အရေးများ ပေးသည်။

(၄) ဘုရားသခင် ကယ်တင်သည့်သူများမှာ သူ့ကို အမှန်တကယ် ယုံကြည်သည့် လူကောင်းများ ဖြစ်သည်။ သူသည် အန္တိခရစ်များ၊ ဆိုးယုတ်သော လူများ၊ ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများကို မုန်းတီးကာ ကျိန်ဆဲလေသည်။ ဘုရားသခင်ကို မုန်းတီးသည့်သူများသည် ဧကန်မုချ ပျက်စီးဆုံးရှုံးကြလိမ့်မည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားအပေါ် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏အလိုကို ၎င်းတို့အား ဖြည့်ဆည်းနိုင်စေရန်ဖြစ်ပြီး ယင်းကို ၎င်းတို့ထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားနှင့်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အချိန်ကာလအတွင်းတွင်၊ သူသည် ၎င်းတို့အား အပြစ်ပေးခြင်းအမှုကို မလုပ်ဆောင်ပေ။ လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းနေစဉ်တွင်၊ ဘုရားသခင်သည် ဆိုးယုတ်သူများကိုလည်း အပြစ်မပေးသကဲ့သို့ ကောင်းသောသူများကို ဆုမချီးမြှင့်ဘဲ လူအမျိုးမျိုးတို့၏ ခရီးပန်းတိုင်များကိုလည်း ထုတ်ဖော်မပြပေ။ ထို့ထက်၊ သူ့အမှု၏ နောက်ဆုံးအဆင့် ပြီးစီးသည့်နောက်တွင်သာ ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုချီးမြှင့်ခြင်း အမှုကို သူလုပ်ဆောင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ မတူကွဲပြားသော လူအမျိုးအစားအားလုံး၏ အဆုံးသတ်များကို သူထုတ်ဖော်ပြလိမ့်မည်။ အပြစ်ပေးခံရသူများသည် အမှန်တကယ် ကယ်တင်၍မရနိုင်သူများ ဖြစ်ကြလိမ့်မည် ဖြစ်သော်လည်း၊ ကယ်တင်ခြင်းခံရသူများသည် လူသားနှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီးသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ပြုနေစဉ်တွင် ကယ်တင်ခံရနိုင်သည့် လူတစ်ဦးစီတိုင်းသည် ဖြစ်နိုင်သမျှ ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူကို ကယ်တင်ရန် ဖြစ်သည့်အတွက် ၎င်းတို့ထဲမှ မည်သူမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်။ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု မစွမ်းဆောင် မရရှိနိုင်ကြသူအားလုံး အပြင်— ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သူအားလုံးတို့သည်— အပြစ်ပေးခြင်း ခံရသူများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အလိုနှင့် ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သိနားလည်နိုင်ဖို့အလို့ငှာ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိဖို့ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်များ ရှိနိုင်ကြဖို့အလို့ငှာ၊ အမှု၏ ဤအဆင့်- နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည်- လူသားတို့ နားမလည်သည့် နည်းလမ်းများနှင့် နက်နဲမှုများအားလုံးကို ၎င်းတို့အတွက် ဖွင့်ပြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ပြုရန် နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး၊ အနည်းငယ် ပုန်ကန်တတ်ခြင်းအတွက် လူတို့ကို အပြစ်မပေးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်သည် ကယ်တင်ခြင်းအမှု၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပုန်ကန်လျက် ပြုမူသောသူ မည်သူမဆိုကို အပြစ်ပေးမည်ဆိုပါက၊ မည်သူမျှ ကယ်တင်ခံ ရရန် အခွင့်အရေးရှိကြမည် မဟုတ်ပေ။ အယောက်တိုင်းသည် အပြစ်ပေးခံရမည် ဖြစ်ပြီး မရဏနိုင်ငံသို့ ကျဆင်းကြရမည် ဖြစ်သည်။ လူကို တရားစီရင်သည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိရှိခွင့်ပေးရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခွင့် ပေးရန် ဖြစ်သည်။ ယင်းမှာ ထိုသို့သော တရားစီရင်ခြင်းဖြင့် ၎င်းတို့ကို အပြစ်ပေးရန် မဟုတ်ပေ။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလအတွင်းတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ ပုန်ကန်မှုနှင့် အာခံမှုအပြင် လူ့ဇာတိခံ ဘုရားသခင်အပေါ် ၎င်းတို့၏ မနာခံမှုကို ဖော်ထုတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဤလူအားလုံးကို အကျိုးဆက်အနေဖြင့် အပြစ်ပေးလိမ့်မည် မဟုတ်ဘဲ၊ ယင်းအစား ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်ပျက်စီးသော သူများနှင့် ကယ်တင်မခံရနိုင်သူများကိုသာ ဘေးဖယ်ထားလိမ့်မည်။ သူသည် ၎င်းတို့၏ ဇာတိခန္ဓာများကို စာတန်အား ပေးပစ်လိမ့်မည်ဖြစ်ပြီး အချို့အခြေအနေများတွင် ၎င်းတို့၏ဇာတိခန္ဓာကို အဆုံးသတ်ပစ်လိမ့်မည်။ ကျန်ရှိသောသူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဆက်လက် လိုက်လျှောက်ကာ ကြုံတွေ့ကြရလိမ့်မည်။ အကယ်၍ လိုက်လျှောက်နေစဉ်တွင် ဤလူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်သေးသကဲ့သို့၊ ပို၍ပို၍ ဆုတ်ယုတ်လာကြပါက၊ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးကြလိမ့်မည်။ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရခြင်းကို ကျိုးနွံနာခံပြီးဖြစ်သည့် လူအသီးသီးသည် ကယ်တင်ခြင်းအတွက် လုံလောက်သော အခွင့်အရေးကို ရရှိကြလိမ့်မည်။ ဤလူများထဲမှ အသီးသီးနှင့်ဆိုင်သည့် ဘုရားသခင်၏ကယ်တင်ခြင်းသည် သူ၏အစွမ်းကုန် သက်ညှာမှုကို ပြသလိမ့်မည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် အစွမ်းကုန် သည်းခံပေးမှု ပြသခံရကြလိမ့်မည်။ လူတို့သည် လမ်းမှားကို ကျောခိုင်းနေကြသရွေ့၊ ပြီးလျှင် ၎င်းတို့ နောင်တရနိုင်သရွေ့၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကိုရရှိရန် အခွင့်အရေးများအား ၎င်းတို့ကို ပေးလိမ့်မည်။ လူသားများက ဘုရားသခင်ကို ပထမဦးဆုံး ပုန်ကန်ကြချိန်တွင်၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် ဘုရားသခင် ဆန္ဒမရှိပေ။ ထို့ထက်၊ ၎င်းတို့ကို ကယ်တင်ရန် သူတတ်နိုင်သမျှအားလုံး လုပ်ဆောင်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းအတွက် အမှန်တကယ် အခွင့်အရေး မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့ကို ဘေးဖယ်ထားလိမ့်မည် ဖြစ်သည်။ လူအချို့ကို ဘုရားသခင်က အပြစ်ပေးရန် နှေးရသည့် အကြောင်းရင်းမှာ သူသည် ကယ်တင်၍ ရနိုင်သူတိုင်းကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။ သူသည် လူတို့ကို နှုတ်ကပတ်တော်များဖြင့်သာ တရားစီရင်သည်၊ အသိဉာဏ်ပွင့်လင်းစေပြီး၊ လမ်းပြကာ၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် လှံတံကို အသုံးမပြုပေ။ လူသားများထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းသည် အမှု၏ နောက်ဆုံးအဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်နှင့် အရေးပါမှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” မှ

လူအချို့က “ကျွန်ုပ်၏ သဘာဝက မကောင်းသောကြောင့်၊ ကျွန်ုပ် ဖြစ်သမျှအကြောင်း အကောင်းဟုသာ ထားလိုက်မည်။ ကျွန်ုပ်၏လိုက်စားမှုတွင် မအောင်မြင်နိုင်ပါက၊ ဘာမျှ မတတ်နိုင်တော့ပေ။” ဟု ပြောကြသည်။ ထိုသို့သော လူများသည် အလွန့်အလွန် အပျက်သဘောဆောင်လှသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်အတွက် မျှော်လင့်ချက်ကို စွန့်လွှတ်ပြီးဖြစ်ကြသည်။ ဤလူများသည် ကယ်တင်၍ မရနိုင်ပေ။ သင်သည် ကြိုးစားအားထုတ်ပြီး ဖြစ်သလော။ သင်သည် အမှန်တကယ် ကြိုးစားအားထုတ်ပြီး၊ ဆင်းရဲဒုက္ခခံဖို့ လိုလားနေပါက၊ ဇာတိပကတိကို သင် အဘယ့်ကြောင့် မစွန့်လွှတ်နိုင်သနည်း။ သင်သည် နှလုံးသားတစ်ခုနှင့် ဦးနှောက် တစ်ခုဖြင့် လူတစ်ဦး မဟုတ်သလော။ နေ့စဉ်နေ့တိုင်း သင် မည်သို့ ဆုတောင်းသနည်း။ သင်သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ကို မမှီခိုနိုင်သလော။ သင့်အတွက် ဖြစ်သမျှအကြောင်း အကောင်းဟုထားလိုက်ခြင်းသည် မလှုပ်မယှက် စောင့်မျှော်ခြင်း ဖြစ်သည်။ သင်သည် အခြေအနေကို ဖန်တီးယူကာ ဘုရားသခင်နှင့် အလုပ်လုပ်ဖို့ ကြိုးစားခြင်းမရှိ။ ဖြစ်သမျှအကြောင်း အကောင်းဟု ထားလိုက်ခြင်းသည် “ကျွန်ုပ် တစ်စုံတစ်ခု လုပ်ဆောင်ခြင်းတွင် အောင်မြင်သောရလဒ် ရနိုင်ချေ မရှိပေ။ အရာအားလုံးကို ဘုရားသခင် ကြိုတင်ပြဌာန်းထားသည်။” ဟု ပြောခြင်းနှင့် ဆင်ဆင်တူသည်။ ဤသည်မှာ ဘုရားသခင်၏အလိုတော် အမှန်တကယ် ဖြစ်သလော။ ယင်းမှာ မဟုတ်ပါက၊ သင်သည် ဘုရားသခင်နှင့် အဘယ့်ကြောင့် အလုပ်မလုပ်သနည်း။ လွန်ကျူးခြင်း အပြစ်အသေးစားတစ်ခုကို ကျူးလွန်ပြီးဖြစ်သူ အချို့က “ဘုရားသခင်သည် ကျွန်ုပ်ကို ဖော်ထုတ်ပြီး နှင်ထုတ်ပြီးဖြစ်သလော။ သူသည် ကျွန်ုပ်ကို ဒဏ်ခတ်မည်လော။” ဟု တွေးကြသည်။ ဘုရားသခင်သည် လူတို့ကို အဆုံးစီရင်ရန် မဟုတ်ဘဲ လူတို့ကို အကြီးမားဆုံး အတိုင်းအတာအထိ တတ်နိုင်သမျှ ကယ်တင်ရန် ဤအချိန်တွင် ကြွလာခဲ့ခြင်းဖြစ်သည်။ မည်သူသည် အမှားများ နှင့် လုံးဝ ကင်းရှင်းသနည်း။ အကယ်၍ အယောက်တိုင်း အဆုံးစီရင်ခြင်းကို ခံရပါက ၎င်းကို ကယ်တင်ခြင်းဟု အဘယ်သို့ ခေါ်နိုင်မည်နည်း။ ပြစ်မှားခြင်းအချို့မှာ တမင်တကာပြုခြင်း ဖြစ်၍ အခြားသောပြစ်မှားခြင်းများမှာ တမင်တကာပြုခြင်း မဟုတ်ပေ။ တမင်တကာမဟုတ်သောကိစ္စများအတွက် ၎င်းတို့ကို သင် လက်ခံပြီးနောက် ပြောင်းလဲနိုင်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင် မပြောင်းလဲမီ သင့်ကို အဆုံးစီရင်လိမ့်မည်လော။ ဤအရာမှာ လူတို့ကို ဘုရားသခင် ကယ်တင်သည့်နည်းလမ်း ဖြစ်သလော။ ၎င်းမှာ ထိုကဲ့သို့ မဟုတ်ပေ။ သင်သည် တမင်တကာမဟုတ်ဘဲ ပြစ်မှားသည်ဖြစ်စေ သို့မဟုတ် ပုန်ကန်တတ်သော ဗီဇတစ်ခုကြောင့် ပြစ်မှားသည်ဖြစ်စေ သင် မှတ်မိရမည်မှာ၊ လက်တွေ့အရှိတရား၌ အလျင်အမြန် နိုးထကြလော့။ ရှေ့ဆက်ကြလော့၊ မည်သည့် အခြေအနေ ဖြစ်ပေါ်ပါစေ သင် ရှေ့ဆက်ရမည်။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် အမှုပြုလျက်ရှိပြီး သူသည် သူကယ်တင်လိုသည့် လူတို့ကို ပေါ့ပေါ့တန်တန် အဆုံးစီရင်လိမ့်မည် မဟုတ်ပါ။ သင်ပြောင်းလဲနိုင်စွမ်းသည့် အတိုင်းအတာကို ပဓာနမထားဘဲ၊ အဆုံးတွင် ဘုရားသခင်က သင့်ကို သေဆုံးစေခဲ့လျှင်ပင်၊ ယင်းကို သူက ဖြောင့်မတ်ခြင်းဖြင့် မုချလုပ်ဆောင်လိမ့်မည်ဖြစ်ပြီး အချိန်ကျရောက်လာသည့်အခါ သင့်ကို နားလည်စေလိမ့်မည်။ ယခုတွင်၊ အသက်တာ ဝင်ရောက်ခြင်းကို အာရုံစိုက်ရင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းရန် ကြိုးစားရင်း၊ သမ္မာတရားအတွက် ကြိုးပမ်းခြင်းနှင့်ပတ်သက်၍ သင် ဂရုစိုက်သင့်သည်။ ဤအရာတွင် အမှားအယွင်း မရှိပေ။ နောက်ဆုံးတွင်၊ ဘုရားသခင်က သင့်ကို မည်သို့ဆက်ဆံပါစေ၊ ယင်းကို ဖြောင့်မတ်ခြင်းဖြင့် အမြဲလုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာကို သင် သံသယမထားသင့်သကဲ့သို့၊ စိုးရိမ်စရာ မလိုပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယခု သင် နားမလည်သော်လည်း၊ သင် ယုံကြည်လက်ခံမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ ဘုရားသခင်သည် အစိုးရအရာရှိတစ်ဦး မဟုတ်သကဲ့သို့၊ နတ်ဆိုးများ၏ဘုရင်ကဲ့သို့လည်း သေချာပေါက် မဟုတ်ပေ။ သင်တို့သည် ဤအကြောင်းအရာကို အသေအချာ လေးလေးနက်နက် ဆင်ခြင်ကြည့်ပါက၊ ဘုရားသခင်၏ အမှုသည် လူများကို ကယ်တင်ခြင်းနှင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်း ဖြစ်သည်ဆိုသည့် ကောက်ချက်ချမိမည်။ သူ၏အလုပ်သည် လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်း အမှုဖြစ်သည့်အတွက်၊ လူများက ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းကို မထုတ်ဖော်ပါက၊ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သကဲ့သို့၊ မည်သည့်အရာမျှလည်း စွမ်းဆောင်ရရှိမည် မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြီးသည့်နောက်၊ သင်သည် အနည်းဆုံးအနေဖြင့် နောင်တမရဘဲ၊ သင်ပြုမူခဲ့ပြီးသကဲ့သို့ ပြုမူဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလိမ့်မည်။ ဘုရားသခင်သည် လူတို့အပေါ် ဒဏ်ခတ်ခြင်းအတိုင်းအတာ အမျိုးမျိုးကို ဆောင်ရွက်လိမ့်မည် ဖြစ်ပြီး လူသားသည် သူ၏လွန်ကျူးခြင်းအပြစ်များအတွက် အဖိုးအခပေးရလိမ့်မည်။ အခါအားလျော်စွာ သင်သည် မရည်ရွယ်ဘဲ အပျော်အပါး၌ မွေ့လျော်လာပြီး ဘုရားသခင်က သင့်ကို ထောက်ပြသည်၊ ပြုပြင်သည်၊ ပြီးလျှင် သင့်ကို ကိုင်တွယ်ဖြေရှင်းသည်။ သင်သည် တိုးတက်လာပါက၊ ဘုရားသခင်က သင့်ကို အတာချမည် မဟုတ်ပေ။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်း၏ ပုံမှန်ဖြစ်စဉ်တစ်ရပ် ဖြစ်ပြီး၊ ကယ်တင်ခြင်းအမှု၏ စစ်မှန်သော အရေးပါမှုသည် ဤဖြစ်စဉ်တွင် ပြနေသည်။ ဤသည်မှာ အဓိကသော့ချက် ဖြစ်သည်။ အမျိုးသားများနှင့် အမျိုးသမီးများအကြား စည်းဘောင်များကို နမူနာကြည့်လော့။ ယနေ့ သင်သည် တစ်စုံတစ်ဦး၏ လက်ကို ကိုင်ဖို့ စိတ်လိုက်မာန်ပါရှိသည့်အတိုင်း ပြုမူသော်လည်း၊ သင်အိမ်ပြန်ရောက်ပြီးနောက်၊ “ယင်းမှာ အကျင့်ပျက်သော အပြုအမူ မဟုတ်လော။ ယင်းမှာ အပြစ် တစ်ခု မဟုတ်လော။ အမျိုးသားများနှင့် အမျိုးသမီးများအကြား စည်းဘောင်များကို ချိုးဖောက်ခြင်းသည် ဘုရားသခင်ကို ဂုဏ်သရေညှိုးစေခြင်း မဟုတ်လော။ ထိုသို့သော အမှုအရာ တစ်ခုကို ကျွန်ုပ် အဘယ်ကြောင့် ပြုနိုင်ခဲ့သနည်း။” ဟု သင် တွေးဆလေသည်။ ဤအရာကို နားလည်ပြီးသည့်နောက်၊ သင်သည် ဘုရားသခင် ရှေ့တော်မှောက်သို့ အလောတကြီး သွားပြီး “အိုဘုရားသခင်။ ကျွန်ုပ် တစ်ဖန် အပြစ်ပြုမိပြီး ဖြစ်သည်။ ဤအရာကို ကျွန်ုပ်၏ လုပ်ဆောင်ချက်သည် သမ္မာတရားနှင့် မကိုက်ညီပေ၊ ပြီးလျှင် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသည့် ဇာတိပကတိကို ကျွန်ုပ် စက်ဆုပ်ရွံရှာသည်။” ဟု ဆုတောင်းလေသည်။ အခြားသူ တစ်ဦး၏ လက်ချောင်းကို ထိခွင့်ပေးခြင်းကိုပင် ရှောင်ကြဉ်ဖို့၊ ထိုသို့သော အရေးကိစ္စများ အနာဂတ်တွင် ဖြစ်ပေါ်သည့်အခါ၊ ဝေးဝေးမှ ရှောင်ကြဉ်ဖို့ သင် သန္နိဌာန် ချထားသည်။ ဤသည်မှာ ပြောင်းလဲခြင်း မဟုတ်သလော။ သင်သည် ဤနည်းလမ်းဖြင့် ပြောင်းလဲပြီးဖြစ်ပါက၊ ဘုရားသခင်သည် တစ်စုံတစ်ဦး၏ လက်ကို ကိုင်ခြင်းအတွက် သင့်အား ပြစ်တင်ရှုတ်ချဆဲဖြစ်မည် မဟုတ်လော။ သင်သည် တစ်စုံတစ်ဦး၏ လက်ကို ကိုင်ပြီး ထိုသို့လုပ်ဆောင်ဖို့ကို မှားယွင်းသည်ဟု ခံစားရသော်လည်း၊ ယင်းသည် ရှက်ဖွယ်အရာတစ်ခုမဟုတ်ဟု တွေးပြီး၊ သင့်ကိုယ့်သင် စက်ဆုပ်ရွံရှာခြင်း မရှိဘဲ၊ သတိမရှိသကဲ့သို့ ဇာတိပကတိကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခြင်းလည်း မရှိဘဲလျက်၊ ဘုရားသခင်ထံ သင်၏အပြစ်ကို မဝန်ခံသေးပါက၊ အနာဂတ်တွင် သင်သည် တစ်စုံတစ်ဦး၏ လက်ကိုကိုင်ရုံ သက်သက်သာ ဖြစ်မည် မဟုတ်ပေ- သင်သည် ၎င်းတို့ကို ပွေ့ဖက်လိမ့်မည်။ အရေးကိစ္စသည် ယခင်ထက်ပို၍ လေးနက်လာပြီး သင့်ကို အပြစ်ကျူးလွန်ဖို့ ဦးဆောင်လိမ့်မည်၊ ထိုအတွက် ဘုရားသခင်က သင့်ကို ပြစ်တင်ရှုတ်ချလိမ့်မည်။ သင်သည် မကြာခဏ အပြစ်ကျူးလွန်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ကယ်တင်၍မရနိုင်လောက်အောင် ဖြစ်လိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်ကို အလိုအလျောက် ထုတ်ဖော်ပြပြီး နောက်ပိုင်းတွင် အမှန်တကယ် နောင်တရနိုင်ကာ၊ ဇာတိပကတိကို စွန့်လွှတ်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ဘုရားသခင်သည် သင့်ကို စီရင်လိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် သင်သည် ကယ်တင်ခြင်း ခံရနိုင်သေးသည်။ ဘုရားသခင်သည် လူများကို ကယ်တင်ဖို့ အမှုပြုပြီး လူများ၏ သဘာဝများသည်လည်း အတိုင်းအတာ တစ်ခုအထိ ထုတ်ဖော်ခြင်းခံရမည်မှာ မလွဲဧကန်ဖြစ်ပေသည်။ သို့ရာတွင် သင်သည် အချိန်မီ နောင်တရခြင်းနှင့်ပြောင်းလဲမှု ဖြစ်ပေါ်စေခြင်းအပေါ် အာရုံစိုက်သင့်သည်။ ဤသည်မှာ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းမည် မဟုတ်လော။ လူအချို့က ထိုသို့ မယုံကြည်ကြဘဲ၊ ဘုရားသခင်ကို သတိနှင့် အမြဲ စောင့်ကြည့်ကြသည်။ ထိုသို့သောလူများသည် အနှေးနှင့်အမြန် ဒုက္ခခံကြရမည် ဖြစ်သည်။

ယခင်က ဖော်ပြခဲ့သကဲ့သို့၊ အတိတ်မှ အဖြစ်အပျက်များကို ကလောင်တစ်ချက်ဖြင့် လုံးလုံးဖယ်ရှား၍ ရနိုင်သည်။ အတိတ်ကို အစားထိုးဖို့ အနာဂတ်ကို ပြင်ဆင်ပြောင်းလဲနိုင်သည်။ ဘုရားသခင်၏ သည်းခံခြင်းသည် ပင်လယ်ကဲ့သို့ အကန့်အသတ်မဲ့သည်။ သို့သော်လည်း ဤနှုတ်ကပတ်တော်များအဖို့ အခြေခံသဘောတရားများလည်း ရှိသည်။ ယင်းက ဘုရားသခင်သည် သင်ကျူးလွန်ပြီးဖြစ်သည့် မည်သည့်အပြစ်ကိုမဆို မည်မျှကြီးမားပါစေ လုံးလုံးလျားလျား ဖယ်ရှားမည့်ကိစ္စမဟုတ်ပေ။ ဘုရားသခင်၏အမှုအားလုံးတွင် အခြေခံသဘောတရားများရှိသည်။ အတိတ်တွင် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမိန့်ကို ဤအရေးကိစ္စကို ကိုင်တွယ်ဖို့ သတ်မှတ်ခဲ့သည်- သူ၏နာမတော်ကို လက်မခံမီ ကျူးလွန်သည့် အပြစ်များအားလုံးကို ဘုရားသခင်က ခွင့်လွှတ်ပြီး လွတ်ငြိမ်းစေသည်၊ ပြီးလျှင် အသင်းတော်သို့ ဝင်ရောက် ပြီးသည့်နောက် အပြစ်ကျူးလွန်သည့်သူများကို ကိုင်တွယ်ဖြေရှင်းဖို့ စနစ်တစ်ခုရှိသည်။ အပြစ်အသေးစားကို ကျူးလွန်သည့်သူသည် နောင်တရဖို့ အခွင့်ပေးခံရသော်လည်း၊ ထပ်ခါတလဲလဲ အပြစ်ကျူးလွန်သူများသည် ထုတ်ပယ်ခြင်း ခံရသည်။ ဘုရားသခင်သည် သူ၏အမှုတွင် လူများကို အတတ်နိုင်ဆုံး အကြီးမားဆုံးအတိုင်းအတာအထိ အစဉ် သည်းခံပြီးဖြစ်သည်၊ ပြီးလျှင် ဤသည်တွင် ဘုရားသခင်၏ အမှုသည် လူများကို ကယ်တင်ခြင်းအမှု အမှန်တကယ် ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ သို့သော် အမှု၏ ဤနောက်ဆုံးအဆင့်တွင်၊ သင်သည် ခွင့်လွှတ်၍မရနိုင်သော အပြစ်များကို ကျူးလွန်နေသေးပါက၊ သင်သည် အမှန်တကယ် ကယ်တင်၍ မရနိုင်ဘဲ၊ သင်သည် မပြောင်းလဲနိုင်ပေ။ ဘုရားသခင်၌ လူများ၏ စိတ်သဘောထားများကို သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်း နည်းစနစ်တစ်ခုရှိသည်။ လူများ၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝများ အစဉ်ဖော်ပြခြင်းနှင့် ပြောင်းလဲခြင်း နည်းစနစ်တွင်၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း ရည်မှန်းချက်ကို ရရှိလေသည်။ လူအချို့က “ယင်းမှာ ကျွန်ုပ်၏ သဘာဝ ဖြစ်သည့်အတွက်၊ ကျွန်ုပ်သည် ယင်းကို တတ်နိုင်သမျှ များစွာ ဖော်ထုတ်မည်၊ ပြီးလျှင် ယင်းကို ဖော်ထုတ်ပြီးသည့်နောက်၊ ကျွန်ုပ်သည် ယင်းကို သိမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်။” ဟု တွေးကြသည်။ ဤနည်းစနစ်သည် လိုအပ်သလော။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတစ်ဦး အမှန်တကယ် ဖြစ်ပြီး အခြားသူများ၏ အပြင်းအထန် ကြိုးပမ်းရခြင်းအမျိုးမျိုးထဲမှ အချို့ကို သင့်ထဲတွင် တွေ့မြင်သူဖြစ်ပါက၊ ထိုတူညီသော အပြုအမူများကို ရှောင်ကြဉ်ဖို့ သင့်ဘာသာ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ သွယ်ဝိုက်သည့် ပြောင်းလဲခြင်း မဟုတ်လော။ တစ်ခါတစ်ရံတွင် သင်တစ်စုံတစ်ခုကို လုပ်ဆောင်ဖို့ အတွေးပေါက်သော်လည်း၊ သင်မလုပ်ဆောင်မီတွင် ယင်းက မှားယွင်းသည်ကို သတိပြုမိပြီး ယင်းကို သင်စွန့်လွှတ်လိုက်သည်။ ဤသည်က သင်၏ ကယ်တင်ခံရခြင်းကို မဖြစ်စေသလော။ သမ္မာတရား တစ်ခုချင်းစီ၏ လက်တွေ့လုပ်ဆောင်ခြင်းသည် နည်းစနစ်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးက ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် စတင်ပြီးရုံသာရှိသည့်အခါ၊ သူ၏ကိုယ်ပိုင် ဆန္ဒဖြင့် ညစ်ညမ်းခြင်း မရှိသော လက်တွေ့လုပ်ဆောင်မှုတစ်ခုကဲ့သို့၊ တိကျမှန်ကန်မှု နှင့် အမှားကင်းမှုတို့သည် မဖြစ်နိုင်ပေ။ သင်၏ကိုယ်ပိုင် ဆန္ဒအတိုင်း သင် လုံးလုံး ကိုင်တွယ်ဖြေရှင်းသည့် အရေးကိစ္စအချို့ ကျန်ရှိနေသော်လည်း၊ ကိုင်တွယ်ဖြေရှင်း ခံရခြင်းနှင့် ပြုပြင်ခံရခြင်းပြီးသည့်နောက်၊ သင်သည် နောက်ဆုံးတွင် ဘုရားသခင်၏အလိုတော်နှင့် နှုတ်ကပတ်တော်များအတိုင်း အပြည့်အဝ လက်တွေ့လုပ်ဆောင်လာမည် ဖြစ်သည်။ ဤသည်မှာ ပြောင်းလဲခြင်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလိုတော်မှာ လူတို့ကို အကြီးမားဆုံး အတိုင်းအတာအထိ တတ်နိုင်သမျှ ကယ်တင်ရန် ဖြစ်သည်” မှ

ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ခြင်းခံရစေလိုပြီး မည်သူ့ကိုမျှ အပြစ်ဒဏ်ခံရခြင်းကို မခံစားစေလိုကြောင်း ပြောထားသည်။ ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းခံထားရသည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအပေါ် ဘုရားသခင်၏ သဘောထားနှင့် ခံစားချက်တို့ဖြစ်သည်။ သို့ရာတွင် အမှန်မှာမူ လူများစွာတို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံသည်မှာ ဘုရားသခင်၏အလိုဖြစ်လေသည်။ ၎င်းတို့သည် စာတန်နှင့်သက်ဆိုင်ပြီး၊ ကယ်တင်ခြင်း ခံရမည် မဟုတ်ပေ။ ဤနှုတ်ကပတ်တော်များက လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ဘုရားသခင်၏သဘောထားကို ပြနေသည်။ သူ၏ချစ်ခြင်းမေတ္တာသည် ကန့်သတ်ချက်မဲ့ မဟုတ်ပေ၊ ယင်းသည် မယှဉ်သာစွာ ကျယ်ပြန့်သည်၊ ယင်းမှာ အင်အားကြီးမားသည်။ သို့သော် သမ္မာတရားကို စက်ဆုပ်သူများအဖို့၊ သူသည် သူ၏ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ကို အခမဲ့ပေးဖို့ မလိုလားသကဲ့သို့ သူသည် ထိုသို့ အစဉ်လုပ်ဆောင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သဘောထားဖြစ်သည်။ သမ္မာတရားကို စက်ဆုပ်ခြင်းသည် မည်သည့်သဘောသက်ရောက်သနည်း။ ယင်းမှာ ဘုရားသခင်ကို ယှဉ်ပြိုင်ခြင်းလော။ ယင်းမှာ ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ရန်လိုခြင်းလော။ ယင်းမှာ ဘုရားသခင်ကို “ကိုယ်တော် ပြောစရာရှိသည့်အရာကို နားထောင်ရသည်ကို ကျွန်ုပ် မပျော်မွေ့ပါ။ ယင်းကို ကျွန်ုပ် မနှစ်သက်လျှင်၊ ယင်းမှာ သမ္မာတရား မဟုတ်ပါ၊ ပြီးလျှင် ကျွန်ုပ်သည် ယင်းကို သမ္မာတရားအဖြစ် မခံယူပါ။ ယင်းကို ကျွန်ုပ် အသိအမှတ်ပြုပြီး နှစ်သက်သည့်အခါမှသာ၊ ယင်းသည် သမ္မာတရား ဖြစ်လိမ့်မည်။” ဟု ပွင့်လင်းစွာ ပြောသည့် သဘောသက်ရောက်သည်။ သမ္မာတရားအပေါ် သင်သည် ထိုသို့ သဘောထားရှိသည့်အခါ၊ ဤသည်မှာ ဘုရားသခင်ကို ပွင့်လင်းစွာ ရန်လိုခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို ပွင့်လင်းစွာ ရန်လိုပါက၊ ဘုရားသခင်က သင့်ကို ကယ်တင်မည်လော။ မကယ်တင်ပေ။ ဤသည်မှာ ဘုရားသခင်၏ဒေါသအတွက် တကယ့် အကြောင်းအရင်းဖြစ်သည်။ သမ္မာတရားကို စက်ဆုပ်သည့်လူမျိုး၏ အနှစ်သာရသည် ဘုရားသခင်ကို ရန်လိုသည့် အနှစ်သာရဖြစ်သည်။ ဘုရားသခင်သည် ဤအနှစ်သာရရှိသည့်လူများကို လူများအဖြစ် မဆက်ဆံပေ။ သူက ၎င်းတို့အား ရန်သူများအဖြစ်၊ မကောင်းဆိုးဝါးများ အဖြစ် ဆက်ဆံပြီး၊ ၎င်းတို့ကို မည်သည့်အခါမျှ ကယ်တင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင့်ဒေါသ၏ သရုပ်သကန် ဖြစ်သည်။.

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

လူသားသည် ဘုရားသခင်ကို ရန်လိုခဲ့သောကြောင့် ဘုရားသခင်သည် လူသားကို စက်ဆုပ်ရွံရှာခဲ့သော်လည်း၊ သူ့စိတ်နှလုံးထဲတွင်၊ လူသားမျိုးနွယ်အတွက် သူ၏စောင့်ရှောက်မှု၊ ပူပန်မှုနှင့် သနားကရုဏာတို့သည် မပြောင်းမလဲ ဆက်လက် တည်ရှိနေခဲ့သည်။ လူသားမျိုးနွယ်ကို သူဖျက်ဆီးခဲ့ချိန်တွင်ပင်၊ သူ့စိတ်နှလုံးသည် မပြောင်းမလဲ ဆက်လက် ရှိနေခဲ့သည်။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးမှုနှင့်ပြည့်ခဲ့ပြီး၊ ဘုရားသခင်အပေါ် ဆိုးရွားသည့် အတိုင်းအတာ တစ်ခုအထိ မနာခံသည့်အခါတွင်၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကြောင့်၊ ပြီးလျှင် သူ၏ အခြေခံသဘောတရားများနှင့်အညီ ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးခဲ့ရသည်။ သို့ရာတွင် ဘုရားသခင်၏ အနှစ်သာရကြောင့်၊ သူသည် လူသားမျိုးနွယ်ကို သနားဆဲဖြစ်ပြီး ၎င်းတို့ ဆက်လက်ရှင်သန်နိုင်ရန်အလို့ငှာ လူသားမျိုးနွယ်ကို ရွေးနုတ်ရန် နည်းလမ်းအမျိုးမျိုးပင် အသုံးပြုချင်ခဲ့သည်။ သို့ရာတွင် လူသားသည် ဘုရားသခင်ကိုဆန့်ကျင်ကာ ဘုရားသခင်ကို ဆက်လက်မနာခံခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ငြင်းပယ်ခဲ့သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များကို လက်ခံဖို့ ငြင်းဆန်ခဲ့ပေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မည်သို့ ခေါ်သည်ဖြစ်စေ၊ မည်သို့ သတိပေးခဲ့သည်ဖြစ်စေ၊ မည်သို့ ပံ့ပိုးပေးသည်ဖြစ်စေ၊ မည်သို့ ကူညီခဲ့သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို မည်သို့သည်းခံခဲ့သည်ဖြစ်စေ၊ လူသားသည် ထိုအရာကို နားမလည်ခဲ့ သို့မဟုတ် အသိအမှတ်မပြုခဲ့သကဲ့သို့ အာရုံလည်း မစိုက်ခဲ့ပေ။ သူ၏ နာကျင်မှုတွင်၊ ဘုရားသခင်သည် လူသားတို့ လမ်းကြောင်းပြောင်းရန် စောင့်ဆိုင်းရင်း၊ သူ၏ အကြီးမားဆုံး သည်းခံမှုကို ပေးဖို့ ဘုရားသခင်သည် မမေ့လျော့သေးပေ။ သူ၏အကန့်အသတ်ကို ရောက်ရှိသည့်နောက်တွင်၊ သူသည် သူ လုပ်ဆောင်ရမည့်အရာကို တွန့်ဆုတ်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် စီစဉ်ခဲ့သည့်အခိုက်အတန့်မှ လူသားကို ဖျက်ဆီးခြင်းဖြင့် သူ၏ အမှုကို အစပြုခြင်းအထိ တိကျသည့် အချိန်ကာလနှင့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပေသည်။ ဤဖြစ်စဉ်သည် လူသားကို လမ်းကြောင်း ပြောင်းနိုင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် တည်ရှိခဲ့ခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က လူသားကိုပေးခဲ့သည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို မဖျက်ဆီးမီတွင်၊ ဘုရားသခင်သည် ဤအချိန်ကာလတွင် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် သတိပေးခြင်းနှင့် တိုက်တွန်းခြင်း အမှုကို သိသာသော ပမာဏတစ်ခု လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်၏နှလုံးသားသည် မည်မျှ နာကျင်မှု၊ ဝမ်းနည်းမှုများ၌ ရှိခဲ့သည်ဖြစ်စေ သူ၏ဂရုစိုက်မှု၊ ပူပန်မှုနှင့် များပြားပြည့်လျှံသည့် သနားကရုဏာတို့ကို လူသားမျိုးနွယ်၌ ဆက်လက်ထားရှိခဲ့သည်။ ဤအရာမှ မည်သည့်အရာကို ငါတို့ တွေ့ရသနည်း။ ဧကန်မုချ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်ပြီး သူ အပြောသက်သက် ဖြစ်သည့်အရာတစ်ခု မဟုတ်သည်ကို ငါတို့ မြင်တွေ့ရသည်။ ယင်းသည် စစ်မှန်သည်၊ လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး သိသာသည်၊ အယောင်ဆောင်ထားခြင်းမဟုတ်၊ ရောနှောခြင်းမရှိ၊ လှည့်စားခြင်း သို့မဟုတ် ဟန်ဆောင်ခြင်း မရှိပေ။ သူသည် ချစ်ခင်ဖွယ်ဖြစ်သည်ဟု လူတို့ မြင်စေရန် ဘုရားသခင်သည် မည်သည့်လှည့်စားမှုမျှ လုံးဝ အသုံးမပြုပေ သို့မဟုတ် ပုံရိပ်အတုအယောင်များ မဖန်တီးပေ။ သူ၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းကို လူတို့ မြင်တွေ့စေဖို့ရန် သို့မဟုတ် သူ၏ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းနှင့် သန့်ရှင်းခြင်းကို ကြွားလုံးထုတ်ဖို့ရန် မှားယွင်းသည့်သက်သေကို မည်သည့်အခါမျှ သူအသုံးမပြုပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သက်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာများသည် လူသား၏ချစ်ခြင်းနှင့် ထိုက်တန်သည် မဟုတ်လော။ ယင်းတို့ကို ကိုးကွယ်ခြင်းငှာ မထိုက်တန်သလော။ ချစ်ခင်နှစ်သက်ခြင်းငှာ မထိုက်တန်သလော။ ဤအချိန်တွင်၊ သင်တို့ကို ငါ မေးလိုသည်- ဤနှုတ်ကပတ်တော်များကို ကြားရပြီးနောက်၊ ဘုရားသခင်၏ကြီးမြတ်ခြင်းသည် စာတစ်ရွက်ပေါ်က အနှစ်မဲ့သည့် စကားလုံးများမျှသာ ဖြစ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ် ဖြစ်ခြင်းသည် အနှစ်မဲ့သည့် စကားလုံးများသာ ဖြစ်သလော။ မဟုတ်ပေ။ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊ ချစ်ခြင်း၊ အစရှိသည့်- ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်း၏ အသေးစိတ်အချက်အလက်တိုင်းသည် သူအမှုပြုသည့်အခါတိုင်း လက်တွေ့ကျသည့် ဖော်ပြမှု၌ တွေ့ရှိရပြီး လူသားအပေါ်ထားရှိသည့် သူ၏အလို၌ သရုပ်ထင်ကာ လူတိုင်း၌လည်း ပြည့်စုံကာ ထင်ဟပ်ပေသည်။ သင်သည် ယခင်က ထိုအရာကို ခံစားဖူးသည်ဖြစ်စေ မခံစားဖူးသည်ဖြစ်စေ၊ ဘုရားသခင်သည် လူတစ်ဦးချင်းစီ၏ နှလုံးသားကို နွေးထွေးစေရန်နှင့် လူတစ်ဦးချင်းစီ၏ စိတ်ဝိညာဉ်ကို နိုးထစေရန် သူ၏ ရိုးသားစစ်မှန်သည့် နှလုံးသား၊ ဉာဏ်ပညာနှင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုရင်း၊ လူတိုင်းကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် စောင့်ရှောက်နေပေသည်။ ဤသည်မှာ ငြင်း၍မရသည့် အချက်တစ်ချက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

အတိတ်တွင် လူအချို့သည် မကောင်းမှုများ ပြုခြင်းကြောင့် အသင်းတော်မှ ထုတ်ပယ်ခြင်းခံခဲ့ကြရပြီး ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ငြင်းပယ်ခဲ့ကြသည်။ နှစ်အနည်းငယ် လှည့်ပတ်သွားလာပြီးသည့်နောက်တွင်၊ ယခု ၎င်းတို့ ပြန်လာကြပြီး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးလုံးလျားလျား မခွဲခွာကြသည်မှာ ကောင်းသည့်အရာ တစ်ခုဖြစ်သည်။ ဤသည်က ၎င်းတို့ကို ကယ်တင်ခြင်းခံရဖို့ အခွင့်အလမ်းတစ်ခုနှင့် မျှော်လင့်ချက် တစ်ခုတို့ကို ပေးသည်။ ၎င်းတို့ ထွက်ပြေးခဲ့ပြီး၊ ယုံကြည်ခြင်းကို ရပ်တန့်ကာ မယုံကြည်သူများကဲ့သို့ဖြစ်လာပါက၊ ၎င်းတို့သည် လုံးလုံး ဘဝဆုံးသွားပြီ ဖြစ်သည်။ ၎င်းတို့က ပြောင်းလဲနိုင်ပါက၊ ၎င်းတို့အတွက် မျှော်လင့်ချက် ရှိသေးသည်။ ဤသည်မှာ ရှားပါးပြီး တန်ဖိုးရှိလှသည်။ ဘုရားသခင် မည်သို့ ပြုမူပါစေ၊ ပြီးလျှင် ဘုရားသခင်သည် လူများကို မည်သို့ ဆက်ဆံပါစေ၊ မုန်းပါစေ သို့မဟုတ် စက်ဆုပ်ပါစေ၊ ၎င်းတို့ ပြောင်းလဲနိုင်သည့်နေ့ရက်အချိန် ရောက်လာပါက၊ ဤသည်က ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာအနည်းငယ် ရှိဆဲဖြစ်ကြောင်း၊ ၎င်းတို့သည် ၎င်းတို့၏ လူ့အသိစိတ် သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ လုံးလုံး မဆုံးရှုံးသေးကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လိုဆဲ ဖြစ်ပြီး သူ့ကို အသိအမှတ်ပြုဖို့နှင့် သူ့ရှေ့မှောက် ပြန်လာဖို့ အနည်းဆုံးအနေဖြင့် ရည်ရွယ်ချက်အချို့ ရှိကြောင်းကို ဆိုလိုမည် ဖြစ်သည့်အတွက် ငါသည် အလွန်ကျေနပ်မည်ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်ကို မည်သူစွန့်ခွာပါစေ၊ ၎င်းတို့ပြန်လာပြီး ဤမိသားစုကို ချစ်ခင်ဆဲဖြစ်ပါက၊ ငါသည် အတော်အတန် သံယောဇဉ်ရှိစွာ တွယ်တာလာပြီး ယင်းတွင် ကျေနပ်မှုအချို့ ရလိမ့်မည် ဖြစ်သည်။ သို့သော် ၎င်းတို့ မည်သည့်အခါမျှ မပြန်လာပါက၊ ငါသည် ယင်းကို သနားစဖွယ်အဖြစ် တွေးမိမည်။ ၎င်းတို့ ပြန်လာနိုင်ပြီး ဘုရားသခင်ကို ရိုးသားစွာ စတင်ယုံကြည်နိုင်ပါက၊ ငါ့စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် အထူးသဖြင့် ပြည့်နှက် နေလိမ့်မည်။ သင်ထွက်သွားသည့်အခါ၊ သင်သည် သေချာပေါက် အတော်အတန် အပျက်သဘောဆောင်နေခဲ့ပြီး၊ သင်သည် ဆိုးရွားသည့် အခြေအနေတစ်ခုတွင် ရှိနေခဲ့သည်။ သို့ရာတွင် သင်ယခု ပြန်လာနိုင်ပါက၊ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဆဲဖြစ်သည်ကို သက်သေပြနေသည်။ သို့သော် လူများသည် အလွန်လျင်မြန်စွာ ပြောင်းလဲကြသောကြောင့်၊ သင် ရှေ့ဆက်နိုင်ခြင်း ရှိမရှိကမူ မသိရသည့် အကြောင်းရင်း တစ်ခုဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင်၊ ယေရှုသည် လူသားများအတွက် သနားပြီး ကျေးဇူးတော် ထားရှိခဲ့သည်။ သိုးတစ်ရာထဲမှ တစ်ကောင် ပျောက်ဆုံးသွားပါက၊ တစ်ကောင်ကို ရှာဖွေဖို့ ကိုးဆယ့်ကိုးကောင်ကို သူထားခဲ့မည် ဖြစ်သည်။ ဤစာကြောင်းသည် သဘာဝလှုပ်ရှားမှုနှင့် ကျိုးကြောင်း ဆက်စပ်သော နည်းစနစ်တစ်မျိုး သို့မဟုတ် စည်းမျဉ်းတစ်ခုကို ကိုယ်စားမပြုပေ။ ယင်းက လူများကို ကယ်တင်ဖို့ ဘုရားသခင်၏ အရေးပေါ်ရည်ရွယ်ချက်အပြင်၊ ၎င်းတို့အတွက် သူ၏ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို ပြသသည်။ ယင်းက အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ ယင်းက စိတ်သဘောထားတစ်မျိုး စိတ်နေစိတ်ထားတစ်မျိုးဖြစ်သည်။ ထိုသို့ဖြင့် လူအချို့က ခြောက်လ တစ်နှစ်ကြာ ထွက်ခွာသွားသည် သို့မဟုတ် အားနည်းချက်မည်မျှရှိပါစေ သို့မဟုတ် နားလည်မှုလွဲခြင်း မည်မျှ ခံစားရပါစေ၊ သို့ရာတွင် နောက်ပိုင်းတွင် စစ်မှန်မှုကို နားလည်သဘောပေါက်နိုင်စွမ်း၊ အသိပညာရနိုင်စွမ်းနှင့် ပြောင်းလဲနိုင်စွမ်း၊ လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်နိုင်စွမ်းတို့က ငါ့ကို အထူးသဖြင့် နှစ်သိမ့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ် ဖြစ်စေသည်။ ဤပျော်ရွှင်မြူးထူးပြီး ထည်ဝါသည့် ကမ္ဘာလောကြီးတွင်၊ ဤဆိုးယုတ်သော ခေတ်တွင် ခိုင်မာစွာရပ်တည်နိုင်ခြင်း၊ ဘုရားသခင်ကို အသိအမှတ်ပြုနိုင်ခြင်းနှင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်နိုင်ခြင်းတို့က နှစ်သိမ့်မှုအနည်းငယ်နှင့် စိတ်လှုပ်ရှားမှုတို့ကို ဖြစ်စေသည့်အရာများ ဖြစ်လေသည်။ ကလေး ကျွေးမွေးပြုစုခြင်းကို ဥပမာကြည့်လော့။ ၎င်းတို့သည် သားသမီးဝတ်ကျေပွန်သည် ဖြစ်စေ မကျေပွန်သည်ဖြစ်စေ၊ ၎င်းတို့က သင့်ကို အသိအမှတ်မပြုဘဲ၊ နေအိမ်မှ ထွက်ခွာသွားကာ လုံးဝမပြန်လာပါက သင်မည်သို့ ခံစားရမည်နည်း။ စိတ်ထဲတွင် သင်သည် ၎င်းတို့နှင့်ပတ်သက်၍ စိုးရိမ်စိတ်ခံစားနေရဆဲ ဖြစ်ပြီး သင်က “ငါ့သားလေး မည်သည့်အချိန်တွင် ပြန်လာမည်နည်း။ ငါသူ့ကို တွေ့ချင်သည်။ အမှန်တော့ သူသည် ငါ၏သားဖြစ်ပြီး သူ့ကို ငါကျွေးမွေးပြုစုပြီး ချစ်ခဲ့သည်မှာ အချည်းနှီးမဖြစ်လောက်ပေ။” ဟု အမြဲ တွေးနေလိမ့်မည်။ သင်သည် ဤနည်းဖြင့် အမြဲတွေးခဲ့သည်။ သင်သည် ထိုနေ့ရက် ရောက်လာဖို့ အစဉ် တောင့်တနေခဲ့သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ လူတိုင်းက တစ်ထေရာတည်း ခံစားကြရသည်။ ဤခေတ်လူများသည် ဝိညာဉ်ရင့်ကျက်မှု နုနယ်ကြသော်လည်း၊ ယုံကြည်ဖို့ လိုအင်ဆန္ဒ အနည်းငယ်မျှပင် သိုထားပြီး သူသည် ဘုရားသခင် ဖြစ်သည်ကို ဝန်ခံခြင်းပြုပါမှ၊ ၎င်းတို့ ဘုရားသခင်၏ အလိုတော်ကို နားလည်သည့်နေ့ရက်အချိန် ရောက်လာလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် အမြဲတစေ တောင်းဆိုချက်များ ပြုသည့်လူများသည် ဆင်ခြင်တုံတရား အနည်းဆုံးလူများ ဖြစ်သည်” မှ

သင်၏စိတ်နှလုံးအတွင်းတွင် သင်၏အပြုအမူကို ထိန်းချုပ်သည့် မည်သည့်အယူအဆများ ရှိသနည်း။ သင်၏အကြိုက်မဟုတ်သည့် တစ်စုံတစ်ရာ သင့်ထံ၌ ဖြစ်ပျက်လာသည့်အခါ၊ ဤအယူအဆများက အလိုအလျောက် ဖြစ်ပေါ်လာပြီး သင့်ကို ဘုရားသခင်ထံ စောဒကတက်စေသည်၊ ဘုရားသခင်နှင့် အငြင်းပွားစေပြီး ယှဉ်ပြိုင်စေကာ၊ ယင်းတို့သည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် မြန်ဆန်သော ပြောင်းလဲမှုကို ဖြစ်ပေါ်စေ၏- သင်သည် အစတွင် လုပ်ဆောင်ခဲ့သည့် ဘုရားသခင်ကို ချစ်ပြီး သူ့ကို သစ္စာရှိကာ သင်၏အသက်တာတစ်ခုလုံးကို သူ့ထံ ဆက်ကပ်လိုခြင်း ခံစားချက်မှသည် ဘုရားသခင်ကို သစ္စာမရှိလိုခြင်း၊ သင်၏ တာဝန်ကို မထမ်းဆောင်လိုခြင်းသို့ ရုတ်တရက် ပြောင်းသွားပြီး၊ ဘုရားသခင်ကို သင်၏ယုံကြည်မှုအား သင်နောင်တရသည်၊ ဤလမ်းကြောင်းကို ရွေးချယ်မိခြင်းအား သင်နောင်တရပြီး ဘုရားသခင်၏ ရွေးချယ်မှုကို ခံရခြင်းနှင့်ပတ်သက်၍ သင်သည် စောဒကပင် တက်လေသည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးတွင် ထိုသို့သော ကြီးမားသည့် အပြောင်းအလဲတစ်ခုကို မည်သည့်အယူအဆများက ရုတ်တရက် ဖြစ်စေနိုင်သနည်း။ (ကျွန်ုပ်ကို စစ်ဆေးဖို့ အခြေအနေတစ်ခုကို ဘုရားသခင်စီစဉ်ပြီး၊ ကျွန်ုပ်အနေဖြင့် မည်သည့်ရလဒ်မျှ မရှိမည့် အလားအလာရှိသည်ကို ခံစားရချိန်တွင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများကို ကျွန်ုပ်ပုံဖော်ပါသည်။ ကျွန်ုပ်၏ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ကျွန်ုပ်မစွန့်လွှတ်သရွေ့ သူကျွန်ုပ်ကို စွန့်ပစ်လိမ့်မည်မဟုတ်ဟု ကျွန်ုပ်ခံစားရပါသည်။) ယင်းမှာ အယူအဆတစ်မျိုး ဖြစ်သည်။ သင်တို့၌ ထိုသို့သော အယူအဆများ မကြာခဏ ရှိကြသလော။ ဘုရားသခင်၏ စွန့်ပစ်ခံရခြင်းအပေါ် သင်တို့၏ သိနားလည်မှုမှာ အဘယ်နည်း။ ဘုရားသခင်က သင့်ကို စွန့်ခွာပါက၊ သင့်ကို ဘုရားသခင်မလိုချင်သကဲ့သို့ သင့်ကို ကယ်တင်လိမ့်မည်မဟုတ်ဟု ယုံကြည်ခြင်းသည် အယူအဆတစ်မျိုး ဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သော အယူအဆမျိုးသည် မည်သို့ဖြစ်ပေါ်လာသနည်း။ ယင်းသည် သင်၏စိတ်ကူးထင်မြင်မှုမှ လာသလော၊ သို့မဟုတ် ယင်း၌ အခြေခံအကြောင်းရင်းတစ်ခု ရှိသလော။ ဘုရားသခင်က သင့်ကို မည်သည့်ရလဒ်မျှ မပေးသည်ကို သင်မည်သို့သိရှိသနည်း။ သင့်ကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောပြခဲ့သလော။ ထိုသို့သော အတွေးများကို သင်က အသေးစိတ်ချပြထား၏၊ ဟုတ်သလော။ ဤသည်မှာ အယူအဆတစ်ခု ဖြစ်သည်ကို သင်သိ၏။ အဓိက မေးခွန်းမှာ ယင်းကို မည်သို့ဖြေရှင်းရမည်ဆိုသည့်အရာ ဖြစ်သည်။ အရိုးရှင်းဆုံးသော နည်းလမ်းမှာ ဤသို့ဖြစ်သည်- ယင်းက အယူအဆတစ်ခု ဖြစ်သည်ကို သင်သိသည့်အတွက်၊ ယင်းကို သင်ဘေးဖယ်ထားရမည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေရမည်၊ ပြီးလျှင် သင့်အား ဘုရားသခင်က မည်သည့်အရာ စေခိုင်းသည်ကို သင်မြင်ရမည်။ သင်၏ကိုယ်ပိုင်အယူအဆများက ဘုရားသခင် စေခိုင်းသည့်အရာနှင့် ဆန့်ကျင်ချိန်တွင် သင့်အနေဖြင့် ဤအရာကို သိသော်လည်း ထိုအယူအဆများကို ဖက်တွယ်ထားဆဲရှိလျှင် သင်၌ အသက်ထဲသို့ ဝင်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန်အားနည်းလှ၏။ ထို့အပြင်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အဆုံးသတ်နှင့် ခရီးပန်းတိုင်တို့အပေါ်၊ ပြီးလျှင် ၎င်းတို့၏တာဝန်ကို ပြင်ဆင်ချက်များနှင့် ၎င်းတို့၏ တာဝန်တွင် အစားထိုးခံရခြင်းတို့အပေါ် အထူးသဖြင့် ဆတ်ဆတ်ထိမခံ ဖြစ်ကြလေသည်။ အချို့သော လူတို့သည် ၎င်းတို့၏ တာဝန်တွင် ၎င်းတို့အစားထိုးခံရကာ ၎င်းတို့၌ ဂုဏ်ဒြပ်မရှိတော့သည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့ကို သူမနှစ်သက်တော့၊ သို့မဟုတ် အလိုမရှိတော့ဟု ပြောသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အတွက် ကိစ္စတုံးပြီဟု တွေးထင်ရင်း၊ ထိုသို့သော အရာများနှင့်ပတ်သက်၍ မကြာခဏ မမှန်ကန်သော ကောက်ချက်ကို အဆောတလျင်ချကြလေသည်။ ဤသည်မှာ ၎င်းတို့ချကြသည့် ကောက်ချက်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိဟု ၎င်းတို့ထင်မြင်ယူဆကြပြီး၊ ၎င်းတို့၏အဆုံးသတ်ကို ခိုင်မာစွာ ချမှတ်ထားကာ ဘုရားသခင်က ၎င်းတို့ကို မလိုချင်သည့်အတွက်၊ အသက်ရှင်ခြင်းတွင် အဓိပ္ပာယ်မရှိဟု ထင်မြင်ယူဆကြလေသည်။ အခြားသူများက ထိုသို့သော အတွေးများကို ကြားလျက် ၎င်းတို့ကို ယုတ္တိတန်ပြီး သိက္ခာရှိသည်ဟု ထင်ကြသည်- သို့သော် အမှန်တွင် ဤသည်မှာ မည်သည့်စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ယင်းသည် ဘုရားသခင်ကို ပုန်ကန်ခြင်း ဖြစ်သည်၊ အရှုံးပေးလိုစိတ် ဖြစ်သည်။ ၎င်းတို့အရှုံးပေးလိုစိတ်၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းသည် ဘုရားသခင်က လူတို့အပေါ် ဆက်ဆံပုံကို မသိနားမလည်မှု ဖြစ်သည်။ လူတို့က စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတွင် လွင့်မျောလိုက်ပါသွားကြသည့်အခါ ဘုရားသခင်သိပါသလော။ ထိုသို့သော လူတို့ကို ဘုရားသခင် မည်သို့ဆက်ဆံသနည်း။ လူအချို့က၊ “ဘုရားသခင်သည် လူသားအတွက် အင်မတန် အပင်ပန်းခံသော အဖိုးအခတစ်ခုကို ပေးပြီးဖြစ်သည်၊ သူသည် လူတိုင်းအထဲတွင် အမှုများစွာ လုပ်ဆောင်ပြီးဖြစ်ကာ အားထုတ်မှုများစွာကို အသုံးပြုပြီးဖြစ်သည်။ လူတစ်ဦးကို ရွေးချယ်ပြီး ကယ်တင်ရန်မှာ ဘုရားသခင်အတွက် မလွယ်ကူပါ။ ဤလူအနေဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတွင် လွင့်မျောလိုက်ပါသွားပါက ဘုရားသခင်သည် အလွန်နာကျင်ရလိမ့်မည်ဖြစ်ပြီး လဲကျရာမှ ထိုသူပြန်ထနိုင်ပါမည့်အကြောင်း နေ့တိုင်းမျှော်လင့်လိမ့်မည်” ဟု ပြောကြသည်။ ဤသည်မှာ အပေါ်ယံအဆင့်တွင်ရှိသည့် အဓိပ္ပာယ်တစ်ခုဖြစ်သည်၊ သို့သော် အမှန်တွင်၊ ယင်းသည် လူသား၏ အယူအဆတစ်ခုလည်း ဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော လူတို့အပေါ် သဘောထားတစ်ခု ထားပေသည်- သင်သည် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတွင် လွင့်မျောလိုက်ပါသွားပြီး ရှေ့ဆက်ဖို့ မကြိုးစားပါက၊ သင်ရှိသည့်နေရာတွင် သင်နေချင်ပါက နေနိုင်သည်ဟု သူပြော၏။ သူသည် သင့်ကို ဖိအားပေးမည်မဟုတ်။ သင့်အနေဖြင့်၊ “ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင်စေခိုင်းသည့်အတိုင်း လက်တွေ့လုပ်ဆောင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်ရန်နှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကျွန်ုပ်ဆန္ဒရှိသေးသည်။ ကျွန်ုပ်၏တတ်နိုင်စွမ်းနှင့် လုပ်နိုင်စွမ်းအတွင်း ရှိသမျှအရာအားလုံးကို ကျွန်ုပ်လုပ်ဆောင်မည်။ ကျွန်ုပ်ကို ဘုရားသခင်စေခိုင်းသည့်အရာနှင့်ပတ်သက်၍ ကျွန်ုပ်လက်လျှော့မည်မဟုတ်” ဟု ဆိုပါက၊ ဤနည်းဖြင့် အသက်ရှင်ဖို့ သင်လိုလားနေပါက၊ ဆက်လက် လိုက်လျှောက်နေလော့ဟု ဘုရားသခင်ပြော၏၊ သို့သော် ဘုရားသခင်စေခိုင်းသည့်အတိုင်း သင်လုပ်ဆောင်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ အခြေခံမူများနှင့် သက်ဆိုင်သော စံနှုန်းများက မပြောင်းလဲပေ။ ဤစကားများက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းတို့က လူတို့သည်သာ မိမိတို့ကိုယ်ကို စွန့်ပစ်နိုင်သည်၊ ဘုရားသခင်က တစ်စုံတစ်ဦးကို မည်သည့်အခါတွင်မျှ စွန့်ပစ်လိမ့်မည်မဟုတ်ဟု ဆိုလိုပေသည်။ နောက်ဆုံးတွင် ကယ်တင်ခြင်းကို ကြိုးပမ်းရရှိနိုင်ပြီး ဘုရားသခင်ကို ရှုမြင်နိုင်သူ၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ဖန်တီးသောသူနှင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်သောသူ မည်သူမဆိုအတွက်၊ ဤသည်မှာ ကျရှုံးပြီးနောက်၊ သို့မဟုတ် တစ်ကြိမ်တည်းဖြင့် ပြုပြင်ခံရကာ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်၊ သို့မဟုတ် တစ်ကြိမ်တည်းဖြင့် တရားစီရင်ခံရပြီး ပြစ်ဆင်ဆုံးမခံရပြီးနောက် စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ပေတရုသည် စုံလင်စေခြင်း မခံခဲ့ရမီတွင်၊ သူသည် အကြိမ်ရာပေါင်းများစွာ စစ်ဆေးခံခဲ့ရသည်။ အဆုံးတိုင်အောင် အစေခံမှုကို ပေးအပ်ပြီးနောက် ကျန်ရှိသောသူတို့ထဲတွင်၊ အဆုံးထိ မရောက်မီ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို ရှစ်ကြိမ်၊ သို့မဟုတ် ဆယ်ကြိမ်သာ တွေ့ကြုံပြီးသူတစ်ဦး ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားအပေါ် ဘုရားသခင်၏ သဘောထား ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

ဘုရားသခင်သည် ၎င်းတို့အား အေးစက်စက်ဖြင့် ချန်လှပ်ထားပြီ ဖြစ်သည့်အလား၊ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်ထားပြီ သို့မဟုတ် ကျောခိုင်းသွားပြီဖြစ်သည့်အလား တစ်ဦးတစ်ယောက် ခံစားနေသည်ကို ငါမမြင်ချင်ပေ။ ငါမြင်ချင်သမျှမှာ အယောက်တိုင်းသည် သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို နားလည်ရန် ကြိုးပမ်းခြင်း လမ်းထက်တွင် ဒွိဟများ၊ ဝန်ထုပ်ဝန်ပိုးများ မရှိဘဲ၊ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် ရဲဝံ့စွာ ရှေ့သို့ချီခြင်း ဖြစ်သည်။ သင်သည် မည်သို့သော အမှားများကို ကျူးလွန်ပြီးသည်ဖြစ်စေ၊ မည်မျှ လမ်းလွဲပြီးသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ ဆိုးရွားစွာ ဖောက်ဖျက်ထားသည်ဖြစ်စေ၊ ဘုရားသခင်ကို သိနားလည်ခြင်းအား သင်၏လိုက်စား ရှာဖွေမှုတွင် ဤအရာများကို သင်နှင့်အတူ သယ်ဆောင်သွားရမည့် ဝန်ထုပ်ဝန်ပိုးများ သို့မဟုတ် အပို ဝန်စည်စလယ်များ ဖြစ်မလာစေနှင့်။ ရှေ့သို့သာ ဆက်၍ ချီတက်လော့။ ဘုရားသခင်သည် လူ၏ ကယ်တင်ခြင်းကို သူ၏ စိတ်နှလုံးထဲတွင် အမြဲ ထိန်းသိမ်းထား၏။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရတွင် အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)” မှ

ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၊ ဆင်းရဲဒုက္ခများ မည်မျှ ပြင်းထန်ပါစေ သန္နိဋ္ဌာန်တစ်ခု ကျွန်ုပ်တို့ ရှိသင့်ပေ မည်မျှ ကျွန်ုပ်တို့ မလှုပ်မယှက်ဖြစ်ပါစေ မည်မျှအားနည်းပါစေ ကျွန်ုပ်တို့၏ စိတ်သဘောထားဟောင်း အပြောင်းအလဲတွင် ယုံကြည်ခြင်း ကျွန်ုပ်တို့ ဆုံးရှုံး၍မဖြစ် ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များထဲတွင် ယုံကြည်မှု မဆုံးရှုံးနိုင် ဘုရားသခင်သည် လူသားထံ ကတိများ ပြုလေပြီ ယင်းတို့ကို ယူဆောင်ဖို့ သန္နိဋ္ဌာန်ရှိရမည်။ ဘုရားသခင်သည် သူရဲဘောကြောင်သူများကို မနှစ်သက်ပေ၊ စိတ်ဓာတ်ကြံ့ခိုင်သောလူများကို သူ နှစ်သက်သည်။ အကယ်၍ သင်သည် ကြီးစွာသော ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခြင်း၊ ကွေ့ကောက်သော လမ်းများစွာကို လျှောက်လှမ်းခြင်း သို့မဟုတ် လမ်းခရီးတစ်လျှောက်တွင် ပြစ်မှားမှု များစွာရှိခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ခုခံခဲ့ခြင်း ရှိခဲ့သော်လည်း၊ သို့မဟုတ် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို အနည်းငယ် စော်ကားပြောဆိုခြင်း သို့မဟုတ် သူ့ကို အပြစ်တင်ခြင်း ရှိကြသော လူအချို့ ရှိသော်လည်း၊ ဘုရားသခင်သည် ဤအရာကို မကြည့်ပေ။ လူတစ်ဦးသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပြောင်းလဲနိုင်ခြင်း ရှိမရှိကိုသာ ဘုရားသခင် ကြည့်သည်။ သမ္မာကျမ်းစာတွင် ပျောက်သောသား ပြန်လာခြင်း အကြောင်း ဇာတ်လမ်းတစ်ခု ပါရှိသည်။ သခင်ယေရှုက ထိုပုံဥပမာကို အဘယ့်ကြောင့် ပြောခဲ့သနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အလိုတော်သည် ရိုးသားသည်။ သူက လူများအား နောင်တရဖို့နှင့် ပြောင်းလဲဖို့ အခွင့်အရေးများ ပေးသည်။ ဤဖြစ်စဉ်အတောအတွင်းတွင် သူက လူများကို နားလည်ပြီး၊ ၎င်းတို့၏ အားနည်းချက်များနှင့် ၎င်းတို့ ဖောက်ပြန်ပျက်စီးခြင်း၏ အတိုင်းအတာတို့နှင့် သက်ဆိုင်သည့် နက်နဲသော အသိပညာတစ်ခု ရှိလေသည်။ ၎င်းတို့သည် လဲကျပြီး ရှုံးနိမ့်မည်ကို သူသိထားသည်။ ယင်းက ကလေးများ လမ်းလျှောက်သင်သကဲ့သို့ဖြစ်သည်။ သင်၏ခန္ဓာကိုယ် မည်မျှသန်စွမ်းပါစေ၊ သင်လဲကျသည့် အချိန်များနှင့် သင်ချော်လဲသည့်အချိန်များ ရှိပေလိမ့်မည်။ မိခင်တစ်ဦးက သူ၏ ကလေးကို သိသကဲ့သို့ လူတို့ကို ဘုရားသခင် နားလည်။ သူသည် လူတစ်ဦးချင်း၏ အခက်အခဲများ၊ အားနည်းချက်များကိုသာမက ၎င်းတို့၏ လိုအပ်ချက်များကိုပါ နားလည်သည်။ ထိုမျှမက စိတ်သဘောထား ပြောင်းသည့် ဖြစ်စဉ်အတွင်း ဝင်ရောက်သည့်အခါ လူတစ်ဦးချင်းစီ ကြုံတွေ့ရမည့် အခက်အခဲများ နှင့် မည်သည့် အားနည်းချက်များနှင့် ကျရှုံးခြင်းများ ဖြစ်မည်ကို သူနားလည်သည်။ ဤသည်မှာ ဘုရားသခင် နားလည်ဆုံးသောအရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့၏ အတွင်းနှလုံးသားကို မြင်တော်မူ၏ဟု ဆိုထားခြင်းဖြစ်သည်။ သင် မည်မျှ အားနည်ပါစေ၊ ဘုရားသခင်၏ နာမကို မစွန့်သရွေ့၊ ဘုရားသခင် သို့မဟုတ် ဤလမ်းကို သင်ကျောခိုင်းခြင်း မပြုသရွေ့ သင်သည် စိတ်သဘောထား ပြောင်းလဲမှုကိုရရန် အခွင့်အရေးတစ်ခု အမြဲ ရှိလိမ့်မည်။ အကယ်၍ ငါတို့၌ စိတ်သဘောထား ပြောင်းလဲမှုကို ရရန် အခွင့်အရေးတစ်ခု ရှိပါက ငါတို့၌ ငါတို့၏ ဆက်လက်ရှင်သန်ရေးအတွက် မျှော်လင့်ချက် ရှိသည်။ အကယ်၍ ငါတို့၌ ဆက်လက်ရှင်သန်ရေးအတွက် မျှော်လင့်ချက်ရှိပါက ငါတို့၌ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့် မျှော်လင့်ချက် ရှိသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်သဘောထားထား ပြောင်းလဲခြင်းနှင့် စိတ်သဘောထား ပြောင်းလဲသည့် လမ်းကြောင်း” မှ

အရှေ့သို့- ၁၆၄။ ဘုရားသခင်ကို သိကျွမ်းလာခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၆၆။ ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်