၁၄) ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်ထံ သင်၏ ဆုတောင်းချက်များတွင်၊ သူ၏ စိစစ်ခြင်းကို လက်ခံလော့။ မှားယွင်းစွာ စကားမပြောနှင့် သို့မဟုတ် သူ့ကို လှည့်ဖြားရန် မကြိုးပမ်းနှင့်။ သင်၏ စိတ်နှလုံးထဲရှိသည့်အရာကိုသာ ပြောလော့၊ သမ္မာတရားကို ရှာဖွေပြီး သူ၏ အလိုတော်ကို သဘောပေါက်ဖို့ ကြိုးစားလော့။

(၂) သင်၏ တာဝန်ကို ဖြည့်ဆည်းနေချိန်တွင်၊ ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံရန် လိုအပ်သည်။ သင်၏ တာဝန် ထမ်းဆောင်မှုအတွက် ဘုရားသခင်အဖို့ တာဝန်ခံလော့၊ သင်၏ အကြံများကို ပြုပြင်ကာ ပေါ့ပေါ့ဆဆနှင့် ဝတ်ကျေတမ်းကျေဖြစ်သော အလုပ်နှင့် လှည့်စားမှုတို့ကို အဆုံးသတ်လော့။

(၃) ကိုယ်ရေးကိုယ်တာ အရေးကိစ္စများအားလုံးတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံလော့။ ယင်းတို့ထဲမှ သမ္မာတရား အခြေခံသဘောတရားကို ချိုးဖောက်သည့် မည်သည့်အရာကိုမဆို အမှန်ပြင်ကာ ဘုရားသခင်ထံ နောင်တရလော့။

(၄) အခြားသူများ၏ ရှေ့တွင်ဖြစ်စေ ၎င်းတို့၏ မမြင်ကွယ်ရာတွင် ဖြစ်စေ၊ သင် လုပ်ဆောင်သည့်အရာအားလုံးကို ဘုရားသခင်ထံ ဆောင်ကြဉ်းပြီး၊ ယင်းတို့အပေါ် သူ၏ ဆန်းစစ်မှုအား ခံနိုင်စွမ်းရှိလော့။ သင့်အဖို့ မရှင်းသော ကိစ္စရပ်များအား ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် ပြောပြပြီး သမ္မာတရားကို ရှာဖွေလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါသည် ဖြောင့်မတ်သည်၊ ငါသည် ယုံကြည်စိတ်ချရပြီး၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို စစ်ဆေးသော ဘုရားသခင် ဖြစ်၏။ မည်သူ စစ်မှန်ပြီး မည်သူ မှားယွင်းသည်ကို ငါသည် မဆိုင်းမတွ ထုတ်ဖော်မည်။ အထိတ်တလန့် မဖြစ်လေနှင့်။ အရာအားလုံးသည် ငါ၏အချိန်အတိုင်း အလုပ်လုပ်၏။ မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ လိုချင်ပြီး မည်သူက ငါ့အား စစ်မှန်ရိုးသားစွာ မလိုချင်သည်ကို ငါသည် သင်တို့အား တစ်ယောက်ပြီး တစ်ယောက် ပြောပြမည်။ သင်တို့အနေဖြင့် ငါ၏ မျက်မှောက်သို့ လာကြသည့်အခါ စားဖို့၊ သောက်ဖို့နှင့် ငါ့ထံ တိုးဝင်ချဉ်းကပ်ဖို့သာ ဂရုစိုက်လော့၊ ပြီးလျှင် ငါ၏အလုပ်ကို ငါကိုယ်တိုင်လုပ်မည်။ မြန်ဆန်သော ရလဒ်များအတွက် အလွန် စိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်။ ငါ၏အလုပ်သည် အားလုံး ချက်ချင်း ပြီးမြောက်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ထိုအထဲ၌ ငါ၏ခြေလှမ်းများနှင့် ငါ၏ဉာဏ်ပညာတို့ ရှိပြီး ယင်းမှာ ငါ၏ဉာဏ်ပညာကို ထုတ်ဖော်ပြနိုင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဆိုးသောသူကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူကို ဆုလာဘ်ချီးမြှင့်ခြင်း ဖြစ်သည့် ငါ၏လက်များဖြင့် မည်သည့်အရာ လုပ်ဆောင်ထားသည်ကို သင်တို့အား ငါမြင်ခွင့်ပေးမည်။ ငါသည် မည်သူကိုမျှ ဘက်မလိုက်သည်မှာ အသေချာဆုံး ဖြစ်သည်။ ငါ့ကို ရိုးသားစစ်မှန်စွာ ချစ်သော အသင်၊ ငါသည် သင့်ကို ရိုးသားစစ်မှန်စွာ ချစ်မည်ဖြစ်ပြီး၊ ငါ့အား ရိုးသားစစ်မှန်စွာ မချစ်သော သူတို့အတွက်မူ ငါသည် စစ်မှန်သော ဘုရားသခင်၊ လူသား၏ အတွင်းကျကျ စိတ်နှလုံးကို ဆန်းစစ်သော ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့ ထာဝရတစ်လျှောက် အမှတ်ရနိုင်ဖို့အလို့ငှာ ငါ၏ အမျက်ဒေါသသည် ၎င်းတို့နှင့်အတူ အမြဲရှိလိမ့်မည်။ အခြားသူများ၏ရှေ့တွင် တစ်မျိုး၊ ၎င်းတို့၏ နောက်ကွယ်၌ တစ်ဖုံ မပြုမူလေနှင့်။ ငါသည် သင်ပြုသမျှ အရာအားလုံးကို ရှင်းလင်းစွာမြင်ပြီး၊ သင်သည် အခြားသူများအား အရူးလုပ်ကောင်း လုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ ငါ့အား အရူး လုပ်၍မရနိုင်။ ငါသည် အားလုံးကို ရှင်းလင်းစွာ မြင်၏။ မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် သင့်အတွက် မဖြစ်နိုင်။ အရာအားလုံး ငါ့ လက်တွင် ရှိ၏။ သင်၏ အရေးမပါသော သေးငယ်သည့် တွက်ချက်မှုများ ပြုလုပ်ခြင်းက သင့်အတွက် အကျိုးအမြတ် ဖြစ်ပေါ်စေခြင်းကြောင့် သင့်ကိုယ်သင် အလွန်တရာ လိမ္မာပါးနပ်သည်ဟု မထင်လေနှင့်။ ငါ သင့်ကို ပြောသည်- လူသားသည် အစီအစဉ်များစွာ၊ ထောင်ချီ သို့မဟုတ် သောင်းချီဖြစ်စေ၊ လျှို့ဝှက်ကြံစည်ကောင်း ကြံစည်နိုင် သော်လည်း၊ နောက်ဆုံး၌ ၎င်းတို့သည် ငါ၏လက်ဖဝါးမှ မလွတ်မြောက်နိုင်ပေ။ လူတစ်ဦးတစ်ယောက် မဆိုထားနှင့်၊ အရာခပ်သိမ်းနှင့် အရာဝတ္ထု အားလုံးသည် ငါ့လက်များ၏ ထိန်းချုပ်ခြင်းခံရကြ၏။ ငါ့အား ရှောင်ပြေးရန် သို့မဟုတ် ပုန်းကွယ်ရန် မကြိုးစားနှင့်၊ မြှောက်ထိုးပင့်ကော်လုပ်ရန် သို့မဟုတ် ဖုံးကွယ်ရန် မကြိုးစားလေနှင့်။ ငါ၏ဘုန်းအသရေ ရှိသော မျက်နှာထား၊ ငါ၏အမျက်ဒေါသနှင့် ငါ၏ တရားစီရင်ခြင်းတို့သည် လူသိရှင်ကြား ထုတ်ဖော်ပြီးဖြစ်သည်ကို သင် မမြင်သေးသည်မှာ ဖြစ်နိုင်သလော။ ငါ့အား ရိုးသားစစ်မှန်စွာ အလိုမရှိသောသူ မည်သူမဆို၊ ငါသည် ၎င်းတို့ကို သနားညှာတာခြင်း မရှိဘဲ ချက်ချင်း တရားစီရင်မည်။ ငါ၏သနားခြင်းကရုဏာသည် အဆုံးသတ်ပြီဖြစ်၏။ ဘာမျှ မကျန်ကြွင်းတော့ပေ။ သူတော်ကောင်းယောင်ဆောင်သောသူ မဖြစ်တော့ဘဲ၊ သင်၏ အထိန်းအကွပ်မဲ့ပြီး အဆင်အခြင်မဲ့သော နည်းလမ်းများကို ရပ်တန့်လော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်ကိုယုံကြည်သူတစ်ဦး ဖြစ်ရန် သင်ပြုသမျှသော အခြင်းအရာ အလုံးစုံကို ဘုရားသခင် ရှေ့တော်မှောက်သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံရမည်ဖြစ်သည်။ အကယ်၍ သင်ပြုသမျှကို ဘုရားသခင်၏ ဝိညာဉ်တော် ရှေ့သို့ ယူလာနိုင်သော်လည်း၊ ဘုရားသခင်၏ ဇာတိပကတိ ရှေ့သို့ မယူလာနိုင်လျှင် သင်သည် ဘုရားသခင် ဝိညာဉ်တော်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို မခံရသေးကြောင်း ပြပေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကား မည်သူနည်း။ ဘုရားသခင်၏ သက်သေခံခြင်းကို ခံရသော ပုဂ္ဂိုလ်ကား အဘယ်သူနည်း။ သူတို့နှစ်ဦးသည် တစ်ခုတည်း အတူတူပင် ဖြစ်သည် မဟုတ်လော။ အများစု၏အမြင်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ပြီး၊ ဘုရားသခင်က သက်သေခံသောသူမှာ လူသားတစ်ဦးမျှသာ ဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းတို့ကို သီးခြားအရာနှစ်ခု အဖြစ် မြင်ကြသည်။ သို့သော် သင် ထိုသို့မြင်ခြင်းသည် မှားယွင်းနေသည် မဟုတ်လော။ ဤပုဂ္ဂိုလ်သည် မည်သူ့ကိုယ်စား လုပ်ဆောင်နေသနည်း။ လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူသည် ဝိညာဉ်ရေးရာကို နားမလည်သောသူပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သူ၏လူ့ဇာတိခံ ဇာတိပကတိမှာ တစ်ခုတည်းဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိတွင် ပေါ်ပေါက်ခြင်း ဖြစ်၍ဖြစ်သည်။ အကယ်၍ ဤပုဂ္ဂိုလ်သည် သင်၏အပေါ် ကြင်နာမှုမရှိလျှင် ဘုရားသခင်၏ ဝိညာဉ်သည်လည်း ကြင်နာမည်လော။ သင့်စိတ် ရှုပ်ထွေးနေသည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင်- သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ တွဲဖက်ဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပစ်ပယ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို နာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” မှ

ဘုရားသခင်၏ စိတ်တော်နှင့် တွေ့စေလိုလျှင် သင်သည် ဘုရားသခင်၏အလုပ်ကို နာခံတတ်သော စိတ်နှလုံး ရှိရမည်၊ သမ္မာတရားကို ကြိုးစားအားထုတ်ပြီး အရာရာ၌ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို လက်ခံ ရပေမည်။ သင်၏လုပ်ဆောင်မှု အားလုံး ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို ခံယူပြီးပြီလော။ သင်၏ ရည်ရွယ်ချက်သည် မှန်ကန်သလော။ သင်၏ ရည်ရွယ်ချက် မှန်ကန်ပါက၊ ဘုရားသခင်က သင့်ကို ချီးကျူးပေမည်၊ သင်၏ရည်ရွယ်ချက် မမှန်ကန်ပါက သင်၏နှလုံးသားတွင် ချစ်မြတ်နိုးသည်မှာ ဘုရားသခင် မဟုတ်ဘဲ၊ ဇာတိပကတိနှင့် စာတန်ဖြစ်ကြောင်း ဤသည်က ပြသသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အရာရာကို စစ်ဆေးခြင်းကို လက်ခံရန် နည်းလမ်းတစ်ရပ် အဖြစ် ဆုတောင်းခြင်းကို အသုံးပြုရမည်။ သင် ဆုတောင်းသောအခါ ငါသည် ကိုယ်တိုင်ကိုယ်ကျ သင်၏ရှေ့တွင် ရပ်မနေသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေပြီး၊ သင် ဆုတောင်းနေသည်ကား ငါကိုယ်တိုင်အပြင် ဘုရားသခင်၏ ဝိညာဉ်တော်ထံကိုပါ ဆုတောင်းနေခြင်း ဖြစ်သည်။ ဤဇာတိပကတိကို အဘယ့်ကြောင့် သင်ယုံကြည်သနည်း။ သူ့ထံတွင် ဘုရားသခင်၏ ဝိညာဉ်တော် ရှိသောကြောင့် သင်ယုံကြည်ခြင်းပင် ဖြစ်သည်။ သူ၌ ဘုရားသခင်၏ ဝိညာဉ်တော်မရှိလျှင် ဤပုဂ္ဂိုလ်ကို သင် ယုံကြည်မည်လော။ ဤပုဂ္ဂိုလ်ကို သင်ယုံကြည်ပါက၊ သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို သင်ကြောက်ရွံ့သည့်အခါ၊ သင်သည် ဘုရားသခင်၏ဝိညာဉ်တော်ကို ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းသည် ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းဖြစ်ပြီး ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းသည်လည်း ဘုရားသခင်၏ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ သင်ဆုတောင်းသောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်နှင့်အတူရှိပြီး ဘုရားသခင်သည် သင်၏အရှေ့၌ ရှိသည်ကို သင်ခံစားရ၏၊ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်ဆုတောင်း ပဌနာပြုခြင်း ဖြစ်သည်။ မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏ အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူး ကြောက်ရွံ့နေကြသည်၊ သင့်အနေဖြင့် သူ၏ ဇာတိပကတိကို လှည့်ဖြားနိုင်သော်လည်း၊ သူ၏ ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပေ။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို မခံနိုင်သည့် မည်သည့်အရာ မဆိုသည် သမ္မာတရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထားသင့်သည်၊ သို့မဟုတ်ပါက ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ဖြစ်သည်။ ထိုကြောင့် သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။ သင်ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းတို့ကို ရှာဖွေလျှင်၊ အကယ်၍ ထိုအရာများသည် သင်၏ရည်ရွယ်ချက်ဖြစ်လျှင်၊ သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင် ဆုတောင်းသည့်အခါ မုသားမပြောဘဲ သင်၏ စိတ်နှလုံးကိုဖွင့်၍ ဆုတောင်းကာ သင်၏စိတ်ထဲရှိသမျှကို ပြောလျှင် သင်၏ ဆုတောင်းချက်များသည် ဧကန်မုချ ထိရောက်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” မှ

ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းမှာ ဘုရားသခင်၏ မည်သည့်အမှုကိုမဆို သံသယမဝင်နိုင်ခြင်း၊ မငြင်းပယ်နိုင်ခြင်းနှင့် သူ၏ အမှုကို နာခံနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ မျက်မှောက်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခြင်း၊ မိမိကိုယ်တိုင်အတွက် အစီအစဉ်များ မလုပ်ခြင်းနှင့် အရာခပ်သိမ်းတွင် ဘုရားမိသားစု၏ အကျိုးစီးပွားများကို ပထမဦးစွာ စဉ်းစားဆင်ခြင်ခြင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံခြင်းနှင့် ဘုရားသခင်၏ စီမံမှုများအား နာခံခြင်းတို့ကို ဆိုလိုသည်။ သင် လုပ်ဆောင်သမျှ၌ ဘုရားသခင်၏ မျက်မှောက်တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ရမည်။ ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်လျှင်ပင်၊ သင်၏တာဝန်နှင့် ဝတ္တရားများကို သင်စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး ဖြည့်ဆည်းနေဆဲ ဖြစ်ရမည်။ ဘုရားသခင်၏အလိုသည် သင့်ထံ ထုတ်ဖော်ပြသည်နှင့်တစ်ပြိုင်နက်၊ ဆောင်ရွက်လော့၊ ယင်းသည် နောက်ကျလွန်းလိမ့်မည်မဟုတ်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်အခါ သင်သည် လူများနှင့်လည်း ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည်။ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လော့၊ ထို့နောက် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့လုပ်ဆောင်လော့၊ သင်၏အမြင်များကို အမှန်ပြင်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ဖို့ သို့မဟုတ် အသင်းတော်ကို နှောင့်ယှက်ဖို့ တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းအား ရှောင်ရှားလော့။ သင်၏ ညီအစ်ကိုမောင်နှမများ၏ အသက်တာများကို အကျိုးမပြုသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်၊ အခြားသူများကို အထောက်အကူမပြုသည့် မည်သည့်အရာကိုမျှ မပြောနှင့်၊ ပြီးလျှင် ရှက်ဖွက်ကောင်းသော မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ သင် လုပ်သမျှတိုင်းတွင် တရားမျှတပြီး ဂုဏ်သိက္ခာရှိကာ သင်၏ လုပ်ရပ်တိုင်းက ဘုရားသခင်၏ ရှေ့မှောက်၌ တင့်တယ်သည်ကို သေချာစေလော့။ တစ်ခါတစ်ရံတွင် ဇာတိပကတိသည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်အတွက် လောဘမကြီးဘဲ ဘုရားသခင်၏မိသားစု အကျိုးများကို သင် ဦးစားပေးနိုင်ရမည်ဖြစ်ပြီး၊ တရားသဖြင့် လုပ်ဆောင်နိုင်ရမည်။ ဤနည်းလမ်းဖြင့် သင်လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပေလိမ့်မည်။

သင် လုပ်သည့်အရာတိုင်းတွင်၊ သင်၏ ရည်ရွယ်ချက်များ မှန်သည်၊ မမှန်သည်ကို သင် ဆန်းစစ်ရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်လုပ်ဆောင်နိုင်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်ပေသည်။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်လော့၊ ပြီးလျှင် မမှန်ကန်သော ရည်ရွယ်ချက်များ ထွက်ပေါ်သည်ကို ရှာတွေ့ပါက၊ ထိုအရာများကို ကျောခိုင်းနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လုပ်ဆောင်နိုင်စွမ်းရှိလော့။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မှန်ကန်သောသူတစ်ဦး ဖြစ်လာလိမ့်မည်၊ အပြန်အလှန်အားဖြင့် ယင်းသည် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည်ကို ပြသပြီး၊ သင်လုပ်ဆောင်သမျှတို့သည် သင် ကိုယ်တိုင်အတွက် မဟုတ်၊ ဘုရားသခင်အတွက် ဖြစ်သည်ကို ပြပေသည်။ သင် လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှတွင်၊ သင်၏စိတ်နှလုံးကို တည့်မှန်အောင်ထားနိုင်ပြီး၊ သင်၏ လုပ်ရပ်များတွင် ဖြောင့်မတ်နိုင်စွမ်းရှိလော့၊ ပြီးလျှင် သင့်စိတ်ခံစားမှုများ၏ ဦးဆောင်မှုကို မခံနှင့်၊ သို့မဟုတ် သင်ကိုယ်တိုင်၏ အလိုအတိုင်း မလုပ်ဆောင်နှင့်။ ဤသည်တို့မှာ ဘုရားသခင်ကို ယုံကြည်သူများ မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်ရမည့် အခြေခံစည်းမျဉ်းများဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း” မှ

တစ်စုံတစ်ယောက်သည် သင်နှင့် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုပြီး ဤအချိန်တစ်လျှောက်တွင် သင်၏ အခြေအနေက မည်သို့ဖြစ်သည်ကို သိရှိရန်ကြိုးစားလျက် သင့်ကို စောင့်ကြည့်စစ်ဆေးသောအခါ၊ သို့မဟုတ် လေ့လာသောအခါ၊ သို့မဟုတ် အသေးစိတ်မေးခွန်းများ မေးသောအခါတွင်လည်းကောင်း၊ တစ်ခါတစ်ရံတွင် ၎င်းတို့၏ သဘောထားသည်ပင် အနည်းငယ် ကြမ်းတမ်းသောအခါ၊ သင့်ကို အနည်းငယ် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သောအခါ၊ ပဲ့ပြင်ဆုံးမပြီး အပြစ်တင်သောအခါတွင်လည်းကောင်း ဤအရာအားလုံးတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် ၎င်းတို့၌ သိတတ်မှုရှိသော၊ တာဝန်သိတတ်သော သဘောထားတစ်ခု ရှိသောကြောင့်ဖြစ်သည်။ ဤအပေါ်တွင် သင်သည် အပျက်သဘောဆောင်သော အတွေးများ၊ သို့မဟုတ် ခံစားချက်များ မရှိသင့်ပေ။ လူတို့၏ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် မေးခွန်းထုတ်မှုတို့ကို သင်လက်ခံနိုင်ခြင်းသည် သင့်စိတ်နှလုံးတွင် သင်သည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံသည်ဟု အဓိပ္ပာယ်ရသည်။ သင်သည် သင့်အပေါ် လူတို့၏ ကြီးကြပ်မှု၊ စောင့်ကြည့်လေ့လာမှုနှင့် မေးခွန်းထုတ်မှုတို့ကို လက်မခံလျှင်၊ ဤအရာအားလုံးတို့ကို သင်က ငြင်းဆန်လျှင် ဘုရားသခင်၏ စိစစ်မှုကို သင်လက်ခံနိုင်စွမ်းရှိသလော။ ဘုရားသခင်၏ စိစစ်ခြင်းသည် သိသိသာသာပင် ပို၍ အသေးစိတ်ကာ နှံ့စပ်ပြီး ပြင်းထန်၏။ ဘုရားသခင်တောင်းဆိုသောအရာသည် ဤထက် သိသိသာသာပင် ပို၍ အသေးစိတ်ပြီး တိကျမှုရှိကာ နှံ့စပ်၏။ ထို့ကြောင့် လူတို့ထံမှ ဤအရာကို သင်လက်မခံနိုင်လျှင် ဘုရားသခင်ထံမှ ဤအရာကို လက်ခံနိုင်သည်ဆိုသည့် သင်၏ အခိုင်အမာပြောဆိုချက်များသည် အချည်းနှီးစကားများမဟုတ်လော။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် ဘုရားသခင်၏ စိစစ်ခြင်းနှင့် စစ်ဆေးခြင်းကို လက်ခံနိုင်စွမ်းရှိရန်အတွက် ထိုသူသည် ဘုရားသခင်၏ အိမ်တော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများ၏ စောင့်ကြည့်စစ်ဆေးခြင်းကို ဦးစွာ လက်ခံနိုင်စွမ်းရှိရမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၇)” မှ

လူများသည် သမ္မာတရားကို နားလည်ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဘုရားသခင်သည် ကမ္ဘာတစ်ခုလုံးအပေါ် စောင့်ကြည့်နေသည့်အတွက်၊ မည်သည့်အခြေအနေတွင်မျှ ၎င်းတို့သည် မကောင်းမှုကို မလုပ်ဆောင်ရ၊ ရည်မှန်းချက်အရ မပြုမူရ သို့မဟုတ် မည်သည့်အရာပဲလုပ်ဆောင်ပါစေ အပြစ်ဒဏ်ခံရခြင်းမှ လွတ်မည်ဟု မမျှော်လင့်ရ။ “တစ်ကမ္ဘာလုံး” တွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းတွင် ရုပ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမဟုတ်သည့်အရာနှစ်ခုလုံး ပါဝင်သည်။ ဘုရားသခင်ကို အကဲဖြတ်ဖို့၊ သူ၏ ဩဇာအာဏာနှင့် အရာခပ်သိမ်းကို တတ်နိုင်စွမ်းခြင်းတို့အား အကဲဖြတ်ဖို့ သင်၏စိတ်ကို မသုံးနှင့်။ မသိနားမလည်သော သို့မဟုတ် ဆိုးညစ်သော မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ ဆိုးညစ်သော လုပ်ဆောင်ချက်များသည် အနှေးနှင့်အမြန် အပြစ်ဒဏ်စီရင်ခြင်းခံရမည် ဖြစ်သည်မှာ ဘုရားသခင်က သင့်ကို ဖော်ထုတ်ပြီး သင်သည် အကျိုးဆက်များကို လက်ခံဖို့ လိုအပ်မည့်အချိန်တစ်ရက် ရောက်လာသည်အထိ ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အစစ်ဆေးခံဖို့၊ ပြီးလျှင် ဤပြဿနာများကို ဘုရားသခင်က သင့်ကို မဖော်ထုတ်မီ၊ သင့်ဘာသာသိဖို့ကြိုးစားပြီး ပြန်လည်သုံးသပ်ဖို့ သာ၍ကောင်းသည့် အချို့သောအရေးကိစ္စများရှိသည်။ ပထမဦးစွာ ယင်းတို့ကို သင့်ဘာသာ ကြိုးစားပြီးဖြေရှင်းလော့- ဘုရားသခင်က သင့်အား ဖော်ထုတ်သည်ကို မစောင့်ဆိုင်းနှင့်။ ပြီးလျှင် သူဖော်ထုတ်သည့်အခါ၊ သင်သည် ပြုသမျှ နုသောသူ မဖြစ်လာသလော။ သင်သည် တန်ဖိုးရှိသေးသလော။ ဘုရားသခင်က သင့်ကို စတင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်အချိန်မှစ၍ သင့်ကို ဖော်ထုတ်သည့်အချိန်အထိ သင်၏တန်ဖိုးတွင်၊ ဘုရားသခင်၏အမြင်၌ သင့်ကို မြင်သည့်ပုံစံတွင် ပြောင်းလဲမှုတစ်စုံတစ်ရာ ရှိသလော။ မည်မျှကြီးမားသည့် ပြောင်းလဲမှုတစ်ခုဖြစ်သနည်း။ ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်အချိန် ကာလအတွင်းတွင်၊ သင့်ကို ဘုရားသခင်က အခွင့်အရေးများ ပေးသည်မှာ၊ သင်၌ ကြီးစွာသော မျှော်လင့်ချက်ကို သူထားရှိသည်မှာ သူသင့်ကို ဖော်ထုတ်သည့်နေ့ရက်အထိပင် ဖြစ်သည်- ထိုအချိန်တွင် သင့်အတွက် သူ၏မျှော်လင့်ချက်များနှင့် သင့်ကို သူပေးသည့် အခွင့်အရေးများသည် ကြီးစွာ ကွာခြားလေသည်။ ဤကွာခြားချက်က သင့်ကို မည်သည့်အရာ ဖြစ်စေမည်နည်း။ သိပ်မပြင်းထန်သည့် အခြေအနေများတွင် သင်သည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် စက်ဆုပ်ခြင်းခံရပြီး ဘေးသို့ ဖယ်ရှားခံရဖို့ နီးနေသည့် သူများထဲမှ တစ်ဦး ဖြစ်လာနိုင်သည်။ “ဘေးသို့ ဖယ်ရှားခံရခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက အနောက်တွင် ထားပြီး စောင့်ကြည့်ခံရခြင်းကို ဆိုလိုသည်။ ပြီးလျှင် ပြင်းထန်သည့်အခြေအနေများကရော မည်သို့ရှိသနည်း။ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်က “ဤလူသည် ဘေးအန္တရာယ်တစ်ခုဖြစ်သည်၊ ၎င်းတို့သည် အစေခံမှု ပြုဖို့ပင် လျော်ကန်ခြင်းမရှိ။ ငါသည် ဤလူကို မည်သည့်အခါမျှ ကယ်တင်မည်မဟုတ်။” ဟု ပြောသည်။ ဤသည်မှာ ဘုရားသခင်၏ရည်ရွယ်ချက် ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ သင်သည် လုံးလုံး ပွဲသိမ်းသွားပြီဖြစ်သည်။ သို့ဆိုလျှင် မျက်နှာချိုသွေးနေ၍ မထူးတော့ပေ- သင်သည် ခြေလှမ်းတိုင်း၌ နောင်တရဖို့ ပျက်ကွက်ခဲ့သည့်တိုင်၊ ဘုရားသခင်သည် သင့်အား လုံလောက်သော အခွင့်အရေးများ ပေးပြီးနှင့်ပြီး ဖြစ်သည်။ သင်သည် လွန်လွန်းသွားပြီဖြစ်သည်။ ထို့ကြောင့် သင့်ထဲ၌ မည်သည့်ပြဿနာများ တည်ရှိသည်ဖြစ်စေ၊ သင်သည် မည်သည့် ဖောက်ပြန်ပျက်စီးမှုမျိုးကို ဖော်ပြသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတွင်ဖြစ်စေ၊ ဒေသနာများကို နားထောင်နေသည့်အခါတွင်ဖြစ်စေ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများအား သင့်ကို တုံ့ပြန်ချက်ပေးခိုင်းသည့်အခါဖြစ်စေ၊ သင်သည် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး သိကျွမ်းရမည်။ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်ပြီး သူ၏ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို တောင်းလျှောက်ဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရမည်။ သင်မည်သို့ပင် လုပ်ဆောင်ပါစေ၊ သင်၏ပြဿနာကို ကြိုတင်ကိုင်တွယ်ကာ၊ နှောင့်နှေးခြင်းမရှိဘဲ ပြန်လည်သုံးသပ်နိုင်ပြီး နောင်တရနိုင်သည့်အခါ အကောင်းဆုံးဖြစ်လေသည်။ သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ ဘုရားသခင်က သင့်အား ဖော်ထုတ်သည်ကိုသာ မစောင့်ဆိုင်းနှင့်၊ သို့ဆိုလျှင် အလွန်နောက်ကျမှ နောင်တရလိမ့်မည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၁)” မှ

အရှေ့သို့- ၁၃) သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိခြင်းနှင့်ဆိုင်သော အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၅) ဘုရားသခင်ထံ သစ္စာများပြုခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်