၂၉) ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျိုးနွံနာခံခြင်းဖြစ်သည်၊ ယင်းမှာ သမ္မာတရားကို ကျိုးနွံနာခံခြင်းဟု ဆိုလိုပေသည်။ တစ်ဦးတစ်ယောက်သည် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လက်ခံနိုင်ပါက၊ ၎င်းသည် စစ်မှန်သော နောင်တရနိုင်စွမ်း ရှိကြပေသည်။

(၂) တစ်ဦးတစ်ယောက်သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရချိန်တွင် ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်ပြီး၊ ယင်းသည် အမှန်တရားများနှင့်‌ မည်သည့် အတိုင်းအတာအထိ ကိုက်ညီသည်ဖြစ်စေ ယင်းကို လက်ခံကာ ကျိုးနွံနာခံသင့်ပေသည်။ ဤသည်မှာ မိမိကိုယ်ကိုယ် သိရှိဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။

(၃) ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းအားလုံးသည် အမှန်တရားများ ထွက်ပေါ်ခြင်းမှတစ်ဆင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အထူး ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ယင်းကို လက်ခံကာ ကျိုးနွံနာခံရမည်ဖြစ်ပြီး၊ ယင်းထံမှ ဧကန်မုချ အကျိုးရရှိလိမ့်မည်။

(၄) ပြုပြင်ခံရဖို့နှင့် ကိုင်တွယ်ဖြေရှင်းခံရဖို့ဆိုသည်မှာ အသက်ဝင်ရောက်မှုတွင် အကြီးမားဆုံးသော သင်ခန်းစာ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ထံ ကျိုးနွံနာခံလျက်၊ မိမိကိုယ်ကိုယ် သုံးသပ်ခြင်းအား လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်လာရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးသကဲ့သို့ မမှတ်ယူပါက၊ ယင်းတို့ကို မည်သို့ ရှောင်ရှားရမည်ကိုသာ သို့မဟုတ် ထိုအရာများ မပါဝင်သည့် အသစ်သော ထွက်ပေါက်တစ်ခုကို မည်သို့ ရှာဖွေရမည်ကိုသာ သင် တွေးတောပါက၊ သင်သည် အလွန်ဆိုးရွားသော အပြစ်သား တစ်ဦးဖြစ်သည်ဟု ငါပြော၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။ ဤသည်မှာ အနာဂတ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်သည်မှာ မှန်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ ဘုရားသခင်ကို နာခံရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏တာဝန်အားလုံးကို ကျေပွန်အောင် ထမ်းဆောင်ရမည်။ ထိုမျှမက သင်တွေ့ကြုံသင့်သော အမှုအရာများကို သင်နားလည်ရမည်။ အကယ်၍ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံ ခံစားခြင်းသာ ရှိသော်လည်း၊ ဘုရားသခင်အား မွေ့လျော်နိုင်စွမ်းသာ ရှိသော်လည်း၊ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်နေသည့်အခါ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းနေသည့်အခါ သတိပြုမိနိုင်စွမ်းမရှိဘဲ ဖြစ်နေသေးပါက၊ ဤသည်မှာ လက်ခံနိုင်ဖွယ် မဟုတ်ပေ။ ဤစစ်ဆေးခြင်းဖြစ်ရပ်တွင် သင်သည် ကြံ့ကြံ့ခံကောင်း ခံနိုင်မည်ဖြစ်သော်လည်း၊ ဤသည်မှာ မလုံလောက်သေးပေ၊ သင်ရှေ့သို့ ဆက်လက်ချီတက်ရဦးမည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သော သင်ခန်းစာမှာ မည်သည့်အခါမျှ မရပ်တန့်ဘဲ အဆုံးမရှိပါ။ လူတို့က ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အလွန်တရာ ရိုးရှင်းသည့်အရာဟု မြင်ကြသော်လည်း၊ လက်တွေ့ကျသော အတွေ့အကြုံအနည်းငယ်ကို ၎င်းတို့ရကြသည့်အခါတွင်မူ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ လူတို့ ထင်မှတ်သကဲ့သို့ မရိုးရှင်းကြောင်း ၎င်းတို့ သဘောပေါက်လာကြသည်။ လူသားကိုစစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ၊ လူသားက ဒုက္ခခံရသည်။ လူတစ်ဦး၏ စစ်ဆေးခံရခြင်း ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးမားလေလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော် ခံရလေလေ ဖြစ်မည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးက စစ်ဆေးခံရမှု ရရှိခြင်း နည်းလေလေ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးထွားလာမှု နည်းလေလေဖြစ်ပြီး၊ သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော်ခံရမှု နည်းလေလေ ဖြစ်မည်။ ထိုကဲ့သို့သောသူတစ်ဦး၏ စစ်ဆေးခံရခြင်းနှင့် ဝေဒနာ ကြီးမားပြီး ညှဉ်းဆဲခြင်းကို သူတို့တွေ့ကြုံရလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း နက်ရှိုင်းလေလေဖြစ်ကာ၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက စစ်မှန်လေလေ ဖြစ်လာပြီး ဘုရားသခင်အပေါ် သူ၏ သိကျွမ်းခြင်းက နက်ရှိုင်းလေလေ ဖြစ်မည်။ သင်၏အတွေ့အကြုံများတွင် သူတို့ စစ်ဆေးခြင်းခံရစဉ် ကြီးမားစွာ ဒုက္ခခံရသူများ၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို များစွာခံရသောလူတို့ကို သင်တွေ့ရမည်ဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်အပေါ် နက်နဲသော ချစ်ခြင်းမေတ္တာရှိကာ ဘုရားသခင်အပေါ် ပို၍လေးနက်ပြီး ထိုးထွင်းသိမြင်နိုင်သည့် သိကျွမ်းခြင်းရှိသောသူများ ဖြစ်ကြောင်းကို သင်တွေ့ရလိမ့်မည်။ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးသော သူများ၌ အပေါ်ယံအသိသာ ရှိကြပြီး၊ ၎င်းတို့က- “ဘုရားသခင်သည် အလွန်ကောင်းမြတ်၏၊ လူတို့က သူ့ကို မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော်ကို နှင်းအပ်ပေး၏” ဟူ၍သာ ပြောနိုင်ကြသည်။ အကယ်၍ လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံဖူးပါက၊ ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းခြင်းအကြောင်းကို ပြောနိုင်ကြသည်။ ထို့ကြောင့် လူသား၏အထဲ၌ ဘုရားသခင်၏အမှုက အံ့သြဖွယ်ကောင်းလေလေ၊ ယင်းက တန်ဖိုးရှိလေလေနှင့် အဓိပ္ပာယ်ရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုက သင့်အတွက် ပို၍ခဲကတ်ပြီး ယင်းက သင်၏အယူအဆများနှင့် သဟဇာတမဖြစ်လေလေ၊ ယင်းက သင့်ကို သိမ်းပိုက်ရန်၊ သင့်ကိုရယူရန်နှင့် သင့်ကိုစုံလင်စေရန် တတ်နိုင်လေလေ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဓိပ္ပာယ်မှာ အဘယ်မျှလောက် ကြီးမားလေ သနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ဤနည်းဖြင့် မစစ်ဆေးခဲ့ပါက၊ အကယ်၍ သူသည် ဤနည်းလမ်းအတိုင်း အမှုမပြုခဲ့ပါက၊ သူ၏အမှုသည် မထိရောက်ဘဲ အဓိပ္ပာယ်ကင်းမဲ့နေခဲ့မည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဤလူစုကို ရွေးချယ်ရယူပြီး ၎င်းတို့ကို စုံလင်စေမည်ဟု အတိတ်က ပြောခဲ့၏။ ဤအရာ၌ သာမန်ထက်ထူးခြားသော အဓိပ္ပာယ် ရှိသည်။ သင်တို့အထဲတွင် သူလုပ်ဆောင်သောအမှုသည် ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလေလေနှင့် စင်ကြယ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှု ကြီးမားလေလေ၊ လူသားသည် သူ၏ဉာဏ်ပညာကို အတော်ပင် သဘောပေါက်နိုင်လေလေဖြစ်ပြီး သူ့အပေါ် လူသား၏ သိကျွမ်းခြင်းသည်လည်း နက်ရှိုင်းလေလေ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” မှ

ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုင်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” မှ

ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကို သူ၏ အစေခံခြင်းတွင် သူအသုံးချသည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏နှုတ်ကပတ်တော်များက မည်သို့သော အသံနေအသံထားမျိုး ရှိပါစေ သူ၌ အဆုံးသတ်ရည်မှန်းချက် တစ်ခုသာလျှင် ရှိသည်- သင့်ကို ကယ်တင်ရန်ပင်တည်း။ သင့်ကို မကယ်တင်မီ သူသည် သင့်ကို သဏ္ဌာန်ပြောင်းလဲစေရန် လိုအပ်သောကြောင့် သင့်အနေဖြင့် အနည်းငယ်မျှ ဒုက္ခမခံရဘဲ ရှိနိုင်မည်လော။ သင်ဒုက္ခခံရဖို့ လိုလိမ့်မည်သာ ဖြစ်သည်။ ဤဒုက္ခခံခြင်းတွင် အခြေအနေများစွာ ပါဝင်နိုင်သည်။ တစ်ခါတစ်ရံတွင် သင်အနေဖြင့် သင့်ကိုယ်သင် သိနားလည်လာရန်အတွက် ဘုရားသခင်သည် သင့်ဝန်းကျင်တွင် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများတို့ကို ဘုရားသခင်ဖြစ်ပေါ်စေသည်၊ သို့တည်းမဟုတ်ပါက သင်သည် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ခံရနိုင်လေသည်။ ခွဲစိတ်ကုသကုတင်ပေါ်တွင်ရှိသော လူတစ်ဦးကဲ့သို့ပင်၊ သင်သည် ရလဒ်ကောင်းတစ်ခုအတွက် နာကျင်မှုအတန်အသင့် ခံရဖို့လိုပါသည်။ သင်သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသည့်အချိန်တိုင်းနှင့် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများတို့ကို သူဖြစ်ပေါ်စေသည့် အချိန်တိုင်းတွင် ယင်းက သင့်ခံစားမှုများကို နှိုးဆော်ပြီး သင့်ကို မြှင့်တင်မှုတစ်ခုပေးပါသည်၊ ထိုသို့ဆိုလျှင် ဤသည်မှာ မှန်ကန်သဖြင့်၊ သင်၌ ဝိညာဉ်ရင့်ကျက်မှု ရှိလာလိမ့်မည်ဖြစ်ပြီး သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ သင်သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသည့်အချိန်တိုင်းနှင့် ဘုရားသခင်က သင့်ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေသည့် အချိန်တိုင်းတွင် အကယ်၍ သင်သည် နာကျင်မှု၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းတို့ကို မည်သို့မျှမခံစားရဘဲ လုံးလုံး ဘာမျှမခံစားရလျှင်၊ ထို့ပြင် သင်သည် ဆုတောင်းခြင်း သို့မဟုတ် သမ္မာတရားအား ရှာဖွေခြင်းတို့ကို မပြုဘဲ ဘုရားသခင်၏အလိုတော်ကို ရှာဖွေရန် သူ့ရှေ့မှောက်သို့ မတိုးဝင်လျှင် သင်သည် အမှန်တကယ် လွန်စွာ ထုံအနေချေပြီတကား။ လူတစ်ဦးသည် လွန်စွာထုံအပြီး ဝိညာဉ်ရေးရာ၌ မည်သည့်အခါမျှ သတိမပြုလျှင် ဘုရားသခင်သည် သူတို့အပေါ် အမှုပြုရန် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပေ။ “ဤပုဂ္ဂိုလ်သည် အလွန်တရာထုံအပြီး အလွန်အမင်းပင် ဖောက်ပြန်ပျက်စီးပြီ။ ငါ လုပ်ဆောင်ပြီးသမျှတိုင်းနှင့် ငါ ပြုပြီးသမျှသော အားထုတ်မှုအားလုံးကို ကြည့်လော့။ ငါသည် သူ့အပေါ် အမှုအရာများစွာကို လုပ်ဆောင်ပြီး ဖြစ်သည်၊ သို့သော် ငါသည် သူ၏ စိတ်နှလုံးကို မတို့ထိနိုင်သေးပေ သို့မဟုတ် သူ၏ ဝိညာဉ်ကို မနိုးကြားစေနိုင်သေးပေ။ ဤလူသည် ဒုက္ခရောက်လိမ့်မည်။ သူသည် ကယ်တင်ဖို့ မလွယ်ကူပေ” ဟု သူဆိုလိမ့်မည်။ ဘုရားသခင်သည် သင့်အတွက် ထိုထိုသော ပတ်ဝန်းကျင်များ၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများကို စီစဉ်လျှင်၊ သူသည် သင့်ကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းပြီး သင်သည် ဤအရာမှ သင်ခန်းစာများ သင်ယူရရှိလျှင်၊ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ တိုးဝင်တတ်ကာ၊ သမ္မာတရားကို ရှာဖွေတတ်ပြီးနောက် မသိလိုက်ဘဲ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းကို ခံရလျက် သမ္မာတရားကို ရရှိလျှင်၊ သင်သည် ဤပတ်ဝန်းကျင်များထဲတွင် အပြောင်းအလဲကို တွေ့ကြုံရပြီး ဆုလာဘ်များကို ရိတ်သိမ်းရကာ တိုးတက်မှုရရှိလျှင်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို အနည်းငယ် စတင်နားလည်သဘောပေါက်လာပြီး ညည်းတွားခြင်းကို ရပ်နားလျှင် ဤအရာအားလုံးက သင်သည် ဤပတ်ဝန်းကျင်များ၏ စမ်းသပ်မှုများအလယ်တွင် အခိုင်အမာရပ်တည်ခဲ့ပြီဖြစ်ပြီး စစ်ဆေးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်လိမ့်မည်။ ဤကဲ့သို့ပင် သင်သည် ဤတုန်လှုပ်ဖွယ်အတွေ့အကြုံကို ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။ စမ်းသပ်မှုကို ကြံ့ကြံ့ခံနိုင်သူများအား ဘုရားသခင်က မည်သို့ သဘောထားလိမ့်မည်နည်း။ ဘုရားသခင်က ၎င်းတို့၌ စစ်မှန်သော နှလုံးသားတစ်ခုရှိကြောင်း၊ ၎င်းတို့သည် ဤဒုက္ခမျိုးကို ကြံ့ကြံ့ခံနိုင်ကြောင်းနှင့် စိတ်ထဲတွင် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး လိုချင်ကြောင်း ပြောလိမ့်မည်။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၌ ဤသို့ အကဲဖြတ်မှုမျိုးရှိပါက၊ သင်သည် ဝိညာဉ်ရင့်ကျက်မှုဖြင့် တစ်စုံတစ်ယောက် မဖြစ်သလော။ သို့ဆိုလျှင် သင်၌ အသက်မရှိသလော။ ပြီးလျှင် ဤအသက်ကို မည်သို့ ကြိုးပမ်းရရှိသနည်း။ ယင်းကို ဘုရားသခင်က ပေးအပ်နှင်းခြင်းလော။ ဤသည်မှာ ဘုရားသခင်က အစားအစာဇလုံတစ်လုံးကို သင့်ထံ ကိုယ်တိုင်ကိုယ်ကျ ယူလာပြီး သင့်ကို ကျွေးဖို့ သင့်ပါးစပ် အနီးသို့ ကိုင်ထားခြင်းဖြစ်ပြီး၊ သင်စားပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်သည် အာသာဆန္ဒပြေကာ၊ ခိုင်မာစွာ ရပ်နိုင်သည်။ ဤသည်မှာ ဤအရာများကို သင်ရှုမြင်ပြီး နားလည်ရမည့်ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ထံမှ လာသည့်အရာမှန်သမျှကို ကျိုးနွံနာခံရမည့် ပုံစံဖြစ်သည်။ ဤသည်မှာ သင်ပိုင်ဆိုင်ရမည့် စိတ်အခြေအနေနှင့် သဘောထားမျိုး ဖြစ်ပြီး သင်သည် သမ္မာတရားကို ရှာဖွေဖို့ သင်ယူရမည်။ သင်သည် ပြင်ပအကြောင်းရင်းများ အစဉ် ရှာဖွေမနေသင့်သကဲ့သို့၊ သင်၏ပြဿနာများအတွက် အခြားသူများကို အပြစ်မတင်သင့်သည့်အပြင်၊ လူများကို အပြစ်ရှာမနေသင့်ပေ။ သင်၌ ဘုရားသခင်၏အလိုတော်နှင့် သက်ဆိုင်သည့် ရှင်းလင်းသည့် နားလည်သဘောပေါက်မှု ရှိရမည်။ အပြင်ပန်း၌ လူအချို့သည် သင်နှင့် သက်ဆိုင်သည့် ထင်မြင်ယူဆချက်များ သို့မဟုတ် သင့်အပေါ် အာဃာတအစွဲအလမ်းများ ရှိကောင်း ရှိနိုင်သည်၊ သို့ရာတွင် သင်သည် အမှုအရာများအား ထိုနည်းဖြင့် မမြင်သင့်ပေ။ သင်သည် မှားယွင်းသော ရှုထောင့်တစ်ခုမှ အမှုအရာများကို ကြည့်ရှုပါက၊ သင်လုပ်မည့် တစ်ခုတည်းသောအရာမှာ ဆင်ခြေများ ပေးခြင်း ဖြစ်ပြီး သင်သည် မည်သည့်အရာကိုမျှ ကြိုးပမ်းရရှိလိမ့်မည် မဟုတ်ပေ။ အမှုအရာများကို သင်သည် ဓမ္မဓိဌာန်ကျကျနှင့် မျှမျှတတ မြင်သင့်သည်။ ထိုနည်းအားဖြင့် သင်သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ရည်ရွယ်ချက်ကို နားလည်လိမ့်မည်။ သင်၏ သဘောထားနှင့် စိတ်အခြေအနေတို့ကို ပြုပြင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားကို ကြိုးပမ်း ရရှိနိုင်လိမ့်မည်။ ထို့ကြောင့် သင်သည် ယင်းကိုသာ အဘယ့်ကြောင့် မလုပ်ဆောင်သနည်း။ သင်သည် အဘယ့်ကြောင့် ခုခံသနည်း။ သင်ခုခံနေသည်ကို ရပ်ခဲ့ပါက၊ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်။ သင်ခုခံလျှင်၊ သင်သည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ဘဲ၊ ဘုရားသခင်ကို သင်ဝမ်းနည်းစေပြီး သူ့ကို စိတ်ပျက်စေလိမ့်မည်။ ဘုရားသခင်က မည်သို့ စိတ်ပျက်မည်နည်း။ ယင်းက သင့်ကို ကိုယ်တိုင်ကိုယ်ကျ ကျွေးဖို့ ဘုရားသခင် ကိုယ်တော်တိုင် ယူဆောင်လာခဲ့သည့် အစားအစာဇလုံကို ဘေးသို့တွန်းဖယ်သည့် သဘောသက်ရောက်သည်။ သင်သည် မဆာလောင်နေကြောင်းနှင့်၊ ယင်းကို သင်မလိုကြောင်း ပြောသည်။ ဘုရားသခင်က သင် စားဖို့ တိုက်တွန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်၊ သို့ရာတွင် သင်သည် ယင်းကို မလိုချင်သေးပေ။ သင်သည် အဆာသာခံလိုက်မည်။ အမှန်တွင် သင်၌ မည်သည့်အရာမျှ လုံးဝ မရှိသည့်အချိန်တွင်၊ သင်သည် အာသာဆန္ဒပြေနေသည်ဟု သင်ထင်သည်။ ဤကဲ့သို့လူများသည် မိမိကိုယ်ကိုယ် မှန်သည်ဟု အလွန်ယူမှတ်ပြီး၊ လူများထဲ၌ အဆင်းရဲဆုံးနှင့် သနားဖွယ်အကောင်းဆုံး လူများ ဖြစ်ကြလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” မှ

ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကိစ္စတွင် လူများ သဘောပေါက်သင့်သည် အခြေခံအကျဆုံးသော အရာမှာ အဘယ်နည်း။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် မိမိတို့၏ တာဝန်များကို စံအတိုင်း ဖြည့်ဆည်းဖို့ ရင်ဆိုင်ရမည့် အရာများဖြစ်ပြီး ကယ်တင်ခြင်းကို လက်ခံရရှိခြင်း လုပ်ငန်းစဉ်၌ လိုအပ်သည့် အပိုင်းဖြစ်သည်။ လူတိုင်းက ယင်းကို ရင်ဆိုင်ရမည်။ တစ်စုံတစ်ဦးကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် ၎င်းတို့၏အနာဂတ်နှင့် ကံကြမ္မာတို့ ပါဝင်သည့် အရာတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် တစ်စုံတစ်ဦးကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် သူ့ကို ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် အခြားအရာတစ်ခု ဖြစ်သလော။ (ယင်းမှာ လူများကို အခြေခံသဘောတရားသို့ ဝင်ရောက်ရာတွင် ကူညီနေခြင်း ဖြစ်ပါသည်။) မှန်ပေ၏။ ထိုအရာသည် ယင်းနှင့်ပတ်သက်သည့် အမှန်ကန်ဆုံး နားလည်မှုဖြစ်သည်။ တစ်စုံတစ်ဦးကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် ဆုံးမပဲ့ပြင်ခြင်းတစ်မျိုးဖြစ်သည်၊ ရိုက်နှက်ဆုံးမခြင်းတစ်မျိုးဖြစ်သည်၊ လူများကို ကူညီခြင်း ပုံစံတစ်ခုလည်း ဖြစ်သည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့က သင်၏မမှန်ကန်သော လိုက်စားမှုကို အချိန်မီ ပြောင်းလဲစေသည်။ ယင်းက သင်ကိုယ်တိုင်၏ပြဿနာများကို အချိန်မီ သတိပြုမိစေပြီး သင်ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အချိန်မီ သတိပြုမိစေသည်။ မည်သို့ပင်ဖြစ်စေ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့က သင်၏တာဝန်များကို သာ၍ကောင်းစွာ ထမ်းဆောင်ဖို့ ကူညီပေးသည်၊ ယင်းက သင်၏တာဝန်များကို အခြေခံသဘောတရားများနှင့်အညီ ဖြည့်ဆည်းဖို့ ခွင့်ပြုသည်၊ ယင်းက သင့်ကို အချိန်မီ ကယ်တင်ခြင်း ရရှိခွင့်ပေးသည်၊ ယင်းက သင့်ကို လမ်းမှားသွေဖည်ခြင်းမှ အချိန်မီ ကယ်တင်ပေးသည်၊ ပြီးလျှင် ဘေးဒုက္ခများ ဖြစ်စေခြင်းမှ သင့်ကို တားလည်း တားဆီးပေးသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (အပိုင်း ၈)” မှ

အချို့လူတို့သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်တွင် “ဖြစ်ခဲ့သည့်အရာသည် ငါ၏ အမှားသက်သက်ပင်မဟုတ်။ ထိုသို့ဆိုလျှင် တာဝန်ခံမှုအားလုံးကို ငါ့အပေါ် အဘယ်ကြောင့် ပုံချရသနည်း။ အနီးတစ်ဝိုက်၌ရှိသော ၎င်းတို့က အဘယ်ကြောင့် ငါ့ကိုယ်စား ပြောမပေးကြသနည်း။ ၎င်းတို့က ငါ့တစ်ယောက်တည်းကိုသာ အားလုံး တာဝန်ခံစေသည်။ ‘လူတိုင်းက အကျိုးခံစားရပြီး တစ်ယောက်တည်းကသာ အပြစ်တင်ခံရသည်’ ဆိုသည်ကို သက်သေပြနေခြင်းသာ ဖြစ်သည်။ ငါသည် အလွန်ပင် ကံမကောင်းပေ။ ဤ မကောင်းသောအရာအားလုံးသည် ငါ၌သာ ဖြစ်ပေါ်နေပြီး ကောင်းသောအရာများက မည်သည့်အခါမျှ မဖြစ်ပေါ်သည်မှာ အဘယ်ကြောင့်နည်း။” ဟူ၍ တွေးတောကြသည်။ ဤ စိတ်ခံစားချက်မှာ မည်သည့်အမျိုးအစားဖြစ်သနည်း။ ဤသည်မှာ ခုခံခြင်းဖြစ်သည်။ အပေါ်ယံတွင် ဤသို့သောသူတို့သည် ခေါင်းညိတ်ကာ ၎င်းတို့ မှားယွင်းသည်ဟု ဝန်ခံပြီး တာဝန်ခံမှုကို လက်ခံသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် “၎င်းတို့ လုပ်မှဖြစ်မည်ဆိုလျှင် ၎င်းတို့ ငါ့အား ကိုင်တွယ်ဖြေရှင်းနိုင်သည်။ သို့သော် ၎င်းတို့ပြောခဲ့သည့်အရာမှာ အလွန် ကြမ်းတမ်းသည်။ ထိုသူများအားလုံးရှေ့တွင် ငါ့အား ဝေဖန်ကြသည်။ ငါ အရှက်ရသည်။ ၎င်းတို့သည် ငါ့အား လူသားတစ်ယောက်အဖြစ်ဖြင့်ပင် မဆက်ဆံကြပေ။ ငါက သေးငယ်သောအမှားတစ်ခုသာ လုပ်မိခြင်းဖြစ်သည်။ ဤအမှားသာ ရှိသည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာကို ပြောပြီးရင်း ပြောဆိုနေကြသနည်း။” ဟူ၍ ညည်းညူဆဲဖြစ်သည်။ ထိုသို့သောသူတို့သည် ခုခံကြသည်။ ငြင်းပယ်ကြသည်။ ခေါင်းမာစွာဖြင့် ထိပ်တိုက် ရင်ဆိုင်မှုများ ပေါ်ပေါက်စေကြပြီး၊ ကျိုးကြောင်းသင့်မြတ်မှု မရှိကြဘဲ၊ ဆင်ခြေများပေးကြသည်။ ဤသို့သော စိတ်ခံစားချက်များနှင့် အတွေးများရှိသောသူသည် စစ်မှန်စွာ ကျိုးနွံနာခံသည့် သဘောထားကို ပိုင်ဆိုင်ခြင်း မရှိနိုင်ပေ။

ကျိုးနွံနာခံခြင်းသည် သင်ယူရန်အခက်ခဲဆုံးသင်ခန်းစာ ဖြစ်သည်။ တစ်စုံတစ်ခုသည် သင်၏အယူအဆများနှင့် ကိုက်ညီသည့်အခါ သင်သည် ထိုအရာကို လက်ခံပြီး ကျိုးနွံနာခံသည်။ ယင်းသည် သင့်အတွက် အကျိုးရှိသည့်အခါတွင် သင်၏ ကြိုက်နှစ်သက်မှုနှင့် အလွန်ကိုက်ညီသည်ဟု ထင်မြင်လျက် သင်သည် ပျော်ရွှင်ကျေနပ်သည်။ သင်သည် စတင်၍ ကျိုးနွံနာခံသည့်အခါ အရာရာတိုင်းသည် သင့်အတွက် စတင် ချောမွေ့လာသည်။ သင်၏ စိတ်အတွင်းတွင် တည်ကြည်ခိုင်မာသည်၊ ငြိမ်းချမ်းသည်၊ အပြစ်မရှိ၊ ပျော်ရွှင် ဝမ်းမြောက်သည်ဟု ခံစားရသည်။ သို့ရာတွင် အမှုအရာများသည် သင့်အယူအဆများနှင့် မကိုက်ညီသည့်အချိန်၌ ကျိုးနွံနာခံရခြင်းသည် သဲကို မျိုချရသကဲ့သို့ ခံယူရန် ခက်ခဲသည်။ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ စိတ်ဖိစီးခြင်းနှင့် စိတ်ဒုက္ခရောက်ခြင်းတို့ ဖြစ်စေသည်။ သင့်တွင် သင်၏အကြောင်းပြချက်များ ရှိသော်လည်း ယင်းတို့ကို သင် ထုတ်မပြောနိုင်ဘဲ သင်၏ စိတ်ခံစားချက်တို့ကို မျိုသိပ်ထားရသည်။ သင်သည် လုံးဝ မတရားခံရသလို ခံစားရသော်လည်း ပြောပြစရာ မည်သူမျှမရှိ။ “သူပြောသည်မှာ မှန်ကန်သည်။ သူ၏ရာထူးမှာ ငါ့ထက် မြင့်သည်။ ဤသို့ဆိုလျှင် ငါ အဘယ်ကြောင့် နားမထောင်နိုင်သနည်း။ ငါ လက်ခံလိုက်တာပဲ ကောင်းမည်။ နောက်တစ်ကြိမ်တွင် ငါ ဂရုစိုက်ဖို့လိုပြီး အရဲမစွန့်တော့ဖို့ လိုအပ်သည်။ အရဲစွန့်ခြင်းမှ မည်သည့်ကောင်းသည့်အရာမျှ ထွက်မလာပေ။ ရှေ့သို့ခြေတစ်လှမ်းတိုးသည့် မည်သူမဆို ကိုင်တွယ်ဖြေရှင်းခံရသည်။ ငါ ရှေ့သို့ နောက်တစ်ခါ မတိုးတော့ပေ။ အမှုအရာများကို သူ့ဘာသာ ဖြစ်စေလိုက်ပြီး တတ်နိုင်သမျှ သိုသိုသိပ်သိပ်နေမည်။ ကျိုးနွံနာခံခြင်းသည် မလွယ်ကူပေ။ ခက်ခဲလှပေသည်။ ငါ၏ စိတ်အားထက်သန်မှု မီးလျှံသည် ရေအေးတစ်ပုံးဖြင့် ငြိမ်းသတ်ခံလိုက်ရသည်။ ဤအတွက် ငါ့အား သင် အပြစ်တင်၍ မရပေ။ ငါသည် အပြစ်ကင်းစွာ၊ ပွင့်လင်းစွာဖြင့် စတင်ခဲ့သော်လည်း အဆက်မပြတ် ကိုင်တွယ်ဖြေရှင်းခံနေရသည်။ ငါ ဤကဲ့သို့သောသူ မဖြစ်လိုတော့ပေ။ ဤသို့ ပြုမူဆောင်ရွက်ရသည်မှာ ပင်ပန်းလှသည်။ ယခုမှစပြီး ခြေတစ်လှမ်းနောက်ဆုတ်ကာ စိတ်အတွင်း၌ ငါ မည်သို့ခံစားရသည်ကို မည်သူ့ကိုမျှ ထုတ်ဖော်မပြတော့၊ သို့မဟုတ် မေးလာသောသူ မည်သူ့ကိုမျှ မပြောတော့ပေ။ အားလုံးကို ငါ မျိုသိပ်ထားမည်။” ဤသည်မှာ မည်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ အစွန်းရောက်မှုတစ်ခုမှ နောက်တစ်ခုဆီသို့ သွားခြင်းသာ ဖြစ်သည်။ လူတစ်ယောက်အား ကျိုးနွံနာခံနည်းကို သင်ယူစေခြင်း၏ အဆုံးစွန်သော ရည်ရွယ်ချက်ပန်းတိုင်မှာ အဘယ်နည်း။ မည်မျှများပြားသော မတရားမှုကို သင် ခံစားရသည်ဖြစ်စေ၊ သင် မည်မျှ အားထုတ်ကြိုးပမ်းခဲ့သည်ဖြစ်စေ၊ သို့မဟုတ် သင်၏နာမည်ဂုဏ်သတင်း၊ ပကာသနနှင့် ဂုဏ်သိက္ခာတို့ မည်မျှအထိ ထိခိုက်ခံရသည်ဖြစ်စေ ဤအရာတို့သည် အမှန်တကယ်တွင် အဓိကမဟုတ်ပေ။ အရေးကြီးဆုံးအချက်မှာ သင်၏အခြေအနေကို ပြောင်းလဲရန်ဖြစ်သည်။ မည်သည့် အခြေအနေနည်း။ လူတို့သည် အမှားလုပ်မိသည့် အခြေအနေတွင်ရှိသည်ဖြစ်စေ၊ အမှားမလုပ်သည့် အခြေအနေတွင်ရှိသည်ဖြစ်စေ ၎င်းတို့သည် စိတ်နှလုံးအတွင်းထဲတွင် မာကျောမှုနှင့် ပုန်ကန်ခြင်းတစ်မျိုးကို ထားရှိလေ့ရှိသည်။ ထို့အပြင် “ငါ၏ လုပ်ရပ်များနှင့် ရည်ရွယ်ချက်များက မှန်ကန်သရွေ့ သင်သည် ငါ့အား ကိုင်တွယ်ဖြေရှင်းခြင်း မပြုသင့်။ ပြီးလျှင် ငါသည် ကျိုးနွံနာခံခြင်းမရှိလျှင်လည်း ကိစ္စမရှိ။” ဟူသော လူသားဆန်ဆန် အကျိုးသင့်အကြောင်းသင့် တွေးခေါ်ပုံမျိုးတစ်ခုသည် ၎င်းတို့အတွင်း၌ ရှိသည်။ ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိ သို့မဟုတ် မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်စေသည်ကို ၎င်းတို့မဖော်ပြပေ။ “ငါ၌ စိတ်ကောင်းနှလုံးကောင်းရှိပြီး မလိုမုန်းထားသော ရည်ရွယ်ချက်များမရှိလျှင် သင် ငါ့ကို လက်ခံသင့်သည်။” ဟူ၍ ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ လူသား၏ ကျိုးကြောင်းဆင်ခြင်မှု မဟုတ်သလော။ ဤသည်မှာ လူသား၏ ကျိုးကြောင်းဆင်ခြင်မှုဖြစ်ပြီး ကျိုးနွံနာခံခြင်း မရှိပေ။ သင်သည် သင်ကိုယ်တိုင်၏ ကျိုးကြောင်းဆင်ခြင်မှုအား သမ္မာတရားအဖြစ် မှတ်ယူပြီး သမ္မာတရားအား မလိုလားအပ်ဟု မှတ်ယူသည်။ သင်ကိုယ်တိုင်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် ကိုက်ညီသည့်အရာမှသာ သမ္မာတရားဟု သင် ထင်မြင်ပြီး၊ သင်ကိုယ်တိုင်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် မကိုက်ညီသည့် မည်သည့်အရာမဆိုသည် သမ္မာတရားမဟုတ်ဟု ထင်မြင်သည်။ ဤသို့ တွေးခေါ်သူ မည်သူမဆိုသည် ရယ်ဖွယ်အကောင်းဆုံး၊ မာန အထောင်လွှားဆုံး၊ ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည်ဟု အခံယူဆုံးဖြစ်သည်။ ကျိုးနွံနာခံခြင်းထဲက သင်ခန်းစာများသည် လူတို့အား မည်သည့်အခြေအနေများကို ကူညီဖြေရှင်းပေးနိုင်သနည်း။ ကျိုးနွံနာခံမှုရရှိရန်အတွက် ၎င်းတို့သည် စဉ်းစားချင့်ချိန်နိုင်မှု အဆင့်တစ်ခု လိုအပ်သလော။ အကြောင်းကိစ္စတစ်ခုတွင် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့သည့်အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဘုရားသခင်က ကျေနပ်ခြင်းမရှိသရွေ့ ဘုရားသခင်အား ကျွန်ုပ်တို့ နားထောင်သင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စံအဖြစ် အသုံးပြုသင့်သည်။ ဤသို့ပြုခြင်းက ကျိုးကြောင်းသင့်လျော်သည်မဟုတ်လော။ ဤသည်မှာ လူသားတို့ ပိုင်ဆိုင်သင့်သည့် အသိစိတ်ဖြစ်သည်။ ဤသည်မှာ လူသားတို့ ရှိထားသင့်သည့် ပထမဆုံးသောအရာဖြစ်သည်။ ကျွန်ုပ်တို့ မည်မျှ ဒုက္ခခံခဲ့သည်၊ ကျွန်ုပ်တို့၏ဦးတည်မှုနှင့် ရည်ရွယ်ချက်များက မည်သို့ဖြစ်သည်၊ သို့မဟုတ် ထိုအချိန်၌ ကျွန်ုပ်တို့၏ အကြောင်းပြချက်များက မည်သို့ဖြစ်သည် ဆိုသည်တို့ကို ထည့်သွင်းစဉ်းစားခြင်း မပြုသင့်ပေ။ ဘုရားသခင်သည် ကျေနပ်မှုမရှိဖြစ်ပြီး ကျွန်ုပ်တို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသောကြောင့်နှင့် ဘုရားသခင်သည် သမ္မာတရားဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ နားထောင်သင့်ပြီး ဘုရားအား ကျိုးကြောင်းပြပြောဆိုရန် သို့မဟုတ် ငြင်းခုံရန် မကြိုးစားရပေ။ သင်သည် ဤသို့သော စဉ်းစားချင့်ချိန်မှုကို ပိုင်ဆိုင်လျှင် သင်သည် ကျိုးနွံနာခံနိုင်လိမ့်မည်။ ဆိုလိုသည်မှာ သင်၏ အခြေအနေများက မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်ခြင်း သို့မဟုတ် သင့်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များအား ငြင်းပယ်ခြင်း မရှိပေ။ ပြီးလျှင် သူ၏ သတ်မှတ်ချက်များသည် မှန်သည်၊ မှားသည်ကို သင် စိစစ်သုံးသပ်ခြင်းမရှိလျှင် သင်၏ လူသားဆန်သော မာကျောမှုနှင့် ပုန်ကန်မှုနှင့် ကျိုးကြောင်းပြဖြေရှင်း၍ ထွက်ပေါက်ရှာရန် သင်၏ အလေ့အထတို့သည် ပြေလည်သွားလိမ့်မည်ဖြစ်သည်။ ဤအခြေအနေတို့သည် လူတိုင်းတွင် မတည်ရှိသလော။ ဤအခြေအနေတို့သည် လူတို့တွင် မကြာခဏ ထွက်ပေါ်ပြီး “ငါ့နည်းလမ်းသည် ယုတ္တိကျသော စဉ်းစားမှုမျိုးနှင့် ကိုက်ညီနေသမျှ သင်၏ နည်းလမ်းက မှန်ကန်မည် မဟုတ်။ ထို့ကြောင့် သင့်ကို မနာခံရန် ငါ့အတွက် ကျိုးကြောင်းသင့်လျော်ပြီး မျှတမှုရှိသည်။” ဟူ၍ ၎င်းတို့က ထင်မြင်ကြသည်။ ဤသည်မှာ လူတို့တွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်သည်။ သို့သော်လည်း သင်သည် ဤ စဉ်းစားချင့်ချိန်မှုမျိုးထားရှိလျှင် သင်သည် ဤ အခြေအနေမျိုးအား အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ ဖြေရှင်းနိုင်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်” မှ

ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်း အချိန်ကျလာသည့်အခါ လူများ၏ ကနဦးတုံ့ပြန်မှုက ဘုရားသခင်ပြောနေသည့်အရာကိုဖြစ်စေ၊ သူ၏သတ်မှတ်ချက်များသည် အဘယ်အရာများဖြစ်သည်ကိုဖြစ်စေ၊ ဘုရားသခင်ထုတ်ဖော်သည့် လူ့ပြဿနာများ၊ အခြေအနေများ၊ သို့မဟုတ် စိတ်သဘောထားများက အဘယ်အရာဖြစ်သည်ကိုဖြစ်စေ၊ ဤအရာများကို လူသားက မည်သို့လက်ခံသင့်သည်၊ မည်သို့သဘောထားသင့်သည်၊ သို့မဟုတ် မည်သို့ကျိုးနွံနာခံသင့်သည်ကိုဖြစ်စေ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ ရှုထောင့်မှ နားမထောင်ခြင်း ဖြစ်သည်။ ထိုသို့သော အရာများသည် လူများ၏စိတ်ထဲတွင် မရှိချေ။ ဘုရားသခင်က လူများကို မည်သို့စကားပြောပါစေ၊ သို့မဟုတ် ၎င်းတို့ကို သူမည်သို့လမ်းပြပါစေ သူ၏လေသံ၊ သို့မဟုတ် စကားပြောဟန်က ၎င်းတို့၏ မျှော်မှန်းချက်များနှင့် မကိုက်ညီပါက— ၎င်းတို့၏ခံစားချက်၊ မိမိကိုယ်မိမိ တန်ဖိုးထားခြင်းနှင့် လူ့အားနည်းချက်တို့ကို မထည့်တွက်ထားပါက— လူများသည် အယူအဆများ ရလာကြပြီး ဘုရားသခင်ကို ဘုရားကဲ့သို့ မဆက်ဆံလိုတော့သကဲ့သို့ မိမိတို့ကိုယ်ကို ဖန်ဆင်းခံသတ္တဝါများအဖြစ် မဆက်ဆံလိုတော့ပေ။ ဤနေရာတွင် အကြီးဆုံးသော ပြဿနာမှာ ဘုရားသခင်က အချိန်အခါကောင်းများနှင့် လွယ်ကူချောမောခြင်းတို့ကို ပေးသည့်အခါတွင် လူများသည် ဖန်ဆင်းခံသတ္တဝါများအဖြစ် ပြုမူဆောင်ရွက်လိုကြသော်လည်း ဘုရားသခင်က လူများကို ဆုံးမပဲ့ပြင်ပြီး ထုတ်ဖော်ဖို့အလို့ငှာ၊ ၎င်းတို့အား သင်ခန်းစာယူစေဖို့အလို့ငှာ၊ ပြီးလျှင် သမ္မာတရားနှင့် သူ၏အလိုတော်တို့ကို နားလည်စေဖို့အလို့ငှာ အတိဒုက္ခကို ရင်ဆိုင်စေသည့်အခါတွင်— ဤအချိန်များတွင် လူများက သူ့ကို ချက်ချင်း ကျောခိုင်းပြီး ဖန်ဆင်းခံသတ္တဝါများဖြစ်ဖို့ ဆန္ဒမရှိကြတော့ချေ။ လူတစ်ဦးသည် ဖန်ဆင်းခံသတ္တဝါ မဖြစ်ချင်တော့သည့်အခါ ထိုအမြင်ရှုထောင့်နှင့် ထိုအနေအထားမှ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်လော။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဖြစ်အနေတို့ကို လက်ခံနိုင်မည်လော။ လက်ခံနိုင်မည် မဟုတ်ချေ။ လူတို့က ဘုရားသခင်၏ လူယုံတော်များ ဖြစ်လိုကြသော အချိန်များဖြစ်သည့် စိတ်ကြည်လင်နေသောအချိန်များ၊ သာယာသော အခြေအနေများရှိသည့် အချိန်များနှင့် စိတ်အားထက်သန်မှုရှိသည့် အချိန်များက ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကိုလည်းကောင်း၊ ဘုရားသခင်ချခင်းပေးထားသည့် ပတ်ဝန်းကျင်များကိုလည်းကောင်း လူတို့ရင်ဆိုင်ရသည့်အခါ သူ့ကို စွန့်ပစ်လိုကြသည့် အချိန်များအဖြစ်သို့ ပြောင်းလဲသွားပါက ယင်းသည် အလွန်ထူးခြားကြီးမားသော ပြောင်းလဲမှု ဖြစ်ပေတကား။ ဤကိစ္စရပ်၏ အမှန်တရား အတိအကျမှာ အဘယ်နည်း။ လူများသိသင့်သည့်အရာမှာ အဘယ်နည်း။ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေဖြင့် လူတစ်ဦးသည် ဘုရားသခင်အပေါ် အဘယ်သဘောထားမျိုး ထားသင့်သည်ကို မသိသင့်သလော။ လိုက်နာဖို့လိုအပ်သည့် အခြေခံသဘောတရားများမှာ အဘယ်နည်း။ လူတစ်ဦးအနေဖြင့်— ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးအနေဖြင့်— ဘုရားသခင်က လူသားကိုပေးသည့် အရာအားလုံးနှင့် သူစီစဉ်ပေးသည့် ပတ်ဝန်းကျင်များအားလုံးအပေါ် မည်သည့်အမြင်ရှုထောင့်နှင့် အနေအထားတို့ကို ခံယူကျင့်သုံးသင့်သနည်း။ မိမိတို့အား ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လူတို့က မည်သို့ ရှုမြင်သင့်သနည်း။ လူများသည် ထိုသို့သော ကိစ္စရပ်များကို မတွေးဆသင့်သလော။ (တွေးဆသင့်ပါသည်။) လူများသည် ဤကဲ့သို့သော အမှုကိစ္စများကို ဆင်ခြင်သုံးသပ်သင့်၏။ လူတစ်ဦးသည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ဆက်ဆံသည်ဖြစ်စေ၊ မည်သို့ဆက်ဆံသည်ဖြစ်စေ လူ၏ပင်ကိုလက္ခဏာသည် အမှန်တွင် မပြောင်းလဲချေ။ လူများသည် အစဉ် ဖန်ဆင်းခံသတ္တဝါများ ဖြစ်ချေသည်။ သင်သည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးအဖြစ် သင်၏အဆင့်အတန်းကို လက်သင့်မခံလျှင် ယင်းက သင်သည် ပုန်ကန်တတ်ပြီး မိမိစိတ်သဘောထားကို ပြောင်းလဲခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းမှ ဝေးလှသည်ကို ဆိုလိုပေသည်။ သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် သင်၏နေရာကို လက်သင့်ခံလျှင် သင်သည် ဘုရားသခင်အပေါ် အဘယ်သဘောထားမျိုး ထားရှိသင့်သနည်း။ ယုတ်စွအဆုံးအနေဖြင့် ဤအရာတစ်ခုကိုကား သင်ပိုင်ဆိုင်ရမည်— အကြွင်းမဲ့ ကျိုးနွံနာခံခြင်း ဖြစ်ပေသည်။ ယင်းက ဘုရားသခင်ပြုသည့်အရာသည် မည်သည့်အခါမျှ မမှားယွင်းကြောင်းနှင့် အမှားပေါ်ပေါက်လာပါက အမှားလုပ်ခဲ့သည်မှာ လူများသာ ဖြစ်ကြောင်း အချိန်မရွေး သိခြင်းကို ဆိုလိုသည်။ ရုတ်တရက်ပေါ်ပေါက်လာသည့် ပတ်ဝန်းကျင်များ မည်သို့ပင်ရှိပါစေ— အထူးသဖြင့် အတိဒုက္ခကို ရင်ဆိုင်ရသည့်အခါနှင့် အထူးသဖြင့် ဘုရားသခင်က လူများကို ထုတ်ဖော်သည့်အခါ၊ သို့မဟုတ် ဖော်ထုတ်ပြသည့်အခါတွင်— ဘုရားသခင်ပြောသည့်အရာနှင့် လုပ်သည့်အရာသည် မှန်သလော၊ မှားသလောကို ဆုံးဖြတ်ဖို့ ဘုရားသခင်ကို ဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့အစား လူတစ်ဦးအနေဖြင့် ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များအပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော အဖြစ်အနေတို့ကို ဆန်းစစ်လျက် ဆင်ခြင်သုံးသပ်ဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာခြင်း ဖြစ်သည်။ သင်သည် လျော်ကန်သည့် နေရာတွင် နေနေပါက သင်လုပ်ဆောင်နေသင့်သည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သင်သိသင့်သည်။ လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြပြီး သမ္မာတရားကို နားမလည်ကြချေ။ ဤသည်မှာ ကြီးမားလှသော ပြဿနာတစ်ခုကား မဟုတ်ပေ။ သို့ရာတွင် လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး သမ္မာတရားကို နားမလည်သော်လည်း သမ္မာတရားကို မရှာဖွေသည့်အခါတွင်မူ ၎င်းတို့၌ တကယ့်ပြဿနာရှိလေပြီ။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိ၏၊ သင်သည် သမ္မာတရားကို နားမလည်၊ ထို့ပြင် သင်သည် သင်၏ စိတ်နေစိတ်ထားကဖြစ်စေ၊ စိတ်ခံစားချက်များကဖြစ်စေ စေစားသည့်အတိုင်း ဘုရားသခင်ကို သဘောထားလျက်၊ သို့မဟုတ် ထိတွေ့ဆက်ဆံလျက် သူ့ကို ထင်ရာမြင်ရာ အကဲဖြတ်တတ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မရှာဖွေသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိပါက အမှုကိစ္စများသည် သိပ်ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း ရှိမည်မဟုတ်ရုံသာမက၊ သူသည် မဖြောင့်မတ်ကြောင်း၊ သူလုပ်သမျှက မှန်ကန်လှသည်လည်း မဟုတ်ကြောင်း ပြောဆိုလျက်၊ သူ့ကို အထင်လွဲပြီး ညည်းညူရင်း၊ သူ့ကို အကဲဖြတ်ရင်း၊ ပြီးလျှင် သင့်စိတ်နှလုံးထဲတွင် သူ့ကို ကြိမ်းပင် ကြိမ်းပြီး ငြင်းပယ်ခြင်းပင် ပြုရင်း သူနှင့် သဘောကွဲလွဲနေသည်ကိုလည်း တွေ့နိုင်သည်။ ထိုသို့သော အရာများကို သင်ဖြစ်ပေါ်စေနိုင်သေးသည်မှာ အန္တရာယ်ရှိသည် မဟုတ်လော။ (အန္တရာယ်ရှိပါသည်။) ယင်းမှာ အလွန် အန္တရာယ်ရှိပေသည်။ သမ္မာတရားကို မရှာဖွေခြင်းသည် အချိန်မရွေးနှင့် နေရာမရွေး အသက်ကို ဆုံးရှုံးစေနိုင်သည်။ သင်၏စိတ်ခံစားချက်များ၊ ပြင်းပြသောဆန္ဒများ၊ လိုအင်ဆန္ဒများ၊ သို့မဟုတ် စံများက လက်ရှိတွင် မည်မျှပေါများနေပါစေ၊ ဤအခိုက်အတန့်တွင် သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကို သင်မည်မျှချစ်ပါစေ ယင်းသည် ခဏတာသာ ဖြစ်ပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၃)” မှ

အသင်းတော်သို့ ပထမအကြိမ် ရောက်လာပြီး ၎င်းတို့၏တာဝန်များကို လက်ခံခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း သို့မဟုတ် ပြုပြင်ခြင်း မခံရမီတွင်၊ အမှုအရာများတွင် ဆုံးဖြတ်ချက် ချလိုလျက်၊ လူတိုင်းသည် ဆူးများကဲ့သို့ဖြစ်ပေသည်။ ၎င်းတို့က “ကျွန်ုပ်တို့သည် ယခု ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ကျွန်ုပ်တွင် အသင်းတော်၌ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်တို့ရှိသောကြောင့်၊ ကျွန်ုပ် သင့်တင့်လျောက်ပတ်သည်ဟု ထင်သကဲ့သို့ ပြုမူမည်။” ဟု မိမိတို့ဘာသာ တွေးကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်း ခံရခြင်းနှင့် ပြုပြင်ခံရခြင်း တစ်ချီ ကြုံတွေ့ပြီး ဆုံးမပဲ့ပြင်ခြင်းခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယပြုပြီး ၎င်းတို့က ဒေသနာများကို နားထောင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် ဤနည်းလမ်းဖြင့် မပြုမူဝံ့တော့ပေ။ အမှန်မှာမူ ၎င်းတို့သည် လုံးလုံးလျားလျား စဉ်းစားမချင့်ချိန်တတ်သေးပေ။ ၎င်းတို့သည် အမှုအရာများ အလုပ်ဖြစ်သည့် ပုံစံနှင့်ပတ်သက်၍ အနည်းငယ်မျှသာ သိပြီး အသိစိတ်နည်းနည်းသာ ရှိခြင်းဖြစ်သည်။ အခြားသူများက အကြောင်းခိုင်လုံစေသည့် အရာများကို ပြောသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့၏ အမှားပြင်ဆင်ခြင်းဖြင့် အသိအမှတ်ပြုနိုင်ပြီး၊ ၎င်းတို့သည် ထိုအမှုအရာများကို ကောင်းစွာ နားမလည်နိုင်သော်လည်း၊ ၎င်းတို့က ယင်းတို့ကို လက်ခံနိုင်ကြသည်။ သို့ဆိုလျှင် ၎င်းတို့ စဉ်းစားချင့်ချိန်နိုင်ခဲ့သည်ထက် ၎င်းတို့သည် သာ၍ စဉ်းစားမချင့်ချိန်တတ်သလော။ ၎င်းတို့သည် ၎င်းတို့၏ အပြုအမူက အပြောင်းအလဲအချို့ကို ကြုံတွေ့ပြီး ဖြစ်သည်ကို ထင်ရှားပြသည့် ဤအရာများကို လက်ခံနိုင်ပေသည်။ ဤပြောင်းလဲမှုများ မည်သို့ ဖြစ်လာသနည်း။ ယင်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်တွန်းခြင်းနှင့် လှုံ့ဆော်ခြင်းအပြင် နှစ်သိမ့်ခြင်းတို့ကြောင့် ဖြစ်ပေါ် လာခဲ့ပေသည်။ တစ်ခါတစ်ရံတွင် အမှုအရာတစ်ခုကို နည်းလမ်းအချို့ဖြင့် လုပ်ဆောင်ပြီး၊ အခြား နည်းလမ်းဖြင့် လုပ်ဆောင်၍ မရကြောင်း ၎င်းတို့အား ပြောလျက်၊ ထိုသို့သောလူများသည် ဆုံးမပဲ့ပြင်ခြင်း အချို့၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်း အပြင် အခြေခံသဘောတရားများနှင့်ပတ်သက်၍ မိတ်သဟာယအချို့တို့ကို လိုအပ်သည်။ “သမ္မာတရားကို လက်ခံရမည်။ ယင်းက ထိုနေရာတွင် ပြသထားသည်။ ယင်းကို မည်သူက ဆန့်ကျင်ဝံ့မည်နည်း။” ၎င်းတို့က တွေးကြသည်။ ဘုရားသခင်၏အိမ်တော်၌ ဘုရားသခင်သည် ကြီးမြတ်သည်၊ သမ္မာတရားသည် ကြီးမြတ်သည်၊ ပြီးလျှင် သမ္မာတရားသည် စိုးမိုးသည်။ ဤဓမ္မပညာဆိုင်ရာ အခြေခံအုတ်မြစ်က လူအချို့ကို နိုးထစေပြီး ဘုရားသခင်၌ ယုံကြည်ခြင်းရှိခြင်းက မည်သည့်အရာဖြစ်သည်ကို လူအချို့အား နားလည် ခွင့်ပြုသည်။ နဂိုမူလက ရိုင်းစိုင်းပြီး အပျော်အပါး မက်သည့်သူ၊ လုံးလုံး အထိန်းအကွပ်မဲ့ပြီး စည်းမျဉ်းများ၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်၏အိမ်တော်ရှိ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ နှင့်ပတ်သက်၍ မသိနားမလည်သည့်သူတစ်စုံတစ်ဦးကို ကြည့်လော့။ ထိုသို့သော လူပုဂ္ဂိုလ်တစ်ဦးက- မည်သည့်အရာမျှ မသိသူ- ကြီးစွာပြင်းပြသော ဆန္ဒများနှင့် မျှော်လင့်ချက်များဖြင့် ပြည့်လျှံလျက်၊ ဘုရားသခင်၏အိမ်တော်သို့ ရည်ရွယ်ချက်ကောင်းများနှင့် စိတ်အားထက်သန်မှုတို့ဖြင့် လာကာ၊ ထိုနေရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် နှိုးဆော်ခြင်းနှင့်တိုက်တွန်းခြင်း၊ ရေလောင်းခြင်းနှင့် ကျွေးမွေးခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ခံရကာ၊ မကြာခဏ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ခံရသည့်အခါ၊ ထိုလူပုဂ္ဂိုလ်၏ လူ့သဘာဝ၌ ပြောင်းလဲမှုအချို့ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လိမ့်မည်။ ယင်းတို့မှာ မည်သည့် ပြောင်းလဲမှုများနည်း။ သူသည် လူ့အပြုအမူနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ၏ တစ်စုံတစ်ခုကို နားလည်လာပြီး၊ ယခင်က သူ၌ လူသားပုံသဏ္ဌာန် တော်တော် ကင်းမဲ့ခဲ့ကြောင်း သိလာပေသည်။ သူသည် ရိုင်းစိုင်းကာ၊ မသိနားမလည်ဘဲ၊ သွေးနားထင် ရောက်ခဲ့သည်။ သူသည် အခြေခံသဘောတရားများ မရှိဘဲ ပြောဆိုပြီး ပြုမူခဲ့သည်၊ ပြီးလျှင် သမ္မာတရားကို ရှာဖွေရမှန်း မသိခဲ့ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ရိုင်းပျ ကြမ်းတမ်းသော ခွန်အားဖြင့် ဘုရားသခင် တောင်းဆိုသမျှ လုပ်ဆောင်ခြင်းနှင့် သူပြောသမျှ သွားခြင်းနှင့်သက်ဆိုင်သည့် ရိုးရှင်းသော အရေးကိစ္စတစ်ခုဟု တွေးထင်ခဲ့သည်။ ထို့အပြင် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးက ဤသည်မှာ ဘုရားသခင်အတွက် သစ္စာစောင့်သိခြင်း နှင့် ချစ်ခြင်းမေတ္တာ ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ယခုအခါ ဤလူပုဂ္ဂိုလ်သည် ထိုအရာများအားလုံးကို ငြင်းပယ်ပြီး ယင်းတို့က စာတန်၏ အပြုအမူများ ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ ယုံကြည်သူများသည် အရာခပ်သိမ်း၌ သူ၏နှုတ်ကပတ်တော်များ၏ အချုပ်အခြာအာဏာကို အလျှော့ပေးလျက်၊ သူ၏ နှုတ်ကပတ်တော်များကို အလေးဂရုပြုပြီး သမ္မာတရားကို ကြီးမြတ်ခြင်းအဖြစ် ဂုဏ်ပြုသင့်ကြောင်း သိပေသည်။ အတိုချုပ်အားဖြင့် ဤနှုတ်ကပတ်တော်များသည် ၎င်းတို့၏ စိတ်နှလုံးများ၌ မည်သို့အမြစ်တွယ်ပြီးဖြစ်ကာ၊ ဤနှုတ်ကပတ်တော်များသည် မည်သည့် ကြီးမြတ်သော အခန်းကဏ္ဍမှ လုပ်ဆောင်သည် ဖြစ်ပါစေ၊ သဘောတရားနှင့် ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာ၌၊ လူများအားလုံးက ဤနှုတ်ကပတ်တော်များသည် မှန်ကန်ကြောင်း- ယင်းတို့သည် သမ္မာတရား၊ အပြုသဘောဆောင်သည့် အရာများအားလုံး၏ စစ်မှန်မှုဖြစ်ကြောင်း- နားလည်ပြီး၊ အသိအမှတ်ပြုကာ၊ လက်ခံပြီးဖြစ်သည်။ ထို့နောက်တွင် လက်ဆုပ်လက်ကိုင်မပြနိုင်သော ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း အတိုင်းအတာ တစ်ခုအထိ ကြုံတွေ့ပြီးသည့်နောက်၊ စစ်မှန်သော ယုံကြည်မှုနှင့်သက်ဆိုင်သည့် နားလည်မှုသည် ၎င်းတို့၏ အသိစိတ်ထဲ၌ ဖြစ်ပေါ်လာသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အစဦး မရေမရာ စိတ်ကူးများမှ- ဘုရားသခင်တစ်ပါး ရှိကြောင်းနှင့် သူသည် အတော်အတန် စစ်မှန်ကြောင်း- ယခု ၎င်းတို့၌ ရှိသော ယုံကြည်မှုအထိ၊ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုတွင် လူများ၌ ဤခံစားချက်များ ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၊ အမှုအရာများကို ကြည့်သည့် နည်းလမ်းနှင့် ကိုယ်ကျင့်တရား စံနှုန်းများအပြင်၊ ၎င်းတို့၏တွေးပုံခေါ်ပုံများသည် ဖြည်းဖြည်းချင်း စတင်ပြောင်းလဲလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

ကိစ္စတစ်ခုနှင့်သက်ဆိုင်သည့် သိနားလည်မှုအချို့ ရရှိပြီးနောက် သင်သည် လက်တွေ့လုပ်ဆောင်ခြင်းကိုသာ မဆိုင်းမတွ စတင်နိုင်သလော။ သင်သည် လက်တွေ့လုပ်ဆောင်နိုင်ခြင်းကို ချက်ချင်း မစတင်နိုင်ပေ။ သင်သည် သိနားလည်မှုတစ်ခု ပိုင်ဆိုင်စဉ်တွင်၊ အခြားသူများသည် သင့်ကိုပြုပြင်ကြပြီး ကိုင်တွယ်ဖြေရှင်းကြသည်၊ ထို့နောက် သင့်ပတ်ဝန်းကျင်သည် သမ္မာတရားအခြေခံသဘောတရားများနှင့်အညီ သင့်ကို မဖြစ်မနေနှင့် အတင်းအဓမ္မ ပြုမူစေသည်။ တစ်ခါတစ်ရံ ဤအရာကို လူတို့ မလုပ်လိုသဖြင့် “ထိုနည်းအတိုင်း အဘယ်ကြောင့် ကျွန်ုပ်လုပ်၍ မရသနည်း။ ဤနည်းအတိုင်း လုပ်ရမှဖြစ်မည်လော” ဟုဆိုတတ်သည်။ အခြားသူများက “အကယ်၍ ဘုရားသခင်ကို သင်ယုံကြည်လျှင် ဤနည်းဖြင့် သင်လုပ်သင့်သည်။ ဤနည်းဖြင့် လုပ်ခြင်းသည် သမ္မာတရားနှင့်ညီသည်” ဟုဆိုကြသည်။ လူတို့သည် စမ်းသပ်မှုအချို့ကို တွေ့ကြုံခဲ့ရသည့် အဆင့်တစ်ခုသို့ ရောက်ပြီး ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရားအချို့ကို နားလည်သွားသောအခါ၊ ၎င်းတို့သည် အနည်းငယ် ပျော်ရွှင်လာကာ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ ပြုမူရန် လိုလိုလားလား ရှိလာလိမ့်မည်။ အစတွင်၊ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဝန်လေးသည်။ မိမိ၏တာဝန်များကို သစ္စာရှိစွာဖြင့် ကျေပွန်အောင် ထမ်းရွက်ခြင်းကို ဥပမာတစ်ခုအဖြစ် ကြည့်လော့၊ သင်၏တာဝန်များကို ကျေပွန်အောင် ထမ်းရွက်ခြင်းအကြောင်းနှင့် ဘုရားသခင်ကို ဆည်းကပ်ခြင်းအကြောင်း သိနားလည်မှုအချို့ သင်၌ရှိသည်၊ ထို့အပြင် သင်သည် သက်ဆိုင်သော သမ္မာတရားများကို နားလည်သည်၊ သို့ရာတွင် မည်သည့်အချိန်တွင် ဘုရားသခင်ထံ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား သင် ဆက်ကပ်အပ်နှံနိုင်မည်နည်း။ သင်သည် သင်၏တာဝန်များကို အမည်ခံရော လုပ်ဆောင်ချက်ပါ နှစ်ခုလုံးဖြင့် မည်သည့်အချိန်တွင် ကျေပွန်အောင် ထမ်းရွက်နိုင်လိမ့်မည်နည်း။ ဤအရာသည် လုပ်ငန်းစဉ်တစ်ခုကို လိုအပ်လိမ့်မည်။ ဤလုပ်ငန်းစဉ် အတောအတွင်း သင်သည် ဒုက္ခဆင်းရဲများစွာကို ခံစားရနိုင်သည်။ လူအချို့သည် သင့်ကို ကိုင်တွယ်ဖြေရှင်းကြမည်ဖြစ်ပြီး၊ အခြားသူများက သင့်ကို ဝေဖန်ကောင်း ဝေဖန်ကြမည်။ အယောက်တိုင်း၏ မျက်လုံးများသည် သင့်အပေါ် ဒေါက်ထောက် ကြည့်ကြလိမ့်မည်ဖြစ်၍ ထိုအခါမှသာ သင်သည် အမှားပြုလုပ်မိပြီးဖြစ်ကြောင်း၊ ညံ့ဖျင်းစွာ လုပ်ဆောင်ပြီးသူတစ်ဦး အမှန်တကယ် ဖြစ်ကြောင်း၊ သင်၏တာဝန်ကို ဖြည့်ဆည်းမှုတွင် ဆက်ကပ်အပ်နှံမှုမရှိခြင်းသည် လက်မခံနိုင်စရာဖြစ်ကြောင်းနှင့်၊ သင်သည် သတိမမူခြင်းနှင့် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိ၍ မဖြစ်ကြောင်းတို့ကို စတင်နားလည်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေ၍ အမှားတစ်ခုကို သင်ပြုလုပ်မိသောအခါ သင့်ကိုပြစ်တင်ဝေဖန်လိမ့်မည်။ ဤလုပ်ငန်းစဉ်အတောအတွင်း သင်သည် သင့်အကြောင်းနှင့်ပတ်သက်၍ အချို့အရာတို့ကို နားလည်လာလိမ့်မည်ဖြစ်ပြီး၊ သင်သည် အလွန်မစင်ကြယ်ကြောင်း၊ များလွန်းသော ပုဂ္ဂိုလ်ရေးရာ အကြောင်းရင်းများကို သင်လက်သင့်ခံထားပြီး သင်၏တာဝန်များကို ဖြည့်ဆည်းနေချိန်တွင် လွန်ကျူးသော အလိုဆန္ဒများစွာ သင်၌ရှိသည်ကို သိလာလိမ့်မည်။ ဤအရာများ၏ အနှစ်သာရကို သင်နားလည်သွားသည်နှင့် တစ်ပြိုင်နက်၊ သင်သည် ဆုတောင်းခြင်းဖြင့် ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ပြီး အမှန်တကယ် နောင်တရနိုင်ပေသည်။ ဤနည်းဖြင့်၊ သင်သည် ထိုမစင်ကြယ်မှုများမှ သန့်စင်ခံရနိုင်၏။ အကယ်၍ ဤပုံစံဖြင့် သင်သည် သင်၏ ကိုယ်ပိုင် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မကြာခဏ ရှာဖွေပါက၊ ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း ခြေချမိလိမ့်မည် ဖြစ်သည်။ တစ်စုံတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပို၍သန့်စင်ခြင်းသို့ ရောက်လေလေ၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား အသွင်သဏ္ဌာန်ပြောင်းလဲလေလေ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

လူအချို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံပြီးနောက်တွင် မတုန်မလှုပ်ဖြစ်သွားကြသည်၊ သူတို့သည် သူတို့၏ တာဝန်များကို ဆောင်ရွက်ရန် အားအင်အကုန်လုံး ကုန်ဆုံးပြီး အဆုံး၌ သူတို့၏ သစ္စာစောင့်သိမှုလည်း ကုန်ဆုံးလေ၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းမှာ သူတို့၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရကို သတိထားရှိမှု ကင်းမဲ့ခြင်းကြောင့် တစ်စိတ်တစ်ဒေသ ဖြစ်၍၊ ဤအရာက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကျိုးနွံနာခံမှု မရှိနိုင်ခြင်းကို ဖြစ်ပေါ်စေသည်။ ဤအရာကို မာနထောင်လွှားပြီး စိတ်ကြီးဝင်ကာ သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာမရှိသည့် ၎င်းတို့၏ သဘာဝအားဖြင့် ဆုံးဖြတ်ထားပေသည်။ ၎င်းမှာ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း၏ အရေးပါမှုမှာ အဘယ်အရာ ဖြစ်သည်ကို သူတို့ မသိနားမလည်သေးခြင်းကြောင့်လည်း တစ်စိတ်တစ်ဒေသ ဖြစ်သည်။ လူတို့အားလုံးက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းဆိုသည်မှာ သူတို့၏ ရလဒ်များသည် သတ်မှတ်ပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ အကျိုးဆက်အနေဖြင့် အကယ်၍ သူတို့က ဘုရားသခင်အား သစ္စာစောင့်သိမှု အနည်းငယ်ကို ပိုင်ဆိုင်ပါက ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မခံရသင့် ဟူ၍လည်းကောင်း၊ အကယ်၍ သူတို့ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရပါက၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းကို ညွှန်ပြခြင်း မရှိဟူ၍လည်းကောင်း လွဲမှားစွာ ယုံကြည်ကြသည်။ ထိုကဲ့သို့သော နားလည်မှုမှားခြင်းက လူများစွာတို့ကို ဘုရားသခင်အား “သစ္စာစောင့်သိမှု” မရှိဘဲ နေဝံ့စေသည်။ အမှန်မှာမူ အဆုံးတွင်၊ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူတို့သည် လွန်စွာ လိမ်လည်လှည့်ဖြားသောကြောင့် ဖြစ်သည်၊ သူတို့သည် ဒုက္ခဆင်းရဲကို မခံလိုကြပေ။ လူတို့သည် ကောင်းချီးမင်္ဂလာများကို အလွယ်နည်းဖြင့်သာ ရယူလိုကြသည်။ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သတိမမူမိကြချေ။ ယင်းမှာ သူသည် ဖြောင့်မတ်သောအရာ တစ်စုံတစ်ခုကိုမျှ မလုပ်ဆောင်ရသေးသောကြောင့် သို့မဟုတ် သူက ဖြောင့်မတ်သောအရာ တစ်စုံတစ်ခုကိုမျှ ပြုလုပ်နေခြင်း မဟုတ်သောကြောင့် မဟုတ်ချေ။ ယင်းက ဘုရားသခင် ပြုသောအရာကို ဖြောင့်မတ်သည်ဟု လူတို့က မည်သည့်အခါမျှ မယုံကြည်ကြသောကြောင့်သာ ဖြစ်သည်။ လူသား၏ အမြင်တွင် ဘုရားသခင်၏အမှုတော်သည် ၎င်းတို့၏ အလိုဆန္ဒများနှင့် မကိုက်ညီပါက သို့မဟုတ် သူတို့မျှော်မှန်းခဲ့သည့်အရာနှင့် ထပ်တူမကျပါက သူသည် မဖြောင့်မတ်ဟူ၍ဖြစ်သည်။ သို့သော်လည်း လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များမှာ မသင့်လျော်ဘဲ သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် သူတို့၏ လုပ်ဆောင်ချက်များက ဘုရားသခင်အား ဆန့်ကျင်ကြောင်းကိုလည်း မည်သည့်အခါမျှ သဘောမပေါက်ကြချေ။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ ပြစ်မှားခြင်းများအတွက် မည်သည့်အခါမျှ ကိုင်တွယ်ဖြေရှင်းခြင်း မရှိသကဲ့သို့ ပြုပြင်ခြင်းမရှိဘဲ သို့မဟုတ် ၎င်းတို့၏ အပြစ်များအတွက် ဘယ်သောအခါမျှ ပြစ်တင်ခြင်းမရှိဘဲ၊ ယင်းအစား ၎င်းတို့ကို မည်သည့်အခါမျှ စော်ကားခြင်း မရှိသကဲ့သို့၊ ၎င်းတို့၏ အမာရွတ်များကို ဖော်ထုတ်ခြင်း မရှိဘဲ၊ တည်ငြိမ်အေးဆေးကာ ၎င်းတို့ကို ကြင်နာပြီး၊ သူ့နှင့်အတူ ၎င်းတို့ကို အတူစားသောက်စေပြီး သူနှင့်အတူ ပျော်မွေ့ခွင့်ပေးလျှင်၊ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ ဘယ်သောအခါမျှ ညည်းညူလိမ့်မည်မဟုတ်၊ သို့မဟုတ် မဖြောင့်မတ်သောသူအဖြစ် သူ့ကို ဝေဖန်အကဲဖြတ်ကြလိမ့်မည် မဟုတ်ပေ။ ယင်းထက် သူသည် အလွန် ဖြောင့်မတ်ခဲ့သည်ဟု ၎င်းတို့က သူတော်ကောင်းယောင်ဆောင်လျက် အခိုင်အမာ ဆိုကြလိမ့်မည်။ ထိုသို့သော လူတို့သည် ဘုရားသခင်ကို သိကြသလော။ ၎င်းတို့၏ အကြံအစည်များသည် သူ၏ အကြံအစည်များနှင့် လုံးဝ ကိုက်ညီနိုင်သလော။ ထိုကဲ့သို့သောလူတို့သည် ဘုရားသခင်အား စိုးရိမ်ခြင်းမှ မည်သို့ရပ်တန့်နိုင်စေမည်နည်း။ လူသားတို့ကို ဘုရားသခင်က တရားစီရင်သည့်အခါ၊ ပြုပြင်သည့်အခါနှင့် ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ သူ့ကို နာခံခြင်းနှင့် ချစ်ခြင်းတွင် ၎င်းတို့ အောင်မြင်နိုင်ဖို့အလို့ငှာ၊ သူက ၎င်းတို့၏ အသက်တာ စိတ်သဘောထားများကို သန့်စင်ပြီး ပြောင်းလဲဖို့ ကြိုးစားနေသည်ကို လူတို့က အရိပ်အမြွက် မသိကြပါ။ ဘုရားသခင် ဖြောင့်မတ်သည်ကို လူတို့ တကယ်ကို မယုံကြည်ကြပေ။ လူတို့နှင့်ပတ်သက်၍ ဘုရားသခင်သည် အနည်းငယ်မျှ ပြစ်တင်ဟန် ရှိလာသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် တိုး၍ အပျက်သဘောဆောင်ကြပြီး အားနည်းလာကာ သူနှင့်ပတ်သက်၍ စတင် ညည်းညူ လာကြလေသည်။ လူများ ပြောင်းလဲပြီးသည့်နောက်တွင် မိမိတို့ကိုယ်ကိုယ် မည်သို့ ဖော်ပြသည်ကို ဘုရားသခင်က ကြည့်သည်ကို ၎င်းတို့က ယုံကြည်ဖို့ ငြင်းပယ်ကြသည်။ ၎င်းတို့က ပြောင်းလဲခြင်းအား စိတ်ကိုမဝင်စားကြပေ။ သင်သည် ဤအခြေအနေဖြင့် ဆက်သွားလျှင်၊ သင်၏အယူအဆများအားဖြင့် လှည့်စားခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ သန့်စင်ခံရနိုင်လိမ့်မည် မဟုတ်သကဲ့သို့ စုံလင်ခံရနိုင်လိမ့်မည်လည်း မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့၏ရလဒ်များကို ၎င်းတို့၏ ဆောင်ရွက်ချက်အားဖြင့် ဘုရားသခင် အဆုံးအဖြတ်ပေးခြင်းအထဲမှ အဓိပ္ပာယ်” မှ

လူအချို့က ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခြင်းနှင့် သူ၏ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းတို့ပြီးနောက် သို့မဟုတ် ၎င်းတို့၏ စရိုက်မှန်များ ထုတ်ဖော်ခံရပြီးသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏အဆုံးသတ်များကို ပြောင်းလဲရန် မဖြစ်နိုင်ဟု ယုံကြည်ကြသည်။ လူအများစုသည် ဤသည်မှ ကျော်ပြီး မမြင်နိုင်ကြပေ။ ၎င်းတို့သည် ယင်းတွင် ပိတ်မိနေကြပြီး မည်သို့ရှေ့ဆက်ရမည်ကို မသိကြပေ။ သာမန်အားဖြင့် ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်း မရှိသေးဘဲ၊ ဆုတ်ဆိုင်းမှု တစ်စုံတစ်ခုမျှ မခံစားရသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့၏ယုံကြည်မှုတွင် သမ္မာတရားကို လိုက်စားသင့်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းသင့်သည်ဟု ခံစားကြရသည်။ သို့သော် ၎င်းတို့သည် ဒုက္ခခံစားရပြီးသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့၏ သစ္စာဖောက်သော သဘာဝက ပေါ်ထွက်လာသည်။ ဤသည်က မြင်ရသည်မှာ ရွံရှာစရာ ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည်လည်း ရွံရှာသည်ဟု ခံစားကြရပြီး၊ နောက်ဆုံးတွင် “ငါတော့ ပွဲသိမ်းသွားပြီး။ ငါက ဒီလိုအရာတွေကို လုပ်နိုင်စွမ်းရှိရင်၊ ငါ့ဘဝ ဇတ်သိမ်းပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား။ ဘုရားသခင်က ငါ့ကို ဘယ်တော့မှ ကယ်တင်မှာ မဟုတ်ဘူး။” ဟု ပြောလျက်၊ ၎င်းတို့၏ ကိုယ်ပိုင် အဆုံးသတ်ကို ဘောင်ခတ်ကြသည်။ လူများစွာတို့သည် ဤအခြေအနေတွင် ရှိကြသည်။ လူတိုင်းသည် ဤကဲ့သို့ ဖြစ်သည်ဟုပင် ဆိုနိုင်သည်။ လူများသည် မိမိတို့ကိုယ်ကိုယ် အဘယ့်ကြောင့် ထိုသို့ ဘောင်ခတ်ကြသနည်း။ ယင်းက ၎င်းတို့သည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်သေးဟု သက်သေပြနေသည်။ တစ်ကြိမ်မျှသာ ကိုင်တွယ်ဖြေရှင်းခံရခြင်းက သမ္မာတရားကို လိုက်စားခြင်းမှ ကြာရှည်သော အဆက်ပြတ်ခြင်း တစ်ခုဆီသို့သာ သင့်ကို ဆိုက်ရောက်စေသည်။ အသေးစား အမှားတစ်ခုကို ပြုမိခြင်းက သင့်အား သင်၏တာဝန်ကို ဖြည့်ဆည်းခြင်းမှ တားဆီးပေသည်။ အသေးစား ဖြစ်စဉ်လေးတစ်ခုကပင် သင့်ကို ပိတ်မိစေဖို့ ဦးတည်နိုင်သည်။ ယင်းက လူများသည် အပြစ်အနာအဆာကင်းပြီး ပြစ်ချက် မရှိသည့်အခါမှသာ စိတ်အားထက်သန်သော်လည်း၊ ၎င်းတို့သည် အလွန်အကျွံ ဖောက်ပြန်ပျက်စီးသည်ကို သိရှိသည့်အခါ၊ သမ္မာတရားကို ဆက်လက်လိုက်စားလိုစိတ် မရှိသည့်အလားဖြစ်သည်။ လူများစွာတို့က “ငါ့အတွက်တော့ သေချာပေါက် ပွဲသိမ်းသွားပြီ။ ငါကယ်တင်ခံရနိုင်ဖို့ မဖြစ်နိုင်ဘူး။ ဘုရားသခင်က ငါ့ကို ခွင့်လွှတ်ရင်တောင်၊ ငါ့ကိုယ်ငါ ခွင့်မလွှတ်နိုင်ဘူး။ ငါဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။” ဟူသကဲ့သို့သော အားမလိုအားမရဖြစ်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း စကားများကို ပြောခဲ့ကြသည်။ လူများသည် ဘုရားသခင်၏အလိုတော်ကို နားမလည်ကြပေ၊ ယင်းက ၎င်းတို့သည် သူ၏အမှုကို မသိကြသေးသည်ကို ပြသနေသည်။ အမှန်တွင် ၎င်းတို့၏ သာမန် ဝင်ရောက်မှု အတွင်းတွင် လူသားများသည် တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြကြသည်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် စွန်းထင်းနေသည်၊ ၎င်းတို့သည် လုံးဝ တာဝန်မယူပေ၊ ၎င်းတို့တွင် သစ္စာစောင့်သိခြင်းမရှိဘဲ၊ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုကြသည်- ပြီးလျှင် ဤအရာအားလုံးသည် တကယ့်ကို ဗီဇအရဖြစ်သည်။ ဤအရာများသည် ရှောင်လွှဲမရနိုင်သော ပုံစံ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ထိုသို့သော အရာများ ထုတ်ဖော်ခံရခြင်း မရှိဘဲ၊ ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားများဟု အဘယ့်ကြောင့် ခေါ်နိုင်မည်နည်း။ လူသားမျိုးနွယ်သည် ဖောက်ပြန်ပျက်စီးခြင်း မရှိခဲ့ပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်၌ အရေးပါမှုလည်း ရှိမည် မဟုတ်ပေ။ လက်ရှိတွင် အခြေအနေမှာ လူများက သမ္မာတရား ကင်းမဲ့ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် မသိကြဘဲ၊ ၎င်းတို့၏ အခြေအနေများသည် ၎င်းတို့အဖို့ ရှင်းရှင်းလင်းလင်း မရှိကြပေ၊ ထို့ကြောင့် ၎င်းတို့ကို ဖော်ထုတ်ပြီး လူသိအောင် လုပ်ဖို့ လိုအပ်သည်။ ဉာဏ်အလင်းပေးခြင်းက လူများ ဖော်ထုတ်ခြင်းခံရသည့်အခါမှသာ လာလိမ့်မည်၊ အကြောင်းမှာ ၎င်းတို့အားလုံးသည် ခံစားချက်ကင်းမဲ့ပြီး နုံကာ၊ ဤအမှုမျိုး မလုပ်ဆောင်မချင်း၊ ၎င်းတို့သည် ပြောင်းလဲမည် မဟုတ်သောကြောင့် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝတွင် တူညီမှုများနှင့် ခြားနားချက် တို့ကို နားလည်ခြင်း” မှ

အကြိမ်များစွာ ကျရှုံးခြင်းနှင့် ပြိုလဲကျခြင်းသည် ဆိုးသည့် အရာမဟုတ်သလို၊ ဖော်ထုတ်ခံနေရခြင်းသည်လည်း ဆိုးသည့် အရာ မဟုတ်ပါ။ သင် ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ဖော်ထုတ်ခံရသည်ဖြစ်စေ၊ ဤအရာကို တစ်ချိန်လုံး သင် မှတ်မိရမည်- ဖော်ထုတ်ခံရခြင်းဆိုသည်မှာ သင်သည် ရှုတ်ချခံနေရခြင်း ဖြစ်သည်ဟု မဆိုလိုပေ။ ဖော်ထုတ်ခံနေရခြင်းသည် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်၊ မိမိကိုယ်ကိုယ် သိရှိရန် ယင်းမှာ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင့်အတွင်းရှိ အမှုအရာများ၊ သတိပြုမိဖို့ ခဲယဉ်းပြီး တူးဖော်ဖို့ ခက်ခဲသည့် သင့်အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် ထိုရှုထောင့်များအားလုံးကို သင် သိရှိလာနိုင်လျှင်၊ ဤသည်မှာ ကောင်းသော အရာတစ်ခု ဖြစ်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ၊ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ပြီး စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကိုယ် စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင်၊ သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” မှ

အရှေ့သို့- ၂၈) ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းနှင့်သက်ဆိုင်သော အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၃၀) စမ်းသပ်မှုနှင့် စစ်ဆေးမှုတို့ကို ကြုံခြင်းနှင့်သက်ဆိုင်သော အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်