၂၈။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းနှင့်သက်ဆိုင်သော အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တိတိကျကျ သမ္မာတရားဖြစ်သည်ကို အသိအမှတ်ပြုဖို့ လိုအပ်သည်။ လူသား အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ ယင်းတို့သည် အပြုသဘောဆောင်သောအရာများ၏ လက်တွေ့အရှိတရားဖြစ်သည်။ ကောင်းကင် ပြိုလဲသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မပြောင်းမလဲ ရှိနေပေသည်။

(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ‌ဖွင့်ဟချက်များနှင့် တရားစီရင်ခြင်းတို့က မည်မျှ ပြင်းထန်သည်ဖြစ်စေ သို့မဟုတ် မကွယ်မထောင့် ထိုးထွင်းနိုင်သည်ဖြစ်စေ၊ ယင်းတို့သည် အတိုင်းအတာတစ်ခုခုထိ အမှန်တရားနှင့် ကိုက်ညီသရွေ့၊ တစ်ဦးတစ်ယောက်သည် ယင်းတို့ကို လက်ခံကာ နာခံသင့်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့ကို ရှာဖွေသင့်ပေသည်။

(၃) တစ်ဦးတစ်ယောက် တွေ့ကြုံသည့် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ပဓာနမထားဘဲ၊ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းသင့်ပြီး သမ္မာတရားကို ရှာဖွေသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်ပြီး၊ ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ပြီး ထိုသို့ဖြင့် စာတန်ကို အရှက်ရစေသင့်ပေသည်။

(၄) ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့်ပတ်သက်၍၊ တစ်ဦးတစ်ယောက်သည် ယင်းကို ကျိုးနွံနာခံသင့်ကာ လက်ခံသင့်ပြီး ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းဖို့ မိမိကိုယ်ကိုယ် သုံးသပ်သင့်ကာ သမ္မာတရားကို ရှာဖွေသင့်ပြီး ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ခံရသင့်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။ ဥပမာအားဖြင့်၊ လူများက ၎င်းတို့သည် မောဘမှ ဆင်းသက်ခဲ့ကြသည်ကို သဘောပေါက်ကြသည့်အခါ၊ ၎င်းတို့သည် စောဒကတက်သည့် စကားများကို တင်လျှောက်ခဲ့ကြသည်၊ အသက်ကို လိုက်စားခြင်းအား ရပ်စဲခဲ့ကြပြီး၊ လုံးဝ အပျက်သဘောဆောင် လာခဲ့ကြသည်။ ဤအရာက လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အပြည့်အဝ မကျိုးနွံမနာခံနိုင်ဆဲ ဖြစ်သည်ကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတိအကျ ဖြစ်သည် မဟုတ်လော။ သင်သည် ပြစ်တင်ဆုံးမခြင်းကို ခံရခြင်း မရှိခဲ့ချိန်တွင်၊ သင်၏ လက်များသည် အခြားသူများထက် ယေရှု၏ လက်များထက်ပင် သာ၍ မြင့်အောင် မြှောက်ထားခဲ့သည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့်၊ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ပျပ်ဝပ်ဖို့ထက် အသေခံကြမည်။ စာတန်အိုကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးသည် တန်ခိုးအာဏာမှ လက်မှိုင်ချလျက် ကျဆင်းပါစေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်။”ဟု အော်သည်။ သင်၏ အော်ဟစ်မှုများသည် အခြားသူများ အားလုံးထက် ပိုမို ကျယ်လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမခြင်း အချိန်ကာလ ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရလေသည်။ ထိုအခါ ၎င်းတို့၏ ဟစ်အော်မှုများ ရပ်စဲသွားခဲ့ပြီး၊ ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် ကျရှုံးသွားခဲ့သည်။ ဤသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်သည်။ အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက်၊ ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး၊ လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထို့သို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးသကဲ့သို့ မမှတ်ယူပါက၊ ယင်းတို့ကို မည်သို့ ရှောင်ရှားရမည်ကိုသာ သို့မဟုတ် ထိုအရာများ မပါဝင်သည့် အသစ်သော ထွက်ပေါက်တစ်ခုကို မည်သို့ ရှာဖွေရမည်ကိုသာ သင် တွေးတောပါက၊ သင်သည် အလွန်ဆိုးရွားသော အပြစ်သား တစ်ဦးဖြစ်သည်ဟု ငါပြော၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။ ဤသည်မှာ အနာဂတ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်သည်မှာ မှန်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သင်သည် မိမိကိုယ်ကိုယ် သိရှိဖို့အလို့ငှာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ မနာခံတတ် ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အတွေ့အကြုံ ရရှိဖို့နည်းလမ်းလည်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ ကျိုးနွံနာခံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားသည်ဖြစ်စေ၊ သို့မဟုတ် လူအမျိုးအစားများကို ချပြသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” မှ

လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” မှ

ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ခံရရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့်အခါ သင် အသိအမှတ်ပြုပြီး ဤနှုတ်ကပတ်တော်များကို နာခံ၏၊ သင်သည် မည်သည့် ဆင်ခြေမျှ ပေးခြင်းမရှိ သို့မဟုတ် စံရွေးဖို့ ကြိုးစားခြင်းမရှိဘဲ၊ ထိုအရာတို့ကို အကြွင်းမဲ့ သင် လက်ခံပြီး ကိုယ်တော်ပြောသည့် အရာပေါ် အခြေခံ၍ သင်သည် မိမိကိုယ်ကိုယ် သိရှိလာပေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းအား ဆိုလိုသည့်အရာ ဖြစ်သည်။ ကိုယ်တော် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သင်၏စိတ်နှလုံးကို သူ၏ မိန့်မြွက်ချက်များက မည်မျှစူးဝင်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ သူသည် သမ္မာတရားကို ရရှိနိုင်ပြီး သူ၏ စိတ်သဘောထား ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံရရှိသောအခါ၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငါတို့၏ စိတ်နှလုံးများကို ထိုးဖောက်မည်ကို ကြောက်ရွံ့ခြင်း ရှိဖို့မဆိုထားနှင့်၊ ဆင်းရဲဒုက္ခကို ကြောက်ရွံ့ရမည်မဟုတ်သကဲ့သို့ နာကျင်မှုကိုလည်း မစိုးရွံ့သင့်ပေ။ ငါတို့သည် ငါတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းနှင့် ငါတို့၏ ပျက်စီးသော အနှစ်သာရများကို ဖော်ထုတ်ခြင်းတို့နှင့်သက်ဆိုင်သော သူ၏ မိန့်မြွက်ချက််များကို သာ၍ ဖတ်ရှုသင့်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့ကို ဖတ်ရှုပြီး ၎င်းတို့နှင့်ကိုက်ညီအောင် မိမိတို့ကိုယ်ကိုယ် ပို၍ ထိန်းသိမ်းရမည်။ အခြားသူများကို ၎င်းတို့နှင့် မနှိုင်းယှဉ်ပါနှင့်- ငါတို့သည် မိမိတို့ကိုယ်ကိုယ် ၎င်းတို့နှင့်နှိုင်းယှဉ်ရမည်။ ငါတို့သည် ဤအရာများ တစ်ခုချင်းစီ၌ မချို့တဲ့ကြပါ။ ငါတို့သည် ဤအရာများနှင့် အားလုံးကိုက်ညီနိုင်သည်။ သင် မယုံကြည်ပါက၊ ကိုယ်တိုင် သွား၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ လူအချို့သည် ထိုနှုတ်ကပတ်တော်များကို မိမိတို့ကိုယ်ကိုယ်အဖို့ ကျင့်သုံးနိုင်စွမ်းမရှိကြပေ။ ၎င်းတို့က ဤနှုတ်ကပတ်တော်များ၏ အစိတ်အပိုင်းများသည် ၎င်းတို့နှင့် မပတ်သက်ဘဲ၊ ယင်းအစား အခြားလူများနှင့် ပတ်သက်သည်ဟု ထင်ကြ၏။ ဥပမာအားဖြင့်၊ ဘုရားသခင်က လူတို့ကို မိန်းမပျက်များနှင့် ပြည့်တန်ဆာများအဖြစ် ဖော်ထုတ်သည့်အခါတွင်၊ ညီအစ်မအချို့က ၎င်းတို့သည် ၎င်းတို့၏ လင်ယောက်ျားများကို မလွဲမသွေ သစ္စာရှိကြပြီးဖြစ်သောကြောင့်၊ ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ရည်ညွှန်းခြင်း ဖြစ်ရမည်မဟုတ်ဟု ခံစားရသည်။ ညီအစ်မ အချို့က၊ ၎င်းတို့အနေဖြင့် အိမ်ထောင်မပြုကြသကဲ့သို့ မည်သည့်အခါတွင်မျှ လိင်ဆက်ဆံခြင်းမရှိဖူးသည့်အတွက်၊ ထိုသို့သော နှုတ်ကပတ်တော်များသည် ၎င်းတို့နှင့်လည်း ပတ်သက်မည်မဟုတ်ဟု ခံစားကြလေသည်။ ညီအစ်ကို အချို့က ဤနှုတ်ကပတ်တော်များသည် အမျိုးသမီးများကိုသာ ရည်ရွယ်ထားပြီး ၎င်းတို့နှင့် မည်သို့မျှ ပတ်သက်မှုမရှိဟု ထင်ကြသည်။ လူအချို့က ထိုသို့သော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကြားမကောင်းလွန်းလှဟု ယုံကြည်ကြပြီး ထိုနှုတ်ကပတ်တော်များကို လက်ခံဖို့ ငြင်းဆန်ကြသည်။ အချို့ဖြစ်ရပ်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မှားယွင်းသည်ဟု ပြောဆိုသော လူများပင် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ရှိသင့်သော မှန်ကန်သည့် သဘောထား ဖြစ်ပါသလော။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ် အခြေခံကာ မိမိတို့ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်နိုင်စွမ်းမရှိကြချေ။ ဤနေရာ၌၊ “မိန်းမပျက်များ” နှင့် “ပြည့်တန်ဆာများ” သည် လူတို့၏ လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ရည်ညွှန်းပေသည်။ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ အိမ်ထောင်ရှိသူဖြစ်စေ အိမ်ထောင်မရှိသူ ဖြစ်စေ၊ အယောက်တိုင်းသည် လိင်မှုထွေပြားခြင်းနှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးခြင်းကို ပိုင်ဆိုင်ထားကြ၏- သို့ဆိုလျှင် ယင်းသည် သင်နှင့် မည်သို့မျှ မပတ်သက်ဘဲ ရှိနိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်၏။ အမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ တစ်ဦးတစ်ယောက်၏ ဖောက်ပြန်ပျက်စီးခြင်း အဆင့်သည် တူညီပေသည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်မီ၊ ဤမိန့်မြွက်ချက်များက နားကြားကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့က ခါးသီးသော ခံစားမှုကို ပေးသည်ဖြစ်စေ၊ ချိုမြိန်သော ခံစားမှုတစ်ခုကို ပေးသည်ဖြစ်စေ၊ ဘုရားသခင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များ တစ်ခုတိုင်းကို ငါတို့ လက်ခံရမည်ဖြစ်သည်ကို ငါတို့ နားလည်ထားရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ငါတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဤသည်မှာ မည်သို့သောသဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဆက်ကပ်မှုရှိသော သဘောထား၊ သည်းခံမှုရှိသော သဘောထား သို့မဟုတ် ဆင်းရဲဒုက္ခကို ပွေ့ဖက်သည့် သဘောထား တစ်ခုလော။ သင်တို့ကိုငါပြောသည်၊ ဤအရာများထဲမှ တစ်ခုမျှမဟုတ်ပေ။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း အတည်ပြုရမည်။ ၎င်းတို့သည် သမ္မာတရား ဖြစ်သောကြောင့် ငါတို့သည် ၎င်းတို့ကို ဆင်ခြင်တုံတရားဖြင့် လက်ခံသင့်သည်။ ငါတို့သည် ၎င်းကို လက်ခံနိုင်ခြင်း သို့မဟုတ် အသိအမှတ်ပြုနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါတို့၏ ပထမ သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခြွင်းချက်မရှိ လက်ခံခြင်း ဖြစ်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စာတစ်ကြောင်းစီတိုင်းက တိကျသော အခြေအနေတစ်ခုနှင့် ဆက်စပ်သည်။ ဆိုလိုသည်မှာ၊ သူ၏ မိန့်မြွက်ချက်များ၏ စာကြောင်းများထဲမှ မည်သည့်စာကြောင်းမျှ ပြင်ပ စည်းမျဉ်းများ သို့မဟုတ် လူတို့ထဲက ရိုးရှင်းသော အပြုအမူ ပုံစံတစ်ခုအကြောင်း ဖြစ်ဖို့မဆိုထားနှင့်၊ အပြင်ပန်း သွင်ပြင်များအကြောင်း မဟုတ်ပေ။ ၎င်းတို့သည် ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင် မိန့်မြွက်သော စာကြောင်းတိုင်းကို လူသား၏ ရိုးရှင်းသော အပြုအမူအမျိုးအစားတစ်ခုနှင့် ပတ်သက်သည့်အရာအဖြစ် သို့မဟုတ် အပြင်ပန်း သွင်ပြင်တစ်ခုအဖြစ် သင် မြင်လျှင်၊ သင်သည် ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသကဲ့သို့ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင် မသိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လေးနက်၏။ မည်သို့ လေးနက်ကြသနည်း။ ဘုရားသခင် ပြောဆိုသည့်အရာတိုင်း၊ ထုတ်ဖော်ပြသည့်အရာတိုင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သူတို့၏ အသက်တာများအတွင်း ပဓာနကျပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သော အကြောင်းအရာတို့အကြောင်း ဖြစ်သည်။ ၎င်းတို့သည် ပဓာနကျသောအရာများဖြစ်ပြီး၊ အပြင်ပန်း သွင်ပြင်များ မဟုတ်သကဲ့သို့ အထူးသဖြင့် အပြင်ပန်း အပြုအမူများ မဟုတ်ပေ။ လူတို့ကို ၎င်းတို့၏ အပြင်ပန်း သွင်ပြင်များမှ ရှုမြင်သည့်အခါ၊ ၎င်းတို့အားလုံး အဆင်ပြေသည်ဟု ထင်ရသည်။ သို့ဆိုလျှင် လူအချို့သည် ဆိုးညစ်သော ဝိညာဉ်ဆိုးများဖြစ်ပြီး အချို့မှာ ညစ်ညူးသော ဝိညာဉ်များဖြစ်သည်ဟု ဘုရားသခင်က အဘယ်ကြောင့် ပြောပါသနည်း။ ဤသည်မှာ သင်အဖို့ မြင်သာသော ကိစ္စရပ်တစ်ခုမဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိန်းသိမ်းရန် ပုံပန်းသဏ္ဌာန် သို့မဟုတ် အပြင်ပန်းမှ သင်တွေ့ရသည့်အရာအပေါ် သင် မှီခို၍မရနိုင်ချေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား အားထုတ်ခြင်း၏ အရေးပါမှုနှင့် လမ်းကြောင်း” မှ

လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့၏ အတွေးတိုင်းနှင့် စိတ်ကူးအတွင်းတွင်၊ ၎င်းတို့ လုပ်ရပ်တိုင်း၏ နောက်ကွယ်က ရည်ရွယ်ချက်များအတွင်းတွင် ကွယ်ဝှက်နေ၏၊ ယင်းသည် အရာရာတိုင်းအပေါ် လူသား၌ရှိသော ရှုထောင့်အမြင်အားလုံးထဲနှင့် ဘုရားသခင် လုပ်ဆောင်သမျှကို ချဉ်းကပ်ရာတွင် ၎င်းတို့ရှိကြသည့် ထင်မြင်ချက်တိုင်း၊ နားလည်မှုတိုင်း၊ ရှုထောင့်အမြင်တိုင်းနှင့် စိတ်ဆန္ဒတိုင်းအတွင်း ကွယ်ဝှက်နေ၏။ ယင်းမှာ အတွင်းထဲ၌ ကွယ်ဝှက်ထားသည်။ ထို့ပြင် ဘုရားသခင်သည် မည်သည့်အရာပြုလုပ်သနည်း။ ဘုရားသခင်သည် လူသား၏ ဤအရာများကို မည်သို့ ချဉ်းကပ်သနည်း။ သင့်ကို ထုတ်ဖော်ပြဖို့ရန် အခြေအနေများကို သူ စီစဉ်၏။ သင့်ကို ထုတ်ဖော်ပြရုံသာမက၊ သင့်ကို တရားလည်း သူ စီရင်မည်ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်ပြသည့်အခါ၊ ဘုရားသခင်ကို အာခံသည့် အတွေးများနှင့် စိတ်ကူးများ သင်ရှိသည့်အခါ၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်သည့် အခြေအနေများနှင့် ရှုထောင့်အမြင်များ သင် ရှိသည့်အခါ၊ ဘုရားသခင်ကို သင်နားလည်မှုလွဲသည့်၊ သို့မဟုတ် သူ့ကို အာခံပြီး ဆန့်ကျင်သည့် အခြေအနေများ သင်ရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို ပြစ်တင်မောင်းမဲမည်၊ သင့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမည်၊ ပြီးလျှင် တစ်ခါတစ်ရံ သင့်ကို သူ အပြစ်ပင်ပေးပြီး ပဲ့ပြင်ဆုံးမလိမ့်မည်။ သင့်ကို ပဲ့ပြင်ဆုံးမခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင် ပြုလုပ်သည့်အရာသည် မှားယွင်းကြောင်း သင့်ကို နားလည်စေရန်ဖြစ်သည်။ “ငါစဥ်းစားခဲ့တဲ့အရာတွေဟာ လူသားရဲ့ အယူအဆများဖြစ်ပြီး အဲဒါတွေဟာ မှားယွင်းခဲ့တယ်။ ငါ့ရဲ့ ရည်ရွယ်ချက်ဟာ စာတန်ဆီက၊ လူ့အလိုဆန္ဒထဲက လာခဲ့တာဖြစ်ပြီး အဲဒါက ဘုရားသခင်ကို ကိုယ်စားမပြုခဲ့ဘူး။ အဲဒါဟာ ဘုရားသခင်နဲ့ သဟဇာတမဖြစ်သလို ဘုရားသခင်ရဲ့ အလိုတော်ကို မဖြည့်ဆည်းနိုင်ခဲ့ဘူး။ အဲဒါကို ဘုရားသခင် စက်ဆုပ်တယ်၊ မုန်းတီးတယ်၊ ပြီးတော့ အဲဒါက သူ့ကို ဒေါသထွက်စေတာ အဲဒါကို သူ ကျိန်ဆဲတဲ့အထိအောင်ပဲ။ ငါ့ရဲ့ရည်ရွယ်ချက်ကို ငါပြောင်းလဲရမယ်။” ယင်းကို သင် မည်သို့ ပြောင်းလဲနိုင်သနည်း။ ပထမဦးစွာ၊ သင့်ကို ဘုရားသခင် ဆက်ဆံသည့် နည်းလမ်းနှင့် သင့်အတွက် သူ စီစဉ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် နာခံရမည်။ သင်သည် နာခံမှုရှိရမည်ဖြစ်ပြီး အရာရာတိုင်းတွင် အပြစ်အနာအဆာ မရှာဖွေသင့်၊ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများကို မရှာနှင့်၊ ပြီးလျှင် သင်၏ တာဝန်များကို ခေါင်းမရှောင်နှင့်။ ဤအရာအပြင်၊ ဘုရားသခင် လုပ်ဆောင်နေသည့် အရာထဲတွင် မည်သည့်သမ္မာတရားများကို သင် လက်တွေ့လုပ်ဆောင်သင့်ပြီး ဝင်ရောက်သင့်သည်ကို သင် ရှာဖွေဖို့လိုသည်။ ဤသည်မှာ ဘုရားသခင် သင့်ကို နားလည်စေလိုသည့်အရာ ဖြစ်သည်။ သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေများအပေါ် သင် နာခံမှုရှိနိုင်ဖို့ရန်နှင့် နောက်ဆုံးတွင် သူ၏ အလိုတော်နှင့်အညီ သူတောင်းဆိုသည့်အရာကို သင် လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်စေဖို့ရန်၊ သူသည် သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ဆန်သည့် အနှစ်သာရတို့အား သတိပြုမိစေချင်သည်။ ဤသို့ဆိုလျှင် အတွေ့အကြုံဆိုးကြီးကို သင် ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စစ်မှန်စွာနာခံခြင်းသာလျှင် လက်တွေ့ကျသောယုံကြည်မှုတစ်ခုဖြစ်၏” မှ

လူသားသည် ဇာတိပကတိအလယ်တွင် အသက်ရှင်သည်၊ ယင်းမှာ သူသည် လူ့ငရဲတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ၊ လူသားသည် စာတန်လောက် ညစ်ညူးပေသည်။ လူသားသည် မည်သို့သန့်ရှင်းနိုင်မည်နည်း။ ပေတရုက ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူသား၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကျေးဇူးတော် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်မှောက် အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။ ပေတရုက၊ “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမကာ တရားစီရင်သရွေ့၊ ကိုယ်တော်သည် ကျွန်ုပ်ကို ပစ်ခွာမသွားသေးသည်ကို ကျွန်ုပ်သိပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်းကို မပေးသကဲ့သို့၊ ဒုက္ခဆင်းရဲထဲတွင် ကျွန်ုပ်ကို အသက်ရှင်စေကာ ကျွန်ုပ်အပေါ် မရေမတွက်နိုင်သည့် ဆုံးမခြင်းများ ပေးလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မစွန့်ခွာသမျှကာလပတ်လုံး၊ ကျွန်ုပ်၏ စိတ်နှလုံး ငြိမ်းအေးနေပါလိမ့်မည်။ ယနေ့တွင်၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာပေပြီ။ ကျွန်ုပ်အား ကိုယ်တော်ပေးသော ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပါသည်။ ယနေ့ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး၊ ထိုထက်ပို၍ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ဇာတိပကတိ၏ သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော ကွယ်ကာမှုကို ရှာဖွေနိုင်ခဲ့သည်။ သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ သတ္တဝါ တစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။ လူသားသည် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး ဇာတိပကတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းမခံရသကဲ့သို့၊ ဘုရားသခင်၏ ကွယ်ကာမှုကို မရရှိပါက၊ လူသားသည် ယခင်ထက် ပို၍ အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် သူ ဆန္ဒရှိပါက၊ သူသည် သန့်ရှင်းစေခြင်းခံရမည်ဖြစ်ပြီး ကယ်တင်ခြင်းကို ခံရမည်။ ပေတရုက၊ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာ ဆက်ဆံသည့်အခါ၊ ကျွန်ုပ် ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမသည့်အခါ၊ ကျွန်ုပ်သည် ပို၍ပင် ကြီးမားသော နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပါသည်။ ကျွန်ုပ်သည် အားနည်းပြီး ဖော်မပြနိုင်လောက်အောင်များသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်ဖြစ်ကာ၊ ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စိတ်ဆန္ဒများကို ကျွန်ုပ် မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ သတ်မှတ်ချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့်၊ ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏၊ သို့သော် ဤနယ်ပယ်ကို ကျွန်ုပ် ကြိုးပမ်းရရှိရန် လိုလားနေပါသည်၊ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှ အားလုံးကို လုပ်ဆောင်ရန် ကျွန်ုပ် လိုလားနေပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်အား ကွယ်ကာမှုကို ဆောင်ကြဉ်းပေးပြီးဖြစ်သကဲ့သို့၊ အကောင်းဆုံးသော ကယ်တင်ခြင်းကို ကျွန်ုပ်အား ပေးလေပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မှေးမှိန်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊ ကိုယ်တော်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့တွင်၊ ကိုယ်တော်၏ ချစ်ခြင်းသည် ကောင်းကင်တို့ကို ကျော်လွန်ပြီး အခြားအရာအားလုံးအထက်တွင် သာလွန်ထူးကဲ သည်ကို ကျွန်ုပ် သာ၍ပင် မြင်ရပါသည်။ ကိုယ်တော်၏ ချစ်ခြင်းသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်သာ မဟုတ်ပါ။ ထို့ထက်ပို၍ပင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အလွန်များစွာ ပေးပြီးဖြစ်သည်။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲနှင့်၊ လူတစ်ဦးတစ်ယောက်မျှ သန့်စင်ခံရမည် မဟုတ်သကဲ့သို့၊ လူတစ်ဦးတစ်ယောက်မျှ ဖန်ဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံရပြီးဖြစ်ကာ သေလုနီးနီးပင်ဖြစ်ပြီးသော်လည်း၊ ယင်းတို့က ကျွန်ုပ်အား ကိုယ်တော်ကို အမှန်တကယ် သိရှိဖို့နှင့် အထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိရန် ကျွန်ုပ်အား အခွင့်ပေးလေပြီ။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားခဲ့မည်ဆိုလျှင်၊ ကျွန်ုပ်သည် အမှောင်တွင် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်ရပါမည်။ လူသား၏ ဇာတိပကတိသည် မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ အကယ်၍ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို စွန့်ခွာခဲ့မည်ဆိုပါက၊ ယင်းမှာ ကိုယ်တော်၏ ဝိညာဉ်တော်က ကျွန်ုပ်အား စွန့်ခွာခဲ့ပြီး ဖြစ်သည့်အလား၊ ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ မရှိတော့သည့်အလား ဖြစ်ပါမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား နာမကျန်းမှုကို ပေးပြီး၊ ကျွန်ုပ်၏ လွတ်လပ်မှုကို ယူဆောင်ပါက၊ ကျွန်ုပ်သည် ဆက်လက် ရှင်သန်နိုင်သော်လည်း၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အစဉ်စွန့်ခွာပါက၊ ကျွန်ုပ် ဆက်လက် အသက်ရှင်နိုင်မည်မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိခဲ့ပါက၊ ကျွန်ုပ်အတွက် စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းလွန်းသော မေတ္တာဖြစ်သည့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ဆုံးရှုံးရပြီး ဖြစ်ပါမည်။ ကိုယ်တော်၏ မေတ္တာမရှိဘဲနှင့်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် အသက်ရှင်မည် ဖြစ်ပြီး၊ ကိုယ်တော်၏ ဘုန်းအသရေရှိသော မျက်နှာတော်ကို မြင်တွေ့နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ထိုသို့သော အမှောင်၊ ထိုသို့သော ဘဝကို ကျွန်ုပ်မည်သို့ ကြံ့ကြံ့ခံနိုင်မည်နည်း။ ကိုယ်တော် ကျွန်ုပ်နှင့်အတူ ရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ် မည်သို့ စွန့်ခွာနိုင်မည်နည်း။ စိတ်ချစေရန် အားပေးစကား အနည်းငယ်သာ ဖြစ်လျှင်ပင်၊ ကျွန်ုပ်၏ အကြီးမားဆုံးသော နှစ်သိမ့်မှုကို ကျွန်ုပ်ထံမှ ယူဆောင်မသွားရန် ကိုယ်တော်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါ၏၊ ကိုယ်တော့်ကို ကျွန်ုပ် တောင်းခံပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီးဖြစ်ကာ၊ ယနေ့တွင် ကိုယ်တော့်ထံပါးမှ ကျွန်ုပ် ဝေးကွာ၍ မရနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့်၊ ကျွန်ုပ်သည် ဝမ်းနည်းမျက်ရည်များစွာ ကျရပြီးဖြစ်သော်လည်း၊ ဤသို့သော အသက်တာသည် ပို၍ အဓိပ္ပာယ်ရှိသည်၊ ကျွန်ုပ်ကို သာ၍ ကြွယ်ဝစေနိုင်သည်၊ ကျွန်ုပ်ကို သာ၍ ပြောင်းလဲစေနိုင်ပြီး၊ သတ္တဝါများက ပိုင်ဆိုင်သင့်သည့် သမ္မာတရားကို ကြိုးပမ်းရရှိဖို့ ကျွန်ုပ်ကို သာ၍ အခွင့်ပေးနိုင်သည်ဟု ကျွန်ုပ်အမြဲခံစားရပါ၏” ဟူ၍ ဆုတောင်းခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

သင်တို့သည် အနည်းငယ်သော အချုပ်အချယ်၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရသည့်အခါ ၎င်းမှာ သင်တို့အတွက် ကောင်းသည်၊ အကယ်၍ သင်တို့သည် လွယ်ကူသက်သာသော အချိန်တစ်ခုကို ပေးခြင်းခံရပါက၊ သင်တို့သည် ပျက်စီးကြလိမ့်မည်ဖြစ်၍ သင်တို့သည် မည်ကဲ့သို့ အကာအကွယ်ပေးခြင်းကို ခံနိုင်ကြမည်နည်း။ ယနေ့တွင် သင်တို့သည် ပြစ်တင်ဆုံးမခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ကျိန်ဆဲခံရခြင်းကြောင့် အကာအကွယ်ပေးခြင်းကို ခံကြရခြင်း ဖြစ်သည်။ သင်တို့သည် များစွာဒုက္ခခံစားထားသောကြောင့် ကာကွယ်ခံရခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သင်တို့သည် ကြာနှင့်ပြီကတည်းက ဆိုးယုတ်ခြင်းထဲသို့ ကျဆင်းခဲ့မည် ဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အမှုအရာများကို တမင်တကာ ခက်ခဲအောင်လုပ်နေခြင်း မဟုတ်ပေ၊ လူသား၏ သဘာဝမှာ ပြောင်းလဲရန် ခက်ခဲပြီး လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဤနည်းဖြင့်သာ ဖြစ်ရမည်။ ယနေ့ သင်တို့၌ ပေါလု၏ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားကိုပင် ပိုင်ဆိုင်ခြင်း မရှိသည့်အပြင်၊ သူ၏မိမိကိုယ်ကို သိခြင်းပင် မရှိကြပေ။ သင်တို့ကို အမြဲတစေ ဖိအားပေးရန် လိုအပ်ပြီး၊ သင်တို့၏ ဝိညာဉ်များ နိုးထစေရန် သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို အမြဲခံရန် လိုအပ်ကြသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ သင်တို့၏ အသက်တာအတွက် အကောင်းဆုံးအရာများ ဖြစ်သည်။ ထို့အပြင် မဖြစ်မနေ လိုအပ်သောအခါ အမှန်တရားများ၏ ပြစ်တင်ဆုံးမမှု သင့်အပေါ် ကျရောက်လာခြင်းလည်း ရှိရမည်ဖြစ်သည်၊ ထိုအခါမှသာ သင်တို့သည် အပြည့်အဝ ကျိုးနွံနာခံကြမည် ဖြစ်သည်။ သင်တို့၏ သဘာဝများမှာ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်း မရှိပါက သင်တို့၏ ဦးခေါင်းများကို ကိုင်းညွတ်ရန်နှင့် ကျိုးနွံနာခံရန် မလိုလားသော သဘာဝမျိုး ဖြစ်သည်။ သင်တို့၏ မျက်စိရှေ့တွင် အမှန်တရားများ မရှိပါက မည်သည့်သက်ရောက်မှုမျှ ရှိနိုင်မည်မဟုတ်ပေ။ သင်တို့သည် အလွန်အောက်တန်းကျပြီး စာရိတ္တပိုင်းတွင် သုံးစား၍ မရကြပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိပါက သင်တို့ကို သိမ်းပိုက်ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ မဖြောင့်မတ်ခြင်းနှင့် နာခံမှုမရှိခြင်းတို့ကို ချိုးနှိမ်နိုင်ရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။ သင်တို့၏ သဘာဝဟောင်းသည် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ အကယ်၍ သင်တို့ကို ပလ္လင်ပေါ်တွင် နေရာချထားမည်ဆိုပါက၊ သင်တို့သည် ကောင်းကင်ဘုံ၏အမြင့်နှင့် မြေကြီး၏အနက်ကို သိကြလိမ့်မည် မဟုတ်ပေ၊ မည်သည့်နေရာသို့ သင်တို့ ဦးတည်နေကြောင်းကို သာ၍ပင် သိမည်မဟုတ်ချေ။ မည်သည့်နေရာမှ မိမိတို့လာကြောင်းကိုပင် သင်တို့ မသိကြသဖြင့် သင်တို့သည် ဖန်ဆင်းခြင်း၏ အရှင်သခင်ကို အဘယ်သို့ သိနိုင်ကြမည်နည်း။ ယနေ့ အချိန်မီ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ မရှိပါက၊ သင်တို့၏ နောက်ဆုံးသောနေ့ရက် ရောက်ခဲ့သည်မှာ ကြာနှင့်ပြီ ဖြစ်လိမ့်မည်။ ယင်းမှာ သင်တို့၏ ကံကြမ္မာ အကြောင်းပင် မပါသေးပေ၊ ၎င်းသည် အန္တရာယ်ကျအံ့ဆဲဆဲ ပို၍ပင် ဖြစ်လိမ့်မည် မဟုတ်လော။ အချိန်မီဖြစ်သော ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိပါက၊ သင်တို့သည် မည်မျှမာနထောင်လွှားသွားကြမည်၊ သို့မဟုတ် သင်တို့သည် မည်မျှစာရိတ္တပျက်ပြားလာကြမည်ကို မည်သူ သိသနည်း။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင်တို့ကို ယနေ့သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့က သင်တို့၏ဖြစ်တည်ခြင်းကို ထိန်းသိမ်းထားသည်။ အကယ်၍ သင်တို့သည် သင်တို့ “ဖခင်” ၏ နည်းလမ်းများအတိုင်း အသုံးပြုကာ “ပညာတတ်” ဖြစ်နေဦးမည်ဆိုပါက သင်တို့သည် မည်သည့်လောကထဲသို့ ဝင်ရောက်လိမ့်မည်ကို မည်သူသိသနည်း။ သင်တို့၌ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း လုံးဝမရှိကြချေ။ သင်တို့ကဲ့သို့သော လူများအတွက်၊ အကယ်၍ သင်တို့သည် ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် အနှောင့်အယှက်တို့ တစ်စုံတစ်ရာ ဖြစ်စေခြင်းမရှိဘဲ နာခံလိုက်နာခြင်းသာ ပြုမည်ဆိုလျှင်၊ ငါ၏ရည်မှန်းချက်များ အထမြောက်လိမ့်မည် ဖြစ်သည်။ သင်တို့သည် ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရာ၌ ပို၍ကောင်းစွာ မပြုသင့်သလော။ သင်တို့၌ အခြားမည်သည့် ရွေးချယ်စရာများ ရှိသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၆)” မှ

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏ပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့သည် ယုတ်မာသူတို့၏ တိုက်တွန်းခြင်းသို့ လိုက်ကြပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် အစေခံခြင်းကို လုပ်ဆောင်ရန်ပင် အရည်အချင်း မပြည့်မီကြသော သူတို့နှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

အရှေ့သို့- ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်ခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်