၁၂၃။ ဘုရားသခင်၌ ယုံကြည်ခြင်းတွင် အသိပညာနှင့်ယှဉ်သော ပြုမူခြင်း နိယာမများ

(၁) အသိပညာရှိခြင်း နှင့် လိမ်လည်ခြင်းအကြား ခြားနားမှုကို သိရန် လိုအပ်သည်။ အသိပညာရှိခြင်း၏ ပန်းတိုင်သည် မိမိ၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် နှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန် ဖြစ်သည်။ ၄င်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။

(၂) ဒုစရိုက်သားတို့သည် သြဇာရှိကာ၊ သူတို့၏ အကျိုးကို အလွဲသုံးစားပြုလျက်၊ ဘုရားသခင်၏ အိမ်တော်၏ အမှုတော်ကို နှောင့်ယှက် စွက်ဖက်ကြသော်လည်း၊ အသိပညာနှင့်ယှဉ်သော နည်းလမ်းများကို ဆိုးယုတ်သော စာတန်နှင့် သက်ဆိုင်သူတို့အား ဆန့်ကျင်လျက် အသုံးချရမည်။

(၃) ရိုးသားခြင်းသို့ ရှေးရှုခြင်းသည် လူသားဖြစ်ခြင်း၏ နိယာမဖြစ်သည်၊ ဘုရားသခင်ကို နှစ်ခြိုက်စေသည်၊ သို့သော် စာတန်သည် ဆိုးဝါးစွာ ဆိုးသွမ်းသောကြောင့် စာတန်၏ စရိုက်ကို ရင်ဆိုင်ရာတွင် အသိပညာကို အလေးပေးရမည်။

(၄) ဧဝံဂေလိတရားကို ဖြန့်ဝေသည့်အခါ၊ သမ္မာတရားကို လက်ခံနိုင်သောသူများကို ရှာဖွေရမည်၊ သမ္မာတရားကို မုန်းတီးသော စာတန်၏ စရိုက် ရှိသူထံသို့ ၄င်းကို လုံးဝ မဖြန့်ဝေရ။ ၄င်းသည် သမ္မာတရားနိယာမကို စောင့်ထိန်းခြင်း အပြည့်အဝ ဖြစ်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။ လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့မှစ၍ တပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှါ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။...တမြို့၌ သင်တို့ကို ညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၁၆-၂၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

တစ်ဦးတစ်ယောက်အနေဖြင့် ကဏ္ဍတိုင်းတွင် ဉာဏ်ပညာကို အသုံးပြုပြီး၊ ငါ၏ပြီးပြည့်စုံသောလမ်းခရီးကို လိုက်လျှောက်ရန် ဉာဏ်ပညာကို အသုံးပြုရမည်။ ငါ၏နှုတ်ကပတ်တော်၌ ပြုမူနေထိုင်သော သူတို့သည် ဉာဏ်ပညာ အရှိဆုံးဖြစ်၍၊ ငါ၏နှုတ်ကပတ်တော်နှင့် အညီ ပြုမူနေထိုင်သူတို့မှာ နာခံမှုအရှိဆုံးသူတို့ ဖြစ်၏။ ငါပြောသောအရာသည် ဖြစ်ပေါ်၍၊ သင်သည် ငါနှင့် စကားရည်လုရန် သို့မဟုတ် ငါ့အား နားသွင်းဖျောင်းဖျဖို့ ကြိုးစားရန် မလိုအပ်ပေ။ ငါ ဆိုသည့် အရာတိုင်းသည် သင့်ကို အမှန်တကယ် ရည်ရွယ်၍ပြောခြင်းဖြစ်သည် (ငါသည် စည်းကမ်းတင်းကျပ်သည် ဖြစ်ပါစေ၊ နူးညံ့သိမ်မွေ့ သည်ဖြစ်ပါစေ)။ အကယ်၍ သင်သည် နာခံခြင်းကို အာရုံစိုက်ပါက၊ ထိုအရာသည် ကောင်းမွန်မည်ဖြစ်ပြီး၊ ဤသည်မှာ မှန်ကန်သော ဉာဏ်ပညာ၏လမ်း ဖြစ်သည် (ထို့ပြင် ဘုရားသခင်၏ တရားစီရင်ခြင်း ကျရောက်ခြင်းအား တားဆီးသည့် နည်းလမ်းဖြစ်သည်)။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မယုံကြည်သော ဆွေမျိုးများနှင့် ရင်ဆိုင် လာရသည့်အခါတွင် သင်သည် ကိုယ်ကျင့်တရားများ ရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို အမှီပြုလော့။ စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ ထိန်းချုပ်ခွင့် မပေးနှင့်။ ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။ အခြားသူတို့ရှေ့တွင် ပုံစံတစ်မျိုး ဖြစ်ဖို့ မကြိုးပမ်းနှင့်။ ငါ့ကို ကျေနပ်စေခြင်းသည် သာ၍တန်ဖိုးရှိပြီး အလေးသာသည် မဟုတ်လော။ ငါ့ကို ကျေနပ်စေခြင်းဖြင့်၊ သင်သည် ထာဝရတည်ပြီး ရာသက်ပန်ဖြစ်သော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် သာ၍ပင် ပြည့်လိမ့်မည်မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ယုဒပြည်၌ ယေရှုအမှုပြုခဲ့ချိန်တွင် ပွင့်လင်းစွာ သူ လုပ်ဆောင်ခဲ့သည်၊ သို့သော် ယခုတွင် ငါသည် သင်တို့အလယ်တွင် တိတ်တဆိတ် အမှုပြုကာ စကားပြောသည်။ မယုံကြည်သူများသည် ယင်းကို လုံးဝ သတိမပြုမိကြချေ။ သင်တို့အလယ် ငါ၏အမှုသည် အပြင်ဘက်၌ ရှိသူများအဖို့ ပိတ်ထားလျက်ရှိသည်။ ဤနှုတ်ကပတ်တော်များ၊ ပြစ်တင်ဆုံးမခြင်းများနှင့် တရားစီရင်မှုများကို သင်တို့သာ သိကြပြီး အခြားသောသူများက မသိကြပေ။ ဤအမှုအားလုံးကို သင်တို့အလယ်တွင် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ သင်တို့အဖို့သာ ဖွင့်ဟထားပေသည်။ အချိန်မကျသေးသည့်အတွက် ယင်းကို မယုံကြည်သူများထဲမှ မည်သူမျှ မသိပေ။ ဤနေရာ၌ရှိသော လူများသည် ပြစ်တင်ဆုံးမခြင်းများကို ကြံ့ကြံ့ခံပြီးနောက် စုံလင်စေခြင်းခံရရန် နီးစပ်ကြသော်လည်း၊ အပြင်တွင်ရှိကြသူများက ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိကြချေ။ ဤအမှုသည် အလွန် ကွယ်ဝှက်လွန်းလှပေသည်။ ၎င်းတို့အဖို့၊ ဘုရားသခင် လူ့ဇာတိခံယူသည်မှာ ဖုံးကွယ်ထားလျက်ရှိသော်လည်း၊ ဤရေစီးကြောင်းအတွင်း၌ ရှိသောသူများအဖို့မူ သူသည် ဖွင့်ဟထားသည်ဟု ပြော၍ရပေသည်။ ဘုရားသခင်၌ အရာအားလုံး ဖွင့်ထားသော်လည်း၊ အရာအားလုံး ထုတ်ဖော်ပြထားသော်လည်း၊ အရာအားလုံး လွတ်လပ်သော်လည်း၊ ဤအရာသည် သူ့ကို ယုံကြည်သော သူများအတွက်သာ မှန်ကန်ပေသည်။ ကျန်သောသူများ ဖြစ်သည့် မယုံကြည်သူများနှင့် ပတ်သက်သရွေ့၊ မည်သည့်အရာကိုမျှ အသိပေးခြင်း မရှိပေ။ သင်တို့အလယ်နှင့် တရုတ်ပြည်တွင် လတ်တလော လုပ်ဆောင်လျက်ရှိသည့် အမှုသည် ၎င်းတို့ မသိစေဖို့၊ တင်းတင်းကြပ်ကြပ် ပိတ်ထားလျက်ရှိသည်။ ဤအမှုကို ၎င်းတို့ သိရှိလာခဲ့ပါလျှင်လည်း၊ ၎င်းတို့ လုပ်မည့်အရာ ဟူသမျှမှာ ယင်းကို ရှုတ်ချပြီး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံစေဖို့သာ ဖြစ်ပေသည်။ ယင်းကို ၎င်းတို့ ယုံကြည်ကြမည် မဟုတ်ပေ။ ဤခေတ်နောက်အကျန်ဆုံးနေရာဖြစ်သည့် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်မှာ လွယ်ကူသည့် အလုပ် မဟုတ်ပေ။ ဤအမှုကို လူပုံအလယ်တွင် ထားမည်ဆိုပါက၊ ဆက်လက်လုပ်ဆောင်ရန် ဖြစ်နိုင်မည် မဟုတ်ချေ။ အမှု၏ ဤအဆင့်ကို ဤနေရာတွင် တကယ်ကို ဆောင်ရွက်၍မရနိုင်ပေ။ ဤအလုပ်ကို လူပုံအလယ်တွင် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ ယင်းကို ရှေ့ဆက်လုပ်ဆောင်ရန် ၎င်းတို့ မည်သို့ခွင့်ပြုနိုင်မည်နည်း။ ဤအရာက အမှုကို သာ၍ ကြီးမားသည့်အန္တရာယ်အောက်သို့ ရောက်ရှိစေမည်မဟုတ်လော။ ဤအမှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ၊ ယင်းထက် မကျန်းမာသူများကို အံ့ဘနန်း ကျန်းမာစေပြီး နတ်ဆိုးများကိုလည်း နှင်ထုတ်ခဲ့သည့် ယေရှု၏အချိန်ကာလကဲ့သို့ ဆောင်ရွက်မည်ဆိုပါက၊ ယင်းကို နတ်ဆိုးများက အချိန်ကြာမြင့်စွာက “အကျဉ်းသား” ဖြစ်စေပြီးဖြစ်မည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို သည်းခံနိုင်ကြမည်လော။ ယခုတွင် တရားဇရပ်များထဲသို့ တရားဟောရန်နှင့် ဩဝါဒပေးရန် ဝင်ရောက်မည် ဆိုပါက၊ ငါသည် အချိန်ကြာမြင့်စွာက အစိတ်စိတ်အမြွှာအမြွှာ ပစ်ပေါက်ခံရပြီးဖြစ်မည် မဟုတ်လော။ ဤအရာ ဖြစ်အပျက်ခဲ့ပါက၊ ငါ၏အမှုကို မည်သို့ ဆက်လက် ဆောင်ရွက်နိုင်မည်နည်း။ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပွင့်လင်းစွာ လုံးဝ မပြသသည့် အကြောင်းရင်းမှာ ဖုံးကွယ်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့်၊ မယုံကြည်သူများအဖို့ ငါ၏အမှုကို မြင်၍မရ၊ သိ၍မရ၊ သို့မဟုတ် ရှာဖွေတွေ့ရှိ၍လည်း မရပေ။ အမှု၏ ဤအဆင့်ကို ကျေးဇူးတော်ခေတ်တွင် ယေရှုလုပ်ခဲ့သည်နည်းတူ လုပ်ဆောင်ခဲ့မည် ဆိုပါက၊ ယခုကဲ့သို့ အလွန် တည်တည်ငြိမ်ငြိမ် ရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့်၊ ဤကဲ့သို့ လျှို့ဝှက်စွာ အလုပ်လုပ်ခြင်းသည် သင်တို့နှင့် အမှုအဖို့ တစ်ပေါင်းတစ်စည်းတည်း အကျိုးရှိလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လှည့်ဖြားတတ်သော လူတို့က လှည့်ဖြားမှုကို လက်တွေ့လုပ်ဆောင်နေခြင်းသည် ၎င်းတို့၏ သဘာဝ ဖော်ထုတ်ခြင်း တစ်ခု ဖြစ်သည်။ ရိုးသားသော လူတို့က ဉာဏ်ပညာကို အကျိုးရှိရှိ အသုံးချခြင်းသည် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် အလုပ်တွင် လိုအပ်မှုတစ်ခုလည်း ဖြစ်သည်။ ထို့အပြင်၊ ဉာဏ်ပညာဖြင့် ပြင်ဆင်ခြင်းသည် မိမိ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် လိုအပ်ချက်ဖြစ်သည်။ ရိုးသားသော လူတစ်ဦးသည် မိုက်မဲစွာ မသိနားမလည်ပါက၊ ဉာဏ်ပညာမရှိဘဲနှင့် ၎င်းတို့၏ အလုပ်တွင် ကောင်းမွန်သော ရလဒ်များ မစွမ်းဆောင်မရရှိနိုင်သောကြောင့်၊ ၎င်းတို့သည် ဘု ရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်လျော်ပေ။ ဉာဏ်ပညာဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်၏ အလိုကို လုပ်ဆောင်ဖို့နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းနှင့် နည်းစနစ်မျိုးစုံတို့ကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလိုကို လုပ်ဆောင်ခြင်းနှင့် ကျွန်ုပ်တို့ကို ဘုရားသခင် ပေးအပ်ပြီးဖြစ်သည့်အရာကို ပြီးစီးခြင်း ပါဝင်သည့် မည်သည့် ကိစ္စရပ်တွင်မဆို၊ မည်သည့် နည်းစနစ်ကို ကျွန်ုပ်တို့ ခံယူသည်ဖြစ်စေ၊ ကောင်းမွန်သော ရလဒ်များကို ကျွန်ုပ်တို့ စွမ်းဆောင်ရရှိသရွေ့၊ ယင်းက ကျွန်ုပ်တို့ ဉာဏ်ပညာရှိသည်ကို ပြသပေသည်။ အမှုအရာများကို လုပ်ဆောင်ပြီးစီးဖို့ ပုံစံများနှင့် နည်းစနစ်များကို အသုံးပြုသည့် လူတို့သည် ဉာဏ်ပညာရှိကြသည်။ ဉာဏ်ပညာသည် အပြုသဘောဆောင်သောအရာ ဖြစ်ပြီး၊ ကောင်းမွန်သည့် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ အသုံးပြုရသည့်အရာ ဖြစ်သည်နှင့်အမျှ၊ ယင်းကို အသုံးပြုခြင်းသည် ဘုရားသခင် ချီးကျူးသောအရာ တစ်စုံတစ်ခု ဖြစ်သည်။ သို့သော်၊ လှည့်ဖြားခြင်းမှာ အပျက်သဘောဆောင်သောအရာတစ်ခု ဖြစ်ပြီး၊ စာတန်၏ လူတို့က ၎င်းတို့၏ ဖောက်ပြန်ရေး ရည်မှန်းချက်များနှင့် တစ်ဦးချင်း ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ အသုံးပြုသည့် နည်းဗျူဟာတစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံ ဉာဏ်ပညာနှင့် လှည့်ဖြားမှုတို့သည် အပြင်ပန်းတွင် တူညီသော နည်းစနစ်များ အသုံးပြုပုံရသော်လည်း၊ အသီးသီး၏ အရေးပါမှုနှင့် အသီးသီးက စွမ်းဆောင်ရရှိသည့် ရမှန်းချက်များ ကွဲပြားသည်နှင့်အမျှ၊ ထိုသို့ဖြင့် ၎င်းတို့သည် သဘာဝအားဖြင့် ကွဲပြားကြပေသည်။ လှည့်ဖြားတတ်သော လူတို့သည် ကိုယ်ရေးကိုယ်တာ၊ စက်ဆုပ်ဖွယ်သော ရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ နည်းဗျူဟာ မျိုးစုံကို အသုံးပြုကြသည်- ဤသည်ကို ဉာဏ်ပညာရှိသောသူအဖြစ် ရည်ညွှန်း၍မရနိုင်ဘဲ၊ လည်သောသူ သို့မဟုတ် အကြံသမားအဖြစ်သာ ရည်ညွှန်း၍ ရနိုင်ပေသည်။ ဘုရားသခင်၏ လူတို့သည် ရန်သူများကို နှိမ်နင်းဖို့၊ ဘုရားသခင်၏ အမှုတော်ကို ထိန်းသိမ်းဖို့နှင့် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ ဉာဏ်ပညာကို အသုံးပြုသည်။ ဤသည်မှာ လုံးဝ အပြုသဘောဆောင်ပြီး၊ ဤသည်မှာ စစ်မှန်သော ဉာဏ်ပညာ ဖြစ်သည်။ ဉာဏ်ပညာကို အသုံးပြုခြင်းသည် မှန်ကန်ကာ ကောင်းမွန်သည်။ ဤသည်မှာ လည်သောသူဖြစ်သည်ဟု တစ်စုံတစ်ဦးက ပြောပါက၊ ယင်းမှာ အပြုသဘောဆောင်သောအရာကို ရှုတ်ချဝေဖန်ခြင်းနှင့် အမှန်၊ အမှားကို ပြောင်းပြန်လှန်ခြင်း ဖြစ်သည်။ ယင်းသည် ချင့်ချိန်နိုင်စွမ်း ကင်းမဲ့သည့် မိုက်မဲသော၊ မသိနားမလည်သော လူတို့၏ အတွေးမှားတစ်ခုလည်း ဖြစ်သည်။ ကိစ္စရပ်တစ်ခုကို ကြည့်ရာတွင် ယင်း၏ အနှစ်သာရကို သင် ကြည့်ရမည်၊ ယင်း၏ အရင်းအမြစ်ကို သင် ဆွေးနွေးရမည်ဖြစ်ပြီး၊ ထိုအခါမှသာ သင့်တော်သည့် ကောက်ချက်တစ်ခုကို ချရမည်ဖြစ်သည်။ အပြင်ပန်း အသွင်သဏ္ဍာန်အားဖြင့် သင် ဝေဖန်ရုံဝေဖန်ပြီး အဓိပ္ပာယ်မရှိသည့် စကားအချို့ကို လေရှည်၍မရပေ။

အထက်အရပ်မှ မိတ်သဟာယပြုခြင်း မှ

သင်၏အပြန်အလှန်ဆက်ဆံမှုများတွင် ဉာဏ်ပညာရှိခြင်းဖြစ်သည်။ အချို့လူများက “ညီအစ်ကို မောင်နှမများနှင့် အဆင်ပြေစေရန် ဉာဏ်ပညာ လိုအပ်သလော” ဟုပြောကြသည်။ မှန်ပါ၏၊ လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဉာဏ်ပညာကို အသုံးချခြင်းက သင်၏ညီအစ်ကို မောင်နှမများအတွက် ပိုမို၍ပင် အကျိုးကျေးဇူးရှိနိုင်သည်။ အချို့က “ညီအစ်ကို မောင်နှမများအပေါ် ဉာဏ်ပညာကို သုံးခြင်းမှာ စဉ်းလဲခြင်း မဟုတ်လော” ဟု မေးကြလိမ့်မည်။ ဉာဏ်ပညာမှာ စဉ်းလဲခြင်းမဟုတ်ပေ။ အမှန်မှာ ဉာဏ်ပညာသည် စဉ်းလဲခြင်း၏ လုံးလုံးဆန့်ကျင်ဖက်ဖြစ်သည်။ ဉာဏ်ပညာကို အသုံးပြုခြင်းဆိုသည်မှာ ညီအစ်ကို မောင်နှမများ၏ ဝိညာဉ်အသက်တာ သေးငယ်သည့်အခါ၊ သင်ပြောဆိုသည်ကို ၎င်းတို့လက်မခံနိုင်သည့်အခါတွင် ၎င်းတို့နှင့် သင်စကားပြောရာတွင် သတိထားခြင်းဖြစ်သည်။ သေးငယ်သော ဝိညာဉ်အသက်တာ ရှိသူများ၊ အထူးသဖြင့် သမ္မာတရားကို မပိုင်ဆိုင်သောသူများ၊ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်သူများနှင့် ဖောက်ပြန်ပျက်စီးမှု အချို့ရှိသောသူများအတွက် သင်သည် ရိုးစင်းလွန်းပြီး ၎င်းတို့အား ပွင့်လင်းစွာ အရာအားလုံးကို ပြောပြလျှင် သင့်ထံမှ တစ်စုံတစ်ခု ရယူရန်၊ သို့မဟုတ် သင့်ကို အမြတ်ထုတ်ရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်။ ထို့ကြောင့် သင့်အနေဖြင့် အနည်းနှင့်အများ ကြိုတင်ကာကွယ်မှုများ ရှိရမည်ဖြစ်ပြီး သင်စကားပြောရာတွင် နည်းစနစ်တစ်ခုခု ရှိရမည်။ သို့ရာတွင် လူအများအပေါ် သတိထားခြင်းဆိုသည်မှာ ၎င်းတို့ကို မကူညီခြင်း၊ သို့မဟုတ် ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ မထားခြင်း မဟုတ်ပေ၊ ယင်းမှာ ၎င်းတို့ကို ဘုရားသခင်၏ အိမ်ထောင်စုအကြောင်း အရေးကြီးသည့် အရာများကို ချက်ချင်းမပြောပြခြင်းနှင့် ၎င်းတို့ကို သမ္မာတရားနှင့် ရိုးရှင်းစွာ မိတ်သဟာယဖွဲ့ပေးခြင်းကို ဆိုလိုသည်။ အကယ်၍ ၎င်းတို့သည် အသက်တာတွင် ဝိညာဉ်ရေးရာ အကူအညီ လိုအပ်ပါက၊ ၎င်းတို့သည် သမ္မာတရား၏ အထောက်အပံ့ကို လိုအပ်ပါက၊ ကျွန်ုပ်တို့သည် ဤကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့ကို ဖြည့်ဆည်းပေးရန် တတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်ရမည်။ သို့ရာတွင် ၎င်းတို့က ဘုရားသခင်၏ အိမ်ထောင်စုနှင့် ပတ်သက်၍ ဤအရာ ထိုအရာများကို မေးမြန်းစုံစမ်းပါက၊ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များနှင့် ပတ်သက်၍ ဤအရာ ထိုအရာများကို မေးမြန်းစုံစမ်းပါက၊ ၎င်းတို့ကို ပြောပြရန် မလိုအပ်ပါ။ အကယ်၍ ၎င်းတို့ကို သင်ပြောပြပါက၊ ၎င်းတို့သည် ထိုသတင်းအချက်အလက်ကို ပေါက်ကြားစေမည့် အလားအလာရှိပြီး ယင်းသည် ဘုရားသခင် အိမ်ထောင်စု၏ အမှုအပေါ် အကျိုးသက်ရောက်စေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ၎င်းတို့ မသိသင့်သောအရာ သို့မဟုတ် ၎င်းတို့သိရန်မလိုသောအရာ ဖြစ်ခဲ့သော်၊ ထိုအကြောင်းကို ၎င်းတို့အား မသိစေနှင့်။ ၎င်းတို့ သိသင့်သည့်အရာ ဖြစ်ပါက၊ ၎င်းတို့ကို အသိပေးရန် သင်တတ်နိုင်သမျှ အခိုင်အမာနှင့် ခြွင်းချန်ခြင်းမရှိဘဲ အလုံးစုံ လုပ်ဆောင်ရမည်။ သို့ဖြစ်လျှင် ၎င်းတို့သိသင့်သောအရာများမှာ အဘယ်နည်း။ သမ္မာတရားကို လေ့လာလိုက်စားခြင်းသည် လူအများသိသင့်သော အရာဖြစ်သည်။ မည်သည့်သမ္မာတရားများကို ၎င်းတို့ယူတင်ဝတ်ဆင်သင့်ကြောင်း၊ သမ္မာတရား၏ မည်သည့်ရှုထောင့်များကို ၎င်းတို့နားလည်ထားသင့်ကြောင်း၊ မည်သည့်တာဝန်များကို ၎င်းတို့ဖြည့်ဆည်းသင့်ကြောင်း၊ မည်သည့်တာဝန်များကို ၎င်းတို့ဖြည့်ဆည်းရန် ကိုက်ညီကြောင်း၊ ထိုတာဝန်များကို ၎င်းတို့ မည်ကဲ့သို့ ဖြည့်ဆည်းသင့်ကြောင်း၊ မှန်ကန်သော လူ့သဘာဝကို မည်သို့နေထိုင်သင့်ကြောင်း၊ အသင်းတော်၏ အသက်တာကို မည်သို့နေထိုင်သင့်ကြောင်း၊ အစရှိသည်တို့မှာ လူအများသိသင့်သော အရာများ အလုံးစုံဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်၏ အိမ်ထောင်စုဆိုင်ရာ စည်းမျဉ်းများနှင့် ဥပဒေသများ၊ အသင်းတော်၏ အမှုနှင့် သင်တို့၏ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို အပြင်လူများ၊ သို့မဟုတ် သင့်မိသားစုအတွင်းမှ မယုံကြည်သူများကို သာမန်ကာလျှံကာ မဖွင့်ပြောအပ်ပေ။ ဤသည်မှာ ကျွန်ုပ်တို့အနေဖြင့် ဉာဏ်ပညာကို အသုံးချသည့်အခါ စွဲကိုင်ထားရမည့် ဥပဒေသဖြစ်သည်။ ဥပမာအားဖြင့်၊ သင်သည် သင့်ခေါင်းဆောင်များ၏ အမည်များ၊ သို့မဟုတ် မည်သည့်နေရာတွင် ၎င်းတို့နေထိုင်သည်တို့ကို မည်သည့်အခါမျှ မပြောသင့်ပေ။ ထိုအရာများကို သင်ပြောပါက၊ ထိုအချက်အလက်များကို မယုံကြည်သူများက မည်သည့်အခါတွင် ကြားသွားမည်ကို သင်မသိနိုင်ဘဲ၊ ထိုအချက်အလက်များက ဆိုးယုတ်သော သူလျှိုများ၊ သို့မဟုတ် လျှို့ဝှက်စုံထောက်များထံသို့ ထပ်ဆင့်ရောက်ရှိသွားမည်ဆိုပါက ယင်းသည် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာနိုင်ပေသည်။ ဤသည်မှာ ဉာဏ်ပညာရှိရန် လိုအပ်ပြီး၊ ယင်းကြောင့်ပင်လျှင် ဉာဏ်ပညာရှိခြင်းမှာ အလွန်အရေးကြီးသည်ဟု ကျွန်ုပ်ပြောခြင်းဖြစ်သည်။ ထိုမျှသာမက၊ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည့်အခါ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သင်မပြောပြနိုင်သော သီးသန့်ပုဂ္ဂိုလ်ရေး အကြောင်းအရာ အချို့ရှိသည်။ ၎င်းတို့ကို သင်ပြောပြီးသည့်အခါ ၎င်းတို့သည် လော်လည်ပြီး သင်ပြောသည့်အရာများကို ပြက်ရယ်ပြုခြင်း၊ သင်ပြောသည့်အရာများ ပျံ့နှံ့သွားသည့်နောက်တွင် သင့်အတွက် ပြဿနာများ ဖြစ်ပေါ်စေခြင်း၊ သင်၏ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းများ ရှိနိုင်မရှိနိုင်ကို မြင်နိုင်ရန် သင်၏ညီအစ်ကို မောင်နှမများ၏ ဝိညာဉ်အသက်တာကို သင်သည် သုံးသပ်ရမည်။ ဤအကြောင်းကြောင့်ပင်လျှင် ရိုးရှင်းမှုနှင့် ပွင့်လင်းမှုရှိရာတွင် ဉာဏ်ပညာရှိရန် လိုအပ်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း ရည်ရွယ်ချက်မှာ ဘုရားသခင် တစ်ပါးရှိသည်ကို ယုံကြည်သောသူနှင့် သူ၏ ရှေ့မှောက်တွင် မှန်သော လမ်းခရီးကို လက်ခံရန်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ သူ၏ အမှုတော်ကို တွေ့ကြုံရန်၊ ကယ်တင်ခြင်းကို ရရှိရန်နှင့် သူ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် လိုလားနေသူအားလုံးကို ခေါ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ဖြစ်သည်။ ဧဝံဂေလိပြုခြင်း၏ အခြေခံသဘောတရားများနှင့် နည်းစနစ်တို့မှာ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း၏ ရည်မှန်းချက်များနှင့် အဓိပ္ပာယ်များအပေါ် အခြေခံ၍ ဧကန် ဆုံးဖြတ်ထားခြင်း ဖြစ်၏။ လူတို့၏ အခြေခံသဘောတရားများနှင့် နည်းစနစ်များကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဧဝံဂေလိပြုခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးတရားတို့ကို မစွမ်းဆောင်မရရှိနိုင်ပါက၊ ဤအရာက ထိုသို့သော အခြေခံသဘောတရားများနှင့် နည်းစနစ်တို့သည် မှားယွင်းပြီး သွေဖည်မှုတစ်ခု ရှိသည်ကို သက်သေပြပေသည်။ ကောင်းမွန်သော ရလဒ်များကို စွမ်းဆောင်ရရှိဖို့အလို့ငှာ၊ ဧဝံဂေလိကို ဟောပြောနေချိန်တွင်၊ လူတို့သည် ဉာဏ်ပညာကို အသုံးပြုခြင်းနှင့် အချို့သော နည်းစနစ်များ အသုံးပြုခြင်းကို အထူးအာရုံစိုက်ရမည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လတ်တလော ဤဆိုးယုတ်မှု နှင့် အမှောင်လောကတွင်၊ ဘာသာရေးလွတ်လပ်ခွင့်ရှိသည့် နိုင်ငံများတွင်ပင်၊ ဘာသာရေး အဖွဲ့အစည်းများအားလုံးသည် အန္တိခရစ်များနှင့် နတ်ဆိုးများ၏ ထိန်းချုပ်ခြင်းခံရပြီး၊ ဘုရားသခင်၏ အမှုတော်ကို ရှုတ်ချနေကာ ခုခံနေကြသောကြောင့် ဖြစ်သည်။ ထို့အပြင်၊ ဆိုးယုတ်သော အုပ်ချုပ်မှုစနစ်မျိုးစုံသည် ဘုရားသခင်ကို ခုခံကာ သူ၏ အမှုကို ဖျက်ဆီးရန် အစွမ်းကုန် လုပ်ဆောင်နေကြပြီး၊ ယင်းကို ထိထိရောက်ရောက် နှိမ်နင်းရန် ကြိုးပမ်းနေကြပေသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းနှင့် သူ၏ နိုင်ငံတော် ဧဝံဂေလိတရားကို ကမ္ဘာလောကအနှံ့ ဖြန့်ဝေခြင်းသည် ချက်ချာပါးနပ်သော နည်းစနစ်များ ခံယူကျင့်သုံးခြင်း လိုအပ်ပေသည်။ ဤနည်းဖြင့်သာ လူတို့ကို ကယ်တင်ခြင်းသို့ ဆောင်ကြဉ်းခြင်း ရည်မှန်းချက်အား စွမ်းဆောင်ရရှိနိုင်ပေသည်။ ဤသည်မှာ ဧဝံဂေလိပြုခြင်း၏ အခြေခံသဘောတရားကို ကျင့်သုံးနေခြင်း ဖြစ်သည်။ နှိပ်စက်ညှဉ်းပန်းမှု၊ စာတန်၏ အင်အားစုများ၏ ဖိနှိပ်ခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းတို့ကြောင့်၊ ဘုရားသခင်၏ ရွေးချယ်ထားသူတို့က မိမိတို့ကိုယ်ကိုယ် ကာကွယ်နေရစဉ်တွင် လူတို့ကို ရယူခြင်းအားလည်း စွမ်းဆောင်ရရှိဖို့လိုသည်ကို ထောက်ဆသော် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ဆိုသည်မှာ မလွယ်ကူပေ။ အမြော်အမြင်ရှိသော နည်းစနစ်များကို အသုံးမပြုပါက၊ တစ်ဦးတစ်ယောက်သည် ကျရှုံးဖို့ အလားအလာရှိပေသည်။ ထိုအခါ ၎င်းတို့သည် တစ်ဦးတစ်ယောက်ကိုမျှ စည်းရုံးသိမ်းသွင်းနိုင်ဖို့ ကျရှုံးလိမ့်မည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို ခုခံနေသည့် ဆိုးယုတ်သော အင်အားစုများ၏ ရောင်းစားခြင်း ခံရနိုင်သည် သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်း ခံရနိုင်ပေသည်။ ဤကဲ့သို့သော သင်ယူရမည့် သင်ခန်းစာများစွာ ရှိ၏။ ထို့ကြောင့်၊ ဧဝံဂေလိကို ဖြန့်ဝေနေသည့်အချိန်တွင်၊ ဘုရားသခင်၏ ရွေးချယ်ထားသူတို့သည် ဉာဏ်ပညာ၌အခြေပြုသည့် နည်းနစ်များကို အသုံးပြုခြင်းအား အထူး အာရုံစိုက်ရမည်။ အချို့သော လူတို့သည် ဧဝံဂေလိတရားကို ဖြန့်ဝေနေချိန်တွင် အခြေခံသဘောတရားများ သို့မဟုတ် ဉာဏ်ပညာ မရှိကြသကဲ့သို့၊ ယင်းအစား စာအုပ်အတိုင်း လုပ်ဆောင်ရင်း၊ တိုက်ရိုက် နည်းစနစ်များကို သာ၍ အသုံးပြုလေသည်- ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများသည် ရလဒ်များ မရရှိနိုင်ရန် သေချာပေသည်။ ပတ်ဝန်းကျင်ကို ပဓာနမထားဘဲ၊ လူတို့သည် အခြားသူတို့အား ၎င်းတို့ စည်းရုံးသိမ်းသွင်းကာ မိမိတို့ကိုယ်တိုင်သည် စာတန်၏ ဖမ်းဆီးခြင်း ခံရလိမ့်မည်မဟုတ်သည်ကို အာမခံနိုင်သရွေ့ ရှေ့ဆက်သွားပြီး ဧဝံဂေလိ ဖြန့်ဝေကောင်း ဖြန့်ဝေနိုင်ပေသည်။

အလုပ်အစီအစဉ်များ မှ

အဆင်းနီးသော နဂါးကြီး၏ စုံစမ်းစစ်ဆေးခြင်း ခံရနေရချိန်တွင်၊ တစ်ခုတစ်လေကို ထုတ်ဖော်ခြင်းထက် သေခြင်းသည် သာ၍ နှစ်သက်ဖွယ် ဖြစ်သည်။ ဤသည်မှာ ဉာဏ်ပညာ၏ အထွတ်အထိပ် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရိုးသားခြင်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်နှင့် မိမိ၏ ညီအစ်ကို မောင်နှမများရှေ့မှောက်တွင် လုပ်ဆောင်ရမည့် အရာများဖြစ်သည်။ လူတို့သည် စာတန်နှင့် မကောင်းဆိုးဝါးများထံ သမ္မာတရား ပြောပြဖို့ တာဝန်ဝတ္တရားအောက်တွင် မရှိပေ။ စာတန်ကို ဆက်ဆံဖို့ တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းကို မုန်းတီးဖို့၊ ၎င်းကို ကျိန်ဆဲဖို့နှင့် ၎င်းကို ငြင်းဆိုဖို့ ဖြစ်သည်။ ဤသည်မှာ ခရစ်ယာန်များ၏ မပြောင်းလဲနိုင်သော ရပ်တည်ချက်ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတွင်းတွင်၊ the Lord Jesus said, “Be you therefore wise as serpents, and harmless as doves” (Mat 10:16). ဟု ပြောခဲ့သည်။ ဤနှုတ်ကပတ်တော်များက လူတို့အား စာတန်နှင့် ဆက်ဆံနေချိန်တွင် ဉာဏ်ပညာရှိဖို့နှင့် အမှန်တရားကို မပြောပြဖို့ကို ပြောနေပေသည်။ အားလုံးထဲတွင် အမိုက်မဲဆုံးသော လုပ်ရပ်မှာ စာတန်ထံ အမှန်တရားပြောဖို့နှင့် ၎င်းကို သတင်းအချက်အလက် ပေးဖို့ ဖြစ်သည်။ ယင်းမှာ ၎င်း၏ ထောင်ချောက်များထဲသို့ သင့်ကိုယ်သင် လွှဲအပ်ခြင်းနှင့် သင်၏ ကိုယ်ပိုင် ပျက်စီးခြင်းကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ ဤသည်မှာ မသိနားမလည်မှု၊ ဖြူစင်မှုနှင့် ရိုးဖြောင့်မှုအားဖြင့် ပျက်သုဉ်းခြင်းဖြစ်သည်။ ထို့ကြောင့် စာတန်နှင့် ပတ်သက်လာသည့်အခါ၊ သင်သည် ချက်ချာပါးနပ်ရမည်။ သင် ချက်ချာပါးနပ်ခြင်းမရှိပါက၊ သင်သည် စုံစမ်းနှောင့်ယှက်ခြင်းများထဲသို့ ထိုးဆင်းသွားဖို့ အလားအလာရှိပေသည်။ အဆင်းနီသော နဂါးကြီး၏ စုံစမ်းစစ်ဆေးခြင်း ခံရချိန်တွင် ဘုရားသခင်အား သင် ယုံကြည်ကို မသိမှတ်ခြင်းသည် လူသား အားနည်းချက်မျှသာ ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ရှုတ်ချမည်မဟုတ်ပါ။ အသင်းတော်က သင့်ကို ရှုတ်ချနိုင်ဖို့ မဆိုထားနှင့်၊ သူသည် သင့်ကို သူ့အား လိမ်ညာပြီး ငြင်းပယ်သောသူတစ်ဦးအဖြစ် ရှုတ်ချမည်မဟုတ်ပေ။ အသင်းတော်သည် သင့်ကို ကြိုဆိုဆဲ ဖြစ်လိမ့်မည်ဖြစ်ပြီး သင့်ကို ချစ်ခြင်းမေတ္တာဖြင့် ဆက်ဆံလိမ့်ဦးမည် ဖြစ်သည်။ သို့သော် အဆင်းနီးသော နဂါးကြီးကို အသင်းတော်အကြောင်း အမှုအရာများကို ပြောပြပါက- အထူးသဖြင့်၊ သင်၏ ညီအစ်ကို မောင်နှမများ၊ အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများ၊ သို့မဟုတ် လှူဖွယ်ပစ္စည်းများ ထိန်းသိမ်းထားသည် အိမ်ထောင်စုများကို သင် ရောင်းစားပါက- သင်သည် ဘုရားသခင်ကို ကျောခိုင်းပြီးဖြစ်သည့် ယုဒတစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်သည် သင့်ကို ရှုတ်ချလိမ့်မည်ဖြစ်ပြီး အသင်းတော်သည် သင့်ကို အစဉ်အမြဲ နှင်ထုတ်လိမ့်မည်။ အကျိုးဆက်များနှင့် ပတ်သက်၍ သင် ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၁၂၂။ ရိုးသားသော ပုဂ္ဂိုလ်ဖြစ်ခြင်း၏ နိယာမများ

နောက်တစ်ခုသို့- ၁၂၄။ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံခြင်း နိယာမများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်