၆၅) တာဝန်ယူခြင်းနှင့် နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) သမ္မာတရားကို လက်မခံသည့်၊ လက်တွေ့ကျသည့် အလုပ်ကို မလုပ်နိုင်သကဲ့သို့ အချိန်တချို့ကြာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် မည်သည့် အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အမှုတော်ဆောင်မဆို တာဝန်ယူပြီး နုတ်ထွက်ရမည်။

(၂) အထက်မှ ဦးဆောင်ခြင်းနှင့် ထိန်းကျောင်းခြင်း ခံရသည့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို တားဆီးရင်း၊ အလုပ် အစီအစဉ်များ သို့မဟုတ် တရားဒေသနာများနှင့် မိတ်သဟာယတို့ကို ထုတ်ပြန်ဖို့ သို့မဟုတ် အကောင်အထည်ဖော်ဖို့ ငြင်းဆန်သောသူ မည်သူမဆိုသည် တာဝန်ယူပြီး နုတ်ထွက်ရမည်။

(၃) ဘုရားသခင့် အိမ်တော်၏ အလုပ်နှင့် သူ ရွေးချယ်ထားသော လူတို့ကို ကြီးမားသည့် ဆုံးရှုံးမှုနှင့် ဘေးဒုက္ခကို ခံစားစေရင်း၊ အလုပ်အစီအစဉ်များကို လမ်းညွှန်ချက်ကို မနာခံသူ မည်သူမဆို တာဝန်ယူပြီးနုတ်ထွက်ရမည်။

(၄) ပြစ်မှားခြင်း သို့မဟုတ် ဆိုးယုတ်သည့် လုပ်ဆောင်ချက်ကို ကျူးလွန်မိပြီးနောက်၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုတော်ဆောင်တစ်ဦးသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရကာ အနာဂတ်တွင် ကောင်းမွန်သော အလုပ်ကို သေချာစေရင်း၊ အမှန်တကယ် နောင်တရနိုင်ပါက၊ ၎င်းတို့၏ ရာထူးကို လောလောဆယ် ၎င်းတို့ ထိန်းသိမ်းထားနိုင်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏အိမ်တော်သည် အသင့်တော်ဆုံးပုံစံဖြင့် လူတို့အား ၎င်းတို့၏ အမှန်တကယ်လုပ်ဆောင်နိုင်စွမ်းအရ အကောင်းဆုံးအသုံးပြုသည်။ သင်၏ လူ့သဘာဝသည် ကောင်းမွန်ပြီး သင်၏အစွမ်းအစက ညံ့ဖျင်းပါက၊ သင်၏တာဝန်ကို သင်၏စိတ်နှလုံး၊ အစွမ်းရှိသမျှဖြင့် ထမ်းဆောင်လော့။ ဘုရားသခင်၏ လက်ခံမှုနှင့် ကိုက်ညီရန်အတွက် သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ရန်မလိုပေ။ ခေါင်းဆောင်တစ်ယောက်က စိတ်ဝင်စားရန်လိုသည့်အရာကို သင်သည် စိတ်ဝင်စားလိုသော်လည်း၊ ထိုသို့မပြုလုပ်နိုင်လျှင်၊ သင်သည် ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် လိုအပ်သည့် အရည်အချင်းများကို မပိုင်ဆိုင်ဘဲ တာဝန်နှင့် မကိုက်ပါက၊ မည်သည့်အရာကို သင်ပြုလုပ်သင့်သနည်း။ ထိုသို့ဆိုလျှင် ၎င်းကို ဆက်လက်လုပ်ဆောင်ပြီး သင့်ကိုယ်သင် ပိုအခက်တွေ့စေဖို့ မလုပ်ဆောင်နှင့်။ သင်သည် ပေါင်ငါးဆယ်သယ်နိုင်လျှင်၊ “ပေါင်ငါးဆယ်သည် မလုံလောက်သေး။ ပို၍ကြီးမားသော ဝန်ထုပ်ကိုငါသယ်ချင်သည်။ ငါ့ကို သတ်ဆိုလျှင်ပင် ပေါင်တစ်ရာကို ငါ သယ်မည်” ဟု ကြွားဝါပြောဆိုခြင်း မပြုဘဲ ပေါင်ငါးဆယ်ကို သယ်လော့။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက် ဖြစ်နိုင်စွမ်းမရှိခြင်းက သင့်ကို သေချာပေါက် သတ်မည်မဟုတ်ဘဲ၊ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်နှေးစေမည်ဖြစ်ပြီး၊ ယင်း၏ တိုးတက်မှုနှင့် ထိရောက်မှုနှုန်းအပေါ် ထိခိုက်မည် ဖြစ်ကာ၊ လူအချို့၏ ဘဝတိုးတက်မှုကို နှောင့်နှေးစေမည်ဖြစ်သည်။ ဤသည်မှာ သင်မခံယူနိုင်သည့် တာဝန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်၏ အစွမ်းအစ မလုံလောက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်သည် မိမိကိုယ်ကိုယ် သတိပြုမိလျှင်၊ ဦးစွာနောက်ဆုတ်ပြီး အစွမ်းအစကောင်းမွန်သော၊ ကောင်းမွန်စွာ အရည်အချင်းပြည့်မီပြီး၊ သင့်ထက်သာလွန်သောသူတစ်ယောက်ကို ခေါင်းဆောင်အဖြစ် အကြံပြုသင့်သည်။ ဤသည်မှာ အမြော်အမြင်ရှိသည့် လမ်းစဉ်ဖြစ်ပြီး၊ ဤသို့ပြုလုပ်မှသာ စစ်မှန်သော လူ့သဘာဝနှင့် စစ်မှန်သော အသိစိတ်ရှိသည့်၊ သမ္မာတရားကို အမှန်တကယ်နားလည်ပြီး လက်တွေ့လုပ်ဆောင်သည့် သူတစ်ယောက်ဖြစ်သည်။ သင်က၊ “ငါ၏ အစွမ်းအစသည် ညံ့သော်လည်း ငါ၏လူ့သဘာဝက ကောင်းမွန်သည်။ အရေးကိစ္စများကို ငါ တာဝန်ယူဆောင်ရွက်လိုသည်။ ဆင်းရဲဒုက္ခခံကို သည်းခံပြီး အဖိုးအခပေးဆပ်လိုသည်။ ငါသည် စိတ်ပြတ်သားပြီး အမှုအရာများကို သင့်ထက်ပို၍ ဇွဲကြီးစွာလုပ်ဆောင်သည်။ ငါသည် သည်းခံတတ်ပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ သို့မဟုတ် ပြုပြင်ခံရခြင်း၊ သို့မဟုတ် စမ်းသပ်ခံရခြင်းကို မကြောက်ပေ။ ငါ၏ အစွမ်းအစ အလွန်မကြီးမားလျှင် အဘယ်အရေးနည်း” ဟု အစဉ် စဉ်းစားသည်။ ဤသည်မှာ သင့်အား ရှုတ်ချရန် မလိုဆိုဘဲ သင့်အား အမျိုးအစားခွဲရန်၊ သင်လုပ်ဆောင်နိုင်သည့်အရာ၊ သင်နှင့်သင့်တော်သည့်အရာ၊ သင်နှင့်သင့်တော်သည့် တာဝန်တို့နှင့်ပတ်သက်၍ သင်ရှင်းလင်းမှုရှိစေရန် ဖြစ်သည်။ အခြားကိစ္စတစ်ခုတွင် သင်ယခုရင်ဆိုင်ရသည့် လက်တွေ့အကျဆုံးပြဿနာတစ်ခုမှာ သင်၏ အရည်အချင်းက နိမ့်ကျလွန်းခြင်းဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်၏ တာဝန်ကို သင်မထမ်းဆောင်နိုင်ပေ။ ယင်းသည် သင်နှင့်မသင့်တော်သကဲ့သို့၊ သင်သည် ဦးဆောင်ဖို့ကြိုးစားလျှင် ဘုရားအိမ်တော်၏အလုပ်ကို သင်နှောင့်နှေးစေလိမ့်မည်။ အလုပ်ရှုပ်ခြင်းကို သင်နှစ်သက်ပြီး သင်သည် လူ့သဘာဝရှိလျှင်၊ သင်သည် အရေးကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ပြီး အဖိုးအခပေးဆပ်လိုလျှင် သင်နှင့်သင့်တော်သည့် အလုပ်တစ်ခု၊ သင်ထမ်းဆောင်သင့်သည့် တာဝန်တစ်ခုရှိသည်။ ဘုရားသခင်၏အိမ်တော်သည် ယင်းကို သင့်လျော်စွာ စီစဉ်ပေးလိမ့်မည်။ သင့်အား ခေါင်းဆောင်ဖြစ်ခွင့်မပြုခြင်းသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ အခြေခံသဘောတရားများနှင့် ညီသည်။ သို့သော် ဘုရားသခင်၏အိမ်တော်သည် သင်၏ အစွမ်းအစကြောင့် သင်၏တာဝန်ကို ထမ်းဆောင်ရန် သို့မဟုတ် ဘုရားသခင်အား ယုံကြည်ပြီး လိုက်လျှောက်ရန် သင်၏အခွင့်အရေးကို ပိတ်ပင်ခြင်းကို အသေအချာပင် မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ပေ။ ဤသည်မှာ သင့်လျော်သလော။ ဤကိစ္စနှင့်ပတ်သက်ပြီး ပိုမိုအသေးစိတ်ကျသော မိတ်သဟာယလိုအပ်သေးသလော။ အစွမ်းအစပိုနိမ့်ကျသော အချို့လူတို့သည် ဤအရာကိုကြားပြီး၊ “မိတ်သဟာယပြုခြင်းမှာ လုံလောက်သည်။ ငါ၏ဤမျက်နှာကို ပြရန်နေရာမရှိ။ ငါ၏အစွမ်းအစသည် ညံ့ဖျင်းသည်ကို ငါသိသည်။ ထို့ကြောင့် ငါသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်မည်မဟုတ်။ အုပ်စုခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်သူဖြစ်လျှင် အဆင်ပြေမည်၊ သို့မဟုတ် ကြုံရာကျပန်းအလုပ်များ၊ အချက်အပြုတ်၊ သန့်ရှင်းရေးတို့ကို လုပ်ကောင်းလုပ်မည်။ မည်သည့်အရာမဆို အဆင်ပြေသည်။ အခြားလူများက မည်သည့်အရာကိုပြောသည်ဖြစ်စေ ငါလုပ်ရမည့်အရာကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားအိမ်တော်၏ အစီအစဉ်များနှင့် ဘုရားသခင်၏ အကြံအစည်များကို ကျိုးနွံနာခံမည်။ အစွမ်းအစ ပိုမိုနိမ့်ကျခြင်းသည်လည်း ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ဤတွင် ဘုရားသခင်၏ ကောင်းမွန်သော အလိုတော်ရှိပြီး ဘုရားသခင်သည် မှားယွင်းစွာ အလုပ်မလုပ်ပေ”ဟု တွေးတောကြသည်။ သင်သည် အမှုအရာများကို ဤသို့ မြင်နိုင်လျှင်၊ အဆင်ပြေလိမ့်မည်။ ပြဿနာကို ထပ်၍ မိတ်သဟာယဖွဲ့ရန် မလိုတော့ပေ။ အနှစ်ချုပ်အားဖြင့်၊ ဤလူတို့အပေါ် မှန်ကန်သော သဘောထားနှင့်အမြင်ကို ပိုမိုများပြားသော လူများက ထားရှိစေရန်၊ ဤလူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ညံ့ဖျင်းသည့်အစွမ်းအစအပေါ် မှန်ကန်သော သဘောထားနှင့်အမြင်ထားရှိနိုင်ရန်အလို့ငှာ သမ္မာတရားကို အရှိအတိုင်း ထုတ်ဖော်ပြရင်း၊ အစွမ်းအစ ပိုနည်းပါးသည့်လူတို့၏ ပြဿနာများကိုသာ ကျွန်ုပ်တို့ လေ့လာစိစစ်ကြသည်။ ထို့နောက်တွင် ၎င်းတို့ပေးဆပ်သည့် အဖိုးအခနှင့် ဆင်းရဲဒုက္ခကို သည်းခံရန်ဖြစ်သော ၎င်းတို့၏ စိတ်ပြတ်သားမှုကို ကျိုးကြောင်းဆီလျော်စွာ အသုံးပြုနိုင်ပြီး ထိရောက်မှုရှိလာနိုင်စေရန်အလို့ငှာ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မှန်ကန်တိကျစွာ နေရာချထားနိုင်ပြီး ၎င်းတို့၏ ကိုယ်ပိုင် သင့်လျော်သောနေရာနှင့် တာဝန်ကို ရှာဖွေနိုင်ကြလေသည်။ ဤအရာက သမ္မာတရားအပေါ် သင်၏နားလည်မှု၊ သို့မဟုတ် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်မှုအား ထိခိုက်မှုမရှိပေ။ ပြီးလျှင် ယင်းသည် ဘုရားသခင်၏အိမ်တော်တွင်၊ သို့မဟုတ် ဘုရားသခင်၏ရှေ့မှောက်တွင် သင်၏ ပုံရိပ်ကို မထိခိုက်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၈)” မှ

သင်တို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် ဖြစ်လိုသလော၊ သို့မဟုတ် သာမန်နောက်လိုက်တစ်ယောက် ဖြစ်လိုသလော။ (သာမန်နောက်လိုက်တစ်ယောက် ဖြစ်လိုပါသည်။) ညီအစ်ကိုမောင်နှမတို့က သင့်ကို ရွေးချယ်တင်မြှောက်လျှင် ကြိုးစားကြည့်လော့။ ၎င်းတို့က အမှုအရာများကို သင့်ထက်ပို၍ ရှင်းရှင်းလင်းလင်းမြင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ညီအစ်ကိုမောင်နှမတို့က သင်လုပ်နိုင်သည်ဟု ထင်မြင်လျှင် သင်အစွမ်းကုန်လုပ်ဆောင်သင့်သည်။ သင်သည် အမှန်တကယ် ကြိုးစားသော်လည်း အလုပ်တွင် ကျရှုံးဆဲဖြစ်လျှင်၊ သင်၏ စိတ်နှလုံးသည် သောကမီးလောင်မြိုက်လျှင်၊ သင်သည် အိပ်မပျော်နိုင်ဖြစ်ပြီး ကျကျနန မည်သို့လုပ်ဆောင်ရမည်ကို အကယ်ပင် မသိလျှင် မလုပ်နှင့်။ သင့်အတွက် ခက်ခဲလွန်းသည်။ ဆက်လက်လုပ်ဆောင်လျှင် သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ခြေရှိသည်။ ဤအခြေအနေတွင် သင်သည် “ချက်ချင်း သက်ရောက်မှုရှိသည်။ ကျွန်ုပ်သည် အရည်အချင်းညံ့ဖျင်းသောကြောင့် နုတ်ထွက်လိုသည်။ ကျွန်ုပ်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ခြေရှိသည်။ ကျေးဇူးပြု၍ အခြားတစ်ယောက်ကို ရွေးချယ်ပါ” ဟု အတိအလင်းကြေညာလျက် နုတ်ထွက်စာတစ်စောင် ရေးသားသင့်သည်။ ဤသည်မှာ ဉာဏ်အမြော်အမြင်အရှိဆုံး ဆောင်ရွက်ပုံနည်းလမ်းဖြစ်သည်။ လုပ်ဆောင်ရန် အသင့်တော်ဆုံးဖြစ်သည်— ကျိုးကြောင်းဆီလျော်မှုရှိသည်။ ရာထူးကို ယူထားခြင်း၊ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်ခြင်းထက် ပို၍ကောင်းမွန်သည်။ သင်က အရည်အချင်းညံ့ဖျင်းပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်ရန် မစွမ်းဆောင်နိုင်သည်ကို ကောင်းစွာသိသော်လည်း ဤနေရာကို လက်မလွတ်နိုင်ဖြစ်ကာ “ဤအရာကို ငါဘာကြောင့်မလုပ်နိုင်သနည်း။ မည်သူက ငါ့ကို အကူအညီအနည်းငယ် ပေးနိုင်မည်နည်း။ ဤနေရာကို ငါရထားပြီး စီမံချက်များဆွဲသူက အခြားတစ်ယောက်ဖြစ်နေလျှင် ကောင်းလိုက်မည့်ဖြစ်ခြင်း။ သို့သော် မည်သူကမျှ သင့်တော်ခြင်းမရှိ။ ထို့ကြောင့် ဖြစ်သလိုလုပ်လိုက်ပြီး တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းလိုက်မည်။ အလုပ်ကို ငါမလုပ်နိုင်လျှင်ပင် ငါသည် ခေါင်းဆောင်ဖြစ်ဆဲဖြစ်သည်။ ခေါင်းဆောင်ဖြစ်ခြင်းသည် ညီအစ်ကိုမောင်နှမများထက် ငါ့ကို ပို၍ သာလွန်စေသည်။ ဘုရားသခင်၏ အိမ်တော်သည် ငါ့ကို အစားမထိုးလျှင်၊ ညီအစ်ကိုမောင်နှမတို့က ငါ့ကို မဖယ်ရှားလျှင် ငါနုတ်ထွက်မည်မဟုတ်” ဟူ၍ သင့်ကိုယ်သင် ပြောဆိုသည်ဆိုလျှင် ဤသည်မှာ ကျိုးကြောင်းသင့်မြတ်သလော။ (မသင့်မြတ်ပါ။) ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်နှေးစေသည်— သူတစ်ပါးတို့ကို ထိခိုက်နစ်နာစေပြီး သင့်ကိုယ်သင် ထိခိုက်စေသည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ရသည်ကို သင်သိသလော။ သင်သည် များစွာသောလူတို့၏ အသက်ဝင်ရောက်မှုနှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်၊ ၎င်းတို့ရှေ့တွင်ရှိသော လမ်းကြောင်းကို ၎င်းတို့လျှောက်လှမ်းပုံနှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်ဟု အဓိပ္ပာယ်ရသည်။ သင်က ကောင်းစွာ ဦးဆောင်လျှင် ၎င်းတို့သည် ဤလမ်းကြောင်းကို ကောင်းစွာလျှောက်လှမ်းလိမ့်မည်။ သင်က ၎င်းတို့ကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်လျှင် ၎င်းတို့သည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ခြေချလိမ့်မည်။ သင်သည် ညံ့ဖျင်းစွာ ဦးဆောင်လျှင်၊ ၎င်းတို့ကို မြောင်းထဲသို့ ရောက်စေလျှင် ၎င်းတို့သည် သင်ကဲ့သို့ ဖာရိရှဲဖြစ်လာလိမ့်မည်။ ထိုသို့ဆိုလျှင် သင့်အပြစ်သည် ကြီးမား၏။ ကြီးမားသော အပြစ်နှင့်တင် အဆုံးသတ်မည်လော။ ယင်းကို ဘုရားသခင်က မှတ်သားထားလိမ့်မည်။ သင်၏ အစွမ်းအစသည် ညံ့ဖျင်းကြောင်း၊ သင်သည် အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး တကယ့်အလုပ်ကို လုပ်နိုင်စွမ်းမရှိကြောင်းကို ကောင်းစွာသိသည့်တိုင် သင်သည် မဖယ်ပေးဘဲ သင်၏ ရာထူးကို အရှက်မဲ့စွာ တွယ်ဖက်ထားပြီး အခြားမည်သူ့ကိုမျှ ရယူခွင့်မပေးပေ။ ဤသည်မှာ အပြစ်တစ်ခုဖြစ်ပြီး ဘုရားသခင်က မှတ်သားထားမည်ဖြစ်သည်။ ဘုရားသခင်က မှတ်သားထားခြင်းသည် နောင်ကာလတွင် သင့်အတွက် ကောင်းလိမ့်မည်လော၊ ဆိုးလိမ့်မည်လော။ သင်ဒုက္ခရောက်ပြီဖြစ်သည်။ ငါသင့်ကို အရိုးခံ သမ္မာတရား ပြောပြမည်— ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်းအတွက် ထိုကဲ့သို့သောအရာများကို မှတ်သားထားပြီး အချက်အလက်တိုင်းကို ရှင်းလင်းစွာ ရေးချထားသည်။ သင်၏ ကယ်တင်ခြင်းသို့သွားရာ လမ်းကြောင်းတွင် အလွန်အရေးကြီးသည့်အရာတစ်ခုခု ဖြစ်ပျက်ခဲ့လျှင် သင့်အပေါ် သက်ရောက်မှုသည် ကြီးမားလိမ့်မည်။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ ဤလမ်းကြောင်းကို မလျှောက်နှင့်၊ ဤပုဂ္ဂိုလ်မျိုး မဖြစ်စေနှင့်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

လူတချို့က “ယခင်က ကျွန်ုပ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်နှင့်ပတ်သက်၍ သိပ်မရှင်းလင်းခဲ့ဘဲ၊ ထိုအလုပ်နေရာမျိုးနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးနေခဲ့ကာ၊ ကျွန်ုပ်၌ စိတ်အားထက်သန်မှုရှိပြီး ဒုက္ခခံလိုစိတ်ရှိလျှင် အလုပ်တာဝန်အတွက် သင့်တော်သည်ဟု ထင်ခဲ့သည်။ သို့သော် ဤအရာကို ကိုယ်တော်မိတ်သဟာယဖွဲ့ပြသောအခါ ကျွန်ုပ်မှာ ဆွံ့အမှင်တက်သွားခဲ့၏― လက်စသတ်တော့ ကျွန်ုပ်က ခေါင်းဆောင် အယောင်ဆောင်သူတစ်ဦး ဖြစ်ကြောင်း၊ လိုအပ်သောအရာမှာ ကျွန်ုပ်၌ မရှိကြောင်း၊ ကျွန်ုပ်သည် ဘုရားသခင့်အိမ်တော်၏ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်အစီအမံတစ်ခုကိုပင် အကောင်အထည် မဖော်နိုင်ကြောင်း သိလိုက်ရသည်။ အလုပ်အစီအမံများကို အကြိမ်အနည်းငယ် ဖတ်ရှုကာ လူတိုင်း၌ မိတ္ထူတစ်စောင်စီရှိအောင် သေချာလုပ်ပြီးနောက် ကျွန်ုပ်လက်အောက်ရှိ လူတိုင်းက ယင်းကို ဆက်လုပ်သွားလျှင် လုံလောက်ပြီ၊ ကျွန်ုပ်စောင့်ကြည့်စစ်ဆေးပြီး စောင့်ကြပ်ရုံဆိုလျှင် တော်ပြီဟု ကျွန်ုပ်ထင်တတ်ခဲ့သည်။ တစ်ခဏကြာပြီးနောက် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေခြင်း မရှိကြောင်းနှင့် သတ်သတ်မှတ်မှတ်ဖြစ်သော လုပ်ထုံးလုပ်နည်းများစွာတို့ကို လျစ်လျူရှုနေခဲ့ကြောင်း ကျွန်ုပ်တွေ့ရှိခဲ့ရသည်။ ထိုအခါမှသာ ကျွန်ုပ် မည်သည့်အရာဖြစ်သည်၊ ကျွန်ုပ်၏ အစွမ်းအစက အလွန်အမင်း ညံ့ဖျင်းသည်ကို သဘောပေါက်ခဲ့သည်” ဟု ဆိုကြသည်။ သို့ဆိုလျှင် ဘာလုပ်ရမည်နည်း။ “ဝန်ထုပ်ကို ပစ်ချထား” ရန် အဆင်ပြေသလော။ ဤအရာကိုဖြေရှင်းရန် နည်းလမ်းရှိသလော။ ဤပြဿနာအတွက် အဖြေမရှိသည့် ကိစ္စလော။ (မဟုတ်ပါ။ သူတို့သည် ဘုရားသခင်ခိုင်းစေသောအရာပေါ် အခြေခံ၍ ပိုမိုကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်ရပါမည်။) ယင်းမှာ အလွန်ပင် အပြုသဘောဆောင်သော ရှုထောင့်ဖြစ်၏၊ ယင်းကို ရှုမြင်နည်း၏ ကောင်းသောအချက်တစ်ခု ဖြစ်သည်― ဘုရားသခင်ခိုင်းစေသောအရာပေါ် အခြေခံ၍ ပိုမိုကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်ခြင်း၊ ယင်းကို သင်မလုပ်နိုင်ပါဟု မယူဆခြင်း၊ အပျက်သဘောမဆောင်ခြင်း၊ အလျှော့မပေးခြင်း။ ဤသည်မှာ အဖြေတစ်ခုဖြစ်ပြီး ကောင်းသောအဖြေဖြစ်သည်။ ယင်းက တစ်ခုတည်းသော အဖြေလော။ (မဟုတ်ပါ။ အကယ်၍ သူတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းပြီး သူတို့က အလုပ်ကို အမှန်တကယ် မလုပ်ဆောင်နိုင်ပါက တာဝန်မှလည်း ဆင်းပေးနိုင်ပါသည်။) ယင်းက ဒုတိယအဖြေ ဖြစ်သည်။ အကယ်၍ သင်ကြိုးစားခဲ့ပြီး ယင်းကို သင်မလုပ်နိုင်ဟု ထင်လျှင်၊ အကယ်၍ ယင်းက သင့်အတွက် တကယ့်ဝန်ထုပ်ဖြစ်ပြီး အလွန်ခက်ခဲသည့်အပြင် ကြီးစွာသော ကြောင့်ကြမှုကို ဖြစ်စေကာ သင့်ကို အိပ်ရေးပျက်စေလျှင်၊ အကယ်၍ သင်သည် ခေါင်းမမော့နိုင်၊ သို့မဟုတ် အသက်မရှူနိုင် ဖြစ်ကာ လမ်းလျှောက်သောအခါ သင့်ခြေထောက်များက လေးလံသည်ဟု ခံစားရလျက် နေ့စဉ် တောင်ကြီးတို့၏ နင်းခြေခြင်း ခံနေရသကဲ့သို့ ဖြစ်ပြီး သတ်သတ်မှတ်မှတ်ဖြစ်သော ဤပြဋ္ဌာန်းချက်များကို ကြားနာပြီးနောက် သင့်အစွမ်းအစက ညံ့ဖျင်းကြောင်းနှင့် သင်မလုပ်နိုင်ကြောင်း အသိစိတ်က ပို၍ပင် ကြီးမားလျှင် သင်ဘာလုပ်သင့်သနည်း။ ဖြေရှင်းချက်တစ်ခု ရှိသည်― သွား၍ နုတ်ထွက်လော့။ ယင်းကို သင်မလုပ်နိုင်လျှင် ဝန်ခံသင့်သည်။ ဝန်ခံခြင်းဟူသည်မှာ အဘယ်အရာကိုဆိုလိုသနည်း။ သင်သည် မိမိကိုယ်ကို ရှင်းလင်းတိကျသော နားလည်မှုနှင့် သဘောပေါက်ခြင်း၊ သင်ကိုယ်ပိုင်၏ အရည်အချင်းများနှင့် အစွမ်းအစအား ရှင်းလင်းသော အမြင်ပွင့်ခြင်း ရှိရမည်။ ယင်းကို သင်မလုပ်နိုင်လျှင် မလုပ်နိုင်သည်ပင် ဖြစ်သည်။ သို့ဆိုလျှင် ထိုအမြင်ပွင့်ခြင်းမျိုးကို မည်သို့ရရှိသနည်း။ စိတ်ကူးအားဖြင့်မဟုတ်၊ ယင်းကို စမ်းသပ်ပြီးသောကြောင့် ဖြစ်သည်။ သင်၌ ဤအစွမ်းအစနှင့် အရည်အချင်းကို မပိုင်ဆိုင်ချေ။ ဤသို့သောလူမျိုး၏ အစွမ်းအစအတွက် ထိုအကြောင်းအရာမျိုးမှာ အလွန်ရှုပ်ထွေးပြီး ထိုအခက်အခဲက လွန်စွာကြီးမားသည်။ သူတို့သည် ဤအရာကို အမှန်တကယ် လုပ်ဆောင်နိုင်စွမ်းမရှိ၊ အလျှော့မပေးခြင်းသာလျှင် ဖြစ်သည်။ သို့ဆိုလျှင် သူတို့သည် ကြိုးစားပြီး မိမိကိုယ်ကိုတိုးတက်အောင် အားထုတ်ပါက တိုးတက်စရာ ရှိသလော။ သူတို့၏ အစွမ်းအစကို တိုးတက်အောင် လုပ်နိုင်မည်လော။ အကယ်၍ သူတို့ကြိုးစားခဲ့ပြီးဖြစ်ကာ ဤအရာက အမှန်တကယ် သူတို့၏အစွမ်းအစ ဖြစ်သည်ကို မြင်တွေ့ပြီးဖြစ်ပါက ထပ်မံကြိုးစားခြင်းက အကျိုးမရှိ၊ လိုရင်းကို ထပ်မံသက်သေပြခြင်းက အသုံးမဝင်ပေ။ သူတို့သည် သွား၍ နုတ်ထွက်သင့်သည်။ ဤကဏ္ဍ၌ ဆက်လုပ်မနေနှင့်။ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို မလုပ်နိုင်လျှင် အခြားသူများအပေါ် အကျိုးသက်ရောက်မှုရှိပြီး သူတို့ကို နှောင့်နှေးကြန့်ကြာစေမည် ဖြစ်သည်။ ဤသည်မှာ လမ်းကြောင်းတစ်ခုလော။ ဤနှစ်ခုထဲမှ မည်သည့်အရာကမျှ တစ်ခုတည်းသော လမ်းကြောင်းမဟုတ်ပေ။ သင်ရွေးချယ်နိုင်သည်၊ မိမိကိုယ်ကို နားလည်ခြင်းနှင့် သင်နှင့်ရင်းနှီးသော သင့်အနီးအနားက ညီအစ်ကိုမောင်နှမများကို သင်၏နားလည်ခြင်းအပေါ် အခြေခံ၍ စစ်မှန်ပြီး တိကျသော ဆုံးဖြတ်ချက်ကို သင်ပြုလုပ်နိုင်သည်၊ ထို့ပြင် ဘုရားသခင်၏အိမ်တော်က သင့်အပေါ် မခက်ထန်မည့် မှန်ကန်သော ရွေးချယ်မှုကို သင်ပြုနိုင်လေသည်။ လူတချို့က “ကျွန်ုပ်ကြိုးစားလိုသေးသည်၊ မိမိကိုယ်ကို တိုးတက်အောင် လုပ်လိုသေးသည်။ ကျွန်ုပ်က ထိုမျှဆိုးဝါးလှသည်ဟု မထင်ပါ။ သမ္မာတရားကို လိုက်စားရန် အာရုံကောင်းစွာ မစိုက်ခဲ့သည့် ထိုနှစ်ကာလများအတွင်း၌ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးခဲ့ပြီး ဘာလုပ်ရမှန်း မသိခဲ့ခြင်းသာ ဖြစ်သည်။ အစတွင် ဘုရားသခင့်အိမ်တော်၏ အလုပ်ကို လွယ်ကူသည်ဟု ကျွန်ုပ်ထင်ခဲ့သည်― ယင်းက သမ္မာတရားကို မိတ်သဟာယပြုခြင်းသာဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွက် အားထုတ်ကြိုးပမ်းမှု ပို၍ ပေးအပ်ထားသရွေ့ အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည် ဟူ၍ဖြစ်သည်။ သို့သော် ကျွန်ုပ်သည် တကယ့်အလုပ်နှင့် ထိပ်တိုက်တွေ့လျှင်တွေ့ချင်း ဘုရားသခင့်အိမ်တော်၏အလုပ်မှာ သိပ်မလွယ်ကူသည်ကို ကျွန်ုပ်တွေ့ခဲ့ရသည်” ဟု ပြောတတ်ကြသည်။ ယခုတွင်မူ ဘုရားသခင့်အိမ်တော်၏ သတ်သတ်မှတ်မှတ်ဖြစ်သော မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်ခြင်းက သိပ်မရိုးရှင်းကြောင်း သူတို့သိကြသည်။ တစ်ဖက်တွင် လူတို့သည် အစွမ်းအစ ရှိရမည်။ တစ်ဖက်တွင် သူတို့၌ ဝန်တာတစ်ခု ထားရမည်ဖြစ်ပြီး၊ တစ်ဖက်တွင် သူတို့သည် သမ္မာတရားကို နားလည်ရမည်။ ဤအရာအားလုံးမှာ မရှိမဖြစ်ပင်။ သမ္မာတရားကို မလိုက်စားခြင်းက လက်ခံနိုင်စရာ မဟုတ်။ ညံ့ဖျင်းသော အစွမ်းအစက လက်ခံနိုင်စရာ မဟုတ်။ ညံ့ဖျင်းသော လူ့သဘာဝနှင့် ဝန်တာမထားခြင်းက လက်ခံနိုင်စရာ မဟုတ်သည့်အပြင် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို တိတိကျကျ ကိုင်တွယ်ဖြေရှင်းရမည်။ ယင်းက သိပ်မလွယ်ကူပေ။ လူတချို့က လက်မခံဘဲ နောက်တစ်ကြိမ် စမ်းကြည့်လိုကြသည်၊ နောက်ထပ်အခွင့်အရေးကို ပေးစေလိုကြသည်။ ထိုသို့သောလူတို့ကို အခွင့်အရေး ပေးသင့်သလော။ အကယ်၍ သူတို့သည် သတ်သတ်မှတ်မှတ် အလုပ်တချို့ကို လုပ်ဆောင်နိုင်စွမ်းရှိကာ သူတို့၌ သာမန်အရည်အချင်းနှင့် အစွမ်းအစသာလျှင် ရှိသော်လည်း သူတို့အလုပ်လုပ်သောအခါ ပေါ့ပေါ့တန်တန်၊ သို့မဟုတ် မဆင်မခြင် မလုပ်သည့်အပြင် နားထောင်ပြီး လိုက်နာနိုင်ကာ၊ အလုပ်အစီအမံများ၊ ဘုရားသခင့်အိမ်တော်၏ ပြဋ္ဌာန်းချက်များ၊ အခြေခံသဘောတရားများနှင့်အညီ အလုပ်ကို အခြေခံအားဖြင့် လုပ်ဆောင်နိုင်စွမ်းရှိပါက ထိုသို့သော လူတို့သည် အတွေ့အကြုံမရှိ၊ ငယ်ရွယ်ပြီး အပေါ်ယံ အုတ်မြစ်သာ ရှိခဲ့သောကြောင့်၊ ထို့ပြင် သူတို့က အမှုအရာများစွာနှင့် ပတ်သက်၍ မှားယွင်းသောထင်မြင်ချက် ရှိခဲ့သောကြောင့် ယခင်က အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သော်လည်း ထိုသူတို့မှာ သင့်တော်သောလူ ဖြစ်နေသေးသဖြင့် သူတို့ကို အခွင့်အရေး ပေးသင့်သည်။ သူတို့ကို ကြောင်းကျိုးမမြင်ဘဲ အစားမထိုးလိုက်နှင့်၊ သို့မဟုတ် သူတို့ကို တာဝန်မှ မဆင်းခိုင်းလိုက်လေနှင့်။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရခြင်းမှာ သိပ်မလွယ်ကူသကဲ့သို့ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးကို ရွေးချယ်ခြင်းကလည်း သိပ်မလွယ်ကူချေ။ ယခုတွင် လူတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို နားလည်ကြပြီဖြစ်ပြီး သူတို့သည် နောက်တစ်ကြိမ် အလုပ်လုပ်သောအခါ ထိုသို့သော အရာများကို နားမလည်ခဲ့သော ယခင်အချိန်ကထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၉)” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အယောင်ဆောင် ခေါင်းဆောင်များ၊ အယောင်ဆောင် အမှုတော်ဆောင်များနှင့် အန္တိခရစ်များအားလုံးကို ရွေးထုတ်ကာ ဖယ်ရှားဖို့အလို့ငှာ၊ အထက်က အောက်ပါ သတိပေးချက်ကို ထုတ်ပြန်လိုက်သည်-

အောက်ပါ အပြုအမူ ခုနှစ်ခုအနက် တစ်ခုတစ်လေကို ကျူးလွန်မိပြီးဖြစ်သည့် မည်သည့် မကောင်းမှုပြုသူမဆိုသည် တာဝန်ယူရမည်၊ နုတ်ထွက်ရမည်ဖြစ်ပြီး လူတို့ကို ပြေရာပြေကြောင်း ပြောကာ ဘုရားသခင်အား စိတ်အေးသက်သာ ခံစားစေဖို့ ဘုရားသခင် ရွေးချယ်ထားသော လူတို့ထံ မိမိတို့၏ အပြစ်များကို ဝန်ခံရမည်။

၁။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် မရှိသူ၊ မိမိ၏ မိတ်သဟာယက သမ္မာတရား စစ်မှန်မှု မရှိသူ၊ ဘုရားသခင် ရွေးချယ်ထားသောသူများအတွက် အသက်၌ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သော လက်တွေ့ကျသည့် ‌ပြဿနာများကို မဖြေရှင်းနိုင်သကဲ့သို့ လက်တွေ့ကျသည့် အလုပ်ကို မလုပ်ဆောင်နိုင်သူ မည်သူမဆို တာဝန်ယူကာ နုတ်ထွက်ရမည်။

၂။ အထက်၏ အလုပ်အစီအစဉ်များကို ရှုတ်ချခဲ့သူ၊ အလုပ်အစီအစဉ်များ၊ တရားဒေသနာများနှင့် မိတ်သဟာယတို့ကို ဝေမျှပေးရန် ထိမ်ချန်သူ သို့မဟုတ် ငြင်းပယ်သူ၊ အခြားသူတို့ ပံ့ပိုးသည့် အလုပ်အစီအစဉ်များ၊ အခြားသူများ ဝေမျှသော တရားဒေသနာများနှင့် မိတ်သဟာယကို လက်ခံရရှိရန် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အစွမ်းအစများကို ကန့်သတ်ခဲ့သူနှင့် အသင်းတော်ကို ပိတ်ပင်ထားသူ မည်သူမဆို တာဝန်ယူကာ နုတ်ထွက်ရမည်။

၃။ အလုပ် အစီအစဉ်များကို အကောင်အထည်ဖော်ရန် ငြင်းပယ်ပြီး ခေါင်းဆောင်များနှင့် သင်းထောက်များကို အသင်းတော်၏ ရွေးကောက်ပွဲများအား— အမည်ခံ ခွင့်ပြုထားသည် ရွေးကောက်ပွဲများ အပါအဝင်— ကန့်သတ်သော်လည်း၊ ကိုယ်စားလှယ်လောင်းများကို အတင်းအဓမ္မ သို့မဟုတ် ခိုးကြောင်ခိုးဝှက် ခန့်အပ်သူများ မည်သူမဆို တာဝန်ယူကာ နုတ်ထွက်ရမည်။

၄။ အသင်းတော်ကို တိုင်ပင်ခြင်းမရှိဘဲ ဘုရားသခင် ရွေးချယ်ထားသော လူများစွာကို မှားယွင်းစွာ နှင်ထုတ်ခဲ့သူ သို့မဟုတ် သီးခြားခွဲထုတ်ခဲ့သူ၊ အသင်းတော် အသက်တာတွင် ၎င်းတို့ကို ပြန်လည် ခန့်အပ်ရန် ငြင်းပယ်ခဲ့သောသူ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် ချစ်ခြင်းမေတ္တာ လုံးဝ မရှိသောသူနှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ပြဿနာများကို မမေးမြန်း သို့မဟုတ် ဂရုမစိုက်သောသူ မည်သူဆို တာဝန်ယူကာ နုတ်ထွက်ရမည်။

၅။ အလုပ်အစီအစဉ်များအပေါ် မိတ်သဟာယပြုဖို့နှင့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ကို သိမြင်ရန်ဖြစ်သော ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အစွမ်းအစကို ကန့်သတ်ခဲ့သူ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းနှင့် အလုပ်အစီအစဉ်များအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် တားဆီးသူနှင့် လူတို့အား အသင်းတော်နှင့် ခေါင်းဆောင်များကို နာခံစေရန် အဓိပ္ပာယ်မရှိသည့် သဘောတရားများကို ဖြန့်ဝေလေသူ မည်သူမဆိုသည် တာဝန်ယူကာ နုတ်ထွက်ရမည်။

၆။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို မိမိတို့ ကိုယ်ပိုင်ကဲ့သို့ ယူဆောင်လျက် အလွဲသုံးစားလုပ်သောသူ သို့မဟုတ် အလုပ် အစီအစဉ်များနှင့်သက်ဆိုင်သည့် သတ်မှတ်ပြဌန်းမှုများအား ချိုးဖောက်ခြင်းဖြင့် လှူဖွယ်ပစ္စည်းများ အသုံးပြုခြင်းကို အလွဲသုံးစား ပြုသောသူ မည်သူမဆို တာဝန်ယူကာ နုတ်ထွက်ရမည်ဖြစ်ပြီး၊ မိမိတို့၏ ပြစ်မှုများနှင့် သက်ဆိုင်သည့် အချက်အလက်များကိုလည်း အပြည့်အဝ ဝန်ခံကာ ၎င်းတို့ ယူဆောင်ခဲ့သည့် ငွေကို အပြည့်ပြန်ပေးရမည်။

၇။ ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ကို ဖော်ထုတ်ဝံ့သကဲ့သို့ မှန်ကန်သည့်အရာအတွက် ရပ်တည်ဝံသူများအား လက်စားချေခဲ့သူဖြစ်စေ၊ ရှုတ်ချခဲ့သည့်သူဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ကို ဖိနှိပ်ခဲ့သည့်သူဖြစ်စေ၊ အနာတရဖြစ်စေခဲ့သည့်သူဖြစ်စေ မည်သူမဆိုသည် လက်တွေ့အရှိတရားတွင် အလွန်အမင်း ဆိုးယုတ်သော နတ်ဆိုးများဖြစ်ပြီး တာဝန်ယူကာ နုတ်ထွက်ရမည်။

အထက်က အပြုအမူ ခုနှစ်ခုထဲမှ တစ်ခုတစ်လေကို ကျူးလွန်ခဲ့သည့် မည်သည့် မကောင်းမှုပြုသူကိုမဆို ဘုရားသခင်၏ အိမ်တော်က မည်သည့်အဆင့်ရှိ ခေါင်းဆောင်မှု သို့မဟုတ် အလုပ်သမား ရာထူးများကိုမျှ ဆက်လက်ကိုင်စွဲခွင့် ပေးတော့မည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ဤလူများသည် ဘုရားသခင်၏ အမှုတော်ကို ဆိုးရွားစွာ ဝင်စွက်ဖက်ကာ နှောင့်ယှက်ကြပြီးဖြစ်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် ချစ်ခြင်းမေတ္တာ လုံးဝ မရှိကြချေ၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား ရက်ရက်စက်စက် ထိခိုက်နစ်နာစေခဲ့ကြသည်၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား သမ္မာတရား နားလည်ခြင်း သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို နာခံခြင်းမှ တားဆီးဖို့ ကြိုးပမ်းခဲ့ကြကာ ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲမှ အလုပ် အစီအစဉ်များကို နာခံပြီး ဖြောင့်မတ်ခြင်းကို ထိန်းသိမ်းသော သူများကို ရှုတ်ပင်ရှုတ်ချကာ အမှုဆင်ခဲ့ကြသည်။ ဤသည်မှာ တိုင်းတာမရလောက်အောင် ဆိုးယုတ်မှု၊ နှိုင်းမရသော အပြစ်တစ်ခု ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ခေါင်းဆောင်မှုနှင့် အမှုတော်ဆောင် ရာထူးများရှိ ထိုသို့သော မကောင်းမှုပြုသူတို့ကို သည်းမခံနိုင်တော့သကဲ့သို့ ဘုရားသခင်ထံ ကယ်တင်ခြင်းအတွက် ဟစ်‌ကြော်ကြလေသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များ၊ အယောင်ဆောင် အမှုတော်ဆောင်များနှင့် အန္တိခရစ်များသည် လူတို့၏ ဒေါသကို နှိုးဆွပြီးဖြစ်ကာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီးဖြစ်သည်မှာ သိသာပေသည်၊ ထို့ကြောင့် ၎င်းတို့သည် တာဝန်ယူကာ နုတ်ထွက်ရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် လူတို့၏ စိတ်ဆန္ဒများနှင့် လုံးဝ ကိုက်ညီပေသည်။ ယနေ့တွင် ၎င်းတို့သည် တာဝန်ယူကာ နုတ်ထွက်ပြီး၊ ၎င်းတို့ နောင်တရနိုင်စွမ်းရှိသည်ကို ပြပါက၊ ဘုရားသခင်၏ အိမ်တော်သည် ၎င်းတို့အား နောက်ထပ် အခွင့်အရေး ပေးလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ အသင်းတော် အသက်တာကို ထိန်းသိမ်းထားရန် အခွင့်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ သင့်တော်သည့် တာဝန်များ ခွဲဝေအပ်ပေးခံရလိမ့်မည်— ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်ပြီး စစ်မှန်စွာ နောင်တရနိုင်ပါက၊ ကယ်တင်ခံရဖို့ အခွင့်အရေးတစ်ခု ရှိကြဆဲ ဖြစ်လိမ့်မည်။ သို့သော် ၎င်းတို့သည် တာဝန်ယူကာ နုတ်မထွက်ကြဘဲ ဘုရားသခင်၏ အိမ်တော်ကို ဆက်လက် ခုခံကြပါက၊ ၎င်းတို့ကို အန္တိခရစ်များအဖြစ် သတ်မှတ်နိုင်ပြီး နှင်ထုတ်ရမည်ဖြစ်ကာ ဘုရားသခင် ရွေးချယ်ထားသော လူတို့က ထာဝရ ငြင်းပယ်ကြရမည်ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၆၄) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို စွပ်စွဲပြစ်တင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၆) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်