၇၄။ မိမိ၏ တာဝန်ကို ချဉ်းကပ်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) တာဝန်ဆိုသည်မှာ ဘုရားသခင်ထံမှ စေခိုင်းချက်နှင့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန် ဖြစ်သည်။ ယင်း၏ ထမ်းဆောင်ခြင်ကို ကောင်းကင်ဘုံက စီမံထားခြင်းဖြစ်ပြီး မြေကြီးက အသိအမှတ်ပြုထားပေသည်။ မိမိ၏ တာဝန်ကို မထမ်းဆောင်ခြင်းသည် နိုင်ငံတော် သစ္စာဖောက်ခြင်းနှင့်ဆိုင်သည့် အလွန် ယုတ်မာသော လုပ်ရပ်တစ်ခု ဖြစ်သည်။

(၂) လူသားကို ဘုရားသခင် ပေးသည့် တာဝန်များသည် အဓိကနှင့် သာမညများအဖြစ်သို့ ခွဲမထားသကဲ့သို့ မြင့်မားသောအရာနင့် နိမ့်ကျသောအရာများအဖြစ်သို့လည်း ခွဲမထားပေ။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ထံမှ မိမိတို့၏ တာဝန်ကို လက်ခံရရှိသင့်သည်။ ယင်းကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းသည်သာ အသိတရားနှင့် အသိစိတ်တစ်ခု ပိုင်ဆိုင်ခြင်း ဖြစ်သည်။

(၃)မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ၎င်းတို့၏ အခွင့်အလမ်းများ သို့မဟုတ် ကံကြမ္မာ၏ အချုပ်အချယ်ကို မခံစားသင့်ပေ။ တစ်ဦးတစ်ယောက်သည် မိမိ၏ တာဝန်ကို ကျိုးနွံနာခံသော ပုံသေအတွေးအခေါ်တစ်ခုနှင့် အပြုသဘောဆောင်သည့်၊ ပူးပေါင်းဆောင်ရွက်တတ်သော သဘောထားတစ်ခုဖြင့် ချဉ်းကပ်သင့်ပေသည်။

(၄) မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ တစ်ဦးတစ်ယောက်သည် ၎င်းတို့ ကိုယ်တိုင်၏ ကြံရွယ်ချက်များက ၎င်းတို့၏ ထမ်းဆောင်မှုကို ရောနှောသည့် နည်းလမ်းများနှင့်ပတ်သက်၍ မကြာခဏ သုံးသပ်ဆင်ခြင်သင့်သည်။ ထိုရောနှောမှုများကို ချက်ချင်း ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေလော့၊ ပြီးလျှင် သင်၏ တာဝန်ကို ကျေနပ်ဖွယ်ရာ သင် ထမ်းဆောင်နိုင်သည့်နေရာသို့ သွားလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများနှင့် ထိုက်တန်လိမ့်မည် မဟုတ်သကဲ့သို့၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ ထိုက်တန်လိမ့်မည် မဟုတ်ချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင့်ကို ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင် အပ်နှံသည့် မည်သည့် တာဝန်များကိုမဆို ပြည့်စုံစေဖို့မှာ လူသားများအတွက် ကောင်းကင်ဘုံ၏ ဥပဒေဖြစ်ပြီး မြေကြီး၏ အခြေခံသဘောတရား ဖြစ်ပေသည်၊ ဤသည်မှာ ၎င်းတို့၏ အမြင့်ဆုံး တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာ၀န်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို ရှုမြင်ပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့်၊ လူသားမျိုးနွယ်ကို သူ အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်များသည် ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းများနှင့် အထူး မျက်နှာသာပေးခြင်းများ ဖြစ်သည်၊ ၎င်းတို့သည် ဂုဏ်ကျက်သရေအရှိဆုံးသော အရာများ ဖြစ်သည်ကို သဘောပေါက်ရမည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်- လူတစ်ဦးသည် မိမိ၏ အသက်ကို စွန့်လွှတ်ရမည်ဖြစ်လျှင်ပင်၊ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းမြဲ ဖြည့်ဆည်းရမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်၏ ကျိန်ခြင်းခံရသည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှု ဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မလုပ်ဆောင်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု” မှ

တာဝန် မည်သို့မည်ပုံ ပေါ်ပေါက်လာသနည်း။ ကျယ်ကျယ်ပြန့်ပြန့်ဆိုရလျှင် လူသားတို့ထံ ကယ်တင်ခြင်းကို ယူဆောင်လာခြင်းတည်းဟူသော ဘုရားသခင့် စီမံခန့်ခွဲမှုအလုပ်၏ ရလဒ်တစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ အတိအကျ ဆိုရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်သည် လူသားတို့ကြားတွင် သိသာထင်ရှားလာသည်နှင့်အမျှ ဆောင်ရွက်ရန်လိုအပ်သော အလုပ်တာဝန်ပေါင်းစုံ ပေါ်ပေါက်လာကာ၊ ယင်းအလုပ်များသည် လူတို့ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြီးစီးအောင်လုပ်ရန် လိုအပ်လာသည်။ ယင်းမှ လူတို့ဖြည့်ဆည်းရန် တာဝန်များနှင့် အထူးတာ၀န်များ ပေါ်ပေါက်လာရာ ယင်းတာဝန်များနှင့် အထူးတာ၀န်များသည် ဘုရားသခင်က လူသားမျိုးနွယ်အပေါ် ပေးသနားသည့် တာဝန်များပေတည်း။ ထို့ကြောင့် ဘုရားသခင်၏ အိမ်တော်တွင် လူတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် အလုပ်အမျိုးမျိုးမှာ ၎င်းတို့ဖြည့်ဆည်းသင့်သည့် တာဝန်များဖြစ်သည်။ ထို့ကြောင့် တာဝန်များကြားတွင် သာ၍ကောင်းမွန်ခြင်းနှင့် သာ၍ဆိုးခြင်း၊ မြင့်မားခြင်းနှင့် နိမ့်ကျခြင်း၊ သို့မဟုတ် ကြီးမြတ်ခြင်းနှင့် သေးငယ်ခြင်းတို့အရ ခြားနားချက်များရှိသလော။ ထိုသို့သော ခြားနားချက်များ မတည်ရှိပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် ပတ်သက်သရွေ့၊ တစ်စုံတစ်ရာသည် သူ၏အမှုကို ဘုရားသခင်ဆောင်ရွက်ခြင်းနှင့်ဆိုင်သော သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ သို့မဟုတ် သူ့အိမ်တော်အမှု၏ သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ ယင်းသည် လူတစ်ဦး၏ တာဝန်ဖြစ်သည်။ ဤသည်မှာ တာဝန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဇာစ်မြစ်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

သင့်အား ဘုရားသခင်နှင့် ဆက်သွယ်ပေးသည့် ရင်းနှီးမှုကို တိုက်ရိုက်၊ သိသိသာသာ အထင်ဟပ်ဆုံးသော အရာသည် သင့်အပေါ် ဘုရားသခင်မှ အပ်နှံသည့် အကြောင်းအရာများ၊ သင့်ကို ဘုရားသခင် ချပေးသည့် အလုပ်တာဝန်များအပေါ် သင် ခံယူသည့် ပုံစံနှင့် သင့်တွင်ရှိသော သဘောထားဖြစ်သည်။ တိုက်ရိုက်အကျဆုံး ကြည့်ရှုလေ့လာနိုင်သောအရာမှာ ဤပြဿနာ ဖြစ်သည်။ ဤအရေးပါသော အချက်ကို သင် နားလည်သဘောပေါက်ပြီး ဘုရားသခင်မှ သင့်ကို ပေးအပ်သော စေခိုင်းချက်ကို ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်တစ်ခုကို အပ်နှံသောအခါ၊ သို့မဟုတ် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ပြောသောအခါ သင်၏ သဘောထားသည် ပြီးစလွယ်ဖြင့် စိတ်မပါဖြစ်နေလျှင်၊ ပထမဦးစားပေးအဖြစ် သင် မမှတ်ယူလျှင် ဤသည်မှာ သင်၏ စိတ်နှလုံးနှင့် ခွန်အားအလုံးစုံကို ပေးခြင်းနှင့် ဆန့်ကျင်ဘက် အတိအကျပင် မဟုတ်သလော။ ထို့ကြောင့် သင့်တာဝန်ကို ထမ်းဆောင်ရာ၌ သင်၏ သဘောထားသည် အလွန်အရေးကြီးသကဲ့သို့ သင် ရွေးချယ်သည့် နည်းလမ်းနှင့် လမ်းကြောင်းမှာလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ သင်၏တာဝန်ကို ပြီးစလွယ်နှင့် ကပျာကယာ ဆောင်ရွက်ခြင်းနှင့် ယင်းကို ပေါ့ပေါ့တန်တန် သဘောထားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ယင်းသည် သင်၏ တာဝန်နှင့်သက်ဆိုင်သည့် ညံ့ဖျင်းသော စွမ်းဆောင်မှု ဖြစ်သည်၊ သင့်အနေဖြင့် သင်၏ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်စွမ်းရှိသော်လည်း- သင်၏ တာဝန်သည် စံမီလိမ့်မည်မဟုတ်သကဲ့သို့၊ သင်၏ တာဝန်ပေါ် ထားရှိသည့် သင်၏ သဘောထားနှင့်ပတ်သက်၍ ဘုရားသခင် စိတ်ကျေနပ်လိမ့်မည် မဟုတ်ပေ။ မူလက၊ သင်သည် ပုံမှန် ကြိုးစားခဲ့ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးဖြစ်ပါက၊ ယင်းကို သင်၏ အတွေးများအားလုံး ပေးအပ်မြှုပ်နှံခဲ့ပြီး ဖြစ်ပါက၊ ယင်းကို လုပ်ဆောင်ခြင်းထဲသို့ သင်၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့ကို ထားရှိပြီး၊ သင်၏ အားထုတ်မှုအားလုံးကို စိုက်ထုတ်ပြီးဖြစ်ကာ သင်၏ အားထုတ်မှု၊ သင်၏ ကြိုးပမ်းမှုနှင့် သင်၏ အတွေးများကို အချိန်ကာလတစ်ခုကြာ ပေးအပ်မြှုပ်နှံခဲ့ပြီးဖြစ်ပါက၊ သို့မဟုတ် စာပေများကို ကိုးကားခြင်းအား အချိန်တစ်ချို့ ပေးအပ်မြှုပ်နှံခဲ့ပြီးဖြစ်ကာ သင်၏ စိတ်နှင့်ခန္ဓာတစ်ခုလုံးကို ထိုအရာ၌ နှစ်မြှုပ်ထားခဲ့ပြီးဖြစ်ပါက၊ သင်သည် ထိုသို့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း ရှိပါက၊ ဘုရားသခင်သည် သင့်ကို လမ်းပြလျက် ရှေ့တွင်ရှိမည်ဖြစ်သည်။ သင့်အနေဖြင့် ခွန်အားစိုက်ထုတ်ဖို့ များစွာ မလိုအပ်ပေ။ ပူးပေါင်းလုပ်ဆောင်မှုတွင် သင်သည် မခြွင်းမချန် အားထုတ်သည့်အခါတွင်၊ ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် ဉာဏ်များကာ သစ္စာဖောက်ပြီး၊ အလုပ်ကို တစ်ဝက်တစ်ပျက်လုပ်လျက်၊ စိတ်နှလုံးပြောင်းလဲကာ လမ်းလွဲပါက၊ ဘုရားသခင်သည် သင့်ကို လုံးဝစိတ်ဝင်စားမည် မဟုတ်ပေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်က၊ “သင်သည် ကျေနပ်လောက်အောင် မကောင်းပေ။ သင်သည် အသုံးမကျပေ။ ဘေးထွက်ရပ်လော့။ သင်သည် ပျင်းရိရသည်ကို နှစ်သက်သည် မဟုတ်လော။ လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်တတ်ခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ အနားယူရသည်ကို သင် နှစ်သက်သလော။ ကဲ ထိုသို့ဆိုလျှင် အနားယူလော့” ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို နောက်လူအား ပေးလိမ့်မည်။ သင် မည်သည့်အရာ ပြောသနည်း- ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ အောင်မြင်မှုတစ်ခုလော။ ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း” မှ

လူအချို့သည် ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းအား အရင်းအနှီးအဖြစ် မြင်ကြသည်၊ အချို့က ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းအား ၎င်းတို့၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အလုပ်များအဖြစ် မြင်ကြပြီး အချို့က ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းအား ၎င်းတို့၏ကိုယ်ပိုင်အလုပ်၊ လုပ်ငန်းများ၊ သို့မဟုတ် သီးသန့်ကိစ္စများအဖြစ် မြင်ကြသည်၊ သို့တည်းမဟုတ် တာဝန်တစ်ခုကို ဝါသနာပါ၍လုပ်သော အလုပ်မျိုး၊ ဖြေဖျော်မှုမျိုး၊ သို့မဟုတ် အချိန်ဖြုန်းရန် ဝါသနာတစ်ခုမျိုးအဖြစ် မြင်ကြသည်။ တိုတိုပြောရလျှင်၊ သင်၌ သင်၏တာဝန်အပေါ် မည်သည့်သဘောထား ရှိသည်ဖြစ်စေ၊ ယင်းကို ဘုရားသခင်ထံမှ သင်မရရှိခဲ့ပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုအတွင်းရှိ ဖန်ဆင်းခံသတ္တဝါတစ်ဦး လုပ်ဆောင်သင့်သည့်၊ သို့မဟုတ် ယင်းနှင့်အတူ ပူးပေါင်းလုပ်ဆောင်သင့်သည့် အလုပ်တစ်ခုအဖြစ် သင်သဘောမထားနိုင်ပါက၊ သင်လုပ်ဆောင်နေသည့်အရာမှာ သင်၏တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်ပေ။ ဤအကြောင်းအရာများကို အဘယ်ကြောင့် ငါဖော်ထုတ်ပြောသနည်း။ ယင်းတို့အကြောင်းကို မိတ်သဟာယပြုခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းဖို့ ငါကြိုးစားနေသနည်း။ မိမိတို့၏တာဝန်များအပေါ် လူတို့ထားရှိကြသည့် မမှန်ကန်သော သဘောထားများကို ပြုပြင်ဖို့ ငါကြိုးပမ်းနေခြင်းဖြစ်၏။ ဤသမ္မာတရားများကို ၎င်းတို့နားလည်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏တာဝန်များအပေါ် ၎င်းတို့ထားသည့် သဘောထားများသည် သမ္မာတရားနှင့် တဖြည်းဖြည်း တစ်ပြေးညီဖြစ်လာလိမ့်မည်ဖြစ်ကာ ယင်း၏ အခြေခံမူများအပြင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီလာလိမ့်မည်။ အနည်းဆုံးအနေဖြင့်၊ သင်၏တာဝန်နှင့်စပ်လျဉ်း၍ သင်၏ရှုထောင့်နှင့် သဘောထားတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တစ်ပြေးညီဖြစ်သင့်ပေသည်။ တာဝန်များဟူသည်မှာ ဘုရားသခင်မှ လူတို့အား အပ်ထားသော အလုပ်များဖြစ်သည်။ ယင်းတို့မှာ လူတို့ပြီးမြောက်ရမည့် အထူးတာဝန်များဖြစ်သည်။ သို့သော်လည်း တာဝန်တစ်ခုဟူသည်မှာ သင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ စီမံရသည့် လုပ်ငန်းမဟုတ်သည်မှာ အသေအချာပင်ဖြစ်သကဲ့သို့ အများသူငါထဲမှ သင် ပိုမိုပေါ်လွင်ဖို့အတွက် အသာစီးရခြင်းတစ်ခုလည်း မဟုတ်ပေ။ လူအချို့က ၎င်းတို့၏တာဝန်များကို ၎င်းတို့၏ကိုယ်ပိုင် စီမံအုပ်ချုပ်မှုထဲ ပါဝင်ပတ်သက်ဖို့ နှင့် အုပ်စုများ ဖွဲ့ဖို့ အခွင့်အရေးများအဖြစ် အသုံးချတတ်သည်၊ သူတို့အနေဖြင့် သူတို့၏တာဝန်များကို ဆောင်ရွက်နေသရွေ့ သူတို့သည် ဘုရားသခင်၏အိမ်တော်နှင့် လူသားအတွက် ဘုရားသခင်စီမံပေးသည့် အံ့သြဖွယ်ကောင်းသော ခရီးဆုံးပန်းတိုင်ကို မျှဝေခံစားကြရလိမ့်မည်ဟု တွေးထင်လျက်၊ အချို့က မိမိတို့၏အလိုဆန္ဒများကို ဖြည့်ဆည်းရန်၊ အချို့က မိမိတို့အထဲတွင် ခံစားရသော လစ်ဟာမှုများကို ပြည့်စေရန်နှင့် အချို့က မိမိတို့၏ ကံကို ယုံ၍ဆူးပုံနင်းသော စိတ်ထားကို ကျေနပ်စေရန် မိမိတို့၏ တာဝန်များကို အခွင့်အရေးများအဖြစ် အသုံးချတတ်ကြလေသည်။ တာဝန်နှင့်ပတ်သက်၍ ထိုသို့သော သဘောထားများမှာ မမှန်ကန်ပေ။ ယင်းတို့က ဘုရားသခင်ကို စက်ဆုပ်ရွံရှာစေသဖြင့် အဆောတလျင် ဖြေရှင်းရမည်ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

တာဝန်အပေါ် တစ်ဦးတစ်ယောက် ရှိသင့်သည့် အခြေခံအကျဆုံးသော သဘောထားမှာ အဘယ်နည်း။ သင်က၊ “ဘုရားသခင်၏ အိမ်တော်က ဤတာဝန်ကို ကျွန်ုပ်အား ပေးထားသည့်အတွက်၊ ယင်းသည် ကျွန်ုပ်နှင့် သက်ဆိုင်ပြီး ယင်းကို ကျွန်ုပ်လိုချင်သည့် မည်သည့်နည်းနှင့်မဆို ဖြည့်ဆည်းနိုင်သည်” ဟု ပြောပါက၊ ဤသည်မှာ လက်ခံ၍ရနိုင်သော သဘောထားတစ်ခုဖြစ်မည်လော။ လုံးဝဖြစ်မည်မဟုတ်။ သင်၌ ထိုသို့သော အတွေးများ ရှိပါက၊ ယင်းတို့က ပြဿနာဖြစ်စေလိမ့်မည်ပြီး၊ ယင်းမှာ သင်သည် မကောင်းသော လမ်းကြောင်းတစ်ခုကို စတင်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ ဤနည်းဖြင့် သင်မစဉ်းစားရ။ သို့ဆိုလျှင်၊ မှန်ကန်သော တွေးခေါ်ခြင်း နည်းလမ်းမှာ အဘယ်နည်း။ ပထမဦးစွာ၊ သင်သည် သမ္မာတရားနှင့် အခြေခံမူများကို ရှာဖွေရမည်။ ဤအရာများကို ရှာဖွေလော့- ဤတာဝန်ကို မည်သို့ဖြည့်ဆည်းသင့်သည်၊ မည်သည့်အရာကို ဘုရားသခင်တောင်းဆိုသည်၊ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်သက်ဆိုင်သော အခြေခံမူများက မည်သည့်အရာတို့ဖြစ်သည်၊ အမှု၏ မည်သည့်အစိတ်အပိုင်းများကို သင်ပြည့်စုံစေသင့်သည်နှင့် ဤတာဝန်ကို ဖြည့်ဆည်းနေစဉ်တွင် လုံးဝဆက်ကပ်ပြီး တာဝန်ယူဖို့ သင်မည်သို့ပြုမူသင့်သည်တို့ ဖြစ်သည်။ သို့ဆိုလျှင်၊ မည်သူ့ကို ဆည်းကပ်မှု ပေးသင့်သနည်း။ ဘုရားသခင်ကို ဖြစ်၏- သင်သည် သူ့ကို ဆည်းကပ်သင့်သည်၊ အခြားလူများအပေါ် တာဝန်ယူသင့်ပြီး၊ သင်ကိုယ်တိုင်အတွက်မူ၊ သင်သည် အခြေခံမူကို လိုက်နာစောင့်ထိန်းပြီး သင်၏တာဝန်ကို ထိန်းသိမ်းသင့်သည်။ အခြေခံမူကို လိုက်နာစောင့်ထိန်းဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြေခံမူကို လိုက်နာစောင့်ထိန်းဖို့ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားနှင့်အညီ ဆောင်ရွက်ဖို့ ဖြစ်သည်။ သို့ဖြစ်လျှင် တာဝန်ကို ထိန်းသိမ်းဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဥပမာအားဖြင့် တစ်နှစ်၊ နှစ်နှစ်အတွက် တာဝန်တစ်ခုကို သင့်ထံ ပေးထားသော်လည်း ယခုထက်ထိ မည်သူကမျှ သင်နှင့်ပတ်သက်၍ စစ်ဆေးခြင်းမရှိဟု ဆိုပါစို့။ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ မည်သူကမျှ သင်နှင့်ပတ်သက်၍ စစ်ဆေးခြင်းမရှိပါက၊ ယင်းမှာ တာဝန်ကုန်ဆုံးသွားပြီဟု ဆိုလိုသလော။ သင်နှင့်ပတ်သက်၍ တစ်ဦးတလေက စစ်ဆေးခြင်း ရှိမရှိ၊ သို့မဟုတ် သင်မည်သို့လုပ်ဆောင်သည်ကို မြင်ခြင်း ရှိမရှိကို အလေးဂရုမပြုနှင့်။ ဤတာဝန်ကို သင့်အား ပေးအပ်ထားပြီးဖြစ်ကာ ယင်းသည် သင်၏ကိုယ်ရေးကိုယ်တာ လုပ်ငန်းမဟုတ်သော်လည်း၊ ယင်းကို သင့်အား တာဝန်ပေးထားခဲ့ခြင်းဖြစ်၍ ယင်းသည် သင့်တာဝန်ဖြစ်၏။ ဤအလုပ်ကို မည်သို့လုပ်ဆောင်သင့်ကာ ယင်းကို မည်သို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ကို သင်စဉ်းစားသင့်ပြီး၊ ယင်းမှာ သင်လုပ်ဆောင်သင့်ပုံ ဖြစ်သည်။ အခြားသူများက သင့်အပေါ် စစ်ဆေးဖို့အတွက်၊ ၎င်းတို့ သင့်ကို ကြီးကြပ်ဖို့နှင့် တိုက်တွန်းဖို့အတွက် သင်အမြဲစောင့်ဆိုင်းနေပါက၊ ဤသည်မှာ သင်၏တာဝန်တွင် သင်ထားရှိသင့်သည့် သဘောထားလော။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မတုန်မလှုပ်သော သဘောထားတစ်ခု ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်အပေါ် သင်ခံယူသင့်သည့် သဘောထား မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။” မှ

လူများစုသည် ၎င်းတို့၏ တာဝန်များကို- “တစ်စုံတစ်ဦးက ဦးဆောင်ပါက ကျွန်ုပ်နောက်ကလိုက်မည်။ ၎င်းတို့ဦးဆောင်သည့် နေရာတိုင်းသို့ ၎င်းတို့နောက် ကျွန်ုပ်လိုက်မည်ဖြစ်ပြီး၊ ၎င်းတို့ လုပ်ဖို့ခိုင်းသည့်အရာတိုင်းကို ကျွန်ုပ်လုပ်မည်” ဟူသော စိတ်အခြေအနေတွင် လုပ်ဆောင်ကြ၏။ တစ်ဘက်တွင် တာဝန် သို့မဟုတ် အမှုထားစရာကိစ္စကို လက်ခံခြင်း သို့မဟုတ် လိုအပ်သည်ထက်ပို၍ အာရုံစိုက်ပေးခြင်းတို့သည် ၎င်းတို့စွမ်းဆောင်၍ မရရှိနိုင်သည့်အရာများ ဖြစ်ပြီး၊ ၎င်းတို့ ပေးဆပ်ရန် လိုလားခြင်းမရှိသည့် အဖိုးအခများ ဖြစ်သည်။ ကာယပိုင်းဆိုင်ရာ အားထုတ်မှုတွင် ၎င်းတို့ ပါ၀င်မှုရှိကြသော်လည်း၊ တာဝန်ကို မျှဝေလုပ်ဆောင်ခြင်း မရှိကြချေ။ ဤသည်မှာ မိမိ၏ တာဝန်ကို အမှန်တကယ် လုပ်ဆောင်ခြင်း မဟုတ်ပေ။ သင်သည် သင်၏ တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ဖို့ သင်ယူရမည်။ လူတစ်ဦးတွင် စိတ်နှလုံးရှိပါက၊ ယင်းကို အသုံးပြုနိုင်ရမည်ဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို မည်သည့်အခါတွင်မျှ အသုံးမပြုပါက၊ ဤအရာက ၎င်းသည် စိတ်နှလုံးသား ကင်းမဲ့သည်ကို သက်သေပြပြီး၊ စိတ်နှလုံးကင်းမဲ့သော လူတစ်ဦးသည် သမ္မာတရားကို မရရှိနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို အဘယ်ကြောင့် မရရှိနိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မည်သို့ လာရမည်ကို မသိကြပေ။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို သတိမူမိခြင်းထဲသို့ မိမိတို့၏ စိတ်နှလုံး မည်သို့ ထားရှိရမည်၊ သို့မဟုတ် စဉ်စားချင့်ချိန်ခြင်းထဲသို့ မိမိတို့၏ စိတ်နှလုံး မည်သို့ ထားရှိရမည်၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်း၊ နားလည်ခြင်းနှင့် အရေးထားမှုကို ပြသခြင်းထဲသို့ မိမိတို့၏ စိတ်နှလုံး မည်သို့ ထားရှိရမည်ကို မသိကြချေ။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်နိုင်သည့် အခြေအနေများ၊ ပြီးလျှင် မည်သည့်အရာ ဖြစ်ပေါ်ပါစေ၊ သင်၏တာဝန် မည်သည့်အရာ ဖြစ်ပါစေ၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားဖို့ သင်၏ စိတ်နှလုံးကို အသုံးပြုနိုင်ကာ သမ္မာတရားကို ရှာဖွေခြင်းနှင့် သင်၏ တာဝန်အား မည်သို့ ဆောင်ရွက်သင့်သည်ကို ချင့်ချိန်စဉ်းစားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိနိုင်သည့် အခြေအနေများ ရှိသလော။ ထိုသို့သော အချိန်များ များစွာ ရှိသလော။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိခြင်းနှင့် တာဝန် ယူနိုင်ခြင်းသည် သင့်အနေဖြင့် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ လိုအပ်ပေသည်- ယင်းနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း သက်သက်သည် မလုံလောက်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို မထားရှိဘဲ ယင်းအစား ကာယပိုင်းဆိုင်ရာ အားထုတ်မှုများ အမြဲအသုံးပြုချင်နေပါက၊ သင်၏ တာဝန်သည် သေချာပေါက် ကောင်းကောင်းမွန်မွန် ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ သင်သည် ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြလိမ့်မည်ဖြစ်ပြီး ထိုထက် ပိုလိမ့်မည်မဟုတ်ဘဲ၊ သင်၏ တာဝန်ကို သင် မည်မျှကောင်းကောင်း လုပ်ဆောင်ပြီးဖြစ်သည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိပါက၊ သင်သည် သမ္မာတရားကို တဖြည်းဖြည်း သိနားလည်လာလိမ့်မည်။ သင် မထားရှိပါက၊ သိနားလည်လိမ့်မည် မဟုတ်။ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိသည့်အခါတွင်၊ သင်သည် ဘုရားသခင်၏ အလိုကို တဖြည်းဖြည်း သိနားလည်လာနိုင်လိမ့်မည်၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မပြည့်စုံခြင်းတို့ကို တွေ့ရှိနိုင်လိမ့်မည် ဖြစ်ပြီး သင်၏ အခြေအနေမျိုးစုံကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ရန် သင်၏ စိတ်နှလုံးကို အသုံးမပြုဘဲ၊ အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုများ ပြုလုပ်ခြင်းကိုသာ သင် အာရုံစိုက်ပါက၊ သင်၏ စိတ်နှလုံးထဲတွင် ထွက်ပေါ်သည့် အမျိုးမျိုးသော အခြေအနေများနှင့် မတူညီသည့် အပြင်ပန်းပတ်ဝန်းကျင်များအဖို့ သင်၌ ရှိသည့် တုန့်ပြမှုများကို သင် ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။ မိမိကိုယ်ကိုယ် ဆန်းစစ်ဖို့ သင်၏ စိတ်နှလုံးကို အသုံးမပြုပါက၊ သင်၏ စိတ်နှလုံးထဲရှိ ပြဿနာများကို ဖြေရှင်းဖို့ သင့်အတွက် ခက်ခဲလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်ကို ချီးမွမ်း၍ ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို သင် အသုံးပြုရမည်။ ဘုရားသခင်ကို ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို အသုံးပြုရာတွင် တည်ငြိမ်ပြီး ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု သင်၌ ရှိရမည်။ သင့် စိတ်နှလုံး၏ အနက်ရှိုင်းဆုံး‌ နေရာများတွင်၊ ဘုရားသခင်၏ အလိုနှင့် သမ္မာတရား ရှာဖွေဖို့ သင် သိရှိရမည်ဖြစ်ပြီး သင့်တာဝန်၏ မည်သည့် အစိတ်အပိုင်းများကို သင် နားမလည်သေးကြောင်းနှင့် သင်၏ တာဝန်အား ပိုမိုကောင်းမွန်စွာ မည်သို့လုပ်ဆောင်ရမည်ဆိုသည်တို့ကို တွေးဆရင်း၊ သင်၏ တာဝန်ကို မည်သို့ ကောင်းမွန်စွာ လုပ်ဆောင်ရမည်ကို သင် တွေးဆရမည်။ သင်၏ စိတ်နှလုံးထဲတွင် ဤရာများကို မကြာခဏ တွေးတောခြင်းအားဖြင့်သာ၊ သမ္မာတရားကို သင် ရရှိနိုင်လိမ့်မည်။ ဤအရာများသည် သင်၏ စိတ်နှလုံးထဲ၌ သင် မကြာခဏ တွေးဆသည့်အရာများ မဟုတ်သကဲ့သို့၊ ယင်းအစား သင်၏ စိတ်နှလုံးသည် စိတ်နှင့်ဆိုင်သော အရာများ သို့မဟုတ် ပြင်ပအရာများဖြင့်သာ ပြည့်နှက်နေပါက၊ ဘုရားသခင်ကို ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို အသုံးပြုခြင်းနှင့် လုံးဝမသက်ဆိုင်သည့်- ယင်းနှင့် မည်သို့မျှ ပတ်သက်မှုမရှိသည့်- ထိုသို့သော အရာများဖြင့် နေရာယူထားခြင်းခံရပါက၊ သင်သည် သမ္မာတရားကို ရရှိနိုင်သလော။ သင်သည် ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ရပ် ရှိပါသလော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

လူများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် အခါတွင်၊ အမှန်တကယ်ပင် ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင် နေကြသည်။ သို့သော် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ယင်းကို လုပ်ဆောင်ပါက၊ သင်၏တာဝန်ကို ရိုးသားသည့် သဘောထားတစ်ခုနှင့် စိတ်နှလုံးတစ်ခုဖြင့် ထမ်းဆောင်ပါက၊ ဤသဘောထားသည် သာ၍ မှန်ကန်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်သည် သင်၏နေ့စဉ် အသက်တာတွင် ဤသဘောထားကို မည်သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ သင်သည် “ဘုရားသခင်ကို စိတ်နှလုံးနှင့် ရိုးသားမှုဖြင့် ဝတ်ပြုကိုးကွယ်ခြင်း” ကို သင်၏စစ်မှန်မှု ဖြစ်စေရမည်။ သင် ခိုကပ်ချင်ပြီး ဟန်ဆောင်လုပ်ပြချင်သည့်အချိန်တိုင်း၊ အပျင်းထူချင်သည့် အချိန်တိုင်းနှင့် သင့်ကိုယ်သင် အာရုံပြောင်းခွင့်ပေးပြီး အပျော်သက်သက် လုပ်ဆောင်ချင်သည့်အချိန်တိုင်းတွင်၊ ထိုအရာကို သင် အစမှအဆုံး စဉ်းစားသင့်၏- ဤသို့ပြုမူခြင်းဖြင့်၊ ကျွန်ုပ်သည့် ယုံကြည်စိတ်ချ၍ မရ ဖြစ်နေပါသလော။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ် သစ္စာပျက်နေသလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့်၊ ကျွန်ုပ်အပေါ် ဘုရားသခင် ထားရှိသည့် ယုံကြည်မှုနှင့်လျော်ညီအောင် အသက်ရှင်ဖို့ ကျွန်ုပ် ပျက်ကွက်နေခြင်းလော။ ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်ပုံ ဖြစ်သည်။ သင့်အနေဖြင့်၊ “ဒီကိစ္စကို ငါ အလေးအနက် မထားဖူးဘူး။ အရင်တုန်းက၊ ပြဿနာတစ်ခုရှိတယ်လို့ ငါ ခံစားခဲ့ရပေမယ့် အဲဒါကို စိုးရိမ်ရတဲ့အရာဖြစ် ငါ သဘောမထားခဲ့ဘူး၊ အဲဒါကို ငါ အမှုမဲ့အမှတ်မဲ့ပဲ ဖော့ပြောခဲ့တယ်။ အခု ဒီပြဿနာက မပြေလည်သေးဘူး။ ငါ ဘယ်လိုလူမျိုးလဲ” ဟု တွေးသင့်၏။ သင်သည် ပြဿနာကို သိမြင်ပြီး မိမိကိုယ်ကိုယ် အနည်းငယ် သိလာလိမ့်မည်။ အသိပညာအနည်းငယ် ရှိသည့်အချိန်တွင် သင် ရပ်သင့်သလော။ သင်၏ အပြစ်များကို ဝန်ချပြီးသည်နှင့်တပြိုင်နက် ပြီးစီးပြီလော။ သင် နောင်တရရမည်ဖြစ်ပြီး ပြောင်းလဲရမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး လုပ်ဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် တာဝန်ပေါ့လျော့မည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ငါ၏ စိတ်ကို သက်သာစေနိုင်မည် မဟုတ်သည့် လူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့ အားလုံးသည် ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ရင်း၊ သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်ပြီး ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးနိုင်ပါက၊ ငါ၏စိတ်နှလုံးသည် သင်တို့အတွက်ကြောင့် ဝမ်းမြောက်မှုဖြင့် မကြာခဏ ခုန်ပေါက် လိမ့်မည် မဟုတ်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရီးပန်းတိုင်နှင့်ပတ်သက်၍” မှ

၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့ကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချွက်ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား တည်ကြည်လေးနက်မှု မရှိဘဲ ဟန်ဆောင်လုပ်ပြပါက၊ ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် “သာမညောင်ညများ” ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း၊ အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။ အကယ်၍ လူသားတစ်ဦးသည် မိမိကိုယ်ကိုယ် ဘုရားသခင်ဟူ၍ ခေါ်ဝေါ်သမုတ်သော်လည်း၊ ဘုရားသဘောသဘာဝ၏ ဖြစ်ခြင်းကို မဖော်ပြနိုင်ပါက၊ ဘုရားသခင် ကိုယ်တိုင်၏အမှုကို မပြုနိုင်ပါက၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါက၊ သူသည် ဘုရားသခင်၏ အနှစ်သာရ မရှိသည့်အတွက်၊ ဘုရားသခင် မဟုတ်သည်မှာ သေချာပြီး၊ ဘုရားသခင်က ပင်ကိုအားဖြင့် စွမ်းဆောင်ရရှိနိုင်သည့်အရာသည် သူ၏ အတွင်းတွင် မတည်ရှိပေ။ အကယ်၍ လူသားသည် ပင်ကိုအားဖြင့် သူ ရယူနိုင်သည့်အရာကို ဆုံးရှုံးရပါက၊ ၎င်းကို လူသားဟု ယူဆ၍ မရနိုင်တော့သကဲ့သို့၊ ဖန်ဆင်းခံသတ္တဝါအဖြစ် ရပ်တည်ရန် သို့မဟုတ် ဘုရားသခင် ရှေ့မှောက် လာရန်နှင့် သူ့ကို အစေခံရန် မထိုက်တန်ချေ။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိရန် သို့မဟုတ် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရရန်၊ ကွယ်ကာခြင်း ခံရရန်နှင့် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန် မထိုက်တန်ပေ။ ဘုရားသခင်၏ ယုံကြည်မှုကို ဆုံးရှုံးသောသူ များစွာသည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဆက်လက် ဆုံးရှုံးရသည်။ ၎င်းတို့သည် မိမိတို့၏ မကောင်းမှုများကို မစက်ဆုပ်ကြသည်သာမက၊ ဘုရားသခင်၏ လမ်းခရီးသည် မမှန်ကန်ဟူသော အယူအဆကို အရှက်မရှိ ဖြန့်ကြပြီး၊ ပုန်ကန်တတ်သောသူများသည် ဘုရားသခင်၏ တည်ရှိခြင်းကိုပင် ငြင်းပယ်ကြလေသည်။ ထိုသို့သော ပုန်ကန်မှုကို ပိုင်ဆိုင်သည့် ထိုသို့သော လူများသည် ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားပိုင်ခွင့် မည်သို့ ရှိနိုင်မည်နည်း။ မိမိတို့၏တာဝန်ကို မဆောင်ရွက်သောသူတို့သည် ဘုရားသခင်ကို အလွန် ပုန်ကန်တတ်ကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ များစွာအကြွေးတင် ရှိကြပေသည်၊ သို့သော် ၎င်းတို့သည် လှည့်ကာ ဘုရားသခင် မှားယွင်းသည်ဟု ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချကြလေသည်။ ထိုသို့သော လူစားမျိုးသည် စုံလင်စေခြင်းခံရရန် မည်ကဲ့သို့ ထိုက်တန်နိုင်မည်နည်း။ ဤသည်မှာ သုတ်သင်ပယ်ရှင်းခြင်းနှင့် အပြစ်ပေးခြင်းကို ခံရဖို့ဖြစ်သည့် ရှေ့ပြေးနိမိတ်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ရှေ့မှောက်တွင် မိမိ၏တာဝန်ကို မလုပ်ဆောင်သော လူတို့သည် ပြစ်မှုများထဲမှ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော အပြစ်ရှိနှင့်ပြီးသားဖြစ်သည်၊ ယင်းအတွက် သေခြင်းတရားသည်ပင် မလုံလောက်သော ပြစ်ဒဏ်တစ်ခု ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်နှင့် ငြင်းခုံရဲကြသည်သာမက၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်နှင့် တုပြိုင်ရဲကြလေသည်။ ထိုသို့သော လူများကို စုံလင်စေခြင်း၏ ထိုက်တန်မှုမှာ အဘယ်နည်း။ အကယ်၍ လူတို့သည် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်ပါက၊ ၎င်းတို့သည် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကို ခံစားသင့်သည်။ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို စက်ဆုပ်ရွံရှာသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်တာကို ဘုရားသခင်အား ပေးသင့်ကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံများ ဖြစ်ကြပြီး၊ ထိုသို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို မွေ့လျော်ခံစားထိုက်ပြီး သူ၏ စုံလင်စေခြင်း ခံရထိုက်ပေသည်။ ပြီးလျှင် သင်တို့ အများစုသည် အဘယ်သို့နည်း။ သင်တို့အလယ် အသက်ရှင်သော ဘုရားသခင်ကို သင်တို့ မည်သို့ ဆက်ဆံကြသနည်း။ သင်တို့သည် သူ၏ ရှေ့မှောက်တွင် သင်တို့၏တာဝန်ကို မည်သို့ ဆောင်ရွက်ကြသနည်း။ သင်တို့ လုပ်ဆောင်ရန် ပန်ကြားသည့် အရာအားလုံးကို သင်တို့၏ ကိုယ်ပိုင် အသက်ကိုပင် အဆုံးရှုံးအနစ်နာခံလျက်၊ လုပ်ဆောင်ကြပြီးပြီလော။ သင်တို့သည် မည်သည့်အရာကို စွန့်လွှတ်အနစ်နာခံပြီးပြီနည်း။ ငါ့ထံမှ သင်တို့ များစွာ မရရှိသေးသလော။ သင်တို့ သိမြင်နိုင်သလော။ သင်တို့သည် ငါ့အား မည်မျှ သစ္စာစောင့်သိကြသနည်း။ ငါ့အား မည်သို့ အစေခံကြပြီး ပြီနည်း။ ပြီးလျှင် သင်တို့အပေါ် ငါအပ်နှင်းပြီးဖြစ်ကာ သင်တို့အတွက် ငါပြုပြီးသော အရာအားလုံးသည် သင်တို့နှင့် မသက်ဆိုင်တော့ပြီလော။ ထိုအရာအားလုံးကို သင်တိုနှိုင်းဆချင့်ချိန်ပြီးပြီလော။ သင်တို့အားလုံးသည် ဤအရာကို သင်တို့အတွင်းရှိသည့် အသိစိတ် အနည်းငယ်ဖြင့် အကဲဖြတ်ကာ နှိုင်းယှဉ် ပြီးပြီလော။ မည်သူသည် သင်တို့၏စကားများ၊ လုပ်ရပ်များနှင့် ထိုက်တန်နိုင်မည်နည်း။ သင်တို့၏ ထိုသို့သော မပြောပလောက်သည့် စွန့်လွှတ်အနစ်နာခံခြင်းသည် သင်တို့အပေါ် ငါ ပေးအပ်ခဲ့သမျှနှင့် ထိုက်တန်နိုင်သလော။ ငါသည် အခြားရွေးချယ်စရာ မရှိဘဲ၊ သင်တို့ကို စိတ်ပါလက်ပါ အစဉ်ချစ်ခင်ကာ သစ္စာရှိခဲ့သော်လည်း၊ သင်တို့သည် ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို သိုထားကြပြီး ငါ့အပေါ် စိတ်မပါတပါ ဖြစ်ကြသည်။ ယင်းမှာ သင်တို့ တာဝန်၏ အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော လုပ်ငန်းတာဝန် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုံးဝ မဖြည့်ဆည်းနိုင်သေးသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ ယူဆနိုင်မည်နည်း။ သင်တို့ ဖော်ပြနေပြီး အသက်ရှင်နေထိုင်နေသောအရာသည် မည်သည့်အရာ ဖြစ်သည်မှာ သင်တို့အဖို့ မရှင်းလင်းသလော။ သင်တို့သည် သင်တို့၏တာဝန်ကို မဖြည့်ဆည်းနိုင်သေးသော်လည်း၊ ဘုရားသခင်၏ သည်းခံခြင်းနှင့် အလျှံအပယ်ဖြစ်သော ကျေးဇူးတော်ကို ရရှိရန် သင်တို့ ကြိုးစားကြသည်။ ထိုသို့သော ကျေးဇူးတော်သည် သင်တို့ကဲ့သို့ အသုံးမကျသကဲ့သို့၊ ယုတ်ညံ့သောသူများအတွက် ပြင်ဆင်ထားသည် မဟုတ်ဘဲ၊ မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ ဝမ်းမြောက်ဝမ်းသာ စွန့်လွှတ်အနစ်နာခံသော သူများအတွက် ဖြစ်သည်။ သင်တို့ကဲ့သို့သော သာမညောင်ညလူများ၊ ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းငှာ လုံးဝ မထိုက်တန်ပေ။ အခက်အခဲနှင့် မဆုံးနိုင်သော အပြစ်ပေးခြင်းသာ သင်တို့၏ နေ့ရက်များကို အဖော်ပြုလိမ့်မည်။ အကယ်၍ သင်တို့သည် ငါ့ကို သစ္စာမရှိနိုင်ပါက၊ သင်တို့၏ကံကြမ္မာသည် ဆင်းရဲဒုက္ခခံရသော ကံကြမ္မာတစ်ခု ဖြစ်လေမည်။ အကယ်၍ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါအမှုများကို တာဝန်ခံနိုင်ခြင်း မရှိပါက၊ သင်တို့၏ ရလဒ်သည် ပြစ်ဒဏ်ပေးခြင်း ခံရသော ရလဒ်တစ်ခု ဖြစ်လိမ့်မည်။ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့် နှစ်သက်ဖွယ် နိုင်ငံတော် အသက်တာအားလုံးသည် သင်တို့နှင့် မည်သို့မျှ ပတ်သက်မည် မဟုတ်။ ဤသည်မှာ သင်တို့ ကြုံထိုက်သော အဆုံးသတ်ဖြစ်ပြီး သင်တို့ ကိုယ်တိုင်ပြုသည့် အကျိုးဆက်တစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု” မှ

အရှေ့သို့- ၅၇။ ဘုရားသခင်ကို ခုခံမှု နှင့် ကိုယ်တော့်ကို အထင်မှားမှုတို့ကို ပြုပြင်ခြင်းဆိုင်ရာ မူများ

နောက်တစ်ခုသို့- ၇၅။ မိမိ၏ ရာထူးအဆင့်အတန်းကို အတည်ပြုခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်