၉၇) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြန့်ဝေခြင်းနှင့် သက်သေခံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖြန့်ဝေရန်နှင့် သက်သေခံရန် မိမိတို့၏ တကယ့်အတွေ့အကြုံကို အသုံးပြုသည့်အဆင့်ထိ သမ္မာတရားကို ရှာဖွေခြင်း၊ ယင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းတို့အပေါ် အကြင်သူသည် အာရုံစိုက်သင့်၏။

(၂) ရှာဖွေကာ ဆန်းစစ်သော သူတို့သည် ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းတို့နှင့် ကြုံရသင့်သည်။ ဘုရားသခင်ကို သက်သေခံဖို့အလို့ငှာ ၎င်းတို့၏ တိကျသော မေးခွန်းများကို တုံ့ပြန်ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရွေးချယ်ကာ မြှင့်တင်လော့။

(၃) ဘုရားသခင်၏ ရွေးချယ်ခံ လူများအကြားတွင် ပြဿနာများ ရှိသည့်အခါ အကြင်သူသည် ထိုပြဿနာများ၏ ဖြေရှင်းချက်ကို သမ္မာတရားနှင့် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းတို့မှတစ်ဆင့် ဖြစ်ပေါ်စေလျက် ဆီလျော်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယပြုရန် သာ၍ပင် ရွေးချယ်သင့်သည်။

(၄) သင့်ညီအစ်ကိုမောင်နှမများ၏ စစ်မှန်သော အခက်အခဲများနှင့် လက်တွေ့ကျသော ပြဿနာများကို ရှာတွေ့ပြီးသည့်နောက်တွင် နှိုးဆော်မှုတစ်ခုအနေဖြင့်ရော သင်၏ ဂရုစိုက်မှုကို ဖော်ပြရန်အတွက်ပါ ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များကို မိတ်သဟာယပြုကာ ထုတ်လွှင့်ရမည်ဆိုသည်ကို သင်ရွေးချယ်သင့်၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် အခြေခံသဘောတရားဖြစ်သည်။ လူသားက လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို အမှန်တကယ် မြင်နိုင်ဖို့နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ဖို့အလို့ငှာ မတူညီသော ရှုထောင့်များမှ စကားပြောရန် သူသည် လူဇာတိကိုခံယူခဲ့သည်။ လူကို သိမ်းပိုက်ခြင်း၊ စုံလင်စေခြင်းနှင့် သုတ်သင်ဖယ်ရှားခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ ထိုသို့သောအမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်၊ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အလုပ်လုပ်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အနှစ်သာရနှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ အောင်မြင်ခြင်းသို့ ဆောင်ကြဉ်းခံရပေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူတို့ ဖော်ထုတ်ခံရကြသည်၊ သုတ်သင်ဖယ်ရှားခံရပြီး၊ စမ်းသပ်ခံရကြလေသည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားကြပြီးဖြစ်သကဲ့သို့၊ ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့အပြင်၊ လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကိုကယ်တင်ရန် သူ၏ ဆန္ဒကို ယုံကြည်လာကြပြီး ဖြစ်သည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် ရိုးရှင်းပြီး သာမန်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါစေသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး၊ လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင်၊ ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့်အမှုပြုပြီး သူသာလျှင် ထိုသို့ စကားပြောပြီး၊ လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် နှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့်ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင် အသက်ရှင်ကြပြီး၊ သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်လာကြပြီး ဖြစ်သည့် သာ၍ များသော လူများပင် ရှိလေသည်။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး၊ နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ၊ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည် ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ၏အမှုကို ပြုရန်နှင့် သူ့အမှု၏ ရလဒ်များကို ရရှိရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် အံ့ဖွယ်ရာများကို လုပ်ဆောင်ခြင်းမရှိ သို့မဟုတ် နိမိတ်လက္ခဏာများကို ပြခြင်း မရှိဘဲ၊ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏အမှုကို လုပ်ဆောင်ရုံမျှ လုပ်ဆောင်လေသည်။ ဤနှုတ်ကပတ်တော်များကြောင့်၊ လူသားသည် အာဟာရ ဖြည့်ခံရပြီး၊ ထောက်ပံ့ခံရကြကာ၊ အသိပညာနှင့် စစ်မှန်သော အတွေ့အကြုံကို ရရှိသည်။ နှုတ်ကပတ်တော်ခေတ်၌၊ လူသည် ထူးခြားစွာ ကောင်းချီးခံစားရပြီး ဖြစ်သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို မခံစားရသကဲ့သို့၊ ဘုရားနှုတ်ကပတ်တော်၏ အလျှံပယ်သော ထောက်ပံ့မှု သက်သက်ကိုသာ မွေ့လျော်ခံစားရလေသည်။ လူသည် ကျိုးကြောင်းမမြင်ဘဲ၊ ထွက်ရှာခြင်း သို့မဟုတ် ကျိုးကြောင်းမမြင်ဘဲ ခရီးဆက်သွားခြင်း မလိုအပ်ဘဲ၊ သူ၏ သက်သောင့်သက်သာ ဖြစ်ခြင်းအလယ်မှ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်ရသည်၊ ဘုရားသခင် ကိုယ်တော်တိုင် သူ၏ နှုတ်ဖြင့် စကားပြောဆိုသည်ကို ကြားရသည်၊ ဘုရားသခင်ထောက်ပံ့ပေးသော အရာကို လက်ခံရရှိပြီး၊ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ သူ၏ အမှု လုပ်ဆောင်နေသည်ကို စောင့်ကြည့်ရလေသည်။ ဤသည်တို့မှာ အတိတ်က လူတို့ မမွေ့လျော် မခံစားနိုင်ခဲ့သောအရာများ ဖြစ်ကြပြီး ၎င်းတို့ မည်သည့်အခါတွင်မျှ မရရှိဖူးသည့် ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ တန်ခိုးကြီးမားသည့် သူ့ကို မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား ငါ မျက်နှာချင်းဆိုင်မည် ဖြစ်ပြီး ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် နို့စို့ကလေးငယ်တစ်ဦး ခုလေးတင် မွေးဖွားပြီးသည့်အလား၊ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ “သံလွင်တောင်” ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေဖို့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ်ပြုစေဖို့၊ လူသားတိုင်း ငါ့ကို ယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံဖို့အလို့ငှာ၊ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်” မှ

နှုတ်ကပတ်တော်ခေတ်ထဲသို့- အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်ထဲသို့- ဝင်ရောက်ခြင်းသည် ယနေ့တွင် ပြီးမြောက်လျက်ရှိသည့် အမှု ဖြစ်သည်။ ယခုအချိန်မှစ၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယ ပြုရာတွင် ပါဝင်ခြင်းကို လက်တွေ့လုပ်ဆောင်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပြင် ကြုံတွေ့ခံစားခြင်းအားဖြင့်သာ၊ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင် နိုင်လိမ့်မည်။ သင်သည် အခြားသူများအား သိမ်းသွင်းစည်းရုံးဖို့ အလို့ငှာ လက်တွေ့ကျသော အတွေ့အကြုံအချို့ကို ဖြစ်ပေါ်စေရမည်။ အကယ်၍ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို အသက်ရှင် မနေထိုင်နိုင်ပါက၊ မည်သူမျှ ယုံကြည်လက်ခံကြမည် မဟုတ်ပေ။ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသောသူများ အားလုံးသည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို အသက်ရှင် နေထိုင်နိုင်ကြသည်။ အကယ်၍ သင်သည် ဤလက်တွေ့အရှိတရားကို မဖြစ်ပေါ်စေနိုင်သကဲ့သို့၊ ဘုရားသခင်ကို သက်သေမခံနိုင်ပါက၊ ဤအရာက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်မလုပ်ရသေးသကဲ့သို့၊ သင်သည် စုံလင်စေခြင်း မခံရသေးသည်ကို ပြသပေသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ အရေးပါမှု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်သော နှလုံးသား ရှိပါသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်သောသူများသည် သမ္မာတရားကို ဆာငတ်ကြပြီး၊ ဤကဲ့သို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရပေသည်။ အနာဂတ်တွင်၊ ဘာသာတရားများအားလုံးနှင့် အသင်းတော်ဂိုဏ်းဂဏများအားလုံးကို ဘုရားသခင် ပြောဆိုမည့် သာ၍များသော နှုတ်ကပတ်တော်များစွာ ရှိသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများအလယ် ၎င်းတို့ကို သိမ်းပိုက်ဖို့ စကားပြောဆိုပြီး၊ သူ၏ အသံကို မိန့်မြွက်ခြင်းမပြုမီ၊ ပထမဦးစွာ သင်တို့ကို စုံလင်စေဖို့ သင်တို့အလယ်တွင် စကားပြောဆိုပြီး သူ၏အသံကို မိန့်မြွက်လေသည်။ နှုတ်ကပတ်တော်များမှ တစ်ဆင့်၊ အားလုံးသည် စိတ်ရင်းအမှန်နှင့် လုံးဝ ယုံကြည်လက်ခံကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ ဗျာဒိတ်များမှတစ်ဆင့်၊ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား လျော့နည်းသွားသည်၊ သူသည် လူတစ်ဦး၏ သွင်ပြင်ကို ရရှိပြီး၊ သူ၏ပုန်ကန်တတ်သော စိတ်သဘောထား လျော့နည်းသွားလေသည်။ နှုတ်ကပတ်တော်များသည် လူသားအပေါ် ဩဇာအာဏာဖြင့် အလုပ်လုပ်ပြီး ဘုရားသခင်၏ အလင်းအတွင်းတွင် လူကို သိမ်းပိုက်သည်။ လက်ရှိခေတ်၌ ဘုရားသခင်လုပ်ဆောင်သည့် အမှုအပြင် သူ့အမှု၏ အပြောင်းအလဲများ အားလုံးကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ တွေ့ရှိနိုင်သည်။ သင်သည် သူ၏ နှုတ်ကပတ်တော်များကို မဖတ်ရှုပါက၊ မည်သည့်အရာကိုမျှ သင် နားလည်လိမ့်မည် မဟုတ်။ သူ၏ နှုတ်ကပတ်တော်များကို သင်ကိုယ်တိုင်၏ စားသောက်ခြင်းမှတစ်ဆင့်၊ ပြီးလျှင် သင်၏ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုခြင်းနှင့် သင်၏ တကယ့်အတွေ့အကြုံများမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ပြည့်ဝသော အသိပညာကို သင် ရရှိလိမ့်မည်။ ထိုအခါမှသာ သင်သည် ယင်းတို့၏ လက်တွေ့အရှိတရားကို အမှန်တကယ် အသက်ရှင်နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

ယခုတွင် သင်တို့အသီးသီးဆောင်ရွက်နေသည့်တာဝန်သည် ဘုရားသခင်အတွက်သက်သေခံသည့် ဓမ္မသီချင်းဖြစ်စေ သို့မဟုတ် ရုပ်ရှင်ဇာတ်ကားဖြစ်စေ လူသားမျိုးနွယ်အတွက် တန်ဘိုးတစ်စုံတစ်ရာရှိသလော။ ၎င်းတို့၏တန်ဘိုးသည် ဘယ်မှာတည်ရှိသနည်း။ ၎င်းတို့၏တန်ဘိုးသည် လူတို့အား ဘုရားသင်၏ နှုတ်ကပတ်တော်များကိုဖတ်ရွတ်စေခြင်းနှင့် မှန်ကန်သောလမ်းသို့ လျှောက်လှမ်းစေခြင်းဖြစ်၏။ ထိုသို့အားဖြင့် သူတို့အားလုံးသည် ဖန်းဆင်းခံသတ္တဝါများအကြား၌ အစုဝင်သောသူများဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံး ဖန်းဆင်းရှင်ရှေ့မှောက်သို့ ပေါ်ပေါက်လာကြသည်ကို နားလည်ကြ၏။ သူတို့သည် သူတို့နားမည်သည့် ပြဿနာများမရှိသလော။ အကူအညီမဲ့နေသည်ဟု သူတို့မခံစားကြသလော။ အချည်းနှီးဖြစ်ကြသည်ဟု သူတို့မခံစားကြသလော။ ဝိညာဥ်ရေးရာအထောက်အပံ့မရှိဘဲ သူတို့အသက်ရှင်ကြသည်ဟု သူတို့မခံစားကြသလော။ ဘဝသည် ငြီးငွေဖွယ်ကောင်းသည်ဟု သူတို့မခံစားကြသလော။ ဤအရာအားလုံး၏ အရင်းမြစ်သည် မည်သည့်အရာနည်း။ အဖြေသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်း၌ရှိ၏။ သင်တို့သည် သူတို့၏အတွေးအခေါ်ကိုလမ်းပြဖို့ရန်၊ ဘုရားသခင်ကိုရှာဖွေစေဖို့ သူတို့ကိုလမ်းပြဖို့ရန်၊ မှန်ကန်သောလမ်းကိုရှာဖွေဖို့ သူတို့ကိုလမ်းပြရန်၊ ဖန်ဆင်းရှင်ကိုရှာဖွေရန်၊ လက်ခံရန်၊ နာခံရန်၊ နားလည်ရန်နှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် သူ၏အစီအစဥ်များကို သိကျွမ်းစေခြင်းစသည့် အကျိုးယူဆောင်လာဖို့ရန် ဤတာဝန်များအား ထမ်း‌ဆောင်ရခြင်းဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ သူတို့သည် ဘာအတွက်အသက်ရှင်သည်၊ သူတို့၏အသက်ရှင်ခြင်း၏အဓိပ္ပာယ်နှင့် တန်ဘိုးသည် မည်သည့်အရာနည်း၊ မည်ကဲ့သို့ သူတို့အသက်ရှင်သင့်သည်တို့ကို သူတို့နားလည်လာမည်ဖြစ်သည်။ ထို့ကြောင့်၊ သင်တို့သည် သင်တို့၏တာဝန်များအား ထမ်းဆောင်ကြသည့်အခါ သင်တို့၏ဆုတောင်းခြင်း၊ မိမိကိုယ်ကို လုံ့လစိုက်ထုတ်ခြင်းတို့အား နှစ်ဆတိုးရမည်။ မပျင်းမရိဘဲ လုံ့လဝီရိယထုတ်ပါ။ မကြာခဏ အတူတကွမိတ်သဟာယဖွဲ့ပါ။ ဥပ‌ဒေသများနှင့်အညီ ပြုမူပါ။ လူသားမျိုးနွယ်အား ဘုရားသခင်ဖန်ဆင်းခဲ့သည့်အခါ စီမံခန့်ခွဲမှုအစီအစဥ်တစ်ခုရှိခဲ့၏။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာတွင် ဤလူသားမျိုးနွယ်၌ အရေးပါသော တာဝန်ဝတ္တရား သို့မဟုတ် ဖန်ဆင်းရှင်အတွက် သက်သေခံဖို့ရန် စေခိုင်းသည့်တာဝန် မရှိပေ။ ထို့နောက် လူသားမျိုးနွယ်အကြား၌ ဘုရားသခင်ပြုသည့်အလုပ်သည်လည်း ရိုးရှင်းပြီး မထင်မရှားရှိပေသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးသောနေ့ရက်တွင် အခြေအနေများသည် ကွဲပြားလာ၏။ သင်တို့သည် အရေးပါသော တာဝန်ဝတ္တရားများထမ်းဆောင်ကြရပေသည်။ အရေးပါသော ဆိုသည်မှာ မည်သို့နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကိုဖြန့်ဝေရုံမျှမက ပို၍ အရေးကြီးသည်မှာ ဖန်ဆင်းရှင်အတွက် ဖန်ဆင်းခံလူသားတိုင်း၌ သင်သက်သေခံခြင်းဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင်၏ဧဝံဂေလိတရားကို ကြားသိခဲ့ကြသော ဖန်ဆင်းခံလူသားအားလုံးကိုလည်း ဖန်ဆင်းရှင်ရှေ့တော်မှောက်သို့ သင်ခေါ်ဆောင်လာရမည်။ သို့မှသာလျှင် သူတို့သည် လူသားမျိုးနွယ်အား အဘယ်ကြောင့်သူဖန်ဆင်းခဲ့သည်ကို နားလည်နိုင်ကြမည်ဖြစ်ပြီး သူတို့သည် ဖန်ဆင်းရှင်ရှေ့တော်မှောက်သို့ ပြန်လာကြပြီး သူ၏အချုပ်အခြာအာဏာ၊ သူ၏အစီအစဥ်များနှင့် စီစဥ်ညွှန်ကြားချက်များကို လက်ခံကြပေမည်။ ဤအရာအား ဓမ္မသီချင်းဆိုရုံ သို့မဟုတ် ကခုန်ရုံမျှဖြင့် သင်ရယူနိုင်မည်လော။ အလုပ်၏အစိတ်အပိုင်းတစ်ခုကို လုပ်ဆောင်ရုံမျှဖြင့် လုံလောက်မည်မဟုတ်။ ဖန်ဆင်းရှင်၏လုပ်ဆောင်ချက်များနှင့် ဖန်ဆင်းရှင်၏အချုပ်အခြာအာဏာ၊ အစီအစဉ်များကိုသက်သေခံရန် အမျိုးမျိုးသော နည်းလမ်းများနှင့် ပုံစံများဖြင့် သင်အစေခံရမည်။ ဤနည်းလမ်းအားဖြင့် လူတို့အား ဖန်းဆင်းရှင်၏ရှေ့တော်မှောက်သို့ ပို၍ပင် သင်ခေါ်ဆောင်လာနိုင်မည်ဖြစ်ပြီး ထိုသို့အားဖြင့် သူတို့သည် သူ၏အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံပြီး လက်ခံနိုင်ကြမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် လူတစ်ဦး၏ဘဝ တန်ဖိုးရှိစေ၏” မှ

ဘုရားသခင်သည် ဤလူစုတွင် မည်သည့်အမှု ပြီးမြောက်စေမည်ကို သင်တို့ တွေ့မြင်ပြီးကြပြီလော။ အနှစ်တစ်ထောင် နိုင်ငံတော်ထဲ၌တွင်ပင် လူများသည် သူ၏ မိန့်မြွက်ချက်များကို ရှေ့ဆက်လိုက်လျှောက်ကြရဦးမည်ဖြစ်ပြီး၊ အနာဂတ်တွင် ဘုရားသခင်၏ မိန့်မြွက်ချက်များသည် ကောင်းသော ခါနန်ပြည်ထဲတွင် လူ့အသက်တာကို တိုက်ရိုက် လမ်းပြလိမ့်ဦးမည်ဖြစ်သည်ဟု ဘုရားသခင်သည် တစ်ခါက ပြောဆိုခဲ့သည်။ မောရှေသည် တောထဲ၌ ရှိခဲ့ချိန်တွင်၊ ဘုရားသခင်က သူ့ကို တိုက်ရိုက်လမ်းညွှန်ပြီး စကားပြောခဲ့သည်။ ဘုရားသခင်သည် လူတို့ မွေ့လျော်ဖို့ အစားအစာ၊ ရေနှင့် မန္နမုန့်များကို ကောင်းကင်မှ ပို့ပေးခဲ့ပြီး၊ ယနေ့တွင် ထိုသို့ ဖြစ်နေဆဲဖြစ်သည်- ဘုရားသခင်သည် လူတို့ မွေ့လျော်ရန် စားဖို့၊ သောက်ဖို့ အရာများကို ကိုယ်တိုင်ကိုယ်ကျ ချပေးဆဲဖြစ်ပြီး၊ လူတို့ကို ပြစ်တင်ဆုံးမရန် ကျိန်ခြင်းအမင်္ဂလာများကို ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ပြီးဖြစ်သည်။ ထို့ကြောင့် သူ့အမှု၏ အဆင့်တိုင်းသည် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ထားခြင်း ဖြစ်သည်။ ယနေ့တွင် လူများသည် ဖြစ်ရပ်မှန်များ၏ အဖြစ်အပျက်ကို ရှာဖွေကြသည်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို ၎င်းတို့ ရှာဖွေကြပြီး၊ ဘုရားသခင်၏အမှုသည် တိုး၍တိုး၍ လက်တွေ့ကျလာနေသည့်အတွက်၊ ထိုသို့သောလူများ အားလုံး ပစ်ပယ်ခံရဖို့ ဖြစ်နိုင်ပေသည်။ ဘုရားသခင်သည် ကောင်းကင်မှ ဆင်းကြွပြီး ဖြစ်သည်ကို မည်သူမျှ မသိကြပေ၊ ဘုရားသခင်သည် အစားအစာနှင့် အားဆေးများကို ကောင်းကင်မှ ချပေးပြီးသည်ကိုလည်း ၎င်းတို့ မသိကြပေ- သို့သော် ဘုရားသခင် အမှန်တကယ် တည်ရှိပြီး၊ လူများ စိတ်ကူးကြသည့် အနှစ်တစ်ထောင် နိုင်ငံတော်နှင့် ပတ်သက်သည့် စေ့ဆော်သော မြင်ကွင်းများသည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ချက်များ ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး ဤအရာကိုသာလျှင် ကမ္ဘာမြေပေါ်၌ ဘုရားသခင်နှင့် အတူ အုပ်စိုးခြင်းဟု ခေါ်ပေသည်။ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်နှင့် အတူ အုပ်စိုးခြင်းသည် လူ့ဇာတိကို ရည်ညွှန်းပေသည်။ လူ့ဇာတိနှင့် မသက်ဆိုင်သောအရာသည် ကမ္ဘာမြေပေါ်တွင် မတည်ရှိပေ၊ ထို့ကြောင့် တတိယ ကောင်းကင်ဘုံသို့ သွားခြင်းအပေါ် အာရုံစိုက်သော သူအားလုံးသည် အချည်းနှီး ထိုသို့ လုပ်ဆောင်ကြပေသည်။ တစ်နေ့တွင်၊ စကြဝဠာတစ်ခုလုံး ဘုရားသခင်ထံ ပြန်လာသောအခါတွင်၊ အာကာသတစ်လျှောက်လုံး သူ၏ အမှု ဗဟိုသည် သူ၏ မိန့်မြွက်ချက်များနောက်ကို လိုက်လိမ့်မည်။ အခြားတစ်နေရာရာတွင်၊ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ရရှိဖို့ အချို့လူများက ဖုန်းကို အသုံးပြုကြလိမ့်မည်၊ အချို့က လေယာဉ်ပျံ စီးကြလိမ့်မည်၊ အချို့က ပင်လယ်ဖြတ်ကာ လှေစီးကြလိမ့်မည်ဖြစ်ပြီး၊ အချို့သည် လေဆာကို အသုံးပြုကြလိမ့်မည်။ အယောက်တိုင်းသည် ချစ်ခင်ကြင်နာ ကြလိမ့်မည်ဖြစ်ပြီး၊ တမ်းတခြင်းနှင့် ပြည့်ကြလိမ့်မည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ဆီသို့ တိုးဝင်ချဉ်းကပ်လာကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ဆီသို့ စုရုံးကြလိမ့်မည်ဖြစ်ကာ အားလုံးသည် ဘုရားသခင်ကို ကိုးကွယ်ကြလိမ့်မည်- ပြီးလျှင် ဤအရာ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်လိမ့်မည်။ ဤအရာကို အောက်မေ့လော့။ ဘုရားသခင်သည် အခြား တစ်နေရာရာ၌ နောက်တစ်ဖန် ဧကန်မုချ မည်သည့်အခါတွင်မျှ စတင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအချက်အား ပြီးမြောက်စေမည် ဖြစ်သည်- သူသည် စကြဝဠာ တစ်လျှောက်လုံးရှိ လူအားလုံးကို သူ့ရှေ့မှောက်သို့ လာစေကာ ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေလိမ့်မည်ဖြစ်ပြီး၊ အခြားနေရာများရှိ သူ၏ အမှုသည် ရပ်စဲလိမ့်မည်ဖြစ်ကာ လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ယင်းသည် ယောသပ်ကဲ့သို့ ဖြစ်လိမ့်မည်- သူထံ၌ စားစရာများ ရှိသည့်အတွက်၊ အယောက်တိုင်းသည် အစားအစာအတွက် သူ့ထံလာကြပြီး သူ့ရှေ့၌ ဦးညွှတ်ကြသည်။ ငတ်မွတ်ခေါင်းပါးခြင်းကို ရှောင်ရှားဖို့ရန်အလို့ငှာ၊ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင် တစ်ပါးတည်းသာ အသက်စမ်းရေတွင်း ဖြစ်သည်၊ လူ၏ မွေ့လျော်မှုအတွက် ထောက်ပံ့သည့် အစဉ်စီးဆင်းသော စမ်းရေတွင်းကို ပိုင်ဆိုင်ကာ လူများသည် သူ့ထံလာပြီး မှီခိုကြလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ထုတ်ဖော်ပြခံရကာ ဘုရားသခင် ဘုန်းအသရေရရှိသည့် အချိန် ဖြစ်လိမ့်မည်။ စကြဝဠာ တစ်လျှောက်ရှိ လူအားလုံးသည် ဤသာမည “လူသား” ကို ကိုးကွယ် ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက် ဖြစ်လိမ့်မည် မဟုတ်ပေလော။ တစ်နေ့တွင်၊ အသက်ကြီးသော သင်းအုပ်ဆရာများသည် အသက်စမ်းရေတွင်းမှ ရေကိုရှာဖွေရင်း ကြေးနန်းများ ပေးပို့ကြလိမ့်မည်။ ၎င်းတို့သည် အသက်အရွယ်ကြီးရင့် ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့ အထင်အမြင်သေးခဲ့ကြသည့် ဤလူကို ကိုးကွယ်ဖို့ လာကြလိမ့်ဦးမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ နှုတ်များဖြင့် သူ့ကို ဝန်ခံကြလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ စိတ်နှလုံးများဖြင့် သူ့ကို ကိုးစားကြလိမ့်မည်ဖြစ်သည်- ဤသည်မှာ နိမိတ်လက္ခဏာတစ်ခုနှင့် အဖွယ်ရာတစ်ခု ဖြစ်သည် မဟုတ်လော။ နိုင်ငံတော်တစ်ခုလုံး ဝမ်းမြောက်သည့် အချိန်သည် ဘုရားသခင် ဘုန်းအသရေနေ့ရက် ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်တို့ထံလာပြီး ဘုရားသခင်၏ သတင်းကောင်းကို ရရှိသူမည်သူမဆို ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည်။ ပြီးလျှင် ထိုသို့လုပ်ဆောင်သော နိုင်ငံများနှင့် လူများသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းနှင့် ဂရုစိုက်ခြင်းကို ခံရကြလိမ့်မည်။ အနာဂတ် ဦးတည်ချက်များက ထိုသို့ ဖြစ်လိမ့်မည်- ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို ရရှိသူများသည် ကမ္ဘာမြေပေါ်၌ လျှောက်လှမ်းဖို့ လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး စီးပွားရေးသမားများဖြစ်စေ၊ သိပ္ပံပညာရှင်များဖြစ်စေ၊ ပညာသင်ကြားပေးသူများဖြစ်စေ၊ စက်မှုလုပ်ငန်းရှင်များဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိသောသူတို့သည် ခြေလှမ်းတစ်လှမ်း လှမ်းဖို့ပင် ခက်ခဲသည့်အချိန် ရှိလိမ့်မည်ဖြစ်ပြီး၊ မှန်ကန်သော လမ်းခရီးကို ရှာဖွေဖို့ တွန်းအားပေးခံရလိမ့်မည်။ ဤသည်မှာ၊ “သမ္မာတရားနှင့်အတူ လောကတစ်ခွင်လုံးကို သင် လျှောက်လှမ်းလိမ့်မည်၊ သမ္မာတရား မရှိပါက၊ မည်သည့်နေရာကိုမျှ ရောက်မည်မဟုတ်။” ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အမှန်တရားများမှာ ဤသို့ဖြစ်သည်- ဘုရားသခင်မှာ စကြဝဠာ တစ်ဝှမ်းလုံးကို ကွပ်ကဲဖို့နှင့် လူသားမျိုးနွယ်ကို အုပ်စိုးကာ သိမ်းပိုက်ဖို့ရန် လမ်းခရီးကို (သူ၏နှုတ်ကပတ်တော် အားလုံးကို ဆိုလိုသည်) အသုံးပြုမည် ဖြစ်သည်။ လူသားများသည် ဘုရားသခင်၏ အမှုပြုခြင်း နည်းလမ်းများဖြင့် ကြီးမားသော အလှည့်အပြောင်းတစ်ခုကို အမြဲမျှော်လင့်ကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင်၊ လူတို့ကို ဘုရားသခင် ထိန်းချုပ်သည်မှာ နှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်ပြီး၊ သင်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူပြောသည့်အရာကို သင်လုပ်ဆောင်ရမည် ဖြစ်သည်။ ဤသည်မှာ ဓမ္မဓိဌာန်ကျသော အချက်တစ်ချက်ဖြစ်ပြီး အားလုံး နာခံရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည်လည်း အားလုံးက ရှောင်လွဲ၍မရသကဲ့သို့ သိရှိထားသည့်အရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မရေမတွက်နိုင်သော အိမ်များအလယ် ပျံ့နှံ့လိမ့်မည်၊ ၎င်းတို့ကို အားလုံးက သိရှိလာကြလိမ့်မည်၊ ထိုအခါမှသာ သူ၏ အမှုသည် စကြဝဠာတစ်လျှောက်လုံးသို့ ပျံ့နှံ့သွားလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမှုသည် စကြဝဠာတစ်ခွင်လုံးတစ်လျှောက် ပျံ့နှံ့ဖို့ရန်ဆိုပါက၊ သူ၏ နှုတ်ကပတ်တော်များ ပျံ့နှံ့ရမည် ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မိမိတို့၏တန်ခိုးနှင့် ဩဇာအာဏာကို ပြသလိမ့်မည်။ ရှေးအတီတေမှ ယနေ့တိုင် သူ၏ နှုတ်ကပတ်တော် တစ်ခွန်းစီတိုင်းသည် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး အမှန်တကယ် ဖြစ်လာလိမ့်မည်။ ဤနည်းဖြင့်၊ ဘုန်းအသရေသည် ကမ္ဘာမြေပေါ်တွင် ဘုရားသခင်အဖို့ ဖြစ်လိမ့်မည်- ယင်းမှာ သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာမြေပေါ် အုပ်စိုးလိမ့်မည်ဟု ဆိုရပေမည်။ ဆိုးယုတ်သောသူ အားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ခံရကြလိမ့်မည်၊ ဖြောင့်မတ်သော သူအားလုံးသည် သူ၏နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များအားဖြင့် တည်ထောင်ခြင်းကို ခံရပြီး၊ ပြည့်စုံစေခြင်း ခံရလိမ့်မည်။ သူသည် မည်သည့် နိမိတ်လက္ခဏာ သို့မဟုတ် မည်သည့်အံ့ဖွယ်ရာကိုမျှ ထင်ရှားစေမည်မဟုတ်။ အရာအားလုံးသည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် ပြီးမြောက်လိမ့်မည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များသည် အမှန်တရားများကို ဖြစ်ပေါ်စေလိမ့်မည်။ ကမ္ဘာပေါ်ရှိ အယောက်တိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချီးကျူးဂုဏ်ပြုကြလိမ့်မည်၊ လူကြီးဖြစ်စေ၊ ကလေးများဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ အသက်ကြီးသူဖြစ်စေ၊ အသက်ငယ်သူဖြစ်စေ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအောက်တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မြေကြီးပေါ်၌ လူတို့ကို ထင်ရှားစွာနှင့် အသက်ပါပါ မြင်ခွင့်ပေးရင်း လူ့ဇာတိ၌ ပေါ်ထွန်း၏။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် လူ့ဇာတိခံယူခြင်းအတွက် ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်” ဟူသောအချက်ကို အဓိကအားဖြင့် ပြည့်စုံစေဖို့ ကမ္ဘာမြေပေါ်သို့ ကြွလာပြီးဖြစ်သည်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို (ဘုရားသခင်၏ အသံသည် ကောင်းကင်မှ တိုက်ရိုက် ထုတ်ပြန်သည့်အချိန် ဓမ္မဟောင်းကျမ်းထဲက မောရှေ၏ အချိန်ကာလကဲ့သို့ မဟုတ်ဘဲ) လူ့ဇာတိမှ ထုတ်ပြန်နိုင်ဖို့အလို့ငှာ သူ ကြွလာပြီးဖြစ်သည်။ ထို့နောက်တွင်၊ သူ၏ နှုတ်ကပတ်တော်အားလုံးသည် နှစ်တစ်ထောင် နိုင်ငံတော်ကာလအတွင်းတွင် ပြည့်စုံလိမ့်မည်၊ ထိုနှုတ်ကပတ်တော်များသည် လူများ၏ မျက်စိရှေ့တွင် မြင်တွေ့နိုင်သော အမှန်တရားများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ လူများသည် ခြားနားချက် စိုးစဉ်းမျှမရှိဘဲ မိမိတို့၏ ကိုယ်ပိုင် မျက်လုံးများကို အသုံးပြုရင်း ထိုနှုတ်ကပတ်တော်များကို ရှုမြင်ရကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လူ့ဇာတိကို ခံယူခြင်းနှင့်သက်ဆိုင်သည့် အဆုံးစွန် အဓိပ္ပာယ်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် လူ့ဇာတိမှတစ်ဆင့်နှင့် နှုတ်ကပတ်တော်များ မှတစ်ဆင့် ပြီးမြောက်ခြင်းဖြစ်သည်။ ဤသည်မှာ “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်” နှင့် “လူ့ဇာတိ၌ နှုတ်ကပတ်တော်၏ ပေါ်ထွန်းခြင်း” တို့၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာ ဝိညာဉ်တော်၏ အလိုကို ပြောနိုင်ပြီး လူ့ဇာတိ၌ရှိသော ဘုရားသခင်ကသာ ဝိညာဉ်တော် ကိုယ်စား ပြောနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ့ဇာတိခံ ဘုရားသခင်၌ ပေါ်လွင်ထင်ရှားပြီး အယောက်တိုင်းသည် ထိုနှုတ်ကပတ်တော်များ၏ လမ်းပြခြင်းခံရလေသည်။ မည်သူမျှ ကင်းလွတ်ခြင်းမရှိ၊ ၎င်းတို့အားလုံး ဤနယ်ပယ်အတွင်းတွင် တည်ရှိ၏။ ဤမိန့်မြွက်ချက်များမှသာ လူများသည် သိလာနိုင်သည်။ ဤနည်းလမ်းဖြင့် မရရှိသောသူများသည် ကောင်းကင်မှ မိန့်မြွက်ချက်များ ရရှိနိုင်သည်ဟု ၎င်းတို့ ထင်ပါက၊ စိတ်ကူးယဉ်အိပ်မက်မက်နေကြခြင်း ဖြစ်သည်။ ယင်းမှာ အားလုံးကို ယင်းအား လုံးလုံး ယုံကြည်လောက်ဖွယ် အနှစ်သာရဖြင့် ယုံကြည်စေရင်း၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာ၌ ဖော်ပြထားသော ဩဇာအာဏာ ဖြစ်သည်။ ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ ကျွမ်းကျင်သူများနှင့် ဘာသာရေး သင်းအုပ်ဆရာများပင်လျှင် ဤနှုတ်ကပတ်တော်များကို မပြောဆိုနိုင်ကြပေ။ ၎င်းတို့အားလုံးသည် ထိုနှုတ်ကပတ်တော်များအောက်၌ ကျိုးနွံနာခံရမည်ဖြစ်ပြီး၊ မည်သူမျှ အခြားသော အစပြုခြင်းကို ပြုလုပ်နိုင်မည် မဟုတ်။ ဘုရားသခင်သည် စကြဝဠာကို သိမ်းပိုက်ဖို့ နှုတ်ကပတ်တော်များကို အသုံးပြုလိမ့်မည်။ သူသည် ဤအရာများကို သူ၏ လူ့ဇာတိခံ ခန္ဓာဖြင့် လုပ်ဆောင်လိမ့်မည်မဟုတ်ဘဲ၊ စကြဝဠာ တစ်ခုလုံးရှိ လူအားလုံးကို သိမ်းပိုက်ရန် လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို အသုံးပြုခြင်းမှတစ်ဆင့် လုပ်ဆောင်မည်ဖြစ်သည်။ ဤအရာသည်သာ နှုတ်ကပတ်တော် လူ့ဇာတိကို ခံယူခြင်းဖြစ်ပြီး ဤအရာသည်သာ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်ခြင်း ဖြစ်သည်။ လူသားများအဖို့ ဘုရားသခင်သည် အမှုများစွာ မလုပ်ဆောင်သေးသည့်အလား ထင်ရသော်လည်း- ဘုရားသခင်၏ သူ၏နှုတ်ကပတ်တော်များကိုသာ မိန့်မြွက်ရမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် လုံးလုံးလျားလျား ယုံကြည်လက်ခံကြလိမ့်မည် ဖြစ်ကာ အံ့ဩကြလိမ့်မည်ဖြစ်သည်။ အမှန်တရားများ မရှိဘဲနှင့်၊ လူများသည် အော်ဟစ်ကာ ပွတ်လောရိုက်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အတူ ၎င်းတို့ ဆိတ်ငြိမ်ကျသွားကြသည်။ ဤသည်မှာ ကမ္ဘာမြေပေါ်သို့ နှုတ်ကပတ်တော်၏ ရောက်ရှိခြင်း အမှန်တရားကို ပြီးမြောက်စေခြင်း ဖြစ်သည့် ဘုရားသခင်၏ ကြာရှည်တည်ဆောက်ထားသည့် အစီအစဉ်ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် ဤအမှန်တရားကို ဧကန်မုချ ပြီးမြောက်စေလိမ့်မည်။ အမှန်တွင်၊ ငါ့အတွက် ရှင်းပြန်ရန် မလိုပေ- ကမ္ဘာမြေပေါ်သို့ အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာမြေပေါ်သို့ ရောက်ရှိခြင်း ဖြစ်သည်။ ကောင်းကင်မှ ဆင်းသက်သော ယေရုရှလင်မြို့သစ် ဆိုသည်မှာ လူသားအလယ် အသက်ရှင်ဖို့၊ လူ၏ လုပ်ရပ်တိုင်းနှင့် သူ၏ အတွင်းကျကျ အတွေးများအားလုံးကို အဖော်ပြုရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရောက်ရှိလာခြင်း ဖြစ်သည်။ ဤသည်မှာလည်း ဘုရားသခင် ပြီးမြောက်စေမည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤသည်မှာ အနှစ်တစ်ထောင် နိုင်ငံတော်၏အလှတရား ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ချမှတ်ထားသော အစီအစဉ် ဖြစ်သည်- သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာပေါ်တွင် နှစ်တစ်ထောင်ကြာ ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သူ၏ လုပ်ဆောင်ချက်များ အားလုံးကို ထင်ရှားစေမည်ဖြစ်ကာ သူ၏ အမှုအားလုံးကို ပြည့်စုံစေမည်ဖြစ်သည်၊ ထို့နောက်တွင် လူသားမျိုးနွယ်၏ ဤအဆင့်သည် အဆုံးသတ်ဖို့ ရောက်လာလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” မှ

အရှေ့သို့- ၉၆) ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၉၈) လူတစ်ဦးက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို ခွဲခြားခြင်း အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်