၉၁။ အသင်းတော် သင်းထောက်တစ်ပါး ဖြစ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) အသင်းတော် သင်းထောက်တစ်ပါးသည် အသင်းတော် ခေါင်းဆောင်များနှင့် စိတ်သဘောညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သည်၊ သမ္မာတရားကို ကျိုးနွံနာခံဖို့ သင်ယူသင့်သည်၊ ၎င်းတို့ ရင်ဆိုင်ရသည့် မည်သည့် အခက်အခဲများကိုမဆို အချိန်မီပုံစံဖြင့် ခေါင်းဆောင်တစ်ဦးထံ အကြောင်းကြားသင့်ပြီး၊ယင်းတို့ကို သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ဖြေရှင်းသင့်သည်။

(၂) အသင်းတော်၏ အလုပ်အားလုံးကို ကာကွယ်ရန် လိုအပ်သည်။ အန္တိခရစ်နှင့် နတ်ဆိုးများက ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို လှည့်ဖြားသည့်အခါ၊ ၎င်းတို့ လှည့်ဖြားခံရမည်စိုး၍၊ အသင်းတော် သင်းထောက်တစ်ဦးသည် ၎င်းတို့ကို ကောင်းမွန်စွာ ကာကွယ်သင့်သည်။

(၃) အသင်းတော် ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ ကိုယ်ပိုင် အသက်ဝင်ရောက်မှုအပေါ်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရားများအတိုင်း ဆောင်ရွက်ခြင်း၊ မိမိတို့၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏စေခိုင်းချက်ကို သစ္စာရှိမြဲရှိနေခြင်းတို့အပေါ် အာရုံစိုက်သင့်သည်။

(၄) အသင်းတော် ခေါင်းဆောင်များ၏ အလုပ်ကို အလုပ် အစီအစဉ်များအရ ကြီးကြပ်ရန် လိုအပ်သည်။ ၎င်းတို့သည် လက်တွေ့ကျသည့် အလုပ် လုပ်ဆောင်နေခြင်းမရှိသည်ကို ရှာတွေ့ပါက၊ အသင်းတော် သင်းထောက်တစ်ဦးသည် ၎င်းတို့အား လမ်းညွှန်မှုများ ပေးသင့်ပြီး ကူညီသင့်သည် သို့မဟုတ် အထက်လူကြီးများထံ ယင်းကို အကြောင်းကြားသင့်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ အရာနှစ်ခုကို အာရုံစိုက်ရမည်- တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် အညီ သူတို့၏ အလုပ်ကို အတိအကျ လုပ်ဆောင်ရန်ဖြစ်ပြီး ထိုအခြေခံသဘောတရားများကို မည်သည့်အခါမျှ မချိုးဖောက်ဘဲ၊ သူတို့ စိတ်ကူးနိုင်လောက်သည့် အရာ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် မည်သည့် စိတ်ကူးများအပေါ်မျှ သူတို့၏အလုပ်ကို အခြေမခံဘဲ လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှတိုင်းတွင် သူတို့သည် ဘုရားအိမ်တော်၏ အမှုတော်အပေါ် အလေးထားခြင်းကို ပြသင့်ပြီး၊ ယင်း၏အကျိုးကို အမြဲ ရှေ့တန်းတင်သင့်သည်။ နောက်ထပ် အချက်မှာ- ပြီးလျှင် ဤအရာသည် အရေးအပါဆုံးဖြစ်သည်- အရာခပ်သိမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအား လိုက်လျှောက်ခြင်းကို သူတို့ အာရုံစိုက်ရမည် ဖြစ်ကာ၊ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိကျစွာ လိုက်နာခြင်းအားဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆန့်ကျင်နိုင်စွမ်း ရှိသေးသည်ဆိုပါက၊ သို့မဟုတ် သင်သည် သင့်ကိုယ်ပိုင်ထင်မြင်ချက်များကို ဇွတ်တရွတ်လိုက်လျှောက်ကာ အမှုများကို သင့်ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအရ လုပ်ဆောင်သည်ဆိုပါက၊ သင်၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းကို မကြာခဏ သင်လျစ်လျူရှုနေခြင်းက လမ်းဆုံးတစ်ခုသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးလျှင်၊ သင်အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ တစ်နည်းနည်းဖြင့် အလုပ်လုပ်ရန် သင်ကြံဆောင်နိုင်ပါကလည်း အဘယ်အရာကိုမျှ သင်ပြီးမြောက်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ အလုပ်လုပ်နေစဉ် လိုက်နာရမည့် အဓိက အခြေခံသဘောတရားနှစ်ခု ဖြစ်သည်- တစ်ခုမှာ အထက်မှ စီမံခန့်ခွဲမှုများအတိုင်း အတိအကျပင် သင်၏ အလုပ်ကို ထမ်းဆောင်ရန် ဖြစ်သည့်အပြင်၊ အထက်မှ ချမှတ်ထားသည့် အခြေခံ သဘောတရားများနှင့်အညီ ပြုမူရန်လည်း ဖြစ်သည်။ ပြီးလျှင် အခြားအချက်မှာ သင်၏အတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ရန်ဖြစ်သည်။ ဤနှစ်ချက်ကို နားလည်သဘောပေါက်သည့်အခါ၊ သင်သည် အမှား အလွန် လုပ်တတ်လေ့ရှိမည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုထမ်းများ အတွက် အလုပ်၏ အဓိက အခြေခံသဘောတရားများ” မှ

လူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ ၎င်းတို့ မည်သည့်အခြေအနေ၌ ရှိကြမည်ကို သင် သိနားလည်ခြင်းရှိဖို့ လိုသည်။ အထူးသဖြင့် ဘုရားသခင်အား အစေခံခြင်းကို ညှိနှိုင်းဆောင်ရွက်သူတို့သည် လူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သည့် အမှုအားဖြင့် ဖြစ်ပေါ်သည့် အခြေအနေများစွာကို သာ၍အားကောင်းစွာ သဘောပေါက် ရပေမည်။ သင်သည် အတွေ့အကြုံများစွာ သို့မဟုတ် ဝင်ရောက်ခြင်းရရှိသည့် နည်းလမ်းများစွာအကြောင်းကိုသာ ပြောဆိုပါက၊ သင်၏အတွေ့အကြုံသည် အလွန်တစ်ဖက်သတ်ဖြစ်သည်ကို ထိုအရာက ပြသပေသည်။ သင်၏ စစ်မှန်သော အခြေအနေကို သိရှိခြင်းနှင့် သမ္မာတရား၏ အခြေခံသဘောတရားများကို သဘောပေါက်ခြင်းမရှိဘဲ၊ စိတ်သဘောထား ပြောင်းလဲရန် မဖြစ်နိုင်ချေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော အခြေခံသဘာတရားများကို သိရှိခြင်း၊ သို့မဟုတ် ယင်း၏အသီးအပွင့်ကို သိနားလည်ခြင်းမရှိဘဲ၊ နတ်ဆိုးများ၏အလုပ်ကို သိမြင်ရန် သင့်အတွက် ခက်ခဲပေလိမ့်မည်။ သင်သည် နတ်ဆိုးများ၏ အလုပ်အပြင် လူသား၏ အယူအဆများကို ဖော်ထုတ် ရမည်ဖြစ်ပြီး၊ ပြဿနာ၏ အရင်းအမြစ်ကိုတိုက်ရိုက် ထိုးထွင်းသိမြင်ရမည်။ လူများ၏ လက်တွေ့လုပ်ဆောင်မှု၌ရှိသော သွေဖည်မှုများစွာနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ၎င်းတို့ ရှိနိုင်သည့် ပြဿနာများကိုလည်း ၎င်းတို့ သတိပြုမိနိုင်ဖို့အလို့ငှာ ထောက်ပြရမည်။ အနည်းဆုံးအနေဖြင့်၊ သင်သည် ၎င်းတို့ကို အပျက်သဘောဆောင်ခြင်း သို့မဟုတ် တုံဏှိဘာဝေနေခြင်း မခံစားစေရ။ သို့ရာတွင်၊ လူအများစုအတွက် ဓမ္မဓိဋ္ဌာန်ကျကျ တည်ရှိသာ အခက်အခဲများကိုလည်း သင်နားလည်ရမည်၊ သင်သည် ယုတ္တိမတန်သောသူ သို့မဟုတ် “ကျွဲပါးစောင်းတီးသူ” မဖြစ်စေရ။ ယင်းသည် မိုက်မဲသောအပြုအမူ ဖြစ်သည်။ လူတို့ တွေ့ကြုံရသော အခက်အခဲများစွာကို ဖြေရှင်းရန် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အင်အားများကို ပထမဦးစွာ နားလည်ရမည်၊ သင်သည် မတူညီသောလူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်ကို မည်သို့ဆောင်ရွက်သည်ကို နားလည်ရမည်၊ လူတို့ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ၎င်းတို့၏ အားနည်းချက်များကို နားလည်မှု ရှိရမည်ဖြစ်ပြီး ပြဿနာ၏ အဓိကအကြောင်းရင်းများကို သွေဖည်ခြင်း သို့မဟုတ် အမှားများတစ်ခုတစ်လေ ပြုလုပ်ခြင်းမရှိဘဲ ရိပ်မိနိုင်ရမည်ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည်သာ ဘုရားသခင်ကို အစေခံရာတွင် ညှိနှိုင်း ဆောင်ရွက်ရန် အရည်အချင်းရှိပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပြည့်စုံသော သိုးထိန်းတစ်ဦး ရှိသင့်သည့်အရာ” မှ

အသင်းတော်သည် တည်ဆောက်ဆဲဖြစ်ပြီး၊ စာတန်သည် အသင်းတော်ကို ဖြိုချရန် အစွမ်းကုန် ကြိုးစားနေသည်။ ၎င်းသည် ငါ၏ တည်ဆောက်ခြင်းကို ဖြစ်နိုင်သမျှသော မည်သည့် နည်းလမ်းမဆိုဖြင့် ဖြိုချလို၏။ ဤအကြောင်းကြောင့်၊ အသင်းတော်ကို လျင်မြန်စွာ သန့်စင်ရမည်ဖြစ်သည်။ ဆိုးယုတ်မှုနှင့်ဆိုင်သည့် အသုံးမဝင်သည့်အရာ အနည်းငယ်မျှ မကျန်ကြွင်းစေရ။ အသင်းတော်သည် ဆက်လက် စင်ကြယ်လာကာ ယခင်အတိုင်း အပြစ်အနာအဆာ ကင်းမဲ့သည်အထိ သန့်စင်ခြင်းခံရမည်။ သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သတိပြုရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။ ငါ၏ နှုတ်ကပတ်တော်များကိုလည်း သင်တို့ သာ၍ စားသောက်ရမည် ဖြစ်ပြီး၊ ပို၍အရေးကြီးသည်မှာ၊ သင်တို့အနေဖြင့် ထိုနှုတ်ကပတ်တော်များကို မိမိတို့ဘာသာ စားသောက်နိုင်ရမည် ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများကို ငါဖွင့်ပေးနိုင်ဖို့နှင့် စိတ်ဝိညာဉ်အတွင်း တည်ရှိသော နက်နဲမှုများအားလုံးကို သင်တို့အား မြင်တွေ့ခွင့်ပေးနိုင်ဖို့အလို့ငှာ၊ သင်တို့သည် သမ္မာတရားအားလုံးဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ထားကြပြီး၊ ငါ၏ ရှေ့မှောက်သို့ လာကြလော့။...အသင်းတော်သည် ၎င်း၏ တည်ဆောက်ခြင်း အဆင့်ထဲသို့ ဝင်ရောက်သည့်အချိန်တွင်၊ သန့်ရှင်းသူများသည် တိုက်ပွဲဆီသို့ ချီတက်ကြသည်။ စာတန်၏ အမျိုးမျိုးသော အကျည်းတန်သည့် မျက်နှာပေါက်တို့ကို သင်တို့ရှေ့တွင် ချပြထား၏။ သင်တို့သည် ရပ်တန့်ကာ နောက်သို့ ပြန်ရွေ့သွားကြသလော၊ သို့မဟုတ် သင်တို့သည် ငါ့ကို အားထားရင်း မတ်တပ်ရပ်ပြီး ရှေ့ဆက်သွားကြသလော။ စာတန်၏ ဖောက်ပြန်ပျက်စီးပြီး အကျည်းတန်သော မျက်နှာပေါက်များကို စေ့စေ့စပ်စပ် ဖော်ထုတ်လော့၊ ၎င်း စိတ်မချမ်းသာဖြစ်မည်ကို လုံးဝ မစိုးရိမ်လေနှင့်၊ ပြီးလျှင် သက်ညှာခြင်းမရှိလေနှင့်။ စာတန်ကို သေသည့်တိုင်အောင် တိုက်ခိုက်လော့။ ငါသည် သင်၏ အထောက်အပံ့ ဖြစ်ပြီး၊ သင်သည် ယောက်ျားသား၏ စိတ်ဓါတ်ရှိရမည်။ စာတန်သည် ၎င်း၏ နောက်ဆုံးသော မချိတင်ကဲ သေဆုံးခြင်း၌ ရုတ်တရက် ဒေါသတကြီး တိုက်ခိုက်နေသော်လည်း၊ ၎င်းသည် ငါ၏ တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်သေးပေ။ စာတန်သည် ငါ၏ ခြေအောက်တွင် ရှိနေပြီး၊ သင်တို့၏ ခြေအောက်တွင်လည်း အနင်းခံရလျက်ရှိသည်- ဤသည်မှာ အမှန်တရားဖြစ်၏။

ဘာသာရေးနှောင့်ယှက်သူများနှင့် အသင်းတော်၏ အဆောက်အဦးကို ဖြိုချသူများအားလုံးကို သည်းခံခြင်း အနည်းငယ်မျှ ပြရလိမ့်မည်မဟုတ်ဘဲ၊ ချက်ချင်း တရားစီရင်‌ခြင်းခံရလိမ့်မည်။ စာတန်သည် ဖော်ထုတ်ခံရလိမ့်မည်၊ နင်းခြေခံရလိမ့်မည်၊ လုံးဝ ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ပုန်းကွယ်စရာ နေရာမရှိဘဲ ကျန်ရစ်လိမ့်မည်။ မကောင်းဆိုးဝါးများနှင့် တစ္ဆေမျိုးစုံတို့သည် ၎င်းတို့၏ ပုံသဏ္ဌာန်အစစ်အမှန်တို့ကို ငါ၏ ရှေ့မှောက် ဧကန်မုချ ထုတ်ဖော်ပြကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ ဘယ်သောအခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်သည့် အနက်ဆုံးသော တွင်းထဲသို့ ၎င်းတို့အားလုံးကို ငါပစ်ချမည်။ ၎င်းတို့အားလုံးသည် ငါတို့၏ ခြေအောက်၌ ရှိကြလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား အတွက် ကောင်းသော တိုက်ခိုက်ခြင်းကို ပြုလိုပါက၊ ပထမဦးဆုံး အနေဖြင့်၊ စာတန်ကို အလုပ်လုပ်စေရန် မည်သည့် အခွင့်အရေးမျှ မပေးရ- ဤရည်ရွယ်ချက် အထမြောက်ဖို့ရန်၊ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိဖို့နှင့်၊ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံနိုင်ဖို့၊ သင်၏ ကိုယ်ပိုင်အယူအဆများ၊ ထင်မြင်ချက်များ၊ အမြင်များနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများ အားလုံးကို စွန့်လွှတ်နိုင်ဖို့၊ ငါ၏အတွင်းတွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်ဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏အသံကို အာရုံစိုက်နိုင်ဖို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု အပေါ် အာရုံစိုက်ပြီး ဘုရားသခင်၏ နူတ်ကပတ်တော်များကို အသေးစိတ် တွေ့ကြုံခံစားနိုင်ဖို့တို့ကိုလိုအပ်လိမ့်မည် ဖြစ်သည်။ သင်တို့တွင် ရည်ရွယ်ချက် တစ်ခုသာ ရှိရမည်ဖြစ်ပြီး၊ ယင်းသည် ငါ၏ အလိုကို ပြည့်စုံစေဖို့ ဖြစ်သည်။ ဤအရာမှလွဲ၍ အခြားရည်ရွယ်ချက် သင်တို့၌ မရှိသင့်ပေ။ သင်၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ငါ့ကို ကြည့်ရမည်၊ ငါ၏ လုပ်ဆောင်ချက်များနှင့် ငါ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများအား သေချာစွာ ကြည့်ရမည် ဖြစ်ပြီး၊ လုံးဝ မပေါ့ဆရပေ။ သင်၏ စိတ်ဝိညာဉ်သည် ထက်မြက်ရမည်၊ သင်၏ မျက်စိများ ဖွင့်ထားရမည်။ သာမန်အားဖြင့်၊ မိမိတို့၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များ မှန်ကန်မှုမရှိသည့် သူများအပြင်၊ အခြားသူများ မြင်သည်ကို နှစ်သက်သောသူများ အမှုအရာများကို လုပ်ဆောင်ရန် စိတ်အားထက်သန်သော သူများ၊ အနှောင့်အယှက်များကို ဖြစ်စေတတ်သူများ၊ ဘာသာရေး အယူဝါဒကို လေကြောရှည်ရာတွင် တော်သောသူများ၊ စာတန်၏ လက်ပါးစေများ စသည်တို့ကဲ့သို့သောသူများနှင့် ပတ်သက်လာသည့်အခါတွင်- ဤလူများ ထရပ်သည့်အခါ၊ ထိုသူတို့သည် အသင်းတော်အတွက် အခက်အခဲများ ဖြစ်လာကြပြီး၊ ဤအရာက ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကို အချည်းနှီး ဖြစ်သွားစေသည်။ ထိုသို့သော လူများ ဟန်ဆောင်ခြင်းကို သင် ကြုံရချိန်တွင် ချက်ချင်း တားမြစ်လော့။ အဖန်ဖန် သတိပေးခံရသော်လည်း၊ ၎င်းတို့ မပြောင်းလဲပါက၊ ၎င်းတို့ ဆုံးရှုံးခြင်း ခံစားရလိမ့်မည်။ အကယ်၍ မိမိတို့၏ နည်းလမ်းများ အတိုင်း ခေါင်းမာမာနှင့် မရမကလုပ်ဆောင်သူများသည် မိမိတို့ကိုယ်ကိုယ် ကာကွယ်ဖို့ကြိုးပမ်းပြီး မိမိတို့၏အပြစ်များကို ဖုံးကွယ်ရန် ကြိုးစားပါက၊ အသင်းတော်က ၎င်းတို့ကို ချက်ချင်း ဖြတ်တောက်ပစ်သင့်ပြီး၊ ၎င်းတို့ လှုပ်ရှားဆောင်ရွက်ဖို့ အခွင့်အလမ်း မရှိစေသင့်ပေ။ အနည်းငယ်ကို ကယ်တင်ရန် ကြိုးစားခြင်းဖြင့် များစွာ မဆုံးရှုံးစေနှင့်။ အခြေအနေတစ်ရပ်လုံးကို ကြည့်နေလော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၇” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ရေလောင်းခြင်းနှင့် သက်ဆိုင်၍ သင်းထောက်များ၏ အလုပ်တာဝန်များ

(၁) အသင်းတော် အသက်တာတွင်၊ ရေလောင်းခြင်းနှင့်ဆိုင်သည့် သင်းထောက်များသည် ဘုရားသခင် ရွေးချယ်ထားသော လူများက မိမိတို့ကိုယ်ကိုယ် မည်သို့ သိရှိရမည်ဆိုသည်ကို သင်ယူနိုင်ပြီး သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းတွင် ဦးဆောင်ရမည်၊ အရာခပ်သိမ်းတွင် ၎င်းတို့ကိုယ်တိုင်၏ အတွေ့အကြုံနှင့် အသိပညာတို့ကို ပြောဆိုရမည်၊ ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းကို သိရှိကာ ခွဲခြမ်းစိတ်ဖြာလေ့လာရမည် ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင်၏ မမှန်ကန်သော အရင်းခံအကြောင်းများနှင့် အမျိုးမျိုးသော စာတန်ဆန်သည့် အဆိပ်များကို ထုတ်ဖော်ပြရမည် ဖြစ်သည်။

(၂) ရေလောင်းခြင်းနှင့်ဆိုင်သည့် သင်းထောက်များသည် လူသစ်များကို ရေလောင်းပေးခြင်း အလုပ်ကို ကောင်းမွန်စွာ ဆောင်ရွက်ရမည်။ အခြားမည်သည့်အရာမဆိုထက်၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ မှားယွင်းသော အယူအဆများနှင့် သိနားလည်မှုတို့ကို ကိုင်တွယ်ရမည်။ ၎င်းတို့သည် ရူပါရုံများနှင့် ဆက်နွှယ်သည့် သမ္မာတရားများနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုကို ရရှိရမည်ဖြစ်ပြီး လူသစ်များက မိမိတို့ကိုယ်ကိုယ် မှန်သော လမ်းခရီးတွင် အမြစ်တွယ်နိုင်ကြဖို့အလို့ငှာ ဤသမ္မာတရားများကို ခြောက်လအတွင်း ၎င်းတို့ သိနားလည်သည်ကို သေချာစေရမည်ဖြစ်သည်။

(၃) ရေလောင်းခြင်းနှင့်ဆိုင်သည့် အသင်းတော်၏ သင်းထောက်တစ်ဦးသည် အဖွဲ့အားလုံးနှင့် စုဝေးခြင်း အားလုံးကို အလှည့်ကျပြုလုပ်ခြင်းအားဖြင့် တက်ရောက်ရမည်။ ပြဿနာတစ်ခုကို ရှာတွေ့သည်နှင့်၊ ၎င်းတို့သည် ယင်းကို သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ချက်ချင်း ကိုင်တွယ်ရမည်။ အဓိကပြဿနာများကို အသင်းတော် ခေါင်းဆောင်များနှင့် မိတ်သဟာယပြုခြင်းအားဖြင့် ဖြေရှင်းရမည်။ မှန်ကန်သော အချက်အလက်များ ဖုံးကွယ်ထားခြင်း မရှိရပေ။

(၄) ရေလောင်းခြင်းနှင့်ဆိုင်သည့် သင်းထောက်များသည် အသင်းတော်၏အလုပ်ကို ဆောင်ရွက်ဖို့ အသင်းတော် ခေါင်းဆောင်များနှင့် သဟဇာတဖြစ်စွာ အလုပ်လုပ်ရမည်။ ၎င်းတို့သည် အသင်းတော်ထဲ၌ တည်ရှိသည့် ဤပြဿနာများ၊ အခက်အခဲများနှင့် စပ်လျဉ်း၍ အသင်းတော်ခေါင်းဆောင်များနှင့် ပုံမှန် ဆွေးနွေးပြီး ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရား အခြေခံသဘောတရားကို အတူတကွ ရှာဖွေသင့်ပေသည်။ ရေလောင်းခြင်းနှင့်ဆိုင်သည့် သင်းထောက်များသည် အသင်းတော် ခေါင်းဆောင်များ၏ အလုပ်ကိုလည်း စောင့်ကြည့်စစ်ဆေးသင့်ပြီး ဆိုးရွားသည့် ပြဿနာများကို တွေ့ရှိသည်နှင့်ချက်ချင်း အကြောင်းကြားသင့်ပေသည်။

အလုပ်အစီအစဉ်များ မှ

ဧဝံဂေလိ သင်းထောက်များ၏ အလုပ်တာဝန်များ

(၁) ဧဝံဂေလိ သင်းထောက်များသည် အသင်းတော်ထဲရှိ ဧဝံဂေလိ ဖြန့်ဝေရာတွင် ကျွမ်းကျင်သောသူများ သို့မဟုတ် ဧဝံဂေလိ ဖြန့်ဝေရာတွင် လေ့ကျင့်ခြင်းခံရဖို့ လိုလိုလားလားရှိသည့် သူတို့ကို စီမံခန့်ခွဲသင့်သည်။ ဧဝံဂေလိ သင်းထောက်များသည် ဧဝံဂေလိ ဖြန့်ဝေသူများအနေဖြင့် သမ္မာတရားကို နားလည်ဖို့နှင့် အခြေခံသဘောတရားများကို သဘောပေါက်ဖို့အလို့ငှာ ထိုသို့သော လူများအား သမ္မာတရား၊ ဉာဏ်ပညာနှင့် ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့်ဆိုင်သည့် ထိရောက်သည့် နည်းလမ်းအမျိုးမျိုးကို မကြာခဏ မိတ်သဟာယပြုသင့်ပေသည်။

(၂) ဧဝံဂေလိ သင်းထောက်များသည် “ငါးယောက် ဟောပြော‌ခြင်း” နှင့် “ငါးယောက် မဟောပြောခြင်း”တို့နှင့်ဆိုင်သည့် အခြေခံသဘောတရားများကို လိုက်လျှောက်ရမည်။ ၎င်းတို့အနေဖြင့် ဧဝံဂေလိတရား လက်ခံသူများသည် အတော်အတန် ကောင်းမွန်သည့် သဘာဝရှိကြသည်ကို၊ သမ္မာတရားအား တမ်းတပြီး သမ္မာတရားကို နားလည်နိုင်စွမ်းရှိကြသည်ကို သေချာစေရမည်။ ဧဝံဂေလိတရားကို ဆိုးယုတ်သည့် သဘာဝရှိသူများ၊ သမ္မာတရား၌ စိတ်ဝင်စားမှု မရှိသကဲ့သို့ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်သောသူများအား မဟောပြောရ။

(၃) ဧဝံဂေလိ သင်းထောက်များသည် ၎င်းတို့၏ အသင်းသားများထဲမှ မည်သူက ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို တမ်းတပြီး သမ္မာတရားအား ချစ်သည်ဆိုသည်ကို သိရဖို့အပြင်၊ ဘုရားသခင်အား ၎င်းတို့ အချိန်မည်မျှကြာ ယုံကြည်ပြီးဖြစ်သည်၊ ၎င်းတို့၏ ကိုယ်ကျင့်တရား အစွမ်းအစနှင့် ၎င်းတို့၏ အရည်အချင်းများအကြောင်းကို သာ၍ သိရှိဖို့ရန် အမျိုးမျိုးသော ဂိုဏ်းဂဏများထံ သွားဖို့ ဘုရားသခင် ရွေးချယ်ထားသည့် လူများကို ဆော်ဩစည်းရုံးရမည်။ ဧဝံဂေလိ ဖြန့်ဝေခြင်းအတွက် လက်တွေ့ကျသည့် အစီအစဉ်တစ်ခု သေချာအောင် လေ့လာစိစစ်နိုင်သည့်နေရာတွင်၊ အဖွဲ့ထဲမှ သင့်တော်သည့် အသင်းသားတစ်ဦးကို ၎င်းတို့ထံ ဧဝံဂေလိ ဖြန့်ဝေဖို့ စေလွှတ်သင့်ပေသည်။ ထို့အပြင်၊ ၎င်းတို့ထံ ဧဝံဂေလိဖြန့်ဝေဖို့ တစ်စုံတစ်ဦးအား စီစဉ်ပေးနိုင်ရန်အလို့ငှာ၊ ဘုရားသခင် ရွေးချယ်ထားသည့်လူတို့သည် ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ရင်းနှီးသူများထဲမှ ပြောင်းလဲသွားသူများဖြစ်ရန် အလားအလာရှိသူများကို စုံစမ်းစစ်ဆေးရန် ဆော်သြစည်းရုံးသင့်ပေသည်။

(၄) ဧဝံဂေလိ သင်းထောက်များသည် ဧဝံဂေလိတရားမှ ပြောင်းလဲသွားသူများဖြစ်ရန် အလားအလာရှိသူများကို ရှာဖွေဖို့ သင့်တော်ပြီး ထိရောက်သည့် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုရင်း၊ လူတို့ကို တီးမိခေါက်မိဖို့နှင့် ဧဝံဂေလိ ဖြန့်ဝေဖို့ ဖြစ်နိုင်ချေရှိသည့် အလားအလာရှိသူများကို ရှာတွေ့ဖို့ရန် ဘုရားသခင် ရွေးချယ်ထားသူတို့ကို ဆော်သြစည်းရုံးရမည်။ ထိုသို့သော လူများကို ရှာဖွေတွေရှိသောအခါတွင်၊ ၎င်းတို့ကို အသင်းတော်ထံ အကြောင်းကြားရမည်၊ ယင်းနောက်တွင် ၎င်းတို့အား တရားဟောဖို့ရန် သင့်တော်သည့် နည်းစနစ်တစ်ခုကို ရှာတွေ့ပြီး ဖော်ထုတ်နိုင်ပေသည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၉၀။ အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၉၂။ တရားဟောဆရာတစ်ဦး ဖြစ်ခြင်း၏ အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်