၉၂။ တရားဟောဆရာတစ်ဦး ဖြစ်ခြင်း၏ အခြေခံသဘောတရားများ

(၁) တရားဟောဆရာတစ်ဦးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်ပြီး မိမိတို့ကိုယ်ကိုယ် သမ္မာတရားဖြင့် ပြင်ဆင်ထားဖို့ လိုအပ်သည်။ ချွတ်ယွင်းချက်များကို ရှာတွေ့ကာ ယင်းတို့ကို အချိန်မီပုံစံဖြင့် ပြုပြင်နိုင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းအားဖြင့် ပြဿနာမျိုးစုံတို့ကို ဖြေရှင်းနိုင်လော့။

(၂) အသင်းတော် ခေါင်္ငးဆောင်နှင့် သင်းထောက် အသီးသီးတို့၏ အခြေအနေမှန်ကို သဘောပေါက်ဖို့ လိုအပ်သည်။ တစ်ဦးတစ်ယောက်က ၎င်းတို့ထဲတွင် အယောင်ဆောင် ခေါင်းဆောင်များ သို့မဟုတ် အယောင်ဆောင် အလုပ်သမားများကို ရှာတွေ့ပါက၊ ပြဿနာကို အကြောင်းကြားရမည်ဖြစ်ပြီး ချက်ချင်း ဖြေရှင်းရမည်။

(၃) ခရိုင် ခေါင်းဆောင်များနှင့် ထိုခရိုင်၏ အလုပ် သွင်ပြင်လက္ခဏာ အသီးသီးတွင် ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်သည်။ စိတ်သဘောညီညွှတ်သော ညှိနှိုင်းဆောင်ရွက်မှုအပြင် ပါရမီကို ရှာဖွေတွေ့ရှိခြင်းနှင့် ပြုစုပျိုးထောင်ခြင်းတို့ ရှိရမည်။

(၄) ခရိုင် ခေါင်းဆောင်များနှင့် အလုပ်သမားများ၏ အလုပ်ကို ကြီးကြပ်ဖို့ သင်ယူရန် လိုအပ်သည်။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေခြင်းမရှိသည်ကို ရှာတွေ့ပါက၊ ၎င်းတို့ကို လမ်းညွှန်မှုပေးကာ အကြောင်းကြားရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အသင်းတော်များကို ဦးဆောင်နိုင်သူများ၊ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်ပြီး၊ လူတို့အဖို့ တမန်တော်များ ဖြစ်နိုင်သူများသည် တကယ့်အတွေ့အကြုံများ ရှိရပေမည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှု၊ သမ္မာတရားနှင့် သက်ဆိုင်သော မှန်ကန်သည့် တန်ဖိုးထားခြင်းနှင့် အတွေ့အကြုံတို့ ရှိရပေမည်။ ထိုသို့သောလူများသာ အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် လူတို့ကို အသက်ဖြင့် ထောက်ပံ့ ပေးနိုင်သည့် တမန်တော်များ ဖြစ်ဖို့ မဆိုထားနှင့်၊ အနည်းဆုံးအနေဖြင့် နောက်လိုက်ရုံသာ နောက်လိုက်နိုင်ပြီး ဦးမဆောင်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တမန်တော်များ၏ လုပ်ငန်းတာဝန်သည် ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပေ။ ယင်းမှာ အသက်တာကို ပြုစုခြင်း အလုပ်ကို လုပ်ဆောင်ဖို့နှင့် အခြားသူတို့ကို ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း၌ ဦးဆောင်ရန် ဖြစ်သည်။ ဤအလုပ်တာဝန်ကို ဆောင်ရွက်သောသူတို့သည် မည်သူမဆို ထမ်းရွက်နိုင်သည် မဟုတ်သည့် လေးလံသောတာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရကြလေသည်။ ဤအလုပ်မျိုးကို သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံရှိသူများဖြစ်သည့် အသက်၏ ဖြစ်တည်မှု ရှိသူတို့ကသာ တာဝန်ယူနိင်ပေသည်။ ယင်းကို စွန့်လွှတ်နိုင်သူ၊ ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်နိုင်သူ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားလျက်ရှိသူ မည်သူမဆိုက တာဝန်ယူနိုင်သည် မဟုတ်ပေ။ သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော လူတို့သည် ဤအလုပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့အရှိတရား မရှိသည့် လူများဖြစ်သည့် အတွေ့အကြုံမရှိသောသူ လူများသည် ၎င်းတို့ကိုယ်တိုင်သည် ဤဖြစ်တည်မှုမျိုး မရှိကြသောကြောင့် လက်တွေ့အရှိတရားကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့ဖြစ်၍ ဤလူစားမျိုးသည် ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သည်သာမက၊ အချိန်အတော်ကြာ သမ္မာတရားမရှိဘဲနေပါက၊ ရှင်းလင်းသုတ်သင်ခြင်း ခံရသောအရာတစ်ခု ဖြစ်သွားပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

လူတို့အပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသည့်အခါ ၎င်းတို့ မည်သည့်အခြေအနေ၌ ရှိကြမည်ကို သင် သိနားလည်ခြင်းရှိဖို့ လိုသည်။ အထူးသဖြင့် ဘုရားသခင်အား အစေခံခြင်းကို ညှိနှိုင်းဆောင်ရွက်သူတို့သည် လူတို့အပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သည့် အမှုအားဖြင့် ဖြစ်ပေါ်သည့် အခြေအနေများစွာကို သာ၍အားကောင်းစွာ သဘောပေါက် ရပေမည်။ သင်သည် အတွေ့အကြုံများစွာ သို့မဟုတ် ဝင်ရောက်ခြင်းရရှိသည့် နည်းလမ်းများစွာအကြောင်းကိုသာ ပြောဆိုပါက၊ သင်၏အတွေ့အကြုံသည် အလွန်တစ်ဖက်သတ်ဖြစ်သည်ကို ထိုအရာက ပြသပေသည်။ သင်၏ စစ်မှန်သော အခြေအနေကို သိရှိခြင်းနှင့် သမ္မာတရား၏ အခြေခံသဘောတရားများကို သဘောပေါက်ခြင်းမရှိဘဲ၊ စိတ်သဘောထား ပြောင်းလဲရန် မဖြစ်နိုင်ချေ။ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သော အခြေခံသဘာတရားများကို သိရှိခြင်း၊ သို့မဟုတ် ယင်း၏အသီးအပွင့်ကို သိနားလည်ခြင်းမရှိဘဲ၊ နတ်ဆိုးများ၏အလုပ်ကို သိမြင်ရန် သင့်အတွက် ခက်ခဲပေလိမ့်မည်။ သင်သည် နတ်ဆိုးများ၏ အလုပ်အပြင် လူသား၏ အယူအဆများကို ဖော်ထုတ် ရမည်ဖြစ်ပြီး၊ ပြဿနာ၏ အရင်းအမြစ်ကိုတိုက်ရိုက် ထိုးထွင်းသိမြင်ရမည်။ လူများ၏ လက်တွေ့လုပ်ဆောင်မှု၌ရှိသော သွေဖည်မှုများစွာနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ၎င်းတို့ ရှိနိုင်သည့် ပြဿနာများကိုလည်း ၎င်းတို့ သတိပြုမိနိုင်ဖို့အလို့ငှာ ထောက်ပြရမည်။ အနည်းဆုံးအနေဖြင့်၊ သင်သည် ၎င်းတို့ကို အပျက်သဘောဆောင်ခြင်း သို့မဟုတ် တုံဏှိဘာဝေနေခြင်း မခံစားစေရ။ သို့ရာတွင်၊ လူအများစုအတွက် ဓမ္မဓိဋ္ဌာန်ကျကျ တည်ရှိသာ အခက်အခဲများကိုလည်း သင်နားလည်ရမည်၊ သင်သည် ယုတ္တိမတန်သောသူ သို့မဟုတ် “ကျွဲပါးစောင်းတီးသူ” မဖြစ်စေရ။ ယင်းသည် မိုက်မဲသောအပြုအမူ ဖြစ်သည်။ လူတို့ တွေ့ကြုံရသော အခက်အခဲများစွာကို ဖြေရှင်းရန် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့်ဆိုင်သည့် အင်အားများကို ပထမဦးစွာ နားလည်ရမည်၊ သင်သည် မတူညီသောလူများအပေါ် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်ကို မည်သို့ဆောင်ရွက်သည်ကို နားလည်ရမည်၊ လူတို့ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ၎င်းတို့၏ အားနည်းချက်များကို နားလည်မှု ရှိရမည်ဖြစ်ပြီး ပြဿနာ၏ အဓိကအကြောင်းရင်းများကို သွေဖည်ခြင်း သို့မဟုတ် အမှားများတစ်ခုတစ်လေ ပြုလုပ်ခြင်းမရှိဘဲ ရိပ်မိနိုင်ရမည်ဖြစ်သည်။ ဤကဲ့သို့သော လူမျိုးသည်သာ ဘုရားသခင်ကို အစေခံရာတွင် ညှိနှိုင်း ဆောင်ရွက်ရန် အရည်အချင်းရှိပေသည်။

သင့်အနေဖြင့် အဓိကပြဿနာများကို သဘောပေါက်နိုင်ပြီး အမှုအရာများစွာကို ရှင်းလင်းစွာ သိမြင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ သီးခြားအတွေ့အကြုံများအပေါ် တည်မှီသည်။ သင်တွေ့ကြုံရသည့် ပုံစံသည် အခြားသူများအား သင်ဦးဆောင်သည့် ပုံစံလည်းဖြစ်သည်။ သင်သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို နားလည်ပါက၊ အခြားသူများအား ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို နားလည်ဖို့ ဦးဆောင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို သင် တွေ့ကြုံသည့် နည်းလမ်းသည် ဘုရားမိန့်မြွက်ချက်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိဖို့ အခြားသူများကို သင်ဦးဆောင်သည့် နည်းလမ်းဖြစ်သည်။ သင်သည် သမ္မာတရားများစွာကို နားလည်ပြီး ဘုရားနှုတ်ကပတ်တော်များမှ များစွာသောအမှုအရာတို့ကို ထိုးထွင်းသိမြင်မှု ရှင်းလင်းစွာရရှိနိုင်ပါက၊ သင်သည် အခြားသူများကိုလည်း သမ္မတရားများစွာကို နားလည်ရန် လမ်းပြနိုင်စွမ်းရှိပြီး၊ သင်လမ်းပြသည့်လူများသည် ရူပါရုံများနှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှု ရရှိလိမ့်မည်။ သင်သည် သဘာဝလွန် ခံစားချက်များအား သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ပါက၊ သင်လမ်းပြသည့် သူများသည်လည်း အလားတူ လုပ်ဆောင်ကြလိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်ခြင်းကို လျစ်လျူရှုပြီး ယင်းအစား ဆွေးနွေး ပြောဆိုခြင်းကိုသာ အလေးထားပါက၊ သင်လမ်းပြသည့် သူများသည်လည်း လက်တွေ့လုပ်ဆောင်မှု မရှိဘဲ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုတစ်ခုတစ်လေ ရရှိခြင်းမရှိဘဲ၊ ဆွေးနွေးပြောဆိုမှုအပေါ် အာရုံစိုက်လိမ့်မည်။ လူအားလုံးသည် မိမိတို့ကိုယ်တိုင် ပိုင်ဆိုင်သောအရာဖြင့် အခြားသူများကို ထောက်ပံ့ကြခြင်းဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ အမျိုးအစားက အခြားသူများကို ၎င်းတို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းအပြင် ၎င်းတို့ ဦးဆောင်သည့် လူတို့၏ အမျိုးအစားကို ဆုံးဖြတ်ပေးသည်။ ဘုရားသခင်၏ အသုံးပြုခြင်းအတွက် အမှန်တကယ် သင့်တော်ဖို့ရန်၊ သင့်အနေဖြင့် ပြင်းပြသည့်ဆန္ဒရှိရမည်သာမက၊ ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးမှု၊ ဘုရားသခင်၏နှုတ်ကပတ်တော်များထံမှ လမ်းပြမှု၊ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခံရခြင်းကို တွေ့ကြုံခြင်းနှင့် သူ၏နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်း များစွာတို့ကိုလည်း လိုအပ်သည်။ ဤအခြေခံအုတ်မြစ်ဖြင့်၊ သာမန်အချိန်များ၌၊ သင်၏ ထင်မြင်ချက်များ၊ အတွေးများ၊ တွေးဆခြင်းများ၊ သုံးသပ်ချက်များကို အာရုံစိုက်သင့်ပြီး၊ နစ်မွန်းနေခြင်း သို့မဟုတ် ပယ်ရှားခြင်းများတို့တွင် လျော်ညီစွာ ပါဝင်သင့်ပေသည်။ ဤအရာများအားလုံးသည် စစ်မှန်မှုထဲသို့ သင်၏ ဝင်ရောက်ခြင်းအတွက် လမ်းကြောင်းများဖြစ်ပြီး တစ်ခုစီသည် မရှိမဖြစ်အရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အမှုပြုပုံဖြစ်သည်။ ဘုရားသခင် အမှုပြုသည့် ဤနည်းလမ်းထဲသို့ သင်ဝင်ရောက်ပါက၊ သင်သည် သူ၏ စုံလင်စေခြင်းကို ခံရဖို့ အခွင့်အရေးများ နေ့စဉ် ရရှိနိုင်ပေသည်။ ပြီးလျှင် မည်သည့်အချိန်မျိုးတွင်မဆို၊ သင်၏ ပတ်ဝန်းကျင်က ကြမ်းတမ်းသည်ဖြစ်စေ နှစ်သက်ဖွယ်ဖြစ်သည်ဖြစ်စေ၊ သင်သည် အစမ်းသပ်ခံရသည်ဖြစ်စေ စုံစမ်းနှောင့်ယှက်ခြင်း ခံရသည်ဖြစ်စေ၊ သင်သည်အလုပ်လုပ်နေသည်ဖြစ်စေ မလုပ်နေသည်ဖြစ်စေ၊ သင်သည် ဘဝကို တစ်ဦးတည်း အသက်ရှင်နေသည်ဖြစ်စေ စုပေါင်းနေထိုင်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ စုံလင်စေသည့် အခွင့်အရေးများကို တစ်ခုမျှ လက်လွတ်သွားခြင်း မရှိဘဲ အမြဲတွေ့ရှိလိမ့်မည်။ သင်သည် ၎င်းတို့အားလုံးကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပြီး- ဤနည်းလမ်းအားဖြင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းအတွက် လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပြည့်စုံသော သိုးထိန်းတစ်ဦး ရှိသင့်သည့်အရာ” မှ

အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ အရာနှစ်ခုကို အာရုံစိုက်ရမည်- တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် အညီ သူတို့၏ အလုပ်ကို အတိအကျ လုပ်ဆောင်ရန်ဖြစ်ပြီး ထိုအခြေခံသဘောတရားများကို မည်သည့်အခါမျှ မချိုးဖောက်ဘဲ၊ သူတို့ စိတ်ကူးနိုင်လောက်သည့် အရာ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် မည်သည့် စိတ်ကူးများအပေါ်မျှ သူတို့၏အလုပ်ကို အခြေမခံဘဲ လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှတိုင်းတွင် သူတို့သည် ဘုရားအိမ်တော်၏ အမှုတော်အပေါ် အလေးထားခြင်းကို ပြသင့်ပြီး၊ ယင်း၏အကျိုးကို အမြဲ ရှေ့တန်းတင်သင့်သည်။ နောက်ထပ် အချက်မှာ- ပြီးလျှင် ဤအရာသည် အရေးအပါဆုံးဖြစ်သည်- အရာခပ်သိမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအား လိုက်လျှောက်ခြင်းကို သူတို့ အာရုံစိုက်ရမည် ဖြစ်ကာ၊ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိကျစွာ လိုက်နာခြင်းအားဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆန့်ကျင်နိုင်စွမ်း ရှိသေးသည်ဆိုပါက၊ သို့မဟုတ် သင်သည် သင့်ကိုယ်ပိုင်ထင်မြင်ချက်များကို ဇွတ်တရွတ်လိုက်လျှောက်ကာ အမှုများကို သင့်ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအရ လုပ်ဆောင်သည်ဆိုပါက၊ သင်၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းကို မကြာခဏ သင်လျစ်လျူရှုနေခြင်းက လမ်းဆုံးတစ်ခုသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးလျှင်၊ သင်အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ တစ်နည်းနည်းဖြင့် အလုပ်လုပ်ရန် သင်ကြံဆောင်နိုင်ပါကလည်း အဘယ်အရာကိုမျှ သင်ပြီးမြောက်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ အလုပ်လုပ်နေစဉ် လိုက်နာရမည့် အဓိက အခြေခံသဘောတရားနှစ်ခု ဖြစ်သည်- တစ်ခုမှာ အထက်မှ စီမံခန့်ခွဲမှုများအတိုင်း အတိအကျပင် သင်၏ အလုပ်ကို ထမ်းဆောင်ရန် ဖြစ်သည့်အပြင်၊ အထက်မှ ချမှတ်ထားသည့် အခြေခံ သဘောတရားများနှင့်အညီ ပြုမူရန်လည်း ဖြစ်သည်။ ပြီးလျှင် အခြားအချက်မှာ သင်၏အတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ရန်ဖြစ်သည်။ ဤနှစ်ချက်ကို နားလည်သဘောပေါက်သည့်အခါ၊ သင်သည် အမှား အလွန် လုပ်တတ်လေ့ရှိမည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုထမ်းများ အတွက် အလုပ်၏ အဓိက အခြေခံသဘောတရားများ” မှ

အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်းကို မရည်ညွှန်းဘဲ၊ လူသား၏အသက်တာနှင့် လူသား၏ အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် ပျော်ရွှင်မှုပေးနိုင်ခြင်း ရှိမရှိကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူသားတို့က ဘုရားသခင် အပေါ်၌ထားသော သူတို့၏ ဆက်ကပ်ခြင်းနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်အကြောင်း သက်သေခံရန်နှင့် လူသားအပေါ် အမှုတော်ဆောင်ရန်အတွက်လည်း အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူသား၏တာဝန် နှင့် လူသားအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင်အတွက် အလုပ်လုပ်နေစဉ်တွင် သင်တို့သည် ဝင်ရောက်ဖို့ ကြိုးစားနေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အလုပ်အား တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်ပုံကို သိခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံပုံကို သိရမည်ဖြစ်ပြီး ဘုရားသခင်ကို အစေခံနိုင်ရမည်ဖြစ်ကာ၊ လူသားအပေါ် အမှုတော်ဆောင်ကာ လူသားကို ထောက်ပံ့ပေး နိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ ဤသည်ကား လူတိုင်း ပြီးမြောက်အောင် လုပ်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးလွှားပြီး နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို ခုခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)” မှ

သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် သတိရှိသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအခြေအနေတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းတွင်၊ သင်သည် ဤကဲ့သို့သော ကိစ္စများကို အလေးထားပြီး၊ ဤပြဿနာများကို ကျွန်ုပ် မည်သို့ ဖြေရှင်းမည်နည်းဟု သင် စဉ်းစားလိမ့်မည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများအား လွတ်မြောက်မှုကို ရရှိပြီး ဝိညာဉ်ရေးရာ မွေ့ပျော်မှုကို ရှာတွေ့စေရန် ကျွန်ုပ် မည်သို့ထောက်ကူနိုင်မည်နည်း။ သင်သည် မိတ်ဿဟာယဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေချိန်တွင်၊ ဤကိစ္စများနှင့် ဆက်နွှယ်သော သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင်အာရုံစိုက် ပါလိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို စားသောက်စဉ်တွင်လည်း သင်သည် ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလည်း သယ်ဆောင်ပါမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သည့် လမ်းကြောင်း လျှောက်ရမည် ဆိုသည်နှင့်ပတ်သက်၍ သာ၍ ရှင်းလင်းသော စိတ်ကူးတစ်ခုကို သင် ရရှိလိမ့်မည်။ ဤသည်မှာ သင့်ဝန်ထုပ်က ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းဖြစ်ပြီး ဤသည်မှာ သင့်အပေါ် နှင်းအပ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ လမ်းပြမှုလည်း ဖြစ်သည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အာရုံစိုက်လိမ့်မည်မဟုတ်။ ဝန်ထုပ်ကို သယ်ဆောင်နေစဉ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါ၊ ထိုနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သင် သဘောပေါက်နိုင်သည်၊ မိမိလမ်းခရီးကို ရှာတွေ့နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့” မှ

သင်၏အသက်တာ တိုးတက်လာသည်နှင့်အမျှ သင်သည် အဆင့်တိုင်း၌ ပို၍နက်ရှိုင်းလာသည့် အသစ်သောဝင်ရောက်မှုနှင့် သာ၍အဆင့်မြင့်သော ထိုးထွင်းနားလည်မှုအသစ်ကို အမြဲရရမည်။ ဤသည်မှာ လူသားအားလုံး ဝင်ရောက်သင့်သည့် အရာဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်း၊ တရားဒေသနာများကို ကြားနာခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ သို့မဟုတ် ကိစ္စတစ်ခုခုကို ကိုင်တွယ်ခြင်းအားဖြင့် သင်သည် အသစ်သော ထိုးထွင်းနားလည်မှုနှင့် အသစ်သော ဉာဏ်ပွင့်ခြင်းတို့ကို ရရှိမည်ဖြစ်ပြီး၊ အတိတ်၏ဥပဒေသများနှင့် အတိတ်၏ကာလများထဲ၌ နေထိုင်ရမည်မဟုတ်ပေ။ သင်သည် အသစ်သောအလင်းထဲ၌ အစဉ်အမြဲ နေရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သွေဖည်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ မှန်ကန်သောလမ်းကြောင်းအား စတင်ခြင်းကို ဆိုလိုသည်။ အပေါ်ယံအဆင့်တစ်ခုခု၌ အဖိုးအခပေးခြင်းက လုံလောက် လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တစ်နေ့ပြီးတစ်နေ့ သာ၍မြင့်သောနယ်ပယ်သို့ ဝင်ရောက်နေပြီး အသစ်သောအရာများ နေ့ရက်စဉ်တိုင်း ပေါ်ထွန်းလေ့ရှိသည့်အပြင် လူသားသည်လည်း နေ့ရက်စဉ်တိုင်း အသစ်သောဝင်ရောက်မှုတစ်ခုကို ပြုလုပ်ရမည်။ ဘုရားသခင် စကားပြောသည့်အတိုင်း၊ သူပြောထားခဲ့သမျှ အရာအားလုံးကို ထို့အတူ အကောင်အထည်ဖော်ပြီး၊ သင်သည် အမီမလိုက်နိုင်လျှင် နောက်ကျန်ရစ်လိမ့်မည် ဖြစ်သည်။ သင်သည် သင်၏ဆုတောင်းချက်များ၌ သာ၍နက်ရှိုင်းစွာ သွားရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား စားသောက်ခြင်းသည် ပြတ်တောင်းပြတ်တောင်း ဖြစ်၍မရနိုင်ပေ။ သင်လက်ခံရရှိသော ဉာဏ်ပွင့်ခြင်းနှင့် အလင်းရခြင်းတို့ကို ပိုမိုနက်ရှိုင်းစေလော့၊ ထိုအခါ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ တဖြည်းဖြည်း မှေးမှိန်သွားရမည်။ သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုလည်း အားကောင်းလာစေရမည်ဖြစ်ကာ သင်ကြုံတွေ့သော မည်သည့်အရာကိုမဆို သင်သည် ထိုအကြောင်းနှင့်ပတ်သက်၍ သင်၏ ကိုယ်ပိုင်အတွေးများ ရှိရမည်ဖြစ်ပြီး ကိုယ်ပိုင်အမြင်ရှုထောင့်များ ရှိရမည်ဖြစ်သည်။ စိတ်ဝိညာဉ်ထဲ၌ရှိသော အချို့အရာများကို နားလည်ခြင်းအားဖြင့်၊ သင်သည် အပြင်ပန်းအရာများ၌ ထိုးထွင်းနားလည်မှုကို ရရှိပြီး မည်သည့်ကိစ္စ၌မဆို အဓိကအချက်ကို နားလည်ရမည်။ အကယ်၍ သင်သည် ဤအရာများနှင့် ပြင်ဆင်ထားခြင်း မရှိပါက၊ အသင်းတော်ကို သင် မည်ကဲ့သို့ ဦးဆောင်နိုင်မည်နည်း။ သင်သည် မည်သည့်စစ်မှန်မှုမျှ မရှိဘဲနှင့်၊ ထို့ပြင် လက်တွေ့လုပ်ဆောင်နည်း တစ်နည်းမျှမပါဘဲနှင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကိုသာ ပြောဆိုလျှင်၊ သင်သည် အချိန်ခဏတာသာ ပြည့်စုံလုံလောက်နိုင်မည် ဖြစ်သည်။ ယင်းသည် ယုံကြည်သူအသစ်များကို စကားပြောသောအခါ၌ မဖြစ်စလောက် လက်ခံနိုင်စရာ ဖြစ်သော်လည်း၊ အချိန်ကာလတစ်ခုပြီးနောက် ယုံကြည်သူအသစ်များက တကယ့် အတွေ့အကြုံအချို့ ရှိခဲ့ပြီးသောအခါ၊ သင်သည် သူတို့ကို ကူညီထောက်ပံ့နိုင်တော့မည် မဟုတ်ချေ။ ထိုအခါ သင်သည် ဘုရားသခင်အသုံးပြုရန် အဘယ်သို့ သင့်တော်မည်နည်း။ သင်သည် အသစ်သော ဉာဏ်အလင်းမပါဘဲ အလုပ်မလုပ်နိုင်ပေ။ အသစ်သော ဉာဏ်အလင်း မရှိသောသူများသည် မည်သို့တွေ့ကြုံရမည်ကို မသိသောသူများ ဖြစ်ကြပြီး၊ ထိုကဲ့သို့သော လူတို့သည် အသစ်သော သိကျွမ်းခြင်း သို့မဟုတ် အသစ်သော အတွေ့အကြုံကို မည်သည့်အခါမျှ မရကြပေ။ ထို့ပြင် သူတို့သည် အသက်ကို ထောက်ပံ့ပေးသည့် ကိစ္စတွင် မိမိ၏အလုပ်တာဝန်ကို မည်သည့်အခါမျှ မလုပ်နိုင်ကြသကဲ့သို့၊ ဘုရားသခင်အသုံးပြုရန် မသင့်တော်နိုင်ကြပေ။ ဤသို့သော လူအမျိုးအစားသည် အသုံးမဝင်၊ အပျင်းခိုသူသက်သက် ဖြစ်သည်။ အမှန်အားဖြင့် ထိုကဲ့သို့သော လူတို့သည် အလုပ်ထဲတွင် သူတို့၏အလုပ်တာဝန်ကို လုပ်နိုင်စွမ်းမရှိ၊ သူတို့အားလုံးမှာ အသုံးမဝင်ကြပေ။ သူတို့သည် သူတို့၏ အလုပ်တာဝန်ကိုဆောင်ရွက်ရန် ပျက်ကွက်သည့်အပြင် အမှန်တကယ်တွင် သူတို့သည် အသင်းတော်အပေါ် မလိုအပ်သောဝန်များစွာကို ထားရှိလေသည်။ ဤ “ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ လူဟောင်းများ” ကို အသင်းတော်မှ အမြန်ထွက်ခွာဖို့ ငါတိုက်တွန်းပေသည်၊ သို့မှသာ အခြားသူများက သင့်ကို တွေ့မြင်စရာ မလိုတော့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

အရှေ့သို့- ၉၁။ အသင်းတော် သင်းထောက်တစ်ပါး ဖြစ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၉၃။ ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်းတို့နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်