စာတန်၏ စွမ်းအားကို ချိုးဖျက်လွတ်မြောက်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံဖို့၊ မိမိ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့်သက်ဆိုင်သည့် အမှန်တရားနှင့် အနှစ်သာရတို့၏ အသိပညာကို ရရှိဖို့နှင့် စာတန်ကို လှိုက်လှိုက်လှဲလှဲ မုန်းတီးကာ စွန့်လွှတ်ဖို့ လိုအပ်သည်။

(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ဖို့၊ ကိစ္စရပ်များအားလုံးတွင် သမ္မာတရားကို ရှာဖွေဖို့၊ မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်သက်ဆိုင်သည့် ဖော်ပြချက်များအပေါ် သုံးသပ်ဆင်ခြင်ဖို့နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိလာပြီး ဘုရားသခင်ကို ကျိုးနွံနာခံလာနိုင်စွမ်းရှိဖို့ လိုအပ်သည်။

(၃) အဆင်းနီသော နဂါးကြီး၊ အန္တိခရစ်များ၊ အယောင်ဆောင်သော ခေါင်းဆောင်များ၊ နတ်ဆိုးများနှင့် ဆိုးယုတ်သော လူတို့ကို သိမြင်ဖို့ သမ္မာတရားဖြင့် ပြင်တင်ထားရန်နှင့် စာတန်၏ လှည့်ဖြားမှု မခံရသည်ကို သေချာစေဖို့ လိုအပ်သည်။

(၄) သမ္မာတရားအားလုံးကို လက်ခံဖို့နှင့် ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်းအားဖြင့် အသက်တာနှင့် တန်ဖိုးများအပေါ် အသစ်သော အမြင်ဖြစ်ပေါ်ဖို့၊ ထိုသို့ဖြင့် ဘုရားသခင်ကို ချစ်ပြီး သူ့ကို ကျိုးနွံနာခံသည့် လူတစ်ဦး ဖြစ်လာဖို့ရန် လိုအပ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

(ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ လက်ရွေးစင် အခန်း)

အမှောင်၏လွှမ်းမိုးမှုဆိုသည်မှာ အဘယ်နည်း။ “အမှောင်၏လွှမ်းမိုးမှု” ဟု ခေါ်ဆိုသည့် ဤအရာမှာ စာတန်၏ လှည့်ဖြားခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း၊ ချည်နှောင်ခြင်းနှင့် လူတို့ကို ထိန်းချုပ်ခြင်းတို့၏ လွှမ်းမိုးမှုဖြစ်သည်။ စာတန်၏စွမ်းအားမှာ သေခြင်းတရား၏ ရောင်ဝါလက္ခဏာရှိသော လွှမ်းမိုးမှုတစ်ခု ဖြစ်သည်။ စာတန်၏အုပ်စိုးမှုအောက်၌ အသက်ရှင်ကြသူအားလုံးသည် ပျက်စီးကိန်း ကြုံရပေသည်။

ဘုရားသခင်၌ ယုံကြည်ခြင်းရရှိပြီးနောက် သင်သည် အမှောင်၏ လွှမ်းမိုးမှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ သင်သည် ဘုရားသခင်ထံ စစ်မှန်ရိုးသားစွာ ဆုတောင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သင်၏စိတ်နှလုံးကို သူ့ထံ လုံးဝ လှည့်လေသည်၊ ထိုအချိန်တွင် သင့်စိတ်နှလုံးသည် ဘုရားသခင်၏ဝိညာဉ်တော်၏ တို့ထိခြင်း ခံရပေသည်။ သင်သည် မိမိကိုယ်ကိုယ် သူ့ထံ လုံးဝပေးအပ်ဖို့ တိုး၍ လိုလားလျက်ရှိပြီး၊ ဤအခိုက်အတန့်တွင် အမှောင်၏လွှမ်းမိုးမှုမှ သင် လွတ်မြောက်ပြီး ဖြစ်လိမ့်မည်။ လူသား လုပ်သမျှတိုင်းသည် ဘုရားသခင် နှစ်သက်သောအရာ ဖြစ်ပြီး သူ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက၊ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းနှင့် သူ၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုအောက် အသက်ရှင်သူတစ်ဦး ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူရင်းနှင့် သူ၏ တည်ရှိခြင်းကို မယုံကြည်ဘဲလျက် သူ့ကို အရူးလုပ်ဖို့ အမြဲကြိုးပမ်းနေကြပါက- ဤသူအားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့်လူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိသေးသော လူသားများသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြ၏။ ဆိုလိုသည်မှာ၊ ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင် ကြပေသည်။ ဘုရားသခင်ကို မယုံကြည်သော သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေကြ၏။ ဘုရားသခင်ကို ယုံကြည်သူများသည် သူ၏ နှုတ်ကပတ်တော်များအတွင်း အမှန်တကယ် အသက်ရှင်ကောင်း ရှင်ကြမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို နာခံကောင်း နာခံကြမည်မဟုတ်သည့်အတွက်၊ ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သောသူများပင်လျှင် ဘုရားသခင်၏ အလင်းထဲတွင် သေချာပေါက် အသက်ရှင်ကောင်း ရှင်နေကြလိမ့်မည် မဟုတ်ပေ။ လူသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင်သာ ကန့်သတ် ခံထားရပြီး၊ ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ မရှိသောကြောင့်၊ ဘုရားသခင်၏ သန့်ရှင်းစေခြင်းကို အပြည့်အဝ မခံရသေးသည်သာမက သူ၏ လုံးလုံးလျားလျား ရယူခြင်းကို မခံရသေးဘဲ သူသည် စည်းမျဉ်းဟောင်းများအတွင်း၊ အသက်မဲ့သော စကားလုံးများ အလယ်တွင် မှောင်မိုက်ပြီး ရေရာမှုမရှိသော အသက်တာတစ်ခုဖြင့် အသက်ရှင်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မယုံကြည်သူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင် ကြသည်မှာ ပြောစရာပင်မလိုသည့် အချိန်တွင်၊ ဘုရားသခင်ကို ယုံကြည်သူများပင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့ကြသည့်အတွက် ထိုအမှောင်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေနိုင်သေး၏။ ဘုရားသခင်၏ ကျေးဇူးတော် သို့မဟုတ် သနားကရုဏာကို မရရှိကြသေးသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မမြင်နိုင်ကြသူအားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြပေသည်။ ပြီးလျှင် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရုံခံစားကြသော်လည်း၊ သူ့ကို မသိကြသူများသည် အချိန်အများစုတွင် ထိုနည်း၎င်း ဖြစ်ကြပေသည်။ လူသားတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ အမှောင်၏ လွှမ်းမိုးမှုအောက်တွင် မိမိအသက်တာ အများစု ကုန်ဆုံးပါက၊ ဤသူ၏ တည်ရှိခြင်းသည် အဓိပ္ပာယ်ဆုံးရှုံးခဲ့လေပြီ- ပြီးလျှင် ဘုရားသခင် တည်ရှိသည်ကို မယုံကြည်သူတို့ကိုကား အဘယ်ပြောဖို့ လိုအပ်သနည်း။

ဘုရားသခင်၏ အမှုကို လက်မခံနိုင်သောသူများ သို့မဟုတ် ဘုရားသခင်၏အမှုကို လက်ခံသော်လည်း၊ သူ၏တောင်းဆိုချက်များကို မဖြည့်ဆည်းနိုင်သူများ အားလုံးသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြသည့် လူများ ဖြစ်သည်။ သမ္မာတရားကို လိုက်စားသူတို့နှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းခြင်းငှာ တတ်စွမ်းနိုင်သောသူတို့သာ သူ့ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သာလျှင် အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်ကြလိမ့်မည်။ လွတ်မြောက်ခြင်း မခံရသေးသူများ၊ အချို့သောအရာများ၏ ထိန်းချုပ်ခြင်းကို အမြဲခံရသောသူများနှင့် ဘုရားသခင်အား မိမိတို့၏ စိတ်နှလုံးများကို မပေးအပ်နိုင်သူတို့သည် သေခြင်းတရား ရောင်ဝါလက္ခဏာအောက်တွင် အသက်ရှင်ကြသည့် စာတန်၏ကျေးကျွန်ဘဝအောက်တွင် ရှိကြသည့်လူများ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ တာဝန်များအပေါ် သစ္စာမရှိသူများ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သစ္စာမရှိသူများနှင့် အသင်းတော်တွင် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ပျက်ကွက်ကြသူများသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြသည့် လူများ ဖြစ်သည်။ အသင်းတော် အသက်တာကို တမင်သက်သက် နှောင့်ယှက်သူများ၊ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများအကြားတွင် သဘောထားကွဲလွဲခြင်းကို တမင်တကာ သွေးထိုးပေးသူများ သို့မဟုတ် အုပ်စုများ ဖွဲ့သောသူတို့သည် အမှောင်၏လွှမ်းမိုးမှုအောက်၊ စာတန်၏ ကျေးကျွန်ဘဝတွင် သာ၍ နက်ရှိုင်းစွာ အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ ဘုရားသခင်နှင့် ပုံမှန်မဟုတ်သော ဆက်ဆံရေးရှိသူများ၊ လွန်ကဲသော အလိုဆန္ဒများ အစဉ်အမြဲရှိသူများ၊ အကျိုးအမြတ်တစ်ခု အစဉ်အမြဲ ရရှိလိုသူများနှင့် ၎င်းတို့၏ စိတ်သဘောထားများတွင် မည်သည့်အခါမျှ ပြောင်းလဲမှု မရှာဖွေသောသူများသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့်‌ လူများ ဖြစ်သည်။ အစဉ်အမြဲ ပေါ့ပေါ့တန်တန်နေသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် လုံးဝ မလေးနက်သူများ၊ ပြီးလျှင် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မကြိုးစားဘဲ ယင်းအစား မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိကိုသာ ဖြည့်ဆည်းဖို့ ကြိုးစားနေသူများသည်လည်း သေခြင်းအားဖြင့် ကာဆီးထားခြင်း ခံရလျက် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်နေချိန်တွင် မရိုးဖြောင့်မှုနှင့် လှည့်ဖြားမှုတို့တွင် ပါဝင်ပတ်သက်သူများ၊ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ဘုရားသခင်ကို ဆက်ဆံသောသူများ၊ ဘုရားသခင်ကို လိမ်လည်သူများ နှင့် မိမိတို့ကိုယ်ကိုယ်အတွက် အမြဲ အစီအစဉ်များ ပြုလုပ်သူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ မချစ်နိုင်သူများ၊ သမ္မာတရားကို မလိုက်စားသူများနှင့် ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း အပေါ် အာရုံမစိုက်သူများအားလုံးသည် အမှောင်၏ လွှမ်းမိုးမှု အောက်တွင် အသက်ရှင်ကြသည့်လူများ ဖြစ်သည်။

သင်သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလိုပါက၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟရင်းနှင့် သူ့ထံ လုံးဝ လှည့်ရင်း၊ စာတန်၏ အမှောင်လွှမ်းမိုးမှုမှ လွတ်မြောက်ရမည်။ ယခု သင် လုပ်ဆောင်နေသော အရာများကို ဘုရားသခင် ချီးမွမ်းမည်လော။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ လှည့်ပြီးပြီလော။ သင် လုပ်ဆောင်ပြီးခဲ့သော အရာများသည် သင့်ကို ဘုရားသခင် တောင်းဆိုသော အရာများဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီကြသလော။ အချိန်တိုင်း သင့်ကိုယ်သင် ဆန်းစစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်လော့။ သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ချခင်းထားလော့၊ သူ့ကို ရိုးသားစစ်မှန်မှုဖြင့် ချစ်လော့၊ ပြီးလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် သစ္စာရှိစွာ အသုံးခံလော့။ ဤအရာကို လုပ်ဆောင်သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ဧကန်မုချ ရရှိကြလိမ့်မည်။

ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူ အားလုံးတို့သည် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်းငှာ နည်းလမ်းမရှိပေ။ မိမိတို့၏ ဘဝကို ရိုးသားစွာ အသက်ရှင်ခြင်းမရှိသူများ၊ အခြားသူများရှေ့တွင် တစ်မျိုးပြုမူ သော်လည်း၊ ၎င်းတို့၏ နောက်ကွယ်တွင် တစ်မျိုးတစ်ဖုံ ပြုမူသောသူများ၊ ၎င်းတို့၏ အနှစ်သာရသည် ယုတ်မာကာ၊ ကောက်ကျစ်ပြီး ဘုရားသခင်ကို သစ္စာမရှိသော်လည်း၊ နှိမ့်ချခြင်း၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာနှင့်ဆိုင်သည့် ပုံပန်းပေးသောသူများအားလုံး- ထိုသို့သော လူများသည် အမှောင်၏လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသူများ၏ ကိုယ်စားပြုသူများစစ်စစ် ဖြစ်ကြသည်။ ၎င်းတို့သည် မြွေကဲ့သို့သော လူမျိုးများ ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ် အတွက်သာ ဘုရားသခင်ကို ယုံကြည်ဖူးသူများ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူပြီး မောက်မာသောသူများ၊ ကြွားဝါသူများနှင့် မိမိတို့ကိုယ်တိုင်၏ အဆင့်အတန်းကို ကာကွယ်သူများသည် စာတန်ကို ချစ်ပြီး သမ္မာတရားကို ဆန့်ကျင်သော လူများ ဖြစ်သည်။ ဤလူများသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်နှင့် လုံးဝ သက်ဆိုင်ကြလေသည်။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အာရုံမစိုက်သောသူများ၊ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အစေမခံသူများ၊ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ၎င်းတို့မိသားစု၏ အကျိုးစီးပွားများနှင့်သာ အမြဲပူပန်သောသူများ၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် အရာခပ်သိမ်းကို မစွန့်လွှတ်နိုင်သူများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သည့်အခါမျှ အသက်မရှင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင်ရှိသည့်လူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို မရရှိနိုင်ကြပေ။

လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ ကိုယ်တော်၏ အလျှံပယ်ရှိခြင်းကို မွေ့လျော်နိုင်ကြဖို့နှင့် သူ့ကို ရိုးသားစစ်မှန်စွာ ချစ်နိုင်ကြဖို့ အလို့ငှာ ဖြစ်သည်။ ဤနည်းဖြင့်၊ လူတို့သည် သူ၏အလင်းတွင် အသက်ရှင်ကြပေမည်။ ယနေ့တွင်၊ ဘုရားသခင်ကို မချစ်နိုင်ကြသူများ၊ သူ၏ဝန်ထုပ်များကို အာရုံမစိုက်သူများ၊ မိမိတို့၏ စိတ်နှလုံးများကို သူ့အား အပြည့်အဝ မပေးနိုင်ကြသူများ၊ ဘုရားသခင်၏ စိတ်နှလုံးကို မိမိတို့၏ ကိုယ်ပိုင်ကဲ့သို့ လက်မခံနိုင်သူများနှင့် သူ၏ ဝန်ထုပ်များကို မိမိတို့၏ ကိုယ်ပိုင်ဝန်ထုပ်များအဖြစ် မသယ်ပိုး နိုင်သူများ- ဘုရားသခင်၏ အလင်းသည် ထိုသို့သော လူတစ်ဦး တစ်လေမျှအပေါ် အလင်းမပေးပေ၊ ထို့ကြောင့် ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေကြပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုကို လုံးလုံးဆန့်ကျင်သော လမ်းကြောင်းပေါ်တွင် ရှိကြပြီး၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို သမ္မာတရား အနည်းငယ်မျှမရှိပေ။ ၎င်းတို့သည် စာတန်နှင့်အတူ ဒုစရိုက်နွံထဲတွင် မွေ့လျော်နေထိုင်နေကြ၏။ ၎င်းတို့သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့် လူများ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်နိုင်ပြီး၊ သူ၏အလိုကို အာရုံစိုက်နိုင်ကာ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်သည့် လူတစ်ဦး ဖြစ်ပေသည်။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်ပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ဖို့ လိုလားလျက်ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် သင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ဆောင်ရွက်ရန် အခွင့်အရေး ရှိလိမ့်မည်။ သင်သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ထိုသို့သော အခွင့်အရေး သင် ပေးလိမ့်မည်မဟုတ်။ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်၊ ၎င်းတို့အပေါ် သူ ထွန်းလင်းစေသည့် အလင်းနှင့် ၎င်းတို့ကို သူ ပေးသည့် စိတ်ချယုံကြည်မှုသည် အခိုက်အတန့်တစ်ခုသာ တာရှည်ခံလေသည်။ လူတို့သည် ဂရုမထားသကဲ့သို့ အာရုံမစိုက်ကြပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ကို ဖြတ်ကျော်သွားလိမ့်မည်။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း လူတို့ အသက်မရှင်ပါက၊ စာတန်၏ ချည်နှောင်မှုများ၌ ၎င်းတို့ အသက်ရှင်ကြပေသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပါက၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် သို့မဟုတ် လုပ်ဆောင်ချက် မရှိကြပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင် တောင်းဆိုသော အခြေအနေ၌ အသက်ရှင်ပါက၊ သင်သည် သူနှင့် သက်ဆိုင်သောသူတစ်ဦး ဖြစ်ပြီး သူ၏ အမှုကို သင့်အပေါ် ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၏ နယ်နမိတ်များအတွင်း အသက်ရှင်မနေဘဲ၊ ယင်းအစား စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေပါက၊ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းအတွင်းတွင် အသေအချာ အသက်ရှင်နေပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ခြင်းနှင့် ဘုရားသခင်ကို သင်၏စိတ်နှလုံးအား ပေးခြင်းအားဖြင့်သာ သူ၏သတ်မှတ်ချက်များကို သင် ဖြည့်ဆည်း နိုင်ပေသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်၏ဖြစ်တည်မှုနှင့် သင့်အသက်တာ၏ လက်တွေ့အရှိတရား ဖြစ်စေရင်း၊ ဘုရားသခင် ပြောသည့်အတိုင်း သင် လုပ်ဆောင်ရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အလိုနှင့်အညီ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက၊ သူသည် သင့်အပေါ် အမှုကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ထို့နောက် သင်သည် ဘုရားသခင်၏မျက်နှာ၏ အလင်း၌ သူ၏ ကောင်းချီးမင်္ဂလာများ အောက်တွင် အသက်ရှင်လိမ့်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်ကို သင် သဘောပေါက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်နှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ခံစား ရလိမ့်မည်။

အမှောင်၏လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရန်၊ ပထမဦးစွာ ဘုရားသခင်ကို သင်သစ္စာစောင့်သိရမည် ဖြစ်ပြီး သမ္မာတရားကို လိုက်စားရန် ပင်ကိုအားဖြင့် စိတ်အားထက်သန်ရမည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် မှန်ကန်သော အခြေအနေတစ်ခု ရှိနိုင်လိမ့်မည်။ မှန်ကန်သော အခြေအနေတွင် အသက်ရှင်ခြင်းသည် အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းအတွက် မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်ဖြစ်သည်။ မှန်ကန်သော အခြေအနေ မရှိခြင်းသည် ဘုရားသခင်အား သစ္စာစောင့်သိမှု မရှိခြင်းနှင့် သမ္မာတရားကို ရှာဖွေဖို့ ပင်ကိုအားဖြင့် စိတ်အားမထက်သန်ခြင်း ဖြစ်သည်။ ပြီးလျှင် အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းမှာ စဉ်းစားစရာမလိုပေ။ ငါ၏ နှုတ်ကပတ်တော်များသည် အမှောင်၏လွှမ်းမိုးမှုအောက်မှ လူသား၏ လွတ်မြောက်ခြင်းနှင့်ဆိုင်သည့် အခြေခံအကြောင်းရင်းဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့မလုပ်ဆောင်နိုင်သော လူများသည် အမှောင်၏လွှမ်းမိုးမှု အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်။ မှန်ကန်သော အခြေအနေ တစ်ခုတွင် အသက်ရှင်ရန်ဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် အသက်ရှင်ရန်၊ ဘုရားသခင်ကို သစ္စာစောင့်သိသော အခြေအနေတွင် အသက်ရှင်ရန်၊ သမ္မာတရားကို ရှာဖွေခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ရန်၊ ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ မိမိကိုယ်ကိုယ် အသုံးခံခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားထဲတွင် အသက်ရှင်ရန်နှင့် ဘုရားသခင်ကို စစ်မှန်စွာချစ်ခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ရန် ဖြစ်သည်။ ဤအခြေအနေများနှင့် ဤလက်တွေ့အရှိတရားအတွင်းတွင် အသက်ရှင်သောသူများသည် သမ္မာတရား၏ နက်ရှိုင်းမှုထဲသို့ ၎င်းတို့ ဝင်ရောက်သည်နှင့်အမျှ တဖြည်းဖြည်း ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး၊ အမှု နက်ရှိုင်းသထက် နက်ရှိုင်းသွားသည်နှင့်အမျှ ၎င်းတို့ ပြောင်းလဲကြလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင်၊ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းခံရသည့် လူများနှင့် ဘုရားသခင်ကို စစ်မှန်စွာ ချစ်သော လူများ သေချာပေါက် ဖြစ်လာကြလိမ့်မည်။ အမှောင်၏ လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးသူများသည် ဘုရားသခင်၏အလိုကို တဖြည်းဖြည်း သေချာအောင် လေ့လာစိစစ်နိုင်ကြပြီး၊ ယင်းကို တဖြည်းဖြည်း နားလည်လာကြလိမ့်မည် ဖြစ်ကာ၊ နောက်ဆုံးတွင် ဘုရားသခင်၏ လူယုံများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ သိုမထားကြသကဲ့သို့၊ သူ့ကို ပုန်ကန်ခြင်း မပြုရုံသာမက၊ ယခင်က ၎င်းတို့ စိတ်စွဲခဲ့ကြသည့် အယူအဆများနှင့် ပုန်ကန်မှုတို့ကိုလည်း သာ၍ပင် မုန်းတီးကြကာ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လေသည်။ အမှောင်၏လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်ကြသည့် လူများသည် ဇာတိပကတိ အားလုံးကို လုံးဝ နေရာယူထားပြီး ပုန်ကန်မှုဖြင့် ပြည့်ကြလေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် လူသားအယူအဆများနှင့် အသက်ရှင်ခြင်းအတွက် အတွေးအခေါ်များအပြင်၊ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များနှင့် စဉ်းစားဆင်ခြင်ခြင်းများဖြင့် ပြည့်နေကြပေသည်။ ဘုရားသခင် တောင်းဆိုသည့်အရာမှာ လူသားထံမှ တစ်ခုတည်းသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သူ တောင်းဆိုသည့်အရာမှာ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များနှင့် သူ့အတွက် ချစ်ခြင်းမေတ္တာ ပြည့်သော နှလုံးသားတစ်ခုတို့ကို နေရာပေးစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ဖို့၊ ၎င်းတို့ ရှာဖွေသင့်သည့် အရာကို သူ၏နှုတ်ကပတ်တော်များအတွင်းတွင် ရှာဖွေဖို့၊ သူ၏နှုတ်ကပတ်တော်များအတွက် ဘုရားသခင်ကို ချစ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များအတွက် ပြေးဖို့၊ သူ၏ နှုတ်ကပတ်တော်များ အတွက် အသက်ရှင်ဖို့- ဤအရာများသည် လူက စွမ်းဆောင်ရရှိဖို့ ကြိုးပမ်းသင့်သည့် ရည်မှန်းချက်များ ဖြစ်သည်။ အရာရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် တည်ဆောက်ရမည်။ ထိုအခါမှသာ လူသားသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြင်ဆင်မထားပါက၊ သူသည် စာတန် ပိုင်ဆိုင်သော လောက်ကောင် တစ်ကောင်သာ ဖြစ်ပေသည်။ ဤအရာကို ချိန်ဆလော့- သင်၏အတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှ အမြစ်တွယ်ပြီးဖြစ်သနည်း။ သင်သည် မည်သည့်အရာများတွင် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်လျက်ရှိနေသနည်း။ မည်သည့်အရာများတွင် ထိုနှုတ်ကပတ်တော်များနှင့်အညီ အသက်မရှင်ဘဲ နေနေခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ကို လုံးဝ ထိန်းချုပ်မထားပါက၊ သင်၏ စိတ်နှလုံးကို မည်သည့်အရာက အတိအကျ နေရာယူထားသနည်း။ သင်၏ နေ့စဉ်အသက်တာတွင် သင်သည် စာတန်၏ ထိန်းချုပ်ခြင်း ခံရလျက်ရှိသလော၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်ကို နေရာယူလျက် ရှိသလော။ သူ၏ နှုတ်ကပတ်တော်များသည် သင်၏ဆုတောင်းခြင်းများ အခြေပြုသည့် အခြေခံအုတ်မြစ် ဖြစ်သလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်း မှတစ်ဆင့် သင်၏ အပျက်သဘောဆောင်သော အခြေအနေမှ ထွက်လာပြီးပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ တည်ရှိခြင်း၏ အခြေခံအုတ်မြစ်အဖြစ် မှတ်ယူရန်- ဤသည်မှာ လူတိုင်း ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ သင်၏ အသက်တာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေသည်၊ ဘုရားသခင်ကို သင် ပုန်ကန်နေသည်၊ သူ့ကို သင် ခုခံနေပြီး၊ သူ၏နာမကို သင် ဂုဏ်သရေ ညှိုးစေလျက် ရှိပေသည်။ ဘုရားသခင်၌ ထိုသို့သောလူများ၏ ယုံကြည်မှုသည် ဒုက္ခပေးခြင်းနှင့် နှောင့်ယှက်ခြင်း သက်သက်ဖြစ်သည်။ သင်၏အသက်တာ မည်မျှကို သူ၏နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ပြီးပြီနည်း။ သင်၏ အသက်တာ မည်မျှကို သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်မရှင်ဘဲ နေပြီးဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်က သင့်ကို တောင်းဆိုသည့်အရာထဲမှ မည်မျှသည် သင်၏အထဲတွင် ပြည့်စုံပြီးဖြစ်သနည်း။ မည်မျှသည် သင်၏အထဲတွင် ဆုံးရှုံးပြီးဖြစ်သနည်း။ ထိုသို့သော အရာများကို သင် သေချာစွာ ကြည့်ရှုစစ်ဆေးပြီးပြီလော။

အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် လူသား၏ ဆက်ကပ်ထားသော ပူးပေါင်းဆောင်ရွက်မှု နှစ်ခုလုံး လိုအပ်ပေသည်။ လူသားသည် မှန်ကန်သော လမ်းကြောင်းတွင် မရှိဟု အဘယ်ကြောင့် ငါပြောသနည်း။ မှန်ကန်သော လမ်းကြောင်းပေါ် ရှိသည့်လူများသည် ပထမဦးစွာ ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပေးနိုင်ကြလေသည်။ လူသားမျိုးနွယ်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အမြဲ အသက်ရှင်ခဲ့ကြပြီးဖြစ်ကာ စာတန်၏ကျေးကျွန်ဘဝအောက်တွင် နှစ်ပေါင်းထောင်ချီ ရှိခဲ့ကြပြီးဖြစ်သည့်အတွက်၊ ဤသည်မှာ ဝင်ရောက်ဖို့ အလွန်ရှည်ကြာသည့် အချိန်ယူရသော လုပ်ငန်းတာဝန်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ၊ ဤဝင်ရောက်မှုကို တစ်ရက် သို့မဟုတ် နှစ်ရက်မျှဖြင့် မရရှိနိုင်ပေ။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ အခြေအနေကို သဘောပေါက်နိုင်ကြဖို့အလို့ငှာ၊ ဤကိစ္စရပ်ကို ယနေ့ ငါ ဖော်ထုတ်ပြောရပေသည်။ အမှောင်၏လွှမ်းမိုးမှုသည် မည်သည့် အရာဖြစ်သည် ဆိုသည်နှင့် အလင်းတွင် အသက်ရှင်ရန်မှာ မည်သည့်အရာကို ဆိုလိုသည်တို့ကို လူသားက သိမြင်နိုင်သည်နှင့် တစ်ပြိုင်နက်၊ ဝင်ရောက်မှုသည် များစွာ သာ၍ လွယ်ကူလာပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင့်အနေဖြင့် စာတန်၏ လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်မီ ထိုလွှမ်းမိုးမှုက မည်သည့်အရာ ဖြစ်သည်ကို သိရှိရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့နောက်တွင်မှ သင်သည် ယင်းကို စွန့်ပစ်ဖို့ နည်းလမ်းတစ်ခု ရှိလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် လုပ်ဆောင်ရမည့်အရာမှာမူ၊ လူသားများ၏ ကိုယ်ပိုင် အရေးကိစ္စ ဖြစ်သည်။ အရာရာထဲသို့ အပြုသဘောဆောင်သော ရှုထောင့်မှ ဝင်ရောက်လော့၊ ပြီးလျှင် ဘယ်သောအခါမျှ မတုန်မလှုပ် မစောင့်ဆိုင်းနှင့်။ ဤနည်းလမ်းဖြင့်သာ သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရနိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

အစောဆုံးလူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်ထဲတွင်ရှိခဲ့သော်လည်း၊ စာတန်၏ ဖြားယောင်းသွေးဆောင်မှုနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့ကြောင့် လူသားသည် စာတန်၏ချုပ်နှောင်ခြင်း ခံရကာ ဆိုးယုတ်သည့်သူ၏လက်ထဲသို့ ကျရောက်သွားခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတွင် စာတန်သည် အနိုင်ယူရမည့်သူတစ်ဦး ဖြစ်လာခဲ့၏။ စာတန်သည် လူသားကို ပိုင်ဆိုင်ထားသောကြောင့်၊ ပြီးလျှင် လူသားသည် စီမံခန့်ခွဲမှုအားလုံးကို ဆောင်ရွက်ဖို့ ဘုရားသခင် အသုံးပြုသည့် အရင်းအနှီးဖြစ်သောကြောင့်၊ လူသားအနေဖြင့် ကယ်တင်ခံရဖို့ဆိုပါက၊ သူ့ကို စာတန်၏လက်ထဲမှ ပြန်လည်လုယူရမည်ဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ဖမ်းဆီးခြင်း ခံရပြီးနောက် လူသားကို ပြန်လည်ရယူရမည်ဖြစ်၏။ ထို့ကြောင့် လူသား၏ စိတ်သဘောထားဟောင်း၌ ပြောင်းလဲမှုများ၊ လူသား၏ မူလ ဆင်ခြင်တုံတရား အသိစိတ်ကို နဂိုအတိုင်း ပြန်ဖြစ်စေသည့် အပြောင်းအလဲများမှတစ်ဆင့်၊ စာတန်ကို အနိုင်ယူရမည်ဖြစ်သည်။ ဤနည်းဖြင့် ဖမ်းဆီးခံထားရသော လူသားသည် စာတန်၏လက်ထဲမှ ပြန်လည်လုယူခံရနိုင်ပေသည်။ လူသားသည် စာတန်၏လွှမ်းမိုးမှုနှင့် ကျေးကျွန်ဘဝတို့မှ လွတ်မြောက်ပါက၊ စာတန်သည် အရှက်ရလိမ့်မည်၊ လူသားသည် နောက်ဆုံးတွင် ပြန်လည်ရယူခြင်း ခံရမည်ဖြစ်ပြီး၊ စာတန်သည် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် လူသားသည် စာတန်၏ အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီးဖြစ်သောကြောင့်၊ လူသားသည် ဤတိုက်ပွဲ တစ်ရပ်လုံး၏ လက်ရပစ္စည်းများ ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဤတိုက်ပွဲပြီးသည်နှင့်တစ်ပြိုင်နက် အပြစ်ပေးခံရမည့်သူ ဖြစ်ပေလိမ့်မည်၊ ယင်းနောက်တွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှု တစ်ရပ်လုံး ပြီးဆုံးပြီး ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

လူ၏ဇာတိပကတိသည် စာတန်နှင့်သက်ဆိုင်ပြီး၊ ပုန်ကန်လိုသော စိတ်သဘောထားများနှင့် ပြည့်နှက်သည်၊ ယင်းသည် မနှစ်မြို့ဖွယ်ဖြစ်စွာ ညစ်ညမ်းပြီး၊ မသန့်ရှင်းသော အရာတစ်ခုဖြစ်သည်။ လူတို့သည် ဇာတိပကတိ၏ မွေ့လျော်မှုကို အလွန့်အလွန် တပ်မက်ကြပြီး ဇာတိပကတိ၏ သရုပ်သကန်များ အလွန့်အလွန် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်သည် လူသား၏ ဇာတိပကတိကို အတိုင်းအတာတစ်ခုထိ စက်ဆုပ်ရွံရှာသည့် အကြောင်းရင်းဖြစ်သည်။ လူတို့သည် စာတန်၏ ညစ်ညမ်းသော၊ ဖောက်ပြန်ပျက်စီးသော အမှုအရာများကို စွန့်ပစ်သောအခါ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ရရှိကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို မထုတ်ပစ် သေးပါက၊ ၎င်းတို့သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင် နေကြဆဲဖြစ်သည်။ လူတို့၏ သူတစ်ပါးကို ဒုက္ခပေးခြင်း၊ လှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းအားလုံးသည် စာတန်နှင်ဆိုင်သည့် အရာများဖြစ်သည်။ သင့်အား ဘုရားသခင်ကယ်တင်ခြင်းသည် သင့်ကို စာတန်၏ ဤအရာများမှ ကယ်ထုတ်ရန်ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မမှားနိုင်ပေ။ ယင်းသည် လူတို့ကို အမှောင်မှ ကယ်တင်ဖို့ရန်သာ လုပ်ဆောင်ပေသည်။ သင်သည် အတိုင်းအတာတစ်ခုအထိ ယုံကြည်ပြီး ဖြစ်ကာ၊ မိမိကိုယ်ကိုယ် ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းမှ ထုတ်ပစ်နိုင်ပြီး၊ ဤဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်ခြင်း မခံရတော့သောအခါတွင်၊ သင်သည် ကယ်တင်ခံရပြီး ဖြစ်လိမ့်မည် မဟုတ်လော။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်သောအခါ သင်သည် ဘုရားသခင်ကို ထင်ရှားစေခြင်းငှာ မတတ်စွမ်းနိုင်ပေ၊ သင်သည် ညစ်ညမ်းသော အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အမွေဥစ္စာကို မရရှိနိုင်ပေ။ သင်သည် သန့်စင်ခံရပြီး စုံလင်စေခြင်း ခံရသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သန့်ရှင်းလိမ့်မည်၊ ပုံမှန်လူတစ်ဦး ဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရမည်ဖြစ်ကာ ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၂)” မှ

လူသားသည် ဇာတိပကတိအလယ်တွင် အသက်ရှင်သည်၊ ယင်းမှာ သူသည် လူ့ငရဲတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ၊ လူသားသည် စာတန်လောက် ညစ်ညူးပေသည်။ လူသားသည် မည်သို့သန့်ရှင်းနိုင်မည်နည်း။ ပေတရုက ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ လူသား၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကျေးဇူးတော် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့်သာ၊ လူသားသည် နိုးထနိုင်ပြီး ဇာတိပကတိကို မုန်းနိုင်မည်၊ စာတန်ကို မုန်းနိုင်မည်။ ဘုရားသခင်၏ တင်းကျပ်သော ဆုံးမပဲ့ပြင်ခြင်းသည် စာတန်၏ စွမ်းအားမှ လူသားကို လွတ်မြောက်စေသည်၊ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲမှ သူ့ကို လွတ်မြောက်စေပြီး၊ ဘုရားသခင်၏ မျက်မှောက် အလင်းတွင် သူ့ကို အသက်ရှင်ခွင့်ပေးသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထက် သာလွန်ကောင်းမွန်သော ကယ်တင်ခြင်း မရှိပေ။ ပေတရုက၊ “အို ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမကာ တရားစီရင်သရွေ့၊ ကိုယ်တော်သည် ကျွန်ုပ်ကို ပစ်ခွာမသွားသေးသည်ကို ကျွန်ုပ်သိပါလိမ့်မည်။ ကိုယ်တော်သည် ကျွန်ုပ်အား ဝမ်းမြောက်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်းကို မပေးသကဲ့သို့၊ ဒုက္ခဆင်းရဲထဲတွင် ကျွန်ုပ်ကို အသက်ရှင်စေကာ ကျွန်ုပ်အပေါ် မရေမတွက်နိုင်သည့် ဆုံးမခြင်းများ ပေးလျှင်ပင်၊ ကျွန်ုပ်အား ကိုယ်တော် မစွန့်ခွာသမျှကာလပတ်လုံး၊ ကျွန်ုပ်၏ စိတ်နှလုံး ငြိမ်းအေးနေပါလိမ့်မည်။ ယနေ့တွင်၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်၏ အကောင်းဆုံးသော ကွယ်ကာမှုနှင့် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်လာပေပြီ။ ကျွန်ုပ်အား ကိုယ်တော်ပေးသော ကျေးဇူးတော်သည် ကျွန်ုပ်ကို ကာကွယ်ပါသည်။ ယနေ့ ကျွန်ုပ်အပေါ် ကိုယ်တော် အပ်နှင်းသော ကျေးဇူးတော်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းသည် စမ်းသပ်မှုတစ်ခုဖြစ်ပြီး၊ ထိုထက်ပို၍ ဒုက္ခဆင်းရဲခံရသော အသက်တာတစ်ခု ဖြစ်ပါသည်” ဟူ၍ ဆုတောင်းခဲ့သည်။ ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှ ကျေးဇူးတော်များစွာကို ရရှိခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ဇာတိပကတိ၏ သာယာမှုများကို ဘေးဖယ်ထားနိုင်ခဲ့ပြီး ပိုမိုနက်ရှိုင်းသော မေတ္တာနှင့် ပိုမိုကြီးမားသော ကွယ်ကာမှုကို ရှာဖွေနိုင်ခဲ့သည်။ သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ သတ္တဝါ တစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။ လူသားသည် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး ဇာတိပကတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းမခံရသကဲ့သို့၊ ဘုရားသခင်၏ ကွယ်ကာမှုကို မရရှိပါက၊ လူသားသည် ယခင်ထက် ပို၍ အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် သူ ဆန္ဒရှိပါက၊ သူသည် သန့်ရှင်းစေခြင်းခံရမည်ဖြစ်ပြီး ကယ်တင်ခြင်းကို ခံရမည်။ ပေတရုက၊ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာ ဆက်ဆံသည့်အခါ၊ ကျွန်ုပ် ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမသည့်အခါ၊ ကျွန်ုပ်သည် ပို၍ပင် ကြီးမားသော နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပါသည်။ ကျွန်ုပ်သည် အားနည်းပြီး ဖော်မပြနိုင်လောက်အောင်များသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ မနာခံမှုကြောင့်ဖြစ်ကာ၊ ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စိတ်ဆန္ဒများကို ကျွန်ုပ် မဖြည့်ဆည်းနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ သတ်မှတ်ချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့်၊ ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏၊ သို့သော် ဤနယ်ပယ်ကို ကျွန်ုပ် ကြိုးပမ်းရရှိရန် လိုလားနေပါသည်၊ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှ အားလုံးကို လုပ်ဆောင်ရန် ကျွန်ုပ် လိုလားနေပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်အား ကွယ်ကာမှုကို ဆောင်ကြဉ်းပေးပြီးဖြစ်သကဲ့သို့၊ အကောင်းဆုံးသော ကယ်တင်ခြင်းကို ကျွန်ုပ်အား ပေးလေပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မှေးမှိန်သွားစေသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊ ကိုယ်တော်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့တွင်၊ ကိုယ်တော်၏ ချစ်ခြင်းသည် ကောင်းကင်တို့ကို ကျော်လွန်ပြီး အခြားအရာအားလုံးအထက်တွင် သာလွန်ထူးကဲ သည်ကို ကျွန်ုပ် သာ၍ပင် မြင်ရပါသည်။ ကိုယ်တော်၏ ချစ်ခြင်းသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်သာ မဟုတ်ပါ။ ထို့ထက်ပို၍ပင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အလွန်များစွာ ပေးပြီးဖြစ်သည်။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲနှင့်၊ လူတစ်ဦးတစ်ယောက်မျှ သန့်စင်ခံရမည် မဟုတ်သကဲ့သို့၊ လူတစ်ဦးတစ်ယောက်မျှ ဖန်ဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံရပြီးဖြစ်ကာ သေလုနီးနီးပင်ဖြစ်ပြီးသော်လည်း၊ ယင်းတို့က ကျွန်ုပ်အား ကိုယ်တော်ကို အမှန်တကယ် သိရှိဖို့နှင့် အထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိရန် ကျွန်ုပ်အား အခွင့်ပေးလေပြီ။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားခဲ့မည်ဆိုလျှင်၊ ကျွန်ုပ်သည် အမှောင်တွင် စာတန်၏ အုပ်စိုးမှုအောက်၌ အသက်ရှင်ရပါမည်။ လူသား၏ ဇာတိပကတိသည် မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ အကယ်၍ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို စွန့်ခွာခဲ့မည်ဆိုပါက၊ ယင်းမှာ ကိုယ်တော်၏ ဝိညာဉ်တော်က ကျွန်ုပ်အား စွန့်ခွာခဲ့ပြီး ဖြစ်သည့်အလား၊ ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ မရှိတော့သည့်အလား ဖြစ်ပါမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ကိုယ်တော်သည် ကျွန်ုပ်အား နာမကျန်းမှုကို ပေးပြီး၊ ကျွန်ုပ်၏ လွတ်လပ်မှုကို ယူဆောင်ပါက၊ ကျွန်ုပ်သည် ဆက်လက် ရှင်သန်နိုင်သော်လည်း၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို အစဉ်စွန့်ခွာပါက၊ ကျွန်ုပ် ဆက်လက် အသက်ရှင်နိုင်မည်မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိခဲ့ပါက၊ ကျွန်ုပ်အတွက် စကားလုံးတို့ဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် အလွန်နက်ရှိုင်းလွန်းသော မေတ္တာဖြစ်သည့် ကိုယ်တော်၏ မေတ္တာကို ကျွန်ုပ် ဆုံးရှုံးရပြီး ဖြစ်ပါမည်။ ကိုယ်တော်၏ မေတ္တာမရှိဘဲနှင့်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ် အသက်ရှင်မည် ဖြစ်ပြီး၊ ကိုယ်တော်၏ ဘုန်းအသရေရှိသော မျက်နှာတော်ကို မြင်တွေ့နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ထိုသို့သော အမှောင်၊ ထိုသို့သော ဘဝကို ကျွန်ုပ်မည်သို့ ကြံ့ကြံ့ခံနိုင်မည်နည်း။ ကိုယ်တော် ကျွန်ုပ်နှင့်အတူ ရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော့်ကို ကျွန်ုပ် မည်သို့ စွန့်ခွာနိုင်မည်နည်း။ စိတ်ချစေရန် အားပေးစကား အနည်းငယ်သာ ဖြစ်လျှင်ပင်၊ ကျွန်ုပ်၏ အကြီးမားဆုံးသော နှစ်သိမ့်မှုကို ကျွန်ုပ်ထံမှ ယူဆောင်မသွားရန် ကိုယ်တော့်ကို ကျွန်ုပ် အနူးအညွတ် ပန်ကြားပါ၏၊ ကိုယ်တော့်ကို ကျွန်ုပ် တောင်းခံပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီးဖြစ်ကာ၊ ယနေ့တွင် ကိုယ်တော့်ထံပါးမှ ကျွန်ုပ် ဝေးကွာ၍ မရနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့်၊ ကျွန်ုပ်သည် ဝမ်းနည်းမျက်ရည်များစွာ ကျရပြီးဖြစ်သော်လည်း၊ ဤသို့သော အသက်တာသည် ပို၍ အဓိပ္ပာယ်ရှိသည်၊ ကျွန်ုပ်ကို သာ၍ ကြွယ်ဝစေနိုင်သည်၊ ကျွန်ုပ်ကို သာ၍ ပြောင်းလဲစေနိုင်ပြီး၊ သတ္တဝါများက ပိုင်ဆိုင်သင့်သည့် သမ္မာတရားကို ကြိုးပမ်းရရှိဖို့ ကျွန်ုပ်ကို သာ၍ အခွင့်ပေးနိုင်သည်ဟု ကျွန်ုပ်အမြဲခံစားရပါ၏” ဟူ၍ ဆုတောင်းခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

လူ၏အသက်တာ တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကာ မိမိဘာသာ စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေနိုင်သည့် လူ တစ်ဦးမျှမရှိပေ။ အားလုံးသည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးအနည်းငယ်မျှ မရှိဘဲ၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အနှစ်မဲ့ခြင်းထဲတွင်၊ ညစ်ညူးသော လောကတစ်ခု၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် ဇာတိပကတိအတွက်၊ တပ်မက်ခြင်းအတွက်နှင့် စာတန်အတွက် ထိုသို့သော ပူပင်ကြောင့်ကြမဲ့သည့် ဘဝများကို အသက်ရှင်ကြသည်။ ၎င်းတို့၏ တည်ရှိမှုတွင် တန်ဖိုးအနည်းငယ်မျှ မရှိ။ လူသည် သူ့ကို စာတန်၏ စွမ်းအားမှ လွတ်မြောက်စေမည့် သမ္မာတရားကို ရှာတွေ့နိုင်စွမ်း မရှိပေ။ လူသည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာကျမ်းစာကို ဖတ်ရှုသော်လည်း၊ စာတန်၏ စွမ်းအား ထိန်းချုပ်မှုမှ မိမိကိုယ်ကိုယ် မည်သို့ လွတ်မြောက်စေရမည်ကို သူ နားမလည်ပေ။ ခေတ်ကာလများတစ်လျှောက်တွင်၊ အလွန်နည်းပါးသော လူတို့သာ ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိကြပြီးဖြစ်သည်၊ အလွန်နည်းပါးသော သူတို့က ယင်းကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထိုသို့ဖြင့် လူက စာတန်ကို မုန်းတီးစက်ဆုပ်ပြီး ဇာတိပကတိကို စက်ဆုပ်သော်လည်း၊ စာတန်၏ စွမ်းအားဖြင့် မိနေခြင်းမှ မိမိကိုယ်ကိုယ် မည်သို့ဖယ်ရှားရမည်ကို မသိပေ။ ယနေ့တွင် သင်တို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိနေသေးသည် မဟုတ်လော။ သင်သည် ဆိုးညစ်ပြီး မနာခံသည်ကို ခံစားသိရှိရန် မဆိုထားနှင့် သင်၏ မနာခံတတ်သော အပြုအမူများကိုပင် နောင်တမရကြပေ။ ဘုရားသခင်အား ဆန့်ကျင်ပြီးနောက် သင်သည် စိတ်ငြိမ်သက်မှုပင် ရှိကြပြီး ကြီးမားသော တည်ငြိမ်အေးချမ်းမှုကို ခံစားကြရသည်။ သင်၏ တည်ငြိမ်အေးချမ်းမှုသည် သင် ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤစိတ်ငြိမ်သက်ခြင်းသည် သင်၏ မနာခံခြင်းမှလာခြင်း မဟုတ်လော။ လူသည် လူ့ငရဲတွင် အသက်ရှင်သည်၊ စာတန်၏ မှောင်မိုက်သော စွမ်းအောက်တွင် သူ အသက်ရှင်သည်။ တစ္ဆေများသည် လူ၏ အသွေးအသားအပေါ် နယ်မြေအနှံ့ ကျူးကျော်ရင်း လူသားများနှင့် အတူနေထိုင်ကြလေသည်။ ကမ္ဘာမြေပေါ်တွင် သင်သည် လှပသော သုခဘုံတစ်ခုတွင် အသက်မရှင်ပေ။ သင်ရှိနေသည့်နေရာသည် နတ်ဆိုးတို့၏နယ်ပယ်၊ လူ့ငရဲတစ်ခု၊ မြေအောက်ကမ္ဘာတစ်ခု ဖြစ်ပေသည်။ လူသည် သန့်ရှင်းစေခြင်းမခံရပါက၊ သူသည် ညစ်ညူးခြင်း ရှိပေသည်။ သူသည် ဘုရားသခင်အားဖြင့် ကွယ်ကာခံရကာ စောင့်ရှောက်ခံရခြင်း မရှိပါက၊ သူသည် စာတန်၏အကျဉ်းသားတစ်ဦး ဖြစ်နေဆဲဖြစ်သည်။ အကယ်၍ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မခံရပါက စာတန်၏ မှောင်မိုက်စွမ်းအား၏ ဖိနှိပ်မှုကို လွတ်မြောက်ခြင်းငှာ နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ သင်ထုတ်ပြသသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သင် အသက်ရှင်နေထိုင်သည့် မနာခံသော အပြုအမူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် သင် အသက်ရှင်နေဆဲ ဖြစ်သည်ကို သက်သေပြရန် လုံလောက်ပေသည်။ သင့်စိတ်နှင့် အတွေးများသည် သန့်ရှင်းစေခြင်းခံရသေးသကဲ့သို့၊ သင်၏ စိတ်သဘောထားသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မခံရသေးပါက၊ သင်၏ ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ အုပ်စိုးမှုဖြင့် ထိန်းချုပ်ခံရဆဲ ဖြစ်သည်၊ သင့်စိတ်သည် စာတန်၏ ထိန်းချုပ်ခြင်းခံရသည်၊ သင့်အတွေးများသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းခံရပြီး၊ သင့်ဖြစ်တည်မှု တစ်ခုလုံးသည် စာတန်၏ လက်များဖြင့် ထိန်းချုပ်ခံရပေသည်။ သင်သည် ပေတရု၏စံနှုန်းများနှင့် မည်မျှဝေးကွာ၍သာ ရှိနေသည်ကို ယခု သင်သိပြီလော။ သင်သည် ထိုအစွမ်းအစ ပိုင်ဆိုင်ပါသလော။ ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်၍ သင်မည်မျှ သိသနည်း။ ပေတရု သိလာခဲ့သော အရာများထဲမှ သင် မည်မျှပိုင်ဆိုင်သနည်း။ အကယ်၍ ယနေ့တွင် သင်မသိနိုင်ပါက နောင်တွင် ဤအသိပညာကို စွမ်းဆောင်ရရှိနိုင်လိမ့်မည်လော။ သင်ကဲ့သို့ ပျင်းရိပြီး သတ္တိကြောင်သော တစ်စုံတစ်ဦးသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တကယ်ကို သိရှိနိုင်စွမ်း ရှိသလော။ သင်သည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ဇာတိပကတိ၏ သာယာမှုများကို လိုက်စားပါက၊ သင်သည် သန့်ရှင်းခြင်း လုံးဝ ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ သင် အသက်ရှင်နေထိုင်သည့်အရာမှာ စာတန်ဖြစ်ပြီး၊ ဇာတိပကတိ ဖြစ်သည့်အတွက်၊ အဆုံးတွင် သင်သည် စာတန်ထံသို့ ပြန်သွားရလိမ့်မည်။ ယနေ့လက်ရှိအခြေအနေတွင် များစွာသော လူတို့သည် အသက်ကို မလိုက်စားကြပေ၊ ယင်းမှာ ၎င်းတို့သည် သန့်ရှင်းစေခြင်းခံရခြင်းအကြောင်း သို့မဟုတ် သာ၍ နက်ရှိုင်းသော အသက်တာ အတွေ့အကြုံထဲသို့ ဝင်ရောက်ခြင်း အကြောင်းကို ဂရုမစိုက်ကြဟု ဆိုလိုပေသည်။ ထိုသို့ဖြစ်လျက်၊ ၎င်းတို့သည် မည်သို့ စုံလင်စေခြင်းခံရနိုင်မည်နည်း။ အသက်ကို မလိုက်စားသော သူတို့သည် စုံလင်စေခြင်းခံရရန် အခွင့်အရေးမရှိသကဲ့သို့၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို မလိုက်စားသောသူများ၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားသော သူတို့သည် စာတန်၏ မှောင်မိုက်သော စွမ်းအားကို လွတ်မြောက်နိုင်စွမ်း မရှိပေ။ ဟိတ်ဟန်နောက်လိုက်ရုံမျှလိုက်ပြီး ပုံမှန် ဝတ်ပြုအစည်းအဝေးများကို တက်ရောက်ရုံမျှ တက်ရောက်ကြသည့်၊ ဘာသာတရား၌ ယုံကြည်သော သူများကဲ့သို့သာ၊ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာနှင့်ပတ်သက်၍၊ ပြီးလျှင် ၎င်းတို့၏ စိတ်သဘောထား၌ အပြောင်းအလဲများထဲသို့ ၎င်းတို့၏ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍၊ အလေးအနက် မထားကြပေ။ ယင်းသည် အချိန်ဖြုန်းခြင်း မဟုတ်လော။ ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် လူသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို လိုက်စားဖို့ မဆိုထားနှင့်၊ အသက်နှင့်ဆိုင်သည့် အမှုကိစ္စများအကြောင်းကို အလေးအနက်မထားလျှင်၊ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို မလိုက်စားလျှင်၊ သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားလျှင်၊ သူသည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်သည် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏အမှုကို သင် နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ အရေးပါမှုနှင့် ဤအမှုကို လူသားအပေါ် အဘယ်ကြောင့် လုပ်ဆောင်ရသည်ကို နားလည်ရမည်။ သင် လက်ခံနိုင်ပါသလော။ ဤပြစ်တင်ဆုံးမခြင်းမျိုးအတောအတွင်းတွင်၊ သင်သည် ပေတရုကဲ့သို့ တူညီသည့်အတွေ့အကြုံနှင့် အသိပညာတို့ကို စွမ်းဆောင် ရရှိနိုင်သလော။ အကယ်၍ သင်သည် ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားပါက၊ ပြီးလျှင် သင့်စိတ်သဘောထား၌ ပြောင်းလဲမှုများကို သင် လိုက်စားပါက၊ သင်သည် စုံလင်စေခြင်းခံရဖို့ အခွင့်အရေး ရှိပေသည်။

...အကယ်၍ သင်သည် စုံလင်စေခြင်းခံရခြင်းကို မလိုက်စားသည့် သူတစ်ဦးဖြစ်ပါက၊ သက်သေခံပြီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်က “ဘုရားသခင်၏ ဤအဆင့်ဆင့်ဖြစ်သော အမှုတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို လက်ခံပြီးဖြစ်ကာ၊ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရပြီးဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားအား မည်သို့ စုံလင်စေသည်ကို ကျွန်ုပ်သိလာရပြီးဖြစ်ပါသည်၊ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သော အမှုကို ကျွန်ုပ်ရရှိပြီးဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် အသိပညာကို ကျွန်ုပ်သိရှိပြီးဖြစ်ကာ သူ၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ရောက်လာပြီးဖြစ်ကာ ကျွန်ုပ်ထံ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော် ဆောင်ကြဉ်းပြီးဖြစ်သည်။ ကျွန်ုပ်ကို ကွယ်ကာကာ သန့်စင်စေပြီးဖြစ်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပါ၏။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပြီးဖြစ်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ကြမ်းတမ်းသော နှုတ်ကပတ်တော်များ ကျွန်ုပ်အပေါ်သို့ မရောက်လာခဲ့ပြီးဖြစ်ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိရှိနိုင်ပြီးဖြစ်မည်မဟုတ်သကဲ့သို့၊ ကျွန်ုပ်သည် ကယ်တင်ခံရပြီးဖြစ်နိုင်မည် မဟုတ်ပါ။ ယနေ့တွင် ကျွန်ုပ်မြင်ရသည်- ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ထိုက်သောကြောင့်၊ သတ္တဝါတစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သောအရာများ အားလုံးကို မွေ့လျော်ရသည်သာမက၊ သာ၍ အရေးကြီးသည်မှာ၊ သတ္တဝါအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းတို့ကိုလည်း မွေ့လျော်သင့်ပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် သတ္တဝါ တစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပြင်၊ ကြီးစွာသော မေတ္တာ ရှိပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို လုံးဝ ရရှိနိုင်စွမ်းမရှိသော်လည်း၊ ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်း ရှိလေပြီ၊ ဤတွင် ကျွန်ုပ် ကောင်းချီးခံစားရပါသည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းကို တွေ့ကြုံရသည့်သူများ လျှောက်လှမ်းခဲ့သော လမ်းကြောင်း ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ပြောဆိုသော အသိပညာဖြစ်ပါသည်။ ထိုသို့သော လူများသည် ပေတရုနှင့်တူကြပေသည်။ ပေတရုကဲ့သို့ တူညီသော အတွေ့အကြုံများ ရှိကြသည်။ ထိုသို့သော လူများသည် အသက်ကို ရရှိပြီးသူများ၊ အမှန်တရားကို ပိုင်ဆိုင်သော သူများလည်း ဖြစ်သည်။ ၎င်းတို့သည် တကယ့်အဆုံးထိ တွေ့ကြုံသောအခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းအတောအတွင်းတွင် ၎င်းတို့သည် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လုံးဝ ဧကန်မုချ ဖယ်ရှားကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို ခံရကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

အရှေ့သို့- အဆင်းနီသော နဂါးကြီးကို စွန့်လွှတ်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်