၉၅။ အခြားသူများကို ဘုရားသခင်၏ ရှေ့မှောက် ခေါ်ဆောင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

၁။ ကိစ္စရပ်အားလုံးတွင် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် သူ့ကို ကြီးမြတ်သောသူအဖြစ် ချီးမြှောက်ဖို့ လိုအပ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် သူတစ်ဦးဖြစ်လာကာ သင်၏ တာဝန်ကို ထမ်းဆောင်ပြီး သူတောင်းဆိုသည့်အတိုင်း သူ့ကို အစေခံလော့။

၂။ ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ အမှန်တကယ် ပြန်သွားနိုင်ကြဖို့အလို့ငှာ၊ စာတန်က လူတို့အား မည်သို့ ဖောက်ပြန်ပျက်စီးစေပြီး ဘုရားသခင်က ၎င်းတို့အား မည်သို့ ကယ်တင်သည်ကို အခြားသူတို့အား ပြသလျက်၊ ဘုရားသခင်၏ အမှုတော်အတွက် သက်သေခံရန် သင်ယူလော့။

၃။ အားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် ကျိုးနွံနာခံကာ သူ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြဿနာများကို ဖြေရှင်းဖို့ တစ်ဦးတစ်ယောက်ကို သမ္မာတရား သိနားလည်ခြင်းနှင့် စစ်မှန်သော နောင်တဆီသို့ ဦးဆောင်သည့် သမ္မာတရားကို အသုံးပြုရင်း လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်သည်။

၄။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းကို သိရှိကာ ဘုရားသခင်ကို ထာဝရအထိ ချီးမွမ်းကြဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့နှင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံဖို့ အခြားသူများကို ဦးဆောင်ရန် လိုအပ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံခဲ့ရပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျောခိုင်းခဲ့ကြကာ ယင်းအစား စာတန်ကို ကိုးကွယ်ခဲ့ကြသည်။ စာတန်သည် ၎င်းတို့ စိတ်နှလုံးများထဲတွင် အသည်းကြော် ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏၊ ယင်းမှာ သူသည် လူသားမျိုးနွယ်အား ဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ဆုံးရှုံးခဲ့သည်ဟု ဆိုရပေမည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်ကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေရမည်ဖြစ်ပြီး လူသားမျိုးနွယ်ကို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖယ်ရှားပစ်ရမည် ဖြစ်သည်။ စာတန်ထံမှ လူသားများကို ပြန်လည်ရယူရန်၊ သူသည် ၎င်းတို့ကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းဖြင့်သာ ဘုရားသခင်သည် ၎င်းတို့၏ မူလရုပ်ဆင်းသဏ္ဌာန်နှင့် လုပ်ငန်းဆောင်တာကို တဖြည်းဖြည်း နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပြီး၊ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်ပေသည်။ လူသားများကို ဘုရားသခင်အား သာ၍ ကောင်းစွာ ဝတ်ပြုကိုးကွယ်ခွင့်ပေးရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်ခွင့်ပေးရန် ငြင်းဆန်သောသူတို့ကို အဆုံးစွန် ဖျက်ဆီးခြင်းကိုလည်း ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်၊ သူသည် ၎င်းတို့ကို သူ့အား ကိုးကွယ်စေမည် ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ မူလ လုပ်ငန်းဆောင်တာကို နဂိုအတိုင်းပြန်ဖြစ်စေလိုသောကြောင့်၊ ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည် ဖြစ်ပြီး မည်သည့် မစင်ကြယ်မှုမျှ ရှိစေမည် မဟုတ်ပေ။ သူ၏ ဩဇာအာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်း ဆိုသည်မှာ လူသားများအား သူ့ကို ကိုးကွယ်စေကာ ကျိုးနွံနာခံစေခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် လူသားများကို သူ့ကြောင့် အသက်ရှင်စေလိမ့်မည် ဖြစ်ပြီး သူ၏ဩဇာအာဏာ၏ အကျိုးဆက်အနေဖြင့် သူ၏ရန်သူများကို ပျက်စီးစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ဘုရားသခင်သည် မည်သူထံကမျှ ခုခံမှုမရှိစေဘဲ သူနှင့် ပတ်သက်သည့် အရာရာတိုင်းကို လူသားများအလယ်တွင် ဖြစ်ပေါ်စေမြဲ ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင် နိုင်ငံတော် ဖြစ်သည်။ သူအလိုရှိသော လူသားမျိုးနွယ်သည် သူ့ကို ကိုးကွယ်မည့်သူ၊ သူ့ကို လုံးဝ ကျိုးနွံနာခံမည့်သူနှင့် သူ၏ဘုန်းအသရေကို ထင်ရှားစေမည့်သူ ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို မကယ်တင်ပါက၊ လူသားမျိုးနွယ်ကို သူဖန်ဆင်းခြင်း နောက်ကွယ်က အဓိပ္ပာယ်သည် ပျောက်ဆုံးလိမ့်မည် ဖြစ်သည်။ သူသည် လူသားများအလယ်တွင် နောက်ထပ် ဩဇာအာဏာ ရှိတော့မည် မဟုတ်သကဲ့သို့၊ သူ၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို မနာခံသော ရန်သူများကို ဘုရားသခင် မဖျက်ဆီးပါက၊ သူသည် မိမိ၏စုံလင်သော ဘုန်းအသရေကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ သူ၏အမှု စုံလင်ခြင်းနှင့်- လူသားမျိုးနွယ် အလယ်ရှိ သူ့ကို မနာခံသည့် သူများကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်စေခြင်း ခံရပြီးသူများကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ကြဉ်းဖို့ ဖြစ်သည်- သူ၏ ကြီးမားသည့် အောင်မြင်ခြင်း အမှတ်လက္ခဏာများ ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့် သရုပ်ဖော်ချက်တစ်ခု ဖြစ်လာနိုင်ခြင်းရှိမရှိနှင့် သင်သည် သူ၏အသုံးပြုခြင်းကိုခံရရန် သင့်တော်ခြင်းရှိမရှိ ဟူသည်တို့မှာ သင် ရှာဖွေသင့်သော အရာများပင်ဖြစ်သည်။ ဘုရားသခင်သည် သင့်အထဲတွင် အမှန်တကယ် အမှုမည်မျှပြုခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ မြင်ခဲ့ပြီးပြီနည်း၊ သင် အဘယ်မျှ ထိတွေ့ခဲ့ပြီးပြီနည်း။ သင် အဘယ်မျှ တွေ့ကြုံပြီး မြည်းစမ်း ခဲ့ပြီးပြီနည်း။ ဘုရားသခင်သည် သင့်ကို စမ်းသပ်ခဲ့ပြီးပါစေ၊ ကိုင်တွယ်ဖြေရှင်း ခဲ့ပြီးပါစေ၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခဲ့ပြီးပါစေ သူ၏လုပ်ရပ်များနှင့် သူ၏အမှုတို့ကို သင့်အပေါ်တွင် လုပ်ဆောင်ခဲ့ပြီးပြီဖြစ်သည်။ သို့သော် ဘုရားသခင်အား ယုံကြည်သူတစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်အောင်အပြုခံရဖို့ ကြိုးစားအားထုတ်လိုသူ တစ်ဦးအနေဖြင့် သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံပေါ် အခြေခံ၍ ဘုရားသခင်၏ အမှုအတွက် သက်သေခံနိုင် သလော။ သင်သည် သင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်နိုင်သလော။ သင်သည် သင်ကိုယ်တိုင်၏ လက်တွေ့ကျသော အတွေ့အကြုံအားဖြင့် အခြားသူများကို ထောက်ပံ့ပေးပြီး ဘုရားသခင်၏အမှုအတွက် သက်သေခံဖို့ သင့်အသက်တာတစ်ခုလုံးကို အသုံးခံနိုင်သလော။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံရန်အတွက် သင်၏ အတွေ့အကြုံ၊ သိကျွမ်းခြင်းနှင့် သင်ပေးဆပ်ခဲ့ပြီးသော အဖိုးအခအပေါ် အမှီပြုရမည်။ ထိုမှသာလျှင် သင်သည် သူ၏အလိုတော်ကို ဖြည့်ဆည်းနိုင်မည်။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံသောသူတစ်ဦး ဖြစ်သလော။ သင်၌ ဤပြင်းပြသောဆန္ဒ ရှိသလော။ အကယ်၍ သင်သည် သူ၏နာမတော်ကိုသာမက သူ၏အမှုကိုပင်လျှင် သက်သေခံနိုင်ပါက၊ ထို့ပြင် သင်သည် သူ၏လူတို့ကို သူတောင်းဆိုသော ပုံစံအတိုင်း အသက်ရှင်နေထိုင်နိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် သက်သေခံတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် အမှန်တကယ် မည်သို့သက်သေခံသနည်း။ သင်သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း အသက်ရှင်နေထိုင်ရန် ကြိုးစားခြင်းနှင့် တောင့်တခြင်း၊ သင်၏ စကားလုံးများဖြင့် သက်သေခံခြင်း၊ လူတို့အား သူ၏အမှုကို သိစေခြင်းနှင့် သူ၏လုပ်ဆောင်မှုများကို မြင်စေခြင်းတို့အားဖြင့် ပြုလုပ်ရသည်။ အကယ်၍ သင်သည် ဤအရာအားလုံးကို အမှန်တကယ် ကြိုးစားပါက၊ ဘုရားသခင်သည် သင့်ကို စုံလင်အောင်ပြုပေးလိမ့်မည်။ အကယ်၍ သင်ကြိုးစာသမျှမှာ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းခံရရန်နှင့် နောက်ပိတ်ဆုံးတွင် ကောင်းချီးမင်္ဂလာခံစားရရန်သာ ဖြစ်ပါက၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းရှုထောင့်မှာ မဖြူစင်ပေ။ သင်သည် လက်တွေ့အသက်တာထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်သည့် နည်းလမ်း၊ သူ၏အလိုတော်ကို သင့်အား သူဖွင့်ပြသောအခါ သူ့အား ကျေနပ်စေသည့် နည်းလမ်းတို့ကိုဆောင်ရွက်နိုင်အောင် အားထုတ်သင့်ပြီး သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာကို သင် သက်သေခံသင့်သည့် နည်းလမ်းနှင့် သင့်အား သူ၏ဆုံးမပဲ့ပြင်ပုံနှင့် ကိုင်တွယ်ဖြေရှင်းပုံတို့အား သက်သေခံမည့်နည်းလမ်းတို့ကို သင်ရှာဖွေနေသင့်သည်။ ဤအရာအားလုံးမှာ ယခု သင်တွေးဆနေသင့်သော အရာများဖြစ်သည်။ အကယ်၍ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် သင့်ကိုစုံလင်အောင် သူပြုပြီးနောက် ဘုရားသခင်၏ဘုန်းတော်၌ သင်ပါဝင်နိုင်ရန်အတွက်သာဖြစ်ပါက ယင်းမှာ မလုံလောက်သေးသည့်အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်သေးပေ။ သင်သည် ဘုရားသခင်၏အမှုကို သက်သေခံနိုင်ရန်၊ သူ၏တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် လူတို့အပေါ် သူပြုခဲ့ပြီးသောအမှုကို လက်တွေ့ကျသည့် နည်းလမ်းဖြင့် တွေ့ကြုံနိုင်ရန် လိုအပ်သည်။ နာကျင်မှုဖြစ်စေ၊ မျက်ရည်များဖြစ်စေ၊ သို့မဟုတ် ဝမ်းနည်းခြင်းဖြစ်စေ သင်သည် ဤအရာအားလုံးကို သင်၏ လက်တွေ့ကျင့်သုံးမှုတွင် တွေ့ကြုံရမည်။ ယင်းတို့မှာ ဘုရားသခင်အတွက် သက်သေခံတစ်ဦးအဖြစ် သင့်ကို စုံလင်စေရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယခု သင့်ကိုဒုက္ခခံရန်နှင့် စုံလင်ခြင်းကို ရှာဖွေရန် လှုံ့ဆော်သည့် အရာမှာ အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ သင်၏ လက်ရှိဒုက္ခခံရခြင်းမှာ အမှန်တကယ် ဘုရားသခင်ကိုချစ်ရန်နှင့် သူ့အတွက် သက်သေခံရန် အလို့ငှာ ဖြစ်သလော။ သို့မဟုတ် ယင်းမှာ ဇာတိပကတိနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများ အတွက်၊ သင်၏ အနာဂတ်တက်လမ်းများနှင့် ကံကြမ္မာအတွက် ဖြစ်သလော။ သင်၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များနှင့် သင် ရရှိအောင် အားထုတ်သည့် ပန်းတိုင်များအားလုံးကို ပြုပြင်ရမည်ဖြစ်ပြီး သင်၏ကိုယ်ပိုင်ဆန္ဒအားဖြင့် ဦးဆောင်၍မရနိုင်ပေ။ အကယ်၍ လူတစ်ဦးသည် ကောင်းချီးမင်္ဂလာများကို လက်ခံရရှိရန်နှင့် တန်ခိုးဖြင့် စိုးစံရန်အတွက် စုံလင်ခြင်းကို ရှာဖွေပြီးသကာလ အခြားသူတစ်ဦးက ဘုရားသခင်ကို ကျေနပ်စေရန်၊ ဘုရားသခင်၏အမှုကို လက်တွေ့ကျကျ သက်သေခံရန်အတွက် စုံလင်ခြင်းကို အားထုတ်ပါက ဤအားထုတ်နည်းနှစ်မျိုးထဲမှ မည်သည့်အရာကို သင်ရွေးချယ်မည်နည်း။ အကယ်၍ သင်သည် ပထမအရာကို ရွေးချယ်ပါက သင်သည် ဘုရားသခင်၏ စံနှုန်းများနှင့် အလွန်ဝေးကွာနေဆဲဖြစ်မည်။ ငါ၏လုပ်ရပ်များကို စကြဝဠာတစ်ဝှမ်းလုံးတွင် ရှင်းလင်းစွာ သိရမည်ဖြစ်ပြီး ငါသည် စကြဝဠာထဲတွင် ရှင်ဘုရင်အဖြစ် အုပ်စိုးမည်ဟု ငါယခင်က ပြောခဲ့ပေသည်။ သို့သော်ငြားလည်း သင်တို့အား တာဝန်ပေးစေခိုင်းထားသည့်အရာမှာ ဘုရားသခင်၏အမှုကို သွား၍ သက်သေခံရန်ဖြစ်ကာ၊ ရှင်ဘုရင်များဖြစ်လာပြီး စကြဝဠာတစ်ခွင်လုံး၌ ပေါ်ထွန်းလာရန် မဟုတ်ပါ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို စကြာဝဠာနှင့် မိုးကောင်းကင်အား ပြည့်စေလော့။ လူတိုင်းအား ယင်းတို့ကို မြင်စေပြီး ယင်းတို့ကို လက်ခံစေလော့။ ဤစကားလုံးများကို ဘုရားသခင် ကိုယ်တော်တိုင်နှင့်ပတ်သက်၍ ဆိုခဲ့ခြင်း ဖြစ်ပြီး လူသားများ ပြုလုပ်သင့်သည့်အရာမှာ ဘုရားသခင်အတွက် သက်သေခံရန်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

အသင်းတော်၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ သင်တို့သည် ဘုရားသခင်ရွေးချယ်ထားသော လူတို့ကို သမ္မာတရား၏ စစ်မှန်မှုထဲသို့ ခေါ်ဆောင်လိုပြီး ဘုရားသခင်၏ သက်သေခံများအဖြစ် အစေခံလိုပါက၊ အရေးကြီးဆုံးအနေဖြင့် သင်သည် လူတို့ကို ကယ်တင်ရာ၌ ဘုရားသခင်၏ ရည်မှန်းချက်နှင့် သူ့အလုပ်၏ ရည်ရွယ်ချက်တို့အပေါ် ပို၍နက်နဲသော သိနားလည်ခြင်း ရှိရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လူတို့အပေါ် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို သင်နားလည်ရမည်။ သင်၏ ကြိုးစားအားထုတ်မှုများ၌ လက်တွေ့ကျရမည်။ သင်နားလည်သမျှလောက်ကိုသာ လက်တွေ့လုပ်ဆောင်ပြီး သင်သိထားသည့်အရာအပေါ်၌သာ မိတ်သဟာယပြုလော့။ မကြွားဝါနှင့်၊ ပုံကြီးမချဲ့နှင့်၊ ပြီးလျှင် တာဝန်မဲ့သော မှတ်ချက်များကို မပြောလေနှင့်။ အကယ်၍ သင်သည် ပုံကြီးချဲ့ပြောလျှင် လူတို့က သင့်ကို မုန်းတီးလိမ့်မည်ဖြစ်၍ ထို့နောက်တွင် အပြစ်တင်ခံရလိမ့်မည်။ ဤသည်မှာ အလွန်တရာပင် မသင့်လျော်ပါပေ။ အခြားသူများကို သင် သမ္မာတရား ထောက်ပံ့ပေးသည့်အခါ သင်သည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းဖို့နှင့် သမ္မာတရားကို ၎င်းတို့ ရရှိဖို့အတွက် ဆူပူကြိမ်းမောင်းစရာ သေချာပေါက် မလိုပါပေ။ သင်ကိုယ်တိုင်က သမ္မာတရားမရှိဘဲ အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ဆူပူကြိမ်းမောင်းပါက ၎င်းတို့ သင့်ကို ကြောက်လန့်မည်ဖြစ်သော်လည်း ယင်းက သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုပေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့၌မူ သင့်အနေဖြင့် အခြားသူများကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ဖို့နှင့် သူတို့ကို အတိုင်းအတာတစ်ခုအထိ ဆုံးမပဲ့ပြင်ဖို့မှာ သင့်အတွက် အဆင်ပြေသည်။ သို့သော် သင်သည် သမ္မာတရားကို မထောက်ပံ့ပေးနိုင်ဘဲ မည်ကဲ့သို့ ခြယ်လှယ်လွန်းပြီး အခြားသူများကို အပြစ်ဆိုရမည်ကိုသာ သိနားလည်ပါက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အကျည်းတန်ခြင်းတို့ ဖော်ထုတ်ခံရလိမ့်မည် ဖြစ်သည်။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့သည် သင့်ထံမှ အသက်တာ ထောက်ပံ့ပေးခြင်း သို့မဟုတ် လက်တွေ့ကျသော အရာများကို မရရှိနိုင်ပါက ၎င်းတို့သည် သင့်ကို မုန်းတီးလာပြီး သင့်အားဖြင့် စက်ဆုပ်ရွံရှာမှုကို ခံစားလာရလိမ့်မည်။ ထိုးထွင်းသိမြင်မှု ကင်းမဲ့သောသူတို့သည် သင့်ထံမှ အပျက်သဘောဆောင်သော အရာများကို သင်ယူကြလိမ့်မည်။ အခြားသူများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြုပြင်ရန်၊ စိတ်ဆိုးရန်နှင့် ၎င်းတို့၏ ဒေါသထွက်ရန်အတွက် သင်ယူကြလိမ့်မည်။ ယင်းမှာ ပေါလု၏လမ်းကြောင်းပေါ်နှင့် ထာဝရအပြစ်ဒဏ်ခံရမည့် လမ်းကြောင်းပေါ်သို့ အခြားသူများကို ခေါ်ဆောင်ခြင်းသဘော သက်ရောက်သည်မဟုတ်လော။ ယင်းမှာ ဒုစရိုက်အမှုပြုခြင်းတစ်ခု မဟုတ်သလော။ သင်၏အလုပ်က အခြားသူများအတွက် သမ္မာတရားကို မိတ်သဟာယပြုခြင်းနှင့် အသက်ကို ထောက်ပံ့ပေးခြင်းအပေါ် အာရုံစိုက်သင့်သည်။ အကယ်၍ သင်ပြုလုပ်သမျှမှာ အခြားသူများကို ကျိုးကြောင်းမမြင်ဘဲ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် သြဝါဒပေးခြင်းဖြစ်ပါက ၎င်းတို့သည် သမ္မာတရားကို မည်သို့ နားလည်ကြလိမ့်မည်နည်း။ အချိန်ကုန်လွန်သည်နှင့်အမျှ လူတို့က သင် အမှန်တကယ်မည်သူဖြစ်သည်ကို မြင်တွေ့လိမ့်မည်ဖြစ်ပြီး သင့်ကို စွန့်ခွာကြလိမ့်မည်။ သင်သည် ဤနည်းဖြင့် အခြားသူများကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန် အဘယ်သို့ မျှော်မှန်းနိုင်သနည်း။ ဤအရာက အမှုကို မည်သို့ လုပ်ဆောင်ပေးနေသနည်း။ ဤနည်းအတိုင်း သင် ဆက်လက်လုပ်ဆောင်နေပါက လူတိုင်းကို ဆုံးရှုံးရလိမ့်မည်။ ထို့အပြင် မည်သည့်အမှုကို ပြီးမြောက်အောင်မြင်ရန် သင်မျှော်လင့်သနည်း။ အချို့သောခေါင်းဆောင်များသည် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်း မရှိကြပေ။ ထို့အစား ၎င်းတို့က အခြားသူများကို ကျိုးကြောင်းမမြင်ဘဲလျက်နှင့် ကိုင်တွယ်ဖြေရှင်းကာ အခြားသူများက ၎င်းတို့ကို ကြောက်လန့်ပြီး နာခံလာရန်အတွက် မိမိတို့၏ သြဇာအာဏာကို ကြွားလုံးထုတ်ကြသည်- ထိုကဲ့သို့သော လူတို့သည် အတုအယောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များနှင့်သာ စပ်ဆိုင်လေသည်။ မိမိတို့၏ စိတ်သဘောထား ပြောင်းလဲထားခြင်း မရှိသောသူတို့သည် အသင်းတော်အလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိသည့်အပြင် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်” မှ

ယခုတွင် သင်တို့အသီးသီးဆောင်ရွက်နေသည့်တာဝန်သည် ဘုရားသခင်အတွက်သက်သေခံသည့် ဓမ္မသီချင်းဖြစ်စေ သို့မဟုတ် ရုပ်ရှင်ဇာတ်ကားဖြစ်စေ လူသားမျိုးနွယ်အတွက် တန်ဘိုးတစ်စုံတစ်ရာရှိသလော။ ၎င်းတို့၏တန်ဘိုးသည် ဘယ်မှာတည်ရှိသနည်း။ ၎င်းတို့၏တန်ဘိုးသည် လူတို့အား ဘုရားသင်၏ နှုတ်ကပတ်တော်များကိုဖတ်ရွတ်စေခြင်းနှင့် မှန်ကန်သောလမ်းသို့ လျှောက်လှမ်းစေခြင်းဖြစ်၏။ ထိုသို့အားဖြင့် သူတို့အားလုံးသည် ဖန်းဆင်းခံသတ္တဝါများအကြား၌ အစုဝင်သောသူများဖြစ်ကြောင်းနှင့် ၎င်းတို့အားလုံး ဖန်းဆင်းရှင်ရှေ့မှောက်သို့ ပေါ်ပေါက်လာကြသည်ကို နားလည်ကြ၏။ သူတို့သည် သူတို့နားမည်သည့် ပြဿနာများမရှိသလော။ အကူအညီမဲ့နေသည်ဟု သူတို့မခံစားကြသလော။ အချည်းနှီးဖြစ်ကြသည်ဟု သူတို့မခံစားကြသလော။ ဝိညာဥ်ရေးရာအထောက်အပံ့မရှိဘဲ သူတို့အသက်ရှင်ကြသည်ဟု သူတို့မခံစားကြသလော။ ဘဝသည် ငြီးငွေဖွယ်ကောင်းသည်ဟု သူတို့မခံစားကြသလော။ ဤအရာအားလုံး၏ အရင်းမြစ်သည် မည်သည့်အရာနည်း။ အဖြေသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်း၌ရှိ၏။ သင်တို့သည် သူတို့၏အတွေးအခေါ်ကိုလမ်းပြဖို့ရန်၊ ဘုရားသခင်ကိုရှာဖွေစေဖို့ သူတို့ကိုလမ်းပြဖို့ရန်၊ မှန်ကန်သောလမ်းကိုရှာဖွေဖို့ သူတို့ကိုလမ်းပြရန်၊ ဖန်ဆင်းရှင်ကိုရှာဖွေရန်၊ လက်ခံရန်၊ နာခံရန်၊ နားလည်ရန်နှင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် သူ၏အစီအစဥ်များကို သိကျွမ်းစေခြင်းစသည့် အကျိုးယူဆောင်လာဖို့ရန် ဤတာဝန်များအား ထမ်း‌ဆောင်ရခြင်းဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာ သူတို့သည် ဘာအတွက်အသက်ရှင်သည်၊ သူတို့၏အသက်ရှင်ခြင်း၏အဓိပ္ပာယ်နှင့် တန်ဘိုးသည် မည်သည့်အရာနည်း၊ မည်ကဲ့သို့ သူတို့အသက်ရှင်သင့်သည်တို့ကို သူတို့နားလည်လာမည်ဖြစ်သည်။ ထို့ကြောင့်၊ သင်တို့သည် သင်တို့၏တာဝန်များအား ထမ်းဆောင်ကြသည့်အခါ သင်တို့၏ဆုတောင်းခြင်း၊ မိမိကိုယ်ကို လုံ့လစိုက်ထုတ်ခြင်းတို့အား နှစ်ဆတိုးရမည်။ မပျင်းမရိဘဲ လုံ့လဝီရိယထုတ်ပါ။ မကြာခဏ အတူတကွမိတ်သဟာယဖွဲ့ပါ။ ဥပ‌ဒေသများနှင့်အညီ ပြုမူပါ။ လူသားမျိုးနွယ်အား ဘုရားသခင်ဖန်ဆင်းခဲ့သည့်အခါ စီမံခန့်ခွဲမှုအစီအစဥ်တစ်ခုရှိခဲ့၏။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာတွင် ဤလူသားမျိုးနွယ်၌ အရေးပါသော တာဝန်ဝတ္တရား သို့မဟုတ် ဖန်ဆင်းရှင်အတွက် သက်သေခံဖို့ရန် စေခိုင်းသည့်တာဝန် မရှိပေ။ ထို့နောက် လူသားမျိုးနွယ်အကြား၌ ဘုရားသခင်ပြုသည့်အလုပ်သည်လည်း ရိုးရှင်းပြီး မထင်မရှားရှိပေသည်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးသောနေ့ရက်တွင် အခြေအနေများသည် ကွဲပြားလာ၏။ သင်တို့သည် အရေးပါသော တာဝန်ဝတ္တရားများထမ်းဆောင်ကြရပေသည်။ အရေးပါသော ဆိုသည်မှာ မည်သို့နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကိုဖြန့်ဝေရုံမျှမက ပို၍ အရေးကြီးသည်မှာ ဖန်ဆင်းရှင်အတွက် ဖန်ဆင်းခံလူသားတိုင်း၌ သင်သက်သေခံခြင်းဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင်၏ဧဝံဂေလိတရားကို ကြားသိခဲ့ကြသော ဖန်ဆင်းခံလူသားအားလုံးကိုလည်း ဖန်ဆင်းရှင်ရှေ့တော်မှောက်သို့ သင်ခေါ်ဆောင်လာရမည်။ သို့မှသာလျှင် သူတို့သည် လူသားမျိုးနွယ်အား အဘယ်ကြောင့်သူဖန်ဆင်းခဲ့သည်ကို နားလည်နိုင်ကြမည်ဖြစ်ပြီး သူတို့သည် ဖန်ဆင်းရှင်ရှေ့တော်မှောက်သို့ ပြန်လာကြပြီး သူ၏အချုပ်အခြာအာဏာ၊ သူ၏အစီအစဥ်များနှင့် စီစဥ်ညွှန်ကြားချက်များကို လက်ခံကြပေမည်။ ဤအရာအား ဓမ္မသီချင်းဆိုရုံ သို့မဟုတ် ကခုန်ရုံမျှဖြင့် သင်ရယူနိုင်မည်လော။ အလုပ်၏အစိတ်အပိုင်းတစ်ခုကို လုပ်ဆောင်ရုံမျှဖြင့် လုံလောက်မည်မဟုတ်။ ဖန်ဆင်းရှင်၏လုပ်ဆောင်ချက်များနှင့် ဖန်ဆင်းရှင်၏အချုပ်အခြာအာဏာ၊ အစီအစဉ်များကိုသက်သေခံရန် အမျိုးမျိုးသော နည်းလမ်းများနှင့် ပုံစံများဖြင့် သင်အစေခံရမည်။ ဤနည်းလမ်းအားဖြင့် လူတို့အား ဖန်းဆင်းရှင်၏ရှေ့တော်မှောက်သို့ ပို၍ပင် သင်ခေါ်ဆောင်လာနိုင်မည်ဖြစ်ပြီး ထိုသို့အားဖြင့် သူတို့သည် သူ၏အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံပြီး လက်ခံနိုင်ကြမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် လူတစ်ဦး၏ဘဝ တန်ဖိုးရှိစေ၏” မှ

ဘုရားသခင်၏ စစ်ဆေးခြင်း (အစေခံသူတို့၏ စစ်ဆေးခံရခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကာလ) ကို အတန်ကြာ တွေ့ကြုံရပြီးသည့်အခါ လူအချို့က နောက်ဆုံးတွင် “ဘုရားသခင်အား ယုံကြည်ခြင်းသည် အမှန်တကယ် ခက်ခဲပါတကား” ဟု ဆိုကြလိမ့်မည်။ သူတို့အနေဖြင့် “အမှန်တကယ် ခက်ခဲသည်” ဟူသော စကားလုံးများ သုံးစွဲခဲ့သည့်အချက်က ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ကြောင်း၊ ဘုရားသခင်၏ အမှုတွင် ကြီးမားသော အဓိပ္ပာယ်နှင့် တန်ဖိုးဟူသော စရိုက်လက္ခဏာ ရှိကြောင်းနှင့်၊ သူ၏အမှုမှာ လူသား၏ တန်ဖိုးထားခြင်းခံရရန် လွန်စွာ ထိုက်တန်ကြောင်းကို ပြသသည်။ အကယ်၍ ငါသည် များလှစွာသော အမှုကို ပြုခဲ့ပြီးနောက်တွင် သင်၌ သိကျွမ်းခြင်း စိုးစဉ်းမျှမရှိခဲ့ပါက၊ ငါ၏အမှုသည် တန်ဖိုးရှိနိုင်ဦးမည်လော။ ၎င်းက သင့်အား- “ဘုရားသခင်ထံ အစေခံခြင်းက အမှန်တကယ် ခက်ခဲသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အံ့သြဖွယ်ကောင်းလှပြီး ဘုရားသခင်သည် အမှန်ပင် ဉာဏ်ပညာရှိ၏။ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းလှ၏” ဟု ဆိုစေလိမ့်မည်။ အကယ်၍ အတွေ့အကြုံကာလတစ်ခုကို ခံစားရပြီးနောက်တွင် သင်သည် ထိုကဲ့သို့သော စကားလုံးများကို ပြောနိုင်ပါက၊ ဤအရာက သင်သည် သင့်အထဲ၌ ဘုရားသခင်၏အမှုကို ရရှိထားကြောင်း သက်သေပြပေသည်။ တစ်နေ့တွင် သင်သည် နိုင်ငံရပ်ခြား၌ ဧဝံဂလိတရားကို ဖြန့်ဝေနေပြီး တစ်စုံတစ်ဦးက သင့်အား- “ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းက ဘယ်လို အခြေအနေရှိလဲ။” ဟု မေးသည့်အခါ သင်သည်- “ဘုရားသခင်၏ လုပ်ဆောင်ချက်များက အံ့သြချီးမွမ်းဖွယ်ကောင်းလှ၏” ဟု ပြောနိုင်လိမ့်မည်။ သူတို့က သင်၏စကားများသည် စစ်မှန်သော အတွေ့အကြုံများအကြောင်းကို ပြောပြနေသည်ဟု ခံစားရလိမ့်မည်။ ဤအရာက အမှန်တကယ် သက်သေခံနေပေသည်။ ဘုရားသခင်၏အမှုသည် ဉာဏ်ပညာနှင့် ပြည့်ဝလျက် ရှိကြောင်း၊ ထို့ပြင် သင့်အထဲ၌ သူပြုသောအမှုက သင့်ကို အမှန်တကယ် လက်ခံယုံကြည်စေခဲ့ပြီးကြောင်းနှင့် သင်၏စိတ်နှလုံးကို သိမ်းပိုက်ခဲ့ပြီးကြောင်း သင်ဆိုလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ချစ်ခြင်းနှင့် ထိုက်တန်သည်ထက်ပင် သာလွန်သောကြောင့် သင်သည် သူ့ကို အစဉ်အမြဲ ချစ်ပေလိမ့်မည်။ အကယ်၍ ဤအရာများကို သင်ပြောနိုင်ပါက လူတို့၏ စိတ်နှလုံးကို သင်လှုပ်ရှားစေနိုင်မည်။ ဤအရာအားလုံးက သက်သေခံခြင်း ဖြစ်ပေသည်။ အကယ်၍ သင်သည် ထူးကဲသောသက်သေကို ခံနိုင်ပါက၊ လူတို့ကို မျက်ရည်ကျအောင် စွမ်းဆောင်နိုင်လျှင် ယင်းက သင်သည် ဘုရားသခင်ကို ချစ်သောသူ အမှန်ဖြစ်ကြောင်း ပြသသည်၊ အကြောင်းမှာ သင်သည် ဘုရားသခင်အား ချစ်ခြင်းကို ထင်ရှားစေနိုင်ပြီး၊ သင့်အားဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သက်သေခံချက်အဖြစ် အတည်ပြုနိုင်သောကြောင့် ဖြစ်သည်။ သင်၏ သက်သေခံချက်အားဖြင့် အခြားလူများအား ဘုရားသခင်၏အမှုကို ရှာဖွေစေသည်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံစေသည်၊ ထို့ပြင် သူတို့တွေ့ကြုံသည့် မည်သည့် ပတ်ဝန်းကျင်၌မဆို သူတို့သည် မြဲမြံစွာ ရပ်တည်နိုင်ကြလိမ့်မည်။ ဤသည်မှာ သက်သေခံခြင်း၏ တစ်ခုတည်းသော စစ်မှန်သည့် နည်းလမ်းဖြစ်ပြီး ဤသည်မှာ ယခု သင့်ကိုတောင်းဆိုသောအရာ အတိအကျပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

သင်တို့သည် သမ္မာတရားအား ပေါင်းရုံးဖော်ပြရာ၌ သွေဖည်လေပြီ။ ဤပေါင်းရုံးဖော်ပြခြင်းမှန်သမျှကို သင်တို့ပြုလုပ်သည့်နောက်တွင် ယင်းက စည်းမျဥ်းများကိုသာ ထွက်ပေါ်စေပြီဖြစ်သည်။ အချို့သူများသည် အမှုဆောင်၍ တရားဟောကာ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့နေပုံပေါက်သော်လည်း ၎င်းတို့ ဆွေးနွေးနေသမျှအကြောင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တိုက်ရိုက်အနက်အဓိပ္ပာယ်များ အကြောင်းသာဖြစ်၍ ထိရောက်သောအရာ တစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားနေသကဲ့သို့ဖြစ်၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ချက်ပြီးတစ်ချက်၊ တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ ဤမျှ အသေးစိတ်ကျကျဖြင့် အလွန်ကောင်းမွန်စွာ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ၎င်းတို့ဟောကြားပြီးသောအခါ အားလုံးစုပေါင်း၍ လူတိုင်းထံပို့ရန် အခြားသူများအား ခိုင်းကြ၏။ ၎င်းတို့၏ ပြုမူမှုများသည် အခြားသူများအပေါ် လိမ်လည်လှည့်ဖြားမှုဖြစ်လာကာ ၎င်းတို့ဟောကြားသမျှသည် မှားယွင်းသော အတွေးများသာဖြစ်၏။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ ဟောကြားနေပြီး သမ္မာတရားနှင့် ကိုက်ညီပုံရ၏။ သို့သော် သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက ယင်းသည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် လွဲမှားသော တွေးခေါ်မြော်မြင်မှုနှင့်အတူ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင် ဘုရားသခင်အား ဘောင်ခတ်ထားသည့် အစိတ်အပိုင်းအချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤသို့သော ဟောကြားမှုသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ် မဟုတ်သလော။ ယင်းသည် ဘုရားသခင်အား ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။ သင်တို့၏ “သမ္မာတရားကို ပေါင်းရုံးသုံးသပ်ခြင်း” သည် သမ္မာတရားမှ လူတို့အသက်ရရှိစေရန်၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားများအတွင်း ပြောင်းလဲမှု ရရှိစေရန် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ယင်းအစား လူတို့အား သမ္မာတရားအတွင်းမှ အသိပညာနှင့် အယူဝါဒအချို့ကို ကျွမ်းကျင်တတ်မြောက်သွားစေသည်။ သူတို့သည် ဘုရားသခင်၏ အမှုတော်နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်ပြီးပုံရသော်လည်း တကယ်တမ်းတွင်မူ သူတို့သည် နှုတ်ကပတ်တော်အချို့နှင့် အယူဝါဒအချို့ကိုသာ ကျွမ်းကျင်တတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၏ သွယ်ဝိုက်သောအဓိပ္ပာယ်ကို နားမလည်ပေ၊ ယင်းသည် ဓမ္မပညာလေ့လာခြင်း၊ သို့မဟုတ် ကျမ်းစာဖတ်ခြင်းနှင့် ကွဲပြားခြင်း မရှိပေ။ သင်တို့သည် ဤစာအုပ်များ သို့မဟုတ် ထိုစာပေများကို ပြုစုပြီးလျှင် အယူဝါဒ၏ ဤလက္ခဏာသွင်ပြင် သို့မဟုတ် အသိပညာ၏ ထိုလက္ခဏာသွင်ပြင်ကို လက်ဝယ်ပိုင်ဆိုင်လာကြသည်။ သင်တို့သည် အယူဝါဒများအကြောင်း ထူးကဲပြောင်မြောက်စွာ ဟောပြောသူများဖြစ်ကြ၏၊ သို့သော် သင်တို့ စကားပြောပြီးသောအခါ မည်သည့်အရာဖြစ်ပျက်ပါသနည်း။ ထိုအခါ လူတို့သည် တွေ့ကြုံခံစားနိုင်ကြခြင်း မရှိပေ၊ သူတို့၌ ဘုရားသခင်၏ အမှုတော်ကို နားလည်ခြင်းမရှိဘဲ ၎င်းတို့ကိုယ်ကို နားလည်မှု တစ်စုံတစ်ရာလည်း မရှိပေ။ အဆုံးတွင် ၎င်းတို့ရရှိသွားမည့် အရာအားလုံးမှာ ပုံသေနည်းများနှင့် စည်းမျဉ်းများသာဖြစ်၍ ၎င်းတို့သည် ထိုအရာအနည်းငယ်အကြောင်း ပြောဆိုနိုင်ပြီး အခြားမည်သည့်အရာကိုမျှ ပြောဆိုနိုင်ခြင်း မရှိပေ။ အကယ်၍ ဘုရားသခင်သည် အသစ်သောတစ်စုံတစ်ရာကို ပြုလုပ်ခဲ့ပါက သင်သိသမျှ အယူဝါဒအားလုံးကို ထိုအရာနှင့် ကိုက်ညီအောင် လုပ်နိုင်မည်လော။ သင်၏ထိုအရာများသည် စည်းမျဉ်းများသာဖြစ်၍ သင်သည် လူတို့အား ဓမ္မပညာကို လေ့လာခိုင်းနေခြင်းသာဖြစ်ကာ ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားကို တွေ့ကြုံခံစားခွင့် ပြုနေခြင်း မဟုတ်ပေ။ ထို့ကြောင့် သင်တို့ပြုစုသော ထိုစာအုပ်များသည် အခြားသူများကို ဓမ္မပညာနှင့် အသိပညာ၊ ပုံသေနည်းသစ်များနှင့်၊ စည်းမျဉ်းများနှင့် လုပ်ရိုးလုပ်စဉ်များအတွင်းသို့သာ ခေါ်ဆောင်လာနိုင်၏။ ၎င်းတို့သည် လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်ခြင်း မရှိ၊ သို့တည်းမဟုတ် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို နားလည်ခွင့် မပြုနိုင်ပေ။ ထိုမေးခွန်းများကို တစ်ခုပြီးတစ်ခု ထုတ်ပြီးနောက် သင်ဖြေဆိုပြီး အကြမ်းဖော်ပြချက်များနှင့် အကျဉ်းချုပ်များကို သင်ချရေးခြင်းအားဖြင့် ယင်းကဲ့သို့သော လုပ်ဆောင်ပုံက သင်၏ ညီအစ်ကိုမောင်နှမများကို အလွယ်တကူ နားလည်စေလိမ့်မည်ဟု သင်ထင်နေ၏။ ဤအချက်များသည် မှတ်မိရန် လွယ်ကူသည့်အပြင် တစ်ချက်ကြည့်ရုံမျှဖြင့် ရှင်းနေကာ ယင်းသည် အမှုအရာများကို လုပ်ဆောင်ရာ၌ လွန်စွာကောင်းမွန်သော နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု သင်ထင်၏။ သို့ရာတွင် ၎င်းတို့နားလည်နေသည်မှာ သမ္မာတရား၏ သွယ်ဝိုက်သောအဓိပ္ပာယ် အစစ်အမှန် မဟုတ်၊ လက်တွေ့အရှိတရားနှင့် မကိုက်ညီပေ၊ ယင်းသည် စကားလုံးများနှင့် အယူဝါဒများသာဖြစ်၏။ ထို့ကြောင့် ဤအရာများကို သင်လုံးဝ မလုပ်ဆောင်လျှင် ပိုကောင်းလိမ့်မည်။ ဤသို့ပြုနေခြင်းသည် လူတို့အား အသိပညာကို နားလည်ပြီး ကျွမ်းကျင်တတ်မြောက်စေရန် ဦးဆောင်နေခြင်းဖြစ်၏။ သင်သည် အခြားသူများအား အယူဝါဒများအတွင်း၊ ဘာသာရေးအတွင်းသို့ ခေါ်ဆောင်လာပြီး ဘာသာရေးအယူဝါဒများအတွင်း ဘုရားသခင်နောက်လိုက်စေ၍ ဘုရားသခင်အား ယုံကြည်စေခြင်းဖြစ်၏။ ယင်းမှာ ပေါလုကဲ့သို့ပင် ဖြစ်နေခြင်း မဟုတ်လော။ သမ္မာတရားကို သိခြင်းအရာ၌ ကျွမ်းကျင်တတ်မြောက်ခြင်းသည် အထူးသဖြင့် အရေးပါပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကျမ်းပိုဒ်များစွာကို အာဂုံဆောင်နိုင်ခြင်းသည်လည်း ထို့အတူဖြစ်သည်ဟု သင်ထင်လေသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတို့ မည်သို့နားလည်သည်မှာ လုံးဝအရေးမကြီးပေ။ လူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို အလွတ်ကျက်နိုင်ရန်၊ သြဝါဒများစွာကို ပြောဆိုနိုင်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ ပုံသေနည်းများစွာကို ရှာဖွေတွေ့ရှိနိုင်ရန် အလွန်အမင်း အရေးကြီးသည်ဟု သင်တို့ထင်ကြသည်။ ထို့ကြောင့် လူတိုင်းသည် တူညီသော အသိပညာရှိ၍ တူညီသော စည်းမျဉ်းများကို စောင့်ထိန်းစေရေးအတွက်၊ လူတိုင်း တူညီသော ဓမ္မတေးသီချင်း စာရွက်တစ်ရွက်တည်းမှ သီဆိုနေရန်၊ တူညီသော အကြောင်းအရာများကို ပြောဆိုနေရန်နှင့် တူညီသော အယူဝါဒများအကြောင်း ပြောနေရန် သင်တို့အနေဖြင့် ဤအရာများကို အမြဲစနစ်တကျ စီမံလိုသည်၊ ဤသည်မှာ သင်တို့၏ ရည်မှန်းချက်ဖြစ်သည်။ သင်တို့ ဤသို့ပြုနေခြင်းသည် လူတို့နားလည်မှု ရရှိစေရန်အတွက်ဖြစ်သည်ဟု ထင်ရသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ဤအရာသည် လူတို့အား ဘုရားသခင့်နှုတ်ကပတ်တော်၏ သမ္မာတရားပြင်ပရှိ စည်းမျဉ်းများအလယ်သို့ ခေါ်ဆောင်နေခြင်းဖြစ်သည်ကို သင်တို့လုံးဝမသိပေ။ လူတို့အား သမ္မာတရားကို စစ်မှန်စွာ နားလည်ခွင့်ပြုရန် သင်သည် ၎င်းကို လက်တွေ့အရှိတရား၊ အမှုတော်တို့နှင့် ချိတ်ဆက်ကာ၊ လက်တွေ့ကျသော ပြဿနာများကို ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်အညီ ဖြေရှင်းရမည်။ ဤနည်းအားဖြင့်သာလျှင် လူတို့သည် သမ္မာတရားကို နားလည်ကာ လက်တွေ့အရှိတရားအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး၊ ဤကဲ့သို့သော ရလဒ်တစ်ခုကို ရရှိခြင်းသည်သာ လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ် ခေါ်ဆောင်လာခြင်းဖြစ်သည်။ သင်ပြောဆိုသမျှ အကြောင်းအရာသည် ဝိညာဉ်ရေးရာ အယူအဆများ၊ အယူဝါဒများနှင့် စည်းမျဉ်းများသာ ဖြစ်လျှင်၊ သင်သည် သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်အပေါ်ကိုသာ လုံ့လစိုက်ထုတ်လျှင် လူတို့အား တူညီသော အကြောင်းအရာများကို ပြောစေခြင်းနှင့် တူညီသော စည်းမျဉ်းများကို လိုက်နာစေခြင်းသာ သင်အထမြောက်နိုင်မည်၊ သို့သော် လူတို့အား သမ္မာတရားကို နားလည်စေရန် လမ်းပြနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် လူတို့အား ၎င်းတို့ကိုယ်ကို ပိုမိုကောင်းမွန်စွာ နားလည်စေနိုင်မည် မဟုတ်ဘဲ၊ နောင်တရခြင်းနှင့် ပြောင်းလဲခြင်းတို့ ရရှိစေနိုင်မည် မဟုတ်ပေ။ ဝိညာဉ်ရေးရာ သဘောတရားများအကြောင်း ပြောနိုင်ခြင်းသည် လူများ၏ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အစားထိုးနိုင်ပါက၊ အသင်းတော်များကို ဦးဆောင်ရန် သင်တို့အား လိုအပ်မည် မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်” မှ

ခေါင်းဆောင် တစ်ယောက်သည် သင့်တော်သည့် လူတစ်ယောက် ဖြစ်ကာ၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်နေပြီး၊ သမ္မာတရားကို လိုက်စား၍၊ လက်တွေ့လုပ်ဆောင်နေသောသူဖြစ်ပါက၊ ၎င်းတို့ ဦးဆောင်သည့်လူများကလည်း သင့်တင့် လျောက်ပတ်စွာ စားသောက်လိမ့်မည် ဖြစ်ပြီး၊ သင့်တင့်လျောက်ပတ်စွာ ရှာဖွေလိမ့်မည်ဖြစ်သည်၊ ပြီးလျှင် တစ်ချိန်တည်းမှာပင်၊ ခေါင်းဆောင် ကိုယ်တိုင်၏ တိုးတက်မှုသည် အခြားသူများအတွက် အစဉ် ထင်ရှားသိသာလိမ့်မည်။ ထို့ကြောင့် ခေါင်းဆောင် တစ်ယောက် လျှောက်သင့်သည့် မှန်ကန်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းသည် အခြားသူများကို သမ္မာတရားနှင့် သက်ဆိုင်သည့် နားလည်မှု တစ်ခုဆီသို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှု တစ်ခုဆီသို့ ဦးဆောင်နိုင်ခြင်းနှင့် အခြားသူများကို ဘုရားသခင်ထံသို့ ဦးဆောင်နိုင်ခြင်းတို့ ဖြစ်ပေသည်။ မှားယွင်းသည့် လမ်းကြောင်းတစ်ခုမှာ အဘယ်နည်း။ ယင်းက မိမိကိုယ်ကိုယ် မကြာခဏ ချီးမြှောက်ခြင်း၊ မိမိကိုယ်ကိုယ် သက်သေခံခြင်း၊ ဂုဏ်ဒြပ်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်း အပြင်၊ ဘုရားသခင်ကို မည်သည့်အခါမျှ သက်သေမခံခြင်းတို့ ဖြစ်သည်။ ဤအရာက ၎င်းတို့၏ လက်အောက်မှ လူများအပေါ် မည်သည့် အကျိုးသက်ရောက်မှု ရှိစေသနည်း။ (ယင်းက ထိုလူများကို ၎င်းတို့ ရှေ့သို့ ခေါ်ဆောင်သည်။) လူများသည် ဘုရားသခင်ထံမှ ဝေးရာသို့ လမ်းလွဲကြပြီး၊ ဤခေါင်းဆောင်၏ ထိန်းချုပ်မှု အောက်သို့ လာကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့၏ ခေါင်းဆောင်ရှေ့သို့ ခေါ်ဆောင်ခြင်းခံရသည့် လူများသည် ထိုခေါင်းဆောင်၏ ထိန်းချုပ်ခြင်း ခံရလိမ့်မည် ဖြစ်သည်မှာ မသိသာပါလော။ ပြီးလျှင် ဤအရာက ၎င်းတို့ကို ဘုရားသခင်ထံမှ ဝေးရာသို့ ခေါ်သွားသည်မှာ မှန်ပေ၏။ သင်သည် လူများကို သင်၏ရှေ့သို့ လာဖို့ ဦးဆောင်ပါက၊ သင်သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်းဖြစ်သည်၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ မဟုတ်ဘဲ၊ စာတန်၏ရှေ့သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။ လူများကို သမ္မာတရား၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြခြင်းသည်သာလျှင် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ ဦးဆောင်လမ်းပြနေခြင်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)” မှ

ပို၍များသော သမ္မာတရားကို သင်နားလည်လေ၊ သင်၏တာဝန်ကို မည်သို့ကောင်းစွာ ထမ်းဆောင်ဖို့နှင့် သမ္မာတရား စစ်မှန်မှုထဲ မည်သို့ ဝင်ရောက်ဖို့တို့နှင့်သက်ဆိုင်သည့် သင်၏ နားလည်သဘောပေါက်မှုက သာ၍ ကြီးလာလေ ဖြစ်သည်။ သင်၏နားလည်သဘောပေါက်မှုက ကြီးထွား လာသည်နှင့်အညီ၊ သင်၏ အသက်သည်လည်း ကြီးထွားလာသည်။ သင်၏အသက် ကြီးထွားလာသည်နှင့် သင့်အတွင်းမှ အခြေအနေများသည် တိုး၍ သာမန်ဖြစ်လာပြီး သင့်ကို နှောင့်ယှက်ခဲ့ဖူးသော၊ ထိန်းချုပ်ခဲ့ဖူးသော၊ ကန့်သတ်ခဲ့ဖူးသော လူများနှင့်အမှုအရာများသည် သင့်အတွက် ပြဿနာတစ်ခု မဟုတ်တော့ပေ။ ဤနည်းဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ဖြည်းဖြည်းချင်း သာ၍ သာ၍ ပုံမှန်ဖြစ်လာသည်။ သင်သည် ဘုရားသခင်ကို မည်သို့ မှီခိုရမည်၊ သူ၏အလိုတော်ကို မည်သို့ရှာဖွေရမည်၊ သင်၏နေရာသည် မည်သည့်နေရာတွင်ရှိသည်၊ သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သည်နှင့် မည်သည့်အရာကို မလုပ်ဆောင်သင့်သည်၊ သင်သည် မည်သည့်အရာကို သတိရှိသင့်ပြီး မည်သည့်အရာကို သတိ မရှိသင့်သည်တို့ကို သင်သိလာပြီး၊ အကျိုးဆက်အနေဖြင့် သင်၏အခြေအနေသည် တိုး၍ ပုံမှန်မဖြစ်လာသလော။ ပြီးလျှင် ဤကဲ့သို့ ရှင်သန်ခြင်းသည် သာ၍ မလွယ်ကူသလော။ လွယ်ကူသည့်အသက်တာတစ်ခုကို ရှင်သန်ခြင်း၌၊ သင်၏စိတ်နှလုံးသည် ကြည်လင်ရွှင်ပျလာပြီး သာ၍ ကျယ်ဝန်းလာကာ၊ ထို့နောက်တွင် သင်သည် ရံဖန်ရံခါ သာ၍ ပျော်ရွှင်လာသည် မဟုတ်လော။ သင်သည် ရံဖန်ရံခါ သာ၍ ပျော်ရွှင်လာသည့်အခါ၊ လူများက သင်၏ စိတ်သဘောထားအမြင် တစ်ခုလုံးကို ပျော်မွေ့ကြလေသည်။ သင်သည် အခြားသူများကို မြင်သာစွာ တည်ဆောက် ပေးနိုင်လာသည်။ ထိုသို့သော အချိန်များတွင် သင်၏ စကားများနှင့် အပြုအမူများသည် ချင့်ချင့်ချိန်ချိန် ဖြစ်လာပြီး ကိုယ်ကျင့်တရားကောင်းလာသည်၊ ပြီးလျှင် အပျက်သဘောဆောင်ပြီး အားနည်သည့်သူ တစ်စုံတစ်ဦးကို သင်တွေ့သည့်အခါ၊ သင်သည် ပဓာနကျသည့် အကူအညီအချို့ကို ထောက်ပံ့ ပေးနိုင်သည်။ သင်သည် လူများကို ဩဝါဒ မခြွေသကဲ့သို့ ကန့်သတ်ထားခြင်းလည်း မရှိသော်လည်း၊ ၎င်းတို့ကို ကူညီဖို့နှင့် အကျိုး ဖြစ်ထွန်းစေဖို့ သင်၏ကိုယ်ပိုင် တကယ့် အတွေ့အကြုံများကို အသုံးပြုလေသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏အိမ်တော်ရှိ အားထုတ်ကြိုးပမ်းသည့်သူ တစ်စုံတစ်ဦး မဖြစ်တော့ဘဲ၊ ဘုရားသခင်၏အိမ်တော်တွင် အသုံးတည့်သည့်၊ ဝန်ထမ်းနိုင်သည့်၊ သာ၍ အဓိပ္ပာယ်ရှိသည့် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်သည့်သူတစ်ဦး ဖြစ်ပေသည်။ ထိုသို့သောလူများသည် အခြားသူများ၏ နှစ်သက်ခြင်းနှင့် ကြိုဆိုခြင်းကို မခံရသလော။ ပြီးလျှင် ဘုရားသခင်သည် ထိုသို့သော လူများအပေါ် မည်သို့ကြည့်သနည်း။ (၎င်းတို့သည် ဘုရားသခင်ကို ဝမ်းမြောက်စေသည်။) ၎င်းတို့က သူ့ကို အဘယ့်ကြောင့် ဝမ်းမြောက်စေသနည်း။ သင်သည် အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိပြီးဖြစ်ပါက၊ သင်သည် ဘုရားသခင်နှင့် သမ္မာတရား ရှေ့မှောက်တွင် မကြာခဏ ရှင်သန်သည့်သူဖြစ်ပြီး၊ အခြားသူများကိုလည်း ထိုသို့ ပြုမူဖို့ လမ်းညွှန်သည့်သူတစ်ဦး ဖြစ်ပါက၊ သင်သည် ၎င်းတို့အား ဘုရားသခင်၏ ရှေ့မှောက်သို့ ဦးမဆောင်သလော။ သင်သည် ဤသမ္မာတရားများ၊ ထိုသို့သော အတွေ့အကြုံများကို မပိုင်ဆိုင်ပါက၊ သင်သည် အခြားသူများကို ဘုရားသခင်ရှေ့မှောက်သို့ ဦးဆောင်နိုင်သလော။ သင်ကိုယ်တိုင်က ဘုရားသခင် ရှေ့မှောက်တွင် ရှင်သန်နိုင်စွမ်းမရှိပါက၊ သင်သည် အခြားသူများကို ဘုရားသခင် ရှေ့မှောက်သို့ ဦးဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် အားထုတ်ကြိုးပမ်းရုံမျှသာ ရှိကာ၊ အချိန်အများစုတွင် ယင်းအတွက်သာ ထိုသို့လုပ်ဆောင်ခြင်းဖြစ်ပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ရှင်သန်သူတစ်ဦး မဟုတ်ပေ။ ဘုရားသခင် ရှေ့မှောက်တွင် မရှင်သန်သည့်လူများသည် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်သလော။ ၎င်းတို့သည် သူ၏စစ်ဆေးမှုများအောက်တွင် ကြံ့ကြံ့ခံနိုင်သလော။ ၎င်းတို့သည် သူ၏စမ်းသပ်မှုများ ကြားတွင် ခိုင်မာစွာ ရပ်တည်နိုင်သလော။ (မရပ်တည်နိုင်ပါ။) ထို့ကြောင့် ထိုသို့သောလူများသည် ဘုရားသခင်၏ကိုယ်စား သက်သေခံနိုင်ကြသလော။ (မခံနိုင်ပါ။) ဘုရားသခင်ကို သက်သေမခံနိုင်သည့်သူများသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ ဖြစ်သလော။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၏ တံခါးဝကို မဝင်ရသေးပေ။ ယင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း၊ မည်သည့် အသက်ဝင်ရောက်မှုကိုမျှ စွမ်းဆောင်ရရှိပြီးခြင်း မရှိသေးသကဲ့သို့၊ ၎င်းတို့သည် ဘုရားသခင်ကို သက်သေမခံနိုင်ပေ သို့မဟုတ် အခြားသူများအား သူနှင့်ပတ်သက်၍ သက်သေမခံနိုင်ပေ။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံများ မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်” မှ

အရှေ့သို့- ၉၄။ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၉၆။ ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်