၆။ ဘုရားသခင်နှင့်အတူ မိတ်သဟာယပြုခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်ထံ သူ၏ နှုတ်ကပတ်တော်များဖြင့် ဆုတောင့်လော့၊ သမ္မာတရားကို ရှာဖွေပြီး သူ၏ အလိုတော်ကို သဘောပေါက်ရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် ကြိုးပမ်းလော့။ ဤသည်မှာ ဘုရားသခင်နှင့်အတူ အစစ်အမှန် မိတ်သဟာယပြုခြင်း ဖြစ်သည်။

(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့တွင်၊ တစ်ဦးတစ်ယောက်သည် ယင်းတို့ကို ဆုတောင်းဖတ်ရှုဖို့ သင်ယူရမည်။ ဤနည်းဖြင့် ဆုတောင်းခြင်းအားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့ကို အလွယ်တကူ ရရှိပေသည်။

(၃) ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်၏။ ဘုရားသခင်ထံ သူ၏ နှုတ်ကပတ်တော်များဖြင့် မကြာခဏ ဆုတောင်းခြင်းအားဖြင့်သာ တစ်ဦးတစ်ယောက်သည် သူ၏ အလိုတော်ကို သိနားလည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို စွမ်းဆောင်ရရှိနိုင်ပေသည်။

(၄) စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းအလယ်တွင် ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် သူ၏ အလိုတော်ကို သဘောပေါက်ခြင်း၊ ပြီးလျှင် သူနှင့်အတူ စစ်မှတ်သော မိတ်သဟာယကို စွမ်းဆောင်ရရှိခြင်းအားဖြင့်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်နှင့်အတူ ထိတွေ့မှုရှိနေချိန်တွင် ဘုရားသခင်ကို အလွယ်တကူ သိကျွမ်းနိုင်ပြီး သူ့ထံ ဆုတောင်းနိုင်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့သည် ဘုရားသခင်နှင့် ဆက်ဆံရေးကို မည်သို့ ထိန်းသိမ်းနိုင်သနည်း။ ပြီးလျှင် ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ဖို့ မည်သည့်အရာကို မှီခိုသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်ထံ အသနားခံ တောင်းလျှောက်ခြင်း၊ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့် ဆွေးနွေးပြောဆိုခြင်းတို့အပေါ်တွင် မှီခိုသင့်သည်။ ဤသို့သော ဆက်ဆံရေးတစ်ခု၌၊ လူတို့သည် ဘုရားသခင် ရှေ့မှောက်တွင် အမြဲ အသက်ရှင်ကြပြီး၊ ထိုသို့သော လူတို့သည် အလွန် ငြိမ်းချမ်းကြသည်။ လူအချို့က အပြင်ပန်း အလုပ်တာဝန်များဖြင့် မိမိတို့ကိုယ်ကိုယ် အလုပ်ရှုပ်စေလျက်၊ အပြင်ပန်း လုပ်ဆောင်ချက်များ၌ ၎င်းတို့၏ အချိန်တစ်ခုလုံးကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ အသက်တာ မရှိဘဲ တစ်ရက် သို့မဟုတ် နှစ်ရက်ပြီးနောက်တွင် မည်သည့်အရာကိုမျှ မခံစားရပေ၊ သုံးလေးရက်ပြီးနောက် သို့မဟုတ် တစ်လ နှစ်လ ပြီးနောက်တွင်၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရသေးပေ။ ၎င်းတို့သည် ဆုမတောင်းရသေးသကဲ့သို့၊ အသနားခံ တောင်းလျှောက်ခြင်းလည်း မပြုရသေးဘဲ သို့မဟုတ် ဝိညာဉ်ရေးရာ မိတ်သဟာယ မပြုရသေးပေ။ အသနားခံတောင်းလျှောက်ခြင်းသည် သင်၌ တစ်စုံတစ်ရာ ဖြစ်ပြီး၊ သင့်ကို ကူညီဖို့၊ လမ်းညွှန်ဖို့၊ ထောက်ပံ့ဖို့၊ ဉာဏ်အလင်းပေးဖို့နှင့် သူ၏အလိုတော်ကို သင့်အား နားလည်ခွင့်ပေးဖို့နှင့် သမ္မာတရားနှင့်အညီ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သင့်အား သိခွင့်ပေးဖို့ သင်က ဘုရားသခင်ကို တောင်းလျှောက်သည့်အခါ ဖြစ်သည်။ ဆုတောင်းခြင်း၏ အတိုင်းအတာသည် သာ၍ ကျယ်ပြန့်သည်- တစ်ခါတစ်ရံတွင် သင်သည် သင်၏ အခက်အခဲများ သို့မဟုတ် အပျက်သဘောဆောင်ခြင်းနှင့် အားနည်ချက်ကို ဘုရားသခင်အား ပြောပြလျက်၊ သင်၏စိတ်နှလုံးထဲတွင် စကားများပြောသည်။ ထိုနည်းတူ သင် ပုန်ကန်လိုတတ်သောအခါ၊ ဘုရားသခင်ထံ သင် ဆုတောင်းသည်၊ သို့မဟုတ်ပါက သင်၌ နေ့စဉ် ဖြစ်ပျက်နေသည့် အမှုအရာများသည် သင့်အတွက် ရှင်းလင်းသည်ဖြစ်စေ မရှင်းလင်းသည်ဖြစ်စေ ယင်းတို့အကြောင်းကို သင်သည် ဘုရားသခင်အား ပြောပြသည်။ ဤသည်မှာ ဆုတောင်းခြင်း ဖြစ်ပေ၏။ ဆုတောင်းခြင်း၏ အတိုင်းအတာသည် အခြေခံအားဖြင့် ဘုရားသခင်ကို စကားပြောဆိုခြင်းနှင့် ရင်ဖွင့်ခြင်းတို့ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ယင်းကို ပုံမှန်အချိန်များတွင် လုပ်ဆောင်သည်၊ တစ်ခါတစ်ရံတွင် မလုပ်ဆောင်ပေ။ သင်ဆန္ဒရှိသည့်အခါတိုင်းနှင့် နေရာတိုင်းတွင် သင်ဆုတောင်းနိုင်သည်။ ဝိညာဉ်ရေးရာ ဆွေးနွေးမှုသည် လွန်ကဲစွာ ခမ်းကြီးနားကြီး မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ယင်းမှာ သင်၌ ပြဿနာတစ်ခုရှိသောကြောင့် ဖြစ်သည်၊ တစ်ခါတစ်ရံတွင် မဟုတ်ပေ။ တစ်ခါတစ်ရံတွင် ယင်းသည် စကားလုံးများ ပါဝင်သည်၊ တစ်ခါတစ်ရံတွင် မပါဝင်ပေ။ သင်၌ ပြဿနာတစ်ခုရှိသည့်အခါ၊ ယင်းအကြောင်းကို ဘုရားသခင်နှင့် ပြောပြီး ဆုတောင်းသည်။ သင်၌ ပြဿနာမရှိသည့်အခါ၊ ဘုရားသခင်သည် လူတို့ကို မည်သို့ချစ်သည်၊ သူသည် လူတို့နှင့်ပတ်သက်၍ မည်သို့ စိုးရိမ်ပူပန်သည်၊ သူသည် လူတို့ကို မည်သို့ ပြစ်တင်မောင်းမဲသည်တို့အကြောင်း သင်တွေးသည်။ သင်သည် ဘုရားသခင်နှင့် အချိန်မရွေး သို့မဟုတ် နေရာမရွေး ဆွေးနွေးပြောဆိုနိုင်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ ဆွေးနွေးမှုဆိုသည့်အရာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် လှည့်ပတ် သွားလာစဉ် သင့်ကို စိတ်မကောင်းဖြစ်စေသည့် တစ်စုံတစ်ခုအကြောင်း သင်တွေးမိသည့်အခါ၊ သင်သည် ဒူးထောက်ဖို့ သို့မဟုတ် မျက်စိမှိတ်ဖို့ မလိုအပ်ပေ။ သင်၏စိတ်နှလုံးထဲတွင်- “အိုဘုရားသခင်၊ ဤအရာတွင် ကျွန်ုပ်ကို ကျေးဇူးပြု၍ လမ်းညွှန်တော်မူပါ။ ကျွန်ုပ်သည် အားနည်းပါသည်၊ ယင်းကို ကျွန်ုပ် မကျော်လွှားနိုင်ပါ” ဟု ဘုရားသခင်ကို ပြောဖို့သာ လိုအပ်သည်။ သင်၏စိတ်နှလုံးသည် တို့ထံခံရသည်။ သင်သည် ရိုးရှင်းသော စကားလုံးအနည်းငယ်ကိုသာ ပြောသည်၊ ပြီးလျှင် ဘုရားသခင် သိလေ၏။ တစ်ခါတစ်ရံတွင် သင် အိမ်ကိုလွမ်းပြီး၊ “အိုဘုရားသခင်။ ကျွန်ုပ် အိမ်ကို အရမ်းလွမ်းပါသည်...” ဟု ပြောသည်။ သင် အတိအကျအားဖြင့် မည်သူ့ကို လွမ်းသည်ကို သင်မပြောပေ။ သင်သည် စိတ်အားညှိုးငယ်ပြီး ဤအကြောင်းကို ဘုရားသခင်ကို ပြောသည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏စိတ်နှလုံးတွင် ရှိသည့်အရာကို ပြောသည့်အခါမှသာ၊ ပြဿနာများသည် ပြေလည်နိုင်သည်။ အခြားသူများကို စကားပြောခြင်းသည် ပြဿနာများကို ဖြေရှင်းနိုင်သလော။ သမ္မာတရားကို နားလည်သည့် တစ်စုံတစ်ဦးကို သင်ကြုံရပါက အဆင်ပြေသည်၊ သို့ရာတွင် ၎င်းတို့က နားမလည်ပါက၊ သင်သည် အပျက်သဘောဆောင်ပြီး ပျော့ညံ့သည့် တစ်စုံတစ်ဦးကို ကြုံပါက၊ ၎င်းတို့အပေါ် သင်သည် သက်ရောက်မှု တစ်ခုရှိနိုင်သည်။ သင်သည် ဘုရားသခင်ကို စကားပြောပါက၊ ဘုရားသခင်က သင့်ကို နှစ်သိမ့်လိမ့်မည်၊ ပြီးလျှင် သင့်ကို တို့ထိလိမ့်မည်။ ဘုရားသခင် ရှေ့မှောက်တွင် ဘုရားနှုတ်ကပတ်တော်များကို သင် ဆိတ်ငြိမ်စွာ ဖတ်နိုင်ပါက၊ သင်သည် သမ္မာတရားကို နားလည်နိုင်ပြီး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤအခက်အခဲလေးကို ကျော်လွှားဖို့၊ ဖြတ်ကျော်ရန် နည်းလမ်းတစ်ခုကို သင့်အား ရှာတွေ့ခွင့်ပေးလိမ့်မည်။ အခက်အခဲသည် သင့်အား အမှားလုပ်မိစေမည်မဟုတ်၊ ယင်းသည် သင့်ကို ချုပ်ထိန်းထားမည် မဟုတ်သကဲ့သို့ သင်၏တာဝန်ကို သင်၏ဖြည့်ဆည်းခြင်းတွင် သက်ရောက်မှုရှိမည် မဟုတ်ပေ။ သင်သည် ရုတ်ခြည်း အနည်းငယ် စိတ်အားညှိုးငယ်ခြင်း သို့မဟုတ် အတွင်း၌ စိတ်မအေးခြင်း ခံစားရသည့်အချိန်များ ရှိသည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်ထံ ဆုတောင်းဖို့ ချီတုံချတုံမဖြစ်နှင့်။ ယင်းက သင်သည် ဘုရားသခင်ထံ အသနားခံတောင်းလျှောက်ခြင်း မပြုခြင်း ဖြစ်နိုင်သည်၊ သင်သည် ဘုရားသခင်ကို မည်သည့်အရာမျှ လုပ်ဆောင်စေဖို့ ဆန္ဒမရှိခြင်း သို့မဟုတ် သင့်အား မည်သည့်အရာနှင့်မျှ ဉာဏ်အလင်းပေးစေဖို့ ဆန္ဒမရှိခြင်း ဖြစ်နိုင်သည်၊ သင်သည် မည်သည့်နေရာတွင် ရှိနေပါစေ၊ အချိန်မရွေး ဘုရားသခင်ကို စကားသာပြောပြီး ရင်ဖွင့်လော့။ သင်သည် တစ်ချိန်လုံး မည်သည့်အရာကို ခံစားရမည်နည်း။ ယင်းမှာ “ဘုရားသခင်သည် ကျွန်ုပ်နှင့် အမြဲရှိသည်၊ ကျွန်ုပ်ကို သူ မည်သည့်အခါမျှ မစွန့်ခွာသွားဖူးပါ၊ ယင်းကို ကျွန်ုပ် ခံစား၍ရပါသည်။ ကျွန်ုပ်သည် အနားယူနေနိုင်သည်၊ စုရုံးပွဲတစ်ခုတွင် ရှိနေနိုင်သည်၊ သို့မဟုတ် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေနိုင်သည်၊ ကျွန်ုပ် မည်သည့်နေရာကို ရောက်နေပါစေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေပါစေ၊ ကျွန်ုပ်၏ လက်ကို ဘုရားသခင်က ဦးဆောင်လမ်းပြသည်၊ ကျွန်ုပ်ကို သူ မည်သည့်အခါမျှ မစွန့်ခွာသွားသည်ကို ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကျွန်ုပ်သိပါသည်။” တစ်ခါတစ်ရံတွင် ပြီးခဲ့သည့် နှစ်အနည်းငယ်တစ်လျှောက် နေ့စဉ်နေ့တိုင်း သင်မည်သို့ ကျော်ဖြတ်ပြီးဖြစ်သည်ကို ပြန်ပြောင်း တွေးလျက်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာပြီး ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ လမ်းညွှန်ခြင်း ခံနေခဲ့ရသည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်ကို တစ်လျှောက်လုံး ကွယ်ကာပြီးဖြစ်သည်ကို သင်ခံစားရသည်။ ဤအရာများကို တွေးလျက်၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ ကျေးဇူးတော် ချီးမွမ်းလျက်၊ “အိုဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်သည် အလွန် နက်နဲစွာ ဖောက်ပြန်ပျက်စီးလျက် အလွန်အားနည်းပြီး ချည့်နဲ့ပါသည်။ ကျွန်ုပ်ကို ဤကဲ့သို့ လမ်းညွှန်ရန် ကိုယ်တော် မရှိဘဲ၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် မှီခိုလျက် ယနေ့အထိ ရောက်ရှိခဲ့လိမ့်မည် မဟုတ်ပေ။” ဟု ဆုတောင်းသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ ဆွေးနွေးမှု မဟုတ်လော။ လူတို့သည် ဤနည်းဖြင့် မကြာခဏ ဆွေးနွေးပြောဆိုနိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်ကို ပြောစရာ များစွာရှိလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ပြောစရာတစ်ခုမျှ မရှိဘဲ၊ ၎င်းတို့သည် ရက်များစွာ အသက်ရှင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို သင်ပြောစရာ တစ်ခုမျှ မရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် မရှိပေ။ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် ရှိပြီး သင်သည် ဘုရားသခင်အား ယုံကြည်ပါက၊ သင်သည် သင်၏လူယုံတော်များကို ပြောမည့် ထိုအမှုအရာများ အပါအဝင်၊ သင်၏စိတ်နှလုံးထဲမှ ရှိသမျှအားလုံးကို သူ့အား ပြောနိုင်ပေလိမ့်မည်။ အမှန်တွင် ဘုရားသခင်သည် သင်၏ အနီးစပ်ဆုံး လူယုံတော် ဖြစ်သည်။ ဘုရားသခင်ကို သင်၏ အနီးစပ်ဆုံး လူယုံတော်အဖြစ်၊ သင်အားအထားဆုံး ၊ အားအကိုးဆုံး၊ အယုံကြည်ဆုံး၊ စိတ်ချအယုံကြည်ဆုံး သင်၏မိသားစုအဖြစ်၊ သင်နှင့်အရင်းနှီးဆုံးသူအဖြစ် ဆက်ဆံပါက၊ သင်၌ ဘုရားသခင်ကို ပြောစရာစကား တစ်ခုမျှ မရှိသည်မှာ မဖြစ်နိုင်ပေ။ သင်၌ ဘုရားသခင်ကို ပြောစရာတစ်စုံတစ်ခု အစဉ်ရှိပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် အမြဲ အသက်ရှင်မည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမြဲ အသက်ရှင်နိုင်ပါက၊ အခိုက်အတန့်တိုင်းတွင် ဘုရားသခင်က သင့်ကို မည်သို့ လမ်းပြသည်၊ သင့်ကို မည်သို့ စောင့်ရှောက်ပြီး ကွယ်ကာသည်၊ သင့်ထံ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သူမည်သို့ ဆောင်ကြဉ်းသည်၊ သင့်ကို သူမည်သို့ ကောင်းချီးပေးသည်၊ သင့်ကို သူမည်သို့ ဉာဏ်အလင်းပေးသည်၊ ပြီးလျှင် သင့်ကို သူ မည်သို့ ပြစ်တင်မောင်းမဲသည်၊ သင့်ကို မည်သို့ ဆုံးမပဲ့ပြင်သည်၊ သင့်ကို မည်သို့ရိုက်နှက်သည်၊ ပြီးလျှင် သင့်ကို မည်သို့ စီရင်ပြီး ပြစ်တင်ဆုံးမသည်တို့ကို သင်ခံစားရလိမ့်မည်။ ဤအရာအားလုံးသည် သင်၏စိတ်နှလုံးထဲတွင် သင့်အဖို့ ရှင်းလင်းပြီး သိသာထင်ရှားလိမ့်မည်။ သင်သည် မည်သည့်အရာကိုမျှ မသိဘဲ၊ ဘုရားသခင်ကို ယုံကြည်သည်ဟုသာ ပြောရင်း၊ သင်၏ တာဝန်ကို ဖြည့်ဆည်းပြီး အပြင်ပန်းအတွက်သာ စုဝေးပွဲများ တက်ရင်း၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဆုတောင်းရင်း ဟန်ဆောင်နေရုံမျှ ဟန်ဆောင်ရင်း၊ နေ့စဉ်နေ့တိုင်းကို အိုးနင်းခွက်နင်း ပြီးမြောက်သွားလိမ့်မည် မဟုတ်ပေ၊ သင်၏နေ့စဉ်သည် ဤသို့သော အပြင်ပန်း ဘာသာရေး ဟိတ်ဟန်မျိုးမျှသာ ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုအစား သင်၏စိတ်နှလုံးထဲတွင် သင်သည် အခိုက်အတန့်တိုင်းတွင် ဘုရားသခင်ကို ကိုးစားပြီး ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်၊ သင်သည် အချိန်တိုင်း ဘုရားသခင်နှင့် ဆွေးနွေးပြောဆိုလိမ့်မည်၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည် ဖြစ်ကာ ဘုရားသခင် ရှေ့တွင် အသက်ရှင်နိုင်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်” မှ

လူတို့သည် ဆုတောင်းသည့် အလေ့အကျင့်ကို လုပ်ဆောင် နိုင်ကောင်း လုပ်ဆောင်နိုင်ပြီး ဆုတောင်းခြင်း၏ အရေးပါမှုကို နားလည်နိုင်ကောင်း နားလည်နိုင်သည်၊ သို့သော် ဆုတောင်းခြင်း ထိရောက်ဖို့မှာ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ဆုတောင်းခြင်းသည် ဟန်ဆောင်လုပ်ပြခြင်း၊ လုပ်ထုံးလုပ်နည်းကို လိုက်လျှောက်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာဂုံဆောင်ခြင်း ကိစ္စရပ်သာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဆုတောင်းခြင်းသည် အချို့သော စကားများကို သံယောင်လိုက်ခြင်း မဟုတ်သကဲ့သို့ အခြားသူများကို တုပခြင်း မဟုတ်ပေ။ ဆုတောင်းရာတွင် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့အလို့ငှာ မိမိ၏ နှလုံးသားကို ဖွင့်ထားလျက် ဘုရားသခင်ထံ မိမိ၏ နှလုံးသားကို ပေးနိုင်သည့် အခြေအနေကို ရောက်ရမည် ဖြစ်သည်။ ဆုတောင်းခြင်း ထိရောက်ဖို့ဆိုပါက၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပေါ်တွင် အခြေခံရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ ဆုတောင်းခြင်းဖြင့်သာ၊ သာ၍ ကြီးမားသည့် ဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်ပေသည်။ စစ်မှန်သည့် ဆုတောင်းချက်တစ်ခု၏ သရုပ်သကန်များမှာ- ဘုရားသခင် တောင်းဆိုသည့် အရာအားလုံးကို တမ်းတသည့်အပြင်၊ သူ တောင်းဆိုသည့်အရာကို ပြီးမြောက်ဖို့ ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု ရှိခြင်း၊ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အရာကို စက်ဆုပ်ရွံရှာခြင်း၊ ထို့နောက် ဤအခြေခံအုတ်မြစ်အပေါ် တည်ဆောက်ရင်း ယင်းအပေါ် သိနားလည်မှုတစ်ခုကို ရရှိခြင်းနှင့် ဘုရားသခင် အသေးစိတ်ရှင်းပြသည့် သမ္မာတရားများနှင့် စပ်လျဉ်း၍ သိနားလည်မှုနှင့် ရှင်းလင်းမှုတစ်ခု ရှိခြင်းတို့ဖြစ်သည်။ သန္နိဋ္ဌာန်၊ ယုံကြည်ခြင်း၊ အသိပညာနှင့် ဆုတောင်းပြီးနောက် ရရှိသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသည့်အခါမှသာ စစ်မှန်သော ဆုတောင်းခြင်းဟု ခေါ်ဆိုနိုင်ပြီး၊ ဤဆုတောင်းခြင်းမျိုးသာ ထိရောက်နိုင်ပေသည်။ သို့သော် ဆုတောင်းခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းအပေါ် တည်ဆောက်ထားရမည်၊ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ၌ မိတ်သဟာယဖွဲ့ခြင်း အခြေခံ အုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး၊ ဘုရားသခင်ကို ရှာဖွေနိုင်၍ သူ၏ရှေ့မှောက်တွင် ငြိမ်သက်လာနိုင်သည့် စိတ်နှလုံးပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်သည်။ ဤဆုတောင်းခြင်းမျိုးသည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယဖွဲ့သည့် အဆင့်ကို ၀င်ရောက်နှင့်ပြီး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍” မှ

သင်တို့သည် ပို၍ မိတ်သဟာယဖွဲ့ကာ၊ သင်တို့ကိုယ်တိုင်၏ ဝိညာဉ်ရေးရာ ဆည်းကပ်ချိန်များအတွင်း တစ်ဦးချင်းစီ စားသောက်နိုင်ပြီး၊ အခရာကျသော သမ္မာတရားများကို နားလည်သဘောပေါက်နိုင်ကာ ယင်းတို့ကို ချက်ချင်းပင် လက်တွေ့လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။ သင်တို့သည် ငါ့နှုတ်ကပတ်တော်၏ စစ်မှန်မှုနှင့် အကျွမ်းတဝင်ရှိရမည်- ယင်း၏ တကယ့်အချက်အချာနှင့် ယင်း၏ အခြေခံသဘောတရားများကို ဖမ်းဆုပ်ပြီး သင်၏ ဆုပ်ကိုင်ထားမှုကို မလျှော့ပေးလေနှင့်။ အစဉ်အမြဲ တစိမ့်စိမ့်ချင့်ချိန်လျက်၊ ငါနှင့် အစဉ်အမြဲ မိတ်သဟာယဖွဲ့လော့၊ ထို့နောက် အမှုအရာများသည် တဖြည်းဖြည်း ထုတ်ဖော်ခြင်းခံရမည်။ သင်သည် ဘုရားသခင်နှင့် တစ်ခဏတာမျှ နီးကပ်လာပြီးနောက် သင်၏ နှလုံးသားကို သူ၏ ရှေ့မှောက်တွင် ငြိမ်ဝပ်လာအောင် စောင့်ဆိုင်းခြင်းမရှိဘဲ အခြားအရာတစ်ခုခု သင့်အပေါ် ဖြစ်ပျက်သည့်အခါ စိတ်အနှောင့်အယှက် ဖြစ်၍မရပေ။ သင်သည် အစဉ်အမြဲ ဇဝေဇဝါဖြစ်လျက် အမှုအရာများအပေါ် ရှင်းလင်းခြင်းမရှိသည့်အပြင် ငါ၏မျက်နှာကို မမြင်နိုင်ပေ။ ထိုသို့ဖြစ်၍ သင်သည် ငါ၏ စိတ်နှလုံးကို ရှင်းလင်းစွာ သဘောပေါက် နားလည်ခြင်းကို မရရှိနိုင်ပေ။ ထို့ပြင် သင်သည် ယင်းကို အနည်းငယ် နားလည်သဘောပေါက်နိုင်သော်လည်း သင်သည် မသေချာဘဲ သံသယဖြစ်သေးသည်။ သင်၏နှလုံးသားကို ငါသည် အပြည့်အဝ ပိုင်ဆိုင်ပြီး၊ သင်၏ စိတ်အာရုံသည် မည်သည့်လောကီအရာတို့၏ နှောက်ယှက်ခြင်းကိုမျှ မခံရတော့ဘဲ၊ သင်သည် ကြည်လင်ပြတ်သားပြီး ငြိမ်သက်သော စိတ်အာရုံဖြင့် စောင့်စားနိုင်သောအခါမှသာ ငါသည် သင်တို့အား ငါ၏ ရည်ရွယ်ချက်များနှင့်အညီ ထုတ်ဖော်ခြင်းများကို တစ်ခုပြီးတစ်ခု ပြုမည်ဖြစ်သည်။ သင်တို့သည် ငါနှင့် ဤရင်းနှီးကျွမ်းဝင်ခြင်းလမ်းကြောင်းကို နားလည်သင့်သည်။ သင့်အား မည်သူ ရိုက်နှက်သည် သို့မဟုတ် ဆဲဆိုသည်ဖြစ်စေ၊ သို့မဟုတ် သင့်အား လူတို့ ပေးသောအရာများ မည်မျှပင် ကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့သည် သင့်အား ဘုရားသခင်နှင့် နီးကပ်ခြင်းမှ တားဆီးထားပါက ယင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သင်၏စိတ်နှလုံးကို ငါ၏လက်ထဲ၌ ရှိစေလော့၊ ပြီးလျှင် ငါ့အပါးမှ လုံးဝ မထွက်ခွာလေနှင့်။ ဤကဲ့သို့သော ရင်းနှီးကျွမ်းဝင်ခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့်၊ သင်၏ မိဘများ၊ ခင်ပွန်း၊ သားသမီးများ၊ အခြားသော မိသားစုဆက်သွယ်မှုနှင့် လောကီရေးရာ အနှောင်အဖွဲ့များအားလုံး လွင့်ပါးသွားလိမ့်မည်။ သင်သည် သင်၏ စိတ်နှလုံးထဲတွင် ဖော်ပြ၍ မရနိုင်လုနီးဖြစ်သော ချိုမြိန်မှုကို ခံစားရမည် ဖြစ်ပြီး၊ မွှေးကြိုင်ပြီး ကောင်းမွန်သော အရသာကို တွေ့ကြုံခံစားရမည် ဖြစ်သည်။ ထိုမျှမက သင်သည် အမှန်တကယ် ငါ့ထံမှ ခွဲခွာ၍ရနိုင်မည် မဟုတ်ပေ။ ဤပုံစံအတိုင်း ဆက်သွားပါက၊ သင်တို့သည် ငါ၏ စိတ်နှလုံးထဲတွင် ရှိသောအရာကို နားလည် သဘောပေါက်လိမ့်မည်။ ငါသည် သင်တို့၏ လမ်းခရီးဖြစ်ပြီး အရာခပ်သိမ်းသည် ငါ့ကြောင့် ဖြစ်တည်နေသောကြောင့် သင်တို့သည် ဆက်လက်၍ တိုးတက်လာသည်နှင့်အမျှ မည်သည့်အခါမျှ လမ်းပျောက်လိမ့်မည်မဟုတ်။ သင်၏အသက်တာ မည်မျှရင့်ကျက်သည်၊ သင်သည် မည်သည့်အချိန်၌ လောကီရေးရာများမှ ထွက်ပြေးလွတ်မြောက်နိုင်မည်၊ သင်၏ စိတ်လှုပ်ရှားမှုများကို မည်သည့်အချိန်၌ ဖယ်ရှားနိုင်မည်၊ သင်၏ ခင်ပွန်းနှင့် သားသမီးများကို မည်သည့်အချိန်၌ ချန်ထားခဲ့နိုင်မည်၊ သင်၏အသက်တာ မည်သည့်အချိန်၌ ရင့်ကျက်လာမည်...စသည့်အရာအားလုံးတို့သည် ငါ၏ အချိန်နာရီနှင့်အညီ ဖြစ်ပျက်လာလိမ့်မည်။ စိုးရိမ်ကြောင့်ကြရန် မလိုအပ်ပေ။

သင်သည် အပြုသဘောဆောင်သည့်ဘက်မှ ဝင်ရောက်မှုကို ရယူရမည်။ မလှုပ်မယှက် စောင့်စားနေခဲ့လျှင် သင်သည် အပျက်သဘောဆောင်နေဆဲသာ ဖြစ်သည်။ သင်သည် ငါနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးယူရာ၌ လိုလားတက်ကြွနေရမည် ဖြစ်သည်။ လုံ့လဝီရိယရှိပြီး ဘယ်သောအခါမျှ မပျင်းရိလေနှင့်။ ငါနှင့် အမြဲတစေ မိတ်သဟာယဖွဲ့ပြီး၊ ငါနှင့် ပို၍ပင် နက်ရှိုင်းသော ရင်းနှီးကျွမ်းဝင်ခြင်းကို ရယူလော့။ အကယ်၍ သင်နားမလည်ပါက၊ မြန်ဆန်သော ရလဒ်များ ရရှိရန် ဆန္ဒမစောလေနှင့်။ ငါသည် သင့်အား မပြောပြဘဲ နေမည် မဟုတ်။ သင်သည် ငါ့မျက်မှောက်တွင်ရှိစဥ် ငါ့အပေါ် အမှီပြုခြင်း ရှိမရှိနှင့်၊ ငါ့အပေါ် သင်၏ မှီခိုအားထားမှုတွင် သင်သည် ယုံကြည်စိတ်ချခြင်း ရှိမရှိကို ငါမြင်တွေ့လိုခြင်း ဖြစ်သည်။ သင်သည် အစဉ်အမြဲ ငါနှင့် နီးကပ်စွာ ရှိနေပြီး၊ အမှုအရာခပ်သိမ်းကို ငါ့လက်ထဲတွင် ထားရှိရမည်။ အချည်းနှီး ပြန်လှည့်မသွားနှင့်။ သင်သည် အချိန်ကာလတစ်ခုအထိ သတိမမူမိဘဲ ငါနှင့် နီးကပ်စွာရှိနေပြီးနောက်တွင် သင့်အား ငါ၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသမည်။ သင်သည် ယင်းတို့ကို သဘောပေါက်နားလည်လျှင် ငါနှင့် အမှန်တကယ် မျက်နှာချင်းဆိုင် တွေ့ဆုံရမည်ဖြစ်ပြီး၊ သင်သည် ငါ၏ မျက်နှာကို အမှန်တကယ် တွေ့ရှိပြီး ဖြစ်လိမ့်မည်။ သင်သည် အတွင်းထဲ၌ များစွာသော ရှင်းလင်းမှုနှင့် တည်ကြည်ခိုင်မာမှုကို ရရှိလိမ့်မည်ဖြစ်ပြီး၊ သင်၌ မှီခိုအားထားစရာ တစ်စုံတစ်ရာ ရှိလိမ့်မည်ဖြစ်သည်။ ထို့နောက် သင်သည် လုပ်နိုင်စွမ်းနှင့် ယုံကြည်စိတ်ချမှုကိုလည်း ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ သင်သည် ရှေ့ဆက်ရမည့် လမ်းကြောင်း ရှိလိမ့်မည်ဖြစ်သည်။ အရာအားလုံးမှာ သင့်အတွက် လွယ်ကူပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သင်တို့၏ နေ့စဉ် အသက်တာများတွင်၊ ဘုရားသခင်၏အမှုကို သင်တို့ တွေ့ကြုံခံစားရပြီး သူ့ထံ ဆုတောင်းသည့်အခါ၊ သင်တို့သည် သတိမမူဘဲ လုပ်ဆောင်ကြ၏- သင်တို့သည် အလုပ်လုပ်စဉ် ဘုရားသခင်ထံ ဆုတောင်းကြသည်။ ဤအရာကို ဘုရားသခင်ထံ သင်၏ စိတ်နှလုံးပေးအပ်ခြင်းဟု ခေါ်ဆိုနိုင်သလော။ သင်တို့သည် အိမ်မှုကိစ္စများ သို့မဟုတ် ဇာတိပကတိ အရေးကိစ္စများအကြောင်းကို စဉ်းစားနေကြ၏။ သင်တို့သည် အစဉ်အမြဲ စိတ်နှခွဖြစ်နေကြသည်။ ဤအရာကို ဘုရားသခင်မျက်မှောက်၌ သင်၏ စိတ်နှလုံးကို ငြိမ်သက်စေခြင်းဟု ယူဆ၍ရနိုင်သလော။ ဤသည်မှာ သင်၏ စိတ်နှလုံးက အပြင်ပန်း အရေးကိစ္စများအပေါ် အမြဲ အစွဲအလမ်းကြီးခြင်းကြောင့်ဖြစ်ပြီး၊ ဘုရားသခင်ရှေ့မှောက်သို့ ပြန်မလာနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် အမှန်တကယ် ငြိမ်သက်စေမည်ဆိုပါက၊ သတိရှိလျက် ပူးပေါင်းလုပ်ဆောင်ခြင်းအလုပ်ကို သင် လုပ်ဆောင်ရမည်။ ဆိုလိုသည်မှာ သင်တို့ အယောက်တိုင်းသည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဘေးဖယ် ထားသည့်အချိန်၊ သင်၏ ကိုးကွယ်ဆက်ကပ်ခြင်းများအတွက် အချိန်တစ်ခု ရှိရမည်- သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် အေးငြိမ်းစေပြီး မိမိကိုယ်ကိုယ် တည်ငြိမ် စေရမည်။ အယောက်တိုင်းသည် ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သော ၎င်းတို့၏ အသိပညာနှင့် ၎င်းတို့၏ စိတ်ဝိညာဉ် တို့ထိခံရပုံတို့သည် နက်နဲသည်ဖြစ်စေ အပေါ်ယံမျှဖြစ်စေ ၎င်းတို့ကို ရေးမှတ်ထားလျက် တစ်ဦးချင်းစီ၏ ကိုးကွယ် ဆည်းကပ်မှုဆိုင်ရာ မှတ်စုများ ထားရမည်။ အယောက်တိုင်း ၎င်းတို့၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် သတိရှိရှိ ငြိမ်သက်စေရမည်။ သင်သည် စစ်မှန်သော ဝိညာဉ်ရေးရာ အသက်တာအဖို့ တစ်နေ့ကို တစ်နာရီ သို့မဟုတ် နှစ်နာရီ ဆက်ကပ်နိုင်ပါက၊ ထိုနေ့ သင်၏ အသက်တာသည် ကြွယ်ဝလိမ့်မည်ဖြစ်ပြီး သင်၏စိတ်နှလုံးသည် ရွှင်ပျကာ ကြည်လင်ပေလိမ့်မည်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာမျိုးကို သင် နေ့စဉ် နေထိုင်ပါက၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ပိုင်ဆိုင်သည့်အရာအဖြစ်သို့ သာ၍ ပြောင်းလဲနိုင်လိမ့်မည်၊ သင်၏ဝိညာဉ်သည် သာ၍ အားကောင်းသထက် အားကောင်းလာလိမ့်မည်၊ သင်၏ အခြေအနေသည် စဉ်ဆက်မပြတ် တိုးတက်လိမ့်မည်၊ သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သောလမ်းကြောင်းကို သင်သည် သာ၍ လျှောက်လှမ်းနိုင်စွမ်း ရှိလာလိမ့်မည်ဖြစ်ပြီး သင့်အပေါ်သို့ ကောင်းချီးမင်္ဂလာများကို ဘုရားသခင်က တိုး၍အပ်နှင်းလိမ့်မည် ဖြစ်သည်။ သင်၏ ဝိညာဉ်ရေးရာ အသက်တာ၏ ရည်ရွယ်ချက်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်ကို သတိရှိရှိ ရရှိဖို့ ဖြစ်သည်။ ယင်းမှာ စည်းမျဉ်းများကို လိုက်နာဖို့ သို့မဟုတ် ဘာသာရေး ထုံးတမ်းဓလေ့များကို လုပ်ဆောင်ဖို့မဟုတ်ဘဲ၊ ဘုရားသခင်နှင့် အမှန်တကယ် အတူပူးပေါင်းလုပ်ဆောင်ဖို့၊ သင်၏ကိုယ်ခန္ဓာကို ထိန်းသိမ်းကြပ်မတ်ဖို့ ဖြစ်သည်။ ဤသည်မှာ လူသား လုပ်ဆောင်သင့်သည့် အရာဖြစ်၏၊ ထို့ကြောင့် ဤအရာကို အစွမ်းကုန် အားထုတ်ကာ သင်တို့ လုပ်ဆောင်သင့်သည်။ သင်၏ ပူးပေါင်းလုပ်ဆောင်မှု ကောင်းလေလေဖြစ်ပြီး အားထုတ်မှုကို သင် ဆက်ကပ်လေလေ၊ သင်၏စိတ်နှလုံးသည် ဘုရားထံသို့ ပြန်လာနိုင်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို သာ၍ကောင်းမွန်စွာ ငြိမ်သက် စေနိုင်လေလေ ဖြစ်သည်။ တစ်ချိန်ချိန်တွင်၊ ဘုရားသခင်သည် သင့်စိတ်နှလုံးကို လုံးလုံးလျားလျား ရယူလိမ့်မည်။ သင်၏စိတ်နှလုံးကို မည်သူမျှ တိမ်းညွတ်စေနိုင်မည် မဟုတ်၊ သို့မဟုတ် ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ဘဲ၊ သင်သည် ဘုရားသခင်နှင့် လုံးဝ သက်ဆိုင်လိမ့်မည်။ ဤလမ်းကြောင်းကို သင်လျှောက်လှမ်းပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မိမိဘာသာ သင့်ထံ တစ်ချိန်လုံး ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ သင် နားမလည်သော အရာအားလုံးနှင့် ပတ်သက်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်- ဤအရာအားလုံးကို သင်၏ ပူးပေါင်းလုပ်ဆောင်ခြင်းမှတစ်ဆင့် ရရှိနိုင်ပေသည်။ ထို့ကြောင့် ဘုရားသခင်က၊ “ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်သော သူအားလုံး၊ ငါသည် ဆုလာဘ် နှစ်ဆပေးမည်” ဟု အမြဲ ဆိုရခြင်း ဖြစ်သည်။ ဤလမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်ရမည်။ အကယ်၍ သင်သည် လမ်းကြောင်းမှန်ကို လျှောက်လှမ်းရန် ဆန္ဒရှိပါက၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သင်လုပ်နိုင်သမျှ လုပ်ဆောင်ရမည်။ ဝိညာဉ်ရေးရာ အသက်တာတစ်ခု ရရှိနိုင်ဖို့ သင်သည် လုပ်နိုင်သမျှ လုပ်ဆောင်ရမည်။ အစတွင် သင်သည် ဤလိုက်စားမှုတွင် ကြီးမားသော ရလဒ်များ မရဘဲ ရှိကောင်း ရှိနိုင်သော်လည်း၊ သင်သည် မိမိကိုယ်ကိုယ် ဆုတ်ယုတ်ခွင့် ပြုရမည်မဟုတ်၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်း၌ သာယာခွင့်ပြုရမည်မဟုတ်- သင်သည် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ရမည်။ ဝိညာဉ်ရေးရာ အသက်တာ၌ သင် အသက်ရှင်လေလေ၊ သင်၏ စိတ်နှလုံးသည် ဤကိစ္စများကို အမြဲစိတ်ဝင်စားရင်း၊ ဤဝန်ထုပ်ကို အမြဲသယ်ဆောင်လျက်၊ ဘုရားနှုတ်ကပတ်တော်များ၏ နေရာယူခြင်း ခံရလေလေ ဖြစ်သည်။ ထို့နောက်တွင်၊ သင်၏ အတွင်းကျဆုံးသော အမှန်တရားကို သင်၏ ဝိညာဉ်ရေးရာ အသက်တာမှတစ်ဆင့် ဘုရားသခင်ထံ ထုတ်ဖော်ပြလော့။ သင် လုပ်ဆောင်ရန် လိုလားနေသောအရာ၊ သင်စဉ်းစားနေသည့်အရာ၊ သူ၏ နှုတ်ကပတ်တော်နှင့်ဆိုင်သော သင်၏ သိနားလည်မှုနှင့် အမြင်တို့ကို သူ့အား ပြောပြလော့။ မည်သည့်အရာကိုမျှ နည်းနည်းလေးမျှပင် ချုပ်တည်းမထားနှင့်။ သင်၏ စိတ်နှလုံးအတွင်းရှိ စကားများကို ပြောဆိုခြင်းနှင့် ဘုရားသခင်ထံ သင်၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြခြင်းအား လက်တွေ့လုပ်ဆောင်လော့။ သင်၏ စိတ်နှလုံးထဲတွင် ရှိပါက၊ ပြောသာပြောလော့။ ဤသို့ သင် ပြောဆိုလေလေ၊ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို သင် ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို ဆွဲဆောင်လေလေ ဖြစ်လိမ့်မည်။ ဤအရာ ဖြစ်သည့်အခါတွင်၊ ဘုရားသခင်သည် အခြားမည်သူမဆိုထက် သင့်အဖို့ သာ၍ နှစ်လိုဖွယ်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ မည်သည့်အရာဖြစ်ပါစေ၊ သင်သည် ဘုရားသခင်၏ထံပါးမှ ဘယ်သောအခါမျှ စွန့်ခွာလိမ့်မည်မဟုတ်။ ဤသို့သော ဝိညာဉ်ရေးရာ အသက်တာမျိုးကို နေ့စဉ်နေ့တိုင်း သင် လက်တွေ့လုပ်ဆောင်ပြီး၊ သင်၏စိတ်ထဲမှ မထုတ်ဘဲ၊ ယင်းကို သင်၏ အသက်တာတွင် ကြီးမားသော အရေးပါသည့် ကိစ္စတစ်ခုအဖြစ် သဘောထားပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်၏ စိတ်နှလုံးကို နေရာယူလိမ့်မည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုခံရခြင်းဟု ဆိုလိုသောအရာ ဖြစ်သည်။ ယင်းမှာ သင်၏ စိတ်နှလုံးက ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို အမြဲ ခံခဲ့ရသည့်အလား၊ သင် ချစ်ခင်နှစ်သက်သည့်အရာက သင်၏ စိတ်နှလုံးထဲတွင် အမြဲရှိသည့်အလား ဖြစ်ပေလိမ့်မည်။ အဘယ်သူမျှ ထိုအရာကို သင့်ထံက ယူမသွားနိုင်ပေ။ ဤအရာဖြစ်ပျက်သည့်အခါ၊ ဘုရားသခင်သည် သင့်အထဲတွင် အမှန်တကယ် အသက်ရှင်လိမ့်မည်ဖြစ်ပြီး၊ သင့်စိတ်နှလုံးထဲတွင် နေရာတစ်ခု အမှန်တကယ် ရှိလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပုံမှန်ဝိညာဉ်ရေးရာအသက်တာသည် လူတို့ကိုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ပေး၏” မှ

ဘုရားသခင်ကို သင် အားကိုးသည့်အခါ၊ ရှင်းလင်းသော မည်သည့် လမ်းညွှန်ချက်မျှ ပေးဖို့မပြောနှင့်၊ မည်သည့် ခံစားချက်မျှ သို့မဟုတ် ရှင်းလင်းသည့် မည်သည့် စိတ်ကူးမျှ သင့်ကို သူမပေးဖို့မှာ ဖြစ်နိုင်သော်လည်း၊ သင့်ကို နားလည်ခြင်းအချို့ သူ ခွင့်ပြုသည်။ သို့မဟုတ် ဤအချိန်တွင် သင် မည်သည့်အရာကိုမျှ နားမလည်ဘဲ ဖြစ်နေနိုင်သော်လည်း၊ ဘုရားသခင်ကို သင် အားကိုးသည်မှာ မှန်ပေသည်။ လူတို့ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်နေခြင်းသည် စည်းမျဉ်းများကို လိုက်လျှောက်ဖို့ လုပ်ဆောင်ကြသည်မဟုတ်ဘဲ၊ ယင်းထက် ထိုအရာသည် ၎င်းတို့ စိတ်နှလုံးများ၏ လိုအပ်ချက်ဖြစ်ပြီး လူသားက လက်တွေ့လုပ်ဆောင်သင့်ပုံ ဖြစ်သည်။ ဘုရားသခင်ကို သင် အားကိုးပြီး ဘုရားသခင်ထံ အော်ခေါ်သည့်အခါတိုင်း ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုကို ရရှိနိုင်သည်မဟုတ်ပေ၊ လူ့အသက်တာထဲက ဤဝိညာဉ်ရေးအခြေအနေသည် ပုံမှန်နှင့် သဘာဝဖြစ်ပြီး၊ ဘုရားသခင်ကို အားကိုးခြင်းသည် လူတို့ စိတ်နှလုံးများ၌ ဘုရားသခင်နှင့် ပုံမှန် အပြန်အလှန်ဆက်ဆံခြင်း ဖြစ်၏။

တစ်ခါတစ်ရံ ဘုရားသခင်ကို မျှော်ကြည့်ခြင်းမှာ တိကျသောစကားလုံးများကို အသုံးပြု၍ ဘုရားသခင်အား တစ်စုံတစ်ရာကို လုပ်စေခြင်း၊ သို့မဟုတ် သူ့အား တိကျသောလမ်းပြခြင်းအတွက် သို့မဟုတ် အကာအကွယ်အတွက် တောင်းဆိုခြင်းကို မဆိုလိုပေ။ ထိုသို့မဟုတ်ဘဲ ၎င်းမှာ လူတို့သည် ပြဿနာ တစ်ခုနှင့် တွေ့ကြုံသောအခါ၌ ၎င်းတို့သည် ကိုယ့်တော်ကို ရိုးသားစွာ တောင်းလျှောက်နိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ကိုယ်တော့်ကို တောင်းလျှောက်သောအခါ ဘုရားသခင်သည် ထိုနေရာတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ လူတစ်ဦး၏စိတ်နှလုံး နိုးကြား၍ ၎င်းတို့၌ “အိုဘုရားသခင်၊ ဤအရာကို ကျွန်ုပ်ကိုယ်တိုင် မလုပ်နိုင်ပါ၊ ၎င်းကို အဘယ်သို့လုပ်ရမည်ကို ကျွန်ုပ်မသိပါ၊ ထို့အပြင် ကျွန်ုပ်သည် ခွန်အားနည်းပြီး အပျက်သဘောဆောင်သကဲ့သို့ ခံစားရပါ၏၊” ဟူသော ဤသို့အတွေးရှိကြကာ ဤအတွေးများက ၎င်းတို့အထဲတွင် ဖြစ်ပေါ်လာသောအခါ၊ ဘုရားသခင်က ထိုအကြောင်းကို မသိသလော။ ဤအတွေးများ လူတို့ထဲ၌ ဝင်သောအခါ ၎င်းတို့၏စိတ်နှလုံးများမှာ စစ်မှန်သလော။ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ရိုးသားစွာ တောင်းလျှောက်သောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကူညီရန်သဘောတူသလော။ ၎င်းတို့သည် စကားတစ်လုံးကိုမျှ မပြောခဲ့သော်လည်း ၎င်းတို့သည် စစ်မှန်ခြင်းကို ပြသသဖြင့် ဘုရားသခင်သည် ၎င်းတို့ကိုကူညီရန် သဘောတူလေ၏။ တစ်စုံတစ်ဦးသည် အထူးဖြင့် ဆူးညှောင့်ပေါသော အခက်အခဲတစ်ခုကို တွေ့ကြုံရသောအခါ၊ ၎င်းတို့၌ အားထားရန်တစ်စုံတစ်ဦးမျှ မရှိသောအခါနှင့် ၎င်းတို့သည် အထူးသဖြင့် ခိုကိုးရာမဲ့သည်ဟု ခံစားရသောအခါ၊ ၎င်းတို့၏ တစ်ခုတည်းသောယုံကြည်ခြင်းကို ဘုရားသခင်ပေါ်၌ ထားကြ၏။ ၎င်းတို့၏ ဆုတောင်းသံများမှာ မည်သို့နည်း။ ၎င်းတို့၏ စိတ်အခြေအနေမှာ အဘယ်နည်း။ ၎င်းတို့ ရိုးသားကြသလော။ ထိုအချိန်က ရောနှောခြင်းတစ်စုံတစ်ရာ ရှိသလော။ သင်၏အသက်ကို ကယ်တင်ရန်အတွက် ဘုရားသခင်သည် သင် ဖမ်းဆုပ်သောနောက်ဆုံး ကောက်ရိုးမျှင်အလား သူ့ကို သင် ယုံကြည်ပြီး၊ သူသည် သင့်ကို ကူညီမည်၊ သင်၏စိတ်နှလုံးသည် ရိုးဖြောင့်သည်ဟု မျှော်လင့်သောအခါ၌သာ ဖြစ်၏။ သင်သည် များစွာပြောခဲ့ပြီးခြင်း ရှိချင်းမှရှိမည် ဖြစ်သော်လည်း သင်၏စိတ်နှလုံးမှာ နိုးကြားနှင့်ပြီဖြစ်၏။ တစ်နည်းဆိုသော် သင်သည် သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်အား ပေးပြီး၊ ဘုရားသခင်သည် နားထောင်တော်မူ၏။ ဘုရားသခင်သည် နားထောင်သည့်အခါ သင်၏ အခက်အခဲများကို သူမြင်သည်ဖြစ်၍ သူသည် သင့်ကို ဉာဏ်အလင်းပေးမည်၊ လမ်းပြပြီး၊ ကူညီမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ယုံကြည်သူများသည် လောကကြီး၏ မကောင်းသောရေစီးကြောင်းများကို ဦးစွာပထမ မြင်ရန်လိုအပ်သည်” မှ

သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို လုပ်ဆောင်ရာတွင် မည်သည့် အဓိပ္ပါယ်ရှိသည်ဆိုသည်၊ ထိုကိစ္စရပ်၏ သဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်နှင့် သင်လုပ်ဆောင်နေသည့်အရာက အပြုသဘောဆောင်သည့်အရာ သို့မဟုတ် အပျက်သဘောဆောင်သည့်အရာ ဟုတ်မဟုတ် ဆိုသည်တို့ကို ဦးစွာပထမ သင်နားလည်သင့်၏။ ဤကိစ္စရပ်အားလုံးကို သင် ရှင်းရှင်းလင်းလင်း သိနားလည်ရမည်၊ ကိုယ်ကျင့်တရားနှင့် ပြုမူနိုင်ရန် ဤအရာက အတော်လေး လိုအပ်ပေသည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ တစ်စုံတစ်ရာကို သင်လုပ်ဆောင်နေပါက၊ သင် တွေးဆသင့်၏- ဤအရာကို ကျွန်ုပ် မည်သို့ လုပ်သင့်သနည်း။ ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်မနေဖို့ရန်အလို့ငှာ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မည်သို့ ကောင်းစွာ ဖြည့်ဆည်းသင့်သနည်း။ ဤကိစ္စရပ်တွင် ဘုရားသခင်ထံ သင် တိုးဝင်ချဉ်းကပ်သင့်၏။ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်းဟူသည်မှာ ဤကိစ္စရပ်တွင် သမ္မာတရားကို ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်ကို မည်သို့စိတ်ကျေနပ်စေရမည်ကို ရှာဖွေခြင်းတို့ ဖြစ်သည်။ ဤသည်မှာ သင် လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပုံ ဖြစ်သည်။ ယင်းတွင် ဘာသာရေး အခမ်းအနားတစ်ခု သို့မဟုတ် အပြင်ပန်း လုပ်ရပ်တစ်ခု ဆောင်ရွက်ခြင်း မပါဝင်ပေ၊ ဘုရားသခင်၏ အလိုတော်အား ရှာဖွေပြီးနောက် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း ရည်ရွယ်ချက်အတွက် ယင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရသေးသည့်အချိန်တွင် “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်” ဟု သင် အမြဲဆိုသော်လည်း၊ တစ်စုံတစ်ရာကို သင် လုပ်ဆောင်နေသောအခါ ယင်းကို သင် လိုချင်သည့်နည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်လျှင်၊ ဤသို့သော ကျေးဇူးတင်ရှိခြင်းမျိုးသည် အပြင်ပန်း လုပ်ရပ်တစ်ခုသာ ဖြစ်၏။ သင်၏ တာဝန်ကို ဖြည့်ဆည်းနေချိန် သို့မဟုတ် တစ်စုံတစ်ရာ လုပ်ဆောင်နေချိန်တွင်၊ သင် အမြဲ စဉ်းစားသင့်၏- ဤတာဝန်ကို ကျွန်ုပ် မည်သို့ ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။ ယင်းမှာ သင်လုပ်နေသည့် အရာမှတစ်ဆင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ဖို့ ဖြစ်သည်။ ပြီးလျှင်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်၏ လုပ်ရပ်များနောက်ကွယ်က အခြေခံသဘောတရားများနှင့် သမ္မာတရားအပြင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး သင် မည်သည့်အရာ လုပ်ဆောင် သည်ဖြစ်စေ ဘုရားသခင်ထံမှ လမ်းမလွဲဖို့ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည်သာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏။ ယနေ့အချိန်တွင် လူတို့သည် အမှုအရာများကို ကြုံလာတိုင်း တကယ့်အခြေအနေ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ၊ ဟိုဒင်း ဒီဒင်းကို ၎င်းတို့ လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြ၏၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိကြသကဲ့သို့၊ ယင်းကို မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်း လုပ်ဆောင်ကြလေသည်။ ၎င်းတို့၏ ဆောင်ရွက်ပုံနည်းလမ်းက သင့်တော်သည် မသင့်တော်သည်၊ သို့မဟုတ် ယင်းက သမ္မာတရားနှင့် ကိုက်ညီသည် မကိုက်ညီသည်ကို ပဓာနမထားဘဲ၊ သူတို့သည် ခေါင်းမာစွာပင် ရှေ့ဆက်တတ်ပြီး၊ ၎င်းတို့၏ တစ်ကိုယ်ရေ ကြံရွယ်ချက်များအတိုင်း ပြုမူကြသည်။ ဘုရားသခင်က ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ရှိသည်ဟု ပုံမှန်အားဖြင့် ထင်ကောင်း ထင်ရနိုင်သော်လည်း၊ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ကြသည့်အချိန်တွင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိပေ။ လူအချို့က၊ “ကျွန်ုပ် လုပ်ဆောင်သည့် အရာများတွင် ဘုရားသခင်ထံ ကျွန်ုပ် မချဉ်းကပ်နိုင်ပါ။ အတိတ်တွင်၊ ကျွန်ုပ်သည် ဘာသာရေး ဟိတ်ဟန်များကို ဆောင်ရွက်ခြင်းနှင့် နေသားကျခဲ့ပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ ကျွန်ုပ် ကြိုးစားခဲ့သော်လည်း၊ အကျိုးသက်ရောက်မှု မရှိခဲ့ပါ။ သူ့ထံ ကျွန်ုပ် တိုးဝင်ချဉ်းကပ်၍ မရနိုင်ခဲ့ပါ။” ဟု ဆိုကြလေသည်။ ထိုသို့သောလူတို့သည် ၎င်းတို့၏ နှလုံးသားများထဲ၌ ဘုရားသခင် မရှိပေ၊ ၎င်းတို့၏ နှလုံးသားများထဲ၌ ၎င်းတို့ကိုယ်တိုင်သာ ရှိပြီး၊ သူတို့ပြုသည့်အရာတိုင်း၌ သမ္မာတရားအား တကယ့်ကို လက်တွေ့မကျင့်သုံးနိုင်ကြပေ။ သမ္မာတရားနှင့်အညီ မပြုမူခြင်းမှာ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းကို ဆိုလိုပြီး၊ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းမှာ ဘုရားသခင်အား စွန့်ခွာခြင်းကို ဆိုလိုသည်၊ တစ်နည်းအားဖြင့် သူတို့သည် သူတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်မရှိပေ။ လူသားတို့၏ အတွေးအခေါ်များသည် လူတို့အတွက် အများအားဖြင့် ကောင်းမွန်၍ မှန်ကန်ပုံရပြီး ၎င်းတို့သည် သမ္မာတရားကို ထိုမျှလောက် ချိုးဖောက်မည်မဟုတ်ဟု ထင်ရသည်။ လူတို့က ထိုပုံစံအတိုင်း အမှုအရာများကိုပြုခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ဖြစ်မည်ဟု ထင်ကြသည်၊ အမှုအရာများကို ထိုနည်းအတိုင်းပြုခြင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်မည်ဟု သူတို့ထင်ကြသည်။ အကယ်စင်စစ် လူတို့မှာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေနေခြင်းနှင့် ဤအရာအကြောင်းကို ဘုရားသခင်ထံ ဆုတောင်းနေခြင်း မဟုတ်သကဲ့သို့၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းမွန်စွာ ကြိုးပမ်းလုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ သူတို့၌ ဤစစ်မှန်သောအခြေအနေ မရှိကြသကဲ့သို့၊ သူတို့၌ ဤမျှလောက် ဆန္ဒလည်း မရှိကြချေ။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှု၌ ၎င်းတို့ပြုကြသော အကြီးဆုံးအမှား ဖြစ်၏။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သင်သည် ဘုရားသခင်ကိုသင်၏ စိတ်နှလုံးထဲ၌ ထိန်းသိမ်းမထားပေ။ ဤအရာမှာ အပြစ်တစ်ခုမဟုတ်ဘဲ အဘယ်သို့ ဖြစ်မည်နည်း။ သင့်ကိုယ်သင် လိမ်လည်လှည့်ဖြားနေသည် မဟုတ်လော။ ထိုပုံစံဖြင့် သင် ဆက်လက်ယုံကြည်နေပါက မည်သည့် အကျိုးသက်ရောက်မှုမျိုးများကို သင်ရိတ်သိမ်းနိုင်မည်နည်း။ ထို့ပြင် ယုံကြည်ခြင်း၏ အရေးပါမှုကို အဘယ်သို့ ပေါ်လွင်အောင်ပြသနိုင်မည်နည်း။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယရှိခြင်းသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဆက်ကပ်ခြင်း၊ မိမိတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟခြင်းနှင့် မိမိတို့၏ စိတ်တွင် ရှိသည့်အရာကို သူ့အား ပြောပြခြင်းနှင့် ၎င်းတို့ ကြုံရသည့်အရာရာတိုင်းနှင့် ၎င်းတို့ ဆောင်ရွက်သည့် တာဝန်အားလုံးတွင် သူ၏ အလိုတော်ကို ဆုတောင်းခြင်းမှတစ်ဆင့် အမြဲ သဘောပေါက်ခြင်းနှင့် သူ့ကို ကျိုးနွံနာခံရန်နှင့် သူ့ကို စိတ်ကျေနပ်စေရန် အဖိုးအခပေးခြင်းတို့ ပါဝင်သည်။ ထိုသို့ဖြင့်၊ ဘဝတွင် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းသည် ဘုရားသခင်ကို အစေခံခြင်း လမ်းကြောင်းတစ်ခု ဖြစ်သည်။ သူ့ကို ယုံကြည်ပြီး၊ ဤရလဒ်မျိုးကို စွမ်းဆောင်ရရှိနိုင်ကာ ဤလက်တွေ့အရှိတရားမျိုးကို ပိုင်ဆိုင်သောသူတို့သာ ဘုရားသခင်နှင့် အမှန်တကယ် ပြောဆိုသော လူများ ဖြစ်သည်။ သူနှင့် မိတ်သဟာယဖွဲ့သောလူတို့သည် သူ့ကို စစ်မှန်သော အလိုရှိသော လူများ ဖြစ်သည်။ တစ်ဖက်တွင်၊ ၎င်းတို့သည် သူ့ကို အစေခံဖို့ ဆုံးဖြတ်ချက် ရှိကြပြီး အခြားတစ်ဖက်တွင် ၎င်းတို့သည် သူ့ကို ဆက်ကပ်သော လူများဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော လူတို့၏ စိတ်နှလုံးများတွင် နေရာတစ်ခု ရှိပြီး၊ ၎င်းတို့က သူ့ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့်၊ ကိစ္စရပ်အားလုံးတွင်၊ ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့ သဘောပေါက်နိုင်သည်၊ သမ္မာတရားကို ရှာဖွေနိုင်ပြီး သူ့ကို စိတ်ကျေနပ်စေဖို့ အမှုအရာများကို လုပ်ဆောင်နိုင်သည်။ ဤကဲ့သို့ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်သောသူတို့သည် သူနှင့် အတူ စစ်မှန်သော မိတ်သဟာယရှိသူများ ဖြစ်သည်။ အရာခပ်သိမ်းတွင် လူတစ်ဦးသည် မိမိတို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် စစ်မှန်စွာ မဖွင့်ဟသကဲ့သို့ သမ္မာတရားကို ရှာဖွေခြင်း လုပ်ငန်းစဉ်တွင် မရှိပါက၊ ထိုလူ၏ ဆုတောင်းချက်များနှင့် တောင်းလျှောက်ခြင်းများသည် ဇာတိပကတိ၏ လိုအပ်ချက်များအတွက်နှင့် မိမိတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့သာ လုပ်ဆောင်ခြင်း ဖြစ်ပါက၊ သို့မဟုတ် ၎င်းတို့သည် အခက်အခဲ သို့မဟုတ် ကပ်ဘေးကို ကြုံရချိန်တွင် ဘုရားသခင်၏ ကွယ်ကာခြင်းနှင့် ကယ်တင်ခြင်းတို့အတွက် ပန်ကြားပါက၊ ဤလူစားမျိုးသည် ဘုရားသခင်နှင့် စစ်မှန်စွာ မိတ်သဟာယ မပြုသေးပေ။ ဘုရားသခင်နှင့် မိတ်သဟာယပြုခြင်းသည် သူ့ကို စိတ်ကျေနပ်စေဖို့ သမ္မာတရား ရှာဖွေခြင်းအား ရည်ညွှန်းပေသည်။ ယင်းမှာ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ လုံးဝ ဆောင်ရွက်ပြီး သူ့၏ အလိုတော်ကို လိုက်လျှောက်ကာ သူနှင့် သဟဇာတဖြစ်နိုင်သည့် နေရာသို့ ရောက်သည်ကို ဆိုလိုသည်။ အတိတ်တွင် ကျွန်ုပ်တို့ မည်သို့ ဆုတောင်းကြပြီးဖြစ်သည်ကို ယခု နောက်ထပ် ကြည့်ကြစို့- သူ၏ အလိုတော်ကို သဘောပေါက်ရန် ကျွန်ုပ်တို့ ကြိုးစားကြပြီးဖြစ်သည့်၊ သမ္မာတရားကို ရှာဖွေကာ သူ့ကို မည်သို့ စိတ်ကျေနပ်စေရမည်ကို ရှာဖွေပြီးသည့် ဆုတောင်းချက်များ နည်းပါးသကဲ့သို့၊ ဘုရားသခင်နှင့် ကျွန်ုပ်တို့ အမှန်တကယ် မိတ်သဟာယဖွဲ့မိသည့် ဆုတောင်းချက်များ အလွန်နည်းပါးပေသည်။ သိပ်မကြာခဏ ဘုရားသခင်ကို ကျွန်ုပ်တို့ အနူးအညွှတ်ပန်ကြားကြသည်၊ သူ့ကို တောင်းဆိုမှုများ ပြုလုပ်ကြပြီး၊ ကွယ်ကာခြင်းအတွက် သူ့ကို တောင်းဆိုကြသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ အတိတ် ဆုတောင်းချက်များက ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယ၏ ပုံသက်သေများ မဟုတ်ခဲ့ဟူသည့် အချက်၏ လုံလောက်သော သက်သေ အထောက်အထား ဖြစ်သည်။ ထို့ထက်၊ ယင်းတို့သည် ဇာတိပကတိကို ကျေနပ်စေခြင်း ရည်ရွယ်ချက်ဖြင့် တစ်ဖက်သတ်ဖြစ်သော တောင်းလျှောက်မှုများ ဖြစ်ခဲ့ပေသည်။ ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယပြုခြင်းသည် သမ္မာတရားထဲသို့ ဝင်ရောက်ရင်းနှင့် သူ၏ အလိုတော်ကို လိုက်လျှောက်ဖို့ သူ့ကို အစေခံရင်း၊ ကယ်တင်ခြင်းအား ကျွန်ုပ်တို့၏ လိုက်စားမှုတွင် ဝင်ရောက်ရမည်ဟူသည့် သင်ခန်းစားတစ်ခု ဖြစ်သည်။ သင်သည် ကယ်တင်ခံရဖို့နှင့် စုံလင်စေခြင်းခံရဖို့ ကြိုးစားပါက၊ ပထမဦးစွာ ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယရှိခြင်းတွင် သင် အောင်မြင်ရမည်။ ဆုတောင်းခြင်းမှတစ်ဆင့် ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယကို စွမ်းဆောင်ရရှိရန် အဓိက လက်တွေ့လုပ်ဆောင်မှုမှာ အဘယ်နည်း။ ယင်း၏ သွင်ပြင်လက္ခဏာတစ်ခုမှာ သင်သည် သူ့ကို သင်၏ စိတ်နှလုံးအား ပေးရင်း၊ ယင်းကို ရိုးရှင်းစွာနှင့် ပွင့်လင်းစွာ လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင်၊ သင်သည် သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ဖို့ ကြိုးစားရမည်။ ဤအရာနှစ်ခုတွင် သင် အောင်မြင်မှသာသူနှင့် စစ်မှန်စွာ သင် မိတ်သဟာယပြုလိမ့်မည် ဖြစ်သည်။ သင်သည် င် ကြုံရသည့် အရာတိုင်းတွင် သသမ္မာတရားကို မရှာဖွေ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ရန် မကြိုးစားသကဲ့သို့၊ သင် အလိုရှိသည့် မည်သည့်နည်းနှင့်မဆို ပြုမူရင်း၊ သင်၏ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းများနှင့် နှစ်သက်မှုများ၏ အလျဉ်ဖြင့် လုပ်ဆောင်ရုံ လုပ်ဆောင်ပါက၊ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေပါက၊ ယင်းက သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိလေပြီကို ပြသပေသည်။ သင်သည် သမ္မာတရားကို ရှာဖွေနေခြင်းမရှိပါက၊ ယင်းက သင်၏ လုပ်ရပ်များသည် သူ့ကို စိတ်မကျေနပ်နိုင်ဘဲ၊ ထိုအစား သင့်ကိုယ်သင်နှင့် သင်၏ ဇာတိပကတိကို စိတ်ကျေနပ်စေဖို့ လုပ်ဆောင်ခြင်းဖြစ်သည်ကို ပြသပေသည်။ ဘုရားသခင်နှင့် စစ်မှန်စွာ မိတ်သဟာယပြုဖို့၊ သင်သည် ဆုတောင်းခြင်းမှတစ်ဆင့် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး၊ ဆုတောင်းခြင်းမှတစ်ဆင့် သူ၏ အလိုတော်ကို သဘောပေါက်ရမည်။ ဘုရားသခင်နှင့် ဤကဲ့သို့ အပြန်အလှန် အကျိုးပြုမှုနှင့် ဆက်ဆံရေး ရှိသည့် လူများသာ သူနှင့်အတူ စစ်မှန်သော မိတ်သဟာယပြုသောသူများ ဖြစ်ကြသည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယတွင် မတူကွဲပြားသော လက်တွေ့လုပ်ဆောင်မှုအချို့ ပါဝင်သည်- တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် မိမိ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိခြင်းနှင့်ပတ်သက်၍ မိတ်သဟာယပြုကာ ဆုတောင်းရမည်။ တစ်ဦးတစ်ယောက်သည် မိမိ၏ တာဝန်တွင် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းတို့အကြောင်း မိတ်သဟာယပြုကာ ဆုတောင်းရမည်။ တစ်ဦးတစ်ယောက်သည် အဆင်းနီသော နဂါးကြီးနှင့် နတ်ဆိုးစာတန်၏ သဘာဝ အနှစ်သာရကို သိမြင်နိုင်ကာ ၎င်းတို့၏ အဆိပ်များကို သိမြင်နိုင်သည့် နည်းလမ်းတစ်ခုဖြင့် မိတ်သဟာယပြုကာ ဆုတောင်းရမည်။ တစ်ဦးတစ်ယောက်သည် သမ္မာတရားနှင့် ဆက်နွှယ်သည့် ကိစ္စရပ်များအားလုံးတွင် ဘုရားသခင်၏ စိစစ်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းတို့ကို လက်ခံနိုင်ခြင်းအကြောင်း မိတ်သဟာယပြုကာ ဆုတောင်းရမည်။ အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ခြင်းတို့အကြောင်း မိတ်သဟာယပြုကာ ဆုတောင်းရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ရန် ကြိုးစားခြင်းနှင့် အသက်တာ အတွေ့အကြုံများတွင် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ခြင်းအကြောင်း မိတ်သဟာယပြုကာ ဆုတောင်းရမည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်သည့် စစ်မှန်သော သိနားလည်မှု ရှိခြင်းအကြောင်း မိတ်သဟာယပြုကာ ဆုတောင်းရမည်။ ဇာတိပကတိကို စွန့်လွှတ်ခြင်းအပေါ် အာရုံစိုက်ခြင်းနှင့် ကယ်တင်ခြင်းရရှိကာ စုံလင်စေခြင်းခံရဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ကာ ဆုတောင်းရမည်။ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်ရန်နှင့် စမ်းသပ်မှုမျိုးစုံတို့မှတစ်ဆင့် သက်သေရပ်မည်ရန် စစ်မှန်သော ဆုတောင်းခြင်းတွင် ပါဝင်ပတ်သက်ရမည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဆုတောင်းခြင်း၏ ဤသွင်ပြင်လက္ခဏာရပ်အားလုံးထဲသို့ ဝင်ရောက်ပြီးဖြစ်ပါက၊ ၎င်းတို့သည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယဖွဲ့သည့် တစ်စုံတစ်ဦး ဖြစ်သည်။ သို့သော် အကယ်၍ တစ်စုံတစ်ဦးသည် ဆုတောင်းခြင်း၏ ဤသွင်ပြင်လက္ခဏာများထဲမှ တစ်ခုတစ်လေထဲသို့ မဝင်ရောက်သေးပါက၊ ဤအရာက ၎င်းတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ မဝင်ရောက်သေးသည်ကို သက်သေပြပေသည်။ ဆုတောင်းခြင်းမှတစ်ဆင့် ဘုရားသခင်နှင့် စစ်မှန်စွာ မိတ်သဟာယဖွဲ့ခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်ပြီး၊ နောက်ဆုံးတွင် ဘုရားသခင်ကို သိရှိကာ စုံလင်စေခြင်း ခံရနိုင်ပေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဆုတောင်းခြင်းမှတစ်ဆင့် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယမဖွဲ့နိုင်ပါက၊ ယင်းမှာ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင် အသက်ရှင်သည်ဟု ဆိုနိုင်ပေသည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြင်ပတွင် အသက်ရှင်ပါက၊ ၎င်းတို့ မည်မျှ ဆုတောင်းသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့ နှစ်ပေါင်းမည်မျှ ဆုတောင်းသည်ဖြစ်စေ၊ ယင်းသည် အချည်းနှီးသာဖြစ်ပြီး၊ ၎င်းတို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ- ဤသည်မှာ လူတို့ ရှင်းလင်းသင့်သည့်အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ကျွန်ုပ်တို့သည် ယခု သမ္မာတရားကို လိုက်စားရန်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန် အလိုရှိပါက၊ ကျွန်ုပ်တို့သည် ဆုတောင်းခြင်း၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်ရမည်ဖြစ်ကာ ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယ စွမ်းဆောင်ရရှိရမည်ဖြစ်သည်။ ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယရှိခြင်းနှင့် ပတ်သက်လာသည့်အခါ အရေးအကြီးဆုံးသော အခြေခံသဘောတရားမှာ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယနှင့် ဆုတောင်းခြင်း ရှိရန် ဖြစ်သည်။ ဘုရားသခင်ထံ ကျွန်ုပ်တို့၏ ဆုတောင်းချက်များတွင် ကျွန်ုပ်တို့ အသုံးပြုသည့် နှုတ်ကပတ်တော်အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ကျွန်ုပ်တို့၏ စားသောက်ခြင်းညအပေါ် အခြေခံထားပြီး၊ ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ ရှေ့မှောက်တွင် ဆုတောင်းဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ရှာဖွေရန် ကျွန်ုပ်တို့ ယူဆောင်သင့်သည့် အရာရာတိုင်းကို ယူဆောင်ရမည်ဖြစ်ပြီး၊ ဤနည်းဖြင့်၊ ကျွန်ုပ်တို့၏ ဆုတောင်းခြင်းများတွင် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ကျွန်ုပ်တို့ ခြေချလိမ့်မည် ဖြစ်သည်။ ဘုရားသခင်နှင့် မိတ်သဟာယုပြုခြင်းနှင့် သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်ခြင်း၏ အဓိက လက်တွေ့လုပ်ဆောင်မှု လေးခု ရှိသည်။ ပထမဦးစွာနှင့် အရေးကြီးဆုံးမှာ၊ ဆုတောင်းခြင်းရှိသည့် စိတ်နှလုံးတစ်ခုဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ဖတ်ရှုရမည်။ ဒုတိယအနေဖြင့်၊ ဆုတောင်းခြင်းရှိသည့် စိတ်နှလုံးဖြင့် သမ္မာတရားအကြောင်း ကျွန်ုပ်တို့ မိတ်သဟာယပြုရမည်။ တတိယအနေဖြင့်၊ ဆုတောင်းခြင်းရှိသည့် စိတ်နှလုံးဖြင့် ကျွန်ုပ်တို့၏ တာဝန်များကို ကျွန်ုပ်တို့ ထမ်းဆောင်ရမည်ဖြစ်ပြီး၊ စတ္တုထအနေဖြင့်၊ ဆုတောင်းခြင်းရှိသည့် စိတ်နှလုံးဖြင့် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ရမည်ဖြစ်သည်။ နေ့စဉ် ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာကို ပဓာနမထားဘဲ၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများဖြင့် မကြာခဏ ဘုရားသခင်ထံ မိတ်သဟာယဖွဲ့နိုင်ရမည်၊ မကြာခဏ ဘုရားသခင်ထံ ဆုတောင်းရမည်၊ ဆုတောင်းခြင်းရှိသည့် စိတ်နှလုံးဖြင့် ဘုရားသခင်၏ စိစစ်မှုကို လက်ခံရမည်၊ ဆုတောင်းခြင်းရှိသည့် စိတ်နှလုံးတစ်ခုဖြင့် ကျွန်ုပ်တို့၏ လုပ်ရပ်များနှင့် အပြုအမူတို့အပေါ် သုံးသပ်ဆင်ခြင်ရမည်ဖြစ်ပြီး၊ ဆုတောင်းခြင်းရှိသည့် စိတ်နှလုံးဖြင့် ဘုရားသခင်နှင့် မိတ်သဟာယပြုရမည်ဖြစ်သည်။ ဤအရာများကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်ုပ်တို့ အသက်ရှင်လိမ့်မည်ကို သေချာစေလိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင်နှင့် ဆက်သွယ်သည့်သူများ ဆောင်ရွက်ရမည့် လက်တွေ့လုပ်ဆောင်မှု လေးချက် ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှု လေးချက်က အကျိုးဖြစ်ထွန်းပါက၊ မိမိ၏ ဆုတောင်းချက်များက မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် တစ်ဦးတစ်ယောက်သည် ဘုရားသခင်နှင့် စစ်မှန်သော မိတ်သဟာယဖွဲ့ခြင်း ရှိလိမ့်မည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊လျှောက်ရမယ့်လမ်းကို ညွှန်ပြသမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်