၇၅။ မိမိ၏ ရာထူးအဆင့်အတန်းကို အတည်ပြုခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) သင်၏ အားသာချက်များနှင့် ဆုကျေးဇူးများအတိုင်း သင်၏ တာဝန်ကို ရွေးချယ်လော့။ လူအများစုက သင်၏ ရွေးချယ်မှုအား သင့်တော်သည်ဟု ယူဆသရွေ့၊ သင်သည် ယင်းကို သင်၏ တာဝန်အဖြစ် အတည်ပြုသင့်သည်။

(၂) မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်သူသည် ၎င်းတို့၏ ရာထူးအဆင့်အတန်းကို ရှာတွေ့ပြီးဖြစ်ကာ မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်သူသည် အဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် ၎င်းတို့၏ ရာထူးတွင် ခိုင်ခိုင်မာမာ ရပ်တည်နေပေသည်။

(၃) တစ်ဦးတစ်ယောက်သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ ဘုရားသခင့် အိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။ ၎င်းတို့၏ တာဝန်က မသင့်လျော်ဟု ၎င်းတို့ ခံစားရပါက၊ ခေါင်းဆောင်များနှင့် အလုပ်သမားများဖြင့် မိတ်သဟာယပြုခြင်းတွင် သင့်လျော်သည့် တာဝန်များကို ရွေးချယ်လော့။

(၄) တစ်ဦးတစ်ယောက်၏ သီးသန့် တာဝန်ကို ပဓာနမထားဘဲ၊ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ့အပေါ် မှီခိုသင့်ကာ ကိစ္စရပ်များအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး အခြေခံသဘောတရားများအတိုင်း ပြုမူလော။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်လာနိုင်ကြလိမ့်မည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သူ၏စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၌ ၊ ဘုရားသခင်သည် ကြာမြင့်သောအချိန်ကပင် သင် လူသားလောကအကြားသို့ အကြိမ်မည်မျှ လာရောက်မည်၊ နောက်ဆုံးသောကာလတွင် သင်သည် မည်သည့်အမျိုးအနွယ်နှင့် မည်သည့် မိသားစုထဲတွင် မွေးဖွားမည်၊ ဤမိသားစု၏ ငွေကြေးအခြေအနေ မည်သို့ရှိမည် ၊ သင်သည် ယောကျ်ား သို့မဟုတ် မိန်းမ ဖြစ်မဖြစ်၊သင်၏ အားသာချက်များမှာ မည်သည့်အရာများ ဖြစ်သည်၊ သင်သည် မည်သည့်ပညာအရည်အချင်းအဆင့်ရှိမည်၊ သင်သည် မည်မျှ ရှင်းလင်းစွာ ပြောဆိုနိုင်မည်၊ သင်၏အရည်အချင်းများမှာ မည်သည့်အရာဖြစ်မည်၊ သင်သည် မည်သည့်အရွယ်၌ ဘုရားသခင်၏အိမ်တော်သို့ လာရောက်ပြီး သင်၏တာဝန်အား ထမ်းဆောင်မည်နှင့် ၊ သင်သည် မည်သည့်အချိန်တွင် မည်သည့်တာဝန်အား ထမ်းဆောင်ရမည်ကို စီစဉ်ခဲ့သည်၊ဘုရားသခင်သည် အချိန်ကြာမြင့်စွာကပင် သင့်အတွက် အဆင့်တိုင်းအား စီမံထားခဲ့့သည်။ သင် မမွေးဖွားခင်ကပင်၊သင်သည် သင်၏ရှေးလွန်ခဲ့သော ဘဝများစွာကပင် လူတို့ကြားလာခဲ့သောအခါ၊ ဤနောက်ဆုံးအဆင့် အတောအတွင်းတွင် မည်သည့်တာဝန်အား သင် ထမ်းဆောင်ရမည်ကို ဘုရားသခင်သည် ကြိုတင်စီစဉ်ပေးထားပြီး ဖြစ်သည်။ ဤသည်မှာ ဟာသတစ်ခုမဟုတ်ပေ။ သင်သည် ဤနေရာတွင် ဤဒေသနာအား နားထောင်ရန် ရှိနေခြင်းသည်ပင် ဘုရားသခင်မှ စီမံထားသောကြောင့် ဖြစ်သည်။ ဤသည်မှာ သေးငယ်သောအရာတစ်ခု မဟုတ်ပေ။ ထို့အပြင် သင်၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ သင်၏ အသက်အရွယ်တစ်ခု၌ အတွေ့အကြုံ၊ သင်သည် မည်သည့်တာဝန်များအား ထမ်းဆောင်နိုင်သည်။ သင်၏ အရည်အချင်းများနှင့် စွမ်းဆောင်ရည်များ- ၎င်းတို့မှာ အချိန်ကြာမြင့်စွာကပင် သင့်အတွက် ဘုရားသခင်မှ စီမံထားပေးခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သင့်အား အသုံးချရန် ဆန္ဒရှိပြီး သင့်အား ဤတာဝန်နှင့် အသက်မွေးမှုအား မပေးအပ်ခင်ကပင်၊ သူသည် သင့်အတွက် ဤသည်ကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သင်သည် ၎င်းမှ ထွက်ပြေးရန်ကောင်းသလော။သင့်အနေနှင့် ချီတုံချတုံ ဖြစ်နေရန် ကောင်းသလော။ ဤသည်အား လုပ်ဆောင်ခြင်းဖြင့် သင်သည် ဘုရားသခင်အား စိတ်ပျက်စေခဲ့သည်တကား။ သင်၏တာဝန်အား ကျောခိုင်းခြင်းလောက် ကြီးမားသည့် ပုန်ကန်သောလုပ်ဆောင်မှု မရှိပေ။ ဤသည်မှာ အလွန်စက်ဆုပ်ဖွယ်ကောင်းသောအပြစ်တစ်ခုဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ သတိကြီးစွာဖြင့် အလွန်လေးနက်နေသည်။ လွန်ခဲ့သည့် မရေတွက်နိုင်သော မျိုးဆက်များစွာ ၊ ဘုရားသခင်သည် ယနေ့ သင် ရောက်လာခြင်းကို ကြိုတင်ခွဲခန့်မှတ်သားထားခဲ့ကာ- သင့်အား ဤတာဝန် ပေးအပ်ခဲ့သည်။ ထို့ကြောင့် သင်သည် ဤတာဝန်အတွက် တာဝန်မရှိပါသလော။ ၎င်းမှာ သင်၏ဘဝတန်ဖိုးပင် မဟုတ်ပါသလော။ ထို့အပြင် အကယ်၍ သင်သည် ဘုရားသခင်မှ သင့်အား ပေးအပ်ထားသော တာဝန်အား မထမ်းဆောင်ပါက၊ သင်၏အသက်ရှင်ခြင်းတွင် အသုံးဝင်မှု တစ်စုံတစ်ဂာ ရှိသလော။ ဘုရားသခင်သည် သင့်အား ဤအခြေအနေတွင် ထားခဲ့သည်၊ သူသည် သင့်အား ဤအရည်အသွေး ပေးခဲ့သည်၊သူသည် သင့်အား ထိုစွမ်းရည်များနှင့် ကျွမ်းကျင်မှုများပေးခဲ့သည်၊ သူသည် ဤအသက်အရွယ်အထိ နေထိုင်ရန်နှင့် ဤအရာအား လုပ်ဆောင်ရန်အတွက် အခြေအနေအားလုံး ပေးခဲ့သည်၊သို့သော် သင်သည် ၎င်းအား လုပ်ဆောင်ခြင်းမရှိဘဲ သင်သည် အဝေးသို့ ထွက်ပြေးခဲ့သည်။ သင်သည် သက်တောင့်သက်သာ ဘဝတစ်ခု၌သာအသက်ရှင်လိုသည်၊ လောက၌ ကိုယ့်ထူးကိုယ်ချွန် အောင်မြင်လိုသည်၊ စာတန်အား အစေခံရန်အတွက် ဘုရားသခင်ပေးသည့်အရာကိုသာ အသုံးပြုလိုသည်။ ဘုရားသခင်သည် ဤသည်၌ ပျော်နိုင်သလော။ ဤသည်က သူ့အား ပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်သလော။ သင်သည် သင်၏တာဝန် ထမ်းဆောင်ခြင်း မပြုပေ၊ ထို့အပြင် သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်း ပလ္လင်မှ ထွက်ပြေးသည်။ ထိုကဲ့သို့သော လူများအတွက် ဘုရားသခင် မည်သို့ ဆုံးဖြတ်သနည်း။ သူသည် ၎င်းတို့အား သုတ်သင်လေသတည်း။ သင်သည် ဤလောကထဲသို့ မည်သည့်အခါမျှ တစ်ဖန် မွေးဖွား၍ ရောက်လာတော့မည် မဟုတ်ပေ။ဘုရားသခင်သည် သင့်အား မည့်သည့်အရာမျှ၊ တစ်ဖန် အပ်နှံ့တော့မည် မဟုတ်ပေ။ သင်၏တာဝန်အား သင့်ထံမှ ယူဆောင်သွားပြီ ဖြစ်ပြီး၊ ထို့ကြောင့် သင့်တွင် အခွင့်အရေး လုံးဝမရှိတော့ပေ၊ ဤသည်က သင့်အား ဒုက္ခရောက်နေကြောင်းဆိုလိုသည်။ ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ငေးကြည့်ခြင်းမှ တစ်ကြိမ်တစ်ခါ ပြေးထွက်ခဲ့သည်၊ ၎င်းသည် ငါ၏ တရားစီရင်ခြင်း ပလ္လင်မှ ၊ငါ၏ မျက်မှောက်မှ ထွက်ပြေးခဲ့သည်။ ၎င်းသည် ၎င်း၏ တာဝန်အား ထမ်းဆောင်ခြင်းမရှိခဲ့ပေ၊ ၎င်းသည် ၎င်း၏တာဝန်အား ပြီးမြောက်ခြင်းမရှိပေ။ ဤသည်မှာ နိဂုံးဖြစ်သည်၊ ဤသည်မှာ ပြီးဆုံးသွားပြီဖြစ်သည်၊ ၎င်း၏ဘဝမှာ ဤနေရာတွင် အဆုံးသတ်သည်၊နောက်ထပ် မစဉ်းစားတော့ရန် ပြီးဆုံးသွားပြီဖြစ်ကာ ၎င်းအား ထပ်မံပြောဆိုရန် အတွက် မလိုအပ်တော့ပေ။ ကြေကွဲဖွယ်ကောင်းလိုက်လေခြင်း။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ” မှ

သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှု များ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ စိတ်ဆန္ဒအား ဖြည့်ဆည်းခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ မိမိ၏ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို လိုက်နာစောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာကို ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို ဘောင်မကျော်သင့်ပေ။ ဤသည်မှာ သင့်အား ဘောင်ခတ်ရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ရန် မဟုတ်ဘဲ၊ ထိုအစား ဤသည်မှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို ဖြောင့်မတ်ခြင်း ပြုသော သူအားလုံးက စွမ်းဆောင်ရရှိနိုင်သည် စွမ်းဆောင် ရရှိသင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

သင်တို့ကိုယ်သင်တို့ ပြုမူနေထိုင်ခြင်းအတွက် သင်တို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်သည် သင့်အတွက် သင့်တော်သည့် ရာထူးအဆင့်အတန်းကို ရှာဖွေပြီး သင်၏ ရာထူးအဆင့်အတန်းအတိုင်း ခိုင်မာစွာ ရပ်တည်လျက် သင်၏ရာထူးအဆင့်အတန်း အတိုင်း ပြုမူနေထိုင်သင့်သည်။ ဥပမာအားဖြင့် အသက်မွေးဝမ်းကျောင်းတစ်ခုတွင် ကျွမ်းကျင်ပြီး ထိုအသက်မွေးဝမ်းကျောင်း၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်နိုင်သူများ ရှိကြသည်၊ ပြီးလျှင် ၎င်းတို့သည် ဤကိစ္စနှင့်စပ်လျဉ်း၍ နောက်ဆုံး စစ်ဆေးမှုများ ပြုလုပ်သင့်သည်။ အခြားလူတိုင်းကို ၎င်းတို့၏စိတ်ကူးများပေါ်တွင် အခြေခံ၍ တစ်ခုခု လုပ်ဆောင်စေပြီး ဤတာဝန်ကို ပိုမိုကောင်းမွန်အောင် ထမ်းဆောင်စေလျက် စိတ်ကူးများနှင့် ထိုးထွင်းအမြင်များကို ပေးနိုင်သည့်သူများရှိသည်။— သို့ဆိုလျှင် ၎င်းတို့သည် စိတ်ကူးများကို ထောက်ပံ့ပေး သင့်သည်။ သင့်အတွက် သင့်တော်သည့် ရာထူး အဆင့်အတန်းကို သင် ရှာဖွေနိုင်ပြီး၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်အောင် သင် အလုပ်လုပ်နိုင်ပါက၊ သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းနေလိမ့်မည်ဖြစ်ကာ၊ သင်၏ ရာထူး အဆင့်အတန်းအတိုင်း သင့်ကိုယ်သင် ပြုမူနေထိုင် လိမ့်မည်။ သင်သည် သင်၏အတွေးအခေါ် အနည်းငယ်ကို ပေးနိုင်ဖို့သာ ဖြစ်သော်လည်း၊ အခြားအရာများကိုပါ ပေးလိုပြီး၊ ထိုသို့လုပ်ဆောင်ရန် သင်သည် အဆုံး၌ အလွန်ကြိုးစား လုပ်ဆောင် သော်လည်း၊ မလုပ်ဆောင်နိုင်ဆဲ ရှိနေသည်၊ ထို့နောက်တွင် အခြားသူများက ထိုအခြားအရာများကို ထောက်ပံ့ပေးသည့်အခါ၊ သင်သည် သက်သောင့်သက်သာမဖြစ်တော့ဘဲ၊ နားထောင်ဖို့လည်း ဆန္ဒမရှိကာ၊ သင်၏ စိတ်နှလုံးသည် နာကျင်ပြီး ဘောင်ခတ်ခြင်းခံရသည်၊ ပြီးလျှင် ဘုရားသခင်သည် တရားမမျှတဟု သင်ပြောပြီး၊ ဘုရားသခင်ကို သင်အပြစ်တင်ပါက- ဤအရာသည် ရည်မှန်းချက်ဖြစ်သည်။ လူတစ်ယောက်တွင် ရည်မှန်းချက် ဖြစ်ပေါ်စေသည်မှာ မည်သည့် စိတ်သဘောထားနည်း။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ရည်မှန်းချက် ဖြစ်ပေါ်စေသည်။ ဤအခြေအနေများသည် သင်တို့ထဲ၌ သေချာပေါက် အချိန်မရွေး ပေါ်ပေါက်လာနိုင်ပြီး၊ ၎င်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို သင်တို့ မရှာဖွေနိုင်ဘဲ၊ အသက်တာ ဝင်ရောက်မှု မရှိကာ၊ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍လည်း ပြောင်းလဲ၍မရနိုင်ပါက၊ သင်တို့၏ တာဝန်များကို သင်တို့ ထမ်းဆောင်ရာတွင် အသုံးပြုသည့် အရည်အချင်း အတိုင်းအတာနှင့် စင်ကြယ်ခြင်းတို့သည် နိမ့်ကျပေလိမ့်မည်။ ဤအရာများကို သင်တို့ မရရှိနိုင်ပါက၊ ဘုရားသခင် ရသင့်ရထိုက်သော ဘုန်းအသရေကို သူ့အားပေးဖို့သည်လည်း သင်တို့အတွက် အလွန်ပင် ခက်ခဲပေလိမ့်မည်။ လူအချို့က နယ်ပယ် နှစ်ခု သုံးခုတွင် ပါရမီများရှိကြသည်၊ အချို့က နယ်ပယ် တစ်ခုတွင် ပါရမီရှိပြီး၊ အချို့က ပါရမီလုံးဝ မရှိကြပေ- သင်တို့သည် ဤအရေးကိစ္စများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါက၊ သင်သည် သင်၏ ရာထူးအဆင့်အတန်းကို ရှာတွေ့ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့၏ ရာထူးအဆင့်အတန်းများကို ရှာတွေ့ပြီး ဖြစ်သည့်လူများသည် ၎င်းတို့၏ ရာထူး အဆင့်အတန်းများအတိုင်း မိမိတို့ကိုယ်ကိုယ် ပြုမူနေထိုင်နိုင်ပြီး ၎င်းတို့၏ တာဝန်များကိုလည်း ကောင်းစွာ ထမ်းဆောင်နိုင်သည်။ ၎င်းတို့၏ ရာထူး အဆင့်အတန်းများကို မည်သည့်အခါမျှ မရှာဖွေနိုင်သည့်လူများ၊ ၎င်းတို့၏ ပန်းကန်လုံးများ ထဲတွင် အစားအစာရှိနေလျက်နှင့် အိုးကို အမြဲတမ်း လက်လှမ်းနေသူများ၊ ပေါ်ပေါက်လာသည့် ၎င်းတို့အတွက် အကျိုးရှိစေသည့် အရာမှန်သမျှကို ဖမ်းဆုပ်သူများ၊ ၎င်းတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ အမြဲတမ်း ရှိသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် အရေးထားမှုကို ပြနေပြီး ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင် နေသည်ဟု ယုံကြည်နေကြသူများ ရှိကြသည်- ဤယုံကြည်မှုက မှားယွင်းပြီး၊ ယင်းက “သစ္စာရှိခြင်း”ကို မှားယွင်းစွာ နားလည်သဘောပေါက်မှု တစ်ခု ဖြစ်သည်။ သင်သည် သစ္စာရှိလိုပြီး၊ သင်၏ တာဝန်ကို ကျေနပ်ဖွယ်ရာ ထမ်းဆောင်လိုပါက၊ ဤသည်မှာ သင်၏ ရှာဖွေလိုက်စားမှုနှင့် သင်၏ လိုအင်ဆန္ဒတို့ဖြစ်ပါက၊ သင့်အတွက် သင့်တော်သည့် ရာထူးအဆင့်အတန်းကို သင် ပထမဦးစွာ ရှာဖွေရမည်ဖြစ်ပြီး၊ ထို့နောက်တွင် သင် လုပ်ဆောင်နိုင်သမျှကို သင်၏ စိတ်နှလုံး အကြွင်းမဲ့ရှိသမျှနှင့်၊ ဉာဏ်ရှိသမျှနှင့် အစွမ်းသတ္တိ ရှိသမျှနှင့် လုပ်ဆောင်လော့။ ဤသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်ပြီး၊ ထိုကဲ့သို့သော တာဝန် ထမ်းဆောင်မှုတွင် စင်ကြယ်မှု အတိုင်းအတာတစ်ခု ရှိသည်။ ဤသည်မှာ စစ်မှန်သော ဖန်ဆင်းခံ တစ်ယောက် လုပ်သင့်သည့်အရာ ဖြစ်သည်။ ပထမဦးစွာ စစ်မှန်သော ဖန်ဆင်းခံတစ်ယောက်သည် အဘယ်ဖြစ်သည်ကို သင် နားလည်ရမည်- စစ်မှန်သည့် ဖန်ဆင်းခံတစ်ယောက်သည် အာဂလူ တစ်ယောက် မဟုတ်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ရိုးရိုးစင်းစင်းနှင့် ကျိုးကျိုးနွံနွံ အသက်ရှင် နေထိုင်သူတစ်ယောက် ဖြစ်ပြီး၊ လုံးဝ သာမန်ထက် လွန်ကဲခြင်း မရှိပေ။ သာမန်ထက် လွန်ကဲမှုမရှိခြင်း ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်မည်မျှ မြင့်မားစွာ ရပ်နိုင်ပါစေ၊ မည်မျှ မြင့်မားစွာ ခုန်နိုင်ပါစေ၊ သင်၏ တကယ့်အရပ် ပြောင်းလဲလိမ့်မည် မဟုတ် ဆိုသည့် အမှန်တရားက ဆက်လက် တည်ရှိနေပြီး၊ သင့်မှာ သာမန်ထက်လွန်ကဲသော စွမ်းရည်မရှိဟု ဆိုလိုခြင်း ဖြစ်သည်။ အခြား သူများထက် သာလွန်ဖို့၊ အခြားသူများထက် အဆင့်အတန်းရှိဖို့ သင် အမြဲတမ်း ဆန္ဒရှိပါက၊ ဤအရာက သင်၏ မာနထောင်လွှားမှု၊ စာတန်ဆန်သော စိတ်သဘောထားတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး၊ ယင်းမှာ သင်၏ ထင်ယောင်ထင်မှားဖြစ်ခြင်းသာ ဖြစ်လေသည်။ အမှန်မှာမူ ဤအရာကို သင် မရရှိနိုင်ဘဲ၊ သင့်အတွက် ထိုသို့လုပ်ဆောင်ရန်လည်း မဖြစ်နိုင်ချေ။ ဘုရားသခင်က သင့်အား ထိုကဲ့သို့ ပါရမီ သို့မဟုတ် ကျွမ်းကျင်မှုတို့ကို မပေးခဲ့သကဲ့သို့၊ ထိုသို့သော အနှစ်သာရတစ်ခုကိုလည်း သူက သင့်အား မပေးခဲ့ချေ။ သင်၏ ပုံပန်းသဏ္ဌာန်၊ မိသားစုနှင့် သင်မွေးဖွားသည့် ဆယ်စုနှစ်တို့ ကွဲပြားနိုင်ပြီး၊ သင်၏ ပါရမီများနှင့် အစွမ်းအစများတွင် ကွဲပြားချက်အချို့ ရှိနိုင်သော်လည်း၊ သင်သည် အခြားသူများနှင့် လုံးလုံး ကွဲပြားမှုမရှိဘဲ၊ သာမန်၊ ရိုးရိုး လူသားမျိုးနွယ်ဝင် တစ်ယောက် ဖြစ်သည်ကို မမေ့လျော့နှင့်။ သို့သော် ဤအရာကို မမေ့နှင့်- သင်သည် မည်မျှပင် ကွဲပြားခြားနားပါစေ၊ ဤသေးငယ်သော နည်းလမ်းများနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့၌သာလျှင် အခြားသူများနှင့် တထေရာတည်းဖြစ်သည်၊ ပြီးလျှင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် သင်လိုက်နာရမည့် အခြေခံ သဘောတရားများ၊ ရည်မှန်းချက်ပန်းတိုင်များနှင့် ဦးတည်ရာတို့သည် အခြားသူများနှင့် ချွတ်စွပ်တူသည်။ ၎င်းတို့၏ ခွန်အားများနှင့် အစွမ်းအစများတွင်မျှသာ လူများသည် ကွဲပြားကြလေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ” မှ

အစွမ်းအစကောင်းနှင့် ညံ့ဖျင်းသော အစွမ်းအစတို့သည် မည်သည့်အရာဖြစ်သည်ကို နားလည်သဘောပေါက်ခြင်းနှင့် မိမိ၏ကိုယ်ပိုင် အစွမ်းအစ၊ သဘာဝ အနှစ်သာရတို့နှင့်ပတ်သက်၍ ရှင်းလင်းခြင်းတို့အားလုံးသည် မိမိကိုယ်ကို သိကျွမ်းခြင်းအတွက် အကျိုးရှိလေသည်။ လူများက ၎င်းတို့ရပ်တည်သည့်နေရာကို သိသည့်အခါ၊ သာ၍နည်းသော အမှားများကို ၎င်းတို့ပြုကြလိမ့်မည်။ လူများသည် မိမိတို့ကိုယ်ကို နားလည်ပြီး မည်သို့ကိုင်တွယ်ရမည်ကို သိသည့်အခါ၊ ၎င်းတို့သည် မာနထောင်လွှားခြင်းမှ ရပ်လိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့၏အပြုအမူသည် သာ၍ တာဝန်သိပြီး ဝတ္တရားကျေပွန်လိမ့်မည်။ မိမိကိုယ်ကိုယ် မသိခြင်းသည် ပြဿနာများစွာကို ဖြစ်စေနိုင်သည်။ သာမန်အစွမ်းအစရှိသည့် လူအချို့ရှိသော်လည်း၊ ၎င်းတို့သည် အစွမ်းအစ မြင့်မားသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့၌ ခေါင်းဆောင်မှုအတွက် အထုံပါရမီရှိသည်ဟု ယုံကြည်ကြသည်။ အတွင်း၌ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့၊ အဖွဲ့ကို ကြီးကြပ်ကွပ်ကဲဖို့ စိတ်အားထက်သန်စွာ စောင့်နေကြသော်လည်း၊ မည်သူကမျှ ၎င်းတို့ကို မရွေးချယ်ဖူးပေ။ ပြီးလျှင် ဤသည်က ၎င်းတို့ကို စိတ်အနှောင့်အယှက်မပေးသလော။ လူများက ထိုသို့သော အရာများအားဖြင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး နေမထိထိုင်မသာ ဖြစ်သည့်အခါ၊ ၎င်းတို့၏တာဝန်ကို ၎င်းတို့ ကောင်းစွာ မထမ်းဆောင်ဘဲ၊ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အသိတရားမဲ့သောအရာများ၊ အရှက်ရခြင်းကို ဖြစ်စေသည့် မိုက်မဲသောအရာများကို လုပ်တတ်ကြသည်။ ထိုသို့ဖြင့် ရှေးဦးစွာ မိမိတို့ကိုယ်ကိုယ် သိခြင်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ဤအခြေခံကျသည့် ထုတ်ဖော်ချက်များကို ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သည်။ ယင်းတွင် မာနထောင်လွှားခြင်း၊ အသိတရားမဲ့ခြင်း၊ ၎င်းတို့၏အစွမ်းအစ ကောင်းကြောင်း၊ ၎င်းတို့သည် အခြားသူများထက် သာလွန်ကြောင်း၊ အခြားသူများကို ၎င်းတို့က လမ်းညွှန်သင့်ကြောင်း စသည်တို့ကို အစဉ်တွေးနေခြင်း ပါဝင်သည်။ ဤပြဿနာများ ပြေလည်သွားပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်၊ သင်၏တာဝန်ကို သင်သည် ကောင်းမွန်စွာ ထမ်းဆောင်ခြင်း၊ သင်၏အပြုအမူတွင် သာ၍ သင့်တင့်လျောက်ပတ်ခြင်းတို့တွင် တည်ကြည်ခိုင်မာလိမ့်မည်၊ ပြီးလျှင် အပြင်ပန်းရန်လိုမှု၊ စိတ်ကြီးဝင်ခြင်း၊ မောက်မာခြင်းနှင့် သင်သည် ထူးကဲသည်ဟု တွေးထင်ခြင်းတို့ကဲ့သို့သော အတွေးများနှင့် အပြုအမူများသည် သင့်ကို ဒုက္ခပေးလိမ့်မည် မဟုတ်ဘဲ၊ သင်သည် သာ၍များစွာ ရင့်ကျက်လာပြီးဖြစ်လိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

စိတ်ကူးယဉ်အိပ်မက်များနှင့် လက်တွေ့အရှိတရားတို့ အကြားတွင် ပဋိပက္ခတစ်ခု မကြာခဏ ရှိတတ်သည်။ အချိန်အများစုတွင် လူများက ၎င်းတို့၏စိတ်ကူးယဉ်အိပ်မက်များသည် ခြေခြေမြစ်မြစ် ရှိသည်ဟု တွေးထင်ကြသည်။ စိတ်ကူးယဉ်အိပ်မက်များနှင့် လက်တွေ့အရှိတရားတို့သည် လုံးဝ ကွဲပြားခြားနားသည်ကို ၎င်းတို့ မသိကြသလော။ စိတ်ကူးယဉ်အိပ်မက်များသည် သင်လိုချင်သည့်အရာသာ ဖြစ်သည်၊ ယင်းတို့သည် တစ်ဇွတ်ထိုးနိုင်ခြင်း သို့မဟုတ် ထွေရာစိတ်ကူးတို့မှ မကြာခဏ ပေါက်ဖွားလာသည့် တဒင်္ဂ စိတ်ကို လွှမ်းမိုးထားသောအရာ အချို့သာ ဖြစ်ပြီး လက်တွေ့အရှိတရားနှင့် မကိုက်ညီကြပေ။ လူများသည် စိတ်ကူးယဉ်အိပ်မက်များစွာ ထားရှိကြသည့်အခါ၊ မည်သည့်အမှားများ မကြာခဏ ဖြစ်ပေါ်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ မျက်စိရှေ့တည့်တည့်တွင်ရှိသည့် အလုပ်ကို- လက်ရှိအခိုက်အတန့်တွင် ၎င်းတို့ လုပ်ဆောင်နေသင့်သည့်အလုပ်- လျစ်လျူရှုကြသည်။ ၎င်းတို့က လက်တွေ့အရှိတရားကို လျစ်လျူရှုပြီး၊ ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်၊ ၎င်းတို့ လုပ်ဆောင်နေသင့်သည့် အလုပ်၊ ထိုအခိုက်အတန့်ရှိ ၎င်းတို့၏ ဝတ္တရားများနှင့် တာဝန်များကို ဘေးသို့ ဖယ်လိုက်ကြသည်။ ယင်းတို့ကို ၎င်းတို့က ပေါ့တန်စွာ သဘောထားကြပြီး ၎င်းတို့ ဆန္ဒရှိသည့်အချိန်တွင် ထကြကာ၊ ၎င်းတို့အလိုရှိသည့် အရာကို လုပ်ဆောင်လျက်၊ ၎င်းတို့၏ကိုယ်ပိုင် စိတ်ကူးယဉ်အိပ်မက်များကို မွေ့လျော်ကြသည်။ ပြီးလျှင် ထိုသို့ဖြစ်ခြင်းဖြင့် ဤလူများသည် ၎င်းတို့၏တာဝန်ကို အမှန်တကယ် မထမ်းဆောင်နိုင်သည်သာမက- သာ၍အရေးကြီးစွာ- ဘုရားအိမ်တော်၏အမှုတော်ကိုလည်း ၎င်းတို့က နှောင့်နှေးစေပြီး ဘုရားအိမ်တော်၏ အမှုကို နှောင့်ယှက်သည်။ လူများစွာတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ သမ္မာတရားကိုလည်း မလိုက်စားကြချေ။ ၎င်းတို့၏တာဝန်ကို မည်သည့် အရာအဖြစ် သဘောထားသနည်း။ ယင်းကို အလုပ်အဖြစ် သို့မဟုတ် ဝါသနာတစ်ခုအဖြစ် သို့မဟုတ် စိတ်ဝင်စားမှု တစ်ခုအဖြစ် သဘောထားကြသည်။ ၎င်းတို့က ယင်းကို ဘုရားသခင်က ၎င်းတို့အား ပေးထားသည့် လုပ်ငန်းဆောင်တာတစ်ခု သို့မဟုတ် သာသနာတစ်ခုအဖြစ် သို့မဟုတ် ၎င်းတို့တာဝန်ယူဖို့ တာဝန်တစ်ခုအဖြစ် သဘောမထားကြပေ၊ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်ကာလတစ်လျှောက်တွင် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ ကြိုးစားခြင်း သာ၍ နည်းပါ၏။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်ကာလ တစ်လျှောက်တွင် ဆင်းရဲဒုက္ခအနည်းငယ်ခံစားပြီး စိတ်ပြောင်းကာ၊ ယင်းမှ မည်သို့ခေါင်းရှောင်ရမည်ကို စတင် တွေးတောသူအချို့ ရှိသည်။ ၎င်းတို့သည် အခက်အခဲ သို့မဟုတ် ဆုတ်ဆိုင်းမှုတစ်ခု ကြုံတွေ့သည့်အခါ၊ ၎င်းတို့သည် လာလမ်းအတိုင်းပြန်ပြီး တစ်ဖန် ယင်းမှ ကြိုးစားပြီး ခေါင်းရှောင်ဖွယ်ရှိသည်။ သမ္မာတရားကို ရှာဖွေခြင်းအစား ၎င်းတို့သည် ထွက်ပေါက်နှင့်ပတ်သက်၍ တွေးတောကြသည်။ ၎င်းတို့သည် လိပ်နှင့်တူသည်။ တစ်စုံတစ်ခုဖြစ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏အခွံထဲတွင် ပုန်းကွယ်ကာ၊ ယင်းကပြီးစီးသွားသည့်အချိန်မှသာ တစ်ဖန် ထွက်လာကြသည်။ ထိုသို့သောလူများစွာ ရှိလေသည်။ အထူးသဖြင့် တာဝန်တစ်ခုကို တာဝန်ယူ ထမ်းဆောင်ခိုင်းသည့်အခါ၊ ယင်းကို မည်သို့သစ္စာရှိစွာ ထမ်းဆောင်ဖို့၊ မည်သို့ ကောင်းစွာ လုပ်ဆောင်ဖို့ သို့မဟုတ် ဤအလုပ်ကို မည်သို့ကောင်းစွာ အပြီးသတ်ဖို့ သေချာစဉ်းစားခြင်း မရှိသည့်သူအချို့ ရှိကြသည်။ ထိုအစား ၎င်းတို့၏တာဝန်ကို မည်သို့ အချောင်ခိုဖို့၊ ကိုင်တွယ်ဖြေရှင်း ခံရခြင်းကို မည်သို့ရှောင်ရှားဖို့၊ ၎င်းတို့၏တာဝန်ကို မည်သို့ ရှင်းထုတ်ဖို့၊ ပြဿနာတစ်ခု သို့မဟုတ် ရှုံးနိမ့်မှုတစ်ခု ဖြစ်ပေါ်သည့်အခါ၊ မည်သို့ လုံးလုံး ခေါင်းရှောင်ဖို့ကို ၎င်းတို့တွေးကြသည်။ ၎င်းတို့ ပထမဆုံးတွေးသည့်အရာမှာ ၎င်းတို့၏ လွတ်မြောက်လမ်း ဖြစ်သည်။ အခြားအရာ အားလုံးထက်ပို၍၊ ၎င်းတို့၏ အကြိုက်များနှင့် မက်မောခြင်းများကိုသာ ၎င်းတို့ ဆင်ခြင်စဉ်းစားကြကာ၊ ၎င်းတို့၏တာဝန်ကို မည်သို့လုပ်ဆောင်နိုင်သည်နှင့် မည်သို့ သစ္စာရှိစွာ လုပ်ဆောင်နိုင်သည်ကို ဆင်ခြင်စဉ်းစားခြင်း မရှိကြပေ။ ထိုသို့သော လူများသည် သမ္မာတရားကို ရရှိနိုင်သလော။ ၎င်းတို့သည် သမ္မာတရားတွင် မည်သည့် ကြိုးပမ်းအားထုတ်မှုမျှ မရှိကြပေ။ ၎င်းတို့အတွက် တစ်ပါးခြံကမြက်က အမြဲစိမ်းနေတတ်သည်။ ယနေ့တွင် ၎င်းတို့က ဤအရာကို လုပ်ချင်သည်၊ မနက်ဖြန်တွင် ၎င်းတို့က ထိုအရာကို လုပ်ချင်ကြသည်။ လူတိုင်း၏ တာဝန်သည် ၎င်းတို့လုပ်ဆောင်နေသည့် တာဝန်ထက် သာ၍ကောင်းပုံရနေပြီး ယင်းတို့အားလုံးသည် သာ၍ လွယ်ကူပုံရသည်။ ၎င်းတို့သည် သမ္မာတရားတွင် တကယ်ကို ကြိုးပမ်းအားထုတ်မှု မရှိကြပေ။ ၎င်းတို့သည် ထိုသို့အတွေးများ ရှိသည့်အခါ၊ ပြဿနာသည် မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ သုံးသပ်ခြင်းမရှိသကဲ့သို့၊ ပြဿနာကိုလည်း ၎င်းတို့ မဖြေရှင်းကြပေ။ မည်သူက အခြားသူများထက် အာရုံစိုက်ခံရမှု ရပြီးဖြစ်သည်၊ မည်သူက အထက်၏အသိအမှတ်ပြုခြင်း ခံရပြီးဖြစ်သည်၊ မည်သူက အထက်နှင့် ဆွေးနွေးပြောဆိုခွင့်ရသည်၊ မည်သူက ၎င်းတို့အလုပ်လုပ်သည့်အခါ ကိုင်တွယ်ဖြေရှင်းခံရဖို့ မလိုအပ်သည်တို့ကိုသာ ကြည့်လျက်၊ ၎င်းတို့သည် အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကို အစဉ် အာရုံစိုက်ကြသည်။ ဤအရာများသည် ၎င်းတို့အမြဲ တွေးကြသည့် အရာများသာ ဖြစ်သည်။ ဤအရာများသာ အမြဲတွေးတောနေသည့်သူများသည် ၎င်းတို့၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်သည်ဟု သင်တို့ပြောမည်လော။ ယင်းမှာ မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ပေ။ ထို့ကြောင့် ဤနည်းဖြင့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သူများသည် မည်သည့်လူစားမျိုး ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသလော။ ပထမဦးစွာ သေချာသည့်အရာ တစ်ခုရှိလျှင်၊ ယင်းမှာ ဤလူမျိုးသည် သမ္မာတရားကို မလိုက်စားခြင်း ဖြစ်သည်။ ၎င်းတို့လိုက်စားသည်မှာ ဘုရားအိမ်တော်တွင် ၎င်းတို့အတွက် မျက်နှာသာရဖို့ ခယဝယလုပ်ခြင်း၊ ကောင်းချီးမင်္ဂလာများကို ပျော်မွေ့ခြင်း၊ လူမြင်ခံရပြီး သတိထားခံရလျက်၊ လူသိများအောင် လုပ်ခြင်းတို့သာ ဖြစ်သည်- ယင်းက လူ့အဖွဲ့အစည်း၌ ရှိနေခြင်းနှင့် မည်သည့်ကွာခြားချက်မျှ မရှိပေ။ ၎င်းတို့သည် အနှစ်သာရအားဖြင့် မည်သည့်လူစားမျိုးဖြစ်ကြသနည်း။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၈)” မှ

ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်၊ သင်လုပ်ဆောင်သမျှအရာတိုင်းတွင် ဆက်ကပ်ရန် သင်ဆန္ဒရှိပါက သင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ရုံ ထမ်းဆောင်၍မရနိုင်ပေ၊ သင့်အပေါ် ဘုရားသခင်နှင်းအပ်သည့် မည်သည့် တာဝန်ပေး ခိုင်းစေချက်ကိုမဆို လက်ခံရမည်။ သင့်အကြိုက်များနှင့် ကိုက်ညီပြီး သင့်စိတ်ဝင်စားမှုများ အတိုင်းအတာအတွင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် သင် မပျော်ပိုက်သော အရာတစ်ခု သို့မဟုတ် ယခင်က မည်သည့်အခါမျှ မပြုလုပ်ခဲ့ဖူးသောအရာတစ်ခု ဖြစ်စေ၊ သို့မဟုတ် ခက်ခဲသောအရာတစ်ခု ဖြစ်စေဦးတော့၊ ယင်းကို သင်လက်ခံပြီး နာခံသင့်သည်။ သင် လက်ခံရမည်သာမက၊ ယင်းကို တက်ကြွထက်သန်စွာ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပြီး သင်ယူလေ့ကျက်ကာ ဝင်ရောက်မှုကို ရရှိရမည်။ အကယ်၍ သင်သည် ဒုက္ခဆင်းရဲခံစားရပြီး ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ထင်ပေါ်နိုင်စွမ်း မရှိခဲ့ဖူးလျှင်ပင် သင်၏ ဆက်ကပ်မှု၌ သင် သစ္စာစောင့်သိရဦးမည် ဖြစ်သည်။ ယင်းကို သင်ဖြည့်ဆည်းရမည့် တာဝန်အဖြစ် သင်မှတ်ယူရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်လုပ်ငန်း မဟုတ်ဘဲ သင်၏တာဝန်အဖြစ် မှတ်ယူရပေမည်။ လူတို့သည် သူတို့၏ တာဝန်များကို အဘယ်သို့ နားလည်သင့်သနည်း။ ဖန်ဆင်းရှင် ဘုရားသခင်က လူတစ်ဦးကို ပြုလုပ်ရမည့် အလုပ်တာဝန်တစ်ခု ပေးသည့်အခါနှင့် ထိုအခိုက်အတန့်တွင် ထိုလူ၏တာဝန် ပေါ်လာခြင်းဖြစ်သည်။ သင့်ကို ဘုရားသခင်ပေးသည့် အလုပ်တာဝန်များ၊ သင့်ကို ဘုရားသခင်ပေးသည့် တာဝန်ပေးခိုင်းစေချက်များ၊ ဤအရာများမှာ သင်၏ တာဝန်များဖြစ်သည်။ ယင်းတို့ကို သင်၏ ပန်းတိုင်များအဖြစ် သင်လိုက်လျှောက်ပြီး၊ ဘုရားသခင်ကို ချစ်သောနှလုံးသား သင်၌ အမှန်တကယ်ရှိသောအခါ၊ ငြင်းချက်တစ်ခု သင် ပြုနိုင်သေးသလော။ ယင်းတို့ကို သင်မငြင်းဆန်သင့်ပေ။ ယင်းတို့ကို သင်လက်ခံသင့်ပေသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းဖြစ်သည်။...လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် အဘယ်နည်း။ (အရာခပ်သိမ်းတွင် လုံးလုံး ဆက်ကပ်အပ်နှံထားခြင်း ဖြစ်သည်။) ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ အရာခပ်သိမ်းတွင် ဆက်ကပ်အပ်နှံခြင်း ဖြစ်သည်။ ဤနေရာတွင် အခရာအချက်သည် မည်သည့်နေရာ၌ တည်ရှိသနည်း။ ယင်းက “အရာခပ်သိမ်းတွင်” ဖြစ်သည်။ “အရာခပ်သိမ်းတွင်” က သင်နှစ်သက်သည့် အရာများ သို့မဟုတ် သင်ကျွမ်းကျင်သည့်အရာများကို သေချာပေါက် ဆိုလိုခြင်း မဟုတ်သကဲ့သို့၊ သင်ရင်းနှီးကျွမ်းဝင်ပြီးသား အရာများကို သာ၍ မဆိုလိုပေ။ တစ်ခါတစ်ရံတွင် သင်သည် သင်ယူဖို့ လိုအပ်လိမ့်မည်၊ တစ်ခါတစ်ရံတွင် သင်သည် အခက်အခဲများကို ကြုံတွေ့လိမ့်မည်၊ ပြီးလျှင် တစ်ခါတစ်ရံတွင် သင်သည် ဒုက္ခခံရမည်။ သို့သော် မည်သည့်တာဝန်ပင် ဖြစ်ပါစေ၊ ယင်းက ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာ ဖြစ်သည့်ကာလပတ်လုံး၊ သင်သည် ယင်းကို သူ့ထံမှ လက်ခံရမည်၊ ယင်းကို သင်၏တာဝန်အဖြစ် မှတ်ယူရမည်၊ ယင်းကို ဖြည့်ဆည်းဖို့ ဆက်ကပ်အပ်နှံထားရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ဖြစ်သည်။ သင့်ကို မည်သည့်အရာဖြစ်ပျက်ပါစေ၊ သင်သည် သမ္မာတရားကို အမြဲရှာဖွေရမည် ဖြစ်ပြီး၊ မည်သည့်လက်တွေ့လုပ်ဆောင်မှုမျိုးက ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်ကို သင် သေချာသည်နှင့် တစ်ပြိုင်နက်၊ ယင်းကို သင် လက်တွေ့လုပ်ဆောင်သင့်သည်။ ဤနည်းအားဖြင့် ပြုမူခြင်းဖြင့်သာလျှင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ပြီး၊ ဤနည်းအားဖြင့် လုပ်ဆောင်ခြင်းသာလျှင် သမ္မာတရား စစ်မှန်မှုကို ဝင်ရောက်ခြင်း ဖြစ်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏” မှ

လူများသည် ဝါကြွားစရာ အကြောင်းမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည်- “အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ နာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဖန်ဆင်းခြင်းကိုခံခဲ့ရသော ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။” ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။ လူတို့သည် ဤအရာများမှ ကယ်ထုတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၌ စိုးရိမ်ပူပန်စရာများ ရှိတော့မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း” မှ

ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

အရှေ့သို့- ၇၄။ မိမိ၏ တာဝန်ကို ချဉ်းကပ်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၇၆။ မိမိကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်