၅၉။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုဖို့ စုရုံးခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားနှင့်သက်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံနှင့် အသိပညာတို့ကို မိတ်သဟာယပြုဖို့၊ ၎င်းတို့အနေဖြင့် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ရှိကြဖို့အလို့ငှာ၊ အခြားသူများအား သမ္မာတရား နားလည်စေနိုင်ဖို့နှင့် ၎င်းတို့ကို တည်ဆောက်စေနိုင်ဖို့ လိုအပ်သည်။

(၂) ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားနှင့် သက်ဆိုင်သည့် မိတ်သဟာယသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား ထင်ဟပ်စေသည့် စစ်မှန်သော အတွေ့အကြုံကို ပြောဆိုရမည်။ သင် စကားပြောဆိုသည်နှင့်အမျှ၊ အချက်အလက်များကို အသုံးပြုလော့။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို မပြောဆိုနှင့်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ဖြာရှင်းလင်းရန် မကြိုးစားနှင့်။

(၃) သင်တို့ စုရုံးသည့်အခါ၊ အများစုသည် တည်ဆောင်ခြင်းခံရနိုင်က မိတ်သဟာယမှ အကျိုးကျေးဇူးရရှိနိုင်ဖို့အလို့ငှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် လက်တွေ့ကျသော အတွေ့အကြုံတို့ ရှိသည့်သူများကို သာ၍ မိတ်သဟာယပြုစေလော့။ ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ကြလိမ့်မည်။

(၄) လူတို့သည် ၎င်းတို့အား သိမြင်နိုင်ကြဖို့အလို့ငှာ၊ အသင်းတော် အသက်တာကို နှောင့်ယှက်သည့် အဓိပ္ပာယ်မရှိသော လူများ၊ ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို ဖော်ထုတ်ကာ စိတ်ဖြာလေ့လာရမည်။ ၎င်းတို့၏ သမ္မာတရား သိနားလည်ခြင်းအတွက် ဤရာက ရှိသည့် အကျိုးကျေးဇူးကို ပုံကြီးချဲ့၍မရနိုင်ပေ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ရှေ့ဆက်သွားရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အကြောင်းကို ပြောဆိုခြင်းသည် သင် စကားပြောရာတွင် အသုံးပြုသည့် အခြေခံသဘောတရား ဖြစ်သင့်သည်။ သာမန်အားဖြင့်၊ သင်တို့ စုဝေးလာသောအခါတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့၏ အပြန်အလှန် ဆက်ဆံခြင်းနှင့်ဆိုင်သည့် အကြောင်းအရာ ဖြစ်စေလျက်၊ ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သင် သိသည့်အရာ၊ ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့အလုပ်လုပ်သည့်အကြောင်းကို ပြောဆိုရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်သည့် မိတ်သဟာယတွင် သင်တို့ ပါဝင်သင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် ကမ္ဘာလောကကို စွမ်းဆောင်ရရှိခြင်းသည် လူသား၏ ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်ပေသည်။ သင်သည် ဤအရာထဲသို့ မဝင်ရောက်လျှင်၊ ဘုရားသခင်သည် အမှုပြုခြင်းငှာ နည်းလမ်းရှိမည်မဟုတ်ပေ။ သင်သည် သင်၏ နှုတ်ကိုပိတ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို မပြောလျှင်၊ ဘုရားသခင်သည် သင့်ကို အလင်းပေးနိုင်မည် မဟုတ်။ သင် အလုပ်မများသည့် အချိန်တိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို ပြောပြီး၊ အချည်းနှီးသော စကားစမြည်ပြောဆိုခြင်းတွင် မပါဝင်နှင့်။ သင်၏ အသက်တာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပြည့်စေလော့- ထိုအခါမှသာ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်လိမ့်မည်။ သင်၏ မိတ်သဟာယသည် အပေါ်ယံဖြစ်သည် ဖြစ်စေ အရေးမကြီးပေ။ ပေါ့တန်ခြင်း မရှိဘဲနှင့် နက်ရှိုင်းမှု မရှိနိုင်။ နည်းစနစ်တစ်ခု ရှိရမည်။ သင်၏ လေ့ကျင့်မှုမှတစ်ဆင့်၊ သင့်အပေါ် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ ထိရောက်စွာ စားသောက်ရမည်ဆိုသည်ကို သင် သဘောပေါက်လိမ့်မည်။ စူးစမ်းမှု ကြားကာလပြီးသည့်နောက်တွင်၊ သင်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လိမ့်မည်။ သင်သည် ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားမှသာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိနိုင်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

ခေါင်းဆောင်များနှင့် အမှုတော်ဆောင်အချို့တိုသည့် အသင်းတော်တွင်း၌ တည်ရှိသည့် ပြဿနာ အစစ်အမှန်များကို မမြင်နိုင်ကြပေ။ စည်းဝေးပွဲတစ်ခု၌ ရှိစဉ်တွင်၊ ၎င်းတို့သည် ပြောထိုက်သည့်အရာ တစ်ခုမျှ မရှိဟု ခံစားရသောကြောင့်၊ ၎င်းတို့သည် မတတ်သာ၍သာ လက်ခံပြီး ကျမ်းဟောင်းတရားနှင့် အယူဝါဒအချို့ကို ဖွင့်ဟကြသည်။ ၎င်းတို့ ပြောနေသည့်အရာသည် အယူဝါဒမျှသာ ဖြစ်သည်ကို ၎င်းတို့ ကောင်းစွာ သိသော်လည်း၊ ယင်းကို မည်သည့်နည်းဖြင့်မဆို ပြောကြလေသည်။ အဆုံး၌ ၎င်းတို့သည်၏စကားများသည် ပေါ့ပြက်သည်ကို ၎င်းတို့ပင် ခံစားရလာပြီး ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ယင်းတို့ကို နားထောင်သည်နှင့်အညီ၊ သူတို့သည်လည်း ဤလူများက ငြီးငွေ့ဖွယ် ကောင်းသည်ကို ခံစားရပေသည်။ ဤသည်မှာ ဖြစ်ပျက်သည့်ပုံစံ ဖြစ်သည် မဟုတ်လော။ ၎င်းတို့က ထိုစကားများကို ပြောဖို့ မိမိတို့ကိုယ်ကိုယ် အတင်းအကျပ် စေခိုင်းရပါက၊ တစ်ဖက်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အပေါ်တွင် အလုပ်မလုပ်ဘဲ၊ အခြားတစ်ဖက်တွင် ၎င်းတို့၏ စကားများသည် အခြားသူများအတွက် အကျိုးအမြတ် လုံးဝ မရှိပေ။ သင်သည် သမ္မာတရားကို တွေ့ကြုံပြီးခြင်း မရှိသေးသော်လည်း၊ ယင်းနှင့်ပတ်သက်၍ သင်ပြောလိုဆဲ ဖြစ်ပါက၊ သင်မည်သည့်အရာကို ပြောပါစေ၊ သင်သည် သမ္မာတရားကို ကျော်၍ ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။ သင်နောက်ထပ် ပြောသမျှသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်သည်။ ယင်းတို့သည် အတော်အတန် ဉာဏ်အလင်းပေးသည်ဟု သင်တွေးနိုင်သော်လည်း၊ ယင်းတို့သည် အယူဝါဒများသာ ဖြစ်သည်။ ယင်းတို့သည် သမ္မာတရား စစ်မှန်မှု မဟုတ်သကဲ့သို့ ၎င်းတို့ မည်မျှ ကြိုးစားပါစေ၊ နားထောင်နေသည့် မည်သူမဆိုသည် ယင်းတို့မှ မည်သည့် စစ်မှန်ခြင်းကို နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ နားထောင်နေစဉ်တွင် သင်ပြောသည့် အရာသည် အတော်အတန် မှန်ကန်သည်ဟု ၎င်းတို့ ခံစားရနိုင်သော်လည်း၊ နောက်ပိုင်းတွင် ၎င်းတို့က ယင်းကို လုံးလုံး မေ့သွားလိမ့်မည်။ သင်၏အခြေအနေ အမှန်နှင့်ပတ်သက်ပြီး သင်စကားမပြောပါက၊ သင်သည် လူများ၏စိတ်နှလုံးများကို တို့ထိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့က သင်ပြောသည့်အရာကို သတိရလိုလျှင်ပင်၊ ယင်းကို မေ့သွားကြလိမ့်မည်၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ကူညီနိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် စကားပြောလိုသော်လည်း သမ္မာတရားကို ကျော်ဖြတ်နိုင်သည့် နည်းလမ်းတစ်ခုဖြင့် အမှုအရာများနှင့်ပတ်သက်၍ စကားမပြောနိုင်ဟု ခံစားရသည့် ဤအခြေအနေမျိုးကို ကြုံတွေ့သည့်အခါ၊ ပြီးလျှင် သင်သည် ပဓာနကျသည့် အရာများနှင့် ပတ်သက်၍ မည်သည့်အသိမျှ မရှိသော်လည်း အယူဝါဒဆိုင်ရာ အသိပညာ အနည်းငယ်မျှသာရှိပြီး အခြားသူများက သင်မဖြေနိုင်သည့် ပဓာနကျသည့် သဘာဝ တစ်ခုနှင့်သက်ဆိုင်သည့် မေးခွန်းများကို စတင်ဆွေးနွေးပါက၊ သင်သည် မည်သည့်အရာမျှ လုံးဝ မပြောသည်က သာ၍ ကောင်းလိမ့်မည်။ သင်သည် စည်းဝေးပွဲတစ်ခုတွင် အကြောင်းအရာတစ်ခုအကြောင်း ဆွေးနွေးနေနိုင်ပြီး၊ သင်သည် ယင်းနှင့်ပတ်သက်၍ အတော်အတန် သိကျွမ်းမှုရှိကြောင်းနှင့် စစ်မှန်သော အရာအချို့အကြောင်း မိတ်သဟာယပြုနိုင်ကြောင်းတို့ကို ခံစားရသည့် အချိန်များလည်း ရှိသည်။ သို့ရာတွင် သင်သည် ယင်းကို အတော် အပေါ်ယံသာ ဆွေးနွေးပါက၊ လူတိုင်းက သင်ပြောနေသည့်အရာကို နားလည်လိမ့်မည် ဖြစ်သော်လည်း၊ အခြားသူများသည် အချို့သော အမှုအရာများကို တွေ့ကြုံပြီးခြင်း မရှိနိုင်သေးဘဲ၊ သင်သည်လည်း တွေ့ကြုံမပြီးနိုင်သေးသောကြောင့်၊ သင်၌ သာ၍နက်ရှိင်းသော အဆင့်၌ ပြောစရာ မည်သည့်အရာမျှ မရှိပေ။ ထိုသို့သော အခြေအနေတစ်ခုတွင် သင်သည် စကားဆက်ပြောနေဖို့ သင့်ကိုယ်သင် မတွန်းသင့်ပေ။ ထို့ထက် သင်သည် အကြောင်းအရာနှင့်သက်ဆိုင်၍ လူတိုင်းကို မိတ်သဟာယ ပြုခိုင်းနိုင်သည်။ ယင်းသည် အယူဝါဒသာ ဖြစ်သည်ဟု သင်တွေးထင်ပါက၊ ယင်းနှင့်ပတ်သက်ပြီး ပြောဖို့ အသုံးမတည့်သကဲ့သို့၊ လူများသည်လည်း ယင်းမှ တည်ဆောက်နိုင်မည် မဟုတ်ပေ။ ဤအခြေအနေတွင် သင်မည်သည့်အရာကို ပြောသည်ဖြစ်စေ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို လုပ်ဆောင်မည် မဟုတ်ဘဲ၊ သင်သည် မလျှော့တမ်းပြောဆိုနေသည့်အခါ၊ သင်သည် အဓိပ္ပာယ်မရှိဘဲ စံသွေသောအရာများကို အဆုံး၌ ပြောနိုင်ပြီး လူများကို လမ်းလွဲစေနိုင်သည်။ လူများသည် အတော် နက်ရှိုင်းသည့် အကြံဉာဏ်များကို အချိန်တိုအတွင်း လုံးဝ နားမလည်နိုင်ပေ။ လူအများစုတွင် အလွန်ညံ့ဖျင်းသော အခြေခံအုတ်မြစ် ရှိပြီး ညံ့ဖျင်းသော အစွမ်းအစ ရှိကြသည်၊ ပြီးလျှင် ၎င်းတို့ကြားသည့်အရာကို အလွယ်တကူ မကျက်မှတ်နိုင်ပေ။ သို့ရာတွင် ၎င်းတို့သည် အဓိပ္ပာယ် မရှိဘဲ၊ နည်းမှန်ပြီး အယူအဆဆိုင်ရာ စိတ်ကူးများကိုသာ လက်ခံဖို့ အတော်အတန် မြန်ဆန်ဆဲဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ထူးခြားပေတကား။ ထို့ကြောင့် ဤအချက်တွင် သင်သည် အထူး အာရုံစိုက်ရမည် ဖြစ်သည်။ လူများသည် အချည်းနှီးဖြစ်ပြီး တစ်ခါတစ်ရံတွင် ၎င်းတို့၏ ဝင့်ဝါခြင်းအားဖြင့် စိုးမိုးခြယ်လှယ်ခြင်းခံကြရသည်။ ၎င်းတို့ပြောသည့်အရာသည် အယူဝါဖြစ်သည်ကို ၎င်းတို့ ကောင်းစွာ သိသော်လည်း၊ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများက သတိမပြုမိနိုင်ဟု ယုံကြည်လျက်၊ ယင်းကို မည်သည့်နည်းဖြင့်မဆို ဆက်ပြောနေကြသည်။ သိက္ခာဆယ်ဖို့ အားထုတ် ကြိုးပမ်းရာတွင်၊ ၎င်းတို့သည် ထိုအရာများကို လျစ်လျူရှုပြီး၊ ထိုအစား လက်ရှိ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ကိုသာ အာရုံစိုက်ကြသည်။ ဤသည်မှာ လူများကို လှည့်စားနေခြင်းသာ မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်နေခြင်းဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သည့် လူတစ်ယောက်ဖြစ်ပါက၊ သင်သည် ထိုနည်းလမ်းဖြင့် နောက်ထပ် စကားပြောဆို၍ မရနိုင်ကြောင်းနှင့် အကြောင်းအရာကို သင် ပြောင်းလဲသင့်ကြောင်း ခံစားရလျက်၊ အတွင်း၌ အပြစ်တင်ခြင်းကို ခံစားရလိမ့်မည် ဖြစ်သည်။ သင်သည် သင်တွေ့ကြုံပြီးသည့် အရာတစ်စုံတစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယပြုနိုင်သကဲ့သို့ သမ္မာတရားနှင့်ပတ်သက်၍ သင်၌ ရှိသည့် အသိပညာအချို့အကြောင်း သင် ပြောနိုင်သည်။ သင်သည် တစ်စုံတစ်ခုအကြောင်း ရှင်းလင်းစွာ မပြောနိုင်ပါက၊ ယင်းနှင့်ပတ်သက်၍ သင်တို့အားလုံး အတူတကွ မိတ်သဟာယပြုနိုင်ပေသည်။ လူတစ်ဦးကိုသာ စကားပြောနေစေခြင်းသည် မည်သည့်အခါမျှ ကောင်းသောအရာမဟုတ်ပေ။ သင်သည် အတွေ့အကြုံကင်းမဲ့သောကြောင့်၊ သင်သည် တစ်စုံတစ်ခုကို မည်မျှ စိတ်ကူးပြီး အကြံရနိုင်ပါစေ၊ သင်ပြောသည့်အရာသည် အဆုံး၌ အယူဝါဒနှင့် လူ့အယူအဆများသာ ဖြစ်လိမ့်မည် ဖြစ်သည်။ သမ္မာတရားအဖြစ် အမျိုးအစား ခွဲခြားနိုင်သည့်ထိုအရာများကို တွေ့ကြုံရမည် ဖြစ်သည်။ အတွေ့အကြုံမရှိပါက၊ မည်သူမျှ သမ္မာတရား၏ အနှစ်သာရကို လုံးလုံးလျားလျား နားမလည်နိုင်ပေ၊ သမ္မာတရားကို တွေ့ကြုံခြင်းနှင့်သက်ဆိုင်သည့် အခြေအနေများကို ရှင်းရှင်းလင်းလင်း ရှင်းချက် ထုတ်နိုင်ရန်မှာ သာ၍ နည်းပါးလေသည်။ တစ်စုံတစ်ဦးသည် စကားပြောဖို့ စစ်မှန်သည့်အရာတစ်ခု မရှိမီ သမ္မာတရားနှင့်သက်ဆိုင်သည့် အတွေ့အကြုံ ရှိရမည်ဖြစ်ပြီး အတွေ့အကြုံမရှိခြင်းသည် လက်ခံနိုင်ဖွယ် မရှိပေ။ သင်၌ အတွေ့အကြုံရှိလျှင်ပင်၊ ယင်းကို အတိုင်းအတာတစ်ခုဖြင့် ကန့်သတ်ထားပြီး သင်သည် ကန့်သတ်ထားသည့် အခြေအနေအချို့အကြောင်းကိုသာ ပြောနိုင်လိမ့်မည်။ စည်းဝေးပွဲတစ်ခုသည် အကြောင်းအရာ တစ်ခု သို့မဟုတ် နှစ်ခုအကြောင်းသာ အဖန်တလဲလဲပြန်၍ ပြောနေပါက၊ ဤနည်းဖြင့် အချိန်အတော်ကြာ မိတ်သဟာယပြုပြီးသည့်နောက်၊ လူအချို့သည် အနည်းငယ် နားလည်လာလိမ့်မည် ဖြစ်သည်။ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုမှာ သင်စတင် စကားပြောပြီးသည့်နောက် ချက်ချင်း၊ သင်သည် အလွန်လက်တွေ့ကျသည့် နည်းဟန်ဖြင့် ဆွေးနွေးပြောဆိုနေသည်ဟု သင်တွေးနိုင်သော်လည်း၊ သင်၏ညီအစ်ကိုမောင်နှမများသည် နားမလည်ကြသေးပေ။ ဤသည်မှာ သင်၏ အခြေအနေသည် သင်၏အခြေအနေသာ ဖြစ်ပြီး၊ သင်၏ ညီအစ်ကိုမောင်နှမများ၏ အခြေအနေများသည် သင်၏ ကိုယ်ပိုင်အခြေအနေကဲ့သို့ သေချာပေါက် အတိအကျ မဟုတ်ပေ။ ထို့အပြင် သင်သည် ဤအကြောင်းအရာနှင့် အတွေ့အကြုံအချို့ရှိသော်လည်း၊ သင်၏ ညီအစ်ကိုမောင်နှမများ၌ ရှိနိုင်မည် မဟုတ်သောကြောင့်၊ သင်ပြောနေသည့်အရာသည် ၎င်းတို့နှင့်မသက်ဆိုင်ဟု ၎င်းတို့က ခံစားကြရသည်။ ဤအခြေအနေမျိုးကို ကြုံတွေ့ရသည့်အခါ သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့၏ အခြေအနေများကို နားလည်နိုင်ဖို့ မေးခွန်းအချို့ကို ၎င်းတို့အား မေးရမည်။ ဤအကြောင်းအရာ ပေါ်ပေါက်လာသည့်အခါ တစ်စုံတစ်ဦး လုပ်ဆောင်သင့်သည့်အရာနှင့် သမ္မာတရားနှင့် ကိုက်ညီအောင် တစ်စုံတစ်ဦးသည် မည်သို့ လက်တွေ့လုပ်ဆောင်သင့်ကြောင်းတို့ကို ၎င်းတို့ တွေးထင်သည့်အရာကို မေးလော့။ ဤနည်းလမ်းဖြင့် အချိန်အတော်ကြာ မိတ်သဟာယပြုပြီးသည့်နောက်၊ ရှေ့လျှောက် လမ်းကြောင်း ပွင့်လာလိမ့်မည်။ ဤနည်းဖြင့် သင်သည် လူများကို အတိုင်းအတာ တစ်ခုအထိ ဦးဆောင်နိုင်ပြီး သင်သည် ရှေ့ဆက် မိတ်သဟာယပြုပါက၊ ရလဒ်များ စွမ်းဆောင် ရရှိလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။” မှ

“အတွေ့အကြုံများ မျှဝေခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်း” ဆိုသည်မှာ သင်၏ စိတ်နှလုံးထဲမှ အတွေးအားလုံး၊ သင်၏အခြေအနေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏အတွေ့အကြုံများနှင့် သိခြင်းသာမက သင်၏ အတွင်းမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အကြောင်းကို ပြောဆိုခြင်း ဖြစ်သည်။ ထို့နောက်တွင် အခြားသူများက ဤအရာများကို ဝေဖန်ပိုင်းခြားပြီး အပြုသဘောဆောင်သော အရာများကို လက်ခံပြီး မည်သည့်အရာသည် အပျက်သဘောဆောင်ကြောင်းကို အသိအမှတ်ပြုကြသည်။ ဤအရာသည်သာလျှင် မျှဝေခြင်းဖြစ်ပြီး ဤအရာသည်သာလျှင် စစ်မှန်စွာ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်များ သို့မဟုတ် ဓမ္မတေးတစ်ပုဒ်၏ အစိတ်အပိုင်းတစ်ခု၌ ထိုးထွင်းအမြင်များ ရှိခြင်းနှင့် သင့်စိတ်ကြိုက် မိတ်သဟာယဖွဲ့ပြီး ၎င်းကို ဆက်လက်မလုပ်ဆောင်ခြင်းနှင့် သင်၏ လက်တွေ့ဘဝနှင့်သက်ဆိုင်သော မည်သည့်အရာ တစ်ခုမျှ မပြောခြင်းကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ အယောက်တိုင်းသည် သြဝါဒဆိုင်ရာနှင့် အယူအဆဆိုင်ရာ အသိအကြောင်းကို ပြောကြပြီး လက်တွေ့ကျသော အတွေ့အကြုံများမှ ရယူသော အသိအကြောင်း မည်သည့်အရာကိုမျှ ပြောဆိုကြခြင်းမရှိပေ။ ယင်းကဲ့သို့ အရာများအကြောင်း၊ သင်တို့၏ ပုဂ္ဂိုလ်ရေးရာ ဘဝများအကြောင်း၊ သင်တို့၏ ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်၌ အသက်တာအကြောင်နှင့် သင်တို့၏ကိုယ်ပိုင် အတွင်းကမ္ဘာအကြောင်းကို ပြောရန် သင်တို့အားလုံး ရှောင်ရှားကြသည်။ ဤသို့ ပြုသော် လူများအကြားတွင် စစ်မှန်သောမိတ်သဟာယဖွဲ့ခြင်း အဘယ်သို့ရှိနိုင်မည်နည်း။ စစ်မှန်သောယုံကြည်မှု အဘယ်သို့ရှိနိုင်မည်နည်း။ မည်သည့်အရာမျှ ရှိနိုင်မည်မဟုတ်။...အကယ်၍ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း စိတ်ချယုံကြည်နိုင်ရမည် ဆိုပါက၊ အချင်းချင်း ကူညီနိုင်ပြီး၊ ၎င်းတို့အတူတကွရှိသောအခါ အချင်းချင်း ထောက်ပံ့နိုင်ရမည် ဆိုပါက အယောက်တိုင်းစီသည် ၎င်းတို့၏စစ်မှန်သော အတွေ့အကြုံများအကြောင်းကို ပြောရမည်။ အကယ်၍ သင်သည် သင်၏ စစ်မှန်သောအတွေ့အကြုံများအကြောင်းကို မပြောဘဲ ကြီးကျယ်သောစကားများ၊ သြဝါဒဆိုင်ရာနှင့် အပေါ်ယံဆန်သောစကားများကိုသာ ပြောပါက သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်ပေ၊ ထို့အပြင် သင်၌ ရိုးသားနိုင်စွမ်း မရှိပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

သင်သည် ကမ်းခြေပေါ်က သဲများတမျှ အသိပညာအကြောင်းကို များစွာ ပြောဆိုနိုင်သည့်တိုင် ထိုအရာထဲမှ မည်သည့်အရာ၌မျှ စစ်မှန်သောလမ်းကြောင်း တစ်ခုတစ်လေ မပါရှိပေ။ ဤအရာ လုပ်ဆောင်ခြင်းဖြင့် လူတို့ကို အရူးလုပ်ဖို့ သင် ကြိုးစားနေခြင်း မဟုတ်လော။ သင်သည် ယင်းကို ထောက်ခံဖို့အနှစ်သာရ မရှိဘဲလျက် အဓိပ္ပါယ်မရှိသည့်ဟန်ပြတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော အပြုအမူအားလုံးသည် လူတို့အဖို့ အန္တရာယ်ရှိ၏။ အယူအဆ မြင့်လေလေ၊ ပြီးလျှင် စစ်မှန်မှု ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေလေ ဖြစ်သည်။ သဘောတရားတစ်ရပ်သည် မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပိုမို အာခံကာ ဆန့်ကျင်စေလေလေ ဖြစ်သည်။ အမြင့်မားဆုံးသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် သဘောမထားနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ လူအချို့သည် အမြင့်မားဆုံးအယူအဆများကို ပြောဆိုကောင်း ပြောဆိုနိုင်ပေလိမ့်မည်- သို့ရာတွင် ဤလူတို့သည် ထိုအယူအဆများကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံဖူးကြသောကြောင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသည့်အတွက် ဤအယူအဆများထဲတွင် စစ်မှန်မှု မပါရှိပေ။ ထိုသို့သောလူများသည် အခြားသူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်စွမ်း မရှိကြသကဲ့သို့၊ ၎င်းတို့ကို လမ်းလွဲစေခြင်းသာ ဖြစ်စေလိမ့်မည်။ ဤသည်မှာ လူတို့အဖို့ အန္တရာယ်ရှိသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်ပြီး ၎င်းတို့အား ဝင်ရောက်မှုကို ရရှိခွင့်ပေးနိုင်ရမည်။ ဤအရာသည်သာ ဆက်ကပ်အပ်နှံခြင်းဟု မှတ်ယူ၍ရပြီး ထိုအခါမှသာ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် အခြားသူတို့ကို သင့်အား နာခံလာအောင်ပြုရန် မသင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှု များစွာကို အသုံးမပြုလေနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့အား သာ၍စိတ်ရှုပ်ထွေးစေနိုင်သည်။ ဤသို့ ဆက်လက် လုပ်ဆောင်ခြင်းသည် လူတို့အား သင့်ကို စက်ဆုပ်စေသည့် အယူဝါဒများစွာကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ လူသား၏ အားနည်းချက်ဖြစ်ပြီး၊ အမှန်တကယ် အရှက်ရစရာ ဖြစ်သည်။ သို့ဖြစ်၍ အမှန်တကယ် တည်ရှိသည့် ပြဿနာများ အကြောင်းကို ပို၍ပြောဆိုလော့။ အခြားလူတို့၏ အတွေ့အကြုံများကို သင်၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဆက်ဆံကာ အခြားသူများ ကြည်ညိုလေးစားစေဖို့ ထိုအတွေ့အကြုံများကို မပြလေနှင့်။ သင့်အနေဖြင့် သင်ကိုယ်တိုင်၏၊ သီးခြား ထွက်ပေါက်ကို ရှာဖွေရမည်။ ဤသည်မှာ လူအသီးသီး လက်တွေ့ လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုခြင်းသည် လိုက်နာရမည့် အခြေခံသဘောတရားအချို့ရှိသည်-

ပထမဦးစွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုခြင်း မတိုင်မီ၊ သင်သည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အနှစ်သာရကို ချင့်ချိန် စဉ်းစားရမည်၊ နှုတ်ကပတ်တော်များက မည်သည့်အရာ ဆိုလိုနေသည်ကို သဘောပေါက်ရမည်၊ ယင်းတို့၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ရမည်ဖြစ်ပြီး၊ ဘုရားသခင်က အဘယ်ကြောင့် ထိုသို့သော စကားများကို ပြောဆိုသည်ဆိုသည်နှင့် ယင်းတို့က မည်သည့် အကျိုးတရားများ စွမ်းဆောင်ရရှိရန် ကြိုးစားနေသည်ဆိုသည်တို့ကို နားလည်နိုင်ဖို့ ကြိုးစားရမည်ဖြစ်သည်။ သူ မည်သည့်အရာ ပြောသည်ဖြစ်စေ၊ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များမှာ သူ၏ နှုတ်ကပတ်တော်များထဲတွင် ရှိ၏။ ဤသည်မှာ မိတ်သဟာယပြုရမည့် အဓိကအချက် ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်တိုင်းတွင် သူ၏ အလိုတော်ကို သဘောပေါက်ရမည်ဖြစ်ကာ လူတို့နှင့် သက်ဆိုင်၍ သူတောင်းဆိုသည့်အရာနှင့် ၎င်းတို့ ပြင်ဆင်ထားသင့်သည့် သမ္မာတရားများကို နားလည်ရမည်ဖြစ်သည်။ ဤနည်းဖြင့် မိတ်သဟာယပြုခြင်းသည် သင်နှင့် အခြားသူတို့နှစ်ဦးလုံးအဖို့ အကျိုးကျေးဇူးရှိသည်။ သင်သည် ဟန်ဆောင်လုပ်ရုံသာ လုပ်ပြနေပြီး ယင်းတို့ကို ဖတ်ရှုပြီးနောက် လေးလေးနက်နက် ချင့်ချိန်စဉ်းစားခြင်းမရှိဘဲ၊ အယူဝါဒများကိုသာ ပြောဆိုရင်း ဖြစ်စဉ်တစ်လျှောက် ရွှင်မြူးသွက်လက်ပေါ့ပါးစွာ သွားပါက၊ သင်၏ ဘုရားသခင့် နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် အဓိပ္ပာယ်များစွာ ရှိလိမ့်မည် မဟုတ်သကဲ့သို့ သင်သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ နားလည်နိုင်လိမ့်မည် မဟုတ်ပေ။

ဒုတိယအနေဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားများစွာ ပါရှိ၏။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စာကြောင်း အသီးသီးသည် တိုက်ရိုက်အဓိပ္ပာယ်မှတစ်ဆင့် လုံးလုံးလျားလျား ရှင်းပြ၍မရနိုင်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာများစွာ ပါဝင်သည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပေါ့ပေါ့တန်တန် သဘောထား၍ရပေ။ ယင်းတို့ကို အလွန် ရိုးရှင်းသည်ဟု သင် မြင်ပါက၊ ယင်းသည် အလွန် မိုက်မဲကာ မသိနားမလည် ဖြစ်ပေမည်။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အရိုးရှင်းဆုံးသော စာကြောင်းသည်ပင် တစ်သက်တာတစ်လျှောက် အလုံးစုံ တွေ့ကြုံ၍ မရနိုင်ပေ။ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ဖော်ပြထားသမျှအားလုံးသည် သမ္မာတရားဖြစ်သောကြောင့်၊ အပြုသဘောဆောင်သော အရာများ၏ လက်တွေ့အရှိတရား ဖြစ်သောကြောင့် ဖြစ်ပြီး၊ လူသားက အပြည့်အဝ ကြိုးပမ်းမရရှိနိုင် သို့မဟု အလွန် နက်ရှိုင်းစွာ မဝင်ရောက်နိုင်သောကြောင့် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တည်ကြည်သော သဘောထားဖြင့် မယူမှတ်သကဲ့သို့ သမ္မာတရားကို ရှာဖွေရန် စိတ်ဆန္ဒမရှိပါက၊ ယင်းတို့ကို ၎င်းတို့ လုံးဝ နားမလည်နိုင်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်ရမည်ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုချိန်တွင် ဆည်းကပ်သော သဘောထားတစ်ခု ရှိရမည်ဖြစ်သည်။

တတိယအနေဖြင့်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည်သမျှသာ မိတ်သဟာယပြုရမည်။ သင် နားမလည်သည့်အချိန်တွင် နားလည်သကဲ့သို့ ဟန်ဆောင်ကာ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို သတိမမူဘဲ မပြောနှင့်။ စုဝေးပွဲများတွင်၊ သင်၏ တကယ့် အသိပညာနှင့် ဘုရားသခင့် နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် သင်၏ သိနားလည်မှုတို့ကိုသာ မိတ်သဟာယပြုလော့။ သင်သည် အခြားလူတို့၏ အချိန်ကို ဖြုန်းတီးနေသည့်အလား၊ သမ္မာတရားနှင့် မဆက်နွှယ်သည့် အရာများအကြောင်းကို မပြောနှင့်။ အယောက်တိုင်း၏ အကျိုးကျေးဇူးအတွက်၊ လူအသီးသီးအတွက် ငါးမိနစ်မှ ဆယ်မိနစ်ခန့် သို့မဟုတ် အများဆုံး ဆယ့်ငါးမိနစ်ကြာသာ မိတ်သဟာယပြုရန် အကောင်းဆုံး ဖြစ်သည်။ လူတစ်ဦးတည်းက အချိန်များစွာ မယူရ။ အကယ်၍ ၎င်းတို့ တစ်ကြိမ်နှင့်အပြီးမသတ်နိုင်ပါက၊ အယောက်တိုင်း စကားပြောခွင့် ရဖို့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိ ခွဲလော့။ အထူးသဖြင့် စကားများသောသူတို့အတွက်၊ အကယ်၍ ၎င်းတို့သည် မူလအကြောင်းအရာမှ ချော်ထွက်သွားပါက၊ ၎င်းတို့ မည်သို့ စဉ်းစားတတ်ကာ အခြားသူများကို လေးစားတတ်ရန် သင်ယူဖို့အလို့ငှာ သင်သည် ၎င်းတို့ကို ကြားဖြတ်ပြောနိုင်သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အယောက်တိုင်းကို အကျိုးရှိစေသည်။

စတ္တုထအနေဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုနေချိန်တွင်၊ တစ်ဦးတစ်ယောက်သည် လူအများစု မျှဝေခံစားသည့် အခြေအနေများအကြောင်းအပြင် အသင်းတော်ထဲတွင် တည်ရှိသည့် ပြဿနာများအကြောင်းကို မိတ်သဟာယပြုနိုင်သည်။ ဤမိတ်သဟာယပြုခြင်းမျိုးသည် တရားဝင်ဖြစ်သော်လည်း သင်သည် အခြားလူတို့အား တိုက်ခိုက်ခြင်း သို့မဟုတ် သိမ်ငယ်စေခြင်းငှာ ရည်ရွယ်ချက်မရှိရ။ သင် မည်သူဖြစ်ပါစေ၊ ဤအခြေအနေများကို သင် ပိုင်ဆိုင်ပါက ယင်းကို သင်သည် မှန်ကန်စွာ ရင်ဆိုင်ပြီး နှိမ့်ချစွာ လက်ခံသင့်သည်။ သင်သည် မာနထောင်လွှားကာ စိတ်ကြီးဝင်၍မရ၊ အခြားသူများ၏ ထင်မြင်ချက်များကို သည်းမခံနိုင်ဖြစ်၍ မရ သို့မဟုတ် အခြားသူတို့အား စကားပြောဖို့ တားမြစ်ရင်း သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့၏ မိတ်သဟာယပြုခြင်းကို ကန့်သတ်ရင်း အခြားသူတို့အား ဖိအားပေးရန် သင်၏ ရာထူးကို အသုံးပြု၍ မရနိုင်ပေ။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်း ဖြစ်စဉ်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို ဖော်ထုတ်ခြင်း ဖြစ်စဉ်လည်း ဖြစ်သည်။ သမ္မာတရားကို စစ်မှန်စွာ လက်ခံသောသူတို့သည် ထိုသို့သော အရာများနှင့် ပတ်သက်လာသည့်အခါ မိမိတို့ကိုယ်ကိုယ် မှန်ကန်စွာ ရင်ဆိုင်နိုင်လိမ့်မည်ဖြစ်ပြီး၊ မည်သည့် ပြဿနာများမျှ ရှိလိမ့်မည် မဟုတ်ပေ။ လူတို့သည် စုဝေးပွဲများအတွင်းတွင် မိမိတို့၏ နှုတ်များကို မဖွင့်ဝံ့သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မိတ်သဟာယမပြုဝံ့ပါက၊ သို့မဟုတ် အခြားသူတို့အား စိတ်အနှောင့်အယှက်ဖြစ်စေမိမည်ကို အလွန် ကြောက်လှန့်လွန်းခြင်းကြောင့် ၎င်းတို့ မိတ်သဟာယပြုနေသည့်အရာကို တကယ့် ဘဝနှင့် မဆက်နွှယ်စေနိုင်ပါက၊ သမ္မာတရားကို နညးလည်ပြီး ရရှိဖို့ အလွန် ခက်ခဲလိမ့်မည်ဖြစ်ပြီး၊ ဤပုံစံဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် ပြောစရာ ရလဒ် တစ်ခုတစ်လေမျှ ဖြစ်ထွန်းလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို စစ်မှန်စွာ လက်ခံရန် လိုလားနေသည့် လူများသည် ၎င်းတို့၏ အခြေအနေများနှင့် ပူးပေါင်းကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အသိပညာကို ရှိးရှင်းပြီး ပွင့်လင်းသည့် ပုံစံတစ်ခုဖြင့် မိတ်သဟာယပြုသင့်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဤနည်းဖြင့် မိတ်သဟာယပြုခြင်းဖြင့်သာ သမ္မာတရားကို နားလည်ဖို့ လွယ်ကူပြီး ရလဒ်များကို စွမ်းဆောင်ရရှိပေသည်။ အသင်းတော်တွင် ထွက်ပေါ်သည့် အထူးပြဿနာများအတွက်မူ၊ အသင်းသားအားလုံးကို မိမိတို့၏ ကိုယ်ပိုင် အမြင်များကို မိတ်သဟာယပြုကာ ဖော်ပြဖို့ ကြိုဆိုလက်ခံထားသော်လည်း၊ ၎င်းတို့အနေဖြင့် အမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ မြင်ရမည်ဖြစ်ကာ သမ္မာတရားဘက်တွင် ရပ်တည်ရမည်ဖြစ်သည်။ ထိုသို့သော မိတ်သဟာယပြုခြင်းသည် ပြဿနာများကို ဖြေရှင်းရန် တတ်နိုင်ခြင်း အကျိုးကျေးဇူးရှိသည်၊ စာတန်ကို အရှက်ရစေနိုင်ပြီး စစ်မှန်သော ရလဒ်များ စွမ်းဆောင်ရရှိနိုင်ပေသည်။

အလုပ်အစီအစဉ်များ မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှတစ်ဆင့် သမ္မာတရားကို သိနားလည်နိုင်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းနိုင်ခြင်းနှင့်သက်ဆိုင်သော အသင်းတော်အသက်တာတွင် အကျိုးတရား စွမ်းဆောင်ရရှိဖို့အလို့ငှာ၊ စုဝေးပွဲများအတွင်းတွင် လက်တွေ့လုပ်ဆောင်ရမည့် အခြေခံသဘောတရား ငါးချက် ရှိသည်။

၁။ သမ္မာတရားကို လုံးဝ တန်ဖိုးထားခြင်းရှိသည့် ကောင်းမွန်သော အရည်အချင်းရှိသည့် လူများသည် အနည်းငယ် သာ၍ မိတ်သဟာယပြုနိုင်သည်၊ သို့သော် ၎င်းတို့အနေဖြင့် စစ်မှန်သည့် ပြဿနာများကို ဖြေရှင်းဖို့ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တကယ့် အတွေ့အကြုံများနှင့် အသိပညာတို့ကို ပြောဆိုသင့်ပေသည်။ ဤပုံစံဖြင့်သာ စုဝေးခြင်းသည် ထိရောက်ပေလိမ့်မည်။ မှားယွင်းသည့် သိနားလည်မှုရှိသူတို့သည် သာ၍ လျော့နည်းစွာ မိတ်သဟာယပြုသင့်သည် သို့မဟုတ် မိတ်သဟာယပြုခြင်းကို ရှောင်ကြဉ်ပင်ရှောင်ကြဉ်သင့်ပေသည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားကို နားလည်ရန် ကြိုးစားနေသည့် အယောက်တိုင်းအတွက် အကျိုးကျေးဇူး ရှိလိမ့်မည် ဖြစ်သည်။

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုနေချိန်တွင်၊ လူတို့သည် အကြောင်းအရာအပေါ် ရှိနေသင့်ပြီး လုံးဝ ချော်ထွက်မသွားသင့်ပေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် လူတို့အား သမ္မာတရား နားလည်ရန် ကူညီလိမ့်မည်ဖြစ်သည်။ မကြာခဏ မူလလမ်းကြောင်းမှ ချော်ထွက်ခြင်းများသည် လူတို့၏ အာရုံစိုက်မှုကို ပျက်စေတတ်ပြီး ၎င်းတို့ကို မရှင်းမလင်းဖြစ်စေတတ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အား နားလည်စေရန် မဖြစ်နိုင် ဖြစ်စေသည်။ မူလလမ်းကြောင်းမှ ချော်ထွက်တတ်သော လူတို့သည် ကန့်သတ်ခံရမည်။ ဤအရာက အချိန်ကို သက်သာစေနိုင်ပြီး စုဝေးခြင်းကို ကောင်းမွန်သော ရလဒ်များ စွမ်းဆောင်ရရှိခွင့် ပေးလေသည်။

၃။ ညံ့ဖျင်းသော အရည်အချင်းရှိပြီး နားလည်နိုင်စွမ်း မရှိသူတို့သည် သာ၍ နားထောင်ကာ စကားပြောလျော့ပါက အကောင်းဆုံး ဖြစ်ပေမည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် သိနားလည်မှုစစ်စစ်ကို ရရှိခြင်းထဲသို့ သာ၍ အားထုတ်မှု ထားရှိကာ ဆုတောင်းကာ အတွင်းတွင် ဘုရားသခင်နှင့် သာ၍ မိတ်သဟာယပြုသင့်ပေသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ၎င်းတို့အဖို့အပြင် အခြားသူတို့အဖို့ အကျိုးရှိပေလိမ့်မည်။ ဤသည်မှာ တိုးတက်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

၄။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ စုဝေးခြင်းနှင့် မိတ်သဟာယပြုခြင်းတွင် ရှိစဉ်၊ အခြားသူတို့၏ ရှုထောင့်အမြင်များနှင့် ထင်မြင်ချက်များကို ထပ်မပြောနှင့်။ နားလည်မှုနှင့် အသိပညာတို့နှင့် သက်ဆိုင်သည့် အသစ်သော အချက်အချို့အကြောင်းကို ပြောလော့။ သင်တို့သည် အသစ်သော အသိပညာမရှိပါက၊ စကားစမြည်မပြောနှင့်။ ဤအရာက အချိန်သက်သာစေလိမ့်မည်ဖြစ်ပြီး စုဝေးခြင်းကို သာ၍ ထိရောက်စေနိုင်သည်။ အခြားသူများ ပြောဆိုပြီးဖြစ်သည့်အရာကို စဉ်ဆက်မပြတ် ထပ်လောင်းပြောဆိုခြင်းထက်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စွာ ထိုင်ရုံသာထိုင်ရန်၊ နားလည်မှု အချက်သစ်များနှင့် အခြားသူတို့ ယူဆောင်လာသည့် သိနားလည်မှုစစ်စစ်တို့ကို လက်ခံရင်း၊ အာရုံစိုက်စွာ နားထောင်ကာ သိမြင်ဖို့မှာ သာ၍ ကောင်းပေမည်။ ဤသည်မှာ မိမိကိုယ်ကိုယ်အဖို့ အကျိုးကျေးဇူးရှိပြီး သင်သည်လည်း စည်းဝေးခြင်းမှ အကျိုးကျေးဇူး ဝေစုတစ်စုကို ခံစားရပြီးဖြစ်ဖို့ ယူဆခံရနိုင်ပေသည်။

၅။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို လူတို့ မိတ်သဟာယပြုသည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ဖြာလေ့လာဆွေးနွေးမှုများနှင့် ပြဿနာတစ်ခုနှင့်ပတ်သက်သော အမြင်များကို ၎င်းတို့ မိတ်သဟာယပြုနေချိန်တွင်၊ အယောက်တိုင်းအား အချင်းချင်း ဝေဖန်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့မှ တားဆီဖို့အလို့ငှာ တိုး၍ အလွန်အကျွံ စိတ်ထိခိုက်လွယ်ခြင်းမရှိနှင့်၊ သို့မဟုတ် ၎င်းတို့ကို သင်ကိုယ်တိုင်နှင့် ကျိုးကြောင်းမမြင်ဘဲ မနှိုင်းယှဉ်နှင့်။ အဓိပ္ပာယ်မဲ့သော အရာများအကြောင်းကို မငြင်းခုံနှင့်၊ ပြီးလျှင် သင်ကိုယ်တိုင်၏ ဝင်ရောက်မှုကို လျစ်လျူရှုနေစဉ်တွင် အခြားသူတို့၏ ပြဿနာများအကြောင်းကို အမြဲ မပူပန်နှင့်။ သင်ကိုယ်တိုင် ဖောက်ပြန်ပျက်စီးခြင်း ပြဿနာများကို ဖြေရှင်းနိုင်ဖို့အလို့ငှာ၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် သိနားလည်ခြင်းတို့အပေါ် အာရုံစိုက်လော့။ ဤအရာကို လုပ်ဆောင်သောလူတို့သည် ဉာဏ်ရည်ဉာဏ်စွမ်းရှိသော သူများ ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အသင်းတော်အသက်တာတွင်၊ ခေါင်းဆောင်များနှင့် အလုပ်သမားများ၏ အဆင့်အားလုံးသည် သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းတွင် ဦးဆောင်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးဖြစ်သည့်သူ အယောက်တိုင်း၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ စည်းဝေးခြင်းကို သာ၍ ထိရောက်စေဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် အတွေ့အကြုံနှင့် အသိပညာရှိသောသူအားလုံးသည် အယောက်တိုင်း၏ မွေ့လျော်ခံစားခြင်းအတွက် မိမိတို့၏ ဝေစုကို ဆက်ကပ်ရင်းနှင့် အယောက်တိုင်းက သမ္မာတရားကို နားလည်နိုင်ကာ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ဖို့အလို့ငှာ ၎င်းတို့ ရရှိပြီးသည့်အရာကို မိတ်သဟာယပြုသင့်ပေသည်။ သမ္မာတရားကို လိုက်စားနေသည့် လူများအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် မိမိတို့၏ အသိပညာနှင့် အတွေ့အကြုံများ၊ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ၎င်းတို့ ရရှိပြီးဖြစ်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်း တစ်ခုတစ်လေကို မိတ်သဟာယပြုဖို့ အထူးသဖြင့် အရေးကြီးပေသည်။ ဤနည်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူသားများ၌ သူ လုပ်ဆောင်သည့် အလုပ်သည် ထိန်းချုပ်ခံရလိမ့်မည် မဟုတ်ပေ။ ပြီးလျှင် ဤနည်းဖြင့်သာ လူတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေလိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ကျေးဇူးတော်တို့ကို သာ၍ပင် ရရှိလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် သာ၍များသော သမ္မာတရားများကို နားလည်ပြီး ဝင်ရောက်မှု ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် အတွေ့အကြုံ သို့မဟုတ် အသိပညာ မရှိသောလူတို့သည် မိတ်သဟာယပြုခြင်းမှ ရှောင်ကြဉ်နိုင်သော်လည်း၊ အခြားလူများ မိတ်သဟာယပြုသည့်အရာကို ၎င်းတို့ နားလည်သင့်ပြီး၊ ယင်းကို အလေးအနက် တွေးဆသင့်ပေသည်။ ထို့နောက်တွင်၊ ၎င်းတို့ သင်ယူပြီးဖြစ်သည့်အရာကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံသင့်ပြီး၊ သင်တို့သည်လည်း အသိပညာကို တဖြည်းဖြည်း ရရှိလိမ့်မည်။ သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါတွင်မျှ မိတ်သဟာယမပြုသော လူတို့သည် ဝိညာဉ်မဲ့ လူသေများ ဖြစ်သည်။ သမ္မာတရားအပေါ် လူတို့ သာ၍ မိတ်သဟာယပြုလေလေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ သာ၍ မွေ့လျော်ခံစားလာနိုင်လေ ဖြစ်သည်။ ဤသည်တို့မှာ အသက်ရှိလာနိုင်သည့် တစ်ခုတည်းသော လူစားမျိုးများ ဖြစ်သည်။ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းသည် ဘုရားသခင်ကို ချီးမြှောက်ကာ သက်သေခံဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ယင်းသည် မိမိ၏ တာဝန်ကို ဖြည့်ဆည်းပြီး ဘုရားသခင်ကို အစေခံရန် မှန်ကန်သော နည်းလမ်းတစ်ခု ဖြစ်သည်။ လူတစ်ဦး၏ အသက်တာသည် သမ္မာတရားအပေါ် မိတ်သဟာယ ပြုခြင်းမှတစ်ဆင့် ရင့်ကျက်ပေသည်။ သမ္မာတရားကို လိုက်စားပြီး ချစ်မြတ်နိုးသောသူအားလုံးသည် စည်းဝေးခြင်းများအတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် မိမိတို့၏ အတွေ့အကြုံများနှင့် အသိပညာတို့အပေါ် မိတ်သဟာယပြုသင့်ပေသည်။ ဤအရာက ကောင်းသော အသင်းတော် အသက်တာတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၅၈။ အသင်းတော် အသက်တာကို အသက်ရှင်ခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၀။ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်