၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားခြင်း၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင်၊ ယင်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်ကို နားလည်ခြင်းမျှအပေါ် အာရုံမစိုက်နှင့်။ ဘုရားသခင်၏ အလိုတော်နှင့် လူသားအပေါ် သူ၏ သတ်မှတ်ချက်များကို သူ၏ နှုတ်ကပတ်တော်များထဲတွင် သဘောပေါက်ရန် ကြိုးစားရမည်။

(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသား၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ချို့တဲ့ခြင်းများကို အတိအကျ ပြောဆိုသည့်အတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသား အခြေအနေများနှင့် တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင် ပြဿနာများနှင့်သက်ဆိုင်သည့် ဆက်စပ်အကြောင်းအရာဖြင့် ဖတ်ရှုရမည်။

(၃) လူသား၏ ရာထူးအဆင့်အတန်းတွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဖန်ဆင်းရှင်ထံ အကြွင်းမဲ့ ကျိုးနွံနာခံခြင်း၏ ပုံစံကျသော အမြင်တစ်ခုအတွင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားရန် တစ်ဦးတစ်ယောက်အတွက် လိုအပ်ပေသည်။ ထိုသို့ဖြင့်သာ ဘုရားသခင်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိနိုင်သည်။

(၄) ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ယုံကြည်ဖို့နှင့် လူသား၏ အကြီးမားဆုံးသော ချို့တဲ့ခြင်းမှာ အနှစ်သာရအားဖြင့် သူသည် သမ္မာတရား မရှိခြင်းဖြစ်သည်ကို ရှင်းလင်းစွာ မြင်ရန် လိုအပ်သည်။ ထိုသို့ဖြင့်သာ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို ရှာဖွေပြီး လက်ခံနိုင်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏နှုတ်ကပတ်တော်ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရားဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် ပေးအပ်နှင်းသည့် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သြဝါဒများ၊ ဆောင်ပုဒ်များ သို့မဟုတ် ငြင်းခုံချက်များ မဟုတ်သကဲ့သို့၊ ဒဿနအမြင်နှင့် အသိပညာ တစ်မျိုးမျိုး မဟုတ်ပေ။ ယင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသား ထုတ်ဖော်ပြသည့်အရာများအားလုံး၊ လူသား၏ စိတ်နှလုံးတွင် အကြံရပြီး စိတ်ထဲတွင် တည်ရှိသည့် စိတ်ကူးများနှင့် ထင်မြင် ယူဆချက်များဖြင့် လူသား၏ အသက်တာနှင့် တည်ရှိမှု၊ ၎င်း၏အပြုအမူနှင့် စိတ်သဘောထားနှင့် သက်ဆိုင် လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် သင်၏ စဉ်းစားဆင်ခြင်ခြင်းသည် ဤအရာများ၏ ချည်နှောင်ခြင်းမှ လွတ်ကင်းပါက၊ သင်သည် သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါနှင့် ဒေသနာများနှင့် မိတ်သဟာယတို့ကို နားထောင်သည့်အခါ ထိုအရာများ၏ ချည်နှောင်ခြင်းမှ လွတ်ကင်းပါက၊ သင်နားလည်နိုင်သည့်အရာသည် အပေါ်ယံမျှသာဖြစ်ပြီး၊ နည်းပါးလိမ့်မည် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်သည့် နည်းလမ်းကို သင်ယူရမည်။ ဤသည်မှာ အရေးကြီးလှသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ဖို့ နည်းလမ်းများစွာရှိလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရှာဖွေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တိတ်ဆိတ်စွာ ဖတ်ရှုနိုင်ပြီး၊ သင်၏ စိတ်နှလုံးထဲတွင် ဆုတောင်းနိုင်သည်။ သင်သည် သမ္မာတရားကို အားထုတ်သူတို့ကို အဖော်ပြု၍လည်း မိတ်သဟာယပြုနိုင်ပြီး၊ ဆုတောင်း- ဖတ်ရှုနိုင်သည်။ ပြီးလျှင် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် သင်၏ နားလည်သဘောပေါက်ခြင်းကို ပို၍နက်ရှိုင်းစေဖို့ သင်၏ စဉ်းစားဆင်ခြင်ခြင်းနှင့် မိတ်သဟာယများနှင့် ဒေသနာများကို တစ်သားတည်း ဖြစ်အောင် လုပ်၍လည်း ရနိုင်ပေသည်။ နည်းလမ်းများမှာ များစွာရှိပြီး မျိုးစုံလှပေသည်။ အတိုချုပ်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် ထိုနှုတ်ကပတ်တော်များ၊ သမ္မာတရားတို့နှင့် သက်ဆိုင်သည့် နားလည်သဘောပေါက်မှုတစ်ခုကို ရရှိလိုပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ဖို့ နှင့် ဆုတောင်း- ဖတ်ရှုဖို့တို့က အလွန် အရေးကြီးလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်း- ဖတ်ရှုခြင်း၏ရည်ရွယ်ချက်မှာ၊ ထိုနှုတ်ကပတ်တော်များကို ရွတ်ဖတ်နိုင်ဖို့ မဟုတ်သကဲ့သို့၊ အလွတ်ကျက်ဖို့လည်း မဟုတ်ပေ။ ယင်းထက် ဤနှုတ်ကပတ်တော်များကို ဆုတောင်း- ဖတ်ရှုကာ၊ စဉ်းစားဆင်ခြင်ပြီးနောက်၊ ထိုနှုတ်ကပတ်တော်များ နှင့် သက်ဆိုင်သည့် စစ်မှန်သော နားလည်သဘောပေါက်မှု တစ်ခုကို ရရှိဖို့ နှင့် ဘုရားသခင် မိန့်တော်မူခဲ့သည့် ဤနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်တို့ကို သိရှိဖို့ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များတွင် လက်တွေ့လုပ်ဆောင်သင့်သည့် လမ်းကြောင်း တစ်ခုကို ရှာဖွေဖို့ နှင့် မိမိ၏ ကိုယ်ပိုင်လမ်းသို့ ပြန်လှည့်သွားခြင်းမှ ထိန်းထားဖို့ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့် အခြေအနေမျိုးစုံနှင့် လူအမျိုးအစားများအားလုံး အကြား ထိုးထွင်းသိမြင်နိုင်စွမ်းရှိဖို့၊ လူအမျိုးအစား တစ်ယောက်ချင်းစီကို ဆက်ဆံဖို့ စစ်မှန်သော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာဖွေနိုင်စွမ်း ရှိဖို့တို့ ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ လမ်းလွဲခြင်းနှင့် ဘုရားသခင် စက်ဆုပ်ရွံရှာသည့် လမ်းကြောင်းပေါ် လျှောက်ခြင်းတို့ကို ရှောင်ကြဉ်ဖို့ ဖြစ်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဆုတောင်း- ဖတ်ရှုနည်းနှင့် စဉ်းစားဆင်ခြင်နည်းတို့ကို သင်ယူလေ့လာပြီး ယင်းကို မကြာခဏ လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်နိုင်ပြီး၊ သင်၏ အသက်တာဖြစ်လာနိုင်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၁)” မှ

သင်၏တာဝန်ကို သင်ကောင်းစွာ ထမ်းဆောင်ဖို့ ဆန္ဒရှိပါက၊ သင်သည် သမ္မာတရားကို ဦးစွာ နားလည်ရမည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေဖို့ သာ၍ကြိုးစားရမည်။ သမ္မာတရားကို ရှာဖွေခြင်း၏ အရေးကြီးသည့်ကဏ္ဍတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့တွေးဆရမည်ကို သင်ယူခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်း၏ ရည်ရွယ်ချက်မှာ ဤနှုတ်ကပတ်တော်များ၏ နောက်ကွယ်မှ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ဖို့ ဖြစ်သည်။ ရှာဖွေခြင်းမှတစ်ဆင့် သင်သည် ဘုရားသခင်၏မိန့်မြွက်ချက်များ၊ သူလိုအပ်သည့် အရာများနှင့် ဤနှုတ်ကပတ်တော်များရှိ သူ၏ အလိုတော်သည် မည်သည့်အရာ ဖြစ်သည်တို့နှင့် သက်ဆိုင်သည့် အဓိပ္ပာယ်ကို သိလာသည်— ဤသည်မှာ သမ္မာတရား၏ စစ်မှန်မှုကို နားလည်ခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ဆိုလိုသည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှုကို နားလည်သည် နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများကို သင် နားလည်နိုင်လိမ့်မည် ဖြစ်ပြီး၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်မှုကိုလည်း သင်ကြိုးပမ်းရရှိလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် ယင်းကို သတိမထားလိုက်မိဘဲ၊ သင် ယခင်က နားမလည်ခဲ့သည့် အရေးကိစ္စများတွင် သင်သည် ဉာဏ်အလင်းပွင့်မည် ဖြစ်သည်၊ သင်သည် ထိုးထွင်းအမြင်အသစ်များကို ရရှိလိမ့်မည်၊ ပြီးလျှင် ယင်းတို့သည် ဖြည်းဖြည်းချင်း သင်၏စစ်မှန်မှု ဖြစ်လာလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

သင်သည် သမ္မာတရားကို ရှာဖွေဖို့ ဆန္ဒရှိပါက၊ သမ္မာတရားကို နားလည်ဖို့နှင့် ရရှိဖို့ ဆန္ဒရှိပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် မည်သို့ ငြိမ်သက်ရမည်၊ သမ္မာတရားကို မည်သို့တွေးဆရမည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ တွေးဆရမည်တို့ကို သင်ယူရမည်။ သမ္မာတရားကို တွေးဆဖို့အလို့ငှာ လိုက်နာရန် လုပ်ရိုးလုပ်စဉ်များ ရှိသလော။ စည်းမျဉ်း တစ်စုံတစ်ရာ ရှိသလော။ အချိန်ကန့်သတ်ချက်များ တစ်စုံတစ်ရာ ရှိသလော။ သင်သည် ယင်းကို နေရာတစ်ခုခုတွင် လုပ်ဆောင်ဖို့ လိုအပ်သလော။ မလိုအပ်ပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်မရွေး သို့မဟုတ် နေရာမရွေး တွေးဆနိုင်သည်။ သင်တို့၏ ထုံးစံအတိုင်း နားဝေတိမ်တောင်ဖြစ်သော အတွေးအခေါ်များနှင့် စိတ်ကစားမှုများအပေါ် အနည်းငယ်သာ အချိန်ကုန်ဆုံးပြီး၊ ယင်းအချိန်ကို သမ္မာတရားကို တွေးဆဖို့ အသုံးပြုခဲ့ပါက၊ အကျိုးဆက်အနေဖြင့် တစ်ရက်တွင် အချိန်မည်မျှ မဖြုန်းတီးမိဘဲ နေမည်နည်း။ လူများသည် ၎င်းတို့ အချိန်ဖြုန်းသည့်အခါတွင်၊ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ၎င်းတို့ စိတ်ဝင်စားသည့်အရာကိုသာ လုပ်ဆောင်ရင်း၊ အသေးအဖွဲကိစ္စများတွင်သာ ပါဝင်လုပ်ဆောင်ရင်း၊ လွန်လေပြီးသော အချိန်များ၏ အသုံးမတည့်သည့် အမှုအရာများ အကြောင်းသာ တွေးတောရင်း၊ ပြီးလျှင် ၎င်းတို့၏ အနာဂတ်တွင် မည်သည့်အရာဖြစ်မည်၊ အနာဂတ်နိုင်ငံတော်သည် မည်သည့်နေရာတွင်ရှိမည်၊ ငရဲသည် မည်သည့်နေရာတွင် ရှိသည်တို့ကို စိတ်ကူးရင်း၊ တစ်နေ့လုံး စကားစမြည်ပြောပြီး အတင်းအဖျင်း စကားပြောလျက် တစ်ရက်လုံး ကုန်ဆုံးကြသည်၊ ထိုအရာများသည် ပေါ့တန်သောအရာများ မဟုတ်လော။ ဤအချိန်ကို အပြုသဘောဆောင်သည့် အမှုအရာများအပေါ် ကုန်ဆုံးပါက၊ သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းနှင့် သမ္မာတရားကို မိတ်သဟာယပြုခြင်းတို့တွင် အချိန်ပို၍ သုံးပါက၊ သင်၏ လုပ်ဆောင်ချက်တစ်ခုချင်းစီကို ပြန်လည်သုံးသပ်ပြီး ယင်းတို့ကို ဘုရားသခင်၏ စိစစ်ခြင်းအတွက် သူ၏ရှေ့မှောက်တွင် ပင့်မြှောက်ထားပြီး၊ ထို့နောက်တွင် ဘုရားသခင်ကို သင် အပုန်ကန်ဆုံးဖြစ်သည့် အရေးပါသည့် ထိုနေရာများကို အထူးသဖြင့် ကြည့်လျက်၊ သင် သဘောမပေါက်နိုင်သည့် သို့မဟုတ် မဖော်ထုတ်နိုင်သည့် ပြဿနာအကြီးစား တစ်ခုတစ်လေ ရှိမရှိကို ကြည့်ပြီး ယင်းတို့ကို ဖြေရှင်းဖို့ လိုက်လျောညီထွေရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေပါက၊ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လိမ့်မည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေးဆခြင်းတွင် မည်သည့်အရာ ပါဝင်သနည်း။ ယင်းတွင် သင်တို့ မကြာခဏ မိန့်မြွက်လွန်းလှသည့် ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် အယူအဆများဟု ဆိုသောအရာများနှင့် မှန်ကန်သည်ဟု သင် မကြာခဏ ယုံကြည်သည့် လက်တွေ့လုပ်ဆောင်ခြင်း၏ ဝိညာဉ်ရေးရာ အခြေခံသဘောတရားများနှင့် “ကျွန်ုပ်သည် ဤဝိညာဉ်ရေးရာ စကားရပ်များနှင့် အသုံးအနှုန်းတို့၏ အယူအဆနှင့်ပတ်သက်ပြီး ရှင်းလင်းသည်၊ ယင်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်နှင့်ပတ်သက်၍ ကျွန်ုပ်ထံတွင် ကောင်းမွန်သည့် နားလည်မှုတစ်ခုရှိသည်၊ သို့ရာတွင် ယင်းတို့၏ စစ်မှန်မှုနှင့်ပတ်သက်ပါက မည်သို့ရှိသနည်း။ ယင်းတို့ကို ကျွန်ုပ် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။” ဟု ဆုတောင်း-ဖတ်ရှုခြင်းကို ဆိုင်းငံ့ထားခြင်း ပါဝင်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးဆပုံ ဖြစ်သည်။ ဤရှုထောင့်မှ စတင်လော့။ လူများသည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင်၊ ၎င်းတို့က သူ၏နှုတ်ကပတ်တော်များကို မည်သို့တွေးဆရမည်ကို မသိပါက၊ ၎င်းတို့တွင် သမ္မာတရားကို ဝင်ရောက်ခြင်းနှင့် နားလည်သဘောပေါက်ခြင်းတွင် ကြီးစွာသော အခက်အခဲ ရှိလိမ့်မည်။ လူများသည် သမ္မာတရားကို အမှန်တကယ် နားလည်နိုင်စွမ်း မရှိပါက၊ ၎င်းတို့သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သလော။ ၎င်းတို့သည် သမ္မာတရားစစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်သလော။ လူများသည် သမ္မာတရားကို မရရှိနိုင်ဘဲ၊ သမ္မာတရားစစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်သလော။ ယင်းမှာ အလွန် ခက်ခဲပေလိမ့်မည်။ “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လော့” ဟူသည့် မကြာခဏ ထပ်တလဲလဲ ပြောဆိုသော နှုတ်ကပတ်တော်များကို ဥပမာကြည့်လော့- သင်သည် ဤနှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်ရမည်ဖြစ်ပြီး “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ် အမှားတစ်စုံတစ်ရာ ပြောမိပါက၊ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ဟုတ်သလော၊ မဟုတ်သလော။ ထိုသို့ ပြောဆိုခြင်းသည် မကောင်းမှုကို ပြုခြင်းလော၊ ကောင်းမှုကို ပြုခြင်းလော။ ယင်းကို ဘုရားသခင် အောက်မေ့သတိရသလော။ ယင်းကို ဘုရားသခင် ပြစ်တင်ရှုတ်ချသလော။ အဘယ်အမှုအရာတို့သည် မကောင်းမှုဖြစ်သနည်း။ ကျွန်ုပ်ကိုယ်တိုင်၏ စိတ်ကူးများ၊ စိတ်ဓာတ်လှုံ့ဆော်မှုများ၊ အတွေးအခေါ်များ၊ အမြင်များ၊ ကျွန်ုပ်ပြောဆိုပြီး လုပ်ဆောင်သည့် အမှုအရာများနောက်ကွယ်မှ တွန်းအားနှင့် အကြောင်းရင်းများ၊ ကျွန်ုပ် ထုတ်ဖော်သည့် စိတ်သဘောထားမျိုးစုံ၊ ဤသည်တို့ကို မကောင်းမှုဟု ယူဆသလော။ ယင်းတို့အနက်မှ အဘယ်အရာများသည် ဘုရားသခင်၏ လက်ခံခြင်းခံရသနည်း။ အဘယ်အရာများသည် ဘုရားသခင်၏ ရွံရှာစက်ဆုပ်ခြင်း ခံရသနည်း။ အဘယ်အရာများသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း ခံရသနည်း။ မည်သည့် အရေးကိစ္စများတွင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားကို ကျွန်ုပ် ပြုလုပ်မိဖို့ များစွာဖြစ်နိုင်ချေ ရှိသနည်း။” ဟု သင့်ကိုယ်သင် ပြောရမည်။ ဤအရာအားလုံးသည် သုံးသပ်ထိုက်သည်။ သင်တို့သည် သမ္မာတရားကို ပုံမှန် တွေးဆသလော။ အချိန်မည်မျှကို သင်တို့ ဖြုန်းတီးပြီးဖြစ်သနည်း။ သမ္မာတရားနှင့်သက်ဆိုင်သည့်၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့်၊ အသက်ဝင်ရောက်မှုနှင့် သက်ဆိုင်သည့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့် သက်ဆိုင်သည့် အရေးကိစ္စမည်မျှကို သင် စဉ်းစားသုံးသပ်ပြီးဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့၏တွေးဆခြင်း သို့မဟုတ် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သမ္မာတရားတို့နှင့် သက်ဆိုင်သည့် အရေးကိစ္စများကို သင်တို့တွေးဆခြင်း အကျိုးဖြစ်ထွန်းချိန်တွင်၊ သင်တို့သည် အသက်ဝင်ရောက်မှု ရရှိလိမ့်မည် ဖြစ်သည်။ ဤအရာများကို မည်သို့တွေးဆရမည်ကို ယနေ့ သင်တို့ မသိသေးသည့်အပြင် သင်တို့သည် အသက်ဝင်ရောက်မှု မရသေးပေ။ တစ်စုံတစ်ဦးသည် အသက်ဝင်ရောက်မှု ရရှိခဲ့ပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို တွေးဆနိုင်ကာ၊ ပြဿနာများကို စဉ်းစားဆင်ခြင်နိုင်သည့် အခါတွင်၊ ၎င်းတို့သည် ထိုအခါ သမ္မာတရား စစ်မှန်မှုထဲသို့ စတင်ဝင်ရောက်ပြီ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

သမ္မာတရား၏ လက်တွေ့ကျခြင်း၏ မည်သည့်ရှုထောင့်ကို သင်ကြားဖူးသည် ဖြစ်ပါစေ၊ အကယ်၍ သင်သည် သင့်ကိုယ်သင် ၎င်းနှင့်နှိုင်းယှဉ်ပါက၊ သင်၏အသက်တာတွင် ဤနှုတ်ကပတ်တော်များကို ကျင့်သုံးပြီး သင်၏လက်တွေ့လုပ်ဆောင်မှုထဲ၌ ထည့်သွင်းပါက တစ်စုံတစ်ခုကို သေချာပေါက်ရပြီး သေချာပေါက် ပြောင်းလဲမည် ဖြစ်သည်။ အကယ်၍ သင်သည် ဤနှုတ်ကပတ်တော်များကို သင်၏ ဝမ်းဗိုက်အတွင်း သွတ်သွင်းပြီး သင်၏ဦးနှောက်ထဲ၌ ၎င်းတို့ကို အလွတ်ကျက်မှတ်ပါက သင်သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ တရားဒေသနာများကို နားထောင်နေစဉ်တွင်၊ သင်သည် ဤသို့ တွေးဆသင့်၏- “ဤစကားများသည် မည်သည့်အခြေအနေမျိုးကို ရည်ညွှန်းနေသနည်း။ ယင်းတို့သည် အနှစ်သာရ၏ မည်သည့် သွင်ပြင်လက္ခဏာကို ရည်ညွှန်းနေကြသနည်း။ မည်သည့် ကိစ္စတွင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ငါ အသုံးပြုသင့်သနည်း။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာနှင့် ဆက်နွှယ်သည့် တစ်စုံတစ်ရာကို ငါ လုပ်ဆောင်သည့် အခါတိုင်း၊ ငါသည် ယင်းနှင့်အညီ လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလော။ ယင်းကို ငါ လက်တွေ့ လုပ်ဆောင်သည့်အခါ၊ ငါ၏ အခြေအနေသည် ဤနှုတ်ကပတ်တော်များနှင့် ကိုက်ညီနေခြင်းရှိသလော။ မကိုက်ညီပါက၊ ကျွန်ုပ် ရှာဖွေသင့်သလော၊ မိတ်သဟာယပြုသင့်သလော သို့မဟုတ် စောင့်ဆိုင်းသင့်သလော။” သင်တို့၏ အသက်တာများတွင် ဤပုံစံဖြင့် သင်တို့ လက်တွေ့လုပ်ဆောင်ကြသလော။ သင်တို့ ဤပုံစံဖြင့် လက်တွေ့မလုပ်ဆောင်ပါက၊ သင်တို့၏ အသက်တာသည် ဘုရားသခင်မရှိသကဲ့သို့ သမ္မာတရားမရှိပေ။ သင်သည် ကျမ်းဟောင်းတရားနှင့် အယူဝါဒများအတိုင်း သို့မဟုတ် သင်တို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ စိတ်ချယုံကြည်မှုနှင့် စိတ်အားထက်သန်မှုအတိုင်း အသက်ရှင်ပေသည်။ သမ္မာတရားကို လက်တွေ့အရှိတရားအဖြစ် မပိုင်ဆိုင်သောသူတို့သည် လက်တွေ့အရှိတရား မရှိသောသူများဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် မရှိကြသည့် လူများသည် သူ၏ နှုတ်ကပတ်တော်များထဲသို့ မဝင်ရောက်ကြသေးသည့် လူများ ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တကယ့်အဓိပ္ပာယ်ကို စစ်မှန်စွာနားလည်လာခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ဤသို့ မထင်လေနှင့်- “ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တိုက်ရိုက် အဓိပ္ပာယ်ကို အနက်ပြန်နိုင်ပြီး အယောက်တိုင်းက ငါ၏ အနက်ပြန်ခြင်းသည် ကောင်းသည်ဟုဆိုကာ၊ ငါ့ကို လက်မထောင်ပြကြသည်၊ ထို့ကြောင့် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါနားလည်သည်ဟု ဆိုလိုသည်။” ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းနှင့် မတူညီပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ အလင်းတစ်ချို့ကို ရခဲ့ပြီး သူ၏နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်နှင့်သက်ဆိုင်သော အသိစိတ်တစ်ခုကို သင် ရရှိပြီးဖြစ်ပါက၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်များ နောက်ကွယ်က ရည်ရွယ်ချက်နှင့် နောက်ဆုံးတွင် မည်သည့်အကျိုးများ ၎င်းတို့ ရရှိမည်ကို သင်ဖော်ပြနိုင်ပါက၊ ဤအရာအားလုံးနှင့်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှု သင် ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့်သက်ဆိုင်သည့် အဆင့်တစ်ခု သင်ရှိသည်ဟု ယူဆနိုင်၏။ ထို့ကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်ခြင်းသည် ဤမျှ လုံးဝမရိုးရှင်းပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို ဝေဝေဆာဆာ ရှင်းပြချက်ပေးနိုင်သောကြောင့်သာ သင်သည် ၎င်းတို့ကို နားလည်သည်ဟု မဆိုလိုပေ။ သင်သည် ၎င်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်ကို မည်မျှ ရှင်းပြနိုင်စေကာမူ သင်၏ ရှင်းပြချက်သည် လူသား၏ စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်ပုံပေါ် အခြေခံဆဲ ဖြစ်သည်။ ယင်းမှာ အချည်းနှီးဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်သို့ နားလည်နိုင်သနည်း။ အဓိကသော့ချက်မှာ ထိုနှုတ်ကပတ်တော်များ အတွင်းမှနေ၍ သမ္မာတရားကို ရှာဖွေဖို့ ဖြစ်သည်။ ထိုသို့သော နည်းလမ်းဖြင့်သာ သူပြောသည့်အရာကို သင် အမှန်တကယ် နားလည်နိုင်ပေသည်။ ဘုရားသခင် စကားပြောဆိုသည့်အချိန်တိုင်းတွင်၊ သူသည် အကြမ်းဖျင်းသဘောမျှဖြင့် ဧကန်မုချ မပြောဆိုပေ။ သူ မိန့်မြွက်သည့် ၀ါကျအသီးသီး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ နောက်ထပ် ထုတ်ဖော်ပြဖို့ သေချာသည့် အသေးစိတ်အချက်များ ပါရှိပြီး၊ ၎င်းတို့ကို ကွဲပြားစွာ ဖော်ပြကောင်း ဖော်ပြနိုင်ပေသည်။ သမ္မာတရားကို ဘုရားသခင် ထုတ်ဖော်ပြသည့် နည်းလမ်းများကို လူသားသည် နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် အလွန်နက်နဲကြပြီး လူသား စဉ်းစားသည့် နည်းလမ်းဖြင့် နားလည်သဘောပေါက်၍ မရနိုင်။ လူတို့သည် ၎င်းတို့ အားထုတ်မှု ပြုသရွေ့၊ သမ္မာတရား ရှုထောင့်တိုင်း၏ အလုံးစုံသော အဓိပ္ပာယ်ကို ရှာတွေ့နိုင်ပေသည်။ ဤအရာကို သင် လုပ်ဆောင်ပါက၊ ၎င်းတို့ကို သင် တွေ့ကြုံသည်နှင့်အမျှ၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းပေးသည်နှင့်အညီ ကျန်ရှိသည့် အသေးစိတ်အချက်အလက်များကို လုံးဝ ပြည့်ပြည့်စုံစုံ အသိပေးလိမ့်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် ဤခိုင်လုံသော အခြေအနေများနှင့်သက်ဆိုင်သည့် သိနားလည်မှုတစ်ခုကို သင့်အား ပေးနေပေမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

နှိုင်းယှဉ်ချက်အရ၊ ပေတရု၏ လူ့သဘာဝသည် အခြားတမန်တော်များနှင့် သူ၏ညီအစ်ကို‌ မောင်နှမများနှင့် တူညီသော်လည်း၊ သူ၏ သမ္မာတရားကို ထက်သန်သော လိုက်စားမှုတွင် သူသည် ပိုမိုပေါ်လွင်ခဲ့သည်။ ယေရှု ပြောဆိုခဲ့သည့်အရာတိုင်းကို သူက လေးလေးနက်နက် တွေးဆခဲ့သည်။ ယေရှုက၊ “ယောန၏ သား၊ ရှိမုန်ဗာယောန။ သင်သည် ငါ့ကို ချစ်သလော” ဟု မေးခဲ့သည်။ ပေတရုက၊ “ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ ရှိသည့် ဖခမည်းတော်ကိုသာ ချစ်သည်၊ သို့သော် ကမ္ဘာမြေပေါ်က သခင့်ကို မချစ်ရသေးပါ” ဟု ရိုးသားစွာ ဖြေခဲ့သည်။ နောက်ပိုင်းတွင်၊ သူက၊ “ဤသည်မှာ မမှန်ပါ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်သည် ကောင်ကင်ဘုံ၌ရှိသည့် ဘုရားသခင်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံးတွင် ဘုရားတစ်ပါးတည်း ရှိသည်မဟုတ်ပါလား။ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ငါ ချစ်ပါက၊ ငါ၏ ချစ်ခြင်းသည် မစစ်မှန်ပေ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ငါ ချစ်ရမည်၊ အကြောင်းမှာ ထိုအခါမှသာ ငါ၏ချစ်ခြင်းမေတ္တာ စစ်မှန်လိမ့်မည် ဖြစ်သည်” ဟု တွေးရင်း၊ နားလည်ခဲ့သည်။ ထို့ကြောင့်၊ ပေတရုသည် သခင်ယေရှု ပြောဆိုခဲ့ဖူးသည့် အရာ၏ စစ်မှန်သော အဓိပ္ပာယ်ကို သူ၏ နှုတ်ကပတ်တော်များအား တွေးဆခြင်းဖြင့် နားလည်လာခဲ့သည်။ ဘုရားသခင်ကို ချစ်ဖို့နှင့် ဤချစ်ခြင်းမေတ္တာ စစ်မှန်ဖို့အတွက်၊ လူတစ်ဦးသည် ကမ္ဘာမြေပေါ်က လူ့ဇာတိခံ ဘုရားသခင်ကို ချစ်ရမည်ဖြစ်သည်။ မရေရာသကဲ့သို့ မြင်၍မရသည့် ဘုရားသခင်ကို ချစ်ခြင်းသည် မစစ်မှန်သကဲ့သို့ လက်တွေ့မကျပေ၊ လက်တွေ့ကျသည့်၊ မြင်၍ရနိုင်သည့် ဘုရားသခင်ကို ချစ်ခြင်းမှာမူ သမ္မာတရား ဖြစ်သည်။ ယေရှု၏ နှုတ်ကပတ်တော်များမှ၊ ပေတရုသည် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုကို သိနားလည်မှု ရရှိခဲ့သည်။ သိသိသာသာပင်၊ ပေတရု၏ ဘုရားသခင်၌ ယုံကြည်မှုသည် သမ္မာတရားကို လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ထားပေသည်။ နောက်ဆုံးတွင်၊ သူသည် လက်တွေ့ကျသည့် ဘုရားသခင်- ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်အပေါ် ချစ်ခြင်းကို ရရှိခဲ့သည်။ ပေတရုသည် သူ၏ သမ္မာတရားကို လိုက်စားခြင်းတွင် အထူးသဖြင့် စိတ်အားထက်သန်ခဲ့သည်။ ယေရှုက သူ့ကို လမ်းညွှန်သည့် အခါတိုင်းတွင်၊ သူသည် ယေရှု၏ နှုတ်ကပတ်တော်များကို လေးလေးနက်နက် တွေးဆခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိမီနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို သူ သိနားလည်ခြင်းမရှိမီတွင်၊ သူသည် လများစွာကြာ၊ တစ်နှစ်ကြာ သို့မဟုတ် နှစ်များစွာကြာပင် တွေးဆခဲ့ကောင်း တွေးဆခဲ့ပေမည်။ ဤနည်းဖြင့်၊ ပေတရုသည် သမ္မာတရားထဲသို့ ဝင်ရောက်ခဲ့ပြီး၊ ထို့နောက်တွင်၊ သူ၏ အသက် စိတ်သဘောထားက ပြောင်းလဲခဲ့ပြီး အသစ်ပြုပြင်ခြင်းခံခဲ့ရသည်။ လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက၊ သူသည် မည်သည့်အခါတွင်မျှ သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်။ သင့်အနေဖြင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို အကြိမ်တစ်သောင်း ပြောဆိုနိုင်သော်လည်း၊ ယင်းတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ လူအချို့က၊ “ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်”ဟုသာ ဆိုကြသည်။ ဤနှုတ်ကပတ်တော်များကို အကြိမ်တစ်သောင်း သင် ပြန်ရွတ်ပြလျှင်ပင်၊ ယင်းသည် အချည်းနှီးဖြစ်ဦးမည်ဖြစ်သည်။ သင်သည် ယင်း၏ အဓိပ္ပာယ်ကို လုံးဝသိနားလည်မှု မရှိပေ။ အဘယ်ကြောင့် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ဟု ဆိုထားသနည်း။ ဤအရာနှင့် ပတ်သက်၍ သင် အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် အသိပညာကို သင် ရှင်းလင်းစွာပြောဆိုနိုင်ပါသလော။ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့နှင့်သက်ဆိုင်သော စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီးပြီလော။ သင့်အနေဖြင့် ၎င်းတို့ကို တွေ့ကြုံခံစားဖို့နှင့် အသိပညာရရှိဖို့ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို မြွက်ဆိုခဲ့ခြင်း ဖြစ်သည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ဖွင့်ဟခြင်းမျှသည် အချည်းနှီးဖြစ်၏။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ပြီး ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်သာ၊ မိမိကိုယ်ကိုယ် သိရှိနိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားမလည်ပါက၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ သင် သိမြင်နိုင်ပေသည်။ သမ္မာတရားမရှိဘဲနှင့်၊ သင် မသိမြင်နိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ၊ ကိစ္စရပ်တစ်ခုကို သင် ပြည့်ဝစွာ နားလည်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ ကိစ္စရပ်တစ်ခုကို သင် နားမလည်နိုင်။ သမ္မာတရား ရှိသည့်အခါမှသာ မိမိကိုယ်ကိုယ် သင် သိရှိနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်။ သမ္မာတရား သင် ရှိသည့်အခါမှသာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ စိတ်သဘောထား မပြောင်းလဲနိုင်ပေ။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေခံနိုင်သည်။ သမ္မာတရားမရှိဘဲနှင့်၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေမခံနိုင်။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်ကို သင် ကိုးကွယ်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ကိုးကွယ်မှုသည် ဘာသာရေး ထုံးတမ်းဓလေ့များ ဆောင်ရွက်ခြင်းထက် ဘာမျှပိုလိမ့်မည်မဟုတ်။ ဤအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရရှိခြင်းအပေါ် တည်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူများသည် သမ္မာတရားထဲ၌ မည်သည့် ကြိုးပမ်းအားထုတ်မှုမျှ မထည့်ပါက၊ ၎င်းတို့သည် အနှေးအမြန် ကျရှုံးလိမ့်မည် ဖြစ်ပြီး ခိုင်မာစွာ ရပ်တည်ဖို့ ရုန်းကန်ရလိမ့်မည်။ ဤသည်မှာ စမ်းသပ်မှု ၎င်းတို့ပေါ် ကျရောက်သည့်အခါ၊ ဖြေရှင်းချက်က ကျမ်းဟောင်းတရားများနှင့် အယူဝါဒ အနည်းငယ်၌သာ တည်ရှိလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသည် စစ်မှန်သော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ သင်သည် သမ္မာတရားတစ်ခုချင်းစီနှင့် သက်ဆိုင်သည့် ရှင်းလင်းသော နားလည်မှုတစ်ခုရှိရမည်၊ သင်သည် ယင်းတို့ကို သင်၏စိတ်နှလုံးထဲ၌ နားလည်ပြီး ခရေစေ့တွင်းကျ သိနိုင်ဖို့အလို့ငှာ၊ ယင်းတို့ကို ပုံမှန် အချိန်ယူစဉ်းစားရမည်။ သို့မှသာလျှင် သင့်ကို တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သင်သိလိမ့်မည်။ သို့ရာတွင် သင်သည် ယင်းတို့ကို စဉ်းစားဆင်ခြင်ခြင်း မပြုပါက၊ ဤသမ္မာတရားများကို သင်ရရှိနိုင်သလော။ သင်သည် ယင်းတို့ကို မတွေးဆပါက၊ သင် မည်မျှ ကြားပါစေ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်၍ သင်မည်မျှ ပြောနိုင်ပါစေ၊ သင်သည် ယင်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်ထက် မည်သည့်အခါမျှ ကျော်လွန်လိမ့်မည် မဟုတ်ပေ။ ဤတိုက်ရိုက် အဓိပ္ပာယ်များသည် သင့်ကို ဘုရားသခင်၌ သင်၏ ယုံကြည်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်ကြောင်းနှင့် သင်၌ စိတ်ပြင်းပြမှုနှင့် စွမ်းအားရှိသောကြောင့် သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန်ကြီးမားကြောင်း အတွေးမှားကို မကြာခဏ ပေးလိမ့်မည် ဖြစ်သည်— သို့သော် တစ်စုံတစ်ခုက သင့်ကို ဖြစ်ပျက်သည်နှင့် တစ်ပြိုင်နက် ဤတိုက်ရိုက် အဓိပ္ပာယ်များသည် စမ်းသပ်မှု သို့မဟုတ် စစ်ဆေးမှု တစ်ခုချင်းစီကို ချောမွေ့စွာ ကြံ့ကြံ့ခံဖြတ်ကျော်နိုင်ဖို့ အာမမခံနိုင်ကြောင်းကို သင်သိရလိမ့်မည်။ လူများသည် ၎င်းတို့ကို တစ်စုံတစ်ခု ဖြစ်သည့်အခါတွင်၊ “ဤသည်နှင့်ပတ်သက်၍ ကျွန်ုပ် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ကျွန်ုပ်သည် အမြန်လုပ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွက် ရှာဖွေကာ၊ အခြေခံသဘောတရား အမျိုးမျိုးကို ဖော်ထုတ်ရမည်။ ဤသည်က သမ္မာတရား၏ မည်သည့်ရှုထောင့်နှင့် အလားတူ လိုက်လျောညီထွေ ရှိသနည်း။” ဟု တွေးလျက်၊ မကြာခဏ စိတ်ရှုပ်ထွေးကြသည်။ ထိုသို့သောအချိန်တွင် သင်သည် အလွန်နည်းပါးသော သမ္မာတရားများဖြင့် သင့်ကိုယ်သင် ပြင်ဆင်ပြီး ဖြစ်ကြောင်း၊ သင်သည် အလွန်နည်းပါးသော သမ္မာတရား စစ်မှန်မှုကိုသာ နားလည်ကြောင်း သင် သဘောပေါက်လိမ့်မည်။ လူများသည် ယေဘုယျအားဖြင့် လိုအပ်သည့်အချိန်မှသာ ဤသည်ကို ရှာဖွေတွေ့ရှိကြသည်။ ၎င်းတို့ လိုအပ်ခြင်းမရှိသည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သမ္မာတရားများစွာဖြင့် ပြင်ဆင်နှင့်ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် သမ္မာတရားဖြင့် ပြည့်လျှံနေကြောင်း အမြဲ တွေးကြသည်။ ၎င်းတို့သည် မည်သည့်အရာဖြင့် ပြည့်လျှံနေကြသနည်း။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများဖြင့်၊ ပေါ့ပြက်ခြင်းဖြင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် ပြည့်လျှံနေသည်ဟု ခံစားရသည်မှာ မှားယွင်းသည်။ သင်သည် သမ္မာတရားနှင့် ပြည့်လျှံနေသည်ဟု သင် ခံစားရသည့်အခါ၊ သင်သည် အန္တရာယ်ရှိနေသည်။ သို့ရာတွင် သင်သည် မည်သည့်တန်ဖိုးမျှမရှိကြောင်း၊ သင်နားမလည်သည့်အရာ များစွာရှိကြောင်း သင်ခံစားရသည့်အခါ၊ သင်သည် ဝင်ရောက်ဖို့ နည်းလမ်းကို ချင့်ချိန်စဉ်းစားနိုင်လိမ့်မည်။ သင်သည် သမ္မာတရားကို ပိုင်ဆိုင်နှင့်ပြီးဖြစ်ကြောင်း၊ သင်သည် သမ္မာတရားနှင့် ပြည့်လျှံကြောင်း၊ သင်၌ လုံလုံလောက်လောက် ရှိကြောင်း၊ သင်သည် သင့်ကိုယ်သင် သိကျွမ်းကြောင်းနှင့် ဘုရားသခင်ကို ချစ်ကြောင်း၊ ပြီးလျှင် သင်သည် ဘုရားသခင်အတွက် အရာအားလုံးကို လုပ်ဆောင်နိုင်ကြောင်း သင်အမြဲ တွေးနေပါက၊ ဤသည်မှာ အန္တရာယ်ရှိသည့် လက္ခဏာတစ်ခုဖြစ်သည်။ ဤသည်ကို သင်တွေးလေ၊ သင်သည် မည်သည့်အရာမျှ နားမလည်ကြောင်း၊ သင်သည် သမ္မာတရား စစ်မှန်မှု တစ်စုံတစ်ရာ ကင်းမဲ့ကြောင်းတို့ကို သက်သေပြသည်။ ဤအကြောင်းကို သေချာစွာ တွေးလော့။ သမ္မာတရားကို တွေးဆဖို့နည်းလမ်းကို သင်ယူလော့။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည့်လူများ၏ အသက်တာ၏ အလွန်အရေးကြီးသည့် အပိုင်းတစ်ခု ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လမ်းကြောင်းသည် သမ္မာတရားကို သမ္မာတရားကို မကြာခဏ တွေးဆခြင်း” မှ

အရှေ့သို့- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စပ်လျဉ်းသည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်