၈၉) အစေခံမှုတွင် ညှိနှိုင်းဆောင်ရွက်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) အခြားသူများကို မျှတစွာ ဆက်ဆံလော့။ အကြင်သူသည် ဆိုးယုတ်သောလူ၊ အဓိပ္ပာယ်မရှိသောလူ၊ သို့မဟုတ် နတ်ဆိုး မဟုတ်သရွေ့ သင်သည် ၎င်းတို့နှင့်အတူ ညှိနှိုင်းဆောင်ရွက်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်သည်။ အခြားသူများကို ချစ်ခြင်းဖြင့် ဆက်ဆံခြင်းသည် အခြေခံကျသည့် အခြေခံသဘောတရားတစ်ခု ဖြစ်သည်။

(၂) သမ္မာတရားကို ကျိုးနွံနာခံဖို့ သင်ယူရန် လိုအပ်သည်။ သမ္မာတရားနှင့်အညီ ပြောဆိုသောသူ မည်သူမဆိုကို လက်ခံကာ နာခံရမည်ဖြစ်ပြီး မည်သူ၌ ပြဿနာရှိသည်ဖြစ်စေ ထိုပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်ပေသည်။

(၃) မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်မှုကို လုပ်ဆောင်ရန်နှင့် သင့်ကိုယ်သင် သိရှိရန် သင်ယူဖို့ လိုအပ်သည်။ ပထမဦးစွာ သင်၏ မာနထောင်လွှာခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူမှု၊ သင်၏ တစ်ဇွတ်ထိုးလုပ်ဆောင်မှုနှင့် လက်လွတ်စပယ်ဖြစ်မှုတို့အပြင် သင်၏ ဇာတိနှစ်သက်မှုများကို ပြုပြင်လော့။ ထိုသို့ဖြင့်သာ အကြင်သူသည် အခြားသူများနှင့် အဆင်ပြေနိုင်သည်။

(၄) ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ကာကွယ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားကို ထိန်းသိမ်းရန် လိုအပ်သည်။ ညှိနှုင်းဆောင်ရွက်မှုတွင် ပြဿနာတစ်ခု ရှိပါက အခြားသူများကို ချစ်ခြင်းမေတ္တာဖြင့် ကူညီလော့။ ပြဿနာသည် ညှိနှိုင်းဆောင်ရွက်ရန် မဖြစ်နိုင်လောက်အောင် ဆိုးရွားပါက ညှိနှိုင်းဆောင်ရွက်မှုကို ပယ်ဖျက်နိုင်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခုကာလတွင် များစွာသောလူတို့သည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်ရာ၌ မည်သည့်သင်ခန်းစာများ သင်ယူသင့်သည်ကို ဂရုမပြုကြပေ။ သင်တို့အများအပြားသည် အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်စဉ်တွင် သင်ခန်းစာများကို လုံးဝ မသင်ယူနိုင်သည်ကို ငါ တွေ့ရှိခဲ့လေပြီ။ သင်တို့အများစုက သင်တို့၏ ကိုယ်ပိုင်အမြင်များကို ဆုပ်ကိုင်တတ်ကြသည်။ အသင်းတော်၌ အလုပ်လုပ်သောအခါ သင်က သင့်အမြင်ကို ပြောပြီး၊ နောက်တစ်ယောက်က သူ့အမြင်ကိုပြောကာ အမြင်တစ်ခုက အခြားတစ်ခုနှင့် ဆက်စပ်မှုမရှိပေ။ သင်တို့သည် အကယ်စင်စစ် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမရှိကြချေ။ သင်တို့အားလုံးသည် အသေးဆုံးသော နည်းလမ်းဖြင့်ပင် အသက်တာကို ရှာဖွေခြင်းမရှိဘဲ မိမိ၏ ကိုယ်ပိုင်စိတ်ကူး အမြင်များကို ပြောပြခြင်း သို့မဟုတ် သင့်အထဲတွင် သယ်ဆောင်ထားသည့် “ဝန်ထုပ်ဝန်ပိုးများ” ကို လျှော့ချခြင်း၌သာ လွန်စွာ အာရုံစွဲငြိလျက် ရှိကြသည်။ အခြားတစ်ယောက် မည်သည့်အရာပြောသည် သို့မဟုတ် မည်သည့်အရာလုပ်သည်ကို ပဓာနမထားဘဲ သင့်ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်သင့်သည်ဟု အမြဲယုံကြည်လျက် အလုပ်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေပုံသာ ပေါက်သည်။ အခြားသူများ၏ အခြေအနေ မည်သည့်အရာ ဖြစ်နေပါစေ၊ သန့်ရှင်းသောဝိညာဉ်တော် သင့်ကို လမ်းပြသည့်အတိုင်း မိတ်သဟာယပြုသင့်သည်ဟု သင်ထင်သည်။ သင်သည် အခြားသူများ၏ စွမ်းရည်များကို မတွေ့နိုင်သကဲ့သို့ မိမိကိုယ်ကိုယ် စစ်ဆေးခြင်းငှာလည်း မစွမ်းနိုင်ကြပေ။ အမှုအရာများအပေါ် သင်၏လက်ခံခြင်းမှာ အမှန်တကယ် စံသွေပြီး မှားယွင်းသည်။ ထိုရောဂါဟောင်း ပြန်ထလေသကဲ့သို့ သင်တို့သည် မိမိကိုယ်ကိုယ် တရားနည်းလမ်းကျသည်ဟု ထင်မှတ်ခြင်းများစွာကို ယခုပင်လျှင် သင်တို့ ထုတ်ဖော်ပြသေးသည်ဟု ဆိုနိုင်သည်။ သင်တို့သည် လုံးလုံးလျားလျား ရိုးသားပွင့်လင်းမှုကို ရရှိနိုင်သည့်နည်းလမ်း တစ်ခုအားဖြင့် တစ်ဦးကိုတစ်ဦး မဆက်ဆံကြ၊ ဥပမာ အချို့သော အသင်းတော်များတွင် အလုပ်မှ သင်ရရှိထားသည့် ရလဒ်မျိုး အကြောင်း၊ သို့မဟုတ် သင့်အတွင်းစိတ် အခြေအနေများ၏ မကြာသေးမီက အနေအထားအကြောင်း အစရှိသည်တို့ ဖြစ်သည်။ အမှန်ပင် သင်တို့သည် ထိုကဲ့သို့သောအရာများ အကြောင်းကို မည်သည့်အခါမျှ ပြောပြခြင်းမရှိပေ။ သင့်ကိုယ်ပိုင် အယူအဆများကို ရုပ်သိမ်းခြင်း သို့မဟုတ် သင့်ကိုယ်သင် ငြင်းပယ်ခြင်းကဲ့သို့သော အလေ့အထများထဲတွင် သင်တို့သည် လုံးဝပါဝင်မှုမရှိပေ။ ဦးဆောင်သူများနှင့် အမှုဆောင်များသည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အပျက်သဘောဆောင်ခြင်း မှ မည်သို့ ထိန်းသိမ်းရမည်ဆိုသည်နှင့် ၎င်းတို့ကို အားသွန်ခွန်စိုက် မည်သို့ လိုက်လျှောက် နိုင်စေမည်ကိုသာ စဉ်းစားကြသည်။ သို့သော် အားတက်သရော လိုက်လျှောက်ခြင်း ကိုယ်၌က လုံလောက်သည်ဟု သင်တို့အားလုံး ထင်ကြပြီး၊ အခြေခံအားဖြင့် အခြားသူများနှင့် ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုလိုသည်ကို သင် နားလည်ဖို့မပြောနှင့်၊ သင်ကိုယ်သင် သိရှိဖို့နှင့် သင့်ကိုယ်သင် စွန့်လွှတ်ဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုလိုသည်ကို သင် သိနားလည်ခြင်း မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ သင့်ကိုယ်သင် စိတ်ဆန္ဒ ထားရှိရန်၊ ပေတရု၏ပုံစံကို အသက်ရှင်နေထိုင်ဖို့ သင့်ကိုယ်သင် စိတ်ဆန္ဒထားရှိရန်သာ သင်စဉ်းစားလေသည်။ သင်သည် ဤအရာများမှလွဲ၍ မည်သည့်အရာကိုမျှ မစဉ်းစားပေ။ အခြားလူများသည် မည်သည့်အရာ ပြုလုပ်ပါလေစေ သင်သည် ကျိုးကြောင်းမဆင်ခြင်ဘဲ နာခံမည်မဟုတ်၊ ထို့ပြင် အခြားလူများမှာ မည်ကဲ့သို့ပင်ဖြစ်ပါလေစေ သင်ကိုယ်တိုင်မှာမူ ဘုရားသခင်အားဖြင့် စုံလင်ခြင်းကို ရှာဖွေမည်၊ ယင်းသည် လုံလောက်လိမ့်မည် ဟူ၍ပင် သင်ဆိုသည်။ သို့သော်လည်း အမှန်မှာ သင့်စိတ်ဆန္ဒက စစ်မှန်မှုထဲ၌ ခိုင်လုံသော ထုတ်ဖော်ပြသမှုတစ်ခုကို မည်သည့်နည်းနှင့်မျှ မတွေ့ရှိထားချေ။ ဤအရာအားလုံးမှာ ယခုအခါတွင် သင်တို့ထုတ်ဖော်ပြသည့် အပြုအမူမျိုး မဟုတ်သလော။ သင်တို့တစ်ဦးစီသည် သင်တို့ကိုယ်ပိုင် စိတ်ကူးအမြင်ကို ခိုင်မာစွာ ဆုပ်ကိုင် ထားကြလျက်နှင့် သင်တို့အားလုံးက စုံလင်စေခြင်း ခံလိုကြသည်။ သင်တို့သည် တိုးတက်မှုများစွာ မရှိဘဲ ဤမျှကြာရှည် အစေခံခဲ့ကြပြီကို ငါမြင်တွေ့သည်။ အထူးသဖြင့် သဟဇာတကျကျ အတူတကွလုပ်ဆောင်ခြင်းဆိုင်ရာ ဤသင်ခန်းစာ၌ မည်သည့်အရာတစ်ခုမျှ သင် စွမ်းဆောင်ထားခြင်း လုံးဝ မရှိပါတကား။ အသင်းတော်များ ထဲသို့ သွားရောက်သောအခါ သင်က သင့်နည်းလမ်းအတိုင်း ပြောဆိုဆက်ဆံပြီး အခြားသူများက သူတို့နည်းလမ်းအတိုင်း ပြောဆိုဆက်ဆံကြသည်။ သဟဇာတကျသော ညှိနှိုင်း ဆောင်ရွက်ခြင်း ဖြစ်ပေါ်ခဲလှကာ ဤသည်မှာ သင့်ငယ်သား နောက်လိုက်သူများအတွက် ပို၍ပင် မှန်ကန်လေသည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို အစေခံခြင်းမှာ အဘယ်အရာ ဖြစ်သည်၊ သို့မဟုတ် လူတစ်ဦးက ဘုရားသခင်ကို မည်သို့ အစေခံသင့်သည်ကို သင်တို့ထဲမှ မည်သူမဆို နားလည်မည့်သူ ရှားပါးသည်။ သင်တို့သည် မရေမရာဖြစ်ကာ ဤကဲ့သို့သော သင်ခန်းစာများကို အသေးအဖွဲကိစ္စများအဖြစ် မှတ်ယူကြသည်။ သမ္မာတရား၏ ဤကဏ္ဍကို လက်တွေ့ကျင့်ရန် ပျက်ကွက်သည် သာမက အမှား တမင်သက်သက် ပြုလုပ်သည့် များစွာသော လူတို့ပင် ရှိလေသည်။ နှစ်ပေါင်းများစွာ အစေခံခဲ့ပြီးသော သူတို့ပင် အချင်းချင်း တိုက်ခိုက်ကြပြီး လျှို့ဝှက်ကြံစည်ကြကာ မနာလိုဖြစ်ကြပြီး ပြိုင်ဆိုင်ကြသည်။ လူတိုင်းက မိမိကိုယ်ကိုယ် အတွက်သာ ဖြစ်ပြီး လုံးဝ မပူးပေါင်းကြပေ။ ဤအရာများ အားလုံးက သင်တို့၏ ဝိညာဉ်အသက်တာအမှန်ကို သရုပ်ဖော်သည်မဟုတ်လော။ နေ့စဉ်နေ့တိုင်း အတူတကွ အစေခံနေသော သင်တို့သည် ဗိမာန်တော်ထဲတွင် နေ့တိုင်း ဘုရားသခင်ကိုယ်တော်တိုင်ကို တိုက်ရိုက်အစေခံခဲ့ကြသော ဣသရေလလူမျိုးများနှင့် တူလေသည်။ ဘုရားသခင်ကို အစေခံသော လူများဖြစ်သည့် သင်တို့က မည်သို့ပူးပေါင်း လုပ်ဆောင်ရမည် သို့မဟုတ် မည်သို့ အစေခံရမည်ဟူသည်ကို လုံးဝမသိသည်မှာ မည်သို့ဖြစ်နိုင်သနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့” မှ

ယနေ့ သင်တို့အား ပြုထားသော တောင်းဆိုချက်ဖြစ်သည့် သဟဇာတကျစွာ အတူတကွ အလုပ်လုပ်ခြင်းမှာ ဣသရေလ အမျိုးသားများအား ယေဟောဝါ တောင်းဆိုခဲ့သည့် အစေခံခြင်းနှင့် အလားတူသည်- သို့မဟုတ်ပါက အစေခံမှုပြုခြင်းကိုသာ ရပ်လိုက်လော့။ သင်တို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံကြသည့် လူများဖြစ်သောကြောင့်၊ အနည်းဆုံး အနေဖြင့် သင်တို့သည် သင်တို့၏ အစေခံခြင်း၌ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု ရှိနိုင်စွမ်းရှိရမည့်အပြင် သင်ခန်းစာများကို လက်တွေ့ကျသော နည်းလမ်းဖြင့် သင်ယူနိုင်စွမ်းရှိရမည်။ အထူးသဖြင့် အသင်းတော်၌ အလုပ်လုပ်နေကြသော သင်တို့အတွက်၊ သင်တို့လက်အောက်ရှိ ညီအစ်ကိုမောင်နှမများ တစ်ဦးဦးက သင်တို့ကို ကိုင်တွယ် ဖြေရှင်းဝံ့မည်လော။ သင်တို့၏ အမှားများကို သင်တို့ရှေ့၌ တစ်စုံတစ်ဦးက ဗြောင်ကျကျ ပြောဝံ့မည်လော။ သင်တို့သည် အခြားသူများအထက်၌ မြင့်မြင့်မားမား ရပ်တည်ကြ၏၊ ဘုရင်များကဲ့သို့ ကြီးစိုးကြလေတကား။ သင်တို့သည် ဤကဲ့သို့ လက်တွေ့ကျသော သင်ခန်းစာမျိုးများကို လေ့လာခြင်း သို့မဟုတ် ၎င်းတို့အထဲသို့ ဝင်ရောက်ခြင်းပင် မရှိပါဘဲလျက် ဘုရားသခင်အား အစေခံခြင်းအကြောင်းကို ပြောနေသေးသည်တကား။ လက်ရှိတွင် သင့်အား အသင်းတော် အနည်းငယ်ကို ဦးဆောင်စေသော်လည်း သင့်ကိုယ်သင် မစွန့်လွှတ်သည်သာမက၊ “ငါတို့သည် အခြားသူများ၏ ချုပ်ထိန်းခြင်း မခံသင့်သည့်အပြင် ယနေ့ခေတ်တွင် ငါတို့ တွေးခေါ်မြော်မြင်မှု ကင်းမဲ့စွာ နာခံခြင်း မပြုသင့်ဟု ဘုရားသခင် မြွက်ဆိုထားသကဲ့သို့၊ ဤအရာကို ဤနည်းဖြင့် ပြုလုပ်သင့်သည်ဟု ငါထင်သည်” ဟူသကဲ့သို့သော အရာများကို ပြောဆိုကာ သင့်ကိုယ်ပိုင် အယူအဆများနှင့် ထင်မြင်ချက်များကိုပင် ဖက်တွယ်ထားကြသည်။ ထို့အတွက်ကြောင့် သင်တို့အယောက်စီတိုင်းက သင်တို့ကိုယ်ပိုင် ထင်မြင်ချက်ကို ဆုပ်ကိုင်ပြီး မည်သူမျှ အချင်းချင်း မနာခံကြပေ။ သင်၏ အစေခံခြင်းမှာ ချောင်ပိတ်မိသည်ကို ရှင်းရှင်းလင်းလင်း သိသော်လည်း သင်သည် “ငါမြင်သည့်အတိုင်းဆိုလျှင် ငါ့နည်းလမ်းမှာ ပစ်မှတ်နှင့် မဝေးပေ။ မည်သို့ဖြစ်စေ ငါတို့ တစ်ဦးစီတွင် သဘောထား ကိုယ်စီရှိသည်- သင့်သဘောထားကို သင်ပြောပြီး ငါ့သဘောထားကို ငါပြောမည်။ သင့်ရူပါရုံများ အကြောင်းကို သင် မိတ်သဟာယပြုပြီး ငါ့ဝင်ရောက်မှု အကြောင်းကို ငါပြောမည်” ဟု သင်ပြောနေသေးသည်။ ကိုင်တွယ်ဖြေရှင်းသင့်သည့်အရာ မြောက်မြားစွာအတွက် သင် လုံးဝ တာဝန်ယူခြင်းမရှိ၊ သို့မဟုတ် သင်တို့ကိုယ်စီက မိမိကိုယ်ပိုင် ထင်မြင်ချက်များကို ရင်ဖွင့်နေပြီး မိမိကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် မျက်နှာကို နှိုင်းချင့်စွာ ကာကွယ်နေကြကာ အမှန်ပင် ကြံဖန် လုပ်ဆောင်ကြသည်။ သင်တို့အနက်မည်သူမျှ မိမိကိုယ်ကိုယ် နှိမ့်ချလိုစိတ် မရှိသည့်အပြင်၊ အသက်တာသည် ပို၍မြန်ဆန်စွာ တိုးတက်နိုင်ရန်အလို့ငှာ မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး တစ်ဦးနှင့်တစ်ဦး၏ ပျော့ကွက်များကို ထေမိစေဖို့ရာ မည်သည့်ဘက်ကမျှ အစပျိုးလိမ့်မည်မဟုတ်ချေ။ သင်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြသောအခါ၊ သမ္မာတရားကို ရှာဖွေဖို့ သင်ယူသင့်ကြ၏။ သင်တို့က၊ “ကျွန်ုပ်သည် သမ္မာတရား၏ ဤရှုထောင့်နှင့်ဆိုင်သော ရှင်းလင်းသည့် သိနားလည်မှု မရှိပါ။ ယင်းနှင့် ပတ်သက်၍ သင် မည်သည့်အတွေ့အကြုံ ရှိပါသနည်း။” ဟု ပြောနိုင်သည်၊ သို့မဟုတ် “ဤရှုထောင့်နှင့်စပ်လျဉ်း၍ သင်သည် ကျွန်ုပ်ထက် အတွေ့အကြုံ ပိုရှိသည်။ ကျေးဇူးပြု၍ လမ်းညွှန်ချက်တစ်ချို့ ကျွန်ုပ်ကို ပေးနိုင်မည်လော” ဟု သင် ပြောနိုင်သည်။ ယင်းသည် ထိုအကြောင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် နည်းလမ်း ကောင်းဖြစ်မည် မဟုတ်လော။ သင်သည် တရားဒေသနာများစွာ နားထောင်ပြီးဖြစ်ကာ အစေခံမှုလုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံအချို့ ရှိထားပြီးဖြစ်သည်။ အသင်းတော်များတွင် အလုပ် လုပ်ဆောင်နေချိန်တွင် သင်သည် အချင်းချင်းထံမှ သင်ယူခြင်းမရှိ၊ အချင်းချင်း ကူညီခြင်းမရှိ၊ အချင်းချင်း၏ အားနည်းချက်များကို ထေမိစေခြင်း မရှိပါက၊ သင်ခန်းစာ တစ်ခုတလေကို သင်မည်သို့ သင်ယူနိုင်မည်နည်း။ တစ်စုံတစ်ခုကို ကြုံတွေ့သောအခါတိုင်း သင်တို့၏ အသက်တာများက အကျိုးရရှိနိုင်ရန်အတွက် သင်တို့အချင်းချင်း မိတ်သဟာယ ပြုပေးသင့်သည်။ ထို့ပြင် သင်တို့သည် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ မချခင် မည်သည့်အမှုအရာမျိုးနှင့် ပတ်သက်၍မဆို ဂရုတစိုက် မိတ်သဟာယပြုပေးသင့်သည်။ ထိုသို့ပြုခြင်းဖြင့်သာလျှင် ဝတ်ကျေတမ်းကျေမျှသာ လုပ်ဆောင် နေခြင်းထက် အသင်းတော်အတွက် တာဝန်ယူနေခြင်းဖြစ်သည်။ အသင်းတော်များ အားလုံးကို လည်ပတ်ပြီးသောအခါ အတူတကွ စုဝေးပြီး သင်တွေ့ရှိထားသော အရေးကိစ္စများအားလုံးနှင့် သင့်အလုပ်တွင် ကြုံတွေ့ရသည့် ပြဿနာများ အကြောင်းတို့ကို မိတ်သဟာယပြုပြီးနောက် သင်ရရှိပြီးသည့် ဉာဏ်အလင်းရခြင်း နှင့် အလင်းပေးခြင်းအကြောင်းကို ပြောပြသင့်သည်၊ ဤသည်မှာ မရှိမဖြစ်လိုအပ်သည့် အစေခံခြင်း၏ လက်တွေ့လုပ်ဆောင်မှုပင် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အမှုအလို့ငှာ၊ အသင်းတော်၏ အကျိုးအတွက်နှင့် သင်တို့၏ ညီအစ်ကို မောင်နှမများကို ရှေ့သို့ လှုံ့ဆော်ပေးရန်အလို့ငှာ သဟဇာတကျသော ပူးပေါင်းဆောင်ရွက်မှုကို ရယူဖန်တီးရမည်။ သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုစုရန်အလို့ငှာ တစ်ဦးက နောက်တစ်ဦးကို ပြုပြင်၍ ပိုမိုကောင်းမွန်သော အလုပ်၏အကျိုးရလဒ်သို့ ရောက်ရှိကာ အချင်းချင်း ညှိုနှိုင်းလုပ်ဆောင်သင့်သည်။ ဤသည်မှာ မှန်ကန်သော ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ယင်း၌ ပါဝင်သောသူများသာ စစ်မှန်သောဝင်ရောက်မှုကို ရရှိလိမ့်မည်။ ပူးပေါင်း ဆောင်ရွက်ရာတွင်၊ သင်ပြောသော စကားအချို့မှာ မသင့်လျော်နိုင်သော်လည်း ၎င်းမှာ အရေးမကြီးပေ။ ယင်းကို နောက်မှ မိတ်သဟာယပြုပြီး ယင်းအပေါ် ရှင်းလင်းသော နားလည်မှု ရယူလော့။ ယင်းကို လျစ်လျူမရှုနှင့်။ ဤသို့သော မိတ်သဟာယမျိုးနောက်တွင် ညီအစ်ကို သို့မဟုတ် မောင်နှမများ၏ ပျော့ကွက်များကို သင်ထေမိစေနိုင်မည်။ အလုပ်ထဲတွင် ဤကဲ့သို့ ပို၍နက်နဲစွာ ရွေ့လျားသွားခြင်း အားဖြင့်သာ ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိနိုင်မည်။ ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။ ထိုကဲ့သို့သော လူများတွင် ဆိုးရွားသော စိတ်သဘောထားရှိကာ သူတို့အထဲ၌ လူ့သဘောသဘာဝ တစ်စက်မျှမရှိပေ။ သူတို့သည် ရာနှုန်းပြည့် စာတန်ဖြစ်ကြတကား။ သူတို့သည် သားရဲများတည်း။ ယခုပင်လျှင် ထိုကဲ့သို့သောအရာများမှာ သင်တို့အထဲတွင် ပေါ်ပေါက်ဆဲဖြစ်သည်။ ယိုးမယ်ဖွဲ့စရာများကို တမင်တကာ ရှာဖွေပြီး အသေးအဖွဲကိစ္စအချို့ကို ငြင်းခုံကြစဉ် မျက်နှာတစ်ခုလုံး နီမြန်းလာကာ၊ မည်သူမျှ မိမိကိုယ်ကိုယ် လက်လျှော့လိုစိတ်မရှိ၊ လူတိုင်း သူ့အတွင်းစိတ်ကူးများကို တစ်ပါးသူထံမှ ဖုံးကွယ်ထားလျက် တစ်ဖက်သားကို မမှိတ်မသုန် စောင့်ကြည့်ပြီး အမြဲတမ်း သတိထားနေလျက်၊ မိတ်သဟာယ ပြုစဉ် အချင်းချင်း တိုက်ခိုက်သည်အထိပင် ဖြစ်ကြသည်။ ဤသို့သော စိတ်သဘောထားမျိုးမှာ ဘုရားသခင်အတွက် အစေခံခြင်းနှင့် သင့်လျော်သလော။ သင်တို့၏အလုပ်ကဲ့သို့သော အလုပ်က ညီအစ်ကိုမောင်နှမများကို တစ်စုံတစ်ရာ ဖြည့်စွမ်းပေးနိုင်သလော။ လူတို့ကို မှန်ကန်သော အသက်တာ လမ်းကြောင်းဆီသို့ သင် လမ်းမညွှန် ပေးနိုင်သည်သာမက၊ သင်၏ ညီအစ်ကိုမောင်နှမများထဲ၌ သင့်ကိုယ်၌၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်ပင် ထည့်သွင်းပေးနေသည်။ အခြားသူများကို သင်နာကျင်စေနေသည် မဟုတ်လော။ သင့်အသိစိတ်မှာ ကြောက်မက်ဖွယ်ကောင်းပြီး ယင်းသည် ရိုးတွင်းခြင်ဆီအထိ ပုပ်ပျက်သည်တကား။ သင်သည် စစ်မှန်မှုထဲသို့ မဝင်ရောက်သည့်အပြင် သမ္မာတရားကိုလည်း သင် လက်တွေ့မကျင့်သုံးပေ။ ထို့ထက်မက အခြားသူများအား သင်၏ ဆိုးယုတ်သောသဘာဝကို အရှက်မရှိ ထုတ်ပြနေသည်။ သင်သည် အရှက်တရားကို တကယ်ပင် မသိချေ။ ဤညီအစ်ကို မောင်နှမများကို သင့်အား အပ်နှံထားသော်လည်း သင်သည် သူတို့ကို ငရဲသို့ ပို့ဆောင်နေသည်။ သင်သည် အသိစိတ် ပုပ်ပျက်သွားသောသူတစ်ဦး မဟုတ်ပေသလော။ သင်၌ အရှက်တရား လုံးဝမရှိချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့” မှ

သင်သည် မိမိ၏တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ပြည့်စုံစေပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းလိုလျှင် အခြားလူများနှင့် မည်သို့ သဟဇာတဖြစ်စွာ လုပ်ကိုင်ရမည်ကို ပထမဦးဆုံး သင်ယူရမည်။ သင်၏ ညီအစ်ကိုမောင်နှမများနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် အောက်ပါတို့ကို သင် ထည့်သွင်းစဉ်းစားသင့်သည်- သဟဇာတဖြစ်ခြင်းဆိုသည်မှာ အဘယ်နည်း။ ၎င်းတို့အပေါ် ငါစကားပြောသော ပုံစံသည် လိုသဟဇာတဖြစ်မှု ရှိစေသလော။ ငါ၏ တွေးခေါ်ပုံတို့သည် ၎င်းတို့နှင့် သဟဇာတဖြစ်စေသလော။ အမှုအရာများကို ငါ ဆောင်ရွက်သည့်ပုံစံသည် ၎င်းတို့နှင့် သဟဇာတဖြစ်မှု ရှိစေသလော။ သဟဇာတ မည်သို့ဖြစ်ရမည် ဆိုသည်ကို ဆင်ခြင်သုံးသပ်လော့။ တစ်ခါတစ်ရံတွင် သဟဇာတဖြစ်ခြင်း၌ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ပါဝင်သည်။ သို့သော် ခိုင်မြဲစွာ ရပ်တည်ပြီး ကိုယ်ကျင့်တရားများကို ထိန်းသိမ်းခြင်းတို့လည်း ပါဝင်သည်။ ဤသည်မှာ စည်းမျဉ်းစည်းကမ်းတို့နှင့် မသက်ဆိုင်ဘဲ မတူညီမှုများကို စေ့စပ်ပေးခြင်း သို့မဟုတ် “ကောင်းသောသူ” ဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်း သို့မဟုတ် အစွန်းမရောက်သည့် လမ်းကြောင်း၌သာ ရှိနေခြင်းတို့ကို ဆိုလိုခြင်းမဟုတ်ပေ။ အထူးသဖြင့်၊ တစ်စုံတစ်ယောက်အား မျက်နှာလိုမျက်နှာရလုပ်ခြင်းကို မဆိုလိုပေ။ ဤသည်တို့မှာ အခြေခံသဘောတရားများ ဖြစ်သည်။ ဤ အခြေခံသဘောတရားတို့ကို သင် နားလည်သဘောပေါက်သည်နှင့်တစ်ပြိုင်နက် သင်သည် သတိပင် မထားမိဘဲ ဘုရားသခင်၏ အလိုတော်နှင့်အညီ လုပ်ဆောင်မည့်အပြင်သမ္မာတရား၏ စစ်မှန်မှုအတိုင်းလည်း အသက်ရှင်နေထိုင်လိမ့်မည်။ လူတို့သည် အချင်းချင်း အပြန်အလှန်ဆက်ဆံရာတွင် ဘဝရှင်သန်ရေးအတွက် ၎င်းတို့၏အယူအဆများ၊ အတွေးအခေါ်များ၊ ဆန္ဒများ၊ တစ်ကိုယ်ကောင်းဆန်မှုနှင့် ၎င်းတို့ကိုယ်တိုင်၏ လုပ်ဆောင်နိုင်စွမ်းများ၊ ဆုကျေးဇူးများ၊ အထူးပြုမှုများနှင့် လိမ္မာပါးနပ်မှုတို့ကို အမှီပြုလျှင် ၎င်းတို့သည် ဘုရားသခင်၏မျက်မှောက်၌ စည်းလုံးညီညွတ်မှုကို ရယူရန် လုံးဝ မစွမ်းဆောင်နိုင်ပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားအတွင်း၌ နေထိုင်၍ အမှုအရာများကို ဆောင်ရွက်နေကြသောကြောင့် ၎င်းတို့သည် စည်းလုံးခြင်း မရှိနိုင်ပေ။ ဤအခြင်းအရာ၏ အဆုံးစွန်သော အကျိုးဆက်မှာ အဘယ်နည်း။ ဘုရားသခင်သည် ထိုသူတို့အပေါ်တွင် အလုပ်မလုပ်ပေ။ ဘုရားသခင်သည် ၎င်းတို့အပေါ်တွင် အလုပ်မလုပ်သည့်အခါ၊ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ နည်းပါးသော အရည်အချင်းများ၊ လိမ္မာပါးနပ်မှုနှင့် အထူးပြုမှုများနှင့်၊ ၎င်းတို့ ရရှိထားသော အသိအမြင်နှင့် ကျွမ်းကျင်မှု အနည်းအကျဉ်းတို့ကို ဆက်လက် အမှီပြုသောအခါ၊ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အပြည့်အဝ အသုံးချခံရရန် အလွန်ခက်ခဲသည်။ ထို့အပြင် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆောင်ရွက်ရန်လည်း အလွန်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်အပေါ်တွင် အလုပ်မလုပ်နေလျှင်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အမှုအရာများကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် အခြေခံသဘောတရားများကို မည်သည့်အခါမျှ နားလည်သဘောပေါက်ခြင်း မရှိနိုင်သောကြောင့်ဖြစ်သည်။ ဤသည်မှာ သင်သည် သင် ထမ်းဆောင်နေသည့် တာဝန်နောက်ကွယ်ရှိ အခြေခံသဘောတရားများ၏ အနှစ်သာရ သို့မဟုတ် အရင်းအမြစ်ကို မည်သည့်အခါမျှ နားလည်သဘောပေါက်နိုင်ခြင်း မရှိသလို ဘုရားသခင်၏ အလိုတော်နှင့်အညီ သဟဇာတဖြစ်စွာ မည်သို့ဆောင်ရွက်ရမည် သို့မဟုတ် ကိုယ်တော်အား ဝမ်းမြောက်စေရန် မည်သည့်အရာကို လုပ်ဆောင်ရမည်ကို မသိရှိနိုင်ခြင်းကို ဆိုလိုသည်။ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ မည်သို့ ဆောင်ရွက်ရမည်ကိုလည်း သင် မသိရှိနိုင်ပေ။ သင်သည် ဤ အခြေခံလိုအပ်ချက်များကို နားလည်သဘောမပေါက်နိုင်ပေ။ လုံးဝ သဘောမပေါက်ပေ။ သင်၏တာဝန် ဖြည့်ဆည်းရန်အတွက် သင်၏ရှင်းလင်းမှုမရှိဘဲ ကြိုးပမ်းမှုများသည် ကျရှုံးမည်မှာ သေချာသည်။ ပြီးလျှင် သင်သည် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရရန် သေချာသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း” မှ

သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း ဆိုသည်မှာ အဘယ်နည်း။ သင်က သင့်အမှုကိုလုပ်ဆောင်ပြီး ငါက ငါ့အမှုကို လုပ်ဆောင်သည်။ သင့်အမှုကို သင် ပြီးအောင်လုပ်ဆောင်ပြီး ငါ့ အမှုကို ငါပြီးအောင် လုပ်ဆောင်သည်။ ငါတို့အသီးသီးသည် ငါတို့ကိုယ်တိုင်၏အမှုကို ငါတို့လုပ်ဆောင်ပြီး ငါတို့ကြားတွင် ဖွင့်ဟရန်မလိုသော နားလည်မှုမရှိပေ။ ဆက်သွယ်ပြောဆိုမှု သို့မဟုတ် မိတ်သဟာယဖွဲ့မှု မရှိပေ။ ငါတို့သည် မည်သည့် အပြန်အလှန်နားလည်မှုမျိုးမှ မရရှိသေးပေ။ ငါတို့သည် စိတ်အတွင်း၌ “ငါက ငါ့တာဝန်ကို ထမ်းဆောင်နေပြီး သင်က သင့်တာဝန်ကို ထမ်းဆောင်နေသည်။ သင့်တာဝန်ကို သင် ဆောင်ရွက်ပြီး ငါ့တာဝန်ကို ငါ ဆောင်ရွက်မည်။ သင် လုပ်ဆောင်သောအရာသည် ငါနှင့် မသက်ဆိုင်။ ပြီးလျှင် ငါ လုပ်ဆောင်သောအရာသည် သင်နှင့် မသက်ဆိုင်။ ငါတို့သည် တစ်ဦးနှင့်တစ်ဦး ဝင်ရောက်စွက်ဖက်နေခြင်း မရှိသည့်အပြင်၊ တစ်ဦးနှင့်တစ်ဦး နှောင့်ယှက်ခြင်း သို့မဟုတ် လွှမ်းမိုးခြင်းမရှိ။” ဟူ၍သာ ရိုးရှင်းစွာ သိထားသည်။ ဤသည်မှာ သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်းလော။ အပြင်ပန်းတွင် ဤကဲ့သို့သော လူနှစ်ဦးကြား၌ သဘောထားကွဲလွဲမှု သို့မဟုတ် မကျေနပ်ချက်များ မရှိသည့်ပုံစံ ပေါ်ကောင်းပေါ်နိုင်သည်။ ၎င်းတို့သည် အချင်းချင်း ကြားဝင်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့ မရှိသည့်ပုံပေါ်သည်။ သို့ရာတွင် ဝိညာဉ်ရေးရာအားဖြင့် ၎င်းတို့ကြားတွင် သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း မရှိပေ။ ၎င်းတို့တွင် တစ်ဦးနှင့်တစ်ဦး ဖွင့်ဟရန်မလိုသော နားလည်မှု သို့မဟုတ် ဂရုစိုက်မှု မရှိပေ။ ဖြစ်နေသည့်အရာမှာ ၎င်းတို့တစ်ဦးချင်းစီသည် မည်သည့် ညှိနှိုင်းဆောင်ရွက်မှုမှ မပါဘဲ ၎င်းတို့ကိုယ်တိုင်၏ အမှုအရာအပေါ်ကိုသာ အားစိုက်ထုတ်ပြီး တစ်ဦးချင်း အားထုတ်မှုကို အသုံးပြုနေခြင်းဖြစ်သည်။ ဤသည်မှာ အမှုအရာများကို ဆောင်ရွက်ရာတွင် ကောင်းမွန်သည့် နည်းလမ်းဖြစ်သလော။ ဤသည်မှာ အမှုအရာများကို ဆောင်ရွက်ရာတွင် ကောင်းမွန်သည့် နည်းလမ်း မဟုတ်ပေ။ မည်သူကမျှ အခြားတစ်ဦးအပေါ် စီမံခြင်း၊ မည်သူကမျှ အခြားဦးအပေါ် နားထောင်ခြင်း သို့မဟုတ် လမ်းညွှန်ခြင်း မရှိသည့် ပုံပေါ်သည်။ ပြီးလျှင် ၎င်းတို့သည် အချင်းချင်း ကူညီခြင်း မရှိကြပေ။ ၎င်းတို့သည် စဉ်းစားချင့်ချိန်တတ်သည့်ပုံ ပေါ်ကောင်းပေါ်နိုင်သော်လည်း ၎င်းတို့တစ်ဦးချင်းစီ၏အတွင်းတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု ရှိနေသည်။ ယင်းသည် မည်သည့် စိတ်သဘောထားဖြစ်သည်ကို သင်တို့ သိသလော။ ယင်းမှာ ၎င်းတို့နှစ်ဦးလုံးသည် ရှေ့တန်းရောက်ရန်အတွက် ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု၊ အခြားလူတို့ကို ကူညီလိုစိတ်ရှိမှုတို့ လုံးဝ ကင်းမဲ့နေကြသည်။ ဤပုံစံဖြင့် ဖြစ်တည်ခြင်းတွင် သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း မရှိပေ။ အခြားသူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမရှိလျှင် သင်သည် တစ်ဦးတည်း တိုက်ပွဲဝင်နေခြင်း ဖြစ်ပြီး သင်လုပ်ဆောင်သည့် အရာများစွာသည် လွန်စွာအမှားကင်းခြင်း သို့မဟုတ် ပြည့်စုံခြင်း ရှိမည်မဟုတ်ပေ။ ဤသည်မှာ လူသားတို့တွင် ဘုရားသခင် မြင်တွေ့ချင်သည့် အခြေအနေမျိုးမဟုတ်။ ဤအရာသည် ဘုရားသခင်အား ဝမ်းမြောက်မှု မပေးနိုင်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း” မှ

လူများသည် အခြားသူများနှင့်တွဲဖက်၍ အလုပ် လုပ်သည့်အခါ အသုံးဝင်ဖို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အချင်းချင်း၏ ချို့ယွင်းချက်များကို ဖာထေးပေးခြင်းနှင့် ထောက်ပြခြင်း၊ တစ်ဦးကိုတစ်ဦး စောင့်ကြပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ရှာဖွေခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်းတို့ ဖြစ်ကြသည်။ တစ်ဦးကိုတစ်ဦး ထောက်ပြခြင်းသည် အခြားသူများနှင့် တွဲဖက်၍ အလုပ်လုပ်ခြင်း၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ တစ်စုံတစ်ယောက်က “သင်လုပ်နေသည်မှာ မှားယွင်းသည်၊ သင်သည် သမ္မာတရားကို ရှာဖွေနေခြင်းမရှိ။ ပြောဆိုသည့် အရာတွင် သင်သည် မည်သို့များ အလွန် အလျင်စလို ဖြစ်နေရသနည်း၊ ဤသည်ကို သင်မည်သို့ ကိုင်တွယ်ဖြေရှင်းနေသနည်း” ဟု ပြောကောင်း ပြောနိုင်သည်။ ဤအရာကို ကြားလျက် ၎င်းတို့က “အလိုလေး။ သင်ထောက်ပြ၍သာ ကံကောင်းတော့သည်— သင်သာ မထောက်ပြခဲ့ပါက ယင်းကြောင့် ပျက်စီးကိန်းဆိုက်သွားနိုင်ခဲ့၏” ဟု ပြောလိမ့်မည်။ တစ်ဦးကိုတစ်ဦး စောင့်ကြပ်ခြင်းကရော မည်သို့ရှိသနည်း။ လူတစ်ဦးချင်းစီအတွက် အမှားပြုလုပ်သည့် အချိန်များ၊ ဝတ်ကျေတမ်းကျေပြုသည့်အချိန်များ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်သည့် အချိန်များ၊ ဗွေဖောက်သည့်အချိန်များ၊ သို့မဟုတ် မနာခံသည့်အချိန်များ ရှိကြသည်။ တစ်စုံတစ်ဦးက ကြွားဝါနေသည်ကို သင်မြင်သည့်အခါ၊ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းကို ကာကွယ်နေပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထည့်တွက်ခြင်း မရှိကြကြောင်း၊ ၎င်းတို့၏ဂုဏ်သတင်းကိုသာ ၎င်းတို့ ထိန်းသိမ်းစောင့်ရှောက်နေကြောင်း သင်မြင်သည့်အခါ ထိုသို့သော အချိန်များတွင် သင်သည် အကူအညီပေးရမည်၊ ၎င်းတို့နှင့် မိတ်သဟာယပြုပြီး ဤသည်ကို သင့်အတွက် သတိပေးချက် တစ်ခုအနေဖြင့်လည်း ခံယူရမည်။ ဤသည်မှာ တစ်ဦးကိုတစ်ဦး စောင့်ကြပ်ခြင်းကို ဆိုလိုသည် မဟုတ်လော။ တစ်ဦးကိုတစ်ဦး စောင့်ကြပ်ခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့နှင့် လူများလမ်းလွဲခြင်းမှ တားဆီးဖို့ ဖြစ်လေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)” မှ

ပူးပေါင်းဆောင်ရွက်ခြင်းတွင် အခြားသူများထံမှ အကူအညီနှင့် အကြံပြုချက်တို့ တောင်းခံခြင်း၊ အခြားသူများ၏ အကြံဉာဏ်ကို ရယူခြင်းနှင့် ပြဿနာရှိသည့်အခါ သမ္မာတရား အခြေခံသဘောတရားများကို ရှာဖွေနိုင်ခြင်းတို့ ပါဝင်သည်။ ဤအရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မိတ်သဟာယပြုပြီးဖြစ်သည်။ နောက်ထပ်ဖြစ်လာသည့်အရာက ယင်းကို သင်မည်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည့်အပေါ်တွင် မူတည်ပေသည်။ သင်သည် သင့်ကိုယ်သင် အခြားသူများ၏ အထက်တွင် ရှိသည်ဟု အစဉ်ခံစားရပြီး သင်၏သာသနာကို တရားဝင် အလုပ်တာဝန်ကျရာ နေရာတစ်ခုအဖြစ် သဘောထားကာ အခြားလမ်းကြောင်းများကို အစဉ်လျှောက်ပြီး သင်ကိုယ်တိုင်၏ အစီအစဉ်များကို အစဉ် လျှို့ဝှက်ကြံစည်နေ၍ သင်ကိုယ်တိုင်၏ စီမံခန့်ခွဲမှုကို အစဉ် တာဝန်ယူဆောင်ရွက်နေပါက— ဤအရာသည် ပြဿနာများကို ဖြစ်စေလိမ့်မည်။ ဤသည်မှာ သင်အစဉ် ပြုမူသည့်ပုံစံဖြစ်ပြီး အခြား မည်သူတစ်စုံတစ်ဦးနှင့်မျှ ပူးပေါင်းလိုခြင်းမရှိပါက၊ အခြားသူများကို သင်၏ ဩဇာအာဏာ ခွဲဝေပေးလိုခြင်းမရှိပါက၊ အခြားသူများကို သင့်ထက်ပို၍ အစွမ်းမပြစေလိုပါက၊ သင့်အား အခြားသူများက ကြည်ညိုလေးစားနေသည်ကို မစွန့်လွှတ်လိုပါက— အရာများကို သင်တစ်ဦးတည်းသာ ရလိုပါက သင်သည် မှားယွင်းသော လမ်းပေါ်တွင် ရှိနေ၏။ သို့ရာတွင် သင်သည် သမ္မာတရားကို မကြာခဏ ရှာဖွေပြီး ထိုသို့သော အရာများကို ဘေးဖယ်ဖို့ လက်တွေ့လုပ်ဆောင်ပါက၊ ပြီးလျှင် သင်သည် အခြားသူများနှင့် တိုင်ပင်ဖို့နှင့် ၎င်းတို့၏အကြံပြုချက်ကို ရယူဖို့ သင့်စိတ်နှလုံးကို မကြာခဏ ဖွင့်ပေးလျက် အခြားသူများနှင့် ပူးပေါင်းခြင်းကို အစပြုလုပ်ဆောင်နိုင်ပါက၊ ပြီးလျှင် သင်သည် အခြားသူများ၏ အကြံပေးချက်များကို သဘောတူလက်ခံနိုင်ပြီး ၎င်းတို့၏ အတွေးအခေါ်များနှင့် စကားများကို အသေအချာ နားထောင်နိုင်ပါက သင်သည် မှန်ကန်သော လမ်းကြောင်း၊ မှန်ကန်သော ဦးတည်ချက်၌ သွားနေသည်။ မာနတစ်ခွဲသား လုပ်မနေဘဲ သင်၏ရာထူးကို ဘေးဖယ်ထားလော့။ ဤအရာများကို ဂရုမစိုက်နှင့်၊ ယင်းတို့ကို အရေးမပါသည့် အရာအဖြစ် သဘောထားလော့၊ ပြီးလျှင် ယင်းတို့ကို ဂုဏ်အဆင့်အတန်း၏ အမှတ်အသားအဖြစ် အောင်ဆုအောင်ပန်းအဖြစ် မရှုမြင်လေနှင့်။ သင်နှင့် အခြားသူများသည် တန်းတူဖြစ်သည်ဟု သင်၏စိတ်နှလုံးထဲ၌ ယုံကြည်လော့။ သင့်ကိုယ်သင် အခြားသူများနှင့် တန်းတူရည်တူ အခြေအနေတစ်ခုတွင် ထားရန်နှင့် အခြားသူများထံမှ ၎င်းတို့၏ ထင်မြင်ချက်များကို တောင်းခံဖို့ နှိမ့်ချနိုင်ရန်ပင် သင်ယူလော့။ အခြားသူများ ပြောစရာရှိသည့်အရာကို လေးနက်စွာ၊ သတိကြီးစွာနှင့် အလေးဂရုစိုက်၍ နားထောင်နိုင်ခြင်း ရှိလော့။ ဤနည်းအားဖြင့် သင်သည် သင်နှင့် အခြားသူများအကြား ငြိမ်းချမ်းသော ပူးပေါင်းဆောင်ရွက်ခြင်းကို ပေါက်ဖွားစေလိမ့်မည်။ သို့ဆိုလျှင် ငြိမ်းချမ်းသော ပူးပေါင်းဆောင်ရွက်ခြင်းက မည်သည့်တာဝန်ကို ဖြည့်ဆည်းပေးသနည်း။ ယင်းက အမှန်တကယ်ပင် ကြီးစွာသော တာဝန်တစ်ခုကို ဖြည့်ဆည်းပေးသည်။ ယင်းဖြင့် သင်သည် အခြားသူများမြင်ပြီးသော်လည်း သင်မမြင်ရသေးသည့် အရာများမှလည်းကောင်း၊ အခြားသူများနားလည်သော်လည်း သင်နားမလည်သေးသည့်အရာများမှလည်းကောင်း အကျိုးရရှိနိုင်ပြီး အခြားသူများ၏ အားသာချက်များနှင့် ကောင်းကွက်များကို သင်ရှာတွေ့နိုင်သည်။ ပြီးလျှင် အခြားအရာတစ်ခုလည်း ရှိသေး၏— အခြားသူများကို ပေါကြောင်ကြောင်နိုင်သည်၊ တုံးအသည်၊ မိုက်မဲသည်၊ သင့်ထက်နိမ့်ကျသည်ဟု သင်ထင်မှတ်သည့် သင်၏အယူအဆများ အလယ်မှ ရှုထောင့်များ— သင့်အနေဖြင့် အခြားသူများ၏ အကြံပြုချက်များကို နားထောင်သည့်အခါတွင်ဖြစ်စေ၊ အခြားသူများက သင့်ကို စကားပြောဖို့ ၎င်းတို့၏စိတ်နှလုံးကို ဖွင့်ချသည့်အခါတွင်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ကမျှ ရိုးအမနေဘဲ မည်သူပင်ဖြစ်ပါစေ လူတိုင်း၌ မှတ်သားလောက်စရာ အတွေးအခေါ်အချို့ ရှိသည်ကို သင်အမှတ်တမဲ့ သဘောပေါက်လာသည်။ ဤအရာက သင့်အား သင့်ကိုယ်သင် ထက်မြက်သည်ဟု တွေးထင်ခြင်းမှလည်းကောင်း၊ သူများထက်သာလွန်သည်ဟု ခံစားရခြင်းမှလည်းကောင်း တားဆီးပေးသည်။ ယင်းက အတ္တပေမ အခြေအနေ၊ မိမိကိုယ်ကို နှစ်ထောင်းအားရခြင်း အခြေအနေ၌ ရှင်သန်နေခြင်းမှ သင့်ကို တားဆီးပေးပေသည်။ ယင်းက သင့်ကို ကာကွယ်ပေးသည် မဟုတ်လော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)” မှ

တာဝန်တစ်ခုထမ်းဆောင်ရန် ပူးပေါင်းဆောင်ရွက်ရသည့်အချိန်တွင် လူနှစ်ဦးသည် ကိစ္စအကြောင်းအရာတစ်ခု၏ အခြေခံသဘောတရားအပေါ်၌ သဘောထားကွဲလွဲမှုရှိပါသည်။ သူတို့၌ ကွဲပြားသေ ရှုထောင့် များနှင့် ကွဲပြားသောအမြင်များရှိပါသည်။ ၎င်းအခြေအနေ၌ မည်သည့်အရာဖြစ်နိုင်သနည်း။ ဤကိစ္စသည် မကြာခဏဖြစ်ပျက်နေသလော။ ဤအရာသည် လူများ၏ စိတ်သဘောထားများ၊ အရည်အချင်းများ၊ ထိုးထွင်းသိမြင်မှုများ၊ အသက်အရွယ်များ၊ အတွေ့အကြုံများ မတူညီ မှုတို့မှဖြစ်ပေါ်စေသည့် သာမန်ဖြစ်စဥ်တစ်ခုဖြစ်ပါသည်။ လူနှစ်ဦး၏အတွေးခေါ်သည် တထပ်တည်းကျ၍ တူညီနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် လူနှစ်ဦး၏ အတွေးအခေါ် နှင့် အမြင်များ၌ ကွဲပြားမှုဖြစ်လာနိုင်ခြင်းသည် ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဖြစ်လေ့အရှိဆုံးသောအရာတစ်ခုဖြစ်သည်။ ဤဖြစ်စဉ်ထဲ၌ မိမိကိုယ်ကိုယ် မချည်နှောင်ပါနှင့်။ အရေးပါသော မေးခွန်းမှာ ဤကဲ့သို့သော ကိစ္စများဖြစ်ပေါ်လျှင် သင်သည် ဘုရားသခင်ရှေ့မှောက်၌ စည်းလုံးခြင်းရရှိရန်နှင့် ထင်မြင်ယူဆချက်များ တညီတညွတ်တည်းဖြစ်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ကာ ကြိုးစားသင့်သနည်းဆိုသည့် အချက်ဖြစ်ပေသည်။ တညီတညွတ်တည်း သဘောထားရှိခြင်း၏ ရည်ရွယ်ချက်ပန်းတိုင်မှာ အဘယ်နည်း။ ဤကိစ္စနှင့်ပတ်သက်၍ သမ္မာတရား၏ အခြေခံသဘောတရားကိုရှာဖွေရန်နှင့် သင်၏ကိုယ်ပိုင် သို့မဟုတ် တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်ကို အတူတကွရှာဖွေရန် ဆိုလိုခြင်းပင်ဖြစ်သည်။ ဤသည်မှာ သင့်မြတ်သောပူး‌ပေါင်းဆောင်ရွက်ခြင်းရရှိစေသော လမ်းကြောင်းပင်ဖြစ်သည်။ ဘုရာသခင်၏ ရည်ရွယ်ချက်နှင့် သူတောင်းဆိုသည့် အခြေခံသဘောတရားများအား သင်ရှာဖွေသည့်အချိန်မှသာလျှင် စည်းလုံးညီညွတ်ခြင်းကို သင်ရရှိနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့မဟုတ်ဘဲ သင်၏နည်းလမ်းအတိုင်းဖြစ်လျှင် အခြားလူသည် မကျေမနပ်ဖြစ်သည်။ ၎င်းတို့၏ နည်းလမ်းအတိုင်းဖြစ်လျှင် သင်သည် မကျေမနပ်ဖြစ်ပြီး မချင့်မရဲဖြစ်လိမ့်မည်။ သင်သည် ယင်းကို ရှင်းရှင်းလင်းလင်းမမြင်နိုင်၊ လက်မလွှတ်နိုင်ပေ။ “အမှုအရာများကို ဤသို့ပြုလုပ်ခြင်းက အဘယ်သို့ရှိသနည်း။ သင့်တော်သလော။” သင်သည် အတွင်းတွင် စိတ်မသက်မသာဖြစ်ပြီး၊ သင်သည် ဤအရာအတွက် မကြိုးစားလျှင် ဘုရားသခင်ရှေ့၌ သင်သည် အမှုအရာများကို ရှင်းလင်းပြနိုင်မည်မဟုတ်ဟု ခံစားရသည်။ သို့သော် သင်က ထိုအရာအတွက် ကြိုးစားလျှင်၊ “ဤသည်မှာ ငါ၏အကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်နေခြင်းလော။ ငါ၏ဂုဏ်သိက္ခာ၊ ငါ၏ ဂုဏ်အဆင့်အတန်းအတွက် ကြိုးပမ်းနေခြင်းလော”ဟု သင်ခံစားရလိမ့်မည်။ မည်သည့်နည်းလမ်းဖြင့်မဆို မသင့်တော်ဟု သင်ခံစားရသည်။ ဤအရာဖြစ်စေ၊ ထိုအရာဖြစ်စေ၊ မှန်သည်ဟု မခံစားရ။ ထိုသို့ဆိုလျှင် စည်းလုံးခြင်းကို ရရှိနိုင်မည်လော။ ထိုအခြေအနေမျိုးတွင် သမ္မာတရားကို သင်ရှာဖွေသင့်သည်။ အခြေခံသဘောတရားက် မည်သည့်အရာဖြစ်သည်၊ ဘုရားသခင် တောင်းဆိုသည့် စံနှုန်းသည် မည်သည့်အရာဖြစ်သည်ကို သင်ရှာဖွေသင့်သည်။ ဘုရားသခင် တောင်းဆိုသည့် စံနှုန်းကို သင်ရှာတွေ့သည်နှင့်တစ်ပြိုင်နက် ထိုသူနှင့် သင်မိတ်သဟာယပြုသည်။ သူသည် ကြားနာပြီးနောက်တွင် “ဟုတ်သည်။ ငါ၏ ထင်မြင်ချက်သည် ချို့ယွင်းချက်ရှိသည်”ဟု ပြောသည်။ သင်က ထိုအရာကို ဆင်ခြင်တွေးတောပြီး “ငါ၏ထင်မြင်ချက်သည်လည်း မကောင်းပေ။ အနည်းငယ်မှားယွင်းပြီး အနည်းငယ်အပေါ်ယံဆန်သည်။ သူ၏စိတ်ကူးသည် ပို၍ကောင်းပြီး ဘုရားသခင်သတ်မှတ်သည့် စံနှုန်းနှင့်နီးစပ်သည်။ အနည်းငယ်ဖြည့်စွက်ပြီး အနည်းငယ်ပြုပြင်လိုက်လျှင်၊ အခြေခံအားဖြင့် အဆင်ပြေသည်။ ငါ၏ထင်မြင်ချက်ကို ဘေးဖယ်ထားလိုက်မည်။ ငါ လိုက်နာမည်။ သူ၏ စိတ်ကူးအပေါ် အခြေခံ၍ ငါတို့ရှေ့ဆက်သွားသင့်ပြီး၊ နောင်အနာဂတ်တွင် သူ့ထံမှ၊ သူ၏ ထိုနည်းလမ်းမှ အချို့သောအရာများကို ငါသင်ယူသင့်သည်”ဟု စဉ်းစားသည်။ ထိုသို့ဆိုလျှင် သင်သည် မျက်နှာသာပေးခြင်းခံရပြီးဖြစ်သည် မဟုတ်လော။ သူက အနည်းငယ်ပေးခဲ့ပြီး ထိုအရာံမှ သင်မရရှိခဲ့သလော။ အသင့်ပြုလုပ်ထားသောအရာတစ်ခုကို သင် မွေ့လျော်ခံစားခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဟု ခေါ်ပြီး၊ သင်သည် မျက်နှာသာပေးခြင်းခံရပြီး ဖြစ်သည်။ မျက်နှာသာပေးခံရခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရမှသာ အမှန်တကယ်ဖြစ်သည်ဟု သင်ထင်မြင်သလော။ အခြားတစ်စုံတစ်ယောက်က ထင်မြင်ချက်တစ်ခုရှိသည်၊ သို့မဟုတ် မိတ်သဟာယတွင် သင်နှင့် မျှဝေဖို့ ဉာဏ်အလင်းအချို့ရှိသည်၊ သို့မဟုတ် တစ်စုံတစ်ခုကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့၏ အခြေခံသဘောတရားနှင့်အညီ လုပ်ဆောင်ကာ သင်က ဤအရာကိုမြင်၍ မဆိုးဟု ထင်မြင်သည်။ ယင်းမှာ တစ်စုံတစ်ခုကို ရရှိခြင်းမဟုတ်လော။ ဟုတ်သည်။ ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ယောက်သောသူ၏အားနည်းချက်အား အခြားသောသူ၏ ခွန်အားဖြင့် အားဖြည့်ခြင်းကိုဆိုလိုသည်။ အခြားသူ၏အားနည်းချက်အတွက် သင်၏အားသာချက်များကိုအသုံးပြု၍ ဖာထေးပေးခြင်း၊ အခြားသူများသည်လည်း သင့်ကိုဖာထေးပေးဖို့ရန် သူတို့၏ခွန်အားများအသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ အခြားသူ၏အားသာချက်ဖြင့် တစ်ယောက်သောသူ၏အားနည်းချက်များကို အားဖြည့်ခြင်းနှင့် စိတ်သဘောထားညီညွတစွာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စိတ်သဘောထားညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းရှိမှသာလျှင် လူတို့သည် ဘုရားသခင်ရှေ့၌ ကောင်းချီးခံစားရရှိပြီး၊ ဤအရာကို ပို၍ တွေ့ကြုံခံစားလေ၊ ၎င်းတို့သည် ပို၍ လက်တွေ့ကျမှုကို ပိုင်ဆိုင်လေဖြစ်သည်၊ လမ်းကြောင်းသည် သာ၍ တောက်ပပြီး၊ ၎င်းတို့သည်လည်း ယခင်ထက် ပို၍စိတ်ချမ်းသာသောသူ ဖြစ်လာမည်။ သင်သည် သင်ပြောသည်ကို မည်သည့်အခါမှ နားမထောင်ချင်သောသူများနှင့် ပေါင်းဖော်ရာ၌ အမြဲခေါင်းမာ၍ အမြဲပင် ၎င်းတို့အပေါ် ယုံကြည်မှုမရှိလျှင်၊ သင်သည် သူတစ်ပါး၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရန် သင်ကြိုးစားသည့်တိုင် တစ်ပါးသူများသည် သင်ပြုသည့် အတိုင်းမပြုကြဘဲ ယင်းကို သင် မခံမရပ်နိုင်ဖြစ်လျှင်၊ သင်သည် သူတစ်ပါးတို့ ပြောသည့်အရာအပေါ်၌ သူတို့အား ချောင်ပိတ်၍ ပြန်လည်ပြောဆိုပြီး ထိုသူတို့သည် ဤအချက်ကို မှတ်မိကာ နောက်တစ်ဖန် ပြဿနာတစ်ခုပေါ်ပေါက်လာပါက သူတို့သည် သင့်အပေါ်ကို သင်ပြုသည့်အတိုင်း ပြုမူလျှင်သင်ပြုနေသည့်အရာသည် သင်၏အားသာချက်ဖြင့် အခြားသောသူ၏အားနည်းချက်အား အားဖြည့်ပေးခြင်း၊ စိတ်သဘောထားညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဟူ၍ ခေါ်ဆိုနိုင်သလော။ ဤအရာသည် ပဋိပက္ခဖြစ်ခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သင်၏အမျက်ဒေါသဖြင့် အသက်ရှင်ခြင်းဟုခေါ်ဆိုသည်။ ၎င်းသည် ဘုရားသခင်ထံမှ ကောင်းချီးလည်း မရရှိနိုင်ပါ။ ဘုရားသခင်ကို နှစ်သက်စေမည်လည်းမဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း” မှ

သင်တို့သည် သင်တို့၏ တာဝန်များကို ဖြည့်ဆည်းရန် အခြားလူများနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် မတူညီသည့် ထင်မြင်ချက်များကို သင် လိုလိုလားလား လက်ခံနိုင်သလား။ အခြားလူများပြောသည့်အရာကို သင် လက်ခံနိုင်သလား။ (မိမိ၏ ကိုယ်ပိုင်စိတ်ကူးများအပေါ်တွင် ကျွန်ုပ် အမြဲတမ်းဖက်တွယ်လေ့ရှိခဲ့ပါသည်။ သို့သော် ဘုရားသခင် စီစဉ်သည့် အခြေအနေတို့တွင် ဖော်ထုတ်ခံရပြီးနောက်၊ လူတိုင်းက အတူတွေ့ဆုံပြီး အမှုအရာများကို ဆွေးနွေးသည့်အခါ မှန်ကန်စွာ နားလည်ကြလေ့ရှိပြီး အကြိမ်များစွာတွင် မှားယွင်းသည်မှာ သို့မဟုတ် မျက်မွေးတစ်ဆုံးသာ ကြည့်သည်မှာ ကျွန်ုပ်ကိုယ်တိုင်၏ အမြင်ဖြစ်သည်ကို ကျွန်ုပ် သိရှိခဲ့ရပါသည်။ အခြားသူများနှင့် သဟဇာတရှိစွာ လုပ်ဆောင်ခြင်းသည် မည်မျှ အရေးကြီးသည်ကို ကျွန်ုပ် နားလည်လာခဲ့ပါသည်။) ဤအခြင်းအရာမှ မည်သည့်အရာကို သင် သင်ယူရရှိခဲ့သနည်း။ မည်သူမဆို အမှားကင်းသည်ဟု သင်တို့ ထင်သလော။ လူတို့သည် မည်မျှ သန်စွမ်းသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ စွမ်းဆောင်နိုင်ပြီး ပါရမီရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ခြောက်ပြစ်ကင်း မဟုတ်သေးပေ။ လူတို့သည် ဤအချက်ကို သတိပြုမိရမည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အားသာချက်များနှင့် အရေးသာမှုများ၊ သို့မဟုတ် အပြစ်အနာအဆာများကို မှန်ကန်စွာ ကြည့်ရှုနေသည့် မည်သူမဆို၏ အသင့်လျော်ဆုံးသော သဘောထားလည်း ဖြစ်သည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် စဉ်းစားချင့်ချိန်နိုင်စွမ်း ဖြစ်သည်။ ဤသို့သော စဉ်းစားချင့်ချိန်နိုင်စွမ်းဖြင့် သင်သည် သင်ကိုယ်တိုင်၏ အားသာချက်များနှင့် အားနည်းချက်များအပြင် အခြားသူတို့၏ ယင်းအချက်များကိုပါ သင့်လျော်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး၊ ဤအချက်သည် သင့်အား ၎င်းတို့နှင့်အတူ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်စေလိမ့်မည်။ သင်၌ သမ္မာတရား၏ ဤရှုထောင့် ဖြည့်ဆည်းထားပြီး သမ္မာတရား စစ်မှန်မှု၏ ဤရှုထောင့်ထဲသို့ သင် ဝင်ရောက်နိုင်လျှင်၊ သင့်တွင်ရှိသော မည်သည့်အားနည်းချက်ကိုမဆို ချိန်ညှိရန် အချင်းချင်းရှိ အားသာချက်များအပေါ် အခြေတည်ရင်း၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် သဟဇာတဖြစ်လျက် အဆင်ပြေနိုင်သည်။ ဤနည်းအားဖြင့် မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သင်သည် ယင်းအမှုအရာတွင် အစဉ်သဖြင့် ပိုမိုကောင်းမွန်လာပြီး ဘုရားသခင်၏ကောင်းချီးကို ရရှိလိမ့်မည်။ သင်သည် အတော်အတန်တော်ပြီး အခြားသူတို့သည် သင်နှင့်ယှဉ်လျှင် ညံ့သည်ဟု အစဉ် ထင်မြင်ပြီးလျှင်၊ သင်သည် အစဉ်သဖြင့် အဆုံးအဖြတ်ပေးသောသူဖြစ်လိုလျှင် ဤသည်မှာ ဒုက္ခပေးလိမ့်မည်။ တစ်စုံတစ်ဦးက မှန်ကန်သောအရာတစ်ခုကို ပြောဆိုကောင်း ပြောဆိုနိုင်သော်လည်း သင်က “သူပြောသည်မှာ မှန်ကန်သော်လည်း ငါသည် သူနှင့် သဘောတူလျှင် အခြားသူတို့က ငါ့ကို မည်သို့ထင်မည်နည်း။ ငါသည် သူ့လောက် မတော်ဟု အဓိပ္ပာယ်ရမည်မဟုတ်လော။ ငါသည် သူနှင့် သဘောတူ၍ မဖြစ်။ ငါသည် သူ၏ အကြံဉာဏ်ကို လိုက်လျှောက်နေသည်ဟု အခြားသူများ မသိစေရန် နည်းလမ်းရှာရမည်ဖြစ်ပြီး ငါ့နည်းလမ်းအတိုင်း ငါလုပ်နေသည်ဟု သူတို့ထင်မြင်အောင် လုပ်ရမည်။ ဤသို့ဆိုလျှင် ငါ့ကို သူတို့ အထင်ကြီးကြလိမ့်မည်။” ဟု တွေးထင်သည်။ ဤသည်မှာ အခြားသူတို့နှင့် သင် အစဉ်သဖြင့် ဆက်ဆံသည့်ပုံစံဖြစ်လျှင် ယင်းကို သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဟု ခေါ်ဆိုနိုင်သလော။ ဘေးထွက်ဆိုးကျိုးများမှာ မည်သည့်အရာများ ဖြစ်မည်နည်း။ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက သင့်အကြောင်းကို ရိပ်စားမိနိုင်လိမ့်မည်။ သင်သည် အလွန်ပင် ဉာဏ်နီဉာဏ်နက်များသည်၊ သမ္မာတရားနှင့်အညီ မဆောင်ရွက်၊ ရိုးသားခြင်းမရှိဟု ဆိုကြလိမ့်မည်။ လူတိုင်းက သင့်ကို မုန်းတီးကြမည်ဖြစ်ပြီး သင်သည် စွန့်ပစ်ခံရဖို့ အလွန်ပင် ဖြစ်နိုင်လေသည်။ လူတိုင်းက စွန့်ပစ်သည့်သူတစ်ယောက်ကို ဘုရားသခင်က မည်သို့ မှတ်ယူသနည်း။ ဘုရားသခင်သည်လည်း ထိုသူကို မုန်းတီးသည်။ ဤသို့သောသူမျိုးကို ဘုရားသခင် အဘယ်ကြောင့် မုန်းတီးသနည်း။ သူ၏ တာဝန်ကို ဖြည့်ဆည်းရန်အတွက် ဤသို့သောသူမျိုး၏ အားထုတ်မှုသည် ရိုးသားကောင်းရိုးသားနိုင်သည်။ သို့သော် ဤသည်မှာ အဘယ်သို့သော ချဉ်းကပ်နည်းမျိုး ဖြစ်သနည်း။ ယင်းကို ဘုရားသခင် မုန်းတီးသည်။ ဘုရားသခင်ရှေ့မှောက်တွင် ဤသို့သောသူမျိုး ထုတ်ဖောပြသည့် စိတ်သဘောထား၊ ည် သူ၏ နှလုံးသားနှင့် စိတ်ထဲတွင်ရှိသည့် အရာရာတိုင်းနှင့် သူ၏ ရည်ရွယ်ချက်အားလုံးသည် ဘုရားသခင်အတွက် ရွံရှာဖွယ်ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို စက်ဆုပ်ရွံရှာပြီး ဆိုးယုတ်သည်ဟု မြင်သည်။ မိမိ၏ ပန်းတိုင်များကို ရရှိရန်နှင့် အခြားလူတို့၏ လေးစားမှုကို ရယူရန်အတွက် အလွန်အမင်း မလိုလားအပ်သော နည်းလမ်းများနှင့် လှည့်ကွက်များကို အသုံးပြုခြင်းသည် ဘုရားသခင် မုန်းတီးသည့် အပြုအမူမျိုးဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ပုံမှန်လူသားသဘာဝကို ပိုင်ဆိုင်နိုင်သည်” မှ

သင်ထမ်းဆောင်နိုင်သည့်တာဝန်သည် မည်သည့်အရာနည်း။ ယင်းမှာ သင်တတ်နိုင်သမျှ လုပ်ဆောင်ရန်ဖြစ်သည်။ သင်သည် အစွမ်းအစအနည်းငယ်ရှိလျှင် သင်စဉ်းစားနေသည့်အရာကို ပြောလော့။ သင်သည် အလုပ်အကိုင်တစ်ခုတွင် အားသာချက်များရှိလျှင် ထိုအားသာချက်များကို အသုံးချလော့။ သင်၏ နားလည်နိုင်စွမ်းသည် အတော်အတန်ကြီးမားလျှင် သင်၏စိတ်ကူးများကို ထုတ်ဖော်ပြောဆိုလော့။ ငြိမ်းချမ်းသော ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည်မှာ ဤအရာကိုဆိုလိုခြင်းဖြစ်ပြီး ဤနည်းလမ်းဖြင့် သင်၏တာဝန်ကို ထမ်းဆောင်နိုင်သည်။ သင်သည် အစဉ်သဖြင့် အရာရာတိုင်းအား ကိုင်တွယ်ဆောင်ရွက်ရန် ကြိုးစားနေလျှင်၊ လူအများထက်သာအောင် အစဉ်ကြိုးစားနေပြီး အခြားလူတို့ကို အလားတူလုပ်ဆောင်ခွင့်မပြုလျှင် ဤသည်မှာ သင့်တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်ပေ။ ဤသည်မှာ စိုးမိုးခြယ်လှယ်ခြင်း၊ ပြစားခြင်းဟု ခေါ်ပြီး ယင်းသည် စာတန်၏ အပြုအမူဖြစ်သည်။ တစ်စုံတစ်ယောက်သည် အထူးကျွမ်းကျင်သောအရည်အချင်း၊ ပါရမီ၊ သို့မဟုတ် အထူးကျွမ်းကျင်မှုတစ်ခုရှိလျှင် ၎င်းသည် အလုပ်၏ ဝန်ထုပ်ဝန်ပိုးအား တစ်ဦးတည်းခံယူကာ အားလုံးကို မပြီးမြောက်စေနိုင်ပေ။ လူတိုင်းက ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူရမည်။ ဤအရာနောက်ကွယ်ရှိ အခြေခံသဘောတရားမှာ အဘယ်နည်း။ သင်၏ အားသာချက်အားလုံးကို နှစ်မြုပ်လုပ်ကိုင်သရွေ့၊ သင်၏ သစ္စာရှိမှုကို ပေးအပ်ပြီး သင်လုပ်ဆောင်နိုင်သည့်အရာအားလုံးကို ပံ့ပိုးသရွေ့ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းဆိုသည်မှာ တတ်နိုင်သမျှ အများဆုံး တာဝန်ယူဆောင်ရွက်ရန် လိုအပ်သည်ဟု မဆိုလိုသကဲ့သို့ သင်ပင်ပန်းနွမ်းနယ်နေသင့်သည်ဟုလည်း မဆိုလိုပေ။ သင်အကျပ်အတည်းကြုံရသင့်သည်ဟု ပို၍ပင် မဆိုလိုပေ။ သင်သည် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရန်၊ သင်တတ်နိုင်သမျှအရာအားလုံးကို ထမ်းဆောင်ရန်၊ သင်၏ တာဝန်ဝတ္တရားကို ထမ်းဆောင်ရန်၊ သင်၏ အစွမ်းအစအားလုံးကို ဆက်ကပ်ရန် သင်ယူရမည်။ ဤသည်မှာ သင့်တာဝန်ကို ထမ်းဆောင်ခြင်းဟု ခေါ်ဆိုသည့်အရာဖြစ်သည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းဆိုသည်မှာ သင်တတ်နိုင်သည့်အရာကို လုပ်ဆောင်ခြင်းကိုဆိုလိုသည်။ သင်တတ်နိုင်သည့်အရာကို ထမ်းဆောင်ပြီး သင်တတ်နိုင်သည့်အရာကို ပံ့ပိုးလော့- ယင်းမှာ လုံလောက်သည်။ သင်ရိတ်သိမ်းရရှိသည့်အရာကို မမျှဝေဘဲ ရွံရှာဖွယ်ကောင်းသောသူတစ်ယောက် မဖြစ်စေနှင့်၊ ပြီးလျှင် အစဉ်သဖြင့် မိမိတစ်ဦးတည်း အုပ်ချုပ်စီမံခြင်းမပြုနှင့်။ အစဉ်သဖြင့် သူတစ်ပါးတို့ထက်ပိုသာရန် မကြိုးစားနှင့်။ သင်သည် စိတ်ဓာတ်မြင့်မားသည့်ပုံစံ အစဉ်ဖြစ်လိုပြီး “ဤနည်းဖြင့်ပြုလုပ်သင့်သည်ဟု သင်တို့က ဆိုသည်။ သို့သော် အခြားနည်းဖြင့် ပြုလုပ်ဖို့ ကျွန်ုပ် တောင်းဆိုတိုက်တွန်းသည်”ဟု ဆိုလျှင် သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သလော။ ဤသည်မှာ အနှောင့်အယှက်ဖြစ်စေပြီး သူတစ်ပါးအား သေးသိမ်စေသည်။ အနှောင့်အယှက်ဖြစ်စေရန်နှင့် သူတစ်ပါးအား သေးသိမ်စေရန်မှာ သာမန်လူ့သဘာဝရှိသူ၏ အပြုအမူဖြစ်သလော။ ဤသည်မှာ စာတန်၏နေရာတွင် လုပ်ဆောင်နေခြင်းဖြစ်ပြီး သင့်တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်ပေ။ ထို့ကြောင့် သင်သည် အနှောင့်အယှက်ဖြစ်စေသောအခါ၊ သို့မဟုတ် ဖျက်လိုဖျက်ဆီးပြုမူသောအခါ၊ သို့မဟုတ် တစ်ဦးတည်းစီမံအုပ်ချုပ်သောအခါတွင် သင်သည် မည်မျှအားစိုက်ထုတ်ပါစေ ဘုရားသခင်၏ အထိမ်းအမှတ်ပြုခြင်းကို ခံရမည်မဟုတ်ပေ။ သင်ပံ့ပိုးပေးခဲ့သည့် အစွမ်းအစသည် မပြောပလောက်သည့်ပုံစံ၊ မထင်ရှားသည့်ပုံစံရှိကောင်းရှိနိုင်သည်။ သို့သော် လူတိုင်းအားအကျိုးဖြစ်စေသည့်အရာကို သင်ပြောဆိုသည့်အချိန်၊ သို့မဟုတ် သင်လုပ်ဆောင်သည့်အရာတစ်ခုသည် လူတိုင်းအား ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်နိုင်စေခဲ့သည့်အချိန်၊ လူတိုင်း၏ ထင်မြင်ချက်များနှင့် အမြင်များသည် ပေါင်းစည်းပြီး ဦးတည်ချက်တစ်ခုတည်းဖြင့် အတူတကွ ဆောင်ရွက်နိုင်သည့်အချိန်တစ်ခု ရှိနိုင်သည်။ ဤသည်မှာ သင်လုပ်ဆောင်သည့်အရာဖြစ်သည်ဟု မည်သူကမျှ မှတ်မိကောင်း မှတ်မိကြမည်မဟုတ်သော်လည်း၊ သင်များစွာအားစိုက်ထုတ်ထားသည်ဟု သင်ခံစားကောင်း ခံစားရမည်မဟုတ်သော်လည်း၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူတစ်ယောက်၊ အခြေခံသဘောတရားများအတိုင်း လုပ်ဆောင်သည့်သူတစ်ယောက်ဖြစ်သည်ကို ဘုရားသခင်က တွေ့မြင်လိမ့်မည်။ သင်ဤသို့လုပ်ဆောင်ထားခြင်းအား ဘုရားသခင်က အထိမ်းအမှတ်ပြုလိမ့်မည်။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းဟု ခေါ်ဆိုသည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းတွင် ခက်ခဲသည့်အရာတစ်ခုခု ပါဝင်သလော။ အမှန်တွင် ယင်းသည် လွယ်ကူသည်။ အနှောင့်အယှက်သာ မဖြစ်စေနှင့်၊ သို့မဟုတ် တစ်ဦးတည်းစီမံအုပ်ချုပ်ခြင်းသာ မပြုလုပ်မိစေနှင့်။ သင်မှတ်မိရမည်။ သင့်တာဝန်ကိုထမ်းဆောင်ခြင်းသည် သင်၏ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှုပြုခြင်း၊ သို့မဟုတ် သင်ကိုယ်တိုင်စီမံခန့်ခွဲခြင်း ကိစ္စမဟုတ်။ ဤအလုပ်သည် ဘုရားသခင်၏ အလုပ်ဖြစ်ပြီး၊ သင့်တွင်ရှိသော အစွမ်းအစများကို ပံ့ပိုးခြင်းသာဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်၏ အစိတ်အပိုင်းတစ်ခုတွင် သင်ပါဝင်သည်၊ သို့မဟုတ် အလွန်သေးငယ်သော နယ်ပယ်တစ်ခုတွင် သေးငယ်သောအခန်းကဏ္ဍတစ်ခုအား သင်ကိုင်တွယ်လုပ်ဆောင်သည်။ ယင်းမှာ သင်ခံယူသည့်တာဝန်၊ သင်၏အခန်းကဏ္ဍဖြစ်သည်။ ဤအလုပ်သည် သင်ကိုယ်တိုင်၏အလုပ်မဟုတ်။ ထို့ကြောင့် သင်သည် သေးငယ်သည့်၊ သို့မဟုတ် ကြီးမားသည့် အမှုကိစ္စပေါ်လာသည်ဖြစ်စေ လူတိုင်းနှင့် ဆက်သွယ်ပြောဆိုရမည်။ သင့်ဘက်တွင် မည်သူမျှမရှိလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သနည်း။ သင်ရှာဖွေရမည်။ ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်ပြီး၊ အခြေခံသဘောတရားများအား ရှာဖွေရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းဖြစ်သည်။ လူတိုင်းက သင်နှင့်အတူရှိနေပြီး သင်သည် အမှုအရာများကို သင်၏ကိုယ်ပိုင်နည်းလမ်းဖြင့်သာ ပြုလုပ်လိုသည်ဆိုလျှင် ယင်းမှာ မည်သို့သော အပြုအမူမျိုးနည်း။ အခြားသူများကို အသိမပေးဘဲ သင်လုပ်ဆောင်သည့်အရာကို မိမိဘာသာ သင်စီစဉ်ပြီး သင်၏ထင်မြင်ချက်များအား မည်သူနှင့်မျှ မဆွေးနွေးပေ။ မည်သူနှင့်မျှ ဝေမျှခြင်းမရှိသကဲ့သို့ ဖွင့်ပြောခြင်းလည်းမရှိဘဲ သင်၏စိတ်နှလုံးအတွင်းတွင် ဖုံးကွယ်ထားသည်။ လုပ်ဆောင်ရမည့်အချိန်ကျလာသည့်အခါတွင် သင်၏ အလွန်တော်သော စွမ်းဆောင်မှုများဖြင့် သူတစ်ပါးတို့အား အစဉ် အံ့အားသင့်စေလိုသည်။ သင့်ကို အထင်ကြီးသွားစေဖို့အလို့ငှာ လူတိုင်းအား မျှော်လင့်မထားဘဲ အလွန်အံ့သြသွားစေလိုသည်။ ယင်းမှာ သင့်တာဝန်ကို ထမ်းဆောင်ခြင်းလော။ ယင်းသည် သင်၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို တာဝန်ယူဆောင်ရွက်ခြင်းဖြစ်သည်။ သင်၏ကိုယ်ပိုင်ရာထူးကို စီမံခန့်ခွဲခြင်း၊ သင်ကိုယ်တိုင်၏ အာဏာနှင့်လွှမ်းမိုးမှုကို ပံ့ပိုးခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သင်လုပ်ဆောင်နေသည့်အရာကို အဘယ်ကြောင့် မည်သူ့ကိုမျှ မပြောဘဲနေမည်နည်း။ ဤအလုပ်သည် သင်တစ်ဦးတည်း၏အလုပ် မဟုတ်သောကြောင့် ဤအလုပ်ကို အဘယ့်ကြောင့် မည်သူနှင့်မျှမဆွေးနွေးဘဲ ဆောင်ရွက်ပြီး သင့်ဘာသာ ဆုံးဖြတ်ချက်များပြုလုပ်မည်နည်း။ မည်သူမျှ မသိစေရန်အတွက် ဖုံးကွယ်ပြီး လှုပ်ရှားလျက် အဘယ်ကြောင့် တိတ်တဆိတ် လုပ်ဆောင်မည်နည်း။ လူတို့အား သင်တစ်ဦးတည်းကိုသာ အာရုံစိုက်ရန် အဘယ်ကြောင့် အစဉ်ကြိုးစားမည်နည်း။ ဤအလုပ်အား သင်ကိုယ်တိုင်၏အလုပ်အဖြစ် သင်မြင်သည်မှာ ရှင်းသည်။ သင်က သူဌေးဖြစ်ပြီး အခြားလူတိုင်းက အလုပ်သမားဖြစ်သည်။ သူတို့အားလုံးက သင့်အတွက် အလုပ်လုပ်ကြသည်။ ဤသည်မှာ ပြဿနာမဟုတ်လော။ ဤကဲ့သို့သောသူမျိုးက ထုတ်ဖော်ပြသည့်အရာသည် အကယ်စင်စစ် စာတန်၏ စိတ်သဘောထား ဖြစ်သည်မဟုတ်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်” မှ

သင်၏တာဝန်ကို လုပ်ဆောင်သည့်အခါ၊ သင်သည် သင်၏ ညီအစ်ကိုများ၊ ညီအစ်မများနှင့် သဟဇာတရှိစွာ လုပ်ဆောင်နိုင်ရန်၊ သူတို့နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ရန်၊ စားပွဲပေါ်တွင် အရာရာတိုင်းကို ချထားရန်၊ ပွင့်လင်းစွာ လူသိရှင်ကြား ရိုးရိုးသားသား ဆက်ဆံဆက်သွယ်ရန် နှင့် ရှင်းလင်းစွာ ပြောဆိုရန် သင့်ကိုယ်သင် လေ့ကျင့်ရမည်။ ထို့နောက် လူတိုင်းသည် သဟဇာတရှိစွာ အတူတကွ လုပ်ဆောင်လျက် လုပ်ငန်းနှင့်ပူးပေါင်းမှုတို့ကို အသီးသီး လုပ်ဆောင်သည်။ အကယ်၍ နားမလည်သေးသောအရာရှိလျှင်၊ လူတိုင်းသည် သာ၍ အတူတကွရှိကာ မိသဟာယဖွဲ့သင့်ပါသည်။ နားလည်သောသူတို့သည် သူတို့၏နားလည်မှုကို တွန့်ဆုတ်ခြင်းမရှိဘဲ မိသဟာယဖွဲ့သင့်ပါသည်၊ ဉာဏ်အလင်း အလင်းရရှိသောသူ မည်သူမဆို လျှင်မြန်စွာ အခြားသူများအား ထိုအကြောင်းအရာကို ပြောပြသင့်သည်။ အခြားသူတို့သည် သူတို့၏ တာဝန်များကို လုပ်ဆောင်နေစဉ် သင်သည် သူတို့ကို သာ၍ အကူအညီ အထောက်အမပြုနိုင်လျှင်၊ ထိုသို့ပြုရန် ကြိုးစားအာထုတ်မှုကို မချန်ထားသင့်ပါ၊ အနည်းငယ်မျှပင် ထိမ်ချန်ထားခြင်းမရှိသင့်ပါ။ ဆိုးသွမ်းသော မိန်းမပျိုတို့သည် မည်သို့ တွေးကြမည်နည်း။ “ဤအရာကို ငါသိသည်၊ သို့သော် သင့်ကို ငါ မပြောပြပါ”။ “သင်သည် ငါ့ကို မပြောပြလျှင် ငါသည် သင့်ကို မပြောပြပါ”။ ၎င်းသည် ဆိုးသွမ်းသော မိန်းမပျိုတို့ မည်သို့စဉ်းစားကြသည်ကို ဆိုလိုသည်၊ အခြားသူတို့သည် သူတို့ထက် သာလွန်ကောင်းမွန်လိမ့်မည်ကို အလွန်ကြောက်ရွံ့ကြသည်။ ထိုအရာသည် သာမာန်လူ့သဘောသဘာဝရှိသောသူ၌ ရှိသင့်သော စဉ်းစားခြင်းမျိုးမဟုတ်ပါ။ ထိုအရာသည် သာမာန်လူ့သဘောသဘာဝ သို့မဟုတ် အပြုသဘောဖြစ်သောအရာ မဟုတ်ပါ၊ ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်သော၊ ဆိုးသွမ်းသော၊ မရိုးသားသော၊ လျှို့ဝှက်သော၊ ညစ်ပတ်သော၊ ရှက်ဖွယ်သော ဤအရာအားလုံးတို့သည် အပြုသဘောဖြစ်သောအရာများ မဟုတ်ကြပေ၊ ၎င်းတို့သည် အပျက်သဘောဖြစ်သော အရာများ အားလုံး ဖြစ်ကြသည်။ ထို့ကြောင့် သင်တို့သည် ဤအရာများကို စွန့်လွှတ်ရန် သင်ယူရမည်။ သင်တို့သည် ထိုအရာတို့အား သင်တို့ကို ထိန်းချုပ်ခြင်း၊ မောင်းနှင်ခြင်း သို့မဟုတ် အုပ်စိုးခြင်းအခွင့်ကို မပေးရပါ၊ ထိုအရာတို့ကို ကျော်လွှားပြီး၊ သမ္မာတရား၏ ပိုင်ဆိုင်မှုခံရသူ နှင့် အလင်း၌ ကျင်လည်သူဖြစ်ရန် ကြိုးစားအားထုတ်ရမည်။ ရိုးသားမှု၊ ပွင့်လင်းမှု၊ စစ်မှန်မှု၊ ခံနိုင်ရည်ရှိခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း နှင့် သိုသိပ်စွာနေခြင်း၊ အခြားသူများကို ချီးမွမ်းရန် သင်ယူခြင်း၊ အခြားသူများကို ကူညီရာတွင် ဝမ်းမြောက်မှုကို ရှာတွေ့ရန် သင်ယူခြင်း၊ ကောင်းမွန်သောအမှုကို ပြုခြင်း နှင့် ကောင်းမွန်သော နှလုံးသားရှိခြင်း- ၎င်းအားလုံးတို့သည် အပြုသဘောဖြစ်သော အရာများ ဖြစ်ကြသည်။ အပျက်သဘောဖြစ်သော အရာများ အတွက်မူ၊ သင်သည် သင်၌ အဆိုပါ အတွေးအခေါ် သို့မဟုတ် စဉ်းစားမှုများ ရှိသည်ဟု သို့မဟုတ် သင်သည် အဆိုပါ အခြေအနေများသို့ ရောက်သည်ဟု ရှာတွေ့သည်နှင့်တပြိုင်နက်၊ သင်သည် ၎င်းတို့ကို ကျောခိုင်းရန် နှင့် စွန့်ပစ်ရန် သင်ယူရမည်။ သင်သည် ထိုသို့မပြုလျှင်၊ ၄င်းတို့သည် သင့်ကို ထိန်းချုပ်မည်၊ သင်သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်သည်နှင့်တပြိုင်နက် သင်သည် ၎င်းတို့ကဲ့သို့သောအရာများကို ပြုနိုင်လိမ့်မည်၊ ထို့နောက် သင်သည် စာတန်၏ စိတ်သဘောထား၏ ကျွန်ပြုခြင်း နှင့် ထိန်းချုပ်ခြင်းကို ခံရသော ရုပ်သေးတစ်ခု အစဉ်အမြဲဖြစ်လိမ့်မည်၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်တော့ပါ။ လူတို့သည် သမ္မာတရားကို ရရှိလိုလျှင်၊ သူတို့သည် သူတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသည်ကိုလည်းကောင်း၊ ထိုဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သူတို့ မည်သို့ ဖော်ပြကြသည်ကိုလည်းကောင်း၊ သူတို့၏အတွေးများ သူတို့၏ စဉ်းစားမှုများသည် မည်သည်တို့ဖြစ်ကြသည်ကိုလည်းကောင်း၊ သမ္မာတရားနှင့် မအပ်စပ်သော မည်သည့်အခြေအနေများတွင် သူတို့ ရှိသည်ကိုလည်းကောင်း ရှေးဦးစွာ သိမှတ်ရမည်။ သူတို့သည် ဤအပျက်သဘော တဖက်သတ်ဖြစ်သော အရာများကို ဖွင့်ချကာ အသိအမှတ်ပြုသင့်သည်၊ ထို့နောက် ၎င်းတို့အား မည်သို့ စွန့်လွှတ်ရမည်ကိုသင်ယူလျက် ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖြေရှင်းသင့်သည်၊ ၎င်းတို့ကို ကျော်ဖြတ်သင့်သည်၊ ၎င်းတို့ကို စွန့်ပစ်သင့်သည်။ သူတို့သည် အခြားသူများကို သူတို့ ဆက်ဆံသည့် နည်းလမ်းတွင်ဖြစ်စေ၊ သူတို့၏တာဝန်များကို သူတို့၏ ချဉ်းကပ်မှု၌ဖြစ်စေ၊ သူတို့၏ အသက်တာများတွင် ဖြစ်ပျက်သောအရာ တစ်ခုစီတိုင်းကို သူတို့၏ချဉ်းကပ်မှုတွင်ဖြစ်စေ၊ သမ္မာတရားကို အသုံးပြုရန် သင်ယူသင့်သည်။ သူတို့သည် သမ္မာတရားနှင့်အညီ ပြောဆို ပြုမူရန် သင်ယူသင့်သည်။ ဤနည်းအားဖြင့်၊ တဖြည်းဖြည်း၊ လူတို့သည် လူသားပုံသဏ္ဍာန်ကို ပိုင်ဆိုင်လာကြလိမ့်မည်၊ သူတို့သည် သူတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် သာ၍ သာ၍ ကောင်းမွန်လာကြလိမ့်မည်၊ လူတိုင်းသည် သာ၍ သာ၍ သဟဇာတရှိစွာ အတူတကွ လုပ်ဆောင်ကြလိမ့်မည်၊ ညီညွတ်ခြင်းအရာ၌ တိုးပွားလာကြလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတစ်ဦး၏တာဝန်များထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ခံစားနည်း” မှ

အရှေ့သို့- ၈၈) ဘုရားသခင်ကို အစေခံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၉၀) အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်