၁၁၀။ စစ်မှန်သော အသင်းတော်များနှင့် အယောင်ဆောင်သော အသင်းတော်များကြား ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) အသင်းတော် အသက်တာထဲတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခြင်း ရှိမရှိ၊ ယင်း၏ လူထုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး သမ္မာတရားအပေါ် စစ်မှန်စွာ မိတ်သဟာယပြုခြင်း ရှိမရှိဆိုသည်နှင့်၊ ဤအရာက လက်တွေ့ကျသော အကျိုးတရားတစ်ခု ဖြစ်ထွန်းခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၂) အသင်းတော်၏ ခေါင်းဆောင်များသည် သမ္မာတရားကို ချစ်ကာ လိုက်စားခြင်း ရှိမရှိ၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို စစ်မှန်စွာ နားလည်ကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၃) အသင်းတော်ထဲတွင် အုပ်စိုးသည်မှာ အမှန်တွင် သမ္မာတရား သို့မဟုတ် ဆိုးယုတ်သော လူများ ဟုတ်မဟုတ်၊ဆိုသည်နှင့် ထိုနေရာတွင် အုပ်စိုးသည်မှာ သမ္မာတရား လိုက်စားသူများ သို့မဟုတ် ဆိုးယုတ်သော လူများနှင့် ပြဿနာဖန်တီးလေ့ရှိသူများ ဟုတ်မဟုတ် ဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၄) သမ္မာတရားကို လိုက်စားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်သော လူအစုအဝေးတစ်ခုသည်သာ အသင်းတော်တစ်ခုအဖြစ် အရည်အချင်း ပြည့်မီပေသည်။ ဆိုးယုတ်ပြီး မရေရာသော လူများ စုဝေးသည့်နေရာသည် ဘာသာရေး ကျင်းပရာနေရာတစ်ခု ဖြစ်သည်၊ အသင်းတော်တစ်ခု မဟုတ်ပေ။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။” (ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀)

“ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓါးပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၂၁:၁၂-၁၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ အမှု အဆင့်အသီးသီးတွင်၊ လူသားနှင့်ဆိုင်သော လိုက်လျောညီထွေသည့် သတ်မှတ်ချက်များလည်း ရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ပိုင်ဆိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူများသည် စာတန်၏ ကွပ်ကဲမှုအောက်တွင်ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် လုပ်ဆောင်မှုမျှမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း၌ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံသူများ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်တွင် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိသူများသည် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ဤအချိန်အတောအတွင်း ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံကြရကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံရပြီး၊ အပြစ်ပေးခြင်းကိုပင် ခံရကောင်းခံရနိုင်သည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ၎င်းတို့ရှိမှသာ၊ ဘုရားသခင်သည် သူ၏အမှုသစ် လက်ခံသည့်သူအားလုံးကို သူ၏ နာမအတွက် တာဝန်ယူလိမ့်မည်။ သူ၏နာမကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ သူ့ကိုမနာခံသကဲ့သို့ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်သူများသည် သူ၏အပြစ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသည့် လူများသည် အမှုသစ်ကို လက်ခံသူများဖြစ်ပြီး၊ အမှုသစ်ကို ၎င်းတို့ လက်ခဲ့ပြီးဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သင်တင့်လျောက်ပတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မပြုမူသင့်ပေ။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အမှုသစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ- ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့သည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ အသက်ရှင်ကြသည်၊ ၎င်းတို့၏ စိတ်အတွင်း၌ အသက်ရှင်ကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှအားလုံးသည် ၎င်းတို့ကိုယ်ပိုင် ဦးနှောက်များ၏ စိစစ်မှုနှင့် သုတေသနပြုခြင်းမှ ထွက်ပေါ်သည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသစ်က တောင်းဆိုသည့်အရာပင် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူအားလုံးသည် အသက်မဲ့သည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိအလိုတို့ကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏ အစီအစဉ်များကို ထိခိုက်နိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မည်သို့မျှ မဆက်စပ်ပေ။ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်၊ အလွန် သနားဖွယ်ကောင်းလှပြီး၊ ဖော်ပြပြောဆိုရန် တကယ်ကို မထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ဤအရာကြောင့် ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့အားလုံးသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိကြသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရပြီးသည့်သူများ ဖြစ်သည့်အတွက်ဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ၌ လျှောက်လှမ်းကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် ၎င်းတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့်၊ ၎င်းတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အမှုပြုစဉ်တွင်၊ ၎င်းတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြလေသည်။ လူသားသည် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းမှာ အဆုံးစွန် ပုန်ကန်ခြင်း သက်သက်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာ ပြေးကြသောသူတို့သည် အထူးသဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြလိမ့်မည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ-

ယေဟောဝါကို ယုံကြည်သောသူများကို ဘုရားသခင် မည်သည့်အမည် ပေးသနည်း။ ယုဒဘာသာပင်ဖြစ်သည်။ ၎င်းတို့သည် ဘာသာရေးအဖွဲ့တစ်ဖွဲ့ကဲ့သို့ ဖြစ်လာကြသည်။ ထို့အပြင် ဘုရားသခင်သည် ယေရှုကို ယုံကြည်သောသူများကို မည်ကဲ့သို့ သတ်မှတ်သနည်း။ (ခရစ်ယာန်ဘာသာပင်ဖြစ်သည်။) ဘုရားသခင်၏အမြင်တွင် ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာသည် ဘာသာရေးအဖွဲ့များ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို အဘယ်ကြောင့် ထိုကဲ့သို့ သတ်မှတ်သနည်း။ ဘုရားသခင်၏ သတ်မှတ်ခြင်းကို ခံရသော ဤဘာသာရေးအဖွဲ့များ၏ အသင်းဝင်များ ဖြစ်သောသူ အားလုံးအကြားတွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သော၊ ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ပြီး ဘုရားသခင်၏လမ်းကို လိုက်နာသောသူ တစ်စုံတစ်ဦးရှိသလော။ (မရှိပါ။) ဤအရာက ရှင်းလင်းသွားစေသည်။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်နောက် အမည်ခံ လိုက်သောသူအပေါင်းသည် ယုံကြည်သူများအဖြစ် ဘုရားသခင် လက်ခံသောသူများ ဖြစ်နိုင်သလော။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဆက်နွှယ်မှုတစ်ခု ရှိကြသလော။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ပြစ်မှတ်များ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ထို့ကြောင့် သင်တို့ကို ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့ဟု မြင်သောအဖွဲ့သို့ ဆိုက်ရောက်သော နေ့ရက်တစ်ရက် ရောက်လာမည်လော။ (ဖြစ်နိုင်ချေရှိသည်။) ဘာသာရေးအဖွဲ့တစ်ဖွဲ့အဖြစ်သို့ ဆိုက်ရောက်စေခြင်း ခံရသည့်အားလျော်စွာ ယင်းမှာ စိတ်ကူး၍မရနိုင်ပုံရ၏။ အကယ်၍ လူတို့သည် ဘုရားသခင်၏အမြင်တွင် ဘာသာရေးအဖွဲ့အစ်ဖွဲ့၏ အစိတ်အပိုင်း ဖြစ်လာပါက၊ သူတို့သည် သူ၏ ကယ်တင်ခြင်းကို ခံရလိမ့်မည်လော။ သူတို့သည် ဘုရားသခင်၏အိမ်တော်သားများ ဟုတ်ကြသလော။ (မဟုတ်ကြပါ။) ထို့ကြောင့် အကျဉ်းချုပ်ကြည့်ပါ- စစ်မှန်သောဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း ဘုရားသခင်က ဘာသာရေးအဖွဲ့တစ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်သည်ဟု ယူဆသည့် ဤသူများသည် မည်သည့်လမ်းကြောင်းကို လျှောက်ကြသနည်း။ ဤလူများသည် ကိုယ်တော့်လမ်းကို လိုက်ခြင်း၊ ဘုရားသခင်အား ယုံကြည်သော်လည်း ကိုယ်တော့်ကို လုံးဝကိုးကွယ်ခြင်း မရှိ၊ ထို့အစား ကိုယ်တော်ကို စွန့်ပစ်ကြလျှင် ယုံကြည်ခြင်းအလံလွှင့်ထူနေသော လမ်းကြောင်းကို လျှောက်ကြသည်ဟု ဆိုနိုင်သလော။ ယင်းမှာ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သောလမ်းကြောင်း၌ လျှောက်ကြသော်လည်း ဘုရားသခင်၏လမ်းကို လိုက်လျှောက်ခြင်းမရှိဘဲ ဘုရားသခင်ကို စွန့်ပစ်ကြသည်။ သူတို့၏လမ်းမှာ ဘုရားသခင်ကို ယုံကြည်သော်လည်း စာတန်ကို ကိုးကွယ်သည့်လမ်းပင် ဖြစ်၏၊ သူတို့သည် မာရ်နတ်ကို ကိုးကွယ်သည်၊ သူတို့သည် သူတို့၏ကိုယ်ပိုင် စီမံခန့်ခွဲမှုကို လုပ်ဆောင်ရန် ကြိုးစားပြီး၊ သူတို့၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ရန် ကြိုးပမ်းကြသည်။ ဤသည်မှာ ၎င်း၏အနှစ်သာရလော။ ဤကဲ့သို့သော် လူများသည် လူသားကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဆက်နွှယ်မှုတစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) လူမည်မျှ ဘုရားသခင်ကို ယုံကြည်ပါစေ၊ ၎င်းတို့၏ယုံကြည်မှုများမှာ ဘာသာရေးတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု ဖြစ်သည်ဟု ဘုရားသခင်၏သတ်မှတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ ကယ်တင်၍မရနိုင်ဟု ဘုရားသခင် သတ်မှတ်ပြီးဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်၏အမှုနှင့် လမ်းပြခြင်းမရှိသည့်အပြင် ကိုယ်တော့်ကို ကိုးကွယ်ခြင်း လုံးဝမရှိသော လူစု သို့မဟုတ် လူအုပ်တစ်ခုတွင် ၎င်းတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့သည် မည်သူ့နောက်သို့ လိုက်ကြသနည်း။ ပုံစံနှင့် အမည်နာမအရ သူတို့သည် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ကြသော်လည်း မည်သူ့ကို သူတို့အမှန်တကယ် လိုက်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုကြသော်လည်း၊ အမှန်တွင် ၎င်းတို့သည် လူသား၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ခြင်းများနှင့် ထိန်းချုပ်ခြင်းကို ခံကြရ၏။ ၎င်းတို့သည် စာတန်မာရ်နတ်နောက်သို့ လိုက်ကြခြင်းဖြစ်၏၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုသော၊ ဘုရားသခင်၏ရန်သူများဖြစ်ကြသော အင်အားစုများနောက်သို့ လိုက်ကြ၏။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူအုပ်တစ်အုပ်ကို ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ့်ကြောင့်နည်း။ ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လွှင့်ကာ လူသားလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဆောင်ရွက်နေကြပြီး ၎င်းတို့သည် လူသားမျိုးနွယ် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်း ဖြစ်သည်၊ ဘုရားသခင်သည် ဤလူများကို ကယ်တင်ရန် မဖြစ်ေနိုင်ပေ၊ ၎င်းတို့သည် နောင်တရရန် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် စာတန်၏ဖမ်ဆီးချုပ်နှောင်ခြင်းကို ခံရနှင့်ပြီဖြစ်၏၊ ၎င်းတို့သည် စာတန်၏လက်ထဲ၌သာ လုံးလုံးလျားလျား ရှိကြ၏။...ထို့ကြောင့် သမ္မာတရား မြောက်မြားစွာ ကြားဖူးပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်လာပြီဖြစ်သော ဤမျက်မှောက်ခေတ်လူများအနေဖြင့်၊ သူတို့သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်စွမ်းမရှိသည့်အပြင် ကယ်တင်ခြင်းလမ်းကြောင်းတွင် မလျှောက်လှမ်းနိုင်ပါက၊ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏နောက်ဆုံးရလဒ်မှာ ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာကို ယုံကြည်သောသူများနည်းတူ ဖြစ်ကြလိမ့်မည်၊ ကွာခြားမှု ရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပေတည်း။ တရားဟောချက် မည်မျှကို သင် ကြားဖူးပြီး သမ္မာတရားမည်မျှကို နားလည်ပြီးပါစေ၊ အကယ်၍ သင်သည် အဆုံး၌ လူများနှင့် စာတန်နောက်သို့ ဆက်၍လိုက်နေပြီး အဆုံး၌ သင်သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်ခြင်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခြင်း မရှိပါက၊ ယင်းကဲ့သို့ လူများသည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။ ကြည့်ရသည်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသော ဤလူများသည် စာစောင်များနှင့် သြဝါဒ အကြောင်းများကို များစွာပြောနိုင်ကြကာ၊ သမ္မာတရား မြောက်မြားစွာကို နားလည်လာကြပြီဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်နိုင်ခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို မရှောင်နိုင်ကြသည့်အပြင်၊ ဘုရားသခင်ကို အကြွင်းမဲ့နာခံနိုင်ခြင်း မရှိကြပေ။ ဘုရားသခင်၏အမြင်တွင် ၎င်းတို့ကို ဘာသာတစ်ခုအဖြစ်၊ လူတစ်စုသာသာအဖြစ်၊ လူအဖွဲ့တစ်ဖွဲ့အဖြစ်နှင့် စာတန်အတွက် ယာယီနေထိုင်ရန် နေရာတစ်ခုအဖြစ် ဘုရားသခင်သတ်မှတ်၏။ ၎င်းတို့ကို ခြုံငုံ၍ စာတန်၏လူစုအဖြစ် ရည်ညွှန်းပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို အလျှင်းခံကြရ၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

အန္တိခရစ်များ၏ အုပ်စိုးခြင်းခံရသည့် မည်သည့်အသင်းတော်မဆိုကို အသင်းတော်ဟု ခေါ်၍ မရနိုင်ပေ၊ ပြီးလျှင် ဤသည်ကို တွေ့ကြုံခံစားသည့် မည်သူမဆိုသည် ယင်းကို နားလည်လိမ့်မည်။ ယင်းတွင် ငြိမ်းချမ်းသော၊ ပျော်ရွှင်သော၊ အင်တိုက်အားတိုက် တက်တက်ကြွကြွရှိသော သွင်ပြင်အခြေအနေ မရှိပေ။ ထိုအစား ဝရုန်းသုန်းကား ဖြစ်သည့် သွင်ပြင်အခြေအနေတစ်ခုက လွှမ်းမိုး ထားသည်၊ ယင်းတွင် လူတိုင်း၏စိတ်နှလုံးသည် ဂနာမငြိမ်ခြင်းနှင့် စိုးရိမ်ပူပန်မှု ခံစားမှုတစ်ခုဖြင့် အလွန်အမင်း သောကရောက်နေပြီး၊ ၎င်းတို့၌ စနောင့်စနင်းဖြစ်သော ခံစားချက်တစ်ခုရှိသည်မှာ ဘေးဒုက္ခအကြီးစားတစ်ခု ဖြစ်ပေါ်တော့မည့်အလား ဖြစ်လေသည်။ အန္တိခရစ်များ၏ စကားနှင့် လုပ်ဆောင်ချက်များက လူများ၏စိတ်နှလုံးများကို မကြည်မလင်ဖြစ်စေရင်း၊ ၎င်းတို့ကို အပြုသဘောဆောင်သောအရာများနှင့် အဖျက်သဘောဆောင်သည့် အရာများအကြား ခွဲခြားနိုင်ခြင်း မရှိစေလျက်၊ တိကျသော သွင်ပြင်အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့အပြင် အန္တိခရစ်များသည် အချိန်အတော်ကြာ လူများကို လှည့်စားပြီးဖြစ်သည်၊ ထိုလူတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် ယခင်ကထက် တိုး၍ဝေးကွာသွားပြီး ဘုရားသခင်နှင့်သူတို့၏ ဆက်ဆံရေးသည် သာမန်ဆက်ဆံရေးတစ်ခု မဟုတ်တော့သည်မှာ၊ ၎င်းတို့သည် ဘာသာတရား အတွင်းတွင် ရှင်သန်နေသည့်အလား ဖြစ်လေသည်။ လက်တွေ့ကျသည့် ပြဿနာတစ်ခုလည်း ရှိသည်၊ ယင်းမှာ အသင်းတော်တွင် အသင်းအဖွဲ့များ ဖြစ်ပေါ်ခြင်းဖြစ်ပြီး၊ သမ္မာတရားကို ချစ်သူများ အားလုံးသည် ထိုနေရာတွင် တွေ့ဆုံရခြင်းကို မပျော်မွေ့သကဲ့သို့၊ လွတ်ငြိမ်းခြင်းကိုလည်း မရရှိကြပေ၊ ပြီးလျှင် ၎င်းတို့သည် အသင်းတော်ကို စွန့်ခွာလိုကြပြီး ၎င်းတို့၏ကိုယ်ပိုင် အစည်းအဝေးများ ပြုလုပ်လိုကြသည်။ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်တစ်ခုတွင် အလုပ်လုပ်နေသည့်အခါ၊ လူများက သမ္မာတရားကို နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ပဓာနမထားဘဲ၊ လူတိုင်းက ရည်မှန်းချက်ပန်းတိုင်တစ်ခုဆီသို့ အတူတကွ အလုပ်လုပ်ကြပြီး သွင်ပြင်အခြေအနေသည် ငြိမ်းချမ်းကာ၊ တည်ငြိမ်ပြီး အနှောင့်အယှက် ကင်းလေသည်။ သို့သော် အန္တိခရစ်များက လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက်၊ သွင်ပြင်အခြေအနေသည် ဂနာမငြိမ်ဖြစ်လာကာ ကိုးရိုးကားရားနိုင်လာသည်။ ၎င်းတို့ ဂြိုဟ်မွှေသည့် နေရာတိုင်း၊ ဂိုဏ်းများ ပေါ်ပေါက်လာသည်။ လူများသည် အချင်းချင်း သတိထားကြသည်၊ အချင်းချင်း ဝေဖန်တိကပြုကြသည်၊ အချင်းချင်း တိုက်ခိုက်ကြပြီး တစ်ဦး၏နောက်ကွယ်မှတစ်ဦး အချင်းချင်း အားလျော့စေကြသည်။ အန္တိခရစ်များသည် ဤနေရာတွင် မည်သည့် အခန်းကဏ္ဍကို သိသာထင်ရှားစွာ လုပ်ဆောင် နေသနည်း။ ၎င်းတို့၏အခန်းကဏ္ဍသည် စာတန်၏ လက်ပါးစေများ၏ အခန်းကဏ္ဍဖြစ်သည်။ အန္တိခရစ်များ၏ လုပ်ဆောင်ချက်များ၏ အကျိုးဆက်များမှာ- တစ်ခုမှာ ညီအစ်ကို မောင်နှမများသည် အချင်းချင်း ဝေဖန် အကဲဖြတ်ကြသည်၊ အချင်းချင်း သံသယရှိကြပြီး၊ အချင်းချင်း သတိထားကြသည်။ ထို့အပြင် အမျိုးသားများနှင့် အမျိုးသမီးများကြားတွင် မည်သည့် စည်းဘောင်မျှ မရှိတော့ဘဲ၊ ၎င်းတို့သည် ဖြည်းဖြည်းချင်း နီးစပ်လာကြသည်။ နောက်တစ်ခုမှာ လူများ၏စိတ်နှလုံးများထဲမှ ရူပါရုံများသည် မှုန်ဝါး လာပြီးဖြစ်ကာ၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်တော့သကဲ့သို့၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်သို့ အလုပ်လုပ်ရမည်ကို ၎င်းတို့ မသိကြတော့ပေ။ တစ်ချိန်က ၎င်းတို့ နားလည်သဘောပေါက်ခဲ့ကြသည့် အရာအနည်းငယ်သည် ယခု ပျောက်ဆုံးသွားလေပြီ၊ ၎င်းတို့၏ အတွေးအခေါ်များသည် မရေရာတော့ဘဲ ၎င်းတို့သည် အပြင်ပန်း ပြသခြင်းများ အပေါ်အာရုံစိုက်ပြီး လှုပ်ရှားရုန်းကန်လျက်၊ အန္တိခရစ်များနောက်သို့ မျက်စိစုံမှိတ် လိုက်ကြလေသည်။ လူအချို့က အန္တိခရစ်များ နောက်သို့ လိုက်ခြင်းသည် လမ်းဆုံးသော လမ်းတစ်ခုပေါ်တွင် လျှောက်ခြင်း အမှန်တကယ် ဖြစ်သည်ကို ခံစားနိုင်ကြပြီး၊ သမ္မာတရားကို လိုက်စားသည့် လူတိုင်းသည် အတူတကွ တွေ့ဆုံပြီး ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ပါက၊ ယင်းမှာ မည်မျှ ပျော်စရာကောင်းသည်ကို ၎င်းတို့ ခံစားနိုင်ကြသည်။ အန္တိခရစ်များ အာဏာသိမ်းယူသည့်အခါတွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ် မလုပ်တော့ဘဲ၊ ညီအစ်ကိုမောင်နှမများ အားလုံးသည် အမှောင်ဖက်ထဲသို့ ကျရောက်သွားပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ဖို့ သို့မဟုတ် ၎င်းတို့၏တာဝန်ကို ဆောင်ရွက်ဖို့ လှုံ့ဆော်ခံရခြင်း မရှိကြတော့ပေ။ ဤသည်က အလွန့်အလွန် အချိန်ကြာလာပါက၊ ဘုရားသခင်သည် ၎င်းတို့ကို နှင်ထုတ်မည် မဟုတ်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၄)” မှ

အသင်းတော်တိုင်း၌ အသင်းတော်ကို ဒုက္ခပေးသူများ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ စွက်ဖက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် သရုပ်ဆောင်ကောင်းကြ၏။ ငါ၏ ရှေ့မှောက်သို့ ပျပ်ဝပ်ကာ၊ စုတ်ပြတ်လျက် ခွေးဝဲစားများကဲ့သို့ အသက်ရှင်ရင်းနှင့် မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏ “အစွမ်းကုန်” ဆက်ကပ်ကြလျက် ကြီးမားသော ချစ်ကြောက်ရိုသေမှုဖြင့် လာကြသော်လည်း၊ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့၏ အကျည်းတန်သည့်ဘက်ကို ပြကြလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့မြင်သောအခါ၊ ထိုးနှက်ကြပြီး တွန်းဖယ်ကြလေသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ၊ မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်ထဲတွင် ၎င်းတို့ အထိန်းအကွပ်မဲ့ကြလေသည်။ အသင်းတော်အများစုတွင် ထိုသို့သော “ဒေသခံ ဗိုလ်ကျသူများ”၊ ထိုသို့သော “ခိုင်းဖတ်များ” သည် အသင်းတော် အများစု၌ ရှိသည်ဟု ပြော၍ရသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြကာ လျှို့ဝှက် အချက်ပြကြလျက်၊ ဟိုဟိုသည်သည် ခိုးကြောင်ခိုးဝှက် အတူတကွ သွားကြပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဆိပ်အများဆုံးရှိသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်ဒြပ် အမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်လေသည်။ ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် စွန့်ပစ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ ထိန်းချုပ်မှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ အသင်းတော်က လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ သူတို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို “သေခြင်းကို မြေမြှုပ်ခြင်း” ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် “ယင်ကောင်ငယ်များ” လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် သုတ်သင်ဖယ်ရှင်းခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

အရှေ့သို့- ၁၀၉။ ဘုရားသခင်နောက်လိုက်ခြင်းနှင့် လူသားများနောက်လိုက်ခြင်းတို့ကြား ခွဲခြားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၁၁။ မိစ္ဆာဝါဒနှင့် အတွေးမှားတို့ကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်