၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း အခြေခံသဘောတရားများ

၁။ ဘုရားသခင်အားဖြင့် ပြောဆိုထားသည့် လတ်တလော နှုတ်ကပတ်တော်များကို စားသောက်ဖို့နှင့် မကြာခဏ မိတ်သဟာယပြုဖို့၊ ထိုသို့ဖြင့် ရှင်းလင်းပြတ်သားမှုနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း ရရှိဖို့ လိုအပ်ပေသည်။ ထိုသို့ဖြင့်သာ တစ်ဦးတစ်ယောက်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပေသည်။

၂။ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ မည်သည့် နှုတ်ကပတ်တော်များအား စားသောက်ရမည်ကို ဘုရားသခင်၏ လူတို့အလယ်နှင့် အသင်းတော်ထဲက ပြဿနာများ၏ စက်ဆပ်စဉ်းစားရမည့် အကြောင်းအရာတို့ဖြင့် ရွေးချယ်ရန်မှာ လိုအပ်ပေသည်။

၃။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရဖို့နှင့် သမ္မာတရား၏ သိနားလည်မှုတစ်ခုကို စွမ်းဆောင်ရရှိဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရာတွင် ဘုရားသခင်၏ ရှေ့၌ ငြိမ်သက်ရန်နှင့် ဝီရိယရှိရှိ ဆုတောင်းကာ သူ၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားရန် လိုအပ်သည်။

၄။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့နှင့် သမ္မာတရားအပေါ် မိတ်သဟာယပြုရန် ရွေးချယ်နေချိန်တွင်၊ အချိန်ကာလ အသီးသီးအဖို့ တိကျသည့် ဘုရားသခင့် အိမ်တော်၏ အစီအစဉ်များအတိုင်း ထိုသို့ လုပ်ဆောင်ဖို့နှင့် ထိုသို့ဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမှီလိုက်ရန် လိုအပ်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခုသည် နိုင်ငံတော်ခေတ် ဖြစ်၏။ သင်သည် ဤခေတ်အသစ်ထဲသို့ ဝင်ရောက်ပြီးခြင်း ရှိ မရှိဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ သင်ဝင်ရောက်ပြီးခြင်း ရှိ မရှိဆိုသည့်အပေါ်၊ သူ၏ နှုတ်ကပတ်တော်များက သင့်အသက်တာ လက်တွေ့အရှိတရား ဖြစ်လာပြီးခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပေသည်။ အဆုံးတွင် လူအားလုံးသည် ဘုရားနှုတ်ကပတ်တော်များ၏ကမ္ဘာ၌ အသက်ရှင်ကြရန် အလို့ငှာနှင့် သူ၏ နှုတ်ကပတ်တော်များက လူအသီးသီးကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေးဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတိုင်းထံ သိစေပြီး ဖြစ်သည်။ ဤအချိန် အတွင်းတွင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ အရေးမထားသကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များကို စိတ်မဝင်စားပါက၊ ဤသည်မှာ သင်၏ လက်ရှိအခြေအနေ မှားယွင်းသည်ကို ပြသပေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်ထဲသို့ မဝင်ရောက်နိုင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်မလုပ်ပေ။ သင်သည် ဤခေတ်ထဲသို့ ဝင်ရောက်ပြီးဖြစ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အလုပ်ကို လုပ်လိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ နှုတ်ကပတ်တော်ခေတ်၏ အစတွင် မည်သည့်အရာကို သင် လုပ်ဆောင်နိုင်သနည်း။ ဤခေတ်ထဲနှင့် သင်တို့အလယ်တွင်၊ ဘုရားသခင်သည် အောက်ပါ အချက်များကို ပြီးမြောက်လိမ့်မည်- လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသက်ရှင် နေထိုင်ကြလိမ့်မည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို အလေးအနက် ချစ်ကြလိမ့်မည်။ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအုတ်မြစ်အဖြစ်နှင့် ၎င်းတို့၏ လက်တွေ့အရှိတရား အဖြစ် အသုံးပြုကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြလိမ့်မည် ဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ လူသားသည် ဘုရားသခင်နှင့်အတူ မင်းတို့၏တန်ခိုးအာဏာကို စွဲကိုင်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စွမ်းဆောင်ရရှိမည့် အမှု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မဖတ်မရှုဘဲ အသက်ရှင်နိုင်သလော။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ပင် အသက်မရှင်နိုင်ဟု ခံစားရသောသူများစွာ ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ကြရပြီး၊ အချိန်က အခွင့်မပေးပါက၊ ယင်းတို့ကို နားထောင်ခြင်းက ၎င်းတို့အဖို့ လုံလောက်ပေမည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က လူတို့ကို ပေးသော ခံစားချက် ဖြစ်ပြီး ၎င်းတို့ကို စတင်တို့ထိသည့် နည်းလမ်း ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက် နိုင်ရန်အလို့ငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို နှုတ်ကပတ်တော်များ မှတစ်ဆင့် အုပ်စိုးပေသည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသေက်ခြင်းမရှိဘဲ တစ်ရက်မျှကြာပြီးနောက်တွင်၊ သင်သည် မှောင်မိုက်မှုနှင့် ဆာငတ်မှုကို ခံစားရပြီး ယင်းကို မခံနိုင်ပါက၊ ဤသည်မှာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို ခံရပြီးဖြစ်ကာ သူသည် သင့်ထံမှ ထွက်မသွားသေးသည်ကို ပြသပေသည်။ ထိုအခါ သင်သည် ဤရေစီးကြောင်းထဲ၌ ရှိသောသူတစ်ဦး ဖြစ်သည်။ သို့သော် အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမရှိဘဲ၊ တစ်ရက် သို့မဟုတ် နှစ်ရက်ကြာပြီးနောက် သင်သည် အမှုအရာတစ်ခုကို မခံစားရပါက၊ ဆာငတ်မှု မရှိသကဲ့သို့ လုံးဝ တို့ထိခြင်းမခံစားရပါက၊ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ထံမှ ထွက်သွားပြီဖြစ်သည်ကို ပြသပေသည်။ သို့ဖြစ်လျှင် ဤအရာက သင့်အတွင်းရှိ အခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းသည်ကို ဆိုလိုလေသည်။ သင်သည် နှုတ်ကပတ်တော်ခေတ်ထဲသို့ မဝင်ရောက်ရသေးသကဲ့သို့၊ သင်သည် နောက်ကျ ကျန်ရစ်ပြီးသူများထဲမှ တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်သည် လူတို့ကို အုပ်စိုးရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်လျှင် နေလို့ကောင်းပြီး၊ မစားသောက်လျှင် သင်သည် လိုက်လျှောက်ရမည့် လမ်းကြောင်း မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အစာဖြစ်လာသကဲ့သို့၊ ၎င်းတို့ကို တွန်းအားပေးသည့် ခွန်အား ဖြစ်လာသည်။ ကျမ်းစာက၊ “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။” ဟုပြောသည်။ ယနေ့တွင် ဘုရားသခင်သည် ဤအမှုကို ပြီးစီးစေမည်ဖြစ်ပြီး သင်တို့အထဲတွင် ဤအမှန်တရားကို သူ ဖြစ်မြောက်စေမည် ဖြစ်သည်။ အတိတ်တွင် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်ပေါင်းများစွာ မဖတ်ရှုဘဲ နေနိုင်ကြသော်လည်း၊ ပုံမှန်အတိုင်း စားနိုင်ပြီး အလုပ်လုပ်နိုင်ခဲ့ကြသော်လည်း၊ ယနေ့တွင် ဤသည်မှာ အဘယ်သို့ မဖြစ်ရသနည်း။ ဤခေတ်တွင် ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးဖို့ နှုတ်ကပတ်တော်များကို အဓိက အသုံးပြု၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လူသားသည် တရားစီရင်ခံရပြီး စုံလင်စေခြင်းခံရပြီးနောက် နောက်ဆုံးတွင် နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်း ခံရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာ၊ အထူးသဖြင့် နိုင်ငံတော်ခေတ်တွင်၊ လူသားကို အလင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခု ပေးနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်ရင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားမှ မသွေဖည်သရွေ့၊ ဘုရားသခင်က သင့်ကို စုံလင်စေနိုင်လိမ့်မည် ဖြစ်သည်။

အသက်ကို လိုက်စားခြင်းသည် အလျင်လို၍ ရသည့်အရာတစ်ခု မဟုတ်ပေ။ အသက်တာ ကြီးထွားမှုသည် တစ်ရက် နှစ်ရက်မျှဖြင့် မဖြစ်ပေ။ ဘုရားသခင်၏ အမှုသည် ပုံမှန် ဖြစ်ပြီး လက်တွေ့ကျသကဲ့သို့၊ သေချာပေါက် ကြုံသည့် ဖြစ်စဉ်တစ်ခု ရှိသည်။ သူ၏ ကားစင်တင်ခံရခြင်းအမှုကို ပြီးစီးဖို့ လူ့ဇာတိခံ ယေရှုက သုံးဆယ့်သုံးနှစ်ခွဲ အချိန်ကြာခဲ့သည်- သို့ဆိုလျှင် အဆုံးစွန် အခက်အခဲဆုံး အမှုဖြစ်သည့် လူသားကို သန့်စင်ခြင်းနှင့် သူ၏ အသက်တာကို ပြောင်းလဲခြင်းတို့သည် အဘယ်နည်း။ ဘုရားသခင်ကို ထင်ရှားဖော်ပြသည့် ပုံမှန်လူတစ်ဦးဖြစ်စေရန်မှာ လွယ်ကူသည့်အလုပ် မဟုတ်ပေ။ ဤသည်မှာ အထူးသဖြင့် အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် မွေးဖွားသည့်လူများ၊ အရည်အချင်း ညံ့ဖျင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ အချိန်ကာလကြာမြင့်စွာ လိုအပ်သည့်လူတို့အတွက် ဖြစ်သည်။ ထို့ကြောင့် ရလဒ်များကို မြင်ရဖို့ စိတ်မစောနှင့်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရာတွင် ဖန်တီးလုပ်ဆောင်ရမည် ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲ၌ ပိုအားထုတ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ဖတ်ရှုပြီးသည့်အခါတွင်၊ သင်သည် ဘုရား နှုတ်ကပတ်တော်များ၌ အသိပညာ၊ ထိုးထွင်းသိမြင်မှု၊ ချင့်ချိန်နိုင်စွမ်းနှင့် ဉာဏ်ပညာတို့တွင် ကြီးထွားလျက်၊ ထိုနှုတ်ကပတ်တော်များကို လက်တွေ့ လုပ်ဆောင်နိုင်ရမည်။ ဤအရာမှတစ်ဆင့် သင်သည် နားမလည်လိုက်ဘဲနှင့် ပြောင်းလဲလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ယင်းတို့ကို ဖတ်ရှုခြင်း၊ သိရှိလာခြင်း၊ ယင်းတို့ကို တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့ကို သင်၏ အခြေခံသဘောတရားအဖြစ် ယူနိုင်ပါက၊ သင်သည် သတိမထားမိဘဲ ရင့်ကျက်လာလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက်တွင်ပင်၊ ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြဟု ပြောသောသူများ ရှိသည်။ သင်သည် အဘယ်အရာကို အလျင်စလို ဖြစ်နေသနည်း။ ဝိညာဉ်ရင့်ကျက်မှု တစ်ခုခုအထိ သင် ရောက်ရှိသည့်အခါတွင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လေးနှစ်သား သို့မဟုတ် ငါးနှစ်သား ကလေးတစ်ဦးက မိမိ၏မိဘများကို ထောက်ပံ့ကူညီ နိုင်စွမ်းမရှိ သို့မဟုတ် လေးစားနိုင်ခြင်းမရှိဟု ပြောမည်လော။ သင်၏ လတ်တလော ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမြတ်သည်ကို သင်သိသင့်သည်။ သင်လက်တွေ့လုပ်ဆောင်နိုင်သည်ကို လက်တွေ့လုပ်ဆောင်လော့၊ ပြီးလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်သူတစ်ဦး အဖြစ်ကို ရှောင်ရှားလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရုံ စားသောက်ပြီး၊ ယခုမှစ၍ ယင်းကို သင်၏ အခြေခံသဘောတရားအဖြစ် သဘောထားလော့။ ဘုရားသခင်က သင့်ကို စုံလင်စေနိုင်ခြင်း ရှိ မရှိဆိုသည်ကို လောလောဆယ်တွင် မစိုးရိမ်နှင့်။ ယင်းကို အသည်းအသန် ကြိုးစား မရှာဖွေသေးနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ၎င်းတို့ သင့်ထံရောက်လာသည်နှင့်အမျှ စားသောက်လော့၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို စုံလင်စေမည်မှာ သေချာပေသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်ရာတွင် အသုံးပြုရသည့် အခြေခံသဘောတရား ရှိသည်။ အလွန် ကျိုးကြောင်းမမြင်ဘဲ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရာတွင်၊ တစ်ဖက်၌၊ သင် နားလည်လာသင့်သော နှုတ်ကပတ်တော်များကို- ဆိုလိုသည်မှာ ရူပါရုံနှင့်ဆိုင်သော နှုတ်ကပတ်တော်များကို- ရှာဖွေပြီး အခြားတစ်ဖက်တွင် သင် တကယ် လက်တွေ့လုပ်ဆောင် သင့်သည့်အရာကို- ဆိုလိုသည်မှာ သင် ဝင်ရောက်သင့်သည့်အရာကို- ရှာဖွေလော့။ ကဏ္ဍတစ်ခုသည် အသိပညာနှင့် ပတ်သက်ပြီး၊ အခြားတစ်ခုမှာ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သည်။ သင်သည် နှစ်ခုလုံးကို သဘောပေါက်သည်နှင့်တစ်ပြိုင်နက်- ဆိုလိုသည်မှာ သင် နားလည်သင့်သည့်အရာနှင့် လက်တွေ့လုပ်ဆောင်သင့်သည့်အရာတို့ကို သဘောပေါက်ပြီးသည့်အခါတွင်- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် သိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၏ အခြေခံသဘောတရားထဲမှ၊ တစ်ချက်သည် အသိပညာနှင့် ဆက်နွှယ်ပြီး အခြားတစ်ခုမှာ ဝင်ရောက်ခြင်းနှင့် ဆက်နွှယ်သည်။ မည်သည့် နှုတ်ကပတ်တော်များကို သင်သိလာသင့်သနည်း။ ရူပါရုံများနှင့်ဆက်နွှယ်သော နှုတ်ကပတ်တော်များကို သင်သိလာသင့်သည် (ဘုရားသခင်၏ အမှုသည် ယခု မည်သည့်ခေတ်သို့ ဝင်ရောက်ပြီးဖြစ်သည်၊ ယခု ဘုရားသခင်က မည်သည့်အရာကို စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည်၊ လူဇာတိခံယူခြင်း ဆိုသည်မှာ မည်သည့်အရာ ဖြစ်သည် စသည်တို့ကဲ့သို့သော နှုတ်ကပတ်တော်များ ဖြစ်သည်။ ဤအရာအားလုံးသည် ရူပါရုံများနှင့် ဆက်နွှယ်ပေသည်။) လူက ဝင်ရောက်သင့်သည့် လမ်းသည် မည်သည့်အရာကို ရည်ရွယ်ပါသနည်း။ ဤအရာသည် လူက လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်သင့်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရည်ညွှန်းသည်။ အထက်က အရာတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၏ ရှုထောင့်နှစ်ခု ဖြစ်သည်။ ယခုအချိန်မှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤနည်းဖြင့် စားသောက်လော့။ သင်သည် ရူပါရုံနှင့် ပတ်သက်သော သူ၏ နှုတ်ကပတ်တော်များကို ရှင်းလင်းသည့် သိနားလည်မှု တစ်ခု ရှိပါက၊ တစ်ချိန်လုံး ဖတ်မြဲဖတ်နေဖို့ မလိုပေ။ အဓိက အရေးကြီးသည်မှာ ဘုရားသခင်ထံသို့ သင့်နှလုံးသားကို မည်သို့ လှည့်ရမည်၊ ဘုရားသခင်၏ ရှေ့၌ သင့်နှလုံးသားကို မည်သို့ ငြိမ်သက်စေရမည်ဆိုသည်နှင့်၊ ဇာတိပကတိကို မည်သို့ စွန့်လွှတ်ရမည်ကဲ့သို့သော ဝင်ရောက်ခြင်းနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များကို သာ၍ စားသောက်ဖို့ ဖြစ်သည်။ ဤသည်တို့မှာ သင် လက်တွေ့ လုပ်ဆောင်သင့်သည့်အရာများ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို မသိဘဲနှင့်၊ စစ်မှန်သော မိတ်သဟာယဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် သိသည်နှင့်တစ်ပြိုင်နက်၊ အဓိကအချက်က မည်သည့်အရာဖြစ်သည်ကို သင် သဘောပေါက်ပြီးသည့်အခါတွင်၊ မိတ်သဟာယသည် လွတ်လပ်လာလိမ့်မည် ဖြစ်ပြီး၊ မည်သည့်အရေးကိစ္စ ပေါ်သည်ဖြစ်စေ သင်သည် မိတ်သဟာယဖွဲ့နိုင်ပြီး လက်တွေ့အရှိတရားကို သဘောပေါက်နိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယ ပြုနေချိန်တွင် သင်သည် လက်တွေ့အရှိတရား မရှိပါက၊ ဘယ်အရာက အဓိက ဖြစ်သည်ကို သင်နားမလည်သေပေ၊ ယင်းက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်မှန်း မသိသည်ကို ပြသပေသည်။ အချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းသည် ငြီးငွေ့ဖွယ်ဖြစ်သည်ဟု မြင်ကောင်းမြင်နိုင်သည်၊ ယင်းမှာ ပုံမှန်အခြေအနေ မဟုတ်ပေ။ ပုံမှန်အခြေအနေ ဖြစ်သည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား မည်သည့်အခါတွင်မျှ မငြီးငွေ့ခြင်း၊ ယင်းတို့ကို အမြဲ ဆာငတ်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကောင်းမွန်သည်ဟု အမြဲ မြင်ခြင်း ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဝင်ရောက်ပြီးသော သူက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပုံ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန့်အလွန် လက်တွေ့ကျပြီး လူ ဝင်ရောက်သင့်သောအရာ အတိအကျ ဖြစ်သည်ဟု သင်ခံစားရသောအခါ၌၊ သူ၏ နှုတ်ကပတ်တော်များသည် လူသားအဖို့ ကြီးမားစွာ အထောက်အကူ ဖြစ်ပြီး အကျိုးပြုသကဲ့သို့၊ လူသား၏ အသက် အထောက်အပံ့ ဖြစ်သည်ဟု သင် ခံစားရသည့်အခါတွင်- သင့်ကို ဤခံစားချက်ပေးသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ သင့်ကို တို့ထိသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်သည်။ ဤအရာက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်နေပြီး၊ ဘုရားသခင်သည် သင့်ထံမှ မစွန့်ခွာသွားသေးသည်ကို သက်သေပြပေသည်။ လူအချို့က ဘုရားသခင် အမြဲ စကားပြောနေသည်ကို မြင်လျက်၊ သူ၏ နှုတ်ကပတ်တော်များကို ငြီးငွေ့လာကြပြီး ယင်းတို့ကို ၎င်းတို့ ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ မည်သည့်အကျိုးဆက်မျှ မရှိဟု ထင်ကြသည်- ယင်းမှာ ပုံမှန်အခြေအနေ မဟုတ်ပေ။ ၎င်းတို့သည် လက်တွေ့အရှိတရား ထဲသို့ ဝင်ရောက်ဖို့ ဆာငတ်သည့် နှလုံးသား ကင်းမဲ့ကြပြီး၊ ထိုသို့သောလူတို့သည် စုံလင်စေခြင်းကို မဆာငတ်ကြသကဲ့သို့ အရေးကြီးသည်ဟု မခံယူကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား သင် ဆာငတ်ခြင်း မရှိသည်ကို ရှာဖွေတွေ့ရှိသောအခါတိုင်းတွင်၊ ဤအရာက သင်သည် ပုံမှန် အခြေအနေတွေင် မရှိသည်ကို ပြသပေသည်။ အတိတ်တွင် ဘုရားသခင်သည် သင့်ထံမှ ထွက်ခွာပြီးဖြစ်သည်၊ မဖြစ်သည်ကို သင်၏အတွင်း၌ ငြိမ်သက်ခြင်း ရှိ မရှိဆိုသည်နှင့် သင်သည် မွေ့လျော်မှု တွေ့ကြုံခဲ့ရခြင်း ရှိ မရှိဆိုသည်တို့အပေါ် ဆုံးဖြတ်ပေသည်။ ယခုတွင် အဓိကအချက်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်ခြင်း ရှိ မရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ လက်တွေ့အရှိတရား ဖြစ်ခြင်း ရှိ မရှိ၊ သင်သည် သစ္စာရှိခြင်း ရှိ မရှိဆိုသည်နှင့်၊ ဘုရားသခင်အတွက် သင် လုပ်နိုင်သမျှ အားလုံးကို လုပ်နိုင်ခြင်း ရှိ မရှိဆိုသည်တို့ ဖြစ်သည်။ တစ်နည်းအားဖြင့် လူသည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားအားဖြင့် တရားစီရင်ခြင်း ခံရပေသည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို လူသားမျိုးနွယ် အားလုံးထံသို့ ညွှန်ကြားသည်။ သင်သည် ထိုနှုတ်ကပတ်တော်များကို ဖတ်ရှုရန် လိုလားနေပါက၊ သူသည် သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်၊ သို့သော် သင်က မလိုလားပါက၊ သူသည် သင့်ကို အသိဉာဏ် ပွင့်လင်းစေမည် မဟုတ်။ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကို ဆာငတ်ကာ မွတ်သိပ်သော သူတို့ကို အသိဉာဏ်ပွင့်လင်းစေပြီး၊ သူ့ကို ရှာ‌ဖွေသောသူတို့ကို အသိဉာဏ် ပွင့်လင်းစေသည်။ အချို့က သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှု ပြီးသည့်နောက်တွင်ပင်၊ ဘုရားသခင်သည် ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဟု ပြောကြသည်။ သို့သော် ဤနှုတ်ကပတ်တော်များကို သင်တို့ မည်သည့်နည်းလမ်းဖြင့် ဖတ်ရှုကြသနည်း။ လူတစ်ဦးက မြင်းစီးလျက် ပန်းများကို ကြည့်သည့်ပုံစံဖြင့် သူ၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုပြီး၊ လက်တွေ့အရှိတရားအပေါ် အရေးမထားပါက၊ ဘုရားသခင်သည် သင့်ကို မည်သို့ အသိဉာဏ်ပွင့်လင်းစေနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားသူသည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သို့ ခံရနိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးမထားပါက၊ သင်သည် သမ္မာတရား ဖြစ်စေ၊ လက်တွေအရှိတရားဖြစ်စေ၊ ရှိလိမ့်မည်မဟုတ်။ သူ၏ နှုတ်ကပတ်တော်များကို သင် တန်ဖိုးထားလျှင်၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်ပြီး၊ ထိုအခါတွင်မှ လက်တွေ့အရှိတရားကို သင် ပိုင်ဆိုင်လိမ့်မည်။ ဤသည်မှာ သင် အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ၊ အခြေအနေများ ဆိုးသည် ဖြစ်စေ၊ မဆိုးသည်ဖြစ်စေ၊ သင် ငြီးငွေ့သည်ဖြစ်စေ၊ မငြီးငွေ့သည်ဖြစ်စေ အချိန်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရမည့် အကြောင်းရင်း ဖြစ်သည်။ အားလုံးခြုံကြည့်သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူ၏ တည်ရှိခြင်း အခြေခံအုတ်မြစ် ဖြစ်သည်။ မည်သူမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွန့်ခွာ၍မရဘဲ၊ ၎င်းတို့သည် တစ်နေ့ အစာသုံးကြိမ် စားသည့်အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားရမည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခံရခြင်းတို့သည် ထိုမျှ လွယ်ကူနိုင်မည်လော။ လက်ရှိအချိန်၌ သင် နားလည်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်၏ အမှု၌ သင် ထိုးထွင်းသိမြင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြစ်နိုင်သမျှ များများ စားသောက်ရမည်။ ဤသည်မှာ အခြေအနေဖန်တီးလုပ်ဆောင်သည့်နည်းလမ်းဖြင့် ဝင်ရောက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ သင် ဝင်ရောက်နိုင်သောအရာကို အလျင်အမြန် လက်တွေ့လုပ်ဆောင်ပြီး၊ သင် မလုပ်နိုင်သောအရာကို ခဏဘေးဖယ် ထားလော့။ အစတွင် သင် နားမလည်နိုင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ ရှိကောင်း ရှိနိုင်သော်လည်း၊ နှစ်လ သို့မဟုတ် သုံးလ၊ တစ်နှစ်ခန့်ပင် ကြာပြီးနောက်တွင်၊ သင် နားလည်လိမ့်မည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို တစ်ရက်၊ နှစ်ရက်ဖြင့် မစုံလင်စေနိုင်သောကြောင့် ဖြစ်သည်။ အချိန်အများစုတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်ဖတ်ရှုသောအခါ၊ သင် ချက်ချင်း နားလည်ကောင်း နားလည်နိုင်မည်မဟုတ်။ ထိုအချိန်တွင် ယင်းတို့သည် စာမျှထက် မပိုသကဲ့သို့ ထင်ကောင်း ထင်ရနိုင်သည်။ ယင်းတို့ကို သင် နားမလည်နိုင်မီတွင်၊ အချိန်တစ်ခုကြာ ထိုနှုတ်ကပတ်တော်များကို သင် တွေ့ကြုံရမည် ဖြစ်သည်။ ဘုရားသခင်သည် စကားများစွာ ပြောပြီးသည့်နောက်၊ သင်သည် သူ၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့ အစွမ်းကုန် ကြိုးစားသင့်သည်၊ ထို့နောက် မသိလိုက်ဘဲနှင့်၊ သင် နားလည်လာမည် ဖြစ်ပြီး မသိလိုက်ဘဲနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က လူကို အသိဉာဏ်ပွင့်လင်းစေသောအခါတွင်၊ ယင်းသည် မကြာခဏ လူ၏ သတိပြုမိခြင်း မရှိဘဲ ဖြစ်ပေသည်။ သင် ဆာငတ်ကာ မွတ်သိပ်သောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့် အခြေခံသဘောတရားသည် သင် စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြု ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရေးမထားသကဲ့သို့- ၎င်းတို့၏ စိတ်ရှုပ်ထွေးသော အတွေးထဲတွင်၊ သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်သည်၊ မဖတ်သည်ကို စိတ်ဝင်စားခြင်းမရှိသည့် ကိစ္စတစ်ခု ဖြစ်သည်ဟု ယုံကြည်လျက်- သူ၏ နှုတ်ကပတ်တော်များအပေါ် မတူကွဲပြားသော သဘောထားတစ်ခု အမြဲ ရှိသူများအားလုံးသည် လက်တွေ့အရှိတရား မပိုင်ဆိုင်သူများ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်စေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ် ပွင့်လင်းစေခြင်းဖြစ်စေ မတွေ့ရနိုင်ပေ။ ဤကဲ့သို့သော လူများသည် အားမစိုက်ဘဲ၊ လုပ်ဆောင်ရုံမျှ လုပ်ဆောင်နေသူများ၊ ပုံဥပမာနှင့်ဆိုင်သည့်က ဦးနန်ဂုအို ကဲ့သို့၊ စစ်မှန်သော အရည်အချင်းများ မရှိဘဲ ဟန်ဆောင်နေသူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင် အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင် နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို သင် ဘေးဖယ် မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတား တစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် မချီးကျူးပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို သင်စားသောက်သည့် အချိန်တိုင်းတွင်၊ လောလောဆယ် သူ ဆောင်ရွက်နေသည့် အမှုကို သင် သဘောပေါက်နိုင်ပြီး၊ မည်သို့ ဆုတောင်းရမည်၊ မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည် ဆိုသည်နှင့် ဝင်ရောက်မှုကို မည်သို့ ရရှိမည်ဆိုသည်တို့ကို သင် သိနားလည်နိုင်ပါက၊ ထိုအခါမှသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏စားသောက်ခြင်းသည် အကျိုးဖြစ်ထွန်းလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့်၊ သင်သည် ဝင်ရောက်မှုလမ်းကြောင်းကို ရှာတွေ့နိုင်ပြီး၊ ဘုရားသခင်၏အမှု၏ လက်ရှိအင်အားများအပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၏ ဦးတည်ရာကို သိမြင်နိုင်သည့်အခါ၊ သင်သည် မှန်ကန်သောလမ်းကြောင်းပေါ် ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အဓိကအချက်များကို သဘောမပေါက်သေး သကဲ့သို့ နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခုကို ရှာမတွေ့နိုင်သေးပါက၊ ဤအရာက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ မှန်ကန်စွာ စားသောက်ရမည်ကို မသိသေးသကဲ့သို့၊ ထိုသို့ လုပ်ဆောင်ခြင်းအတွက် နည်းစနစ် သို့မဟုတ် အခြေခံသဘောတရားကို သင် ရှာဖွေမတွေရှိသေးသည်ကို ပြသပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်သည့်အခါ၊ ၎င်းတို့နှင့်ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားကို သင် တိုင်းတာရမည်။ ယင်းမှာ၊ သင်၏ စစ်မှန်သော အတွေ့အကြုံ လမ်းကြောင်းတွင် သင်၏ အားနည်းချက်များကို တွေ့ရှိသည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင် ရှာဖွေနိုင်စွမ်းရှိရမည်၊ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များနှင့် အယူအဆများကို ကျောခိုင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအတွက် သင် အမြဲကြိုးပမ်းပြီး၊ ၎င်းတို့ကို ရရှိရန် မိမိစိတ်နှလုံးကို ပုံအပ်ပါက၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု သင်ရှိလိမ့်မည်၊ သင်သည် အနှစ်မဲ့သကဲ့သို့ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ ထိုအကြောင်းကြောင့် သင်သည် ပုံမှန် အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ပိုင် အသက်တာထဲတွင် ဝန်ထုပ်တစ်ခု သယ်ဆောင်သူ၊ ယုံကြည်ခြင်း ရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။ လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့ကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ ယင်းမှာ အရေးကြီးဆုံးသော အရာများကို ၎င်းတို့ သဘောမပေါက် နိုင်ကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အသက်တာကို ၎င်းတို့ အလေးအနက် မထားကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အရေးကြီးသော အရာများကို ၎င်းတို့ သဘောမပေါက်နိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြခြင်း အကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုကြသည့်အခါ၊ ထိုနှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင်အခြေအနေများနှင့် မဆက်စပ်နိုင်ကြသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင် အခြေအနေများကို မပိုင်နိုင်ကြသောကြောင့် ဖြစ်သည်။ လူအချို့က၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီး ယင်းတို့ကို ကျွန်ုပ်၏ အခြေအနေများနှင့် ဆက်စပ်မိကာ၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးကာ ညံ့ဖျင်းသော အရည်အချင်းရှိသည်ကို ကျွန်ုပ် သိ၏၊ သို့သော် ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိပါ” ဟု ပြောကြသည်။ သင်သည် တကယ့် အပေါ်ယံကိုသာ မြင်လေပြီ။ သင် မသိသည့် စစ်မှန်သော အရာများစွာ ရှိ၏- ဇာတိပကတိ၏ မွေ့လျော်မှုများကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ထင်မြင်ချက်ကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် မည်သို့ ပြောင်းလဲရမည်၊ ဤအရာများထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ သင်၏ အရည်အချင်းကို မည်သို့ တိုးတက်စေရမည် ဆိုသည်နှင့် မည်သည့် ရှုထောင့်မှ စတင်ရမည်ဆိုသည်တို့ ဖြစ်သည်။ သင်သည် အနည်းငယ်သော အရာတို့ကိုသာ အပေါ်ယံ သဘောပေါက်ပြီး သင် သိသမျှမှာ သင်သည် အမှန်ပင် အလွန်ဖောက်ပြန်ပျက်စီးသည်ဟူ၍ ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှများကို သင် တွေ့ဆုံသည့်အခါ၊ သင် အဘယ်မျှ ဖောက်ပြန်ပျက်စီးသည့်အကြောင်း သင် ပြောဆိုပြီး ယင်းမှာ သင့်ကိုယ်သင် သိရှိကာ သင့်အသက်တာအတွက် ကြီးမားသော ဝန်ထုပ်တစ်ခု သယ်ဆောင်သည်ဟု ထင်ရပေသည်။ အမှန်တွင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မပြောင်းလဲသေးပေ၊ ယင်းက သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ရှာမတွေ့သေးသည်ကို သက်သေပြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ

လက်တွေ့ကျခြင်းနှင့်ဆိုင်သည့် အသိပညာနှင့် ဘုရားသခင်၏အမှုကို မခြွင်းမချန် သိနားလည်ခြင်းအား ရရှိခြင်း- ဤအရာနှစ်ခုလုံးကို သူ၏နှုတ်ကပတ်တော်များတွင် တွေ့ရပြီး၊ အသိဉာဏ်ပွင့်လင်းခြင်းကို သင် ရရှိနိုင်သည်မှာ ဤမိန့်မြွက်ချက်များမှတစ်ဆင့်သာ ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကိုယ် ပြင်ဆင်ဖို့ သာ၍ လုပ်ဆောင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆိုင်သည့် သင်၏သိနားလည်မှုကို မိတ်သဟာယ၌ ပြောပြလော့၊ ဤနည်းဖြင့် သင်သည် အခြားသူများကို အသိဉာဏ်ပွင့်လင်းစေနိုင်ပြီး ထွက်ပေါက်တစ်ခု ပေးနိုင်ပေသည်- ဤသည်မှာ လက်တွေ့ကျသော လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တခုကို မစီစဉ်မီတွင်၊ သင်တို့ အသီးသီးသည် မိမိကိုယ်ကိုယ် သူ၏နှုတ်ကပတ်တော်များဖြင့် ဦးစွာ ပြင်ဆင်ရမည်။ ဤသည်မှာ အယောက်တိုင်း လုပ်ဆောင်သင့်သော အရာတစ်ခု ဖြစ်သည်။ ယင်းသည် အရေးတကြီး ဦးစားပေးအရာတစ်ခု ဖြစ်သည်။ ပထမဦးစွာ ဘုရားသခင်၏နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သင်သိရှိသည့်အဆင့်တစ်ခုသို့ ရောက်လော့။ သင် မလုပ်ဆောင်နိုင်သော အရာမှန်သမျှအတွက်၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း တစ်ခုကို သူ၏နှုတ်ကပတ်တော်များ၌ ရှာဖွေပြီး၊ သင် နားမလည်သော မည်သည့်ကိစ္စရပ်မဆိုအတွက် သို့မဟုတ် သင်၌ ရှိကောင်းရှိမည့် မည်သည့်အခက်အခဲများမဆိုအတွက် ဤမိန့်မြွက်ချက်များကို စေ့စေ့ကြည့်လော့။ ဘုရားသခင်၏နှုတ်ကပတ်တော်များအား သင်၏ အထောက်အပံ့ဖြစ်စေပြီး၊ သင်၏ လက်တွေ့ကျသော အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းရာတွင် ၎င်းတို့ကို ကူညီမစခွင့်ပေးလော့။ သူ၏ နှုတ်ကပတ်တော်များကို ဘဝတွင် သင်၏ အကူအညီဖြစ်လာခွင့်လည်း ပေးလော့။ ဤအရာများသည် သင် လုပ်ဆောင်ရသည့်အပိုင်းတွင် ကြိုးပမ်းအားထုတ်မှု လိုအပ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အား စားသောက်ရာတွင်၊ ရလဒ်များကို သင်ရရှိရမည်။ သင်သည် သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို တည်ငြိမ်စေနိုင်ရမည်ဖြစ်ပြီး၊ ပြဿနာများတစ်ခုတစ်လေကို သင် ကြုံရသည့် မည်သည့်အချိန်တွင်မဆို သူ၏ မိန့်မြွက်ချက်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် မည်သည့်ပြသနာများကိုမျှ တွေ့ကြုံရခြင်း မရှိသေးချိန်တွင်၊ သူ၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းကိုသာ သင် စိတ်ဝင်စားသင့်သည်။ တစ်ခါတစ်ရံ သင်သည် ဆုတောင်းပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆင်ခြင်ကောင်း ဆင်ခြင်နိုင်သည်၊ သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သင်၏ သိနားလည်ခြင်းကို မိတ်သဟာယ၌ဝေမျှနိုင်ပြီး၊ မိမိကိုယ်ကိုယ်အတွင်း သင် တွေ့ကြုံရသည့် အသိဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်း၊ ပြီးလျှင် ဤမိန့်မြွက်ချက်များကို ဖတ်ရှုနေစဉ်တွင် သင်ရှိထားသော တုံ့ပြန်မှုများနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးပြုနိုင်သည်။ ထို့အပြင် သင်သည် လူတို့ကို ထွက်ပေါက်တစ်ခု ပေးနိုင်သည်။ ဤသည်သာလျှင် လက်တွေ့ကျ၏။ ဤအရာကို လုပ်ဆောင်ခြင်း၏ ရည်မှန်းချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့ကျသော အထောက်အပံ့ ဖြစ်လာခွင့်ပေးရန် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” မှ

သင်သည် ဘုရားသခင်၏အလိုတော်ကို အလေးထားလေလေ၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေဖြစ်ပြီး၊ သင်သယ်ဆောင်သည့် ဝန်ထုပ်ဝန်ပိုး ကြီးမားလေလေ သင်၏အတွေ့အကြုံ ကြွယ်ဝလေလေဖြစ်လိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို သင် သတိရှိသည့်အခါတွင်၊ ဘုရားသခင်သည် သင့်အပေါ် ဝန်ထုပ်တစ်ခု ချပေးလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင့်ကို သူ ပေးအပ်ထားသည့် အလုပ်တာဝန်များနှင့်ပတ်သက်၍ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ ဘုရားသခင်သည် သင့်ကို ဤဝန်ထုပ်ပေးသည့်အခါ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် ဆက်နွှယ်မှုရှိသည့် သမ္မာတရားများအားလုံးကို သင် အာရုံစိုက်လိမ့်မည်ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှမများ၏ အသက်တာများ၏ အခြေအနေနှင့်ဆက်နွှယ်သည့် ဝန်ထုပ်တစ်ခု သင်၌ရှိပါက၊ ဤသည်မှာ ဘုရားသခင်က သင့်ကို အပ်နှံထားသော ဝန်ထုပ်ဖြစ်ပြီး၊ သင်သည် ဤဝန်ထုပ်ကို သင်၏ နေ့စဉ်ဆုတောင်းချက်များတွင် သင်နှင့်အတူ အမြဲ သယ်ဆောင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင့်အပေါ် တနင့်တပိုး တင်ထားပြီးဖြစ်ကာ၊ ဘုရားသခင် လုပ်ဆောင်လိုသောအရာကို လုပ်ဆောင်ရန် သင် လိုလားလျက်ရှိ၏။ ဤသည်မှာ ဘုရားသခင်၏ဝန်ထုပ်ကို သင့်ကိုယ်ပိုင်ဝန်ထုပ်အဖြစ် တာဝန်ယူခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤအခြေအနေတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ခြင်းတွင်၊ သင်သည် ဤကဲ့သို့သော ကိစ္စများကို အလေးထားပြီး၊ ဤပြဿနာများကို ကျွန်ုပ် မည်သို့ ဖြေရှင်းမည်နည်းဟု သင် စဉ်းစားလိမ့်မည်။ ကျွန်ုပ်၏ ညီအစ်ကိုမောင်နှမများအား လွတ်မြောက်မှုကို ရရှိပြီး ဝိညာဉ်ရေးရာ မွေ့ပျော်မှုကို ရှာတွေ့စေရန် ကျွန်ုပ် မည်သို့ထောက်ကူနိုင်မည်နည်း။ သင်သည် မိတ်ဿဟာယဖွဲ့နေစဉ်တွင် ဤပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေချိန်တွင်၊ ဤကိစ္စများနှင့် ဆက်နွှယ်သော သူ၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင်အာရုံစိုက် ပါလိမ့်မည်။ သူ၏နှုတ်ကပတ်တော်များကို စားသောက်စဉ်တွင်လည်း သင်သည် ဝန်ထုပ်ဝန်ပိုးတစ်ခုကိုလည်း သယ်ဆောင်ပါမည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် နားလည်ပြီးသည်နှင့်တစ်ပြိုင်နက်၊ မည်သည့် လမ်းကြောင်း လျှောက်ရမည် ဆိုသည်နှင့်ပတ်သက်၍ သာ၍ ရှင်းလင်းသော စိတ်ကူးတစ်ခုကို သင် ရရှိလိမ့်မည်။ ဤသည်မှာ သင့်ဝန်ထုပ်က ယူဆောင်လာသော သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းဖြစ်ပြီး ဤသည်မှာ သင့်အပေါ် နှင်းအပ်ထားပြီးဖြစ်သည့် ဘုရားသခင်၏ လမ်းပြမှုလည်း ဖြစ်သည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေစဉ်တွင် အာရုံစိုက်လိမ့်မည်မဟုတ်။ ဝန်ထုပ်ကို သယ်ဆောင်နေစဉ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါ၊ ထိုနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သင် သဘောပေါက်နိုင်သည်၊ မိမိလမ်းခရီးကို ရှာတွေ့နိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို အလေးထားနိုင်ပေသည်။ ထို့ကြောင့်၊ သင်၏ ရှေ့တွင်၊ သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ပိုမိုရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်ခြင်းသည် သာ၍ ကြီးမားသော အကျိုးတစ်ခု ရှိဖို့အလို့ငှာ၊ သင်သည် သူ၏နှုတ်ကပတ်တော်များ၏ အနှစ်သာရကို သဘောပေါက်၍ ကြီးထွားဖို့အလို့ငှာနှင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို သင် သာ၍ ခံရနိုင်စွမ်းရှိလာဖို့အလို့ငှာ၊ သင်၏ဆုတောင်းချက်များတွင်၊ ဘုရားသခင်သည် သာ၍များသော ဝန်ထုပ်များကို သင့်အပေါ် ထားရှိဖို့နှင့် သာ၍ပင် ကြီးမားသော အလုပ်တာဝန်များကို သင့်ထံ အပ်နှံဖို့ တောင်းဆုပြုသင့်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို အလေးထားလော့” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် မှန်ကန်သော နည်လမ်းဖြင့် လုပ်ဆောင်မှသာ သမ္မာရားကို သင့်အား နားလည်စေနိုင်၏။ သို့သော်၊ သမ္မာတရားကို နားလည်ခြင်းသက်သက်မှာ သင်သည် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်သည်ဟု မဆိုလိုပေ။ လူအချို့သည် အစွမ်းအစကောင်းရှိကြသော်လည်း၊ သမ္မာတရားကို မချစ်ကြပေ။ သမ္မာတရား အနည်းငယ်ကို ၎င်းတို့ နားလည်နိုင်ကြသော်လည်း၊ ယင်းကို လက်တွေ့မလုပ်ဆောင်ကြချေ။ ထိုသို့သော လူတို့သည် သမ္မာတရား လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ကြသလော။ သမ္မာတရားကို သိနားလည်ခြင်းသည် အယူဝါဒများကို နားလည်ခြင်းလောက် မရိုးရှင်းပေ။ သမ္မာတရားကို နားလည်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သင် သိရမည်။ ဥပမာအားဖြင့်၊ ဘုရားသခင်ကို ချစ်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားနှင့် စပ်လျဉ်းသော ကျမ်းပိုဒ်တစ်ပိုဒ်ကို စားသောက်ခြင်းအား ကြည့်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသည်မှာ- “‘ချစ်ခြင်းမေတ္တာ‘ ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာကို ဘုရားသခင် အဓိပ္ပာယ်ဖွင့်ဆိုပုံဖြစ်ပြီး ဤသည်မှာ သမ္မာတရား ဖြစ်၏။ သို့သော် မည်သူ့ကို သင် ချစ်ရမည်နည်း။ သင်၏ လင်ယောက်ျားကို သင် ချစ်ရမည်လော။ သင်၏ ဇနီးကိုလော။ သင်၏ ညီအစ်ကို မောင်နှမများကိုလော။ မဟုတ်ပေ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့် သက်ဆိုင်၍ ပြောဆိုသည့်အခါ၊ သူသည် သင်၏ အပေါင်းအသင်းကို ချစ်ခြင်းအကြောင်း မပြောဆိုဘဲ လူသား၏ ဘုရားသခင်ကို ချစ်ခြင်းအကြောင်း ပြောဆိုလေသည်။ ဤချစ်ခြင်းမေတ္တာမှာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ဤသမ္မာတရားကို သင် မည်သို့ နားလည်သင့်သနည်း။ ယင်းမှာ ဘုရားသခင်သည် လူတို့အား သူ့ကို သံသယမထားစေချင် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် သူ့ထံမှ မဝေးကွာစေချင်ဘဲ၊ သူ့အတွက် ဖြူစင်ပြီး အပြစ်အနာအဆာမရှိသည့် ချစ်ခြင်းတစ်ခုသာ ရှိစေချင်သည်ဟု ဆိုလိုပေသည်။ “အပြစ်အနာအဆာမရှိ” ဆိုသည်မှာ လွန်ကဲသော စိတ်ဆန္ဒများ မရှိခြင်းနှင့်မည်သည့် ဆင်ခြေများမျှ မပြုလုပ်ခြင်း ဖြစ်သည်။ ယင်းမှာ သူသည် သင်၏ စိတ်နှလုံးတွင် ပထမဦးစားပေးဖြစ်သည်ဟု ဆိုလိုသည်။ ယင်းမှာ သူ၏ နှုတ်ကပတ်တော်များကသာ သင်၏ စိတ်နှလုံးကို နေရာယူသည်ဟု ဆိုလိုသည်။ ဤသည်မှာ ဖြူစင်ပြီး အပြစ်အနာအဆာမရှိသည့် စိတ်ခံစားချက်တစ်ခု ဖြစ်သည်။ ဤစိတ်ခံစားချက်သည် သင်၏ စိတ်နှလုံးတွင် နေရာတစ်ခုခုကို ယူ၏။ သင်သည် သူနှင့်သက်ဆိုင်၍ အမြဲ တွေးတောနေပြီး သူ့ကို အမြဲ လွမ်းဆွတ်နေကာ အချိန်တိုင်း သူ့ကို မှတ်မိနိုင်လေသည်။ ချစ်ဖို့ဆိုသည်မှာ သင်၏ စိတ်နှလုံးဖြင့် ချစ်ဖို့ဟု ဆိုလိုသည်။ သင်၏ စိတ်နှလုံးဖြင့် ချစ်ခြင်းသည် ထောက်ထားခြင်း၊ ဂရုစိုက်ခြင်းနှင့် တောင့်တခြင်းတို့ ပါဝင်သည်။ သင်၏ စိတ်နှလုံးဖြင့် ချစ်ခြင်းတွင် အောင်မြင်ဖို့၊ သင်သည် သိကျွမ်းခြင်း ဖြစ်စဉ်တစ်ခုကို ကြုံရမည်။ လက်ရှိအချိန်တွင်၊ သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ အနည်းငယ်သော အသိပညာရှိစဉ်၊ သူ့ကို တမ်းတဖို့၊ သူ့ကို တောင့်တဖို့၊ သူ့ကို နာခံဖို့၊ သူ့အပေါ် ထောက်ထားဖို့၊ သူ့ကို ဆုတောင်းဖို့နှင့် သူ့ထံ ဟစ်အော်ဖို့ သင်၏ စိတ်နှလုံးကို သင် အသုံးပြုသင့်၏။ သင်သည် သူ၏ အတွေးများနှင့် ပူပန်မှုများကိုပင် မျှဝေခံစားနိုင်သင့်၏။ ဤအရာများကို သင် စိတ်ပါလက်ပါ ရှိရမည်။ “ချစ်လှစွာသော ဘုရားသခင်။ ဤအရာကို ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နေပါ၏။ ယင်းကို ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နေပါ၏” ဟု ပြောရင်း ပါးစပ်ပြောမျှ မဖြစ်နှင့်။ သင်၏ စိတ်နှလုံးဖြင့် ဘုရားသခင်ကို ချစ်ခြင်းနှင့် စိတ်ကျေနပ်စေခြင်းသည်သာ စစ်မှန်ပေသည်။ သင်သည် အလွန်ကျယ်လောင်စွာ မပြောသော်လည်း၊ သင်သည် ဘုရားသခင်အား သင်၏ စိတ်နှလုံးထဲတွင် ရှိ၏၊ သင်၏ စိတ်နှလုံးထဲတွင် သင်သည် သူ့ကို တွေးတောနေပေသည်။ သင်သည် သင်၏ လင်ယောက်ျား၊ သင်၏ ဇနီး၊ သင်၏ သားသမီးများ၊ သင်၏ မိဘများကို စွန့်နိုင်သည်။ သို့သော် သင်၏ စိတ်နှလုံးသည် ဘုရားသခင် မရှိဘဲ မဖြစ်နိုင်ပေ။ ဘုရားသခင် မရှိပါက၊ သင်သည် တကယ်ကို အသက်မရှင်နိုင်ပေ။ ဤသည်မှာ သင်သည် ချစ်ခြင်းမေတ္တာရှိပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ရှိသည်ဟု ဆိုလိုပေသည်။ “ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။” ဤသည်မှာ အမှုအရာများစွာ ပါဝင်ပေသည်။ လူသားနှင့်သက်ဆိုင်၍ ဘုရားသခင် တောင်းဆိုသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သင်သည် သင်၏ စိတ်နှလုံးဖြင့် သူ့ကို ချစ်ကာ ဂရုစိုက်ရမည်ဖြစ်ပြီး၊ သူ့ကို အမြဲ သတိရရမည်။ ဤသည်မှာ စကားများကို ဖွင့်ဟရုံမျှ မဆိုလိုသကဲ့သို့ သင်၏ အမူအရာများဖြင့် သင့်ကိုယ်သင် ဖော်ပြပုံကိုလည်း မဆိုလိုပေ။ ထို့ထက်၊ အဓိကအားဖြင့်၊ ယင်းမှာ အမှုအရာများကို စိတ်နှလုံးဖြင့် လုပ်ဆောင်ခြင်းနှင့် သင်၏ လုပ်ရပ်အားလုံးကို သင်၏ စိတ်နှလုံးအား စိုးမိုးခွင့်ပေးခြင်းအား ဆိုလိုပေသည်။ အမှုအရာများကို ဤနည်းဖြင့် လုပ်ဆောင်ရာတွင်၊ အရင်းခံအကြောင်းမရှိ၊ ရောနှောမှုမရှိ၊ သံသယမရှိပေ။ ဤကဲ့သို့သော စိတ်နှလုံးတစ်ခုသည် များစွာ သာ၍ ဖြူစင်ပေသည်။ သင်၏ စိတ်နှလုံးတွင် သံသယများသည် မည်သို့ ဖော်ပြခြင်းခံရသနည်း။ ယင်းတို့သည် သင်က၊ “ဤအရာကို လုပ်ဆောင်ဖို့ ဘုရားသခင်အတွက် မှန်ကန်ပါသလော။ ဤအရာကို ဘုရားသခင် အဘယ်ကြောင့် ပြောသနည်း။ ဤအရာကို ဘုရားသခင် ပြောဆိုခြင်းနောက်ကွယ်တွင် အကြောင်းရင်း မရှိပါက၊ ကျွန်ုပ် နာခံမည်မဟုတ်။ ဘုရားသခင်အတွက် ဤအရာကို လုပ်ဆောင်ဖို့ တရားမမျှတပါက၊ ကျွန်ုပ် နာခံမည် မဟုတ်ပါ။ ယင်းကို ယခု ငါ ဘေးချိတ်ထားမည်” ဟု အမြဲ တွေးနေချိန်တွင် ဖော်ပြခံရပေသည်။ သံသယများကို မသိုထားဖို့ဆိုသည်မှာ ဘုရားသခင် မည်သည့်အရာ ပြောဆိုပြီး လုပ်ဆောင်သည်ဖြစ်စေ မှန်ကန်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ အမှန်၊ အမှားမရှိသည်ကို သတိပြုခြင်းအား ဆိုလိုပေသည်။ လူသည် ဘုရားသခင်ကို နာခံရမည်၊ ဘုရားသခင်အပေါ် ထောက်ထားရမည်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရမည်ဖြစ်ပြီး၊ သူ၏ အတွေးများနှင့် ပူပန်မှုများကို မျှဝေခံစားရမည် ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် သင့်အဖို့ အဓိပ္ပာယ်ရှိပုံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပဓာနမထားဘဲ၊ ယင်းသည် လူသားအဖို့ အဓိပ္ပာယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သင်သည် ဤအရာများအပေါ် နာခံပြီး ရိုသေကိုင်းရှိုင်းသော၊ ကျိုးနွံနာခံသော စိတ်နလုံးတစ်ခု အမြဲ ရှိနိုင်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီမှုတွင် ရှိသည်မဟုတ်လော။ ယင်းသည် ချစ်ခြင်းမေတ္တာ၏ သရုပ်သကန်နှင့် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အလိုတော်နှင့် သူ့မိန့်မြွက်ချက်များနောက်ကွယ်ရှိ ရည်ရွယ်ချက်များကို သင်နားမလည်ပါက၊ သူ၏ နှုတ်ကပတ်တော်များက ရရှိဖို့ ရည်ရွယ်ထားသည့် ရည်မှန်းချက်များနှင့် ရလဒ်များကို သင်နားမလည်ပါက၊ သူ့နှုတ်ကပတ်တော်များသည် လူတို့၌ မည်သည့်အရာကို ဖြစ်မြောက်စေဖို့နှင့် စုံလင်စေဖို့ ကြိုးစားသည်ကို သင်နားမလည်ပါက၊ ဤအရာများကို သင်နားမလည်ပါက၊ သင်သည် သမ္မာတရားကို နားမလည်သေးသည်ကို ယင်းက သက်သေပြပေသည်။ ဘုရားသခင်က သူပြောကြားသည့်အရာများကို အဘယ့်ကြောင့် ပြောကြားသနည်း။ သူသည် ထိုလေသံဖြင့် အဘယ်ကြောင့် ပြောကြားသနည်း။ သူပြောကြားသည့် စကားလုံးတိုင်းတွင် သူသည် အဘယ့်ကြောင့် အလွန် စိတ်ထက်သန်ပြီး၊ စစ်မှန်သနည်း။ သူသည် အချို့သော စကားလုံးများကို သုံးဖို့ အဘယ့်ကြောင့် ရွေးချယ်သနည်း။ သင်သိသလော။ သင် အသေအချာ မပြောနိုင်ပါက၊ သင်သည် ဘုရားသခင်၏ အလိုတော် သို့မဟုတ် သူ၏ ရည်ရွယ်ချက်များကို နားမလည်၊ သင်သည် သူ၏နှုတ်ကပတ်တော်များ နောက်ကွယ်မှ အကြောင်းအရာကို နားမလည်ဟု ယင်းက ဆိုလိုသည်။ ဤအရာကို သင်နားမလည်ပါက၊ သမ္မာတရားကို သင်မည်သို့ ရရှိနိုင်မည်နည်း။ သမ္မာတရားကို ရရှိခြင်းဆိုသည်မှာ သူပြောကြားသည့် နှုတ်ကပတ်တော်တိုင်းမှတစ်ဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင်နိုင်ပြီး ထိုနှုတ်ကပတ်တော်များသည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာစေနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည် ပြီးသည်နှင့်တစ်ပြိုင်နက် ထိုနှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်ကို ဆိုလိုခြင်းဖြစ်ပေသည်။ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကုန်အစင်နားလည်ခြင်းတစ်ခု ရှိသည့်အခါမှသာလျှင် သမ္မာတရားကို သင် အမှန်တကယ် နားလည်သဘောပေါက်နိုင်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏ လက်တွေ့အရှိတရား ရှိသူများသာလျှင် ဦးဆောင်လမ်းပြနိုင်သည်” မှ

တိုတိုပြောရလျှင်၊ မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သူ၏ရည်ရွယ်ချက်များကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့် ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဉ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသား အကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက် မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့သောအရာများ ဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အမှုအတွက် သူ၏ အလိုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ တောင်းဆိုချက်များ စသည့် ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်ကို လုံးလုံးလျားလျား သူ သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ အချည်းနှီး ခံစားခဲ့ရသည် မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို အထူးသဖြင့် သူအာရုံစိုက် ခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်ရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့်အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြု ခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်သရွေ့၊ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးနောက်၊ သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ပုံဥပမာနှင့်ဆိုင်သည့်” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားခြင်း၏ အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်