၆၃။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ရွေးချယ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ခေါင်းဆောင်များနှင့် အလုပ်သမားများဖြစ်ဖို့ ရွေးချယ်ခံရသည့် သူများသည် စင်ကြယ်သော သမ္မာတရား သိနားလည်ခြင်းတစ်ခု ရှိရမည်ဖြစ်ပြီး သမ္မာတရားကို လက်ခံနိုင်မှသာ သင့်တော်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားကာ ကောင်းမွန်သော အရည်အချင်း ရှိရမည်ဖြစ်သည်။

(၂)မာနထောင်လွှားသော စိတ်သဘောထားရှိသူအားလုံးသည် တန်းတူ ဆိုးသောသူများ မဖြစ်သင့်ပေ။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်ပါက၊ ၎င်းတို့ကို ရွေးကောက်၍ရနိုင်သည်။

(၃) အတိတ်တွင် အပြစ်ပြုမိပြီး ထုတ်ပယ်ခံရပြီးဖြစ်သည့် ခေါင်းဆောင်များကို ၎င်းတို့ အမှန်တကယ် နောင်တရပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသရွေ့၊ ရွေးကောက်၍ရနိုင်သည်။

(၄) သမ္မတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းအားဖြင့် ပြဿနာများကို အတော်အတန် ဖြေရှင်းနိုင်သူများနှင့် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်သူများထဲတွင် ခေါင်းဆောင်များနှင့် အလုပ်သမားများအဖြစ် ရွေးကောက်ခံရသူများသည် အကောင်းဆုံး ရွေးချယ်မှုများ ဖြစ်ရမည်။

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များကို ရွေးကောက်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

လူသစ်များ၏ အသင်းတော်တစ်ပါးကို တည်ထောင်ပြီးနောက်တွင်၊ အသင်းတော် အသက်တာကို တစ်နှစ်ကြာ အသက်ရှင်ခြင်းက ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် အချင်းချင်း အလိုအလျောက် ရင်းနှီးကြလိမ့်မည်ဖြစ်ပြီး အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များအတွက် နှစ်ပတ်လည် ရွေးကောက်ပွဲများကို စတင်၍ရသည်ဟု ဆိုလိုပေသည်။ ဤရွေးကောက်ပွဲများ မကျင်းပမီတွင် ၎င်းတို့နှင့်ဆိုင်သည့် အခြေခံသဘောတရားများကို မိတ်သဟာယပြုရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆီလျော်သည့် နှုတ်ကပတ်တော်များအရ သမ္မာတရားကိုလည်း မိတ်သဟာယပြုရမည် ဖြစ်သည်။ ရွေးကောက်ပွဲများ နောက်ကွယ်ရှိ အခြေခံသဘောတရားများကို လူအများစုက ပထမဦးစွာ နားလည်မှသာ ရွေးကောက်ပွဲများ မှန်ကန်ပြီး သင့်တော်လိမ့်မည်ဖြစ်သည်။ အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များနှင့်ဆိုင်သည့် ရွေးကောက်ခြင်းကို ဘုရားသခင်၏ အိမ်တော်၏ လုပ်ငန်း အစီအစဉ်များအတိုင်း လုပ်ဆောင်ရမည်။ လူတို့သည် ၎င်းတို့၏ ပေါက်ပေါက်ရှာရှာ စိတ်ကူးများနောက် မလိုက်ရ သို့မဟုတ် မှန်းချက်နှင့် စိတ်ကူးစိတ်သန်းပေါ် အမှီပြုခြင်းအားဖြင့် လူတို့ကို မရွေးချယ်ရပေ။ သာ၍ များသည့် လူတို့က တရားမျှတသည့် မဲတစ်မဲကို ပေးနိုင်ဖို့အလို့ငှာ၊ ဤကိစ္စရပ်များကို မူအရဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ကိုင်တွယ်ရမည်ဖြစ်သည်။ လူသစ်များ၏ အသင်းတော်များ၌ ခေါင်းဆောင်များနှင့် သင်းထောက်များကို ရွေးကောက်ခြင်းသည် ဘုရားသခင်ကို လူတစ်ဦးက ယုံကြည်ပြီးသည့် အချိန်ကာလရှည်ကြာမှုပေါ် မမူတည်ပေ။ လူတစ်ဦးသည် ဘုရားသခင်ကို ခြောက်လကျော်ကြာ ယုံကြည်ပြီးသရွေ့၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သရွေ့၊ ကောင်းမွန်သော လူ့သဘာဝရှိသရွေ့၊ သမ္မာတရားကို ချစ်ပြီး အသင်းတော်အပေါ် ဝန်တာစိတ်တစ်ခု ခံစားရသရွေ့၊ ၎င်းတို့ကို ခေါင်းဆောင် သို့မဟုတ် သင်းထောက်တစ်ဦးအဖြစ် ရွေးချယ်၍ရပေသည်။ အသင်းတော်ခေါင်းဆောင်များနှင့် သင်းထောက်များကို အခြေခံသဘောတရားများအပေါ် အခြေပြု၍ ရွေးကောက်ခြင်းသည် အများစုက ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်ကို သေချာစေပေသည်။ အသင်းတော်ခေါင်းဆောင်များနှင့် သင်းထောက်များကို ရွေးချယ်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများကို ယခု အောက်ပါအတိုင်း သတ်မှတ်ထားပေသည်-

၁။ ၎င်းတို့သည် ချင့်ချိန်တတ်ရမည်၊ ကောင်းမွန်သည့် အသိစိတ်ရှိရမည်၊ ကြင်နာတတ်သည့် နှလုံးသားရှိရမည်ဖြစ်ပြီး သမ္မာတရားကို ၎င်းတို့ ချစ်မြတ်နိုးရမည်ဖြစ်သည်။

၂။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ရမည်၊ မိမိတို့ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ခြင်းနှင့် သိရှိခြင်းတို့အပေါ် အာရုံစိုက်နိုင်ရမည်ဖြစ်ပြီး စစ်မှန်သော နောင်တ ရနိုင်စွမ်းရှိရမည်။

၃။ ၎င်းတို့သည် အသင်းတော်အပေါ် ဝန်တာစိတ်တစ်ခု ခံစားရမည်၊ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို စစ်မှန်ရိုးသားသည့် အကူအညီ ပေးနိုင်ရမည်၊ အတော်အတန် ရိုးသားကာ ဖြောင့်မှန်ရမည်ဖြစ်ပြီး တရားမျှတမှု အသိစိတ်တစ်ခု ရှိရမည်။

အထက်ပါ သတ်မှတ်ချက် သုံးခုကို အခြေခံအားဖြင့် ဖြည့်ဆည်းသည့် လူများကို ခေါင်းဆောင်များ သို့မဟုတ် သင်းထောက်များအဖြစ် ရွေးချယ်နိုင်သည်။ ရွေးကောက်ပွဲများ မတိုင်မီတွင်၊ လူအသီးသီးသည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏ စိစစ်ခြင်းကို လက်ခံသင့်ပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ရွေးကောက်ပွဲတွင် မဲပေးမည်ကို အာမခံသင့်ပြီး ၎င်းတို့သည် သမ္မာတရားကို နာခံကြမည်ဖြစ်ကြောင်း၊ ဇာတိပကတိကို စွန့်လွှတ်ကြမည်ဖြစ်ကြောင်းနှင့် အမှန်တရားများအပေါ် အခြေပြုပြီး မိမိတို့၏ ကိုယ်ပိုင်ခံယူချက်များ သို့မဟုတ် စိတ်ကူးစိတ်သန်းများအပေါ် အခြေမပြုဘဲ ၎င်းတို့၏ တရားမျှတပြီး ဘက်မလိုက်သည့် မဲတစ်မဲကို ထည့်မည်ဖြစ်ကြောင်း ဘုရားသခင်ထံ အာမခံချက်တစ်ခု ပြုလုပ်သင့်ပေသည်။ အသင်းတော် ရွေးကောက်ပွဲများ၏ ရလဒ်များကို ပေးထားသည့် မဲအရေအတွက်အတိုင်း ဆုံးဖြတ်ရလိမ့်မည်ဖြစ်ပြီး ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတစ်ဦးသည် ရလဒ် တရားဝင်ဖို့အတွက် အသင်းသား အရေအတွက် ထက်ဝက်ကျော်ထံမှ မဲများ ရရှိရမည်ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

ဘုရားသခင်၏ အိမ်တော်ထဲက အဆင့်အားလုံးရှိ ခေါင်းဆောင်များကို ရွေးချယ်ခြင်းသည် အဓိကအားဖြင့် စံသုံးခုပေါ်တွင် အခြေခံသည်၊ သို့သော် ဤစံသုံးခုကို တစ်စုံတစ်ဦးက ပြည့်မီသည် မပြည့်မီသည်ကို ဆုံးဖြတ်ရန်မှာ ရိုးရှင်းသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ လူတစ်ဦးတည်း၏ နှလုံးသွင်းအရ ဝေဖန်ချက်အပေါ် အားထားဖို့မှာ သေချာပေါက် စိတ်မချရပေ။ ထို့ကြောင့် ဝေဖန်မှုက မှန်ကန်တိကျသည်ကို သေချာစေဖို့၊ ကိုယ်စားလှယ်လောင်း၏ အခြေခံအနေများနှင့် အကျွမ်းဝင်သည့် မတူကွဲပြားသော အဖွဲ့ သုံး၊ လေးဖွဲ့က ပေးသည့် သက်သေအထောက်အထား လိုအပ်ပေသည်။ ဤအရာကြောင့်၊ ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ခြင်းမပြုမီ၊ ကျွန်ုပ်တို့အနေဖြင့် ကိုယ်စားလှယ်လောင်းနှင့် ရင်းနှီးသည့်သူများ၊ ကိုယ်စားလှယ်လောင်းအထက်ရှိ ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်များအပြင် ကိုယ်စားလှယ်လောင်းထက် အဆင့်နိမ့်သောသူများက ပေးထားသော သက်သေအထောက်အထားနင့် သတင်းအချက်အလက်တို့ကို ရရှိရင်း၊ အဖွဲ့ပေါင်းစုံမှ သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူများသည် အားသာချက်နှင့် အားနည်းချက်များကို ဟန်ချက်ညီအောင်ထိန်းဖို့ ပြည့်စုံသော စိစစ်မှုတစ်ခု ရှိရမည်။ နောက်ဆုံးတွင်၊ ဤလူသည် စံသုံးခုကို အမှန်တကယ် ပြည့်မီသည်ဟု ကျွန်ုပ်တို့ ဆုံးဖြတ်ပြီးဖြစ်ပါက၊ ၎င်းတို့ကို ရွေးကောက်၍ရနိုင်ပေသည်။ ဤသည်မှာ အဆင့်အားလုံးရှိ ခေါင်းဆောင်များကို ရွေးချယ်ခြင်းအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်း ဖြစ်ပြီး၊ ယင်းသည် လုံးဝ မျှတသည်၊ သင့်တော်ပြီး ယုတ္တိတန်သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ကိုယ်စားလှယ်လောင်းနှင့် အကျွမ်းဝင်သည့် အဖွဲ့လေးဖွဲ့က ပေးထားသည့် သက်သေအထောက်အထားသည် အောက်ပါအတိုင်း ပါဝင်နိုင်သည်-

၁။ ဤလူကို အချိန်အကြာဆုံး သိကျွမ်းပြီးဖြစ်ကာ ဤလူနှင့် အရင်းနှီးဆုံးသော ဆက်ဆံရေးရှိသည့် (အနည်းဆုံး လူသုံးဦးမှ ငါးဦးထိ) အသင်းတော်ထဲရှိသူများမှ ပေးထားသော သက်သေအထောက်အထား။

၂။ အသင်းတော်မှ လူအများစုက ပေးအပ်သည့် သက်သေအထောက်အထား။

၃။ ဤလူ၏ မိသားစု၊ မိတ်ဆွေများနှင့် ဆွေမျိုးများက ပေးထားသည့် သက်သေအထောက်အထား။

၄။ သာ၍ မြင့်မားသော အဆင့်နှင့် သာ၍ နိမ့်သော အဆင့်များမှ လုပ်ဖော်ဆောင်ဖက်များက (အနည်းဆုံး လူ သုံးဦးမှ ငါဦးထိ) ပေးအပ်သည့် သက်သေအထောက်အထား။

ဤသည်တို့မှာ တစ်စုံတစ်ဦးက စံသုံးခု ပြည့်မီပြီးဖြစ်သည်၊ မဖြစ်သည်ကို သိနားလည်ခြင်းအတွက် အရေးအပါဆုံးသော ရှုထောင့်လေးခုမှ သက်သေအထောက်အထား ဖြစ်သည်။ ရှုထောင့် တစ်ခု သို့မဟုတ် နှစ်ခုတည်းမှ သက်သေအထောက်အထားသည် မလုံလောက်ပေ၊ ထို့ကြောင့် ရှုထောင့် သုံးခု သို့မဟုတ် လေးခုမှ သက်သေအထောက်အထား ကျွန်ုပ်တို့ ရရှိရပေမည်။ အဓိကအားဖြင့်၊ သက်သေအထောက်အထားကို အသုံးပြုရင်း အောက်ပါ အခြေအနေငါးခုကို ကျွန်ုပ်တို့ မှန်ကန်ကြောင်း အတည်ပြုရမည်။

၁။ ဤလူ၏ လူ့သဘာဝက အတော် ရိုးသားပြီး တည်ကြည်ကြောင်း၊ ၎င်းတို့သည် တရားမျှတသည့် အသိစိတ်ရှိကြောင်းနှင့် ၎င်းတို့သည် မရိုးဖြောင့်သကဲ့သို့ လှည့်ဖြားတတ်သည့်၊ လိင်မှုကိစ္စ ရှုပ်ပွေသည့် သို့မဟုတ် ဆိုးယုတ်သော တစ်စုံတစ်ဦး သေချာပေါက် မဟုတ်ကြောင်းကို ကျွန်ုပ်တို့ အတည်ပြုစစ်ဆေးရမည်။

၂။ သမ္မာတရားနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်ခြင်းက ဖြူစင်ပြီး၊ သမ္မာတရားအား လိုက်စားခြင်းကို ၎င်းတို့ နှစ်သက်သကဲ့သို့၊ ၎င်းတို့သည် အဓိပ္ပာယ်မဲ့ပြီး ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့် တစ်စုံတစ်ဦး သို့မဟုတ် သမ္မာတရားကို သိနားလည်ခြင်း ပေါ့တန်သော တစ်စုံတစ်ဦး မဟုတ်သည်ကို ကျွန်ုပ်တို့ အတည်ပြု စစ်ဆေးရမည်။

၃။ ၎င်းတို့သည် အရည်အချင်းရှိပြီး ၎င်းတို့၏ တာဝန်များကို သစ္စာစောင့်သိကာ ၎င်းတို့သည် ခက်ခဲသော အလုပ်ကို ရှောင်ရှားပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေချိန်တွင် အိုးနင်ခွက်နင်းပြီးမြောက်သည့် တစ်စုံတစ်ဦး သေချာပေါက် မဟုတ်သည်ကို အတည်ပြု စစ်ဆေးရမည်။

၄။ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုရှိကြောင်း၊ စစ်မှန်သော နာခံမှု ၎င်းတို့ ရှိကြပြီး ၎င်းတို့သည် အယူအဆများ၊ ခရစ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသော လူကို ခုခံမှုတို့ကို သိုထားသည့် တစ်စုံတစ်ဦး သေချာပေါက် မဟုတ်သည်ကို အတည်ပြုစစ်ဆေးရမည်။

၅။ ၎င်းတို့သည် အထက်မှ အစီအစဉ်များနှင့်အညီ အလုပ်ကို ဆောင်ရွက်နိုင်သည့် လူများဖြစ်ကြောင်းနှင့် ၎င်းတို့သည် မတူကွဲပြားစွာ ပြုမူပြီး မိမိတို့၏ စိတ်ကူးများဖြင့် ဆောင်ရွက်သည့် လူများ သေချာပေါက် မဟုတ်ကြောင်းကို အတည်ပြု စစ်ဆေးရမည်။

ဤအခြေအနေ ငါးချက်နှင့် စပ်လျဉ်းသည့် တိကျမှန်ကန်သော သက်သေအထောက်အထားကို ကိုယ်စားလှယ်လောင်းနှင့် အကျွမ်းဝင်သည့် အဖွဲ့လေးဖွဲ့မှ ရရှိရမည်ဖြစ်သည်။ ဤရှုထောင့် ငါးခုရှိ ကိစ္စရပ်များကို အတည်ပြုစစ်ဆေး၍မရနိုင်ပါက၊ စံသုံးခုသည် သေချာပေါက် ပြည့်မီခြင်း မရှိသေးပေ။ လူတစ်ဦးက စံသုံးခုကို ပြည့်မီပြီးဖြစ်သည်ဟု ဆုံးဖြတ်ခြင်းမပြုမီ ဤရှုထောင့်ငါးခုလုံးကို အတည်ပြုစစ်ဆေးရမည်ဖြစ်ပြီး၊ ထို့နောက်တွင်သာ ၎င်းတို့ကို ရွေးချယ်နိုင်ပေသည်။ ကိုယ်စားလှယ်လောင်းနှင့် အကျွမ်းဝင်သည့် အဖွဲ့လေးဖွဲ့မှ ပေးထားသည့် သင်းအချက်အလက်များအပေါ် အခြေခံ၍ လူတို့ကို ရွေးချယ်ခြင်းအားဖြင့်သာ တိကျမှန်ကန်မှုကို သေချာစေနိုင်ပေသည်။ အဖွဲ့လေးဖွဲ့မှ ၎င်းတို့နှင့် အကျွမ်းဝင်သည့် သူများထံမှ သက်သေအထောက်အထား ရယူခြင်းမရှိဘဲ ခေါင်းဆောင်များကို တစ်ဦးတစ်လေက ရွေးချယ်သင့်သည်ဆိုပါက၊ ဤလူသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အပေါ် တာဝန်မဲ့သော တစ်စုံတစ်ဦးဖြစ်ရမည်ဖြစ်ပြီး တစ်ဇွတ်ထိုး ဆောင်ရွက်ကာ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော တစ်စုံတစ်ဦး ဖြစ်ရပေမည်။ အဖွဲ့လေးဖွဲမှ ၎င်းတို့နှင့် အကျွမ်းဝင်သည့်သူများထံမှ သက်သေအထောက်အထား ရယူခြင်းမရှိဘဲ စိတ်ခံစားချက်အရဖြစ်သော ယူဆချက်များပေါ် အခြေပြု၍ ရွေးချယ်ခံရပြီးဖြစ်သူများအားလုံး၊ (အလွန် ရင်းနှီးသောသူများမှအပ) ဤလူများကို ပြန်လည်ချင့်တွက်ရမည်။ ဤသည်မှာ ဘုရားသခင့် အိမ်တော်၏ စည်းမျဉ်း ဖြစ်သည်။ အယောက်တိုင်း ယင်းကို လိုက်လျှောက်ရမည်။ ယင်းကို မချိုးဖောက်ရပေ။ ဘုရားသခင့် အိမ်တော်၏ စည်းမျဉ်းကို ဆန့်ကျင်ပြီး၊ မိမိတို့၏ ကိုယ်ပိုင် ခံစားချက်အရဖြစ်သော ဆုံးဖြတ်ချက်များပေါ် အခြေပြု၍ ခေါင်းဆောင်များကို ရွေးချယ်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို ပုန်ကန်နေပြီး ခုခံနေခြင်းဖြစ်ကာ ၎င်းတို့သည် အန္တိခရစ် ဖြစ်ကြသည်။

အလုပ်အစီအစဉ်များ မှ

ခေါင်းဆောင်များနှင့် အလုပ်သမားများကို ရွေးချယ်ခြင်းသည် အသင်းတော်အဖို့ အဆုံးစွန် အရေးပါမှု ရှိ၏။ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် အနည်းဆုံး သမ္မာတရား လက်တွေ့အရှိတရားများအချို့ကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူတို့နှင့် ပတ်သက်၍ ချင့်ချိန်နိုင်စွမ်းလည်း ရှိရမည်ဖြစ်ကာ ပင်ကို အရည်အချင်း ရှာဖွေတွေ့ရှိနိုင်ရမည်ဖြစ်ပြီး၊ သမ္မာတရားကို လိုက်စားသောသူတို့ကို ပြုစုပျိုးထောင်နိုင်ရမည်ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးသည် လူတစ်ဦးက သမ္မာတရား စစ်မှန်မှု ပိုင်ဆိုင်ခြင်း ရှိမရှိ သို့မဟုတ် လူတစ်ဦးက မြင့်မားသော အရည်အချင်း သို့မဟုတ် နိမ့်ကျသော အရည်အချင်း ရှိသည်မရှိသည်ကို မပြောနိုင်သကဲ့သို့၊ ထိုလူက မည်သည့် ဆုကျေးဇူးများရှိသည်ဆိုသည်ကိုသာ အာရုံစိုက်ပါက၊ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းကင်းမဲ့ပြီး ဝိညာဉ်ရေးရာ သိနားလည်မှု ပိုင်ဆိုင်ခြင်း မရှိကြချေ။ ဤလူသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦး ဖြစ်ဖို့ မသင့်တော်သည်မှာ မေးခွန်းထုတ်စရာမလိုပေ။ တစ်ဦးတစ်ယောက် ချင့်ချိန်နိုင်စွမ်းမရှိသည့် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ရွေးချယ်ပါက၊ ၎င်းတို့ ကိုယ်တိုင်သည် ကျိုးကြောင်းမမြင်ကြသကဲ့သို့ ကြီးမားသော ပြဿနာကို ကျိုးကြောင်းမမြင်ဘဲ လှုံ့ဆော်ပေသည်။ လူတစ်ဦးက ဝိညာဉ်ရေးရာ သိနားလည်မှု ရှိသည် မရှိသည် သို့မဟုတ် ထိုလူ၏ အရည်အချင်းက ကောင်းသည် သို့မဟုတ် ဆိုသည် ဆိုသည်တို့ကို မည်သို့ကြည့်ရမည်ကို ၎င်းတို့ မသိကြချေ။ ထိုသို့သော လူများသည် မိမိတို့ကိုယ်တိုင်က မည်သည့် အရည်အချင်းမျှ မရှိကြချေ။ လူတစ်ဦး ကောင်းသည် ဆိုးသည်ကို သိမြင်ဖို့အလို့ငှာ သမ္မာတရား နားလည်ဖို့ လိုအပ်သည်။ လူကောင်း သို့မဟုတ် လူဆိုးတစ်ဦးကို သတ်မှတ်သည့်အရာအား လူတစ်ဦး၏ အသိစိတ်ဖြင့် ဆုံးဖြတ်၍ရနိုင်သောကြောင့် ယင်းသည် မလိုအပ်ဟု ယူဆ၍ရနိုင်သည်။ မိမိတို့၏ အသိစိတ်အတိုင်း ပြုမူသော လူများသည် သေချာပေါက် လူကောင်းများဖြစ်ပြီး၊ ၎င်းတို့သည် ကြီးမားသော မကောင်းမှုပြုနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် အခြားသူများအပေါ် ရန်လိုမှု ရှိလျှင်ပင်၊ ထိုသူတို့ကို ထိခိုက်နစ်နာစေဖို့အထိ လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ မိမိတို့၏ အသိစိတ်ကို ဆန့်ကျင်ပြုမူသောသူများနှင့် ဖောက်ပြန်ပြီး ကောက်ကျစ်သော ရည်ရွယ်ချက်များ သိုထားသူတို့သည် ဆိုးယုတ်ကြ၏။ ထို့ကြောင့်၊ လူတစ်ဦးက ကောင်းသည် ဆိုးသည် ဆိုသည်တို့ကို မိမိတို့၏ အသိစိတ်အပေါ် အမှီပြုခြင်းအားဖြင့် သိမြင်ကောင်းသိမြင်နိုင်သည်။ သို့သော်၊ လူတစ်ဦးက သမ္မာတရား စစ်မှန်မှု ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့ သမ္မာတရားကို ချစ်ခြင်း ရှိမရှိ ဆိုသည်တို့ကို သိမြင်ဖို့၊ အနည်းဆုံးအနေဖြင့် သမ္မာတရားနှင့် သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ် ပိုင်ဆိုင်ရမည်။ ဥပမာအားဖြင့်၊ လူတစ်ဦးက ၎င်းတို့၏ အရေးကိစ္စများကို ကိုင်တွယ်ရာတွင် အခြေခံသဘောတရားများ ရှိသည် မရှိသည်ကို ကျွန်ုပ်တို့ မည်သို့ ရှုမြင်သင့်သနည်း။ လူတစ်ဦးက သမ္မာတရား စစ်မှန်မှု ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို ကျွန်ုပ်တို့ မည်သို့ ဆုံးဖြတ်သင့်သနည်း။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ဟောပြောသောသူ တစ်စုံတစ်ဦးသည် သမ္မာတရား စစ်မှန်မှု ပိုင်ဆိုင်သလော။ လူတို့သည် ယေဘုယျအားဖြင့် ဤအရာများကို မသိမြင်နိုင်ကြချေ။ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် သမ္မာတရား အနည်းအကျဉ်းကို နားလည်ရမည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ နားမလည်ပါက၊ လူတို့က သမ္မာတရား ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို ၎င်းတို့ မသိမြင်နိုင်ကြပေ။ လူ၏ အနှစ်သာရကို သိမြင်နိုင်ဖို့နှင့် ထိုလူ မည်သူဖြစ်သည်ကို ရှင်းလင်းစွာ မြင်နိုင်ဖို့ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို နားလည်ဖို့ လိုအပ်သည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများက လူတစ်ဦးသည် ကောင်းမွန်သော အရည်အချင်း သို့မဟုတ် မကောင်းသော အရည်အချင်း ရှိသည် မရှိသည်ဆိုသည်နှင့် သမ္မာတရား စစ်မှန်မှုကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်တို့ကိုပင် မသိမြင်နိုင်ကြပါက၊ ဤအရာက ထိုသို့သော ခေါင်းဆောင်များနှင့် အလုပ်သမားများ ကိုယ်တိုင်သည် သမ္မာတရား စစ်မှန်မှု မပိုင်ဆိုင်ကြသည်ကို သက်သေပြပေသည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများအတွက် မဲပေးဖို့ ဆုံးဖြတ်ချက်များကိုလည်း သမ္မာတရား ဆန်းစစ်မှု မေးခွန်းများအဖို့ ၎င်းတို့၏ ရေးသားထားသော အဖြေများက တကယ့် အတွေ့အကြုံများနှင့် အသိပညာ တစ်ခုတစ်လေ ပါရှိခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံရမည်ဖြစ်သည်။ သမ္မာတရား ဆန်းစစ်မှု မေးခွန်းများအဖို့ တစ်ဦးတစ်ယောက်၏ အဖြေများသည် တစ်ဦးတစ်ယောက်က သမ္မာတရား စစ်မှန်မှု တစ်ခုတစ်လေ ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို အထုတ်ဖော်ပြဆုံး ဖြစ်သည်။ ရွေးကောက်ခြင်း အချိန်ကာလတွင်၊ နောင်တွင် ထုံးစံအတိုင်း ကိုယ်စားလှယ်လောင်းများ ဆောင်ရွက်ပုံအပြင်၊ ၎င်းတို့၏ စစ်ဆေးခြင်း တုံ့ပြန်ချက်များအပေါ် အခြေခံ၍ မဲပေးသင့်သည့်သူများဖြစ်သော ဘုရားသခင်၏ ရွေးချယ်ထားသော လူများ ကြားရန်အတွက်၊ ကိုယ်စားလှယ်လောင်းများအားလုံးသည် ဆန်းစစ်ခြင်း မေးခွန်းများအဖို့ ၎င်းတို့၏ ရေးသားထားသော အဖြေများကို ဖတ်ရှုသင့်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူများ နားလည်ရမည့် အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ရွေးကောက်ရာတွင် ဘုရားသခင့် အိမ်တော်၏ အခြေခံသဘောတရားများမှာ- ၁။၎င်းတို့သည် စဉ်းစားတတ်ရမည်၊ ကောင်းမွန်သော အသိစိတ်ရှိရမည်၊ ကြင်နာစိတ်ရှိရမည်ဖြစ်ပြီး သမ္မာတရားကို ချစ်ရမည်၊ ၂။ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ရမည်၊ မိမိတို့ကိုယ်ကိုယ်အပေါ် သုံးသပ်ဆင်ခြင်ခြင်းနှင့် သိရှိခြင်းတို့အပေါ် အာရုံစိုက်ရမည်ဖြစ်ပြီး စစ်မှန်သော နောင်တရနိုင်စွမ်း ရှိရမည်၊ ၃။ ၎င်းတို့သည် အသင်းတော်အပေါ် ဝန်ထုပ်ဝန်ပိုးနှင့်သက်ဆိုင်သည့် အသိစိတ်တစ်ခု ခံစားရမည်၊ မိမိတို့၏ ညီအစ်ကို မောင်နှမများအဖို့ စစ်မှန်ရိုးသားသော အကူအညီ ပေးနိုင်ရမည်၊ အတော်အတန် ရိုးသားကာ ဖြောင့်မှန်ရမည်ဖြစ်ပြီး၊ တရားမျှတမှု အသိစိတ်တစ်ခု ရှိရမည်ဆိုသည်တို့ ဖြစ်သည်။ ဤသည်တို့မှာ အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများကို ရွေးကောက်ခြင်းအတွက် အခြေခံသဘောတရား သုံးချက် ဖြစ်သည်။ အခြေခံသဘောတရား သုံးချက်ထဲမှ တစ်ခုကိုပင် မပြည့်မီပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က ထိုကိုယ်စားလှယ်လောင်းကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးအဖြစ် အစေခံဖို့ မရွေးချယ်ရပေ။ အခြေခံသဘောတရား သုံးခုကို ဖြည့်ဆည်းဖို့ အတော်အတန် အရည်အချင်း ပြည့်မီပြီး၊ လူအများစုထက် အနည်းငယ် သာ၍ ကောင်းမွန်သော သူတို့ကိုသာ ရွေးချယ်နိုင်သည်။ ဘုရားသခင်၏ အိမ်တော်သည် ဤရွေးကောက်ပွဲ အခြေခံသဘောတရားများကို ချိုးဖောက်သည့် မည်သည့်အသင်းတော်မဆို၏ ခေါင်းဆောင်များကို ဖြေရှင်းရန် ဆင့်ခေါ်လိမ့်မည်။ ဆိုးယုတ်သည့် သို့မဟုတ် လှည့်ဖြားတတ်သော လူတစ်ဦးကို အသင်းတော် ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးအဖြစ် ရွေးချယ်ခြင်းသည် ဘုရားသခင့် အိမ်တော်၏ အလုပ်ကို ပွဲဖျက်ကာ နှောင့်ယှက်သည့် အဆိုးရွားဆုံးသော ပြဿနာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့သည် ထိုသို့သော အဖြစ်အပျက်တစ်ခုနှင့်ပတ်သက်၍ အချိန်မီ ပုံစံဖြင့် ဖော်ထုတ်ရမည်၊ အကြောင်းကြားပြီး ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ နေရာတိုင်းက အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် အသင်းတော် ရွေးကောက်ပွဲများကို တင်းတင်းကြပ်ကြပ် ကြီးကြပ်ရမည်ဖြစ်ပြီး လုပ်ငန်းစဉ်ကို ဆိုးယုတ်သော လူများအား ကြိုးကိုင်ချယ်လှယ်ခွင့် လုံးဝ မပေးရပေ။

အလုပ်အစီအစဉ်များ မှ

ခေါင်းဆောင်များနှင့် အလုပ်သမားများအား ရွေးကောက်ခြင်းကို လက်တွေ့ကျသော ပြဿနာများကို ၎င်းတို့ ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေပြုသင့်သည်။ ပုံမှန် မိတ်သဟာယတွင် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းနိုင်သူတို့ကို ခေါင်းဆောင်များနှင့် အလုပ်သမားများအဖြစ် ရွေးချယ်သင့်သည်။ ပြဿနာ အများဆုံး ဖြေရှင်းသော လူသည် အဓိကခေါင်းဆောင် သို့မဟုတ် အလုပ်သမားဖြစ်သင့်သော်လည်း၊ သာ၍ နည်းပါးသော ပြဿနာများကို ဖြေရှင်းသော သူတို့ကို သာမန် ခေါင်းဆောင်များ သို့မဟုတ် အလုပ်သမားများအဖြစ် ရွေးချယ်၍ ရနိုင်သည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ဤ စံနှုန်းအတိုင်း ရွေးချယ်သင့်သည်။ လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းခြင်းအတွက် အသက် ကန့်သတ်မှုများ တစ်ခုတစ်လေ ရှိသလော။ တစ်စုံတစ်ဦးက မိမိတို့၏ အသက် ခြောက်ဆယ်၊ ခုနှစ်ဆယ်အရွယ်တွင် အသက်ကြီးသည့် ညီအစ်ကို သို့မဟုတ် ညီအစ်မဖြစ်သည်ဖြစ်စေ၊ သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့ မိတ်သဟာယပြုနိုင်ပြီး၊ လက်တွေ့ကျသော ပြဿနာအချို့ကို ဖြေရှင်းနိုင်သရွေ့၊ ၎င်းတို့ကို ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်၍ရနိုင်သည်။ အသက် အကန့်အသတ်များ မရှိပေ၊ ထို့ကြောင့် စည်းမျဉ်းများ ချမှတ်ဖို့ မကြိုးစားနှင့်။ ထိုလူသည် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းနိုင်သရွေ့၊ ၎င်းတို့၏ အတွေ့အကြုံ အတိမ်အနက်မရွေးဘဲ ၎င်းတို့ကို ရွေးချယ်နိုင်ပေသည်။ လူအချို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်ကာ အတွေ့အကြုံများစွာ ရှိပုံရသော်လည်း၊ မည်သည့် ပြဿနာကိုမျှ ၎င်းတို့ ဖြေရှင်းနိုင်ပါက၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ အရည်အချင်းမပြည့်မီပေ။ မည်သည့် လူစားမျိုးသည် ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ အရည်အချင်း ပြည့်မီသနည်း။ လက်တွေ့ကျသော ပြဿနာများနှင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အခက်အခဲများကို ဖြေရှင်းနိုင်သော သူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားသူတို့က အသက်ထဲသို့ ဝင်ရောက်နိုင်ပုံနှင့် စပ်လျဉ်းသည့် ပြဿနား၊ လူတို့က စမ်းသပ်မှုများ ရင်ဆိုင်ရချိန် သို့မဟုတ် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရကာ ကျိုးနွံနာခံဖို့ အခက်တွေ့သည့် အချိန် ပြဿနာများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေချိန်တွင် လူတို့ နားမလည်နိုင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဿနာများအပြင်၊ ရုပ်ပိုင်းဆိုင်ရာ အသက်တာကို ကိုင်တွယ်ဖြေရှင်းပုံနှင့် စပ်လျဉ်းသည့် ပြဿနာများနှင့် ဇာတိပကတိနှင့် ပတ်သက်သော အရာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ကြသည်။ထိုသို့သော လူတို့သည် သင့်တော်သည့် ခေါင်းဆောင်များ ဖြစ်စေကြသည်။ လူတစ်ဦးသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကိုသာ ဟောနိုင်ပြီး လက်တွေ့ကျသည့်‌ ပြဿနာတစ်ခုတစ်လေကိုမျှ မဖြေရှင်းနိုင်ပါက၊ ဤလူသည် ဘာသာရေး အယောင်ဆောင်တစ်ဦးဖြစ်ပြီး၊ သမ္မာတရား စစ်မှန်မှု လုံးလုံးလျားလျား မရှိပေ။ ယခုတွင် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ရန်ဆိုသည်မှာ မည်သည့်အရာ ဆိုလိုသည်နှင့်ပတ်သက်၍ သင်တို့ ရှင်းလင်းကြသလော။ ယင်းမှာ ဘုရားသခင်၏ ရွေးချယ်ထားသူတို့အတွက် လက်တွေ့ကျသော ပြဿနာမျိုးစုံကို ဖြေရှင်းနိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ရန် ဖြစ်သည်၊ ယင်းက လူတစ်ဦးသည် အတွေ့အကြုံရှိပြီး၊ နားလည်နိုင်စွမ်းရှိကာ အလုပ်ကို ဆောင်ရွက်နိုင်စွမ်းရှိသည်ကို သက်သေပြပေသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့သည် အားသာချက်ရှိ၏။ လူတစ်ဦးသည် ဘုရားသခင်၏ ရွေးချယ်ထားသူတို့၏ ပြဿနာများကို မဖြေရှင်းနိုင်ပါက၊ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှု မပိုင်ဆိုင်ကြပေ။ ဒုတိယအနေဖြင့်၊ ၎င်းတို့သည် အလုပ်ကို ဆောင်ရွက်နိုင်စွမ်း မရှိကြသကဲ့သို့၊ တတိယအနေဖြင့်၊ ၎င်းတို့သည် နားလည်နိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် လုံးဝဥဿုံ အားသာချက် မရှိကြသကဲ့သို့၊ ထိုသို့သော လူတို့သည် ခေါင်းဆောင်များနှင့် အလုပ်သမားများဖြစ်ဖို့ လုံးဝ အရွေးချယ် မခံရနိုင်ပေ။ ၎င်းတို့ ရွေးချယ်ခံရပါက၊ ဖယ်ရှင်းသုတ်သင်ခံရမည် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

ယခုတွင်၊ ထပ်သလဲလဲဖြစ်သော အစားထိုးခြင်း၊ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း ဖြစ်ရပ်များနောက်တွင်၊ ဘုရားသခင်၏ အိမ်တော်ထဲက လူများစွာတို့သည် နောက်ဆုံးတွင် နိုးထကြပြီဖြစ်သည်။ ၎င်းတို့ သမ္မာတရား စစ်မှန်မှု မရှိသည်ကို၊ ၎င်းတို့သည် အလွန် ဖောက်ပြန်ပျက်စီးကြပြီးဖြစ်ကာ မနာခံကြလေပြီကို ၎င်းတို့ နားလည်ကြပြီးဖြစ်ကာ စတင် နောင်တရကြပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် အထူးသဖြင့် အစားထိုးခံရပြီးနောက် အကြိမ်အနည်းငယ် ပြန်လည်အရွေးခံရပြီးနောက်တွင်၊ မိမိတို့ကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်း ရှိပြီး စစ်မှန်စွာ နောင်တရပါက၊ ထိုသို့သော လူတို့သည် စစ်မှန်သော ပြောင်းလဲမှုအချို့ကို ပြသပြီးဖြစ်ကာ မြှင့်တင်ခံရသင့်ပေသည်။ ၎င်းတို့ အဘယ်ကြောင့် မြှင့်တင်ခံရသင့်သနည်း။ အဘယ်ကြောင့်ဆိုသော် လက်တွေ့ကျသော အလုပ်ကို ဆောင်ရွက်နိုင်သူ နည်းပါးသောကြောင့် ဖြစ်သည်။ လူသားများသည် အလွန် ဖောက်ပြန်ကြပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိဘဲ အမှန်တကယ် မပြောင်းလဲနိုင်ကြပေ။ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို မကြုံဘဲနှင့် မည်သူမျှ ဘုရားသခင်အတွက် အသုံးပြုခံရဖို့ မသင့်တော်ပေ။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ခံရပြီးဖြစ်သည့် လူအားလုံးသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုနှင့် ဆိုးယုတ်သော သဘာဝတစ်ခု ရှိကြသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခြင်းနှင့် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို တွေ့ကြုံခြင်းတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရန် ဖြစ်သည်။ လူတစ်ဦးသည် အစားထိုးခံရခြင်းကို အကြိမ်အချို့ တွေ့ကြုံပြီးဖြစ်ပါက၊ ကျရှုံးမှုများကို တွေ့ကြုံပြီးဖြစ်ကာ လဲကျပြီးဖြစ်သကဲ့သို့ ပြန်ထရပ်နိုင်ဆဲဖြစ်ကာ အမှန်တကယ် နောင်တရနိုင်ပါက၊ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့၏ အကျိုးတရား ဖြစ်သည်။ အတော်အတန် လျော့နည်းစွာ ဖောက်ပြန်ပျက်စီးပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို နားထောင်ပြီး မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သိရှိလာကာ နေ့စဉ် ပုံမှန် တွေ့ဆုံပြီးနောက်တွင်၊ ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှု အစုလိုက်အပြုံလိုက် အမှတ်တမဲ့ တွေ့ကြုံရသူ တစ်ဦးတစ်လေ ရှိပါသလော။ ထိုသို့သော လူတစ်ဦး ရှိပါသလော။ မရှိပေ။ လူတိုင်း တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို ကြုံရမည်ဖြစ်ပြီး၊ ၎င်းတို့ စုံလင်စေခြင်း မခံရနိုင်မီ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို အကြိမ်ပေါင်း ရာချီ ဖြတ်သန်းရမည်ဖြစ်သည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ လူသားများသည် အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြပြီးဖြစ်သည်မှာ ၎င်းတို့သည် အကြိမ် အနည်းငယ် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ သက်သက်အားဖြင့် ပြောင်းလဲမှုကို စွမ်းဆောင်မရရှိနိုင်ကြပေ။ ထို့ကြောင့်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို သာ၍ ဖြတ်သန်းရလေ၊ ၎င်းတို့အတွက် သာ၍ ကောင်းလေလေ ဖြစ်သည်- ဤသည်မှ‌ြ ဘုရားသခင်၏ နက်နဲသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ လူအချို့သည် အကြိမ်အနည်းငယ် ကျရှုံးပြီး လဲကျပြီးနောက်တွင်ပင် သို့မဟုတ် မြှင့်တင်ခံရပြီး အဆင့်ချခံရပြီးသည့်နောက်တွင်ပင်၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ ထရပ်နိုင်စွမ်းရှိကြဆဲ ဖြစ်သည်။ ဤအရာက ၎င်းတို့သည် မှန်ကန်မှုတွင် ရှိကြပြီး သမ္မာတရားကို လိုက်စားကြသည့်လူများဖြစ်သည်ကို ပြသပေသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသည့် လူများ မဟုတ်ခဲ့ပါက၊ ၎င်းတို့သည် ပထမဆုံးအကြိမ် အစားထိုးခံရပြီးနောက်တွင် ဖော်ထုတ်ခံရကာ စွန်ပစ်ခံရပြီး ဖြစ်ကောင်းဖြစ်ပေမည်။ ထပ်သလဲလဲ ကျရှုံးခဲ့ပြီး လဲကျခဲ့သော်လည်း သမ္မာတရားကို လိုက်စားဆဲဖြစ်ကာ မိမိတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်ကြသူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိသည့်လူများ ဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင် မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ သူ့ကို ၎င်းတို့ မည်သည့်အခါတွင်မျှ စွန့်လိမ့်မည် မဟုတ်။ အကြိမ်အနည်းငယ် အစားထိုးခံရကာ ဖော်ထုတ်ခံရပြီးနောက်တွင်၊ ၎င်းတို့သည် မိမိကိုယ်ကိုယ် သုံးသပ်နိုင်ကြဆဲဖြစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် သိရှိရန် ကြိုးစားကြသည်၊ စစ်မှန်စွာ နောင်တရပြီး ပြန်ထရပ်ကြလေသည်။ ၎င်းတို့ကို ဘုရားသခင် အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ၊ သူ့နောက်သို့ ၎င်းတို့ လိုက်ကြဆဲဖြစ်ပြီး၊ သူ၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြဆဲ ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် ချစ်ပြီး ဘုရားသခင်ကို ချစ်သည်မှာ ဤကဲ့သို့သော လူများသာ ဖြစ်သည်။ နောင်တကို ပြသပြီး၊ သမ္မာတရား စစ်မှန်မှု ရှိသည့် ဤကဲ့သို့သော လူတစ်ဦးကို ကျရှုံးမှုများ သို့မဟုတ် လဲကျခြင်းကို မကြုံတွေ့ဖူးသေးသည့် လူတစ်ဦးနှင့် နှိုင်းယှဉ်သည့်အခါ မည်သူသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလုပ်သမားတစ်ဦးဖြစ်ဖို့ သာ၍ သင့်တော်သနည်း။ ထပ်သလဲလဲ အစားထိုးခံရပြီးနောက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သော လူသည် စစ်မှန်သော သက်သေခံချက် ရှိသည်၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လုံးဝ မတွေ့ကြုံဖူးသေးသည့်လူနှင့် မည်သည့်အခါတွင်မျှ မကျရှုံးဖူးသကဲ့သို့ မလဲကျဖူးသေးသည့် လူမှာမူ အတွေ့အကြုံနှင့် သက်ဆိုင်သည့် စစ်မှန်သော သက်သေခံချက် မရှိပေ။ ၎င်းတို့ အမှန်တကယ် အစားထိုးခံရပြီး ကျရှုံးကာ လဲကျကြပါက၊ ၎င်းတို့ မတုန်မလှုပ်ဖြစ်ကာ အားနည်းခြင်း ရှိမရှိ သို့မဟုတ် တစ်ဖန် ပြထနိုင်ခြင်းသက်သက် ရှိမရှိ ဆိုသည်ကို ပြောရန် ခက်ပေသည်။ အနည်းငယ်သော လူတစ်ဦးချင်းက ဘုရားသခင်နောက် ဆက်လက်လိုက်နိုင်ခြင်း ရှိမည် မရှိမည်ဆိုသည်မှာ မသိရပေ။ အချို့သော လူတို့သည် ဆုံးမပဲ့ပြင်ခံရသည့်အခါ သာ၍ ကောင်းစွာ နှင့် သာ၍ အားသွန်ခွန်စိုက်ပြုမူကြသည်။ အခြားသူများနှင့် ပတ်သက်၍၊ ၎င်းတို့ကို သင် နူးညံ့စွာ စကားပြောသည့်အခါ၊ တစ်ခါတစ်ရံ ၎င်းတို့ လဲကျနိုင်လိမ့်ဦးမည်၊ ငိုကြွေးနိုင်လိမ့်ဦးမည်ဖြစ်ပြီး၊ ထနိုင်လိမ့်မည် မဟုတ်ပေ။ ဤလူစားနှစ်မျိုးထဲမှ မည်သူသည် သာ၍ သန်မာလာသနည်း။ ဆုံးမပဲ့ပြင်ခံရသည့် လူဖြစ်သည်၊ မှန်ပါသလော။ ထို့ကြောင့်၊ ခေါင်းဆောင်များနှင့် အလုပ်သမားများကို ရွေးကောက်ရာတွင်၊ သင့်အနေ့ဖြင့် ဆုံးမပဲ့ပြင်ခံရသူများက စဉ်ဆက်မပြတ် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို တွေ့ကြုံကြရသည်နှင့်အမျှ တိုး၍သန်မာကြသည်ကို ခွဲခြားနိုင်ရမည်။ ဤဖြစ်စဉ်ကို ဖြတ်ရပြီးသည့်နောက်တွင်၊ ၎င်းတို့ နာခံနိုင်ပြီး အမှန်တကယ် နောင်တရနိုင်ကြလေသည်။ ထိုသို့သော လူများသည် တိုးတက်မှု ပြုလုပ်ဖို့ သေချာပြီး၊ ခေါင်းဆောင်များနှင့် အလုပ်သမားများအဖြစ် ရွေးချယ်ခံရချိန်တွင်၊ ၎င်းတို့သည် ယုံကြည်စိတ်ချ၍ရကာ အားထားလောက်စရာ ဖြစ်လိမ့်မည်။ နူးညံ့သော ပုံစံဖြင့်သာ ကိုင်တွယ်ခံရဖူးသည့် လူတစ်ဦးကို မရွေးချယ်နှင့်။ ၎င်းတို့သည် အလွန် နုနယ်လွန်းပြီး၊ မည်သည့် စမ်းသပ်မှုများ သို့မဟုတ် ရိုက်နှက်ခြင်းကိုမျှ မကြုံရသေးပေ။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု မရှိကြပေ၊ ၎င်းတို့၏ ကြမ်းရိုင်းခြင်းတွင် လူ့သဘာဝ ကင်းမဲ့ကာ၊ ၎င်းတို့သည် ကလေးများကဲ့သို့ဖြစ်သည်၊ နုံအကာ အားမကိုးရပေ။

အလုပ်အစီအစဉ်များ မှ

အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များကို ရွေးချယ်သည့်အခါ အောက်ပါအချက်များကို ကျွန်ုပ်တို့ အာရုံစိုက်ရမည်။

၁။ မကောင်းဆိုးဝါးများ ဝင်ပူးထားသည့် လူများ သို့မဟုတ် နတ်ဆိုးများ မကြာခဏ အလုပ်လုပ်သည့် လူများကို လုံးဝ မရွေးကောက်နှင့်။

၂။ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့်၊ မည်သူကိုမျှ နားမထောင်သည့်၊ ဆင်ခြင်တုံတရားမရှိသည့်၊ ဘုရားသခင်၏ အမှုတော်ကို ဝေဖန်ဝံ့သကဲ့သို့ ၎င်းတို့၏ အယူအဆများနှင့် အတွေးမှားများကို ဖြန့်ဝေဝံ့သည့် အန္တိခရစ်များကို မည်သည့်အခါတွင်မျှ မရွေးကောက်နှင့်။

၃။ စိတ်ခံစားချက်ဖြင့် စကားပြောကာ ပြုမူရန် နှစ်သက်သည့်၊ အခြေခံသဘောတရားများကို မလိုက်နာနိုင်သကဲ့သို့ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းသည့် “မှန်ပါ့သမားများ” ကို မည်သည့်အခါတွင်မျှ မရွေးကောက်နှင့်။

၄။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ပြောဆိုရန် နှစ်သက်သည့်လူများ၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင် မည်သည့် ဝန်ထုပ်ကိုမျှ မသယ်ဆောင်သကဲ့သို့ တာဝန်မယူသော လူများကို လုံးဝ မရွေးကောက်နှင့်။

၅။ အုပ်စုများ ဖွဲ့ရန်၊ ရန်လိုမှုကို လှုံ့ဆော်ရန် နှစ်သက်သည့်၊ မရိုးဖြောင့်သကဲ့သို့ လှည့်ဖြားတတ်သည့် သို့မဟုတ် မလိုမုန်းထားသော စိတ်သဘောထားရှိသည့်သူ၊ ညံ့ဖျင်းသော လူ့သဘာဝရှိသည့် လူများကို လုံးဝ မရွေးကောက်နှင့်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၆၂။ အသင်းတော် ရွေးကောက်ပွဲများနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၄။ ခေါင်းဆောင်များနှင့် အလုပ်သမားများကို စွပ်စွဲပြစ်တင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်