၈၀။ အလားအလာရှိသော ဧဝံဂေလိ ပစ်မှတ်များကို ချင့်တွက်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

၁။ ပထမဦးစွာ၊ အလားအလာရှိသော ဧဝံဂေလိ ပစ်မှတ်တစ်ခုသည် ကောင်းမွန်သည့် သို့မဟုတ် ညံ့ဖျင်းသည့် လူ့သဘာဝ ရှိသည် မရှိသည်၊ သမ္မာတရားအား ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်နှင့် နတ်ဆိုးတစ်ကောင်သည် ၎င်းတို့တွင် အလုပ်လုပ်နေခြင်း ရှိမရှိဆိုသည်တို့ကို သေချာအောင် လေ့လာစိစစ်ရန် လိုအပ်သည်။ ဤအရာနောက်တွင်၊ ဧဝံဂေလိတရားကို ၎င်းတို့ထံ ဖြန့်ဝေနိုင်ခြင်း ရှိမရှိဆိုသည်ကို အခိုင်အမာသက်သေထူလော့။

၂။ အလားအလာရှိသည့် ဧဝံဂေလိ ပစ်မှတ်က ကောင်းမွန်သည်ကို အတည်ပြုပြီးနောက်တွင်၊ သင်သည် စစ်မှန်ရိုးသားမှုဖြင့် အပြန်အလှန်ဆက်ဆံပြီး၊ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုဖို့ အခွင့်အရေးများ ရှာရမည်ဖြစ်ကာ ထိုသို့ဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းအတွက် လမ်းခင်းပေးရမည်ဖြစ်သည်။

၃။ သင်သည် ၎င်းတို့ထံ အနာဂတ် သက်သေခံချက်အတွက် နောက်ခံအကြောင်းအရာတစ်ခု ပေးဖို့အလို့ငှာ၊ အလားအလာရှိသော ဧဝံဂေလိ ပစ်မှတ်တစ်ခု၏ အရည်အချင်း၊ နှစ်သက်မှုများ၊ ပဓာနကျသော အားနည်းချက်များနှင့် အယူအဆများကို နားလည်ကာ သိမြင်ရမည်။

၄။ အလားအလာရှိသည့် ဧဝံဂေလိ ပစ်မှတ်သည် သမ္မာတရား လက်ခံဖို့ အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူသော်လည်း၊ ဧဝံဂေလိတရား ဖြန့်ဝေရာတွင် ပင်ကို စွမ်းရည်ရှိပြီး အစေခံမှု ပေးနိုင်သည်ကို တွေ့ရှိရပါက၊ ၎င်းတို့ကို စည်းရုံးသိမ်းသွင်းဖို့ သင် ကြိုးပမ်းသင့်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

မူလက ဘုရားသခင် ဖန်ဆင်းခဲ့သောလူမှာ အသက်ရှင်ခဲ့သည်၊ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့် လူသည် သေခြင်းတရား၏ အလယ်တွင် အသက်ရှင်ရပြီး၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ရသည်၊ ထို့ကြောင့် ဤနည်းဖြင့်၊ လူတို့သည် ဝိညာဉ်ကင်းမဲ့သော လူသေများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော ရန်သူများ ဖြစ်လာကြပြီးဖြစ်သည်၊ ၎င်းတို့သည် စာတန်၏ တန်ဆာပလာများ ဖြစ်လာကြပြီးဖြစ်ကာ၊ စာတန်၏အကျဉ်းသားများ ဖြစ်လာကြပြီးဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သော အသက်ရှင်သည့် လူများအားလုံးသည် လူသေများဖြစ်လာကြပြီး၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ သက်သေခံချက်ကို ဆုံးရှုံးရပြီး‌ဖြစ်ကာ၊ သူဖန်ဆင်းခဲ့ပြီး သူ၏ဇီဝအသက် ရှိထားသည့် တစ်ခုတည်းသော အရာဖြစ်သည့် လူသားမျိုးနွယ်ကို ဆုံးရှုံးရလေပြီဖြစ်သည်။ ဘုရားသခင်သည် သူ၏သက်သေခံချက်ကို ပြန်ရုပ်သိမ်းပြီး၊ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော်လည်း၊ စာတန်၏ ဖမ်းဆီးခြင်းခံရသောသူတို့ကို ပြန်ရုပ်သိမ်းပါက၊ ၎င်းတို့သည် အသက်ရှင်သော သတ္တဝါများဖြစ်လာရန်အလို့ငှာ ဘုရားသခင်သည် ၎င်းတို့ကို ပြန်လည် ထမြောက်စေရမည်ဖြစ်ပြီး၊ သူ၏အလင်းထဲ၌ ၎င်းတို့ အသက်ရှင်ကြဖို့အလို့ငှာ ၎င်းတို့ကို သူပြန်သိမ်းယူရမည် ဖြစ်သည်။ လူသေတို့သည် ဝိညာဉ်မရှိသော သူများဖြစ်ပြီး၊ အလွန့်အလွန် ထုံထိုင်းကြသူများနှင့် ဘုရားသခင်ကို ဆန့်ကျင်ကြသူများ ဖြစ်ကြသည်။ အဓိကအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို မသိသောသူများ ဖြစ်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို နာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိကြချေ။ ၎င်းတို့သည် သူ့ကို ပုန်ကန်ကာ ဆန့်ကျင်ခြင်းသာ ပြုကြပြီး၊ သစ္စာစောင့်သိမှု စိုးစဉ်းမျှ မရှိကြချေ။ အသက်ရှင်သူများသည် ၎င်းတို့၏ဝိညာဉ်များ ပြန်လည်မွေးဖွားခြင်း ခံရသောသူများ၊ ဘုရားသခင်ကို နာခံရန် သိရှိသူများနှင့် ဘုရားသခင်ကို သစ္စာစောင့်သိသူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် သက်သေခံချက်ကို ပိုင်ဆိုင်ကြပြီး၊ ဤလူတို့သာ ဘုရားသခင်ကို သူ၏ အိမ်တွင် ကျေနပ်စေလျက်ရှိကြပေသည်။ ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ ရောက်လာနိုင်သူများ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်နိုင်သူများ၊ ဘုရားသခင်ကို သစ္စာစောင့်သိနိုင်သူများနှင့် ဘုရားသခင်အား ရှာဖွေရန် လိုလားလျက်ရှိသူများကို ကယ်တင်သည်။ ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းနှင့် သူ၏ပေါ်ထွန်းခြင်း၌ ယုံကြည်သူများကို သူကယ်တင်သည်။ လူအချို့သည် အသက်ရှင်ခြင်းတို့ ရောက်လာနိုင်ပြီး၊ လူအချို့သည် အသက်ရှင်ခြင်းသို့ ရောက်မလာနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏သဘာဝသည် ကယ်တင်ခြင်းခံရနိုင်၊ မခံရနိုင်ဆိုသည့်အပေါ် မူတည်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် အသက်ရှင်ခြင်းသို့ ရောက်လာပြီးသူတစ်ဦးဖြစ်သလော” မှ

ဧဝံဂေလိတရား ဖြန့်ဝေခြင်း တာဝန်ကို ထမ်းဆောင်ရာတွင်၊ သင်၏တာဝန်ကို သင် ဖြည့်ဆည်းရမည်။ “တာဝန်” ဆိုသည့် ဝေါဟာရကို သင်မည်သို့ နားလည်သနည်း။ သင်သည် ထိုတာဝန်ကို မည်သို့ယူပြီး တကယ့် အခြေအနေများတွင် တိကျမှန်ကန်စွာ မည်သို့ လက်တွေ့ကျင့်သုံးသနည်း။ ယင်းမှာ သင်၏ ဝတ္တရားဖြစ်သည်- ဧဝံဂေလိတရားအပေါ် သင်၏ နားလည်သဘောပေါက်မှုနှင့် ဘုရားသခင်ထံမှ ယင်းနှင့်ပတ်သက်၍ သင်လက်ခံရရှိသည့်အရာတို့ကို ဘုရားသခင်က သူ့ထံမှ သင့်အား ဖြန့်ဝေစေလိုသည့် သူထံသို့ လက်ဆင့်ကမ်းဖို့ ဖြစ်သည်။ ထို့ကြောင့် သင်မည်သို့ ဖြန့်ဝေသနည်း။ ယင်းမှာ သင် အားလပ်ချိန်တွင် လုပ်ဆောင်သည့်အရာ တစ်စုံတစ်ခု မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင် ခံစားချက်များ သို့မဟုတ် နှစ်သက်မှုများအတိုင်း ဖြန့်ဝေခြင်း မဟုတ်သကဲ့သို့၊ ဧည့်သည်တစ်ဦးချင်းစီနှင့် ထိုက်တန်သည်ဟု သင်ခံစားရသည့်အတိုင်း စားသောက်ဖွယ်စာရင်း ပြောင်းနေခြင်းအားဖြင့်လည်း လုပ်ဆောင်ရသည် မဟုတ်ပေ။ ထို့ထက် ယင်းကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်၏အိမ်တော်၏ အခြေခံသဘောတရားများအတိုင်း ဖြန့်ဝေခြင်း ဖြစ်သည်- ဤသည်မှာ ယေဘုယျအားဖြင့် ပြောခြင်း ဖြစ်ပေသည်။ အတိအကျဆိုရလျှင်မူ၊ ယင်းမှာ သင် လက်ခံရရှိပြီး နားလည်သဘောပေါက်သည့် အရာကို သင်ဝေမျှဖို့ ရည်ရွယ်ထားသူများအား ဝေမျှဖို့ အခွင့်အလမ်း မှန်သမျှကို အတတ်နိုင်ဆုံး ရှာဖွေခြင်း ဖြစ်ပေသည်။ ဤသည်ကို သင်တာဝန်ယူ ဆောင်ရွက်သည်နှင့်အညီ သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏ တာဝန်ကို ဖြည့်ဆည်းလော့၊ အစွမ်းကုန် လုပ်ဆောင်ပြီး အဖိုးအခ တစ်စုံတစ်ရာပေးဖို့ကို မတုံ့ဆိုင်းနှင့်။ အစွမ်းကုန် လုပ်ဆောင်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် အချိန်ခဏတာ ဧဝံဂေလိတရားကို ဖြန့်ဝေနေခဲ့ပြီး အတွေ့အကြုံ သိပ်မရှိလျှင်ပင် သို့မဟုတ် သင်သည် စကားပြောကောင်းသူတစ်ယောက် သို့မဟုတ် ပညာ သိပ်မဆည်းပူးရသေးသူတစ်ယောက် ဖြစ်လျှင်ပင်၊ လူများကို မရရှိခြင်းအတွက် သင်၌ အကြောင်းပြချက် ပေးဖို့ သို့မဟုတ် ဆင်ခြေပေးဖို့ မရှိခြင်းကို ဆိုလိုသည်။ ဤကြိုးပမ်းအားထုတ်မှုတွင် သင်၏ လုံ့လစိုက်ထုတ်မှုကို နှစ်ဆတိုးရမည်၊ သင် ဧဝံဂေလိတရား ဝေမျှမည့်သူများ၏ အခြေအနေများကို နားလည်ရမည်၊ ပြီးလျှင် ၎င်းတို့နှင့် ဧဝံဂေလိတရား ဝေမျှဖို့ သင့်တော်သည့် နည်းလမ်းများကို ရှာဖွေလော့။ ဥပမာအားဖြင့် ဧဝံဂေလိတရားဝေမျှဖို့ ပစ်မှတ်ထားသည့်သူသည် မည်သည့်အရာကို နားလည်သည်၊ ၎င်းတို့၏ ပင်ကိုစရိုက်သည် မည်သို့ရှိသည်၊ ၎င်းတို့သည် စကားပြောခြင်းကို နှစ်သက်ခြင်း ရှိမရှိ၊ ပြီးလျှင် ၎င်းတို့သည် အသက်ဝင်သည့် စကားပြောခြင်းကို နှစ်သက်ခြင်း ရှိမရှိတို့ကို ကြည့်လော။ ၎င်းတို့က အသက်ဝင်သည့် စကားပြောခြင်းကို မနှစ်သက်ပါက၊ သင်သည် အနည်းငယ် သာ၍ သိမ်မွေ့ပြီး သာ၍ ဖြေးညှင်းစွာ ၎င်းတို့နှင့် စကားပြောရမည်။ ၎င်းတို့၏ ပညာရေးအဆင့်သည် မမြင့်ဘဲ၊ ၎င်းတို့၏ နားလည်နိုင်စွမ်းက ချို့တဲ့ပါက၊ သင်သည် အလွန် စနစ်တကျ၊ ဖြေးညှင်းစွာနှင့် တည်ငြိမ်စွာ တစ်ကြောင်းချင်း နည်းနည်းစီ ပြောဖို့ လိုအပ်သည်။ ၎င်းတို့သည် ယဉ်ကျေးမှုဆိုင်ရာ အသိပညာ အချို့သာရှိပြီး ပညာရှင်ဆန်သော ဘာသာစကားကိုသာ သာ၍ နားထောင် လိုသော်လည်း၊ သင်၏ ပညာရေးအဆင့်က မလုံလောက်ပါက၊ သင်သည် ပညာရှင်ဆန်သော အကြောင်းအရာများကို ပြင်ဆင်ထားသင့်သည် သို့မဟုတ် ၎င်းတို့နှင့် သင်၏ စကားပြောခြင်းများတွင် လက်တွဲဖို့ ပညာတတ်သည့်သူတစ်ဦးကို ရှာဖွေလော့။ ဧဝံဂေလိတရားဝေမျှဖို့ ပစ်မှတ်ထားသည့် လူတစ်ဦး၌ သမ္မာကျမ်းစာဆိုင်ရာ ကြီးစွာသော အသိပညာ ရှိသော်လည်း၊ သင့်အသက်တာတွင် တစ်ရက်မျှ သမ္မာကျမ်းစာကို မဖတ်ရှုရသေးပါက၊ သင်သည် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ဓမ္မဟောင်းကျမ်းရှိ သက်ဆိုင်ရာ ပရောဖက်ပြုခြင်းများနှင့် ဓမ္မသစ်ကျမ်းရှိ သက်ဆိုင်ရာ ကျမ်းပိုဒ်များအတွက်၊ အထူးသဖြင့် ဧဝံဂေလိတရား ဝေမျှဖို့ ပစ်မှတ်ထားသည့်သူ လိုအပ်သည့်အရာနှင့်ပတ်သက်၍ သင့်ကိုယ်သင် ပြင်ဆင်ရမည်ဖြစ်ပြီး သမ္မာကျမ်းစာတွင် ရှာဖွေလော့။ သင်၌ မည်သည့်အရာမျှ လုပ်စရာမရှိသည့်အခါ၊ သင်သည် ကျမ်းစာပိုဒ်များကို ဖတ်ရှုသင့်သည်၊ မှတ်စုများ ယူသင့်သည် သို့မဟုတ် ကျမ်းပိုဒ်များကို အလွတ်ကျက်သင့်သည်။ ထို့အပြင် သင်သည် ဘာသာရေးလူများက သမ္မာကျမ်းစာရှိ ဤကျမ်းပိုဒ်များကို မည်သို့နားလည်သည်နှင့် ဤလူများက ယင်းတို့ကို တိကျမှန်ကန်စွာနှင့် ရှင်းရှင်းလင်းလင်း နားလည်စေဖို့ သင်ကူညီနိုင်သည့် အခြေအနေတစ်ခုအထိ သင်မည်သို့ ရောက်ရှိနိုင်သည်တို့ကို စိတ်ကူး မှန်းဆကြည့်သင့်သည်၊ သို့မှသာ နောက်ပိုင်းတွင် ၎င်းတို့က ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို နားလည်ဖို့ သင်သည် ဤကျမ်းပိုဒ်များဖြင့် ဆက်စပ်ပြီး ၎င်းတို့ကို လမ်းညွှန်နိုင်မည် ဖြစ်သည်။ ဤသည်မှာ အိမ်စာလုပ်ခြင်း ဖြစ်သည်။ လူအမျိုးမျိုးက မည်သည့်အရာကို လိုအပ်သည်ကို သင် နားလည်ရမည် ဖြစ်ပြီး၊ ထို့နောက်တွင် ထိုအခြေအနေများပေါ် အခြေပြုပြီး အိမ်စာ အနည်းငယ် လုပ်ဆောင်ရမည်။ ဤသည်မှာ သင်အစွမ်းကုန် လုပ်ဆောင်ခြင်းနှင့် သင်၏တာဝန်ကို ဖြည့်ဆည်းခြင်းတို့ ဖြစ်ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်” မှ

လူအမျိုးအစား အမျိုးမျိုးရှိကြပြီး ၎င်းတို့၌ရှိသည့် စိတ်ဝိညာဉ်အမျိုးအစားအားဖြင့် ၎င်းတို့ကို ခွဲခြားလေသည်။ လူအချို့သည် လူ့စိတ်ဝိညာဉ်များရှိကြပြီး ၎င်းတို့သည် ရွေးချယ်မှုအတွက် ဘုရားသခင် ကြိုတင်ပြဌာန်းခြင်း ခံထားရသူများ ဖြစ်သည်။ အချို့တွင် လူ့စိတ်ဝိညာဉ်များ မရှိကြပေ။ ၎င်းတို့သည် လှည့်စားပြီးဝင်ရောက်လာသည့် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ဘုရားသခင်က ကြိုတင်ပြဌာန်းထားခြင်းနှင့် ရွေးချယ်ထားခြင်း မခံခဲ့ရသည့်ထိုသူများသည် ၎င်းတို့အောင်မြင်စွာ ဝင်ရောက်လာလျှင်ပင် ကယ်တင်ခြင်း မခံရနိုင်ပေ၊ ပြီးလျှင် အဆုံး၌ ၎င်းတို့သည် မကောင်းဆိုးဝါးများ၏ ရုတ်တရက် ဖယ်ရှားခြင်းကို ခံရလိမ့်မည်။ လူများသည် ဘုရားသခင်၏ အမှုကို လက်ခံနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ လက်ခံပြီးသည့်နောက် ၎င်းတို့ မည်သည့်လမ်းကြောင်းကို လျှောက်သည်နှင့် ၎င်းတို့သည် ပြောင်းလဲနိုင်ခြင်း ရှိမရှိတို့အားလုံးသည် ၎င်းတို့အတွင်းရှိ စိတ်ဝိညာဉ်နှင့် သဘာဝတို့ပေါ်တွင် မူတည်သည်။ လူအချို့သည် လမ်းမှားလျက် မသွေဖည်ဘဲ မနေနိုင်ကြပေ။ ၎င်းတို့၏ စိတ်ဝိညာဉ်များက ၎င်းတို့ကို ထိုသို့သောလူများဖြစ်ဖို့ အဆုံးအဖြတ်ပေးပြီး ၎င်းတို့ မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် လမ်းကြောင်းမှန်ကို မလျှောက်သောကြောင့်၊ ၎င်းတို့ထဲမှ အချို့တွင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်ပေ။ သို့သော် ၎င်းတို့သည် ရုတ်ခြည်း ပြောင်းလဲမှုတစ်ခု ပြုလုပ်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်နိုင်သေးသည်။ ၎င်းတို့ မပြောင်းလဲပါက၊ ယင်းမှာ ၎င်းတို့အတွက် ပွဲသိမ်းသွားလိမ့်မည် ဖြစ်သည်။ အခြေအနေအမျိုးအစား အားလုံး တည်ရှိသော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် လူတိုင်းကို သူ၏ဆက်ဆံမှုတွင် ဖြောင့်မတ်လေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်သဘောပေါက်နည်း” မှ

အရှေ့သို့- ၇၉။ ဘုရားသခင်ထံ ဆက်ကပ်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၈၁။ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်… သူတို့ အမြင်တွေ လည်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်