၁၆) ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ချီးမြှောက်ခြင်း၏ အခြေခံသဘောတရားများ

(၁) တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံနေရချိန်တွင်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိလာကာ သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လာလော့။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် သင်၏ နှလုံးသားထဲတွင် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် အလိုအလျောက် ချီးမြှောက်လိမ့်မည်။

(၂) ဘုရားသခင် တစ်ပါးတည်းကိုသာ ကျိုးနွံနာခံပြီး ကိုးကွယ်လော့။ မည်သည့် လူသားကိုမျှ မကိုးကွယ်နှင့် သို့မဟုတ် မလိုက်လျှောက်နှင့်။ အသက်တာတွင် သင်၏ အပြုအမူအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားအပေါ် အခြေပြုပြီး လောကီ ရေပန်းစားမှုများနောက် မလိုက်နှင့်။

(၃) မိမိကိုယ်ကိုယ် တရားမျှတမှုအပေါ် အသားကျအောင်လုပ်ဖို့နှင့် သမ္မာတရား အခြေခံသဘောတရားကို လိုက်နာစောင့်ထိန်းဖို့၊ ဘုရားသခင်ကို ချီးမြှောက်ကာ သက်သေခံဖို့နှင့် စာတန်၏ ဆိုးယုတ်သော အင်အားစုများကို လိုက်လျောမှုတစ်ခုတစ်လေမျှ ပြုလုပ်ခြင်းမရှိဘဲ ဘုရားသခင်၏ အမှုတော်ကို ကာကွယ်ဖို့ ကြိုးပမ်းအားထုတ်ရန် လိုအပ်သည်။

(၄) မိမိ၏ စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားကို စိုးစံခွင့်ပေးဖို့နှင့် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို အတည်ပြုဖို့ လိုအပ်သည်။ ထိုသို့ဖြင့်သာ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို စီမံအုပ်ချုပ်သောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်ပြီး၊ ရှိသမျှအားလုံးအပေါ် အုပ်စိုးကာ ရှိသမျှအားလုံးအတွက် ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ အဆင့်အတန်းဖြစ်ပြီး၊ သူ၏ ပင်ကိုလက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာ အားလုံးအတွက် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာမှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခြင်းအားလုံးကို အုပ်ချုပ်သူ ဖြစ်၏။ ယင်းမှာ ဘုရားသခင် ပိုင်ဆိုင်သော ပင်ကိုလက္ခဏာဖြစ်ပြီး၊ သူသည် အရာခပ်သိမ်းတို့အလယ်တွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်ထဲတွင် ဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ- ဘုရားသခင်၏ သတ္တဝါများထဲမှ မည်သူကမျှ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို တူအောင်တုရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အခွင့်အလမ်းမျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့ အလယ်တွင် ဤပင်ကိုလက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် ဖန်ဆင်းခြင်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ- ငါတို့၏ အတုမရှိသော ဘုရားသခင် ကိုယ်တော်တိုင်- တစ်ဦးတည်းသာ ရှိသောကြောင့် ဖြစ်သည်။ သူသည် အရာခပ်သိမ်းအလယ် နေထိုင်ကာ ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားဖြစ်လာခြင်း၊ အသွေးအသား ရှိသည့် သူတို့ထဲမှ တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာခြင်းနှင့် ၎င်းတို့နှင့်အတူ အကောင်းအဆိုးများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏၊ သို့သော် တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာ အားလုံး၏ ကံကြမ္မာနှင့် ယင်းတို့အားလုံး ရွေ့လျားသည့်ဦးတည်ရာကို ဆုံးဖြတ်ရင်း၊ ရှိသမျှအရာအားလုံးကို ကွပ်ကဲအုပ်ချုပ်လေသည်။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာကို လမ်းပြပြီး၊ လူသားမျိုးနွယ်၏ ဦးတည်ချက်ကို ထိန်းကျောင်းပေး၏။ ဤကဲ့သို့သော ဘုရားသခင်တစ်ပါးကို သက်ရှိသတ္တဝါအားလုံးက ဝတ်ပြု ကိုးကွယ်သင့်သည်၊ နာခံသင့်ပြီး သိရှိသင့်ပေသည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်ထဲမှ မည်သည့်အုပ်စု သို့မဟုတ် မည်သည့် အမျိုးအစားနှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင် နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် သူ၏ အစီအစဉ်များကို လက်ခံခြင်းသည်သာ မည်သည့် လူမဆိုနှင့် မည်သည့် သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာ- လိုအပ်သော ရွေးချယ်စရာ- ဖြစ်၏။ ဘုရားသခင်၏ အတုမရှိမှုတွင်၊ လူတို့က သူ၏သြဇာအာဏာ၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် အရာခပ်သိမ်းအဖို့ သူထောက်ပံ့ပေးသည့် နည်းလမ်းများ အားလုံး လုံးဝ အတုမရှိသည်ကို တွေ့ကြ၏။ ဤအတုမရှိမှုသည် ဘုရားသခင်ကိုယ်တိုင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကို သတ်မှတ်ပြီး သူ၏အဆင့်အတန်းကိုလည်း သတ်မှတ်၏။ ထို့ကြောင့် သတ္တဝါတို့ အားလုံးထဲတွင်၊ ဝိညာဉ်လောကထဲရှိ သို့မဟုတ် လူသားမျိုးနွယ်အလယ်ရှိသည့် မည်သည့် သက်ရှိသတ္တဝါမဆို ဘုရားသခင်၏ကိုယ်စား ရပ်တည်ရန် ဆန္ဒရှိပါက၊ ဘုရားသခင်ကို တုပရန် မည်သည့် ကြိုးပမ်းမှုမဆိုကဲ့သို့ အောင်မြင်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်၏။ ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုလက္ခဏာ၊ တန်ခိုးနှင့် အဆင့်အတန်းကို ပိုင်ဆိုင်သည့် ဤကဲ့သို့သော ဖန်ဆင်းရှင်နှင့် အုပ်စိုးသူတစ်ဦး၏ လူသားမျိုးနွယ်နှင့်သက်ဆိုင်သော သတ်မှတ်ချက်များကား အဘယ်နည်း။ ဤသည်မှာ အယောက်တိုင်းအဖို့ ရှင်းလင်းသင့်ပြီး အယောက်တိုင်းက အမှတ်ရသင့်ပေသည်။ ဤသည်မှာ ဘုရားသခင်နှင့် လူသား နှစ်ဦးလုံးအတွက် အလွန် အရေးကြီးပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ သူ၏ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိသည့်အတွက်၊ သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်တွင် ရှိသော အရာခပ်သိမ်းနှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသကဲ့သို့၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခြင်း ဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာ ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်ပြီး၊ အသီးသီးကို အမျိုးအစားအလိုက် အသီးသီးကို ခွဲခြားထားပြီး ဘုရားသခင်၏ အလိုအတိုင်း ၎င်းတို့၏ ကိုယ်ပိုင် နေရာကို ခွဲဝေပိုင်းခြားပေးထားလျက်၊ အရာခပ်သိမ်းကို အမိန့်ပေးကာ အဆင့်အတန်း သတ်မှတ်ခဲ့သည်။ ယင်းသည် မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ မည်သည့်အရာကမျှ ဘုရားသခင်ကို မသာလွန်နိုင်ပေ၊ အရာခပ်သိမ်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား မနာခံခြင်း မပြုဝံ့ကြပေ သို့မဟုတ် ဘုရားသခင်အား မည်သည့် တောင်းဆိုမှုများကိုမျှ မပြုဝံ့ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ အရှင် သို့မဟုတ် အစောင့်ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦးမျှသာ ဖြစ်နေဆဲ ဖြစ်ပြီး၊ အရေးမပါသော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးထက် မပိုသကဲ့သို့၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

၁။ လူသားသည် မိမိကိုယ်ကိုယ် မကြီးမြတ်စေသင့်သကဲ့သို့၊ မိမိကိုယ်ကိုယ် မချီးမြှောက်သင့်ပေ။ ဘုရားသခင်ကို ကိုးကွယ်ကာ ချီးမြှောက်သင့်ပေသည်။

............

၈။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်” မှ

ယနေ့ လူ့ဇာတိခံ ဘုရားသခင် ရယူချင်သော လူစုမှာ သူ၏ အလိုနှင့်ကိုက်ညီသောသူများ ဖြစ်သည်။ ၎င်းတို့သည် သူ၏ အမှုကို ကျိုးနွံနာခံဖို့နှင့် မရေရာမှုတွင် အသက်ရှင်ရင်းနှင့် အမှုအရာများကို လူ့ဇာတိ၌ရှိသည့် ဘုရားသခင်အတွက် ခက်ခဲစေရင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ စိတ်ကူးများကို စဉ်ဆက်မပြတ် စိတ်ဝင်စားခြင်းအား ရပ်တန့်ဖို့သာ လိုအပ်ပေသည်။ သူ့ကိုနာခံနိုင်သောသူများသည် သူ့နှုတ်ကပတ်တော်များကို အကြွင်းမဲ့ နားထောင်သူများနှင့် သူ့အစီအစဉ်များကို ကျိုးနွံနာခံသောသူများ ဖြစ်သည်။ ထိုသို့သော လူများသည် ကောင်းကင်ဘုံရှိဘုရားသခင်သည် မည်သည့်အရာနှင့် အမှန်တကယ်တူမည် သို့မဟုတ် ကောင်းကင်ဘုံရှိဘုရားသခင်သည် လူသားမျိုးနွယ်အလယ်တွင် လတ်တလော မည်သည့်အမှုမျိုး လုပ်ဆောင်နေမည်ဆိုသည်တို့ကို လုံးဝ ဂရုမထားကြပေ။ ၎င်းတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်အား ၎င်းတို့၏ နှလုံးသားများကို အပြည့်အဝပေးပြီး သူ၏ရှေ့မှောက်တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ထားရှိကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏လုံခြုံမှုကို လုံးဝ မည်သို့မျှ ထည့်သွင်းမစဉ်းစားကြသကဲ့သို့၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ ပုံမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို မည်သည့်အခါမျှ ရေးကြီးခွင်ကျယ်လုပ်ခြင်း မရှိကြပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို ကျိုးနွံနာခံသောသူများသည် သူ၏ စုံလင်စေခြင်းခံရနိုင်သည်။ ကောင်းကင်ဘုံရှိဘုရားသခင်ကို ယုံကြည်သောသူများသည် မည်သည့်အရာမျှ ရရှိကြလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အပေါ် ကတိတော်များနှင့် ကောင်းကြီးမင်္ဂလာများ အပ်နှင်းသူမှာ ကောင်းကင်ဘုံရှိ ဘုရားသခင် မဟုတ်ဘဲ မြေကြီးပေါ်ရှိဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်ကို သာမန်လူတစ်ဦးမျှအဖြစ် မြင်နေကြစဉ်တွင်၊ ကောင်းကင်ဘုံရှိဘုရားသခင်အား အမြဲ ချဲ့ကားပြောဆိုခြင်း မပြုသင့်ပေ။ ဤသည်မှာ မတရားပေ။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ကြီးမြတ်ပြီး အံ့ဩဖွယ်ကောင်းသော ဉာဏ်ပညာဖြင့် ချီးကျူးလောက်စရာဖြစ်သော်လည်း၊ ဤသည်မှာ လုံးဝ မတည်ရှိပေ။ မြေကြီးပေါ်ရှိ ဘုရားသခင်သည် အလွန်သာမန်ဖြစ်ပြီး အရေးမပါသကဲ့သို့၊ သူသည် အလွန်လည်း ပုံမှန်ဖြစ်ပေသည်။ သူသည် သာမန်ထက်လွန်ကဲသော ဉာဏ် မရှိပေ၊ သို့မဟုတ် မြေကြီးကို တုန်လှုပ်စေသော လုပ်ဆောင်မှုများ မဆောင်ရွက်ပေ။ သူသည် အလွန်ပုံမှန်ဖြစ်ကာ လက်တွေ့ကျသော နည်းလမ်းဖြင့်သာ အမှုပြုကာ စကားပြောဆိုရုံလေသည်။ သူသည် မိုးချုန်းသံမှတစ်ဆင့် စကားမပြောသော်လည်း၊ သို့မဟုတ် လေနှင့်မိုးတို့အား ခေါ်ဖိတ်ခြင်း မပြုသော်လည်း၊ သူသည် ကောင်းကင်ဘုံရှိဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တကယ် ဖြစ်ကာ လူသားများအလယ် အသက်ရှင်နေသည့် ဘုရားသခင် အမှန်တကယ်ဖြစ်ပေသည်။ လူတို့သည် ၎င်းတို့ လက်မခံနိုင်သကဲ့သို့ လုံးဝ စိတ်မကူးနိုင်သောသူအား နိမ့်ကျသူအဖြစ် မြင်နေစဉ်တွင်၊ ၎င်းတို့နားလည်နိုင်ပြီး ဘုရားအဖြစ် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနှင့် ကိုက်ညီသော သူကို ချဲ့ကားပြောဆိုခြင်း ပြုရမည်မဟုတ်။ ဤအရာအားလုံးသည် လူတို့၏ ပုန်ကန်ခြင်းမှ လာပေသည်။ ယင်းမှာ ဘုရားသခင်ကို လူသားမျိုးနွယ်၏ ခုခံခြင်း အရင်းအမြစ်သာ ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” မှ

“ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။” (ရှင်မဿဲ ၁၂:၆-၈) ဤနေရာတွင် “ဗိမာန်တော်” ဟူသည့် စကားက မည်သည်ကို ရည်ညွှန်းသနည်း။ ရိုးရိုးရှင်းရှင်းပြောရလျှင်၊ ယင်းသည် ခမ်းနားသော မြင့်မားသော အဆောက်အဦးကို ရည်ညွှန်းပြီး၊ ပညတ်တော်ခေတ်တွင် ဗိမာန်တော်သည် ယဇ်ပုရောဟိတ်တို့အတွက် ဘုရားသခင်ကို ကိုးကွယ်ရန် နေရာတစ်ခုဖြစ်ခဲ့သည်။ သခင်ယေရှုက၊ “ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။” ဟူ၍ပြောသောအခါတွင်၊ “အရာ” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ “အရာ” ဆိုသည်မှာ သိသာထင်ရှားစွာပင် လူ့ဇာတိ၌ရှိသော သခင်ယေရှု ဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် သူသာလျှင် ဗိမာန်တော်ထက် ကြီးမြတ်သူဖြစ်သောကြောင့် ဖြစ်သည်။ ထိုစကားလုံးတို့က လူတို့ကို မည်သည့်အရာ ပြောပြခဲ့ပါသနည်း။ ဗိမာန်တော်ထဲမှ ထွက်ရန် လူတို့ကို ပြောခဲ့ပေသည်- ဘုရားသခင်သည် ဗိမာန်တော်ကို စွန့်ခွာနှင့်ပြီး ဖြစ်ကာ ထိုအထဲတွင် အလုပ်မလုပ်တော့ပေ၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ ခြေလှမ်းများကို ဗိမာန်တော်၏ အပြင်ဖက်တွင် ရှာဖွေသင့်ပြီး၊ သူ၏အမှုသစ်တွင် သူ၏ ခြေလှမ်းများနောက် လိုက်သင့်ပေသည်။ ဤအရာကို သခင်ယေရှုပြောခဲ့ချိန်တွင်၊ သူ၏ စကားများနောက်ကွယ်တွင် အကြောင်းပြချက်တစ်ခုရှိသည်၊ ယင်းမှာ ပညတ်တော် အောက်တွင် လူတို့သည် ဗိမာန်တော်ကို ဘုရားသခင် ကိုယ်တိုင်ထက် သာ၍ကြီးမြတ်သည့် အရာတစ်ခုသကဲ့သို့ မြင်လာခဲ့ကြပြီး ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းထက် ဗိမာန်တော်ကို ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်၊ ထို့ကြောင့် သခင်ယေရှုက ရုပ်တုတို့ကို မကိုးကွယ်ဘဲ ယင်းအစား၊ ဘုရားသခင်သည် သာလွန်ကြီးမြတ်သည့်အတွက်၊ ဘုရားသခင်ကို ကိုးကွယ်ရန် ၎င်းတို့ကို သတိပေးခဲ့သည်။ ထို့ကြောင့် “ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏။” ဟု သူပြောခဲ့ပေသည်။ ယင်းမှာ သခင်ယေရှု၏အမြင်တွင် ပညတ်တော် အောက်တွင် အသက်ရှင်နေကြသော လူအများစုသည် ယေဟောဝါကို မကိုးကွယ်ကြတော့ဘဲ ယဇ်ပူဇော်ခြင်းကို ဟန်ဆောင်လုပ်ရုံလုပ်နေကြပြီး၊ သခင်ယေရှုက ဤသည်မှာ ရုပ်တုကိုးကွယ်ခြင်းဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ ဤရုပ်တုကိုးကွယ်သူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ပိုကြီးမြတ်ပြီး၊ ပိုမြင့်မားသော အရာတစ်ခုအဖြစ် မြင်ခဲ့ကြသည်။ ၎င်းတို့၏ နှလုံးသားများတွင် ဘုရားသခင်မရှိဘဲ၊ ဗိမာန်တော်သာ ရှိပြီး၊ ဗိမာန်တော်ကို ၎င်းတို့ ဆုံးရှုံးသွားခဲ့မည်ဆိုပါက၊ ၎င်းတို့ နေထိုင်ရာအရပ်ကို ဆုံးရှုံးသွားမည်ဖြစ်သည်။ ဗိမာန်တော်မရှိဘဲ၊ ၎င်းတို့သည် ကိုးကွယ်ရန်နေရာမရှိသကဲ့သို့၊ ၎င်းတို့၏ ယဇ်ပူဇော်ခြင်းများကို မဆောင်ရွက်နိုင်ခဲ့ကြချေ။ ၎င်းတို့၏ နေထိုင်ရာအရပ်ဆိုသည်မှာ ဗိမာန်တော်ထဲတွင် နေထိုင်ပြီး မိမိတို့၏ ကိုယ်ပိုင် အရေးကိစ္စများကို ဆောင်ရွက်ဖို့အလို့ငှာ၊ ယေဟောဝါ ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့်ဆိုင်သည့် အတုအယောင် ဟန်ဆောင်မှုကို အသုံးချကြသည့်နေရာ ဖြစ်သည်။ ၎င်းတို့၏ “ယဇ်ပူဇော်ခြင်း” ဆိုသည်မှာ ဗိမာန်တော်ထဲတွင် ၎င်းတို့၏အစေခံခြင်းကို ဦးစီးဦးရွက်ပြုခြင်း အယောင်ဆောင်မှု အောက်တွင် ၎င်းတို့၏ကိုယ်ပိုင် ရှက်ဖွယ်ကောင်းသော အရောင်းအဝယ်ကို ဆောင်ရွက်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ထိုအချိန်က လူတို့သည် ဗိမာန်တော်ကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု မြင်ခဲ့ကြသည့် အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် ဗိမာန်တော်ကို ဗန်းပြတစ်ခုအနေဖြင့် အသုံးပြုပြီး ယဇ်ပူဇော်မှုများကို လူတို့အား လိမ်ညာခြင်းနှင့် ဘုရားသခင်ကို လှည့်စားခြင်းအတွက် အယောင်ပြခြင်းအဖြစ် အသုံးပြု ခဲ့ကြသောကြောင့်၊ သခင်ယေရှုက လူတို့ကို သတိပေးခြင်း တစ်ခုအနေဖြင့် ဤစကားများကို ပြောခဲ့‌ခြင်း ဖြစ်သည်။ သင်တို့သည် ဤစကားများကို လက်ရှိအချိန်အတွက် ကျင့်သုံးပါက၊ ယင်းတို့သည် တန်းတူ ခိုင်လုံမှုရှိပြီး တန်းတူ အကျုံးဝင်ဆဲ ဖြစ်သည်။ ယနေ့လူတို့သည် ပညတ်တော်ခေတ်က လူတို့ ကြုံတွေ့ရခဲ့သည်ထက် မတူကွဲပြားသော ဘုရားသခင်၏ အမှုကို ကြုံတွေ့ကြရပြီးဖြစ်သော်လည်း၊ ၎င်းတို့၏ သဘာဝ အနှစ်သာရမှာ တူညီပေသည်။ ယနေ့ အမှု၏ ဆက်စပ် အကြောင်းအရာတွင်၊ လူတို့သည်၊ “ဗိမာန်တော်သည် ဘုရားသခင်ထက် ကြီးမြတ်သည်။” ဟူသည့် စကားများက ကိုယ်စားပြုသည့် အလားတူ အရာမျိုးများကို လုပ်ဆောင်ကြလိမ့်ဦးမည် ဖြစ်သည်။ ဥပမာအားဖြင့် လူတို့သည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းခြင်းအား ၎င်းတို့၏အလုပ်ဟု မြင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံခြင်းနှင့် အဆင်းနီသောနဂါးကြီးကို တိုက်ခိုက်ခြင်းအား ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် လူ့အခွင့်အရေးကို ခုခံကာကွယ်သော နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုအဖြစ် မြင်ကြသည်။ ၎င်းတို့၏ တာဝန်ကို သက်မွေးမှုလုပ်ငန်းများတွင် အသုံးပြုဖို့ ၎င်းတို့၏ ကျွမ်းကျင်မှုများအဖြစ် ပြောင်းလဲကြသည်၊ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းအား စောင့်ထိန်းရမည့် ဘာသာရေးအယူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် စသဖြင့် သဘောထားကြသည်။ ဤအပြုအမူများသည် အခြေခံအားဖြင့် “ဗိမာန်တော်က ဘုရားသခင်ထက် ကြီးမြတ်သည်။” ဆိုသည်နှင့် အတူတူ ဖြစ်သည်မဟုတ်လော။ ကွာခြားချက်မှာ၊ လွန်ခဲ့သော အနှစ်နှစ်ထောင်က၊ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဗိမာန်တော်တွင် ၎င်းတို့၏ကိုယ်ပိုင် စီးပွားရေးကို ဆောင်ရွက်နေခဲ့ကြသော်လည်း၊ ယနေ့တွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် စီးပွားရေးများကို အကောင်အထည်ပြ၍မရသော ဗိမာန်တော်များတွင် ဆောင်ရွက်ကြပေသည်။ စည်းမျဉ်းများကို တန်ဖိုးထားသော ထိုလူတို့သည် စည်းမျဉ်းများကို ဘုရားသခင်ထက် ပိုကြီးမြတ်သည်ဟု မြင်ကြသည်၊ အဆင့်အတန်းကို ချစ်ကြသော လူတို့သည် အဆင့်အတန်းကို ဘုရားသခင်ထက် ကြီးမြတ်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ အသက်မွေးအလုပ်ကို ချစ်ကြသော လူတို့သည် အသက်မွေးအလုပ်များကို ဘုရားသခင်ထက် သာ၍ကြီးမြတ်သည်ဟု မြင်ကြသည် စသဖြင့်ဖြစ်သည်- ၎င်းတို့၏ ဖော်ပြချက်အားလုံးက ငါ့ကို ဤသို့ပြောစေသည်- “လူတို့က ၎င်းတို့၏စကားများမှတစ်ဆင့် ဘုရားသခင်ကို အကြီးမြတ်ဆုံး အဖြစ် ချီးမွမ်းကြသော်လည်း၊ ၎င်းတို့၏မျက်လုံးများထဲတွင် အရာရာသည် ဘုရားသခင်ထက် သာ၍ ကြီးမြတ်၏။” ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် မိမိတို့၏ ကိုယ်ပိုင် ပါရမီများကို ပြသရန်၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် စီးပွားရေး၊ သို့မဟုတ် ၎င်းတို့၏ အသက်မွေးအလုပ်ကို ဆောင်ရွက်ရန်၊ ဘုရားသခင်နောက်လိုက်လျှောက်ခြင်း လမ်းကြောင်းတစ်လျှောက် အခွင့်အရေးကို ရှာတွေ့သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်ထံမှ ဝေးကွာစေပြီး ၎င်းတို့ချစ်သော အသက်မွေးဝမ်းအလုပ်တို့ထဲသို့ ခြေစုံပစ်ဝင်လိုက်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့်အရာနှင့် သူ၏ အလိုအတွက်မူ၊ ထိုအရာများသည် စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်သည်။ ဤလူတို့၏ အခြေအနေနှင့် လွန်ခဲ့သော နှစ်နှစ်ထောင်က ဗိမာန်တော်၌ ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးကို ဦးစီးဦးရွက်ပြုခဲ့ကြသောသူတို့ကြား ကွာခြားချက်မှာ အဘယ်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော စိတ်နှလုံးများနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရားသခင်၏ အောင်လံကိုလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ အကျိုးအမြတ် ထုတ်နေရင်း၊ နေရာတကာ ဒေါသတကြီး လျှောက်ရမ်းနေ၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ စံနှုန်းများက ပိုမို တင်းကျပ်သည် မဟုတ်လော။ ပိုများသော စီမံခန့်ခွဲမှုအမိန့်များ သာ၍ပင် ရှိသည် မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

မကောင်းသောအကျင့်ကို ရှောင်နိုင်ဖို့အတွက် မရှိမဖြစ် လိုအပ်ချက်မှာ ဘုရားသခင်ကို ကြောက်ရွံ့သောနှလုံးသား ရှိခြင်းဖြစ်သည်။ ဘုရားသခင်ကိုကြောက်ရွံ့သော နှလုံးသားကို မည်သည့်အရာက ဖန်တီးပေးသနည်း။ ယင်းမှာ ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်း ဖြစ်သည်။ ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စံနှုန်းအဖြစ်၊ စံချိန်စံညွှန်းအဖြစ် အသုံးပြုလျက် အရာခပ်သိမ်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ချင့်ချိန်တိုင်းတာနိုင်ခြင်းကို ဆိုလိုသည်။ ရှင်းရှင်းပြောရလျှင် သင်သည် နှလုံးသားထဲတွင် ဘုရားသခင်ကို ပိုင်ဆိုင်ထားသည်၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အား ထည့်စဉ်းစားသည်ကို ဆိုလိုခြင်းဖြစ်သည်။ ယင်းက မည်သည့်အရာကို သင်ပြုလုပ်နေသည်ဖြစ်စေ သတိလက်လွတ်မဖြစ်၊ သင့်သဘောအတိုင်းမသွား၊ မိမိကိုယ်ကို ရှေ့တန်းမတင်ဘဲ၊ ထိုအစား “ငါသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးဖြစ်သည်၊ ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်သည်၊ ငါသည် ဘုရားသခင်ရွေးကောက်ထားသည့် သေးငယ်ပြီး မထင်ရှားသော ဖန်ဆင်းခံသတ္တဝါတစ်ခုဖြစ်သည်။ ငါသည် ထင်မြင်ယူဆချက်များကို မထားရှိ၊ ဆုံးဖြတ်ချက်များကို မပြု၊ ထိုအရာတို့ကို ဘုရားသခင်ထံ အပ်နှံသည်၊ ဘုရားသခင်သည် ငါ၏ အဓိကပံ့ပိုးသူဖြစ်ပြီး ငါပြုသမျှ၌ လမ်းပြပေးသော အလင်းရောင်ဖြစ်သည်။ ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေပြု၍ သူ၏အလိုတော်အတိုင်း ကျင့်ကြံပြုမူရမည်” ဟု အရာခပ်သိမ်း၌ စဉ်းစားလျက် ဘုရားသခင်အား သင်၏အရှင်သခင် ဖြစ်စေခြင်းကို ဆိုလိုသည်။ နှလုံးသားထဲ၌ ဘုရားသခင်ကို ပိုင်ဆိုင်ထားခြင်းဟူသည်မှာ ဤအရာကို ဆိုလိုသည်။ သင်လုပ်လေသမျှ၌ စိတ်လိုက်မာန်ပါ မပြုနှင့်၊ သို့မဟုတ် မဆင်မခြင် မပြုနှင့်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘာပြောသည်၊ ထိုသို့ပြုမူခြင်းက ဘုရားသခင်အတွက် ရွံရှာဖွယ်ကောင်းမကောင်း၊ ထိုအရာက ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီမှုရှိမရှိကို ဦးစွာ စဉ်းစားလော့။ သင်၏စိတ်နှလုံးထဲ၌ မေးခွန်းများမေးကာ ယင်းကို ပြန်လည်ဆင်ခြင်ပြီး သဘောပေါက်ရန် ကြိုးစားလော့။ ကမူးရှူးထိုး မပြုနှင့်။ ကမူးရှူးထိုးပြုခြင်းသည် သင်၏ နဂိုအခြေအနေမှ၊ သင်၏ သွေးဆူခြင်းမှ၊ လူ့စိတ်ဆန္ဒမှ ပေါ်ထွက်လာသည်။ အမြဲတမ်း ကမူးရှူးထိုးပြုခြင်းက ဘုရားသခင်သည် သင်၏နှလုံးသားထဲ၌ မရှိကြောင်းကို သက်သေပြသည်။ ဤသို့ဖြစ်နေလျှင် ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ သင်၏ပြောဆိုချက်များက အဓိပ္ပာယ်မဲ့သော စကားလုံးများသာ မဟုတ်လော။ သင်၏စစ်မှန်မှုက အဘယ်မှာနည်း။ သင်၌ စစ်မှန်မှုမရှိပေ။ သင်၌ ဘုရားသခင်ကို ဘုန်းထင်ရှားစေနိုင်စွမ်း မရှိချေ။ အရာရာတိုင်း၌ ထိန်းချုပ်ရန် ကြိုးစားပြီး သင့်သဘောအတိုင်း ကျင့်ကြံပြုမူခြင်း ဖြစ်သည်။ သင်၌ ဘုရားသခင်ကိုကြောက်ရွံ့သော နှလုံးသားရှိသည်ဟူသည့် သင်၏ပြောဆိုချက်များက ပေါက်ကရစကားပင် မဟုတ်လော။ သင်သည် လိမ်ညာနေပေသည်။ ဘုရားသခင်ကိုကြောက်ရွံ့သည့် နှလုံးသားရှိသော သူတို့အထဲတွင် အထူးသဖြင့် မည်သည့်အရာကို ထုတ်ဖော်ပြသသနည်း။ ဘုရားသခင်ကို ဘုန်းထင်ရှားစေခြင်းပင် ဖြစ်သည်။ ဘုရားသခင်အား ဘုန်းထင်ရှားစေခြင်းကို သင်၏နှလုံးသားထဲ၌ ဘုရားသခင်အတူပါရှိခြင်းက အထူးသဖြင့် ပြသသည်။ သင့်နှလုံးသားထဲ၌ ဘုရားသခင်၏ အတူပါရှိခြင်းကို သင့်အပေါ် တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်သည် အဘယ်မျှ တည်ငြိမ်ပြီး ချင့်ချင့်ချိန်ချိန်ဖြစ်သည့်ပုံ၊ ကမူးရှူးထိုး မပြုသည့်ပုံ၊ သွေးဆူခြင်းအပေါ် မမှီခိုသည့်ပုံ၊ ဘုရားသခင်၏ အလိုတော်ကို တွေးဆသည့်ပုံနှင့် သမ္မာတရား အခြေခံသဘောတရားများကို သင်ရှာဖွေသည့်ပုံတို့အားဖြင့် အထူးသဖြင့် ထုတ်ဖော်ပြသသည်။ သင်ကျင့်ကြံပြုမူသောအခါ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေပြုထားသည်ဖြစ်စေ၊ သို့မဟုတ် သင့်ကိုယ်ပိုင်ဆန္ဒအတိုင်း ဖြစ်သည်ဖြစ်စေ၊ သင့်ကိုယ်ပိုင်ဆန္ဒက အရင်လာသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အရင်လာသည်ဖြစ်စေ― ဤအရာအားလုံးက သင့်နှလုံးသားထဲတွင် ဘုရားသခင်ရှိမရှိ ဟူသည့်အပေါ် မူတည်သည်။ သင်၏နှလုံးသားထဲတွင် ဘုရားသခင်ရှိသည်ဟု သင်ဆိုသော်လည်း သင့်အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင်သည် ကမူးရှူးထိုး ပြုသည်၊ ထိန်းချုပ်ရန် ကြိုးစားသည်၊ ဘုရားသခင်ကို ဘေးဖယ်ထားသည်။ သင်၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းကြီးစွာရှိပြီး သင့်အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အမြဲဆုတောင်းသည်ဟု သင်ပြောတတ်သည်။ သို့သော် ဆုတောင်းပြီးသောအခါ ယင်းကို ပြန်လည်စဉ်းစားပြီး “ဤအရာက၊ သို့မဟုတ် ထိုအရာက မှန်ကန်သောလမ်းဖြစ်သည်ဟု ငါထင်သည်” ဟု မိမိကိုယ်ကို ပြောလေသည်။ ဤအရာအားလုံးမှာ သင်၏ တစ်ကိုယ်ရေဆန္ဒဖြစ်ပြီး သင်နှင့် မည်သူမိတ်သဟာယဖွဲ့သည်ဖြစ်စေ ဘာမျှမထူးခြားချေ။ သို့ဆိုလျှင် ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသား၏ လက္ခဏာတစ်စုံတစ်ရာ သင်၌ ကင်းမဲ့နေသည် မဟုတ်လော။ အကယ်၍ သင်နှင့်ပတ်သက်သော မည်သည့်အရာကမျှ ဘုရားသခင်အား ကြောက်ရွံ့သော နှလုံးသားကို အရိပ်အယောင်မပြပါက သင်သည် ဘုရားသခင်ကို ဘုန်းထင်ရှားစေပြီး သင့်နှလုံးသားထဲတွင် ဘုရားသခင်ရှိသည်ဟု သင်ပြောဆိုသောအခါ ဤအရာများက အဓိပ္ပာယ်မဲ့သော စကားလုံးများသာဖြစ်၏၊ ယင်းတို့က သင်လက်တွေ့ပြုလုပ်သောအရာ မဟုတ်ချေ။ မိမိနှလုံးသားထဲ၌ ဘုရားသခင်ကို မပိုင်ဆိုင်ထားသောသူတို့နှင့် ဘုရားသခင်ကို ဘုန်းထင်ရှားစေနိုင်စွမ်း မရှိသောသူတို့သည် သာမန်လူ့သဘာဝ သဘောကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) သာမန်လူ့သဘာဝ သဘောကို ပိုင်ဆိုင်သောသူတို့ ပထမဆုံးစဉ်းစားသည်မှာ— “ငါသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်သည်၊ ငါသည် ဘုရားသခင်၏ကယ်တင်ခြင်းအတွက် ကြိုးပမ်းသူတစ်ဦးဖြစ်သည်၊ သို့သော် ငါ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေ၏။ ငါသည် ကိစ္စရပ်မှန်သမျှတွင် မိမိကိုယ်ကို ရှေ့တန်းတင်တတ်သည်၊ အမြဲပင် အဆုံးစွန်ကြီးစိုးနေတတ်သည်မှာ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပင် ဖြစ်သည်။ ငါသည် အမြဲပင် ထိန်းကျောင်းရခက်ပြီး ပြောင်းလဲလွယ်ကာ ငါပြုလိုသမျှက သမ္မာတရားနှင့် သဘောကွဲလွဲနေ၏၊ ထို့ကြောင့် ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် အခြေမပြုသည့် ပုံစံဖြင့် အဘယ်သို့ပြုမူကျင့်ကြံနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘာပြောသနည်း။ သမ္မာတရား အခြေခံသဘောတရားများက မည်သည့်အရာများဖြစ်သနည်း။” ဟူ၍ဖြစ်သည်။ ဤသည်တို့မှာ သာမန်လူ့သဘာဝသဘောက ဖန်တီးပေးသည့် စိတ်ကူးများနှင့် အရိပ်လက္ခဏာများ ဖြစ်သည်။ ဤသည်တို့မှာ ပြုမူကျင့်ကြံရမည့် အခြေခံသဘောတရားများနှင့် သဘောထားများတစ်ခု ဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝ သဘောကို သင်ပိုင်ဆိုင်သည့်အခါ သင်၌ရရှိသည့် သဘောထားပင် ဖြစ်သည်။ သင်သည် သာမန်လူ့သဘာဝသဘောကို မပိုင်ဆိုင်သောအခါ ထိုသို့သော သဘောထားမျိုးကို သင်မရရှိပေ။ ထို့ကြောင့် လူ့သဘာဝသဘောတရားက အရေးပါလှပေသည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

ဘုရားသခင် သမ္မာတရားဖြစ်သည်ကို သိနိုင်သူများ၊ သူ့ကို ၎င်းတို့၏ အရှင်သခင်အဖြစ် လက်ခံနိုင်သူများနှင့် သူသည် အရာခပ်သိမ်း၏ အုပ်စိုးရှင်ဖြစ်သည်ကို သိမြင်သူများနှင့်ပတ်သက်၍၊ ထိုသို့သော သူများသည် မိမိတို့ကိုယ်ကိုယ် မည်သို့ ဖော်ပြကြသနည်း။ မည်သည့်အရာကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ကြသနည်း၊ မည်သည့် အခြေအနေများ ၎င်းတို့ ရှိကြပြီး မည်သည့်အရာကို ၎င်းတို့ အသက်ရှင်နေထိုင်ကြသနည်း။ (၎င်းတို့သည် အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေကြသည်။) ယင်းသည် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်၏။ (၎င်းတို့သည် ဘုရားသခင် စီစဉ်ထားသည့် ပတ်ဝန်းကျင်များ၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများအားလုံးကို ကျိုးနွံနာခံကြသည်၊ ယင်းတို့မှ လေ့လာသင်ယူကြပြီး သမ္မာတရားကို ရရှိကြသည်။) (ဘုရားသခင်ကို ဆန့်ကျင်သည့် သို့မဟုတ် ပုန်ကန်ပြစ်မှားသည့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြပါ။) ဤအရာများသည်လည်း ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ဖော်ပြကြသည့် နည်းလမ်းများ ဖြစ်၏။ အဓိကအရာမှာ ၎င်းတို့အား တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ သမ္မာတရားကို ၎င်းတို့ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ၊ ဦးစွာ ပထမ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့မှု ရှိကြ၏။ ၎င်းတို့ မဆင်မခြင် မပြုမူကြသကဲ့သို့၊ သူ့ကို ပုန်ကန်ပြစ်မှားခြင်းလည်း မရှိကြချေ။ ၎င်းတို့ မဆင်မခြင် စကားမပြောကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များသည် စိတ်မြန်လက်မြန် သို့မဟုတ် အကျင့်ပျက်သည်ထက် တည်ငြိမ်ပြီး သုံးသပ်ဆင်ခြင်ကြောင်း၊ ၎င်းတို့သည် အလွန် ငြိမ်သက်အေးချမ်းကြောင်း၊ ၎င်းတို့သည် စိတ်ရှည်ကြောင်း၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့် စကားစမြည်ပြောဆိုပြီး ဘုရားသခင်ကို ရှာဖွေကာ ကျိုးနွံနာခံပြီး ကြောက်ရွံ့ကြကြောင်းကို အခြားသူတို့က မြင်နိုင်လေသည်။ ဤအရာများကို အသက်ရှင်နေထိုင်သော လူတို့သည် ၎င်းတို့အား မည်သည့်အရာများ ဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်စပ်ကာ ချိတ်ဆက်ကြပြီး၊ သူနှင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပုံမှန် ဖြစ်လာ၏။ လူအချို့သည်၊ ၎င်းတို့ စိတ်နှလုံးများထဲ၌ ဘုရားသခင် မရှိသောသူတို့သည်၊ ဤလက်တွေ့အရှိတရားများကို အသက်ရှင်နေထိုင်နိုင်စွမ်း မရှိကြချေ၊ ထို့ကြောင့် ၎င်းတို့၏ စိတ်သဘောထားများသည် မာနထောင်ဖို့၊ အကျင့်ပျက်ဖို့နှင့် ထိန်းမနိုင်သိမ်းမရဖြစ်ဖို့ သေချာပေသည်။ ၎င်းတို့သည် တစ်နေ့လုံး ရယ်မောရင်းနှင့် ရယ်စရာပြောရင်း ကုန်ဆုံးကြသည်၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အားထုတ်ခြင်းမရှိကြချေ၊ ၎င်းတို့ ခေါင်းများထဲ ရောက်လာသမျှ မည်သည့်အရာကိုမဆို ၎င်းတို့ ပြောဆိုကြသည်၊ ၎င်းတို့သည် ၎င်းတို့ လုပ်သမျှတိုင်းတွင် မဆင်မခြင်နှင့် စိတ်မြန်လက်မြန် လုပ်တတ်ကြသည်၊ ၎င်းတို့သည် တည်ငြိမ်သည့် စိတ်တစ်စုံတစ်ရာမျှ မရှိသကဲ့သို့၊ ၎င်းတို့ ပြောဆိုပြီး လုပ်ဆောင်သမျှတိုင်းသည် အကြောင်းမဲ့သက်သက် ၎င်းတို့၏ အစွယ်များကို ဖြဲပြနေကြပြီး ၎င်းတို့၏ လက်သည်းများကို ဝှေ့ရမ်းပြနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ ဖြစ်ကြသည်ကို မြင်မြင်ချင်း သင် ပြောနိုင်သည်။ ဤအရာများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်သော တစ်စုံတစ်ဦး၌ သိမြင်စေသင့်ပြီး ထုတ်ဖော်ပြသင့်သည့် အရာများ ဖြစ်သလော။ ထိုသို့သော အရာများကို ပြသသည့် လူတို့၏ အခြေအနေမှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ရှိသလော။ သူ မရှိသည်မှာ လုံးဝ သေချာ၏။ ထိုသို့သော လူများသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို ခံရကြပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင်၏ ရည်ရွယ်ချက်များနှင့် အမြင်များကို မှန်ကန်စွာ စနစ်တကျ ထားရှိဖို့ လိုအပ်၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏အမှုတော်၊ ဘုရားသခင် စီစဉ်သော ပတ်ဝန်းကျင်များအားလုံး၊ ဘုရားသခင် သက်သေခံသော လူသားနှင့် လက်တွေ့ကျသော ဘုရားသခင်တို့နှင့်သက်ဆိုင်သော မှန်ကန်သည့် သိနားလည်မှုနှင့် မှန်ကန်သည့် သဘောထားပုံတို့ ရှိရမည်။ သင်သည် သင်၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း လက်တွေ့ မလုပ်ဆောင်ရ၊ သို့မဟုတ် သင်၏ ကိုယ်ပိုင် သေးနုပ်သော အကြံများကို မဖန်တီးရ။ မည်သည့်အရာကို သင် လုပ်ဆောင်ပါစေ၊ သမ္မာတရားကို သင် ရှာနိုင်ရမည်ဖြစ်ပြီး၊ ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် သင်၏အနေအထားတွင် ဘုရားသခင်၏ အမှုအားလုံးကို နာခံနိုင်ရမည်။ ဘုရားသခင်၏ စုံလင်စေခြင်းကို လိုက်စားဖို့နှင့် အသက်တာ၏ မှန်သောလမ်းကြောင်းပေါ် ဝင်ရောက်ဖို့ သင် ဆန္ဒရှိပါက၊ သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အစဉ်အမြဲ အသက်ရှင်ရမည်။ အကျင့်မပျက်နှင့်၊ စာတန်နောက်မလိုက်နှင့်၊ စာတန်ကို သူ၏ အလုပ်ကိုဆောင်ရွက်ရန် မည်သည့်အခွင့်အရေးမျှ မပေးနှင့်၊ ပြီးလျှင် သင့်အား အသုံးပြုဖို့ စာတန်ကို အခွင့်မပေးနှင့်။ သင့်ကိုယ်သင် ဘုရားသခင်ထံ လုံးဝ ပေးအပ်ရမည်ဖြစ်ပြီး သင့်အပေါ် ဘုရားသခင်ကို စိုးမိုးခွင့်ပေးရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း” မှ

လူတစ်ဦးက သူသည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်ကို စတင် သတိပြုမိလာသည့်အခါ ထိုသူသည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့အလို့ငှာ ဖန်ဆင်းခြင်း၏ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာဖို့ မျှော်လင့်ချက်များ ရှိလာမည်။ တစ်ချိန်တည်းမှာပင် ထိုသို့သော လူများသည် ဘုရားသခင်ကို မိမိတို့၏သခင်အဖြစ်လည်း လက်ခံလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအားလုံးအပြင် သူ၏စည်းမျဉ်းအားလုံးကိုပါ နာခံဖို့ ဆန္ဒရှိပေမည်။ ထို့ကြောင့် ၎င်းတို့သည် လက်လွတ်စပယ် ပြုမူခြင်းကို ရပ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေကာ ၎င်းတို့လုပ်ဆောင်သမျှ အရာအားလုံး၌ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့လုပ်လိုသည့် အရာတိုင်းကို လုပ်တော့မည်မဟုတ်၊ သို့မဟုတ် ၎င်းတို့၏အစီအစဉ်များအတိုင်း အမှုအရာများကို လုပ်တော့မည် မဟုတ်ပေ။ ၎င်းတို့၏ သီးခြားအကြံဉာဏ်များအပေါ် မှီခိုမည့်အစား ၎င်းတို့သည် ၎င်းတို့၏အတွေးများတွင် ဘုရားသခင်ကို အစဉ်အမြဲ စတင်ထားရှိလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ပုဂ္ဂလဓိဋ္ဌာန်ကျသည့် ဆန္ဒသည် ရှုထောင့်အားလုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့၊ ၎င်းတို့၏ အပြုအမူများ၌ သမ္မာတရားနှင့်ကိုက်ညီဖိုနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့ ဖြစ်လိမ့်မည်။ ထိုသို့သော အခြေအနေတွင်ရှိသော လူများသည် သမ္မာတရားကို ရှာဖွေဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ဖို့ သင်ယူခြင်းကို စတင်ပြီးဖြစ်သည်မှာ ဧကန် ဖြစ်ပေသည်။ သင်သည် ထိုသို့သော အခြေအနေတွင် ရှိနေပြီး ဤအမှုအရာများအား မည်သို့လုပ်ဆောင်ရမည်ကို စတင်သင်ယူနိုင်ပါက သင်သည် သင်ကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သည့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့ ကြိုးစားရန် မဆိုထားနှင့်၊ သင့်ကိုယ်သင် စိတ်ကျေနပ်စေမည့်အစား၊ သို့မဟုတ် အခြားသူတစ်စုံတစ်ဦးကို စိတ်ကျေနပ်စေမည့်အစား ဘုရားသခင်၏ အလိုတော်အား မည်သို့ရှာဖွေရမည်ကို အလိုအလျောက် စတင်သင်ယူလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏နာမတော်ကို ဂုဏ်သရေမညှိုးစေဖို့ မည်သို့လုပ်ရမည်၊ ဘုရားသခင်ကို မည်သို့ဂုဏ်တင်ချီးမွမ်းရမည်၊ ဘုရားသခင်ကို မည်သို့ကြောက်ရွံရမည်နှင့် ဘုရားသခင်ကို မည်သို့ စိတ်ကျေနပ်စေရမည်တို့ကို စတင်ရှာဖွေမည်မှာ ပြောစရာပင် မလိုပေ။ လူများသည် ဤအခြေအနေမျိုးကို ဝင်ရောက်ပြီး ၎င်းတို့၌ ထိုသို့သော အခြေအနေတစ်ခု စတင်ရှိလာသည့်အခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသည့် သဘာဝတို့သည် ၎င်းတို့တွေးခေါ်သည့်ပုံစံကို နောက်ထပ် လမ်းညွှန်တော့မည် မဟုတ်ဘဲ ၎င်းတို့၏အတွေးများနှင့် အကြံဉာဏ်များကို ထိန်းချုပ်ခြင်း၊ သို့မဟုတ် လွှမ်းမိုးခြင်း ရှိတော့မည် မဟုတ်ပေ။ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသည့် သဘာဝတို့သည် ၎င်းတို့ကို ထိန်းချုပ်နိုင်ခြင်း ရှိတော့မည် မဟုတ်ချေ။ သင်သည် ဤအခြေအနေတွင် ရှိသည့်အခါ သင်၏ပုဂ္ဂလဓိဋ္ဌာန်ကျသော ဆန္ဒများသည် အပြုသဘောဆောင်သည့် အရာများအတွက် ဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြခံရခြင်းမှ ဟန့်တားဖို့အလို့ငှာ မည်သို့ ပြုမူရမည်ကိုလည်းကောင်း၊ လက်လွတ်စပယ်ပုံစံဖြင့် ပြုမူခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အမှုအရာများကို လုပ်ဆောင်ခြင်းတို့မှ မည်သို့ထိန်းသိမ်းရမည်ကိုလည်းကောင်း နားလည်နိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို ပိုင်ဆိုင်ဆဲ ဖြစ်လိမ့်မည် ဖြစ်သော်လည်း ယင်းက သင်နှင့်သက်ဆိုင်သည့် အရာအားလုံးကို စိုးမိုးခြယ်လှယ်နိုင်တော့မည် မဟုတ်သကဲ့သို့ သင့်ကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ သို့ဆိုလျှင် သင်သည် သင့်အတွင်း၌ သမ္မာတရား စိုးမိုးလျက်ဖြင့် ရှင်သန်လိမ့်မည် မဟုတ်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်” မှ

ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း သို့မဟုတ် သူ၏ နားဖြင့် ဘုရားသခင်၏ စကားများကို မကြားခဲ့ဖူးသော်လည်း၊ ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရှိခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ၏ သဘောထားမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ ယင်းမှာ ယခင်က ရည်ညွှန်း ခဲ့သည့်အတိုင်း၊ “ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏နာမကို သူ၏ကောင်းချီးပေးခြင်းသည် ခြွင်းချက်မရှိပေ၊ မည်သည့် အခြေအနေတွင်မဆို ဖြစ်ပြီး၊ မည်သည့်အကြောင်းရင်းဖြင့်မျှ ဘောင်ခတ်မထားပေ။ ယောဘသည် ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးလျက် သူ၏စိတ်နှလုံးကို ပေးခဲ့သည်ကို ငါတို့မြင်ရသည်။ သူတွေးသမျှ၊ သူဆုံးဖြတ်သမျှနှင့် သူ၏စိတ်နှလုံးထဲ၌ သူကြံစည်သမျှအားလုံးသည် ဘုရားသခင်အဖို့ ဖွင့်ချထားခဲ့ပြီး ဘုရားသခင်ထံမှ ပိတ်ပင်မထားခဲ့ပေ။ သူ၏ စိတ်နှလုံးသည် ဘုရားသခင်ကို မဆန့်ကျင်ခဲ့သကဲ့သို့၊ ဘုရားသခင်အား သူ့အတွက် တစ်ခုတစ်လေ လုပ်ဆောင်ပေးရန် သို့မဟုတ် သူ့အား တစ်ခုတစ်လေ ပေးရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ၊ ပြီးလျှင် ဘုရားသခင်အား သူ၏ကိုးကွယ်ခြင်းမှ တစ်ခုတစ်လေကို ရရှိမည်ဟူသော လွန်ကဲသည့် အလိုဆန္ဒများကို သူ သိုထားခြင်း မရှိခဲ့ပေ။ ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် နာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ဖူးခဲ့ခြင်း မရှိသကဲ့သို့၊ စကားတစ်ခွန်းတစ်လေ သူပြောသည်ကို၊ အမိန့်တစ်ခုတစ်လေ သူထုတ်ပြန်သည်ကို၊ သွန်သင်ချက် တစ်ခုတစ်လေ သူပေးသည်ကို သို့မဟုတ် သူ့အား တစ်ခုတစ်လေ ညွှန်ကြားသည်ကို ကြားခဲ့ဖူးခြင်းလည်း မရှိပေ။ ယနေ့ စကားများဖြင့်၊ ဘုရားသခင်သည် သူ့အား သမ္မာတရားနှင့် စပ်လျဉ်းသည့် အသိဉာဏ်ပွင်းလင်းစေခြင်း၊ လမ်းပြခြင်း သို့မဟုတ် ထောက်ပံ့မှုတို့ကို မပေးခဲ့ချိန်တွင် သူ့အတွက် ထိုသို့သော အသိပညာတစ်ခုနှင့် ဘုရားသခင်အပေါ် သဘောထားကို ပိုင်ဆိုင်နိုင်ဖို့ဆိုသည်မှာ- ဤသည်မှာ အဖိုးထိုက်ပြီး သူ့အတွက်မူကား ထိုသို့သော အရာများကို ထင်ရှားစေခြင်းသည် ဘုရားသခင်အတွက် လုံလောက်ခဲ့ပြီး သူ၏ သက်သေခံချက်သည် ဘုရားသခင်၏ ချီးကျူးခြင်းနှင့် ဘုရားသခင်၏ မြတ်နိုးခြင်းကို ခံခဲ့ရလေသည်။ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ခဲ့ဖူးခြင်း မရှိ သို့မဟုတ် သူ့ထံ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ သွန်သင်ချက် တစ်ခုတစ်လေကို ဖွင့်ဟပြောဆိုခြင်းကို ကြားခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်အတွက် သူ၏ စိတ်နှလုံးနှင့် သူကိုယ်တိုင်သည် ဘုရားသခင်ရှေ့တွင် အလွန်လေးနက်သော သဘောတရားအရသာ ပြောဆိုနိုင်သောသူများ၊ ဝါကြွားရုံသာဝါကြွားနိုင်သောသူများနှင့် ယဇ်များကို ပူဇော်ခြင်း အကြောင်း ပြောသော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော အသိပညာ လုံးဝ မရှိခဲ့ဖူးသကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါမှ အမှန်တကယ် မကြောက်ရွံ့ခဲ့ဖူးသောသူများထက် သာ၍ပင် အဖိုးထိုက်တန် ခဲ့ပေသည်။ အကြောင်းမှာ ယောဘ၏ စိတ်နှလုံးသည် ဖြူစင်ခဲ့ပြီး ဘုရားသခင်ထံမှ မကွယ်ဝှက်ခဲ့သကဲ့သို့၊ သူ၏လူ့သဘာဝသည် ရိုးသားပြီး ကြင်နာစိတ်ရှိကာ တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာကို နှစ်သက်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့သော စိတ်နှလုံးနှင့် လူ့သဘာဝကို ပိုင်ဆိုင်ထားခဲ့သော ဤကဲ့သို့ လူသားတစ်ဦးတည်းသာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်နိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိခဲ့ပေသည်။ ထိုသို့သော လူသား တစ်ဦးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်နိုင်မည်ဖြစ်သည်၊ သူ၏ ကြဇာအာဏာနှင့် တန်ခိုးကို မြင်နိုင်မည်ဖြစ်ပြီး သူ၏ အချုပ်အခြာ အာဏာနှင့် အစီအစဉ်များကို နာခံခြင်းအား စွမ်းဆောင် ရရှိနိုင်ခဲ့ပေသည်။ ဤကဲ့သို့သော လူသားတစ်ဦးတည်းသာ ဘုရားသခင်၏နာမကို အမှန်တကယ် ချီးမွမ်းနိုင်ခဲ့ပေသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်က သူ့အား ကောင်းချီးပေးမည် မပေးမည် သို့မဟုတ် သူ့အပေါ် ဘေးဒုက္ခ ရောက်စေမည် မရောက်စေမည်ကို မကြည့်ခဲ့သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်၏ လက်တော်ဖြင့် ထိန်းချုပ်ခံရပြီး လူသားအတွက် စိုးရိမ်ဖို့ဆိုသည်မှာ မိုက်မဲမှု၊ မသိနားမလည်မှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့မှု၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် အမှန်တရားအပေါ် သံသယဖြစ်ခြင်းနှင့် ဘုရားသခင်အား မကြောက်ရွံ့ခြင်းတို့၏ လက္ခဏာရပ်တစ်ခု ဖြစ်သည်။ ယောဘ၏ အသိပညာမှာ ဘုရားသခင် အလိုရှိခဲ့သော အရာ အတိအကျ ဖြစ်ခဲ့ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

စာတန်၏ အရည်အချင်းနှင့် အစွမ်းတို့သည် လူသားတို့ထက် ကြီးမားသော်လည်း၊ လူသားက မရရှိနိုင်သည့် အရာများကို သူလုပ်နိုင်သော်လည်း၊ စာတန်လုပ်သည့်အရာကို သင်မနာလိုသည်ဖြစ်စေ၊ အားကျသည်ဖြစ်စေ၊ ထိုအရာများကို သင်မုန်းသည်ဖြစ်စေ၊ ရွံရှာသည်ဖြစ်စေ၊ ထိုအရာများကို သင်မြင်နိုင်စွမ်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ထို့ပြင် စာတန်က မည်မျှရရှိနိုင်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို ကိုးကွယ်ရန်နှင့် ပစားထားရန် လူမည်မျှများများကို သူလှည့်စားနိုင်သည်ဖြစ်စေ၊ ထို့ပြင် သင့်အနေဖြင့် စာတန်ကို မည်သို့သတ်မှတ်သည်ဖြစ်စေ စာတန်၌ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးရှိသည်ဟု သင်ပြော၍မရပေ။ ဘုရားသခင်သည် ဘုရားသခင်သာဖြစ်သည်ကို သင်သိရမည်။ ဘုရားသခင်တစ်ပါးတည်းသာ ရှိ၏။ ထို့အပြင် ဘုရားသခင်သာလျှင် သြဇာအာဏာရှိပြီး အရာအားလုံးကို ထိန်းချုပ်ရန်နှင့် အုပ်စိုးရန် တန်ခိုးရှိသည်ကို သင်သိရမည်။ စာတန်၌ လူတို့ကို လှည့်စားနိုင်သည့် အရည်အချင်းရှိပြီး သူသည် ဘုရားသခင်အသွင် ယောင်ဆောင်နိုင်ကာ ဘုရားသခင်ပြုခဲ့သည့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တုပနိုင်သည့်အပြင် ဘုရားသခင်ကဲ့သို့ ဆင်တူသည့် အရာများကို သူလုပ်ထားသည်ဆိုရုံနှင့် ဘုရားသခင်က အတုမရှိမဟုတ်ကြောင်း၊ ဘုရားများ အများအပြားရှိကြောင်း၊ သူတို့တွင် ပိုကြီးမားသည့်၊ သို့မဟုတ် သေးငယ်သည့် အစွမ်းများရှိကြခြင်းသာဖြစ်ကြောင်းနှင့် သူတို့ကိုင်ဆောင်သည့် တန်ခိုး၏ အတိုင်းအတာက ကွဲပြားမှုများရှိကြောင်း သင်သည် မှားယွင်းစွာ ယုံကြည်တော့သည်။ သူတို့ရောက်ရှိလာသည့် အစီအစဉ်အတိုင်း၊ သူတို့၏ အသက်အရွယ်တို့နှင့်အညီ သူတို့၏ကြီးမြတ်မှုကို သင်အဆင့်သတ်မှတ်၏။ ထို့ပြင် ဘုရားသခင်အပြင် အခြားဘုရားများရှိသည်ဟု သင်သည် မှားယွင်းစွာ ယုံကြည်ပြီး ဘုရားသခင်၏ တန်ခိုးနှင့် သြဇာအာဏာသည် အတုမရှိမဟုတ်ဟု သင်ထင်မြင်၏။ အကယ်၍ သင့်တွင် ဤကဲ့သို့သော စိတ်ကူးမျိုးရှိပါက၊ ဘုရားသခင်၏ အတုမရှိခြင်းကို သင်မသိမြင်ပါက၊ ဘုရားသခင်သာလျှင် သြဇာအာဏာကို ပိုင်ဆိုင်သည်ဟု သင်မယုံကြည်ပါက၊ ထို့အပြင် သင်သည် ဘုရားအများ ကိုးကွယ်သည့်ဝါဒအတိုင်းသာ လိုက်နာပါက သင်သည် ဖန်ဆင်းခံများ၏ လူညံ့၊ လူဖျင်းတစ်ယောက်ဖြစ်ပြီး စာတန်၏ ပြယုဂ်စစ်စစ်ဖြစ်ကာ လုံးဝဆိုးယုတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ငါပြောမည်။ ဤနှုတ်ကပတ်တော်များကို ပြောပြီး သင်တို့ကို အဘယ်အရာအား ငါသင်ကြားနေခြင်းဖြစ်သည်ကို သင်တို့နားလည်သလော။ မည်သည့်အချိန်၊ မည်သည့်နေရာဖြစ်စေ၊ သို့မဟုတ် သင်၏နောက်ကြောင်းက မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို အခြားပုဂ္ဂိုလ်၊ အရာဝတ္ထု၊ သို့မဟုတ် ပစ္စည်းများနှင့် မရောထွေးရ။ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရတို့က မသိနိုင်၊ မချဉ်းကပ်နိုင်ဟု မည်မျှပင် သင်ခံစားရသည်ဖြစ်စေ၊ စာတန်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များက သင်၏အယူအဆ၊ စိတ်ကူးထင်မြင်မှုများနှင့် မည်မျှပင် ကိုက်ညီပါစေ၊ ထိုအရာများက သင့်အတွက် မည်မျှပင် ကျေနပ်အားရဖွယ်ရာဖြစ်နေပါစေ၊ မမိုက်မဲနှင့်၊ ဤအယူအဆများကို မရောထွေးနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို မငြင်းပယ်နှင့်၊ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်ကို မငြင်းပယ်နှင့်၊ ဘုရားသခင်ကို တံခါးအပြင်သို့ တွန်းထုတ်ပြီး သင့်နှလုံးသားထဲတွင် ဘုရားသခင်ကို အစားထိုးရန်နှင့် သင်၏ဘုရားဖြစ်စေရန်အတွက် စာတန်ကို မခေါ်ဆောင်နှင့်။ ဤကဲ့သို့ပြုလုပ်ခြင်း၏ အကျိုးဆက်အား သင်စိတ်ကူးနိုင်စွမ်းရှိသည်ကို ငါသံသယမဝင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

အရှေ့သို့- ၁၅) ဘုရားသခင်ထံ သစ္စာများပြုခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၇) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း၏ အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်