၇၆။ မိမိကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးပြုခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးပြုခြင်းသည် ကောင်းကင်ဘုံက စီမံထားပြီး မြေကြီးက အသိအမှတ်ပြုထားသည့် အဖန်ဆင်းခံ သတ္တဝါများ၏ တာဝန်နှင့် ဝတ္တရားဖြစ်ပြီး၊ မည်သည့် ရလဒ်ကို ၎င်းတို့ ကြုံရသည်ဖြစ်စေ၊ ၎င်းတို့ စောဒကမတက်ရ။

(၂) တစ်ဦးတစ်ယောက်သည် မိမိကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံသည့်အခါ၊ ၎င်းတို့၏ ရည်ရွယ်ချက်ကို မှန်ကန်စေသင့်သည်။ ဘုရားသခင်ထံ အကျိုးအမြတ်များအတွက် အပေးအယူလုပ်ရန် ၎င်းတို့ မရည်မှန်းသင့်သကဲ့သို့ ကောင်းချီးမင်္ဂလာများကို မရှာဖွေသင့်ဘဲ၊ သူ၏ ချစ်ခြင်းမေတ္တာကိုသာ တုံ့ပြန်ပြီး သူ့ကို စိတ်ကျေနပ်စေသင့်ပေသည်။

(၃) ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးခံရန်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ အိမ်တော် လိုအပ်ချက်များအပြင် ၎င်းတို့၏ ကိုယ်ပိုင် အားသာချက်များနှင့် သင့်တော်သည့် တာဝန်တစ်ခုကို ရွေးချယ်ရင်း ဘုရားသခင်၏ စီစဉ်ညွှန်ကြားချက်များနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။

(၄) အသင်းတော်ထဲတွင်၊ သင့်တော်သည့် တာဝန်တစ်ခုကို ဖြည့်ဆည်းရန်မှာ မိမိ၏ သတ်မှတ်ပိုင်းခြားပေးထားသည့် ရာထူးအဆင့်အတန်းတွင် ရပ်တည်ဖို့ ဖြစ်သည်။ ဤနည်းဖြင့်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် ကောင်းမွန်သော အသိစိတ်နှင့် နာခံမှုတို့ဖြင့် အသက်ရှင်နိုင်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အဝတ်အစားဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ ယင်း၏ ညစ်ညမ်းခြင်း၌ လုံးလုံးလျားလျား နင်းချေခြင်းခံလာရလျက်၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၂)” မှ

သင်သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သည်၊ ထို့ကြောင့် သင်၏ စိတ်နှလုံးသားထဲတွင် သင်သည် ဘုရားသခင်အား ချစ်ရပေမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဘေးဖယ်ထားရမည်၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် သင် ကြိုးစားရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ တာဝန်ကို သင် ထမ်းဆောင်ရပေမည်။ သင်သည် ဘုရားသခင်အား ယုံကြည်ကာ ဘုရားသခင် နောက်ကို လိုက်သည့်အတွက်၊ သင်သည် အရာရာကို သူ့ထံ ဆက်သသင့်ပြီး၊ ကိုယ်ပိုင် ရွေးချယ်မှုများ သို့မဟုတ် တောင်းဆိုမှု များ မပြုလုပ်သင့်သကဲ့သို့၊ ဘုရားသခင်၏ စိတ်ဆန္ဒအား ဖြည့်ဆည်းခြင်းကို သင် စွမ်းဆောင် ရရှိသင့်ပေသည်။ သင်သည် ဖန်ဆင်းခြင်း ခံခဲ့ရသည့်အတွက်၊ ပင်ကိုအားဖြင့် မိမိကိုယ်ကိုယ်အပေါ် အုပ်စိုးခြင်း မရှိသကဲ့သို့၊ မိမိ၏ ကိုယ်ပိုင် ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက်၊ သင့်ကို ဖန်ဆင်းသည့် သခင်ကို သင်သည် နာခံသင့်ပေသည်။ သင်သည် ဘုရားသခင်အား ယုံကြည်သော လူတစ်ဦး ဖြစ်သည့်အတွက်၊ သန့်ရှင်းခြင်းနှင့် ပြောင်းလဲခြင်းကို ဖွေရှာသင့်သည်။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည့်အတွက်၊ သင်၏ တာဝန်ကို လိုက်နာစောင့်ထိန်းသင့်ပြီး၊ သင်၏ နေရာကို ထိန်းသိမ်းသင့်ကာ၊ သင်၏ တာဝန်ကို ဘောင်မကျော်သင့်ပေ။ ဤသည်မှာ သင့်အား ဘောင်ခတ်ရန်၊ သို့မဟုတ် သင့်ကို အယူဝါဒမှတစ်ဆင့် ချိုးနှိမ်ရန် မဟုတ်ဘဲ၊ ထိုအစား ဤသည်မှာ သင်၏ တာဝန်ကို သင် ထမ်းဆောင်နိုင်သည့် လမ်းကြောင်း ဖြစ်ပြီး၊ ယင်းကို ဖြောင့်မတ်ခြင်း ပြုသော သူအားလုံးက စွမ်းဆောင်ရရှိနိုင်သည် စွမ်းဆောင် ရရှိသင့်ပေသည်။...ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

လူ၏တာဝန်နှင့် သူ ကောင်းချီးခံစားရခြင်း သို့မဟုတ် ကျိန်ခြင်းခံရခြင်း ရှိမရှိဆိုသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံပေးသည့် သူ၏အသက်မွေးအလုပ် ဖြစ်ပြီး၊ ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ ခံစားရဖို့ဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကျိန်ခြင်းအမင်္ဂလာခံရဖို့ဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် တစ်စုံတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ယင်းမှာ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည့်အချိန် ဖြစ်သည်။ ၎င်းတို့ ကောင်းချီးပေး ခံရသည်ဖြစ်စေ၊ ကျိန်ခြင်းခံရသည်ဖြစ်စေ၊ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦး၊ ဘုရားသခင်၏ ကျိန်ခြင်းခံရသည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကျိန်ခြင်း ခံရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ- သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူ လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး၊ သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက၊ ဤသည်မှာ သူ၏ ပုန်ကန်မှု ဖြစ်သည်။ လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး သူ၏ သစ္စာစောင့်သိမှုကို ပြသသည်မှာ ဤဖြစ်စဉ်မှတစ်ဆင့် ဖြစ်ပေသည်။ ထိုသို့ဖြင့် သင်သည် သင်၏တာဝန်ကို ပို၍ လုပ်ဆောင်နိုင်လေ၊ သာ၍ များသည့် သမ္မာတရားကို သင် ရရှိလေဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင်၏ဖော်ပြချက်သည် သာ၍ စစ်မှန်လာလေ ဖြစ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့၏တာဝန်ကို လုပ်ဆောင်ရာတွင် ဟန်ဆောင်လုပ်ပြရုံမျှလုပ်ပြပြီး သမ္မာတရားကို မရှာဖွေသောသူတို့သည် အဆုံးတွင် သုတ်သင်ပယ်ရှင်းခြင်းကို ခံရလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ၎င်းတို့၏ တာဝန်ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မလုပ်ဆောင်ကြသကဲ့သို့၊ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသည့် အတွက် ဖြစ်သည်။ ၎င်းတို့သည် မပြောင်းမလဲ ရှိနေသူများဖြစ်ပြီး ကျိန်ခြင်းကို ခံကြရလိမ့်မည်။ ၎င်းတို့၏ ဖော်ပြချက်များသည် မစင်ကြယ်သည်သာမက၊ ၎င်းတို့ ဖော်ပြသည့် အရာတိုင်းသည် ဆိုးယုတ်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု” မှ

သင်သည် သင်၏ စိတ်နှလုံး၊ ခန္ဓာနှင့် သင်၏စစ်မှန်သော ချစ်ခြင်းမေတ္တာ အားလုံးကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ယင်းတို့ကို ဘုရားသခင်ရှေ့တွင် ထားရှိနိုင်ပါက၊ သူ့အပေါ် လုံးဝ နာခံနိုင်ပြီး သူ၏အလိုကို လုံးဝ ထောက်ထားနိုင်ပါက- ဇာတိပကတိအတွက် မဟုတ်၊ မိသားစုအတွက် မဟုတ်၊ သင်၏ ကိုယ်ရေးကိုယ်တာ ဆန္ဒများအတွက် မဟုတ်ဘဲ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးများအတွက်၊ အရာရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေခံသဘောတရားနှင့် အခြေခံအုတ်မြစ် အဖြစ်ခံယူလျက်- ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ ရှုထောင့်အမြင်များအားလုံးသည် နေရာမှန်တွင် ရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုအခါ သင်သည် ဘုရားသခင့်ရှေ့တွင် သူ၏ချီးမွမ်းမှုကို ရရှိသော လူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်နှစ်သက်သူများသည် သူ့အပေါ် အကြွင်းမဲ့ရှိသူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝဥဿုံ ဆက်ကပ်အပ်နှံနိုင်သော သူများ ဖြစ်သည်။ ဘုရားသခင် စက်ဆုပ်ရွံရှာသောသူများမှာ သူ့အပေါ် စိတ်မပါ့တပါဖြစ်သောသူများနှင့် သူ့ကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ သူ့ကို ယုံကြည်ပြီး သူ့ကို အမြဲ မွေ့လျော်လိုသော်လည်း၊ သူ့အတွက် မိမိတို့ကိုယ်ကိုယ် လုံးဝ အသုံးပြုမခံနိုင်သောသူများကို သူ စက်ဆုပ်၏။ သူ့ကို ချစ်သည်ဟုပြောသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သူ့အား ဆန့်ကျင်ပုန်ကန်သူများကို သူ စက်ဆုပ်၏။ လှည့်ဖြားခြင်း၌ ပါဝင်လုပ်ဆောင်ရန် စကားပြောကောင်းသည့်၊ ကွန့်လွန်းသော စကားများကို အသုံးပြုသောသူများအား သူ စက်ဆုပ်သည်။ ဘုရားသခင်အား အမှန်တကယ် မဆက်ကပ်သောသူများ သို့မဟုတ် သူ့၏ ရှေ့မှောက်တွင် အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိသောသူများသည် သစ္စာဖေါက်ပြီး သဘာဝအားဖြင့် အလွန် မာနထောင်လွှားကြသည်။ ပုံမှန်၊ လက်တွေ့ကျသော ဘုရားသခင်ရှေ့၌ အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိနိုင်သော သူများသည် သာ၍ပင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အထူးသဖြင့် ကောင်းကင်တမန်မင်း၏ တာဝန်ကျေသော သားသမီးများ ဖြစ်ကြသည်။ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အမှန်တကယ် အသုံးခံသောသူများသည် သူ၏ရှေ့တွင် ၎င်းတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို ခင်းကျင်းထားသည်။ ၎င်းတို့သည် သူ၏ မိန့်မြွက်ချက်များအားလုံးကို အမှန်တကယ် ကျိုးနွံနာခံပြီး၊ သူ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ၎င်းတို့၏ တည်ရှိခြင်း အခြေခံအုတ်မြစ် ဖြစ်စေပြီး မည်သည့်အပိုင်းများအား လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိဖို့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ စိတ်အားထက်သန်စွာ ရှာဖွေနိုင်ကြလေသည်။ ယင်းမှာ ဘုရားသခင်ရှေ့တွင် အမှန်တကယ် အသက်ရှင်သော လူများဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” မှ

ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏- “ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ဆောင်ရွက်ရမည်။” ဤအရာကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အယူဝါဒနှင့်ဆိုင်သော စကားလုံးအနည်းငယ်သာ ဧကန်မုချ ပါရှိလေသည်။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။ ထိုသို့သောလူတို့၏ ယုံကြည်ခြင်းသည် အတောမသတ်သော အားသွန်ခွန်စိုက် အလုပ် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး စိတ်ထဲတွင် ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ သူ၏ အိမ်တော်တွင် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ သေချာပေါက် ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ စတေးခံနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ဘုရားသခင်၏ ကောင်းချီးအခံစားရဆုံးသူများ- အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများ- အလယ်တွင် ၎င်းတို့ ရှိကြလိမ့်မည် ဖြစ်ပြီး ထိုအခါ သရဖူများ အပေးခံရဖို့ သေချာလိမ့်မည်ဟု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ ပေါလု စိတ်ကူးခဲ့သည့် အရာနှင့် သူ ကြိုးစားခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ယင်းမှာ သူ လျှောက်လှမ်းခဲ့သည့် တိကျသော လမ်းကြောင်း ဖြစ်ပြီး၊ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထို အတွေးများနှင့် ရည်ရွယ်ချက်များက ဆိုးယုတ်သော သဘာဝမှ ပေါ်ပေါက်ပေသည် မဟုတ်လော။ ယင်းမှာ ကမ္ဘာမြေပေါ်တွင်ရှိစဉ် အသိပညာကို လိုက်စားရမည်ဖြစ်ပြီး၊ ယင်းကို ရရှိပြီးသည့်နောက်တွင်သာ လူအုပ်မှ ၎င်းတို့ ထင်ပေါ်နိုင်သည်၊ အရာရှိများ ဖြစ်လာနိုင်ပြီး အဆင့်အတန်းရှိနိုင်သည်ဟု ယုံကြည်ကြသည့် လောကီလူသားများကဲ့သို့သာ ဖြစ်ပေသည်။ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ ရည်မှန်းချက်များကို ၎င်းတို့ ပြည့်မြောက်စေနိုင်ပြီး ၎င်းတို့၏ အိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို အချို့သော အဆင့်များကို မီအောင် လုပ်ဆောင်နိုင်သည်ဟု ၎င်းတို့ ထင်ကြသည်။ မယုံကြည်သူများအားလုံးသည် ဤလမ်းကြောင်းကို လျှောက်လှမ်းကြသည် မဟုတ်လော။ ဤစာတန်ဆန်သော သဘာဝ၏ ကြီးစိုးခြင်းခံရသူများသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ပေါလုကဲ့သို့သာ ဖြစ်နိုင်သည်- “ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံဖို့ အရာရာကို ငါ စွန့်ပစ်ရမည်။ သူ၏ ရှေ့မှောက်တွင် ငါ သစ္စာရှိရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ငါသည် အခမ်းနားဆုံးသော သရဖူနှင့် အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာများကို ရရှိလိမ့်မည်။” ဤသည်မှာ လောကီအရာများကို လိုက်စားကြသည့် လောကီလူတို့၏ သဘောထားအတိုင်း ဖြစ်ပေသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြင်းမရှိသကဲ့သို့ တူညီသည့် သဘာဝကို ခံစားရသည်။ လူတို့သည် ဤဆိုးယုတ်သော သဘာဝမျိုး ရှိကြသည့်အခါ၊ အပြင်လောကထဲတွင်၊ ၎င်းတို့သည် အသိပညာ၊ အဆင့်အတန်း၊ ပညာတို့ကို ရရှိရန်နှင့် လူအုပ်မှ ထင်ပေါ်ဖို့ ကြိုးစားကြလိမ့်မည်။ ဘုရားသခင်၏ အိမ်တော်ထဲတွင်၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် ၎င်းတို့ အသုံးခံဖို့၊ သစ္စာရှိဖို့ နှင့် နောက်ဆုံးတွင် သရဖူများ နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ၎င်းတို့ ကြိုးစားကြလိမ့်မည်။ ဘုရားသခင်၌ ယုံကြည်သူများ ဖြစ်လာကြပြီးနောက်တွင်၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်သဘောထားများထဲတွင် ပြောင်းလဲမှုတစ်ခုကို မကြုံကြရသေးပါက၊ ဤသည်မှာ ၎င်းတို့ သေချာပေါက် ရှိလိမ့်မည်ဖြစ်သည့် လမ်းကြောင်း ဖြစ်ပေသည်။ ဤသည်မှာ မည်သူမျှ ငြင်းမရနိုင်သည့် လက်တွေ့အရှိတရားတစ်ခု ဖြစ်ပြီး၊ ပေတရု၏ လမ်းကြောင်းကို လုံးလုံး ဆန့်ကျင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

ယခုတွင် ပေတရု လျှောက်လှမ်းခဲ့သည့် တိကျသည့်လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သင့်ပေသည်။ ပေတရု၏ လမ်းကြောင်းကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်လျှင် ယနေ့ လုပ်ဆောင်နေသည့် အမှုနှင့်ပတ်သက်၍ သင် သေချာလိမ့်မည်၊ ထို့ကြောင့် သင်သည် ညည်းညူခြင်း ရှိမည်မဟုတ် သို့မဟုတ် မတုန်မလှုပ် ဖြစ်မည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ တောင့်တမည်မဟုတ်ပေ။ ထိုအချိန်က ပေတရု၏ စိတ်နေစိတ်ထားကို သင် တွေ့ကြုံသင့်သည်။ သူသည် ဝမ်းနည်းမှု ဖိစီးနေခဲ့သည်။ အနာဂတ်တစ်ခု သို့မဟုတ် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ သူ မတောင်းဆိုခဲ့တော့ပေ။ အကျိုးအမြတ်၊ ပျော်ရွှင်ခြင်း၊ ကျော်ကြားမှု သို့မဟုတ် လောကထဲရှိ ပစ္စည်းဥစ္စာတို့ကို သူ မရှာဖွေခဲ့ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ဖို့နှင့် သူ လုံးဝအဖိုးတန်ဆုံးဟု ယူဆသည့် အရာကို ဘုရားသခင်အား ဆက်ကပ်ဖို့ဖြစ်သော အဓိပ္ပါယ်အရှိဆုံး အသက်တာကို အသက်ရှင်ဖို့သာ သူ ကြိုးစားခဲ့သည်။ ထို့နောက်တွင် သူ၏ စိတ်နှလုံးထဲ၌ ကျေနပ်ခဲ့ရသည်။ သူက၊ “သခင်ယေရှုခရစ်တော်၊ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် ချစ်ခဲ့သော်လည်း ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ စစ်မှန်စွာမချစ်ခဲ့ပါ။ ကိုယ်တော့်၌ ကျွန်ုပ် ယုံကြည်ခြင်းရှိသည်ဟု ပြောခဲ့သော်လည်း၊ စစ်မှန်သော နှလုံးသားဖြင့် ကိုယ်တော့်ကို ကျွန်ုပ် ဘယ်သောအခါမျှ မချစ်ခဲ့ပါ။ ကိုယ်တော့်ကို အထင်ကြီးရုံ ကြီးခဲ့သည်၊ ကြည်ညိုရုံကြည်ညိုခဲ့ပြီး ကိုယ်တော့်ကို လွမ်းဆွတ်ရုံသာ ဖြစ်ခဲ့သော်လည်း ကိုယ်တော့်ကို ဘယ်သောအခါမျှ မချစ်ခဲ့သကဲ့သို့ ကိုယ်တော်၌ ယုံကြည်ခြင်း စစ်မှန်စွာမရှိခဲ့ပါ” ဟူသော စကားများဖြင့် ယေရှုထံ မကြာခဏ ဆုတောင်းခဲ့သည်။ သူ သန္နိဋ္ဌာန်ချဖို့ရန် သူစဉ်ဆက်မပြတ် ဆုတောင်းခဲ့ပြီး သူသည် ယေရှု၏ နှုတ်ကပတ်တော်များအားဖြင့် အမြဲ ခွန်အားရခဲ့ကာ ၎င်းတို့မှ စိတ်လှုံ့ဆော်မှုကို ရယူခဲ့သည်။ နောက်ပိုင်းတွင်၊ အတွေ့အကြုံ ကာလတစ်ခု အပြီးနောက်၊ ယေရှုက သူ့ကို နောက်ထပ် တမ်းတဖို့ ဆွပေးရင်း ပေတရုကို စစ်ဆေးခဲ့သည်။ သူက၊ “သခင်ယေရှုခရစ်တော်။ ကိုယ်တော့်ကို ကျွန်ုပ် လွမ်းဆွတ်လှပြီး ကိုယ်တော့်ကို ဖူးမျှော်ဖို့ တောင့်တမိပါ၏။ ကျွန်ုပ် ချို့တဲ့လွန်းလှပြီး ကိုယ်တော်၏ ချစ်ခြင်းကို ထေမိစေရန် မပြုနိုင်ပါ။ မကြာမီ ကျွန်ုပ်ကို ခေါ်ဆောင်သွားဖို့ ကိုယ်တော့်ကို ကျွန်ုပ် အနူးအညွတ် တောင်းပန်ပါ၏။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ကိုယ်တော် လိုအပ်မည်နည်း။ မည်သည့်အချိန်တွင် ကျွန်ုပ်ကို ခေါ်ဆောင်သွားမည်နည်း။ ကိုယ်တော်၏ မျက်နှာကို မည်သည့်အချိန်တွင် ကျွန်ုပ် ဖူးမျှော်ရမည်နည်း။ ဤခန္ဓာကိုယ်၌ အသက်မရှင်လိုတော့ပါ၊ ဖောက်ပြန်ပျက်စီးသောသူ ဆက်ဖြစ်လာဖို့ ကျွန်ုပ် ဆန္ဒမရှိတော့သကဲ့သို့ ဆက်လက်၍ ပုန်ကန်ဖို့လည်း ကျွန်ုပ် ဆန္ဒမရှိပါ” ဟု ပြောခဲ့သည်။ ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ချက်ချင်းပင် ဆက်ကပ်ရန် အသင့်ရှိပါ၏၊ ကိုယ်တော့်ကို ဆက်လက်၍ ဝမ်းနည်းစေဖို့ ကျွန်ုပ် ဆန္ဒမရှိပါ။ ဤသည်မှာ သူ ဆုတောင်းသည့်ပုံဖြစ်သော်လည်း ယေရှုက သူ့အထဲတွင် မည်သည့်အရာ စုံလင်စေမည်ကို ထိုအချိန်က သူ မသိခဲ့ပါ။ သူ၏ စစ်ဆေးခံရခြင်းနှင့်ဆိုင်သည့် မချိတင်ကဲဝေဒနာ အတော အတွင်းတွင်၊ ယေရှုသည် သူ့ထံ တစ်ဖန် ပေါ်လာခဲ့ပြီး၊ “ပေတရု၊ ငါ၏ စုံလင်ခြင်း ပုံဆောင်ခဲတစ်ခုဖြစ်သည့် အသီးအပွင့်တစ်ခုနှင့် ငါ မွေ့လျော်မည့်အရာ သင်ဖြစ်လာသည်အထိ ငါသည် သင့်ကို စုံလင်အောင် ပြုဖို့ ဆန္ဒရှိသည်။ ငါ့အတွက် သင် အမှန်တကယ် သက်သေခံနိုင်သလော။ သင်လုပ်ဆောင်ရန် ငါ စေခိုင်းသည့်အရာကို လုပ်ဆောင်ပြီးပြီလော။ ငါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင် ပြီးပြီလော။ တစ်ချိန်က သင် ငါ့ကို ချစ်ခဲ့သည်၊ သို့သော် သင်ငါ့ကို ချစ်ခဲ့သော်လည်း ငါ့ကို သင် အသက်ရှင်နေထိုင်ပြီးပြီလော။ ငါ့အတွက် သင် မည်သည့်အရာ လုပ်ဆောင်ပြီးပြီနည်း။ သင်သည် ငါ၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်သည်ကို သင်သတိပြုမိသော်လည်း ငါ့အတွက် သင် မည်သည့်အရာကို လုပ်ဆောင်ပြီးပြီနည်း” ဟု ဆိုခဲ့သည်။ ယေရှုအတွက် သူ ဘာမျှ မလုပ်ဆောင်ခဲ့သည်ကို ပေတရုမြင်ခဲ့ပြီး ဘုရားသခင်အား သူ၏ အသက်တာကို ပေးရန် သူ၏ယခင်ကျမ်းသစ္စာကို သူ သတိရခဲ့သည်။ ထို့ကြောင့်၊ သူသည် နောက်ထပ် မညည်းညူတော့သကဲ့သို့ ထိုအချိန်မှစ၍ သူ၏ ဆုတောင်းချက်များက များစွာ သာ၍ကောင်းမွန်လာခဲ့သည်။ သူက၊ “သခင်ယေရှုခရစ်တော်။ တစ်ချိန်က ကိုယ်တော့်ကို ကျွန်ုပ် စွန့်ခွာခဲ့ပြီး ကိုယ်တော်ကလည်း ကျွန်ုပ်ကို စွန့်ခွာခဲ့ပါ၏။ ကျွန်ုပ်တို့သည် ခွဲခွာသည့်အချိန်နှင့် အဖော်ပြုလျက် အတူတကွ ရှိချိန်တို့ ရှိခဲ့ကြပါ၏။ သို့သော်လည်း အခြားအရာအားလုံးထက် ကိုယ်တော်သည် ကျွန်ုပ်ကို ပိုချစ်ပါ၏။ ကိုယ်တော့်ကို ကျွန်ုပ် အဖန်ဖန် ပုန်ကန်မိခဲ့ပြီး အဖန်ဖန် ဝမ်းနည်းကြေကွဲစေခဲ့ပါ၏။ ထိုသို့သော အရာများကို အကျွန်ုပ် အဘယ်သို့ မေ့လျော့နိုင်ပါမည်နည်း။ အကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုနှင့် ကျွန်ုပ်ကို ကိုယ်တော် အပ်နှံခဲ့သည့်အရာကို စိတ်ထဲတွင် အစဉ်မှတ်ထားလျက်နေပြီး ကျွန်ုပ် ဘယ်သောအခါမျှ မမေ့လျော့ပါ။ ကျွန်ုပ်အပေါ် ကိုယ်တော်ပြုခဲ့သည့် အမှုအတွက် ကျွန်ုပ်တတ်နိုင်သမျှ အရာရာကို ကျွန်ုပ် လုပ်ဆောင်ပြီးပါပြီ။ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သိပြီး ထိုထက် မည်သည့် ကဏ္ဍ၌ ကျွန်ုပ် ပါ၀င်နိုင်သည်ကို ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများကို နာခံဖို့ ကျွန်ုပ် ဆန္ဒရှိပြီး ကျွန်ုပ်၌ ရှိသမျှအရာရာကို ကိုယ်တော့်အား ဆက်ကပ်ပါမည်။ ကိုယ်တော့်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို ကိုယ်တော်သာ သိပါ၏။ စာတန်က ကျွန်ုပ်ကို အလွန် အရူးလုပ်ပြီး ကိုယ်တော့်ကို ကျွန်ုပ် ပုန်ကန်မိခဲ့သော်လည်း၊ ထိုအပြစ်များအတွက် ကျွန်ုပ်ကို ကိုယ်တော် အမှတ်ရသည် မဟုတ်ကြောင်းနှင့် ထိုအပြစ်များအပေါ် အခြေခံ၍ ကျွန်ုပ်ကို မဆက်ဆံကြောင်းကို ကျွန်ုပ် ယုံကြည်ပါ၏။ ကျွန်ုပ်၏ အသက်တာ တစ်ခုလုံးကို ကိုယ်တော့်အား ဆက်ကပ်ဖို့ ကျွန်ုပ် ဆန္ဒရှိပါ၏။ မည်သည့်အရာကိုမျှ ကျွန်ုပ် မတောင်းဆိုသကဲ့သို့ အခြားသော မျှော်လင့်ချက်များ သို့မဟုတ် အစီအစဉ်များ ကျွန်ုပ်တွင် မရှိပါ။ ကိုယ်တော်၏ ရည်ရွယ်ချက်များအတိုင်း ပြုမူဖို့နှင့် ကိုယ်တော်၏ အလိုတော်ကို လုပ်ဆောင်ဖို့သာ ကျွန်ုပ် ဆန္ဒရှိပါ၏။ ကိုယ်တော်၏ ခါးသောခွက်မှ ကျွန်ုပ်သောက်ပါမည်၊ ကျွန်ုပ်ကို စေခိုင်းဖို့ ကိုယ်တော်ပိုင်ပါ၏” ဟု ပြောရင်း ဆုတောင်းခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှုကို ပေတရု သိကျွမ်းလာခဲ့ပုံ” မှ

သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ယင်းအပေါ် အစွမ်းကုန် သင် အလုပ်လုပ်ရန်သာ လိုအပ်ပြီး၊ သင်သည် အဆုံး၌ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်ဖြစ်ပြီး သူ့အား သင်၏ အဆုံးစွန် ဆည်းကပ်မှုကို ပေးနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် သူ၏ ပလ္လင်ထက်တွင် ထိုင်နေရင်း သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင် မြင်နိုင်သရွေ့၊ ဤအခိုက်အတန့်သည် သတ်မှတ်ထားသည့် သင်၏ သေဆုံးခြင်းအချိန်ဖြစ်လျှင်ပင်၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်ကာ ပြုံးနိုင်သင့်ပေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ သင်၏ အချိန်ကာလ အတောအတွင်းတွင်၊ သင်သည် ဘုရားသခင်အတွက် သင်၏နောက်ဆုံး တာဝန်ကို လုပ်ဆောင်ရမည်။ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံသတ္တဝါတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို နေရာချဖို့ရန်အတွက်၊ သင်သည် အချိန်ဆွဲမနေဘဲ သင့်ကိုယ်သင် ဘုရားသခင်ထံ မြန်မြန် ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

ယနေ့တွင် ငါ့အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ သယ်ဆောင်သူများ- ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ဧကန်မုချ ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကိုယ် ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ ပိုင်ဆိုင်မှုထဲသို့ ဧကန်ဝင်ကြ ရလိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ကြွယ်ဝမှုကို အမွေခံကြရလိမ့်မည်။ ငါ့အတွက် ဟိုဟိုသည်သည် အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံမှုများပြုသောသူတို့ကို ဝမ်းမြောက်စွာ ငါထွေးပိုက်မည်၊ ပြီးလျှင် ငါ့ထံ ပူဇော်မှုများ ပြုကြသော သူတို့အား ငါသည် ပျော်ရွှင်မှုများ ပေးသနားမည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော်မှု ရှာတွေ့သော သူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားသည့် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏ အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ကြွယ်ဝမှုကို ရကြလိမ့်မည် ဖြစ်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၉” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

အရှေ့သို့- ၇၅။ မိမိ၏ ရာထူးအဆင့်အတန်းကို အတည်ပြုခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၇၇။ ဘုရားသခင့် အိမ်တော်၏ အလုပ်ကို ကာကွယ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်