၂၁။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

၁။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအားလုံးကို လက်ခံကာ ကျိုးနွံနာခံဖို့ လိုအပ်သည်။ ထို့အပြင်၊ တစ်ဦးတစ်ယောက်သည် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့အပြင် စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကို လက်ခံရမည်။ ထိုသို့ဖြင့်သာ သန့်စင်ခံရနိုင်ပြီး ကယ်တင်ခံရနိုင်ပေသည်။

၂။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားအားလုံးကို လက်ခံကာ ကျိုးနွံနာခံလော့။ ယင်းနှင့်သက်ဆိုင်၍ မည်မျှကို တစ်ဦးတစ်ယောက်က နားလည်သည်ဖြစ်စေ၊ ယင်းကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံသင့်သည်။ ထိုသို့ဖြင့်သာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်။

၃။ အတိဒုက္ခနှင့် စမ်းသပ်မှုများ ထွက်ပေါ်ချိန်တွင်၊ သမ္မာတရားကို ရှာဖွေဖို့၊ ဘုရားသခင်ကို ကြည်ညိုဖို့နှင့် သူ့အပေါ် မှီခိုဖို့ လိုအပ်သည်။ ထိုသို့ဖြင့်သာ သူ၏ လုပ်ရပ်များကို တွေ့မြင်နိုင်ပြီး သူ့ကို စစ်မှန်စွာ သိလာနိုင်ပေသည်။

၄။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ အလင်းပေးခြင်းနှင့် အတွင်း လမ်းပြခြင်းတို့ကို ကျိုးနွံနာခံဖို့နှင့် မိမိ၏ တာဝန်ကို သမ္မာတရား အခြေခံသဘောတရားနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်သက်ဆိုင်သည့် စစ်မှန်သော သက်သေခံချက် ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၌ ယုံကြည်မှုသည် ဘုရားသခင်ကို သိကျွမ်းခြင်းအဖို့ ပထမခြေလှမ်းဖြစ်သည်။ ဘုရားသခင်ကို ဤကနဦးယုံကြည်ခြင်းမှ သူ့ကို အလေးနက်ဆုံး ယုံကြည်ခြင်းဆီသို့ တိုးတက်ခြင်းဖြစ်စဉ်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းဖြစ်စဉ်၊ ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်း ဖြစ်စဉ် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာခြင်းအတွက် မဟုတ်ဘဲ၊ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက်သာ သင်သည် ဘုရားသခင်ကို ယုံကြည်ပါက၊ သင်၏ယုံကြည်ခြင်းတွင် စစ်မှန်မှု မရှိသကဲ့သို့ သင်၏ ယုံကြည်ခြင်းသည် ဖြူစင်မလာနိုင်ပေ- ဤအရာနှင့်ပတ်သက်၍သံသယဖြစ်စရာမရှိပေ။ လူသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည့် ဖြစ်စဉ်အတွင်းတွင်၊ သူသည် ဘုရားသခင်ကို တဖြည်းဖြည်း သိကျွမ်းလာပါက၊ သူ၏ စိတ်သဘောထားသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ သူ၏ယုံကြည်မှုသည် တိုး၍ စစ်မှန်လာလိမ့်မည်။ ဤနည်းဖြင့်၊ လူသည် ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းတွင် အောင်မြင်မှုရရှိသောအခါတွင်၊ သူသည် ဘုရားသခင်ကို အပြည့်အဝ ရရှိသွားပြီး ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်” မှ

သင်၌ ဘုရားသခင်၏ အမှုကို သိကျွမ်းခြင်းမရှိပါက၊ ဘုရားသခင်နှင့် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည်ကို သင်သိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ အမှုများ၏ အခြေခံသဘောတရားများကို မသိကျွမ်းဘဲ၊ စာတန်သည် လူသား၌ မည်သို့ အလုပ်လုပ်သည်ကို သတိမမူမိပါက၊ သင့်တွင် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိမည် မဟုတ်ပေ။ စိတ်အားထက်သန်စွာ လိုက်စားခြင်း တစ်ခုတည်းက သင့်အား ဘုရားသခင် တောင်းဆိုသော ရလဒ်များကို ရရှိစေလိမ့်မည် မဟုတ်ပေ။ ယင်းသို့သော တွေ့ကြုံခြင်းနည်းလမ်းသည်- မည်သည့်ခြားနားမှုမျှ မရှိဘဲ၊ အတွေ့အကြုံကိုသာ အာရုံစိုက်ပြီး၊ စာတန်၏ အလုပ်သည် မည်သည့်အရာဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်မရှိဘဲ လူသားသည် မည်သည့်အခြေအနေတွင် ရှိသည်၊ ထို့ပြင် ဘုရားသခင်က မည်သည့် လူအမျိုးအစားကို စုံလင်အောင်ပြုပေးလိုသည် စသည်တို့ကို လုံးဝသတိမမူမိခြင်း ဖြစ်သည့်- လောရန့်စ်၏ တွေ့ကြုံခြင်း နည်းလမ်းနှင့် ဆင်တူသည်။ လူမျိုးစုံနှင့် ဆက်ဆံရသောအခါ၊ မည်သည့် အခြေခံသဘောတရားများကို ခံယူသင့်သည်၊ လက်ရှိတွင် ဘုရားသခင်၏ အလိုတော်ကို မည်သို့ နားလည်သဘောပေါက်ရမည်၊ ဘုရားသခင်၏ စိတ်သဘောထားကို မည်သို့ သိရမည်၊ ထို့ပြင် ဘုရားသခင်၏ သနားကရုဏာ၊ ဘုန်းအာနုဘော်နှင့် ဖြောင့်မတ်ခြင်းတို့ကို မည်သည့်လူများအပေါ်၊ မည်သည့် အခြေအနေများနှင့် မည်သည့် ခေတ်ကာလတို့ကို ရည်ရွယ်ထားသည် စသည့် အရာတို့တစ်ခုကိုမျှ သူ၌ ထိုးထွင်းသိမြင်မှု မရှိပေ။ လူတို့သည် သူတို့၏အတွေ့အကြုံများအတွက် အုတ်မြစ်အဖြစ် ရူပါရုံပေါင်းစုံ မရှိလျှင်၊ အတွေ့အကြုံကို မဆိုထားနှင့်၊ အသက်ကိုပင် မရရှိနိုင်ပေ။ ထိုသူတို့သည် မိုက်မဲစွာ အရာရာကို ဆက်၍ ကျိုးနွံနေပြီး သည်းခံနေနိုင်သည်။ ထိုကဲ့သို့သော လူတို့ကို စုံလင်အောင် ပြုလုပ်ရန် ခက်ခဲလှပေသည်။ သင်၌ အထက်တွင် ပြောထားသော ရူပါရုံများ ဘာတစ်ခုမျှ မရှိလျှင်၊ သင်သည် ငတုံးငအဖြစ်ကြောင်း၊ သင်သည် ဣသရေလနိုင်ငံတွင် အမြဲရပ်တည်နေသော ဆားတိုင်နှင့် အလားတူကြောင်း လုံလောက်သော သက်သေပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ယင်းကဲ့သို့သော လူများသည် အသုံးမကျသောသူများ၊ အသုံးမဝင်သောသူများ ဖြစ်ကြသည်တကား။ အချို့လူများသည် မျက်စိစုံမှိတ်လျက်သာ ကျိုးနွံနာခံကြသည်၊ ထိုသူတို့သည် သူတို့ကိုယ်သူတို့ အစဉ်အမြဲ သိပြီး အသစ်သော အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ သူတို့ကိုယ်တိုင်၏ လုပ်ဆောင်နည်းများကိုသာ အစဉ်အသုံးပြုတတ်သည်၊ သို့မဟုတ် ဖော်ပြရန် မထိုက်တန်သည့် အသေးအဖွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် “ဉာဏ်ပညာ” ကို အသုံးပြုကြသည်။ ထိုကဲ့သို့သော လူများသည် ထိုးထွင်းသိမြင်မှု ကင်းမဲ့သူများဖြစ်ပြီး၊ ယင်းသည် သူတို့၏ သဘာဝမှာ ရမယ်ရှာခံရခြင်းကို ကြိတ်မှိတ် လက်ခံထားမည့် အလားဖြစ်ပြီး၊ သူတို့သည် အစဉ်အမြဲ မထူးခြား၊ ဘယ်တော့မှ မပြောင်းလဲပေ။ ဤကဲ့သို့သောလူတို့သည် ပိုင်းခြားသိမြင်နိုင်မှု စိုးစဉ်းမျှပင်မရှိသည့် လူမိုက်များပင် ဖြစ်ကြသည်။ ထိုသူတို့သည် အခြေအနေများ သို့မဟုတ် မတူညီသောလူများနှင့် သင့်တင့်လျော်ကန်သော ဆောင်ရွက်မှုများပြုလုပ်ဖို့ မည်သည့်အခါမျှ မကြိုးစားကြပေ။ ယင်းသို့သော လူများတွင် အတွေ့အကြုံ မရှိကြ။ ကိုယ့်ကိုယ်ကိုသိခြင်းထဲ၌ နစ်မြုပ်နေလွန်းသဖြင့် နတ်ဆိုးတို့၏အလုပ် စွဲကပ်ခြင်းခံရသည့် လူတို့နှင့် ရင်ဆိုင်တွေ့ရသောအခါ၊ ထ၍ ပြစ်တင်ရှုတ်ချရန် မဝံ့ရဲကြဘဲ၊ ဦးခေါင်းများကို ငုံ့ထားကြပြီး မိမိတို့၏အပြစ်များကို ဝန်ခံကြသည့် လူအချို့ကို ငါတွေ့ခဲ့ဖူးသည်။ ထို့အပြင် သန့်ရှင်းသောဝိညာဉ်တော်၏ သိသာထင်ရှားသော လုပ်ဆောင်မှုနှင့် ရင်ဆိုင်ရသောအခါ၊ ထိုသူတို့သည် မနာခံဝံ့ကြပေ။ နတ်ဆိုးများသည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ဟု သူတို့ယုံကြည်ကြပြီး၊ ထ၍ ယင်းတို့ကို ခုခံရန် သတ္တိစိုးစဉ်းမျှ ထိုသူတို့၌ မရှိကြချေ။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို အရှက် ရစေကြပြီး၊ သူ့အတွက် လေးလံသောဝန်တစ်ခုကို ထမ်းရွက်နိုင်စွမ်း လုံးလုံးလျားလျား မရှိကြချေ။ ထိုကဲ့သို့သော ငတုံးငအများသည် မည်သည့်ခြားနားမှုကိုမျှ မသိကြပေ။ ထို့ကြောင့် ထိုကဲ့သို့သော တွေ့ကြုံနည်းသည် ဘုရားသခင်၏ အမြင်တွင် မရပ်တည်နိုင်သဖြင့် ယင်းတို့ကို နုတ်ပယ်သင့်ပေသည်။

ဘုရားသခင်သည် တစ်ခါတစ်ရံ လူတို့အား စစ်ကြောခြင်း၊ တစ်ခါတစ်ရံ ၎င်းတို့အား အလွန်အကျွံမဖြစ်အောင်လုပ်သည့် ပတ်ဝန်းကျင်များကို ဖန်တီးခြင်းနှင့် တစ်ခါတစ်ရံ ၎င်းတို့ကို လမ်းပြရန်နှင့် ၎င်းတို့၏ အားနည်းချက်များကို ပြုပြင်ပေးရန် နှုတ်ကပတ်တော်များ ပြောကြားခြင်းတို့ဖြင့် လူတို့အထဲတွင် များစွာသောအရာများကို အမှန်ပင် လုပ်ဆောင်ပေးသည်။ တစ်ခါတစ်ရံ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အနေဖြင့် ၎င်းတို့တွင် မရှိသေးသည့် အရာများစွာကို သတိမထားလိုက်မိဘဲ တွေ့ရှိစေရန် လူများကို ဘုရားသခင် ပြင်ဆင်ထားပေးသော ပတ်ဝန်းကျင်များသို့ ဦးဆောင်လမ်းပြသည်။ လူတို့၏ ပြောဆိုခြင်းနှင့် လုပ်ဆောင်ခြင်း၊ လူတို့က အခြားသူတို့အား ဆက်ဆံသည့်ပုံနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပုံတို့မှတစ်ဆင့်၊ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ယခင်က နားမလည်ခဲ့သည့် အရာများစွာကို ၎င်းတို့မသိဘဲ ၎င်းတို့အား ဉာဏ်အလင်းပေးကာ၊ များစွာသောအမှုအရာများနှင့် လူများကို ပိုမိုရှင်းရှင်းလင်းလင်း နားလည်စေပြီး၊ ယခင်က ၎င်းတို့ ဂရုမပြုမိခဲ့သည့် များစွာသော အရာများကို တွေ့မြင်လာစေရန် အခွင့်ပေးသည်။ သင်သည် ကမ္ဘာလောကနှင့် ထိတွေ့မှုရှိသောအခါ၊ လောက၏အမှုအရာများကို တဖြည်းဖြည်း စတင် ထိုးထွင်းသိမြင်လာပြီး၊ သင်မသေဆုံးမီ “လူတစ်ယောက် ဖြစ်ရသည်မှာ အမှန်တကယ် ခက်ခဲလှပေသည်” ဟု သင် ကောက်ချက်ချကောင်း ချပေမည်။ သင်သည် ဘုရားသခင်၏ မျက်မှောက်၌ အချိန်အနည်းငယ် တွေ့ကြုံခံစားလျက်၊ ဘုရားသခင်၏ အမှုနှင့် သူ၏စိတ်သဘောထားကို သင်နားလည်လာပါက၊ သင်သည် မသိလိုက်ဘဲ ထိုးထွင်းသိမြင်နိုင်သော ဉာဏ်စွမ်းများစွာကို ရရှိပြီး၊ သင့်ဝိညာဉ်ရင့်ကျက်မှုသည် တဖြည်းဖြည်း ကြီးထွားလာပေလိမ့်မည်။ သင်သည် များစွာသော ဝိညာဉ်ရေးရာများကို ပိုမိုကောင်းမွန်စွာ နားလည်လာပြီး၊ အထူးသဖြင့် ဘုရားသခင်၏ အမှုတော် အကြောင်းကို ပိုမိုရှင်းလင်းလာလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ လုပ်ဆောင်မှု တစ်ခုစီတိုင်း၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အရာအားလုံးတို့ကို သင်ကိုယ်တိုင်၏ အသက်ပမာ လက်ခံလာလိမ့်မည်။ သင်လုပ်သမျှသည် ကမ္ဘာလောကတွင် လှည့်လည်သွားလာခြင်းသာ ဖြစ်ပါက၊ သင့်အတောင်ပံများသည် ပိုမာသည်ထက် မာလာပြီး၊ ဘုရားသခင်ကို သင်၏ခုခံမှုသည် ပိုပြီး ကြီးမားလာပေလိမ့်မည်။ သို့ဆိုလျှင် ဘုရားသခင်က သင့်ကို မည်သို့ အသုံးပြုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် သင့်ထဲတွင် “ကျွန်ုပ်အမြင်အရ ဆိုလျှင်” ဟူသည့်အရာ များလွန်းနေသည့်အတွက်၊ ဘုရားသခင်သည် သင့်ကို မသုံးပေ။ သင်သည် ဘုရားသခင်၏မျက်မှောက်၌ ရှိလေလေ၊ သင် အတွေ့အကြုံများကို ရရှိလေလေ ဖြစ်လိမ့်မည်။ သင်သည် ကမ္ဘာလောကထဲတွင် သားရဲတစ်ကောင်ကဲ့သို့ ဆက်လက်နေထိုင်ပြီး၊ သင့်နှုတ်ဖျားက ဘုရားသခင်ကို ယုံကြည်ကြောင်း ကြွေးကြော်နေသော်လည်း၊ သင့်စိတ်နှလုံးက အခြားတစ်နေရာ ရောက်ရှိနေကာ၊ သင်သည် ရှင်သန်မှုအတွက် လောကီ အတွေးအခေါ်များကို သင်ယူဆဲဖြစ်ပါက၊ ယခင်က သင်၏ အားထုတ်မှုများ အားလုံးမှာ အချည်းနှီးဖြစ်သွားလိမ့်မည် မဟုတ်လော။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ မျက်မှောက်တွင် ရှိနေလေလေ၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် လွယ်ကူလေလေ ဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်က သူ၏အမှုကို ဆောင်ရွက်သည့် လမ်းကြောင်းပင် ဖြစ်သည်။ သင်သည် ဤအရာကို နားမလည်ပါက၊ သင့်အတွက် မှန်ကန်သည့် လမ်းကြောင်းသို့ ဝင်ရောက်ရန် မဖြစ်နိုင်ဘဲ၊ ဘုရားသခင်၏ စုံလင်စေခြင်းကို ရရှိရန်မှာမူ ဖြစ်နိုင်မည် မဟုတ်ပေ။ သင်သည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကို မရရှိနိုင်ပေ၊ ယင်းက သင်သည် ဒုက္ခိတဖြစ်နေသကဲ့သို့ ရှိလိမ့်မည်ဖြစ်ပြီး၊ သင်၌ ဘုရားသခင်၏ အမှုတစ်ခုမျှမပါဘဲ သင်ကိုယ်တိုင်၏ ကြိုးစား လုပ်ဆောင်မှုသာလျှင် ရှိနေလိမ့်မည်။ ဤအရာသည် သင်၏တွေ့ကြုံခြင်းထဲမှ လွဲမှားမှုတစ်ခု မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတွေ့အကြုံနှင့်ပတ်သက်၍” မှ

လူသားသည် ဘုရားသခင်၏အမှုကို တွေ့ကြုံသည်၊ မိမိကိုယ်ကိုယ် သိရှိလာသည်၊ သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သန့်စင်စေပြီး၊ အသက်တာ၌ ကြီးထွားခြင်းကို ရှာဖွေလေသည်၊ အားလုံးမှာ ဘုရားသခင်ကို သိကျွမ်းခြင်းအတွက် ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် သိရှိရန်နှင့် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ဖြေရှင်းရန်သာ ကြိုးစားသော်လည်း၊ လူသားအပေါ် မည်သည့်အမှု ဘုရားသခင် လုပ်ဆောင်သည်၊ သူ၏ကယ်တင်ခြင်း မည်မျှကြီးမြတ်သည်၊ သို့မဟုတ် ဘုရားသခင်၏အမှုကို သင်မည်ကဲ့သို့တွေ့ကြုံပြီး သူ၏ လုပ်ဆောင်ချက်များကို သက်သေခံခဲ့သည်ဆိုသည်တို့နှင့် သက်ဆိုင်သည့် အသိပညာမရှိပါက၊ သင်၏ ဤအတွေ့အကြုံသည် အကျိုးမရှိပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ကြံ့ကြံ့ခံနိုင်သောကြောင့်မျှသာ သူ၏အသက်တာသည် ရင့်ကျက်မှုကို ရရှိပြီဟု သင်ထင်မြင်ပါက၊ ဤသည်မှာ သင့်အနေဖြင့် ဘဝ၏ စစ်မှန်သော အဓိပ္ပာယ်၊ သို့မဟုတ် လူသားကို စုံလင်စေခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သဘောမပေါက်သေးဟု ဆိုလိုပေသည်။ တစ်နေ့တွင်၊ သင်သည် ဘာသာရေး အသင်းတော်များ၌ ရှိသည့်အခါ၊ နောင်တအသင်းတော် သို့မဟုတ် အသက်အသင်းတော်မှ အသင်းဝင်များအလယ် ရှိနေချိန်တွင် မိမိတို့၏ ဆုတောင်းချက်များ၌ “ရူပါရုံ” ပါရှိသူနှင့် မိမိတို့အသက်တာ လိုက်စားရှာဖွေမှုတွင် တို့ထိမှုခံစားရပြီး နှုတ်ကပတ်တော်များ၏ လမ်းပြမှု ခံရသည့် ဘာသာရေးအလွန် ကိုင်းရှိုင်းသည့် လူများစွာကို အမှတ်မထင် တွေ့ရလိမ့်မည်ဖြစ်သည်။ ထို့အပြင် ကိစ္စများစွာတွင် ၎င်းတို့သည် သည်းခံနိုင်ကြပြီး၊ မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ကာ ဇာတိပကတိ၏ ဦးဆောင်မှုကိုမခံရဘဲ ရှိနိုင်ကြသည်။ ထိုအချိန်တွင်၊ သင်သည် ခြားနားမှုကို ပြောနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းသည် မှန်သည်၊ အသက်တာ၏ သဘာဝအလျောက် ဖော်ပြချက်ဖြစ်ကာ ၎င်းတို့ယုံကြည်သော နာမသည် မှားယွင်းနေသည်မှာ အလွန်နှမြောစရာ ကောင်းသည်ဟု သင်ထင်လိမ့်မည်။ ထိုသို့သော အမြင်များသည် မိုက်မဲသည် မဟုတ်လော။ များစွာသော လူတို့သည် အသက်မရှိဟု အဘယ်ကြောင့် ဆိုရသနည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို မသိကျွမ်းသောကြောင့်ဖြစ်ပြီး၊ ဤအကြောင်းကြောင့် ၎င်းတို့၏ နှလုံးသားများထဲတွင် ဘုရားသခင်မရှိသကဲ့သို့ အသက်မရှိဟု ဆိုရခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်၌ သင်၏ယုံကြည်မှုသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏စစ်မှန်မှုနှင့် ဘုရားသခင့် အမှု၏အဆင့်တိုင်းကို စေ့စပ်စွာ သင် သိရှိနိုင်စွမ်းရှိသည့် အဆင့်တစ်ခုသို့ ရောက်ရှိပြီးဖြစ်ပါက၊ သင်သည် သမ္မာတရားကို ပိုင်ဆိုင်ထားပေသည်။ အကယ်၍ သင်သည် ဘုရားသခင်၏အမှုနှင့် စိတ်သဘောထားကိုမသိပါက၊ သင်၏ အတွေ့အကြုံတွင် တစ်စုံတစ်ခု လိုနေဆဲဖြစ်သည်။ သူ၏အမှုနှင့် သက်ဆိုင်သည့် ထိုအဆင့်ကို ယေရှု မည်သို့ ဆောင်ရွက်ခဲ့သည်၊ ဤအဆင့်ကို မည်သို့ဆောင်ရွက်ထားသည်၊ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် သူ၏အမှုကို မည်သို့ လုပ်ဆောင်ခဲ့ပြီး မည်သည့်အမှုကို လုပ်ဆောင်ခဲ့သည်၊ ဤအဆင့်တွင် မည်သည့်အမှုကို လုပ်ဆောင်လျက်ရှိသည်- ဤအရာများနှင့် သက်ဆိုင်သည့် စေ့စပ်သေချာသော အသိပညာ သင်မရှိပါက၊ သင့်အနေဖြင့် စိတ်ချသေချာမှုကို မည်သည့်အခါမျှ ခံစားရလိမ့်မည် မဟုတ်သကဲ့သို့၊ အမြဲ လိပ်ပြာမလုံ ရှိပေလိမ့်မည်။ အကယ်၍ တွေ့ကြုံရသည့်ကာလတစ်ခုပြီးနောက်တွင်၊ သင်သည် ဘုရားသခင် လုပ်ဆောင်သောအမှုနှင့် သူ့အမှု၏အဆင့်တိုင်းကို သိရှိနိုင်ပါက၊ ပြီးလျှင် သူ၏နှုတ်ကပတ်တော်များကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူပြောဆိုခဲ့သည့် အလွန်များလှစွာသော နှုတ်ကပတ်တော်များ မပြည့်စုံရသေးသည့်အကြောင်းရင်းနှင့် သက်ဆိုင်သည့် နှံ့စပ်သည့် အသိပညာကို သင် ရရှိပြီးဖြစ်ပါက၊ သင်သည် စိုးရိမ်မှုနှင့် စစ်ဆေးခြင်းသို့ ကင်းလွတ်လျက်၊ ရှေ့ဆက်လမ်းကို ရဲဝံ့စွာနှင့် တွန့်ဆုတ်ခြင်းမရှိဘဲ လိုက်စားရှာဖွေ နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်” မှ

ဘုရားသခင်၏အမှုကို တွေ့ကြုံခြင်းဆိုသည်မှာ ကျေးဇူးတော်ကို ခံစားရခြင်းအကြောင်း မဟုတ်ဘဲ၊ သူ့အပေါ် သင်၏ချစ်ခြင်းအတွက်ကြောင့် ဒုက္ခခံရခြင်းအကြောင်းပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရသဖြင့်၊ သူ၏ပြစ်တင်ဆုံးမခြင်းကိုလည်း ခံစားရမည်၊ ဤအရာအလုံးစုံကို သင်တွေ့ကြုံရမည်။ သင်သည် သင့်အထဲတွင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို တွေ့ကြုံနိုင်ပြီး၊ သူ သင့်အား ကိုင်တွယ်ဖြေရှင်းပုံနှင့် သင့်အား တရားစီရင်ပုံကိုလည်း တွေ့ကြုံနိုင်သည်။ ဤနည်းအားဖြင့် သင်၏အတွေ့အကြုံမှာ ပြည့်စုံကျယ်ပြန့်လိမ့်မည်။ ဘုရားသခင်သည် သင့်အပေါ်၌ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီ၊ ထိုမျှသာမဟုတ်၊ ယင်းကလည်း သင့်ကို ဉာဏ်ပွင့်စေပြီး ဖွင့်ပြခဲ့ပြီဖြစ်သည်။ သင် အပျက်သဘောဆောင်၍ အားနည်းသည့်အခါ ဘုရားသခင်သည် သင့်အတွက် စိုးရိမ်၏။ ဤအမှုတစ်ခုလုံးမှာ လူသားနှင့်ပတ်သက်သော အရာတိုင်းသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု ထဲ၌ရှိကြောင်း သင့်အားသိစေရန်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို သုတ်သင်ဖယ်ရှင်းခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။ သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို သုတ်သင်ဖယ်ရှင်းရန် ဖြစ်သည်။ သင့်အထဲ၌ရှိသော မသန့်ရှင်းခြင်းနှင့် မဖြောင့်မတ်ခြင်း အလုံးစုံကို ဖယ်ရှားပြီး၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို စွန့်ပစ်ကာ၊ ထို့ပြင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ဖြစ်ပေါ်လာပြီးနောက်- စစ်မှန်သော ယုံကြည်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

ဘုရားသခင်သည် လူသားကို တရားစီရင်သည်ဖြစ်စေ၊ ကျိန်ဆဲသည်ဖြစ်စေ နှစ်ခုစလုံးသည် လူသားကိုစုံလင်စေ၏။ လူသားအတွင်း၌ မသန့်ရှင်းသောအရာကို စုံလင်စေရန် ထိုနှစ်ခုစလုံးကို ပြုခဲ့ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် လူသားသည် စစ်ဆေးခြင်းခံခဲ့ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် အမှုအားဖြင့် လူသားအတွင်း၌ ချို့တဲ့နေသောအရာသည် စုံလင်စေခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားကို စုံလင်စေရန်ဖြစ်ပြီး လုံးဝသင့်လျော်မှုရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သော အမှုကို ခေတ်ကာလအဆက်ဆက်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ သူ၏ဉာဏ်ပညာကို သင်တို့ အသိအမှတ်ပြုစေရန် ယနေ့ သူသည် သင်တို့အတွင်း၌ အမှုပြုခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့၏အတွင်း၌ နာကျင်မှုအချို့ကို ခံစားခဲ့ပြီး သော်လည်း၊ သင်တို့၏စိတ်နှလုံးသည် တည်ကြည်မှုကို ခံစားရပြီး ငြိမ်သက်ခြင်း ရှိနေသည်။ သင်တို့အနေဖြင့် ဘုရားသခင့်အမှု၏ ဤအဆင့်ကို မွေ့လျော်ခံစားနိုင်ခြင်းမှာ သင်တို့၏ ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ အနာဂတ်တွင် သင်တို့အနေဖြင့် မည်သည့်အရာကို ရရှိနိုင်မည်ဖြစ်စေ ယနေ့တွင် သင်တို့အတွင်း၌ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ သင်တို့မြင်ရသမျှမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို မကြုံတွေ့ရပါက၊ သူ၏လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုသည် အပေါ်ယံအဆင့်တွင် အမြဲရှိနေမည်ဖြစ်ပြီး သူ၏စိတ်သဘောထားသည်လည်း အမြဲမပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤအရာအား ဘုရားသခင်၏သိမ်းပိုက်ခြင်းကို ခံထားရခြင်း အဖြစ် မှတ်ယူ၍ ရသလော။ ယနေ့တွင် လူသားအတွင်း၌ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ များစွာရှိနေသေးသော်လည်း၊ လူသား၏ စိတ်သဘောထားကမူ ယခင်ကထက် များစွာတည်ငြိမ်၏။ ဘုရားသခင်က သင့်အား ရိုက်နှက်ဆုံးမခြင်းမှာ သင့်ကို ကယ်တင်ရန် ဖြစ်၏၊ ထို့ပြင် သင့်အနေဖြင့် ထိုအချိန်တွင် နာကျင်မှုအနည်းငယ် ခံစားရနိုင်သော်လည်း၊ သင့်စိတ်သဘောထားထဲ၌ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် နေ့ရက် ရောက်ရှိလာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ပြန်ပြောင်းတွေးကြည့်ပြီး ဘုရားသခင်၏အမှုသည် မည်မျှအမြော်အမြင် ရှိကြောင်းကို မြင်လိမ့်မည်ဖြစ်ကာ၊ ထိုအချိန်၌ ဘုရားသခင်၏ အလိုတော်ကို သင်အမှန်တကယ်နားလည်လိမ့်မည်။ ယနေ့တွင် ဘုရားသခင်၏အလိုတော်ကို နားလည်သည်ဟု ပြောဆိုကြသော လူအချို့ရှိသည်၊ သို့သော် ယင်းမှာ သိပ်လက်တွေ့မကျလှပေ။ စင်စစ်အားဖြင့် ၎င်းတို့သည် မုသားများကို ပြောနေကြခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အလိုတော်မှာ လူသားကို ကယ်တင်ရန်လော၊ သို့မဟုတ် ကျိန်ဆဲရန်လောဆိုသည်ကို လက်ရှိတွင် ၎င်းတို့နားမလည်ကြသေးခြင်းကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သင်သည် ထိုအရာကို သင်ရှင်းလင်းစွာ မမြင်ကောင်း မမြင်နိုင်သေးသော်လည်း၊ လူ့ဘဝကို သင်သိလာပြီး သင့်ဇာတိခန္ဓာသည် ချစ်ခင်ကြင်နာသော ဘုရားသခင်၏ကမ္ဘာထဲ၌ နေထိုင်ရစေရန်၊ သင့်ဝိညာဉ်သည် လွတ်မြောက်မှုကို ရရှိပြီး သင့်အသက်တာသည် ပျော်ရွှင်ခြင်းနှင့် ပြည့်စုံကာ ဘုရားသခင်နှင့် သင်အမြဲနီးကပ်ကာ ဘုရားသခင်ကို သင်အစဉ်မျှော်ကြည့်စေရန် ဘုရားသခင်၏ ဘုန်းတန်ခိုး ထွန်းတောက်သည့်နေ့ရက် ရောက်လာသည်ကို သင်မြင်ရသောနေ့ရက် ရောက်လာမည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ခြင်းမှာ မည်မျှ အဓိပ္ပာယ်ရှိကြောင်း သင်တွေ့မြင်ရလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်၏ ယနေ့ကာလအမှုသည် မည်မျှတန်ဖိုးရှိကြောင်းကို သင်အမှန်တကယ် သိရှိလာလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” မှ

လူသားကိုစစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ၊ လူသားက ဒုက္ခခံရသည်။ လူတစ်ဦး၏ စစ်ဆေးခံရခြင်း ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးမားလေလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော် ခံရလေလေ ဖြစ်မည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးက စစ်ဆေးခံရမှု ရရှိခြင်း နည်းလေလေ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း ကြီးထွားလာမှု နည်းလေလေဖြစ်ပြီး၊ သူ့အထဲတွင် ဘုရားသခင်၏ခွန်အား ထုတ်ဖော်ခံရမှု နည်းလေလေ ဖြစ်မည်။ ထိုကဲ့သို့သောသူတစ်ဦး၏ စစ်ဆေးခံရခြင်းနှင့် ဝေဒနာ ကြီးမားပြီး ညှဉ်းဆဲခြင်းကို သူတို့တွေ့ကြုံရလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း နက်ရှိုင်းလေလေဖြစ်ကာ၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက စစ်မှန်လေလေ ဖြစ်လာပြီး ဘုရားသခင်အပေါ် သူ၏ သိကျွမ်းခြင်းက နက်ရှိုင်းလေလေ ဖြစ်မည်။ သင်၏အတွေ့အကြုံများတွင် သူတို့ စစ်ဆေးခြင်းခံရစဉ် ကြီးမားစွာ ဒုက္ခခံရသူများ၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို များစွာခံရသောလူတို့ကို သင်တွေ့ရမည်ဖြစ်ပြီး၊ ယင်းမှာ ဘုရားသခင်အပေါ် နက်နဲသော ချစ်ခြင်းမေတ္တာရှိကာ ဘုရားသခင်အပေါ် ပို၍လေးနက်ပြီး ထိုးထွင်းသိမြင်နိုင်သည့် သိကျွမ်းခြင်းရှိသောသူများ ဖြစ်ကြောင်းကို သင်တွေ့ရလိမ့်မည်။ ကိုင်တွယ်ဖြေရှင်းခြင်း မခံရသေးသော သူများ၌ အပေါ်ယံအသိသာ ရှိကြပြီး၊ ၎င်းတို့က- “ဘုရားသခင်သည် အလွန်ကောင်းမြတ်၏၊ လူတို့က သူ့ကို မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော်ကို နှင်းအပ်ပေး၏” ဟူ၍သာ ပြောနိုင်ကြသည်။ အကယ်၍ လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံဖူးပါက၊ ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းခြင်းအကြောင်းကို ပြောနိုင်ကြသည်။ ထို့ကြောင့် လူသား၏အထဲ၌ ဘုရားသခင်၏အမှုက အံ့သြဖွယ်ကောင်းလေလေ၊ ယင်းက တန်ဖိုးရှိလေလေနှင့် အဓိပ္ပာယ်ရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုက သင့်အတွက် ပို၍ခဲကတ်ပြီး ယင်းက သင်၏အယူအဆများနှင့် သဟဇာတမဖြစ်လေလေ၊ ယင်းက သင့်ကို သိမ်းပိုက်ရန်၊ သင့်ကိုရယူရန်နှင့် သင့်ကိုစုံလင်စေရန် တတ်နိုင်လေလေ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဓိပ္ပာယ်မှာ အဘယ်မျှလောက် ကြီးမားလေ သနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ဤနည်းဖြင့် မစစ်ဆေးခဲ့ပါက၊ အကယ်၍ သူသည် ဤနည်းလမ်းအတိုင်း အမှုမပြုခဲ့ပါက၊ သူ၏အမှုသည် မထိရောက်ဘဲ အဓိပ္ပာယ်ကင်းမဲ့နေခဲ့မည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဤလူစုကို ရွေးချယ်ရယူပြီး ၎င်းတို့ကို စုံလင်စေမည်ဟု အတိတ်က ပြောခဲ့၏။ ဤအရာ၌ သာမန်ထက်ထူးခြားသော အဓိပ္ပာယ် ရှိသည်။ သင်တို့အထဲတွင် သူလုပ်ဆောင်သောအမှုသည် ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလေလေနှင့် စင်ကြယ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှု ကြီးမားလေလေ၊ လူသားသည် သူ၏ဉာဏ်ပညာကို အတော်ပင် သဘောပေါက်နိုင်လေလေဖြစ်ပြီး သူ့အပေါ် လူသား၏ သိကျွမ်းခြင်းသည်လည်း နက်ရှိုင်းလေလေ ဖြစ်သည်။ နောက်ဆုံးသောကာလအတောအတွင်း ဘုရားသခင်၏ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်သည် အဆုံးသတ်လိမ့်မည်။ ယင်းသည် အမှန်တကယ် လွယ်ကူစွာ အဆုံးသတ်နိုင်မည်လော။ သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏အမှုက ပြီးဆုံးသွားမည်လော။ ယင်းက အလွန်ရိုးရှင်းနိုင်မည်လော။ လူတို့က ယင်းမှာ ဤမျှရိုးရှင်းသည်ဟု အမှန်ပင် ထင်မှတ်ကြသော်လည်း၊ ဘုရားသခင် ပြုသောအရာမှာ အလွန်ရိုးရှင်းသည် မဟုတ်ပေ။ ဘုရားသခင့်အမှု၏ မည်သည့်အပိုင်းကို သင်ပြောလိုသည်ဖြစ်စေ၊ ထိုအရာအလုံးစုံမှာ လူသားအတွက် ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ သင်သည် ယင်းကို နားလည်သဘောပေါက်နိုင်ခဲ့ပါက၊ ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ် သို့မဟုတ် တန်ဖိုး ကင်းမဲ့နေပေမည်။ ဘုရားသခင်ပြုခဲ့သော အမှုမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ပေ။ ယင်းက သင်၏အယူအဆများနှင့် လုံးလုံးဆန့်ကျင်လျက်ရှိပြီး၊ သင်၏အယူအဆများနှင့် ညှိ၍မရလေလေ၊ ယင်းက ဘုရားသခင်၏အမှုမှာ အဓိပ္ပာယ်ရှိကြောင်း ပြလေလေ ဖြစ်သည်။ သင်၏အယူအဆများနှင့် သဟဇာတဖြစ်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပာယ်ရှိမည် မဟုတ်တော့ပေ။ ဘုရားသခင်၏အမှုမှာ အလွန်အံ့သြဖွယ်ဖြစ်ကြောင်း သင်ယနေ့ခံစားရကာ၊ ယင်းက အံ့သြဖွယ်ကောင်းသည်ဟု သင်ခံစားရလေလေ၊ ဘုရားသခင်သည် ဉာဏ်မီနိုင်ဖွယ်ရာ မဟုတ်ကြောင်း သင်ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အဘယ်မျှကြီးမြတ်ကြောင်း သင်မြင်ရလေလေ ဖြစ်သည်။ အကယ်၍ သူသည် လူသားကို သိမ်းပိုက်ရန် အပေါ်ယံ၊ ဝတ်ကျေတမ်းကျေ အမှုအနည်းငယ်ကိုသာ ပြုပြီးနောက် အခြားမည်သည့်အရာကိုမျှ မပြုခဲ့ပါက၊ လူသားသည် ဘုရားသခင့်အမှု၏ အဓိပ္ပာယ်ကို ရှုမြင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သင်သည် ယခု အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ ယင်းမှာ အသက်တာ၌ သင်၏ ကြီးထွားမှုအတွက် ကြီးမားသော အကျိုးကျေးဇူး ရှိပေသည်။ ထို့ကြောင့် သင်တို့အနေဖြင့် ထိုကဲ့သို့သော ဆင်းရဲဒုက္ခကို ခံရရန်မှာ အဆုံးစွန်လိုအပ်ချက်ပင် ဖြစ်သည်။ ယနေ့ သင်သည် အနည်းငယ်သော စစ်ဆေးခြင်းကို ခံယူနေရသော်လည်း၊ နောင်တွင် သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အမှန်တကယ် ရှုမြင်နိုင်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် “ဘုရားသခင်၏ လုပ်ဆောင်ချက်များက အံ့သြဖွယ်ကောင်းလှပါတကား” ဟု သင်ဆိုလိမ့်မည်။ ဤသည်တို့မှာ သင်၏ စိတ်နှလုံးထဲမှ စကားလုံးများ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ စစ်ဆေးခြင်း (အစေခံသူတို့၏ စစ်ဆေးခံရခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကာလ) ကို အတန်ကြာ တွေ့ကြုံရပြီးသည့်အခါ လူအချို့က နောက်ဆုံးတွင် “ဘုရားသခင်အား ယုံကြည်ခြင်းသည် အမှန်တကယ် ခက်ခဲပါတကား” ဟု ဆိုကြလိမ့်မည်။ သူတို့အနေဖြင့် “အမှန်တကယ် ခက်ခဲသည်” ဟူသော စကားလုံးများ သုံးစွဲခဲ့သည့်အချက်က ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ ဉာဏ်မီနိုင်ဖွယ် မဟုတ်ကြောင်း၊ ဘုရားသခင်၏ အမှုတွင် ကြီးမားသော အဓိပ္ပာယ်နှင့် တန်ဖိုးဟူသော စရိုက်လက္ခဏာ ရှိကြောင်းနှင့်၊ သူ၏အမှုမှာ လူသား၏ တန်ဖိုးထားခြင်းခံရရန် လွန်စွာ ထိုက်တန်ကြောင်းကို ပြသသည်။ အကယ်၍ ငါသည် များလှစွာသော အမှုကို ပြုခဲ့ပြီးနောက်တွင် သင်၌ သိကျွမ်းခြင်း စိုးစဉ်းမျှမရှိခဲ့ပါက၊ ငါ၏အမှုသည် တန်ဖိုးရှိနိုင်ဦးမည်လော။ ၎င်းက သင့်အား- “ဘုရားသခင်ထံ အစေခံခြင်းက အမှန်တကယ် ခက်ခဲသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အံ့သြဖွယ်ကောင်းလှပြီး ဘုရားသခင်သည် အမှန်ပင် ဉာဏ်ပညာရှိ၏။ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းလှ၏” ဟု ဆိုစေလိမ့်မည်။ အကယ်၍ အတွေ့အကြုံကာလတစ်ခုကို ခံစားရပြီးနောက်တွင် သင်သည် ထိုကဲ့သို့သော စကားလုံးများကို ပြောနိုင်ပါက၊ ဤအရာက သင်သည် သင့်အထဲ၌ ဘုရားသခင်၏အမှုကို ရရှိထားကြောင်း သက်သေပြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

လူတို့အတွက် ဘုရားသခင်၏အမှုတော်ကို ကြုံတွေ့ခံစားရန်၊ ဘုရားသခင်၏ လက်ရှိအမှုတော်နှင့် လူသားမျိုးနွယ် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမည် ဆိုသည်ကို ဦးစွာပထမ ၎င်းတို့ နားလည်ရမည်။ အမှန်တွင်၊ ဤသည်မှာ အယောက်တိုင်း နားလည်သင့်သောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းက စစ်ဆေးခြင်းဖြစ်စေ သို့မဟုတ် သူသည် စကားမပြောဘဲနေလျှင်ပင်၊ ဘုရားသခင်၏ အမှုတော် အဆင့်တစ်ခုမျှ လူသားမျိုးနွယ်၏ အယူအဆများနှင့် မကိုက်ညီပေ။ သူ့အမှုတော်၏ အဆင့်အသီးသီးသည် လူတို့၏ အယူအဆများကို အစိတ်စိတ်အမြွှာမြွှာကွဲစေပြီး ထိုးဖောက်ထွက်လေသည်။ ဤသည်မှာ သူ၏အမှုတော်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏အမှုတော်သည် အဆင့်တစ်ဆင့်သို့ ရောက်ရှိပြီးဖြစ်သည့်အတွက်၊ မည်သို့ပင်ဖြစ်စေ သူသည် လူသားမျိုးနွယ်ကို သေခြင်းသို့ ပို့မည်မဟုတ်သည်ကို သင် ယုံကြည်ရမည်။ သူသည် လူသားမျိုးနွယ်ထံ ကတိတော်များနှင့် ကောင်းချီး မင်္ဂလာများ နှစ်ခုလုံး ပေးပြီး၊ သူ့ကို ရှာဖွေသော သူအားလုံးသည် သူ၏ကောင်းချီးမင်္ဂလာများကို ရနိုင်ကြမည်ဖြစ်သော်လည်း၊ သူ့ကို မရှာဖွေသောသူများသည် ဘုရားသခင်၏ ဘေးဖယ်ထားခြင်း ခံရကြလိမ့်မည်။ ဤအရာသည် သင်၏ရှာဖွေမှုအပေါ်တွင် မူတည်၏။ အခြား မည်သည့်အရာကိုမျှ ပဓာနမထားဘဲ၊ ဘုရားသခင်၏အမှုပြီးဆုံးချိန်တွင် လူသားတစ်ဦးစီတိုင်းသည် သင့်တော်သော ခရီးပန်းတိုင်တစ်ခု ရှိကြလိမ့်မည်ကို သင် ယုံကြည်ရမည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို နှစ်သက်ဖွယ်သော ရည်မှန်းချက်များ ပေးထားပြီးဖြစ်သော်လည်း၊ လိုက်စားရှာဖွေခြင်းမရှိဘဲ ထိုအရာတို့ကို မရရှိနိုင်ပေ။ ဤအရာကို သင်တို့ ယခု မြင်နိုင်သင့်သည်- လူတို့နှင့်ဆိုင်သော ဘုရားသခင်၏စစ်ဆေးမှုနှင့် သူ၏ ပြစ်တင်ဆုံးမခြင်းတို့သည် သူ၏အမှုဖြစ်သော်လည်း၊ မိမိတို့၏ အပိုင်းအတွက် လူတို့အနေဖြင့် အချိန်တိုင်း စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို အားထုတ်ရမည်ဖြစ်သည်။ သင်၏ လက်တွေ့ကျသော အတွေ့အကြုံတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်ကို သင် ပထမဦးစွာ သိရမည်။ သင် ဝင်ရောက်သင့်သည့်အရာနှင့် သင်၏ အားနည်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် ရှာတွေ့ရမည်၊ သင်၏ လက်တွေ့ကျသော အတွေ့အကြုံထဲ ဝင်ရောက်ခြင်းကို သင် အားထုတ်သင့်ပြီး၊ လက်တွေ့လုပ်ဆောင်သင့်သည့် ဘုရား နှုတ်ကပတ်တော်များ၏ တစ်စိတ်တစ်ပိုင်းကို ယူကာ လက်တွေ့လုပ်ဆောင်ရန် ကြိုစားသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် ရှုထောင့်တစ်ခု ဖြစ်၏။ ထို့အပြင် အသင်းတော် အသက်တာကို ထိန်းသိမ်းထားရမည်၊ သင်သည် ပုံမှန်ဝိညာဉ်ရေးရာ အသက်တာတစ်ခုရှိရမည်ဖြစ်ပြီး၊ သင်၏ လက်ရှိအခြေအနေ အားလုံးကို ဘုရားသခင်ထံ လွှဲပြောင်းပေးအပ်နိုင်ရမည်။ သူ၏ အမှု မည်သို့ပြောင်းလဲသည်ဖြစ်စေ၊ သင်၏ဝိညာဉ်ရေးရာအသက်တာ ပုံမှန် ဖြစ်မြဲဖြစ်သင့်၏။ ဝိညာဉ်ရေးရာအသက်တာတစ်ခုသည် သင်၏ ပုံမှန် ဝင်ရောက်ခြင်းကို ထိန်းသိမ်းနိုင်၏။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင်၏ ဝိညာဉ်ရေးရာအသက်တာကို အနှောင့်အယှက် မဖြစ်စေဘဲ သင် ဆက်လက်လုပ်ဆောင်သင့်ပြီး သင်၏တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်သာ ဖြစ်သော်လည်း၊ ပုံမှန်အခြေအနေတစ်ခု ရှိသူများအတွက်မူ ဤသည်မှာ စုံလင်ခြင်း ဖြစ်သည်၊ ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခု ရှိသူများအတွက် ယင်းသည် စမ်းသပ်မှုတစ်ခု ဖြစ်ပေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ စစ်ဆေးခြင်းအမှု၏ လက်ရှိအဆင့်တွင်၊ ဘုရားသခင်၏အမှုတော်သည် အလွန်ကြီးမြတ်ပြီး၊ လူတို့သည် စစ်ဆေးခြင်းကို လုံးဝ လိုအပ်သည်၊ သို့မဟုတ်ပါက ၎င်းတို့၏ ဝိညာဉ်ရေးရာရင့်ကျက်မှုမှာ အလွန်သေးငယ်ပြီး ဘုရားသခင်၏အလိုတော်ကို ရရှိမည့်နည်းလမ်း ရှိကြလိမ့်မည်မဟုတ်ဟု အချို့က ဆိုကြသည်။ သို့ရာတွင် အခြေအနေ မကောင်းသူများအတွက် ယင်းသည် ဘုရားသခင်ကို လိုက်စားရှာဖွေခြင်း မပြုရန် နှင့် တွေ့ဆုံပွဲများကို မတက်ရောက်ရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမပြုရန် အကြောင်းရင်းတစ်ခု ဖြစ်လာလေသည်။ ဘုရားသခင်၏အမှုတွင်၊ မည်သည့်အရာ သူလုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် မည်သည့် အပြောင်းအလဲများကို သူ သက်ရောက်စေသည်ဖြစ်စေ၊ လူတို့သည် ပုံမှန်ဝိညာဉ်ရေးရာအသက်တာ၏ အခြေခံကို ထိန်းသိမ်းရမည်ဖြစ်သည်။ သင်သည် သင်၏ဝိညာဉ်ရေးရာအသက်တာနှင့်ဆိုင်သည့် ဤလက်ရှိအဆင့်တွင် လျော့ရဲကောင်း လျော့ရဲခဲ့လိမ့်မည် မဟုတ်သော်လည်း၊ သင်သည် များစွာရယူနိုင်ခြင်း မရှိသေးသကဲ့သို့၊ ကြီးစွာသော အကျိုးကို မရိတ်သိမ်း ရသေးပေ။ ဤအခြေအနေမျိုးများအောက်တွင် သင်သည် စည်းမျဉ်းများကို လိုက်နာဆဲ ဖြစ်ရမည်။ သင်သည် သင်၏ အသက်တွင် ဆုံးရှုံးမှုများ မခံစားဖို့အလို့ငှာနှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့အလို့ငှာ ဤစည်းမျဉ်းများကို ထိန်းသိမ်းရမည်။ သင်၏ဝိညာဉ်ရေးရာ အသက်တာသည် ပုံမှန်မဟုတ်ပါက၊ ဘုရားသခင်၏ လက်ရှိအမှုတော်ကို သင်နားမလည်နိုင် သကဲ့သို့၊ ထိုအစား ယင်းသည် သင့်ကိုယ်ပိုင်အယူအဆများနှင့် သဟဇာတ လုံးဝမဖြစ်ဟု သင်အမြဲတမ်းခံစားရကာ၊ သင်သည် သူ၏နောက်သို့လိုက်ရန် ဆန္ဒရှိသော်လည်း အတွင်းပိုင်း တက်ကြွမှု ကင်းမဲ့လေသည်။ ထို့ကြောင့်၊ လက်ရှိတွင် ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ လူတို့သည် ပူပေါင်းဆောင်ရွက်သင့်သည်။ အကယ်၍ လူတို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အမှုကို မပြုနိုင်ပေ၊ ပြီးလျှင် လူတို့သည် ပူးပေါင်းလုပ်ဆောင်လိုသော စိတ်နှလုံးမရှိပါက သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ၎င်းတို့ အနည်းငယ်သာ ရနိုင်ပေသည်။ သင်၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိလိုပါက၊ ပြီးလျှင် ဘုရားသခင်၏ လက်ခံမှုကို ရယူလိုပါက၊ သင်သည် ဘုရားသခင်၏ မျက်မှောက်၌ သင်၏ မူလဝတ်ပြုဆက်ကပ်ခြင်းကို ထိန်းသိမ်းရမည်။ ယခုတွင် သင့်အတွက် သာ၍ နက်ရှိုင်းသော သိနားလည်မှု၊ သာ၍မြင့်မားသော သဘောတရားတစ်ခု သို့မဟုတ် အခြားထိုသို့သောအရာများ ရှိရန်မလိုအပ်ပေ- လိုအပ်သည်မှာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မူလ အခြေခံအုတ်မြစ်ပေါ်တွင် ထိန်းသိမ်းထားရန်သာ ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်မှု မရှိသကဲ့သို့ သာ၍နက်ရှိုင်းသော ဝင်ရောက်မှုကို အားထုတ်ခြင်း မရှိပါက၊ ဘုရားသခင်သည် နဂိုမူလက သူတို့ ပိုင်ဆိုင်ခဲ့သည့် အရာများအားလုံးကို ယူဆောင်သွားမည်ဖြစ်သည်။ အတွင်းတွင်၊ လူတို့သည် သက်သောင့်သက်သာရှိမှုအတွက် အမြဲအလိုကြီးကြပြီး၊ ရနှင့်ပြီးသောအရာကို ပို၍ မွေ့လျော်လိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ကတိတော်များကို မည်သည့် အဖိုးအခမျှ လုံးဝမပေးဘဲ ရလိုကြသည်။ ဤသည်တို့မှာ လူသားမျိုးနွယ်က စဉ်းစားသည့် လွန်ကဲသော အတွေးများဖြစ်သည်။ အဖိုးအခမပေးဘဲ အသက်ကိုယ်တိုင်ကို ရယူခြင်း- သို့သော် ဤမျှ လွယ်ကူသည့်အရာ ရှိဖူးသလော။ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်ကာ အသက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားပြီး ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရှာဖွေချိန်တွင်၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် အဖိုးအခတစ်ခု ပေးပြီး သူ့နောက်သို့ အမြဲလိုက်မည့် အခြေအနေတစ်ခုကို ရရှိရမည်ဖြစ်သည်။ ဤသည်ကား လူတို့ လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်သည်။ သင်သည် ဤအရာအားလုံးကို စည်းမျဉ်းတစ်ခုကဲ့သို့ လိုက်လျှောက်လျှင်ပင်၊ ထိုစည်းမျဉ်းကို သင် အမြဲ ထိန်းသိမ်းရမည်ဖြစ်ပြီး၊ စမ်းသပ်မှုများ မည်မျှကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်နှင့်သင်၏ပုံမှန်ဆက်ဆံရေးကို လက်လွှတ်၍ မဖြစ်နိုင်ပေ။ သင် ဆုတောင်းနိုင်သင့်သည်၊ သင်၏ အသင်းတော် အသက်တာကို ထိန်းသိမ်းနိုင်သင့်ပြီး၊ ညီအစ်ကိုမောင်နှမများကို ဘယ်သောအခါမျှ မစွန့်ခွာဘဲ နေနိုင်သင့်ပေသည်။ ဘုရားသခင် သင့်ကို စမ်းသပ်သည့်အခါ၊ သမ္မာတရားကို သင် ရှာဖွေဆဲ ဖြစ်သင့်သည်။ ဤအရာသည် ဝိညာဉ်ရေးရာ အသက်တာအတွက် အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်သည်။ ရှာဖွေရန် စိတ်ဆန္ဒအမြဲရှိခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ရန် အမြဲကြိုးပမ်းခြင်း၊ သင်၏ အားအင်အားလုံးကို အသုံးချခြင်း- ဤအရာကို လုပ်ဆောင်နိုင်သလော။ လူတို့သည် ဤအရာကို အခြေခံအုတ်မြစ်အဖြစ် ခံယူပါက၊ ၎င်းတို့သည် ချင့်ချိန်နိုင်စွမ်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်ကြလိမ့်မည်။ သင်၏ ကိုယ်ပိုင်အခြေအနေ ပုံမှန်ဖြစ်သည့်အချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရန် လွယ်ကူ၏။ ဤအခြေအနေများတွင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲသည်ဟု မခံစားရဘဲ၊ ဘုရားသခင်၏အမှုသည် ကြီးမြတ်သည်ဟု သင်ခံစားရသည်။ သို့ရာတွင် သင်၏ အခြေအနေ ဆိုးရွားပါက၊ ဘုရားသခင်၏အမှု မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ ပြီးလျှင် တစ်စုံတစ်ဦးက မည်မျှလှပစွာ စကားပြောဆိုသည်ဖြစ်စေ၊ သင် အာရုံစိုက်မိလိမ့်မည် မဟုတ်ပေ။ လူတစ်ယောက်၏ အခြေအနေ ပုံမှန်မဟုတ်သည့်အခါ၊ ဘုရားသခင်သည် ၎င်းတို့ထဲတွင် အမှုမပြုနိုင်သကဲ့သို့၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

ဘုရားသခင်၏အလုပ်နှင့်နှုတ်ကပတ်တော်တို့သည် သင်တို့၏ စိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ် ဖြစ်စေရန် ရည်ရွယ်သည်။ ကိုယ်တော်၏ပန်းတိုင်သည် သင်တို့အား ဘုရား၏အလုပ်နှင့် နှုတ်ကပတ်တော်ကို နားလည်စေရန် သို့မဟုတ် သိရှိစေရန်သက်သက် မဟုတ်ပေ။ ယင်းသည် မလုံလောက်ပေ။ သင်သည်နားလည်နိုင်စွမ်းရှိသူ ဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ရန် အခက်အခဲ မရှိသင့်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော် အများစုကို လူ့ဘာသာစကားဖြင့် ရေးသားထားသည့်အပြင် ကိုယ်တော်သည် အင်မတန်ရိုးရှင်းစွာ စကားပြောသောကြောင့် ဖြစ်သည်။ ဥပမာ ဘုရားသခင်က သင့်အား မည်သည့်အရာကို နားလည်စေချင်ပြီး လက်တွေ့လုပ်ဆောင်စေချင်သည်ကို သင်သည် ကောင်းမွန်စွာ သင်ယူနိုင်စွမ်းရှိသည်။ ဤသည်မှာ နားလည်နိုင်စွမ်းရှိသော သာမန်လူတစ်ယောက် တတ်နိုင်သည့် အရာပင်တည်း။ အထူးသဖြင့် ယခုအဆင့်တွင် ဘုရားသခင် မြွက်ဟနေသည့် နှုတ်ကပတ်တော်များသည် ထူးခြားစွာ ရှင်းလင်းလွယ်ကူနေသည်။ ထို့အပြင် ဘုရားသခင်သည် လူများမစဉ်းစားမိသော အရာများစွာနှင့် လူသား၏ အခြေအနေ အမျိုးမျိုးတို့ကို ထောက်ပြနေသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် အလုံးစုံကို ခြုံငုံမိကာ လပြည့်ဝန်း၏အလင်းရောင်ပမာ ကြည်လင်နေပေသည်။ သို့ဖြစ်၍ ယခုလူများသည် အကြောင်းအရာများစွာကို နားလည်ကြ သော်ငြားလည်း၊ လိုအပ်နေဆဲဖြစ်သည့် အရာတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ လူများသည် သူတို့ရရှိနိုင်ရန် ပြုထားသော မည်သည့်အရာကိုမဆို ခံယူရန်သက်သက် စောင့်စားနေမည့်အစား သမ္မာတရား၏ လက္ခဏာသွင်ပြင် အလုံးစုံကို မိမိကိုယ်တိုင် အသေးစိတ်ခံစားရမည်။ ပိုပြီးအသေးစိတ် စူးစမ်းရှာဖွေရမည်။ ဤသို့မဟုတ်ပါက သူတို့သည် ကပ်ပါးကောင်များထက် အနည်းငယ် သာရုံသာ ရှိလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည့်တိုင် ယင်းကို လက်တွေ့လုပ်ဆောင်ခြင်း မရှိ။ ထိုကဲ့သို့သော လူစားသည် သမ္မာတရားကို မချစ်ခင်ဘဲ ၎င်းကို အဆုံးတွင် ဖယ်ရှားပေမည်။ ၁၉၉၀ဝန်းကျင်၏ ပေတရုတစ်ယောက်ကဲ့သို့ ဖြစ်ရန် သင်တို့ တစ်ဦးချင်းစီသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သင့်ကာ သင်တို့၏တွေ့ကြုံမှုများထဲ မှန်ကန်သော ဝင်ရောက်မှု ရှိသင့်ပြီး ဘုရားသခင်နှင့်သင်၏ ပူးပေါင်းဆောင်ရွက်မှုထဲ ဉာဏ်အလင်းပွင့်မှုကို ပိုများများ ရယူသင့်သည်။ ယင်းသည် သင်တို့ကိုယ်တိုင်၏ ဘဝထဲ ထာဝရတိုးပွားလာမည့် အထောက်အပံ့ပင်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှု လေ့လာပြီးသော်လည်း စာသားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး သင်တို့၏ လက်တွေ့အတွေ့အကြုံများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိုက်ရိုက်သိခြင်းကင်းမဲ့ပါက၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက် မဟုတ်ဘဲ၊ အသက်ကင်းမဲ့သော ကျမ်းဟောင်းတရားများသာ ဖြစ်ပေလိမ့်မည်။ သင်သည်အသက်မဲ့သော ကျမ်းဟောင်း တရားများကိုသာ လိုက်နာပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို နားလည်သဘောပေါက်နိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏အလိုတော်ကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို သင်၏ လက်တွေ့အတွေ့အကြုံများတွင် ကြုံတွေ့သည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဝိညာဉ်ဆိုင်ရာ အဓိပ္ပာယ်သည် မိမိကိုယ်ကိုယ် သင့်အား ဖွင့်ပြပေးမည်ဖြစ်ပြီး၊ အတွေ့အကြုံမှသာ သင်သည် သမ္မာတရားများစွာ၏ ဝိညာဉ်ဆိုင်ရာအဓိပ္ပာယ်ကို သဘောပေါက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၏ နက်နဲရာတို့ကို သိမြင်နိုင်ပေမည်။ သင်သည် ၎င်းကို လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်သည် မည်မျှပင် ရှင်းလင်းစေကာမူ သင် နားလည်သဘောပေါက်သည့်အရာမှာ သင့်အတွက် ဘာသာရေး လုပ်ထုံးလုပ်နည်း ဖြစ်လာခဲ့သည့် အဓိပ္ပာယ်မဲ့သော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်ပေသည်။ ယင်းသည် ဖာရိရှဲတို့လုပ်ကိုင်ခဲ့သည့်အရာ မဟုတ်လော။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး တွေ့ကြုံခံစားပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်သည် လက်တွေ့ကျင့်သုံးရန် မကြိုးစားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အတွက် တတိယမိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာရုံသာ ရှိပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်” မှ

အသက်တာထဲဝင်ရောက်ခြင်းကို လူတို့ရရှိအောင်အားထုတ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံသည်။ ယခင်က၊ အရာရာသည် သူ၏ နှုတ်ကပတ်တော်ကြောင့် ပြီးမြောက်သည်ဟု ဆိုခဲ့သော်လည်း၊ ဤအမှန်တရားကို မည်သူမျှ မမြင်ခဲ့ကြပေ။ မျက်မှောက်အဆင့်ကို တွေ့ကြုံခြင်းထဲသို့ သင် ဝင်ရောက်ပါက၊ သင့်အဖို့ အရာအားလုံး ရှင်းလင်းသွားမည်ဖြစ်ပြီး၊ သင်သည် အနာဂတ် စမ်းသပ်မှုများအတွက် ကောင်းမွန်သော အခြေခံအုတ်မြစ်ကို တည်ဆောက်နေလိမ့်မည် ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့။ ဘုရားသခင်က သူသည် လူတို့ကို စတင်ပြစ်တင်ဆုံးမမည်ဟုပြောသည့်အခါ သူ၏ ပြစ်တင်ဆုံးမခြင်းကို လက်ခံလော့။ ဘုရားသခင်က လူတို့ကို သေဖို့စေခိုင်းသည့်အခါ၊ ထိုစမ်းသပ်မှုကို လက်ခံလော့။ သင်သည် သူ၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များအတွင်းတွင် အမြဲ အသက်ရှင်နေပါက၊ အဆုံး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်ကို စုံလင်စေလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲသို့ သင် ဝင်ရောက်လေလေ၊ သင်သည် လျင်မြန်စွာ စုံလင်ခံရလေလေ ဖြစ်လိမ့်မည်။ အကြိမ်ကြိမ် မိတ်သဟာယပြုပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ဖို့ သင်တို့ကို ငါ အဘယ်ကြောင့် တောင်းဆိုသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သင် ရှာဖွေလိုက်စားပြီး တွေ့ကြုံကာ၊ သူ၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်သည့်အခါမှသာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်ရန် အခွင့်အရေးရှိပေသည်။ ထို့ကြောင့် သင်တို့အားလုံးသည် ဘုရားသခင် အမှုပြုသည့် နည်းလမ်းတိုင်းတွင် ပါဝင်သောသူများ ဖြစ်ပြီး၊ သင်တို့၏ ဆင်းရဲဒုက္ခ မည်သည့်အတိုင်းအတာ ရှိသည်ဖြစ်စေ၊ နောက်ဆုံးတွင် “အမှတ်တရ လက်ဆောင်” ကို သင်တို့အားလုံး ရရှိလိမ့်မည်။ သင်တို့၏ နောက်ဆုံးစုံလင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးထဲသို့ ဝင်ရောက်ရမည် ဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော်၏ စုံလင်စေခြင်းသည် တစ်ဖက်သတ်မဟုတ်ပေ။ သူသည် လူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်သည်၊ အယောက်တိုင်း သတိရှိစွာ သူနှင့် ပူးပေါင်းလုပ်ဆောင်ရန် သူ လိုအပ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်းကိုသာ အာရုံစိုက်လော့- ဤအရာသည် သင်တို့၏အသက်တာအတွက် သာ၍အကျိုးရှိလိမ့်မည်။ အရာရာသည် သင်တို့၏စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိခြင်းအတွက် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်သည့်အခါ၊ သင်၏စိတ်နှလုံးသည် သူ၏တို့ထိခြင်း ခံရမည်ဖြစ်ပြီး သူ၏ အမှုနှင့်ဆိုင်သည့် ဤအဆင့်တွင် ဘုရားသခင် ရရှိရန် ဆန္ဒရှိသည့် အရာတိုင်းကို သင် သိရှိနိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး ထိုအရာကို ရရှိဖို့ စိတ်ဆုံးဖြတ်ချက် ရှိလိမ့်မည် ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်း ကာလအတွင်းတွင်၊ ဤသည်မှာ အမှု၏နည်းစနစ်တစ်ခု ဖြစ်သည်ဟု ယုံကြည်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်ကြသူများ ရှိခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် စစ်ဆေးခြင်းကို မကြုံခဲ့ရသကဲ့သို့၊ မည်သည့်အရာကိုမျှ ရရှိခြင်း သို့မဟုတ် သိနားလည်ခြင်းမရှိဘဲ ပြစ်တင်ဆုံးမခြင်းကာလမှ ပေါ်ထွက်လာခဲ့ကြလေသည်။ သံသယ စိုးစဉ်းမျှမရှိဘဲ ဤနှုတ်ကပတ်တော်များထဲသို့ အမှန်တကယ် ဝင်ရောက်ခဲ့ကြသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မမှားယွင်းနိုင်သော သမ္မာတရားဖြစ်ပြီး လူသားမျိုးနွယ်သည် ပြစ်တင်ဆုံးမခံရသင့်သည်ဟု ပြောဆိုခဲ့သူ အချို့ရှိ၏။ ၎င်းတို့သည် မိမိတို့၏ အနာဂတ်နှင့် ကံကြမ္မာကို လက်လွှတ်ရင်း ယင်း၌ အချိန်အတိုင်းအတာ တစ်ခုကြာ ရုန်းကန်ခဲ့ကြပြီး၊ ၎င်းတို့ ပေါ်ထွက်လာသည်အခါ ၎င်းတို့၏ စိတ်သဘောထားများသည် ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ပြီးဖြစ်ကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သော သာ၍နက်ရှိုင်းသည့် သိနားလည်မှု ရရှိခဲ့ကြပြီး ဖြစ်သည်။ ပြစ်တင်ဆုံးမခြင်းမှ ပေါ်ထွက်လာခဲ့ကြသူ အားလုံးသည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို ခံစားရကာ ဤအမှုအဆင့်သည် ၎င်းတို့ထဲသို့ ဆင်းသက်လျက်ရှိသည့် ဘုရားသခင်၏ကြီးမားသောချစ်ခြင်းမေတ္တာအား ပုံဖော်သည်၊ ယင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ အောင်နိုင်ခြင်းနှင့် ကယ်တင်ခြင်း ဖြစ်သည်ဆိုသည်တို့ကို နားလည်ခဲ့ကြလေသည်။ ၎င်းတို့က ဘုရားသခင်၏ အတွေးများသည် အစဉ်အမြဲကောင်းမြတ်ကာ၊ လူသား၌ ဘုရားသခင်ပြုသည့် အရာတိုင်းသည် မုန်းတီးခြင်းမဟုတ်ဘဲ၊ ချစ်ခြင်းမေတ္တာမှ လာသည်ဟုလည်း ပြောဆိုကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မယုံကြည်ခဲ့သူများ၊ သူ၏နှုတ်ကပတ်တော်များကို အားမထားခဲ့သူတို့သည် ပြစ်တင်ဆုံးမသော ကာလအတွင်းတွင် စစ်ဆေးခြင်းကို မကြုံခဲ့ရပေ၊ ထို့ကြောင့် အကျိုးဆက်အနေဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ မရှိခဲ့ဘဲ၊ ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိခဲ့ကြချေ။ ပြစ်တင်ဆုံးမခြင်းကာလထဲသို့ ဝင်ရောက်ခဲ့ကြသူများအတွက်၊ ၎င်းတို့သည် စစ်ဆေးခြင်းကို မကြုံခဲ့ရသော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အထဲတွင် လျှို့ဝှက်စွာ အမှုပြုနေခဲ့ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့၏အသက်တာ စိတ်သဘောထားက ပြောင်းလဲခဲ့ပေသည်။ အချို့သည် အပြင်ပန်းကြည့်ရသည်မှာ၊ တစ်နေ့လုံး ကောင်းသောပျော်ရွင်ခြင်းနှင့် ပြည့်လျက်၊ အလွန် အပြုသဘောဆောင်သည့်ပုံရသော်လည်း ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်း အခြေအနေထဲသို့ မဝင်ရောက်ခဲ့ကြသောကြောင့် လုံးဝ မပြောင်းလဲခဲ့ကြပေ။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ယုံကြည်မှုမရှိခြင်း၏ အကျိုးဆက်ဖြစ်ပေသည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို ယုံကြည်သောသူ အားလုံးထံ ပေါ်ထွန်းပြီး၊ သူ၏နှုတ်ကပတ်တော်များကို ယုံကြည်ကာ လက်ခံသောသူများသည် သူ၏ချစ်ခြင်းမေတ္တာကို ရရှိနိုင်ကြလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” မှ

တိုတိုပြောရလျှင်၊ မိမိ၏ ယုံကြည်ခြင်းတွင် ပေတရု၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် သမ္မာတရားကို အားထုတ်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိကျွမ်းခြင်းနှင့် မိမိ၏ စိတ်နေသဘောထားကို ပြောင်းလဲခြင်း၏ လမ်းကြောင်းလည်း ဖြစ်လေသည်။ ပေတရု၏လမ်းကြောင်းကို လျှောက်လှမ်းခြင်းအားဖြင့်သာ၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ပေတရု၏ လမ်းကြောင်းကို မည်သို့ အတိအကျ လျှောက်လှမ်းရမည် ဆိုသည်နှင့် ယင်းအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို ရှင်းလင်းစွာ သိရမည်။ ပထမဦးစွာ မိမိ၏ ရည်ရွယ်ချက်များ၊ မလျော်ကန်သော လေ့လာလိုက်စားမှုများနှင့် မိသားစုနှင့် မိမိ၏ ဇာတိပကတိနှင့်ဆိုင်သော အရာအားလုံးကိုပင် ဘေးဖယ်ထားရမည်။ တစ်ဦးတစ်ယောက်အနေဖြင့် စိတ်နှလုံး အကြွင်းမဲ့ ဆက်ကပ်ရမည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ မိမိကိုယ်ကိုယ် လုံးလုံးလျားလျား ဆက်ကပ်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သူ၏ရည်ရွယ်ချက်များကို ရှာဖွေခြင်းတို့အပေါ် အာရုံစိုက် ရမည်ဖြစ်ပြီး၊ အရာရာ၌ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နားလည်ဖို့ ကြိုးစားရမည် ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံအကျဆုံးနှင့် ပဓာန အကျဆုံးသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ယေရှုကို မြင်ပြီးနောက် ပေတရုလုပ်ခဲ့သောအရာ ဖြစ်ခဲ့သည်၊ ထို့ပြင် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် အကောင်းဆုံးရလဒ်များကို ရယူနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်နှလုံးအကြွင်းမဲ့ ဆည်းကပ်ခြင်းတွင် သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခြင်း၌ အာရုံထားခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သာ၍များသော သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ ပါဝင်သည်။ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစဉ် ပေတရုသည် ဓမ္မအတွေးအခေါ်ဆိုင်ရာအသိပညာ ရရှိခြင်းအပေါ် အာရုံစိုက်ဖို့ မဆိုထားနှင့်၊ သူသည် သြဝါဒများကို နားလည်ခြင်းအပေါ်၌ပင် အာရုံမစိုက်ခဲ့ချေ။ ယင်းအစား သူသည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ခြင်းအပေါ် အာရုံစိုက်ခဲ့သကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ နှစ်လိုဖွယ်ကောင်းခြင်းကို နားလည်ခြင်းအပေါ် အာရုံထားခဲ့သည်။ ပေတရုသည် လူသား၏ အမျိုးမျိုးသော ယိုယွင်းပျက်စီးသည့် အခြေအနေများအပြင် လူသား၏ ယိုယွင်းပျက်စီးသော သဘောသဘာဝနှင့် တကယ့် ချို့ယွင်းချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ နားလည်ရန်လည်း ကြိုးစားအားထုတ်ရင်း၊ ထိုသို့ဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ လူသားအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ယှဉ်သော ကဏ္ဍအားလုံးကို ဖြည့်ဆည်းပေးခဲ့သည်။ ပေတရု၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လိုက်နာခဲ့သည့် မှန်ကန်သော လက်တွေ့ကျင့်ဆောင်ချက်များစွာ ရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးပင်ဖြစ်ပြီး ဘုရားသခင်၏ အလုပ်ကို ကြုံတွေ့စဉ် လူတစ်ဦးက ပူးပေါင်းဆောင်ရွက်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင် ဖြစ်ခဲ့သည်။ ပေတရုသည် ဘုရားသခင်ထံမှ ရာချီသော စမ်းသပ်မှုများကို တွေ့ကြုံနေရစဉ် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ လူသား အကြောင်း ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်အားလုံး၊ ထို့ပြင် လူသားအပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော် အားလုံးတို့နှင့်ယှဉ်လျက် သူ့ကိုယ်သူ တင်းကြပ်စွာ ဆန်းစစ်ခဲ့ပြီး ထိုနှုတ်ကပတ်တော်များ၏ ဆိုလိုရင်းကို နားလည် သဘောပေါက်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ယေရှုက သူ့အားပြောခဲ့သည့် နှုတ်ကပတ်တော်အားလုံးကို ဆင်ခြင် တွေးဆပြီး အာဂုံဆောင်ထားရန် အသည်းအသန် ကြိုးစားခဲ့ပြီး အလွန်ကောင်းမွန်သော ရလဒ်များကို ရရှိခဲ့သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းပုံစံအားဖြင့် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ့ကိုယ်သူသိနားလည်ခြင်းကို ရရှိရန် စွမ်းဆောင်နိုင်ခဲ့သည်၊ လူသား၏ ဖောက်ပြန်ပျက်စီးသည့် အခြေအနေမျိုးစုံတို့ကို သူသိနားလည်လာခဲ့ရုံသာမက လူသား၏ အနှစ်သာရ၊ သဘာဝဗီဇနှင့် အမျိုးမျိုးသော အားနည်းချက် မျိုးစုံတို့ကိုလည်း သိနားလည်လာခဲ့သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အမှန်တကယ် သိနားလည်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေတရုသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိနားလည်ခြင်းကို ရရှိခဲ့သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဖော်ပြခဲ့သောအရာများ ဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အမှုအတွက် သူ၏ အလိုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ တောင်းဆိုချက်များ စသည့် ဤနှုတ်ကပတ်တော်များမှ ဘုရားသခင်ကို လုံးလုံးလျားလျား သူ သိလာခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရကို သိလာခဲ့သည်၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်လိုဖွယ်ကောင်းခြင်းနှင့် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်းကောင်း သိနားလည် လာခဲ့သည်။ ဘုရားသခင်သည် ယနေ့စကားပြောသကဲ့သို့ ထိုအချိန်က များစွာ မပြောခဲ့သော်ငြားလည်း ဤကဏ္ဍများတွင် ပေတရုအထဲ၌ ရလဒ်များကို ရရှိခဲ့သည်။ ဤသည်မှာ ရှားပါး၍ အဖိုးတန်သောအရာ ဖြစ်ခဲ့လေသည်။ ပေတရုသည် ရာချီသောစမ်းသပ်မှုများကို ကြုံတွေ့ခဲ့သော်လည်း၊ အချည်းနှီး ခံစားခဲ့ရသည် မဟုတ်ပါ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့မှ သူ့ကိုယ်သူ နားလည် လာခဲ့ရုံမျှမက ဘုရားသခင်ကိုလည်း သိကျွမ်းလာခဲ့သည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို အထူးသဖြင့် သူအာရုံစိုက် ခဲ့သည်။ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်ရန် လူသားသည် ဘုရားသခင်ကို မည်သည့်ကဏ္ဍများတွင်မဆို ကျေနပ်အားရစေသင့်သည့်အရာ၌ ပေတရုသည် ဤကဏ္ဍများတွင် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်နိုင်ခဲ့ပြီး ရှင်းလင်းပြတ်သားမှု အပြည့်အဝ ရရှိလေသည်၊ ဤသည်မှာ သူ၏ဝင်ရောက်မှုနှင့် ပတ်သက်၍ အလွန့်အလွန် အကျိုးပြု ခဲ့လေသည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောဆိုခဲ့ပါစေ၊ ထိုနှုတ်ကပတ်တော်များသည် သူ့အသက် ဖြစ်လာနိုင်ပြီး ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်သရွေ့၊ ပေတရုသည် ယင်းတို့ကို မကြာခဏ ဆင်ခြင်အောက်မေ့ပြီး အရသာခံစားနိုင်ရန် သူ၏နှလုံးသားထက်တွင် ထွင်းထုမှတ်သားထားနိုင်ခဲ့သည်။ ယေရှု၏ နှုတ်ကပတ်တော်များကို ကြားနာပြီးနောက်၊ သူသည် ယင်းတို့ကို နှလုံးသွင်းနိုင်ခဲ့သည်၊ ဤအရာက သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် အထူးတလည် အာရုံစိုက်ပြီး နောက်ဆုံး၌ သူသည် အကျိုးကျေးဇူးများ အမှန်တကယ် ရရှိခဲ့ကြောင်း ပြသပါသည်။ တစ်နည်းအားဖြင့် ဆိုသော် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုလိုလားလား လက်တွေ့ကျင့်သုံးနိုင်ခဲ့ခြင်း၊ သမ္မာတရားကို တစ်သဝေမတိမ်း ကျင့်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်စွာ နေနိုင်ခဲ့ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ လုံးလုံးလျားလျား ကျင့်ကြံနိုင်ခဲ့ခြင်းနှင့် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကို စွန့်ပယ်နိုင်ခဲ့ခြင်းတို့ပင် ဖြစ်သည်။ ဤနည်းအားဖြင့်၊ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခဲ့သည်။ အဓိကအားဖြင့် ဤသို့ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် ပေတရု၏ အစေခံခြင်းမှာ ဘုရားသခင်၏ အလိုတော်နှင့် ဆီလျော်ညီညွတ်လာခဲ့ခြင်း ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်လျှင်၊ နေ့စဉ်ဖြစ်ပျက်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အလျဉ်းသင့်သလို မဖြစ်သည်ကို သင်ယုံရပါမည်။ ယင်းမှာ တစ်စုံတစ်ဦးက တမင်တကာ သင့်အပေါ် မညှာမတာပြုနေခြင်း၊ သို့မဟုတ် သင့်ကို ပစ်မှတ်ထားနေခြင်း မဟုတ်ပေ၊ ဤအရာကို ဘုရားသခင်က စီစဉ်ထားခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာများအားလုံးကို စီစဉ်ညွှန်ကြားသနည်း။ ယင်းမှာ သင် မည်သူဖြစ်သည်ကို ထုတ်ဖော်ပြရန်၊ သို့မဟုတ် သင့်ကို ဖော်ထုတ်ဖို့ရန် မဟုတ်ရပါ၊ သင့်ကို ဖော်ထုတ်ခြင်းမှာ အဆုံးသတ် ရည်မှန်းချက် မဟုတ်ပေ။ ရည်မှန်းချက်မှာ သင့်ကို စုံလင်စေရန်နှင့် ကယ်တင်ရန်ဖြစ်သည်။ ယင်းကို ဘုရားသခင်က အဘယ်သို့ လုပ်ဆောင်ပါသနည်း။ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏သဘာဝဗီဇနှင့် အနှစ်သာရ၊ သင်၏ အားနည်းချက်များနှင့် သင်ချို့တဲ့သောအရာတို့ကို သင့်အား သတိပြုမိစေခြင်းဖြင့် သူ စတင်သည်။ ဤအရာများကို သိခြင်းနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခုရှိခြင်းအားဖြင့်သာ သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း စွန့်ပစ်နိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်းပင်ဖြစ်သည်။ ဤအခွင့်အရေးကို မည်သို့အမိအရယူရမည်ကို သင်သိရန် လိုအပ်ပြီး၊ ဘုရားသခင်နှင့် မလျှော့တမ်းငြင်းခုံခြင်း မပြုသင့်ပေ။ အထူးသဖြင့် သင်သည် သင့်ဝန်းကျင်ရှိ ဘုရားသခင်စီစဉ်ပေးသည့် လူများ၊ ကိစ္စရပ်များ၊ အမှုအရာများတို့နှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ၊ အမှုအရာများသည် မိမိဖြစ်စေလိုသည့်အတိုင်း မဟုတ်ပါဟု စဉ်ဆက်မပြတ် မခံစားနှင့်။ ယင်းတို့ကို ရှောင်လွှဲဖို့ သို့မဟုတ် ဘုရားသခင်ကို အမြဲ အပြစ်တင်ကာ နားလည်မှုလွဲဖို့ စဉ်ဆက်မပြတ် ဆန္ဒမရှိနှင့်။ ထိုအရာများကို သင် စဉ်ဆက်မပြတ် လုပ်ဆောင်နေပါက၊ သင်သည် ဘုရားသခင်၏အမှုကို ကြုံနေရခြင်းမဟုတ်သကဲ့သို့၊ ယင်းက သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ဖို့ရန်အတွက် အလွန်ခက်ခဲစေလိမ့်မည်။ သင်အပြည့်အဝ နားမလည်နိုင်သည့် သင် ကြုံရသော မည်သည့်အရာကိုမဆို၊ အခက်အခဲ ဖြစ်ပေါ်သည့်အခါ၊ ကျိုးနွံနာခံတတ်ရန် သင်ယူရမည်။ သင်သည် ဘုရားသခင်ရှေ့သို့ လာခြင်းနှင့် သာ၍ ဆုတောင်းခြင်းဖြင့် စတင်သင့်သည်။ ထိုနည်းဖြင့် သင်မသိလိုက်မီ သင်၏အတွင်းစိတ် အခြေအနေတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ သင်သည် သင်၏ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားနိုင်လိမ့်မည်။ ဤအရာ ဖြစ်ပျက်သည်နှင့်အမျှ၊ သင့်အထဲ၌ သမ္မာတရားစစ်မှန်မှု ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သင်တိုးတက် လာမည့်ပုံနှင့် သင့်ဘဝအခြေအနေ၏ အသွင်ပြောင်းလဲမှုကို ကြုံရမည့်ပုံ ဖြစ်သည်။ ဤအပြောင်းအလဲကို သင်ကြုံရပြီး ဤသမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက်၊ ဝိညာဉ်ရင့်ကျက်မှုကိုလည်း သင် ပိုင်ဆိုင်လိမ့်မည် ဖြစ်ပြီး၊ ဝိညာဉ်ရင့်ကျက်မှုနှင့်အတူ အသက်လိုက်လာမည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” မှ

နေ့စဥ် တာဝန်ထမ်းဆောင်မှု၌ ဘုရားသခင်၏ အလုပ်ကို သင်တို့ တွေ့ကြုံပါသလော။ ပြဿနာများကို ရင်ဆိုင်ရစဥ် ဘုရားသခင်ထံ ဆုတောင်းခဲ့ပြီး သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို ဖြေရှင်းနိုင်သလော။ ဤအရာက အသက်ဝင်ရောက်မှု ကိစ္စနှင့် ဆက်စပ်လေသည်။ လူတစ်ဦးသည် သူ၏အခြေအနေကို ထည့်သွင်းစဥ်းစားခြင်း မပြုဘဲ သူ၏ တာဝန်ကို ထမ်းဆောင်ရာ၌ ပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုပါက ထိုတာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် မသက်ဆိုင်ပေ။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်နေပါစေ၊ သို့မဟုတ် မည်သည့်အရာကို သင် လုပ်နေပါစေ သင်သည် ဘုရားသခင်၏ သက်ဆိုင်သော နှုတ်ကပတ်တော်များ ရှုထောင့်ကိုသာမက လူသား၏ အခြေအနေအစိတ်အပိုင်းများ ဖြစ်ကြသော သင်ကိုယ်တိုင်၏ အတွေးအခေါ်များ၊ ထင်မြင်ချက်များ သို့မဟုတ် မမှန်ကန်သော ရည်ရွယ်ချက်များအားလုံးကိုလည်း ထည့်တွက်စဥ်းစားရမည်။ လူသား၏ အခြေအနေတွင် မည်သည့်အရာများ ပါဝင်သနည်း။ ယင်း၌ လူတို့၏ ရပ်တည်ချက်များ၊ စိတ်ထားများ၊ ရည်ရွယ်ချက်များနှင့် အမြင်များသာမက အချို့သော သဘောတရားခံယူချက်များ၊ တွေးခေါ်နိုင်စွမ်းနှင့် အသိပညာတို့ ပါဝင်ပြီးလျှင်၊ အချုပ်အားဖြင့် ဤအရာများအားလုံးမှာ လူတို့၏ လုပ်ဆောင်မှုနှင့် အခြားသူများအပေါ် ဆက်ဆံမှုဆိုင်ရာ ဖြစ်နေကျ ပုံစံများနှင့် နည်းလမ်းများနှင့် ဆက်စပ်လေသည်။ အလုပ်တာဝန်တစ်ခုကို ရင်ဆိုင်သောအခါ သင်သည် သင့်အမြင်က မည်သည့်အရာဖြစ်သည်ကို ဦးစွာ ဆန်းစစ်ရမည်၊ ဤသည်မှာ ပထမအဆင့်ပင်ဖြစ်သည်။ ဒုတိယအဆင့်မှာ ထိုအမြင်က မှန်ကန်မှုရှိသည်၊ မရှိသည်ကို ဆန်းစစ်ရန်ဖြစ်သည်။ သို့ဆိုလျှင် သင့်အမြင် မှန်ကန်မှုရှိမရှိကို သင် မည်သို့ ဆုံးဖြတ်သင့်သနည်း။ ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆုံးဖြတ်သည်ဟူသော်လည်း၊ အဆိုပါ အလုပ်တာဝန်၏ အခြေခံသဘောတရားများအရလည်း ဖြစ်သည်- သာဓကအားဖြင့် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ သိသာရှင်းလင်းသော တောင်းဆိုချက်များ၊ သို့မဟုတ် ဘုရားသခင့်အိမ်တော်၏ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဥ်းမျာနှင့် သို့မဟုတ် ဘုရားသခင့် အိမ်တော်၏ အကျိုးအမြတ်များပင်ဖြစ်သည်။ အမြင်တစ်ခုက မှန်ကန်မှုရှိသည် မရှိသည်ကို ဆုံးဖြတ်ရန် ဤအရာများကို အသုံးပြုလော့၊ ၎င်းတို့မှာ တိုင်းတာမှုစံနှုန်းများပင် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား” မှ

နှစ်ကာလများစွာ ကျော်လွန်ပြီးနောက် လူသားသည် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အခက်အခဲကို တွေ့ကြုံရလျက်၊ ရာသီဥတု ဒဏ်မပြတ်ခံထားလာရပြီး ဖြစ်သည်။ လူသည် အတိတ်အချိန်ကာလများ၏ “ဘုန်းအသရေ”နှင့် “ကြည်နူးဆွတ်ပျံ့ဖွယ်ရာ” တို့ ပျောက်ဆုံးသွားပြီး ဖြစ်သော်လည်း၊ သူသည် မသိလိုက်ဘဲနှင့် လူသား အပြုအမူနှင့်ဆိုင်သည့် အခြေခံသဘောတရားများကို နားလည်လာပြီး ဖြစ်ကာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအဖို့ ဘုရားသခင်၏ နှစ်ပေါင်းများစွာ ဆက်ကပ်မြှုပ်နှံမှုကို အသိအမှတ်ပြုလာရပြီးဖြစ်သည်။ လူသားသည် တဖြည်းဖြည်းနှင့် ၎င်းကိုယ်တိုင်၏ ရိုင်းစိုင်းမှုကို စတင် စက်ဆုပ်ရွံရှာလေသည်။ သူ မည်မျှရိုင်းစိုင်းသည်၊ ဘုရားသခင်အပေါ် သူ၏ အထင်လွဲမှားမှုများအားလုံးနှင့် ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလေသည်။ အချိန်သည် နောက်ပြန်လှည့်၍မရပေ။ အတိတ်က အဖြစ်အပျက်များသည် လူသား၏ နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ချစ်ခြင်းမေတ္တာတို့သည် လူသား၏ဘဝသစ်တွင် တွန်းအား ဖြစ်လာလေသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းသည်၊ သူ၏ ခွန်အားပြန်ရှိလာပြီး သူသည် မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာကို ဖူးမျှော်လေသည်...သူသည် မိမိ၏နံဘေးတွင် အမြဲရှိကြောင်းနှင့် သူ၏အပြုံးနှင့် သူ၏ လှပသောမျက်နှာတို့သည် လွန်စွာ လှုပ်ရှားစေနိုင်ဆဲ ဖြစ်ကြောင်းတို့ကိုသာ တွေ့ရပေသည်။ သူ၏စိတ်နှလုံးသည် သူ ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ပူပန်မှုများ ပွေ့ပိုက်ဆဲဖြစ်ပြီး သူ၏လက်များသည် အစအဦးကကဲ့သို့ နွေးထွေးပြီး တန်ခိုးရှိနေဆဲဖြစ်သည်။ ယင်းမှာ လူသားက ဧဒင်ဥယျာဉ်သို့ ပြန်သွားခဲ့သည့်အလား ဖြစ်သည်၊ သို့သော် ဤအကြိမ်တွင် မြွေ၏ ဖြားယောင်းသွေးဆောင်မှုများကို လူသားက နားမထောင်တော့ သကဲ့သို့၊ ယေဟောဝါ၏ မျက်နှာမှ လှည့်ထွက် မသွားတော့ပေ။ လူသည် ဘုရားသခင် ရှေ့မှောက်တွင် ဒူးထောက်၏၊ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး သူ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်လေသည်- အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

ဘုရားသခင်၏အမှုကို လူတို့ကြုံတွေ့ ရချိန်တွင်၊ သူနှင့်သက်ဆိုင်သည့် ၎င်းတို့၏ ပထမဦးဆုံးသော အသိမှာ ဘုရားသခင်သည် နားလည်သဘောပေါက်၍မရနိုင်သောသူ၊ ဉာဏ်ပညာရှိပြီး အံ့ဩဖွယ်ကောင်းသူဟူ၍ ဖြစ်ပြီး၊ ၎င်းတို့သည် မသိလိုက်ဘဲ သူ့ကို ကြည်ညိုကာ လူသားတို့စိတ်က ဉာဏ်မမီနိုင်သည့်အရာ ဖြစ်သည့် သူပြုသောအမှု၏ နက်နဲမှုကို ခံစားကြရသည်။ လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ သူ၏ စိတ်ဆန္ဒများကို ကျေနပ်စေရန်သာ အလိုရှိကြသည်။ ဘုရားသခင် ပြုသည့် အမှုသည် လူ၏ အတွေးနှင့် စိတ်ကူးများကို ကျော်လွန်ပြီး သူ့ကိုယ်စား လူက မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ကျော်လွန်လိုသော ဆန္ဒမရှိပေ။ လူကိုယ်တိုင်ပင်လျှင် သူ၏ကိုယ်ပိုင်မပြည့်စုံမှုများကို မသိပေ၊ သို့ရာတွင် ဘုရားသခင်သည် လမ်းကြောင်းသစ်တစ်ခုကို ရှေ့ဆက်ပြီး လူကို သာ၍သစ်လွင်ကာ သာ၍လှပသော ကမ္ဘာတစ်ခုထဲသို့ ခေါ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ထို့သို့လျှင် လူသားမျိုးနွယ်သည် အသစ်သောတိုးတက်မှုကို ပြုပြီးဖြစ်ကာ အသစ်သော စတင်မှု ရှိခဲ့ကြပြီးဖြစ်သည်။ ဘုရားသခင်အတွက် လူတို့ ခံစားရသည့်အရာမှာ လေးစားမှုမဟုတ်ပေ၊ သို့မဟုတ် ယင်းထက် လေးစားမှုတစ်ခုတည်း မဟုတ်ပေ။ ၎င်းတို့၏အနက်ရှိုင်းဆုံး အတွေ့အကြုံသည် ရိုသေခန့်ညားခြင်းနှင့် ချစ်ခြင်းမေတ္တာ ဖြစ်၏။ ၎င်းတို့၏ ခံစားချက်မှာ ဘုရားသခင်သည် အမှန်ပင် အံ့ဖွယ်ဖြစ်သည်ဟူ၏။ သူသည် လူ မလုပ်ဆောင်နိုင်သောအမှုကို လုပ်ဆောင်ပြီး၊ လူ မပြောနိုင်သောအရာကို ပြောလေသည်။ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးသောလူတို့သည် ဖော်မပြနိုင်သော ခံစားချက်တစ်ခု အမြဲရှိကြသည်။ အတော်နက်ရှိုင်းသော အတွေ့အကြုံရှိသည့် လူတို့သည် ဘုရားသခင်ကို ချစ်ခြင်းအား နားလည်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို ခံစားနိုင်ကြသည်၊ ဘုရားသခင်၏ အမှုသည် အလွန် အမြော်အမြင်ရှိသည်၊ အလွန် အံ့ဖွယ်ဖြစ်သည်ဟု ခံစားရပြီး၊ ထိုသို့ဖြင့် ၎င်းတို့ကြားတွင် အဆုံးမရှိသော တန်ခိုး ဖြစ်ပေါ်စေလေသည်။ ယင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရံဖန်ရံခါ ချစ်ခြင်းနှင့် လေးစားမှု မဟုတ်ဘဲ လူ့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကို သည်းခံခြင်းနှင့်သက်ဆိုင်သည့် နက်ရှိုင်းသော အသိစိတ်တစ်ခု ဖြစ်သည်။ သို့ရာတွင်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံပြီးသောသူများသည် သူ၏ ဘုန်းအာနုဘော်နှင့် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သူ သည်းမခံသည်ကို အာရုံခံစားရကြသည်။ ဘုရားသခင်၏အမှုများစွာကို ကြုံတွေ့ပြီးသော လူများပင်လျှင် သူ့ကို နားလည်သဘောပေါက်ရန် မတတ်နိုင်ကြပေ။ သူ့ကို အမှန်တကယ် ကြည်ညိုသောသူ အားလုံးက ဘုရားသခင်၏အလုပ်သည် လူတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ၊ ၎င်းတို့၏အယူအဆများနှင့် အမြဲဆန့်ကျင်သည်ကို သိကြသည်။ ဘုရားသခင်သည် သူ့ကို အပြည့်အဝ လေးစားရန် သို့မဟုတ် သူ့ကို ကျိုးနွံနာခံမှု ပုံပန်းပြရန် လူတို့ကို မလိုအပ်ပေ။ ယင်းထက်၊ ၎င်းတို့အနေဖြင့် မှန်ကန်သော ကြည်ညိုမှုနှင့် မှန်ကန်သော ကျိုးနွံနာခံမှုတို့ ရရှိသင့်ပေသည်။ ဘုရားသခင်၏ များစွာသော အမှုတွင် စစ်မှန်သော အတွေ့အကြုံရှိသူတို့သည် သူ့ကို လေးစားမှုထက် ပို၍မြင့်မားသော ကြည်ညိုမှု ခံစားကြရလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့် သူ၏စိတ်သဘောထားကို တွေ့မြင်ကြရပြီးဖြစ်ကာ၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏စိတ်နှလုံးများထဲတွင် ကြည်ညိုကြလေသည်။ ဘုရားသခင်၏ ဖြစ်တည်ခြင်းနှင့် သူ၏ စိတ်သဘောထားတို့သည် အဖန်ဆင်းခံ တစ်ဦးနှင့် မတူသကဲ့သို့ အဖန်ဆင်းခံတစ်ဦး အထက်တွင် ရှိသောကြောင့်၊ ဘုရားသခင်ဆိုသည်မှာ ကြည်ညိုခံရရန်နှင့် နာခံခြင်း ခံရရန် ဖြစ်သည်။ ဘုရားသခင်သည် မိမိဘာသာတည်ရှိကာ ထာဝရဖြစ်သည်၊ သူသည် ဖန်ဆင်းခံတစ်ဦးမဟုတ်သကဲ့သို့၊ ဘုရားသခင်တစ်ပါးတည်းသာ ကြောက်ရွံ့မှုနှင့် နာခံမှုတို့ဖြင့် ထိုက်တန်ပေသည်။ လူသည် ဤအရာအတွက် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးဖြစ်ကာ သူ့ကို အမှန်တကယ် သိသောသူ အားလုံးသည် ဘုရားသခင်အပေါ် ကြည်ညိုမှု ခံစားကြရလေသည်။ သို့ရာတွင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လက်မလွှတ်သော သူများသည်- သူ့ကို ဘုရားသခင်ဟု သက်သက် မယူမှတ်သောသူများသည်- သူ့အပေါ် ကြည်ညိုမှု မရှိကြသကဲ့သို့၊ ၎င်းတို့သည် သူ့နောက်သို့ လိုက်ကြသော်လည်း၊ သိမ်းပိုက်ခြင်း မခံကြရပေ။ ၎င်းတို့သည် သဘာဝအားဖြင့် မနာခံသော လူများ ဖြစ်သည်။ ထိုသို့အမှုပြုခြင်းဖြင့် ဘုရားသခင် ရရှိဖို့ ရည်ရွယ်သည့်အရာမှာ ဖန်ဆင်းခံ သတ္တဝါများအားလုံးအနေဖြင့် ဖန်ဆင်းရှင်အတွက် ကြည်ညိုမှု စိတ်နှလုံးများ ရှိကြရန်၊ သူ့ကို ကိုးကွယ်ရန်နှင့် သူ၏အုပ်စိုးမှုကို ခြွင်းချက်မရှိ ကျိုးနွံနာခံရန်အတွက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံးက ရရှိဖို့ ရည်ရွယ်သော နောက်ဆုံးရလဒ်များ ဖြစ်သည်။ ထိုသို့သောအမှုကို တွေ့ကြုံပြီးဖြစ်သော လူတို့သည် အနည်းငယ်မျှပင် ဘုရားသခင်ကို ကြည်ညိုမှုမရှိပါက၊ ပြီးလျှင် ၎င်းတို့၏အတိတ်က မနာခံမှုသည် ပြောင်းလဲခြင်း လုံးဝမရှိပါက၊ ၎င်းတို့ ပယ်ရှင်းခံကြရဖို့ သေချာပေသည်။ ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထားသည် အဝေးမှ သူ့ကို လေးစားဖို့ သို့မဟုတ် ရိုသေမှုကို ပြသရန်သာဖြစ်ပြီး၊ နည်းနည်းကလေးမျှ သူ့ကို ချစ်ရန်မဟုတ်ပါက၊ ဤသည်မှာ ဘုရားသခင်ကိုချစ်သည့် နှလုံးသားမရှိသောလူတစ်ဦး ဆိုက်ရောက်သည့် အကျိုးဆက်ဖြစ်ပြီး၊ ထိုလူသည် စုံလင်စေခြင်းခံရဖို့ သတ်မှတ်ချက်များ ကင်းမဲ့ပေသည်။ အကယ်၍ များစွာသော အမှုတို့သည် လူတစ်ဦး၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို မရရှိနိုင်ပါက၊ ထိုလူသည် ဘုရားသခင်ကို မရရှိသေးသကဲ့သို့၊ သမ္မာတရားကို စစ်မှန်စွာ လိုက်လျှောက်ခြင်းမရှိပေ။ ဘုရားသခင်ကို မချစ်သော လူတစ်ဦးသည် သမ္မာတရားကို မချစ်ပေ၊ သို့ဖြစ်ရာ သူသည် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန်မဆိုထားနှင့်၊ ဘုရားသခင်ကို မရရှိနိုင်ပေ။ ထိုသို့သောလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက်ကို မည်သို့ တွေ့ကြုံသည်ဖြစ်စေ၊ တရားစီရင်မှုကို ၎င်းတို့ မည်သို့တွေ့ကြုံသည်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ မကြောက်ရွံနိုင်ကြပေ။ ဤသည်တို့မှာ မိမိတို့၏ သဘာဝအရ မပြောင်းလဲနိုင်သည့် လူများနှင့် အလွန့်အလွန် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသူများ ဖြစ်သည်။ ဘုရားသခင်ကို မကြောက်ရွံ့သောသူအားလုံးသည် ပယ်ရှားခြင်းခံကြရမည်၊ အပြစ်ပေးခြင်း ခံရမည့်သူများဖြစ်မည်ဖြစ်ပြီး မတရားသောအရာများကို ပြုသောသူတို့ထက် ဆင်းရဲဒုက္ခခံစားဖို့၊ မကောင်းမှုပြုသူများကဲ့သို့ အပြစ်ပေးခံရမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

အရှေ့သို့- အသက်ဝင်ရောက်မှုတွင် လိုက်နာရမည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားခြင်း၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်