၇၃) အသင်းတော်မှ နှင်ထုတ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) သမ္မာတရားကို လုံးဝ မချစ် သို့မဟုတ် လက်မခံသကဲ့သို့ အသင်းတော် အသက်တာကို မကြာခဏ နှောင့်ယှက်မှုများပင် ဖြစ်စေနိုင်စွမ်းသည့် ဆိုးယုတ်သော လူများကို နှင်ထုတ်ရမည်။

(၂) ၎င်းတို့၏ သိနားလည်မှုက အဓိပ္ပာယ်မရှိသည့်၊ အထူးသဖြင့် မာနထောင်လွှားပြီး မကြာခဏ ဘုရားသခင်အပေါ် အယူအဆများနှင့် နားလည်မှုလွဲခြင်းများ သိုထားကာ သူ့အပေါ် ၎င်းတို့၏ ဝေဖန်မှုများ ချမှတ်သောသူများသည် နှင်ထုတ်ခြင်းကို ရင်ဆိုင်ရမည်။

(၃) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များနှင့် ပတ်သက်၍ မကျေနပ်ချက်များ လှုံ့ဆော်ပေးခြင်းအားဖြင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ဖို့ အတောမသတ်သော ရည်မှန်းချက်တစ်ခု ရှိသူများသည် အန္တိခရစ်များ၏ အတန်းအစား ဖြစ်ပြီး၊ နှင်ထုတ်ခြင်းကို ရင်ဆိုင်ရမည်။

(၄) ယုတ်စွအဆုံး သမ္မာတရားကို လက်မခံနိုင် သို့မဟုတ် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လက်မခံနိုင်သည့်အပြင်၊ ဆိုးယုတ်သည့် အထူးထူး အပြားပြားသော လုပ်ရပ်များ လုပ်နိုင်စွမ်းရှိသည့် မယုံကြည်သူများနှင့် ဆိုးယုတ်သော လူမျိုးစုံတို့ကို နှင်ထုတ်ရမည်။

(၅) နတ်ဆိုးစွဲသူများ သို့မဟုတ် ၎င်းတို့အထဲတွင် နတ်ဆိုးများ အလုပ်လုပ်ကြသည့်အပြင် အခြားသူများကို လှည့်ဖြားရင်းနှင့် အသင်းတော် အသက်တာကို နှောင့်ယှက်ရင်း၊ မကြာခဏ မုသားများကို ဖြန့်ဝေသူများကို နှင်ထုတ်ရမည်။

(၆) ဘုရားသခင်အဖို့ ဖြစ်သော လှူဖွယ်ပစ္စည်းများနှင့် ပတ်သက်၍ မကြာခဏ အလွဲသုံးစားလုပ်သူများ သို့မဟုတ် ဖြုန်းတီးသူများနှင့် ယိုးမယ်ဖွဲ့ခြင်း မျိုးစုံအောက်တွင် ဘုရားသခင်အဖို့ဖြစ်သော လှူဖွယ်ပစ္စည်းများကို တပ်မက်သူများအား အခြေအနေဆိုးရွားပါက နှင်ထုတ်ရမည်။

(၇) ချစ်ရေးချစ်ရာ ကိစ္စများနှင့် လိင်မှုကိစ္စ ရှုပ်ပွေခြင်းတွင် မကြာခဏ ပါဝင်ပတ်သက်ပြီးဖြစ်ကာ အထူးသဖြင့် ဆိုးယုတ်ကာ ထိုသို့ဖြင့် အခြားသူများအပေါ် အလွန့်အလွန် မကောင်းသည့် လွှမ်းမိုးမှုတစ်ခု အသုံးချမှန်း သက်သေအထောက်အထားဖြင့် ခိုင်လုံသည့်သူ၊ ပြီးလျှင် ထပ်တလဲလဲဖြစ်သော ကန့်ကွက်မှုများ ရှိသော်လည်း မိမိတို့၏ လမ်းကို ပြောင်းလဲရန် ငြင်းဆန်သောသူကို နှင်ထုတ်ရမည်။

(၈) အလုပ် အစီအစဉ်များကို ဆိုးရွားသည့် ချိုးဖောက်မှုများ ကျူးလွန်သကဲ့သို့၊ အသင်းတော်ထဲတွင် ရုတ်ရုတ်သဲသဲဖြစ်စေရင်းနှင့် ဘုရားသခင်၏ ရွေးချယ်ထားသည့် လူများကို ထောင်ဖမ်းရင်း၊ လမ်းညွှန်ချက်များကို မနာခံသည့် အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်များကို နှင်ထုတ်ရမည်။

(၉) အဆင်းနီသော နဂါးကြီးကို အစေခံခြင်းဖြင့် သခင့်ကို သို့မဟုတ် ၎င်းတို့၏ ရောင်းရင်းများကို သစ္စာဖောက်ကာ အသင်းတော်ကို ထောင်ဖမ်းမည့်သူ မည်သူမဆိုသည် ၎င်းတို့၏ ယခင် စွမ်းဆောင်မှု မှတ်တမ်းများကို ပဓာနမထားဘဲ နှင်ထုတ်ခြင်းအား ရင်ဆိုင်ရမည်။

(၁၀) လူတစ်ဦးကို နှင်ထုတ်မည်ဆိုပါက၊ အသင်းတော်သည် ယင်းအတွက် အချက်အလက်များနှင့် လုံးဝ ကိုက်ညီသည့် လုံလောက်သော အကြောင်းပြချက် ရှိရမည် ဖြစ်ပြီး၊ အသင်းသား အများစု သဘောတိုက်ဆိုင်ရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းထိုးစေပြီးနောက် ၎င်းတို့အများအပြားသည် လေတိုက်သည့်အထဲတွင် တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် “တလင်းပြင်” ဖြစ်သည်၊ ယင်းသည် ငါတောင့်တသည့်အရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးသွမ်းသူ အများအပြားသည် ငါအမှုပြုနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း၊ ငါသည် ၎င်းတို့ကို မောင်းနှင်ထုတ်ရန် အလျင်မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ၊ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ထို့နောက်မှသာလျှင် ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘောသဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန် ခေတ္တ ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ဤအခြေအနေများကို ရင်ဆိုင်လျက်၊ ငါသည် ထိုကဲ့သို့သော အမှု၏အဆင့်ကို ဆောင်ရွက်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့်သည်။ ဆိုးညစ်သောသူများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် ကြံစည်၍ရသော နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏အလိုကို ဖော်ထုတ်ခြင်းမပြုမီ၊ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိချေ။ ဤအခွင့်အရေးကို အရယူလျက်၊ ငါသည် ထိုဆိုးညစ်သောသူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။ ငါသည် ဆိုးညစ်သောသူတို့ကို ဤသို့ပြု၏၊ သို့သော်လည်း ငါ့အတွက် အစေခံဖို့နေ့ ၎င်းတို့အတွက် ရှိပါဦးမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်” မှ

ငါစီစဉ်ထားသော အမှုသည် တစ်ခဏပင် မရပ်နားဘဲ၊ ရှေ့သို့သာ အပူတပြင်း ရှေ့ဆက်မြဲရှေ့ဆက်နေသည်။ နိုင်ငံတော်ခေတ်ထဲသို့ ရွှေ့ပြောင်းပြီးနောက်၊ ပြီးလျှင် သင်တို့ကို ငါ၏လူများအဖြစ် ငါ့နိုင်ငံတော်ထဲသို့ သယ်ဆောင် သွားပြီးနောက်၊ ငါ၌ သင်တို့အပေါ် အခြား တောင်းဆိုမှုများ ရှိပေမည်။ ဆိုလိုသည်မှာ၊ ဤခေတ်ကို ငါအုပ်ချုပ်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သင့်ရှေ့တွင် ငါစတင်ပြဋ္ဌာန်းမည်။

သင်တို့သည် ငါ၏လူများဟု ခေါ်ဆိုခံကြရသည့်အတွက်၊ သင်တို့အနေဖြင့် ငါ့နာမကို ဘုန်းထင်ရှားစေနိုင်သင့်ပေသည်။ ဆိုလိုသည်မှာ စမ်းသပ်မှုအလယ်တွင် သက်သေခံရပ်တည်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် ငါ့အား မြှောက်ထိုးပင့်ကော် လုပ်ဖို့နှင့် ငါ့ထံမှ သမ္မာတရားကို ဖုံးကွယ်ထားရန် ကြိုးပမ်းပါက သို့မဟုတ် ငါ့နောက်ကွယ်တွင် သိက္ခာမဲ့သော ဆက်ဆံရေးများတွင် ပါဝင်ပတ်သက်ပါက၊ ထိုသို့သော လူများသည် ခြွင်းချက်မရှိ မောင်းထုတ်ခံရမည် ဖြစ်ကာ ၎င်းတို့အား ငါကိုင်တွယ်ဖြေရှင်းသည်ကို စောင့်ဆိုင်းရန် ငါ့အိမ်မှ မောင်းထုတ်ခံရမည်၊ ပြီးလျှင် ဖယ်ရှားခံရလိမ့်မည်။ အတိတ်တွင် ငါ့အပေါ် သစ္စာမရှိသကဲ့သို့ သားသမီးတို့၏ ချစ်ခင်မှုမရှိသူ၊ ပြီးလျှင် ယနေ့တွင် ငါ့အား ပွင့်ပွင့်လင်းလင်း ဝေဖန်ရန် တစ်ဖန် ထကြွ သူတို့သည်လည်း ငါ့အိမ်မှ မောင်းထုတ်ခံရလိမ့်မည်။ ငါ၏လူများဖြစ်သော သူတို့သည် ငါ၏ဝန်ထုပ်များကို စဉ်ဆက်မပြတ် စာနာထောက်ထားမှု ပြရမည်ဖြစ်သည့်အပြင် ငါ၏နှုတ်ကပတ်တော်များကို သိရှိဖို့ ကြိုးစားရမည်ဖြစ်သည်။ ဤသို့သော လူများကိုသာ ငါသည် ဉာဏ်ပွင့်လင်းစေမည် ဖြစ်ပြီး၊ ၎င်းတို့သည် ပြစ်တင်ဆုံးမမှုကို မည်သည့်အခါတွင်မျှ မရင်ဆိုင်ရဘဲ၊ ငါ၏လမ်းပြမှုနှင့် ဉာဏ်ပွင့်လင်းစေခြင်း အောက်တွင် ဧကန်မုချ အသက်ရှင်ကြလိမ့်မည်။ ငါ၏ဝန်ထုပ်များကို စာနာထောက်ထားမှု မပြနိုင်ဘဲလျက်၊ မိမိတို့ကိုယ်တိုင်၏ အနာဂတ်များအတွက် စီစဉ်ခြင်းအပေါ် အာရုံစိုက်သူများ— ဆိုလိုသည်မှာ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ငါ၏ စိတ်နှလုံးကို ကျေနပ်စေရန် ရည်ရွယ်ခြင်း မရှိဘဲ၊ ယင်းထက် ပေးစာကမ်းစာများကို ရှာဖွေသူများ- ၎င်းတို့သည့် မွေးဖွားခဲ့သည့်အချိန်မှ ငါ၏ဝန်ထုပ်များအပေါ် စာနာထောက်ထားမှု ပြဖို့ဆိုသည်မှာ မည်သည့်အရာ ဆိုသည်ကို ဘာမျှမသိရှိကြလေသောကြောင့်၊ ဤသူတောင်းစားကဲ့သို့သော သတ္တဝါများကို အသုံးပြုဖို့ ငါ လုံးဝ ငြင်းပယ်လေသည်။ ၎င်းတို့သည် ပုံမှန်အသိစိတ်မဲ့သော လူများဖြစ်သည်။ ထိုသို့သောလူများသည် ဦးနှောက် “အာဟာရချို့တဲ့မှု” ကို ခံစားရပြီး “အာဟာရ” တချို့အတွက် အိမ်ပြန်ရန်လိုအပ်သူများ ဖြစ်သည်။ ထိုသို့သော လူများကို ငါမသုံးပေ။ ငါ၏လူများအလယ်၊ အဆုံးတွင် ငါ့ကိုသိကျွမ်းခြင်းသည် အစာစားခြင်းကဲ့သို့ ကျွမ်းကျင်သောလက်ဖြင့် သင် သက်သောင့်သက်သာ လုပ်လေ့ ရှိသော အရာတစ်ခုကဲ့သို့ တရင်းတနှီး ဖြစ်လာဖို့အလို့ငှာ အယောက်တိုင်းသည် တစ်ခဏပင် လုံးဝ မေ့လျော့ခြင်း မရှိသောအရာတစ်ခုဖြစ်သည့် စားခြင်း၊ ဝတ်ခြင်းနှင့် အိပ်ခြင်းကဲ့သို့ ငါ့အား သိကျွမ်းခြင်းကို အဆုံးထိ ကျေပွန်ရမည့် တာဝန်ဝတ္တရားတစ်ခုအဖြစ် အလေးထားရန် လိုအပ် ပေလိမ့်မည်။ ငါပြောဆိုသော နှုတ်ကပတ်တော်များ အတွက်မူ၊ တစ်ခုစီတိုင်းကို အဆုံးစွန် ယုံကြည်မှုနှင့် ခံယူရမည်ဖြစ်ပြီး၊ အပြည့်အဝ စွဲမှတ်ရမည်။ ဝတ်ကျေတန်းကျေ တစ်ဝက်တစ်ပျက် ဆောင်ရွက်ခြင်း ရှိ၍ မဖြစ်ပေ။ ငါ၏နှုတ်ကပတ်တော်များကို အာရုံမစိုက်သောသူ မည်သူမဆိုသည် ငါ့အား တိုက်ရိုက်ခုခံနေခြင်းအဖြစ် မှတ်ယူခံ ရလိမ့်မည်။ ငါ့နှုတ်ကပတ်တော်များကို စားသုံးခြင်း မပြုသောသူ မည်သူမဆို သို့မဟုတ် ယင်းတို့ကို သိရှိရန် မကြိုးစားသောသူ မည်သူမဆိုသည် ငါ့ကို အာရုံစိုက်နေခြင်း မရှိသကဲ့သို့ မှတ်ယူခံရမည်ဖြစ်ပြီး ငါ၏အိမ်တံခါးပြင်ပသို့ တိုက်ရိုက် ဖယ်ရှားခံရလိမ်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ယခင်က ငါပြောခဲ့သည့်အတိုင်း၊ ငါအလိုရှိသည်မှာ အရေအတွက်များပြားသော လူများမဟုတ်ဘဲ၊ ထူးကဲသာလွန်မှု ဖြစ်သည်။ လူတစ်ရာတွင် ငါနှုတ်ကပတ်တော်များမှတစ်ဆင့် ငါ့ကို သိနိုင်သူ တစ်ဦးသာရှိပါက၊ ဤသူတစ်ဦးတည်းကို အသိဉာဏ် ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့အပေါ် အာရုံစိုက်ဖို့ အခြားသူအားလုံးကို ငါ လိုလိုလားလား စွန့်ပယ်မည် ဖြစ်သည်။ ဤအရာမှ အရေအတွက်များခြင်း တစ်ခုတည်းက ငါ့ကို ထင်ရှားစေနိုင်ပြီး ငါ့အားဖြင့် အသက်ရှင် နေထိုင်နိုင်သည်ဆိုသည်မှာ သေချာပေါက် မမှန်ကန်သည်ကို သင်တို့ တွေ့နိုင်ပေသည်။ ငါအလိုရှိသည်မှာ (အစေ့အနှံများ မပြည့်ဝသည့်တိုင်) ဂျုံစပါးဖြစ်ပြီး (အစေ့အနှံများမှာ အထင်ကြီးစဖွယ် ပြည့်ဝချိန်တွင်ပင်) တောပင်များ မဟုတ်ပေ။ ရှာဖွေခြင်းကို အရေးမထားဘဲ၊ ယင်းအစား လျော့ရဲသည့် ပုံစံဖြင့် ပြုမူသူများအနေနှင့်မူ၊ မိမိတို့ သဘောအလျောက် ထွက်ခွာသွားသင့်သည်။ ၎င်းတို့သည် ငါ့နာမကို ဆက်လက် ဂုဏ်အသရေပျက်စေမည်စိုး၍၊ ၎င်းတို့ကို ငါနောက်ထပ် မမြင်လိုပေ။ ငါ၏လူများကို ငါတောင်းဆိုသည့်အရာနှင့် စပ်လျဉ်း၍၊ ဤပညတ်ချက်များတွင် ယခု ငါရပ်ထားမည် ဖြစ်ပြီး၊ အခြေအနေများ ပြောင်းလဲပုံပေါ် မူတည်ပြီး နောက်ထပ် အရေးယူမှုများ ပြုလုပ်ရန် စောင့်ဆိုင်းမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၅” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ယခုတွင် ငါသည် ငါနှင့်စိတ်နှလုံးညီညွတ်သူလူတစ်စု၊ ငါ၏ဝန်ထုပ်တို့ကို နားလည်စာနာပေးနိုင်သူလူတစ်စုကို တတ်နိုင်သမျှ အမြန်ဆုံး ပြုလုပ်လိုသည်။ သို့သော် ငါသည် အသင်းတော်ကို သန့်ရှင်းစေခြင်းနှင့် စင်ကြယ်စေခြင်းကို မချုပ်တည်းနိုင်ပေ၊ အသင်းတော်သည် ငါ၏နှလုံးသားဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်ကို သင်တို့ စားသောက်ခြင်းမရှိရန် တားဆီးသော ဆိုးယုတ်သူတို့ကို ငါစက်ဆုပ်ရွံရှာ၏။ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ ငါ့ကိုအမှန်တကယ် အလိုမရှိသည့် အခြားလူအချို့ ရှိခြင်းကြောင့် ဖြစ်သည်။ ဤလူတို့သည် လိမ်ညာမှုနှင့်ပြည့်ဝလျက်၊ ၎င်းတို့သည် စစ်မှန်သောစိတ်နှလုံးဖြင့် ငါ့ထံသို့မတိုးဝင်ကြပေ၊ ၎င်းတို့သည် ဆိုးယုတ်ကြပြီး ငါ၏အလိုတော်ကို ဆောင်ရွက်ရာတွင် တားဆီးနှောင့်ယှက်သူများဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူများ မဟုတ်ကြပေ။ ဤသူတို့သည် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်ခြင်းနှင့် မာနကြီးခြင်းတို့ဖြင့် ပြည့်ဝလျက်၊ ၎င်းတို့သည် လွန်လွန်ကဲကဲ ရည်မှန်းချက် ကြီးလွန်းကြသည်၊ ၎င်းတို့သည် အထက်စီးမှ ဆက်ဆံခြင်းကို နှစ်သက်ကြသည်၊ ၎င်းတို့၏စကားမှာ နားဝင်ချိုလှသော်လည်း ၎င်းတို့သည် သမ္မာတရားကို တိတ်တဆိတ် လက်တွေ့မလုပ်ဆောင်ကြပေ။ ဤဆိုးယုတ်သူတို့သည် အဆက်ဖြတ်ခြင်းနှင့် ဖယ်ရှားခြင်းကို ခံရမည်၊ ၎င်းတို့သည် ဘေးဒုက္ခအလယ်တွင် ဆင်းရဲခံရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်— အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် ဖယ်ရှားခြင်းအချို့ကို ရင်ဆိုင်ရသည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော စိတ်နှလုံးများနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရားသခင်၏ အောင်လံကိုလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ အကျိုးအမြတ် ထုတ်နေရင်း၊ နေရာတကာ ဒေါသတကြီး လျှောက်ရမ်းနေ၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်— ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ စံနှုန်းများက ပိုမို တင်းကျပ်သည် မဟုတ်လော။ ပိုများသော စီမံခန့်ခွဲမှုအမိန့်များ သာ၍ပင် ရှိသည် မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။

အသင်းတော်တိုင်း၌ အသင်းတော်ကို ဒုက္ခပေးသူများ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ စွက်ဖက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် သရုပ်ဆောင်ကောင်းကြ၏။ ငါ၏ ရှေ့မှောက်သို့ ပျပ်ဝပ်ကာ၊ စုတ်ပြတ်လျက် ခွေးဝဲစားများကဲ့သို့ အသက်ရှင်ရင်းနှင့် မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏ “အစွမ်းကုန်” ဆက်ကပ်ကြလျက် ကြီးမားသော ချစ်ကြောက်ရိုသေမှုဖြင့် လာကြသော်လည်း၊ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့၏ အကျည်းတန်သည့်ဘက်ကို ပြကြလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့မြင်သောအခါ၊ ထိုးနှက်ကြပြီး တွန်းဖယ်ကြလေသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ၊ မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်ထဲတွင် ၎င်းတို့ အထိန်းအကွပ်မဲ့ကြလေသည်။ အသင်းတော်အများစုတွင် ထိုသို့သော “ဒေသခံ ဗိုလ်ကျသူများ”၊ ထိုသို့သော “ခိုင်းဖတ်များ” သည် အသင်းတော် အများစု၌ ရှိသည်ဟု ပြော၍ရသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြကာ လျှို့ဝှက် အချက်ပြကြလျက်၊ အတူတကွ ဆိုးယုတ်လှစွာ ပြုမူကြပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဆိပ်အများဆုံးရှိသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်ဒြပ် အမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်လေသည်။ ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် စွန့်ပစ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ ထိန်းချုပ်မှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ အသင်းတော်က လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ သူတို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို “သေခြင်းကို မြေမြှုပ်ခြင်း” ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် “ယင်ကောင်ငယ်များ” လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် သုတ်သင်ဖယ်ရှင်းခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

လူအချို့သည် ငါ၏ လက်ခံခြင်းကို ရရှိရန်အတွက် ငါ၏ရှေ့တွင် အစဉ်သဖြင့် ကြွားဝါနေကြသည်။ ငါ၏ရှေ့တွင် တစ်မျိုး၊ ကွယ်ရာတွင် တစ်မျိုးနေထိုင်လျက် ငါ့အားလှည့်စားရန် အစဉ်သဖြင့် ကြိုးစားနေကြသည်။ ထိုသို့သော လူများသည် မကောင်းဆိုးဝါးများဖြစ်ကြသည်။ ထိုသူများအား ဖြစ်နိုင်သမျှ ငါနှင့်ဝေးရာသို့ ရောက်ရှိစေလိုသည်။ ၎င်းတို့ကို တစ်ဖန် လုံးဝ ငါ မမြင်လိုပါ။ လူတို့သည် အားနည်းပြီး ချို့တဲ့သောအခါ ၎င်းတို့ကို ငါပံ့ပိုးကာ ထောက်ပံ့နိုင်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားရှိပါက၊ သင်နှင့်အတူ သမ္မာတရားကို ငါမိတ်သဟာယဖွဲ့နိုင်သည်။ သို့သော် ငါသည် နတ်ဆိုးများနှင့် အရောမဝင်ပေ။ ၎င်းတို့နှင့် ၎င်းတို့၏ ဆင်ခြေများကို ငါနားမထောင်ပေ။ အစ၌ ငါတို့တွေ့ဆုံခါစတွင် သင်သည် ယုံကြည်သူအသစ်တစ်ယောက်ဖြစ်သည်။ သင်နားမလည်သည့် သမ္မာတရားအချို့ရှိပြီး၊ သင်သည် မိုက်မဲသောအရာများကို ပြုလုပ်နိုင်၊ ပြောဆိုနိုင်ခြေရှိသည်။ ထို့ကြောင့် သမ္မာတရားကို ငါတို့မိတ်သဟာယဖွဲ့ကြသည်။ သို့သော် သင်သည် အချို့သော သမ္မာတရားများကို နားလည်သည့်တိုင် အလဟဿပြဿနာရှာလျှင်၊ သင်သည် ငါ့အား အစဉ်ဆန့်ကျင်ပြီး ကပ်၍ငြင်းခုံလျှင် ငါသည် အလွန်ယဉ်ကျေးနေမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ သင်သည် ကယ်တင်ခြင်းခံရနိုင်သူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ငါသည် သင့်အပေါ် အဘယ်ကြောင့် ယဉ်ကျေးသင့်သနည်း။ ယဉ်ကျေးခြင်းသည် စိတ်ရှည်သည်းခံခြင်းကို ဆိုလိုသည်။ ငါသည် မိုက်မဲသောသူတို့အပေါ်၊ သာမန် ဖောက်ပြန်ပျက်စီးသောသူတို့ပေါ် စိတ်ရှည်သည်။ ရန်သူများနှင့် မကောင်းဆိုးဝါးများအပေါ် စိတ်မရှည်ပေ။ မကောင်းဆိုးဝါးများနှင့် ရန်သူများသည် သင့်အား စည်းရုံးသိမ်းသွင်းပြီး လှည့်စားရန်၊ သင့်အား တစ်ခဏတာ ပျော်ရွှင်မှုကို ပေးရန်အတွက် ကောင်းသောအရာများကို ပြောဟန်ဆောင်လျှင် ၎င်းတို့ ပြောသည့်အရာများကို သင်ယုံကြည်နိုင်သလော။ (မယုံကြည်နိုင်ပါ။) အဘယ်ကြောင့်နည်း။ ၎င်းတို့၏ သရုပ်မှန်သည် ပေါ်လွင်နှင့်ပြီးဖြစ်သည်။ အမှုအရာတစ်ခုတည်းတွင်၊ ၎င်းတို့၏အနှစ်သာရသည် ဖွင့်ချခံရပြီး ၎င်းတို့ ဖော်ထုတ်ခံရသည်။ ဤကဲ့သို့သောသူတို့သည် သမ္မာတရားကို ချစ်ရန်မဆိုထားနှင့်။ သမ္မာတရားကို မည်သည့်အခါမျှ မလိုက်လျှောက်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရား၏ ရန်သူဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို ရွံရှာမုန်းတီးသည်။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်။ ၎င်းတို့အား ထုတ်ပယ်ခြင်းသည် ပြဿနာအား အလုံးစုံပြေလည်စေမည်မဟုတ်လော။ အချို့လူတို့က၊ “၎င်းတို့ကို လွတ်လပ်ခွင့်အနည်းငယ်ပေး၍ မရနိုင်သလော” ဟု မေးသည်။ ဤကဲ့သို့သော သူတို့သည် နောင်တရဖို့ အခွင့်အရေးမရှိပေ။ မည်သည့်အခါမျှ နောင်တမရနိုင်ပေ။ ၎င်းတို့သည် စာတန်နှင့် မကွာခြားပေ။ ဘုရားသခင်၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့ရှိနေသည်ဖြစ်စေ ဤသည်မှာ ဘုရားသခင်ရှိသင့်သည့် အနှစ်သာရဟု မထင်ကြသကဲ့သို့၊ ဘုရားသခင်အား ဘုရားသခင်အဖြစ် မဆက်ဆံပေ။ ၎င်း၏ တဖြည်းဖြည်းချင်း အန္တရာယ်ဖြစ်စေသော အကြံအစည်များသည် ဉာဏ်ပညာဖြစ်သည်၊ ၎င်း၏ သဘာဝနှင့် အနှစ်သာရသည် သမ္မာတရားဖြစ်သည်၊ ဘုရားသခင်သည် သမ္မာတရားမဟုတ်ဟု ယုံကြည်သည်။ ထို့ကြောင့် ၎င်းအတွက် ပြီးဆုံးသွားပြီဖြစ်သည်။ ဘုရားသခင်အဖို့ ရန်သူအဖြစ်ရှိရန် တကယ့်အဆုံးတိုင်အောင် ပျက်သုဉ်းပြီဖြစ်သည်။ ထို့ကြောင့် ဆိုးယုတ်သောသူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မချစ်ရန်၊ သမ္မာတရားကို မည်သည့်အခါမျှ မလိုက်လျှောက်ရန် ကံပါလာပြီးဖြစ်သောကြောင့်၊ ဘုရားသခင်က ၎င်းတို့ကို မကယ်တင်ပေ။ ၎င်းတို့ကို အသင်းတော်မှ ဖယ်ရှားခြင်းနှင့် ဘုရားသခင်၏အိမ်တော်မှ ထုတ်ပယ်ခြင်းသည် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ဖြစ်ပြီး အနည်းငယ်မျှပင် မှားယွင်းမှုမရှိပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (အပိုင်း ၅)” မှ

ဘုရားအိမ်တော်သည် အန္တိခရစ်များကို အဘယ်ကြောင့် မောင်းထုတ်သနည်း။ ဘုရားအိမ်တော်သည် ၎င်းတို့ကို အစေခံသူများအဖြစ် ဆက်လက်ထားရှိနိုင်သလော။ ဘုရားအိမ်တော်သည် ၎င်းတို့ကို နောင်တရဖို့ အခွင့်အလမ်း ပေးနိုင်သလော။ (မပေးနိုင်ပါ။) ၎င်းတို့က သမ္မာတရားကို လိုက်စားနိုင်သေးလျှင်ရော အဘယ်နည်း။ (မဖြစ်နိုင်ပါ။) အန္တိခရစ်များသည် ဆိုးယုတ်သောလူများ ဖြစ်ကြောင်း ယခု ရှင်းလင်းပေပြီ၊ ၎င်းတို့သည် စာတန်နှင့်သက်ဆိုင်ကြ၏၊ ထို့ပြင် ၎င်းတို့သည် နောင်တရဖို့ မဖြစ်နိုင်သောကြောင့် ဘုရားအိမ်တော်သည် ၎င်းတို့ကို နှင်၍သာထုတ်နိုင်သည်။ နှင်ထုတ်ခံရသည့်သူများသည် ဘုရားအိမ်တော်၏ အထပ်ထပ် သည်းခံခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ ဘုရားအိမ်တော်သည် လူကောင်းတစ်ဦးကို မတရားမလုပ်မိစေဖို့၊ ဘုရားသခင်၌ တစ်စုံတစ်ဦး၏ ယုံကြည်မှုကို မဖျက်ဆီးမိဖို့၊ မည်သူ့ကိုမျှ မဖျက်ဆီးမိဖို့ အားထုတ်ကြိုးပမ်းလျက် ၎င်းတို့ကို နောင်တရဖို့ အခွင့်ပေးခဲ့ပြီး ဖယ်ကြဉ်ခြင်းလည်း မရှိခဲ့ပေ။ တစ်စုံတစ်ဦး၏ သဘာဝသည် လုံးလုံး ရှင်းလင်းခြင်းမရှိမီ၊ တစ်စုံတစ်ဦးသည် လုံးလုံး ထုတ်ဖော်ခံရခြင်း မခံရမီ ဘုရားအိမ်တော်သည် လူတိုင်းကို သည်းခံလေသည်။ သို့ရာတွင် အန္တိခရစ်သည် နောင်တရနိုင်သလော။ မဟုတ်ပေ၊ နောင်တမရနိုင်ချေ။ ဘုရားအိမ်တော်၌ ၎င်းတို့က စာတန်၏ လက်ပါးစေများအဖြစ် အစေခံသည်။ ၎င်းတို့က ဘုရားအိမ်တော်၏ အလုပ်ကို ဖျက်ဆီးကာ အလျဉ်ပြတ်စေပြီး အနှောင့်အယှက်ပေးသည်။ ၎င်းတို့၌ အထုံပါရမီများ၊ သို့မဟုတ် ပင်ကိုစွမ်းရည်များ ရှိလျှင်ပင် ၎င်းတို့၏တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ဖို့ဖြစ်စေ၊ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ဖို့ဖြစ်စေ ၎င်းတို့အတွက် မဖြစ်နိုင်ချေ။ အန္တိခရစ်များက အသုံးတည့်နိုင်သည့် နည်းလမ်းများ ရှိသည့်တိုင် ၎င်းတို့သည် ဘုရားအိမ်တော်ရှိ ဘုရားသခင်၏အလုပ်ကို အပြုသဘောဆောင်သည့် ဖြည့်ဆည်းခြင်းများ လုပ်ဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် မည်သည့်အပြုသဘောဆောင်သောအရာကိုမျှ တတ်နိုင်စွမ်း မရှိဘဲ၊ ဖျက်ဆီးခြင်း၊ နှောင့်ယှက်ခြင်းနှင့် ပြဿနာများ ဖြစ်စေခြင်းတို့သာ တတ်နိုင်စွမ်းလေသည်။ ၎င်းတို့သည် မည်သည့်ကောင်းသောအရာကိုမျှ မလုပ်ချေ။ သင့်အနေဖြင့် ၎င်းတို့ကို နေခွင့်ပေးပြီး စောင့်ကြည့်နိုင်၏၊ နောင်တရဖို့ အခွင့်အရေးပေးနိုင်၏၊ သို့သော်လည်း ၎င်းတို့အတွက် နောင်တရဖို့မှာ မဖြစ်နိုင်ဘဲ အဆုံး၌ ၎င်းတို့ကို ကိုင်တွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့ကို နှင်ထုတ်ဖို့သာ ဖြစ်တော့သည်။ ထိုသို့သော လူများကို မနှင်ထုတ်မီတွင် ဘုရားအိမ်တော်သည် ၎င်းတို့ကို ရှင်းလင်းစွာ ရိပ်စားမိနှင့်ပြီးဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြ၏။ ၎င်းတို့သည် နောင်တရမည့်အစား အသေသာ ခံလိုက်ကြမည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရား၏ရန်သူများ ဖြစ်သောကြောင့် ၎င်းတို့ကို နှင်ထုတ်ဖို့သာ လုပ်ဆောင်နိုင်ပေသည်။ ဘုရားအိမ်တော်သည် လူကောင်းတစ်ယောက်ကို နှင်ထုတ်မည်လော။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်ခံပြီး နောင်တရနိုင်ပါက ဘုရားအိမ်တော်သည် ၎င်းတို့ကို နှင်ထုတ်မည်လော။ အလွန်ဆုံးအနေဖြင့် ၎င်းတို့၏တာဝန်များကို ပြောင်းလဲမည်ဖြစ်သည်၊ သို့မဟုတ် ၎င်းတို့ကို ဝိညာဉ်ရေးရာ ဆပ်ကပ်အပ်နှံခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းတို့ လုပ်ခိုင်းမည်ဖြစ်သည်၊ နှင်ထုတ်မည်ကား မဟုတ်ချေ။ ဘုရားအိမ်တော်သည် တစ်စုံတစ်ဦးကို နှင်ထုတ်ဖို့ ဆုံးဖြတ်သည့်အခါ ၎င်းတို့ကို ဘုရားအိမ်တော်၌ ထားရှိခြင်းသည် ပြဿနာများကိုသာ ပို၍တက်စေလိမ့်မည်ဖြစ်ကြောင်း ဆိုလိုပေသည်။ ၎င်းတို့သည် မည်သည့်အပြုသဘောဆောင်သောအရာကိုမျှ မလုပ်ဆောင်ဘဲ ထိုအစား ဆိုးသောအရာမျိုးစုံကို လုပ်ဆောင်ပြီး အနှောင့်အယှက်မျိုးစုံနှင့် ဆူပူလှုပ်ရှားမှုမျိုးစုံကို ဖြစ်စေသည်။ ၎င်းတို့ရှိသည့်နေရာတိုင်း၌ ဆူဆူပူပူဖြစ်ခြင်းနှင့် မစည်းလုံးမှုတို့ ရှိ၏။ အလုပ်က တန့်သွား၏၊ ၎င်းတို့အနီးအနားရှိ လူအများစုသည် စိတ်ဓာတ်ကျလာပြီး ဘုရားသခင်၌ ယုံကြည်မှု ပျောက်ဆုံးကာ လူအချို့ဆိုလျှင် ယုံကြည်လိုခြင်းပင် မရှိကြတော့သကဲ့သို့ မိမိတို့၏ တာဝန်များကို ဆက်လက်မထမ်းဆောင်လိုတော့ပေ။ ထို့ကြောင့် အကြောင်းအရင်းမှာ အဘယ်နည်း။ အရာအားလုံးကို အန္တိခရစ်ထံ ခြေရာပြန်ကောက်နိုင်သည်။ ၎င်းတို့ကို နှင်ထုတ်ပြီးသည်နှင့် လူအများစုသည် ဖြည်းဖြည်းချင်း စတင်တိုးတက်လာကြ၏။ ထို့ကြောင့် သင်တို့ကိုယ်တိုင် စောင့်ကြည့်လေ့လာပြီး နှင်ထုတ်ခံထားရသည့် အန္တိခရစ်များနှင့် ဆိုးယုတ်သူများတွင် မည်သူတို့သည် နောက်ပိုင်း၌ မိမိတို့ကိုယ်ကို သိရှိလာပြီး သမ္မာတရားကို လိုက်စားနိုင်ကာ ချစ်နိုင်သည်ကို ကြည့်လော့။ ၎င်းတို့နောင်တရသလော။ ၎င်းတို့ထဲမှ တစ်ဦးမျှ နောင်တမရကြပေ၊ ၎င်းတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံဖို့ ခေါင်းမာစွာ ငြင်းဆန်ကြပြီး ၎င်းတို့ကို နှစ်အနည်းငယ်ကြာပြီးနောက် သင်ပြန်တွေ့လျှင်ပင် ၎င်းတို့က ထိုနည်းအတိုင်း မပြောင်းမလဲ ဆက်ရှိနေပေသည်။ ၎င်းတို့၏စိတ်သဘောထား၌ ပြောင်းလဲခြင်း လုံးဝမရှိဘဲ စကားရည်လုပြီး မိမိတို့ကိုယ်ကို အပြစ်မရှိကြောင်း သက်သေထူဖို့ ကြိုးစားလျက် ယခင်နှစ်များစွာက ဖြစ်ပျက်ခဲ့သည့်အရာကို ၎င်းတို့လက်မလွှတ်နိုင်သေးပေ။ သင်သည် ၎င်းတို့ကို ပြန်လက်ခံပြီး အသင်းတော်အသက်တာကို ပြန်နေထိုင်ခွင့်ပြုကာ တာဝန်ထမ်းဆောင်ခွင့်ပြုပါက ၎င်းတို့သည် ပေါလုကဲ့သို့ပင် ၎င်းတို့၏ နည်းလမ်းဟောင်းများကို ပြန်လုပ်ဆောင်လိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းနောက် လုံးဝမလိုက်ဘဲ အန္တိခရစ်၏ လမ်းကြောင်း၊ ပေါလု၏လမ်းကြောင်းဖြစ်သည့် ၎င်းတို့၏ လမ်းကြောင်းဟောင်းကိုသာ ဆက်လျှောက်ကြသည်။ ဤသည်မှာ အန္တိခရစ်များ နှင်ထုတ်ခံရသည့် အကြောင်းရင်းပေတည်း။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (အပိုင်း ၈)” မှ

လူအများစုသည် အပြစ်များ ကျူးလွန်ခဲ့ကြလေပြီ၊ ဥပမာအားဖြင့်၊ အချို့သည် ဘုရားသခင်ကို အစဉ် ခုခံခဲ့ကြသည်၊ အချို့က ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသည်၊ အချို့က ဘုရားသခင်ကို ဆန့်ကျင်၍ စောဒကတက်သည့် စကားများ ပြောဆိုခဲ့ကြသည်၊ သို့မဟုတ် အခြားသူများသည် အသင်းတော်ကို ဆန့်ကျင်ပြုမူခဲ့ကြသည်၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်ကို ဆုံးရှုံးမှုဖြစ်စေသည့် အရာများ လုပ်ဆောင်ခဲ့ကြလေသည်။ ဤလူတို့ကို မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့၏ ရလဒ်များကို ၎င်းတို့၏ သဘာဝဗီဇ မရမကလုပ်ဆောင်သော အပြုအမူအရ အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။ လူအချို့သည် ဆိုးညစ်ကြသည်၊ အချို့က မိုက်မဲသည်၊ အချို့က ဦးနှောက်မရှိကြဘဲ၊ အချို့က လူ့တိရစ္ဆာန်များဖြစ်ကြသည်။ လူတိုင်းသည် ကွဲပြားခြားနားကြသည်။ ဆိုးညစ်သော လူအချို့သည် နတ်ဆိုးစွဲခြင်းခံကြရစဉ်တွင်၊ အချို့တို့က နတ်ဆိုးစာတန်၏ လက်ပါးစေများဖြစ်ကြသည်။ ၎င်းတို့၏ သဘာဝများနှင့်စပ်လျဉ်း၍ အချို့သည် အထူးသဖြင့် အန္တရာယ်ပြုမည့် လက္ခဏာရှိသည်၊ အချို့သည် အထူးသဖြင့် လှည့်စားတတ်သည်၊ အချို့သည် ငွေနှင့်ပတ်သက်ပါက အထူးတလည် လောဘကြီးကြကာ၊ အချို့က ကာမဂုဏ်အာရုံဆိုင်ရာ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံခြင်းကို ပျော်မွေ့ကြသည်။ လူတိုင်း၏အပြုအမူသည် ကွဲပြားခြားနားသောကြောင့် လူများအားလုံးကို ၎င်းတို့၏ သီးခြား သဘာဝများနှင့် အပြုအမူတို့နှင့်အညီ ခြုံငုံလျက် ရှုမြင်သင့်သည်။...ဘုရားသခင်သည် လူအသီးသီးကို ထိုအချိန်က ပတ်ဝန်းကျင်နှင့် ဆက်စပ်အကြောင်းအရာ၊ တကယ့် အခြေအနေ၊ လူတို့၏ လုပ်ရပ်များ၊ ပြီးလျှင် ၎င်းတို့၏ အပြုအမူနှင့် ထုတ်ဖော်ပြသမှုများအရ ကိုင်တွယ်ဖြေရှင်း၏။ ဘုရားသခင်သည် မည်သူ့ကိုမျှ ဘယ်သောအခါမျှ မတရားသဖြင့် ဆက်ဆံလိမ့်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသားအပေါ် ဘုရားသခင်၏ ဆက်ဆံခြင်းနှင့်ဆိုင်သည့် အခြေခံအကြောင်းရင်း” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အသင်းတော်ကို သန့်ရှင်းစေခြင်းသည် နှင်ထုတ်ရမည့် လူအမျိုးအစားများ ငါးမျိုးကို နှင်ထုတ်ခြင်းဖြင့် စတင်ရမည်။ အသင်းတော် အလုပ်ကို အမြဲ နှောင့်ယှက်ပြီး၊ ပရမ်းပတာ ဖြစ်စေသည့် အန္တိခရစ် မကောင်းဆိုးဝါးများအားလုံးသည် လူထု ရက်စက်ရမ်းကားမှုကို တည်ငြိမ်စေပြီး၊ ဘုရားသခင်ကို ချွေးသိပ်ဖို့အလို့ငှာ၊ လုံးလုံးလျားလျား နှင်ထုတ်ရမည်။ အောက်ဖော်ပြပါသည် နှင်ထုတ်ခံရမည့် လူအမျိုးအစား ငါးမျိုးနှင့်ဆိုင်သည့် တိကျသော ရှင်းပြချက်တစ်ခု ဖြစ်သည်။

၁။ နတ်ဆိုးစွဲခြင်းခံရသည့် လူစု သို့မဟုတ် နတ်ဆိုးများ၏ ဆိုးရွားသော အလုပ် ရှိကြသည့် လူစုနှင့် အမှန်တကယ် သက်ဆိုင်သောသူများသည် နှင်ထုတ်ခံရမည်။ ဤသည်မှာ လုံးဝ အမှား မဟုတ်ပေ။ နောင်တမရသည့် လိင်တူဆက်ဆံသောသူ အားလုံးသည် နတ်ဆိုးစွဲခြင်း ခံရပေသည်။ ၎င်းတို့သည်လည်း နှင်ထုတ်ခံရသင့်သည်မှာ အကျိုးအကြောင်းဆီလျော်ပေသည်။ နတ်ဆိုးများ၏ အလုပ် ပမာဏ အနည်းအကျဉ်းသာရှိသည့်သူများကို မတူကွဲပြားစွာ ဆက်ဆံသင့်သည်။ ဥပမာအနေဖြင့် ရံဖန်ရံခါ အခြားသော ဘာသာစကားဖြင့် ပြောဆိုခဲ့သည့်၊ ရူပါရုံများ မြင်ပြီးသည့်၊ အသံများ ကြားခဲ့သည်ဖြစ်စေ၊ အိပ်မက်များ မြင်မက်ခဲ့သည်ဖြစ်စေ အစရှိသည်ဖြင့်။ ၎င်းတို့သည် နတ်ဆိုးစွဲခြင်းခံရသည့် အဖွဲ့နှင့် မသက်ဆိုင်ပေ။ ဤလူတို့သည် သမ္မာတရား လိုက်စားကြပါက၊ ၎င်းတို့ ဧကန်မုချ ကယ်တင်ခြင်း ခံရနိုင်ပေသည်။ ထို့ကြောင့် နတ်ဆိုးများ၏ အလုပ်ပမာဏ အနည်းငယ် ရှိကြသည့်သူများကို နှင်ထုတ်ဖို့ လုံးဝ ခွင့်မပြုထားပေ။ နတ်ဆိုးများ၏ အလုပ် သိသိသာသာ ရှိကြသည့်သူများ အပါအဝင်၊ နတ်ဆိုးစွဲခံရသည်ကို လူသိရှင်ကြား သိထားသူများကို နှင်ထုတ်နိုင်သည်။

၂။ လူတို့ကို လှည့်ဖြားသည့် အယောင်ဆောင်သော ခရစ်တော်များနှင့် အန္တိခရစ်များ အမျိုးအစားနှင့် အမှန်တကယ် သက်ဆိုင်သူတို့သည် နှင်ထုတ်ခံရမည်။ ဤသည်မှာ အမှားတစ်ခု လုံးဝ မဟုတ်ပေ။ ၎င်းတို့ကိုယ်တိုင်သည် ဘုရားသခင်၏ သားဦးများ သို့မဟုတ် ချစ်ခင်ရသော သားများဖြစ်သည်ဟု အမြဲတွေးထင်ပြီး လူတို့အား ၎င်းတို့ကို လက်ခံစေကာ ကျိုးနွံနာခံစေသောသူအားလုံး၊ ၎င်းတို့ ကိုယ်တိုင်သည် ခရစ်တော်ဖြစ်သည် သို့မဟုတ် အမှုသစ်ကို ပြုဖို့ ဘုရားသခင်က စေလွှတ်ထားပြီးဖြစ်သည်ဟု သက်သေခံသောသူအားလုံး၊ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူ၏ လမ်းပြမှုကို ငြင်းပယ်ပြီး အခြားနည်းအားဖြင့် လုပ်ဆောင်သောသူအားလုံး၊ ဘုရားသခင်၏ အမှုကို မကြာခဏ ဝေဖန်သောသူ၊ ဘုရားသခင်ကို ပြစ်မှားစော်ကားမှုများ ပြောဆိုပြီး သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူကို မတရားသဖြင့် ချိုးနှိမ်ကာ တိုက်ခိုက်သည့် ကောလာဟလများကို စတင်သောသူအားလုံးနှင့် နတ်ဆိုးများ၏ အလုပ်ကို ရရှိပြီး၊ ဓားပြလှေပေါ်တက်ပြီး လူတို့ကို စတင် လှည့်ဖြားသောသူ အားလုံးတို့သည် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများ၊ အန္တိခရစ်များနှင့် လှည့်ဖြားသောသူများ ဖြစ်ကြသည်။ ဘုရားသခင်နှင့် ပတ်သက်လာသည့်အခါ လူအချို့သည် အယူအဆအနည်းငယ်သာ ရှိကြသော်လည်း၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့်‌ လူနှင့်ပတ်သက်လာသည့်အခါ ဘက်လိုက်ခြင်းများ အနည်းငယ် ရှိကြသော်လည်း၊ ၎င်းတို့သည် ရန်လိုသော နှလုံးသားမရှိသကဲ့သို့ သမ္မာတရားကို လိုက်စားနိုင်ကာ ဘုရားသခင်၏ အမှုအားလုံးကို နာခံပြီး အမှန်တကယ် နောင်တရနိုင်ကြလေသည်။ ဤလူစားမျိုးသည်ပင် ရံဖန်ရံခါ တစ်စုံတစ်ရာကို မှားယွင်းစွာ ပြောဆိုမိလျှင်ပင်၊ သို့မဟုတ် လုပ်ဆောင်မိလျှင်ပင်၊ ၎င်းတို့ကို အန္တိခရစ်တစ်ဦးကဲ့သို့ လုံးဝ ဆက်ဆံရမည်မဟုတ်သကဲ့သို့ နှင်ထုတ်ရမည်လည်း မဟုတ်ပေ။ စစ်မှန်သော အန္တိခရစ်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ချင်ကြပြီး လွတ်လပ်သော နိုင်ငံတော်ကို တည်ထောင်လိုကြသည်။ အလုပ်ကို လုပ်ဆောင်ကြသည့်အခါ အထက်မှ အလုပ် အစီအစဉ်များကို မလိုက်လျှောက်ကြသကဲ့သို့ ထိုအစား လုံးဝ မတူကွဲပြားသည့် တစ်စုံတစ်ရာကို လုပ်ဆောင်ကြသည့် သို့မဟုတ် ဤအစီအစဉ်များ၊ တရားဒေသနာများနှင့် မိတ်သဟာယများက မှန်သည်၊ မမှန်သည်ကို ၎င်းတို့ သံသယရှိသည်ဟူသည့် ဆင်ခြေအပေါ် အခြေပြု၍ အထက်မှ အလုပ်အစီအစဉ်များ၊ တရားဒေသနာများနှင့် မိတ်သဟာယများကို ငြင်းပင်ငြင်းပယ်သော သူများရှိသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို မိမိတို့၏ လက်ထဲတွင် ခိုင်မာစွာ ထိန်းချုပ်ထားကြသည်။ ဗဟိုမှချုပ်ကိုင်သည့် အထက်၏ ရေလောင်းပေးခြင်း၊ ထောက်ပံ့ပေးခြင်းနှင့် ထိန်းကျောင်းခြင်းတို့ကို ၎င်းတို့ ငြင်းပယ်ကြသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ စင်စစ်ဖြစ်ကြသည်။ ဤသည်မှာ ငြင်း၍မရနိုင်ပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အလုပ်သမားများကို အစားထိုးရမည်။ သာ၍ ဆိုးရွားသော သူများကို နှင်ထုတ်ရမည်။

၃။ ယုဒဖြစ်ပြီး ၎င်းတို့၏ သခင်နှင့် ရောင်းရင်း ယုံကြည်သူများကို သစ္စာဖောက်ကာ မိမိတို့၏ညီအစ်ကို မောင်နှမများကို ဖမ်းဆီးဖို့ စာတန်၏ ကိုယ်စား အစေခံသည့် လူစုနှင့် အမှန်တကယ် သက်ဆိုင်သူများကို နှင်ထုတ်ရမည်။ ဤသည်မှာ လုံးဝ အမှားတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ဦးသည် ဖမ်းဆီးခံရပြီးသည့်နောက်၊ သတင်းအချက်အလက် အနည်းငယ်ကိုသာ ဝန်ခံသော်လည်း၊ မိမိတို့၏ ညီအစ်ကို မောင်နှမများကို စာတန်က စောင့်ကြည်သည်ကို သို့မဟုတ် ဖမ်းဆီးသည်ကို မကူညီပါက၊ အတိတ်တွင် ထိုလူက အတော်အတန် ကောင်းမွန်စွာ ဆောင်ရွက်ပြီးဖြစ်ကာ နောင်တကို ပြသပြီးဖြစ်ပါက၊ ၎င်းတို့ နှင်ထုတ်မခံရသင့်ပေ။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်ဖို့၊ ၎င်းတို့အား သုံးလမှ ငါးလကြာ သီးခြားထားပါ။ ကြီးမားသည့် ပြဿနာမရှိပါက၊ ၎င်းတို့ကို အသင်းတော် အသက်တာထဲတွင် မူလရာထူး၌ ပြန်လည်ခန့်အပ်နိုင်သည်။ မိမိ၏ လူ့သဘာဝက ဆိုးရွားပြီး အတိတ်တွင် မည်သည့် ကောင်းမွန်သော လုပ်ဆောင်ချက်များမျှ မလုပ်ဆောင်ရသေးသည့် တစ်စုံတစ်ဦးအတွက်မူ၊ ၎င်းတို့ ဖမ်းဆီးခံရပြီး ယုဒတစ်ဦး ဖြစ်လာကြပါက၊ ၎င်းတို့ကို နှင်ထုတ်နိုင်သည်။ ၎င်းတို့သည် စာတန်၏ ကြံရာပါများ ဖြစ်လာကြပြီး အဆင်းနီသော နဂါးကြီးအတွက် အစေခံမှုကို လုပ်ဆောင်ကာ၊ ညီအစ်ကို မောင်နှမများကို စောင့်ကြည့်ကာ ဖမ်းဆီးဖို့ ၎င်းကို ကူညီပါက၊ ဤလူကို နှင်ထုတ်ရမည်။ ဘုရားသခင်ကို သစ္စာဖောက်ပြီး၊ ဘုရားသခင် ရွေးချယ်ထားသော သူများကို အန္တရာယ်ပေးဖို့ စာတန်၏ ကြံရာပါအဖြစ် အစေခံသည့် ဤလူစားမျိုးများကို နှင်ထုတ်ခြင်းက မည်သည့်အခါတွင်မျှ မမှားယွင်းပေ။

၄။ အမှန်တကယ် ဆိုးယုတ်သော လူတို့ကို နှင်ထုတ်ရမည်။ ဤသည်မှာ လုံးဝ မမှားယွင်းပေ။ အောက်ပါအမျိုးအစား ဆိုးယုတ်သော လူများ ရှိပေသည်။ အသင်းတော် အသက်တာကို ထပ်တလဲလဲ နှောင့်ယှက်သူများ၊ ဂိုဏ်းများ ဖွဲ့သူများ၊ ပြင်းထန်သော သဘောထားကွဲလွဲမှု ဖြစ်စေခြင်းငှာ ပြုတတ်သူများနှင့် အသင်းတော်ကို ပြိုကွဲစေသူများ ရှိကြသည်— ဤသည်တို့မှာ အခြားသူများနှင့် အဆင်မပြေနိုင်သည့် ကောင်းကျိုးမပြုသောသူများနှင့် အယောက်တိုင်း အလွန်မုန်းတီးကြသည့် သူများ ဖြစ်သည်။ နောက်ထပ် ဆိုးယုတ်သည့် လူစားမျိုးများတွင် အသင်းတော် သို့မဟုတ် ယင်း၏ခေါင်းဆောင်များကို တရားစွဲလေ့ရှိသောသူများ ပါဝင်သည်— ထိုသို့သော လူများသည် ဆိုးရွားသော ကိစ္စမျိုးစုံကို လုပ်နိုင်စွမ်းရှိကြသည်။ နောက်တစ်စုတွင် ဖောက်ပြန်မှု တစ်သမတ်တည်း ကျူးလွန်သူများ၊ နောင်တရရန် ငြင်းဆန်သောသူများနှင့် လူတို့ကို အပျက်သဘောဆောင်စွာ လွှမ်းမိုးသောသူများ ပါဝင်သည်။ နောက်ဆုံးတွင် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အဆင့်အတန်းများကို ကာကွယ်ဖို့အလို့ငှာ ဘုရားသခင် ရွေးချယ်ထားသော လူများကို မဆင်မခြင် ဖိနှိပ်ပြီး ထောင်ဖမ်းနိုင်စွမ်းရှိကာ၊ အခြားသူများကို သာမန်ကာလျှံကာ နှင်ထုတ်ပင် နှင်ထုတ်နိုင်စွမ်းရှိပြီး၊ အန္တိခရစ်များအဖြစ် အတန်းအစား ခွဲခြားခံရသည့်သူများ ရှိပေသည်။ ဤလူစားမျိုးများသည် အမှန်တကယ် ဆိုးယုတ်သော လူများ ဖြစ်သည်။ အသင်းတော်ထဲက အယောက်တိုင်းက ဆိုးယုတ်သူအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုပြီး ဆုံးဖြတ်ခြင်း ခံရသောသူတို့ကိုသာ နှင်ထုတ်သင့်သည်။ ဆိုးယုတ်သော လုပ်ဆောင်ချက် တစ်ခုကို တစ်ကြိမ်သာ လုပ်ဆောင်ပြီးသည့်လူများ၊ အပြစ်တစ်ခုကို ကျူးလွန်ပြီးသည့် သို့မဟုတ် ခေါင်းဆောင်ကို ပုန်ကန်ပြစ်မှားမှုတစ်ခုအား ကျူးလွန်ပြီးသည့်လူများအတွက်မူ၊ ထိုသို့သော အခြေအနေများတွင် ရှိသည့် လူများကို ဆိုးယုတ်သော လူများအဖြစ် နှင်ထုတ်ရမည် မဟုတ်။ ဆိုးယုတ်သော လုပ်ရပ်တစ်ခုကို တစ်ကြိမ်ကျူးလွန်ခြင်းသည် အပြစ်တစ်ခုအဖြစ် အတန်းအစား တစ်ခုတည်းနှင့် သက်ဆိုင်ပေသည်။ ဤသည်မှာ ထိုလူသည် ဆိုးယုတ်သည်ဟု မဆိုလိုပေ။ များပြားပြီး စုံလင်သော ဆိုးယုတ်မှုများကို လုပ်ဆောင်သောသူတို့သာ ဆိုးယုတ်သော လူများဖြစ်ကြသည်။ တစ်စုံတစ်ဦးသည် အပြစ်တစ်ခုကို ကျူးလွန်ပြီးဖြစ်ပါက၊ ၎င်းတို့ နောင်တရနိုင်စွမ်း ရှိသရွေ့၊ ကယ်တင်ခံရခြင်း မျှော်လင့်ချက် ရှိကြဆဲ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးကို လုံးဝ မနှင်ထုတ်သင့်ပေ။ ဆိုးယုတ်သော လူများအဖြစ် လူသိရှင်ကြား သိထားကြသူများကိုသာ နှင်ထုတ်သင့်သည်။

၅။ အသင်းတော်၏ ဘုရားသခင်အတွက် လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးသူများ၊ ခိုးယူသူများ၊ အလွဲသုံးစားလုပ်ပြီး လိမ်ညာယူသော သူများကို နှင်ထုတ်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မည်သည့်အခါတွင်မျှ မမှားယွင်းပေ။ အသင်းတော်၏ ဘုရားသခင်အတွက် လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးသူများ၊ အလွဲသုံးစား လုပ်ပြီး လိမ်ညာယူသောသူများ သို့မဟုတ် ထိုလှူဖွယ်ပစ္စည်းများကို နတ်ဆိုးများ၊ အန္တိခရစ်များ သို့မဟုတ် ဆိုးယုတ်သော လူများထံ လွှဲပြောင်းပေးသူများ သို့မဟုတ် ထိုသို့သော လှူဖွယ်ပစ္စည်းများအတွက် စိုးရိမ်ဖွယ်ရှိသည်ကို မြင်သော်လည်း ဘုရားသခင့် အိမ်တော်အတွက် ကြီးမားသော ဆုံးရှုံးမှုများ ဆိုက်ရောက်စေလျက်၊ အခြေအနေကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းခြင်း မရှိသည့်သူများအားလုံးကို လှူဖွယ်ပစ္စည်းများအား ခိုးယူသော လူများအဖြစ် အမျိုးအစား ခွဲနိုင်ပေသည်။ ထိုသို့သော လူများအားလုံးကို နှင်ထုတ်ရမည်။ အထူးသဖြင့် ဘုရားသခင်၏ အိမ်တော်မှ ကြီးမားသော ငွေကြေး ပမာဏများကို အလွဲသုံးစားလုပ်ပြီးသူများအား နှင်ထုတ်ရမည်ဖြစ်ပြီး၊ ၎င်းတို့၏ အကြွေးများကို ပြန်ဆပ်ဖို့နှင့် ၎င်းတို့ကြောင့်ဖြစ်ရသည့် မည်သည့် ကုန်ကျစရိတ်မဆိုအတွက် အသင်းတော်ကို ကုန်ကျစရိတ် ပြန်ပေးရန်လည်း ၎င်းတို့ကို လိုက်ဖမ်းရမည်။ တစ်စုံတစ်ဦးသည် ငွေကို မတော်တရော် အသုံးပြုပြီးဖြစ်ကာ ထိုသို့ဖြင့် အယောက်တိုင်းက ဝေဖန်ပါက၊ ဤသည်မှာ အပြစ်တစ်ခုဖြစ်ပြီး မတူကွဲပြားစွာ ကိုင်တွယ်ဖြေရှင်းသင့်သည်။ နောင်တအတွက် အခွင့်အရေးတစ်ခုကို ဤလူတစ်ဦးအား ပေးသင့်ပေသည်။ ဤသည်မှာ ထိုသို့သော အခြေအနေ တစ်ခုကို သင့်တော်သည့် ကိုင်တွယ်ဖြေရှင်းခြင်းနည်းလမ်း ဖြစ်သည်။

အထက်တွက် စာရင်းပြုစုထားသည့် လူစားငါးမျိုးမှာ အသင်းတော်က နှင်ထုတ်ရမည့် အမျိုးအစားများ ဖြစ်သည်။ ဤအတန်းအစားများထဲ အကျုံးဝင်သော သူအားလုံးသည် ကယ်တင်၍ မရနိုင်သောကြောင့် ဘုရားသခင်၏ အမှုတော်အားဖြင့် သုတ်သင်ဖယ်ရှင်းခံရသည့် လူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ အိမ်တော်ထဲတွင် ဆက်လက်တည်ရှိိနေပါက လုံးဝ အချည်းနှီးဖြစ်မည်သာမက၊ မဆုံးနိုင်သော ပြဿနာကိုလည်း ဖြစ်စေလိမ့်မည်၊ အကြောင်းမှာ ၎င်းတို့သည် လူ့သဘာဝ မပိုင်ဆိုင်ကြဘဲ၊ ဘုရားသခင်အတွက် ရိုသေလေးမြတ်ခြင်း အနည်းငယ်မျှ မရှိကြသကဲ့သို့ စာတန်၏ အမျိုး လုံးဝ ဖြစ်ကြသောကြောင့် ဖြစ်ပေသည်။ ဤလူများ လုပ်ဆောင်သည့်အရာသည် အပြင်ပန်းအားဖြင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော ဖော်ပြချက်နှင့် ဆင်တူသော်လည်း၊ ၎င်းတို့သည် သမ္မာတရားကို ချစ်ပြီး လိုက်စားသော လူများ ဖြစ်ဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည့် လူများ မဟုတ်သကဲ့သ၊ ၎င်းတို့သည် ဘုရားသခင်အားဖြင့် ကယ်တင်ခံရမည့် လူအတန်းအစားတွင် မရှိကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်သည်- “စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်”) ဘုရားသခင် ရွေးချယ်ထားသော လူများအနေဖြင့် စစ်မှန်သော စာတန်မာရ်နတ်ကို ထိုးထွင်းသိမြင်ရမည့်နည်းလမ်းကို သိရှိရမည်။ ဘုရားသခင်ကိုရော၊ စာတန်မာရ်နတ်ကိုပါ စစ်မှန်စွာ ယုံကြည်သည့်လူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား တစ်ခု ရှိခြင်းနှင့်ဆိုင်သော သရုပ်သကန်များကို ပြသသည်၊ သို့သော် ၎င်းတို့ ကြားက ပဓာနကျသော ခြားနားချက်မှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသည့် လူများ နားလည်ရမည့် မေးခွန်းတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သည့် လူများအတွက်မူ၊ နှစ်အနည်းငယ် ယုံကြည်ပြီးပြီး သမ္မာတရားကို စတင် နားလည်သည့်နောက်တွင်၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်သက်ဆိုင်သည့် အသိပညာအချို့ကို ရရှိနိုင်ပြီး၊ ဘုရားသခင်အတွက် ရိုသေလေးမြတ်ခြင်းအချို့ စွမ်းဆောင်ရရှိနိုင်ကြသည်။ ၎င်းတို့အနေဖြင့် သမ္မာတရားနှင့်သက်ဆိုင်သည့် စစ်မှန်သော သိနားလည်မှု တစ်ခုတစ်လေ မရှိကောင်း မရှိလျှင်ပင်၊ ၎င်းတို့သည် သိသိသာသာ ဆိုးယုတ်ပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် အရာများကို မလုပ်ဆောင်နိုင်ကြပေ။ ထို့အပြင် ၎င်းတို့အနေဖြင့် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်း၊ သို့မဟုတ် စမ်းသပ်ခံရခြင်းနှင့် စစ်ဆေးခံရခြင်းတို့ကို ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိရှိနိုင်ကြပြီး စစ်မှန်သော နောင်တခံစားနိုင်ကြသကဲ့သို့ မိမိတို့ကိုယ်ကို မုန်းတီးနိုင်ကြသည်၊ စာတန်ကို စက်ဆုပ်နိုင်ကြပြီး စစ်မှန်သော နောင်တနှင့် ပြောင်းလဲမှု အချို့ကို ကြုံနိုင်ကြလေသည်။ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသည့် လူများသည် ကယ်တင်ခံရနိုင်သည်ဟူသော သက်သေအထောက်အထား ဖြစ်သည်။ ထို့နောက် စာတန်မာရ်နတ်ကို ကြည့်ကြစို့။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်မခံကြ သို့မဟုတ် ဆိုးယုတ်မှု မည်မျှ ၎င်းတို့ ကျူးလွန်သည်ဖြစ်စေ သို့မဟုတ် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ၎င်းတို့ မည်မျှ ရင်ဆိုင်ရသည်ဖြစ်စေ မိမိတို့ကိုယ်ကို သိရှိဖို့ မိမိကိုယ်ကို သုံးသပ်ဆင်ခြင်ခြင်း မရှိကြချေ။ “နောင်တ” ဟူသည့် စကားလုံးသည် ၎င်းတို့၏ အဘိဓာန်တွင် မည်သည့်အခါတွင်မျှ မရှိချေ။ ဤသည်မှာ စစ်မှန်သော စာတန်မာရ်နတ်၏ သဘာဝ အနှစ်သာရနှင့် သမ္မာတရားကို လိုက်စားနိုင်သည့် ဖောက်ပြန်ပျက်စီးသော လူတို့၏ သဘာဝ အနှစ်သာရတို့ကြားက ကွာခြားချက် ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ကို ဤကဲ့သို့ ခွဲခြားသိမြင်နိုင်ပါက၊ မည်သည့်လူများ ကယ်တင်ခံရနိုင်ပြီး၊ မည်သည်တို့မှာ စစ်မှန်သော စာတန်မာရ်နတ်ဖြစ်ကာ ကယ်တင်၍မရနိုင်လောက်အောင် ဖြစ်သည်ကို ၎င်းတို့ သိကြလိမ့်မည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၇၂) အသင်းတော် နုတ်ပယ်ခြင်းများနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၇၄) မိမိ၏ တာဝန်ကို ချဉ်းကပ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်