၆၀။ ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန်အပြင်၊ ယင်းတို့အားဖြင့် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံရန် လိုအပ်ပြီး၊ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို လက်ခံကာ လက်တွေ့လုပ်ဆောင်ရမည်။ ထိုသို့ လုပ်ဆောင်ပြီးနောက်တွင်၊ သမ္မာတရားနှင့် သက်ဆိုင်တသည့် တစ်ဦးတစ်ယောက်၏ မိတ်သဟာယသည် လက်တွေ့ကျပေသည်။

(၂) ဘုရားသခင်၏နှုတ်ကပတ်တော်များအရ၊ သမ္မာတရား၏ သွင်ပြင်လက္ခဏာ အသီးသီးတို့နှင့်ပတ်သက်၍ မိတ်သဟာယပြုဖို့ လိုအပ်သည်။ အယူအဆများ၊ အခြေအမြစ်မရှိသော အစွဲအလမ်းများ၊ သို့မဟုတ် စိတ်ကူးစိတ်သန်းများအားဖြင့် ညစ်နွမ်းစေခြင်းမခံဘဲ၊ အတွေ့အကြုံမှ သင် သိရှိသည့်အရာကို ဆွေးနွေးလော့။

(၃) ဘုရားသခင် ရွေးချယ်ထားသော လူတို့အလယ်တွင် တကယ့် ပြဿနာများကို ခေါင်းချင်းဆိုင် ဖြေရှင်းရန် လိုအပ်သည်။ ယင်းတို့ကို တိုက်ရိုက် ပစ်မှတ်ထားပြီး သမ္မာတရားနှင့် ‌ဖြေရှင်းကာ အယူဝါဒနှင့်သက်ဆိုင်သည့် အနှစ်မဲ့သော စကားကို ရှောင်ရှားလော့။

(၄) သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုရာတွင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးမှုနောက် လိုက်ရန် လိုအပ်သည်။ စည်းမျဉ်းတစ်စုံအတိုင်း၊ အလိုအလျောက် မလုပ်ဆောင်နှင့်။ အခြားသူများအား သမ္မာတရားကို သိနားလည်ခွင့်ပေးကာ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ရှိစေလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ရှေ့ဆက်သွားရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အကြောင်းကို ပြောဆိုခြင်းသည် သင် စကားပြောရာတွင် အသုံးပြုသည့် အခြေခံသဘောတရား ဖြစ်သင့်သည်။ သာမန်အားဖြင့်၊ သင်တို့ စုဝေးလာသောအခါတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့၏ အပြန်အလှန် ဆက်ဆံခြင်းနှင့်ဆိုင်သည့် အကြောင်းအရာ ဖြစ်စေလျက်၊ ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သင် သိသည့်အရာ၊ ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့် သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့အလုပ်လုပ်သည့်အကြောင်းကို ပြောဆိုရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်သည့် မိတ်သဟာယတွင် သင်တို့ ပါဝင်သင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုသရွေ့၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် ကမ္ဘာလောကကို စွမ်းဆောင်ရရှိခြင်းသည် လူသား၏ ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်ပေသည်။ သင်သည် ဤအရာထဲသို့ မဝင်ရောက်လျှင်၊ ဘုရားသခင်သည် အမှုပြုခြင်းငှာ နည်းလမ်းရှိမည်မဟုတ်ပေ။ သင်သည် သင်၏ နှုတ်ကိုပိတ်ထားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို မပြောလျှင်၊ ဘုရားသခင်သည် သင့်ကို အလင်းပေးနိုင်မည် မဟုတ်။ သင် အလုပ်မများသည့် အချိန်တိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို ပြောပြီး၊ အချည်းနှီးသော စကားစမြည်ပြောဆိုခြင်းတွင် မပါဝင်နှင့်။ သင်၏ အသက်တာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပြည့်စေလော့- ထိုအခါမှသာ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်လိမ့်မည်။ သင်၏ မိတ်သဟာယသည် အပေါ်ယံဖြစ်သည် ဖြစ်စေ အရေးမကြီးပေ။ ပေါ့တန်ခြင်း မရှိဘဲနှင့် နက်ရှိုင်းမှု မရှိနိုင်။ နည်းစနစ်တစ်ခု ရှိရမည်။ သင်၏ လေ့ကျင့်မှုမှတစ်ဆင့်၊ သင့်အပေါ် သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းပေးမှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ ထိရောက်စွာ စားသောက်ရမည်ဆိုသည်ကို သင် သဘောပေါက်လိမ့်မည်။ စူးစမ်းမှု ကြားကာလပြီးသည့်နောက်တွင်၊ သင်သည် ဘုရားသခင် နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်လိမ့်မည်။ သင်သည် ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားမှသာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ရရှိနိုင်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

လူသားသည် သူတွေ့ကြုံပြီး မြင်ရသောအရာကို မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့ မတွေ့ကြုံဖူးသည့်အရာ၊ မမြင်ဖူးသည့်အရာ သို့မဟုတ် ၎င်းတို့၏ တွေးခေါ်မှုက လက်လှမ်းမမီနိုင်သောအရာ၊ ထိုအရာများသည် ၎င်းတို့၏အတွင်းတွင် မရှိသောအရာများဖြစ်သဖြင့် ၎င်းတို့ကို မည်သူမျှ မိတ်သဟာယ မပြုနိုင်ပေ။ အကယ်၍ လူသားဖော်ပြသောအရာသည် သူ၏တွေ့ကြုံမှုမှ မဟုတ်ပါက၊ ယင်းသည် သူ၏ စိတ်ကူးစိတ်သန်း သို့မဟုတ် အယူဝါဒ ဖြစ်ပေသည်။ ရှင်းရှင်းပြောရလျှင်၊ သူ၏စကားများတွင် မည်သည့် လက်တွေ့အရှိတရားမျှ မရှိပေ။ သင်သည် လူ့အဖွဲ့အစည်း၏ အရာများနှင့် မည်သည့်အခါမျှ ထိတွေ့မှုရှိမလာခဲ့ပါက၊ သင်သည် လူ့အဖွဲ့အစည်း၏ ရှုပ်ထွေးသော ဆက်ဆံရေးများကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်မည် မဟုတ်ပေ။ သင်သည် မိသားစုမရှိလျှင်၊ အခြားသူများသည် မိသားစု အရေးကိစ္စများအကြောင်း ဆွေးနွေးကြမည်ဆိုပါက၊ ၎င်းတို့ပြောနေသည့်အရာ အများစုကို သင်နားလည်မည် မဟုတ်ပေ။ ထို့ကြောင့် လူသား မိတ်သဟာယ ပြုသောအရာနှင့် သူ လုပ်ဆောင်သောအလုပ်သည် သူ၏ အတွင်းဖြစ်တည်မှုကို ကိုယ်စားပြုပေသည်။ အကယ်၍ လူတစ်ယောက်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ၎င်း၏ သိနားလည်မှုကို မိတ်သဟာယ ပြုသော်လည်း၊ ယင်းနှင့်သက်ဆိုင်သည့် အတွေ့အ‌ကြုံ သင်၌ မရှိခဲ့ပါက၊ သင်သည် ထိုအရာ၌ တစ်ရာ ရာခိုင်နှုန်း သေချာဖို့ မဆိုထားနှင့်၊ သူ၏ အသိပညာကို သင်ငြင်းဝံ့မည် မဟုတ်ချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ မိတ်သဟာယသည် သင် လုံးဝ မတွေ့ကြုံဖူးသော အရာတစ်ခု၊ သင် လုံးဝ မသိဖူးသကဲ့သို့၊ သင်၏စိတ်က စိတ်မကူးနိုင်သည့် အရာတစ်ခု ဖြစ်သောကြောင့်တည်း။ ၎င်းတို့၏ အသိပညာမှ၊ သင် ရယူနိုင်သမျှမှာ အနာဂတ်တွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံဖို့ လမ်းကြောင်းတစ်ခု ဖြစ်ပေသည်။ သို့သော် ဤလမ်းကြောင်းသည် အယူဝါဒဆိုင်ရာ အသိပညာထဲမှ တစ်ခုသာ ဖြစ်နိုင်၏။ ယင်းသည် သင်ကိုယ်တိုင်၏ အတွေ့အကြုံကို အစားထိုးနိုင်ဖို့မဆိုထားနှင့်၊ သင်ကိုယ်တိုင်၏သိနားလည်မှုကို အစားမထိုးနိုင်ပေ။ ၎င်းတို့ပြောသောအရာသည် အတော် မှန်သည်ဟု သင်ထင်ကောင်းထင်မည် ဖြစ်သော်လည်း၊ သင်၏ အတွေ့အကြုံတွင် ယင်းသည် နည်းလမ်းများစွာ လက်တွေ့မကျသည်ကို သင် တွေ့ရပေသည်။ သင် ကြားသောအရာထဲမှ အချို့သည် လုံးဝ လက်တွေ့မကျသည်ကို သင် ခံစားရကောင်း ခံစားရပေမည်။ ထိုအချိန်တွင် သင့်အနေဖြင့် ထိုအရာနှင့် ပတ်သက်၍ အယူအဆများ သိုထားပြီး၊ ယင်းကို သင် လက်ခံသော်လည်း အလွန် အင်တင်တင်ဖြင့်သာ လုပ်ဆောင်ပေသည်။ သို့ရာတွင် သင်ကိုယ်တိုင်၏ အတွေ့အကြုံတွင်၊ သင့်ကို အယူအဆများ ရရှိစေသည့် အသိပညာသည် သင်၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်း ဖြစ်လာပြီး၊ သင် လက်တွေ့လုပ်ဆောင်လေလေ သင်ကြားသည့် နှုတ်ကပတ်တော်များ၏ စစ်မှန်သော တန်ဖိုးနှင့် အဓိပ္ပာယ်ကို သင်နားလည်လေလေ ဖြစ်သည်။ သင်ကိုယ်တိုင်၏ အတွေ့အကြုံ ရှိပြီးသည့်နောက်တွင်၊ သင်သည် တွေ့ကြုံခဲ့သည့်အရာမှ သင် ရှိသင့်သည့် အသိပညာနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ပေသည်။ ထို့အပြင်၊ သင်သည် မိမိတို့၏ အသိပညာစစ်မှန်ပြီး လက်တွေ့ကျသော သူများနှင့် မိမိတို့၏အသိပညာက သုံးမရဘဲ၊ အယူဝါဒအပေါ်အခြေခံထား သူတို့ကြားလည်း ခွဲခြားနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင်ပြောဆိုသော အသိပညာသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိသည် သင်၌ ယင်းနှင့်သက်ဆိုင်သည့် လက်တွေ့ကျသော အတွေ့အကြုံ ရှိမရှိဆိုသည့်အပေါ် ကြီးစွာ မူတည်လေသည်။ သင့်အတွေ့အကြုံတွင် သမ္မာတရားရှိပါက၊ သင်၏အသိပညာသည် လက်တွေ့ကျပြီး တန်ဖိုးရှိလိမ့်မည်။ သင်၏ အတွေ့အကြုံမှတစ်ဆင့်၊ သင်သည် ချင့်ချိန်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်မှုကိုလည်း ရရှိနိုင်ပြီး၊ သင်၏ အသိပညာ နက်သထက်နက်လာနိုင်ကာ၊ မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင် ရမည်ဆိုသည်နှင့်ပတ်သက်၍ သင်၏ဉာဏ်ပညာနှင့် သာမန်အသိတို့ တိုးပွားနိုင်ပေသည်။ သမ္မာတရားကို မပိုင်ဆိုင်သော လူတို့ ဖော်ပြသည့် အသိပညာသည် မည်မျှပင် မြင့်မားကောင်း မြင့်မားပါစေ၊ အယူဝါဒ ဖြစ်ပေသည်။ ဤလူစားမျိုးသည် ဇာတိပကတိနှင့်ဆိုင်သည့် ကိစ္စများနှင့် ပတ်သက်လာသည့်အခါ၊ အလွန် ဉာဏ်ရည်ဉာဏ်စွမ်း ကောင်းနိုင်သော်လည်း၊ ဝိညာဉ်ရေးရာကိစ္စများနှင့် ပတ်သက်လာသည့်အခါ၊ ခွဲခြားခြင်း မပြုနိုင်ကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများအားလုံးတွင် အတွေ့အကြုံမရှိသောကြောင့် ဖြစ်သည်။ ဤသူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများတွင် ဉာဏ်အလင်း မရသောသူများဖြစ်ပြီး ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြပေ။ သင်သည် မည်သည့်အသိပညာမျိုးကို ဖော်ပြသည်ဖြစ်စေ၊ သင်၏ ဖြစ်တည်မှု ဖြစ်နေသရွေ့ ယင်းသည် သင်၏ ပုဂ္ဂိုလ်ရေးအတွေ့အကြုံ၊ သင်၏ စစ်မှန်သော အသိပညာ ဖြစ်သည်။ အယူဝါဒကိုသာ ပြောဆိုသူများ- သမ္မာတရားကိုဖြစ်စေ လက်တွေ့အရှိတရားကိုဖြစ်စေ မပိုင်ဆိုင်သူများ- သည် နက်ရှိုင်းသည့် ဆင်ခြင်ခြင်းမှတစ်ဆင့် ၎င်းတို့၏ အယူဝါဒကို ရရှိပြီး၊ ယင်းသည် ၎င်းတို့၏ နက်ရှိုင်းသော ပြန်လည်တွေးဆခြင်း အကျိုးဆက်ဖြစ်သောကြောင့်၊ ၎င်းတို့ ဆွေးနွေးသောအရာကိုလည်း ၎င်းတို့၏ဖြစ်တည်မှုဟု ခေါ်ဆိုနိုင်ပေသည်။ သို့ရာတွင် ယင်းသည် အယူဝါဒသာဖြစ်ပြီး၊ စိတ်ကူးစိတ်သန်းထက် မပိုပေ။ လူအမျိုးအစားမျိုးစုံ၏ အတွေ့အကြုံများသည် ၎င်းတို့အတွင်းရှိ အရာများကို ကိုယ်စားပြုသည်။ ဝိညာဉ်ရေးရာ အတွေ့အကြုံ တစ်ခုတစ်လေမျှ မရှိသည့် မည်သူမဆိုသည် သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာကို မပြောနိုင်သကဲ့သို့၊ အမျိုးမျိုးသော ဝိညာဉ်ရေးရာ အမှုအရာများအကြောင်း မှန်ကန်သော အသိပညာကို မပြောဆို နိုင်ပေသည်။ လူသားဖော်ပြသောအရာသည် အတွင်းတွင် သူ ဖြစ်သည့်အရာ ဖြစ်သည်- ဤသည်မှာ သေချာ၏။ အကယ်၍ လူတစ်ဦးသည် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သော အသိပညာနှင့် သမ္မာတရားနှင့်သက်ဆိုင်သော အသိပညာ ရှိရန် ဆန္ဒရှိပါက၊ စစ်မှန်သော အတွေ့အကြုံ ရှိရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၌ များစွာ အားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ မပြောနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ အသိပညာ ပိုင်ဆိုင်ခြင်းသည် သမ္မာတရားပိုင်ဆိုင်ခြင်းနှင့် သဘောညီသည်ဟု သင်ထင်သလော။ ယင်းသည် ရှုပ်ထွေးသည့် ရှုထောင့်အမြင် မဟုတ်လော။ သင်သည် ကမ်းခြေပေါ်က သဲများတမျှ အသိပညာအကြောင်းကို များစွာ ပြောဆိုနိုင်သည့်တိုင် ထိုအရာထဲမှ မည်သည့်အရာ၌မျှ စစ်မှန်သောလမ်းကြောင်း တစ်ခုတစ်လေ မပါရှိပေ။ ဤအရာ လုပ်ဆောင်ခြင်းဖြင့် လူတို့ကို အရူးလုပ်ဖို့ သင် ကြိုးစားနေခြင်း မဟုတ်လော။ သင်သည် ယင်းကို ထောက်ခံဖို့အနှစ်သာရ မရှိဘဲလျက် အဓိပ္ပါယ်မရှိသည့်ဟန်ပြတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော အပြုအမူအားလုံးသည် လူတို့အဖို့ အန္တရာယ်ရှိ၏။ အယူအဆ မြင့်လေလေ၊ ပြီးလျှင် စစ်မှန်မှု ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေလေ ဖြစ်သည်။ သဘောတရားတစ်ရပ်သည် မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပိုမို အာခံကာ ဆန့်ကျင်စေလေလေ ဖြစ်သည်။ အမြင့်မားဆုံးသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် သဘောမထားနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ လူအချို့သည် အမြင့်မားဆုံးအယူအဆများကို ပြောဆိုကောင်း ပြောဆိုနိုင်ပေလိမ့်မည်- သို့ရာတွင် ဤလူတို့သည် ထိုအယူအဆများကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံဖူးကြသောကြောင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသည့်အတွက် ဤအယူအဆများထဲတွင် စစ်မှန်မှု မပါရှိပေ။ ထိုသို့သောလူများသည် အခြားသူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်စွမ်း မရှိကြသကဲ့သို့၊ ၎င်းတို့ကို လမ်းလွဲစေခြင်းသာ ဖြစ်စေလိမ့်မည်။ ဤသည်မှာ လူတို့အဖို့ အန္တရာယ်ရှိသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်ပြီး ၎င်းတို့အား ဝင်ရောက်မှုကို ရရှိခွင့်ပေးနိုင်ရမည်။ ဤအရာသည်သာ ဆက်ကပ်အပ်နှံခြင်းဟု မှတ်ယူ၍ရပြီး ထိုအခါမှသာ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် အခြားသူတို့ကို သင့်အား နာခံလာအောင်ပြုရန် မသင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှု များစွာကို အသုံးမပြုလေနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့အား သာ၍စိတ်ရှုပ်ထွေးစေနိုင်သည်။ ဤသို့ ဆက်လက် လုပ်ဆောင်ခြင်းသည် လူတို့အား သင့်ကို စက်ဆုပ်စေသည့် အယူဝါဒများစွာကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ လူသား၏ အားနည်းချက်ဖြစ်ပြီး၊ အမှန်တကယ် အရှက်ရစရာ ဖြစ်သည်။ သို့ဖြစ်၍ အမှန်တကယ် တည်ရှိသည့် ပြဿနာများ အကြောင်းကို ပို၍ပြောဆိုလော့။ အခြားလူတို့၏ အတွေ့အကြုံများကို သင်၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဆက်ဆံကာ အခြားသူများ ကြည်ညိုလေးစားစေဖို့ ထိုအတွေ့အကြုံများကို မပြလေနှင့်။ သင့်အနေဖြင့် သင်ကိုယ်တိုင်၏၊ သီးခြား ထွက်ပေါက်ကို ရှာဖွေရမည်။ ဤသည်မှာ လူအသီးသီး လက်တွေ့ လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။

အကယ်၍ သင်မိတ်သဟာယဖွဲ့သည့်အရာသည် လူတို့ကို လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးနိုင်ပါက၊ ယင်းသည် စစ်မှန်မှုကို သင်ပိုင်ဆိုင်ခြင်းနှင့် ညီမျှပေသည်။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လူတို့ကို လက်တွေ့လုပ်ဆောင်ခြင်းထဲသို့ သင် ခေါ်ဆောင်ရမည်ဖြစ်ပြီး၊ ၎င်းတို့အားလုံး လိုက်လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ပေးသင့်သည်။ ၎င်းတို့ အသိပညာ ရှိခွင့်ကိုသာ မပေးလေနှင့်။ ပို၍အရေးကြီးသည်မှာ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိခြင်း ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်ကို ယုံကြည်ရန်မှာ၊ ဘုရားသခင်သည် သူ၏အမှု၌ လမ်းပြသည့် လမ်းကြောင်းကို ၎င်းတို့ လျှောက်လှမ်းရမည် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်း ဖြစ်စဉ်ဖြစ်၏။ သို့ဖြစ်သောကြောင့်၊ မည်သို့ပင်ဖြစ်စေ သင်လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းတစ်ခု သင်၌ရှိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စုံလင်စေခြင်း လမ်းကြောင်းပေါ် သင်ခြေချရမည် ဖြစ်သည်။ အလွန်ဝေးစွာ နောက်ကျန်ရစ်ခြင်း မရှိနှင့်၊ ပြီးလျှင် အလွန်များလှသော အရေးကိစ္စများ၌ စိတ်မဝင်စားနှင့်။ ဘုရားသခင် ဦးဆောင်သည့် လမ်းကြောင်းကို အနှောင့်အယှက် ဖြစ်ပေါ်စေခြင်းမရှိဘဲ သင်လမ်းလျှောက်မှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သင် ရရှိနိုင်ပြီး ဝင်ရောက်မှုလမ်းကြောင်းကို ပိုင်ဆိုင်နိုင်ပေမည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်းနှင့် လူသား၏တာဝန်ကို ဖြည့်ဆည်းခြင်းအဖြစ် သတ်မှတ်၍ရပေသည်။ ဤရေစီးကြောင်းထဲက လူတစ်ဦးအနေဖြင့် လူအသီးသီးသည် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်သည်၊ လူတို့လုပ်သင့်နေသည့်အရာကို ပို၍လုပ်ဆောင်ကာ တစ်ဇွတ်ထိုး မပြုမူသင့်ပေ။ အမှုကို ဆောင်ရွက်နေသော လူတို့သည် ၎င်းတို့၏စကားများကို ရှင်းလင်းစေရမည်၊ လိုက်လျှောက်သော လူတို့သည် အခက်အခဲကိုသည်းခံခြင်းနှင့် နာခံမှုရှိခြင်းအပေါ် ပို၍ အာရုံစိုက်ရမည်ဖြစ်ပြီး၊ အားလုံး မိမိတို့၏အနေအထားနှင့် ကိုက်ညီစွာ ပြုမူ၍ မလျော်ကန်စွာ မပြုမူရပေ။ လူတိုင်း၏ စိတ်နှလုံးထဲတွင် ၎င်းတို့မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့်၊ မည်သည့် လုပ်ငန်းတာဝန် ဖြည့်ဆည်းသင့်သည်ကို ရှင်းလင်းစွာ သိသင့်သည်။ သန့်ရှင်းသောဝိညာဉ်တော် လမ်းပြသည့် လမ်းကြောင်းကို လိုက်လော့။ လမ်းလွဲမသွားနှင့်၊ သို့မဟုတ် လမ်းမမှားနှင့်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့” မှ

အချို့သူများသည် အမှုဆောင်၍ တရားဟောကာ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များအပေါ် အပေါ်ယံအားဖြင့် မိတ်သဟာယပြုနေကြသည့်ပုံပေါ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အနက် အဓိပ္ပာယ်များကိုသာ ဆွေးနွေးနေကြခြင်းဖြစ်ပြီး၊ ခြေခြေမြစ်မြစ် ဖြစ်သော အရာတစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားမှုများ ကဲ့သို့၊ တစ်ချက်ပြီးတစ်ချက်နှင့် တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ၊ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ သူသည် အလွန်ကောင်းမွန်စွာနှင့် အင်မတန် အသေးစိတ်ကျကျ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ထိုသို့သော လူများ ဟောကြားပြီးသောအခါ၊ အခြားသူများကို ၎င်းတို့၏ တရားဒေသနာများကို စုဆောင်ပြီး လူအယောက်တိုင်းဆီသို့ပို့ရန် ပြောဆိုကြလေသည်။ ဤအရာကို လုပ်ဆောင်ရာတွင်၊ ၎င်းတို့သည် အခြားသူများကို လှည့်စားနေပြီး ၎င်းတို့ဟောကြားသမျှသည် မှားယွင်းသော အတွေးများသာ ဖြစ်သည်အထိ ရောက်ရှိကြပြီးဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ဟောကြားနေပြီး ၎င်းတို့၏ တရားဒေသနာများက သမ္မာတရားနှင့် ကိုက်ညီပုံရ၏။ သို့သော် သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက၊ ထိုအရာများသည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် လွဲမှားသော တွေးခေါ်မြော်မြင်မှုနှင့်အတူ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင်၊ ဘုရားသခင်အား ဘောင်ခတ်ထားသည့် အရာတစ်ချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤ တရားဟောကြားမှုမျိုးသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ်နှင့် ညီမျှသည်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

ခေါင်းဆောင်များနှင့် အမှုတော်ဆောင်အချို့တိုသည့် အသင်းတော်တွင်း၌ တည်ရှိသည့် ပြဿနာ အစစ်အမှန်များကို မမြင်နိုင်ကြပေ။ စည်းဝေးပွဲတစ်ခု၌ ရှိစဉ်တွင်၊ ၎င်းတို့သည် ပြောထိုက်သည့်အရာ တစ်ခုမျှ မရှိဟု ခံစားရသောကြောင့်၊ ၎င်းတို့သည် မတတ်သာ၍သာ လက်ခံပြီး ကျမ်းဟောင်းတရားနှင့် အယူဝါဒအချို့ကို ဖွင့်ဟကြသည်။ ၎င်းတို့ ပြောနေသည့်အရာသည် အယူဝါဒမျှသာ ဖြစ်သည်ကို ၎င်းတို့ ကောင်းစွာ သိသော်လည်း၊ ယင်းကို မည်သည့်နည်းဖြင့်မဆို ပြောကြလေသည်။ အဆုံး၌ ၎င်းတို့သည်၏စကားများသည် ပေါ့ပြက်သည်ကို ၎င်းတို့ပင် ခံစားရလာပြီး ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ယင်းတို့ကို နားထောင်သည်နှင့်အညီ၊ သူတို့သည်လည်း ဤလူများက ငြီးငွေ့ဖွယ် ကောင်းသည်ကို ခံစားရပေသည်။ ဤသည်မှာ ဖြစ်ပျက်သည့်ပုံစံ ဖြစ်သည် မဟုတ်လော။ ၎င်းတို့က ထိုစကားများကို ပြောဖို့ မိမိတို့ကိုယ်ကိုယ် အတင်းအကျပ် စေခိုင်းရပါက၊ တစ်ဖက်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အပေါ်တွင် အလုပ်မလုပ်ဘဲ၊ အခြားတစ်ဖက်တွင် ၎င်းတို့၏ စကားများသည် အခြားသူများအတွက် အကျိုးအမြတ် လုံးဝ မရှိပေ။ သင်သည် သမ္မာတရားကို တွေ့ကြုံပြီးခြင်း မရှိသေးသော်လည်း၊ ယင်းနှင့်ပတ်သက်၍ သင်ပြောလိုဆဲ ဖြစ်ပါက၊ သင်မည်သည့်အရာကို ပြောပါစေ၊ သင်သည် သမ္မာတရားကို ကျော်၍ ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။ သင်နောက်ထပ် ပြောသမျှသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်သည်။ ယင်းတို့သည် အတော်အတန် ဉာဏ်အလင်းပေးသည်ဟု သင်တွေးနိုင်သော်လည်း၊ ယင်းတို့သည် အယူဝါဒများသာ ဖြစ်သည်။ ယင်းတို့သည် သမ္မာတရား စစ်မှန်မှု မဟုတ်သကဲ့သို့ ၎င်းတို့ မည်မျှ ကြိုးစားပါစေ၊ နားထောင်နေသည့် မည်သူမဆိုသည် ယင်းတို့မှ မည်သည့် စစ်မှန်ခြင်းကို နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ နားထောင်နေစဉ်တွင် သင်ပြောသည့် အရာသည် အတော်အတန် မှန်ကန်သည်ဟု ၎င်းတို့ ခံစားရနိုင်သော်လည်း၊ နောက်ပိုင်းတွင် ၎င်းတို့က ယင်းကို လုံးလုံး မေ့သွားလိမ့်မည်။ သင်၏အခြေအနေ အမှန်နှင့်ပတ်သက်ပြီး သင်စကားမပြောပါက၊ သင်သည် လူများ၏စိတ်နှလုံးများကို တို့ထိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့က သင်ပြောသည့်အရာကို သတိရလိုလျှင်ပင်၊ ယင်းကို မေ့သွားကြလိမ့်မည်၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ကူညီနိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် စကားပြောလိုသော်လည်း သမ္မာတရားကို ကျော်ဖြတ်နိုင်သည့် နည်းလမ်းတစ်ခုဖြင့် အမှုအရာများနှင့်ပတ်သက်၍ စကားမပြောနိုင်ဟု ခံစားရသည့် ဤအခြေအနေမျိုးကို ကြုံတွေ့သည့်အခါ၊ ပြီးလျှင် သင်သည် ပဓာနကျသည့် အရာများနှင့် ပတ်သက်၍ မည်သည့်အသိမျှ မရှိသော်လည်း အယူဝါဒဆိုင်ရာ အသိပညာ အနည်းငယ်မျှသာရှိပြီး အခြားသူများက သင်မဖြေနိုင်သည့် ပဓာနကျသည့် သဘာဝ တစ်ခုနှင့်သက်ဆိုင်သည့် မေးခွန်းများကို စတင်ဆွေးနွေးပါက၊ သင်သည် မည်သည့်အရာမျှ လုံးဝ မပြောသည်က သာ၍ ကောင်းလိမ့်မည်။ သင်သည် စည်းဝေးပွဲတစ်ခုတွင် အကြောင်းအရာတစ်ခုအကြောင်း ဆွေးနွေးနေနိုင်ပြီး၊ သင်သည် ယင်းနှင့်ပတ်သက်၍ အတော်အတန် သိကျွမ်းမှုရှိကြောင်းနှင့် စစ်မှန်သော အရာအချို့အကြောင်း မိတ်သဟာယပြုနိုင်ကြောင်းတို့ကို ခံစားရသည့် အချိန်များလည်း ရှိသည်။ သို့ရာတွင် သင်သည် ယင်းကို အတော် အပေါ်ယံသာ ဆွေးနွေးပါက၊ လူတိုင်းက သင်ပြောနေသည့်အရာကို နားလည်လိမ့်မည် ဖြစ်သော်လည်း၊ အခြားသူများသည် အချို့သော အမှုအရာများကို တွေ့ကြုံပြီးခြင်း မရှိနိုင်သေးဘဲ၊ သင်သည်လည်း တွေ့ကြုံမပြီးနိုင်သေးသောကြောင့်၊ သင်၌ သာ၍နက်ရှိင်းသော အဆင့်၌ ပြောစရာ မည်သည့်အရာမျှ မရှိပေ။ ထိုသို့သော အခြေအနေတစ်ခုတွင် သင်သည် စကားဆက်ပြောနေဖို့ သင့်ကိုယ်သင် မတွန်းသင့်ပေ။ ထို့ထက် သင်သည် အကြောင်းအရာနှင့်သက်ဆိုင်၍ လူတိုင်းကို မိတ်သဟာယ ပြုခိုင်းနိုင်သည်။ ယင်းသည် အယူဝါဒသာ ဖြစ်သည်ဟု သင်တွေးထင်ပါက၊ ယင်းနှင့်ပတ်သက်ပြီး ပြောဖို့ အသုံးမတည့်သကဲ့သို့၊ လူများသည်လည်း ယင်းမှ တည်ဆောက်နိုင်မည် မဟုတ်ပေ။ ဤအခြေအနေတွင် သင်မည်သည့်အရာကို ပြောသည်ဖြစ်စေ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို လုပ်ဆောင်မည် မဟုတ်ဘဲ၊ သင်သည် မလျှော့တမ်းပြောဆိုနေသည့်အခါ၊ သင်သည် အဓိပ္ပာယ်မရှိဘဲ စံသွေသောအရာများကို အဆုံး၌ ပြောနိုင်ပြီး လူများကို လမ်းလွဲစေနိုင်သည်။ လူများသည် အတော် နက်ရှိုင်းသည့် အကြံဉာဏ်များကို အချိန်တိုအတွင်း လုံးဝ နားမလည်နိုင်ပေ။ လူအများစုတွင် အလွန်ညံ့ဖျင်းသော အခြေခံအုတ်မြစ် ရှိပြီး ညံ့ဖျင်းသော အစွမ်းအစ ရှိကြသည်၊ ပြီးလျှင် ၎င်းတို့ကြားသည့်အရာကို အလွယ်တကူ မကျက်မှတ်နိုင်ပေ။ သို့ရာတွင် ၎င်းတို့သည် အဓိပ္ပာယ် မရှိဘဲ၊ နည်းမှန်ပြီး အယူအဆဆိုင်ရာ စိတ်ကူးများကိုသာ လက်ခံဖို့ အတော်အတန် မြန်ဆန်ဆဲဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ထူးခြားပေတကား။ ထို့ကြောင့် ဤအချက်တွင် သင်သည် အထူး အာရုံစိုက်ရမည် ဖြစ်သည်။ လူများသည် အချည်းနှီးဖြစ်ပြီး တစ်ခါတစ်ရံတွင် ၎င်းတို့၏ ဝင့်ဝါခြင်းအားဖြင့် စိုးမိုးခြယ်လှယ်ခြင်းခံကြရသည်။ ၎င်းတို့ပြောသည့်အရာသည် အယူဝါဖြစ်သည်ကို ၎င်းတို့ ကောင်းစွာ သိသော်လည်း၊ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများက သတိမပြုမိနိုင်ဟု ယုံကြည်လျက်၊ ယင်းကို မည်သည့်နည်းဖြင့်မဆို ဆက်ပြောနေကြသည်။ သိက္ခာဆယ်ဖို့ အားထုတ် ကြိုးပမ်းရာတွင်၊ ၎င်းတို့သည် ထိုအရာများကို လျစ်လျူရှုပြီး၊ ထိုအစား လက်ရှိ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ကိုသာ အာရုံစိုက်ကြသည်။ ဤသည်မှာ လူများကို လှည့်စားနေခြင်းသာ မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်နေခြင်းဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သည့် လူတစ်ယောက်ဖြစ်ပါက၊ သင်သည် ထိုနည်းလမ်းဖြင့် နောက်ထပ် စကားပြောဆို၍ မရနိုင်ကြောင်းနှင့် အကြောင်းအရာကို သင် ပြောင်းလဲသင့်ကြောင်း ခံစားရလျက်၊ အတွင်း၌ အပြစ်တင်ခြင်းကို ခံစားရလိမ့်မည် ဖြစ်သည်။ သင်သည် သင်တွေ့ကြုံပြီးသည့် အရာတစ်စုံတစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယပြုနိုင်သကဲ့သို့ သမ္မာတရားနှင့်ပတ်သက်၍ သင်၌ ရှိသည့် အသိပညာအချို့အကြောင်း သင် ပြောနိုင်သည်။ သင်သည် တစ်စုံတစ်ခုအကြောင်း ရှင်းလင်းစွာ မပြောနိုင်ပါက၊ ယင်းနှင့်ပတ်သက်၍ သင်တို့အားလုံး အတူတကွ မိတ်သဟာယပြုနိုင်ပေသည်။ လူတစ်ဦးကိုသာ စကားပြောနေစေခြင်းသည် မည်သည့်အခါမျှ ကောင်းသောအရာမဟုတ်ပေ။ သင်သည် အတွေ့အကြုံကင်းမဲ့သောကြောင့်၊ သင်သည် တစ်စုံတစ်ခုကို မည်မျှ စိတ်ကူးပြီး အကြံရနိုင်ပါစေ၊ သင်ပြောသည့်အရာသည် အဆုံး၌ အယူဝါဒနှင့် လူ့အယူအဆများသာ ဖြစ်လိမ့်မည် ဖြစ်သည်။ သမ္မာတရားအဖြစ် အမျိုးအစား ခွဲခြားနိုင်သည့်ထိုအရာများကို တွေ့ကြုံရမည် ဖြစ်သည်။ အတွေ့အကြုံမရှိပါက၊ မည်သူမျှ သမ္မာတရား၏ အနှစ်သာရကို လုံးလုံးလျားလျား နားမလည်နိုင်ပေ၊ သမ္မာတရားကို တွေ့ကြုံခြင်းနှင့်သက်ဆိုင်သည့် အခြေအနေများကို ရှင်းရှင်းလင်းလင်း ရှင်းချက် ထုတ်နိုင်ရန်မှာ သာ၍ နည်းပါးလေသည်။ တစ်စုံတစ်ဦးသည် စကားပြောဖို့ စစ်မှန်သည့်အရာတစ်ခု မရှိမီ သမ္မာတရားနှင့်သက်ဆိုင်သည့် အတွေ့အကြုံ ရှိရမည်ဖြစ်ပြီး အတွေ့အကြုံမရှိခြင်းသည် လက်ခံနိုင်ဖွယ် မရှိပေ။ သင်၌ အတွေ့အကြုံရှိလျှင်ပင်၊ ယင်းကို အတိုင်းအတာတစ်ခုဖြင့် ကန့်သတ်ထားပြီး သင်သည် ကန့်သတ်ထားသည့် အခြေအနေအချို့အကြောင်းကိုသာ ပြောနိုင်လိမ့်မည်။ စည်းဝေးပွဲတစ်ခုသည် အကြောင်းအရာ တစ်ခု သို့မဟုတ် နှစ်ခုအကြောင်းသာ အဖန်တလဲလဲပြန်၍ ပြောနေပါက၊ ဤနည်းဖြင့် အချိန်အတော်ကြာ မိတ်သဟာယပြုပြီးသည့်နောက်၊ လူအချို့သည် အနည်းငယ် နားလည်လာလိမ့်မည် ဖြစ်သည်။ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုမှာ သင်စတင် စကားပြောပြီးသည့်နောက် ချက်ချင်း၊ သင်သည် အလွန်လက်တွေ့ကျသည့် နည်းဟန်ဖြင့် ဆွေးနွေးပြောဆိုနေသည်ဟု သင်တွေးနိုင်သော်လည်း၊ သင်၏ညီအစ်ကိုမောင်နှမများသည် နားမလည်ကြသေးပေ။ ဤသည်မှာ သင်၏ အခြေအနေသည် သင်၏အခြေအနေသာ ဖြစ်ပြီး၊ သင်၏ ညီအစ်ကိုမောင်နှမများ၏ အခြေအနေများသည် သင်၏ ကိုယ်ပိုင်အခြေအနေကဲ့သို့ သေချာပေါက် အတိအကျ မဟုတ်ပေ။ ထို့အပြင် သင်သည် ဤအကြောင်းအရာနှင့် အတွေ့အကြုံအချို့ရှိသော်လည်း၊ သင်၏ ညီအစ်ကိုမောင်နှမများ၌ ရှိနိုင်မည် မဟုတ်သောကြောင့်၊ သင်ပြောနေသည့်အရာသည် ၎င်းတို့နှင့်မသက်ဆိုင်ဟု ၎င်းတို့က ခံစားကြရသည်။ ဤအခြေအနေမျိုးကို ကြုံတွေ့ရသည့်အခါ သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့၏ အခြေအနေများကို နားလည်နိုင်ဖို့ မေးခွန်းအချို့ကို ၎င်းတို့အား မေးရမည်။ ဤအကြောင်းအရာ ပေါ်ပေါက်လာသည့်အခါ တစ်စုံတစ်ဦး လုပ်ဆောင်သင့်သည့်အရာနှင့် သမ္မာတရားနှင့် ကိုက်ညီအောင် တစ်စုံတစ်ဦးသည် မည်သို့ လက်တွေ့လုပ်ဆောင်သင့်ကြောင်းတို့ကို ၎င်းတို့ တွေးထင်သည့်အရာကို မေးလော့။ ဤနည်းလမ်းဖြင့် အချိန်အတော်ကြာ မိတ်သဟာယပြုပြီးသည့်နောက်၊ ရှေ့လျှောက် လမ်းကြောင်း ပွင့်လာလိမ့်မည်။ ဤနည်းဖြင့် သင်သည် လူများကို အတိုင်းအတာ တစ်ခုအထိ ဦးဆောင်နိုင်ပြီး သင်သည် ရှေ့ဆက် မိတ်သဟာယပြုပါက၊ ရလဒ်များ စွမ်းဆောင် ရရှိလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။” မှ

ယင်းကို ယခုမှစ အမှတ်ရလော့။ အနှစ်သာရမဲ့သော သိနားလည်ခြင်း အကြောင်းကို မပြောလေနှင့်၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းအကြောင်းနှင့် စစ်မှန်မှုအကြောင်းကိုသာ ပြောလော့။ စစ်မှန်သောသိခြင်းမှ အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်းသို့ ကူးပြောင်းလော့၊ ထို့နောက် လက်တွေ့လုပ်ဆောင်ခြင်းမှ စစ်မှန်သော အသက်ရှင်နေထိုင်ခြင်းသို့ ကူးပြောင်းလော့။ အခြားသူများအား သြဝါဒမပေးလေနှင့်၊ ပြီးလျှင် စစ်မှန်သောသိခြင်းအကြောင်း မပြောလေနှင့်။ အကယ်၍ သင်၏ သိနားလည်ခြင်းသည် လမ်းကြောင်းတစ်ခု ဖြစ်ပါက၊ ထိုအရာအပေါ် သင် လွတ်လပ်စွာ ပြောဆိုလော့။ အကယ်၍ ထိုသို့မဟုတ်ပါက ကျေးဇူးပြုပြီး သင့်ပါးစပ်ကို ပိတ်ထား၍ စကားပြောခြင်းကို ရပ်လော့။ သင် ပြောသောအရာသည် အသုံးမဝင်ပေ။ ဘုရားသခင်ကို လှည့်ဖြားရန်နှင့် အခြားသူများ သင့်အပေါ် မနာလို ဖြစ်စေရန်အလို့ငှာ သင်သည် သိနားလည်ခြင်း အကြောင်းကို ပြော၏။ ယင်းသည် သင်၏ရည်မှန်းချက် မဟုတ်သလော။ သင်သည် အခြားသူများအား တမင်သက်သက် ကစားနေခြင်း မဟုတ်သလော။ ယင်း၌ တန်ဖိုးတစ်စုံတစ်ရာ ရှိသလော။ သိနားလည်ခြင်းကို သင်တွေ့ကြုံပြီးနောက် ထိုအကြောင်းကို ပြောလျှင် သင်သည် ကြွားဝါနေသည်ဟု အမြင်ခံရလိမ့်မည်မဟုတ်။ သို့မဟုတ်ပါက သင်သည် စိတ်ကြီးဝင်သောစကားလုံးများကို တဗျစ်တောက်တောက် ပြောသူတစ်ဦး ဖြစ်သည်။ သင်၏တကယ့်အတွေ့အကြုံထဲတွင် သင် မကျော်လွှားနိုင်သော အမူအရာများစွာ ရှိပြီး သင်သည် သင်ကိုယ်တိုင်၏ ဇာတိပကတိကို မဖီဆန်နိုင်ပေ။ သင်သည် ဘုရားသခင်၏အလိုတော်ကို မည်သည့်အခါမှ မဖြည့်ဆည်းဘဲ သင် လုပ်လိုသမျှကို အမြဲတစေ လုပ်နေသော်လည်း၊ သင်သည် အယူအဆဆိုင်ရာ သိနားလည်ခြင်းကိုပြောဆိုရန် ရိုင်းစိုင်းအတင့်ရဲနေသေးသည်။ သင်သည် အရှက်ကင်းမဲ့သည်တကား။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သိနားလည်ခြင်းအကြောင်း ပြောနိုင်အောင် အတင့်ရဲနေသေးသည်။ သင်သည် လွန်စွာ အရှက်ကင်းမဲ့လိုက်လေတကား။ ဟောပြောခြင်းနှင့် ကြွားဝါခြင်းသည် သင်၏ ဗီဇသဘောစင်စစ် ဖြစ်လာပြီး သင်သည် ထိုလုပ်ဆောင်ခြင်းကို ကျင့်သားရလာပြီဖြစ်သည်။ သင်ပြောလိုသော အချိန်တိုင်းတွင် သင်သည် လွယ်လင့်တကူ ပြောဆိုသော်လည်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက် လာသည့်အခါတွင်မူ အဆင်တန်ဆာ၌ သင် မွေ့လျော်လေသည်။ ယင်းသည် အခြားသူများအား အရူးလုပ်ရန် နည်းလမ်းတစ်ခု မဟုတ်သလော။ သင်သည် လူသားများအား အရူးလုပ်ကောင်း လုပ်နိုင်မည်ဖြစ်သော်လည်း ဘုရားသခင်ကို လှည့်စား၍ မရပေ။ လူသားများသည် သတိမမူကြ၊ ထိုးထွင်းသိမြင်မှု မရှိကြသော်လည်း ဘုရားသခင်က ထိုကဲ့သို့သောအကြောင်းအရာများကို အလေးအနက် ထားသဖြင့် ကိုယ်တော်သည် သင့်ကို သက်ညှာမည်မဟုတ်ပေ။ သင်၏ ညီအစ်ကို မောင်နှမများက သင်၏ သိနားလည်ခြင်းကို ချီးမွမ်းပြီး သင့်ကို ကြည်ညိုလေးစားကာ ထောက်ခံကောင်း ထောက်ခံနိုင်သော်လည်း၊ သင့်တွင် စစ်မှန်မှု လက်ဝယ်မရှိပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို သက်ညှာလိမ့်မည် မဟုတ်ပေ။ လက်တွေ့ကျသောဘုရားသခင်သည် သင်၏ အပြစ်အနာအဆာများအား မရှာဖွေဘဲ နေကောင်းနေလိမ့်မည် ဖြစ်သော်လည်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို လျစ်လျူရှုလိမ့်မည်ဖြစ်ကာ ယင်းသည် သင့်အတွက် ခံနိုင်ရန် ခက်ခဲလိမ့်မည်။ ယင်းကို သင်ယုံကြည်သလော။ လက်တွေ့လုပ်ဆောင်ခြင်း၏ စစ်မှန်မှုအကြောင်း သာ၍ပြောဆိုဦးလော့၊ ယခုပင် သင်မေ့လျော့နေပြီလော။ လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ လမ်းကြောင်းများအကြောင်း ထပ်မံပြောဆိုဦးလော့၊ ယခုပင် သင်မေ့လျော့နေပြီလော။ “မြင့်မြတ်သော အယူအဆများ သို့မဟုတ် တန်ဖိုးမဲ့ပြီး ချဲ့ကားထားသော အဟောအပြောကို လျှော့လော့၊ ယခုမှစ၍ လက်တွေ့ စတင်လုပ်ဆောင်ရန် အကောင်းဆုံးဖြစ်သည်။” ဤနှုတ်ကပတ်တော်များကို သင်မေ့လျော့နေပြီလော။ သင်လုံးဝနားမလည်သလော။ ဘုရားသခင်၏အလိုတော်အား သိနားလည်ခြင်း သင့်တွင် မရှိသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် စစ်မှန်မှု ပိုင်ဆိုင်ခြင်းဖြစ်သည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုနေချိန်တွင်၊ ဘုရားသခင်ကို သက်သေခံခြင်းသည် အဆုံးစွန် အရေးပါမှု ရှိပေသည်။ ဤအရာကို ဘုရားသခင် အဘယ်ကြောင့် ပြောသည်၊ ဤအရာကို ပြောဆိုရာတွင် မည်သည့် အကျိုးတရားကို ဘုရားသခင် စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည်၊ ဘုရားသခင်၏ အလိုတော်မှာ မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်၏ စိတ်သဘောထားမှာ မည်သည့်အရာဖြစ်သည်- ဤအရာအားလုံးကို ရှင်းလင်းစွာ မိတ်သဟာယ ပြုရမည်။ ဤနည်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယပြုခြင်းသည် အကျိုးတရားတစ်ခုကို စွမ်းဆောင်ရရှိလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုခြင်းသည် လူတို့က ခရစ်တော်၏ ဖြစ်ခြင်းနှင့် အရာအားလုံးကို သိရှိနိုင်ဖို့အလို့ငှာ ခရစ်တော်ကို သက်သေခံခြင်းနှင့် ချီးမြှောက်ခြင်း ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်အဖို့ စစ်မှန်သော သက်သေခံချက်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် စစ်မှန်သော မိတ်သဟာယ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုနေချိန်တွင်၊ နှုတ်ကပတ်တော် အနည်းငယ်နှင့် အယူဝါဒများကိုသာ ပြောဆိုထားပါက၊ ခရစ်တော်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို သက်သေခံချက်မရှိသကဲ့သို့၊ မိတ်သဟာယပြုသည့် အရာ၏ ပါဝင်သော အကြောင်းအရာသည် ဘုရားသခင်၏ အလိုတော်၊ လူသားနှင့်သက်ဆိုင်သည့် သူ၏ သတ်မှတ်ချက်များနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်တို့နှင့် မည်သည့်ဆက်နွှယ်မှုမျှ မရှိပါက၊ ထိုသို့သော မိတ်သဟာယသည် မည်သည့် အရေးပါမှုမျှမရှိသကဲ့သို့ မထိရောက်ပေ- ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် အနှစ်မဲ့သော စကား ဖြစ်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင် မိတ်သဟာယ ပြုချိန်တွင်၊ ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် လူသားအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာတို့ကို မထည့်သွင်းပါက၊ သင်၏ စကားများသည် လှည့်ဖြားမှုမျှ ဖြစ်ပေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် ကြီးမြတ်သော သိနားလည်မှုတစ်ခု ရှိကာ သူ၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုရာတွင် ကြီးမားသော ကျွမ်းကျင်မှု ရှိသည့်ပုံပေါ်နေစေခြင်း ဖြစ်သည်၊ သို့သော် အမှန်တွင် သင် လုပ်ဆောင်နေသည်မှာ ကြွားဝါခြင်းနှင့် သင့်ကိုယ်သင် ချီးမြှောက်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ဤနည်းဖြင့် မိတ်သဟာယပြုသော လူတို့သည် အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အန္တိခရစ်များ ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင် မိတ်သဟာယပြုသည့်အခါ၊ ခရစ်တော်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သက်သေခံလော့၊ခရစ်တော်သည် ဘုရားသခင်ဖြစ်သည်ကို သက်သေခံလော့၊ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်စေကာ ခရစ်တော်ကို အမှန်တကယ် နာခံ၊ ကြောက်ရွံ့ကာ ကိုးကွယ်စေလော့။ထိုသို့လုပ်ဆောင်ခြင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင် သာ၍ မိတ်သဟာယပြုလေလေ၊ ဘုရားသခင်ကို လူတို့ သာ၍ သိလေလေ ဖြစ်လိမ့်မည်ဖြစ်ကာ ခရစ်တော်ကို ၎င်းတို့၏ နာခံမှု သာ၍ ကြီးမားလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ထိုသို့သော မိတ်သဟာယသည်သာ ခရစ်တော်ကို စစ်မှန်သော သက်သေခံခြင်းနှင့် ချီးမြှောက်ခြင်း ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်ကို အစေခံဖို့ စစ်မှန်သော အလုပ် ဖြစ်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၅၉။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုဖို့ စုရုံးခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၁။ အသင်းတော်တစ်ပါး တည်ထောင်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်