ခရစ်တော်နောက်လိုက်ခြင်း၏ အခြေခံသဘောတရားများ

(၁) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူတို့ကို သန့်စင်ပြီး ကယ်တင်နိုင်သည်၊ ပြီးလျှင် သူသည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်ကို သိရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့်သာ မရေရာသည့် ဘုရားသခင်သည် တစ်ဦးတစ်ယောက်၏ စိတ်နှလုံးမှ ပပျောက်နိုင်ပေသည်။

(၂) ခရစ်တော် ဖော်ပြသည့် သမ္မာတရားအားလုံးကို လက်ခံဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံဖို့နှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ လိုအပ်သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်သာ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်သည်။

(၃) ခရစ်တော်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို ကြုံရခြင်းနှင့် သူ၏ အမှုတော်အားလုံးကို ကျိုးနွံနာခံခြင်းအားဖြင့်သာ တစ်ဦးတစ်ယောက်သည် ခရစ်တော်က သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို သိရှိနိုင်ပေသည်။

(၄) သင်၏ စိတ်နှလုံးထဲတွင် ခရစ်တော်ကို အထင်ကရဖြစ်စေဖို့ လိုအပ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်သာ ဘုရားသခင်ကို ကြီးမြတ်သောသူအဖြစ် ချီးမြောက်ခြင်း ဖြစ်သည်။ မည်သည့်လူကိုမျှ မကိုးကွယ်နှင့်၊ မည်သည့်လူနောက်ကိုမျှ မလိုက်နှင့်။ ခရစ်တော် တစ်ပါးတည်းကိုသာ ချီးမြှောက်ပြီး သက်သေခံလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးသကဲ့သို့ မမှတ်ယူပါက၊ ယင်းတို့ကို မည်သို့ ရှောင်ရှားရမည်ကိုသာ သို့မဟုတ် ထိုအရာများ မပါဝင်သည့် အသစ်သော ထွက်ပေါက်တစ်ခုကို မည်သို့ ရှာဖွေရမည်ကိုသာ သင် တွေးတောပါက၊ သင်သည် အလွန်ဆိုးရွားသော အပြစ်သား တစ်ဦးဖြစ်သည်ဟု ငါပြော၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။ ဤသည်မှာ အနာဂတ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်သည်မှာ မှန်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင် အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင် နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို သင် ဘေးဖယ် မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတား တစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် မချီးကျူးပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက မည်မျှများပြားသည်ဖြစ်စေ၊ ပြီးလျှင် ယခင်က သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း သင်မည်မျှပြုမူခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့သည်ဖြစ်စေ၊ သမ္မာတရားကို သင်အမှန်တကယ် လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံပါက၊ သူစီစဉ်ညွှန်ကြားသည့် အရာတိုင်းတွင် သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နိုင်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ပါက၊ သူ၏အလိုတော်ကို ရှာဖွေနိုင်ပါက၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏အလိုတော်နှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ကျိုးနွံနာခံဖို့ ကြိုးစားပြီး သင်၏ကိုယ်ပိုင်အလို၊ စိတ်ဆန္ဒများ၊ စဉ်းစားဆင်ခြင်ခြင်းများ၊ အရင်းခံအကြောင်းရင်းများနှင့် ဘုရားသခင်ကို မုန်းတီးမှုတို့အား ဘေးဖယ်ထားနိုင်ပါက- ထိုအခါမှသာ သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း ဖြစ်၏။ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသော်လည်း၊ သင်လုပ်ဆောင်သမျှအားလုံးတွင် သင်၏ကိုယ်ပိုင်အလိုအတိုင်း သင်လုပ်ဆောင်သည်။ သင်လုပ်ဆောင်သမျှတိုင်းတွင်၊ သင်၌ သင်၏ကိုယ်ပိုင်ရည်မှန်းချက်များ၊ သင်၏ကိုယ်ပိုင်အစီအစဉ်များရှိသည်။ သင်သည် ယင်းကို ဘုရားသခင်အား လုပ်ဆောင်ခွင့်မပေးပေ။ သို့ဆိုလျှင် ဘုရားသခင်သည် သင်၏ဘုရားသခင် ဖြစ်နေဆဲလော။ ဘုရားသခင်က သင်၏ဘုရားသခင် မဟုတ်ပါက၊ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသည့်အခါ ဤသည်တို့မှာ အနှစ်မဲ့သော စကားများဖြစ်သည် မဟုတ်လော။ ထိုသို့သော စကားများသည် လူတို့ကို လှည့်စားဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏လုပ်ရပ်များနှင့် အပြုအမူများ၊ ဘဝနှင့်ပတ်သက်သည့် သင်၏အမြင်၊ သင်၏တန်ဖိုးများ၊ သင်၏သဘောထားနှင့် ကိစ္စရပ်များကို သင်ချဉ်းကပ်‌ပြီး ကိုင်တွယ်သည့် အခြေခံမူအားလုံးတို့သည် စာတန်ထံမှ လာပေသည်- သင်သည် ဤအရာအားလုံးကို စာတန်၏ အခြေခံမူများနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့နှင့်အညီ လုံးဝကိုင်တွယ်ပေသည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်နောက် လိုက်သလော။

...ဘုရားသခင်၌ ယုံကြည်ခြင်းကို ဖော်ပြဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းနှင့် ဤအခြေခံအုတ်မြစ်ပေါ်တွင် သူ့နောက်လိုက်ခြင်း၊ သူ့ကိုနာခံခြင်း၊ သူ၏အုပ်စိုးမှု၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လက်ခံခြင်း၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အရာရာကို လုပ်ဆောင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ဖို့မှာ ဤအရာကို ဆိုလိုသည်။ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မလက်ခံသကဲ့သို့ သူ၏အုပ်စိုးမှု၊ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင်လက်မခံပေ။ သင်သည် ဘုရားသခင်လုပ်ဆောင်သည့်အရာအပေါ် အယူအဆများ အမြဲရှိပြီး၊ သူလုပ်ဆောင်သည့်အရာကို သင်အမြဲနားလည်မှုလွဲကာ ယင်းနှင့်ပတ်သက်၍ အမြဲစောဒကတက်ပါက၊ သင်သည် အမြဲမကျေမနပ်ဖြစ်ပြီး၊ သူလုပ်ဆောင်သည့်အရာကို သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ အသုံးပြုရင်း အမြဲအကဲဖြတ်ကာ ချဉ်းကပ်ပါက၊ သင်၌ သင်၏ကိုယ်ပိုင်သိနားလည်မှုများ အမြဲရှိပါက- ဤအရာက ပြဿနာဖြစ်စေလိမ့်မည်။ သင်သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနေခြင်း မဟုတ်သကဲ့သို့ သင်၌ သူ့နောက် အမှန်တကယ် လိုက်ရန် နည်းလမ်းမရှိပေ။ ယင်းမှာ ဘုရားသခင်၌ ယုံကြည်ခြင်း မဟုတ်ပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

ပေတရုသည် ယေရှုနောက် နှစ်အတန်ကြာ လိုက်ခဲ့ပြီး အခြားလူများ၌ မရှိသည့်အရာ များစွာကို ယေရှုအထဲတွင် တွေ့မြင်ခဲ့သည်။ တစ်နှစ်ကြာ သူ့နောက်လိုက်ပြီးနောက်တွင် ပေတရုသည် တပည့်တော်ဆယ့်နှစ်ပါးအနက်မှ ယေရှု၏ ရွေးချယ်ခြင်းခံခဲ့ရသည်။ (ဤအရာကို ယေရှု အသံထွက်၍ မပြောခဲ့သကဲ့သို့ အခြားသူတို့ကလည်း ယင်းကို လုံးဝ သတိမမူမိခဲ့ကြသည်မှာ အမှန်ပင်။) ပေတရုသည် အသက်တာတွင် မိမိကိုယ်ကိုယ် ယေရှုလုပ်ဆောင်ခဲ့သမျှ အရာတိုင်းနှင့် တိုင်းတာခဲ့သည်။ တကယ်ကို အထူးသဖြင့် ယေရှု ဟောကြားခဲ့သည့် သတင်းစကားများက သူ၏ စိတ်နှလုံးထဲ၌ စွဲထင်ခဲ့သည်။ သူသည် ယေရှုထံ လုံးလုံးလျားလျား ဆက်ကပ်ပြီး သစ္စာရှိခဲ့ကာ၊ ယေရှုအပေါ် မကျေနပ်ချက် တစ်ခုတစ်လေကိုမျှ လုံးဝ သူမပြောခဲ့ပါပေ။ အကျိုးဆက်အနေဖြင့် သူသည် ယေရှု သွားခဲ့သည့်နေရာတိုင်းတွင် ယေရှု၏ သစ္စာရှိသောအဖော် ဖြစ်လာခဲ့သည်။ ပေတရုသည် ယေရှု၏ သွန်သင်ချက်များ၊ သူ၏ နူးညံ့သောစကားများ၊ သူစားခဲ့သည့်အစာ၊ သူ၏အဝတ်၊ သူ၏အကွယ်အကာနှင့် သူ မည်သို့ခရီးသွားခဲ့သည်ဟူသည်တို့ကို လေ့လာခဲ့သည်။ မည်သည့်အပိုင်းတွင်မဆို ယေရှုကို သူအတုယူခဲ့သည်။ သူသည် ယေရှု၏ ပုံစံကို အပြောနှင့် အလုပ်နှစ်ခုလုံးတွင် လိုက်လျှောက်ရင်း ဘယ်သောအခါမျှ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မထင်မှတ်ဘဲ၊ ခေတ်နောက်ကျသော အရာအားလုံးကို စွန့်ပစ်ခဲ့သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့သည် အနန္တတန်ခိုးရှင်၏ လက်ထဲတွင်ရှိသည်ဆိုသည်နှင့် ဤအကြောင်းကြောင့် သူ၌ တစ်ကိုယ်ရေ ရွေးချယ်မှုမရှိသည်ကို ပေတရု ခံစားခဲ့ရသည်မှာ ထိုအချိန်၌ပင်ဖြစ်သည်။ ပေတရုသည် ယေရှု၏ ဖြစ်ခြင်းအရာအားလုံးကို စိတ်တွင်စွဲမှတ်ခဲ့ပြီး ယင်းကို စံနမူနာတစ်ခုအနေဖြင့် အသုံးပြုခဲ့သည်။ ယေရှုသည် သူလုပ်ဆောင်ခဲ့သည့်အရာ၌ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု သဘောမထားကြောင်း သူ၏အသက်တာက ပြသလေသည်။ မိမိကိုယ်ကိုယ် လေလုံးထွားမည့်အစား၊ သူသည် လူတို့ကို ချစ်ခြင်းမေတ္တာဖြင့် တို့ထိခဲ့လေသည်။ အမှုအရာအမျိုးမျိုးတို့က ယေရှု၏ ဖြစ်ခြင်းကို ပြသပြီး ဤအကြောင်းကြောင့် ပေတရုသည် ယေရှုနှင့်ပတ်သက်၍ အရာရာကို အတုယူခဲ့လေသည်။ ပေတရု၏ အတွေ့အကြုံများက ယေရှု၏ ချစ်ဖွယ်ကောင်းခြင်းအပေါ် တိုးပွားနေသောအသိကို သူ့အား ပေးခဲ့ပြီး၊ သူက “ကျွန်ုပ်သည် အနန္တတန်ခိုးရှင်ကို စကြဝဠာတစ်ခွင် ရှာဖွေပြီးဖြစ်၍ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အံ့သြဖွယ်ရာများကို ကျွန်ုပ် မြင်ပြီးဖြစ်သောကြောင့် အနန္တတန်ခိုးရှင်၏ ချစ်ဖွယ်ကောင်းခြင်းအပေါ် နက်နဲသော အသိတစ်ခုကို ရရှိခဲ့လေပြီ။ သို့သော် ကျွန်ုပ်သည် မိမိ၏ကိုယ်ပိုင်စိတ်နှလုံးထဲတွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ ဘယ်သောအခါမျှ မရှိခဲ့သကဲ့သို့၊ အနန္တတန်ခိုးရှင်၏ ချစ်ဖွယ်ကောင်းခြင်းကို ကျွန်ုပ်၏ ကိုယ်ပိုင်မျက်စိဖြင့် ဘယ်သောအခါမျှ မမြင်ဖူးခဲ့ပေ။ ယနေ့ အနန္တတန်ခိုးရှင်၏ အမြင်တွင် ကျွန်ုပ်သည် သူ၏ မျက်နှာသာပေးခြင်းဖြင့် အကြည့်ခံရလေပြီဖြစ်ကာ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို နောက်ဆုံးတွင် ငါခံစားရလေပြီ။ လူသားများကို သူ့အား ချစ်စေသည်မှာ ဘုရားသခင်၏ အရာခပ်သိမ်းကို ဖန်ဆင်းခြင်းသာ မဟုတ်သည်ကို နောက်ဆုံးတွင် ကျွန်ုပ်တွေ့ရှိလေပြီ။ ကျွန်ုပ်၏ နေ့စဉ်အသက်တာတွင် သူ၏ အကန့်အသတ်မဲ့ ချစ်ဖွယ်ကောင်းခြင်းကို ကျွန်ုပ်တွေ့ရှိပြီ။ ယခုချိန် မြင်နိုင်သည့်အရာ၌သာ ကန့်သတ်ဖို့ရာ အဘယ်သို့ ဖြစ်နိုင်မည်နည်း” ဟူ၍ စသည်ကဲ့သို့သော အရာများကို ပြောလေသည်။ အချိန်ကုန်လွန်သည်နှင့်အမျှ နှစ်သက်ဖွယ်ကောင်းသည့် အရာများစွာက ပေတရုအထဲ၌လည်း ပေါ်ထွက်လာခဲ့သည်။ သူသည် ယေရှုကို အလွန်နာခံတတ်လာခဲ့ပြီး အနှောင့်အယှက် အနည်းငယ်ကိုလည်း သူ အတော်အတန် ခံခဲ့ရသည်မှာ အမှန်ပင်ဖြစ်၏။ ယေရှုက သူ့ကို နေရာအမျိုးမျိုးတွင် တရားဟောဖို့ ခေါ်သွားသည့်အခါ ပေတရုသည် မိမိကိုယ်ကိုယ် အမြဲနှိမ့်ချခဲ့ပြီး ယေရှု၏ တရားဒေသနာများကို နားထောင်ခဲ့သည်။ သူသည် ယေရှုနောက်လိုက်သည့် သူ၏ နှစ်ကာလများကြောင့် ဘယ်သောအခါမျှ မာနထောင်လွှားမလာခဲ့ပေ။ ယေရှုက သူကြွလာခဲ့သည့်အကြောင်းရင်းမှာ သူ၏အမှုကို ပြီးစီးနိုင်ဖို့အလို့ငှာ ကားစင်တင်အသတ်ခံရဖို့ရန် ဖြစ်သည်ကို ပြောပြီးနောက်တွင် ပေတရုသည် သူ၏ စိတ်နှလုံးထဲတွင် မချိတင်ကဲဝေဒနာကို မကြာခဏ ခံစားခဲ့ရပြီး တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ငိုကြွေးတတ်ခဲ့သည်။ သို့ပါလျက် နောက်ဆုံးတွင် ထို “ကံအကြောင်းမလှသော” နေ့ရက် ရောက်ရှိခဲ့သည်။ ယေရှု အဖမ်းခံရပြီးနောက်တွင် ပေတရုသည် သူ၏ ငါးဖမ်းလှေထဲတွင် တစ်ကိုယ်တည်း ငိုကြွေးခဲ့ပြီး ဤအရာအတွက် ဆုတောင်းချက်များစွာ တောင်းခဲ့သည်။ သို့သော် သူ၏စိတ်နှလုံးထဲတွင် ဤသည်မှာ ခမည်းတော်ဘုရား၏ အလိုဖြစ်ပြီး ယင်းကို မည်သူမျှ ပြောင်းလဲမရနိုင်သည်ကို သူသိခဲ့သည်။ သူသည် သူ၏ ချစ်ခြင်းမေတ္တာကြောင့်သာ ဆက်လက်၍ မချိတင်ကဲ ဝေဒနာခံစားရပြီး မျက်လုံးများက မျက်ရည်များနှင့် ပြည့်ဝခဲ့သည်။ ဤသည်မှာ လူသား၏ အားနည်းချက်တစ်ခု ဖြစ်သည်မှာ မှန်ပေ၏။ ထို့ကြောင့် ယေရှုသည် ကားတိုင်ထက် သံမှိုရိုက်နှက်ခံရမည်ကို သိရသည့်အခါ ယေရှုကို သူက “ကိုယ်တော် စွန့်ခွာပြီးနောက် ကျွန်ုပ်တို့အလယ်တွင်ရှိဖို့နှင့် ကျွန်ုပ်တို့ကို ဂရုစိုက်ဖို့ ကိုယ်တော်ပြန်ကြွလာမည်လော။ ကိုယ်တော့်ကို ကျွန်ုပ်တို့ မြင်တွေ့နိုင်ဦးမည်လော” ဟု မေးခဲ့သည်။ ဤစကားများက အလွန်ရိုးစင်းပြီး လူသား၏ အယူအဆများနှင့် ပြည့်နေခဲ့သော်လည်း ပေတရု၏ ဆင်းရဲဒုက္ခ ခါးသီးမှုကို ယေရှုသိခဲ့သည်၊ ထို့ကြောင့် သူ၏ချစ်ခြင်းမေတ္တာအားဖြင့် ပေတရု၏ အားနည်းချက်ကို သူထောက်ထားခဲ့သည်- “ပေတရု၊ ငါ သင့်ကိုချစ်လေပြီ။ ယင်းကို သင်သိသလော။ သင်ပြောသည့်အရာ၏ နောက်ကွယ်တွင် အသိဉာဏ်မရှိသော်လည်း ငါ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် ငါသည် ရက်ပေါင်း ၄၀ ကြာ လူတို့ထံပေါ်ထွန်းမည်ကို ခမည်းတော်က ကတိပေးပြီးဖြစ်၏။ ငါ၏ ဝိညာဉ်တော်က သင်တို့ အားလုံးအပေါ် ကျေးဇူးတော် မကြာခဏ ပေးသနားမည်ကို သင်မယုံကြည်သလော။” ပေတရုသည် ဤအရာအားဖြင့် အတော်အတန် နှစ်သိမ့်မှုခံစားခဲ့ရသော်လည်း တစ်စုံတစ်ခုလိုနေသည်ဟု သူ ခံစားရဆဲဖြစ်သည်၊ ထို့ကြောင့် ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက်တွင် သူ့ထံ ပထမဆုံးအကြိမ် မြင်သာအောင် ပေါ်လာခဲ့သည်။ သို့သော်လည်း ပေတရုကို သူ၏အယူအဆများအား ဆက်လက် ဖက်တွယ်ခြင်းမှ တားဆီးဖို့အလို့ငှာ ယေရှုသည် သူ့အတွက် ပေတရုပြင်ဆင်ထားခဲ့သည့် အလျှံပယ်ဖြစ်သော အစာကို ငြင်းဆိုပြီး မျက်စိတစ်မှိတ်တွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုအခိုက်အတန့်မှစ၍၊ ပေတရုသည် နောက်ဆုံးတွင် သခင်ယေရှုအပေါ် သာ၍နက်ရှိုင်းသော သိနားလည်မှုတစ်ခု ရရှိခဲ့ပြီး သူ့ကို သာ၍ပင် ချစ်ခဲ့သည်။ ယေရှုသည် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် ပေတရုထံ မကြာခဏ ပေါ်လာခဲ့သည်။ ရက်ပေါင်းလေးဆယ်ပြည့်ပြီး ကောင်းကင်သို့ တက်ကြွသွားပြီးနောက် သူသည် နောက်ထပ်သုံးကြိမ် ပေတရုထံ ပေါ်လာခဲ့သည်။ ပေါ်ထွန်းခြင်းတိုင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပြည့်စုံတော့မည့်အချိန်နှင့် အသစ်သောအမှု အစပြုတော့မည့်အချိန် အတိအကျတွင် ဖြစ်ခဲ့ပေသည်။

ပေတရုသည် သူ၏ ဘဝတစ်လျှောက်တွင် အသက်မွေးမှုအတွက် ငါးဖမ်းခဲ့သော်လည်း ယင်းထက်ပို၍ပင် ဟောပြောဖို့ အသက်ရှင်ခဲ့၏။ သူ၏ နောက်ပိုင်းနှစ်ကာလများတွင် သူသည် ရှင်ပေတရုသြဝါဒစာပထမနှင့် ဒုတိယစာစောင်များကိုသာမက ထိုအချိန်က ဖိလဒေလဖိအသင်းတော်ဆီသို့ ပေးစာအချို့ ရေးသားခဲ့သည်။ ဤခေတ်ကာလ လူတို့သည် သူ့အားဖြင့် အကြီးအကျယ် တို့ထိခြင်းခံခဲ့ကြရသည်။ မိမိ၏ကိုယ်ပိုင် အထောက်အထားစာများကို အသုံးပြုလျက် လူတို့ကို သြဝါဒပေးမည့်အစား သူသည် ၎င်းတို့အား သင့်တော်သော အသက်တာထောက်ပံ့မှုကို ပေးခဲ့သည်။ သူသည် ယေရှုမထွက်ခွာမီက သူ၏ သွန်သင်ချက်များကို လုံးဝမမေ့လျော့ခဲ့သည့်အပြင် ၎င်းတို့အားဖြင့် သူ၏ ဘဝတစ်လျှောက်လုံး စိတ်ဓာတ်တက်ကြွခဲ့ပေသည်။ ယေရှုနောက်လိုက်နေစဉ်တွင် သခင့်၏ ချစ်ခြင်းမေတ္တာကို သူ၏သေခြင်းဖြင့် ပြန်ပေးဆပ်ဖို့ရန်နှင့် အရာခပ်သိမ်း၌ ယေရှု၏စံနမူနာကို လိုက်လျှောက်ရန် သူသန္နိဋ္ဌာန်ပြုခဲ့သည်။ ဤအရာကို ယေရှုက သဘောတူခဲ့သောကြောင့် ပေတရု အသက် ၅၃ နှစ်အရွယ်တွင် (ယေရှုထွက်ခွာပြီးနောက် နှစ် ၂၀ ကျော်၌) သူ၏ ပြင်းပြသောဆန္ဒကို ကူညီဖြည့်ဆည်းပေးဖို့ သူ့ထံ ယေရှုပေါ်လာခဲ့သည်။ ယင်းနောက် ခုနှစ်နှစ်အကြာတွင် ပေတရုသည် မိမိကိုယ်ကိုယ်သိရှိရန်အတွက် မိမိ၏အသက်တာကို ကုန်ဆုံးစေခဲ့သည်။ တစ်နေ့တွင် ဤ ခုနှစ်နှစ်အဆုံး၌ သူသည် ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံခဲ့ရကာ၊ ထိုသို့ဖြင့် သူ၏ အံ့မခန်းသော ဘဝကို အဆုံးသတ်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အသက်တာနှင့်ပတ်သက်၍” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

တစ်နေ့တွင်၊ သင်တို့၏ အတွေ့အကြုံများကြောင့် သင်တို့သည် သာမန်လူသားသဘာဝ၏ ဇာတိပကတိဖြစ်သော ဘုရားသခင်၏ လူ့ဇာတိခံခြင်းမှာ လူသားမျိုးနွယ်အားလုံး လိုအပ်သည့်အရာဖြစ်သည်ကို နားလည်ကြလိမ့်မည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၊ လူသားသဘာဝနှင့် သူ ထုတ်ဖော်ပြသည့်အရာအားလုံး ပိုမိုသာမန်ဖြစ်လေ၊ ကျွန်ုပ်တို့၏ ကယ်တင်ခြင်း ပိုမိုကြီးမာလေဖြစ်ပြီး ၎င်းတို့ ပို၍ သာမန်ဖြစ်လေ၊ ၎င်းတို့သည် ကျွန်ုပ်တို့ လိုအပ်သည့်အရာ ပိုဖြစ်လေ ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းက သဘာဝလွန်ဖြစ်ခဲ့လျှင်၊ ဘုရားသခင်အားဖြင့် ကျွန်ုပ်တို့ ရွေးချယ်ခံခဲ့ရသော်လည်း၊ ကျွန်ုပ်တို့ထဲမှ မည်သူမျှ ကယ်တင်ခံရနိုင်မည် မဟုတ်ပေ။ အတိအကျအားဖြင့် လူတို့ ကယ်တင်ခြင်း အခွင့်အရေးရှိကြသည်မှာ ဘုရားသခင်၏ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်နေခြင်းကြောင့်၊ ဤထူးခြားပုံမရသည့် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကြောင့် ဖြစ်သည်။ လူတို့အထဲတွင် မနာခံခြင်းနှင့် ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားနှင့်ဆိုင်သည့် ဂုဏ်ဒြပ်ရှိပြီး၊ ဤအရာကြောင့်၊ ဘုရားသခင်အပေါ် အယူအဆမျိုးစုံ၊ နားလည်မှုလွဲခြင်းမျိုးစုံနှင့် ရန်ငြိုးမျိုးစုံ ဖြစ်ပေါ်ရလေသည်။ ဤအယူအဆများ၏ ရလဒ်တစ်ခုအနေဖြင့်၊ လူတို့သည် ဤခရစ်တော်ကို ငြင်းပယ်ကြပြီး သူ၏ သာမန်လူသားသဘာဝကို ငြင်းပယ်ကြသည်မှာ အမှန်ပင်ဖြစ်သည်၊ ယင်းသည် အမှားကြီးတစ်ခု ဖြစ်ပေသည်။ ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင် ရရှိလိုလျှင်၊ ခရစ်တော်အကြောင်း သင်၏ အယူအဆအမျိုးမျိုးနှင့် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကို သင်ပထမဦးစွာ ဘေးဖယ်ထားရမည်၊ ခရစ်တော်အကြောင်း သင်၏ သိမြင်မှုအမျိုးမျိုးနှင့် ခံယူချက်အမျိုးမျိုးတို့ကို ဘေးဖယ်ထားရမည်ဖြစ်ပြီး သူ့ထံမှလာသည့် အရာအားလုံးကို လက်ခံရမည်။ ထို့အခါတွင်မှ သူပြောဆိုသည့် နှုတ်ကပတ်တော်များနှင့် သူဖော်ပြသည့် သမ္မာတရားတို့က သင်၏ စိတ်နှလုံးထဲသို့ ဝင်ရောက်မှုတစ်ခု ရှာတွေ့လိမ့်မည်ဖြစ်ပြီး သင်၏ အသက်ဖြစ်လာလိမ့်မည်။ ခရစ်တော်နောက် သင် လိုက်လိုလျှင်၊ သူနှင့်ဆက်နွှယ်သည့် အရာအားလုံးကို သင် လက်ခံသင့်၏။ သူ့ကို သင် မဆန့်ကျင်သင့်ပေ၊ သင်၏ ကိုယ်ပိုင် အယူအဆများကို မဖက်တွယ်သင့်သကဲ့သို့၊ သူ့ကို စဉ်ဆက်မပြတ် နားလည်မှုလွဲကာ သံသယမထားသင့်၊ သို့မဟုတ် သူ့ကို အာခံကာ ဆန့်ကျင်ရန်ပင် မသင့်ပေ။ ထိုသို့သော သဘောထားတစ်ခုဖြင့်၊ သင်သည် မိမိကိုယ်ကိုယ်သာ နာကျင်စေနိုင်သည်။ ယင်းသည် သင့်ကို အနည်းငယ်မျှ အကျိုးမပြုပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

သင်တို့၏စကားများနှင့် အပြုအမူတွင် သင်တို့၏ ခရစ်တော်၌ မယုံကြည်မှု အရိပ်လက္ခဏာများ ထုတ်ဖော်ပြလေသည်။ သင်တို့ လုပ်ဆောင်သည့်အရာအားလုံး၏ ကြံရွယ်ချက်များနှင့် ရည်မှန်းများသည် မယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။ သင်တို့ အကြည့်၏ ဝိသေသလက္ခဏာသည်ပင် ခရစ်တော်ကို မယုံကြည်မှု ပါဝင်နေသည်။ မိနစ်တိုင်းတွင် သင်တို့ အသီးသီးသည် မယုံကြည်မှု အရိပ်လက္ခဏာများ သိုထားကြသည်ဟု ဆိုနိုင်ပေသည်။ ဤသည်မှာ သင်တို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသည့် သွေးများသည် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်မှုဖြင့် စိမ်ထားလျက်ရှိသည့်အတွက်၊ အခိုက်အတန့်တိုင်းတွင် သင်တို့သည် ခရစ်တော်အား သစ္စာဖောက်သွားနိုင်သည့် အန္တရာယ် ရှိသည်ကို ဆိုလိုပေသည်။ ထို့ကြောင့် ဘုရားသခင်၌ ယုံကြည်ခြင်း လမ်းကြောင်း ပေါ်တွင် သင်တို့ ချန်ထားသော ခြေရာတို့သည် စစ်မှန်မှု မရှိဟု ငါပြော၏။ ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းကြောင်းကို သင်တို့ လျှောက်လှမ်းသည်နှင့်အမျှ၊ သင်တို့သည် သင်တို့၏ ခြေများကို မြေပြင်ပေါ် ခိုင်မာစွာ ချမထားကြချေ- သင်တို့သည် ဟန်ဆောင်လုပ်ပြကြခြင်းမျှ ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်ကို မည်သည့်အခါမျှ အပြည့်အဝ မယုံကြည်ကြသကဲ့သို့၊ ယင်းတို့ကို ချက်ချင်း လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြချေ။ ဤသည်မှာ ခရစ်တော်၌ သင်တို့ ယုံကြည်ခြင်း မရှိကြသည့် အကြောင်းရင်း ဖြစ်သည်။ သူနှင့်ပတ်သက်၍ အယူအဆများ အမြဲရှိခြင်းသည် သူ့ကို သင်တို့ ယုံကြည်မှု မရှိခြင်း၏ နောက်ထပ် အကြောင်းရင်း ဖြစ်သည်။ ခရစ်တော်၏ အမှုနှင့်ပတ်သက်၍ အစဉ် ယုံကြည်မှုကင်းမဲ့ခြင်း၊ ခရစ်တော်၏ နှုတ်ကပတ်တော်များကို နားမထောင်ခြင်း၊ ခရစ်တော်ပြုသော မည်သည့်အမှုမဆိုနှင့်ပတ်သက်၍ အယူအဆများ ရှိခြင်းနှင့် ဤအမှုကို မှန်ကန်စွာ နားမလည်နိုင်ခြင်း၊ မည်သည့် ရှင်းပြချက်ကိုမဆို သင် ရရှိသည်ဖြစ်စေ သင်၏ အယူအဆများကို ဘေးဖယ်ထားရန် အပြင်းအထန် ကြိုးပမ်းရခြင်း စသဖြင့်- ဤအရာများသည် သင်တို့၏နှလုံးသားများထဲ၌ ရောနှောနေသော မယုံကြည်မှု၏ အရိပ်လက္ခဏာများ အားလုံး ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ အမှုနောက်သို့လိုက်ပြီး၊ မည်သည့်အခါမျှ နောက်မကျန်ရစ်ဖူးသော်လည်း၊ သင်တို့၏နှလုံးသားများထဲ၌ ရောနှောထားသည့် ပုန်ကန်မှုများ အလွန်များလှသည်။ ဤပုန်ကန်မှုသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုထဲက အညစ်အကြေးတစ်ခု ဖြစ်သည်။ သင်တို့အနေနှင့် ဤအရာ မှန်သည်ဟု တွေးထင်ကောင်း တွေးထင်မည် မဟုတ်သော်လည်း၊ ဤအရာအတွင်းမှ သင်၏ရည်ရွယ်ချက်များကို သတိပြုနိုင်စွမ်း သင်မရှိပါက၊ ဘုရားသခင်သည် သူနှင့်သက်ဆိုင်၍ အယုံအကြည် ကင်းမဲ့သူများနှင့် အနည်းဆုံးအနေဖြင့် သူသည် ဘုရားသခင် ဖြစ်သည်ဟု မည်သည့်အခါတွင်မျှ မယုံကြည်ဖူးဘဲလျက် သူ့နောက် အင်တင်တင်ဖြင့် လိုက်သောသူအားလုံးကို မစုံလင်စေဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သူများကိုသာ စုံလင်စေသည့်အတွက်၊ သင်သည် ပျက်စီးသည့်သူများထဲတွင် ပါဝင်ဖို့ သေချာပေသည်။

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြနေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိကပတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု သင် မည်မျှရှိသည်ကို ယခု သင် ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆပ်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော” မှ

သင်တို့ကို ဘုရားသခင်အားရနှစ်သက်ရန် သင်တို့တောင့်တကြသည်၊ သို့သော် သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာလျက်ရှိ၏။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ သင်တို့သည် သူ၏ နှုတ်ကပတ်တော်များကိုသာ လက်ခံကြပြီး သူ၏အစီအစဉ်တိုင်းကို လက်ခံနိုင်ရန်၊ သူ့ကို အပြည့်အဝယုံကြည်နိုင်ရန်ဝေးစွ၊ သူ၏ကိုင်တွယ် ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကိုပင် လက်မခံကြပေ။ ထိုသို့ဆိုလျှင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ နောက်ဆုံးဆန်းစစ်ကြည့်လျှင် သင်တို့၏ ယုံကြည်ခြင်းသည် အကောင်လုံးဝမပေါက်နိုင်သော ဗလာဥခွံဖြစ်သည်။ အကြောင်းမှာ သင်တို့၏ ယုံကြည်ခြင်းသည် သင်တို့ထံသို့ သမ္မာတရား မယူဆောင်လာပေး၊ သို့မဟုတ် အသက်ကို မပေးဘဲ ထိုအစား ဆက်လက်အသက်ရှင်နိုင်သည်ဟူသည့် လွဲမှားသော ခံစားချက်နှင့် မျှော်လင့်ခြင်းကိုသာ ပေးခဲ့သည်။ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ထိုသို့သော လွဲမှားသည့် ခံစားချက်နှင့် မျှော်လင့်ခြင်းဖြစ်သည်၊ သမ္မာတရားနှင့် အသက်တို့ မဟုတ်ပေ။ ထို့အတွက်ကြောင့် ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ ဖြစ်စဉ်သည် ခယဝယလုပ်ခြင်းနှင့် အရှက်အကြောက်မဲ့ခြင်းမှတစ်ဆင့် ဘုရားသခင်ကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားခြင်းသက်သက်ဖြစ်၍ စစ်မှန်သော ယုံကြည်ခြင်းအဖြစ် မည်သည့်နည်းနှင့်မျှ မသတ်မှတ်နိုင်ဟု ငါပြောခြင်းဖြစ်၏။ ဤသို့သော ယုံကြည်ခြင်းမျိုးမှ မည်သို့လျှင် အကောင်ပေါက်နိုင်မည်နည်း။ တစ်နည်းအားဖြင့် ဤသို့သော ယုံကြည်ခြင်းမျိုးသည် မည်သည့်အရာကို အထမြောက်စေနိုင်သနည်း။ ဘုရားသခင်ကို သင်တို့ယုံကြည်ကြခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် သူ့ကို အသုံးချဖို့ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက်တစ်ခုဖြစ်သည် မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို ယုံသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၏ တည်ရှိမှုကိုမူ ငြင်းပယ်ကြ၏၊ သို့ရာတွင် သင်တို့၏အမြင်များကို ငါအသိအမှတ်မပြု၊ လက်တွေ့ကျကာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို အစေခံသောသူများကိုသာ ငါချီးကျူးပြီး မြေကြီးပေါ်၌ရှိသော ခရစ်တော်ကို တစ်ကြိမ်တစ်ခါမျှ အသိအမှတ် မပြုသူများကိုမူ ငါလုံးဝမချီးကျူးပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ထိုသို့သောသူများက မည်မျှပင် သစ္စာစောင့်သိသည်ဖြစ်စေ အဆုံး၌ သူတို့သည် ကောက်ကျစ်သောသူများကို အပြစ်ပေးသည့် ငါ့လက်မှ လွတ်မြောက်မည်မဟုတ်။ ထိုသူတို့သည် ကောက်ကျစ်သော သူများ ဖြစ်ကြ၏၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်တော်ကို မည်သည့်အခါကမျှ ဝမ်းမြောက်ဝမ်းသာ မနာခံဖူးသော ဆိုးယုတ်သူများ ဖြစ်ကြသည်။ မှန်ပေ၏၊ ထိုသူတို့အထဲတွင် ခရစ်တော်ကို မသိသောသူများ၊ ထို့အပြင် ခရစ်တော်ကို အသိအမှတ်မပြုသောသူများအားလုံး ပါဝင်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်အပေါ် သစ္စာစောင့်သိနေသရွေ့ ခရစ်တော်ကို မိမိစိတ်ကြိုက် ဆက်ဆံနိုင်သည်ဟု သင်ယုံကြည်သလော။ မှားလေစွ။ ခရစ်တော်ကို သင်မသိခြင်းသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မသိခြင်းပင် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို မည်မျှပင် သင်သစ္စာစောင့်သိသည်ဖြစ်စေ ယင်းမှာ အချည်းနှီးစကားနှင့် ဟန်ဆောင်မှုမျှသာဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် မြေကြီးပေါ်၌ရှိသော ဘုရားသခင်သည် သမ္မာတရားနှင့် သာ၍နက်နဲသော အသိဉာဏ်ကို လူတို့လက်ခံရရှိရာတွင် အခရာကျသည် သာမကဘဲ လူကို ဝေဖန်ရှုတ်ချခြင်းနှင့် ထိုအရာပြီးနောက် ကောက်ကျစ်သောသူများကို အပြစ်ဒဏ်ပေးရန် အချက်အလက်များ ရယူရာတွင်လည်း အခရာကျသောကြောင့်ဖြစ်သည်။ ကောင်းသည့် ရလဒ်များ နှင့် ဆိုးသည့်ရလဒ်များကို သင်နားလည်ပြီလော။ ထိုရလဒ်များကို သင်ခံစားဖူးပြီလော။ ဘုရားသခင်ကို သိဖို့အတွက် သင်တို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို သိရမည်သာမက သာ၍အရေးကြီးသည်မှာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို သိရမည်ဟူသည့် သမ္မာတရားကို သင်တို့တစ်နေ့နားလည်လာဖို့ ငါအလိုရှိသည်။ မည်သည့်အရာကို ဦးစားပေးသင့်ကြောင်းကို ဇဝေဇဝါမဖြစ်နှင့်၊ သို့မဟုတ် အဓိကမဟုတ်သည့် အရာကို အဓိကနှင့် အစားမထိုးနှင့်။ သို့မှသာ ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို အမှန်တကယ် သင်တည်ဆောက်နိုင်မည်၊ ဘုရားသခင်နှင့် အမှန်တကယ် ပိုရင်းနှီးနိုင်မည်၊ သင်၏နှလုံးသားကို ဘုရားသခင်နှင့် ပိုနီးအောင် အမှန်တကယ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ သင့်အနေဖြင့် ယုံကြည်လာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီး ငါနှင့်ပေါင်းသင်းဆက်ဆံ လာခဲ့သည်မှာ ကာလကြာမြင့်နေပြီဖြစ်သော်လည်း ငါနှင့် ဝေးကွာ နေသေးလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို မကြာခဏ စော်ကားသောကြောင့် ဖြစ်ရမည်ဖြစ်ပြီး သင်၏အဆုံးကိုလည်း ခန့်မှန်းဖို့ အလွန်ခက်ပေလိမ့်မည်ဟု ငါပြော၏။ ငါနှင့် နှစ်ပေါင်းများစွာကြာအောင် ပေါင်းသင်းဆက်ဆံခဲ့ခြင်းက သင့်ကို လူ့သဘာဝရှိသောသူ၊ သမ္မာတရားရှိသောသူအဖြစ် ပြောင်းလဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည်သာမက သင်၏ဆိုးယုတ်သော စရိုက်များကို သင်၏သဘာဝထဲတွင် အရိုးစွဲသွားအောင်ပြုပါက၊ ထို့အပြင် သင်သည် ယခင်ကထက် နှစ်ဆနှစ်ပြန် မာနထောင်လွှားလာသည်သာမကဘဲ ငါ့အပေါ် သင်၏အထင်အမြင်လွဲခြင်းများသည်လည်း တိုးပွားလာလိုက် သည်မှာ ငါ့ကိုပင် သင်၏လက်ထောက်လေးတစ်ဦးအဖြစ် သဘောထား လာသည်အထိ ဖြစ်လာပါက သင်၏ရောဂါသည် အရေပြား၌သာမက အရိုးထိတိုင်အောင် စွဲနေပြီဟု ငါပြော၏။ သင်လုပ်ရန်မှာ သင့်အတွက် အသုဘအစီအစဉ် လုပ်ပေးသည်ကို စောင့်ရန်သာ ကျန်တော့၏။ သို့ပြုလျှင် သင်သည် ငါ့ကို သင်၏ဘုရားသခင်ဖြစ်ပေးပါရန် အသနားခံဖို့ မလိုတော့ပေ၊ အကြောင်းမှာ သင်သည် ခွင့်မလွှတ်နိုင်သောအပြစ်၊ သေဒဏ်ပေးထိုက်သောအပြစ်ကို ကျူးလွန်ထားသောကြောင့် ဖြစ်သည်။ ငါသည် သင့်ကို ကရုဏာထားနိုင်သော်မှ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်က သင်၏အသက်ကို နှုတ်ယူဖို့ အပြင်းအထန် တောင်းဆိုမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ စိတ်သဘောထားကို သင်၏စော်ကားခြင်းသည် သာမန်ပြဿနာတစ်ခု မဟုတ်ဘဲ အလွန်ကြီးလေးသည့်သဘာဝရှိသော ပြဿနာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ အချိန်တန်လျှင် သင့်ကို ကြိုတင်၍ သတိမပေးဟု ငါ့ကို အပြစ်မတင်နှင့်။ အစပြန်ကောက်ရမည်ဆိုလျှင်- သင်သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ဖြစ်သူ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ်ဆက်ဆံလျှင်၊ တစ်နည်းအားဖြင့် ဤဘုရားသခင်သည် သာမန်လူတစ်ယောက်ထက်မပိုဟု ယုံကြည်လျှင် သင်ပျက်စီးရပေလိမ့်မည်။ ဤသည်မှာ သင်တို့အားလုံးအတွက် ငါ၏တစ်ခုတည်းသော သတိပေးချက်ပင်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” မှ

ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ပစ်ပယ်ပါက၊ သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးမည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်ဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို မည်သည့်အခါတွင်မျှ တစ်ဖန် မြင်ရလိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်သည်မှာ မဆိုစလောက်သတ္တဝါတစ်ဦးဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်လိမ့်မည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုမိပြီးဖြစ်လိမ့်မည်မဟုတ်ဘဲ၊ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော ပြစ်မှုတစ်ရပ် ကျူးလွန်မိပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားမပေးနိုင်သကဲ့သို့၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ခွင့် မပေးနိုင်သည့်အတွက်၊ သမ္မာတရား ရှေ့မှောက်တွင် ကြမ်းကြုတ်သည့် တုန့်ပြန်မှုများမပြုရန် သို့မဟုတ် အရေးမထားသည့် ဝေဖန်မှုများ မလုပ်ရန် အယောက်တိုင်းကို ငါအကြံပြု၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

အရှေ့သို့- စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်တွင်ရှိပြီး အကျပ်ရိုက်ခြင်းတစ်ခုဖြင့် ရင်ဆိုင်ရချိန်တွင်၊ တစ်ဦးတစ်ယောက်သည်...

ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် သူ့ကို ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်… သူတို့ အမြင်တွေ လည်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်