၁၀၉) ဘုရားသခင်နောက်လိုက်ခြင်းနှင့် လူသားများနောက်လိုက်ခြင်းတို့ကြား ခွဲခြားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို အတည်ပြုပြီး ကိစ္စရပ်အားလုံးတွင် သမ္မာတရားကို ရှာဖွေလော့။ ထိုသို့ဖြင့်သာ လူတစ်ဦးသည် လူသားများနောက် လိုက်မည့်အစား ဘုရားသခင်နောက်သို့ လိုက်လာနိုင်ပေသည်။

(၂) ဘုရားသခင်၏ အမှုတော်နှင့် လူသား၏ အလုပ်တို့ကြား ခြားနားချက်ကို နားလည်ပြီး လူသား၏ အနှစ်သာရကို ရိပ်စားမိနိုင်လော့။ ထိုသို့ဖြင့်သာ လူတစ်ဦးသည် အခြားလူသားများကို ကြည်ညိုခြင်း ပြဿနာအား အရင်းအမြစ်မှ ချေမှုန်းသုတ်သင်နိုင်ပေသည်။

(၃) လူတစ်ဦးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူ၏ ရေလောင်းခြင်းနှင့် ထိန်းကျောင်းခြင်းတို့ကို ကျိုးနွံနာခံသင့်သည်မှာ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်သည်။ ဤသည်မှာ လူသားတစ်ဦးကို ကြည်ညိုခြင်း သို့မဟုတ် နောက်လိုက်ခြင်းနှင့် မတူပေ။

(၄) လူ့ဇာတိခံယူခြင်း သမ္မာတရားကို နားလည်လော့၊ ခရစ်တော်၏ ဘုရားသဘာဝ အနှစ်သာရကို သိကာ လူ့ဇာတိ၌ ဘုရားသခင်၏ လုပ်ရပ်များကို မြင်လော့။ ထိုသို့ဖြင့်သာ လူတစ်ဦးသည် လက်တွေ့ကျသော ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်နိုင်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင် အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင် နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို သင် ဘေးဖယ် မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတား တစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် မချီးကျူးပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

“ဘုရားသခင်နောက်သို့ အဆုံးတိုင် လိုက်သောသူသည် ကယ်တင်ခြင်းကို ရရှိလိမ့်မည်။” ဟူသော နှုတ်ကပတ်တော်များတွင်၊ “နောက်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်မှာ ဒုက္ခဆင်းရဲ အလယ်တွင် မားမားမတ်မတ် ရပ်တည်ခြင်း ဖြစ်သည်။ ယနေ့တွင် လူများစွာတို့သည် ဘုရားသခင်နောက်သို့ လိုက်ခြင်းက လွယ်ကူသည်ဟု ထင်ကြသည်၊ သို့ရာတွင် ဘုရားသခင်၏ အမှု အဆုံးသတ်ခါနီးတွင်၊ “နောက်တော်သို့လိုက်ခြင်း” ၏ အဓိပ္ပာယ်အမှန်ကို သင်သိလိမ့်မည်။ သင်သည် သိမ်းပိုက်ခြင်း ခံရပြီးနောက် ယနေ့ ဘုရားသခင်နောက်သို့ လိုက်နိုင်သေးရုံမျှဖြင့်၊ ဤအရာက သင်သည် စုံလင်အောင် ပြုလုပ်ခြင်းခံရမည့် လူအများထဲမှ တစ်ဦးဖြစ်သည်ဟု သက်သေမပြပေ။ စမ်းသပ်မှုများကို မခံနိုင်သည့် သူများ၊ ဒုက္ခဆင်းရဲ၏ အလယ်တွင် အောင်နိုင်ခြင်း မရှိသူများသည် နောက်ဆုံးတွင် မားမားမတ်မတ် ရပ်တည်မနေနိုင်ဘဲ၊ ဘုရားသခင်နောက်သို့ အဆုံးတိုင်အောင် လိုက်လျှောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက် သူများသည် ၎င်းတို့အလုပ်နှင့်ဆိုင်သည့် စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံရပ်နိုင်စွမ်းမရှိကြပေ။ အနှေးနှင့်အမြန် ၎င်းတို့သည် နှင်ထုတ်ခံရကြလိမ့်မည်ဖြစ်သော်လည်း၊ အောင်နိုင်သူများသည် နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ မရှာဖွေသည်ကို သူ၏အလုပ်နှင့်ဆိုင်သည့် စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုများအားဖြင့်၊ ဆုံးဖြတ်ခြင်းဖြစ်ကာ လူကိုယ်တိုင် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သည့်လူကိုမျှ စိတ်ကူးပေါက်ရာ မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည့် လူသားကို လုံးဝ လက်ခံယုံကြည်စေနိုင်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားကို လက်ခံမယုံကြည်စေနိုင်သည့် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ပေ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ မှားသည်ဆိုသည်ကို အမှန်တရားများအားဖြင့် သက်သေပြခြင်း ဖြစ်ပြီး၊ လူသားက ဆုံးဖြတ်၍ မရနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” မှ

ဘုရားသခင်နောက်သို့ လိုက်ခြင်းသည် မည်သည့်အရာ ဆိုလိုသည်ကို သင်သိသလော။ ရူပါရုံများမရှိဘဲနှင့် မည်သည့်လမ်းကြောင်းကို သင်လိုက်လျှောက်မည်နည်း။ ယနေ့၏အမှုတွင် သင်၌ ရူပါရုံများမရှိပါက၊ သင်သည် စုံလင်ခြင်းခံရဖို့ လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်သူ၌ သင်ယုံကြည်သနည်း။ သူ့ကို သင် အဘယ်ကြောင့် ယုံကြည်သနည်း။ သင်သည် အဘယ်ကြောင့် သူ့နောက်သို့လိုက်သနည်း။ သင်သည် သင်၏ ယုံကြည်ခြင်းကို ကစားပွဲ တစ်မျိုးကဲ့သို့ မြင်သလော။ သင်၏ အသက်တာကို ကစားစရာ တစ်မျိုးကဲ့သို့ သင် ကိုင်တွယ်နေသလော။ ယနေ့၏ ဘုရားသခင်သည် အကြီးမြတ်ဆုံးသော ရူပါရုံဖြစ်သည်။ သူ့အကြောင်းကို သင်မည်မျှ သိသနည်း။ သူနှင့်ပတ်သက်၍ သင် မည်မျှ တွေ့မြင်ပြီးပြီနည်း။ ယနေ့၏ ဘုရားသခင်ကို တွေ့ပြီးဖြစ်သောကြောင့်၊ သင့်ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်သည် ခိုင်မာသလော။ ဤမရေရာသော လမ်းတစ်လျှောက် သင်လိုက်လျှောက်သရွေ့ ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဟု သင်ထင်သလော။ ဗွက်ထူသောရေထဲတွင် ငါးဖမ်း၍ ရနိုင်သည်ဟု သင်ထင်သလော။ ယင်းသည် ဤမျှ ရိုးရှင်းသလော။ ဘုရားသခင် ယနေ့ မိန့်မြွက်သည့် နှုတ်ကပတ်တော်များနှင့် စပ်လျဉ်းသည့် အယူအဆများ မည်မျှကို သင် ဘေးဖယ်ထားပြီးပြီနည်း။ ယနေ့ ဘုရားသခင်၏ ရူပါရုံ သင်၌ရှိသလော။ ယနေ့၏ ဘုရားသခင်နှင့် သက်ဆိုင်သည့် သင်၏ သိနားလည်မှုသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ သူ့နောက် လိုက်ရုံမျှဖြင့် သို့မဟုတ် သူ့ကို မြင်ရုံမျှဖြင့် သူ့အားက သင်ရရှိနိုင်ပြီး၊ သင့်ကို မည်သူမျှ ဖယ်ရှားနိုင်ကြလိမ့်မည် မဟုတ်ဟု သင် အမြဲယုံကြည်ထားသည်။ ဘုရားသခင်နောက်လိုက်ခြင်းသည် လွန်စွာ လွယ်ကူသည့် ကိစ္စရပ်တစ်ခုဟု မထင်မှတ်လေနှင့်။ အဓိကသော့ချက်မှာ သူ့ကို သင်သိရမည်၊ သူ၏အမှုကို သင်သိရမည်ဖြစ်ပြီး၊ သူ့အတွက် အခက်အခဲကို ကြံ့ကြံ့ခံဖို့၊ သူ့အတွက် သင်၏ အသက်ကို စတေးဖို့နှင့် သူ၏ စုံလင်စေခြင်းခံရဖို့ လိုအင်ဆန္ဒ သင်၌ ရှိရမည်ဖြစ်သည်။ ဤသည်မှာ သင့်၌ ရှိသင့်သည့် ရူပါရုံဖြစ်သည်။ သင်၏ အတွေးများသည် ကျေးဇူးတော်ကို မွေ့လျော်ခံစားမှုအပေါ် အစဉ်အမြဲ စိတ်အလွန်ထက်သန်နေပါက အလုပ်ဖြစ်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ ပျော်ရွှင်မှု အတွက်သာ သို့မဟုတ် ၎င်းတို့အပေါ် ကျေးဇူးတော် အပ်နှင်းဖို့သာ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်ဟု မယူမှတ်လိုက်လေနှင့်။ သင် မှားလိမ့်မည်။ အကယ်၍ လူတစ်ဦးသည် သူ့နောက်လိုက်ဖို့ မစွန့်စားနိုင်ပါက၊ ပြီးလျှင် လူတစ်ဦးသည် နောက်လိုက်ဖို့ လောကီ ပိုင်ဆိုင်မှုတိုင်းကို မစွန့်လွှတ်နိုင်ပါက၊ ၎င်းတို့အနေဖြင့် သူ့နောက်သို့ အဆုံးထိတိုင် ဧကန်မုချ လိုက်လျှောက်နိုင်ကြမည် မဟုတ်ပေ။ သင့်အနေဖြင့် ရူပါရုံများကို သင်၏အခြေခံအုတ်မြစ်အဖြစ် ရှိရမည်ဖြစ်သည်။ အကယ်၍ တစ်နေ့တွင် ကံအကြောင်းမလှသည့် ဖြစ်ရပ် သင့်အပေါ် ကျရောက်ပါက၊ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သူ့နောက်သို့ သင် လိုက်လျှောက်နိုင်လိမ့်ဦးမည်လော။ သင် အဆုံးထိ လိုက်လျှောက်နိုင်ခြင်း ရှိမည် မရှိမည်ကို ပေါ့ပေါ့တန်တန် မပြောလိုက်နှင့်။ ယခု မည်သည့် အချိန်ဖြစ်သည်ကို မြင်ဖို့ရန် သင်၏ မျက်စိများကို ဦးစွာပထမ ကျယ်ကျယ်ဖွင့်သင့်သည်။ လတ်တလောတွင် သင်တို့သည် ဗိမာန်တော်၏ တိုင်များကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ လက်ရှိအချိန်တွင် သင်တို့၌ ကင်းမဲ့နေသည့် ရူပါရုံများစွာရှိသည့်အတွက်၊ ထိုသို့သော တိုင်များသည် ဗိမာန်တော်ကို ပြိုလဲဖို့ဖြစ်စေလျက်၊ ပိုးကောင်များ၏ ကိုက်ဖြတ်ခြင်းခံရမည့် အချိန်ကာလတစ်ခု ရောက်လာလိမ့်မည်။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးများကိုသာ အာရုံစိုက်ကြပြီး၊ မည်သည့်အရာက ယုံကြည်စိတ်အချရဆုံးနှင့် အသင့်တော်ဆုံးသော ရှာဖွေခြင်းနည်းလမ်း ဖြစ်သည်ကို သင်တို့မသိကြချေ။ ယနေ့အမှု၏ ရူပါရုံကို သင်တို့ အရေးမစိုက်ကြသကဲ့သို့၊ ဤအရာများကို စိတ်နှလုံးများထဲတွင် ထိန်းသိမ်းခြင်းလည်း မရှိပေ။ တစ်နေ့တွင် သင်တို့၏ဘုရားသခင်သည် သင်တို့ကို အကျွမ်းတဝင်မရှိဆုံးသော နေရာတစ်ခုတွင် ထားရှိမည်ကို သင်တို့ စဉ်းစားဖူးသလော။ သင်တို့ထံမှ အရာအားလုံးကို ငါလုယူကောင်း လုယူနိုင်သည့်တစ်နေ့တွင် သင်တို့ မည်သည့်အရာဖြစ်လာမည်ကို သင်တို့ စိတ်ကူးနိုင်ပါသလော။ ထိုနေ့တွင် သင်တို့၏အားအင်များသည် ယခုကဲ့သို့ ဖြစ်မည်လော။ သင်တို့၏ ယုံကြည်ခြင်းသည် ပြန်ပေါ်လာမည်လော။ ဘုရားသခင်၏ နောက်သို့လိုက်ရာတွင်၊ “ဘုရားသခင်” ဟူသည့် အကြီးမားဆုံး ရူပါရုံကို သိရမည်။ ဤသည်မှာ အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်သည်။ ထို့အပြင်၊ သန့်ရှင်းစင်ကြယ်လာဖို့ရန် လောကီဆန်သူများ နှင့် လမ်းခွဲလိုက်ခြင်းဖြင့်၊ သင်သည် ဘုရားသခင်၏ မိသားစုထဲတွင် သေချာပေါက်ရှိလိမ့်မည်ဟု မထင်မှတ်လိုက်လေနှင့်။ ဤနေ့ရက် ကာလများတွင်၊ ဖန်ဆင်းခြင်းကြား အမှုပြုနေသူမှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန် မဟုတ်- သူကိုယ်တိုင်၏အမှုကို ပြုရန် လူတို့အကြားလာလေသည်မှာ သူပင်ဖြစ်၏။ ယနေ့၏အမှုသည် လူ့ဇာတိခံယူထားသည့် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ အမှုဖြစ်သည်ကို သင်တို့အထဲ၌ သိနိုင်သူ အနည်းငယ်မျှပင် မရှိချေ။ ဤသည်မှာ သင်တို့ကို ပါရမီရှိသည့် ထူးချွန်သော လူများ ဖြစ်စေသည့်အကြောင်း မဟုတ်ပေ။ ဤသည်မှာ လူ့ဘဝ၏ အရေးပါမှုကို သိရှိရန်၊ လူသားများ၏ ခရီးပန်းတိုင်ကို သိရှိရန်နှင့် ဘုရားသခင်နှင့် သူ၏အလုံးစုံတို့ကို သိရှိရန် သင်တို့ကို ကူညီဖို့ဖြစ်သည်။ သင်သည် ဖန်ဆင်းရှင်၏လက်ထဲက ဖန်ဆင်းခံရသူတစ်ဦး ဖြစ်သည်ကို သင် သိသင့်သည်။ သင် မည်သည့်အရာကို နားလည် သင့်သည်၊ မည်သည့်အရာကို သင်လုပ်သင့်ပြီး ဘုရားသခင်နောက်သို့ မည်ကဲ့သို့ သင် လိုက်သင့်သည်- ဤအရာများသည် သင်နားလည်သဘောပေါက်ရမည့် သမ္မာတရားများ မဟုတ်လော။ ထိုအရာများသည် သင်မြင်သင့်သည့် ရူပါရုံများဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အမှုတော်ကို သိနားလည်ရမည်- စိတ်ရှုပ်ထွေးမှုဖြင့် မလိုက်ကြလေနှင့်။” မှ

ဘုရားသခင်၌ ယုံကြည်ခြင်းသည် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ဘာသာတရား၌ ယုံကြည်ခြင်းသည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ညီမျှသလော။ ဘာသာတရားကို လူတို့ယုံကြည်ကြချိန်တွင်၊ ၎င်းတို့သည် စာတန်နောက်လိုက်ကြ၏။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ကြသည့်အခါမှသာ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ပြီး၊ ခရစ်တော်နောက်လိုက်ကြသူတို့သည်သာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိ၏အသက်အဖြစ် မည်သည့်အခါတွင်မျှ လက်ခံလိမ့်မည်မဟုတ်သည့်သူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦး ဖြစ်သလော။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ သင်ယုံကြည်လာပြီးသည်ဖြစ်စေ၊ ယင်းသည် အသုံးမဝင်ပေ။ ၎င်းတို့၏ ယုံကြည်ခြင်းတွင် ဘာသာရေး ဓလေ့များ၌ အမြဲပါဝင်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး မဟုတ်သကဲ့သို့၊ ဘုရားသခင်သည် ၎င်းတို့ကို အသိအမှတ်မပြုပေ။ သင့်ကို ဘုရားသခင်က မည်သည့်အခြေခံအကြောင်းရင်းအပေါ် အသိအမှတ်ပြုသနည်း။ သင့်ကို သူ၏အသိအမှတ်ပြုခြင်းသည် သူ၏သတ်မှတ်ချက်များအတိုင်း ကိစ္စရပ်များအားလုံး၌ သင်ပြုမူဆောင်ရွက်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံပေသည်။ သူ၏အသိအမှတ်ပြုခြင်းကို သူ၏နှုတ်ကပတ်တော်များနှင့်အညီ ပေးသည်၊ သင်၏အပြင်ပန်းအပြုအမူ၌ ပြောင်းလဲမှုများ မည်မျှရှိသည်၊ သို့မဟုတ် သူ့အတွက် အလုပ်များရင်း အချိန်မည်မျှ သင်ကုန်ဆုံးသည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် သမ္မာတရားကို သင်လိုက်စားခြင်းရှိမရှိဆိုသည်တို့အပေါ် အခြေခံပေသည်။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်သည်ဟု ပြောပြီး ဘုရားသခင်အတွက် ချီးမွမ်းခြင်းစကားများ ပြောဆိုသောသူများစွာ ရှိသည်- သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင်၊ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်များကို မချစ်ကြသကဲ့သို့ သမ္မာတရားကို စိတ်မဝင်စားကြချေ။ ၎င်းတို့၏စိတ်နှလုံးများထဲတွင်၊ စာတန်၏ ဒဿနအမြင်များနှင့် အပြင်လောက၏ အယူဝါဒအမျိုးမျိုးဖြင့် ၎င်းတို့အသက်ရှင်မှသာ ၎င်းတို့ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မိမိတို့ကိုယ်ကို ကာကွယ်နိုင်ကြမည်ဟု ထင်မြင်ယူဆကြကာ၊ ဤကဲ့သို့ အသက်ရှင်ခြင်းသည်သာ ဤလောကထဲတွင် ၎င်းတို့၏ အသက်တာများကို တန်ဖိုးရှိစေလိမ့်မည်ဟု အမြဲထင်မြင်ယူဆကြလေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သူ တစ်စုံတစ်ဦး ဖြစ်သလော။ ကျော်ကြားသည့်၊ ကြီးမြတ်သော ပုဂ္ဂိုလ်များ၏ ဆိုရိုးစကားများအားလုံးသည် အထူးသဖြင့် ဒဿနိကဆန်ပြီး၊ လူတို့ကို အထူးသဖြင့် လှည့်ဖြားနိုင်စွမ်းရှိကြသည်။ ယင်းတို့ကို သမ္မာတရားအဖြစ် သင်သဘောထားပြီး နီတိများအဖြစ် သင်လိုက်နာသော်လည်း၊ ရိုးသားသော လူတစ်ဦးဖြစ်ဖို့၊ သင်၏ကိုယ်ပိုင်၊ သတ်မှတ်ထားသည့် နေရာကို လုံးဝတွယ်ကပ်ပြီး ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ကာ၊ တည်ကြည်ခိုင်မာမြဲဖြစ်နေဖို့ သင့်ကို တောင်းဆိုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သာမန်အဖြစ်ဆုံးသော နှုတ်ကပတ်တော်များနှင့် ပတ်သက်လာသည့်အခါ- သင်သည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိသကဲ့သို့ ယင်းတို့ကို သမ္မာတရားအဖြစ် သင်သဘောမထားပါက၊ သင်သည် ဘုရားသခင်၏‌ နောက်လိုက် မဟုတ်ပေ။ သူ၏နှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်ထားပြီးဖြစ်သည်ဟု သင်ပြောကောင်းပြောနိုင်သော်လည်း၊ ဘုရားသခင်က သင့်အား သမ္မာတရားအတွက် မရမနေ တိုက်တွန်းပြီး၊ “မည်သည့်အရာကို သင်လက်တွေ့လုပ်ဆောင်ပြီးပြီနည်း။ သင်လက်တွေ့လုပ်ဆောင်သည့် နှုတ်ကပတ်တော်များကို မည်သူပြောဆိုခဲ့သနည်း။ သင်လိုက်နာစောင့်ထိန်းသည့် ကိုယ်ကျင့်တရားများ၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း” ဟု မေးလျှင် မည်သို့ဖြစ်မည်နည်း။ ထိုအခြေခံအကြောင်းရင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မဟုတ်ပါက၊ ယင်းသည် စာတန်၏စကားများ ဖြစ်သည်။ သင်အသက်ရှင်နေထိုင်သည့်အရာမှာ စာတန်၏ စကားများဖြစ်သော်လည်း၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို စိတ်ကျေနပ်စေသည်ဟု သင်ပြောနေဆဲဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း မဟုတ်လော။ ဘုရားသခင်က လူတို့အနေဖြင့် ရိုးသားသင့်သည်ဟု ပြောသော်လည်း၊ ရိုးသားခြင်းတွင် မည်သည့်အရာ ပါဝင်သည်၊ ရိုးသားမှုကို မည်သို့လက်တွေ့လုပ်ဆောင်သင့်မည်၊ သို့မဟုတ် ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသည့်အရာများထဲမှ မည်သည့်အရာက မရိုးသား၊ မည်သည့်အရာက ရိုးသားသည်ဆိုသည်တို့ကို မတွေးဆသောသူများ ရှိလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက သမ္မာတရား၏ အနှစ်သာရကို မချင့်ချိန်မစဉ်းစားကြဘဲ၊ မယုံကြည်သူများ၏ စာအုပ်များကို ရှာကာ ယင်းကို ဖတ်ရှုပြီးနောက် ၎င်းတို့က၊ “ဤသည်တို့မှာ ကောင်းမွန်သော စကားများဖြစ်သည်- ဘုရားသခင်၏ နှုတ်ကပတ်တော်များထက်ပင် ကောင်းသည်။ ‘မာယာကင်းသောလူများ အမြဲအောင်မြင်သည်’- ယင်းမှာ ဘုရားသခင်ပြောခဲ့သည့်အရာနှင့် တူညီသည် မဟုတ်လော။ ဤအရာသည်လည်း သမ္မာတရားဖြစ်၏” ဟု ဆိုကြသည်။ ထို့ကြောင့်၊ ၎င်းတို့သည် ဤစကားများကို လိုက်နာကြသည်။ ဤစကားများကို ၎င်းတို့လိုက်နာကြသည့်အခါ၊ မည်သည့်အရာကို ၎င်းတို့အသက်ရှင်နေထိုင်ကြသနည်း။ သမ္မာတရား၏ စစ်မှန်မှုကို ၎င်းတို့အသက်ရှင်နေထိုင်နိုင်ကြသလော။ ထိုသို့သောလူများ များစွာရှိသလော။ ၎င်းတို့သည် အသိပညာအနည်းငယ် ရရှိကြသည်၊ စာအုပ်အနည်းငယ်ဖတ်ကြပြီး ထိုးထွင်းသိမြင်မှုအနည်းငယ် ရရှိကြကာ၊ ကျော်ကြားသည့် ဆိုရိုး၊ သို့မဟုတ် လူသိများသည့် ဆိုရိုးစကားအချို့ကို ၎င်းတို့ကြားကြပြီး ယင်းတို့ကို သမ္မာတရားအဖြစ် သဘောထားကြလေသည်။ ၎င်းတို့သည် ဤစကားများအတိုင်း ပြုမူဆောင်ရွက်ကြပြီး ယင်းတို့ကို ၎င်းတို့၏တာဝန်များနှင့် ဘုရားသခင်၌ ယုံကြည်မှုနှင့်ဆိုင်သည့် ၎င်းတို့၏အသက်တာများအဖို့ ကျင့်သုံးကြကာ ဤအရာက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သည်ဟုပင် တွေးထင်ကြလေသည်။ ဤသည်မှာ လှည့်စားမှုဖြစ်သည် မဟုတ်လော။ ဤသည်မှာ လှည့်ကွက်ဖြစ်သည် မဟုတ်လော။ ယင်းသည် ပြစ်မှားစော်ကားမှု ဖြစ်၏။ လူတို့ထဲတွင် ဤအရာများစွာရှိ၏။ ၎င်းတို့သည် နှစ်လိုဖွယ်ဖြစ်ပုံရသည့်၊ မှန်ကန်ပုံရသည့် လူတို့၏အယူဝါဒများကို သမ္မာတရားအလား လိုက်နာစောင့်ထိန်းကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးတစ်ဖက်တွင်ထားပြီး ယင်းတို့ကို အလေးဂရုမပြုသကဲ့သို့၊ အကြိမ်မည်မျှ ၎င်းတို့ဖတ်ရှုကြသည်ဖြစ်စေ၊ ယင်းတို့ကို နှလုံးမသွင်းကြပေ၊ သို့မဟုတ် သမ္မာတရားအဖြစ် သဘောမထားကြချေ။ ထိုသို့လုပ်ဆောင်သောသူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ ထိုသို့သော လူတစ်ဦးသည် ဘာသာတရား၌ ယုံကြည်ပေသည်။ ၎င်းတို့သည် စာတန်နောက်လိုက်ကြသည်။ စာတန်ပြောဆိုသည့် စကားများတွင် ဒဿနအမြင်ရှိသည်၊ ဤစကားလုံးများ၌ နက်နဲသော အဓိပ္ပာယ်ရှိသည်၊ ယင်းတို့သည် ကျမ်းဂန်ဖြစ်သည်၊ အမြော်အမြင်ရှိသော ဆိုရိုးစကားများဖြစ်ပြီး၊ အခြားမည်သည့်အရာကို ၎င်းတို့ စွန့်လွှတ်ကောင်းစွန့်လွှတ်နိုင်ပါစေ၊ ဤစကားလုံးများကို ၎င်းတို့ မည်သည့်အခါတွင်မျှ ဘေးဖယ်ထား၍မရနိုင်ဟု ၎င်းတို့၏ စိတ်နှလုံးများတွင် တွေးထင်ကြလေသည်။ ၎င်းတို့အဖို့ ထိုသို့လုပ်ဆောင်ခြင်းသည်၊ ၎င်းတို့၏အသက်ကို ဆုံးရှုံးခြင်းကဲ့သို့၊ သို့မဟုတ် ၎င်းတို့၏နှလုံးသား ကော်ထုတ်ခံလိုက်ရခြင်းကဲ့သို့ ဖြစ်ပေမည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ စာတန်နောက်လိုက်သော လူတစ်ဦး ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

၎င်းတို့၌ ပြဿနာမရှိကြသည့်အချိန်တွင်၊ ၎င်းတို့အတွက် အရာရာချောမွေ့နေသည့်အချိန်တွင်၊ လူအများစုက ဘုရားသခင်သည် တန်ခိုးကြီးမားသည်၊ ဖြောင့်မတ်ပြီး ချစ်ခင်ဖွယ်ဖြစ်သည်ဟု ခံစားကြရသည်။ ဘုရားသခင်က ၎င်းတို့ကို စစ်ဆေးသည့်အခါ၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ ၎င်းတို့ကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဘေးဖယ်ထားဖို့၊ ဇာတိပကတိကို ကျောခိုင်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့ကို သူတောင်းဆိုသည့်အခါ၊ ၎င်းတို့အပေါ် ဘုရားသခင်အမှုပြုပြီး ၎င်းတို့၏ ကံကြမ္မာများနှင့် ၎င်းတို့၏ အသက်တာများအပေါ် စီစဉ်ညွှန်ကြားချိန်ပြီး အုပ်ချုပ်သောအခါ၊ ၎င်းတို့သည် ပုန်ကန်တတ်လာကြပြီး မိမိတို့ကိုယ်ကိုနှင့် ဘုရားသခင်ကြားတွင် ခပ်တန်းတန်းဖြစ်မှုများကို ဖန်တီးကြလေသည်၊ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် သဘောထားကွဲလွဲမှုနှင့် ကွာဟချက်တစ်ခု ဖန်တီးကြလေသည်။ ထိုသို့သောအချိန်ကာလများတွင်၊ ၎င်းတို့၏ စိတ်နှလုံးများ၌၊ ဘုရားသခင်သည် အနည်းငယ်မျှ ချစ်ခင်ဖွယ် မဖြစ်ပေ။ သူလုပ်ဆောင်သည့်အရာက ၎င်းတို့၏ စိတ်ဆန္ဒကို မဖြည့်ဆည်းသည့်အတွက် သူသည် လုံးဝ တန်ခိုးမကြီးမားပေ။ ဘုရားသခင်က ၎င်းတို့ကို ဝမ်းနည်းစေသည်။ ၎င်းတို့ကို သူစိတ်ပျက်စေသည်။ သူသည် ၎င်းတို့ထံ နာကျင်မှုနှင့် ဆင်းရဲဒုက္ခကို ဆောင်ကြဉ်းသည်။ သူသည် ၎င်းတို့ကို နေမထိထိုင်မထိ ဖြစ်စေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်းမရှိကြပေ၊ ထိုအစား သူ့ကို ပုန်ကန်ကာ ရှောင်ရှားကြလေသည်။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနောက် လိုက်နေကြခြင်း ဖြစ်သလော။ ဘုရားသခင်နောက် ၎င်းတို့လိုက်ကြသလော။ မလိုက်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမှုနှင့်ပတ်သက်သည့် သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက မည်မျှများပြားသည်ဖြစ်စေ၊ ပြီးလျှင် ယခင်က သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း သင်မည်မျှပြုမူခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့သည်ဖြစ်စေ၊ သမ္မာတရားကို သင်အမှန်တကယ် လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံပါက၊ သူစီစဉ်ညွှန်ကြားသည့် အရာတိုင်းတွင် သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နိုင်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ပါက၊ သူ၏အလိုတော်ကို ရှာဖွေနိုင်ပါက၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏အလိုတော်နှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ကျိုးနွံနာခံဖို့ ကြိုးစားပြီး သင်၏ကိုယ်ပိုင်အလို၊ စိတ်ဆန္ဒများ၊ စဉ်းစားဆင်ခြင်ခြင်းများ၊ အရင်းခံအကြောင်းရင်းများနှင့် ဘုရားသခင်ကို မုန်းတီးမှုတို့အား ဘေးဖယ်ထားနိုင်ပါက- ထိုအခါမှသာ သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း ဖြစ်၏။ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသော်လည်း၊ သင်လုပ်ဆောင်သမျှအားလုံးတွင် သင်၏ကိုယ်ပိုင်အလိုအတိုင်း သင်လုပ်ဆောင်သည်။ သင်လုပ်ဆောင်သမျှတိုင်းတွင်၊ သင်၌ သင်၏ကိုယ်ပိုင်ရည်မှန်းချက်များ၊ သင်၏ကိုယ်ပိုင်အစီအစဉ်များရှိသည်။ သင်သည် ယင်းကို ဘုရားသခင်အား လုပ်ဆောင်ခွင့်မပေးပေ။ သို့ဆိုလျှင် ဘုရားသခင်သည် သင်၏ဘုရားသခင် ဖြစ်နေဆဲလော။ ဘုရားသခင်က သင်၏ဘုရားသခင် မဟုတ်ပါက၊ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသည့်အခါ ဤသည်တို့မှာ အနှစ်မဲ့သော စကားများဖြစ်သည် မဟုတ်လော။ ထိုသို့သော စကားများသည် လူတို့ကို လှည့်စားဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏လုပ်ရပ်များနှင့် အပြုအမူများ၊ ဘဝနှင့်ပတ်သက်သည့် သင်၏အမြင်၊ သင်၏တန်ဖိုးများ၊ သင်၏သဘောထားနှင့် ကိစ္စရပ်များကို သင်ချဉ်းကပ်‌ပြီး ကိုင်တွယ်သည့် အခြေခံမူအားလုံးတို့သည် စာတန်ထံမှ လာပေသည်- သင်သည် ဤအရာအားလုံးကို စာတန်၏ အခြေခံမူများနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့နှင့်အညီ လုံးဝကိုင်တွယ်ပေသည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်နောက် လိုက်သလော။

...ဘုရားသခင်၌ ယုံကြည်ခြင်းကို ဖော်ပြဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းနှင့် ဤအခြေခံအုတ်မြစ်ပေါ်တွင် သူ့နောက်လိုက်ခြင်း၊ သူ့ကိုနာခံခြင်း၊ သူ၏အုပ်စိုးမှု၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လက်ခံခြင်း၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အရာရာကို လုပ်ဆောင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ဖို့မှာ ဤအရာကို ဆိုလိုသည်။ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မလက်ခံသကဲ့သို့ သူ၏အုပ်စိုးမှု၊ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင်လက်မခံပေ။ သင်သည် ဘုရားသခင်လုပ်ဆောင်သည့်အရာအပေါ် အယူအဆများ အမြဲရှိပြီး၊ သူလုပ်ဆောင်သည့်အရာကို သင်အမြဲနားလည်မှုလွဲကာ ယင်းနှင့်ပတ်သက်၍ အမြဲစောဒကတက်ပါက၊ သင်သည် အမြဲမကျေမနပ်ဖြစ်ပြီး၊ သူလုပ်ဆောင်သည့်အရာကို သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ အသုံးပြုရင်း အမြဲအကဲဖြတ်ကာ ချဉ်းကပ်ပါက၊ သင်၌ သင်၏ကိုယ်ပိုင်သိနားလည်မှုများ အမြဲရှိပါက- ဤအရာက ပြဿနာဖြစ်စေလိမ့်မည်။ သင်သည် ဘုရားသခင်၏အမှုကို တွေ့ကြုံနေခြင်း မဟုတ်သကဲ့သို့ သင်၌ သူ့နောက် အမှန်တကယ် လိုက်ရန် နည်းလမ်းမရှိပေ။ ယင်းမှာ ဘုရားသခင်၌ ယုံကြည်ခြင်း မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်” မှ

ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့- သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ပြီး၊ ၎င်းတို့၏ စိတ်ကူးများက လမ်းပြထားခြင်း ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ မဟောပြောနိုင်ပါက၊ လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ၊ သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ လူသားတစ်ဦးသည် ဘုရားသခင်ကို သူတို့၏ယုံကြည်ခြင်း၌ ကြားခံဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။...

ယင်းက ဘုရားသခင်ကို ယုံကြည်သူများသည် လူတစ်ဦးနောက်ကို လိုက်ပြီးဖြစ်နိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို သူတို့ မဖြည့်ဆည်းခဲ့ကြဘဲ ဖြစ်နိုင်သည်။ ဤနောက်ဆုံးအဆင့်၌ ၎င်းတို့သည် ဘုရားသခင်၏ရှေ့သို့ လာကြရမည်ဖြစ်သည်။ သင်၏ အခြေခံအုတ်မြစ်သည် အမှုတော်၏ ဤအဆင့်ကို သင်၏ ကြုံတွေ့ခြင်း ဖြစ်သော်လည်း၊ သင်သည် လူတစ်ဦးနောက်ကို ဆက်လိုက်လျှင်၊ သင်သည် ခွင့်လွှတ်မရနိုင်သောသူ ဖြစ်ပြီး၊ ပေါလုကဲ့သို့ပင် အဆုံးသတ်ရလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု သင် မည်မျှရှိသည်ကို ယခု သင် ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော” မှ

အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ လှည့်စားခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ ကျမ်းဟောင်းတရားများ နှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိ မရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင်၊ ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူသားဖြစ်ခြင်းအနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် သိကျွမ်းလာသည့် ပထမခြေလှမ်းမှစတင်ကာ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ စိတ်ထဲတွင်ကား သူတို့ဆည်းကပ်သော ကိုးကွယ်ရာ ပုဂ္ဂိုလ်များ၊ ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်နိုင်ကြသည်ဟု သူတို့ ယုံကြည်သောသူများနှင့် အပေါ်ယံတွင် အဖိုးအခပေးနိုင်ဟန်ရှိသောသူများ၊ ထိုပုဂ္ဂိုလ်များမှာ ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများနှင့် အဆုံးသတ်ကောင်းများနှင့် ခရီးဆုံး ပန်းတိုင်ကောင်းများကို အမှန်တကယ် ရရှိနိုင်သောသူများပင် ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲတွင်မူ ဤကိုးကွယ်ရာ ပုဂ္ဂိုလ်များမှာ ဘုရားသခင် ချီးမွမ်းသောသူများ ဖြစ်ကြသည်။ မည်သည့်အရာက သူတို့အား ဤကဲ့သို့ ယုံကြည်ချက်မျိုးကို ရှိစေသနည်း။ ဤအရေးကိစ္စ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းက ဖြစ်စေနိုင်သော အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်း၏ အနှစ်သာရကိစ္စကို ပထမဦးစွာ ဆွေးနွေးကြပါစို့။

လူတို့၏ ရှုထောင့်အမြင်များ၊ လူတို့၏ လက်တွေ့ကျင့်သုံးခြင်း နည်းလမ်းများ၊ မည်သည့် လက်တွေ့ကျင့်သုံးမှု နိယာမများကို သူတို့ ခံယူရန် ရွေးချယ်သည်နှင့် သူတို့အယောက်တိုင်း မည်သည့်အရာကို အလေးထားရန် ရည်ရွယ်သည်နှင့်စပ်လျဉ်းသော ဤကိစ္စရပ်များမှာ အခြေခံအားဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သက်ဆိုင်ခြင်း မရှိပေ။ လူတို့သည် ပေါ့တန်သော အကြောင်းအရာများ သို့မဟုတ် လေးနက်သော အကြောင်းအရာများ၊ သို့တည်းမဟုတ် ကျမ်းဟောင်းတရားများ နှင့် သြဝါဒများ သို့မဟုတ် စစ်မှန်မှုအပေါ် အာရုံစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ သူတို့သည် ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်ဆုံးသော အရာကို လိုက်နာစောင့်ထိန်းခြင်း မရှိသည့်အပြင် ၎င်းတို့ အသိသင့်ဆုံးသောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်းကိုလည်း မသိကြချေ။ ဤအရာ၏ အကြောင်းရင်းမှာ လူတို့သည် သမ္မာတရားကို လုံးဝ မနှစ်သက်ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် တွေ့ရသော လက်တွေ့ကျင့်သုံးမှု နိယာမများကို ရှာဖွေရန်နှင့် လက်တွေ့လုပ်ဆောင်ရန် အချိန်နှင့်လုံ့လ မစိုက်ထုတ်လိုကြခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ဖြတ်လမ်းများကို အသုံးပြုရန်နှင့် ကောင်းသောအလေ့အထနှင့် ကောင်းသောအပြုအမူ ဖြစ်မည်ဟု ၎င်းတို့ နားလည်သိကျွမ်းသော အရာတို့ကို ပေါင်းရုံးရန် ပို၍နှစ်သက်ကြသည်။ ထိုအခါ ဤအကျဉ်းချုပ်သည် လိုက်လျှောက်ရမည့် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ဖြစ်လာပြီး ယင်းကို လက်တွေ့ကျင့်သုံးရမည့် သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ဤအရာ၏ တိုက်ရိုက် အကျိုးဆက်မှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် လူ၏ ကောင်းသောအပြုအမူကို အစားထိုးသည့် အရာတစ်ခုအဖြစ် အသုံးပြုကြသည်၊ ၎င်းက ဘုရားသခင်ထံ မျက်နှာလိုမျက်နှာရလုပ်ရန် လူတို့၏ လိုအင်ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်။ ဤအရာက သူတို့အား သမ္မာတရားနှင့် ယှဉ်ပြိုင်ရန်အတွက် အရင်းအနှီးပေးပြီး၊ ယင်းကို လူတို့က ဘုရားသခင်အား အကြောင်းပြချက်ပေးပြီး ယှဉ်ပြိုင်ရန် အတွက်လည်း အသုံးပြုကြသည်။ တစ်ချိန်တည်းတွင် လူတို့သည် ဘုရားသခင်ကို မရိုးမဖြောင့်စွာဖြင့် ဘေးဖယ်ထားပြီး ၎င်းတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များကို ဘုရားသခင်၏ နေရာ၌ ထားကြသည်။ လူတို့အား ဤသို့ပညာမဲ့သော လုပ်ရပ်များနှင့် ရှုထောင့်အမြင်များ သို့မဟုတ် တစ်ဖက်သတ်ဆန်သော ထင်မြင်ချက်များနှင့် ကျင့်သုံးမှုများကို ရရှိစေသော အဓိကအကြောင်းရင်း တစ်ခုသာရှိပြီး ထိုအကြောင်းကို သင်တို့အား ငါ ယနေ့ပြောမည်- အကြောင်းရင်းမှာ လူတို့သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်း၊ နေ့စဉ် သူ့ထံ ဆုတောင်းခြင်းနှင့် သူ၏ မိန့်မြွက်ချက်များကို နေ့စဉ်ဖတ်ရှုခြင်း ပြုကောင်းပြုနိုင်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် နားမလည်ကြပေ။ ပြဿနာ၏ အကြောင်းရင်းမှာ ဤနေရာတွင်ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို သိနားလည်ခြင်း၊ သူနှစ်သက်သောအရာ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူအလိုရှိသောအရာ၊ သူငြင်းပယ်သောအရာ၊ မည်ကဲ့သို့ လူအမျိုးအစားကို သူချစ်ကြောင်း၊ မည်ကဲ့သို့ လူအမျိုးအစားကို သူမနှစ်သက်ကြောင်း၊ လူတို့အပေါ် သူ၏တောင်းဆိုမှုများ ပြုရာတွင် မည်သည့်စံနှုန်းမျိုးကို သူအသုံးပြုကြောင်းနှင့်၊ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးရန်အတွက် မည်သည့်နည်းလမ်းမျိုးကို သူကျင့်သုံးကြောင်း သိနားလည်ပါက၊ ထိုလူထံ၌ သူကိုယ်တိုင်၏ တစ်ကိုယ်ရေ ထင်မြင်ချက်များ ရှိနိုင်ဦးမည်လော။ ဤသို့သော လူတို့က အခြားသူတစ်ဦးကို အမှန်ပင် ကိုးကွယ်နိုင်သလော။ သာမန်လူတစ်ဦးသည် ၎င်းတို့၏ ကိုးကွယ်ရာ ပုဂ္ဂိုလ် ဖြစ်လာနိုင်သလော။ ဘုရားသခင်၏ အလိုတော်ကို နားလည်သော လူတို့က ထို့ထက် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားရှိသော အမြင်ရှုထောင့်ကို ပိုင်ဆိုင်ပါသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးကို ထင်ရာမြင်ရာ ပုဂ္ဂိုလ်ရေးကိုးကွယ်မည် မဟုတ်သည့်အပြင်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို လျှောက်စဉ် ရိုးရှင်းသော စည်းမျဉ်းများ သို့မဟုတ် နိယာမများ အနည်းငယ်ကို ထင်ရာမြင်ရာ လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းသဘော သက်ရောက်သည်ဟုလည်း ၎င်းတို့ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

အသင်းတော်တစ်ခုအတွင်းရှိ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ အဆင့်သည် မည်သို့ရှိပါစေ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ဖို့နှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိဖို့အလို့ငှာ ၎င်းတို့ကို အစဉ်ကိုးကွယ်ပြီး ၎င်းတို့အပေါ် မှီခိုပါက ဤတွန်းအားသည် ယင်းကိုယ်နှိုက်က မှားယွင်းနေသည်။ ခေါင်းဆောင်များအကြားတွင် ၎င်းတို့၏ရာထူးအဆင့်က မည်သို့ရှိပါစေ ၎င်းတို့သည် သာမန်လူများ ဖြစ်ဆဲဖြစ်ပြီး သင်က ၎င်းတို့ကို သင်၏ကြီးကြပ်သူများအဖြစ် မြင်ပါက၊ သင့်ထက် ၎င်းတို့က မြင့်မားကြောင်း၊ ၎င်းတို့သည် သင့်ထက် ပို၍ ထူးကဲကြောင်း၊ သို့မဟုတ် သာ၍ အရည်အချင်း ရှိကြောင်း၊ ပြီးလျှင် ၎င်းတို့က သင့်ကို ဦးဆောင်သင့်ကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားလူတိုင်းထက် အရည်အသွေးပိုပြည့်မီကြောင်း သင်ခံစားရပါက ယင်းမှာ မှားယွင်းသည်- ယင်းမှာ သင်၏ ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည်။ ပြီးလျှင် ဤထင်ယောင်ထင်မှား ဖြစ်ခြင်းက မည်သည့်အကျိုးဆက်များကို ဖြစ်စေသနည်း။ ဤထင်ယောင်ထင်မှားဖြစ်မှု၊ ချွတ်ယွင်းနေသော ဤနားလည်သဘောပေါက်မှုသည် သင့်ကို လက်တွေ့အရှိတရားနှင့်မကိုက်ညီသည့် သတ်မှတ်ချက်များဖြင့် သင်၏ခေါင်းဆောင်များကို မရည်ရွယ်ဘဲ အကဲဖြတ်မိစေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်မသိလိုက်မီတွင် သင်သည် ၎င်းတို့ကို ကိုးကွယ်နေကာ ၎င်းတို့သည် သင်၏ဘုရားများ ဖြစ်လာကြသည်အထိ သင်သည် ၎င်းတို့၏ ဟန်ပါသည့်အသွင်နှင့် ခံ့ညားဝင့်ထည်သောဟန်ဆိုသည်တို့၏၊ သို့မဟုတ် ၎င်းတို့၏ အရည်အချင်းများနှင့် ပင်ကိုစွမ်းရည်များ၏ အကြီးအကျယ် ဆွဲဆောင်ခြင်းကိုလည်း မသိလိုက်ပါဘဲနှင့် ခံရလိမ့်မည်။ ၎င်းတို့သည် သင်၏ကိုးကယ်ခြင်းခံရသူ၊ သင်၏အတုယူစံထားထိုက်သူ စဖြစ်လာသည့် အချိန်မှစပြီး သင်သည် ၎င်းတို့၏နောက်လိုက်များထဲမှ တစ်ဦးဖြစ်လာသည့် အချိန်အထိ ထိုလမ်းကြောင်းသည် သင့်ကို ဘုရားသခင်ထံမှ မရည်ရွယ်ဘဲ ဝေးကွာစေမည့် လမ်းကြောင်းဖြစ်လေသည်။ ဘုရားသခင်နှင့်ဝေးရာသို့ ဖြည်းဖြည်းချင်း သင်ထွက်သွားစဉ်တွင်ပင် သင်သည် ဘုရားသခင်နောက်ကို လိုက်နေကြောင်း၊ ဘုရားသခင်၏အိမ်တော်တွင် ရှိနေကြောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိနေကြောင်း ယုံကြည်နေဆဲဖြစ်လိမ့်မည်။ သို့သော် မသိလိုက်ဘဲနှင့် သင်သည် စာတန်၏ဖျက်ဆီးခြင်း၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ ဖျက်ဆီးခြင်းကိုပင် ခံထားရသူ တစ်စုံတစ်ယောက်၏ ဆွဲယူသွားခြင်းကို ခံရပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းဖို့အလို့ငှာ သင်သည် အန္တိခရစ်များ၏ စိတ်သဘောထားအမျိုးမျိုးနှင့် ၎င်းတို့ဆောင်ရွက်စီမံသည့် နည်းလမ်းများအပြင် ၎င်းတို့လုပ်ဆောင်ချက်များ၊ ၎င်းတို့အသုံးပြုတတ်သည့် နည်းစနစ်များနှင့် လှည့်ကွက်များ၏ သဘာဝကိုလည်း တိကျမှန်ကန်စွာ နားလည်နိုင်ပြီး ပိုင်းခြားသိမြင်နိုင်ရမည်ဖြစ်သည်။ မိမိကိုယ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့်လည်း သင်အစပြုရမည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း လူကို ကိုးကွယ်ခြင်းသည် မှန်ကန်သည့် လမ်းကြောင်း မဟုတ်ပေ။ အချို့က “ကျွန်ုပ်ကိုးကွယ်သည့် ခေါင်းဆောင်များကို ကိုးကွယ်ရခြင်းအတွက် ကျွန်ုပ်၌ အကြောင်းပြချက်များ ရှိသည်- ကျွန်ုပ်ကိုးကွယ်သည့် သူများသည် ကျွန်ုပ်၏အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည်” ဟု ပြောနိုင်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အဘယ့်ကြောင့် လူကို မလျှော့တမ်း ကိုးကွယ်နေသနည်း။ အားလုံးအနှစ်ချုပ်လိုက်သည့်အခါ သင့်ကို ကယ်တင်မည့်သူမှာ မည်သူနည်း။ သင့်ကို အမှန်တကယ်ချစ်ပြီး ကွယ်ကာသူမှာ မည်သူနည်း- သင်အမှန်တကယ် မမြင်နိုင်သလော။ သင်သည် ဘုရားသခင်နောက်ကို လိုက်ပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်သည်၊ ပြီးလျှင် တစ်စုံတစ်ယောက်က မှန်မှန်ကန်ကန် ပြောဆိုပြုမူကာ သမ္မာတရား အခြေခံသဘောတရားများနှင့် ကိုက်ညီပါက သမ္မာတရားကို နာခံခြင်းသည် သင့်အတွက် မလုံလောက်သလော။ သင်သည် အဘယ့်ကြောင့် အလွန်ယုတ်ညံ့ရသနည်း။ သင်လိုက်လျှောက်ဖို့ရန် သင်ကိုးကွယ်မည့်သူ တစ်စုံတစ်ဦးကို မလျှော့တမ်း သင်ရှာဖွေသည်- သင်သည် အဘယ့်ကြောင့် စာတန်၏ကျေးကျွန် ဖြစ်လိုသနည်း။ ထိုအစား သမ္မာတရား၏ အစေခံတစ်ဦး အဘယ့်ကြောင့် မဖြစ်ရသနည်း။ လူတစ်ယောက်၌ အသိစိတ်နှင့် ဂုဏ်သိက္ခာ ရှိမရှိကို ဤအရာ၌ ကြည့်လော့။ လူအမျိုးမျိုးနှင့် ဖြစ်ရပ်အမျိုးမျိုးကို ခွဲခြားသည့် သမ္မာတရားများဖြင့် သင့်ကိုယ်သင် ပြင်ဆင်လျက်၊ ဖြစ်ရပ်အမျိုးအစားအသီးသီးနှင့် လူအမျိုးအစားအသီးသီးတို့ ထင်ရှားပြသည့် နည်းလမ်းများအားလုံးကို ပိုင်းခြားသိမြင်မှု ဖွံ့ဖြိုးတိုးပွားအောင် ပြုလုပ်လျက်၊ ကိစ္စများအားလုံးတွင် မည်သည့်သဘာဝနှင့် စိတ်သဘောထားတို့ကို ထုတ်ဖော်နေသည်ကို သိလျက် သင်သည် မိမိကိုယ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် စတင်သင့်သည်။ သင်သည် မည်သည့်လူစားမျိုးဖြစ်သည်၊ သင့်အနီးတစ်ဝိုက်ရှိ လူများသည် မည်သည့်လူစားမျိုးဖြစ်သည်နှင့် မည်သည့်လူစားမျိုးက သင့်ကို ဦးဆောင်နေသည်တို့ကိုလည်း သင်နားလည်ရမည်ဖြစ်သည်။ ၎င်းတို့ကို တိကျမှန်ကန်စွာ သဘောထားနိုင်ရမည်။ သင်သည် သမ္မာတရားကို ယူတင်ဝတ်ဆင်ပြီးသွားလျှင် ဤသို့သောဝိညာဉ်ရင့်ကျက်မှုဖြင့်ဆိုပါက အန္တိခရစ်များ၏ လှည့်ကွက်များကို အလွယ်တကူ ယုံစားမည် မဟုတ်သကဲ့သို့ ၎င်းတို့၏ လှည့်စားမှုများကို သင်ကြောက်လိမ့်မည်လည်း မဟုတ်ပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ထူးဆန်းပြီး ပဟေဠိဆန်သော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏” မှ

လူမည်မျှ ဘုရားသခင်ကို ယုံကြည်ပါစေ၊ ၎င်းတို့၏ယုံကြည်မှုများမှာ ဘာသာရေးတစ်ခု သို့မဟုတ် အဖွဲ့တစ်ခု ဖြစ်သည်ဟု သူ၏သတ်မှတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့မှာ ကယ်တင်၍မရနိုင်ဟု ဘုရားသခင် သတ်မှတ်နှင့်ပြီးဖြစ်၏။ ဤအရာကို အဘယ်ကြောင့် ငါဆိုသနည်း။ ဘုရားသခင်၏အမှုနှင့် လမ်းပြခြင်းမရှိသည့်အပြင် ကိုယ်တော့်ကို ကိုးကွယ်ခြင်း လုံးဝမရှိသော လူစု သို့မဟုတ် လူအုပ်တစ်ခုတွင် ၎င်းတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့သည် မည်သူ့နောက်သို့ လိုက်ကြသနည်း။ ပုံစံနှင့် အမည်နာမအရ သူတို့သည် ပုဂ္ဂိုလ်တစ်ဦးနောက် လိုက်ကြသော်လည်း အခြေခံအားဖြင့် မည်သူ့နောက်ကို သူတို့ လိုက်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို အသိအမှတ်ပြုကြသော်လည်း၊ အမှန်တွင် ၎င်းတို့သည် လူသား၏ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ စီစဉ်ခြင်းများနှင့် ထိန်းချုပ်ခြင်းကို ခံကြရ၏။ ၎င်းတို့သည် စာတန်မာရ်နတ်နောက်သို့ လိုက်ကြခြင်းဖြစ်၏၊ ၎င်းတို့သည် ဘုရားသခင်ကို ရန်လိုသော၊ သူ၏ရန်သူများဖြစ်ကြသော အင်အားစုများနောက်သို့ လိုက်ကြ၏။ ဘုရားသခင်သည် ယင်းကဲ့သို့သော လူအုပ်တစ်အုပ်ကို ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ့်ကြောင့် မကယ်တင်သနည်း။ ၎င်းတို့သည် နောင်တရနိုင်စွမ်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့သည် နောင်တရနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လွှင့်ကာ လူသားလုပ်ငန်းများကို လုပ်ဆောင်နေကြပြီး၊ ၎င်းတို့၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို ဦးစီးဦးရွက်ပြုနေကြကာ ၎င်းတို့သည် လူသားမျိုးနွယ် ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဆန့်ကျင်ကြ၏။ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရခြင်းတို့ထဲမှ တစ်ခု ဖြစ်သည်၊ ဘုရားသခင်သည် ဤလူများကို တကယ့်ကို မကယ်တင်နိုင်ပေ၊ ၎င်းတို့သည် နောင်တရရန် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် စာတန်၏ဖမ်ဆီးချုပ်နှောင်ခြင်းကို ခံရနှင့်ပြီဖြစ်၏၊ ၎င်းတို့သည် စာတန်၏လက်ထဲ၌သာ လုံးလုံးလျားလျား ရှိကြ၏။ သင်၏ ယုံကြည်ခြင်းတွင်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးဖြစ်သည်ဆိုသည်မှာ သူ၏ ချီးမွမ်းခြင်းကို သင် ခံရခြင်း ရှိမရှိ ဆိုသည့်အရာအဖို့ အရေးကြီးသလော။ သင် လိုက်နာသည့် ဘာသာဓလေ့များနှင့် စည်းကမ်းများသည် အရေးကြီးသလော။ ဘုရားသခင်သည် လူတို့၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များကို ကြည့်သလော။ လူပေါင်း မည်မျှရှိသည်ကို သူ ကြည့်သလော။ သူသည် လူသားမျိုးနွယ်၏ အစိတ်အပိုင်းတစ်ခုကို ရွေးချယ်ပြီးဖြစ်၏။ ၎င်းတို့ ကယ်တင်ခံရနိုင်ပြီး ကယ်တင်ခံရသင့်သည်ကို သူ မည်သို့ တိုင်းတာသနည်း။ သူသည် ဤဆုံးဖြတ်ချက်ကို ဤလူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းများအပေါ် အခြေပြု၏။ ကျေးဇူးတော်ခေတ်တွင်၊ လူတို့ကို ဘုရားသခင် ပြောပြခဲ့သည့် သမ္မာတရားများသည် ယနေ့ထက် လျော့နည်းပြီး ယနေ့လောက် မတိကျသော်လည်း၊ သူသည် ထိုအချိန်တွင် လူတို့ကို စုံလင်စေနိုင်ဆဲဖြစ်ကာ ကယ်တင်ခြင်းသည် ဖြစ်နိုင်ဆဲဖြစ်ခဲ့သည်။ ထို့ကြောင့် သမ္မာတရား မြောက်မြားစွာ ကြားဖူးပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်လာပြီဖြစ်သော ဤခေတ်လူများအနေဖြင့်၊ သူတို့သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်စွမ်းမရှိသည့်အပြင် ကယ်တင်ခြင်း လမ်းကြောင်းတွင် မလျှောက်လှမ်းနိုင်ပါက၊ ၎င်းတို့၏ အဆုံးသတ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့၏အဆုံးသတ်မှာ ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာကို ယုံကြည်သောသူများနည်းတူ ဖြစ်ကြလိမ့်မည်၊ ကွာခြားမှု ရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားပေတည်း။ တရားဟောချက် မည်မျှကို သင် ကြားဖူးပြီး သမ္မာတရားမည်မျှကို နားလည်ပြီးပါစေ၊ အကယ်၍ သင်သည် အဆုံး၌ လူများနှင့် စာတန်နောက်သို့ လိုက်နေဆဲဖြစ်ပြီး နောက်ဆုံးတွင် သင်သည် ဘုရားသခင်၏လမ်းနောက်သို့ လိုက်နိုင်စွမ်းနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်ခြင်း မရှိဆဲဖြစ်ပါက၊ ယင်းကဲ့သို့ လူများသည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်။ ကြည့်ရသည်မှာ ဘုရားသခင်၏စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသော ထိုသို့သောလူများသည် ကျမ်းဟောင်းတရားများနှင့် သြဝါဒတို့နှင့်ပတ်သက်၍ များစွာပြောနိုင်ကြကာ၊ သမ္မာတရား မြောက်မြားစွာကို နားလည်လာကောင်း နားလည်နိုင်ပြီ ဖြစ်သော်လည်း ၎င်းတို့သည် ဘုရားသခင်ကို ကိုးကွယ်နိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို မရှောင်နိုင်ကြသည့်အပြင်၊ ဘုရားသခင်ကို အကြွင်းမဲ့နာခံနိုင်စွမ်း မရှိကြပေ။ ဘုရားသခင်၏အမြင်တွင် ၎င်းတို့ကို ဘာသာတရား တစ်ခု၏ အစိတ်အပိုင်းအဖြစ်၊ လူတစ်စုသာသာအဖြစ်၊ လူအဖွဲ့တစ်ဖွဲ့အဖြစ်နှင့်- စာတန်အတွက် ယာယီနေထိုင်ရန် နေရာတစ်ခုအဖြစ် သူက သတ်မှတ်၏။ ၎င်းတို့ကို ခြုံငုံ၍ စာတန်၏လူစုအဖြစ် ရည်ညွှန်းပြီး၊ ဤလူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို အလျှင်းခံကြရ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် သုတ်သင်ပယ်ရှင်းခံရမည့် သူများဖြစ်သည်။ အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ယောက် ဧကန်အမှန် ဖြစ်သည်ဆိုပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို အဘယ်ကြောင့် အလေးထားမှု သင်မရှိရသနည်း။ ထို့အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများ၏ အကြည့်တစ်ချက်နှင့်ပင် သင်သည် အဘယ်ကြောင့် ထိုသူတို့နောက်သို့ ချက်ချင်း လိုက်ရသနည်း။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသည် မရှိသည်ကို ငါဂရုမစိုက်။ သင်သည် မည်မျှ ကြီးမားသော အဖိုးအခ ပေးခဲ့သည်ကို ငါဂရုမစိုက်။ သင်၏ အင်အားက မည်မျှကြီးမားသည်ဆိုခြင်းကို ငါဂရုမစိုက်သကဲ့သို့ သင်သည် နယ်ခံဗိုလ်ကျသူလော သို့တည်းမဟုတ် အလံကိုင်သော ခေါင်းဆောင်လော ဆိုသည်ကို ငါဂရုမစိုက်။ အကယ်၍ သင်၏ အင်အားများက ကြီးမားသည်ဆိုလျှင် ထိုအရာသည် စာတန့်ခွန်အား၏ အကူအညီကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်၏ ဂုဏ်ဒြပ်က မြင့်မားပါက ထိုအရာသည် သင်၏ဘေးပတ်လည်၌ သမ္မာတရား လက်တွေ့မလုပ်ဆောင်သောသူများ အင်မတန် များသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်သည် နှင်ထုတ်မခံရသေးပါက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ရမည့် အချိန်မဟုတ်၍ ဖြစ်သည်။ ထိုအစား ယခုအချိန်သည် ဖယ်ရှားသော အလုပ်လုပ်ရမည့် အချိန်ဖြစ်သည်။ သင့်ကို ယခုနှင်ထုတ်ဖို့ အလျင်မလိုသေးပေ။ သင် သုတ်သင်ဖယ်ရှင်းခံရပြီးသည့်နောက် သင့်ကို ငါအပြစ်ပေးမည့်နေ့ သက်သက်ကိုသာ ငါ စောင့်နေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော မည်သူမဆို သုတ်သင်ဖယ်ရှင်းခြင်းခံရပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “သူ့အား” ဆိုသည့် စကားလုံး မပါဝင်ပါ။

အရှေ့သို့- ၁၀၈) သာမန် လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၁၀) စစ်မှန်သော အသင်းတော်များနှင့် အယောင်ဆောင်သော အသင်းတော်များကြား ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်