၅၀။ မိမိကိုယ်မိမိ စွန့်လွှတ်ခြင်းဆိုင်ရာ မူများ

(၁) ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံကာ သင်၏သဘာဝနှင့် အဖြစ်အနေကို သိပါ။ အကြင်သူသည် မိမိကိုယ်မိမိသိခြင်း အစစ်အမှန်ဖြင့်သာလျှင် သူတို့ကိုယ်သူတို့ စွန့်လွှတ်ကာ ကျိန်ဆဲနိုင်ကြမည်။

(၂) ဇာတိပကတိကို ကျိန်ဆဲရန်ဟူသည် အခြေခံအားဖြင့် စာတန်ကို ကျိန်ဆဲရန်ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် သို့မဟုတ် ဘုရားသခင်ကို မချစ်လျှင် ကောင်းကင်က ချမှတ်ဆုံးဖြတ်ပြီး မြေကြီးက အသိအမှတ်ပြုသည့်အတိုင်း သူတို့သည် ကျိန်ဆဲခံရသင့်သည်။

(၃) တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို အမှန်တကယ် သိခြင်းအားဖြင့်သာ စာတန်ကို စစ်မှန်စွာ ရွံရှာစက်ဆုပ်နိုင်၏။ ဘုရားသခင်အပေါ် အပြစ်တင်မည့်အစား သင့်ကိုယ်သင် ကျိန်ဆဲပြီး ကိုယ်တော်၏ စိတ်ကျေနပ်မှုအတွက် သင်၏သက်သေခံခြင်းတွင် မြဲမြံစွာ ရပ်ပါ။

(၄) အဆင်းနီသော နဂါးကြီးကို အမှန်တကယ် ရွံရှာစက်ဆုပ်သူသည် သူတို့ကိုယ်သူတို့ ရွံရှာစက်ဆုပ်ပြီး ကျိန်ဆဲနိုင်စွမ်းရှိ၏။ ထို့ကြောင့် သူတို့သည် အဆင်းနီသော နဂါးကြီးကို စွန့်လွှတ်ကာ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး ကျိုးနွံနာခံလာကြ၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယခု လုပ်ဆောင်နေသော အမှုမှာ လူတို့အား ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းဖြစ်သော စာတန်ကို စွန့်လွှတ်စေရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်မှု အလုံးစုံသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်တာ၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်သည်။ ထပ်တလဲလဲဖြစ်သော ဤတရားစီရင်မှုများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ၊ ထိုသို့ဖြင့် အသက်တာကို သိနိုင်ဖို့၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိနိုင်ဖို့၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကို သိနိုင်ဖို့နှင့် စာတန်၏ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ်အကြောင်းကိုလည်း သိနိုင်ဖို့အလို့ငှာ၊ တရားစီရင်မှု တစ်ခုချင်းစီသည် ၎င်းတို့၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်စေရန် ရည်ရွယ်သည်။ လူသားသည် ဤကဲ့သို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုမျိုးကို သာ၍ လက်ခံရရှိလေလေ၊ လူသား၏ စိတ်နှလုံးအား ပို၍ ထိခိုက်ဒဏ်ရာရစေနိုင်လေဖြစ်ပြီး သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး နက်နဲစွာ အလှည့်ဖြားခံရဆုံးသော ဤလူတို့၏ ဝိညာဉ်များကို နိုးထပေးရန်မှာ ဤတရားစီရင်မှုမျိုး၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ လူသား၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ သူ၏ဝိညာဉ်သည် ကြာမြင့်သော အချိန်ကတည်းက သေဆုံးခဲ့ပြီး သူသည် ကောင်းကင်ဘုံ ရှိကြောင်းကို မသိ၊ ဘုရားသခင် တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူ သေချာပေါက် မသိပေ။ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဤဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း သူ မည်သို့သိနိုင်မည်နည်း။ သူ၏ပုပ်စပ်သော ဤအလောင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှတစ်ဆင့် သေမင်း၏ မရဏနိုင်ငံထဲသို့ ကျရောက်ပြီးဖြစ်ကြောင်း သူ မည်သို့များ သိနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ကြာမြင့်သော အချိန်ကတည်းက ပြုပြင်၍ မရနိုင်လောက်အောင် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးသည်ကို သူ မည်သို့ သိနိုင်မည်နည်း။ ပြီးလျှင် ဖန်ဆင်းရှင်သည် မြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူ မည်သို့သိနိုင်မည်နည်း။ လူသားသည် ဖြစ်နိုင်သမျှသော စစ်ဆေးခြင်းနှင့် တရားစီရင်မှု အားလုံးကို ကြုံရသည့်နောက်တွင်ပင်၊ သူ၏ လေးလံထုံထိုင်းသော အသိစိတ်သည် နိုးကြားရုံမျှသာရှိနေဆဲဖြစ်ပြီး စင်စစ်တွင် တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန် ကျဆင်းယိုယွင်းနေပါတကား။ ဤ တရားစီရင်မှုမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက၊ ရလဒ်ရှိမည် မဟုတ်ဘဲ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအမှုကြောင့်သာ မဟုတ်လျှင် လူတို့၏ စိတ်နှလုံးများသည် ရှေးမဆွကတည်းက သေဆုံးခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည် စာတန်၏ နင်းခြေမှုကို ရှေးမဆွကတည်းက ခံခဲ့ရသောကြောင့်၊ လူတို့သည် သေမင်း၏ မရဏနိုင်ငံမှ လွတ်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ဆုတ်ယုတ်ခြင်း၏ အနက်ဆုံးအတိုင်းအတာအထိ နစ်မြုပ်ပြီးဖြစ်သော သင်တို့ကို ကယ်တင်ခြင်းသည် သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ခြင်းနှင့် သင်တို့ကို အစွမ်းကုန် တရားစီရင်ခြင်းတို့လိုအပ်သည်၊ သို့မှသာလျှင် သင်တို့၏ အေးခဲနေသော စိတ်နှလုံးကို နိုးထစေနိုင်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” မှ

လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန် ခံရပြီးဖြစ်သည်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် စစ်မှန်သော အခြေအနေများကို အပြည့်အဝ မသိသည်အထိ ဖြစ်၏။ သို့ရာတွင် ဘုရားသခင်အို့တွက်၊ စာတန်၏အဆိပ်သည် ၎င်းတို့၏ ရိုးတွင်းခြင်ဆီအထိပင် ၎င်းတို့ကိုယ်ခန္ဓာများ၏ အစိတ်အပိုင်းတိုင်း၌ ရှိနေ၏၊ အကျိုးဆက်အနေဖြင့်၊ ဘုရားသခင်၏ ထုတ်ဖော်ပြချက်များ သာ၍ လေးနက်လေလေ၊ လူတို့ သာ၍ ကြောက်ရွံ့လာလေလေ ဖြစ်၏။ ထို့ကြောင့် စာတန်ကို ၎င်းတို့၏ ပကတိမျက်လုံးများဖြင့် မြင်နိုင်စွမ်း မရှိကြသည့်အတွက်၊ လူအားလုံးသည် စာတန်အား သိစေခြင်းခံရကြပြီး၊ လူသားအထဲ၌ စာတန်ကို မြင်ကြရလေသည်။ ပြီးလျှင် အားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ပြီး ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် လူသား၏သဘာဝကို ဖော်ထုတ်လေသည်- ဆိုလိုသည်မှာ သူသည် စာတန်၏ပုံရိပ်ကို ဖော်ထုတ်သည်- ထို့သို့ဖြင့် လူသားအား စစ်မှန်ပြီး လက်ဆုပ်လက်ကိုင် ပြ၍ရသော စာတန်ကို တွေ့ခွင့်ပေးလေသည်၊ ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်အားသိဖို့ ၎င်းတို့အတွက် သာ၍ပင် ကောင်းမွန်ပေသည်။ ဘုရားသခင်သည် လူသားအား လူ့ဇာတိဖြင့် သူ့ကို သိခွင့်ပြုပြီး လူသားအား စစ်မှန်၍ လက်ဆုပ်လက်ကိုင်ပြ၍ရနိုင်သော စာတန်ကို လူအားလုံး၏ ဇာတိပကတိ၌ သိခွင့်ပေးလျက် စာတန်အား ပုံဖော်ပေးလေသည်။ ပြောဆိုထားသည့် အခြေအနေအမျိုးမျိုးသည် စာတန်၏ လုပ်ဆောင်ချက်များ၏ ဖော်ပြချက်များသာ ဖြစ်သည်။ ထို့ကြောင့် ဇာတိပကတိရှိသော သူအားလုံးသည် စာတန်ပုံရိပ်၏ ပြယုဂ်များ ဖြစ်ကြသည်ဟုပြော၍ ရနိုင်ပေသည်။ ဘုရားသခင်သည် သူ၏ရန်သူများနှင့် သဟဇာတမဖြစ်ပေ- ၎င်းတို့သည် အချင်းချင်း ရန်လိုကြပြီး၊ မတူကွဲပြားသော အင်အားစုနှစ်ခု ဖြစ်သည်။ ထို့ကြောင့် မကောင်းဆိုးဝါးများသည် အစဉ်ထာဝရ မကောင်းဆိုးဝါးများ ဖြစ်ကြပြီး၊ ဘုရားသခင်သည် အစဉ်ထာဝရ ဘုရားသခင်ဖြစ်၏၊ ၎င်းတို့သည် မီးနှင့်ရေကဲ့သို့ သဟဇာတ မဖြစ်ချေ၊ ကောင်းကင်နှင့် မြေကြီးကဲ့သို့ အစဉ်ကွဲကွာနေကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂ နှင့် ၂၃” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

လူသားမျိုးနွယ်သည် ငါ၏ရန်သူသာ ဖြစ်သည်မှာ တစ်ခဏ မှန်ပေသည်။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်ကာ မနာခံသည့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏ကျိန်ခြင်းခံထားရသော ဆိုးယုတ်သူ တစ်ဦး၏ သားသမီးသာ ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ့ကို သစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်သာ ဖြစ်သည်။ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာက ငါ၏ ပစ်ပယ်ခြင်း ခံခဲ့ရပြီး၊ ထိုအချိန်ကတည်းက ငါနှင့် မကျေအေးနိုင်သော ရန်သူဖြစ်ပြီးလေသည့် နတ်ဆိုး၏ အမွေအနှစ်သာ ဖြစ်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံးအထက်က ကောင်းကင်သည် ရှင်းလင်းပြတ်သားမှု အသွင် စိုးစဉ်းမျှမရှိဘဲ၊ နောက်ကျိကာ မှောင်မည်းပြီး၊ လူ့လောကထဲ အသက်ရှင်သောသူတစ်ဦးသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက်ကိုပင် မမြင်နိုင်ရန် သို့မဟုတ် သူ၏ ခေါင်းကို မော့သည့်အခါ နေကို မမြင်နိုင်ဖို့အလို့ငှာ၊ လူ့လောကသည် ပိန်းပိတ်အောင် မည်းမှောင်သည့် အမှောင်ထုထဲသို့ ထိုးဆင်းလေသည်။ ဗွက်ထူကာ ချိုင့်များထူပြောသည့် သူ၏ခြေအောက်က လမ်းသည် အကွေ့အကောက်ဖြင့် လှည့်ပတ်ကွေ့ကောက် သွားလေသည်။ မြေတစ်ပြင်လုံး အလောင်းကောင်များ ပြန့်ကျဲနေသည်။ မှောင်မည်းနေသော ထောင့်နေရာများသည် လူသေအလောင်းများဖြင့် ပြည့်နေပြီး၊ အေးစက်ပြီး မှောင်ရိပ်ကျနေသည့် ထောင့်နေရာများတွင် မကောင်းဆိုးဝါးတစ်သိုက် နေထိုင်ကြပြီး ဖြစ်သည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် မကောင်းဆိုးဝါးများသည် အုံလိုက်ကျင်းလိုက် သွားလာနေကြသည်။ အညစ်အကြေးဖြင့် ဖုံးလွှမ်းလျက် သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော အနီးကပ် တိုက်ပွဲ၌ ပိတ်မိနေကြသည်၊ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ ထိုသို့သော အချိန်ကာလများတွင်၊ ထိုသို့သောလောကတစ်ခု၊ ထိုသို့သော “လောက ပရဒိသုဘုံ” တစ်ခုတွင်၊ ဘဝ၏ ကြီးစွာသော ဝမ်းမြောက်ခြင်းကို အဘယ်မှာ သွားရှာရမည်နည်း။ မိမိဘဝ၏ ခရီးပန်းတိုင်ကို ရှာတွေ့ရန် အဘယ်သို့ သွားနိုင်မည်နည်း။ စာတန်၏ ခြေအောက်၌ အချိန်ကြာမြင့်စွာက နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏ သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင် ဖြစ်သည်- ထို့ထက်ပို၍ လူသားမျိုးနွယ်သည် စာတန်၏ ပြယုဂ်ဖြစ်ပြီး၊ စာတန်ကို သိသာထင်ရှားစွာ သက်သေခံသည့် သက်သေအထောက်အထားအဖြစ် အစေခံပေသည်။ ထိုသို့သော လူသားမျိုးနွယ်၊ ထိုသို့သော အကျင့်ပျက် လူဖျင်းတစ်သိုက်၊ ဤဖောက်ပြန်ပျက်စီးသည့် လူမိသားစု၏ ထိုသို့သော သားသမီးများသည် ဘုရားသခင်အဖို့ အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ဘုန်းအသရေသည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောဆိုနိုင်မည်နည်း။ အကြောင်းမှာ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေလျက် ငါ့ကိုဆန့်ကျင်သည့် ရန်သူသည် လူသားမျိုးနွယ်ကို- ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ပြီး ငါ၏ဘုန်းအသရေနှင့် ငါ၏အသက်ရှင်နေထိုင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို- ယူဆောင်သွားနှင့်ပြီးဖြစ်ကာ ညစ်ပေစေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းသည် ငါ၏ဘုန်းအသရေကို လုယူသွားပြီးဖြစ်ကာ ၎င်းက လူသားကို ပြည့်ဝစေပြီးဖြစ်သည့်အရာ အားလုံးမှာ စာတန်၏ အကျည်းတန်မှုဖြင့် အလွန်အကျွံ ဖွဲ့နှောင်ထားသည့် အဆိပ်နှင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးမှ အရည်တို့ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ” မှ

လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး အခက်အခဲမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏- ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးပင် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏- သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ နောင်တရဖို့ အလွန် နောက်ကျခဲ့ပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ထုတ်ဖော်ခြင်းနှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီး၊ မိမိကိုယ်ကိုယ် စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို စွန့်လွှတ်ပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝ ကျိုးနွံနာခံဖို့ အလိုဆန္ဒ ရှိပြီးနောက်တွင်၊ ပေတရု၏ လမ်းကြောင်းပေါ် သင် စတင်ပြီး ခဲ့လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်မပါဘဲနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မပါဘဲ၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်ကိုယ် သစ္စာမဖောက်နိုင်ကြသောကြောင့် ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ခဲပေလိမ့်မည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

လူတွေ၏ အပေါ်ယံစိတ်သဘောထားကို ဘုရားသခင် ကိုင်တွယ်ခြင်းကလည်း သူ့အလုပ်၏ အစိတ်အပိုင်း တစ်ခုပင်။ ဥပမာ လူတွေ၏ ပြင်ပ၊ ပုံမှန်မဟုတ်သည့် လူသားသဘာဝ၊ သို့မဟုတ် သူတို့၏ ဘဝနေမှုပုံစံနှင့် အကျင့်၊ သူတို့၏ နည်းလမ်းများ၊ ဓလေ့များ၊ အပေါ်ယံ အလေ့အထများ၊ သူတို့၏ စိတ်အားထက်သန်မှုများ။ သို့သော်လည်း လူများကို သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သူတို့၏ စိတ်သဘောထားကို ပြောင်းဖို့ သူတောင်းဆိုသည့်အခါ အဓိက ကိုင်တွယ်သည့်အရာများမှာ သူတို့အတွင်း၌ရှိသည့် စိတ်တက်ကြွမှုနှင့် အယူအဆများပင် ဖြစ်သည်။ သင်ကြိုက်သည့်အရာကို မစားဖို့ တောင်းဆိုသလိုပင်။ လွယ်ပါသည်။ သင့်အတွင်းမှာရှိသည့် ကြံရွယ်ချက်များနှင့် အယူအဆများအပေါ် သက်ရောက်သည့်အရာပင်။ သို့သော်လည်း လက်လွတ်ဖို့တော့ မလွယ်ပေ။ ဤအရာက လူတို့ကို ဇာတိပကတိအား ဆန့်ကျင်တွန်းလှန်စေဖို့၊ ပေးဆပ်ဖို့၊ ဘုရားသခင်ရှေ့မှာ ဒုက္ခခံဖို့စသည်တို့ တောင်းဆိုသည်။ အထူးသဖြင့် လူများ၏ အရင်းခံအကြောင်းများသည် ဤသို့ အလွန်ဖြစ်ပေသည်။ သူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှ ယနေ့အထိ၊ လူတွေသည် မမှန်ကန်သောရည်ရွယ်ချက်များအပေါ် စွဲလမ်းကြသည်။ သင်က သမ္မာတရားကို လက်တွေ့မကျင့်သုံးလျှင် သင်၏ရည်ရွယ်ချက်များ အားလုံးက မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော်လည်း သင့်ထံ တစ်ခုခုဖြစ်သည့်အခါ သင့်အထဲ၌ မမှန်ကန်သည့် ရည်ရွယ်ချက်များစွာ ရှိသည်ကို မြင်ရပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူများကို ပြည့်စုံအောင် လုပ်သည့်အခါ သူတို့၏ ဘုရားသခင်အပေါ် သိမြင်မှုကို တားဆီးနေသည့် သူတို့အတွင်း၌ရှိသော အယူအဆများ အများကြီးရှိသည်ဆိုသည်ကို သိမြင်ဖို့ ပြုလုပ်သည်။ သင်၏ ရည်ရွယ်ချက်များက မှားနေသည်ကို သင်သိမြင်သည့်အခါ သင့်အယူအဆနှင့် ရည်ရွယ်ချက်တွေအရ လက်တွေ့ ကျင့်ဆောင်နေသည်ကို ရပ်နိုင်လျှင် သင်သည် ဘုရားသခင်၏ သက်သေကိုခံနိုင်ပြီး သင့်ထံ ဖြစ်ပျက်နေသည့် အရာတွေကြားမှာ သင်က ခိုင်မြဲစွာရပ်တည်နိုင်လျှင် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ခဲ့ပြီဟု သက်သေပြသည်။ သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌ ရှောင်လွှဲ၍မရသည့် တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မည်။ စာတန်က လူတို့ကို သူ့နောက်သို့ လိုက်စေဖို့ ကြိုးစားမည်ပင်။ ဇာတိပကတိ၏ အယူအဆနောက်ကို သူတို့အား လိုက်စေဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး ဇာတိပကတိအပေါ် စိတ်ဝင်စားမှုကို ထိန်းထားမည်ပင်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အထဲ၌ ထွန်းလင်း တောက်ပစေမည် ဖြစ်သည်။ ဤအချိန်၌ သင်က ဘုရားနောက်ကို လိုက်မလား သို့မဟုတ် စာတန်နောက်ကို လိုက်မလား ဆိုသည်မှာ သင့်အပေါ်မှာ မူတည်သည်။ အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်က လူများအား သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏စိတ်နှလုံးကို တို့ထိပြီး သူတို့ကို အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေသည်။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။ လူတို့၏အတွင်း၌ရှိသော ကြံရွယ်ချက် အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုအများစုသည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည်။ ဤသမ္မာတရားကို လက်တွေ့ကျင့်ကြံပြီးသည့်အခါ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်းပင် ဖြစ်သည်။ တိုက်ပွဲသည် သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်မှ အမှန်တကယ် ရပ်တည်နိုင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေစဉ်တွင်၊ အတွင်း၌ ဆင်းရဲဒုက္ခခံစားဖို့မှာ ရှောင်လွှဲမရနိုင်ပေ။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ သူတို့အတွင်းထဲက အရာအားလုံးသည် မှန်ကန်နေသည်ဆိုလျှင်၊ သူတို့သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရန်လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထို့ပြင် တိုက်ပွဲဆိုသည်မှာလည်း ရှိမည်မဟုတ်ဘဲ ဒုက္ခလည်း ခံစားရမည် မဟုတ်ပေ။ လူတို့၏အတွင်း၌ ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန် မထိုက်တန်သည့် အရာများစွာရှိနေပြီး ဇာတိပကတိ၏ ပုန်ကန်တတ်သော စိတ်သဘောထား မြောက်မြားစွာ ရှိနေသောကြောင့် လူတို့အနေဖြင့် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်မှုနှင့်ပတ်သက်သည့် သင်ခန်းစာကို ပို၍လေးလေးနက်နက် သင်ယူဖို့လိုအပ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို သူနှင့်အတူခံစားဖို့ တောင်းဆိုထားသော ဆင်းရဲဒုက္ခဟု သူခေါ်ဆိုသည့် အရာပင်ဖြစ်သည်။ သင်က အခက်အခဲတွေကို ကြုံရသည့်အခါ အလျင်အမြန်ပင် ဘုရားသခင်ကို ဆုတောင်းပါ။ “အိုး ဘုရားသခင် ကျွန်ုပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ကိုယ်တော်ရဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါတယ်။ ကျွန်တော် တွေ့ကြုံရမယ့် အခက်အခဲ အနှောင့်အယှက်တွေ ဘယ်လောက်ကြီးမားပါစေ ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။” ဤကဲ့သို့ ဆက်ကပ် အပ်နှံမှုနှင့်အတူ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်ကြံသည့် အချိန်တိုင်း၊ စစ်ဆေးပြုပြင်ခြင်းကို သူတို့ ဖြတ်သန်းသည့်အခါတိုင်း၊ စမ်းသပ်ခြင်း ခံရသည့်အခါတိုင်း၊ သူတို့အပေါ်မှာ ဘုရားသခင် လုပ်ဆောင်သည့် အချိန်တိုင်းမှာ လူတို့သည် ကြီးမားသည့် နာကျင်မှုကို ခံကြရသည်။ ဤအရာအားလုံးသည် လူများအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးအထဲ၌ တိုက်ပွဲတစ်ခု ရှိသည်။ ဤသည်မှာ သူတို့ပြုလုပ်ရမည့် အမှန်တကယ် ပေးဆပ်မှုပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်းနှင့် ပိုမို အလုပ်ရှုပ်နေခြင်းက ပေးဆပ်ခြင်း တစ်မျိုးပင်။ ဤသည်မှာ လူတို့ လုပ်ကိုလုပ်ရမည့်အရာဖြစ်သည်။ သူတို့ ဖြည့်ဆည်းရမည့် သူတို့၏ တာဝန်နှင့် ဝတ္တရားပင်ဖြစ်သည်။ သို့သော်လည်း ဘေးဖယ်ထားဖို့ လိုအပ်သည့် သူတို့ အတွင်းထဲက ဤအချက်ကို ဘေးဖယ်ထားရပါမည်။ သင်က ဤကဲ့သို့မလုပ်လျှင် သင်၏ ပြင်ပဒုက္ခခံစားရခြင်းက မည်မျှပင် ကြီးမားပါစေ၊ သင်က မည်မျှပင် ပြေးလွှားနေရပါစေ၊ အားလုံးသည် အလဟဿ ဖြစ်ပါမည်။ ဆိုလိုသည်မှာ သင့်အတွင်းမှာရှိသည့် ပြောင်းလဲမှုများကသာ သင်၏ ပြင်ပအခက်အခဲများက တန်ဖိုးရှိသလားဆိုသည်ကို ဆုံးဖြတ်ပေးမှာဖြစ်သည်။ သင်၏ အတွင်းစိတ်သဘောထားက ပြောင်းလဲသွားပြီး၊ သင်က သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ သင်၏ ပြင်ပ ဒုက္ခခံစားရခြင်းများ အားလုံးသည် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိမှာဖြစ်သည်။ သင်၏ အတွင်း စိတ်သဘောထားက ပြောင်းလဲမှုမရှိလျှင်၊ ဒုက္ခခံစားမှုတွေ သင်မည်မျှပင် ခံရပါစေ သို့မဟုတ် အပြင်မှာ သင်မည်မျှပင် အလုပ်ရှုပ်နေပါစေ ဘုရားသခင်၏ အသိအမှတ်ပြုမှု ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အသိအမှတ်ပြုမှုမရရှိသည့် အခက်အခဲသည် အလဟဿသာ ဖြစ်သည်။ ထို့ကြောင့် သင်ပေးဆပ်ခဲ့ရသည့် အရာကို ဘုရားသခင် အသိအမှတ်ပြုမပြု ဆိုသည်မှာ သင့်စိတ်တွင်းမှာ ပြောင်းလဲမှု ရှိမရှိအပေါ်မှာ မူတည်ပြီး သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းမှု၊ ဘုရားသခင်ကိုသိမြင်မှု၊ ဘုရားသခင်ကို သစ္စာရှိမှုတို့ကို ရရှိဖို့ သင်၏ ကိုယ်ပိုင်ကြံရွယ်ချက်များနှင့် အယူအဆများကို ဆန့်ကျင်တွန်းလှန်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးမှုရှိ၊ မရှိအပေါ်မှာ မူတည်ဆုံးဖြတ်သည်။ သင်သည် မည်မျှပင် အလုပ်ရှုပ်နေပါစေ သင်၏ကိုယ်ပိုင် ကြံရွယ်ချက်များကို ဆန့်ကျင်တွန်းလှန်ရန် ဘယ်သောအခါမျှ သင်မသိခဲ့ဖူးလျှင်၊ ပြင်ပ လုပ်ဆောင်မှုနှင့် စိတ်အားထက်သန်မှုတို့ကိုသာ ရှာဖွေလျှင်၊ သင့်အသက်တာကို တစ်ခါမှ အာရုံမစိုက်လျှင် သင်၏ ဒုက္ခခံစားရခြင်းသည် အလဟဿဖြစ်သွားမည်ပင်။ အခြေအနေတစ်ခုထဲ သင့်မှာ သင်ပြောချင်သည့် အရာတစ်ခု ရှိသည်။ သို့သော်လည်း အတွင်းထဲ၌ကား ဤသို့ပြောသည်မှာ မမှန်ကန်ပါ ဤသို့ပြောသည်မှာ သင့်ညီအစ်ကို မောင်နှမတို့အတွက် အကျိုးမရှိဘဲ သူတို့ကို ထိခိုက်နာကျင် စေမည်ဟု သင်ခံစားရလျှင် စိတ်ထဲ၌သာ နာကျင်ခံစားဖို့ ထားလိုက်ပြီး ဤအရာကို မပြောပါနှင့်။ ဤစကားလုံးတွေသည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မတတ်နိုင်သည့်အတွက်ပင်။ ဤအချိန်မှာ သင့်ကိုယ်တွင်း၌ တိုက်ပွဲတစ်ခု ရှိနေလိမ့်မည်။ သို့သော်လည်း သင်သည် နာကျင်မှုကို ခံပြီး သင်ချစ်သည့်အရာများကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေမည်၊ ဘုရားသခင်ကို ကျေနပ်စေဖို့ ဤဒုက္ခကို ခံစားဖို့ ဆန္ဒရှိနေမည်၊ သင်သည် အတွင်းမှာ နာကျင်မှုကို ခံနေရသော်လည်း သင်သည် ဇာတိပကတိကို မစွဲလမ်း၊ ဘုရားသခင်၏ နှလုံးသားသည် ကျေနပ်ပြီး သင်သည်လည်း အတွင်းမှာ စိတ်သက်သာခြင်းကို ရရှိလိမ့်မည်။ ဤသည်မှာ အမှန်တကယ် ပေးဆပ်ခြင်းဖြစ်ပြီး ဘုရားသခင် နှစ်သက်သည့် ပေးဆပ်ခြင်းပင်။ ဤကဲ့သို့ပုံစံနှင့် သင်ကျင့်ကြံသည့်အခါ ဘုရားသခင်သည် သင့်ကို သေချာပေါက် ကောင်းချီးပေးမည် ဖြစ်သည်။ သင်က ဤအရာကို မလုပ်နိုင်ဘူးဆိုလျှင် သင်မည်မျှပင် နားလည်ပါစေ သို့မဟုတ် သင်မည်မျှပင် စကားကောင်းကောင်း ပြောနိုင်ပါစေ၊ ဘာမျှဖြစ်လာမည် မဟုတ်ပေ။ ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ်မှာ သူက စာတန်နှင့် တိုက်ပွဲဆင်နွှဲသည့်အခါ သင်သည် ဘုရားသခင်၏ဘက်မှာ ရပ်တည်နေနိုင်ပြီး စာတန်ဘက်ကို လှည့်မသွားဘူးဆိုလျှင် သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား ရရှိမှာဖြစ်ပြီး သင်၏ သက်သေခံခြင်းမှာ ခိုင်မာစွာ ရပ်တည်နိုင်မှာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

ဘုရားသခင်နှင့် သက်ဆိုင်သည့် သိနားလည်မှုအချို့ သင်ရှိသည့်အခါတွင်၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင် မြင်နိုင်ပြီး မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့နှင့်သက်ဆိုင်သည့် အထင်သေးဖွယ်ဖြစ်ခြင်းနှင့် အကျည်းတန်ခြင်းတို့ကို သင် သတိပြုမိနိုင်သည့်အခါတွင်၊ သင်သည် စက်ဆုပ်မိမည်၊ ရွံရှာမိမည်ဖြစ်ပြီး စိတ်သောကရောက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ တစ်ချို့သောအရာတို့ကို သတိရှိရှိ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်းဖြင့်၊ ငြိမ်းအေးခြင်းကို သင် ခံစားရလိမ့်မည်။ သင်သည် ဘုရားသခင်ကို သတိရှိရှိ သက်သေခံနိုင်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်းဖြင့်၊ ပျော်ရွှင်မှုကို သင် ခံစားရလိမ့်မည်။ သင်သည် မိမိကိုယ်တိုင်၏ အကျည်းတန်မှုကို ဖော်ထုတ်ရင်း၊ မိမိကိုယ်ကိုယ် ဇာတိရုပ်ကို သတိရှိရှိ ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်း၊ အတွင်းတွင် ခံစားချက်ကောင်းလိမ့်မည်ဖြစ်ကာ စိတ်၏ တိုးတက်သော အခြေအနေတစ်ခုတွင် ရှိသည်ဟု မိမိကိုယ်ကိုယ် ခံစားရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင့်စိတ်သဘောထား အပြောင်းအလဲကို ရှာဖွေခြင်း၏ ပထမအဆင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ဖို့နှင့် သမ္မာတရားထဲသို့ ဝင်ရောက်ဖို့ ကြိုးပမ်းရန်ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာလျှင် ထိုးထွင်းသိမြင်မှုကို သင်ရရှိနိုင်မည်၊ ထိုးထွင်းသိမြင်မှုအားဖြင့်သာလျှင် အမှုအရာများကို သင် လုံးလုံးလျားလျား နားလည်နိုင်မည်၊ အမှုအရာများကို လုံးလုံးလျားလျား နားလည်ခြင်းအားဖြင့်သာလျှင် ဇာတိပကတိကို သင် စွန့်လွှတ်နိုင်ပြီး၊ ဘုရားသခင်အား သင်၏ယုံကြည်မှုနှင့် ပတ်သက်၍ လမ်းကြောင်းမှန်အပေါ် တစ်ဆင့်ချင်း ရောက်ရှိနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဆုံးဖြတ်ချက်ခိုင်မာသော လူများက သမ္မာတရားကို အားထုတ်ရာတွင် မည်သို့ဖြစ်ကြသည်ဆိုသည့်အရာနှင့် ဆက်စပ်ပေသည်။ တစ်စုံတစ်ဦးသည် အမှန်တကယ် သန္နိဋ္ဌာန်ချထားပါက၊ ခြောက်လ သို့မဟုတ် တစ်နှစ်ကြာပြီးနောက်တွင် ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းပေါ် စတင်လိမ့်မည်ဖြစ်သည်။ သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်းတွင်၊ ရလဒ်များကို ၎င်းတို့ မြင်ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် ဘဝတွင် တိုးတက်နေသည်ဟု ခံစားရလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သမ္မာတရားကို အားမထုတ်ပါက၊ မည်သည့် ပြောင်းလဲမှုမျှမရှိဘဲ ဆယ်နှစ်ကြာ သင် ယုံကြည်ခဲ့နိုင်ပေသည်။ နောက်ဆုံးတွင်၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းဟု ဆိုလိုသည့်အရာ အတိအကျဖြစ်သည်ဟု သင် တွေးမိလိမ့်မည်ဖြစ်သည်။ သင်သည် ယခင်က လောကတွင် မည်သို့ သင် အသက်ရှင်နေခဲ့သည်၊ ပြီးလျှင် အသက်ရှင်ခြင်းသည် အဓိပ္ပာယ်မဲ့သည်ဆိုသမျှလောက်နီးနီး ယင်းကို စဉ်းစားလိမ့်မည်ဖြစ်သည်။ ဤအရာက သမ္မာတရားမရှိပါက၊ ဘဝက အနှစ်သာရမဲ့သည်ကို အမှန်တကယ် ပြသပေသည်။ သင်သည် အယူဝါဒနှင့်သက်ဆိုင်သည့် စကားအချို့ကို ပြောကောင်းပြောနိုင်မည် ဖြစ်သော်လည်း၊ သင်သည် သက်သောင့်သက်သာ ခံစားရဦးမည် မဟုတ်သကဲ့သို့ စိတ်ပူလိမ့်ဦးမည်ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာအချို့ရှိကြပါက၊ အဓိပ္ပာယ်ရှိသော အသက်တာကို မည်သို့ အသက်ရှင်ရမည်ကို သိရှိကြပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေသည့် အရာတစ်ချို့ကို လုပ်ဆောင်နိုင်ကြပါက၊ ဤသည်မှာ စစ်မှန်သော အသက်တာဖြစ်သည်၊ ဤသို့ အသက်ရှင်ခြင်းအားဖြင့်သာ ၎င်းတို့ အသက်တာများသည် အဓိပ္ပာယ်ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်မှု အနည်းငယ် ယူဆောင်ပေးပြီး ဝမ်းမြောက်စေဖို့အလို့ငှာ၊ ဤသို့ ၎င်းတို့ အသက်ရှင်ရမည်ဟု ခံစားကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သတိရှိရှိ စိတ်ကျေနပ်စေနိုင်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ မိမိတို့ကိုယ်ကိုယ် စွန့်လွတ်နိုင်ပါက၊ မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများကို စွန့်ပစ်ပြီး ဘုရားသခင်၏ အလိုအပေါ် နာခံနိုင်ကာ အရေးထားနိုင်ပါက- ဤအရာအားလုံးကို ၎င်းတို့ သတိရှိရှိ လုပ်ဆောင်နိုင်ကြပါက- ဤသည်မှာ သမ္မာတရားကို မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို စစ်မှန်ရိုးသားစွာ လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသောအရာဖြစ်ပြီး၊ ဤသည်မှာ ယခင်က ၎င်းတို့၏ စိတ်ကူးစိတ်သန်းများအပေါ် မှီခိုခြင်းနှင့် အယူဝါဒများ၊ စည်းမျဉ်းများကို ၎င်းတို့၏ တွယ်ကပ်ခြင်းနှင့် အလွန်ခြားနားပေသည်။ တကယ့်အမှန်တွင်၊ သမ္မာတရားကို ၎င်းတို့ နားမလည်သည့်အခါ၊ မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့သည် ခြေကုန်လက်ပန်းကျစရာဖြစ်သည်၊ အယူဝါဒများနှင့် စည်းမျဉ်းများကို စောင့်ထိန်းလိုက်နာဖို့မှာ ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး ပန်းတိုင်များ မရှိသကဲ့သို့ အမှုအရာများကို ကျိုးကြောင်းမမြင်ဘဲ လုပ်ဆောင်ဖို့ဆိုသည်မှာ ခြေကုန်လက်ပန်းကျစရာ ဖြစ်ပေသည်။ သမ္မာတရားဖြင့်သာ ၎င်းတို့ လွတ်မြောက်နိုင်သည်- ဤသည်မှာ မုသားမဟုတ်- ပြီးလျှင် ယင်းနှင့်အတူ အမှုအရာများကို ၎င်းတို့ အလွယ်တကူနှင့် ပျော်ရွှင်စွာ လုပ်ဆောင်နိုင်သည်။ ဤအခြေအနေမျိုးကို ပိုင်ဆိုင်သောသူတို့သည် သမ္မာတရားကို ပိုင်ဆိုင်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားများ အသွင်ပြောင်းလဲပြီးသော သူများ ဖြစ်ကြပေသည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

အရှေ့သို့- ၄၉။ မိမိကိုယ်ကို ငြင်းပယ်ပြီး ဇာတိပကတိကို စွန့်လွှတ်ခြင်းဆိုင်ရာ မူများ

နောက်တစ်ခုသို့- ၅၁။ တစ်စုံတစ်ယောက်၏ ကျရှုံးခြင်းများနှင့် နိမ့်ကျပျက်စီးခြင်းများကို စီမံခန့်ခွဲခြင်းဆိုင်ရာမူများ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေ ကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား

Ⅰ ဖြောင့်မတ်၊ ဘုန်းတန်ခိုးကြီးပြီး လက်တွေ့လုပ်ဆောင်သော ဘုရား တစ်ပါးတည်းသော ထာဝရဘုရား နှုတ်ထွက်စကား ဆိုကာ အရာအားလုံးဖန်ဆင်း သူပြောဆို၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်