၁၄၄) သေခြင်းတရားကို ကိုင်တွယ်သည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လူတစ်ယောက်၏သေခြင်းနှင့်ရှင်ခြင်းတို့သည် ဘုရားသခင်၏ လက်ထဲ၌ လုံးလုံးရှိပြီး၊ ဘုရားသခင်က စီစဉ်ဆုံးဖြတ်သည်။ ထိုအရေးကိစ္စတွင် မိမိ၏ကိုယ်ပိုင် ရွေးချယ်မှု မရှိသင့်ပေ။

(၂) လူတစ်ဦး၏ သွေးသားခန္ဓာနှင့် စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် လုံးလုံးသက်ဆိုင်သည်။ ယင်းတို့သည် တစ်စုံတစ်ဦး၏ကိုယ်ပိုင် မဟုတ်ကြပေ။ ယင်းတို့ကို ဘုရားသခင်၏လက်ထဲသို့ အပ်နှံပြီး သူ၏ စီစဉ်ညွှန်ကြားမှု၊ ရှင်ခြင်း သို့မဟုတ် သေခြင်းတို့ကို နာခံသင့်သည်။

(၃) ဘုရားသခင်သည် ဖြောင့်မတ်သည်။ သူသည် လူ၏ စိတ်နှလုံးအတွင်းကျကျကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်၊ ပြီးလျှင် လူတစ်ဦးချင်းစီအတွက် သူ၏စီစဉ်မှုများသည် တရားမျှတသကဲ့သို့၊ အကျိုးအကြောင်းလည်း ဆီလျော်သည်။ သင့်အဖို့ နားမလည်နိုင်သော အရေးကိစ္စများအကြောင်း ကောက်ချက်မချနှင့်။

(၄) ဘုရားသခင်က ကျွန်ုပ်တို့အား တစ်ရက် အသက်ရှင်ဖို့ ခွင့်ပြုပြီးဖြစ်သည်ဆိုသည်မှာ ကျွန်ုပ်တို့က သူ့အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံသင့်သည်ဟု ဆိုလိုသည်။ မိမိ၏ သွေးသားခန္ဓာအတွက် ရှင်သန်ခြင်းသည် လူ့တိရစ္ဆာန် သို့မဟုတ် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ထပ်တလဲလဲ ဖြစ်နေသော ဘဝနိယာမကို လိုက်လျှောက်ကာ ပုံသေစည်းမျဉ်းတစ်ရပ်ကို လိုက်နာစောင့်ထိန်းကြသည်။ သေသူများသည် ရှင်သူများ၏ အဖြစ်အပျက်များကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြပြီး ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ်- ငါတို့သည် အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ အဘယ်ကြောင့် သေကြရသနည်း။ ဤကမ္ဘာလောကကို မည်သူ ကွပ်ကဲ အုပ်ချုပ်သနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်ကို သဘာဝတရားမိခင်က အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်သလော...ဟု မမေးဘဲ မနေနိုင်ပေ။ နှစ်ပေါင်းထောင်ပေါင်းများစွာကြာ လူသားမျိုးနွယ်က မရပ်မနား မေးကြပြီးဖြစ်သည့် မေးခွန်းများ ရှိလေသည်။ အကြောင်းအပေါင်း မသင့်၍၊ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို သာ၍ စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ဆာငတ်မှုတစ်ခု သာ၍ဖြစ်ပေါ်လေ ဖြစ်သည်။ သိပ္ပံပညာသည် ခဏတာ ကျေနပ်အားရခြင်းနှင့် အသွေးအသား၏ ယာယီပျော်ရွှင်မှုကို ပေးသော်လည်း၊ လူသားကို အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်းနှင့် သူ၏ စိတ်ဝိညာဉ်အတွင်းနက်နက်ရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်မြောက်စေဖို့ လုံလောက်ရန် ဝေးပါသေးသည်။ လူသားမျိုးနွယ်သည် ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး သူ၏ ဦးနှောက်ဖြင့် နားလည်နိုင်သည့် သိပ္ပံပညာအသိကို မိမိ၏နှလုံးသားအား ထုံစေရန်အလို့ငှာ သုံးရုံမျှ အသုံးပြုလေသည်။ သို့ရာတွင် ထိုသို့သော သိပ္ပံပညာအသိသည် လူသားမျိုးနွယ်အား နက်နဲမှုများကို စူးစမ်းလေ့လာခြင်းမှ ရပ်တန့်စေဖို့ မလုံလောက်ပေ။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏အစနှင့် အနာဂတ်တို့ကို မဆိုထားနှင့်၊ စကြဝဠာနှင့် အရာခပ်သိမ်း၏ အချုပ်အခြာ အာဏာရှင် မည်သူဖြစ်သည်ကိုပင် တကယ်ကို မသိပေ။ လူသားမျိုးနွယ်သည် ဤနိယာမအလယ်တွင် မတတ်သာ၍ အသက်ရှင်ရုံမျှ ရှင်လေသည်။ အရာခပ်သိမ်းအလယ်နှင့် ကောင်းကင်တွင် ကမ္ဘာအဆက်ဆက် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောသူ တစ်ဦးသာ ရှိသည့်အတွက်၊ မည်သူမျှ ယင်းကို မလွတ်မြောက်နိုင်သကဲ့သို့ မည်သူမျှ မပြောင်းလဲနိုင်ပေ။ သူသည် လူသားက မည်သည့်အခါမျှ မရှုမြင်ဖူးသောသူ၊ လူသားမျိုးနွယ်က မည်သည့်အခါမျှ မသိဖူးသူ၊ ၎င်းတည်ရှိခြင်းကို လူသားမျိုးနွယ်က မည်သည့်အခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်- သို့ရာတွင် သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားမျိုးနွယ်ကို အသက်ပေးခဲ့သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို တည်ရှိခွင့်ပေးလျက်၊ ထောက်ပံ့ကာ အားဖြည့်ပေးသူ ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်အထိ လမ်းပြပြီးသူ ဖြစ်သည်။ ထို့အပြင် သူတစ်ပါးတည်းသာ လူသားမျိုးနွယ်က ရှင်သန်နေခြင်းအတွက် အားထားသည့်သူ ဖြစ်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ စွဲကိုင်ပြီး၊ စကြဝဠာထဲရှိ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးလေသည်။ သူသည် ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်ပြီး လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူမှာ သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ထံ နေရောင် ဆောင်ကြဉ်းပေးပြီး၊ ညကို ဖွင့်လှစ် ပေးလေသည်။ သူသည် လူသားကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ထောက်ပံ့ပေးရင်း၊ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းအသီးသီးသည် သူ၏ လုပ်ဆောင်ချက်များ၏ ပြယုဂ်ဖြစ်ပြီး အသီးသီးသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ အဘယ်သူသည် သူ၏ အချုပ်အခြာအာဏာမှ ကင်းလွတ်နိုင်သနည်း။ ပြီးလျှင် သူ၏ အကြံအစည်များမှ အဘယ်သူသည် မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်သနည်း။ သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။ သူ၏ လုပ်ဆောင်ချက်များနှင့် တန်ခိုးတို့က လူသားမျိုးနွယ်အား သူသည် အမှန်တကယ် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ကို အသိအမှတ်ပြုရုံကလွဲ၍ အခြား ရွေးချယ်စရာမရှိဘဲ ဖြစ်ရစ်စေလေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားမျိုးနွယ်ကို မပြီးနိုင်မဆုံးနိုင် ထောက်ပံ့ပေးဖို့ မဆိုထားနှင့်၊ စကြဝဠာကိုပင် မကွပ်ကဲမအုပ်ချုပ်နိုင်ပေ။ သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သတိပြုနိုင်သည်ဖြစ်စေ၊ သတိမပြုနိုင်သည် ဖြစ်စေ၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သင်၏ ကံကြမ္မာကို ဘုရားသခင် ပိုင်းဖြတ်သည်မှာ သေချာပြီး၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမြဲ စွဲကိုင်ထားမည်မှာ သေချာပေသည်။ သူ၏ တည်ရှိခြင်းနှင့် ဩဇာအာဏာတို့သည် လူသား၏ သတိပြုခံရကာ နားလည်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေမခံပေ။ သူသာလျှင် လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သိပြီး၊ သူသာလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားမျိုးနွယ်က မိမိ၏မျက်စိဖြင့် မျက်မြင်ကြုံရမည့် အချိန်သည် ကြာမြင့်လိမ့်မည်မဟုတ်သကဲ့သို့၊ ဤသည်မှာ ဘုရားသခင်က မကြာမီ ကျရောက်စေမည့်အချက် ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားမျိုးနွယ်သည် အသက်ရှင်ကာ သေဆုံးကြရသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်ဖြစ်ပြီး နောက်ဆုံးအကြိမ် ၎င်းတို့မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှု အတွက်ပင် ၎င်းတို့ မှိတ်ကြခြင်း ဖြစ်သည်။ လူသားသည် ထပ်ခါတလဲလဲ ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ဖြစ်သည်။ ထိုအရာအားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အကြံအစည်တို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

လူတစ်ယောက်၏ မွေးဖွားခြင်းက ထိုလူ၏ ယခင်ဘဝအားဖြင့် လျာထားပြီးဖြစ်သည်ဆိုပါက သူ့သေခြင်းက ထိုကံတရား၏အဆုံး၏ အမှတ်သညာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဤဘဝတွင် ထိုလူ၏ တာဝန်အစဆိုပါက သူ့သေခြင်းက ၎င်းတာဝန်၏အဆုံး၏ အမှတ်သညာဖြစ်၏။ ဖန်ဆင်းရှင်သည် လူတစ်ယောက်၏ မွေးဖွားခြင်းအတွက် သတ်မှတ်ထားသည့် အခြေအနေများ ဆုံးဖြတ်ပြီးဖြစ်သည့်အတွက် သူ့၏သေခြင်း အတွက်လည်း သတ်မှတ်ထားသည့် အခြေအနေများကို စီစဉ်ပြီးဖြစ်သည်မှာ ပြောဖို့မလိုပေ။ တစ်နည်းပြောရလျှင်၊ မည်သူမျှ မတော်တဆ မွေးဖွားလာခြင်းမဟုတ်၊ မည်သူ၏ သေခြင်းကမျှ ရုတ်တရက် မဟုတ်သကဲ့သို့ မွေးဖွားခြင်းနှင့် သေခြင်းနှစ်ခုလုံးက ယခင်ဘဝနှင့် လက်ရှိဘဝများနှင့် သေချာပေါက် ဆက်စပ်နေ ပေသည်။ လူတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အခြေအနေနှစ်ခုလုံးကို ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ် ထားပေသည်။ ဤသည်မှာ လူတစ်ယောက်၏ ကံတရား၊ လူတစ်ယောက်၏ ကံကြမ္မာဖြစ်သည်။ လူတစ်ယောက်၏ မွေးဖွားမှုအတွက် ရှင်းပြချက်များစွာ ရှိသည့်အတွက်၊ လူတစ်ယောက်၏ သေခြင်းသည် ယင်း၏ ကိုယ်ပိုင် ထူးခြားသည့် အမျိုးမျိုးသော အခြေအနေများအောက်၌ ဖြစ်ပေါ်ပေလိမ့်မည်။ ဤသည်မှာ လူတို့၏ မတူညီသည့် သက်တမ်းများနှင့် ၎င်းတို့သေသည့် မတူညီသောပုံစံများနှင့် အချိန်များအတွက် အကြောင်းရင်း ဖြစ်သည်။ လူအချို့က ကျန်းမာသန်စွမ်းသော်လည်း စောလျင်စွာ သေဆုံးကြသည်။ အချို့က အားနည်းပြီး မကြာခဏ ဖျားနာသော်လည်း အသက်ကြီးသည့်အထိ အသက်ရှင်ကြပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးကြသည်။ အချို့မှာ သဘာဝမဟုတ်သည့် အကြောင်းများကြောင့်သေဆုံးပြီး အချို့က သဘာဝအလျောက်သေဆုံးကြသည်။ အချို့က မိမိအိမ်နှင့် အဝေးတွင် မိမိတို့အသက်ကို အဆုံးသတ်သည်။ တစ်ခြားလူတို့က သူတို့နံဘေးတွင် သူတို့ချစ်ရသူများနှင့်အတူ မျက်လုံးပိတ်ကြသည်။ တစ်ချို့လူတို့က လေထဲမှာ သေဆုံးကြသည်။ တစ်ခြားသူတို့က ကမ္ဘာမြေကြီးအောက်တွင် သေဆုံးကြသည်။ အချို့က ရေအောက်တွင် နစ်မြုပ်သည်။ အချို့က ကပ်ဘေးများထဲတွင် ပျောက်ဆုံးသွားကြသည်။ အချို့က မနက်တွင်သေသည်။ အချို့က ညတွင်သေသည်။...လူတိုင်းက ကျော်ကြားစွာ မွေးဖွားချင်ကြသည်။ ထူးချွန်ပြောင်မြောက်သော ဘဝနှင့် ကြီးကျယ်ခမ်းနားသည့် သေခြင်းမျိုးကို လိုချင်ကြသည်။ သို့သော်လည်း မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်ကံတရားကို မကျော်လွန်နိုင်ပေ။ မည်သူကမျှ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာမှ မလွတ်မြောက်နိုင်ပေ။ ဤကား လူသား၏ ကံကြမ္မာပေတည်း။ လူသားသည် သူ့အနာဂတ်အတွက် အစီအစဉ်အမျိုးစုံ ချမှတ်နိုင်သည်။ သို့သော်လည်း မည်သူကမျှ ၎င်းတို့ မွေးဖွားသည့် ပုံစံနှင့် အချိန်၊ လောကကြီးမှ ထွက်ခွာသွားခြင်း ပုံစံနှင့်အချိန်တို့ကို မစီစဉ်နိုင်ပေ။ လူတို့က သေခြင်းရောက်လာခြင်းကို ရှောင်ရှားပြီး ခုခံဖို့ အကောင်းဆုံးလုပ်ဆောင်ကြသော်လည်း ၎င်းတို့မသိရဘဲ သေခြင်းသည် တိတ်တဆိတ်နှင့် နီးကပ်လာဆဲဖြစ်သည်။ ၎င်းတို့ မည်သည့်အချိန်သေမည်နှင့် မည်သို့သေမည်ကို မည်သူမျှ မသိကြဘဲ၊ မည်သည့်နေရာတွင် သေမည်ဆိုသည်ကို သာ၍ပင် မသိပေ။ သိသိသာသာပင်၊ သေခြင်းနှင့်ရှင်ခြင်း၏ တန်ခိုးကို စွဲကိုင်ထားသည်မှာ လူသားမျိုးနွယ် မဟုတ်၊ သဘာဝလောကထဲက သတ္တဝါတစ်ခုမဟုတ်ဘဲ၊ သြဇာအာဏာ အတုမရှိသည့် ဖန်ဆင်းရှင် ဖြစ်ပေသည်။ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် သဘာဝလောက၏ နိယာမတစ်ခု၏ ရလဒ်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာအာဏာ၏ အကျိုးဆက်တစ်ရပ် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ကြိုတင်ပြဋ္ဌာန်းခြင်း တို့ကြောင့် သူ့အမည်တွင် ဘာမှ မရှိခြင်းမှ စတင်လာသည့် အထီးကျန် ဝိညာဉ်သည် မိဘနှင့် မိသားစုကို ရရှိလာသည်။ လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ဖို့အခွင့်အရေး၊ လူသားဘဝကို ကြုံတွေ့ဖို့နှင့် လောကကို မြင်ဖို့အခွင့်အရေးကို ရရှိလေ၏။ ဤဝိညာဉ်သည်ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော ထူးခြား ဆန်းပြားမှုတွေကို သိရှိဖို့၊ ယင်းထက် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိပြီး ဝန်ခံလာဖို့ရန် အခွင့်အရေးလည်း ရရှိပေသည်။ သို့သော် လူအများစုက ဤကဲ့သို့ ရှားပါးပြီး ခဏတဖြုတ်ဖြစ်သည့် အခွင့်အရေးကို အမှန်တကယ် မဖမ်းဆုပ်ကြပါ။ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရင်း ဘဝတစ်ခုလုံးနှင့်တန်သည့် စွမ်းအင်များကို သုံးပစ်ကြသည်။ မိသားစုကို ကျွေးမွေးဖို့ ကြိုးစားရင်း လှုပ်ရှားရုန်းကန်ရင်း၊ ချမ်းသာခြင်းနှင့် အဆင့်အတန်းအကြားတွင် အပြန်အလှန် ကူးသန်းသွားလာရင်း အချိန်အားလုံး ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့ သည် မိသားစု၊ ငွေနှင့် ကျော်ကြားမှုများ ဖြစ်သည်။ ဤအရာတို့ကို ဘဝ၌ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက ၎င်းတို့၏ကံကြမ္မာနှင့်ပတ်သက်ပြီး ညည်းညူကြသည်။ သို့သော်လည်း ဆန်းစစ်ပြီး သိနားလည်ဖို့ အရေးအပါဆုံးသော ကိစ္စရပ်များကို ၎င်းတို့ မသိကျိုးကျွန်ပြုထားကြဆဲဖြစ်၏- လူသားက အဘယ်ကြောင့်အသက်ရှင်သည်၊ မည်သို့အသက်ရှင်သင့်သည်၊ ဘဝ၏တန်ဖိုးနှင့် အဓိပ္ပါယ်က အဘယ်အရာဖြစ်သည် စသည်တို့ဖြစ်သည်။ ၎င်းတို့ နှစ်မည်မျှကြာပါစေ၊ ၎င်းတို့၏ ပျိုမျစ်ခြင်း ကုန်ဆုံးသွားသည်အထိ၊ ၎င်းတို့သည် ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည့်အထိ၊ ကျော်စောမှုနှင့် ဥစ္စာပစ္စည်းကို ရှာဖွေရင်း ပြေးလွှားခြင်းဖြင့်သာ ၎င်းတို့ဘဝတစ်ခုလုံးကို ကုန်ဆုံးကြလေသည်။ ကျော်စောမှုနှင့် ဥစ္စာပစ္စည်းတို့က ဇရာထောင်းခြင်းဘက်သို့ မိမိတို့ ရွေ့လျှောခြင်းကို မရပ်တန့်နိုင်ကြောင်း၊ ငွေက နှလုံးသား၏ လစ်ဟာနေခြင်းကို မဖြည့်ဆည်းပေးနိုင်ကြောင်း၊ မည်သူမျှ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းတို့၏ နိယာမများမှ မကင်းလွတ်နိုင်ကြောင်း၊ ကံကြမ္မာက အဆင်သင့်ထားရှိသောအရာမှ မည်သူမျှ မလွတ်မြောက် နိုင်ကြောင်းကို ၎င်းတို့နားလည်သည်အထိ ဤနည်းဖြင့် အသက်ရှင်ကြလေသည်။ ၎င်းတို့သည် ဘဝ၏ နောက်ဆုံးအဆင့်ကို ရင်ဆိုင်ဖို့ ဖိအားပေးခံရသည့်အခါမှသာ လူတစ်ယောက်က အလွန်ကြီးမားသော ချမ်းသာကြွယ်ဝမှုနှင့် ကြီးကျယ်သော ဥစ္စာပစ္စည်းများ ပိုင်ဆိုင်နေသည့်တိုင်၊ အခွင့်ထူးခံဖြစ်ပြီး အဆင့်အတန်းမြင့်မားနေသည့်တိုင် သေခြင်းကို မလွတ်မြောက် နိုင်သကဲ့သို့ လူတိုင်း မိမိ၏မူလအနေအထားဖြစ်သော အဘယ်အရာမျှ မပိုင်သည့် တစ်ကိုယ်တည်းသော ဝိညာဉ် တစ်ခုသို့ ပြန်သွားရလိမ့်မည်ဟူသည်ကို သူတို့အမှန်တကယ် နားလည်ကြ လေသည်။ လူတို့သည် မိဘများ ရှိသည့်အခါ ၎င်းတို့၏ မိဘများက အရာရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ပိုင်ဆိုင်မှုများရှိသည့်အခါ ငွေသည် အဓိကအစိတ်အပိုင်းဖြစ်သည်၊ အသက်ရှင်သည့် နည်းလမ်း တစ်ခုဖြစ်သည်ဟု ထင်မြင်ကြသည်။ လူတို့သည် အဆင့်အတန်း ရှိသည့်အခါ ထိုအရာအပေါ်မှာ စွဲမြဲစွာ ဖက်တွယ်ပြီး ယင်းအတွက် ၎င်းတို့၏ အသက်ကို စွန့်စားကြလေသည်။ လူတို့က ဤကမ္ဘာကို လက်လွှတ်ရတော့မည့် အချိန်မှသာ ၎င်းတို့ဘဝ၏ အချိန်များကို အသုံးချပြီး ကြိုးစားရှာဖွေခဲ့သည့် ဤအရာများသည် ခဏတစ်ဖြုတ် တိမ်တိုက်များသာ ဖြစ်ကြောင်း၊ ၎င်းတို့စွဲကိုင်ထားနိုင်သည့် မည်သည့်အရာမှ မရှိကြောင်း၊ ၎င်းတို့နှင့်အတူ ယူသွားနိုင်သည့် မည်သည့်အရာမျှမရှိကြောင်း၊ မည်သည့်အရာကမှ ၎င်းတို့ကို သေခြင်းမှ ကင်းလွတ်အောင် မလုပ်နိုင်ကြောင်း၊ အထီးကျန်သည့် ဝိညာဉ်ကို သူ့အပြန်လမ်းမှာ မည်သူကမှ အဖော်လုပ်ပြီး နှစ်သိမ့်မပေးနိုင်ကြောင်း သိမြင်လေ၏။ အဆိုးဆုံးက ဤအရာများထဲမှ မည်သည့်အရာကမှ လူတစ်ယောက်ကို မကယ်တင်နိုင်သကဲ့သို့ သေခြင်းကို မကျော်လွန်စေနိုင်ပေ။ ဤရုပ်ဝတ္ထုလောကတွင် လူတစ်ယောက်ရသည့် အောင်မြင်မှုနှင့် စည်းစိမ်တို့သည် ယာယီစိတ်ကျေနပ်မှု၊ ခဏတာ သာယာမှု၊ အတုအယောင် စိတ်သက်သာစေမှုတို့ကိုပေးပြီး ရေရှည်တွင် လမ်းပျောက်စေပါသည်။ ထို့ကြောင့် လူတို့သည် ငြိမ်းချမ်းမှု၊ စိတ်သက်သာရာရမှု၊ ငြိမ်းအေးမှုတို့ကို လိုလားတောင့်တရင်း လူသားမျိုးနွယ်၏ ကျယ်ပြန့်သည့် ပင်လယ်ကြီးထဲ ယက်ကန်ယက်ကန်ဖြစ်နေရင်း လှိုင်းလုံးများဖြင့် အဖန်ဖန် လွှမ်းမိုး ခံရလေသည်။ ၎င်းတို့ဘယ်ကလာသည်၊ အဘယ်ကြောင့် အသက်ရှင်နေသည်၊ ဘယ်ကိုသွားနေသည်စသည်တို့ကို နားလည်ဖို့ အရေးအကြီးဆုံး မေးခွန်းများကို လူတို့ အဖြေ မထုတ်နိုင်သေးချိန်တွင် သူတို့သည် အောင်မြင်မှုနှင့် စည်းစိမ်များ အားဖြင့် ဆွဲဆောင်ခံရပြီး၊ လှည့်စားခံရကာ၊ ဤအရာများနှင့် ထိန်းချုပ်ခံရပြီး နောက်ဆုံး ဆုံးရှုံးကြရသည်။ အချိန်က ကုန်မြန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်များ ကုန်ဆုံး သွားသည်။ သတိမပြုလိုက်မိခင်မှာ သူ့ဘဝ၏ အကောင်းဆုံး နှစ်များကို နှုတ်ဆက်လိုက်ရသည်။ လူတစ်ယောက်သည် မကြာခင် လောကကြီးမှ ထွက်ခွာရတော့မည့်အချိန်တွင်၊ လောကကြီးတွင် ရှိသည့် အရာအားလုံးသည် အဝေးကို ရွေ့သွားနေသည်၊ မူလက ၎င်းပိုင်ဆိုင်ခဲ့သည့် အရာများကို ထပ်ပြီး ကိုင်စွဲမထားနိုင်သည်ကို တဖြည်းဖြည်း နားလည်လာလေသည်။ ထိုအခါလောကထဲ အခုလေးတင် ဝင်ရောက်လာသည့် အော်ဟစ်ငိုယိုနေသည့် မွေးကင်းစကလေး တစ်ယောက်ကဲ့သို့ အဘယ်အရာမျှ မပိုင်ဆိုင်သေးသည်ကို အမှန်တကယ် ခံစားလိုက်ရသည်။ ဤအချိန်တွင် ၎င်းသည် ဘဝမှာ မည်သည့်အရာ လုပ်ဆောင်ခဲ့သည်၊ အသက်ရှင်ရခြင်းက အဘယ်တန်ဖိုးရှိသည်၊ ဘဝက မည်သည့်အရာကို ဆိုလိုသည်၊ လောကထဲသို့ အဘယ်ကြောင့် ရောက်လာသည်ဆိုသည်တို့ကို ဆင်ခြင်သုံးသပ်ဖို့ ဖြစ်လာရသည်။ ဤအချိန်တွင် နောင်ဘဝ တကယ်ရှိမရှိ၊ ကောင်းကင်ဘုံက တကယ်ရှိမရှိ၊ အပြစ်ဒဏ်ခံရခြင်း တကယ်ရှိမရှိ ဆိုသည်တို့ကို ပိုပြီးသိချင်လာသည်။ သေခြင်းနှင့် နီးကပ်လာလေ၊ ဘဝက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ပိုပြီး နားလည်ချင် လာလေဖြစ်၏၊ သေခြင်းနှင့် နီးကပ်လာလေ၊ နှလုံးသားက ဗလာနတ္တိ ထင်ရလေဖြစ်သည်၊ သေခြင်းနှင့် နီးကပ်လာလေ၊ အကူအညီမဲ့သကဲ့သို့ ပိုပြီး ခံစားရလေ ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုသည် တစ်နေ့ပြီးတစ်နေ့ ပိုမိုကြီးမား လာလေသည်။ လူတို့သည် သေခြင်းနှင့် နီးကပ်လာသည်နှင့်အမျှ ၎င်းတို့အထဲ ထိုသို့သော ခံစားချက်များ ထင်ရှားလာရခြင်း အကြောင်းရင်း နှစ်ခု ရှိပေသည်။ ပထမအချက်က ၎င်းတို့၏ ဘဝများ အမှီပြုခဲ့သည့် ကျော်ကြားခြင်းနှင့် ချမ်းသာခြင်းတို့ကို ၎င်းတို့ ဆုံးရှုံးရတော့မည်။ လောကမှာ မြင်နိုင်သည့် အရာများ အားလုံးကို ထားခဲ့ရတော့မည်ဖြစ်သည်။ ဒုတိယအချက်က သူတို့ ခြေချဖို့ ကြောက်ရွံ့သည့်နေရာ၊ ချစ်ခင်ရသည့်သူများနှင့် ကူညီ ထောက်ပံ့မှုများ မရှိသည့်နေရာဖြစ်သည့် သူတို့နှင့် မရင်းနှီး သည့်လောက၊ ဆန်းကြယ်ပြီး မသိမြင်နိုင်သည့် နယ်ပယ်တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည် ဖြစ်ပေသည်။ ဤအကြောင်းရင်း နှစ်ချက်ကြောင့် သေခြင်းကို ရင်ဆိုင် ရသူတိုင်းသည် စိတ်မသက်သာမှုကို ခံစားရသည်။ ယခင်က တစ်ခါမှ မသိဖူးသည့် ထိတ်လန့်မှုနှင့် အကူအညီမဲ့သည့် ခံစားမှုကို ကြုံတွေ့ကြရသည်။ တစ်စုံတစ်ဦးသည် ဤအခြေအနေသို့ အမှန်တကယ် ရောက်လာသည့်အခါမှသာ လူတစ်ယောက် ကမ္ဘာမြေကြီးပေါ်မှာ ခြေချသည်နှင့်တစ်ပြိုင်နက် ၎င်းနားလည်ရမည့် ပထမဆုံးအရာက လူသား မည်သည့်အရပ်ကလာသည်၊ အဘယ်ကြောင့် လူများ အသက်ရှင်နေကြသည်၊ လူသားကံကြမ္မာကို မည်သူ ချမှတ်သည်ဆိုသည်နှင့် လူသားတို့ တည်ရှိခြင်းအတွက် အဘယ်သူ ပံ့ပိုးပြီး အချုပ်အခြာအာဏာ ရှိသည်ဆိုသည်တို့ ဖြစ်သည်ကိုသိမြင်လာသည်။ ဤအသိပညာသည် လူအသက်ရှင်သည့် စစ်မှန်သည့် နည်းလမ်း၊ လူသား ရှင်သန် ရပ်တည်ရေးအတွက် မဖြစ်မနေ လိုအပ်သည့် အခြေခံဖြစ်လေသည်။ မိသားစုကို မည်သို့ထောက်ပံ့ရမည် သို့မဟုတ် ကျော်ကြားမှုနှင့် ချမ်းသာမှုကို မည်သို့ ရယူရမည် စသည်တို့ကို သင်ယူခြင်း မဟုတ်ပေ။ တစ်ခြားလူတွေထက် မည်သို့ထူးချွန်အောင်နှင့် အောင်မြင်စွာပြီးမြောက်အောင် မည်သို့လုပ်ရမည်ကို သင်ယူခြင်း ဖြစ်ဖို့နေနေသာသာ၊ လူအုပ်ထဲမှ မည်သို့ထင်ပေါ်အောင် လုပ်ရမည် သို့မဟုတ် ပိုပြီး ချမ်းသာသည့် ဘဝကို မည်သို့နေထိုင်ရမည် ဆိုသည်တို့ကို သင်ယူခြင်း မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ ဘဝအချိန် များကို အသုံးချပြီး ကျွမ်းကျင်အောင် သင်ယူခဲ့သည့် ရှင်သန်ရပ်တည်ရေး ကျွမ်းကျင်မှု အမျိုးမျိုးတို့က ရုပ်ဝတ္ထုဆိုင်ရာ ဇိမ်ခံစရာများကို အလျှံပယ် ပေးနိုင်သော်လည်း နှစ်သိမ့်မှုနှင့် စစ်မှန်သည့်ငြိမ်းချမ်းမှုတို့ကို နှလုံးသားဆီသို့ ဘယ်သောအခါမှ မဆောင်ကြဉ်းပေ၊ ယင်းအစား လူတို့ကို စဉ်ဆက်မပြတ် ၎င်းတို့၏ ဦးတည်ချက်များ ပျောက်ဆုံးစေသည်။ ၎င်းတို့ကိုယ်၎င်းတို့ ထိန်းချုပ်ဖို့ ခက်ခဲစေသကဲ့သို့ ဘဝ၏အဓိပ္ပါယ်ကို သင်ယူဖို့ အခွင့်အလမ်းတိုင်းကို လွဲချော်စေလေသည်။ ဤရှင်သန်ရေး ကျွမ်းကျင်မှုများက သေခြင်းကို မည်သို့ သင့်လျော်စွာ ရင်ဆိုင်ရမည်နှင့်ပတ်သက်၍ အုံ့ပုန်း ပူဆွေးသောကတစ်ခုကို ဖန်တီးလေသည်။ ဤနည်းလမ်းနှင့် လူတို့၏ ဘဝများ ပျက်စီးရသည်။ ဖန်ဆင်းရှင်က သူ၏ အချုပ်အခြာအာဏာကို ကြုံတွေ့ပြီး သိရှိဖို့ လူတိုင်းကို တစ်ဘဝလုံးစာ ထိုက်တန်သည့် အခွင့်အလမ်းများပေးပြီး လူတိုင်းကို မျှတစွာ ပြုမူဆက်ဆံသည်။ သို့တိုင် တစ်ဦးတစ်ယောက်သည် အလင်းကို စမြင်လာသည်မှာ သေခြင်းက နီးကပ်လာသည့် အခါမှသာ၊ သေခြင်း၏ ခြောက်လှန့်မှုက ဘွားခနဲ ပေါ်လာသည့်အခါမှသာ ဖြစ်သည်- ထိုအခါ အလွန်နောက်ကျသွားပြီဖြစ်သည်။

လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တမ်းတလေဖြစ်သည်။ ဤကဲ့သို့ ပိုခံစားရလေ၊ သေခြင်းနီးကပ် လာခြင်းကို ပိုမို ထိတ်လန့်လေ ဖြစ်သည်။ ဤအချိန်မှသာ ၎င်းတို့၏ဘဝကို ၎င်းတို့မပိုင်ကြောင်း၊ ၎င်းတို့၏ ထိန်းချုပ်မှုတွင် မရှိကြောင်းနှင့် သေဖို့ဖြစ်စေ ရှင်ဖို့ဖြစ်စေ မိမိတို့ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း- ဤအရာအားလုံးက မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိကြောင်းကို အမှန်တကယ် နားလည် လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

လူတစ်ယောက် မွေးဖွားသည့် အခိုက်အတန့်တွင် အထီးကျန်သည့် ဝိညာဉ်တစ်ခုသည် ကမ္ဘာမြေကြီးပေါ်က ဘဝအတွေ့အကြုံ၊ ဖန်ဆင်းရှင် ၎င်းအတွက် စီစဉ်ပေးထားသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ၎င်း၏ အတွေ့အကြုံကို စတင်လေသည်။ ပြောစရာမလိုသည်မှာ ဤလူအတွက်၊ ဝိညာဉ်အတွက်၊ ဤသည်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့၊ သူ၏ သြဇာအာဏာကို သိရှိလာပြီး ကိုယ်တိုင် တွေ့ကြုံရဖို့၊ အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်ပါသည်။ လူတို့သည် ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချပေးခဲ့သည့် ကံကြမ္မာ၏ နိယာမများအတွင်း နေထိုင်ကြပြီး အသိစိတ်ရှိသည့် အကျိုးအကြောင်း ဆက်စပ်တွေးခေါ်တတ်သည့် မည်သူမဆိုအတွက် ၎င်းတို့ဘဝ၏ ဆယ်စုနှစ်များတစ်လျှောက် ဖန်ဆင်းရှင်၏ အခွင့်အာဏာကိုသိပြီး သူ၏ အချုပ်အခြာအာဏာကို နားလည်သိမြင်ဖို့က ခက်ခဲသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် အချို့သောဆယ်စုနှစ်များတစ်လျှောက် လူတို့၏ ကိုယ်ပိုင် ဘဝအတွေ့အကြုံများမှတဆင့် လူတိုင်းအတွက် လူသား၏ ကံကြမ္မာအားလုံးသည် ကြိုတင်ပြဋ္ဌာန်းထားသည်ကို သတိပြုမိဖို့ အလွန်လွယ်ကူသင့်ပြီး အသက်ရှင်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း သဘောပေါက်ဖို့ သို့မဟုတ် ခြုံငုံဆန်းစစ်ဖို့ လွယ်ကူသင့်ပေသည်။ ဤဘဝသင်ခန်းစာများကို လက်ခံသည်နှင့် အမျှ၊ ဘဝက မည်သည့်နေရာမှလာသည်ကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ နှလုံးသားက မည်သည့်အရာ အမှန်တကယ် လိုအပ်သည်၊ မည်သည့်အရာက မှန်ကန်သည့် ဘဝလမ်းကြောင်း ဆီသို့ ဦးဆောင်လိမ့်မည် ဆိုသည်နှင့်၊ လူသားဘဝ၏ တာဝန်နှင့် ပန်းတိုင်က မည်သည့်အရာ ဖြစ်သင့်သည်ဆိုသည်တို့ကို တဖြည်းဖြည်း သဘောပေါက်လာလိမ့်မည်။ ဖန်ဆင်းရှင်ကို မကိုးကွယ်လျှင်၊ သူ၏အုပ်စိုးမှုအောက်ကို မလာလျှင်၊ သေခြင်းနှင့် ရင်ဆိုင်ဖို့ အချိန်ကျလာသည့်အခါ၊ ဝိညာဉ်က ဖန်ဆင်းရှင်ကို နောက်တစ်ကြိမ် ရင်ဆိုင်ရတော့မည့်အခါ၊ ၎င်း၏နှလုံးသားသည် အကန့်အသတ်မရှိသည့် ထိတ်လန့်မှုနှင့် စိတ်မသက်မသာမှုများ ပြည့်နေမည်ကို တဖြည်းဖြည်း သတိပြုမိလာပါလိမ့်မည်။ လူတစ်ယောက်သည် ကမ္ဘာပေါ်တွင် ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး လူသားဘဝက မည်သည့်အရပ်ကလာသည်ဆိုသည်ကို နားမလည် သကဲ့သို့ လူသားကံကြမ္မာက မည်သူ၏ လက်ထဲ၌ ရှိသည်ဆိုသည်ကို သတိမပြုမိသေးပါက၊ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင် နိုင်မည်မဟုတ်သည်မှာ အံ့သြစရာမရှိပေ။ ၎င်းတို့၏ လူ့ဘဝ ဆယ်စုနှစ် အတွေ့အကြုံများ၌ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ ဆိုင်သည့် သိနားလည်မှု ရရှိပြီးသူသည် ဘဝ၏ အဓိပ္ပါယ်နှင့် တန်ဖိုးအတွက် မှန်ကန်သည့် အသိအမှတ်ပြု တန်ဖိုးထားမှု ရှိသည့်သူဖြစ်သည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော စစ်မှန်သည့် အတွေ့အကြုံနှင့် သိနားလည်မှုတို့နှင့်အတူ ဘဝရည်ရွယ်ချက်နှင့်ဆိုင်သည့် နက်ရှိုင်းသော အသိပညာတစ်ခု ရှိသကဲ့သို့၊ ထို့ထက်ပို၍ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျိုးနွံနာခံနိုင်လေသည်။ ထိုသို့သော လူသည် လူသားမျိုးနွယ်ကို ဘုရားသခင်ဖန်ဆင်းခြင်း၏ အဓိပ္ပါယ်ကို နားလည်သည်။ လူသားသည် ဖန်ဆင်းရှင်ကို ကိုးကွယ်သင့်သည်၊ လူသားပိုင်ဆိုင်သည့် အရာရာတိုင်းက ဖန်ဆင်းရှင်ဆီကလာပြီး သိပ်မဝေးလှသည့် အနာဂတ်တစ်နေ့တွင် သူ့ထံသို့ ပြန်သွားလိမ့်မည်ဆိုသည်ကို နားလည်သည်။ ဤလိုလူမျိုးသည် ဖန်ဆင်းရှင်က လူသား၏ မွေးဖွားမှုကို စီစဉ်ပြီး လူသား၏ သေဆုံးမှုအပေါ်မှာ အချုပ်အခြာ အာဏာ ရှိသည်၊ ရှင်ခြင်းနှင့် သေခြင်းနှစ်ခုလုံးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာအားဖြင့် ကြိုတင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို နားလည်သည်။ ထို့ကြောင့် ဤအရာများကို အမှန်တကယ် သဘောပေါက်သည့်အခါ သေခြင်းကို ကျိုးကြောင်းမမြင်ဘဲ ထိတ်လန့်ခြင်းနှင့် ဆန့်ကျင်ရုန်းကန်ခြင်းထက် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်လာသည်၊ လောကီ ပိုင်ဆိုင်မှုများကို တည်တည်ငြိမ်ငြိမ်နှင့် ဘေးဖယ်ထားနိုင်သည်၊ ဖြစ်လာသည့်အရာ အားလုံးကို လက်ခံပြီး ပျော်ရွှင်စွာကျိုးနွံ နာခံလာနိုင်ကာ၊ ဖန်ဆင်းရှင်က စီစဉ်ထားသည့် နောက်ဆုံး ဘဝဆုံမှတ်ကို ကြိုဆိုနိုင်လေသည်။ ဘဝကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအား တွေ့ကြုံဖို့နှင့် သူ၏ သြဇာအာဏာကို သိလာရဖို့ အခွင့်အရေးတစ်ရပ်ဟု ရှုမြင်ပါက၊ ဘဝကို ဖန်ဆင်းခံ လူသားတစ်ယောက်အနေနှင့် မိမိတာဝန်ကို လုပ်ဆောင်ပြီး မိမိ၏အလုပ်ကို ပြီးမြောက်စေဖို့ ရှားပါးသည့် အခွင့်အရေးအနေနှင့် မြင်ပါက၊ ဘဝအပေါ် ဧကန်မုချ မှန်ကန်သည့်အမြင် ရှိပေလိမ့်မည်၊ ဖန်ဆင်းရှင်အားဖြင့် ကောင်းကြီးခံစားရပြီး လမ်းပြခံရသည့် ဘဝတစ်ခုကို ဧကန်မုချ အသက်ရှင်ရလိမ့်မည်၊ ဖန်ဆင်းရှင်၏ အလင်းထဲ၌ ဧကန်မုချ လျှောက်လှမ်းလိမ့်မည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဧကန်မုချ သိလိမ့်မည်၊ သူ့အုပ်စိုးမှုအောက်သို့ ဧကန်မုချ လာလိမ့်မည် ဖြစ်ပြီး သူ၏ အံ့သြဖွယ်ရာ လုပ်ဆောင်မှုများနှင့် သူ၏ သြဇာအာဏာအဖို့ ဧကန်မုချ မျက်မြင်သက်သေတစ်ဦး ဖြစ်ပေလိမ့်မည်။ ထိုသို့သော လူသည် ဖန်ဆင်းရှင်က ဧကန်မုချ ချစ်ကာ လက်ခံလိမ့်မည်ဖြစ်ပြီး ထိုသို့သော လူကသာ သေခြင်းအပေါ် တည်ငြိမ်သည့် စိတ်သဘောကို ထိန်းသိမ်းနိုင်ပြီး ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုနိုင်သည်ကို ပြောဖို့မလိုအပ်ပေ။ သေခြင်းအပေါ် ဤကဲ့သို့သော သဘောထားမျိုးကို သိသိသာသာ ထိန်းသိမ်းနိုင်ခဲ့သည့် လူတစ်ဦးမှာ ယောဘ ဖြစ်ပေသည်။ ယောဘသည် ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ပျော်ရွှင်စွာ လက်ခံနိုင်သည့် အနေအထားတစ်ခုတွင် ရှိခဲ့ပြီး သူ့ဘဝခရီးကို ချောမွေ့သည့် နိဂုံးချုပ်ဆီသို့ ယူဆောင်ကာ ဘဝတွင် သူ့တာဝန်ကို ပြီးပြည့်စုံစေလျက် ဖန်ဆင်းရှင်ထံပါးသို့ သူပြန်သွားခဲ့လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ကျမ်းစာထဲတွင် ယောဘအကြောင်း ရေးထား၏- “အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝသော်၊ အနိစ္စ ရောက်လေ၏။” (ယောဘ ၄၂:၁၇) ဤသည်မှာ ယောဘ သေဆုံးသွားသည့်အခါ နောင်တရခြင်းများ မရှိသကဲ့သို့ နာကျင်မှုမခံစားရဘဲ ဤလောကမှ သဘာဝအလျောက် ထွက်ခွာသွားခဲ့သည်ဟု ဆိုလိုသည်။ အယောက်တိုင်း သိကြသည့်အတိုင်း၊ ယောဘသည် သူအသက်ရှင်စဉ် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦး ဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ချီးကျူးခြင်းခံရပြီး အခြားသူများ၏ အောက်မေ့ခြင်းခံရလေသည်၊ လူအားလုံးထက် သူ့ဘဝသည် တန်ဖိုးရှိပြီး အရေးပါခဲ့သည်ဟု ဆိုနိုင်ပေသည်။ ယောဘသည် ဘုရားသခင်၏ ကောင်းကြီးများကို နှစ်သက် ခံစားခဲ့ရပြီး ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မတ်သူအဖြစ် ဘုရားသခင်၏ ခေါ်ဆိုခြင်းကို ခံခဲ့ရကာ သူသည် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စာတန်၏ စမ်းသပ်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် ဘုရားသခင်အတွက် သက်သေအဖြစ် ရပ်တည်ခဲ့ပြီး ဘုရားသခင်အားဖြင့် ဖြောင့်မတ်သည့်သူအဖြစ် ခေါ်ခံရဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်က သူ့ကို စစ်ဆေးပြီးနောက် ဆယ်စုနှစ်များတွင်၊ သူသည် ယခင်ထက် သာ၍ပင်တန်ဖိုးရှိသည့်၊ အဓိပ္ပါယ်ရှိသည့်၊ ခိုင်မာပြီး ငြိမ်းချမ်းသည့်ဘဝကို နေထိုင်ခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက်များကြောင့်၊ ဘုရားသခင်က သူ့ကို စစ်ဆေးခဲ့သည်။ သူ၏ဖြောင့်မတ်သည့် လုပ်ဆောင်ချက် များကြောင့် ဘုရားသခင်က သူ့ထံ ပေါ်လာခဲ့ပြီး သူ့ကို တိုက်ရိုက် စကားပြောခဲ့သည်။ ထို့ကြောင့် သူအစစ်ဆေးခံရပြီး နောက်ပိုင်းနှစ်များတွင် ယောဘသည် ဘဝတန်ဖိုးကို ပိုပြီး ခိုင်လုံသောနည်းလမ်းနှင့် နားလည်ပြီး အသိအမှတ်ပြုခဲ့သည်၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအပေါ် လေးနက်သည့် နားလည်မှုနှင့် ဖန်ဆင်းရှင်က သူ၏ကောင်းချီးများကို မည်သို့ပေးအပ်ပြီး မည်သို့ပြန်လည်ယူဆောင်သည် ဆိုသည့် အပေါ်မှာ ပိုပြီးတိကျ သေချာသည့် အသိပညာတို့ကို ရရှိခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် ယောဘကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့ ပို၍ပင် ကောင်းသည့် နေရာတစ်ခု၌ထားရင်း ယခင်ကထက် ပိုကြီးမားသည့် ကောင်းချီးများကို ယောဘအပေါ် ချပေးသနားခဲ့ကြောင်း ယောဘဝတ္ထုထဲတွင် မှတ်တမ်းတင် ထားသည်။ ထို့ကြောင့် ယောဘက သူအသက်အရွယ် ကြီးရင့်လာပြီး သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများနှင့် ပတ်သက်၍ မုချ စိတ်ပူပန်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်းကို သူ့ဘဝတစ်ခုလုံး လျှောက်လှမ်းခဲ့သည့်အတွက်၊ သူ့မှာ စိုးရိမ် ပူပန်မှုများမရှိ၊ နောင်တရစရာ ဘာမျှမရှိခဲ့သကဲ့သို့၊ မှန်ပေ၏၊ သေခြင်းကိုလည်း မကြောက်ခဲ့ပေ။ သူသည် မိမိ၏ ကိုယ်ပိုင် အဆုံးသတ်နှင့် ပတ်သက်၍ စိုးရိမ်စရာအကြောင်း မရှိခဲ့ပေ။ ယောဘက သူ၏သေခြင်းကို ရင်ဆိုင်ရသည့်အခါ ပြုလုပ်ခဲ့သည့် နည်းလမ်းများအားလုံးဖြင့် ယနေ့ လူမည်မျှက ပြုလုပ်နိုင်ပါသနည်း။ ထိုသို့ ရိုးရှင်းသည့် အပြင်ပန်း အပြုအမူမျိုးကို အဘယ်ကြောင့် မည်သူမျှ ထိန်းသိမ်းနိုင်စွမ်းမရှိသနည်း။ အကြောင်းပြချက်က တစ်ခုသာရှိ၏။ ယောဘက ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်မှု၊ အသိအမှတ်ပြုမှုနှင့် ကျိုးနွံနာခံခြင်းတို့ကို နှလုံးသွင်းလိုက်စားခြင်းဖြင့် သူ့ဘဝကို အသက်ရှင်ခဲ့ပြီး ဘဝတွင် အရေးကြီးသည့် ဆုံမှတ်များကို ဖြတ်သန်းခဲ့ပြီး၊ သူ၏ နောက်ဆုံးသော နှစ်ကာလများကို အသက်ရှင်နေထိုင်ခဲ့ကာ သူ့ဘဝ၏ နောက်ဆုံး ဆုံမှတ်ကို ကြိုဆိုခဲ့သည်မှာ ဤယုံကြည်မှု၊ အသိအမှတ်ပြုမှု၊ နာခံမှုတို့ဖြစ်ခဲ့ပေသည်။ ယောဘက မည်သည့် အရာကို တွေ့ကြုံခဲ့ရသည်ဖြစ်စေ၊ ဘဝတွင် သူ၏ ရှာဖွေ လိုက်စားမှုများနှင့် ပန်းတိုင်များက နာကျင်စရာမဟုတ်ဘဲ ပျော်ရွှင်စရာ ဖြစ်ခဲ့ပေသည်။ သူသည် ဖန်ဆင်းရှင်က သူ့အပေါ် ချပေးသနားခဲ့သည့် ကောင်းချီးနှင့်ချီးကျူးခြင်းတို့ကြောင့်သာ မဟုတ်ဘဲ၊ ပိုအရေးကြီးသည့် သူ၏ လေ့လာလိုက်စားမှုများနှင့် ဘဝပန်းတိုင်များကြောင့်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့မှတစ်ဆင့် သူရယူခဲ့သည့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သော အသိပညာနှင့် စစ်မှန်သော သိနားလည်မှုတို့ သာ၍ တိုးခြင်းကြောင့်၊ ထို့အပြင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသူတစ်ဦးအဖြစ် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များနှင့် လူသားနှင့် ဘုရားသခင်ကြားမှာရှိသည့် အပြန်အလှန်နားလည်မှု၊ အကျွမ်းဝင်မှု၊ ယှဉ်တွဲရပ်တည်မှုတို့၏ နွေးထွေးပြီး မမေ့နိုင်သည့် အတွေ့အကြုံနှင့် အမှတ်ရစရာများနှင့်ဆိုင်သော သူ၏ ကိုယ်ပိုင်အတွေ့အကြုံကြောင့် သူပျော်ရွှင်ခဲ့ပေသည်။ ယောဘသည် ဖန်ဆင်းရှင်၏ အလိုကိုသိခြင်းမှ လာသည့် နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကြောင့်၊ ဘုရားသခင်သည် ကြီးမြတ်သည်၊ အံ့သြစရာကောင်းသည်၊ ချစ်ခင်စရာကောင်းပြီး တည်ကြည် ဖြောင့်မတ်သည် ဆိုသည်တို့ကို တွေ့မြင်ပြီးနောက် ဖြစ်ပေါ်လာသည့် ကြည်ညိုမှုများကြောင့် ပျော်ရွှင်ခဲ့လေသည်။ ယောဘက သေဆုံးရာတွင် ဖန်ဆင်းရှင်ထံပါးသို့ ပြန်သွားရမည်ကို သိခဲ့ သောကြောင့် မည်သည့်ဒုက္ခခံစားရခြင်းမှမရှိဘဲ သေခြင်းကို ရင်ဆိုင်နိုင်ခဲ့၏။ သေခြင်းကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်နိုင်ဖို့၊ ဖန်ဆင်းရှင်က သူ့၏ အသက်ကို ပြန်ယူမည့် အလားအလာကို တည်တည်ငြိမ်ငြိမ်နှင့် ရင်ဆိုင်ဖို့၊ ထို့အပြင် ဖန်ဆင်းရှင်၏ရှေ့တွင် အပြစ်ကင်းစင်ကာ စိုးရိမ်စရာမရှိဘဲ ရပ်နိုင်ဖို့ သူ့ကို အခွင့်ပေးခဲ့သည်မှာ ဘဝတွင် လိုက်စားမှုများနှင့် ရရှိမှုများ ဖြစ်ပါသည်။ ယနေ့ခေတ် လူတို့သည် ယောဘပိုင်ဆိုင်ခဲ့သည့် ပျော်ရွှင်မှုမျိုးကို ရရှိနိုင်သလော။ ထိုသို့ လုပ်ဆောင်ရန် လိုအပ်သည့်အခြေအနေ သင်တို့ ရှိပါသလား။ ဤနေ့ခေတ် လူတို့သည် အခြေအနေများ အမှန်ရှိကြသည့်အတွက်၊ ယောဘကဲ့သို့ အဘယ်ကြောင့် ပျော်ရွှင်စွာ အသက်မရှင်နိုင်ကြပါသနည်း။ သေခြင်းကို ကြောက်ရွံ့ခြင်း၏ ဆင်းရဲဒုက္ခမှ အဘယ်ကြောင့် ၎င်းတို့ မလွတ်မြောက်နိုင်သနည်း။ သေခြင်းကို ရင်ဆိုင်ရသည့်အခါ လူအချို့တို့က မထိန်းနိုင်မသိမ်းနိုင် ကြောက်သေးများ ပါကုန် ကြသည်။ တစ်ချို့က တဆတ်ဆတ်တုန်ကြသည်။ မူးမေ့ ကြသည်။ ကောင်းကင်ဘုံနှင့် လူသားကိုလည်း ရိုက်ပုတ်ကန်ကျောက်ကြသည်၊ အချို့က ငိုကြွေးမြည်တမ်းခြင်းပင် ပြုလုပ်ကြသည်။ ဤသည်တို့မှာ သေခြင်းနီးကပ်လာသည့်အခါ ဖြစ်ပေါ်သည့် ရုတ်တရက် တုံ့ပြန်မှုများ လုံးဝမဟုတ်ပေ။ လူတို့က ၎င်းတို့၏ စိတ်နှလုံးအတွင်း နက်နက်ထဲတွင် သေခြင်းကို ကြောက်ရွံ့သောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို အမှန်တကယ် ကျိုးနွံနာခံဖို့ နေနေသာသာ၊ ယင်းတို့နှင့်သက်ဆိုင်သည့် ရှင်းလင်းသော အသိပညာနှင့် အသိအမှတ်ပြုခြင်းတို့ မရှိသောကြောင့် ဤအရှက်ရစရာ ပုံစံများဖြင့် ပြုမူကြခြင်း ဖြစ်သည်။ လူတို့သည် အရာရာကို မိမိတို့ဘာသာ စီစဉ်ပြီး အုပ်စိုးချင်သောကြောင့်၊ မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာ၊ မိမိတို့၏ ကိုယ်ပိုင် အသက်ရှင်ခြင်းနှင့် သေခြင်းတို့ကို ထိန်းချုပ် ချင်သောကြောင့်သာ ဤသို့ တုံ့ပြန်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရွံ့မှုမှ လူတို့ ဘယ်သောအခါမှ မလွတ်မြောက်နိုင်ခြင်းသည် အံ့သြစရာမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုများနှင့် ဆိုင်သော ရှင်းလင်းသည့် အသိပညာနှင့် အတွေ့အကြုံမရှိသည့်အခါ ကံကြမ္မာနှင့် သေခြင်းတို့နှင့်ဆိုင်သော တစ်ဦးတစ်ယောက်၏ အသိပညာက သေချာပေါက် ရောထွေးနေလိမ့်မည်။ အရာ အားလုံးက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို လူတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြ၊ အရာအားလုံးက ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာတို့ကို ဝန်ခံရသည်ကို လူတို့ နားမလည်ကြ၊ ထိုသို့သော အချုပ်အခြာ အာဏာကို စွန့်ပစ်ဖို့ သို့မဟုတ် လွတ်မြောက်ဖို့ လူသားသည် မတတ်နိုင်ဆိုသည်ကို သတိမပြုမိကြပေ။ ဤအကြောင်းကြောင့်၊ သေခြင်းနှင့် ရင်ဆိုင်ဖို့ ၎င်းတို့ အချိန်ကျလာသည့်အခါ၊ ၎င်းတို့၏ နောက်ဆုံးစကားများ၊ စိုးရိမ်မှုများနှင့် နောင်တများသည် အဆုံးမရှိပေ။ ၎င်းတို့သည် အလွန်များသည့် ဝန်ထုပ်ဝန်ပိုးများ၊ အလွန်များလှသော ဝန်လေးမှု၊ ရှုပ်ထွေးမှုများနှင့် လေးလံနေ၏။ ဤအရာက သူတို့အား သေခြင်းကို ကြောက်ရွံ့စေသည်။ ဤကမ္ဘာတွင် မွေးဖွားလာသည့် လူတိုင်း အတွက်၊ မွေးဖွားခြင်းက လိုအပ်ပြီး သေဆုံးခြင်းက ရှောင်လွှဲလို့မရနိုင်ပေ။ မည်သူမှ အမှုအရာများ၏ ဖြစ်စဉ်ကို မကျော်လွန်နိုင်ပါ။ လူတစ်ယောက်က ဤကမ္ဘာကမှ နာကျင်မှုမရှိဘဲ ထွက်ခွာဖို့ ဆန္ဒရှိလျှင်၊ ဘဝ၏ နောက်ဆုံးဆုံမှတ်ကို ဝန်လေးမှု သို့မဟုတ် စိုးရိမ်မှုမရှိဘဲ ရင်ဆိုင်နိုင်ဖို့ ဆန္ဒရှိပါက၊ တစ်ခုတည်းသော နည်းလမ်းမှာ နောင်တများကို မချန်ထားရစ်ဖို့ဖြစ်သည်။ နောင်တများမပါဘဲ စွန့်ခွာဖို့ တစ်ခုတည်းသောနည်းလမ်းမှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိဖို့၊ သူ၏ သြဇာအာဏာကို သိဖို့နှင့် ဤအရာများကို ကျိုးနွံနာခံဖို့ ဖြစ်ပေသည်။ ဤနည်းဖြင့်သာ လူသား၏ ခိုက်ရန်ဒေါသ၊ မကောင်းမှု၊ စာတန်၏ ကျေးကျွန်ဘဝမှ ဝေးရာတွင် နေနိုင်ပေသည်။ ဤနည်းဖြင့်သာ ဖန်ဆင်းရှင်၏ လမ်းပြခြင်းနှင့်ကောင်းကြီးပေးမှုခံရသည့် ယောဘ၏ဘဝကဲ့သို့သော ဘဝတစ်ခု၊ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းသည့်ဘဝတစ်ခု၊ တန်ဖိုးရှိပြီး အဓိပ္ပါယ်ရှိသည့်ဘဝတစ်ခု၊ ရိုးသားပြီး ပွင့်လင်းသည့် ဘဝတစ်ခုကို အသက်ရှင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ ဖန်ဆင်းရှင်၏ စမ်းသပ်မှုများနှင့် ပိတ်ပင်မှုများ၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံနိုင်ပေသည်။ ဤနည်းဖြင့်သာ ယောဘပြုသကဲ့သို့ မိမိ၏ဘဝတစ်ခုလုံး ဖန်ဆင်းရှင်ကို ကိုးကွယ်နိုင်ပြီး သူ၏ချီးကျူးခြင်းကို ရရှိနိုင်ကာ သူ၏ အသံကို ကြားပြီး၊ သူ ပေါ်ထွန်းသည်ကို မြင်နိုင်၏။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ နာကျင်မှုမရှိ၊ စိုးရိမ်မှုမရှိ၊ နောင်တများမရှိဘဲ ပျော်ရွှင်စွာ အသက်ရှင်နေထိုင်ပြီး သေဆုံး နိုင်သည်။ ဤနည်းဖြင့်သာ ယောဘကဲ့သို့ အလင်းထဲတွင် အသက်ရှင်နေထိုင်ကာ ဘဝဆုံမှတ်တိုင်းကို အလင်းထဲတွင် ဖြတ်သန်းနိုင်သည်၊ မိမိ၏ခရီးကို ချောမွေ့စွာနှင့် အလင်းထဲတွင် ပြီးဆုံးနိုင်သည်၊ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံဖို့၊ သင်ယူဖို့နှင့် သိမြင်လာဖို့ ဖြစ်သော မိမိ၏ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးနိုင်ပြီး အလင်းထဲတွင် သေဆုံးနိုင်ပေသည်၊ ပြီးလျှင် ဖန်ဆင်းခံ လူသားအနေဖြင့် သူ၏ချီးကျူးခြင်းခံရလျက် ဖန်ဆင်းရှင်၏ နံဘေးတွင် အမြဲထာဝရရပ်တည်နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

သင်သည် ဖန်ဆင်းခံသတ္တဝါတစ်ဦးဖြစ်သည်ကို အသိအမှတ်ပြုပါက ဧဝံဂေလိတရား ဖြန့်ဝေဖို့နှင့် သင်၏တာဝန်ကို လျော်ကန်စွာ လုပ်ဆောင်ဖို့ဟူသည့် သင်၏ဝတ္တရားကို ဖြည့်ဆည်းခြင်းအတွက် ဒုက္ခခံပြီး အဖိုးအခ ပေးဆပ်ရန် သင့်ကိုယ်သင် ပြင်ဆင်ရမည်။ အဖိုးအခဆိုသည်မှာ ကိုယ်ခန္ဓာ အပယိကဖျားနာမှုတစ်ခုခုကိုဖြစ်စေ၊ အခက်အခဲ တစ်ခုခုကိုဖြစ်စေ ခံစားရခြင်း ဖြစ်နိုင်သည်၊ သို့မဟုတ် သင်၏ပတ်ဝန်းကျင်မှ ပေါ်ထွက်လာသည့် ညှဉ်းပန်းနှိပ်စက်မှုများကိုဖြစ်စေ၊ လောကီလူများ၏ အထင်လွဲခြင်းများကိုဖြစ်စေ ခံစားရခြင်း ဖြစ်နိုင်သည့်အပြင် ဧဝံဂေလိတရားဝေမျှဖို့ ပစ်မှတ်ထားထားသူများ၏ ရိုက်နှက်မှုကို ခံရခြင်း၊ ကြိမ်းမောင်းခံရခြင်းနှင့် စွန့်ပယ်ခံရခြင်းတို့ ဖြစ်နိုင်သည်။ သို့တည်းမဟုတ် အပြင်းထန်ဆုံးသော အခြေအနေများတွင် သင်၏အသက်ကို ဘေးသင့်စေခြင်း ဖြစ်နိုင်သည်။ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း ကာလတစ်လျှောက်တွင် ဘုရားသခင်၏ အမှုတော်မပြီးဆုံးမီ သင်သေဆုံးသွားခြင်းနှင့် ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက်ကို မမြင်လိုက်ရဘဲ သင်သေဆုံးသွားခြင်းတို့ ဖြစ်နိုင်ပေသည်။ သင်သည် ဤအရာအတွက် ပြင်ဆင်ထားရမည်။ ဤသည်က သင်တို့ကို ကြောက်လန့်စေဖို့ ရည်ရွယ်ခြင်း မဟုတ်ပေ။ ယင်းမှာ အမှန်တရား ဖြစ်ပေသည်။ သို့သော် ငါသည် ဤအချက်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီဖြစ်ပြီး သင်တို့သည်လည်း နားလည်ပြီး ဖြစ်သည့်အတွက် သင်တို့၌ ဤပြင်းပြသောဆန္ဒ ရှိနေသေးကာ ထိုဆန္ဒက မပြောင်းလဲသေးပါက သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု တစ်ခုကို ပိုင်ဆိုင်ထားကြောင်း ယင်းက သက်သေပြနေ၏။ ဘာသာရေး လွတ်လပ်ခွင့်များနှင့် လူ့အခွင့်အရေးတို့ ရှိသော ဤပင်လယ်ရပ်ခြားနိုင်ငံများတွင် ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် အန္တရာယ်ကင်းဝေးပြီး လုပ်သမျှက ချောမွေ့လိမ့်မည်ဖြစ်ကြောင်း၊ အားလုံး၌ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများရှိပြီး သူ၏ကြီးစွာသော တန်ခိုးနှင့် ဩဇာအာဏာတို့က အတူပါရှိနေမည်ဖြစ်ကြောင်း မယူဆနှင့်။ ဤသည်မှာ လူ့စိတ်ကူးထဲမှလာသည့်အရာ ဖြစ်သည်။ ဉာဏ်ပညာမရှိဘဲ ဧဝံဂေလိတရားကို ဖြန့်ဝေ၍ မရနိုင်ပေ၊ မသိနားမလည်သူများ၌ ကံခေခြင်းများ မကြာခဏ ဖြစ်ပျက်လေ့ရှိ၏။ ဖာရိရှဲများကလည်း ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်ပင်၊ သို့သော် ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်ကို ခေါ်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ခဲ့ကြသည်။ ယနေ့ ဘာသာရေးလောကသည် ထိုသို့သော ဆိုးဆိုးရွားရွား ကိစ္စကို လုပ်လိမ့်မည် မဟုတ်ဟု သင်ထင်သလော။ သခင်ယေရှုကို ခေါ်ပြီး ကားတိုင်ပေါ် ကားစင်တင်သတ်ခဲ့သူများသည် ယုံကြည်သူများဖြစ်သည်ကို မမေ့နှင့်။ ဤသို့သော ကိစ္စမျိုးကို လုပ်ဆောင်ဖို့ ၎င်းတို့တွင်သာ အခွင့်အရေးရှိကြသည်။ မယုံကြည်သူများသည် ထိုအရာများကို ဂရုမစိုက်ကြပေ။ သခင်ယေရှုကို ခေါ်ပြီး ကားတိုင်ပေါ်တွင် ကားစင်တင်သတ်ဖို့ အစိုးရနှင့် ပူးပေါင်းကြံစည်ခဲ့သူများမှာ ဤယုံကြည်သူများသာ ဖြစ်ကြသည်။ ထို့အပြင် တပည့်တော်များသည် မည်သို့သေဆုံးသွားကြသနည်း။ တပည့်တော်များထဲတွင် ခဲဖြင့် ပေါက်သတ်ခံရသူများ၊ မြင်းဖြင့် တရွတ်တိုက် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် အပေါင်အလက် ဖျက်ခံရသူများရှိကြသည်— သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့၏။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းအရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ ၎င်းတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေပြီး လောကီသားများ၏ ငြင်းပယ်ခြင်းကို ခံခဲ့ကြရသောကြောင့် စီရင်ခြင်းခံခဲ့ရသည်၊ ရိုက်နှက်ခြင်းခံခဲ့ရသည်၊ ကြိမ်းမောင်းခြင်းခံခဲ့ရပြီး အသတ်ခံခဲ့ရသည်— ယင်းမှာ ၎င်းတို့ညှဉ်းဆဲသတ်ဖြတ်ခံရသည့် ပုံစံဖြစ်သည်။ ထိုမာတုရများ၏ နောက်ဆုံး အဆုံးသတ်အကြောင်း မပြောကြစို့နှင့်၊ သို့မဟုတ် ၎င်းတို့၏ အပြုအမူကို ဘုရားသခင်၏ အနက်ဖွင့်ဆိုခြင်းအကြောင်း မပြောကြစို့နှင့်၊ ထိုအစား ဤသည်ကို မေးလော့၊ ၎င်းတို့သည် အဆုံးသတ်ကို ရောက်သည့်အခါ ၎င်းတို့ဘဝနိဂုံးချုပ်သွားပုံသည် လူသားတို့၏ အယူအဆများနှင့် ကိုက်ညီသလော။ လူသား အယူအဆများ၏ အမြင်ရှုထောင့်မှဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ဝေဖို့ ဤအဖိုးအခမျိုးကို ပေးပါက အနည်းဆုံးအနေဖြင့် အသေကောင်းကို ရသင့်လေသည်။ သို့ရာတွင် ဤလူများသည် ၎င်းတို့ အချိန်မကျမီတွင် အဖြစ်ဆိုးနှင့် သေဆုံးခဲ့ကြသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီပေ၊ သို့သော်လည်း ဘုရားသခင်က ထိုအရာအတိအကျကို လုပ်ဆောင်ခဲ့သည်— ဘုရားသခင်က ယင်းကို ဖြစ်ခွင့်ပြုခဲ့သည်။ ဘုရားသခင်က ဤအရာကို ဖြစ်ခွင့်ပေးခြင်း၌ မည်သည့်သမ္မာတရားကို ရှာတွေ့နိုင်သနည်း။ ဘုရားသခင်က ၎င်းတို့အား ဤနည်းဖြင့် သေခွင့်ပြုခြင်းသည် သူ၏ကျိန်ဆဲခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် သူ၏အစီအစဉ်နှင့် ကောင်းချီးမင်္ဂလာလော။ ထိုအရာတစ်ခုမျှ မဟုတ်ပေ။ ယင်းမှာ အဘယ်နည်း။ ယခုအခါတွင် လူများသည် ၎င်းတို့၏ သေဆုံးခြင်းများကို စိတ်နှလုံးပူဆွေးခြင်းအတိဖြင့် ပြန်လည် သုံးသပ်ကြသော်လည်း ယင်းမှာ အမှုအရာများ ဖြစ်ပျက်ခဲ့သည့်ပုံစံပင် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်သူများသည် ထိုနည်းဖြင့် သေဆုံးခဲ့ကြပြီး ယင်းက လူတို့၏စိတ်နှလုံးများကို ကြေကွဲစေခဲ့သည်။ ဤအရာကို မည်သို့ရှင်းပြမည်နည်း။ ဤအကြောင်းအရာကို ငါတို့ထည့်သွင်းဆွေးနွေးသည့်အခါ သင်တို့က ၎င်းတို့၏ နေရာတွင် ကိုယ်ချင်းစာကြည့်ကြသည်။ ထို့နောက်တွင် သင်တို့၏စိတ်နှလုံးများ ဝမ်းနည်းကြသလော၊ ဖုံးကွယ်နေသည့် နာကျင်မှုတစ်ခုကို ခံစားရသလော။ “ဤလူများသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ဟူသည့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြ၍ ၎င်းတို့ကို လူကောင်းများအဖြစ် မှတ်ယူသင့်၏၊ သို့ဖြစ်လျှင် ၎င်းတို့သည် ထိုသို့သော အဆုံးသတ်တစ်ခု၊ ထိုသို့သော ရလဒ်တစ်ခုသို့ အဘယ့်ကြောင့် ရောက်သွားကြသနည်း” ဟု သင်တို့တွေးသည်။ အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ၎င်းတို့၏ အဆုံးသတ်သည်လည်း ထိုသို့ပင်ဖြစ်သည်ဟု မဆိုလိုပေ။ မည်သည့်အရာပင် ဖြစ်ပါစေ၊ မည်သို့ပင် ဖြစ်ပျက်ခဲ့ပါစေ ၎င်းတို့သေဆုံးပြီး ထွက်ခွာသွားသည့် နည်းလမ်းများမှာ ဘုရားသခင်က ထိုအသက်တာများ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင်ရှင်းလင်းစွာ သိမြင်ရမည့်အရာ ဖြစ်သည်။ ထိုကဲ့သို့မဟုတ်ဘဲ ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက အဖိုးအတန်ဆုံးဖြစ်သည့် ၎င်းတို့၏အသက်ကို အသုံးပြုခဲ့သည်— ဘုရားသခင်၏လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ လူ့ဇာတိခံ သွေးသားခန္ဓာဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကအား ကြေညာဖို့ ၎င်းတို့သည် ၎င်းတို့ဘဝ၏ နောက်ဆုံး အခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ဘဝ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို တစ်ခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး ဖြစ်သည် မဟုတ်လော။ သခင်ယေရှုသည် သခင်ဖြစ်ကြောင်း၊ သခင်ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ သွေးသားခန္ဓာဖြစ်ကြောင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူဆောင်ကြဉ်း ပေးလာသည့် ရွေးနုတ်ခြင်း အမှုတော်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက်ရှင်သန်ခွင့်ပြုကြောင်း လောကကြီးကို ကြေညာဖို့၊ လူသားတို့အား အတည်ပြုပေးဖို့ ၎င်းတို့၏ အသက်ကို အသုံးပြုခဲ့သည်— ဤအမှန်တရားသည် ထာဝရ မပြောင်းလဲပေ။ ၎င်းတို့၏တာဝန်ကို မည်သည့် အတိုင်းအတာအထိ ၎င်းတို့ထမ်းဆောင်ခဲ့သနည်း။ ယင်းက အန္တိမ အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အန္တိမ အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ ၎င်းတို့က ၎င်းတို့၏အသက်ဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ မိမိအတွက် အတွင်းကျသည့် တစ်ခုတည်းသောအရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့်လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသောအရာ၊ အဖိုးအတန်ဆုံးသောအရာဖြစ်၏၊ အမှန်တော့ ဤလူများသည် ဘုရားသခင်၏ အမှုတော်ကို လူများအသိအမှတ်ပြုစေရန် အလဲအလှယ်အနေနှင့် ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို အတည်ပြုချက်အနေဖြင့် ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ ဤအမှန်တရား တည်ရှိမှုကို သက်သေခံဖို့ ၎င်းတို့၏ နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်— ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့်ပုံစံဖြစ်သည် မဟုတ်လော။ ဤသည်မှာ မိမိ၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ မိမိ၏တာဝန်ကို ဖြည့်ဆည်းခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး အကြမ်းဖက်ကာ အဆုံး၌ ၎င်းတို့၏အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မပယ်ဖျက်ခဲ့ပေ။ မိမိ၏တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ဖြည့်ဆည်းခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်ပေသည်။ ဤသို့ပြောရာ၌ မည်သည့်အရာကို ငါဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် ဧဝံဂေလိတရား ဖြန့်ဝေဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့အား အသုံးပြုခိုင်းဖို့ ငါဆိုလိုသလော။ ထိုသို့ပြုလုပ်ရန် မလိုအပ်သော်လည်း ဤသည်မှာ သင်၏တာဝန်ဖြစ်ကြောင်း၊ သင်ထိုသို့ပြုရန် ဘုရားသခင်က လိုအပ်ပါက ယင်းကို ကျင့်ဝတ်ဆိုင်ရာ ဝတ္တရားတစ်ခုအနေဖြင့် လက်ခံသင့်ကြောင်းတို့ကို သင်နားလည်ရမည်။ ယနေ့ လူများသည် ၎င်းတို့ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ ရှိကြသည်၊ သို့သော်လည်း ထိုခံစားချက်များသည် မည်သည့် အသုံးတည့်မှုရှိသနည်း။ သင်ဤသို့လုပ်ဆောင်ဖို့ ဘုရားသခင်က လိုအပ်ခြင်းမရှိပါက ယင်းနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းမှာ မည်သည့်အသုံးတည့်မှုရှိသနည်း။ သင်ဤသို့လုပ်ဆောင်ဖို့ ဘုရားသခင်က လိုအပ်လျှင် သင်သည် ဤတာဝန်ကို ခေါင်းမရှောင်သင့်သကဲ့သို့ မငြင်းပယ်သင့်ပေ။ သင်သည် တက်ကြွစွာ ပူးပေါင်းသင့်ပြီး စိတ်ပူခြင်းမရှိဘဲ လက်ခံသင့်သည်။ တစ်စုံတစ်ဦးသည် မည်သို့သေဆုံးပါစေ သူသည် စာတန် ရှေ့မှောက်တွင် မသေဆုံးသင့်ပေ၊ ၎င်း၏လက်ထဲတွင် မသေဆုံးသင့်ပေ။ တစ်စုံတစ်ဦးက သေဆုံးတော့မည်ဆိုလျှင် ဘုရားသခင်၏လက်ထဲတွင် သေဆုံးသင့်၏။ လူများသည် ဘုရားသခင်ထံမှ လာပြီး ဘုရားသခင်ထံသို့ပင် ပြန်ကြရသည်— ယင်းမှာ ဖန်ဆင်းခံသတ္တဝါတစ်ဦး ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် သဘောထားတို့ ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းဟူသည့် မိမိ၏တာဝန်ကို ထမ်းဆောင်ရာ၌ တစ်စုံတစ်ဦးက နားလည်သင့်သော နောက်ဆုံး သမ္မာတရားဖြစ်သည်— လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို ဆောင်ရွက်ခြင်းနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့နှင့် သက်သေခံဖို့ တစ်စုံတစ်ဦးသည် မိမိအသက်ကို အဖိုးအခ ပေးဆပ်ရမည်။ သင်၌ ဤပြင်းပြသောဆန္ဒရှိပါက၊ သင်သည် ဤအရာကို စွမ်းဆောင်ရရှိနိုင်ပါက ယင်းမှာ အံ့ချီးဖွယ်ရာဖြစ်သည်။ ဤပြင်းပြသော ဆန္ဒမျိုးကို သင်မပိုင်ဆိုင်သေးပါက အနည်းဆုံးအနေဖြင့် သင်သည် ကျန်သည့်အရာများကို ဘုရားသခင်ထံ အပ်နှံထားလျက် သင်၏ရှေ့မှောက်ရှိ ဝတ္တရားနှင့် တာဝန်ကို လျော်ကန်စွာ ဖြည့်ဆည်းသင့်သည်။ သို့ဆိုလျှင် လများ၊ နှစ်များ ကုန်ဆုံးပြီး သင်၏အတွေ့အကြုံနှင့် အရွယ်ရောက်ခြင်းတို့ တိုးပွားလာကာ သမ္မာတရားနှင့်သက်ဆိုင်သည့် သင်၏နားလည်မှုက နက်ရှိုင်းလာသည်နှင့်အမျှ ဘုရားသခင်၏ဧဝံဂေလိတရားနှင့် သက်ဆိုင်သည့် အမှုအဖို့ သင့်ဘဝနောက်ဆုံးအချိန်တိုင်အောင် သင်၏အသက်ကို ဆက်ကပ်ဖို့ဟူသည့် ဝတ္တရားတစ်ခုနှင့် တာဝန်တစ်ခု သင်၌ ရှိသည်ကို သင်သတိပြုမိကောင်း ပြုမိလိမ့်မည် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်” မှ

လူသားအယူအဆများအရ ကောင်းသူသည် ဆုချီးမြှင့်ခံရပြီး ဆိုးသူသည် အပြစ်ပေးခံရသည်။ ကောင်းသောသူတို့သည် ကောင်းသည့်အရာကို ရရှိပြီး ဆိုးသောသူတို့သည် ဆိုးသောအရာကိုရရှိသည်။ မည်သည့်မကောင်းမှုကိုမျှ မလုပ်ဆောင်သောသူအားလုံးတို့သည် ကောင်းသောအရာကို ရရှိသင့်ပြီး ကောင်းချီးများကို လက်ခံရရှိသင့်သည်။ ဤသည်မှာ ဘုရားသခင်သည် ဖြောင့်မတ်သောကြောင့်ဖြစ်သည်။ လူတို့ ဆိုးယုတ်ခြင်းမရှိသည့် အကြောင်းကိစ္စများအားလုံးတွင် ကောင်းသည့်အရာကို ရရှိသင့်သည့်ပုံစံပေါ်ပေမည်။ ဤအရာသည်သာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်သည် ကောင်းသည့်အရာကို မရရှိလျှင် အဘယ်သို့ဖြစ်မည်နည်း။ ထိုအခါတွင် ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ဆိုသင့်သလော။ ဤခေတ်ရှိလူတို့သည် စာအုပ်တစ်အုပ်ထဲတွင် ဘုရားသခင်က ယခင်ခေတ်တွင် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်ဟုပြောဆိုသည့် မှတ်တမ်းတစ်ခုကို တွေ့ကြသည်ဆိုပါစို့။ နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးပြီးနောက်တွင် လူသားမျိုးနွယ်သည် လူသားအဖြစ် အသိအမှတ်ပြု၍မရတော့သည်အထိ ဖောက်ပြန်ပျက်စီးလာသည်ကို ဘုရားသခင်က မြင်ပြီး ၎င်းတို့ကို ကယ်တင်လိုစိတ်မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို ဖျက်ဆီးပစ်ခဲ့သည်။ ဤအရာအပေါ် သင်မည်သို့ မှတ်ယူမည်နည်း။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာမရှိဟု ဆိုမည်လော။ လူသားအမြင်တွင် ဘုရားသခင်က လူတို့ကို ဖျက်ဆီးပါက ယင်းမှာ ဘုရားသခင်က ချစ်ခြင်းမေတ္တာမရှိဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်ကို သိကျွမ်းခြင်းသည် အမှုအရာများနှင့် ပတ်သက်၍ လူသားတစ်ယောက်၏ အမြင်ရှုထောင့်ပေါ်တွင် အခြေခံပြီး ဘုရားသခင်သည် မည်ကဲ့သို့ဖြစ်သည်ကို ပြောခြင်း မဟုတ်ပေ။ အမှုအရာများကို လူသားများ ရှုမြင်ပုံတွင် သမ္မာတရား မရှိပေ။ သင်သည် ဘုရားသခင်၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ကို တွေ့မြင်ရမည် ဖြစ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်အရာ ဖြစ်သည် ကိုလည်း တွေ့မြင်ရမည်။ လူတို့သည် ဘုရားသခင်၏ အနှစ်သာရကို ဘုရားသခင် ပြုခဲ့သည့်အရာ သို့မဟုတ် ကိုင်တွယ် ဖြေရှင်းခဲ့သည့် အရာမှ ရရှိလာသည့် မည်သည့် အပြင်ပန်းဖြစ်စဉ်ပေါ်တွင်မျှ အခြေခံပြီး မရှုမြင်သင့်ပေ။ လူသားမျိုးနွယ်ကိုယ်၌က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်သည်။ လူသားမျိုးနွယ်သည် ၎င်း၏ ကိုယ်ပိုင်သဘာဝက မည်သည့်အရာဖြစ်သည်ကို လုံးဝ မသိသကဲ့သို့ ဘုရားသခင်၏ရှေ့တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် အဘယ်သို့ရှိသည်၊ အဘယ်သို့ ကိုင်တွယ်သင့်သည်တို့ကိုလည်း လုံးဝမသိရှိပေ။ ဘုရားသခင်၏ ကောင်းချီးပေးခံရသော ဖြောင့်မတ်သူတစ်ယောက်ဖြစ်သည့် ယောဘကို ဆင်ခြင်ကြည့်ရှုလော့။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်သည်။ စာတန်က၊ “သင့်အား ယောဘက ကိုးကွယ်ခြင်းမှာ သင်က သူ့အား များစွာပေးသနားသောကြောင့်ဖြစ်သည်။ ထိုအရာများအားလုံးကို သူ့ထံမှ သင်ယူဆောင်လျှင် သူသည် သင့်အား ကိုးကွယ်ဦးမည်လောဆိုသည်ကို ကြည့်ရှုလော့” ဟူ၍ ယေဟောဝါနှင့် အလောင်းအစားတစ်ခု လုပ်ခဲ့သည်။ ယေဟောဝါဘုရားသခင်က “သူ၏အသက်ကို သင်မယူဆောင်သရွေ့၊ သင်နှစ်သက်သည့် မည်သည့်အရာကိုမဆို ပြုလုပ်နိုင်သည်”ဟု ဆိုခဲ့သည်။ ထို့ကြောင့် စာတန်သည် ယောဘထံသို့သွားခဲ့ပြီး၊ ထို့နောက်တွင် ယောဘသည် စမ်းသပ်မှုများကို ကြုံတွေ့ရခဲ့သည်။ သူ့တွင် ရှိသမျှအရာတိုင်းသည် ဖယ်ရှားခံရသည်။ သူ၏ သားသမီးများနှင့် သူ၏ စည်းစိမ်ဥစ္စာများကို ဆုံးရှုံးရသည်။ ဤတွင် ယောဘ၏ စမ်းသပ်မှုများအတွင်း၌ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထားရှိသလော။ သင် ရှင်းရှင်းလင်းလင်း မပြောနိုင်ဖြစ်သည်၊ မဟုတ်လော။ သင်သည် ဖြောင့်မတ်သောသူတစ်ယောက်ဖြစ်လျှင်ပင် ဘုရားသခင်သည် သင့်အား စမ်းသပ်မှုများ ကျရောက်စေရန်၊ ဘုရားသခင်ထံ သင်သက်သေခံရသောအခွင့်ကိုပေးပိုင်ခွင့်ရှိသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သည်။ သူသည် လူတိုင်းအား ညီတူညီမျှ ဆက်ဆံသည်။ သို့ဆိုလျှင် ဖြောင့်မတ်သောသူတို့သည် စမ်းသပ်မှုများအား ကြုံတွေ့ရန်မလို၊ သို့မဟုတ် ၎င်းတို့ကို ကွယ်ကာခံရမည်ဟု မဆိုလိုပေ။ ဤကဲ့သို့မဟုတ်ပေ။ ဘုရားသခင်သည် သင့်အား စမ်းသပ်မှုများခံစေရန် ပြုလုပ်ပိုင်ခွင့်ရှိသည်။ ဤသည်မှာ သူ၏ ဖြောင့်မတ်သောစိတ်သဘောထားအား ဖော်ပြမှုဖြစ်သည်။ နောက်ဆုံးတွင် ယောဘသည် စမ်းသပ်မှုများကို ကြုံတွေ့ပြီး ယေဟောဝါအား သက်သေခံပြီးနောက်တွင် ယေဟောဝါသည် သူ့အား နှစ်ဆသော ကောင်းချီးများ၊ ပို၍သာလွန်သော ကောင်းချီးများကိုပင်ချပေးလျက် ယခင်ထက်ပို၍ပင် ကောင်းချီးပေးတော်မူသည်။ ထို့အပြင် ယေဟောဝါသည် ယောဘထံတွင် ပေါ်ထွန်းပြီး သူ့အား လေထဲမှ စကားပြောခဲ့ကာ ယောဘက ဘုရားသခင်အား မျက်နှာချင်းဆိုင်သကဲ့သို့ တွေ့မြင်ခဲ့ရသည်။ ဤသည်မှာ ယောဘအားပေးအပ်သည့် ကောင်းချီးတစ်ခုဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်သည်။ ဤအရာ၏ဆန့်ကျင်ဘက်ဖြစ်ခဲ့လျှင် အဘယ်သို့ဖြစ်မည်နည်း။ ယောဘသည် စမ်းသပ်မှုများကို ကြုံတွေ့ရခြင်းပြီးဆုံးပြီး စာတန်၏မျက်မှောက်တွင် ယောဘက ယေဟောဝါအား သက်သေခံခဲ့ပြီး စာတန်ကို အရှက်ရစေခဲ့သည်ကို ယေဟောဝါက တွေ့မြင်သည့်အခါ၌ ယေဟောဝါက ယောဘကို လျစ်လျူရှုလျက် လှည့်ပြန်သွားခဲ့ပြီး ပြီးနောက်တွင်ယောဘက ကောင်းချီးများကို မရရှိခဲ့လျှင် အဘယ်သို့ဖြစ်မည်နည်း။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပါဝင်မည်လော။ စမ်းသပ်မှုများပြီးနောက်တွင် ယောဘသည် ကောင်းချီးများရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ သို့မဟုတ် ယေဟောဝါက ယောဘထံသို့ ပေါ်ထွန်းသည်ဖြစ်စေ၊ မပေါ်ထွန်းသည်ဖြစ်စေ ဤအရာအားလုံးတွင် ဘုရားသခင်၏ ကောင်းမွန်သောအလိုတော်ပါဝင်သည်။ ယောဘထံပေါ်ထွန်းခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပြီး ယောဘထံ မပေါ်ထွန်းခြင်းသည်လည်း ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်လိမ့်မည်။ မည်သည့်အကြောင်းရင်းအရ သင်သည်- ဖန်ဆင်းခံသတ္တဝါ တစ်ဦး- ဘုရားသခင်ကို တောင်းဆိုမှုများပြုသနည်း။ လူများသည် ဘုရားသခင်ကို တောင်းဆိုမှုများ ပြုဖို့ မလျော်ကန်ပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းထက် သာ၍မလျော်ကန်သည့်အရာ မည်သည့်အရာမျှမရှိပေ။ ဘုရားသခင်၏အလိုတော်သည် သူပြုသင့်သည့်အမှုကို ပြုမည်ဖြစ်ပြီး ကိုယ်တော်၏စိတ်သဘောထားသည် ဖြောင့်မတ်ပေသည်။ ဖြောင့်မတ်ခြင်းသည် တရားခြင်း သို့မဟုတ် ထိုက်သင့်ခြင်း အနည်းငယ်မျှ မရှိပေ၊ ယင်းသည် သာတူညီမျှရေးဝါဒ မဟုတ်၊ သို့မဟုတ် သင်လုပ်ဆောင် ပြီးစီးသည့် အလုပ်နှင့်အညီ သင်ရသင့်ရထိုက်သောအရာကို ခွဲဝေသတ်မှတ်ပေးခြင်း မဟုတ်ပေ၊ သို့မဟုတ် သင် လုပ်ဆောင်ပြီးစီးသည့် မည်သည့်အလုပ်မဆိုအတွက် ပေးချေခြင်း သို့မဟုတ် သင်၏ အားစိုက်ထုတ်ခြင်းအရ ပေးထိုက်သောအရာကို ပေးခြင်း မဟုတ်ပေ။ ဤအရာ သည် ဖြောင့်မတ်ခြင်း မဟုတ်ပေ။ ယောဘက ဘုရားသခင် အကြောင်းသက်သေခံပြီးနောက်တွင် ကိုယ်တော်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်သည် ဆိုပါစို့- ထိုအခါတွင်လည်း ဘုရားသခင်သည် ဖြောင့်မတ်ခဲ့ပေလိမ့်မည်။ ဤအရာကို ဖြောင့်မတ်ခြင်းဟု အဘယ်ကြောင့် ခေါ်သနည်း။ လူ၏ရှုထောင့်မှကြည့်လျှင် တစ်စုံတစ်ခု သည် လူတို့၏အယူအဆများနှင့်ကိုက်ညီလျှင် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ၎င်းတို့ပြောရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ထိုအရာသည် ၎င်းတို့၏အယူအဆများနှင့် ကိုက်ညီသည်ဟု မမြင်ပါက၊ ယင်းသည် ၎င်းတို့ နားလည်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပါက ၎င်းတို့အနေဖြင့် ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ပြောရန်ခက်ခဲပေလိမ့်မည်။ ဘုရားသခင်သည် ယောဘကို ထိုအချိန်က ဖျက်ဆီးခဲ့ပါက၊ လူများက သူသည် ဖြောင့်မတ်သည်ဟု ပြောပြီးဖြစ်လိမ့်မည် မဟုတ်ပေ။ အမှန်တွင် လူများသည် ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ မပျက်စီးပြီးဖြစ်စေ၊ ဘုရားသခင် ၎င်းတို့ကို ဖျက်ဆီးသည့် အချိန်တွင် သူ၏လုပ်ရပ်အတွက် အကျိုးသင့်အကြောင်းသင့် ရှင်းပြဖို့ လိုသလော။ သူသည် မည်သည့်အကြောင်းရင်းအရ ထိုသို့လုပ်ဆောင်သည်ကို လူများကို ရှင်းပြဖို့ လိုအပ်သင့်သလော။ သူ၏ဆုံးဖြတ်ချက်သည် “၎င်းတို့သည် အသုံးတည့်ပါက၊ ငါသည် ၎င်းတို့ကို ဖျက်ဆီးမည်မဟုတ်။ ၎င်းတို့ အသုံးမတည့်ပါက၊ ငါ ဖျက်ဆီးမည်။” ဟူသည့် ဤအချက်အရ ဖြစ်သင့်သလော။ မလိုအပ်ပေ။ ဘုရားသခင်၏အမြင်တွင် ဖောက်ပြန်ပျက်စီးသည့် လူတစ်ယောက်ကို သူဆန္ဒရှိသည့်အတိုင်း ကိုင်တွယ်ဖြေရှင်းနိုင်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် သင့်တော်လိမ့်မည်၊ ပြီးလျှင် အားလုံးသည် ဘုရားသခင်၏ အစီအစဉ်များဖြစ်သည်။ သင်သည် ဘုရားသခင်၏အမြင်တွင် သဘောမကျဖြစ်စေပါက၊ ပြီးလျှင် သင်၏သက်သေခံချက်ပြီးသည့်နောက် သူ့အတွက် သင်သည် အသုံးမတည့်တော့သောကြောင့် သင့်ကို ဖျက်ဆီးခဲ့သည် ဟု သူပြောခဲ့ပါက၊ ဤသည်မှာရော သူ၏ဖြောင့်မတ်ခြင်း ဖြစ်မည်လော။ ဖြောင့်မတ်ခြင်း ဖြစ်ပေမည်။ ယခုအခါတွင် အချက်အလက်များမှ သင်သည် သတိပြုနိုင်စွမ်း မရှိနိုင်သော်လည်း၊ သဘောတရားအရ သင်နားလည်ရမည်။ သင်တို့ မည်သည့်အရာကို ပြောမည်နည်း- စာတန်ကို ဘုရားသခင်၏ ဖျက်ဆီးခြင်းက သူ့ဖြောင့်မတ်ခြင်း၏ ဖော်ပြချက် တစ်ခုလော။ ထို့အပြင် စာတန်ကို သူဆက်လက် တည်ရှိခွင့်ပေးပါက၊ မည်သည့်အရာဖြစ်မည်နည်း။ သင် မပြောဝံ့သည် မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်က ပေတရုကို စာတန်ထံပေးသောအခါ ပေတရုက မည်သို့ တုန့်ပြန်သနည်း။ “လူသားမျိုးနွယ်သည် ကိုယ်တော်ပြုသောအမှုကို နားလည်နိုင်စွမ်း မရှိပေ၊ သို့သော် ကိုယ်တော်ပြုသည့်အမှုအားလုံးတွင် ကိုယ်တော်၏ စိတ်စေတနာကောင်းပါဝင်၏၊ ထိုအမှုတစ်ရပ်လုံးတွင် ဖြောင့်မတ်ခြင်းပါရှိသည်။ ကိုယ်တော်၏ပညာရှိသော လုပ်ဆောင်ချက်များအတွက် ကျွန်ုပ်မချီးမွမ်းဘဲ မည်သို့ နေနိုင်ပါအံ့နည်း။” ယနေ့တွင် ဘုရားသခင်သည် လူတို့အား စာတန်က မည်သို့ ဖေါက်ပြန်ပျက်စီးစေကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို မည်သို့ကယ်တင်ကြောင်း ပြသရန် စာတန်ကို ဖျက်စီးခြင်း မဟုတ်ကြောင်း သင်သဘောပေါက်သင့်သည်၊ နောက်ဆုံးတွင် စာတန်က လူတို့ကို ဖေါက်ပြန်ပျက်စီးစေသည့် အတိုင်းအတာအရ ၎င်းတို့သည် စာတန်၎င်းတို့ကို ဖေါက်ပြန်ပျက်စီးစေသည့် ကြောက်စရာကောင်းလှသည့် အပြစ်ကို တွေ့မြင်ရကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်က စာတန်ကို ဖျက်ဆီးသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို တွေ့မြင်ကာ ယင်း၌ ဘုရားသခင်၏ စိတ်သဘောထားပါဝင်သည်ကို တွေ့မြင်ကြလိမ့်မည်။ ဘုရားသခင် ပြုသောအမှုအားလုံးသည် ဖြောင့်မတ်သည်။ ယင်းသည် သင်မတွေးတတ်အောင် ခက်ခဲနက်နဲနိုင်သော်လည်း မိမိသဘောရှိ တရား မစီရင်သင့်ပေ။ ကိုယ်တော်ပြုသောအမှု တစ်စုံတစ်ရာသည် သင့်အတွက် ကျိုးကြောင်းမဆီလျော်သလို ထင်ရပါလျှင်၊ သို့မဟုတ် သင့်မှာ ထိုအရာနှင့်ပတ်သက်၍ အယူအဆများရှိပြီး ၎င်းက ဘုရားသခင်သည် မဖြောင့်မတ်ဟု ပြောစေလျှင် သင်သာလျှင် ကျိုးကြောင်းမဆီလျော်ဆုံးသော သူဖြစ်သည်။ ပေတရုသည် အချို့သောအမှုအရာများကို နားမလည်နိုင်ကြောင်း တွေ့ရှိသော်လည်း ထိုအမှုအရာများထဲတွင် ဘုရားသခင်၏ဥာဏ်ပညာ ပါရှိပြီး ကိုယ်တော်၏စိတ်စေတနာ ပါဝင်ကြောင်း သူသေချာသည်ကို သင်တွေ့ရမည်။ လူတို့သည် အရာခပ်သိမ်းကို နားလည်သဘောပေါက်နိုင်စွမ်း မရှိပေ။ ၎င်းတို့ နားလည်သဘောမပေါက်နိုင်သော အရာများစွာ ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏စိတ်သဘောထားကို သိရန်မှာ လွယ်ကူသောအရာ မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်သဘောပေါက်နည်း” မှ

အရှေ့သို့- ၁၄၃) ရောဂါကို ကိုင်တွယ်သည့် နည်းလမ်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၄၅) ချစ်ခြင်းမေတ္တာနှင့် အိမ်ထောင်ရေးအပေါ် သဘောထားရမည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၅) စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် သိနားလည်ခြင်းတို့မှ လာပြီး၊ သမ္မာတရားကို...

၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

(၁) အခက်အခဲအားလုံးကို ကြုံနေရချိန်တွင် သို့မဟုတ် အကျဉ်းအကျပ်ထဲတွင် ရောက်နေပြီး အခက်အခဲတစ်ခုဖြင့် ရင်ဆိုင်နေရချိန်တွင်၊ ဘုရားသခင်၏...

၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ကို သိရှိဖို့နှင့် အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးသည် သူ၏...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်